Unicode Version
“အစိမ်းသေမိဝိုင်း”(စ/ဆုံး)
——————————-
ညလေးတစ်ည ဖြစ်လေသည်။ လရောင်က သိပ်မရပေမယ့် ကြယ်ရောင်စုံ၏ အရောင်လေးများနှင့် ထိုညကား အတန်ငယ် လင်းနေသယောင်ပင်။ ရွာလေးတစ်ရွာတွင်တော့ လမ်းဘေးရှိ လျှပ်စစ်မီးရောင်တွေကတော့ ထိုကြယ်အလင်းရောင်ထက် ပိုမိုလင်းလက်နေလေသည်။ အချိန်က သန်းခေါင်ယံ အချိန်လောက်ပင်။ တစ်ရွာလုံးလည်း အိပ်မောကျနေကြပြီး တိတ်ဆိတ် ငြိမ်သက်နေလေသည်။ ထိုရွာလေး၏ ရွာအစွန်အိမ်လေး တစ်လုံးအတွင်းမှာတော့…
”အား…ကျွတ် ကျွတ်…ဗိုက်ကလည်းနာလိုက်တာ… ဒီအချိန်ကြီးကျမှကွာ”
ဆိုပြီး ချက်ကြီးလည်း ညည်းညူလိုက်မိသည်။ မထလို့ကလည်း မဖြစ်ပြန်။ ဗိုက်ကလည်း တအားနာလာနေပြီ။ ဒီတော့မဖြစ်တော့။ အိပ်ရာထဲကနေ လူးလဲထလိုက်ကာ ခေါင်းရင်းရှိ လက်နှိပ်ဓာတ်မီးကို စမ်းယူလိုက်လေသည်။ အရေးထဲ ဓာတ်မီးကပျောက်နေသေးသည်။ အရေးထဲအရာပေါ်ကွာ ဆိုပြီး စိတ်ညစ်ညစ်နဲ့ ရှာလိုက်တော့မှ ခေါင်းအုံးအောက်နားမှာ ဓာတ်မီးကို တွေ့လေတော့ အမြန်ယူဖွင့်လိုက်ကာ အိမ်အောက်သို့ မပြေးရုံတမယ် လှမ်းလာခဲ့လိုက်တော့သည်။
ဒီလိုတောရွာတွေမှာက အိမ်သာကို အိမ်နောက်ဖေးခပ်လှမ်းလှမ်းတွင်သာ ဆောက်လေ့ရှိကြတော့ ချက်ကြီးလည်း အပြေးတပိုင်းလှမ်းလာကာ အိမ်သာ ဆီရောက်တော့မှသာ စိတ်ကို ဖြေချနိုင်တော့သည်။
ချက်ကြီးတို့ရွာလေးကား အိမ်ခြေ ၅၀ ကျော်လောက်သာရှိသည့် ရွာလေးတစ်ရွာပင်။ ချက်ကြီးအိမ်က ရွာအရှေ့ဖျားတွင် ရှိသည်။ တစ်ရွာလုံးကတော့ ဆွေရိပ်မျိုးရိပ် မကင်းကြသူများပင်။ လက်လုပ်လက်စား လယ်သမား ယာသမားတွေတော့ ပေါပါသည်။
ချက်ကြီးလည်း ခနအကြာမှာတော့ ပေါ့ပါးသွားကာ အိမ်သာထဲကနေ ထွက်လိုက်၏။ ညကြီးမိုးချုပ်ဆိုပေတော့လည်း ဓာတ်မီးနှင့် ဟိုဟိုဒီဒီ လိုက်လံထိုးကြည့်မိသည်။ ရွာကလူအားလုံးကတော့ ဓာတ်သိတွေ ဖြစ်လေတော့ ညရေးညတာ သူခိုးသူဝှက်ရန်တော့မရှိ။ တစ်မြန်နှစ်က လျှပ်စစ်မီး ရထားသည့်အတွက် ရွာလမ်းမှာ မီးရောင် တဝင်းဝင်းနဲ့တော့ မြင်နေရသည်။ ထိုစဉ်မှာပင် သူ့နှုတ်ဖျားဆီမှ…
“ဟင်…ဘယ်သူလည်းဟ …”
ဆိုပြီး ရေရွတ်လိုက်မိလေသည်။ လမ်းမဆီမှ ဖျပ်ခနဲအရိပ်တစ်ခု ဖြတ်ပြေးသွားသလို တွေ့လိုက်ရ၍ အံ့ဩသွားမိသည်။ ဘာလို့လည်းဆိုတော့ ဒီအချိန်ကြီးမှာ အချိန်မတော် ဘယ်သူမှလည်း လမ်းမှာသွားမနေနိုင်ဘူး ဟုလည်း ထင်လိုက်မိပါသေးသည်။ တွေ့လိုက်ရသည်က ဖျပ်ခနဲဆိုတော့ သူပဲ အမြင်များမှားတာပဲလား ဆိုတာတော့ သူလည်းမဝေခွဲတတ်တော့ပေ။ အဲ့ဒီနောက် စိတ်ထင်တာပဲဖြစ်မှာပါလေ ဆိုကာ ဖြေတွေးလိုက်ပြီး အိမ်ပေါ်ပြန်တက်ဖို့ ပြင်လိုက်လေသည်။
ဒီလိုနဲ့ နောက်ဖေးပေါက် တံခါးကို ဖွင့်လိုက်လေတော့ ဖွင့်မရပေ။ ဒီတော့ ချက်ကြီးလည်း…
“ဟင် တံခါးက ဖွင့်မရပါလားဟ”
ဆိုကာ ညည်းလိုက်မိသည်။ နောက်မှ သတိရသည်ကတော့ အိမ်ပေါ်ကနေ ဆင်းချလာတုန်းက အပြေးဆင်းလာတာဆိုတော့ အိမ်ရှေ့ကနေ ဆင်းလာမှန်းတွေးမိလိုက်သည်။ ငါ့လည်းမေ့ပ။ နောက်ဖေးတံခါးက ပိတ်ထားတာပဲ။ အိမ်ရှေ့ကဆင်းလာတာကိုမေ့ပြီး နောက်ဖေးတံခါးသွားဖွင့်ရတယ်လို့ ဆိုကာ မိမိကိုယ် မိမိ အပြစ်တင်ရင်း အိမ်ရှေ့ဆီကိုလှမ်းလာခဲ့လိုက်သည်။ ချက်ကြီးလည်း အိမ်ရှေ့ကို ရောက်တော့ အမှတ်မထင်လမ်းပေါ်ကို ရုတ်တရက် ကြည့်လိုက်မိတဲ့အခါ …
“အမယ်လေး…”
ဆိုပြီး လန့်သွားကာ အော်လိုက်မိသည်။ အကြောင်းကတော့ သူ့အိမ်ရဲ့ မျက်စောင်းထိုးလောက်မှာ လူတစ်ယောက်လိုလို ပုံသဏ္ဍာန်တစ်ခုက မတ်တပ်ရပ်နေတာကို ရုတ်တရက် လှမ်းတွေ့လိုက်တော့ လန့်သွားပြီး အော်လိုက်မိခြင်းပင်။
“ဟိတ် ဘယ်သူလည်း… ဘာလုပ်နေတာလည်း”
ဆိုပြီး စိတ်ကိုထိန်းကာ မေးကြည့်လိုက်မိသည်။ တဖက်လူဆီကတော့ ဘာအသံမှထွက်မလာခဲ့ပေ။ ဟုတ်ပါတယ် ဒါလူမှလူအစစ်ပါ။ ဘာလို့များ ဘာမှပြန်မပြောတာပါလိမ့်။ စိတ်ထဲကနေ တွေးလိုက်မိ၏။ ထိုသူရပ်နေတဲ့နေရာက မီးရောင် သိပ်မရတာကြောင့် ဘယ်သူလည်းဆိုတာကိုတော့ သဲသဲကွဲကွဲ မမြင်ရချေ။ ထိုသူကလည်း မလှုပ်မယှက် ရပ်နေခြင်းပင်။ ခနကြာတော့ ချက်ကြီးလည်း အခြေအနသိရဖို့ မီးနှင့် လှမ်းထိုးလိုက်တော့သည်။ ဒီတော့ သူတွေ့ရသည်ကို အံ့ဩလျက် ရေရွတ်လိုက်မိသည်။
“ဟင်…မိန်းမတစ်ယောက်ပါလား…ဘယ်သူလည်းဟ”
သူတွေ့လိုက်ရသည်က မိန်းမတစ်ယောက်။ သူ့ကိုစိမ်းစိမ်းကြီးကြည့်ကာ ဘာစကားမှမပြောပဲ မတ်တပ်ရပ်နေခြင်းပင်။ ချက်ကြီးလည်း အသွေးသားထဲက သွေးကြောတွေ ထောင်ထလာကာ ကြက်သီးမွှေးညှင်းလေးတွေတော့ အနည်းငယ် ထသွားမိသည်။ ဒါပေမဲ့ စိတ်ကိုပြန်စုစည်းကာ တွေးလိုက်မိလေ၏။ ဒါအကြောင်းမဲ့တော့ ဟုတ်ဟန်မတူ။ ဘယ်သူများလည်းဆိုတာကို တွေးနေမိသည်။
စောစောက မီးထိုးကြည့်လိုက်တဲ့အခါ ထိုမိန်းမကို မြင်ဖူးသလိုလိုတော့ ရှိသားလို့လည်း ထင်မိလိုက်သည်။ နောက်တစ်ခေါက် မီးနဲ့ထပ်ထိုးကြည့်ရင် ကောင်းမလား အိမ်ထဲပဲ ပြန်ဝင်ပြေးရင် ကောင်းမလား ဆိုတာကို ချက်ကြီးလည်းတွေးမရ။ ညဘက်ကြီးဆိုတော့ လန့်မိတာလည်း ပါသည်။ ပြီးတော့ ထိုမတ်တပ်ရပ်နေတဲ့ အမျိုးသမီးကလည်း ဘာမှမပြောပဲ စိမ်းစိမ်းကြီး ရပ်ကြည့် နေလေတော့ သူလည်းဘာလုပ်ရမယ်မသိ။ ထိုစဉ် ထိုအမျိုးသမီးထံမှ စကားသံတစ်ခုက ထွက်ပေါ်လာခဲ့ပါသည်။
“ဟဲ့…ချက်ကြီး ငါလေဟာ မိဝိုင်းလေ…နင်မမှတ်မိဘူးလား”
ထိုအမျိုးသမီးက ထိုသို့ စကားလှမ်းပြောလိုက်တဲ့အခါ ချက်ကြီးလည်း အံ့ဩသွားခဲ့ရသည်။ ဒီတော့ တွေးရင်းနှင့် စဉ်းစားနေခဲ့လေတော့…
“ဟာ … မိဝိုင်း အေးအေး သိပြီ သိပြီ.. နင်ကလည်း ငါကဘယ်သူလည်းလို့ဟာ”
ထိုအခါမှ မှတ်မိသွားလေတော့သည်။ မိဝိုင်းက သူတို့ရွာသူပင်။ သို့ပေမဲ့ တခြားမြို့မှာ အလုပ်သွားလုပ်နေတာ ကြာပြီဆိုတော့ သူလည်း ရုတ်တရက်မမှတ်မိခြင်းပင် ဖြစ်လေသည်။ ချက်ကြီးလည်း ထိုသို့ပြောလိုက်တော့ မိဝိုင်းလည်း ဝမ်းနည်းသည့်အသံနှင့်..
“အေးဟာ ငါလည်း ရွာမရောက်တာ ကြာတော့ နင်လည်း မေ့နေမှာပေါ့”
“ဒါနဲ့နေပါအုန်း နင်က ညကြီးအချိန်မတော် ဘာလုပ်နေတာလည်းဟ”
“အမေ နေမကောင်းဘူးလို့ သတင်းကြားလို့ဟ ညတွင်းချင်းထွက်လာခဲ့တာ… ပြီးတော့ လမ်း လမ်းမှာ …”
ဆိုပြီ ပြောရင်းနှင့် မိဝိုင်းအသံက တိုးညှင်းသွားလေသည်။ စိတ်မကောင်းဖြစ်သွားသည့် အမူအရာပင်။ ဒီတော့ ချက်ကြီးလည်း ပြန်မေးလိုက်လေ၏။
“လမ်းမှာ ဘာဖြစ်လို့လည်း… ပြောစမ်းပါဟ”
“ဒီလိုပါဟာ လမ်းမှာ ဆိုင်ကယ်လဲသွားလို့ နည်းနည်းကြာသွားတာဟ ဒါတောင်မှ ကားတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတာ ဒါ့ကြောင့် ညနက်သွားတာ”
ထိုအခါ ချက်ကြီးလည်း စိတ်မကောင်းတော့ ဖြစ်သွားမိသည်။ ဟုတ်သား မိဝိုင်း၏အမေဖြစ်သူ ဒေါ်မိစိန်လည်း တော်တော်နေမကောင်းဖြစ်နေတာပဲ ဟု သတိရလိုက်မိသည်။
“ဒါနဲ့ နင်ပြောတာက ဆိုင်ကယ်မှောက်တာဟုတ်လား… ဘယ်လိုမှောက်တာလည်း ဘာဖြစ်သွားသေးလည်းဟ”
“ထားလိုက်ပါဟာ ဘာမှမဖြစ်ပါဘူး… ငါကောင်းပါတယ်”
ချက်ကြီးလည်း မိဝိုင်းကို ကြည့်နေရင်း တစ်ခုခုတော့ထူးပြီဟု မသိစိတ်ထဲကနေ ခံစားမိလိုက်သည်။ ထို့ကြောင့် …
“မိဝိုင်း ဒီနားက မှောင်တယ်ဟ… ဟိုနားမှာ မီးရောင်ရှိတယ် လာ.. ဒါနဲ့ နင့်အိမ် ငါလိုက်ပို့ပေးရမလား”
‘”ရပါတယ်ဟာ လိုက်မပို့ပါနဲ့တော့ ခနနေငါသွားတော့မှာ နင့်ကိုလာနှုတ်ဆက်တာ”
မိဝိုင်းပုံစံကြည့်ရတာ အေးတိအေးစက်နဲ့ဆိုတော့ ချက်ကြီးလည်း စိတ်ထဲမှာ တမျိုး တော့ဖြစ်လာသည်။ ဒါနဲ့ပဲ အရဲစွန့်ပြီး မိဝိုင်းကို သေသေချာချာလေး ကြည့်နေမိတဲ့ အခါမှာတော့ ချက်ကြီးတစ်ယောက် မျက်လုံးပြူးရလေပြီ။ ကြည့်နေရင်းနှင့် မိဝိုင်း နှဖူးအလည်လောက်မှာ သွေးတွေစိမ့်ကြလာတာကို တွေ့လိုက်ရသည်။ ဒီတော့ သူလည်း ဘာရယ်မဟုတ်ပဲ ကျောရိုးထဲအေးစက်လာကာ ကြက်သီးလေးတွေပင် ထလာခဲ့လေသည်။
“မိဝိုင်း.. နင့် နင့်..နှဖူးမှာ သွေးတွေထွက်နေပါလား”
ချက်ကြီးလည်း လန့်လည်းလန့်လာသည့်အတွက် အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏။ ထိုအခါ မိဝိုင်းက အေးတိအေးစက်ပင်။
“အေးလေ… သွေးထွက်နေတာ ကြာနေပြီပဲ နင်ခုမှတွေ့တာလား”
“ဟုတ်တယ်.. ဘာဖြစ်လို့လည်း”
“ဪ.. နင်ကလည်း လမ်းမှာ ဆိုင်ကယ်မှောက်လဲပါတယ်ဆိုမှ သွေးတော့ထွက်မှာပေါ့ဟ”
“ဒါဖြင့် နင့်ဆိုင်ကယ်ကရော ဘယ်မှာလည်း”
“နင်ကလည်း လျှာရှည်တာဟာ ငါစိတ်တိုလာပြီ သွားတော့မယ်”
“မဟုတ်ဘူးလေဟာ ငါက စိုးရိမ်လို့ မေးတာပါ”
“အေး.. လမ်းမှာ ငါ့ဆိုင်ကယ်နဲ့ ကားနဲ့ဝင်တိုက်တာဟေ့ သိပြီလား… အဲ့ဒါကြောင့် ဆိုင်ကယ်လည်းမှောက်တယ် ငါလည်းနှဖူးကွဲ သွားတယ် … ဆိုင်ကယ်ယူလို့မရတော့လို့ ကားကြုံနဲ့ လိုက်တာတာ ရှင်းပြီလား”
ဆိုပြီး မိဝိုင်းက ပြောလိုက်တဲ့အခါ ချက်ကြီးလည်း အနည်းငယ်ပင် ထိတ်လန့်သွားခဲ့ရသည်။ ဆိုင်ကယ်နဲ့ ကားနဲ့တိုက်တယ်လို့ပြောပြီး သူက ဘာမှမဖြစ်သွားဘူးလား ဆိုကာ တွေးရင်းနှင့် ချက်ကြီး အူတွေအသည်းတွေ ပြောင်းပြန်လန်ကုန်သလိုပင်။ နှဖူးမှာလည်း အကွဲရာကြီးက သွေးတွေ တစိမ့်စိမ့်နဲ့ ကျနေလေသည်။ ချက်ကြီးလည်း ကြည့်နေရင်း မိဝိုင်းပုံစံက တဖြေးဖြေး ပြောင်းလာခဲ့တာကို အမှတ်မထင် မြင်လိုက်ရသည်။
ဆံပင်တွေက ဖွာလန်ကြဲလာပြီး နှဖူးအလည်မှာ အကွဲရာကြီးက ပိုမိုထင်ရှားလာသလိုပင်။ ပြီးတော့ သွေးတွေကလည်း တစက်စက်နဲ့ စိမ့်စိမ့်ကျလာတာကိုလည်း ပိုပြီး မြင်လိုက်ရလေသည်။ ချက်ကြီးလည်း ဒါ မရိုးသားလောက်ဘူး။ ဧကနတော့ မိဝိုင်းဟာ ဆိုင်ကယ်မှောက်တုန်းက ဘာများဖြစ်ခဲ့ပါလိမ့်။ မပြောကောင်းမ မဆိုကောင်း သေသွားပြီး လာခြောက်နေတာပဲလားဆိုတာ တွေးမိကာ ချက်ကြီးခမျာ ကြောက်လာ၍ ဒူးတွေပါ တုန်ချင်လာပြီ။ ထိုစဉ်မှာပင် … မိဝိုင်းထံမှ အသံဩဩကြီး ထွက်ပေါ်လာလေသည်။
“ဟား…ဟား…ဟား…ချက်ကြီးရယ် နင်ကကြောက်တတ်လိုက်တာ … ကဲ ငါသွားတော့မယ် အမေစောင့်နေမှာဟ”
ထိုသို့ ပြောအပြီးမှာတော့ မိဝိုင်းလည်း ဖျပ်ခနဲ ပျောက်သွားတော့လေသည်။
“ဟင် ဘယ် ဘယ်ရောက်သွားတာလည်းဟ”
ဆိုပြီး ပြောလိုက်မိကာ လန့်လည်း လန့်သွားမိတော့လေသည်။ ချက်ကြီးလည်း ယခုမှ အံ့ဩနေကာ ဘာလုပ်ရမှန်းပင်မသိတော့။ ခနအကြာမှာ မိဝိုင်းတို့ အိမ်ဘက်မှ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံတွေကို ရုတ်တရက် ကြားလိုက်ရလေတော့ … ဒါ ဒါဆို သေချာပါပြီ။ ငါ့ ငါ့ကို မိဝိုင်း လာခြောက်သွားတာလားမသိဘူး။ ဘုရား ဘုရား။ ကံကြီးပေလို့ပေါ့။
ဒါဆိုမိဝိုင်း ဘာဖြစ်လာတာလည်းမသိဘူး ဟု တွေးလိုက်ကာ ချက်ကြီးတစ်ယောက် ကြောက်လန့်လာပြီး အသည်းတွေတုန်လာကာအိမ်ပေါ်ကို အတင်းပြေးတက် ပုတီးတစ်ကုံးကို လည်မှာဆွဲလျက် ကြောက်ကြောက်နှင့်ပင် ပြန်အိပ်နေခဲ့တော့သည်။ မျက်လုံးထဲမြင်နေသည်က မိဝိုင်း၏ သွေးတွေစိမ့်ထွက်နေသော မျက်နှာကြီးက ပေါ်ပေါ်လာလေတော့ အတင်းပင် ဘုရားစာတွေ ရွတ်ဆိုကာ ကြိတ်မှိတ်အိပ်လိုက်ရလေသည်။
~~~~~
ထိုအချိန် မိဝိုင်း အမေဖြစ်သူ ဒေါ်မိစိန်၏ အိမ်မှာတော့…
ထိုညမှာ ဒေါ်မိစိန်တစ်ယောက် အိပ်ပျော်နေရင်း နားထဲမှာ ခေါ်သံလိုလို သဲ့သဲ့ ကြားမိ၍ ဖျပ်ခနဲ လန့်နိုးသွားခဲ့သည်။ ဒေါ်မိစိန်လည်း အိပ်ရာထဲကနေ လူးလဲ ထလိုက်ကာ ဘာမှန်းမသိပဲ ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေမိသည်။ စိတ်ထဲမှာလည်း ငါ့ကို ခေါ်နေတာ ဘယ်သူလည်းမသိဘူးဆိုကာ တွေးနေမိပါသည်။ ခွေးအူသံတွေလည်း တစ်ချက်တစ်ချက်တော့ ကြားနေရ၍ ကြက်သီးပင် ထမိလာသည်။ သူ့နာမည်ကို ခေါ်နေတာတော့ မဟုတ်ပေမဲ့။ တစ်စုံတစ်ယောက်က သူ့ကိုခေါ်နေမှန်းတော့ သိလိုက်သည်။ ဒီတော့ ခဏ ထကာ ရေဆာလာခဲ့၍ ရေထသောက်လိုက်သေးသည်။
ထိုစဉ်မှာပင် … …
“…………”
အသံကတစ်ခုက နားထဲတိုးဝင်လာခဲ့သည်။ အသံက အက်ရှရှ အက်ကွဲကွဲ မပီမပင် အသံမျိုးပင်။ စိတ်ထဲမှာလည်း ကြက်သီးထသလိုလို တမျိုးတော့ ဖြစ်သွားမိသည်။ သေချာနားစိုက်ထောင်လိုက်တော့ ခေါ်နေသည့် အသံကိုတော့ကြားရသည်။ ဘယ်လိုခေါ်နေသည် ကိုတော့ သေချာမကြားရပေ။ တိုးတိုးညှင်းညှင်း အာလုပ်သံ အက်ရှရှ ပဲ ကြားနေရလေသည်။
ဒီတော့ ဒေါ်မိစိန်လည်း ဟိုဟိုဒီဒီလိုက်ကြည့်မိတဲ့အခါ အိမ်ရှေ့မှာ ရိပ်ခနဲ ရိပ်ခနဲ လူရိပ်လိုလိုတွေ့လိုက်ရတော့ အံ့သြသွားမိသည်။ သူ့အိမ်က တံခါးရှိပေမဲ့ သံဇကာ ကာထားတော့ အိမ်ရှေ့ကို မြင်နေရခြင်းပင်။
”ဟင်…ဘယ်သူလည်းမသိဘူး…”
ဆိုပြီး အိမ်ရှေ့ကိုထွက်ကာ ကြည့်မိတော့လည်း ဘယ်သူမှ ရှိမနေခဲ့။ စိတ်ထင်တာများလား ဟုလည်း တွေးလိုက်မိပြန်သည်။ သူတို့အိမ်ရှေ့မှာက မီးတိုင်နှင့်နီးတဲ့အတွက် အလင်းရောင် ကောင်းကောင်းရနေတော့ ပတ်ဝန်းကျင်ကို မြင်နေရသည်။ ထိုအခိုက်မှာပင် …
”အူ……အူ……အူ……အူ……”
ခွေးအူသံတွေက ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး ဒေါ်မိစိန်လည်း ခွေးအူသံတွေကို ရုတ်တရက်ကြားလိုက်ရတဲ့အခါ ကြက်သီးမွှေးညှင်းလေးတွေ အနည်းငယ်ထသွားမိသည်။ ဒီခွေးတွေကလည်း အူလိုက်တာ ဟုတောင် ညည်းတွား လိုက်မိသေးသည်။
”ဟင်…ဘယ်သူလည်း ဘယ်သူလည်း”
အရိပ်လိုလို ပုံရိပ်သဏ္ဍာန် တစ်ခုကို မျက်လုံးထဲ ဖျပ်ခနဲ လှမ်းတွေ့လိုက်တဲ့ အခါ ဒေါ်မိစိန် လှမ်းမေးလိုက်ခြင်းပါ။ အိမ်ရှေ့မှာ ဖြတ်သွားသည့် အရိပ်တစ်ခုကို ခွေးတွေက ကြည့်ပြီး အူနေတာကို တွေ့လိုက်တဲ့အခါမှာတော့ ကျောရိုးထဲ စိမ့်သွားကာ ကြက်သီးတွေထလျှက် အိမ်ထဲပြန်ဝင်နေလိုက်ပြီး ဘုရားစာတွေသာ ရွတ်လျက် ကြောက်ကြောက်နှင့်ပဲ စောင်ကို ခေါင်းမြှီးခြုံလျှက် ပြန်အိပ်နေလိုက်ပါတော့သည်။
မနက်ရောက်တော့မှသာ အကြောင်းစုံကို သိလိုက်ရ လေတော့သည်။ လမ်းတစ်နေရာမှာ ဆိုင်ကယ်နဲ့ ကား မျက်နှာချင်း ဆိုင်ဝင်တိုက်သည့်သတင်း။ သေဆုံးသူက သူတို့ရွာမှ မိဝိုင်းဖြစ်နေလေသည်။ ဒီလိုကြားလိုက်ရတဲ့အခါ မိဝိုင်းအမေလည်း ငိုမဆုံးတော့။ ချက်ကြီးမှာလည်း စိတ်မကောင်းဖြစ်မိသည်။
ချက်ကြီးစိတ်ထဲမှာတော့ တွေးနေမိသည်က ညက တွေ့ခဲ့တာ မိဝိုင်းရဲ့ ဝိညာဉ်ပဲပေါ့။ ဒါဆို မိဝိုင်းက အစိမ်းသေ သေခဲ့တာပေါ့ ဆိုပြီး တွေးလိုက်ကာ အစိမ်းသေမိဝိုင်းရဲ့ မျက်နှာကို မျက်လုံးထဲပင် ဖျောက်မရ။ ချက်ကြီးကတော့ ထိုအကြောင်းကို ဘယ်သူ့ကိုမှတော့ ပြန်မပြောဖြစ်တော့ပေ။ ပြန်ပြောနေရင်လည်း အားလုံးက စိတ်မကောင်းဖြစ်ရမည်လေ။
မိဝိုင်းအသုဘ ရက်လည်သည် အထိတော့ မည်သည့်ခြောက်လှန့်မှု့မျိုးကိုမှ မကြုံခဲ့ရပေ။ သို့ပေမဲ့ ဘုန်းကြီးဆွမ်းကပ်လုပ်ပြီးတဲ့ ညမှာတော့ တစ်အိမ်လုံး အမွှေးနံ့သာတွေ ရကြကာ အိမ်ပေါ်မှ တစ်စုံတစ်ယောက် ဆင်းသွားသလို ခြေသံတွေကိုတော့ အသေအချာ သိလိုက် ကြားလိုက်ကြရသည်။ ဒေါ်မိစိန်ကတော့ ငါ့သမီးလေး ကောင်းမွန်တဲ့ ဘဝမှာ နေပျော်ပါစေဟု ဆုတောင်းနေရင်းဖြင့်သာ …။
~~~~~
..ပြီးပါပြီ..
ရွင်လန်းချမ်းမြေ့ကြပါစေ
စာရေးသူ လင်းစက်ရာအားလေးစားလျက်
Zawgyi Version
“အစိမ္းေသမိဝိုင္း”(စ/ဆုံး)
——————————-
ညေလးတစ္ည ျဖစ္ေလသည္။ လေရာင္က သိပ္မရေပမယ့္ ၾကယ္ေရာင္စုံ၏ အေရာင္ေလးမ်ားႏွင့္ ထိုညကား အတန္ငယ္ လင္းေနသေယာင္ပင္။ ႐ြာေလးတစ္႐ြာတြင္ေတာ့ လမ္းေဘးရွိ လွ်ပ္စစ္မီးေရာင္ေတြကေတာ့ ထိုၾကယ္အလင္းေရာင္ထက္ ပိုမိုလင္းလက္ေနေလသည္။ အခ်ိန္က သန္းေခါင္ယံ အခ်ိန္ေလာက္ပင္။ တစ္႐ြာလုံးလည္း အိပ္ေမာက်ေနၾကၿပီး တိတ္ဆိတ္ ၿငိမ္သက္ေနေလသည္။ ထို႐ြာေလး၏ ႐ြာအစြန္အိမ္ေလး တစ္လုံးအတြင္းမွာေတာ့…
”အား…ကြၽတ္ ကြၽတ္…ဗိုက္ကလည္းနာလိုက္တာ… ဒီအခ်ိန္ႀကီးက်မွကြာ”
ဆိုၿပီး ခ်က္ႀကီးလည္း ညည္းညဴလိုက္မိသည္။ မထလို႔ကလည္း မျဖစ္ျပန္။ ဗိုက္ကလည္း တအားနာလာေနၿပီ။ ဒီေတာ့မျဖစ္ေတာ့။ အိပ္ရာထဲကေန လူးလဲထလိုက္ကာ ေခါင္းရင္းရွိ လက္ႏွိပ္ဓာတ္မီးကို စမ္းယူလိုက္ေလသည္။ အေရးထဲ ဓာတ္မီးကေပ်ာက္ေနေသးသည္။ အေရးထဲအရာေပၚကြာ ဆိုၿပီး စိတ္ညစ္ညစ္နဲ႔ ရွာလိုက္ေတာ့မွ ေခါင္းအုံးေအာက္နားမွာ ဓာတ္မီးကို ေတြ႕ေလေတာ့ အျမန္ယူဖြင့္လိုက္ကာ အိမ္ေအာက္သို႔ မေျပး႐ုံတမယ္ လွမ္းလာခဲ့လိုက္ေတာ့သည္။
ဒီလိုေတာ႐ြာေတြမွာက အိမ္သာကို အိမ္ေနာက္ေဖးခပ္လွမ္းလွမ္းတြင္သာ ေဆာက္ေလ့ရွိၾကေတာ့ ခ်က္ႀကီးလည္း အေျပးတပိုင္းလွမ္းလာကာ အိမ္သာ ဆီေရာက္ေတာ့မွသာ စိတ္ကို ေျဖခ်ႏိုင္ေတာ့သည္။
ခ်က္ႀကီးတို႔႐ြာေလးကား အိမ္ေျခ ၅၀ ေက်ာ္ေလာက္သာရွိသည့္ ႐ြာေလးတစ္႐ြာပင္။ ခ်က္ႀကီးအိမ္က ႐ြာအေရွ႕ဖ်ားတြင္ ရွိသည္။ တစ္႐ြာလုံးကေတာ့ ေဆြရိပ္မ်ိဳးရိပ္ မကင္းၾကသူမ်ားပင္။ လက္လုပ္လက္စား လယ္သမား ယာသမားေတြေတာ့ ေပါပါသည္။
ခ်က္ႀကီးလည္း ခနအၾကာမွာေတာ့ ေပါ့ပါးသြားကာ အိမ္သာထဲကေန ထြက္လိုက္၏။ ညႀကီးမိုးခ်ဳပ္ဆိုေပေတာ့လည္း ဓာတ္မီးႏွင့္ ဟိုဟိုဒီဒီ လိုက္လံထိုးၾကည့္မိသည္။ ႐ြာကလူအားလုံးကေတာ့ ဓာတ္သိေတြ ျဖစ္ေလေတာ့ ညေရးညတာ သူခိုးသူဝွက္ရန္ေတာ့မရွိ။ တစ္ျမန္ႏွစ္က လွ်ပ္စစ္မီး ရထားသည့္အတြက္ ႐ြာလမ္းမွာ မီးေရာင္ တဝင္းဝင္းနဲ႔ေတာ့ ျမင္ေနရသည္။ ထိုစဥ္မွာပင္ သူ႔ႏႈတ္ဖ်ားဆီမွ…
“ဟင္…ဘယ္သူလည္းဟ …”
ဆိုၿပီး ေရ႐ြတ္လိုက္မိေလသည္။ လမ္းမဆီမွ ဖ်ပ္ခနဲအရိပ္တစ္ခု ျဖတ္ေျပးသြားသလို ေတြ႕လိုက္ရ၍ အံ့ဩသြားမိသည္။ ဘာလို႔လည္းဆိုေတာ့ ဒီအခ်ိန္ႀကီးမွာ အခ်ိန္မေတာ္ ဘယ္သူမွလည္း လမ္းမွာသြားမေနႏိုင္ဘူး ဟုလည္း ထင္လိုက္မိပါေသးသည္။ ေတြ႕လိုက္ရသည္က ဖ်ပ္ခနဲဆိုေတာ့ သူပဲ အျမင္မ်ားမွားတာပဲလား ဆိုတာေတာ့ သူလည္းမေဝခြဲတတ္ေတာ့ေပ။ အဲ့ဒီေနာက္ စိတ္ထင္တာပဲျဖစ္မွာပါေလ ဆိုကာ ေျဖေတြးလိုက္ၿပီး အိမ္ေပၚျပန္တက္ဖို႔ ျပင္လိုက္ေလသည္။
ဒီလိုနဲ႔ ေနာက္ေဖးေပါက္ တံခါးကို ဖြင့္လိုက္ေလေတာ့ ဖြင့္မရေပ။ ဒီေတာ့ ခ်က္ႀကီးလည္း…
“ဟင္ တံခါးက ဖြင့္မရပါလားဟ”
ဆိုကာ ညည္းလိုက္မိသည္။ ေနာက္မွ သတိရသည္ကေတာ့ အိမ္ေပၚကေန ဆင္းခ်လာတုန္းက အေျပးဆင္းလာတာဆိုေတာ့ အိမ္ေရွ႕ကေန ဆင္းလာမွန္းေတြးမိလိုက္သည္။ ငါ့လည္းေမ့ပ။ ေနာက္ေဖးတံခါးက ပိတ္ထားတာပဲ။ အိမ္ေရွ႕ကဆင္းလာတာကိုေမ့ၿပီး ေနာက္ေဖးတံခါးသြားဖြင့္ရတယ္လို႔ ဆိုကာ မိမိကိုယ္ မိမိ အျပစ္တင္ရင္း အိမ္ေရွ႕ဆီကိုလွမ္းလာခဲ့လိုက္သည္။ ခ်က္ႀကီးလည္း အိမ္ေရွ႕ကို ေရာက္ေတာ့ အမွတ္မထင္လမ္းေပၚကို ႐ုတ္တရက္ ၾကည့္လိုက္မိတဲ့အခါ …
“အမယ္ေလး…”
ဆိုၿပီး လန႔္သြားကာ ေအာ္လိုက္မိသည္။ အေၾကာင္းကေတာ့ သူ႔အိမ္ရဲ႕ မ်က္ေစာင္းထိုးေလာက္မွာ လူတစ္ေယာက္လိုလို ပုံသ႑ာန္တစ္ခုက မတ္တပ္ရပ္ေနတာကို ႐ုတ္တရက္ လွမ္းေတြ႕လိုက္ေတာ့ လန႔္သြားၿပီး ေအာ္လိုက္မိျခင္းပင္။
“ဟိတ္ ဘယ္သူလည္း… ဘာလုပ္ေနတာလည္း”
ဆိုၿပီး စိတ္ကိုထိန္းကာ ေမးၾကည့္လိုက္မိသည္။ တဖက္လူဆီကေတာ့ ဘာအသံမွထြက္မလာခဲ့ေပ။ ဟုတ္ပါတယ္ ဒါလူမွလူအစစ္ပါ။ ဘာလို႔မ်ား ဘာမွျပန္မေျပာတာပါလိမ့္။ စိတ္ထဲကေန ေတြးလိုက္မိ၏။ ထိုသူရပ္ေနတဲ့ေနရာက မီးေရာင္ သိပ္မရတာေၾကာင့္ ဘယ္သူလည္းဆိုတာကိုေတာ့ သဲသဲကြဲကြဲ မျမင္ရေခ်။ ထိုသူကလည္း မလႈပ္မယွက္ ရပ္ေနျခင္းပင္။ ခနၾကာေတာ့ ခ်က္ႀကီးလည္း အေျခအနသိရဖို႔ မီးႏွင့္ လွမ္းထိုးလိုက္ေတာ့သည္။ ဒီေတာ့ သူေတြ႕ရသည္ကို အံ့ဩလ်က္ ေရ႐ြတ္လိုက္မိသည္။
“ဟင္…မိန္းမတစ္ေယာက္ပါလား…ဘယ္သူလည္းဟ”
သူေတြ႕လိုက္ရသည္က မိန္းမတစ္ေယာက္။ သူ႔ကိုစိမ္းစိမ္းႀကီးၾကည့္ကာ ဘာစကားမွမေျပာပဲ မတ္တပ္ရပ္ေနျခင္းပင္။ ခ်က္ႀကီးလည္း အေသြးသားထဲက ေသြးေၾကာေတြ ေထာင္ထလာကာ ၾကက္သီးေမႊးညႇင္းေလးေတြေတာ့ အနည္းငယ္ ထသြားမိသည္။ ဒါေပမဲ့ စိတ္ကိုျပန္စုစည္းကာ ေတြးလိုက္မိေလ၏။ ဒါအေၾကာင္းမဲ့ေတာ့ ဟုတ္ဟန္မတူ။ ဘယ္သူမ်ားလည္းဆိုတာကို ေတြးေနမိသည္။
ေစာေစာက မီးထိုးၾကည့္လိုက္တဲ့အခါ ထိုမိန္းမကို ျမင္ဖူးသလိုလိုေတာ့ ရွိသားလို႔လည္း ထင္မိလိုက္သည္။ ေနာက္တစ္ေခါက္ မီးနဲ႔ထပ္ထိုးၾကည့္ရင္ ေကာင္းမလား အိမ္ထဲပဲ ျပန္ဝင္ေျပးရင္ ေကာင္းမလား ဆိုတာကို ခ်က္ႀကီးလည္းေတြးမရ။ ညဘက္ႀကီးဆိုေတာ့ လန႔္မိတာလည္း ပါသည္။ ၿပီးေတာ့ ထိုမတ္တပ္ရပ္ေနတဲ့ အမ်ိဳးသမီးကလည္း ဘာမွမေျပာပဲ စိမ္းစိမ္းႀကီး ရပ္ၾကည့္ ေနေလေတာ့ သူလည္းဘာလုပ္ရမယ္မသိ။ ထိုစဥ္ ထိုအမ်ိဳးသမီးထံမွ စကားသံတစ္ခုက ထြက္ေပၚလာခဲ့ပါသည္။
“ဟဲ့…ခ်က္ႀကီး ငါေလဟာ မိဝိုင္းေလ…နင္မမွတ္မိဘူးလား”
ထိုအမ်ိဳးသမီးက ထိုသို႔ စကားလွမ္းေျပာလိုက္တဲ့အခါ ခ်က္ႀကီးလည္း အံ့ဩသြားခဲ့ရသည္။ ဒီေတာ့ ေတြးရင္းႏွင့္ စဥ္းစားေနခဲ့ေလေတာ့…
“ဟာ … မိဝိုင္း ေအးေအး သိၿပီ သိၿပီ.. နင္ကလည္း ငါကဘယ္သူလည္းလို႔ဟာ”
ထိုအခါမွ မွတ္မိသြားေလေတာ့သည္။ မိဝိုင္းက သူတို႔႐ြာသူပင္။ သို႔ေပမဲ့ တျခားၿမိဳ႕မွာ အလုပ္သြားလုပ္ေနတာ ၾကာၿပီဆိုေတာ့ သူလည္း ႐ုတ္တရက္မမွတ္မိျခင္းပင္ ျဖစ္ေလသည္။ ခ်က္ႀကီးလည္း ထိုသို႔ေျပာလိုက္ေတာ့ မိဝိုင္းလည္း ဝမ္းနည္းသည့္အသံႏွင့္..
“ေအးဟာ ငါလည္း ႐ြာမေရာက္တာ ၾကာေတာ့ နင္လည္း ေမ့ေနမွာေပါ့”
“ဒါနဲ႔ေနပါအုန္း နင္က ညႀကီးအခ်ိန္မေတာ္ ဘာလုပ္ေနတာလည္းဟ”
“အေမ ေနမေကာင္းဘူးလို႔ သတင္းၾကားလို႔ဟ ညတြင္းခ်င္းထြက္လာခဲ့တာ… ၿပီးေတာ့ လမ္း လမ္းမွာ …”
ဆိုၿပီ ေျပာရင္းႏွင့္ မိဝိုင္းအသံက တိုးညႇင္းသြားေလသည္။ စိတ္မေကာင္းျဖစ္သြားသည့္ အမူအရာပင္။ ဒီေတာ့ ခ်က္ႀကီးလည္း ျပန္ေမးလိုက္ေလ၏။
“လမ္းမွာ ဘာျဖစ္လို႔လည္း… ေျပာစမ္းပါဟ”
“ဒီလိုပါဟာ လမ္းမွာ ဆိုင္ကယ္လဲသြားလို႔ နည္းနည္းၾကာသြားတာဟ ဒါေတာင္မွ ကားတစ္စီးနဲ႔ လမ္းႀကဳံလိုက္ခဲ့ရတာ ဒါ့ေၾကာင့္ ညနက္သြားတာ”
ထိုအခါ ခ်က္ႀကီးလည္း စိတ္မေကာင္းေတာ့ ျဖစ္သြားမိသည္။ ဟုတ္သား မိဝိုင္း၏အေမျဖစ္သူ ေဒၚမိစိန္လည္း ေတာ္ေတာ္ေနမေကာင္းျဖစ္ေနတာပဲ ဟု သတိရလိုက္မိသည္။
“ဒါနဲ႔ နင္ေျပာတာက ဆိုင္ကယ္ေမွာက္တာဟုတ္လား… ဘယ္လိုေမွာက္တာလည္း ဘာျဖစ္သြားေသးလည္းဟ”
“ထားလိုက္ပါဟာ ဘာမွမျဖစ္ပါဘူး… ငါေကာင္းပါတယ္”
ခ်က္ႀကီးလည္း မိဝိုင္းကို ၾကည့္ေနရင္း တစ္ခုခုေတာ့ထူးၿပီဟု မသိစိတ္ထဲကေန ခံစားမိလိုက္သည္။ ထို႔ေၾကာင့္ …
“မိဝိုင္း ဒီနားက ေမွာင္တယ္ဟ… ဟိုနားမွာ မီးေရာင္ရွိတယ္ လာ.. ဒါနဲ႔ နင့္အိမ္ ငါလိုက္ပို႔ေပးရမလား”
‘”ရပါတယ္ဟာ လိုက္မပို႔ပါနဲ႔ေတာ့ ခနေနငါသြားေတာ့မွာ နင့္ကိုလာႏႈတ္ဆက္တာ”
မိဝိုင္းပုံစံၾကည့္ရတာ ေအးတိေအးစက္နဲ႔ဆိုေတာ့ ခ်က္ႀကီးလည္း စိတ္ထဲမွာ တမ်ိဳး ေတာ့ျဖစ္လာသည္။ ဒါနဲ႔ပဲ အရဲစြန႔္ၿပီး မိဝိုင္းကို ေသေသခ်ာခ်ာေလး ၾကည့္ေနမိတဲ့ အခါမွာေတာ့ ခ်က္ႀကီးတစ္ေယာက္ မ်က္လုံးျပဴးရေလၿပီ။ ၾကည့္ေနရင္းႏွင့္ မိဝိုင္း ႏွဖူးအလည္ေလာက္မွာ ေသြးေတြစိမ့္ၾကလာတာကို ေတြ႕လိုက္ရသည္။ ဒီေတာ့ သူလည္း ဘာရယ္မဟုတ္ပဲ ေက်ာ႐ိုးထဲေအးစက္လာကာ ၾကက္သီးေလးေတြပင္ ထလာခဲ့ေလသည္။
“မိဝိုင္း.. နင့္ နင့္..ႏွဖူးမွာ ေသြးေတြထြက္ေနပါလား”
ခ်က္ႀကီးလည္း လန႔္လည္းလန႔္လာသည့္အတြက္ အထစ္ထစ္အေငါ့ေငါ့ႏွင့္ ေျပာလိုက္၏။ ထိုအခါ မိဝိုင္းက ေအးတိေအးစက္ပင္။
“ေအးေလ… ေသြးထြက္ေနတာ ၾကာေနၿပီပဲ နင္ခုမွေတြ႕တာလား”
“ဟုတ္တယ္.. ဘာျဖစ္လို႔လည္း”
“ဪ.. နင္ကလည္း လမ္းမွာ ဆိုင္ကယ္ေမွာက္လဲပါတယ္ဆိုမွ ေသြးေတာ့ထြက္မွာေပါ့ဟ”
“ဒါျဖင့္ နင့္ဆိုင္ကယ္ကေရာ ဘယ္မွာလည္း”
“နင္ကလည္း လွ်ာရွည္တာဟာ ငါစိတ္တိုလာၿပီ သြားေတာ့မယ္”
“မဟုတ္ဘူးေလဟာ ငါက စိုးရိမ္လို႔ ေမးတာပါ”
“ေအး.. လမ္းမွာ ငါ့ဆိုင္ကယ္နဲ႔ ကားနဲ႔ဝင္တိုက္တာေဟ့ သိၿပီလား… အဲ့ဒါေၾကာင့္ ဆိုင္ကယ္လည္းေမွာက္တယ္ ငါလည္းႏွဖူးကြဲ သြားတယ္ … ဆိုင္ကယ္ယူလို႔မရေတာ့လို႔ ကားႀကဳံနဲ႔ လိုက္တာတာ ရွင္းၿပီလား”
ဆိုၿပီး မိဝိုင္းက ေျပာလိုက္တဲ့အခါ ခ်က္ႀကီးလည္း အနည္းငယ္ပင္ ထိတ္လန႔္သြားခဲ့ရသည္။ ဆိုင္ကယ္နဲ႔ ကားနဲ႔တိုက္တယ္လို႔ေျပာၿပီး သူက ဘာမွမျဖစ္သြားဘူးလား ဆိုကာ ေတြးရင္းႏွင့္ ခ်က္ႀကီး အူေတြအသည္းေတြ ေျပာင္းျပန္လန္ကုန္သလိုပင္။ ႏွဖူးမွာလည္း အကြဲရာႀကီးက ေသြးေတြ တစိမ့္စိမ့္နဲ႔ က်ေနေလသည္။ ခ်က္ႀကီးလည္း ၾကည့္ေနရင္း မိဝိုင္းပုံစံက တေျဖးေျဖး ေျပာင္းလာခဲ့တာကို အမွတ္မထင္ ျမင္လိုက္ရသည္။
ဆံပင္ေတြက ဖြာလန္ႀကဲလာၿပီး ႏွဖူးအလည္မွာ အကြဲရာႀကီးက ပိုမိုထင္ရွားလာသလိုပင္။ ၿပီးေတာ့ ေသြးေတြကလည္း တစက္စက္နဲ႔ စိမ့္စိမ့္က်လာတာကိုလည္း ပိုၿပီး ျမင္လိုက္ရေလသည္။ ခ်က္ႀကီးလည္း ဒါ မ႐ိုးသားေလာက္ဘူး။ ဧကနေတာ့ မိဝိုင္းဟာ ဆိုင္ကယ္ေမွာက္တုန္းက ဘာမ်ားျဖစ္ခဲ့ပါလိမ့္။ မေျပာေကာင္းမ မဆိုေကာင္း ေသသြားၿပီး လာေျခာက္ေနတာပဲလားဆိုတာ ေတြးမိကာ ခ်က္ႀကီးခမ်ာ ေၾကာက္လာ၍ ဒူးေတြပါ တုန္ခ်င္လာၿပီ။ ထိုစဥ္မွာပင္ … မိဝိုင္းထံမွ အသံဩဩႀကီး ထြက္ေပၚလာေလသည္။
“ဟား…ဟား…ဟား…ခ်က္ႀကီးရယ္ နင္ကေၾကာက္တတ္လိုက္တာ … ကဲ ငါသြားေတာ့မယ္ အေမေစာင့္ေနမွာဟ”
ထိုသို႔ ေျပာအၿပီးမွာေတာ့ မိဝိုင္းလည္း ဖ်ပ္ခနဲ ေပ်ာက္သြားေတာ့ေလသည္။
“ဟင္ ဘယ္ ဘယ္ေရာက္သြားတာလည္းဟ”
ဆိုၿပီး ေျပာလိုက္မိကာ လန႔္လည္း လန႔္သြားမိေတာ့ေလသည္။ ခ်က္ႀကီးလည္း ယခုမွ အံ့ဩေနကာ ဘာလုပ္ရမွန္းပင္မသိေတာ့။ ခနအၾကာမွာ မိဝိုင္းတို႔ အိမ္ဘက္မွ ဆြဲဆြဲငင္ငင္ အူလိုက္တဲ့ ေခြးအူသံေတြကို ႐ုတ္တရက္ ၾကားလိုက္ရေလေတာ့ … ဒါ ဒါဆို ေသခ်ာပါၿပီ။ ငါ့ ငါ့ကို မိဝိုင္း လာေျခာက္သြားတာလားမသိဘူး။ ဘုရား ဘုရား။ ကံႀကီးေပလို႔ေပါ့။
ဒါဆိုမိဝိုင္း ဘာျဖစ္လာတာလည္းမသိဘူး ဟု ေတြးလိုက္ကာ ခ်က္ႀကီးတစ္ေယာက္ ေၾကာက္လန႔္လာၿပီး အသည္းေတြတုန္လာကာအိမ္ေပၚကို အတင္းေျပးတက္ ပုတီးတစ္ကုံးကို လည္မွာဆြဲလ်က္ ေၾကာက္ေၾကာက္ႏွင့္ပင္ ျပန္အိပ္ေနခဲ့ေတာ့သည္။ မ်က္လုံးထဲျမင္ေနသည္က မိဝိုင္း၏ ေသြးေတြစိမ့္ထြက္ေနေသာ မ်က္ႏွာႀကီးက ေပၚေပၚလာေလေတာ့ အတင္းပင္ ဘုရားစာေတြ ႐ြတ္ဆိုကာ ႀကိတ္မွိတ္အိပ္လိုက္ရေလသည္။
~~~~~
ထိုအခ်ိန္ မိဝိုင္း အေမျဖစ္သူ ေဒၚမိစိန္၏ အိမ္မွာေတာ့…
ထိုညမွာ ေဒၚမိစိန္တစ္ေယာက္ အိပ္ေပ်ာ္ေနရင္း နားထဲမွာ ေခၚသံလိုလို သဲ့သဲ့ ၾကားမိ၍ ဖ်ပ္ခနဲ လန႔္ႏိုးသြားခဲ့သည္။ ေဒၚမိစိန္လည္း အိပ္ရာထဲကေန လူးလဲ ထလိုက္ကာ ဘာမွန္းမသိပဲ ဟိုၾကည့္ဒီၾကည့္ လိုက္ၾကည့္ေနမိသည္။ စိတ္ထဲမွာလည္း ငါ့ကို ေခၚေနတာ ဘယ္သူလည္းမသိဘူးဆိုကာ ေတြးေနမိပါသည္။ ေခြးအူသံေတြလည္း တစ္ခ်က္တစ္ခ်က္ေတာ့ ၾကားေနရ၍ ၾကက္သီးပင္ ထမိလာသည္။ သူ႔နာမည္ကို ေခၚေနတာေတာ့ မဟုတ္ေပမဲ့။ တစ္စုံတစ္ေယာက္က သူ႔ကိုေခၚေနမွန္းေတာ့ သိလိုက္သည္။ ဒီေတာ့ ခဏ ထကာ ေရဆာလာခဲ့၍ ေရထေသာက္လိုက္ေသးသည္။
ထိုစဥ္မွာပင္ … …
“…………”
အသံကတစ္ခုက နားထဲတိုးဝင္လာခဲ့သည္။ အသံက အက္ရွရွ အက္ကြဲကြဲ မပီမပင္ အသံမ်ိဳးပင္။ စိတ္ထဲမွာလည္း ၾကက္သီးထသလိုလို တမ်ိဳးေတာ့ ျဖစ္သြားမိသည္။ ေသခ်ာနားစိုက္ေထာင္လိုက္ေတာ့ ေခၚေနသည့္ အသံကိုေတာ့ၾကားရသည္။ ဘယ္လိုေခၚေနသည္ ကိုေတာ့ ေသခ်ာမၾကားရေပ။ တိုးတိုးညႇင္းညႇင္း အာလုပ္သံ အက္ရွရွ ပဲ ၾကားေနရေလသည္။
ဒီေတာ့ ေဒၚမိစိန္လည္း ဟိုဟိုဒီဒီလိုက္ၾကည့္မိတဲ့အခါ အိမ္ေရွ႕မွာ ရိပ္ခနဲ ရိပ္ခနဲ လူရိပ္လိုလိုေတြ႕လိုက္ရေတာ့ အံ့ၾသသြားမိသည္။ သူ႔အိမ္က တံခါးရွိေပမဲ့ သံဇကာ ကာထားေတာ့ အိမ္ေရွ႕ကို ျမင္ေနရျခင္းပင္။
”ဟင္…ဘယ္သူလည္းမသိဘူး…”
ဆိုၿပီး အိမ္ေရွ႕ကိုထြက္ကာ ၾကည့္မိေတာ့လည္း ဘယ္သူမွ ရွိမေနခဲ့။ စိတ္ထင္တာမ်ားလား ဟုလည္း ေတြးလိုက္မိျပန္သည္။ သူတို႔အိမ္ေရွ႕မွာက မီးတိုင္ႏွင့္နီးတဲ့အတြက္ အလင္းေရာင္ ေကာင္းေကာင္းရေနေတာ့ ပတ္ဝန္းက်င္ကို ျမင္ေနရသည္။ ထိုအခိုက္မွာပင္ …
”အူ……အူ……အူ……အူ……”
ေခြးအူသံေတြက ဆက္တိုက္ေပၚထြက္လာခဲ့ၿပီး ေဒၚမိစိန္လည္း ေခြးအူသံေတြကို ႐ုတ္တရက္ၾကားလိုက္ရတဲ့အခါ ၾကက္သီးေမႊးညႇင္းေလးေတြ အနည္းငယ္ထသြားမိသည္။ ဒီေခြးေတြကလည္း အူလိုက္တာ ဟုေတာင္ ညည္းတြား လိုက္မိေသးသည္။
”ဟင္…ဘယ္သူလည္း ဘယ္သူလည္း”
အရိပ္လိုလို ပုံရိပ္သ႑ာန္ တစ္ခုကို မ်က္လုံးထဲ ဖ်ပ္ခနဲ လွမ္းေတြ႕လိုက္တဲ့ အခါ ေဒၚမိစိန္ လွမ္းေမးလိုက္ျခင္းပါ။ အိမ္ေရွ႕မွာ ျဖတ္သြားသည့္ အရိပ္တစ္ခုကို ေခြးေတြက ၾကည့္ၿပီး အူေနတာကို ေတြ႕လိုက္တဲ့အခါမွာေတာ့ ေက်ာ႐ိုးထဲ စိမ့္သြားကာ ၾကက္သီးေတြထလွ်က္ အိမ္ထဲျပန္ဝင္ေနလိုက္ၿပီး ဘုရားစာေတြသာ ႐ြတ္လ်က္ ေၾကာက္ေၾကာက္ႏွင့္ပဲ ေစာင္ကို ေခါင္းျမႇီးၿခဳံလွ်က္ ျပန္အိပ္ေနလိုက္ပါေတာ့သည္။
မနက္ေရာက္ေတာ့မွသာ အေၾကာင္းစုံကို သိလိုက္ရ ေလေတာ့သည္။ လမ္းတစ္ေနရာမွာ ဆိုင္ကယ္နဲ႔ ကား မ်က္ႏွာခ်င္း ဆိုင္ဝင္တိုက္သည့္သတင္း။ ေသဆုံးသူက သူတို႔႐ြာမွ မိဝိုင္းျဖစ္ေနေလသည္။ ဒီလိုၾကားလိုက္ရတဲ့အခါ မိဝိုင္းအေမလည္း ငိုမဆုံးေတာ့။ ခ်က္ႀကီးမွာလည္း စိတ္မေကာင္းျဖစ္မိသည္။
ခ်က္ႀကီးစိတ္ထဲမွာေတာ့ ေတြးေနမိသည္က ညက ေတြ႕ခဲ့တာ မိဝိုင္းရဲ႕ ဝိညာဥ္ပဲေပါ့။ ဒါဆို မိဝိုင္းက အစိမ္းေသ ေသခဲ့တာေပါ့ ဆိုၿပီး ေတြးလိုက္ကာ အစိမ္းေသမိဝိုင္းရဲ႕ မ်က္ႏွာကို မ်က္လုံးထဲပင္ ေဖ်ာက္မရ။ ခ်က္ႀကီးကေတာ့ ထိုအေၾကာင္းကို ဘယ္သူ႔ကိုမွေတာ့ ျပန္မေျပာျဖစ္ေတာ့ေပ။ ျပန္ေျပာေနရင္လည္း အားလုံးက စိတ္မေကာင္းျဖစ္ရမည္ေလ။
မိဝိုင္းအသုဘ ရက္လည္သည္ အထိေတာ့ မည္သည့္ေျခာက္လွန႔္မႈ႕မ်ိဳးကိုမွ မႀကဳံခဲ့ရေပ။ သို႔ေပမဲ့ ဘုန္းႀကီးဆြမ္းကပ္လုပ္ၿပီးတဲ့ ညမွာေတာ့ တစ္အိမ္လုံး အေမႊးနံ႔သာေတြ ရၾကကာ အိမ္ေပၚမွ တစ္စုံတစ္ေယာက္ ဆင္းသြားသလို ေျခသံေတြကိုေတာ့ အေသအခ်ာ သိလိုက္ ၾကားလိုက္ၾကရသည္။ ေဒၚမိစိန္ကေတာ့ ငါ့သမီးေလး ေကာင္းမြန္တဲ့ ဘဝမွာ ေနေပ်ာ္ပါေစဟု ဆုေတာင္းေနရင္းျဖင့္သာ …။
~~~~~
..ၿပီးပါၿပီ..
႐ြင္လန္းခ်မ္းေျမ့ၾကပါေစ
စာေရးသူ လင္းစက္ရာအားေလးစားလ်က္