အချစ်ကြီးသောစုန်းမ

*အချစ်ကြီး‌သောစုန်းမ*📖📖(စ/ဆုံး)

***************************

ခဗျားတို့လဲ ကြားဖူးကျမှာပေါ့
ရှေးလူကြီးတွေပဲ ပြောခဲ့သလိုလို
ဖြစ်မြဲဓမ္မတာကြီး တစ်ခုလိုလိုနဲ့
လူတွေပါးစပ်ဖျားမှာ သိပ်ကို
ရေပန်းစားလွန်းတဲ့ စကား။

ဘာရယ်(စုန်းမရှိလျှင် ရွာတည်လို့
မရဘူး)ဆိုတာလေဗျာ
ကျုပ်တို့ငယ်ငယ်ထဲက ကြားဖူးနေကျ စကားတစ်ခုမို့

ကျုပ်ငယ်ငယ်ထဲက စုန်းဆိုတာကို
သရဲဆိုတာထက်ကြောက်တယ်ဗျို့။

ကျုပ်အသက်၂၀လောက်တုန်းက
ကျုပ်က ရွာဦးကျောင်းမှာ
ဘုန်းကြီးကျောင်းသားလုပ်ရင်း
ဆရာကြီးဦးရန်သိန်းနဲ့ဆုံတော့
ကျုပ်သိချင်တဲ့ စုန်းအကြောင်းကို
မေးလိုက်တယ်ဗျ။

ဆရာကြီး” စုန်းဆိုတာ တကယ်
ရှိတာလားဆရာကြီး?။

ဟေ ” တကယ်ရှိတာပေါ့
မောင်သိန်းရဲ့ မင်းမေးတာက
ထူးဆန်းလှချည်လား။

ဆရာကြီးက ကျုပ်စကားကို
ပြန်ဖြေရင်း မေးခွန်းပြန်ထုတ်တယ်။

ကျုပ်လဲ” ဒီလိုဗျ ဆရာကြီးရဲ့
လူတွေအတော်အပြောများနေတဲ့
စုန်းအကြောင်းကို ကျုပ်သိချင်လို့
ဆရာကြီးကိုမေးတာပါ။

သူတို့က” ပညာနဲ့လုပ်တယ်ဆို
ဆရာကြီး ” အဲ့တာဟုတ်လားဗျ?

အေး” ဟုတ်တယ် မောင်သိန်းရဲ့။

သူတို့က “မင်းကို ချစ်ရင်လဲလုပ်တယ်
မုန်းရင်လဲလုပ်တယ်ကွဲ့။

ခဗျာ” ကျုပ်အံ့အားသင့်သွားရတယ်။

မုန်းလို့”ပညာနဲ့လုပ်တာတော့
ဟုတ်ပါပြီ” ထားပါတော့။

ဘာလို့” ချစ်ရဲ့သားနဲ့လဲ လုပ်ရတာလဲ
ဗျာ?။

ဟားးးးဟားးးကျုပ်အမေးကို
ဆရာကြီးသဘောကျသွားပြီး
ဟက်ဟက်ပက်ပက်ကိုရယ်တယ်ဗျ။

အတန်ကြာ ရယ်ပြီးတော့မှ”

အခုလိုရှင်းပြတယ်။

ဒီလိုကွဲ့ “မောင်သိန်းရဲ့။

တချို့လုပ်တွေတောင်မှ အတ္တကြီး
တယ်မဟုတ်လား”

ဒီပစ္စည်းက ငါ့အပိုင် ဒီပစ္စည်းက
ငါ့ဥစ္စာ ဒါကြောင့် ဘယ်သူ့အတွက်မှ
မဟုတ်ဘူး ဘယ်သူ့အတွက်မှ
မဖြစ်စေရဘူး ငါ့အတွက်ပဲ
ဖြစ်စေရမယ်ဆိုပြီး မောင်ပိုင်စီးချင်ကျတဲ့ အတ္တသမားတွေရှိကျတာ
မင်းလဲကြုံဖူးမှာပေါ့။

ဟုတ်” ကြုံဖူးပါတယ်ဆရာကြီး။

အေးကွဲ့ “စုန်းမတွေထဲမှာလဲ
အချစ်အရမ်းကြီးတဲ့စုန်းမ‌တွေရှိတယ်ကွဲ့။

သူတို့အချစ်က(သိပ်ကြောက်စရာ
ကောင်းတယ်) သူတို့ချစ်တဲ့သူကို
တွေ့ရင် အဲ့လူကို သူတို့ပညာနဲ့
အဲ့လူရဲ့စိတ်တွေက သူတို့မှသူတို့
ဖြစ်အောင် ပညာဖြစ်ညို့ယူလိုက်
တယ် အဲ့လိုအညို့ယူခံရတဲ့လူက
အဲ့စုန်းမကိုမှ မတွေ့ရရင် မစားနိုင်
မအိပ်နိုင်ပဲ အဲ့စုန်းမနားကကို
မခွါနိုင်ပဲရှိနေတယ် တချို့ဆိုရင်
ပညာဖြင့် လုပ်သတ်လိုက်ပြီး
အဲ့လူရဲ့ဝိညာဉ်ကို ဘယ်မှမသွားနိုင်အောင် ဘယ်လိုဘ၀မှမကူးနိုင်
အောင် သူတို့အနားမှာပဲ သူရဲ့
ဝိညာဉ်ကိုတစ်သက်လုံး ပိတ်လှောင်
ထားတယ်လေ အဲ့လောက်ထိအချစ်ကြီးတဲ့စုန်းမကလဲ ရှိသေတယ်ကွဲ့
အဲ့လိုပညာနဲ့ဖမ်းစားညို့ယူခြင်းကို
ဂန္ဓာရီကျမ်းစာထဲမှာတော့
(ဗူးသွင်းခြင်းလို့ )ခေါ်တယ်ကွဲ့
အဲ့လိုပညာစက်အသွင်းခံရတဲ့လူက
ကံဆိုးခြင်းနဲ့ကြုံပြီပဲဟေ့။

ဆရာကြီးက ” ကျုပ်ကို စိတ်ရှည်စွာ
ရှင်းပြတယ်ဗျ။

ကျုပ်လဲ” သိချင်တာရှိလို့
ထပ်မေးလိုက်ရပြန်တယ်။

အဲ့လိုဆို” ဆရာကြီး
သူတို့ရဲ့စုန်းပညာက တကယ်ရော
စွမ်းလို့လားဆရာကြီး?။

ဟေ ့့့” ကျုပ်စကားကိုကြားပြီး
ဆရာကြီးအံ့အားသင့်သွားတယ်။

မင်းက” ကြံကြံဖန်ဖန်လဲ
မေးတက်ပါပေကွာ။

စွမ်းတာပေါ့ မောင်သိန်းရဲ့”
ကဝေစက်ပဲရှိတယ် ဆရာစက်ရယ်လို့
မရှိဘူးကွ။

အဲ့နယ်ပယ်က “ပညာသယ်တွေရဲ့
ပညာကလဲ မကောင်းတဲ့ပညာဆိုပေမဲ့လဲ အတော့်ကိုစွမ်းတဲ့သူက
တကယ်စွမ်းပါတယ်။

ဆရာတွေကတော့ “သစ္စာရယ်
သမာဓိရယ် စရဏအားရယ်တဲ့
အဲ့‌ဒီအချက်တွေပိုင်နိုင် အားထုတ်
နိုင်မှသာလျှင် ဒီပညာသယ်တွေကို
ကြောင်က ကြွက်ကိုနိုင်သလိုမျိုး
နိုင်ရတာပါ။

အဲ့လိုမှမဟုတ်ရင်တော့ ဒီပညာသယ်တွေလက်ချက်ဖြင့် ရူးတဲ့ဆရာကရူး
အသက်သေတဲ့ဆရာကသေ
အများကြီးပဲကွဲ့။

အမှန်တော့” မောင်သိန်းရဲ့
ဆရာကြီးတို့ ရေးဆွဲထားတဲ့အင်းတွေ
စမတွေ ဓာတ်လုံးတွေ မန္တန်တွေက
အစောက ဆရာမင်းကိုပြောပြထားတဲ့ အချက်တွေရဲ့စွမ်းအားတွေမရှိရင်
ဂါထာတွေ မန္တန်တွေ အင်းတွေ စမ
တွေ ဓာတ်လုံးတွေ
ဘယ်လောက်ရှိရှိသဒ္ဓိမ၀င်ဘူးကွဲ့

‌သဒ္ဓိမရှိမှတော့ မစွမ်းဘူး
မစွမ်းမှတော့ အကျိုးသက်ရောက်မှု့
မရှိဘူး အကျိုးသက်ရောက်မှု့မရှိမှ
တော့ အဲ့ဒီအရာတွေက ရှိနေလဲ
အလကားပဲပေါ့ကွာ။

‌ဒါကြောင့်” ဆရာကြီးပြောပြတဲ့
အချက်တွေက ဆရာတိုင်းရဲ့
အသက်သွေးကြောဖြစ်သလို
လူတိုင်းရဲ့ရှိသင့်ရှိထိုက်သော
အကျင့်သိက္ခာဆိုလဲ မမှာဘူးကွဲ့။

ဒါတွေကိုလုံးလုံးမေ့လို့မရဘူး
နားလည်လားကွဲ့။

ဟုတ်”ဆရာကြီး
ကျုပ်”နားလည်ပါပြီ။

ဒါနဲ့ဆရာကြီး ” စုန်းတွေက
သူတို့အကြောင်းတွေကို ပြောနေပြီ
ဆိုလဲ ကြားရတယ်ဆိုတာ
ဟုတ်လားဆရာကြီး?။

အဲ့ဒါကတော့”
စုန်းတိုင်းလဲမဟုတ်ဘူးကွဲ့။

ဥပမာ” ဒီရွာထဲမှာ စုန်းရှိတယ်
ဆိုကျပါစို့ကွာ။

သူကလဲ”သူ့ပညာကို ထုတ်၍
နိုးစွနေတဲ့အချိန်(ပညာ‌အဆင့်
တိုးအောင်)လေ့ကျင့်နေချိန်ဆိုမှ
မင်းတို့ငါတို့ပြောတာကို
ကြားရတာကွဲ့ အမြဲတော့လဲ
မကြားရပါဘူး။

အော်” ကျုပ်သဘောပေါက်ပြီ
ဆရာကြီး ။

ဒီလိုနဲ့ဆရာကြီးနဲ့အပြန်လှန်စကားတွေ ပြောဆိုနေလိုက်ကျတာ။

နေကလဲ စောင်းပြီမို့ “ဆရာကြီးကို
နုတ်ဆက်၍ အိမ်သို့ကျုပ်ပြန်ခဲ့တယ်ဗျ။

ဒီလိုနဲ့ကျုပ်လဲအိမ်နဲ့လယ်
လယ်နဲ့အိမ်အလုပ်လဲလုပ်ရ
ကျောင်းပြန်ပြီးဘကြီးဘုန်းကြီးရဲ့ ဝေယျာ၀စ္စတွေလဲပြေးလုပ်
မောင်သိန်းဖြစ်လိုက် ဘုန်းကြီး
ကျောင်းသားဖြစ်လိုက်နဲ့နေလာရင်း
ရက်မှလသို့ကူးပြောင်းရင်း
တစ်လကျော်သောအခါ။

ကျုပ်ဆီကို”မထင်မှတ်တဲ့ ‌ဧည့်သည်
တစ်ဦး ရောက်လာခဲ့တယ်
သူကတော့” အခြားသူတော့မဟုတ်
ကျုပ်နဲ့ငယ်ငယ်ကကျောင်းနေဖက်
ကစားဖက်ဖြစ်တဲ့ ကျုပ်သူငယ်ချင်း
အောင်ကြီးပဲဗျ ။

သူ့မိဘတွေက ပိုက်ဆံရှိကျတယ်
ဒါကြောင့်လဲ ရွာမှာမနေပဲမြို့မှာ
အခြေချမယ်ဆိုပြီး ပြောင်းသွားကျတာ မြို့ရောက်တော့
ပို၍ကြီးပွားတယ်ဆိုတဲ့သတင်း
ကြားရတော့ တစ်ရွာလုံးက
၀မ်းသာကျတယ်
သူ့အဖေနဲ့အမေကလဲ ဒီရွာသား
စစ်စစ်တွေပဲ မတရားသဘောကောင်းကျတယ်။

သူတို့က ရွာကဘုရားပွဲနီးရင်
တစ်နှစ်တစ်ခါရွာပြန်၍ အလှု
လုပ်ကျတယ်ဗျ။

အောင်ကြီးနဲ့ကျုပ်ကလဲသက်တူ
ရွယ်တူအချစ်ဆုံးသူငယ်ချင်း
အရင်းကြီးတွေဗျ။

ဒီကောင်က” ရုပ်ကလဲ လွတ်ဖျောက်
တာဗျို့ ကျန်ကျောင်းမင်းသားလို
မျက်ခုံးကလဲ လွတ်ကောင်း
အသားကလဲဖြူဆိုတော့
ရွာက ကာလသမီးတွေဆို
ကိုကျန်ကျောင်းဘာညာနဲ့ကို
စနောက်၍ ခေါ်ကျတာဗျ။

ကိုယ့်သူငယ်ချင်းက “ရုပ်ချော
‌ရုပ်ဖျောက်တော့ ကိုယ်ပါမျက်နှာ
ရတယ်လေ ။

တချို့ မိန်းကလေးတွေဆို
ကျုပ်ကို ကပ်၍ ကိုအောင်ကြီးကို
ကျုပ်လက်ရာပေး ပေးပါ
စားစေချင်လို့ဆိုပြီး ဟင်းတွေ
ဘာတွေကအစ လူကြုံပါး၍
ပေးစေတာပေါ့ ဒီကောင်ကလဲ
ရွာမှာဆို ကျုပ်ကို အရမ်းခင်တာမို့
ကျုပ်အိမ်မှာပဲနေတာများတယ်
အကြောင်းမသိတဲ့သူတွေဆို
ညီအစ်ကိုတွေပဲထင်ကျတယ်ဗျ။

အဲ့လိုနဲ့ “ကျုပ်က ဆင်ဖြူတော်မှီပြီး
ကြံစုတ်ရတာပေါ့ ဒီကောင့်ရဲ့
ဆန်းကိုမှီပြီး အစားသောက်တွေ
ကြိတ်ရတာပေါ့ဗျာ။

အဲ့တော့ “အောင်ကြီးနဲ့ပြန်ဆုံရတော့
ကျုပ်လဲအတိုင်းမသိ ‌၀မ်းသာ‌
တာပေါ့ဗျာ။

ပြန်ဆုံတော့လဲ “တစ်ယောက်နဲ့
တစ်ယောက်ရှေ့ဟောင်းနောက်ဖြစ်
တွေ ပြောရင်း ရယ်လိုက်မောလိုက်နဲ့
ခါတိုင်းလိုပဲ ကျုပ်အိမ်မှာပဲ
တည်းမယ်တဲ့။

သူ့ရဲ့အဖေနဲ့အမေရယ်
သူ့ညီမလေးရယ်က သူတို့အမျိုး
တွေအိမ်မှာပဲတည်းကျတယ်။

အော် ” စကားမစပ် သူ့ညီမလေး
အမည်က ” ထွေးခင်တဲ့ဗျာ
အောင်ကြီးထပ်ချောတယ်
အနေအေးပြီး ချစ်စရာလေး
ကျုပ်ထက်တော့ လေးနှစ်ငယ်တယ်
သူ့လဲပဲ “ရွာက ကာလသားတွေက
လွတ်ကြိုက်ကျတာဗျာ။

အဲ့ထဲမှာ “ကျုပ်တော့မပါဘူး
ဘာလို့လဲဆိုတော့”အောင်ကြီး
ကြောင့်ပေါ့‌ဗျာ။

ကျုပ်ကို ” ကတိတောင်းတယ်
သူ့ညီမလေးကို သူ့လိုပဲ
ကာကွယ်စောင့်ရှောင့်ပေးပါတဲ့
(အကိုလိုပေါ့ဗျာ) အဲ့တာနဲ့
ကျုပ်လဲ ကြိုက်ချင်ပေမဲ့လဲ
မကြိုက်ဖြစ်ခဲ့ပါဘူး။

ကောင်မလေးကလဲ”ကျုပ်ဆို
ကိုကြီးမောင်သိန်း ကိုကြီးမောင်သိန်းနဲ့ဆိုတော့ ပိုဆိုးပေါ့ဗျာ။

ဒီလိုနဲ့ ရွာဘုရားပွဲရက်ကို
ရောက်ရှိခဲ့တာပေါ့။

ကျုပ်တို့ “ရွာဘတ်တွေဓလေ့က
ဘုရားပွဲဆို နှစ်ကျိတ်ရှစ်ဆူဘုရားတွေကို လှည်းယှဉ်တွေနဲ့
လှည့်ကျတယ်။

အဲ့ဒီဘုရားလှည့်ပွဲဆို ဇာတ်တွေ
ပြဇာတ်တွေကိုပါ သုံးညတိုင်တိုင် သွင်းကျတော့ အနီးကရွာတွေ
ကပါ လာကျတာဗျာ တိုးလို့
မပေါက်အောင်ကိုပဲ စည်ကားတယ်

နောက်ဆုံးရက်က နိဗ္ဗာန်ဈေးပွဲပါ
ပြုလုပ်ကျ‌တယ် ဘုရားပွဲ
သုံးညကိုလူဘယ်လောက်လာလာ
ရပ်ဝေးရပ်နီးမကျန် ရှိရှိသမျှ
ဘုရားပွဲကိုလာကျတဲ့ ဧည့်သည်
တွေကို ရွာကသူဌေးတွေက
စုပြီး စတုဒီသာကျွေးတာဗျာ
နေ့ညမပြတ်ပဲ ကလေးလူကြီး
မရွေး ဆာတဲ့သူလာစား ထမင်းရုံ
ကြီးတွေမှ အကြီးကြီးတွေနှစ်ရုံ
ဆောက်ထားတာ ကလေးတစ်ရုံ
လူကြီးတစ်ရုံ ဆန်ကိုတင်းနဲ့ချီပြီး
ချက်ရတယ်။

အဲ့လိုချိန်ဆို” ရွာကကာလသားတွေ
ကာလသမီး‌တွေက သူ့နေရာနဲ့သူ
အဖွဲ့လိုက် ရွာသူကြီးချပေးတဲ့
နေရာကနေ ဧည့်သည်တွေကို
ထမင်းကျွေး ဧည့်ကြို နေရာချပေါ့
လူတွေလဲ ပင်ပန်းပေမဲ့လဲ
ပင်ပန်းမှန်းမသိပဲ အဲ့လိုရက်မှာကို
စိတ်ထဲတွင်အလိုလိုပျော်နေကျတာ
နောက်ဆုံးရက်ဆို ပိုလို့ပျော်ကျသေးတယ် အပျော်တွေစို့ပြီး ထမင်းတောက်သိပ်မဆာပါဘူးဗျာ။

အဲ့ဒီမှာပေါ့ ညောင်ကန်ရွာက
ကွမ်းတောင်ကိုင် မယှဉ်အေးနဲ့
ကျုပ်သူငယ်ချင်း အောင်ကြီးနဲ့
ချစ်ကြိုးတွေ သွယ်ကျပါလေရော။

အောင်ကြီးက ” ငယ်ငယ်ထဲက
သူဘာလုပ်ရင်လုပ်တယ်
သူ့ရင်ထဲမှာ ဘာဖြစ်ရင်ဖြစ်တယ်
ကောင်းကောင်းဆိုးဆိုး ကျုပ်ကို
ဗွေဦးဆုံး တိုင်ပင်တယ် ရင်ဖွင့်
လေ့ရှိတယ်ဗျ ။

အခုလဲကြည့် ” ကျုပ်က ထမင်းချက်
နေ‌ရာမှာ သောက်ရေပျက်လို့
နွားလှည်းမှာ ရေစည်တပ်ပြီး
ရေကယ့်ပေးနေတာကို သောက်
ရေကန်အထိလိုက်လာပြီး
သူ ညောင်ကန်ရွာသူ မယှဉ်အေးကို
မေတ္တာသက်၀င်ချစ်ခင်ကြောင်း
လာရင်ဖွင့်တယ်ဗျ ” ကျုပ်တောင်
သိပ်မယုံလို့ ဟုတ်ရဲ့လား
မောင်ကာလုရယ်ဆိုပြီး စနောက်
လိုက်သေးတယ်။

သူက ” မောင်သိန်း ငါသူ့ကို
ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်
လှုဲလှုဲကို ချစ်တာကွ ငါ့စိတ်တွေ
ငါ့အာရုံထဲမှာ သူပဲရှိနေတယ်
ငါသိလိုက်တာ ငါသူ့ကိုရမှဖြစ်မယ်
သူ့ကိုပိုင်ဆိုင်မှဖြစ်မယ်ဆိုတဲ့အသိက
ငါ့စိတ်ထဲ ကြီးစိုးနေတယ်ကွ။

အောင်ကြီးက” သူ့ခံစားချက်တွေကို
ပီပီပြင်ပြင် ကျုပ်ကိုလာပြောနေတာ
ဒီကောင် ” ကျုပ်သိသလောက်တော့
တစ်သက်နဲ့တကိုယ် အခုလိုဟန်နဲ့
ပန်နဲ့မိန်းကလေးတစ်‌ယောက်ကို
ရူးမတက်ချစ်ကြောင်းလာပြောတာ
ကျုပ်လဲ” ဒါပထမဆုံး ကြုံဖူးတာပဲဗျ
ဒါနဲ့ ဒါကလဲ ဖြစ်ရိုးဖြစ်စဉ်တစ်ခု
မဟုတ်လား သူကြိုက်ပါတယ်ဆိုပြီး
လာပြောတဲ့သူကလဲ ညောင်ကန်ရွာက ကွမ်းတောင်ကိုင်တစ်ယောက်ဆို
တော့ ကျုပ်လဲ ဘာပြောတက်တော့
မလဲဗျာ။

ဓမ္မတာတစ်ခုဆိုတော့ မင်းကြိုက်ရင်
ပြီးတာပါပဲဆိုပြီး ထောက်ခံပေး
လိုက်သေးတယ်။

ဒါပေမဲ့ ဒီကိစ္စကြီးက ဒီလောက်မရိုးရှင်းမှန်း ကျုပ်မသိခဲ့ဘူးဗျ။

ဖြစ်ပုံက “ဒီလိုဗျ။

ညောင်ကန်ရွာက “မယှဉ်အေးကို
တဖက်သက် ချစ်ပါတယ်ဆိုတဲ့
ဖိုးထူးဆိုသူနဲ့ကျုပ်က အရင်ထဲက
ရင်နှီးပြီးသားဗျ ဒီကောင်က
စပါးပွဲစား လုပ်စားနေသူဆိုတော့
စပါးအရောင်၀ယ်ကိစ္စနဲ့သူနဲ့ကျုပ်
ရင်းနှီးတာဗျ။

ထမင်းရုံမှာ ထမင်းလာစားရင်း
ကျုပ်တို့စကားစပ်မိရာကနေ
မယှဉ်အေးအကြောင်းပါလာတယ်ဗျ

မောင်သိန်း ” ဟိုးက မိန်းမချောလေးကို မင်းတွေ့လားကွ။

ဖိုးထူးက “ကျုပ်နဲ့စကားပြောရင်း
မယှဉ်အေးနဲ့အဖော်နှစ်ယောက်
ပွဲဈေးတန်းဘက်သို့လမ်းလျောက်
နေတာကို လှမ်းပြီးပြတယ်။

ကျုပ်လဲ “တွေ့တယ်လေကွာ
အဲ့တာမင်းတို့ညောင်ကန်ရွာကပဲ
မဟုတ်လား ဖိုးထူးရဲ့။

ဟုတ်တယ်” မောင်သိန်း။

သူက ” ငါတို့ရွာသူပဲ ငါတို့ရွာမှာလဲ
အချောဆုံးပဲ “ချောလို့လဲ
သူ့ကို ငါအရမ်းကြိုက်တာကွာ ။

ဒါပေမဲ့” သူ့ရဲ့အလှက သာမန်မဟုတ်ဘူး “

ကျုပ်‌လဲ ” အေးလေဖိုးထူးရာ
သာမန်မဟုတ်လို့ပဲ မင်းတို့ရွာရဲ့
အချောဆုံးဖြစ်နေတာမဟုတ်လား။

ကျုပ်”စကားဆုံးတော့ ဖိုးထူးက
ကျုပ်မျက်နှာကိုသေချာစိုက်ကြည့်၍
ခေါင်းခါပြကာ သက်ပြင်းတစ်ချက်
ခပ်ပြင်းပြင်းချရင်း။

မဟုတ်ဘူးကွ ” မောင်သိန်းရဲ့
ငါပြောတဲ့ သာမန်မဟုတ်ဘူးဆိုတာ
မယဉ်အေးက အရင်ကရုပ်ဆိုးတယ်
သာမန်မိန်းကလေးပဲ သူအခုလို
ပြိုင်စံရှား အလှပိုင်ရှင်မ ဖြစ်လာတာ
နှစ်အပိုင်းခြား ကာလတစ်ခုပဲရှိသေး
တယ်ကွ။

ဘာ” ဘယ်လို ဘယ်လို။
ပြန်ပြောပါဦး ဖိုးထူးရဲ့။

ကျုပ်အံ့အားသင့်၍
ဖိုးထူးကို သေချာအောင်
ထပ်မေးလိုက်ရတယ်။

ဖိုးထူးက” ဟုတ်‌တယ် မောင်သိန်း။

ဒါဖြင့်” မင်းသိသလောက်ပြောပါဦး

မယဉ်အေးက ‘ငါတို့ရွာမှာအရင်က
သာမန်အလှလောက်ပဲရှိတာပါ
ငါနဲ့သူက ငယ်ပေါင်းတွေဆိုလဲ
မမှားဘူး မောင်သိန်းရ
လွန်ခဲ့တဲ့ နှစ်အနဲငယ်ကမှ သူ့အလှက
သာမန်အလှမျိုးမဟုတ်ပဲ တစ်ရွာလုံး
က ငေးကြည့်ရတဲ့အထိဖြစ်လာတာ။

ငါကြားမိသလောက် ပြောပြရရင်
မရင်အေးရဲ့ အမေ အရီးလေး
မယ်ခင်က ဆယ့်နှစ်ကြိုးကဝေမကြီး
သူ့တို့ရဲ့ ပညာက အရမ်းထက်တာကွ
တော်ရုံပညာလာစမ်းတဲ့ ဆရာတွေဆို
ဖနောင့်တစ်ချက်ပေါက်ရုံဖြင့်
ပါးစပ်ထဲက သွေးပွတ်ပွတ်အန်ပြီး
သေတာတဲ့ကွ။

သူ့သမီး မယှဉ်အေးကို သူရဲ့ပညာ
တချို့ကိုဆက်ခံစေပြီး စုန်းအတက်
ထဲက မီးထုံကူးတဲ့အတက်လို့ခေါ်တဲ့
စုန်းပညာ‌ကိုအသုံးပြုလို့ အခုလို
အလှတွေက နှစ်အနည်းငယ်အတွင်းမှာပဲ အလှထိပ်ခေါင်ဖြစ်လာတာပေ့ါ

နောက်ပြီး ” သူ မကြည်ဖြူပဲ အတင်းစကားလိုက်ပြောတဲ့
ကာလသားတွေဆို မြွေလိုက်တာ
နွားဝှေ့တာ ကျွဲခတ်တာ ခွေးကိုက်
ခံရတာတို့အစ ဖြစ်တက်တယ်။

ဒါကြောင့် ” သူ့ကို အဝေးကပဲ
ပိုးပမ်းရဲကျတယ် အနောက်ကနေ
တစ်ကောက်ကောက်လိုက်၍
ဘယ်သူမှ မပြောရဲကျဘူးကွ။

ဖိုးထူးက ” ကျုပ်ကို မယဉ်အေးက
စုန်းမတစ်ယောက်ဖြစ်ကြောင်းကို
အသေချာပြောပြနေတာဗျို့။

သူဘယ်လိုပဲပြောပြော ကျုပ်အကုန်
မယုံသေးဘူးဗျ ။

ဘာလို့လဲဆိုတော့” ဒီကောင်ဖိုးထူးကလဲ တဖက်သက်အတင်းကြိုက်နေသူမို့ မစားရတဲ့အမဲ သဲနဲ့ပက်တာလဲ
ဖြစ်နိုင်တယ်။

ဒါကြောင့် “ပိုသေချာအောင်
ညောင်ကန်ရွာက ကျုပ်နဲ့အလွန်
ရင်းနှီးတဲ့ သက်ကြီးပိုင်းတွေကို
မယှဉ်အေးရဲ့အကြောင်းကိုမေးကြည့်
တဲ့အခါ အကုန်လုံးက ဖိုးထူး
ပြောသလိုပဲ ပြောပြကျတယ်။

ဒါနဲ့လဲ ကျုပ် ယုံရခတ်မယုံရခတ်
ဖြစ်နေပြန်တယ်။

ကျုပ်ဆရာကပ္ပိယကြီး” ဦးရွှေမိုးထံ
အမြဲ ကျားလာထိုးလေ့ရှိတဲ့
ညောင်ကန်ရွာက
ဂန္ဓရီဆရာကြီး ဆရာချစ်ဆွေကို
ကျုပ်မေးကြည့်တော့လဲ ဖိုးအေးလိုပဲ
အသေချာရှင်းပြတယ် မယှဉ်အေးက
စုန်းမတစ်ယောက်ဆိုတာ။

အဲ့တော့မှ ” ကျုပ်လဲ ခေါင်းနပန်းကြီး
သွားတယ် ။

ကျုပ်”သူငယ်ချင်းအောင်ကြီး
ဒုက္ခနဲ့လှလှနဲ့တော့တွေ့ပြီဆိုတာ
ဒါကြောင့်ပဲ အလျှင်မြန်တားဖို့
ဒီကောင့်ကို  ကျုပ်လိုက်ရှာခဲ့တယ်။

ကျုပ်”အမြန်သွားပေမဲ့ ကျုပ်
ခြေတစ်လှမ်း နောက်ကျနှင့်ပြီ
ဒီကောင်က”မယှဉ်အေးနဲ့ ချစ်ကြိုး
သွယ်ပြီး ဟိုကလဲ ဒီကောင်မျက်နှာများမှန်းသိတော့ သူ့ကို
ချစ်လို့ပြုစားတာဆိုတဲ့ခေါင်းစဉ်နဲ့
(ဗူးသွင်းလိုက်ပြီ)ဗျ။

ဘာလို့ ” ကျုပ်တပ်အပ်ပြောနိုင်တာလဲဆိုတော့ ။

မယှဉ်အေးနဲ့ စကြိုက်ပြီး ချိန်းတွေ့ချိန်ကစပြီး ကျုပ်အိမ်မှာမအိပ်တော့ပဲ သူ့အဖေအမေတွေ ညီမလေးတွေ
ရှိတဲ့ အရီးမြနှစ်တို့အိမ်မှာပြန်အိပ်တယ်လေ။

အခုလဲ” ကျုပ်မယှဥ်အေးကို မကြိုက်ဖို့ တားစီးဖို့သွားရင်း သူ့ညီမ
ထွေးခင်နဲ့လမ်းမှာတွေ့တယ်
ထွေးခင်က ကျုပ်ကိုတွေ့တာနဲ့
ကိုကြီးမောင်သိန်း ” ညီမအကိုကြီးကို
ကယ်ပါဦးဆိုပြီး တန်းငိုတော့တာဗျ။

ကျုပ်ကလဲ” ငါ့ညီမ ဘာဖြစ်တာလဲ
မေးတော့။

ကိုကြီးပေါ့” ဒီရက်ပိုင်း ဘယ်မှမသွားပဲ ညဘတ်ဆိုလဲ အိပ်ခန်းတံခါးကို
အစောကြီးပိတ်ပြီး ထမင်းစားဖို့လဲ
ထွက်မလာဘူး သူတစ်ယောက်ထဲ
အခန်း‌ထဲစကားတွေပြောပြီး
ငိုလိုက်ရယ်လိုက်ဖြစ်နေတယ်

ပြီးတော့ ငှက်ဖျားတက်သလို
တဟီးဟီးးနဲ့ တုန်ရီနေပြီးငြီးငြူနေတယ် သူ့အခန်းထဲကို အကြောင်းစုံ
မေးဖို့သွားတဲ့သူကို မလာနဲ့လို့
အော်ငေါက်ပြီး  ရန်လုပ်နေတယ်။

ကျုပ်လဲ” ဖြစ်တာကြာပြီလားလို့
မေးလိုက်တော့။

ထွေးခင်က ” ခေါင်းခါပြပြီး
မကြာသေးဘူးကိုကြီး
ကိုကြီးတို့အိမ်မှာ မအိပ်ချင်
လို့ ပြန်လာတာဆိုပြီးပြောတဲ့
နေ့ကစပြီး ထူးဆန်းလာတာ
ဒါပေမဲ့ ဒီနေ့မှ အတော့်ကိုခပ်ဆိုးဆိုး
ကြီးဖြစ်လာတာ။

အခုလဲ အော်ဟစ်နေတယ်။

ထွေးခင်ရဲ့စကားကြားပြီး
ကျုပ်လဲ အောင်ကြီးအတွက်
စိတ်ပူပြီး ကျုပ်ခြေလှမ်းတွေကို
သုတ်ခြေတင်လိုက်ရတာပေါ့။

ကျုပ်” ရောက်သွားတော့
အရီးမြနှစ်တို့အိမ်မှာ လူတွေတအုန်း
အုန်းထနေပြီ။

အောင်ကြီးက” မျက်ထောက်နီနီကြီးနဲ့
ဓားမကြီးကိုင်ကာ ‘ငါ့အနားဘယ်သူ့
မှမလာကျနဲ့နော် လာရင်ခုတ်ပြီးသားပဲ ငါ့ချစ်သူ ငါ့ကိုလာခေါ်တာစောင့်နေတာကွ။

ဒီနေ့ညကိုကုန်လွန်ရင် ငါတို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူးကွဟားးးဟားး
ဆိုပြီးရယ်လိုက် တော်ကြာငိုလိုက်
ဖြစ်နေတယ်။

ကျုပ်လဲ အနားသွား၍ “အောင်ကြီး
မင်းငါ့ကို မမှတ်မိဘူးလား ငါ့ကောင်
ငါ မောင်သိန်းလေကွာ။

မသိဘူး” ဘယ်ကောင်မှ ငါမသိဘူး
ငါပြောပြီးပြီနော် အနားမလာနဲ့လို့။

ကျုပ်ကိုပါ” အတင်းအော်ထုတ်နေတယ်။

ကျုပ်သိလိုက်ပါပြီ “ဒီကောင်ကို
ဟိုစုန်းမက ပြုစားလိုက်ပြီဆိုတာ
ဒါကြောင့် ” ဆရာကြီးဦးရန်သိန်း
ကျုပ်ကိုပေးထားတဲ့ သရဏဂုံ
အင်းတချပ်ကို ကျုပ်ကိုယ်နဲ့မကွာ
ဆောင်ထားတာကိုမို့ ထုတ်ယူပြီး
အင်းနိုးဂါထာကို ရွတ်၍ ရေတစ်ခွက်
တောင်းကာ အောင်ကြီးရဲ့ မနီးမဝေး
အရပ်မှာ အင်းစည်းချပြီး အောင်ကြီး
ကိုလဲ အဆိုပါ ရေစင်နဲ့ ပက်ဖျန်းလိုက်တော့။

ဒီကောင်” ချက်ချင်းဆိုသလို ခွေကနဲ
လှဲကျပြီး ငြိမ်သွားတယ်ဗျ။

အကုန်လုံးကလဲ “ပါးစပ်အဟောင်းသားဖြစ်နေတယ်။

ကျုပ်လဲ” အောင်ကြီးကို ဘယ်သူ့မှ
မထိကျနဲ့ သူဘာတောင်းဆိုဆို
မလုပ်ပေးကျဖို့မှာပြီး ရွာဦးကျောင်းက ဆရာကြီးဦးရန်သိန်း ရှိရာသို့
ကျုပ်တန်းပြေးလိုက်တယ်ဗျို့။

ဘာလို့လဲဆိုတော့ ” ဒီညလွန်ရင်
အောင်ကြီး သေတော့မှာကျုပ်သိနေလို့ပဲ ဟိုကသူ့ဝိညာဉ်ကိုဖမ်းချုပ်ပြီး
သူ့အနားမှာ တစ်သက်လုံးထားဖို့
သူ့ကိုအသေပြုစားထားတာဗျ။

ရွာဦးကျောင်းက ရွာရဲ့အရှေ့ပိုင်း
မှာဗျ ကျုပ်အရမ်းနောက်ကျမှာစိုး‌‌၍
လှည်းတောင်မထုတ်တော့ပဲ
ဒီတိုင်းပြေးသွားတာဗျို့
ဘုန်းကြီးကျောင်းနားမရောက်ခင်
ဖိုးအောင်စိန်တို့လယ်ဂဇင်းတွေကို
ဖြတ်ရသေးတယ်ဗျ။

ကျုပ်ပြေးသွားတော့ ” အဲ့လယ်
ဂဇင်းက မြက်စားနေတဲ့ နွားအုပ်က
ကျုပ်ကိုမြင်တာနဲ့ ချက်ချင်းဆိုသလို
နှာတွေမှုတ် ခွါတွေယတ် အမြှီးတွေ
ထောင်ပြီး ကျုပ်ကိုဝှေ့ဖို့
ဒုန်းပြေးလာကျတာဗျို့။

ကျုပ်လဲ ကိုယ့်ကိုသရဏဂုံသုံးပါး
ရွတ်၍ သရဏဂုံတင်ပြီး အသက်
အောင့်၍ နွားအုပ်ကြီးကို ရှောင်ကွင်းပြီး အသက်လုပြီး ပြေးရတာဗျို့။

မသိရင် “ကျုပ်နဲ့နွားအုပ်ကြီး
ထုတ်စည်းတိုးနေသလိုပဲဗျို့။

နောက်ဆုံးတော့ ” ကျုပ်လွတ်သွားပြီး
ကျောင်း၀ကိုရောက်တော့
ဆရာကြီးဦးရန်သိန်းက ကျောင်း‌၀
လေးမှာ ဆေးလွယ်အိတ်လေးလွယ်ကာ ထိုင်စောင့်နေတယ်ဗျ။

ကျုပ်ကို “မြင်မြင်ချင်းပဲ ဆရာကြီးက
ပြုံးကာ ငါဒီနေ့ စိတ်ထဲလေးလံနေလို့
ဇာတာစစ်ကြည့်လိုက်တာ ဒီရွာမှာ
ဒီနေ့လူနှစ်လောင်းသေဖို့ ရှိနေတယ်
တစ်လောင်းက နွားဝှေ့ခံပြီး သေရမှာ
အခုတော့ ငါ့တွက်ကိန်းမှားပြီပေါ့ကွာ။

ဆရာကြီးက ” ကျုပ်ကိုကြည့်ပြီး
ပြုံးရယ်ကာ ပြောနေတယ်ဗျ။

ပြီးတော့ ” မင်းသူငယ်ချင်းကယ်ဖို့
အချိန်မရှိတော့ပဲနေမယ်။

ကဲကဲ ” ဒီကပဲအမြန်စလိုက်ရအောင်
‌ဆိုပြီးပြောကာ။

ဆရာကြီးက ” ဆေးလွယ်အိတ်ထဲက
ကဝေစက်ဖျက်အင်းကိုထုတ်ယူ၍
အဝေးမှဤရွာအတွင်းသို့
နှောက်ယှတ် ဆက်နွယ်နေသော စက်ကြိုးပညာကြိုး ရှိရှိသမျှ ဆယ့်နှစ်ကြိုးရဲ့
ပညာစက်တွေအကုန်ဟူသမျှ
ဘုရားတရားသံဃာ အမိန့်
ဆရာ့ဆရာကြီးတွေအမိန့် ငါဆရာအမိန့်နဲ့ ပျောက်ပျယ်ပါစေသား။

ဆရာကြီးရဲ့စကားဆုံးသည်နှင့်
ကဝေစက်ဖျက်အင်းတော်ကြီးက
ကောင်းကင်းသို့ ပျံတက်သွား၍
ရွှေရောင်အလင်းတန်းတစ်ခု
ထုတ်လွင့်ကာ ပျောက်သွားတယ်ဗျ။

အဲ့တော့မှ ” ကဲ သွားကျရအောင်
ဘာမှမပူနဲ့တော့ မင်းသူငယ်ချင်း
အသက်အန္တရယ်မရှိတော့ဘူး‌တဲ့။

ဒီလိုနဲ့”ကျုပ်နဲ့ဆရာကြီးဦးရန်သိန်း
ရောက်သွားတော့ အောင်ကြီးက
ငုတ်တုတ်ကြီးထိုင်၍ လက်အုပ်ကြီး
ချီကာ သူ့တို့ချစ်ခြင်းကို မခွဲပါနဲ့ဟု
ရှိရှိသမျှလူအများကို တောင်းပန်ကန်
တော့နေတယ်။

ဆရာကြီးနဲ့ကျုပ် ဝိုင်းထဲရောက်တာနဲ့
‌သပိတ်လုံးလောက်ရှိတဲ့ မီးလုံးကြီးက
ညောင်ကန်ရွာဘတ်ကနေ ကျုပ်တို့
ရှိရာသို့ တန်းရောက်လာတယ်ဗျို့
မျက်လုံးပြူး မျက်စံပြူးကာ
လူတွေလဲအထိန့်တလန့်ဖြစ်နေကျတယ်။

ဆရာကြီးက” ငါခေါ်ထားတာမို့
ဘာမှအထိန့်တလန့်မဖြစ်ကျဖို့
ပြောပြီး။

ရောက်ရင်” မူလအသွင်ဆောင်စမ်းဟု အားမာန်အပြည့်နဲ့ ပြောတော့
မီးလုံးကြီးက ဝိုင်းထဲထိုးဆင်းလာ
တယ်။

အမလေး ” ဘုရား။ မယှဉ်အေး
မီးလုံးကြီးက မယှဉ်အေးတန်းဖြစ်
သွားတယ်ဗျ။

တယ်လဲ ထက်တဲ့ပညာရပ်ပါလား။

ဆရာကြီးက ” ဟဲ့ကလေးမ ဘာလို့
ကိုယ့်ချစ်သူအပေါ် အခုလိုလုပ်ရတာလဲလို့မေးတော့။

စုန်းမ”မယှဉ်အေးက ကျွန်မသူ့ကို
သိပ်ချစ်လို့ ”
ကျွန်မကလွဲပြီး သူဘယ်မိန်းကလေးကိုမှ ကြည့်တာ စကားပြောတာ
အို့့့့ ဘယ်မိန်းကလေးနဲ့မှ
ချစ်ကြိုးမသွယ်နိုင်အောင် သူ့ကို
အသေသတ်ပြီး ကျွန်မနားမှာ တစ်သက်လုံးထားမလို့လေ။

‌မယှဉ်အေးရဲ့ စကားကြောင့်
အားလုံးရဲ့ပါးစပ်ဖျားက ဟာကနဲ
ဟင်ကနဲ ဖြစ်ကုန်တယ်။

အောင်ကြီးရဲ့ ဂျီတော်တွေဆိုရင်
အမလေး သမီးရယ်”
ငြီးအချစ်ကြီးကလဲ ကြောက်စရာကြီးပါလားအေ။
ဖြစ်ကုန်တယ်ဗျ။

ဆရာကြီးဦးရန်သိန်းက ” အေး
နင်က “အရမ်းငယ်ရွယ်နေသေးလို့
ဒီတစ်ကြိမ်တော့ ” ခွင့်လွတ်လိုက်မယ်
ဒါပေမဲ့” နောက်နောင်ကို
နင့်ပညာတွေနဲ့ ဒီကောင်လေး
အပါ၀င်၇ရက်သားသမီးအပေါင်း
ကို ဘေးဒုက္ခမပေးတော့ပါဘူးလို့
သစ္စာဆိုပြီး သစ္စာရေသောက်ရမယ်
နောက်ပြီး သူ့ကိုယ်ထဲက နင့်ပညာတွေအကုန်ထုတ်ပြီးပြန်ယူသွား

အဲ့လိုဆို” နင့်အသက်ကိုချမ်းသာပေးမယ် ကြားလားဟဲ့။

ဆရာကြီးက “ပြောတာကို မကြားချင်ဟန်ဆောင်နေသေးတယ်။

ဆရာကြီးက” နင်က မကြားဟန်ဆောင်ရဲ တယ်ပေါ့။

ကဲ ” ယက္ခကြီး “မကြားချင်အောင်
ဆောင်နေတဲ့ သူကို အနောက်ကနေ
ဖနောင့်ဖြင့် ဆောင်ကန်ကျလိုက်စမ်း

ဆရာကြီး”စကားဆုံးသည်နှင့်
ဆယ်ပေကျော်ကျော်အရိပ်ကြီးတစ်ခုက မယှဉ်အေးရဲ့နောက်ကျောကို
အုန်းးးးဆိုတဲ့အသံကြီးမြည်ဟီးအောင် ကန်ချလိုက်တယ်ဗျ။

မယှဉ်အေး ” ရှေ့ကိုဗိုက်းကနဲပစ်ကျ
သွားတယ်ဗျို့။

အဲ့တော့မှ ” သမီးကြောက်ပါပြီ
ဆရာကြီးရယ် ဆရာကြီးခိုင်းတာ
အကုန်လုပ်ပါ့မယ်ဆိုပြီး
ငိုသံပါကြီးနဲ့ တောင်းပန်ပြီးပြောတယ်။

အဲ့တော့မှပဲ သစ္စာရေတွေသောက်
သစ္စာဆိုပြီး အောင်ကြီးခေါင်းအား
ဆုပ်ကိုင်ကာ ပါးစပ်ကလဲ အသံခပ်
တိုးတိုးဖြင့်ရေရွတ်နေတယ်ဗျ။

ခဏကြာတော့” အောင်ကြီးပါးစပ်ထဲကနေ တစ်လက်မ ပတ်လည်လောက်ရှိတဲ့ မီးသွေးတုံး၁၂တုံးအန်ထွက်လာတယ်။

အဲ့တော့မှ ” နှာဘူးအောင်ကြီးလဲ
သတိရလာပြီး သူ့ချစ်သူမယှဉ်အေးနဲ့
လူတွေအကုန်လုံးကို ဘာတွေဖြစ်
နေကျတာလဲဆိုပြီး တအံ့တဩနဲ့
ကြည့်ပြီး မေးနေတယ်။

ဆရာကြီးက”မယှဉ်အေးကို ဘေးကင်းကင်းနဲ့ ညောင်ကန်ရွာကို
လှည်းနဲ့သေချာလိုက်ပို့ပေးဖို့
ရွာသူကြီးကိုလဲမှာတယ် သူ့ကိုရန်မပြုဖို့လဲ အားလုံးကို မှာခဲ့ပြီး
ကျုပ်နဲ့အတူရွာဦးကျောင်းကို
ပြန်ခဲ့ကျတယ်ဗျ။

(ဆော်ကြည်တိုင်းလဲ မကောင်းတာ
သင်္ခန်းစာယူကျပါ broတို့)

စာဖတ်သူများအား ကျေးဇူးအထူး
တင်ရှိပါသည်။
(ကပ္ပိယလေး ကြွက်ပုတ်)