Unicode Version
အငြိုးမပြေသူ(စ/ဆုံး)
—————————
” အမလေး ဒေါ်စိန်အေးကြီး သားရေ ပြေး ပြေး ”
” အမေ အမေ သားကိုစောင့်ဦးလေ အီး ဟီး ဟီး ”
အခုတစ်လော ထောက်ကြံ့မြို့နယ်ထဲက မရှင်စောရွာလေးမှာ ရွာသူရွာသားတွေထိတ်လန့်နေရတဲ့ ပရလောကပြဿနာကြီးတစ်ခု ဖြစ်နေခဲ့ပါတယ်။
နေလုံးနီနီတောင်စွယ်လျှိုးငုတ်သွားတာနဲ့ တစ္ဆေမက သူနေတဲ့အိမ်မဲကြီးထဲကနေထွက်လာပြီး တစ်ရွာလုံးလှည့်ပတ်သွားလာနေတာပါ။ သွားနေရင်းစားစရာတွေတွေ့ရင်လည်း လက်ရဲဇက်ရဲစားသောက်တတ်ပါသေးတယ်။
ဘာမှမရရင်တော့ လူတွေကို သူ့ပင်ကိုရုပ်ကြီးပြပြီး လိုက်လံခြောက်လန့်တတ်တယ်တဲ့။ တစ်ချို့ကလေးတွေများ အကြောက်လွန်ပြီတက်ရာက အသက်ပါပါသွားတယ်တဲ့။ သူနေတဲ့အိမ်မှာလဲ အရက်ကြောင်ကြောင်နေတဲ့အရူးအေးမောင်တစ်ယောက်သာ နေရဲတယ်တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ကွယ်လွန်သူ နှစ်ဖက်မိဘများအားရည်စူး၍ သား မောင်စိုးနိုင်+သမီး မစိန်အေးမိသားစု ကောင်မှု ´´ ဆိုတဲ့ တန်ဆောင်းအလှူရှင်ကမ္ဗည်းစာလေးဖတ်ပြီးကြည်နူးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်…။
တစ်ယောက်ကိုတစ်ယောက်အဓိပ္ပါယ်ပါတဲ့အကြည့်တွေကြည့်ပြီး နောက်တစ်ကြိမ်ထပ်ပြုံးလိုက်ကြပြန်တယ်။ အဲ့ဒီနောက်မှာတော့ တစ်ယောက်လက်တစ်ယောက်ဆွဲလို့ စကားတစ်ပြောပြောနဲ့ အိမ်ပြန်လာကြပါတယ်။
” နောက်ဆုံးတော့ ချွေးနည်းစာလေးစုပြီး လှူနိုင်ခဲ့ပြီမိန်းမရေ ”
” ဒါပေါ့အစ်ကိုရယ် ဆိုင်းပုဒ်ကသေးနေလို့သာ မဟုတ်ရင် မောင်လေး အေးမောင်နာမည်ရယ် သားနဲ့သမီးနာမည်ရယ် ထည့်ချင်သေးတာ ”
`အေးမောင်´ ဆိုတဲ့အသံကြားတော့ ကိုစိုးနိုင်တစ်ဖက်ကိုမသိမသာလှည့်ရင်း နှာခေါင်းရှုံ့လိုက်မိတယ်။ သူတို့မိဘတွေမရှိတော့ကတည်းက လေ့လွင့်နေတဲ့မောင်အေးမောင်ကို မိန်းမဖြစ်သူက အိမ်ပေါ်ခေါ်တင်ထားခဲ့ပြီး သနားလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ အလကားကျွေးမွေးထားခဲ့ရတယ်။
ဒါ့အပြင် အပေါင်းအသင်းလေးကလည်း မတ်သူဆိုတော့ အရက်မူးလာရင် ရှာကျွေးနေတဲ့ကိုစိုးမောင်ကိုပါ အစ်မအားကိုးနဲ့ မကြာခဏပြဿနာရှာတတ်ပါသေးတယ်။
” သြော် အေးမောင်ဆိုလို့ မိန်းမရေ ဟိုနေ့က တို့အိမ်ရေနံသုတ်ဖို့ သူ့ကိုရေနံချေးဝယ်ခိုင်းလိုက်တာ ရောက်လာပြီလား ”
” အမလေး အစ်ကိုရယ် အေးမောင်အကြောင်း သိရဲ့သားနဲ့ တောင်ခိုင်းရင်မြောက်ရောက်တာကို အဲ့ပိုက်ဆံတွေ အရက်သောက်ပစ်လိုက်ရောပေါ့ ”
” ဟာ မဟုတ်ဘူးလေ မိန်းမရယ် အိမ်မှာကာထားတဲ့ပျဉ်တွေကအသစ်တွေ ရေနံမသုတ်ပိုးစားလို့ကုန်လိမ့်မယ် အခုပိုက်ဆံပါလာသေးလား ”
” နည်းနည်းတော့ပါလာတယ်အစ်ကို အစ်ကို ဘာလုပ်မလို့လဲ ”
” ဟ ဘာလုပ်ရမလဲ ကိုယ့်ဟာကိုသွားဝယ်ရမှာပေါ့ ..ပေး ”
ပိုက်ဆံကိုဆက်ကနဲဆွဲယူပြီး ဈေးဆိုင်ဘက်ခပ်သုတ်သုတ်ထွက်သွားတဲ့ယောကျ်ားဖြစ်သူကိုကြည့်ပြီး မစိန်အေးပြုံးမိတယ်။ စိတ်ထဲကနေလဲ
” ငါ့ယောကျ်ားရယ် စိတ်ဆိုးတာလေးတောင် ချစ်စရာကောင်းနေလိုက်တာ ”
လို့တွေးရင်း တစ်ယောက်ထဲပဲ အိမ်ပြန်လာခဲ့လိုက်တယ်။
” အေးမောင်ရေ မောင်လေး ”
” ဗျာ မမ ကျနော်ဒီမှာ ယောက်ဖနဲ့ ထင်းခွဲနေတယ်ဗျ ”
” ဟုတ်လား အဲ့တာဆိုလဲ လုပ် လုပ် သားကြီးရေ ခဏလာဦးဟေ့ ”
” ဘာလဲအမေရယ် စာမေးပွဲကနီးနေပြီဟာကို ခိုင်းဦးမလို့လား ”
” အမလေး အဖေ ကျမလဲ မခိုင်းရက်ပါဘူးတော် အဖေနဲ့တစ်အိမ်လုံးစားဖို့ ဟင်းချက်နေရလို့ပါ ..”
” လုပ်ပြီ အမေတို့ကတော့ အလကားနေရင်း ငရဲပေးနေတယ် ”
” ဟား ဟား ဟား ကဲ့ပါ သားက လိမ္မာပါတယ် အမေ့ကို မာမူကြီးမဆလာတစ်ထုပ်နဲ့ ကင်ပွန်းသီးတစ်ထုပ် သွားဝယ်ပေးပါဦး ”
” ညီမလေးခိုင်းလဲရရဲ့သားနဲ့ ”
ဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားတဲ့သားကြီးကိုလဲ မစိန်အေး အပြစ်မပြောရက်ပါ။ ဆယ်တန်းစာမေးပွဲကြီးနီးလာတော့ အရင်ကဘာသိဘာသာနေခဲ့သမျှ အခုမှစာတွေ သေချာကျက်နေရတာကိုး။
တကယ်တော့ ကင်ပွန်းသီးဝယ်ခိုင်းတာက သူမခေါင်းလျှော်ဖို့ပါ။ ကလေးနှစ်ယောက်နဲ့အိမ်ထောင်သည်ဆိုပေမဲ့ ယောကျ်ားလုပ်သူက ကျောအထိနက်မှောင်ရှည်လျားတဲ့ဆံပင်တွေကို အမြဲတယုတယကိုင်တွယ်နေကျမို့ သူမကလဲ အခုလိုဂရုစိုက်နေရပါတယ်။
ချစ်စကြင်နာစ မေတ္တာချင်းတူတဲ့သူစိမ်းနှစ်ယောက် တစ်ဦးကိုတစ်ဦးနားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ သူမတို့ရဲ့အိမ်ထောင်ရေးလေးက ယနေ့အထိတော့ သာယာနေပါသေးတယ်။
မောင်လေးအေးမောင်အိမ်ကိုရောက်လာကတည်းက လင်သားဖြစ်သူသဘောမကျမှန်း သူမရိပ်မိပေမဲ့ တစ်ချိန်ချိန်ကြည်ဖြူလာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ ရန်ဖြစ်တိုင်းချော့နေရတာအလုပ်တစ်ခုလိုဖြစ်နေပါပြီ။
” တောက်စ်!! ဘယ်ကောင်လဲကွ ငါ့အစ်မကိုလဲယူထားသေးတယ် ငါ့ကိုမကောင်းပြောတာ ထွက်လာခဲ့ ငါ ဒီနေ့မင်းနဲ့အပြတ်ရှင်းမယ် ဟေ့ကောင် ”
” ဟာ မူးလာပြန်ပြီ အစ်ကိုနေ နေ ဘာမှဂရုစိုက်မနေနဲ့ ထမင်းစားစရာရှိတာစား မနက်ဖြန်ပစ္စည်းသွားပို့ဦးမှာမလား ကျမ သူ့ကိုရှင်းလိုက်မယ် စား စား ”
” မင်းမောင် တော်တော်လွန်နေပြီနော် ပြောပြန်ရင်လဲ ငါ့အလွန်ဖြစ်ဦးမယ် အလုပ်ကျတော့လည်း လက်ကြောမတင်းဘူး ကောင်းကောင်းနေဆိုတော့လဲမနေဘူး မူးရင်တစ်မျိုး မမူးရင်တစ်မျိုး ဟင်း ”
ဒီလိုမျိုးပြဿနာတွေကြုံတိုင်း မစိန်အေးခေါင်းရှုပ်ရတယ်။ တစ်ဖက်က ချစ်လင် တစ်ဖက်ကမောင်အရင်းဖြစ်နေတော့ ကြားထဲကသူမကပဲပြေလည်အောင် ဟိုဘက်တစ်မျိုး ဒီဘက်တစ်မျိုးတောင်းပန်နေတာ ထုံးစံဖြစ်နေပြီ။
သူများတွေလို ` လင်ဆိုးမယားတစ်ဖားဖား ´ မဟုတ်ပဲ သူမအဖြစ်က မောင်ဆိုးပေကိုသာ နွားကျောင်းသလိုကျောင်းနေရတာပါ။ ကိုစိုးနိုင်ကလဲ ဒါကို သူမမျက်နာနဲ့အကြိမ်ကြိမ်သည်းခံပေးခဲ့ပါတယ်။
သားနဲ့သမီးကျောင်းပြီးလို့ သက်ဆိုင်ရာအလုပ်တွေလုပ်နိုင်နေချိန်မှာ ကိုစိုးနိုင်အိမ်မကပ်တော့။ အလုပ်အကြောင်းပြပြီး ပြန်လာချင်တဲ့အချိန်မှပြန်လာတတ်လာတယ်။
အစကသတိမထားမိပေမဲ့ အချိန်ကြာလာတော့ မစိန်အေးစိတ်ထဲ သံသယတွေဝင်လာတယ်။ ” သူ ရိုးမရိုးရဲ့လား ” ဆိုတဲ့အတွေးကကြီးစိုးလာတော့ ထမင်းစားပင်မမှန်တော့။
” အစ်မစိန် အစ်မစိန်ရှိလား ”
” ဟေ ရှိတယ် ဘယ်သူလဲ ဝင်ခဲ့လေ သြော် မိတုတ် လာလေ ညည်းကလဲ ”
” အစ်မစိန်တို့ကတော့ အမြဲတမ်းသန့်ပြန့်နေတာပဲ အားကျလိုက်တာ ”
” နင်ကလဲ ပြောတော့မယ် ငါကအရင်ကတည်းက ဒီလိုပဲနေတတ်တာသိရဲ့သားနဲ့ ပြောပါဦး ဘာလဲ ကြက်သားကြွေးလာတောင်းတာမလား ရော့ ”
” ဟီး ဟီး အစ်မစိန်ရယ် အဲ့လိုတော့လဲဘယ်ဟုတ်မလဲ ကျမပြောစရာရှိလို့ ”
မြို့ဈေးကနေကြက်သားယူရောင်းတဲ့မတုတ်က စကားကိုဆက်မပြောသေးပဲ အိမ်အတွင်းအပြင်ကိုလှည့်ပတ်ကြည့်လိုက်တယ်။ ဘယ်သူမှမရှိတာသေချာတော့မှ…
” ဟိုလေ အစ်မစိန် ကိုစိုးလဲ မတွေ့ပါလား အလုပ်သွားတာလား ”
” အေးလေ ပစ္စည်းပို့ရတာနေရာတွေဝေးလို့နဲ့တူတယ် တစ်ခါတစ်ခါအိမ်ပြန်တာအရမ်းနောက်ကျတယ်အေ ”
” ကျမ ခုဏကပြောစရာရှိတယ်ဆိုတာလေ အဲ့တာပြောရင်ကောင်းမလား မပြောရင်ကောင်းမလားမသိဘူး အစ်မစိတ်ဆိုးမှာလဲ ကြောက်တယ်တော့် ”
” ဘာလဲဟယ် ညည်းဟာက ပြောပြော ဘာပဲဖြစ်ဖြစ် ငါစိတ်မဆိုးပါဘူး ပြော ”
” ကျမ မနေ့က ဈေးထဲအသားသွားယူတော့ ကိုစိုးကိုမိန်းမတစ်ယောက်နဲ့ ထမင်းဆိုင်တစ်ဆိုင်မှာတွေ့လိုက်တယ်တော့် သူတို့ကြည့်ရတာ တော်တော်ရင်းနှီးတဲ့ပုံပဲ အစ်မစိန်ယောကျ်ားမှာ မောင်နှမတွေဘာတွေရှိလား ”
” ပေါက်ပေါက်ရှာရှာဟယ် မရှိပါဘူး နေပါဦး ညည်းလဲအပျိုဘဝထဲက ဒီရွာရောက်လာတာပဲ ကိုစိုးမှာ မောင်နှမတွေရှိတာတွေ့ဖူးလို့လား ”
” အဲ့ ဟုတ်သားတော့် မတွေ့ဖူးပါဘူး ဒါ ဒါဆိုရင် ”
” မမစိန်ရေ အေ့ ”
စကားပြောကောင်းနေတုန်း အေးမောင်က အသံပေးပြီးပြန်ရောက်လာတာမလို့ မတုတ်လဲ မစိန်အေးကိုနှုတ်ဆက်ပြီး ပြန်သွားခဲ့တယ်။ အဲ့ဒီနေ့ကလဲ ကိုစိုးနိုင် အိမ်ပြန်မလာခဲ့ပါဘူး။
ဒီကနေ့တော့ မစိန်အေးအိပ်ရာစောစောထပြီး ထောက်ကြံ့သွားမဲ့မတုတ်အိမ်ကို ထွက်လာလိုက်တယ်။ အိမ်ရှေ့ရောက်တော့ ခွဲတောင်းတစ်လုံးကိုင်ပြီးထွက်လာတဲ့မတုတ်ကိုအဆင်သင့်တွေ့ရတာမလို့…
” ဟဲ့ မိတုတ် ”
” ဟယ် အစ်မစိန် ဘယ်လဲ ”
” ဘယ်မှမဟုတ်ဘူး ငါ ညည်းနဲ့ ထောက်ကြံ့လိုက်မလို့ ဟိုနေ့ကညည်းပြောတာ ဟုတ်မဟုတ် လိုက်စုံစမ်းကြည့်မလို့ ”
” အစ်မစိန်ရယ် အဟုတ်ပါတော် အဲ့တာဆိုလဲ လာ သွားရအောင် ”
မြို့ပေါ်ရောက်တော့ နှစ်ယောက်သား အဆာပြေမုံ့ဟင်းခါးဝယ်စားပြီး ကိုစိုးနိုင်ကိုတွေ့ခဲ့တယ်ဆိုတဲ့စားသောက်ဆိုင်ရှိရာထွက်လာခဲ့ကြတယ်။ အချိန်က မနက်ခုနှစ်နာရီကျော်ဆိုတော့ ဆိုင်ကလူတွေကျနေခဲ့တယ်။
” အစ်မစိန် အစ်မစိန် ဟိုမှာ လာနေကြပြီ ”
ဟုတ်ပါရဲ့။ အိမ်ပြန်လာရင် လငပုတ်ဖမ်းမျက်နာနဲ့လင်ဖြစ်သူက အင်္ဂလိပ်မျက်နာချေအဖွေးသားလိမ်းထားတဲ့မိန်းမနဲ့ စကားတွေပြောရင်း “တစ်ဟီးဟီးတစ်ဟားဟား “ဖြစ်နေပါလား။ သူများပြောတာကိုအစကမယုံပေမဲ့ အခုတော့ကိုယ်တွေ့မလို့ မယုံ့လို့မရတော့။
” အစ်မ ကျမဈေးသွားဝယ်တော့မယ် အတူတူပြန်မယ်ဆို ကားဂိတ်ကစောင့်နေနော် ”
မတုတ်စကားကိုခေါင်းပဲညိမ့်ပြပြီး သူမကတော့ ဆိုင်အကွယ်တစ်နေရာကနေ သူတို့စားသောက်ပြီးတဲ့အချိန်ကိုစောင့်နေလိုက်တယ်။ နှစ်ယောက်သားမိုးမမြင်လေမမြင်အူမြူးနေလိုက်ကြတာ မြင်လို့တောင်မကောင်း။
စားသောက်ပြီးတော့ ငွေရွှင်တဲ့ကိုစိုးနိုင်က ပိုက်ဆံတွေတစ်ထပ်ကြီးရှင်းပေးလိုက်ပြီး သူစိမ်းမိန်းမပုခုံးကိုဖက်လို့ တစ်နေရာကိုထွက်သွားကြပြန်တယ်။
မစိန်အေးလဲ အနောက်ကနေမသိမသာလိုက်ကြည့်တော့ ဧည့်ရိပ်သာတစ်ခုထဲနှစ်ယောက်သားဝင်သွားကြတာမြင်လိုက်ရတယ်။ သူတို့အထဲဝင်သွားပြီးခဏကြာတော့ မစိန်အေးကောင်တာကိုရောက်လာပြီး
” ဒီမှာ ဒီမှာ ”
” သြော် ဟုတ်ကဲ့ ဘာများဆောင်ရွက်ပေးရမလဲ အစ်မကြီး အခန်းငှားချင်လို့လား တစ်ယောက်ခန်းလား မိသားစုခန်းလားခင်ဗျ ”
” မငှားပါဘူး စောစောကဝင်သွားတဲ့အတွဲက အခန်းနံပါတ်ဘယ်လောက်မှာနေတာလဲ ”
” ဟိုလေ ကျနော်တို့က အဲ့လို လာမေးရင် ပြောလို့မရ ”
မစိန်အေးထိုးပေးလိုက်တဲ့ ငွေစက္ကူတစ်ချို့ကိုမြင်တော့ ကောင်တာထိုင်နေတဲ့ကောင်လေးက ပြောနေတာရပ်ပြီး စပ်ဖြီးဖြီးမျက်နာနဲ့…
” အစ်မကြီးအသိတွေထင်တယ် အခန်းနံပါတ် ခြောက်ဆယ့်ငါးမှာပါ ဟုတ် ကျေးဇူးပါ ”
အခန်းထဲကနေ တစ်ဟီးဟီးနဲ့ ဘာတွေသဘောကျနေမှန်း မစိန်အေးမသိ။ အခန်းရှေ့ရောက်တော့ …
” ဒေါက် ဒေါက် ဒေါက် ”
” ဘယ်သူနဲ့တွေ့ချင် ဟာ ”
” ဖြန်း !!!! ”
” မစိန် မင်း မင်းဘယ်လိုလုပ်လိုက်တာလဲ ”
” ပါးရိုက်လိုက်တာလေ သစ္စာမရှိတဲ့အကောင်ရဲ့ ဟိုဟာမ ထဘီမြန်မြန်ဝတ်ပြီး လာစမ်း ”
” မလုပ်နဲ့ မစိန် ငါရှင်းပြပါရစေ သူနဲ့ဘာမှမဆိုင်ဘူး ”
” တော်စမ်းပါ ကျမမှာတော့ ငါ့ယောကျ်ားအလုပ်တွေတော်တော်ရှုပ်နေလို့ အိမ်ပြန်မလာနိုင်တာနေမှာလို့တွေးနေတာ တွေ့တဲ့လူကလာပြောလို့ မသင်္ကာတာနဲ့ လာကြည့်တာ လက်ပူးလက်ကြပ်ပဲ ဟဲ့ကောင်မ နင် သောက်ရှက်မရှိဘူးလား ”
” အစ်မ ဘာတွေလာပြောနေတာလဲ ကိုကိုစိုး သူက ဘယ်သူလဲ ရှင်တို့က ဘာတွေလဲ ပြောလေ ”
” ဟဲ့ ဒီမှာ ငါ့နာမည်စိန်အေး ဒီကောင်စိုးနိုင်နဲ့ မရှင်စောရွာမှာ လူသိရှင်ကြားယူထားကြတာ သားသမီးနှစ်ယောက်တောင် အရွယ်ရောက်နေပြီ ”
” အမလေး …အဟင့် ဟင့် ကိုကိုစိုး ရှင် ရှင်ပြောတော့ ရှင်က လူလွတ်ပါဆို ရှက်လိုက်တာ ကျမရှက်လိုက်တာ အဟင့် ဟင့် ”
” တိတ်စမ်း အောက်တန်းစားမ မျက်ရည်လာချူမနေနဲ့ ”
” မစိန် တော်တော့လို့ ငါပြောနေတယ် မင်းမရှက်ဘူးလား ဟိုမှာလူတွေကြည့်နေတယ်လေ တောက်စ်!! ”
” အမယ် ဟား ဟား ဟား ကျမက ရှက်ရမြယ်ဟုတ်လား ရှက်ရမှာ နင်တို့ဟဲ့ နင်တို့ ကြည့်ကြပါရှင် ကြည့်ကြပါ ဟောဒါ ကျမယောကျ်ားပါ သူနဲ့အတူနေနေတာက မယားငယ်မပါရှင် ”
” ဟာ ပြောလေကဲ့လေ ကဲ့ဟာ ခွပ် !! ”
” အား ဟင် လူယုတ်မာ နင်က ငါ့ကိုထိုးတယ်ပေါ့ လာ နင်လိုက်ခဲ့ လာ နင်နဲ့ငါ အိမ်ရောက်မှတွေ့မယ် ”
မစိန်အေးခမျာ လူကြားထဲအထိုးခံလိုက်တော့ ရှက်လဲရှက်၊ဒေါသလဲ ပိုထွက်လာတာမလို့ ယောကျ်ားဖြစ်သူလက်ကိုဆောင့်ဆွဲပြီး ဧည့်ရိပ်သာထဲကထွက်လာခဲ့လိုက်တယ်။ ဟိုအမျိုးသမီးကတော့ ဘယ်လိုဘယ်ပုံကျန်ခဲ့တယ်မသိပေမဲ့ သူတို့ကတော့ တစ်လမ်းလုံးစကားမပြောဖြစ်ကြတော့။
ရွာပြန်ရောက်တော့ ဈေးသည်မ ကောင်းမှုကြောင့် သတင်းကတစ်ရွာလုံးပျံ့နေလေပြီ။ တစ်ချို့ကလည်း ကိုစိုးနိူင်ကိုမြင်တော့ နှာခေါင်းတစ်ရှုံ့ရှုံ့နဲ့ မကြည်ကြည့်ကြည့်သွားကြပါတယ်။
နောက်တော့ မစိန်အေးက ကိုစိုးနိုင်ကိုမပေါင်းတော့ပဲ သားသမီးတွေဘယ်လိုပဲတောင်းပန်တောင်းပန် ကွာရှင်းလိုက်ကြတယ်။ သူအရမ်းမြတ်နိုးပါတယ်ဆိုတဲ့ဆံပင်တွေကိုလည်း သူ့ရှေ့မှာတင်ဒေါ်စိန်အေးက ကွက်ကြားညှပ်ထုတ်ပစ်လိုက်တာမို့ အဲ့ဒီနေ့က ကိုစိုးနိုင်လက်သီးတစ်ပြင်ပြင်လုပ်လိုက်ပါသေးတယ် ။
” ပေးစမ်း အဲ့အရက် ”
ကြာတော့ အေးမောင်သောက်နေကျအရက်တွေကိုလည်း ဒေါ်စိန်အေး ယူသောက်တတ်လာတယ်။ မမူးရင်တော့ ကိုယ့်အိမ်မှာကိုယ်ထိုင်ငိုင်နေတတ်ပြီး မူးလာရင်တော့ ဦးစိုးနိုင်နေတဲ့အိမ်ဘက်သွားကာ အယုတ္တအနတ္တမျိုးစုံသွားဆဲဆိုတတ်ပါတယ်။
” ဟဲ့ သေချင်းဆိုး ကာလနာ နှမ… မအေ…. သစ္စာမရှိတဲ့အယုတ်တမာကောင် ”
” သောက်ကောင်မ နင်တော်တော်လွန်နေပြီနော် တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ် ”
” လွန်တော့ဘာလုပ်ချင်လဲ ဘာလုပ်ချင်လဲလို့ သူတောင်းစားရဲ့ ”
” ဟာကွာ ကဲ့ဟာ ”
” ခွပ်!! ခွပ်!! အား !! ”
” ဟာ အဖေ မလုပ်ပါနဲ့ တော်ပါတော့ ”
သားသမီးတွေကလဲ အမျိုးမျိုးထိန်းပေးမဲ့ မနိုင်တဲ့အဆုံး မိခင်ကို လွှတ်ထားပေးလိုက်ရပါတယ်။ အရင်က အသားအရည်စိုစိုပြေပြေ သနပ်ခါးအဖွေးသား ဆံနွယ်မှာအုန်းဆီမပြတ်တဲ့ ဒေါ်စိန်အေးတစ်ယောက် အခုတော့ အသားကပိန်လှီမွဲခြောက် ဆံပင်ဘုတ်သိုက် ဖြစ်လို့နေပါပြီ။
” ဟဲ့ ဝင်းသပြေထွန်း နင် ကြားပြီးပြီလား ဒေါ်စိန်အေးကြီး မနေ့က ရေမြောင်းထဲခေါင်းစိုက်ပြီးဆုံးသွားလို့တဲ့အေ့ ”
” ကြားလိုက်ပါတယ် မယဉ်ရယ် အဲ့လိုဆိုတော့ သနားစရာကောင်းလိုက်တာနော် ”
” ဟုတ်ပဟယ် ”
ဒေါ်စိန်အေးအသုဘရက်လည်ပြီးတာတောင် မရှင်စောရွာထဲ အခုညပိုင်းခွေးတွေအရမ်းအူနေခဲ့တယ်။ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ဒေါ်စိန်အေးက ယခင်သူနေခဲ့တဲ့အိမ်မဲကြီးထဲကနေ ညတိုင်းအပြင်ထွက်လာတယ်တဲ့။ သားသမီးတွေတောင်မနေနိုင်တော့လို့ အိမ်ကိုပစ်ထားခဲ့ပြီး ကိုစိုးနိုင်ဆီသွားနေကြတယ်တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
” လမ်းလျှောက်ရတာ မောနေပြီလား ဘဘရဲ့ ”
” အမလေး နတ်မင်းကြီးရဲ့ရေစင်တော်ကြောင့် ကျုပ်အသက်ပြန်ငယ်သွားသလိုဖြစ်နေပါပြီ ကောင်လေးရ ”
” ဟား ဟား ဟား ”
” သြော် ဒါနဲ့ အောင်ညိုလေး အခုတို့က ဘယ်ကိုသွားနေတာလဲ ရန်ကုန်ကိုဘုရားဖူးဆိုပြီး ကားစီးပြီးကတည်းက လမ်းချည်းလျှောက်နေရပါလား ”
” ဒါက ထောက်ကြံ့မြို့နယ်လေ ဘဘရဲ့ အရှင်ပြောတာတော့ လမ်းကြုံ ဝင်ကူညီစရာလေး ရှိလို့ဆိုလား ”
” ဟုတ်လား မြေး ”
” ဟုတ်တယ် အဖိုး သူက မောင်ကိုစိတ်မချတာရော သူ့အမျိုးသားကိုမကျေနပ်တာရောပေါင်းပြီး မကျွတ်လွတ်နိူင်ဖြစ်နေရှာတာ တကယ်က သူ့မှာတန်ဆောင်းလှူထားတဲ့ကုသိုလ်ကြီးရှိနေတယ် ”
” အေးဟ အဖိုးစိတ်ဝင်စားသွားပြီ ရှေ့ကမြင်နေရတဲ့အိမ်လား ”
ရေနံချေးတွေဝလို့ မဲနက်နေတဲ့အိမ်ကြီးက မလှဲမကျင်းထားတဲ့ အမှိုက်သရိုက်တွေကြားမှာ ထီးထီးကြီး ရှိနေပါသေးရဲ့။ သုံးယောက်သားအိမ်ကိုရပ်ကြည့်နေတုန်း ..
” ဒီက ဦးကြီးတို့က မနေ့က အရူးအေးမောင်လာပြောသွားတဲ့ ဧည့်သည်တွေလား ”
” ဗျာ မ မဟုတ် ”
နေရင်းထိုင်ရင်း အရူးနဲ့နှိုင်းခံရတဲ့အဖြစ်ကြောင့် ဦးအောင်မောင်းက ပြာပြာသလဲငြင်းဆန်နေချိန် သိန်းခေါင်က..
” သူက ဘာပြောလို့လဲ ရွာလူကြီး ”
” မနေ့က သူလျှောက်အော်နေတာ မောင်ရင်ရ “ကယ်ကြပါဦး မနက်ဖြန် ငါ့အစ်မနဲ့ငါ့ကိုခွဲမဲ့ လူစိမ်းသုံးယောက်လာမှာ ကယ်ကြပါဦး´´ တဲ့ အဲ့တာကြောင့်မေးကြည့်တာပါ ဒီကအစ်ကိုကြီးလဲ စိတ်မရှိပါနဲ့နော် ”
” ရပါတယ်ဗျာ ကျုပ်တို့ကိုအရူးတွေလို့ထင်သွားမှာစိုးတာပါ ရွာလူကြီးရာ ဒီအိမ်မဲကြီးအကြောင်းကို ကျုပ်တို့ကိုပြောပြပါလား ”
” အစွဲတွေပေါ့ အစ်ကိုကြီးရာ ဒါနဲ့တို့အုပ်ထဲ စိုးနိူင်တို့သားအဖပါလာလားဟေ့ ”
” ကျနော်ရှိတယ် ရွာလူကြီး ”
” အေး အေး မင်းတို့အကြောင်းတွေကို ဒီကဧည့်သည်သုံးယောက်သိအောင်ပြောပြလိုက်ပါကွာ ”
ဦးစိုးနိူင်ဆိုသူရဲ့စကားတွေကို သိန်းခေါင်တို့လည်း ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ပြီး
” စိတ်မကောင်းစရာပါလားဗျာ ”
” ဟုတ်ပါတယ် ကျနော့်အမှားတွေလည်းပါပါတယ် အခုဆိုသူကြောင့် လူတွေပါအသေအပျောက်ရှိလာပြီကူညီနိုင်ရင်ဖြင့် ကူညီကြပါဗျာ ”
ကာယကံရှင်ကပြောနေရင်းမျက်နာညှိုးကျသွားတော့ သိန်းခေါင်လဲ အောင်ညိုကိုလက်တို့လိုက်ပြီး လူတွေ မကြားနိုင်တဲ့လေသံနဲ့
” အောင်ညို ခြံကိုစည်းချထား မဆိုင်တဲ့သူတွေမဝင်စေနဲ့ မိဂျမ်းကိုတော့ ပေးဝင်လိုက် ” လို့ပြောလိုက်တယ်။ အောင်ညိုကလဲ ဆရာဖြစ်သူစကားကို ခေါင်းညိမ့်ပြပြီး လုပ်စရာရှိတာတွေ စလုပ်လိုက်တယ်။
” ကျုပ် အဖိုးနဲ့ ဒီကဦးကြီးပဲ ခြံထဲလိုက်ခဲ့ပေးပါ ကျန်တဲ့လူတွေကတော့ အပြင်မှာနေခဲ့ပေးကြပါခင်ဗျာ ”
သိန်းခေါင်လဲ မှာစရာရှိတာမှာပြီး ခေါ်လာတဲ့လူတွေနဲ့ ခြံထဲဝင်လာတဲ့အချိန် ခြံစောင့်နတ်က လက်အုပ်ချီပြီးပေါ်လာခဲ့တယ်။ သိထားသင့်တာတွေကို အကျဉ်းချုပ်ပြောပြလိုက်တော့ သိန်းခေါင်က
” အဲ့တော့ သင်တို့ကလည်း လွှတ်ပေးထားရတယ်ဆိုပါတော့ အခု သူတို့အိမ်ထဲမှာရှိလား ”
” မှန်ပါ ရှိပါလိမ့်မယ်အရှင် ဒေါ်စိန်အေးက ညမှထွက်တာပါ လူ့ဘဝကလုပ်ခဲ့တဲ့ကုသိုလ်တွေအရှိန်နဲ့ ကျွန်တော်မျိုးတို့ကိုတောင် မမှုပါဘူး အရှင် ”
” ကောင်းပြီ သင်ပြန်တော့ ကျွန်ုပ်အလုပ်စလုပ်တော့မယ် ”
အိမ်ရှေ့မှာထွေထွေကြီးရပ်ကြည့်နေကြတဲ့ ဦးစိုးနိူင်နဲ့ ရွှေကိုင်းရွာကဦးအောင်မောင်းတို့ကို အိမ်ထဲကနေချောင်းကြည့်နေတဲ့ မျက်လုံးရဲရဲကြီးတစ်စုံ။ ဒါကိုသိန်းခေါင်မြင်တော့…
” ဒေါ်စိန်အေး ဘာရပ်ကြည့်နေတာလဲ ထွက်လာခဲ့ ” လို့ တစ်ခွန်းထဲခေါ်လိုက်တဲ့အချိန်
” ဝုန်း ” ကနဲအိမ်တံခါးပွင့်နဲ့အတူ အရူးအေးမောင်တစ်ယောက် ကမူးရှူးထိုးနဲ့ ပြေးဆင်းလာခဲ့တယ်။
” ဘာလဲ ဘာလာလုပ်တာလဲ ဘာအတွက်လဲ ဟိုကောင်စိုးနိုင် မင်းကို ဒီအိမ်ရိပ်တောင် လာမနင်းနဲ့လို့ ငါ့အစ်မပြောထားတယ်လေ အမှတ်မရှိဘူးလား ”
” ယောက်ဖရာ ငါ ငါတောင်းပန်ပါတယ် ငါလဲ ငါ့အမှားငါသိလို့ ဆင်ခြင်ပြီးပြီလေကွာ တော်ပါတော့် မင်းကိုယ်မင်းလဲ ပြန်ကြည့်ပါဦး လူရုပ်မပေါက်တော့ဘူး ”
” မလိုဘူးဟေ့ကောင် အား …သစ္စာမရှိတဲ့ အယုတ်တမာကောင် နင်လာစမ်း သေ သေ သေ နင်သေ ကဲ့ ကဲ့ ”
အရူးအေးမောင်က သူ့အနားကပ်လာတဲ့ လူသုံးယောက်ကို ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ပြီး အိမ်ပေါ်ပြန်တက်ဖို့အလုပ် သူကိုယ်က ဆက်ကနဲဖြစ်သွားပြီး ချက်ချင်းဆိုသလို ဦးစိုးနိူင်ကို လည်ပင်းထညှစ်ပါတော့တယ်။
” အစ်!!! အစ်!!! အု!!! မစိန် အစ်!!!အု!!” တော် တော်ပါတော်!! အစ်!! ”
အဖြစ်အပျက်ကမြန်ဆန်လွန်းတာမို့ အားလုံးလဲအံ့အားသင့်နေချိန် လည်ပင်းညှစ်ခံထားရသူက တင်းကြပ်လွန်းလို့ မျက်ဖြူတောင်စးလန်လာခဲ့ပါတယ်။
” တယ်!! ဒေါ်စိန်အေး ဘာလုပ်တာလဲ ဟဲ့ မိဂျမ်း သင်တစ်ခုခုလုပ်လိုက်လေ ”
သိန်းခေါင်အမိန့်ပေးလိုက်တာနဲ့ အမေဂျမ်းနတ်လဲ ထဘီစွန်တောင်ဆွဲပြီး သရဲမဒေါ်စိန်အေးဆီကို စီးတော်ကျားလွှတ်ပေးလိုက်တယ်။
” ဂါး ဂယား ”
” အမလေး ကြောက်ပါပြီ အမေချမ်းသာရဲ့ အား အား ကျားကြီး ကျားကြီး ကယ်ကြပါ ကယ်ကြပါ ”
သာမန်လူတွေအမြင်မှာတော့ အရူးအေးမောင်တစ်ယောက်ထဲ မြေပြင်မှာလူးလိမ့်နေတာမလို့ အားလုံးကလည်း ဂရုဏာသက်တဲ့မျက်လုံးတွေနဲ့ ဝိုင်းကြည့်နေခဲ့ကြပါတယ်။
” ရပ်တော့ မိဂျမ်း ဒီလောက်ဆို သူကြောက်လောက်ပြီထင်တယ် ”
ဟံသာဝတီခေတ်အနက်ရောင်ဝမ်းဆက်ကို သေသေသပ်သပ်ဝတ်ထားပြီး အနီရောင်ရင်စည်းစည်းထားတဲ့ အမေဂျမ်းနတ်က စီးတော်ကျားကိုပြန်ခေါ်လိုက်တဲ့အချိန်…
” အား ကျွတ် ကျွတ် ခြေဆစ်လက်ဆစ်တွေ ပြုတ်ထွက်ကုန်ပြီလား မသိဘူး အဟင့် ဟင့် ”
” ဒေါ်စိန်အေး ခင်ဗျားအသိတရားရပါတော့ မရရင်ကျုပ်ဘေးမှာဘယ်သူရှိလဲ သင်မြင်တယ်နော် ”
” နင်တို့လက်ဦးသွားလို့ ငါခံလိုက်ရတာ အမလေး အမေရဲ့ မပြောတော့ပါဘူး ”
” ဒေါ်စိန်အေး ခင်ဗျားပြောတော့ ခင်ဗျားမောင်လေးကို ချစ်တယ်ဆို ကြည့်စမ်း ခင်ဗျားလုပ်လို့ သူဘဝပျက်နေတာ ”
သိန်းခေါင်စကားက ဒေါ်စိန်အေးရဲ့အရှိုက်ကိုထိသွားတယ်ထင်ရဲ့၊ မောင်ဖြစ်သူရဲ့ကိုယ်ကနေ ချက်ချင်းခွာပစ်လိုက်တယ်။ သိန်းခေါင်ကလဲ မေ့လဲသွားတဲ့အေးမောင်ရဲ့ကိုယ်ကို အသာအယာထိန်းပေးထားပြီး ဦးစိုးနိူင်ကို လှမ်းခေါ်လိုက်တယ်။
” ဦးကြီး ဦးကြီးယောက်ဖကို လာနှာနှပ် ပေးလိုက်ပါဦး ”
” သားရယ် ဟို ဟို မစိန် ”
” မကြောက်ပါနဲ့ သူကထွက်သွားပါပြီ ဦးကြီးကို ဘာမှထပ်မလုပ်စေရပါဘူး ”
ဒီတော့မှ ဦးစိုးနိူင်လဲအနားကိုရောက်လာပြီး အရူးအေးမောင်ကို သတိပြန်လည်အောင် ပြုစုပေးလိုက်ပါတယ်။
” ဒေါ်စိန်အေး ခင်ဗျားက ညရောက်မှပိုအစွမ်းထက်တယ်ဆိုတာကျုပ်သိတယ် အငြိုးတွေ အဃာတတွေ သင်ပုန်းချေလိုက်ပါတော့လားဗျာ ခင်ဗျားသားသမီးတွေတောင် ခင်ဗျားကိုကြောက်နေကြပြီဗျ ”
” ငါနားလည်ပါပြီ ကောင်လေး ငါလူ့ဘဝထဲက ရိုသေလေးစားခဲ့တဲ့အမေချမ်းသာကိုတောင် နင်ကခေါ်ခိုင်းနိုင်တဲ့အဆင့်ရှိနေတာရယ် ငါ့မောင်လေးကိုသနားလို့ရယ် ငါဒီနေရာက ထွက်သွားပေးပါ့မယ် ”
” ခင်ဗျားက ထွက်သွားစရာမလိုပါဘူး မိဂျမ်းလက်အောက်မှာ အစေအပါးအဖြစ်နဲ့နေရမယ်ဆိုရင် နေမှာလား ”
” ရှင် အမေ အမေချမ်းသာ သူပြောတာ ဟုတ် ဟုတ်လားဟင် ”
အမေဂျမ်းနတ်က ခေါင်းညိမ့်ပြလိုက်တော့ ဒေါ်စိန်အေးရဲ့မလှမပမျက်နာပေါ်မှာ အပြုံးရိပ်တွေပေါ်လာခဲ့တယ်။ ပြီးတာနဲ့ မောင်ဖြစ်သူကိုပြုစုနေတဲ့ ဦးစိုးနိုင်ကိုတစ်ချက်စိုက်ကြည့်ကာ သက်ပြင်းရှည်တစ်ချက်ကို လေးလေးပင်ပင်ချလိုက်တယ်။
” ခင်ဗျားမှာ ခင်ဗျားယောကျ်ားနဲ့စိတ်တူကိုယ်တူလှူထားတဲ့ တန်ဆောင်းလှူထားတဲ့ကုသိုလ်၊ တံမြက်စည်းကုသိုလ်၊ ရေချမ်းစင်ကုသိုလ်တွေ ရှိတယ်။ ”
” အဲ့တာတွေက ခင်ဗျားဒီဘဝရောက်နေတာတောင် ကိုယ့်အိမ်ကိုယ့်ရွာကို လိုသလိုသွားလာလို့ရအောင် စိတ်တိုင်းကျလုပ်လို့ရအောင် အကျိုးပေးနေတာ။ ခင်ဗျားစဉ်းစားကြည့်စမ်း အငြိုးတွေအမုန်းတွေမရှိတဲ့ဘဝမျိုးဆို ဘယ်လောက်များ ကောင်းကျိုးတွေရမလဲဆိုတာ ”
သူမနားမဝင်ဝင်အောင် စကားတွေတတွတ်တွတ်ပြောပြီးဆုံးမပေးနေတဲ့လူငယ်လေးကို ဒေါ်စိန်အေးခဏမော့ကြည့်ပြီး မျက်လွှာကိုတစ်ဖြည်းဖြည်းချလိုက်တယ်။ ပြီးတော့ အားလုံးကိုခွင့်လွှတ်ရင်း စွန့်လွှတ်လိုက်ပြီထင်ပါရဲ့၊ ရုပ်ဆိုးဆိုးအဆင်းသဏ္ဍာန်ကနေ ဆံပင်ရှည်ရှည် အဖြူရောင်ဇာဝမ်းဆက်နဲ့ မိန်းမတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
” ကျေးဇူးတင်ပါတယ် အရှင် ”
” အခုတော့ သင် ကျုပ် ဘယ်သူဆိုတာ မြင်နိုင်ပြီပေါ့ ဒေါ်စိန်အေး ကဲ့ ကဲ့ မိဂျမ်းနဲ့ လိုက်သွားပေတော့ ကျန်တဲ့ကိစ္စ ကျုပ်ပဲရှင်းပေးလိုက်ပါ့မယ် ”
သိန်းခေါင်နောက်ဆုံးပြောလိုက်တဲ့စကားကိုကြားတော့ ဒေါ်စိန်အေးလဲလက်အုပ်ချီထားကိုဖြုတ်ပြီး အိမ်မဲကြီးကိုတစ်လှည့် မောင်ဖြစ်သူကိုတစ်လှည့်ကြည့်ကာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတော့တယ်။
” သူ ကျွတ်သွားပြီ ဦးကြီးစိုးနိူင်နဲ့ ဦးလေးအေးမောင် ..ဦးလေးအေးမောင်ကိုလဲ လက်ကျန်ဘဝကိုကောင်းကောင်းမွန်မွန်နေဖို့ မှာသွားတယ် ”
” အောင်ညို အဖိုးဆီကဆေးမြစ်နဲ့ သူ့ကိုဆေးတစ်ခွက်တိုက်လိုက် ”
” ဟုတ်ကဲ့ ဆရာ ”
အားလုံးပြီးသွားတော့ ဦးစိုးနိူင်က ဦးအောင်မောင်တို့ကို ချက်ချင်းမပြန်စေပဲ သူ့အိမ်မှာ ထမင်းဖိတ်ကျွေးခဲ့တယ်။ ထမင်းဝိုင်းမှာလည်း ဦးအောင်မောင်းကို သူနားမလည်တာတွေမေးပြီး အဖြေသိသွားမှ ခေါင်းတစ်ညိမ့်ညိမ့်နဲ့ ကျေနပ်သွားခဲ့တယ်။
နောက်တစ်နေ့ရောက်တော့ ကားဂိတ်ကို သူကိုယ်တိုင်ပဲလိုက်ပို့ပေးပြီး ကားထွက်သွားတဲ့အထိလက်ပြနှုတ်ဆက်နေခဲ့တယ်။ သိန်းခေါင်နဲ့အောင်ညိုကတော့ တစ်ခုခုကိုကြိုတင်သိနေတဲ့အလား တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်ကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖတ်နေကျပုံစံတွေမဟုတ်ပဲ စာဖတ်သူတို့ပြောပြလာသော ကုန်ကြမ်းတွေကိုအခြေခံထပ်ဆင့်ပွား ရေးသားထားခြင်းဖြစ်ပါတယ်။ အိမ်မဲကြီးအကြောင်း ပြောပြပေးပါသော ထောက်ကြံ့မြို့မှအစ်ကိုအား ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မည်သူမဆို လာပြောပြလို့ရပါတယ်ခင်ဗျာ။
မောင်လူလှ ~ ကညင်မြေ
Zawgyi Version
အၿငိဳးမေျပသူ(စ/ဆံုး)
—————————
” အမေလး ေဒၚစိန္ေအးႀကီး သားေရ ေျပး ေျပး ”
” အေမ အေမ သားကိုေစာင့္ဦးေလ အီး ဟီး ဟီး ”
အခုတစ္ေလာ ေထာက္ႀကံ့ၿမိဳ႕နယ္ထဲက မရွင္ေစာ႐ြာေလးမွာ ႐ြာသူ႐ြာသားေတြထိတ္လန္႔ေနရတဲ့ ပရေလာကျပႆနာႀကီးတစ္ခု ျဖစ္ေနခဲ့ပါတယ္။
ေနလုံးနီနီေတာင္စြယ္လွ်ိဳးငုတ္သြားတာနဲ႔ တေစၦမက သူေနတဲ့အိမ္မဲႀကီးထဲကေနထြက္လာၿပီး တစ္႐ြာလုံးလွည့္ပတ္သြားလာေနတာပါ။ သြားေနရင္းစားစရာေတြေတြ႕ရင္လည္း လက္ရဲဇက္ရဲစားေသာက္တတ္ပါေသးတယ္။
ဘာမွမရရင္ေတာ့ လူေတြကို သူ႔ပင္ကို႐ုပ္ႀကီးျပၿပီး လိုက္လံေျခာက္လန္႔တတ္တယ္တဲ့။ တစ္ခ်ိဳ႕ကေလးေတြမ်ား အေၾကာက္လြန္ၿပီတက္ရာက အသက္ပါပါသြားတယ္တဲ့။ သူေနတဲ့အိမ္မွာလဲ အရက္ေၾကာင္ေၾကာင္ေနတဲ့အ႐ူးေအးေမာင္တစ္ေယာက္သာ ေနရဲတယ္တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ကြယ္လြန္သူ ႏွစ္ဖက္မိဘမ်ားအားရည္စူး၍ သား ေမာင္စိုးႏိုင္+သမီး မစိန္ေအးမိသားစု ေကာင္မႈ ´´ ဆိုတဲ့ တန္ေဆာင္းအလႉရွင္ကမၺည္းစာေလးဖတ္ၿပီးၾကည္ႏူးေနတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္…။
တစ္ေယာက္ကိုတစ္ေယာက္အဓိပၸါယ္ပါတဲ့အၾကည့္ေတြၾကည့္ၿပီး ေနာက္တစ္ႀကိမ္ထပ္ၿပဳံးလိုက္ၾကျပန္တယ္။ အဲ့ဒီေနာက္မွာေတာ့ တစ္ေယာက္လက္တစ္ေယာက္ဆြဲလို႔ စကားတစ္ေျပာေျပာနဲ႔ အိမ္ျပန္လာၾကပါတယ္။
” ေနာက္ဆုံးေတာ့ ေခြၽးနည္းစာေလးစုၿပီး လႉႏိုင္ခဲ့ၿပီမိန္းမေရ ”
” ဒါေပါ့အစ္ကိုရယ္ ဆိုင္းပုဒ္ကေသးေနလို႔သာ မဟုတ္ရင္ ေမာင္ေလး ေအးေမာင္နာမည္ရယ္ သားနဲ႔သမီးနာမည္ရယ္ ထည့္ခ်င္ေသးတာ ”
`ေအးေမာင္´ ဆိုတဲ့အသံၾကားေတာ့ ကိုစိုးႏိုင္တစ္ဖက္ကိုမသိမသာလွည့္ရင္း ႏွာေခါင္းရႈံ႕လိုက္မိတယ္။ သူတို႔မိဘေတြမရွိေတာ့ကတည္းက ေလ့လြင့္ေနတဲ့ေမာင္ေအးေမာင္ကို မိန္းမျဖစ္သူက အိမ္ေပၚေခၚတင္ထားခဲ့ၿပီး သနားလို႔ပါဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ အလကားေကြၽးေမြးထားခဲ့ရတယ္။
ဒါ့အျပင္ အေပါင္းအသင္းေလးကလည္း မတ္သူဆိုေတာ့ အရက္မူးလာရင္ ရွာေကြၽးေနတဲ့ကိုစိုးေမာင္ကိုပါ အစ္မအားကိုးနဲ႔ မၾကာခဏျပႆနာရွာတတ္ပါေသးတယ္။
” ေၾသာ္ ေအးေမာင္ဆိုလို႔ မိန္းမေရ ဟိုေန႔က တို႔အိမ္ေရနံသုတ္ဖို႔ သူ႔ကိုေရနံေခ်းဝယ္ခိုင္းလိုက္တာ ေရာက္လာၿပီလား ”
” အမေလး အစ္ကိုရယ္ ေအးေမာင္အေၾကာင္း သိရဲ႕သားနဲ႔ ေတာင္ခိုင္းရင္ေျမာက္ေရာက္တာကို အဲ့ပိုက္ဆံေတြ အရက္ေသာက္ပစ္လိုက္ေရာေပါ့ ”
” ဟာ မဟုတ္ဘူးေလ မိန္းမရယ္ အိမ္မွာကာထားတဲ့ပ်ဥ္ေတြကအသစ္ေတြ ေရနံမသုတ္ပိုးစားလို႔ကုန္လိမ့္မယ္ အခုပိုက္ဆံပါလာေသးလား ”
” နည္းနည္းေတာ့ပါလာတယ္အစ္ကို အစ္ကို ဘာလုပ္မလို႔လဲ ”
” ဟ ဘာလုပ္ရမလဲ ကိုယ့္ဟာကိုသြားဝယ္ရမွာေပါ့ ..ေပး ”
ပိုက္ဆံကိုဆက္ကနဲဆြဲယူၿပီး ေစ်းဆိုင္ဘက္ခပ္သုတ္သုတ္ထြက္သြားတဲ့ေယာက်္ားျဖစ္သူကိုၾကည့္ၿပီး မစိန္ေအးၿပဳံးမိတယ္။ စိတ္ထဲကေနလဲ
” ငါ့ေယာက်္ားရယ္ စိတ္ဆိုးတာေလးေတာင္ ခ်စ္စရာေကာင္းေနလိုက္တာ ”
လို႔ေတြးရင္း တစ္ေယာက္ထဲပဲ အိမ္ျပန္လာခဲ့လိုက္တယ္။
” ေအးေမာင္ေရ ေမာင္ေလး ”
” ဗ်ာ မမ က်ေနာ္ဒီမွာ ေယာက္ဖနဲ႔ ထင္းခြဲေနတယ္ဗ် ”
” ဟုတ္လား အဲ့တာဆိုလဲ လုပ္ လုပ္ သားႀကီးေရ ခဏလာဦးေဟ့ ”
” ဘာလဲအေမရယ္ စာေမးပြဲကနီးေနၿပီဟာကို ခိုင္းဦးမလို႔လား ”
” အမေလး အေဖ က်မလဲ မခိုင္းရက္ပါဘူးေတာ္ အေဖနဲ႔တစ္အိမ္လုံးစားဖို႔ ဟင္းခ်က္ေနရလို႔ပါ ..”
” လုပ္ၿပီ အေမတို႔ကေတာ့ အလကားေနရင္း ငရဲေပးေနတယ္ ”
” ဟား ဟား ဟား ကဲ့ပါ သားက လိမၼာပါတယ္ အေမ့ကို မာမူႀကီးမဆလာတစ္ထုပ္နဲ႔ ကင္ပြန္းသီးတစ္ထုပ္ သြားဝယ္ေပးပါဦး ”
” ညီမေလးခိုင္းလဲရရဲ႕သားနဲ႔ ”
ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ထြက္သြားတဲ့သားႀကီးကိုလဲ မစိန္ေအး အျပစ္မေျပာရက္ပါ။ ဆယ္တန္းစာေမးပြဲႀကီးနီးလာေတာ့ အရင္ကဘာသိဘာသာေနခဲ့သမွ် အခုမွစာေတြ ေသခ်ာက်က္ေနရတာကိုး။
တကယ္ေတာ့ ကင္ပြန္းသီးဝယ္ခိုင္းတာက သူမေခါင္းေလွ်ာ္ဖို႔ပါ။ ကေလးႏွစ္ေယာက္နဲ႔အိမ္ေထာင္သည္ဆိုေပမဲ့ ေယာက်္ားလုပ္သူက ေက်ာအထိနက္ေမွာင္ရွည္လ်ားတဲ့ဆံပင္ေတြကို အၿမဲတယုတယကိုင္တြယ္ေနက်မို႔ သူမကလဲ အခုလိုဂ႐ုစိုက္ေနရပါတယ္။
ခ်စ္စၾကင္နာစ ေမတၱာခ်င္းတူတဲ့သူစိမ္းႏွစ္ေယာက္ တစ္ဦးကိုတစ္ဦးနားလည္မႈေတြနဲ႔တည္ေဆာက္ထားတဲ့ သူမတို႔ရဲ႕အိမ္ေထာင္ေရးေလးက ယေန႔အထိေတာ့ သာယာေနပါေသးတယ္။
ေမာင္ေလးေအးေမာင္အိမ္ကိုေရာက္လာကတည္းက လင္သားျဖစ္သူသေဘာမက်မွန္း သူမရိပ္မိေပမဲ့ တစ္ခ်ိန္ခ်ိန္ၾကည္ျဖဴလာလိမ့္မယ္ဆိုတဲ့အေတြးနဲ႔ ရန္ျဖစ္တိုင္းေခ်ာ့ေနရတာအလုပ္တစ္ခုလိုျဖစ္ေနပါၿပီ။
” ေတာက္စ္!! ဘယ္ေကာင္လဲကြ ငါ့အစ္မကိုလဲယူထားေသးတယ္ ငါ့ကိုမေကာင္းေျပာတာ ထြက္လာခဲ့ ငါ ဒီေန႔မင္းနဲ႔အျပတ္ရွင္းမယ္ ေဟ့ေကာင္ ”
” ဟာ မူးလာျပန္ၿပီ အစ္ကိုေန ေန ဘာမွဂ႐ုစိုက္မေနနဲ႔ ထမင္းစားစရာရွိတာစား မနက္ျဖန္ပစၥည္းသြားပို႔ဦးမွာမလား က်မ သူ႔ကိုရွင္းလိုက္မယ္ စား စား ”
” မင္းေမာင္ ေတာ္ေတာ္လြန္ေနၿပီေနာ္ ေျပာျပန္ရင္လဲ ငါ့အလြန္ျဖစ္ဦးမယ္ အလုပ္က်ေတာ့လည္း လက္ေၾကာမတင္းဘူး ေကာင္းေကာင္းေနဆိုေတာ့လဲမေနဘူး မူးရင္တစ္မ်ိဳး မမူးရင္တစ္မ်ိဳး ဟင္း ”
ဒီလိုမ်ိဳးျပႆနာေတြႀကဳံတိုင္း မစိန္ေအးေခါင္းရႈပ္ရတယ္။ တစ္ဖက္က ခ်စ္လင္ တစ္ဖက္ကေမာင္အရင္းျဖစ္ေနေတာ့ ၾကားထဲကသူမကပဲေျပလည္ေအာင္ ဟိုဘက္တစ္မ်ိဳး ဒီဘက္တစ္မ်ိဳးေတာင္းပန္ေနတာ ထုံးစံျဖစ္ေနၿပီ။
သူမ်ားေတြလို ` လင္ဆိုးမယားတစ္ဖားဖား ´ မဟုတ္ပဲ သူမအျဖစ္က ေမာင္ဆိုးေပကိုသာ ႏြားေက်ာင္းသလိုေက်ာင္းေနရတာပါ။ ကိုစိုးႏိုင္ကလဲ ဒါကို သူမမ်က္နာနဲ႔အႀကိမ္ႀကိမ္သည္းခံေပးခဲ့ပါတယ္။
သားနဲ႔သမီးေက်ာင္းၿပီးလို႔ သက္ဆိုင္ရာအလုပ္ေတြလုပ္ႏိုင္ေနခ်ိန္မွာ ကိုစိုးႏိုင္အိမ္မကပ္ေတာ့။ အလုပ္အေၾကာင္းျပၿပီး ျပန္လာခ်င္တဲ့အခ်ိန္မွျပန္လာတတ္လာတယ္။
အစကသတိမထားမိေပမဲ့ အခ်ိန္ၾကာလာေတာ့ မစိန္ေအးစိတ္ထဲ သံသယေတြဝင္လာတယ္။ ” သူ ႐ိုးမ႐ိုးရဲ႕လား ” ဆိုတဲ့အေတြးကႀကီးစိုးလာေတာ့ ထမင္းစားပင္မမွန္ေတာ့။
” အစ္မစိန္ အစ္မစိန္ရွိလား ”
” ေဟ ရွိတယ္ ဘယ္သူလဲ ဝင္ခဲ့ေလ ေၾသာ္ မိတုတ္ လာေလ ညည္းကလဲ ”
” အစ္မစိန္တို႔ကေတာ့ အၿမဲတမ္းသန္႔ျပန္႔ေနတာပဲ အားက်လိုက္တာ ”
” နင္ကလဲ ေျပာေတာ့မယ္ ငါကအရင္ကတည္းက ဒီလိုပဲေနတတ္တာသိရဲ႕သားနဲ႔ ေျပာပါဦး ဘာလဲ ၾကက္သားေႂကြးလာေတာင္းတာမလား ေရာ့ ”
” ဟီး ဟီး အစ္မစိန္ရယ္ အဲ့လိုေတာ့လဲဘယ္ဟုတ္မလဲ က်မေျပာစရာရွိလို႔ ”
ၿမိဳ႕ေစ်းကေနၾကက္သားယူေရာင္းတဲ့မတုတ္က စကားကိုဆက္မေျပာေသးပဲ အိမ္အတြင္းအျပင္ကိုလွည့္ပတ္ၾကည့္လိုက္တယ္။ ဘယ္သူမွမရွိတာေသခ်ာေတာ့မွ…
” ဟိုေလ အစ္မစိန္ ကိုစိုးလဲ မေတြ႕ပါလား အလုပ္သြားတာလား ”
” ေအးေလ ပစၥည္းပို႔ရတာေနရာေတြေဝးလို႔နဲ႔တူတယ္ တစ္ခါတစ္ခါအိမ္ျပန္တာအရမ္းေနာက္က်တယ္ေအ ”
” က်မ ခုဏကေျပာစရာရွိတယ္ဆိုတာေလ အဲ့တာေျပာရင္ေကာင္းမလား မေျပာရင္ေကာင္းမလားမသိဘူး အစ္မစိတ္ဆိုးမွာလဲ ေၾကာက္တယ္ေတာ့္ ”
” ဘာလဲဟယ္ ညည္းဟာက ေျပာေျပာ ဘာပဲျဖစ္ျဖစ္ ငါစိတ္မဆိုးပါဘူး ေျပာ ”
” က်မ မေန႔က ေစ်းထဲအသားသြားယူေတာ့ ကိုစိုးကိုမိန္းမတစ္ေယာက္နဲ႔ ထမင္းဆိုင္တစ္ဆိုင္မွာေတြ႕လိုက္တယ္ေတာ့္ သူတို႔ၾကည့္ရတာ ေတာ္ေတာ္ရင္းႏွီးတဲ့ပုံပဲ အစ္မစိန္ေယာက်္ားမွာ ေမာင္ႏွမေတြဘာေတြရွိလား ”
” ေပါက္ေပါက္ရွာရွာဟယ္ မရွိပါဘူး ေနပါဦး ညည္းလဲအပ်ိဳဘဝထဲက ဒီ႐ြာေရာက္လာတာပဲ ကိုစိုးမွာ ေမာင္ႏွမေတြရွိတာေတြ႕ဖူးလို႔လား ”
” အဲ့ ဟုတ္သားေတာ့္ မေတြ႕ဖူးပါဘူး ဒါ ဒါဆိုရင္ ”
” မမစိန္ေရ ေအ့ ”
စကားေျပာေကာင္းေနတုန္း ေအးေမာင္က အသံေပးၿပီးျပန္ေရာက္လာတာမလို႔ မတုတ္လဲ မစိန္ေအးကိုႏႈတ္ဆက္ၿပီး ျပန္သြားခဲ့တယ္။ အဲ့ဒီေန႔ကလဲ ကိုစိုးႏိုင္ အိမ္ျပန္မလာခဲ့ပါဘူး။
ဒီကေန႔ေတာ့ မစိန္ေအးအိပ္ရာေစာေစာထၿပီး ေထာက္ႀကံ့သြားမဲ့မတုတ္အိမ္ကို ထြက္လာလိုက္တယ္။ အိမ္ေရွ႕ေရာက္ေတာ့ ခြဲေတာင္းတစ္လုံးကိုင္ၿပီးထြက္လာတဲ့မတုတ္ကိုအဆင္သင့္ေတြ႕ရတာမလို႔…
” ဟဲ့ မိတုတ္ ”
” ဟယ္ အစ္မစိန္ ဘယ္လဲ ”
” ဘယ္မွမဟုတ္ဘူး ငါ ညည္းနဲ႔ ေထာက္ႀကံ့လိုက္မလို႔ ဟိုေန႔ကညည္းေျပာတာ ဟုတ္မဟုတ္ လိုက္စုံစမ္းၾကည့္မလို႔ ”
” အစ္မစိန္ရယ္ အဟုတ္ပါေတာ္ အဲ့တာဆိုလဲ လာ သြားရေအာင္ ”
ၿမိဳ႕ေပၚေရာက္ေတာ့ ႏွစ္ေယာက္သား အဆာေျပမုံ႔ဟင္းခါးဝယ္စားၿပီး ကိုစိုးႏိုင္ကိုေတြ႕ခဲ့တယ္ဆိုတဲ့စားေသာက္ဆိုင္ရွိရာထြက္လာခဲ့ၾကတယ္။ အခ်ိန္က မနက္ခုႏွစ္နာရီေက်ာ္ဆိုေတာ့ ဆိုင္ကလူေတြက်ေနခဲ့တယ္။
” အစ္မစိန္ အစ္မစိန္ ဟိုမွာ လာေနၾကၿပီ ”
ဟုတ္ပါရဲ႕။ အိမ္ျပန္လာရင္ လငပုတ္ဖမ္းမ်က္နာနဲ႔လင္ျဖစ္သူက အဂၤလိပ္မ်က္နာေခ်အေဖြးသားလိမ္းထားတဲ့မိန္းမနဲ႔ စကားေတြေျပာရင္း “တစ္ဟီးဟီးတစ္ဟားဟား “ျဖစ္ေနပါလား။ သူမ်ားေျပာတာကိုအစကမယုံေပမဲ့ အခုေတာ့ကိုယ္ေတြ႕မလို႔ မယုံ႔လို႔မရေတာ့။
” အစ္မ က်မေစ်းသြားဝယ္ေတာ့မယ္ အတူတူျပန္မယ္ဆို ကားဂိတ္ကေစာင့္ေနေနာ္ ”
မတုတ္စကားကိုေခါင္းပဲညိမ့္ျပၿပီး သူမကေတာ့ ဆိုင္အကြယ္တစ္ေနရာကေန သူတို႔စားေသာက္ၿပီးတဲ့အခ်ိန္ကိုေစာင့္ေနလိုက္တယ္။ ႏွစ္ေယာက္သားမိုးမျမင္ေလမျမင္အူျမဴးေနလိုက္ၾကတာ ျမင္လို႔ေတာင္မေကာင္း။
စားေသာက္ၿပီးေတာ့ ေငြ႐ႊင္တဲ့ကိုစိုးႏိုင္က ပိုက္ဆံေတြတစ္ထပ္ႀကီးရွင္းေပးလိုက္ၿပီး သူစိမ္းမိန္းမပုခုံးကိုဖက္လို႔ တစ္ေနရာကိုထြက္သြားၾကျပန္တယ္။
မစိန္ေအးလဲ အေနာက္ကေနမသိမသာလိုက္ၾကည့္ေတာ့ ဧည့္ရိပ္သာတစ္ခုထဲႏွစ္ေယာက္သားဝင္သြားၾကတာျမင္လိုက္ရတယ္။ သူတို႔အထဲဝင္သြားၿပီးခဏၾကာေတာ့ မစိန္ေအးေကာင္တာကိုေရာက္လာၿပီး
” ဒီမွာ ဒီမွာ ”
” ေၾသာ္ ဟုတ္ကဲ့ ဘာမ်ားေဆာင္႐ြက္ေပးရမလဲ အစ္မႀကီး အခန္းငွားခ်င္လို႔လား တစ္ေယာက္ခန္းလား မိသားစုခန္းလားခင္ဗ် ”
” မငွားပါဘူး ေစာေစာကဝင္သြားတဲ့အတြဲက အခန္းနံပါတ္ဘယ္ေလာက္မွာေနတာလဲ ”
” ဟိုေလ က်ေနာ္တို႔က အဲ့လို လာေမးရင္ ေျပာလို႔မရ ”
မစိန္ေအးထိုးေပးလိုက္တဲ့ ေငြစကၠဴတစ္ခ်ိဳ႕ကိုျမင္ေတာ့ ေကာင္တာထိုင္ေနတဲ့ေကာင္ေလးက ေျပာေနတာရပ္ၿပီး စပ္ၿဖီးၿဖီးမ်က္နာနဲ႔…
” အစ္မႀကီးအသိေတြထင္တယ္ အခန္းနံပါတ္ ေျခာက္ဆယ့္ငါးမွာပါ ဟုတ္ ေက်းဇူးပါ ”
အခန္းထဲကေန တစ္ဟီးဟီးနဲ႔ ဘာေတြသေဘာက်ေနမွန္း မစိန္ေအးမသိ။ အခန္းေရွ႕ေရာက္ေတာ့ …
” ေဒါက္ ေဒါက္ ေဒါက္ ”
” ဘယ္သူနဲ႔ေတြ႕ခ်င္ ဟာ ”
” ျဖန္း !!!! ”
” မစိန္ မင္း မင္းဘယ္လိုလုပ္လိုက္တာလဲ ”
” ပါး႐ိုက္လိုက္တာေလ သစၥာမရွိတဲ့အေကာင္ရဲ႕ ဟိုဟာမ ထဘီျမန္ျမန္ဝတ္ၿပီး လာစမ္း ”
” မလုပ္နဲ႔ မစိန္ ငါရွင္းျပပါရေစ သူနဲ႔ဘာမွမဆိုင္ဘူး ”
” ေတာ္စမ္းပါ က်မမွာေတာ့ ငါ့ေယာက်္ားအလုပ္ေတြေတာ္ေတာ္ရႈပ္ေနလို႔ အိမ္ျပန္မလာႏိုင္တာေနမွာလို႔ေတြးေနတာ ေတြ႕တဲ့လူကလာေျပာလို႔ မသကၤာတာနဲ႔ လာၾကည့္တာ လက္ပူးလက္ၾကပ္ပဲ ဟဲ့ေကာင္မ နင္ ေသာက္ရွက္မရွိဘူးလား ”
” အစ္မ ဘာေတြလာေျပာေနတာလဲ ကိုကိုစိုး သူက ဘယ္သူလဲ ရွင္တို႔က ဘာေတြလဲ ေျပာေလ ”
” ဟဲ့ ဒီမွာ ငါ့နာမည္စိန္ေအး ဒီေကာင္စိုးႏိုင္နဲ႔ မရွင္ေစာ႐ြာမွာ လူသိရွင္ၾကားယူထားၾကတာ သားသမီးႏွစ္ေယာက္ေတာင္ အ႐ြယ္ေရာက္ေနၿပီ ”
” အမေလး …အဟင့္ ဟင့္ ကိုကိုစိုး ရွင္ ရွင္ေျပာေတာ့ ရွင္က လူလြတ္ပါဆို ရွက္လိုက္တာ က်မရွက္လိုက္တာ အဟင့္ ဟင့္ ”
” တိတ္စမ္း ေအာက္တန္းစားမ မ်က္ရည္လာခ်ဴမေနနဲ႔ ”
” မစိန္ ေတာ္ေတာ့လို႔ ငါေျပာေနတယ္ မင္းမရွက္ဘူးလား ဟိုမွာလူေတြၾကည့္ေနတယ္ေလ ေတာက္စ္!! ”
” အမယ္ ဟား ဟား ဟား က်မက ရွက္ရမၾယ္ဟုတ္လား ရွက္ရမွာ နင္တို႔ဟဲ့ နင္တို႔ ၾကည့္ၾကပါရွင္ ၾကည့္ၾကပါ ေဟာဒါ က်မေယာက်္ားပါ သူနဲ႔အတူေနေနတာက မယားငယ္မပါရွင္ ”
” ဟာ ေျပာေလကဲ့ေလ ကဲ့ဟာ ခြပ္ !! ”
” အား ဟင္ လူယုတ္မာ နင္က ငါ့ကိုထိုးတယ္ေပါ့ လာ နင္လိုက္ခဲ့ လာ နင္နဲ႔ငါ အိမ္ေရာက္မွေတြ႕မယ္ ”
မစိန္ေအးခမ်ာ လူၾကားထဲအထိုးခံလိုက္ေတာ့ ရွက္လဲရွက္၊ေဒါသလဲ ပိုထြက္လာတာမလို႔ ေယာက်္ားျဖစ္သူလက္ကိုေဆာင့္ဆြဲၿပီး ဧည့္ရိပ္သာထဲကထြက္လာခဲ့လိုက္တယ္။ ဟိုအမ်ိဳးသမီးကေတာ့ ဘယ္လိုဘယ္ပုံက်န္ခဲ့တယ္မသိေပမဲ့ သူတို႔ကေတာ့ တစ္လမ္းလုံးစကားမေျပာျဖစ္ၾကေတာ့။
႐ြာျပန္ေရာက္ေတာ့ ေစ်းသည္မ ေကာင္းမႈေၾကာင့္ သတင္းကတစ္႐ြာလုံးပ်ံ႕ေနေလၿပီ။ တစ္ခ်ိဳ႕ကလည္း ကိုစိုးႏိူင္ကိုျမင္ေတာ့ ႏွာေခါင္းတစ္ရႈံ႕ရႈံ႕နဲ႔ မၾကည္ၾကည့္ၾကည့္သြားၾကပါတယ္။
ေနာက္ေတာ့ မစိန္ေအးက ကိုစိုးႏိုင္ကိုမေပါင္းေတာ့ပဲ သားသမီးေတြဘယ္လိုပဲေတာင္းပန္ေတာင္းပန္ ကြာရွင္းလိုက္ၾကတယ္။ သူအရမ္းျမတ္ႏိုးပါတယ္ဆိုတဲ့ဆံပင္ေတြကိုလည္း သူ႔ေရွ႕မွာတင္ေဒၚစိန္ေအးက ကြက္ၾကားညႇပ္ထုတ္ပစ္လိုက္တာမို႔ အဲ့ဒီေန႔က ကိုစိုးႏိုင္လက္သီးတစ္ျပင္ျပင္လုပ္လိုက္ပါေသးတယ္ ။
” ေပးစမ္း အဲ့အရက္ ”
ၾကာေတာ့ ေအးေမာင္ေသာက္ေနက်အရက္ေတြကိုလည္း ေဒၚစိန္ေအး ယူေသာက္တတ္လာတယ္။ မမူးရင္ေတာ့ ကိုယ့္အိမ္မွာကိုယ္ထိုင္ငိုင္ေနတတ္ၿပီး မူးလာရင္ေတာ့ ဦးစိုးႏိုင္ေနတဲ့အိမ္ဘက္သြားကာ အယုတၱအနတၱမ်ိဳးစုံသြားဆဲဆိုတတ္ပါတယ္။
” ဟဲ့ ေသခ်င္းဆိုး ကာလနာ ႏွမ… မေအ…. သစၥာမရွိတဲ့အယုတ္တမာေကာင္ ”
” ေသာက္ေကာင္မ နင္ေတာ္ေတာ္လြန္ေနၿပီေနာ္ တစ္ခါလဲမဟုတ္ ႏွစ္ခါလဲမဟုတ္ ”
” လြန္ေတာ့ဘာလုပ္ခ်င္လဲ ဘာလုပ္ခ်င္လဲလို႔ သူေတာင္းစားရဲ႕ ”
” ဟာကြာ ကဲ့ဟာ ”
” ခြပ္!! ခြပ္!! အား !! ”
” ဟာ အေဖ မလုပ္ပါနဲ႔ ေတာ္ပါေတာ့ ”
သားသမီးေတြကလဲ အမ်ိဳးမ်ိဳးထိန္းေပးမဲ့ မႏိုင္တဲ့အဆုံး မိခင္ကို လႊတ္ထားေပးလိုက္ရပါတယ္။ အရင္က အသားအရည္စိုစိုေျပေျပ သနပ္ခါးအေဖြးသား ဆံႏြယ္မွာအုန္းဆီမျပတ္တဲ့ ေဒၚစိန္ေအးတစ္ေယာက္ အခုေတာ့ အသားကပိန္လွီမြဲေျခာက္ ဆံပင္ဘုတ္သိုက္ ျဖစ္လို႔ေနပါၿပီ။
” ဟဲ့ ဝင္းသေျပထြန္း နင္ ၾကားၿပီးၿပီလား ေဒၚစိန္ေအးႀကီး မေန႔က ေရေျမာင္းထဲေခါင္းစိုက္ၿပီးဆုံးသြားလို႔တဲ့ေအ့ ”
” ၾကားလိုက္ပါတယ္ မယဥ္ရယ္ အဲ့လိုဆိုေတာ့ သနားစရာေကာင္းလိုက္တာေနာ္ ”
” ဟုတ္ပဟယ္ ”
ေဒၚစိန္ေအးအသုဘရက္လည္ၿပီးတာေတာင္ မရွင္ေစာ႐ြာထဲ အခုညပိုင္းေခြးေတြအရမ္းအူေနခဲ့တယ္။ တစ္ဆင့္စကားတစ္ဆင့္နားနဲ႔ ေဒၚစိန္ေအးက ယခင္သူေနခဲ့တဲ့အိမ္မဲႀကီးထဲကေန ညတိုင္းအျပင္ထြက္လာတယ္တဲ့။ သားသမီးေတြေတာင္မေနႏိုင္ေတာ့လို႔ အိမ္ကိုပစ္ထားခဲ့ၿပီး ကိုစိုးႏိုင္ဆီသြားေနၾကတယ္တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
” လမ္းေလွ်ာက္ရတာ ေမာေနၿပီလား ဘဘရဲ႕ ”
” အမေလး နတ္မင္းႀကီးရဲ႕ေရစင္ေတာ္ေၾကာင့္ က်ဳပ္အသက္ျပန္ငယ္သြားသလိုျဖစ္ေနပါၿပီ ေကာင္ေလးရ ”
” ဟား ဟား ဟား ”
” ေၾသာ္ ဒါနဲ႔ ေအာင္ညိဳေလး အခုတို႔က ဘယ္ကိုသြားေနတာလဲ ရန္ကုန္ကိုဘုရားဖူးဆိုၿပီး ကားစီးၿပီးကတည္းက လမ္းခ်ည္းေလွ်ာက္ေနရပါလား ”
” ဒါက ေထာက္ႀကံ့ၿမိဳ႕နယ္ေလ ဘဘရဲ႕ အရွင္ေျပာတာေတာ့ လမ္းႀကဳံ ဝင္ကူညီစရာေလး ရွိလို႔ဆိုလား ”
” ဟုတ္လား ေျမး ”
” ဟုတ္တယ္ အဖိုး သူက ေမာင္ကိုစိတ္မခ်တာေရာ သူ႔အမ်ိဳးသားကိုမေက်နပ္တာေရာေပါင္းၿပီး မကြၽတ္လြတ္ႏိူင္ျဖစ္ေနရွာတာ တကယ္က သူ႔မွာတန္ေဆာင္းလႉထားတဲ့ကုသိုလ္ႀကီးရွိေနတယ္ ”
” ေအးဟ အဖိုးစိတ္ဝင္စားသြားၿပီ ေရွ႕ကျမင္ေနရတဲ့အိမ္လား ”
ေရနံေခ်းေတြဝလို႔ မဲနက္ေနတဲ့အိမ္ႀကီးက မလွဲမက်င္းထားတဲ့ အမႈိက္သ႐ိုက္ေတြၾကားမွာ ထီးထီးႀကီး ရွိေနပါေသးရဲ႕။ သုံးေယာက္သားအိမ္ကိုရပ္ၾကည့္ေနတုန္း ..
” ဒီက ဦးႀကီးတို႔က မေန႔က အ႐ူးေအးေမာင္လာေျပာသြားတဲ့ ဧည့္သည္ေတြလား ”
” ဗ်ာ မ မဟုတ္ ”
ေနရင္းထိုင္ရင္း အ႐ူးနဲ႔ႏႈိင္းခံရတဲ့အျဖစ္ေၾကာင့္ ဦးေအာင္ေမာင္းက ျပာျပာသလဲျငင္းဆန္ေနခ်ိန္ သိန္းေခါင္က..
” သူက ဘာေျပာလို႔လဲ ႐ြာလူႀကီး ”
” မေန႔က သူေလွ်ာက္ေအာ္ေနတာ ေမာင္ရင္ရ “ကယ္ၾကပါဦး မနက္ျဖန္ ငါ့အစ္မနဲ႔ငါ့ကိုခြဲမဲ့ လူစိမ္းသုံးေယာက္လာမွာ ကယ္ၾကပါဦး´´ တဲ့ အဲ့တာေၾကာင့္ေမးၾကည့္တာပါ ဒီကအစ္ကိုႀကီးလဲ စိတ္မရွိပါနဲ႔ေနာ္ ”
” ရပါတယ္ဗ်ာ က်ဳပ္တို႔ကိုအ႐ူးေတြလို႔ထင္သြားမွာစိုးတာပါ ႐ြာလူႀကီးရာ ဒီအိမ္မဲႀကီးအေၾကာင္းကို က်ဳပ္တို႔ကိုေျပာျပပါလား ”
” အစြဲေတြေပါ့ အစ္ကိုႀကီးရာ ဒါနဲ႔တို႔အုပ္ထဲ စိုးႏိူင္တို႔သားအဖပါလာလားေဟ့ ”
” က်ေနာ္ရွိတယ္ ႐ြာလူႀကီး ”
” ေအး ေအး မင္းတို႔အေၾကာင္းေတြကို ဒီကဧည့္သည္သုံးေယာက္သိေအာင္ေျပာျပလိုက္ပါကြာ ”
ဦးစိုးႏိူင္ဆိုသူရဲ႕စကားေတြကို သိန္းေခါင္တို႔လည္း ေခါင္းတညိမ့္ညိမ့္နဲ႔နားေထာင္ၿပီး
” စိတ္မေကာင္းစရာပါလားဗ်ာ ”
” ဟုတ္ပါတယ္ က်ေနာ့္အမွားေတြလည္းပါပါတယ္ အခုဆိုသူေၾကာင့္ လူေတြပါအေသအေပ်ာက္ရွိလာၿပီကူညီႏိုင္ရင္ျဖင့္ ကူညီၾကပါဗ်ာ ”
ကာယကံရွင္ကေျပာေနရင္းမ်က္နာညႇိဳးက်သြားေတာ့ သိန္းေခါင္လဲ ေအာင္ညိဳကိုလက္တို႔လိုက္ၿပီး လူေတြ မၾကားႏိုင္တဲ့ေလသံနဲ႔
” ေအာင္ညိဳ ၿခံကိုစည္းခ်ထား မဆိုင္တဲ့သူေတြမဝင္ေစနဲ႔ မိဂ်မ္းကိုေတာ့ ေပးဝင္လိုက္ ” လို႔ေျပာလိုက္တယ္။ ေအာင္ညိဳကလဲ ဆရာျဖစ္သူစကားကို ေခါင္းညိမ့္ျပၿပီး လုပ္စရာရွိတာေတြ စလုပ္လိုက္တယ္။
” က်ဳပ္ အဖိုးနဲ႔ ဒီကဦးႀကီးပဲ ၿခံထဲလိုက္ခဲ့ေပးပါ က်န္တဲ့လူေတြကေတာ့ အျပင္မွာေနခဲ့ေပးၾကပါခင္ဗ်ာ ”
သိန္းေခါင္လဲ မွာစရာရွိတာမွာၿပီး ေခၚလာတဲ့လူေတြနဲ႔ ၿခံထဲဝင္လာတဲ့အခ်ိန္ ၿခံေစာင့္နတ္က လက္အုပ္ခ်ီၿပီးေပၚလာခဲ့တယ္။ သိထားသင့္တာေတြကို အက်ဥ္းခ်ဳပ္ေျပာျပလိုက္ေတာ့ သိန္းေခါင္က
” အဲ့ေတာ့ သင္တို႔ကလည္း လႊတ္ေပးထားရတယ္ဆိုပါေတာ့ အခု သူတို႔အိမ္ထဲမွာရွိလား ”
” မွန္ပါ ရွိပါလိမ့္မယ္အရွင္ ေဒၚစိန္ေအးက ညမွထြက္တာပါ လူ႔ဘဝကလုပ္ခဲ့တဲ့ကုသိုလ္ေတြအရွိန္နဲ႔ ကြၽန္ေတာ္မ်ိဳးတို႔ကိုေတာင္ မမႈပါဘူး အရွင္ ”
” ေကာင္းၿပီ သင္ျပန္ေတာ့ ကြၽႏ္ုပ္အလုပ္စလုပ္ေတာ့မယ္ ”
အိမ္ေရွ႕မွာေထြေထြႀကီးရပ္ၾကည့္ေနၾကတဲ့ ဦးစိုးႏိူင္နဲ႔ ေ႐ႊကိုင္း႐ြာကဦးေအာင္ေမာင္းတို႔ကို အိမ္ထဲကေနေခ်ာင္းၾကည့္ေနတဲ့ မ်က္လုံးရဲရဲႀကီးတစ္စုံ။ ဒါကိုသိန္းေခါင္ျမင္ေတာ့…
” ေဒၚစိန္ေအး ဘာရပ္ၾကည့္ေနတာလဲ ထြက္လာခဲ့ ” လို႔ တစ္ခြန္းထဲေခၚလိုက္တဲ့အခ်ိန္
” ဝုန္း ” ကနဲအိမ္တံခါးပြင့္နဲ႔အတူ အ႐ူးေအးေမာင္တစ္ေယာက္ ကမူးရႉးထိုးနဲ႔ ေျပးဆင္းလာခဲ့တယ္။
” ဘာလဲ ဘာလာလုပ္တာလဲ ဘာအတြက္လဲ ဟိုေကာင္စိုးႏိုင္ မင္းကို ဒီအိမ္ရိပ္ေတာင္ လာမနင္းနဲ႔လို႔ ငါ့အစ္မေျပာထားတယ္ေလ အမွတ္မရွိဘူးလား ”
” ေယာက္ဖရာ ငါ ငါေတာင္းပန္ပါတယ္ ငါလဲ ငါ့အမွားငါသိလို႔ ဆင္ျခင္ၿပီးၿပီေလကြာ ေတာ္ပါေတာ့္ မင္းကိုယ္မင္းလဲ ျပန္ၾကည့္ပါဦး လူ႐ုပ္မေပါက္ေတာ့ဘူး ”
” မလိုဘူးေဟ့ေကာင္ အား …သစၥာမရွိတဲ့ အယုတ္တမာေကာင္ နင္လာစမ္း ေသ ေသ ေသ နင္ေသ ကဲ့ ကဲ့ ”
အ႐ူးေအးေမာင္က သူ႔အနားကပ္လာတဲ့ လူသုံးေယာက္ကို ခပ္စိမ္းစိမ္းတစ္ခ်က္ၾကည့္ၿပီး အိမ္ေပၚျပန္တက္ဖို႔အလုပ္ သူကိုယ္က ဆက္ကနဲျဖစ္သြားၿပီး ခ်က္ခ်င္းဆိုသလို ဦးစိုးႏိူင္ကို လည္ပင္းထညႇစ္ပါေတာ့တယ္။
” အစ္!!! အစ္!!! အု!!! မစိန္ အစ္!!!အု!!” ေတာ္ ေတာ္ပါေတာ္!! အစ္!! ”
အျဖစ္အပ်က္ကျမန္ဆန္လြန္းတာမို႔ အားလုံးလဲအံ့အားသင့္ေနခ်ိန္ လည္ပင္းညႇစ္ခံထားရသူက တင္းၾကပ္လြန္းလို႔ မ်က္ျဖဴေတာင္စးလန္လာခဲ့ပါတယ္။
” တယ္!! ေဒၚစိန္ေအး ဘာလုပ္တာလဲ ဟဲ့ မိဂ်မ္း သင္တစ္ခုခုလုပ္လိုက္ေလ ”
သိန္းေခါင္အမိန္႔ေပးလိုက္တာနဲ႔ အေမဂ်မ္းနတ္လဲ ထဘီစြန္ေတာင္ဆြဲၿပီး သရဲမေဒၚစိန္ေအးဆီကို စီးေတာ္က်ားလႊတ္ေပးလိုက္တယ္။
” ဂါး ဂယား ”
” အမေလး ေၾကာက္ပါၿပီ အေမခ်မ္းသာရဲ႕ အား အား က်ားႀကီး က်ားႀကီး ကယ္ၾကပါ ကယ္ၾကပါ ”
သာမန္လူေတြအျမင္မွာေတာ့ အ႐ူးေအးေမာင္တစ္ေယာက္ထဲ ေျမျပင္မွာလူးလိမ့္ေနတာမလို႔ အားလုံးကလည္း ဂ႐ုဏာသက္တဲ့မ်က္လုံးေတြနဲ႔ ဝိုင္းၾကည့္ေနခဲ့ၾကပါတယ္။
” ရပ္ေတာ့ မိဂ်မ္း ဒီေလာက္ဆို သူေၾကာက္ေလာက္ၿပီထင္တယ္ ”
ဟံသာဝတီေခတ္အနက္ေရာင္ဝမ္းဆက္ကို ေသေသသပ္သပ္ဝတ္ထားၿပီး အနီေရာင္ရင္စည္းစည္းထားတဲ့ အေမဂ်မ္းနတ္က စီးေတာ္က်ားကိုျပန္ေခၚလိုက္တဲ့အခ်ိန္…
” အား ကြၽတ္ ကြၽတ္ ေျခဆစ္လက္ဆစ္ေတြ ျပဳတ္ထြက္ကုန္ၿပီလား မသိဘူး အဟင့္ ဟင့္ ”
” ေဒၚစိန္ေအး ခင္ဗ်ားအသိတရားရပါေတာ့ မရရင္က်ဳပ္ေဘးမွာဘယ္သူရွိလဲ သင္ျမင္တယ္ေနာ္ ”
” နင္တို႔လက္ဦးသြားလို႔ ငါခံလိုက္ရတာ အမေလး အေမရဲ႕ မေျပာေတာ့ပါဘူး ”
” ေဒၚစိန္ေအး ခင္ဗ်ားေျပာေတာ့ ခင္ဗ်ားေမာင္ေလးကို ခ်စ္တယ္ဆို ၾကည့္စမ္း ခင္ဗ်ားလုပ္လို႔ သူဘဝပ်က္ေနတာ ”
သိန္းေခါင္စကားက ေဒၚစိန္ေအးရဲ႕အရႈိက္ကိုထိသြားတယ္ထင္ရဲ႕၊ ေမာင္ျဖစ္သူရဲ႕ကိုယ္ကေန ခ်က္ခ်င္းခြာပစ္လိုက္တယ္။ သိန္းေခါင္ကလဲ ေမ့လဲသြားတဲ့ေအးေမာင္ရဲ႕ကိုယ္ကို အသာအယာထိန္းေပးထားၿပီး ဦးစိုးႏိူင္ကို လွမ္းေခၚလိုက္တယ္။
” ဦးႀကီး ဦးႀကီးေယာက္ဖကို လာႏွာႏွပ္ ေပးလိုက္ပါဦး ”
” သားရယ္ ဟို ဟို မစိန္ ”
” မေၾကာက္ပါနဲ႔ သူကထြက္သြားပါၿပီ ဦးႀကီးကို ဘာမွထပ္မလုပ္ေစရပါဘူး ”
ဒီေတာ့မွ ဦးစိုးႏိူင္လဲအနားကိုေရာက္လာၿပီး အ႐ူးေအးေမာင္ကို သတိျပန္လည္ေအာင္ ျပဳစုေပးလိုက္ပါတယ္။
” ေဒၚစိန္ေအး ခင္ဗ်ားက ညေရာက္မွပိုအစြမ္းထက္တယ္ဆိုတာက်ဳပ္သိတယ္ အၿငိဳးေတြ အဃာတေတြ သင္ပုန္းေခ်လိုက္ပါေတာ့လားဗ်ာ ခင္ဗ်ားသားသမီးေတြေတာင္ ခင္ဗ်ားကိုေၾကာက္ေနၾကၿပီဗ် ”
” ငါနားလည္ပါၿပီ ေကာင္ေလး ငါလူ႔ဘဝထဲက ႐ိုေသေလးစားခဲ့တဲ့အေမခ်မ္းသာကိုေတာင္ နင္ကေခၚခိုင္းႏိုင္တဲ့အဆင့္ရွိေနတာရယ္ ငါ့ေမာင္ေလးကိုသနားလို႔ရယ္ ငါဒီေနရာက ထြက္သြားေပးပါ့မယ္ ”
” ခင္ဗ်ားက ထြက္သြားစရာမလိုပါဘူး မိဂ်မ္းလက္ေအာက္မွာ အေစအပါးအျဖစ္နဲ႔ေနရမယ္ဆိုရင္ ေနမွာလား ”
” ရွင္ အေမ အေမခ်မ္းသာ သူေျပာတာ ဟုတ္ ဟုတ္လားဟင္ ”
အေမဂ်မ္းနတ္က ေခါင္းညိမ့္ျပလိုက္ေတာ့ ေဒၚစိန္ေအးရဲ႕မလွမပမ်က္နာေပၚမွာ အၿပဳံးရိပ္ေတြေပၚလာခဲ့တယ္။ ၿပီးတာနဲ႔ ေမာင္ျဖစ္သူကိုျပဳစုေနတဲ့ ဦးစိုးႏိုင္ကိုတစ္ခ်က္စိုက္ၾကည့္ကာ သက္ျပင္းရွည္တစ္ခ်က္ကို ေလးေလးပင္ပင္ခ်လိုက္တယ္။
” ခင္ဗ်ားမွာ ခင္ဗ်ားေယာက်္ားနဲ႔စိတ္တူကိုယ္တူလႉထားတဲ့ တန္ေဆာင္းလႉထားတဲ့ကုသိုလ္၊ တံျမက္စည္းကုသိုလ္၊ ေရခ်မ္းစင္ကုသိုလ္ေတြ ရွိတယ္။ ”
” အဲ့တာေတြက ခင္ဗ်ားဒီဘဝေရာက္ေနတာေတာင္ ကိုယ့္အိမ္ကိုယ့္႐ြာကို လိုသလိုသြားလာလို႔ရေအာင္ စိတ္တိုင္းက်လုပ္လို႔ရေအာင္ အက်ိဳးေပးေနတာ။ ခင္ဗ်ားစဥ္းစားၾကည့္စမ္း အၿငိဳးေတြအမုန္းေတြမရွိတဲ့ဘဝမ်ိဳးဆို ဘယ္ေလာက္မ်ား ေကာင္းက်ိဳးေတြရမလဲဆိုတာ ”
သူမနားမဝင္ဝင္ေအာင္ စကားေတြတတြတ္တြတ္ေျပာၿပီးဆုံးမေပးေနတဲ့လူငယ္ေလးကို ေဒၚစိန္ေအးခဏေမာ့ၾကည့္ၿပီး မ်က္လႊာကိုတစ္ျဖည္းျဖည္းခ်လိုက္တယ္။ ၿပီးေတာ့ အားလုံးကိုခြင့္လႊတ္ရင္း စြန္႔လႊတ္လိုက္ၿပီထင္ပါရဲ႕၊ ႐ုပ္ဆိုးဆိုးအဆင္းသ႑ာန္ကေန ဆံပင္ရွည္ရွည္ အျဖဴေရာင္ဇာဝမ္းဆက္နဲ႔ မိန္းမတစ္ေယာက္အျဖစ္ေျပာင္းလဲသြားခဲ့ပါတယ္။
” ေက်းဇူးတင္ပါတယ္ အရွင္ ”
” အခုေတာ့ သင္ က်ဳပ္ ဘယ္သူဆိုတာ ျမင္ႏိုင္ၿပီေပါ့ ေဒၚစိန္ေအး ကဲ့ ကဲ့ မိဂ်မ္းနဲ႔ လိုက္သြားေပေတာ့ က်န္တဲ့ကိစၥ က်ဳပ္ပဲရွင္းေပးလိုက္ပါ့မယ္ ”
သိန္းေခါင္ေနာက္ဆုံးေျပာလိုက္တဲ့စကားကိုၾကားေတာ့ ေဒၚစိန္ေအးလဲလက္အုပ္ခ်ီထားကိုျဖဳတ္ၿပီး အိမ္မဲႀကီးကိုတစ္လွည့္ ေမာင္ျဖစ္သူကိုတစ္လွည့္ၾကည့္ကာ တစ္ျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့ပါေတာ့တယ္။
” သူ ကြၽတ္သြားၿပီ ဦးႀကီးစိုးႏိူင္နဲ႔ ဦးေလးေအးေမာင္ ..ဦးေလးေအးေမာင္ကိုလဲ လက္က်န္ဘဝကိုေကာင္းေကာင္းမြန္မြန္ေနဖို႔ မွာသြားတယ္ ”
” ေအာင္ညိဳ အဖိုးဆီကေဆးျမစ္နဲ႔ သူ႔ကိုေဆးတစ္ခြက္တိုက္လိုက္ ”
” ဟုတ္ကဲ့ ဆရာ ”
အားလုံးၿပီးသြားေတာ့ ဦးစိုးႏိူင္က ဦးေအာင္ေမာင္တို႔ကို ခ်က္ခ်င္းမျပန္ေစပဲ သူ႔အိမ္မွာ ထမင္းဖိတ္ေကြၽးခဲ့တယ္။ ထမင္းဝိုင္းမွာလည္း ဦးေအာင္ေမာင္းကို သူနားမလည္တာေတြေမးၿပီး အေျဖသိသြားမွ ေခါင္းတစ္ညိမ့္ညိမ့္နဲ႔ ေက်နပ္သြားခဲ့တယ္။
ေနာက္တစ္ေန႔ေရာက္ေတာ့ ကားဂိတ္ကို သူကိုယ္တိုင္ပဲလိုက္ပို႔ေပးၿပီး ကားထြက္သြားတဲ့အထိလက္ျပႏႈတ္ဆက္ေနခဲ့တယ္။ သိန္းေခါင္နဲ႔ေအာင္ညိဳကေတာ့ တစ္ခုခုကိုႀကိဳတင္သိေနတဲ့အလား တစ္ေယာက္ကိုတစ္ေယာက္ အဓိပၸါယ္ပါပါ ၿပဳံးျပလိုက္ၾကပါတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖတ္ေနက်ပုံစံေတြမဟုတ္ပဲ စာဖတ္သူတို႔ေျပာျပလာေသာ ကုန္ၾကမ္းေတြကိုအေျခခံထပ္ဆင့္ပြား ေရးသားထားျခင္းျဖစ္ပါတယ္။ အိမ္မဲႀကီးအေၾကာင္း ေျပာျပေပးပါေသာ ေထာက္ႀကံ့ၿမိဳ႕မွအစ္ကိုအား ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ မည္သူမဆို လာေျပာျပလို႔ရပါတယ္ခင္ဗ်ာ။
ေမာင္လူလွ ~ ကညင္ေျမ