အစေခံဝိညာဉ်(စ/ဆုံး)

Unicode Version

အစေခံဝိညာဉ်(စ/ဆုံး)
————————–
“ဒုန်း ဒုန်း ဒုန်း”
“အား ……ကြောက်တယ် ကြောက်တယ် အမေကယ်ပါဦး အဖေကယ်ကြပါဦး”
“သတိထားခရေသတိထား”
{…………}မြို့သို့ တာဝန်နှင့်ရောက်လာသည့်မိသားစုတစ်ခုကြုံတွေ့နေရခြင်းဖြစ်လေသည်။ အိမ်ထောင်ဦးစီးဖြစ်သူကိုဗဒင်ကဝန်ထမ်းဖြစ်ကာ သင့်တော်ရာအိမ်တစ်လုံးကိုငှားရမ်းနေထိုင်ခဲ့လေသည်။ထိုအိမ်ဟာ မြို့နှင့်ကပ်လျှက်မှတောင်ကုန်းလေးတစ်ခုပေါ်တွင်တည်ရှိကာ အလကားနီးနီးလောက်သာငှားရမ်းခပေးရလေသောကြောင့် ကိုဗဒင်တို့ငှားရမ်းခဲ့ခြင်းဖြစ်လေသည်။ ဝန်ထမ်းလစာက စားဖို့၊သောက်ဖို့၊ဝတ်ဖို့နဲ့အနိုင်နိုင်ပေမို့ ထိုအိမ်လေးကိုရွေးချယ်ကာ ငှားခဲ့ခြင်းရယ်ပါ။ မငှားခင်ကတည်းက ထိုအိမ်ဟာခြောက်လှန့်တတ်ကြောင်း၊ မကျွတ်လွတ်သည့်နာနာဘာဝတို့ရှိကြောင်းများကို ထိုအိမ်တာဝန်ခံကပြောပြထားပြီးဖြစ်လေသည်။ သို့သော်ကိုဗဒင်တို့အဖြစ်ဟာ ကိုယ့်ဝမ်းနာကိုယ်သာသိမို့ သရဲထက်၊အိမ်ငှားလခဈေးကြီးခြင်းကိုပိုမိုကြောက်ရွံ့သဖြင့် သရဲခြောက်ခြောက်၊ဘာခြောက်ခြောက်ဆိုပြီး အလကားနီးပါးဖြင့်နေခွင့်ရသည့် ထိုအိမ်မှာသာနေခဲ့ကြခြင်းဖြစ်လေသည်။ သူတို့ရောက်ပြီးပထမညမှာမထူးခြားပေမဲ့ ဒုတိယမြောက်ညမှာတော့ကိုဗဒင်တို့အား နာနာဘဝများကသွေးတိုးစမ်းလာခဲ့ချေပြီ။ ညသန်းခေါင်အချိန် အိပ်လို့ကောင်းနေစဉ်မှာပင် အိမ်အောက်ထပ်မှတံခါးအားတဒုန်းဒုန်းထုနက်နေသောအသံသဲ့သဲ့ကိုကြားနေရလေသည်။ အသံဟာမကျယ်သော်ငြားလည်း လူခြေတိတ်ချိန်မို့ ကိုဗဒင်တို့ဇနီးမောင်နှံနားအတွင်းသို့ တန်းခနဲရောက်လာခြင်းဖြစ်လေသည်။ ဇနီးဖြစ်သူခရေကကြောက်လန့်တကြားအော်ဟစ်သော် ကိုဗဒင်ကဇနီးဖြစ်သူကိုယ်ခန္ဓာအားသိုင်းဖက်ကာနှစ်သိပ်ပေးလိုက်လေသည်။
“က်ြီ……”
“ဟင်”
အောက်ကတံခါးဖွင့်သံကြားလိုက်ရလေသည်။ ခဏအကြာတွင်
“ရှပ် ရှပ် ရှပ်ရှပ် ရှပ်ရှပ်”
“ကိုယ် ကြားလား”
“ကြားတယ်ခရေ”
လှေခါးမှတက်လာသည့်ခြေသံကိုတရှပ်ရှပ်နှင့်ကြားနေရလေသည်။ ခြေသံဟာ ဖြေးဖြေးမှန်မှန်ပေါ်ထွက်နေလေသည်။ ခက်တာကမီးမလာသောကြောင့် ကိုဗဒင်ထကြည့်ဖို့ကလည်းအခက် အခုမှပြောင်းရွှေ့လာသည်မို့လက်နှိပ်ဓာတ်မီးလည်းဆောင်ထားခြင်းမရှိပေ။ အရင်ရောက်စညကတော့ မိုးလင်းသည်အထိမီးလုံးဝမပျက်၊ဒီညကြမှမီးကပျက်၊ မီးပျက်မှအခုလိုကြုံရသောအခါ ကိုဗဒင်တို့ဇနီးမောင်နှံ စိတ်ထဲကနေဘုရားစာရွတ်ကာအားတင်းပြီးကျိတ်မှိတ်နေရုံကလွဲလို့အခြားမရှိတော့ချေ။
“ရှပ် ရှပ်ရှပ် ရှပ် ရှပ်ရှပ် ရှပ်”
ခြေသံကတစ်စ တစ်စအပေါ်ထပ်တံခါးနှင့်နီးကပ်လာခဲ့လေသည်။ တံခါးအနီးသို့ရောက်သော်
“ရှစ် ရှစ်ရှစ် ရှစ် ဂျစ်ဂျစ် ဂျစ်”
တံခါးအား လက်သည်းနှင့်သို့မဟုတ် တစ်စုံတစ်ရာနှင့်ခြစ်နေသကဲ့သို့တဂျစ်ဂျစ် တရှစ်ရှစ်နဲ့တိုးညှင်းသောအသံလေးများအားကြားနေရလေသည်။ ကိုဗဒင်တို့လည်း မိမိတို့အားဘယ်လိုမှအန္တရာယ်ပေးခြင်းမျိုးမဟုတ်သောကြောင့် ဒီအတိုင်းအသံတိတ်ဖြင့် ကျိတ်မှိတ်သီးခံကာနေနေခဲ့လေသည်။ နောက်ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်မျှကြာလေမှ
“ရှပ် ရှပ်ရှပ် ရှပ် ရှပ်ရှပ် ရှပ်”
အောက်သို့ပြန်ဆင်းသွားသည့်ခြေသံကို ကြားနေရလေသည်။ ခြေသံဟာတဖြေးဖြေးအောက်သို့ရောက်သွားပြီး
“ကျွီ……ခလောက်”
အိမ်တံခါးဖွင့်သံနှင့်ပြန်ပိတ်လိုက်သောအသံတို့အားကြားလိုက်ရလေသည်။ ထိုသို့ဖြစ်ပြီးမှပုံမှန်အတိုင်းတိတ်ဆိတ်ငြိမ်သက်သွားရကာ မကြာခင်အချိန်မှာပင်
“တုံ တုံ တုံ တုံတုံ တုံတုံတုံ တုံတုံတုံတုံ”
“သြော် လေးနာရီအုန်းမောင်းတောင်ခေါက်နေပါရောလား ဟူး…………”
ကိုဗဒင်လေပူများကိုမသက်မသာပုံစံနှင့်မှုတ်ထုတ်ပြီး သက်ပြင်းမောကြီးအားချလိုက်မိလေသည်။ မကြာခင်မှာပင် သူတို့ဇနီးမောင်နှံပြန်လည်အိပ်ပျော်သွားလေတော့သည်။
**************
နောက်နေ့တွင်မြို့ထဲကလူအချို့ဆုံမိကြလေသော်
“အောင်သော်ရေ မြို့အစွန်ကအိမ်ကြီးမှာ အိမ်ငှားလူသစ်တွေရောက်လာပြန်ပြီ”
“ဟုတ်တယ်ထွန်းမောင် သူတို့လည်းအရင်လူတွေလိုပဲနေမှာပါ ခံလှတစ်ပတ်ပေါ့”
“အေးလေ သူတို့မို့သာပက်ဆံပေးငှားပြီးနေတာ ငါ့လိုကတော့ အဲ့ဒီအိမ်မှာသွားနေ နေစရိတ်၊စားစရိတ်ထောက်ပံ့မယ်ဘာမှမလုပ်ပဲနေဆိုတောင်မနေရဲပါဘူးကွာ”
“သြော် ထွန်းမောင်ရာ သူဟာကိုယ်မဟုတ်ဘူးလေကွာ နောက်ပြီးတော့အခုရောက်လာတဲ့သူကလည်းဝန်ထမ်းလို့ကြားတယ် နေစရာအခက်အခဲရှိလို့ဖြစ်မှာပေါ့”
“ဘာဖြစ်ဖြစ်ပေါ့ကွာ ကိုယ့်ကိုဒုက္ခပေးတဲ့နေရာမျိုးမှာ ငါ့လိုတော့မနေမှာအမှန်ပဲ”
ထိုသို့ပင် ထိုအိမ်ကြီးအကြောင်းအားစိတ်ဝင်တစားပြောဆိုနေကြလေသည်။ ဘယ်သူတွေဘာပြောပြော အိမ်ငှားတဲ့ကိုဗဒင်ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိ၊ကိုယ့်အခက်အခဲနှင့်ကိုယ်မို့ ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ထားလိုက်လေသည်။ ဒီနေ့တော့ ကိုဗဒင်တစ်ယောက်အလုပ်ကအပြန်မှာလိုအပ်သည်များကိုဝယ်ခြမ်းလာခဲ့လေသည်။ လက်နှိပ်ဓာတ်မီးတစ်လက်၊ လက်ဆွဲလျှပ်စစ်မီးအိမ်လေးတစ်လုံး။ ဒါတွေဆောင်ထားမှသာ ရုတ်တရာလျှပ်စစ်မီးပျက်လျှင် အရံသင့်ရှိမည်မဟုတ်လား။ ကိုဗဒင်ပြန်လာသည်နှင့် ဇနီးဖြစ်သူခရေကအိမ်ဝိုင်းပေါက်ကထွက်စောင့်နေကာ
“ကိုယ် ဘာတွေလည်းအထုပ်တွေကလည်းအများကြီး ပေးပေး ခရေယူခဲ့မယ်”
“ဘာတွေရမလဲမိန်းမရယ် မနေ့ညကလိုမီးပျက်ရငါ အခက်မကြုံရအောင်လို့ ဓာတ်မီး၊ မီးအိမ်နဲ့မိန်းမစားဖို့မုန့်ဗူးတွေပေါ့”
“ကောင်းတယ်ကိုယ် ဒါမှညမကြောက်ရမှာ မီးမရှိရင်ခရေအရမ်းကြောက်တယ်”
“အေးပါမိန်းမရာ စိတ်ချ နောက်ဆိုဘယ်တော့မှအမှောင်ထဲမနေရတော့ဘူး ဟုတ်ပြီလား”
“ဟုတ် ဟုတ်ကိုယ်”
ကိုဗဒင်တို့လင်မယား အထုပ်လေးတွေဆွဲကာအိမ်ထဲသို့ဝင်ခဲ့လေသည်။ သူတို့အိမ်အတွင်းဝင်သွားသည်ကို အိမ်ဝိုင်းအပြင်ဘက်သစ်တောအစပ် ကြီးမားသောသစ်ပင်ကြီးရဲ့နောက်ကွယ်ကနေ တိတ်တဆိတ်ချောင်းမြောင်းကြည့်ရှုနေသူကိုတော့ ကိုဗဒင်တို့လင်မယားနှစ်ယောက်လုံးဝ (လုံးဝ)မှမသိရှိခဲ့ပါချေ။ ကိုဗဒင်တို့အိမ်ထဲဝင်သွားသည်နှင့်ချောင်းကြည့်နေသူက အံကြိတ်လိုက်ရင်း
“တောက် မင်းတို့ကမီးတွေဘာတွေဝယ်လာပါပေါ့လား တွေ့ကြသေးတာပေါ့ကွာ မင်းတို့ကပဲနေနိုင်မလား ငါကပဲ ဟွန်း ဟွန်း ဟွန်း”
တစ်ယောက်တည်း အသံနက်ကြီးနှင့်တဟင်းဟင်း တဟွန်းဟွန်းပြုလုပ်နေသည်က မကောင်းဆိုးဝါးကြီးတစ်ကောင်ငြီးငြူနေဘိသကဲ့သို့ပင်ဖြစ်လေသည်။ ထိုသိုအြသံပြုပြီးသစ်ပင်နောက်သို့ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ည မီးမပျက်ပါ ကိုဗဒင်တို့လင်မယား စားသောက်ပြီးသော် မအိပ်စက်လိုသေးသောကြောင့် အိမ်အပေါ်ထပ်အလယ်ခေါင်မှဆက်တီခုံတွင်ထိုင်ကာ ထွေရာလေးပါးစကားတို့ပြောနေမိလေသည်။ ထိုသို့ပြောနေစဉ် သာယာနေသောကောင်းကင်ပြင်ဟာ မည်းသားတိမ်လိပ်တို့တက်လာပြီး ချက်ချင်းပင်မိုးရော လေရော ရွာသွန်းတိုက်ခတ်လာလေတော့သည်။
“ဝေါ ဝေါ ဝေါ ဝုန်း ဝုန်း”
“ဖျန်း ဖျန်း ကျွီ ကျလိ ကျီ ကျီ”
“ဂျွမ်း ဂျောင်း ဂျိုင်း ဂျိုင်း ဂျောင်း”
“ကိုယ်ရယ် မိုးသံလေသံတွေနဲ့ခရေကြောက်လိုက်တာလွန်ပါရော”
“မိန်းမရယ် မိုးရွာလေတိုက်လို့အသံထွက်တာသဘာဝပါ ဒါကြောက်စရာမဟုတ်ပါဘူး”
“သဘာဝတော့ သဘာဝပေါ့ကိုယ် ဒါပေမဲ့ခရေကမိန်းမသားလေ ကြောက်တာပေါ့လို့”
“ကဲ လာ လာ ရှေ့တိုး ကြောက်ရင်ယောကျာ်းရင်ခွင်ထဲဝင်အိပ် ယောကျာ်းဖတ်ထားပေးမယ်ဟုတ်ပြီလား”
“ဟုတ် ဟုတ်ကိုယ်”
အိမ်အနီးမှာကပ်လျှက်ပေါက်နေသောသစ်ပင်မှ သစ်ကိုင်းတို့ဟာ လေကြမ်းတိုက်ခတ်မှုကြောင့် ဟိုဒီရွေ့လျားကာ အိမ်အမိုးသွပ်တို့ဖြင့်ထိခိုက်မိကာ တဂျူံးဂျုံးတဂျောင်းဂျောင်းအသံတို့က အသည်းငယ်သူတို့အတွက်သွေးပျက်ဖွယ်အတိပင်ဖြစ်လေသည်။ ထို့အတွက်ကြောင့်မိန်းမသားဖြစ်သူခရေမှာ ကြောက်လန့်နေသည်ကိုအပြစ်မဆိုသာပါချေ။ ကိုဗဒင်ကယောကျာ်းကောင်းတစ်ယောက်ပီပီ ကြောက်ရွံ့နေသောဇနီးဖြစ်သူအားနှိပ်သိပ်သည့်အနေဖြင့်ရင်ခွင်ထဲမှာသွတ်သွင်း၍ပွေ့ပိုက်ထားလိုက်လေသည်။
“ဝုန်း”
“ဒိန်း ဒိန်း ဒိုင်း”
“ဟင်”
မကြောက်ရွံ့တတ်သောကိုဗဒင် ရင်ထဲမှာထိတ်ခနဲဖြစ်သွားမိလေသည်။ အကြောင်းမှာ လျှပ်စီးလက်လိုက်သည့်အချိန်တွင် ကိုဗဒင်နေသောအိမ်ဟာပြတင်းတံခါးရွက်က မှန်တံခါးရွက်များပေမို့ တံခါးအပြင်ဘက်ကအရိပ်တစ်ခုကို မြင်လိုက်ခြင်းဖြစ်လေသည်။ ကိုဗဒင်အကြည့်မှားလေသလားလို့ အသေအခြာလိုက်ကြည့်မိလိုက်လေသည်။ လိုက်ကြည့်ခြင်းဆိုသည်မှာ အိပ်ယာထဲကနေလှမ်းကြည့်ခြင်းဖြစ်ပေသည်။ လျှပ်စီးရောင်အောက်တွင်ထင်ထင်ရှားရှားမြင်လိုက်ရသည်ကတော့ အိမ်ရဲ့အပြင်ဘက်ကနေ လူရိပ်သဏ္ဍာန်တစ်ခုသည်လျင်မြန်စွာရွေ့လျားသွားသည်ကိုမြင်လိုက်ရခြင်းဖြစ်လေသည်။ ထို့ကြောင့် ကိုဗဒင်ရုတ်တရက်အိပ်ယာထဲကနေဆတ်ခနဲကုန်းထမလိုဖြစ်သွားရာ
“ကိုယ် ဘာဖြစ်လို့လဲဟင်”
“သြော် ဘာမှမဟုတ်ပါဘူး မိန်းမကျောဘက်စောင်လုံရဲ့လားလှမ်းကြည့်တာပါ”
“လုံပါတယ်ကိုယ်ရဲ့ ဖက်ထားနော် ကိုယ်ဖက်ထားရင်ခရေမကြောက်တော့ဘူး ”
“သြော် အင်း အင်းပါ မိန်းမရယ် ယောကျာ်းဖက်ထားပေးမယ်နော်”
ကိုဗဒင် စိတ်ထဲကအမြန်ထပြေးလိုက်ကြည့်ချင်သော်ငြားလည်း မိန်းမဖြစ်သူကြောက်ရွံ့နေမှာစိုးသည့်အတွက် ထိုသို့မုသားသုံးကာဆက်လက်၍အိပ်ယာထဲမှာပင်ဇနီးဖြစ်သူအားဖက်ကာအိပ်စက်နေခဲ့လေသည်။ လူကသာအိပ်နေသော်လည်း စိတ်ကတော့အစောကမြင်လိုက်သောအရိပ်နောက်သို့ပါသွားခဲ့လေသည်။ ထိုအရိပ်ဟာမည်သို့သောပုဂ္ဂိုလ်ဖြစ်နိုင်လေသနည်း။ ခြေနင်းစရာတစ်စုံတစ်ရာမရှိသောလေဟာပြင်ထဲမှာ မည်သို့လျှောက်သွားလေသနည်း။ သူမြင်လိုက်ရသည်ကအသေအချာပါ။ ဒါဆိုလျှင် သူမြင်လိုက်ရသည်ဟာ နာနာဘာဝပင်ဖြစ်နေလေသည်လော။ ကိုဗဒင်စိတ်ထဲမှာမဟေဠိပေါင်းများစွာကျန်ရစ်ခဲ့လေသည်။ ထိုသို့ဖြင့် အချိန်ကြာလာသောအခါ မိုးလေငြိမ်သက်သွားခဲ့သလို ဇနီးဖြစ်သူလည်းအိပ်ပျော်သွားခဲ့ပေမည်မို့ ကိုဗဒင်အိပ်ယာထက်ကထကာ ပြတင်းတံခါးဆီသို့လျှောက်လာခဲ့လေသည်။ ကံအားလျှော်စွာ လျှပ်စစ်မီးကလည်းလာနေလေသည်။ ကိုဗဒင်ပြတင်းတံခါးဂျပ်ဖြုတ်ကာ အပေါက်ဖွင့်ပြီးအပြင်ဘက်ခေါင်းပြူကာ ဝဲယာသို့ဟိုဟိုသည်သည်ကြည့်လိုက်မိလေသည်။သူကြည့်သော်လည်းဘာကိုမျှသဲကွဲစွာမမြင်ရလေပဲ အမှောင်ထုကိုသာမြင်တွေ့နေရလေသည်။ ကိုဗဒင်ကသာအမှောင်ထုကိုမြင်တွေ့နေရပေမဲ့ မြေပြင်အမှောင်ထုအတွင်းကနေ ကိုဗဒင်ကိုစူးစိုက်ကြည့်နေသည့်အရိပ်သဏ္ဍာန်ကိုတော့ကိုဗဒင်တစ်ယောက်လုံးဝမသိခဲ့ပါချေ။ အမှောင်အတွင်းမှအရိပ်က ကိုဗဒင်ကိုလှမ်းကြည့်နေပြီး ကိုဗဒင်တစ်ယောက် မဟေဠိဆန်စွာဟိုဟိုသည်သည်ကြည့်နေသည်ကိုမြင်လိုက်ရသည့်အတွက်ကျေနပ်သွားမိလေသည်။ သူ သေချာပေါက် ကိုဗဒင်ကိုစိတ်အနှောက်အယှက်ပေးနိုင်ပြီမဟုတ်လား။ ထို့ကြောင့် ကျေနပ်စွာဖြင့်
“ဟီး ဟီး ဟင်း ဟင်း ဟင်း”
“ဟင်”
ထိုသူကခြောက်ကပ်ကပ်အသံကြီးဖြင့်ကျေနပ်စွာရယ်မောလိုက်သောအသံကိုကိုဗဒင်ပင်ကြားလိုက်ရကာ မကြောက်ရွံ့သော်ငြားလည်းထင်မှတ်မထားသောကြောင့် ရင်ထဲမှာထိတ်ခနဲဖြစ်သွားမိလေသည်။ နောက်ဆုံးတော့ ဘာကိုမှမမြင်ရအတူတူ ကိုဗဒင်တစ်ယောက်အိပ်ယာထဲသို့ဝင်ကာ အားလုံးကိုလျော့ချကာအိပ်ပစ်လိုက်လေတော့သည်။
************
“ဒိုင်း ဒိုင်း ”
“တစ်ယောက်မှခေါင်းထောင်မကြည့်နဲ့ ခေါင်းထောင်သူနဲ့ပြန်ခုခံသူအားလုံး တစ်ခါတည်းအပြတ်ရှင်းပစ်”
“ဟုတ်ဆရာကြီး”
(——–)မြို့အစွန် သူဌေးကြီးဦးရွှေသီး၏တိုက်အိမ်ကြီးအတွင်းသို့ အလုကြမ်းသမားခေါ်ဒုစရိုက်သမားတို့ဝင်ရောက်စီးနင်းလိုက်ခြင်းဖြစ်လေသည်။ အိမ်သားတို့မှာရုတ်တရက်အငိုက်မိသွားသောကြောင့် ဒုစရိုက်သမားတို့၏သေနတ်ပြောင်းအောက်မှာပြားပြားမှောက်နေကြရလေတော့သည်။ အိမ်သားတို့ပြားပြားမှောက်သော်ငြားလည်း ပြားပြားမမှောက်သည်ကတော် တာဝန်ရှိပြည်သူ့ရဲသားများပင်ဖြစ်လေသည်။
“ဟေ့ မင်းတို့အားလုံးကို တို့တာဝန်ရှိရဲတွေဝိုင်းထားပြီ လက်နက်ချပြီးအေးဆေးအဖမ်းခံပါ”
“ဟာ ရဲ ရဲတွေ ရဲတွေရောက်လာပြီ”
“ဘယ်လိုလုပ်ကြမလဲဆရာ”
“ဟ ဘယ်လိုလုပ်ရမလဲ မင်းတို့လက်ထဲမှာသေနတ်တွေရှိနေတာဘာလုပ်ဖို့လဲပြန်ပစ်ပေါ့”
ခေါင်းဆောင်လုပ်သူက သူ့နောက်လိုက်များကိုထိုသို့ပြန်ပြောပြီးအပြင်ဘက်မှ
“ဟေ့ ငါတို့ဝင်လာပြီ အားလုံးလက်နက်ချအေးဆေးအဖမ်းခံပါ”
ရဲသားတို့ကအထက်ပါအတိုင်း အသံပြုပြီးဝင်လာခဲ့ကြရာ
“ဟေ့ ကောင်တွေဘာလုပ်နေတာလဲ ပစ်လေကွာ ပစ် ပစ် ”
“ဒိုင်း ဒိုင်း ဒိုင်း”
“ဒက် ဒက် ဒက် ဒက်”
သေနတ်သံတို့ဆူညံကုန်လေတော့သည်။ ဒုစရိုက်သမားတို့ကလည်းအညံ့မခံ အပြန်အလှန်ပစ်ခတ်ကြလေတော့သည်။ တာဝန်ရှိပြည်သူ့ဘက်တော်သားနှင့်ဒုစရိုက်သမားတို့ယှဉ်လိုက်မည်ဆိုလျှင် အမှောင်နဲ့အလင်းအားချင်းယှဉ်လိုက်သောအခါမှာ အမှောင်ခိုခွင်းအလင်းရောက်စမြဲပေမို့
“ဒိုင်း ဒိုင်း”
“ဒက် ဒက် ဒက်”
“အား”
“အီး”
ဒုစရိုက်သမားတို့အတုံးအရှုံးလဲကျကုန်လေသည်။ ပြည်သူ့ရဲတွေ အိမ်အတွင်းသို့စီးမိလေသော် ဒုစရိုက်အဖွဲ့ခေါင်းဆောင်ဟာ မယုံကြည်နိုင်လောက်သောလျင်မြန်ခြင်းမျိုးဖြင့် ကိုယ်လွတ်ရုန်းကာထွက်ပြေးလေတော့သည်။
“ဟိုမှာ ဟိုမှာပြေးသွားတယ်လိုက် လိုက်”
“ဟေ့ မပြေးနဲ့ရပ် ရပ် ”
“မရပ်ရင်ပစ်မှာနော်”
ပြည်သူ့ရဲတို့အထက်ပါအတိုင်းအော်ဟစ်အမိန့်ပေးနေပါသော်ငြားလည်း ဒုစရိုက်ခေါင်းဆောင်ဟာ လုံးဝရပ်တန့်ခြင်းမရှိသလို နောက်ကိုတစ်ချက်လေးမှလှည့်မကြည့်ပဲ ရှေ့သို့သာအာရုံစိုက်ပြေးလွှားသွားလေသည်။ ထိုအခါ
“ဆရာနောက်ထိန်။ ဆရာနှင်းမောင်နဲ့ဆရာမင်းခေါင်တို့ သူ့နောက်ကိုလိုက်ပါ’
“ဟုတ်ဆရာ”
တာဝန်ရှိရဲသားသုံးယောက်က လင်းအားကောင်းလှသော ခေါင်းစွပ်ဓာတ်မီးအလင်းရောင်အကူအညီဖြင့်ဒုစရိုက်ခေါင်းဆောင်နောက်သို့ထပ်ချပ်မခွာလိုက်ပါလာခဲ့လေသည်။
“ဟေ့ ရပ် ရပ် မရပ်ရင်ပစ်လိုက်မှာ”
သူတို့ထိုသို့အော်ဟစ်အမိန့်ပေးလိုက်စဉ် ဒုစရိုက်ခေါင်းဆောင်ဟာ ကြောင်တစ်ကောင်ရဲ့ပေါ့ပါးခြင်းဖြင့်ဖြတ်ခနဲခုန်ကာ လူကြီးလက်ခုပ်တစ်ဘောင်ခန့်အမြင့်ရှိသောအုတ်တံတိုင်းပေါ်သို့လွှားခနဲခုန်တက်လိုပ်လေသည်။
“ဟေ့ ရပ်”
“မရပ်ရင်ပစ်ကွာ ကဲ ဒိုင်း ဒိုင်း”
“ဒိုင်း ဒိုင်း ဖောက်”
“အား—”
“ဟာ ထိသွားပြီ လိုက် လိုက် ဒီကောင်လွတ်အောင်မပြေးနိုင်တော့ပါဘူး”
ဒုစရိုက်သမားခေါင်းဆောင် အုတ်တံတိုင်းအထက်သို့ခုန်တက်လိုက်စဉ် နောက်ကပစ်လိုက်သောသေနတ်ကျည်က သူ့ပေါင်ကိုဖောက်ထွင်းဝင်ရောက်သွားလေသည်။ အုတ်တံတိုင်းတစ်ဘက်သို့ခုန်ချကာဆက်လက်ပြေးလွှားသွားလေသည်။ ပြည်သူ့ရဲတို့လည်းအုတ်တံတိုင်းကိုကျော်ဖြတ်ကာ ထိုသူ့နောက်သို့ထပ်ချပ်မခွါပြေးလွှားလိုက်ပါသွားလေတော့သည်။ ဒုစရိုက်သမား၏ခြေဦးတည့်ရာကတော့
“ဟာ ဒီကောင် သရဲခြောက်တဲ့အိမ်ကြီးဘက်ကိုပြေးသွားနေတာပါလား”
“ဟုတ်တယ်ဟေ့ ဒီကောင်မလွတ်တော့လို့ပြေးမိပြေးရာကိုပြေးနေတာဖြစ်နိုင်တယ် လိုက် လိုက်မလွတ်စေနဲ့”
ပြည်သူ့ရဲတို့လည်း သူပြေးရာသို့တန်းလိုက်ခဲ့လေတော့သည်။ ပြေးရင်းမှလမ်းတလျှောက်တွင် သွေးများမပြတ်တမ်းကျနေသည်ကိုခေါင်းစွပ်မီး မီးအလင်းရောင်ဖြင့်ကောင်းစွာမြင်တွေ့နေရလေသည်။ ပြည်သူ့ရဲတို့သရဲခြောက်သောအိမ်ကြီးအနီးသို့ရောက်လေသော် ရှေ့ကပြေးလွှားသွားသည့်သူကိုမျက်ခြေပြတ်သွားရလေတော့သည်။
“တောက် ဒီနားလေးတင်ပျောက်သွားတယ်ကွာ ဘယ်ရောက်သွားပါလိမ့်”
“ဟာ ဒီ ဒီမှာသွေးစက်တွေကွ”
“အေး ဟုတ်ပါ့ ကြည့်စမ်း ကြည့်စမ်း ဒီနေရာမှအတော်များတယ်ကွ သူဒီနေရာမှာခဏရပ်နေလို့ဖြစ်လိမ့်မယ်”
တာဝန်ရှိပြည်သူ့ရဲတို့ဟာ ကိုဗဒင်ငှားရမ်းနေထိုင်သည့် သရဲခြောက်သောအိမ်ကြီးရဲ့ဝန်းတံခါးရှေ့မှာလူးလာခေါက်ပြန်လျှောက်နေကြပြီးလျှင်
“သူ ဒီအိမ်ကြီးထဲဝင်သွားတာဖြစ်နိုင်လောက်တယ်ကွ”
“ဟ ထွန်းတောက်ရ ဒီအိမ်ကသရဲခြောက်တာနာမ်မည်ကြီးပဲဥစ္စာ သူဝင်သွားတာဖြစ်နိုင်ပါ့မလား”
‘နှင်းမောင်ရာ ကြံကြံဖန်ဖန်ပြောရောမယ် ဒုစရိုက်သမားက သရဲကြောက်ပါ့မလားဟ”
“ဒါဆို ဒီလိုလုပ်ကွာ ငါတို့ဝင်ရှာကြမယ်”
“အေး အဲ့ဒါကောင်းတယ် လာ လာကျော်တက်ကြမယ်”
ပြည်သူ့ရဲတို့လည်းဝန်းတံခါးကိုကျော်ခွဝင်ကာ သူရဲခြောက်သောအိမ်ကြီးအတွင်းသို့ဝင်လာခဲ့ကြလေသည်။ အိမ်ဝန်းထဲသို့ရောက်သော် သွေးစ၊သွေးနများကိုလိုက်ကြည့်ရင်းဖြင့်အိမ်တံခါးမကြီးအနီးသို့သူတို့ရောက်လာခဲ့ကြလေသည်။သွေးစ၊သွေးနတို့အဆက်ပြတ်သွားရသည့်အတွက် သုံးယောက်သားတံခါးမကြီးရှေ့မှာရပ်တန့်ကာစဉ်းစားလိုက်လေသည်။ ရဲသားတစ်ယောက်ကအကြံရပြီးတံခါးကိုခေါက်ကြည့်ရန်လက်ရွယ်လိုက်လေသည်။ ထို့စဉ်မှာပင်
“Oုန်း”
“ဟိုင်း ယား……”
တံခါးကြီးကရုတ်တရက်………?
ဇာတ်သိမ်းပိုင်းဆက်လက်၍ဖတ်ရှုအားပေးကြပါဦးခင်မျာ~~~
စာရှုသူချစ်မိတ်ဆွေအပေါင်းအား အစဉ်ထါဝရချစ်ခင်လေးစားရပါတဲ့~~~
#စိုင်းဇာနည် {idea sai}
စာရှုသူချစ်မိတ်ဆွေများသို့ပန်ကြားလွှာ—>
ကျနော်စိုင်းဇာနည်ဟာ စာရေးဆရာတစ်ယောက်မဟုတ်ပါ ဝါသနာအလွန်အမင်းပါသောကြောင့်သာ တိုင်းတစ်ပါးမှာအလုပ်လုပ်ရင်း ညအချိန်မအိပ်မနေကြိုးစားရေးသားနေခြင်းဖြစ်ပါသည်။ ဒါ့ကြောင့်ဖတ်ရှု၍အဆင်မပြေခဲ့သည်ရှိသော် စိတ်မဆိုးကြပါနဲ့လို့၊ အမြင်မတော်သည်များကိုအားမနာတမ်းဝေဖန်ပေးစေလိုပါတယ်။ ထိုသို့ဝေဖန်သည်ကိုကျနော်စိတ်မဆိုးတတ်ပါဘူး စာရှုသူတို့ကလိုအပ်သည်များကိုဝေဖန်ပေးမှသာလျှင် ကျနော်ကအမှားများ၊လိုအပ်ချက်များကိုမြင်သိရပြီး ပြင်သင့်တာကိုပြင်လို့ ဖြည့်သင့်သည်တို့ကိုဖြည့်စွက်ရေးသားနိုင်မည်ဖြစ်ပါသည်။အခုလိုအဆုံးထိဖတ်ပေးသည့်အတွက်အထူးကျေးဇူးတင်ရှိပါသည်ခင်မျာ။
#စိုင်းဇာနည် Tue
2019/5/21-4:47Am Malaysia
#အစေခံဝိညာဉ်နှင့်ဒုစရိုက်သားကောင်#
**********************
(ပရ+ထောက်လှမ်းရေးပေါင်းစပ်မှု-ဇာတ်သိမ်း)
တစ်ကိုယ်တော်ထောက်လှမ်းရေးသမားဂျွန်ဒီပတစ်ယောက် ညဉ့်နက်သန်းခေါင်ယံအချိန်ထိကိစ္စတစ်ခုအားနက်နက်နဲနဲသူတွေးတောစဉ်းစားနေလေသည်။သူစဉ်းစားနေသည့်အကြောင်းက မြို့အစွန်ရှိ သူဌေးကြီးဦးရွှေသီးရဲ့အိမ်သို့အလုကြမ်းစီးခံရသောအကြောင်းဖြစ်လေသည်။ ဦးရွှေသီးအိမ်သို့ အလုကြမ်းစီးခံရလိမ့်မည်ဟု အစိုးရအဖွဲ့ကသတင်းသဲ့သဲ့မျှရထားသော်လည်း ဘယ်နေ့၊ဘယ်ရက်အတိအကျမသိရ၍ အခုကဲ့သို့ ဒုစရိုက်သမားများကအောင်မြင်စွာအကောင်အထည်ဖော်လိုက်နိုင်ခြင်းဖြစ်လေသည်။
ဒုစရိုက်သမားတို့အောင်မြင်စွာအကောင်ထည်ဖော်နိုင်သော်ငြားလည်း ပြည်သူ့တပ်ဖွဲ့များလက်မတင်လေးရောက်လာခဲ့သည့်အတွက် သူတို့လူစုကျရှုံးခဲ့ရလေသည်။ ကျရှုံးခဲ့ပေမဲ့ ဒုစရိုက်ခေါင်းဆောင်ကိုတော့လက်ရဖမ်းဆီးမိခဲ့ခြင်းမရှိပေ။ ဖမ်းဆီးရမိသည့်ဒုစရိုက်သမားများဟာလည်း ပြည်သူ့တပ်ဖွဲ့ဝင်များအား ခုခံပစ်ခတ်သောကြောင့် တစ်ယောက်မှအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိလေပဲ သက်မဲ့ကိုယ်ခန္ဓာတို့ကိုသာဖမ်းဆီးရခဲ့မိလေသည်။
အဲ့ဒီမှာတင် သူတို့အဖွဲ့အားအမြစ်ပါမကျန်ဖြိုခွင်းဖို့အရေးမှာ ခြေရာပျောက်သွားရလေသည်။ ခြေရာပျောက်သွားပေမဲ့ ဒုစရိုက်သမားခေါင်းဆောင်ဟာ မြို့အပြင်ရှိတောင်ကုန်းလေးထက်က သရဲခြောက်သောအိမ်ကြီးအတွင်းမှာခြေရာပျောက်သွားရသည်ဟု ဂျွန်ဒီပသိခဲ့ရလေသည်။ ဒါဆိုရင် ထိုဒုစရိုက်အဖွဲ့နှင့်သရဲခြောက်သောအိမ်ကြီးဟာတစ်နည်းမဟုတ် တစ်နည်းကတော့ပါတ်သက်ယှက်နွှယ်နေမည်ကဧကန်ဖြစ်လေသည်။
အခုဂျွန်ဒီပက ထိုအကြောင်းအားအလေးအနက်စဉ်းစားနေခြင်းဖြစ်လေသည်။ ထိုအိမ်ကြီးဟာသရဲအလွန်ခြောက်သောကြောင့်မည်သည့်အိမ်ငှားမှကြာကြာမနေနိုင်/မနေရဲခဲ့ပေ။ အခုလက်ရှိမှာတော့ ဝန်ထမ်းလင်မယားနှစ်ယောက်ငှားရမ်းနေထိုင်ကြောင်းဂျွန်ဒီပသိထားခဲ့လေသည်။ဂျွန်ဒီပစာရေးစားပွဲတွင်ထိုင်စဉ်းစားနေရင်းမှထရပ်လိုက်လေသည်။ ပြီးလျှင်လိုအပ်သည်တို့ကိုကိုယ်ခန္ဓာမှာချိတ်ဆွဲလိုက်ပြီး အခန်းထဲကထွက်လာခဲ့လေသည်။ သူ့ရဲ့ဦးတည်ရာကတော့မြို့အပြင်ဘက်တောင်ကုန်းလေးပေါ်ရှိသရဲခြောက်သောအိမ်ကြီးဆီသို့ဖြစ်လေသည်။
*************
အမှောင်ထုအောက် သစ်ပင်ကြီးရဲ့နောက်ကွယ်ကနေ လူတစ်ယောက်ဟာကိုဗေဒါတို့အိမ်ထဲသို့စစူးစူးစိုက်စိုက်ကြည့်နေလေသည်။ သူ စိတ်ကျေနပ်လောက်အောင်ကြည့်လိုက်ပြီးလျှင် နောက်သို့ပြန်လှည့်လိုက်လေသည်။
“အ့ ကျွတ် ကျွတ်”
အမှတ်မထင်ခြေလှမ်းခပ်ကြမ်းကြမ်းလှမ်းလိုက်မိအတွက် ပေါင်မှဒါဏ်ရာကစူးခနဲနာကျင်လာခဲ့သောကြောင့်ဖြစ်လေသည်။ သူ ထိုသို့နာကျင်လေ သူ့အပိုင်သဖွယ်အချိန်ကြာကြာကြီးစိုးထားခဲ့သည့်အိမ်ကြီးသို့လာရောက်နေထိုင်သည့်လူကိုဒေါသထွက်မိလေသည်။ ထိုသူက ဒီအိမ်ကြီးမှာလာရောက်နေထိုင်သည့်အတွက် သူ့ရဲ့လှုပ်ရှားမှုတွေအရင်ကလောက်လွတ်လွတ်လပ်လပ်လုပ်ခွင့်မရတော့ပေ။လွတ်လပ်စွာလှုပ်ရှားမရသောကြောင့်သာ သူတို့လှုပ်ရှားမှုအား အစိုးရဘက်မှခြေရာခံ၍ရခဲ့ခြင်းဟုလည်း သူကမှတ်ယူထားခဲ့လေသည်။ ထို့ကြောင့် အခုညဉ့်နက်အချိန်တွင်သူစေခိုင်းနေသောအကောင်ကိုအသေချာမှာကြားနေလေတော့သည်။
“ဟေ့ကောင် သူ့ကိုဒီအိမ်မှာမနေနိုင်အောင်၊ထွက်ခွါသွားအောင် မင်းရဲ့အစွမ်းနဲ့နှင်လွှတ်စမ်းပါ”
“———”
“ဘာ ဘာပြောတယ် သူကမကြောက်တတ်ဘူးဟုတ်လား မကြောက်တတ်ရင်ဂုတ်ချိုးသတ်ကွာ အေး တကယ်လို့မှသူ့ကိုရအောင်မင်းမနှင်နိုင်ခဲ့ရင် ငါထောင်ကျလိမ့်မယ် ငါထောင်ကျပြီဆိုတာနဲ့မင်းကိုလည်းငါမကြည့်ရှု၊မကျွေးမွေးနိုင်တော့တဲ့အတွက် မင်းဟာငါ့ရဲ့အချုပ်သားဝိညာဉ်အဖြစ်နဲ့ပဲငတ်ငတ်ပြတ်ပြတ်နေသွားရမယ်ဆိုတာမင်းခေါင်းထဲမြဲမြဲမှတ်ထားလိုက် ကြားလား”
“———-”
“အေးလေ မင်းကြိုးစားကြည့်ပေါ့ ရမယ်ထင်တာပဲ အရင်လာနေတဲ့သူတွေတောင် မင်းလက်ချက်နဲ့အကုန်ပြေးခဲ့ရတာမဟုတ်လား”
“——————-”
“အေး တကယ်လို့နောက်တစ်လလောက်အထိမှသူ ဒီအိမ်ကထွက်မသွားသေးဘူးဆိုရင် ငါလည်းထောင်ထဲရောက်လောက်ပြီ ငါထောင်ထဲရောက်တာနဲ့မင်းကိုကျွေးမွေးသူမရှိတော့ဘူး၊ ဒီလိုဆိုရင်မင်းဆရာဗျဂ္ဃဆိုတာလည်းမရှိတော့ဘူးပေါ့ကွာ”
ထိုသို့ပြောနေသူကတော့ ပေါင်မှာသေနတ်ထိထားသည့်ဒုစရိုက်ခေါင်းဆောင်ပင်ဖြစ်လေသည်။ သူ့ပြောစကားအရ သူ့အမည်ဟာဗျဂ္ဃဆိုတာထင်ရှားနေလေသည်။ နောက်ပြီးတော့ သူစကားပြောနေပေမဲ့တစ်ဘက်လူကိုမမြင်ရပါ သူဟာသူ့ရှေ့သစ်ပင်ခြေသို့စူးစိုက်ကြည့်ကာပြောနေခြင်းကြောင့် တစ်စုံတစ်ဦးရှိမှာကတော့အသေချာပါ။ အချိန်ကညဉ့်နက်သန်းခေါင်ကျော်နေပေမဲ့ သူဟာလူသူများနှင့်ဝေးသည့်မြို့အပြင်ဘက်ရှိတောအုပ်ထဲမှာမို့လက်ဆွဲမီးအိမ်လေးအား သူ့အနီးတွင်ထွန်းညှိချထားသောကြောင့်သူ့ကိုမြင်တွေ့ရခြင်းဖြစ်လေသည်။
မည်မျှအထိသတိရှိသူပင်ဖြစ်လင့်ကစား တစ်ခါ တစ်ရံမှာတော့သတိလစ်တတ်လေသည်။ အခုလည်း ဟိုနေ့ကမှပြည်သူ့ရဲများသူ့နောက်ကနေဒီအထိလိုက်လာခဲ့သည်ကိုသတိမေ့ကာ မီးအိမ်ထွန်းညှိထားခဲ့ခြင်းဖြစ်လေသည်။ ထိုမီးအလင်းရောင်ကြောင့်ပင် သူ့ရဲ့အနာဂတ်ဟာအမှောင်ကျဖို့လမ်းစဖြစ်ခဲ့ရလေသည်။
“ကဲ ဒါဆိုမင်းသွားတော့ ဒီနေ့ညတော့မနက်လင်းတော့မယ် နောက်နေ့ညတွေ ကြိုးစားကြည့်ကွာ ရော့ ရော့ မင်းအတွက်အစာ”
ထိုဗျဂ္ဃဆိုသူက စကားဆုံးသည်နှင့်သူ့အနီးမှာချထားသည့် အင်ဖက်နှင့်ထုပ်ထားသောအထုပ်တစ်ခုအားသူ့ရှေ့သို့လှမ်းပေးလိုက်လေသည်။ ထိုအခါ ဒြပ်ထည်မမြင်ရသောတစ်စုံတစ်ယောက်ကထိုအထုပ်အားဆွဲယူလိုက်သည့်အသွင်ဖြင့်လေထဲမှာပါသွားခဲ့လေသည်။ ထို့စဉ်သူကလက်ဆွဲမီးအိမ်မီးလေးအားငြှိမ်းသတ်လိုက်လေတော့သည်။ထိုသူဟာ သစ်ပင်အခြေကနေဘယ်ကိုထွက်ခွါသွားလေသည်မသိ။သစ်ပင်အောက်မှာငြိမ်သက်တိတ်ဆိတ်သွားရသလို တောအုပ်ထဲမှာလည်းပကတိပြန်လည်ငြိမ်သက်သွားလေတော့သည်။ ထို့နောက်နာရီဝက်လောက်အကြာမှာတော့ ထိုသစ်ပင်ရဲ့အနီးအခြားသစ်ပင်ရဲ့နောက်ကွယ်မှလူတစ်ယောက်ထွက်လာခဲ့ပြီး မြို့ဘက်သို့တိတ်တဆိတ်ထွက်ခွါသွားလေတော့သည်။ ထိုသူဟာ ဟိုး……စောစောပိုင်း ဗျဂ္ဃတစ်ယောက်အိမ်ထဲသို့ချောင်းမြောင်းကြည့်နေစဉ်ကတည်းကသစ်ပင်နောက်ကွယ်မှာရောက်နေခြင်းဖြစ်လေသည်။ သို့သော်လည်း သူ့အလုပ်ဟာကာယကံရှင်မသိမှဖြစ်မည်မို့တိတ်တဆိတ်ချောင်းမြောင်းနေခဲ့ခြင်းဖြစ်လေသည်။ အခုတော့ သစ်ပင်ခြေကဗျဂ္ဃလည်းကွယ်ပျောက်သွားတာအချိန်အတော်ကြာပြီမို့ ပါတ်ဝန်းကျင်စိတ်ချရသောအနေအထားဖြစ်ခဲ့ပြီမို့ပုန်းကွယ်နေရာကတိတ်တဆိတ်ထွက်ခွါလာခဲ့ခြင်းဖြစ်လေသည်။
************
“တောက် တွေ့ကြသေးတာပေါ့ကွာ ဗဒင်ကိုလာစမ်းလို့ကတော့ မင်းတို့ဝိညာဉ်ဘဝကနေ တခြားပြောင်းရဖို့သာပြင်ထားကြပေတော့”
ကိုဗဒင်ဒေါသအလွန်ထွက်နေလေသည်။ ဒီကနေ့သူအလုပ်ကပြန်လာ၍အိမ်သို့ရောက်သောအခါ ဇနီးဖြစ်သူခရေမှာမူမမှန်တော့ချေ။ ထို့ကြောင့်အိမ်ဝန်းတံခါးတို့ကိုသော့ခတ်ပိတ်ခဲ့ကာမြို့ထဲသို့အလျင်အမြန်ပြန်လာပြီး သူ့ရဲ့အသိမိတ်ဆွေလူရွယ်စိုင်းဇာနည်ကိုအကျိုးအကြောင်းပြောပြကာ စိုင်းဇာနည်ရဲ့အဘိုးဘိုးထွန်းရင်ဆီမှာအကူအညီတောင်းခံခဲ့လေသည်။
စိုင်းဇာနည်ဟာရှမ်းစပ်တစ်ယောက်ဖြစ်ပြီး ဆရာကြီးဘိုးထွန်းရင်ရဲ့မြေးဖြစ်လေသည်။ဆရာကြီးဘိုးထွန်းရင်ဟာသူတတ်အပ်ထားသည့်ပညာဖြင့် မြန်မာပြည်တနံတလျားသို့လှည့်လည်သွားလာနေကာ ဒုက္ခရောက်နေသူ၊အခက်အခဲကြုံနေရသူများကိုတတ်အားသရွေ့ကူညီပေးသည့်ဆရာကြီးတစ်ဦးဖြစ်လေသည်။ ထိုသို့လှည့်လည်ရင်းမှရှမ်းပြည်နယ်တောင်တန်းဒေသသို့အရောက်တွင် စိုင်းဇာနည်ရဲ့အဘွားနှင့်အကြောင်းပါခဲ့ခြင်းဖြစ်လေသည်။
ထိုရှမ်းအမျိုးသမီးကြီးမှမွေးဖွားလာခဲ့သည့်ရှမ်းမလေးကတော့စိုင်းဇာနည်ရဲ့မိခင်ဒေါ်နန်းမွေ့ပင်ဖြစ်လေသည်။ အခု စိုင်းဇာနည်၏မိတ်ဆွေကိုဗဒင်ကအခက်အခဲကြုံနေရ၍အမောတကောလာရောက်ကာအကူအညီတောင်းလာသည့်အခါမှာ စိုင်းဇာနည်နှင့်သူ့ရဲ့အဘိုးဘိုးထွန်းရင်တို့ဟာအချိန်မဆိုင်းပဲ ချက်ချင်းပင်ကိုဗဒင်နောက်သို့လိုက်လာခဲ့ခြင်းဖြစ်လေသည်။
အခုစိုင်းဇာနည်တို့မြေးအဘိုးရောက်ရှိလာပြီး ဆရာကြီးဘိုးထွန်းရင်မှသူ၏အဓိဌာန်ရေမန်းတိုက်လိုက်သည်နှင့်ကိုဗဒင်ရဲ့အမျိုးသမီးဟာအကောင်းပကတိပြန်ဖြစ်သွားရလေတော့သည်။ကိုဗဒင်မှာလည်းစိုင်းဇာနည်တို့မြေးအဘိုးအားကျေးဇူးတင်လိုက်ရသည်မှာပြောမထွက်အောင်အထိဖြစ်လေသည်။
“တကယ်ပါညီလေးရာ ငါ့ညီတို့မြေးအဘိုးကူညီလို့သာပေါ့ မဟုတ်ရင်အကိုတော့နယ်မြေစိမ်းမှာဒုက္ခရောက်ပြီလေ”
“ဟုတ်ကဲ့ပါအကိုဗဒင် ဘာဖြစ်ဖြစ်အခက်အခဲကြုံလာရင်အချိန်မရွေးခေါ်ပါ တကယ်လို့အကိုကိုယ်တိုင်မလာနိုင်ခဲ့ရင်လည်းဖြစ်သလိုနည်းနဲ့ဆက်သွယ်လိုက်ပါ ကျနော်အရောက်လာခဲ့ပါ့မယ်ခင်မျာ”
“ဟုတ်ပါပြီညီလေး အသိမိတ်ဆွေနည်းပါးတဲ့ဒီမြို့မှာညီလေးနဲ့အခုလိုခင်မင်ခွင့်ရတာအကိုအရမ်းဝမ်းသာတယ် ညီလေးတို့မြေးအဘိုးကိုတစ်နေ့အကိုကျေးဇူးဆပ်ပါ့မယ်”
အခု ကိုဗဒင်ရဲ့အမျိုးသမီးပြန်ကောင်းသွားပြီမို့ စိုင်းဇာနည်တို့မြေးအဘိုးကကိုဗဒင်ရဲ့ခြံဝန်းထဲကပြန်ထွက်လာခဲ့ကြလေသည်။ ထိုအခါကိုဗဒင်က ခြံဝန်းတံခါးအထိလိုက်ပို့ရင်းအခုလိုစကားပြောနေခြင်းဖြစ်လေသည်။စိုင်းဇာနည်ကဆိုင်ကယ်ပေါ်ကနေကိုဗဒင်ဘက်မျက်နှာမူကာ
“မဟုတ်တာပဲအကိုဗဒင်ရယ် မိတ်ဆွေတွေကြားမှာကျေးဇူးတရားဆိုတာကြီး ထည့်ပြောဖို့မလိုပါဘူး”
“ဘယ့်နှယ်မလိုရမှာလဲညီလေးရ တကယ်တော့ အဲ့ဒီကျေးဇူးဆိုတာကိုပါးစပ်ကထုတ်မပြောချင်မပြောပဲနေလို့ရတယ် ဒါပေမဲ့ရင်ထဲမှာတော့ သူ့ကျေးဇူးကိုအထူးသိတတ်ရမယ်ညီလေး”
“ဟုတ်ကဲ့ပါအကို ကဲ ကဲ ကျနော်တို့လည်းပြန်တော့မယ် နောက်မှမေးအေးဆေးဆေးပေါ့အကိုရာ”
“အေးအေးညီလေး ဆိုင်ကယ်ဖြေးဖြေးစီးသွားနော်”
“ဟုတ်အကို စိတ်ချပါကျနော်ဖြေးဖြေးပဲစီးသွားပါ့မယ်”
“ကဲ မောင်ဗဒင်ရေ ပြန်ပြီ”
“ဟုတ်ကဲ့ပါဆရာကြီး ဟုတ်ကဲ့ ဟုတ်ကဲ့”
“ဖျော ဝေါ ဝေါ ”
စိုင်းဇာနည်လည်း သူ့အဘဖြစ်သူ ဆရာကြီးဘိုးထွန်းရင်ကိုဆိုင်ကယ်နောက်ကတင်၍ဖြေးဖြေးချင်းစီးကာမြို့ဘက်သို့ထွက်ခွါသွားလေတော့သည်။ ကိုဗဒင်တစ်ယောက်ကမူ ချက်ချင်းအိမ်ဝန်းထဲသို့ပြန်မဝင်သေးပဲ စိုင်းဇာနည်တို့ဆိုင်ကယ်လေးအား မျက်စေ့တဆုံးလိုက်ကြည့်နေမိလေသည်။ ဆိုင်ကယ်လေးမြင်ကွင်းကပျောက်ကွယ်သွားလေမှ
“သြော် စိုင်းဇာနည် စိုင်းဇာနည် ညီလေးဟာလူငယ်တစ်ယောက်ဖြစ်ပေမဲ့ အကို့အတွက်တော့တကယ်ကိုမိတ်ဆွေကောင်းဖြစ်ပါတယ်ညီလေး ညီလေးကျေးဇူးကိုတစ်သက်လုံး အကိုဘယ်တော့မှမမေ့ပါဘူးကွာ”
ကိုဗဒင်ဟာ တစ်ယောက်တည်းထိုသို့တီးတိုးရေရွတ်ပြီး ခြံထဲပြန်ဝင်ခဲ့ကာဝန်းတံခါးကိုသော့ခတ်၍အိမ်ကြီးရှိရာသို့ပြန်လည်လျှောက်သွားလေတော့သည်။ ကိုဗဒင်ခြံထဲပြန်ဝင်သွားသည်ကိုခြံအပြင်ဘက်ရှိ သစ်ပင်အုပ်အုပ်တွေအောက်မှမျက်ဝန်းတစ်စုံက ကိုဗဒင်လှုပ်ရှားမှုတို့ကိုအသေချာစောင့်ကြည့်နေခဲ့သည်ကိုတော့ ကိုဗဒင်တစ်ယောက်လုံးဝ (လုံးဝ)မှမသိရှိခဲ့ပါချေ။
**********
“ဘာတွေလိုဦးမလဲ ဘာတွေလိုနေသေးလဲ အင်း တစ်ခုမှမလိုတော့ပါဘူးလေ ငါလိုအပ်တာတွေအကုန်ပြည့်စုံသွားပြီပဲ ဒီညမှာပဲငါ့ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်တော့မယ်”
အခန်းထဲရှိ စားပွဲပေါ်ကအမျိုးစုံလှသည့်လက်နက်များနှင့်ညအချိန်အသုံးပြုရန်အတွက်ဓာတ်မီးကအစ ပြည့်ပြည့်စုံစုံရှိနေသည်ကိုကြည့်ပြီး အထက်ပါအတိုင်းရေရွတ်လိုက်ခြင်းဖြစ်ပေသည်။ ထိုသူကတော့တစ်ကိုယ်တော်ထောက်လှမ်းရေးသမားဂျွန်ဒီပပင်ဖြစ်ပေသည်။ ဂျွန်ဒီပဟာ မိမိဝါသနာအလျှောက်ဒုစရိုက်မှုတို့အားဖြိုခွင်းနေသည့်လူရွယ်တစ်ယောက်ဖြစ်လေသည်။ အခုလည်း မြို့စွန်ကသူဌေးကြီးဦးရွှေသီးအိမ်သို့အလုကြမ်းစီးခံရခြင်းရယ်၊နောက်ပြီးတော့မြို့အပြင်တောင်ကုန်းလေးထက်ကသရဲခြောက်သောအိမ်ကြီးနှင့်ပါတ်သက်သည့်အကြောင်းတို့ရယ်ကိုစုံးစမ်းဖော်ထုတ်ရန် အတွက်ဆိုင်းပြင်နေခြင်းဖြစ်လေသည်။ ဂျွန်ဒီပတစ်ယောက် အလုပ်တွေရှုပ်နေသလို ဟိုးမြို့အပြင်ဘက်ရှိ ကိုဗဒင်နေသောအိမ်ကြီးရဲ့ဘေးကတောအုပ်အစပ်မှာလည်း
“မင်းကိုငါပြောပေါင်းအကြိမ်တွေမနည်းတော့ဘူး ဒီလင်မယားကိုဒီအိမ်ကထွက်ခွါသွားအောင်လုပ်ပါဆိုမေတာကို”
“————–”
“ဘာ မင်းအစွမ်းအစနဲ့မလုပ်နိုင်ဘူး ဟုတ်လား”
“————–”
“သြော် သူ့မိတ်ဆွေကကူညီလို့ မင်းရဲ့ဆောင်ရွက်ချက်မအောင်မြင်ရတာလို့ဆိုလိုတာလား”
“———-”
“ကောင်းပြီလေ ဒါဆိုရင်သူ့မိတ်ဆွေဖြစ်တဲ့အဲ့ဒီစိုင်းဇာနည်ဆိုတဲ့လူငယ်ကိုငါရှင်းပေးမယ် ”
“—————”
“အေး စိတ်ချ ငါအခုချက်ချင်းအကောင်အထည်ဖော်မယ်”
အထက်ပါအတိုင်းပြောနေသူကတော့ ဒုစရိုက်ခေါင်းဆောင်ဗျဂ္ဃပင်ဖြစ်လေသည်။ ဗျဂ္ဃကသူမွေးမြူထားသည့်နာနာဘာဝအစွမ်းဖြင့် ကိုဗဒင်တို့အားဒီအိမ်ကြီးမှထွက်ခွါသွားအောင်လုပ်ဆောင်ခိုင်းနေခြင်းဖြစါလေသည်။ ထိုအခါနာနာဘာဝကောင်ကပြန်ပြောသည်မှာ သူကြိုးစားမောင်းထုတ်၍ကိုဗဒင်အမျိုးသမီးခရေ့ကိုအထိတ်တလန့်ဖြစ်အောင်လုပ်ကာ ဝိညာဉ်ချင်းဝင်ပူးကပ်ခဲ့လေသည်။ သို့ပေမဲ့ ဒါကိုကိုဗဒင်ရဲ့မိတ်ဆွေဖြစ်သောလူငယ်စိုင်းဇာနည်ကသူ့အဘိုး၏အကူအညီဖြင့် ကိုဗဒင်ကိုလာရောက်ကူညီပေးသောကြောင့် သူ့အကြံအောင်မြင်ကာနီးမှပျက်ပျယ်သွားရခြင်းဖြစ်သည်ဟုပြောပြလေသည်။ ထို့ကြောင့် ထိုလူငယ်စိုင်းဇာနည်ကိုရှင်းပစ်ရန်အတွက် ဒုစရိုက်ခေါင်းဆောင်ဗျဂ္ဃချက်ချင်းဆောင်ရွက်လေတော့သည်။ ဗျဂ္ဃက သူနဲ့နာနာဘာဝကောင်စကားပြောနေကျသစ်ပင်ကြီးအောက်ကနေ ထိုသစ်ပင်အခြေကခြုံပုတ်တစ်ခုကိုလက်ဖြင့်ဖယ်ရှားလိုက်လေသည်။ ထိုအခါလူတစ်ကိုယ်စာကောင်းစွာဝင်၍ရသောမြေအောက်အပေါက်တစ်ခုပေါ်လာခဲ့လေသည်။ ဗျဂ္ဃထဲအပေါက်အတွင်းသို့ဆင်းသွားခဲ့လေသည်။ ခဏအကြာဗျဂ္ဃမြေပြင်သို့ပြန်လည်တက်လာခဲ့လေသည်။ သူ့နောက်မှခါးကုန်းကုန်းနဲ့လူကြီးတစ်ယောက်လည်းပါလာခဲ့လေသည်။ အပေါက်ထဲမှထွက်၍အပြင်ဘက်သို့ရောက်လေသောအခါ
“ကဲ ခါးကုန်းကြီး ကျုပ်ပြောခိုင်းသလိုသာပြောပါ သူ့မိန်းမအရေးတကြီးဖြစ်နေလို့ချက်ချင်းလိုက်ခဲ့ဖို့ပြောပါ အဲ့ဒီလိုပြောပြီးရင်ခါးကုန်းကြီးရဲ့တာဝန်ပြီးဆုံးပါပြီ”
“ဟုတ်ကဲ့ဆရာဗဂ္ဃ ကျုပ်အသေအချာပြောပါ့မယ် သူဒီကိုမရောက်အရောက်လာအောင်”
“ကောင်းပြီခါးကုန်းကြီး ဒါဆိုသွားတော့”
“ဟုတ်ဆရာဗျဂ္ဃ”
ခါးကုန်းကြီးဟာ မြို့ရှိရာသို့တရွေ့ရွေ့ဖြင့်ထွက်ခွါသွားလေတော့သည်။ ထိုအချိန်တွင် ဂျွန်ဒီပတစ်ယောက်ကလည်း အိမ်မှထွက်ကာသရဲခြောက်သောအိမ်ကြီးဆီသို့ထွက်လာခဲ့လေသည်။ ဂျွန်ဒီပမြို့ပြင်က သရဲခြောက်သောအိမ်ကြီးအနီးသို့ရောက်လာခဲ့လေသည်။ ဂျွန်ဒီပသစ်ပင်တွေအားအကာအကွယ်ယူပြီးအိမ်ကြီးအားတိတ်တဆိတ်စောင့်ကြည့်နေလိုက်လေသည်။ သူ ထိုသို့စောင့်နေတာတစ်နာရီလောက်အကြာတွင်
“ဝေါ ဝေါ ဝေါ ”
“တီ တီ တီ”
“ဒုတ် ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်ဒုတ်”
“ဟင် ဘယ်ကဆိုင်ကယ်လဲဟ”
မှန်ပေသည် မဟူရာအမှောင်ထုအောက်တွင် အလင်းအားကောင်းသောမီးစူးနှင့်အတူ ဆိုင်ကယ်တစ်စီးရဲ့စက်သံကဆူညံစွာဖြင့်တောင်ကုန်းပေါ်ရှိ အိမ်ကြီးဆီသို့လျင်မြန်စွာမောင်းလာနေလေသည်။ ဂျွန်ဒီပကြည့်နေစဉ်မှာပင်ထိုဆိုင်ကယ်က ကိုဒီပနေသောအိမ်ကြီးရဲ့ရှေ့သို့ရောက်လာခဲ့လေသည်။ ဆိုင်ကယ်ရပ်လိုက်ပြီးလူတစ်ယောက်ဆင်းလာသည်ကို ဆိုင်ကယ်မီးအလင်းရောင်ဖြင့်ဂျွန်ဒီပအဝေးကနေလှမ်းမြင်လိုက်ရလေသည်။
ထိုသူဟာ ဆိုင်ကယ်ပေါ်မှဆင်းပြီးခေါင်းထက်ရှိဆိုင်ကယ်စီးဦးထုပ်ကိုချွတ်လိုက်ကာ ဆိုင်ကယ်ဘတ်မှန်မှာချိတ်လိုက်ပြီးလျှင် လူကတော့ကိုဒီပနေသည့်အိမ်ကြီးရဲ့ဝန်းတံခါးဆီသို့လျှောက်လာခဲ့လေသည်။ ဝန်းတံခါးအနီးရောက်သော် ခြံဝန်းထဲသို့သူလှမ်းကြည့်လိုက်လေသည်။ သူကဆိုင်ကယ်ကိုစက်ရပ်ထားခဲ့သော်ငြားလည်း ရှေ့မီးကိုမပိတ်ပဲထားခဲ့သည့်အတွက် သူ့ကိုယ်ခန္ဓာအားစလိုက်မီးထိုးထားသကဲ့သို့ဖြစ်နေလေသည်။
ထိုသူက ဝန်းတံခါးအနီးတွင်ခြေဖျားထောက်ကာ တံခါးအပေါ်ကနေကျော်၍အိမ်ထဲသို့လှမ်းကြည့်လိုက်ပြီးလျှင်
“အကိုဗဒင် အကိုဗဒင်”
သူ အသံခပ်အုပ်အုပ်ဖြင့်လှမ်းခေါ်လိုက်လေသည်။ အချိန်ကလည်းည(၁၁)နာရီခွဲ(၁၂)နာရီခန့်မို့အိပ်ကောင်းသည့်အချိန်ဖြစ်ကာ သူ့ခေါ်သံကိုအိမ်ထဲမှာအိပ်နေသောကိုဗဒင်တို့ဇနီးမောင်နှံလုံးဝမှမကြားပါချေ။ အခုအပြင်ဘက်မှာရောက်နေသူကတော့ ကိုဗဒင်ရဲ့မိတ်ဆွေလူငယ်လေးစိုင်းဇာနည်ပင်ဖြစ်လေသည်။ သူအခုလို ညကြီးအချိန်မတော်ရောက်လာခဲ့ရခြင်းကတော့ သူ့အိမ်သို့လူတစ်ယောက်ရောက်လာပြီး ကိုဗဒင်က သေရေး၊ရှင်ရေးတမျှအရေးကြီးသောအကြောင်းကိစ္စတစ်ခုရှိ၍ အခုချက်ချင်းအိမ်သို့လာခဲ့ပါရန် လူကြုံမှာလိုက်ကြောင်းပြောကြားလေသည်။
ထို့ကြောင့် ဒီမြို့မှာအစိမ်းဖြစ်နေသည့်ကိုဗဒင်ရဲ့ဘဝကိုစာနာမိ၍ စိုင်းဇာနည်ချက်ချင်းပင်ဆိုင်ကယ်ကိုစီးကာထွက်လာခဲ့ရခြင်းဖြစ်လေသည်။ သူ့အထင်က ကိုဗဒင်ဟာအင်မတန်အရေးကြီးနေသဖြင့် ဝန်းတံခါးအနီးမှာထွက်စောင့်နေလိမ့်မည်ဟုတွေးထင်ထားခဲ့လေသည်။ဒါပေမဲ့တကယ်တမ်းမှာမူ ကိုဗဒင်တို့အိမ်ကြီးဟာငြိမ်သက်တိတ်ဆိတ်နေလေသည်။ စိုင်းဇာနည်အိမ်ဝိုင်းအတွင်းသို့မျှော်ကြည့်နေစဉ် ဆိုင်ကယ်မီးရောက်ကနေတဆင့် သူ့ကိုယ်ခန္ဓာပေါ်သို့မည်းမည်းအရိပ်ကြီးတစ်ခုကျရောက်လာခဲ့လေသည်။ စိုင်းဇာနည်ရင်ထဲမှာထိတ်ခနဲဖြစ်သွားရပြီး နောက်သို့လျင်မြန်စွာလှည့်ကြည့်လိုက်လေသည်။
“ဝှီး”
“ခွပ်”
“အ့”
စိုင်းဇာနည်အသိနောက်ကျသွားလေသည်။ သူကနောက်သို့လှည့်ကြည့်လိုက်သောအချိန်တွင် မာကြောသောတုတ်တစ်ခုက သူ့ဦးခေါင်း၊ဂျိုစောင်းပေါ်သို့အရှိန်ပြင်းစွာရိုက်ချလို့လာခဲ့လေသည်။ စိုင်းဇာနည်ဟာ နောက်ကနေသူ့ကိုတုတ်နဲ့ရိုက်လာသည်ကိုမြင်လိုက်သော်လည်းရှောင်တိမ်းခြင်းငှာမစွမ်းသာတော့ပဲ ဂျိုစောင်းမှပူခနဲခံစားလိုက်ရပြီး မြေပြင်ထက်သို့ဘုန်းခနဲလဲကျကာ သူ့အသိအာရုံကိုအမှောင်ထုကြီးကအုပ်စိုးသွားခဲ့လေတော့သည်။
“ဟာ သွားပြီဟ ”
ဂျွန်ဒီပအဝေးကနေလှမ်းမြင်လိုက်ရသော်လည်း ကူကယ်နိုင်ခြင်းငှာမစွမ်းသာချေ။ဆိုင်ကယ်နဲ့လာသောသူအရိုက်ခံလိုက်ရပြီး မြေပြင်ထက်သို့လဲသွားသည်နှင့်အနက်ရောင်လူရိပ်ကဆိုင်ကယ်မီးအားပိတ်ပစ်လိုက်သည့်အတွက် ပါတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်သွားရလေတော့သည်။ ထိုကြောင့်ဂျွန်ဒီပလည်း မူလနေရာကသစ်ပင်အခြေမှာပင်ငြိမ်သက်စွာရပ်တန့်နေပြီးအခြေအနေအားစောင့်ကြည့်နေလိုက်လေသည်။
“ဖျပ် ဖျပ်”
“ဖလပ် ဖလပ် ရှပ်”
“ဟင်”
ဂျွန်ဒီပကိုယ်ခန္ဓာဟာ အိပ်ပျော်နေသူအားလှုပ်နှိုးခြင်းခံလိုက်ရသည့်ပမာ ဆတ်ခနဲဖြစ်သွားမိလေသည်။ သူ့အနီးမှကပ်၍ခြေသံအားကြားလိုက်ရသောကြောင့်ဖြစ်လေသည်။ ကောင်းကင်ယံမှကြယ်တာယာတို့၏အလင်းရောင်ဖြင့်တိုက်ကြည့်လိုက်သောအခါ လူတစ်ယောက်ဟာ အခြားတစ်ယောက်ကိုပုခုံးမှာထမ်း၍သူရှိရာအနီးရောက်လာခဲ့လေသည်။ထိုသူဟာ သစ်ပင်အခြေကခြုံပုတ်ကိုလက်တစ်ဖက်နှင့်ဖြဲလိုက်ပြီးတိုးဝင်သွားလေသည်။ ဂျွန်ဒီပစဉ်းစားမနေတော့ပဲ ထိုသူ့နောက်မှလိုက်ဝင်ခဲ့လသည်။ ရှေ့လူကအပေါက်ထဲသို့ဝင်လာသည်နှင့် အပေါက်အနီးမှာအသင့်ဆောင်ထားသည့်လက်ဆွဲမီးအိမ်ကိုမီးထွန်းညှိလိုက်ကာ အတွင်းသို့ဆက်ဝင်သွားလေသည်။ အထဲမှာဘေးတိုက်အနေအထားကလေးငါးပေလောက်သာရှိပြီး အမြင့်ကတော့လူတစ်ရပ်ကိုအသာလေးလွတ်ပေသည်။
ရှေ့ကလူဟာ တစ်ချက်လေးမှပင်နောက်သို့ လှည့်ကြည့်ခြင်းမရှိပဲ ရှေ့သို့သာတစိုက်မတ်မတ်လျှောက်သွားနေလေသည်။ ဂျွန်ဒီပနောက်ကလိုက်လာရင်း အခုအချိန်မှာသာရှေ့ကိုလူကိုဖမ်းမည်ဆိုလျှင် ဖမ်းလို့ရနေသောအနေအထားဖြစ်လေသည်။ သို့သော်အခုအချိန်မှာသာဖမ်းလိုက်ပါကရှေ့ကလူသွားမေတဲ့ဦးတည်ရာအရပ်နဲ့သူ့ရဲ့ရည်ရွယ်ချက်တို့ကိုသိရတော့မည်မဟုတ်ပေ။ ထို့ကြောင့်ဂျွန်ဒီပကစိတ်ရှည်ရှည်ထားပြီး နောက်ကနေတိတ်တဆိတ်လိုက်လာခဲ့ခြင်းသာဖြစ်လေသည်။ မကြာမှီသောကလမှာရှေ့ကလူဟာ သစ်သားတံခါးရွက်ကြီးဖြင့်ပိတ်ဆို့ထားသောအခန်းတစ်ခုရှေ့သို့ရောက်လာခဲ့လေသည်။ ထိုသူကတံခါးကိုဆွဲဖွင့်ပြီး အထဲကဆက်ဝင်သွားလေသည်။တံခါးကိုတော့အလွယ်တကူပင် လက်ဖြင့်တွန်းပိတ်ခဲ့သောကြောင့်တံခါးရွက်ကခပ်ဟဟအနေအထားရှိနေလေသည်။
ထိုသူကအတွင်းသို့ဝင်ရောက်သွားသည့်အတွက် အခန်းအပြင်ဘက်ဂူလမ်းကြောင်းတလျှောက်အမှောင်ကျသွားခဲ့ရလေသည်။ ဂျွန်ဒီပကအမှောင်ထဲကနေ ခပ်ဟဟဖြစ်နေသည့်တံခါးရွက်ကြားကနေအတွင်းသို့အသာချောင်းကြည့်လိုက်ရာ
“ဟင် ”
သူမြင်လိုက်ရသည်က အခန်းအတွင်းမှာလူတွေနေသောမြို့ရွာအိမ်များကအတိုင်း အိမ်ထောင်ပရိဘောဂပစ္စည်းများအစုံအလင်ရှိလေသည်။ တစ်ယောက်အိပ်ကုတင်တစ်လုံးရှိပြီး ထိုကုတင်နဲ့မနီးမဝေးမှာတော့ အပန်းဖြေထိုင်သောနောက်မှီပါသည့်ထိုင်ခုံတစ်ခုရှိလေသည်။ အစောကလူက သူ့ပုခုံးထက်ကစိုင်းဇာနည်ကို ထိုထိုင်ခုံပေါ်တွင်ထိုင်လျှက်အနေအထားနှင့်တင်လိုက်ပြီး သတိရလာခဲ့လျှင်ထွက်ပြေးလို့မရအောင် ကြိုးများဖြင့်တုပ်ထားလိုက်လေသည်။ ဂျွန်ဒီပသိလိုက်ပေပြီ။
ရှေ့ကလူဟာ ဒုစရိုက်ခေါင်းဆောင်ဗျဂ္ဃဖြစ်ပြီး သူဟာဒီမြေအောက်လျှို့ဝှက်အခန်းမှာလာရောက်ပုန်းရှောင်ခိုအောင်းနေသည့်အတွက်ကြောင့်သာ မြေပြင်ထက်မှာသူ့ကိုရှာလို့မရဖြစ်နေခြင်းသာဖြစ်လေသည်။ ဂျွန်ဒီပခါးတွင်ထိုးထားသည့်လိုင်စင်နဲ့ကိုင်သောခြောက်လုံးပြူးသေနတ်ကိုဆွဲထုတ်ကာ အခန်းတံခါးအားဆတ်ခနဲတွန်းဖွင့်လိုက်ပြီး
“ဟေ့ ဗျဂ္ဃ နည်းနည်းမှမလှုပ်လိုက်နဲ့ ခင်များလှုပ်လိုက်တာနဲ့ကျနော့်လက်ထဲကသေနတ်ကျည်ကခင်များကိုယ်ထဲကိုရောက်သွားပါလိမ့်မယ်”
ဂျွန်ဒီပကသေနတ်ဖြင့်တည့်မတ်စွာချိန်ရွယ်၍ထိုသို့ပြောလိုက်သည့်အခါ ဗျဂ္ဃကရယ်(ရီ)စရာအကောင်းဆုံးပျက်လုံးတစ်ခုကိုကြားလိုက်ရသည်အလား ကိုယ်ခန္ဓာကိုရှေ့ထိုးနောက်ငင်ပြု၍
“ဟား ဟား ဟား ဟား ဟား းဟား ဟားဟား းဟား ဟား”
“ဟေ့လူ ဘယ်ရယ်နေတာလဲဗျ ကျနော့်စကားထဲမှာရယ်စရာတစ်ခုမှမပါပါဘူး ငြိမ်ငြိမ်နေနော် ခင်များဆက်လှုပ်နေရင်ကျနော်ပစ်ထည့်လိုက်မှာ”
ဂျွန်ဒီပကအထက်ပါအတိုင်းဆက်ပြောလိုက်သောအခါ ဗျဂ္ဃရယ်မောခြင်းကိုရပ်တန့်ကာ ဂျွန်ဒီပကိုစူးစိုက်ကြည့်လိုက်ပြီး
“ပစ်ချင်ပစ်လိုက်လေကွာ ဒါပေမဲ့တစ်ခုတော့မင်းသိအောင်ငါပြောလိုက်မယ် အခုငါတို့ရောက်နေတာကမြေအောက်မှာ မင်းသေနတ်ဖောက်လိုက်တာနဲ့လှိုဏ်သံကြောင့် မြေသားတွေပြိူကျပြီး မင်းရော၊ငါရော၊သူပါအရှင်လတ်လတ်မြေမြှုပ်ပြီးသားဖြစ်သွားပြီမှတ်ပါ”
“ဟင် ”
ထိုအခါမှအဖြစ်မှန်အားဂျွန်ဒီပသိလိုက်ရလေသည်။ သို့သော်လည်းပဲအဟန့်အတားအဖြစ်ပဲရရယုသဘောထားကာ လက်ထဲကသေနတ်ကိုလွှဲပြောင်းခြင်းမပြုပဲဗျဂ္ဃကိုဆက်လက်ချိန်ရွယ်ထားလေသည်။ ဗျဂ္ဃစကတစ်ခွန်းမှထပ်မပြောပဲ ဂျွန်ဒီပါ့ကိုသာစူးစိုက်ငြည့်နေလေသည်။ထ်ုအချိန်တွင် ဗျဂ္ဃအနီးထိုင်ခုံပေါ်တွင်ကြိုးတုပ်ထားသည့် လူငယ်စိုင်းဇာနည်လှုပ်ရှားလာခဲ့လေသည်။စိုင်းဇာနည်ကသတိရလာသည်နှင့်အခန်းထဲကိုဝေ့ကြည့်လိုက်ကာ ဘယ်ဟာလူဆိုး၊ဘယ်ဟာကလူကောင်းဆိုသည်ကိုထက်မြတ်သည့်လူငယ်ပီပီ ချက်ချင်းအကဲဖြတ်နိုင်ခဲ့လေသည်။ စိုင်းဇာနည်ကဂျွန်ဒီပရဲ့နောက်ကျောဘက်သို့ကြည့်ကာပြူးပြူးပျာပျာဖြစ်သွားခဲ့ရပြီး
“အကို အကိုနောက် နောက်မှာ”
“ဟင်”
စိုင်းဇာနည်ရဲ့အလောတကြီးအသံကြောင့် ဂျွန်ဒီပနောက်သို့ဆတ်ခနဲလှည့်ကြည့်လိုက်ရာ နောက်ကနေစလွယ်သိုင်းအနေဖြင့်ရိုက်ချလာသည့်တုတ်တိုသမားတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
“ဟိတ်”
“ယား……”
“ဝှစ်”
နောက်ကရောက်လာသူမှာခါးကုန်းကြီးတစ်ယောက်ဖြစ်လေသည်။ ဂျွန်ဒီပကရိုက်ချဘာသည့်ဒုတ်တိုအား ရှေ့သို့ခြေတစ်လှမ်းဆတ်ခနဲတိုးပြီး ကိုယ်ခန္ဓာကိုယိမ်းကာရှောင်ပေးလိုက်လေသည်။ ထိုအခါအရှိန်ပြင်းလှသောဒုတ်တိုရိုက်ချက်ကဂျွန်ဒီပရဲ့ခေါင်းအထက်လက်တစ်လုံးလောက်ကနေပွတ်ကာ၊သီကာလွဲသွားရလေသည်။ဒုတ်ရိုက်ချက်အဘယ်မျှအထိပြင်းထန်အားပါသလဲဆိုတော့ ထိုဒုတ်ရိုက်ချက်ကထွက်လာသည့်လေအဟုန်ကြောင့် ဂျွန်ဒီပခေါင်းထက်ရှိဆံပင်တို့ဖရိုဖရဲဖြစ်သွားရလေသည်။ ခေါင်းသာတည့်တည့်ရိုက်မိလိုက်မည်ဆိုလျှင် အသက်ပါမသွားတောင် တစ်လကိုးသီတင်းလောက်တော့အိပ်ယာထဲလဲနေမှာဧကန်။
ဂျွန်ဒီပဟာ ဒုတ်တိုသူ့ခေါင်းပေါ်ကလွဲချော်သွားသည်နှင့်ရှေ့မှဒုတ်တိုသမားရဲ့လည်ဂုတ်ကိုဖမ်းဆွဲပြီးနောက်မှာကျန်နေသောခြေထောက်ကိုမြှောက်၍ ဒူးဖြင့်ဆတ်ခနဲတိုက်ချလိုက်လေသည်။
“အွတ်”
အရှိုက်ကိုမိမိရရကြီးထိသွားသည့်အတွက် နဂိုကမှခါးကုန်းနေသောလူကြီးဟာ ခါးပိုကုန်းသွားပြီးဗိုက်အားလက်နှစ်ဖက်ဖြင့်နှိပ်ကာခေါင်းပြန်မထောင်နိုင်ဖြစ်နေလေသည်။ သူ့အသွင်ကသနားစရာကောင်းလှပေသည်။ သို့သော် ဒီလိုနေရာမှာညှာနေလို့၊သနားနေလို့မဖြစ်ဘူးဆိုတာ ဂျွန်ဒီပသဘောပေါက်လေသည်။ ထို့ကြောင့် ဂျွန်ဒီပက ထိုကုန်းကုန်းကြီးဖြစ်နေသည့်ခါးကုန်းကြီးရဲ့ကိုယ်ခန္ဓာအထက်အထိညာခြေထောက်အားမြှောက်လိုက်ပြီး
“သွားစမ်း”
“ဒုတ်”
“အီး”
ဂျွန်ဒီပရဲ့ခြေထောက်က ခါးကုန်းကြီးရဲ့လည်ဂုတ်ပေါ်သို့အရှိန်ပြင်းထန်စွာကျလာသည့်အတွက် ခါးကုန်းကြီးအီးခနဲမြည်ကာ ဘိုင်းခနဲလဲကျသွားရပြီး ဂူကြမ်းပြင်ပေါ်မှာနာကျင်စွာလူးလှိမ့်နေလေတော့သည်။ထို့စဉ်စိုင်းဇာနည်က
‘”အကို အကိုနောက်မှာ”
“ဟင်”
“ဟိတ်”
“ဖြောင်း”
အနောက်ရှိ ဗျဂ္ဃကဂျွန်ဒီပကိုအလစ်ဝင်တိုက်ခိုက်ခြင်းဖြစ်လေသည်။ ကြိုးတုပ်ခံထားရသည့်စိုင်းဇာနည်ကအော်ဟစ်၍သတိပေးလိုက်သောကြောင့် ဂျွန်ဒီပကနောက်သို့လှည့်ရင်းဘေးသို့ဖျတ်ခနဲရှောင်လိုက်သော်လည်း ဗျဂ္ဃရဲ့တိုက်ခိုက်မှုမှသူလုံးလုံးလျားလျားမလွတ်ကင်းလေပဲ ပုခုံးသို့လက်သီးတစ်ချက်ထိသွားလေသည်။ဂျွန်ဒီပသိလိုက်ပေပြီ ဗျဂ္ဃဟာသာမန်တိုက်ခိုက်ရေးသမားမဟုတ် တိုက်ခိုက်ရေးပညာကိုအဆင့်မြင့်မြင့်တတ်မြောက်ထားသူဖြစ်ပေသည်။ ထို့ကြောင့်သာ မိမိရှောင်မည်ဆိုသည်ကိုကြိုသိထားသည့်အလား ရှောင်တိမ်းသည့်ဘက်သို့လိုက်ကာတင်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်လေသည်။ ဂျွန်ဒီပမပေါ့ဆရဲတော့ပေ တစ်ယောက်ချင်းဖြစ်သော်လည်း သူရင်ဆိုင်နေရသူဟာ ဒုစရိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်သလို အဆင့်မြင့်သည့်တိုက်ခိုက်ရေးသမားတစ်ယောက်မဟုတ်ပါလား။ ထိုသို့လက်ရုံးရည်၊နှလုံးရည်ရှိလို့လည်း လူအများအားခေါင်းဆောင်လုပ်နိုင်ခြင်းဖြစ်လေသည်။ ဗျဂ္ဃကအခန်းနံရံဆီသို့နောက်ပြန်ဆုတ်သွားပြီး
“ရွှမ်း”
“ဟင်”
ဗျဂ္ဃလက်ထဲတွင် အရောင်တဖိတ်ဖိတ်လက်နေသည့်ဂျပန်ကင်ဒိုဓားကြီးတစ်လက်ပါလာခဲ့လေသည်။ ဂျွန်ဒီပလက်နက်တစ်စုံတစ်ရာရှာကြည့်လိုက်သော်လည်းဘာတစ်ခုမျှမတွေ့ သူကိုင်ဆောင်လာသည့်ခြောက်လုံးပြူးကလည်း အစောကခါးကုန်းကြီးနှင့်တိုက်ခိုက်စဉ်ကကြမ်းပေါ်ကျနေခဲ့လေသည်။
“Oှစ် ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း”
ဗျဂ္ဃကလက်ထဲကဓါးကြီးကိုလေထဲမှာသုံးလေးချင်မျှ ဝေ့ဝိုက်၍လှုပ်ရမ်းလိုက်ရာ လက်ဆွဲမီးအိမ်၏အလင်းရောင်အောက်မှာနဂါးကြီးတစ်ကောင်မြူးတူးသည်နှင့်ပင်အသွင်တူနေလေတော့သည်။
“ယား……………………ဟိတ်”
“ရွှမ်း”
ဗျဂ္ဃကယားခနဲညာသံပေးကာ စလွယ်သိုင်းဝင်ခုတ်လာခဲ့လေသည်။ဂျွန်ဒီပအသာငုံ့ရှောင်ပေးလိုက်ရာ
“Oှစ်”
ဓါးကြီးကဂျွန်ဒီပရဲ့ခေါင်းအထက်ကနေကျော်ထွက်သွားလေသည်။ ဗျဂ္ဃကျော်လွန်သွားသောဓါးချက်အား ဆတ်ခနဲအရှိန်သတ်လိုက်ပြီး ဓါးပြန်အဖြစ်နဲ့ဂျွန်ဒီပဆီသို့အောက်ကနေအထက်လှန်ကာပက်ထည့်လိုက်လေသည်။ဂျွန်ဒီပမရှောင်တိမ်းနိုင်ပါက ဝမ်းဗိုက်ကနေအထက်ရင်ဘက်သို့တိုင်ခွဲထွက်သွားမည့်ကြောက်စရာဓါးချက်ပင်ဖြစ်လေသည်။ သို့သော် ဂျွန်ဒီပဆိုတာကလည်းပေါ့ဆဆလူမျိုးမဟုတ်။ အလွတ်ထောက်လှမ်းရေးဂျွန်ဒီပ ဒီလောက်မှလွတ်အောင်မရှောင်တိမ်းနိုင်လျှင် အလွတ်ထောက်လှမ်းရေးဂျွန်ဒီပဆိုတဲ့အမည် လောကကြီးထဲကပျောက်ကွယ်ခဲ့တာကြာပြီပေါ့။ ဂျွန်ဒီပက သူ့ဝမ်းဗိုက်ဆီသို့ပင့်ဓါးချက်ဝင်လာသည်နှင့်
“ဟိုင်း”
မာန်သွင်းသံတစ်ချက်ပြုကာ ကိုယ်ခန္ဓာကိုနောက်သို့လှန်ချရင်းနောက်ဂျွမ်းပစ်လိုက်လေသည်။ ဂျွန်ဒီပကြမ်းပြင်ပေါ်ပြန်ကျသည်နှင့်သူ့လက်ထဲမှာလက်နက်တစ်ခုရောက်လာခဲ့လေသည်။ ထိုအရာကတော့ သူ့ရဲ့ခါးမှခါးပတ်ပင်ဖြစ်ပါသည်။ ဂျွန်ဒီပကနောက်ဂျွမ်းပစ်ရင်း ခါးမှခါးပတ်အားဖြုတ်ယူလိုက်ခြင်းဖြစ်လေသည်။ သူမြေပြင်ပြန်ကျသည်နှင့်တပြိုငါနက်တည်း ဗျဂ္ဃကြီးကလည်းအလွတ်မပေးချက်ချင်းလိုက်လံတိုက်ခိုက်လာခဲ့လေသည်။ဂျွန်ဒီပနေရာမှာမလှုပ်မရှားရပ်တန့်နေလိုက်လေသည်။ ဓါးနှင့်ရင်ဝသို့ပြေးထိုးလာခဲ့သည့်ဗျဂ္ဃအံ့သြသွားမိလေသည်။ ဂျွန်ဒီပသာသူ့ဓါးဝင်လာတာမြင်ပါလျှက်ဘာကြောင့်မရှောင်ရလေသနည်း။ အသေများခံတော့မလို့လား။ သို့သော် တကယ့်တကယ်တန်းမှာကြတော့ဂျွန်ဒီပအသေမခံပါ။ ဗျဂ္ဃကြီးရဲ့ဓါးဦး သူ့ဝမ်းဗိုက်အတွင်းသို့ထိုးဖောက်ဖို့ခြောက်လက်မလောက်အလိုသို့ရောက်လေမှ ဂျွန်ဒီကခါးပတ်ကိုင်လက်ကိုဖျတ်ခနဲလှုပ်ရှားလိုက်လေသည်။ သူ့လက်အတွင်းကခါးပတ်ဟာ သံချောင်းတစ်ခုအသွင်ဖြောင့်တန်းကာဖြင့် ဗျဂ္ဃကြီးရဲ့မျက်နှာတည့်တည့်သို့ဖြတ်ရိုက်ချလာခဲ့ခြင်းဖြစ်ပါသည်။ ဗျဂ္ဃကြီးအဲ့ဒီလောက်မမိုက်မဲပါ သူသာမရပ်ပဲရှေ့ဆက်တိုးလျှင် သူ့ဓါးကဂျွန်ဒီပရဲ့ရင်ဝကိုထိုးမိသလို ဂျွန်ဒီပရဲ့ခါးပတ်ရိုက်ချက်ကလည်း သူ့မျက်နှာပေါ်သို့ပြင်းထန်စွာကျရောက်လာပြီး မျက်နှာတစ်ခုလုံးရုပ်ပျက်၊ဆင်းပျက်ဖြစ်ရမည်ကဧကန်မုချပင်။ ထို့ကြောင့် ဗျဂ္ဃကသူ့ဓါးချက်ကိုပြန်ထိန်းရင်းဖျတ်ခနဲနောက်သို့ခုန်ဆုတ်လိုက်လေသည်။ ထိုအချိန်တွင် ဗျဂ္ဃရဲ့နောက်ကျောဘက်မှာရှိသည့် ကြိုးတုပ်ခံထားရလေသောစိုင်းဇာနည်က ဗျဂ္ဃနှင့်မျက်နှာချင်းဆိုင်ဂျွန်ဒီပရဲ့နောက်ကျောဘက်သို့လှမ်းကြည့်ရင်းစိုးရိမ်တကြီးအသံဖြင့်
“အကို အကိုနောက်မှသေနတ်နဲ့ပစ် ပစ်”
“ဟင် ယား”
“ဟေ့ ခါးကုန်းကြီးမလုပ်နဲ့”
စိုင်းဇာနည်ရဲ့အော်သံကြောင့်ဗျဂ္ဃကမပစ်ရန်လှမ်းတားသော်လည်း သူနောက်ကျသွားပေပြီ။
“ဒိန်း”
“အား…………”
သွားပေပြီ ဒုစရိုက်ခေါင်းဆောင်ဗျဂ္ဃရဲ့ရင်ဝသို့သေနတ်ကျည်ဆံကဖောက်ထွင်းဝင်ရောက်သွားလေတော့သည်။ အဖြစ်ကတော့ ကြမ်းပြင်ပေါ်လဲကျနေသောခါးကုန်းကြီးကထလာခဲ့ပြီး သူနှင့်ဂျွန်ဒီပတိုက်ခိုက်ခဲ့စဉ်ကဂျွန်ဒီပလက်ထဲကကျနေခဲ့သောသေနတ်ကိုကောက်ယူကာ ဂျွန်ဒီပကိုနောက်ကျောဘက်ကနေ အပိုင်ပစ်ခတ်ခြင်းဖြစ်လေသည်။ သူပစ်ဖို့ချိန်ရွယ်စဉ် သူနှင့်ဘေးတစောင်းအနေအထားမှာရှိနေသည့်စိုင်းဇာနည်ကလှမ်းမြင်သောကြောင့် ဂျွန်ဒီပကိုအချိန်မှီသတိပေးနိုင်ခဲ့ခြင်းဖြစ်လေသည်။ ဗျဂ္ဃကတားရသည့်ရည်ရွယ်ချက်ကတော့ သူတို့ဟာမြေပြင်အောက်မှာရောက်နေသည်မို့ သေနတ်မှထွက်ပေါ်လာသောလှိုဏ်သံကြောင့် မြေပြိုကျမည်စိုး၍တားဆီးလိုက်ခြင်းဖြစ်ပေသည်။သို့သော် ခါးကုန်းကြီးကသေနတ်မောင်းခလုတ်အားညှစ်ပြီးသွားပြီမို့အချိန်မမှီတော့ပေ။ ဂျွန်ဒီပက စိုင်းဇာနည်ဆီကသတိပေးသံကြားသည်နှင့်တပြိုင်နက်ဘေးသို့ဒိုင်ဗင်ထိုးကာရှောင်ထွက်သွားလေသောကြောင့် ဂျွန်ဒီပရဲ့ကျောပြင်အားအပိုင်ကပ်ပစ်လိုက်သောသေနတ်ကျည်ဆံဟာ ရှေ့တည့်တည့်မှာရှိသည့် ဒုစရိုက်ခေါင်းဆောင်ဗျဂ္ဃ၏ရင်ဝအတွင်းသို့ဖောက်ဝင်သွားရခြင်းဖြစ်လေသည်။ ဗျဂ္ဃ သွေးများပန်းထွက်လာသည့်ရင်ဝကိုလက်နဲ့ဖိပိတ်လိုက်ရင်းမှ ခါးကုန်းကြီးအားမယုံကြည်နိုင်သောမျက်ဝန်းဖြင့်ကြည့်ပြီး
“ခါးကုန်းကြီး ခင် ခင်”
“ဘုန်း”
ဗျဂ္ဃစကားဆုံးအောင်မပြောနိုင်တော့လေပဲ ကြမ်းပြင်ပေါ်သို့အရုပ်ကြိုးပြတ်ပစ်လဲကျသွားလေတော့သည်။ ခါးကုန်းကြီးဟာ သူ့လက်ထဲကသေနတ်ကိုတလှည့် ကြမ်းပြင်မှာလဲကျသွားသည့်ဆရာဖြစ်သူကိုတလှည့်ကြည့်နေစဉ်
“ဖျော ဖျော ”
“အုန်း အုန်း”
“ဒုန်း”
“ဟာ မြေတွေပြိုကျကုန်ပြီ ဒုက္ခပဲ”
ဂျွန်ဒီပ ဘာကိုမှအရေးမစိုက်တော့လေပဲ ဗျဂ္ဃလက်ထဲကကျနေသောဓါးရှည်ကြီးကိုကောက်ယူပြီး စိုင်းဇာနည်ကိုတုပ်နှောင်ထားသည့်ကြိုးတို့ကိုလျင်မြန်စွာဖြတ်တောက်ပေးလိုက်လေသည်။ ထိုအချိန် မြေသားတို့လျင်မြန်စွာပြိုကျလာခဲ့ပြီး
“ဒုန်း အား………………”
“ဟင် ခါးကုန်းကြီး”
အပေါ်ကပြိုကျလာသည့် မြေဆိုင်ခဲကြီးတစ်ခုဟာ ခါးကုန်းကြီးရဲ့ဦးခေါင်းထိပ်တည့်တည့်သို့ကျသွားလေသည်။ ခါးကုန်းကြီးကြမ်းပြင်ပေါ်လဲကျသွားကာမချိ၊မဆံ့ခံစားနေရလေသည်။ ဂျွန်ဒီပက
“ညီ ပြေး ပြေး အဲ့ဒီလမ်းအတိုင်းသာပြေး ထွက်ပေါက်ကိုရောက်လိမ့်မယ်”
“ဟင် အကိုကရော”
“ငါ့ကိုစိတ်မပူပါနဲ့ မင်းသာလွတ်အောင်ပြေး ပြေးတော့ညီ”
“ဟုတ် ဟုတ်အကို”
စိုင်းဇာနည်တစ်ယောက်တည်းကိုယ်လွတ်ရုန်းမပြေးလိုသော်ငြားလည်း ဂျွန်ဒီပဟာသူ့ထက်အတွေ့အကြုံကြွယ်ဝသူဖြစ်မှာအသေချာ ။ ထို့ကြောင့် သူ့စကားကိုနားထောင်တာမမှားဟုစိတ်ပိုင်းဖြတ်ကာပြေးထွက်သွားလေတော့သည်။ သူလည်းဂျွန်ဒီပနှင့်ဆယ့်ငါးခန့်အကွာအရောက်တွင်
“Oုန်း အုန်း အုန်း”
“ဟာ အကို……………………………”
စိုင်းဇာနည်မျက်လုံးတို့ပြာဝေသွားရလေသည်။ သူနှင့်ဂျွန်ဒီပတို့ကြားသို့အပေါ်ကမြေပြင်ကြီးပြိုကျသွားလေသည်။ သူ့ဘက်ကနေဂျွန်ဒီပအားလုံးဝမမြင်ရတော့ချေ။ ခဏလေးမြင်လိုက်ရပြီး ခဏလေးအတွင်းပျောက်ကွယ်သွားရသောလူတစ်ယောက်အတွက် စိုင်းဇာနည်ရင်ထဲမှာနင့်ခနဲပင် ဘာကြောင့်လဲဆိုတော့ ထိုအကိုဟာလူကောင်းတစ်ယောက်ဖြစ်ရမည်ဟု သူ့စိတ်ထဲကအလိုလိုသိနေမိသောကြောင့်ဖြစ်လေသည်။ထို့စဉ်
“ဒုန်း”
“Oုန်း”
“ဖျော ဗျော ဝေါ ဝေါ”
သူရှိနေသောနေရာပါပြိုကျလာသည့်အတွက် စိုင်းဇာနည်ကြာကြာရပ်မနေရဲတော့ပဲ နေရာမှအလျင်အမြန်ပြေးထွက်သွားခဲ့လေတော့သည်။
**********************
“ဟင် ညီလေးစိုင်း မင်း ဘယ်လိုကနေဘယ်လို ဒီကိုရောက်နေရတာလဲ”
မနက်ခင်း ဝေလီဝေလင်းအချိန် ကိုဗဒင်တို့ဇနီးမောင်နှံအိပ်ယာကထပြီး ခြံဝန်းထဲဆင်းလာခဲ့စဉ် သူတို့ခြံဝန်းဘေးကနေဝင်လာသည့်စိုင်းဇာနည်အားတွေ့လိုက်ရသောကြောင့်အထူးအံ့သြသွားခဲ့မိလေသည်။အံ့သြစိတ်နှင့်အထက်ပါအတိုင်းမေးလိုက်သော် စိုင်းဇာနည်က
“ဟာ အကိုညကပဲခါးကုန်းကြီးကိုလွှတ်ပြီးအခေါ်ခိုင်းလို့ ကျနော်ညကတည်းကဒီကိုရောက်နေတာပါ”
“ဟင် ခါးကုန်း ဘယ်ကခါးကုန်းလဲ ငါလည်းဘယ်သူ့ကိုမှမလွှတ်ရပါလား”
“ဒီလိုပါအကို ညကကျနော်တို့အိမ်ကိုခါးကုန်းကြီးတစ်ယောက်ရောက်လာခဲ့ပါတယ် အဲ့ဒါအကိုကအကို့ဇနီးအမခရေ……………………”
စိုင်းဇာနည်က ညကနေအခုချိန်အထိတွေ့ကြုံနေရသည်များကို ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်လေသည်။ဒီတော့သောအခါမှကိုဗဒင်သဘောပေါက်သွားရကာ
“ဟင် ဒါ ဒါဆိုမြေပြိုကျတာက ဘယ်ဘက်ပါလိမ့်”
“ဒါတော့ကျနော်လည်းမသိဘူး ကျနော်ညကတည်းက ဒီအိမ်ရှေ့ကနေအကို့လှမ်းခေါ်နေတုန်း နောက်ကနေအရိုက်ခံလိုက်ရတာ”
“ဟုတ်လား ဒီလိုဆိုရင်ညီ့ဆိုင်ကယ်ကခြံရှေ့မှာပေါ့”
“ဟုတ်အကို ညကတော့အဲ့ဒီရှေ့မှာရပ်ထားခဲ့တာ”
“ဒါဆို လာ လာ ညီ့ဆိုင်ကယ်ကိုသွားကြည့်ရအောင်”
“ဟုတ်အကို”
စိုင်းဇာနည်နှင့်ကိုဗဒင်တို့ဇနီးမောင်နှံတို့ အိမ်ကြီးရဲ့ဘေးကနေ အိမ်ခြံဝန်းရဲ့ရှေ့ဝန်းတံခါးကြီးရှိရာဘက်သို့လာခဲ့လေသော် ခြံဝန်းတံခါးမရောက်ခင်မှာပင် ဝန်းတံခါးနှင့်သူတို့ကြားထဲမှအဖြစ်ကိုမြင်လိုက်ကြရပြီး
“ဟာ ”
“ဟင်”
“အို”
သုံးယောက်စလုံးအာမေဠိတ်သံကိုယ်စီပြုမိလိုက်ကြလေသည်။ အကြောင်းမှာ သူတို့ရဲ့ရှေ့ ဝန်းတံခါးကြီးနှင့်သူတို့ကြားတွင် မြေမျက်နှာပြင်အချို့ကျွံကျပြီး ချောက်ကြီးတစ်ခုဖြစ်ပေါ်နေသောကြောင့်ဖြစ်လေသည်။ ကိုဗဒင်လည်းအခုမှ စိုင်းဇာနည်ပြောသည့်မြေပြိုကျမှုဟာ ထိုနေရာရဲ့အောက်တွင်ရှိကြောင်းသိလိုက်ရလေတော့သည်။ သုံးယောက်သား ရှေ့သို့တိုးကာချောက်ကြီးအတွင်းသို့ငုံ့ကြည့်နေကြလေသည်။
“ဖျော ဖျော ဒုတ်”
“ဟင် ”
“ဟာ’
“အို လူ လူတစ်ယောက်”
သူတို့ကြည့်နေစဉ်မှာပင် ချောက်ထဲကနေ ပြိုကျနေသည့်မြေစာခဲတို့ကိုလက်နှင့်ဖယ်ရှားရင်း ဖုန်အလိမ်းလိမ်းနှင့်လူတစ်ယောက်ဟာ ပြိုကျနေသည့်မြေစာခဲတို့ကြားကထွက်လာသည်ကိုတွေ့လိုက်ရသောကြောင့်ဖြစ်လေသည်။ ထွက်လာသောသူ၏ပခုံးပေါ်မှတစ်စုံတစ်ခုကိုမြင်လိုက်ပြီး ကိုဗဒင်ရဲ့အမျိုးသမီးခရေက
“ဟယ် နှစ်ယောက်တော့”
:မှန်ပါသည် မြေစာခဲတို့ကြားမှတိုးထွက်လာသူ၏ပုခုံးထက်တွင်လူတစ်ယောက်ပါလာသောကြောင့်ဖြစ်လေသည်။ ထိုတိုးထွက်လာသူရဲ့မျက်နှာမှာဖုန်အလိမ်းလိမ်းတက်နေ၍မည်သူ၊မည်ဝါမှန်းမသိရချေ။ ထိုသူကလူတစ်ယောက်ကိုပုခုံးထက်တွင်ထမ်းထားပြီး အားနေသောလက်ဖြင့်မျက်နှာမှာကပ်ငြိနေသောမြေစာမှုန်တို့ကိုသပ်ချလိုက်သောအခါ တည်ကြည်သောသူ့ရဲ့ပင်ကိုယ်မျက်နှာပေါ်လာခဲ့လေသည်။ထိုသူ့မျက်နှာကိုမြင်လိုက်သည်နှင့်စိုင်းဇာနည်က
“ဟာ အကို အကို”
;စိုင်းဇာနည်ချောက်ထဲသို့ခုန်ဆင်းလာခဲ့လေသည်။ သူခုန်ဆင်းလာခြင်းမှာမြေစာမှုန်တို့ကြားမှတိုးထွက်လာသူအား ကူညီပေးရန်အတွက်ဖြစ်လေသည်။ ထိုသို့မြေစာမှုန်များကြားကတိုးထွက်လာသောသူဟာ အလွတ်ထောက်လှမ်းရေးသမားဂျွန်ဒီပဖြစ်ပြီး သူ့ပုခုံးထက်မှာထမ်းပိုးလာသည့်သူကတော့ မြေသားပြိုကျရာမှထိခိုက်မိ၍ဒါဏ်ရာပြင်းထန်စွာရကာသတိလစ်နေသောခါးကုန်းကြီးပင်ဖြစ်လေသည်။အစောကမှဖြစ်ကြောင်းကုန်စင်ကို စိုင်းဇာနည်ကပြောပြထား၍အခုတက်လာသောသူဟာ စိုင်းဇာနည့်ကိုကယ်တင်လိုက်သည့်သူသာဖြစ်ရမည်ဟု ကိုဗဒင်အတပ်သိလိုက်ပြီးချောက်ကမ်းအနီးသို့သွားကာ ထိုအောက်ကလူ(ဂျွန်ဒီပ)ဆီသို့လက်ကမ်းပေးလိုက်ရင်း
“လာ လာညီ အကို့လက်ကိုဆွဲပြီးတက်ခဲ့”
ကိုဗဒင်ကလက်ကမ်းပေးသောအခါ အောက်မှဂျွန်ဒီပကကိုဗဒင်ရဲ့လက်ကိုမြဲမြဲဆုပ်ကိုင်ကာအပေါ်မြေမျက်နှာပြင်အထက်သို့ဖျတ်ခနဲ ပေါ့ပါးစွာခုန်တက်လိုက်ရင်း
“ကျေးဇူးအထူးပါအကို”
ဒီနေရာလေးမှာကျနော်စိုင်းဇာနည်ရေးသားသည့် #အစေခံဝိညာဉ်နှင့်ဒုစရိုက်သားကောင်အမည်ရ ဇာတ်လမ်းလေးနိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။ ဖတ်ရှုအားပေးခြင်းကိုအထူးကျေးဇူးတင်ပါသည်။
************ပြီးပါပြီ*****************
စာရှုသူချစ်မိတ်ဆွေအပေါင်းအား အစဉ်ထါဝရလေးစား ချစ်ခင်လျှက်’~~~
#စိုင်းဇာနည် {idea sai}
2019/5/27-4:17Am Malaysia Mon
[စာရှုသူများကျေနပ်လိမ့်မည်ဟုယူဆမိပါသည်]
တကယ်တော့ စိုင်းဟာအခုဒီဇာတ်သိမ်းပိုင်းလေးကို စာဖတ်သူတွေမျှော်နေရတာကြာလို့စိတ်ခုနေမှာစိုးသည့်အတွက်နေမကောင်းသည့်ကြားကနေ မအိပ်မနေကြိုးစားကာရေးသားတင်ပြပေးခြင်းဖြစ်ပါသည်။ ထိုသို့နေမကောင်းပဲရေးသားခြင်းဖြစ်တဲ့အတွက် ဇာတ်လမ်းဟာကွက်၊ ပျော့ကွက်များရှိနေမှာသေချာပါသည်။ (နေကောင်းလည်းဟာကွက်ကတော့ရှိမှာပါပဲဗျာ ကိုယ့်ရဲ့အရေးအသားနဲ့အရည်အချင်းဟာ အဲ့ဒီလောက်အထိမစေ့စပ်သေးတာသိနေလို့ပါ)အမှားများရှိနေခဲ့လျှင်နားလည်ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်ခင်မျာ~~~။
#SZN{idea sai}
✍Online writer

Zawgyi Version

အေစခံဝိညာဥ္(စ/ဆုံး)
————————–
“ဒုန္း ဒုန္း ဒုန္း”
“အား ……ေၾကာက္တယ္ ေၾကာက္တယ္ အေမကယ္ပါဦး အေဖကယ္ၾကပါဦး”
“သတိထားခေရသတိထား”
{…………}ၿမိဳ႕သို႔ တာဝန္ႏွင့္ေရာက္လာသည့္မိသားစုတစ္ခုႀကဳံေတြ႕ေနရျခင္းျဖစ္ေလသည္။ အိမ္ေထာင္ဦးစီးျဖစ္သူကိုဗဒင္ကဝန္ထမ္းျဖစ္ကာ သင့္ေတာ္ရာအိမ္တစ္လုံးကိုငွားရမ္းေနထိုင္ခဲ့ေလသည္။ထိုအိမ္ဟာ ၿမိဳ႕ႏွင့္ကပ္လွ်က္မွေတာင္ကုန္းေလးတစ္ခုေပၚတြင္တည္ရွိကာ အလကားနီးနီးေလာက္သာငွားရမ္းခေပးရေလေသာေၾကာင့္ ကိုဗဒင္တို႔ငွားရမ္းခဲ့ျခင္းျဖစ္ေလသည္။ ဝန္ထမ္းလစာက စားဖို႔၊ေသာက္ဖို႔၊ဝတ္ဖို႔နဲ႔အႏိုင္ႏိုင္ေပမို႔ ထိုအိမ္ေလးကိုေ႐ြးခ်ယ္ကာ ငွားခဲ့ျခင္းရယ္ပါ။ မငွားခင္ကတည္းက ထိုအိမ္ဟာေျခာက္လွန႔္တတ္ေၾကာင္း၊ မကြၽတ္လြတ္သည့္နာနာဘာဝတို႔ရွိေၾကာင္းမ်ားကို ထိုအိမ္တာဝန္ခံကေျပာျပထားၿပီးျဖစ္ေလသည္။ သို႔ေသာ္ကိုဗဒင္တို႔အျဖစ္ဟာ ကိုယ့္ဝမ္းနာကိုယ္သာသိမို႔ သရဲထက္၊အိမ္ငွားလခေဈးႀကီးျခင္းကိုပိုမိုေၾကာက္႐ြံ႕သျဖင့္ သရဲေျခာက္ေျခာက္၊ဘာေျခာက္ေျခာက္ဆိုၿပီး အလကားနီးပါးျဖင့္ေနခြင့္ရသည့္ ထိုအိမ္မွာသာေနခဲ့ၾကျခင္းျဖစ္ေလသည္။ သူတို႔ေရာက္ၿပီးပထမညမွာမထူးျခားေပမဲ့ ဒုတိယေျမာက္ညမွာေတာ့ကိုဗဒင္တို႔အား နာနာဘဝမ်ားကေသြးတိုးစမ္းလာခဲ့ေခ်ၿပီ။ ညသန္းေခါင္အခ်ိန္ အိပ္လို႔ေကာင္းေနစဥ္မွာပင္ အိမ္ေအာက္ထပ္မွတံခါးအားတဒုန္းဒုန္းထုနက္ေနေသာအသံသဲ့သဲ့ကိုၾကားေနရေလသည္။ အသံဟာမက်ယ္ေသာ္ျငားလည္း လူေျခတိတ္ခ်ိန္မို႔ ကိုဗဒင္တို႔ဇနီးေမာင္ႏွံနားအတြင္းသို႔ တန္းခနဲေရာက္လာျခင္းျဖစ္ေလသည္။ ဇနီးျဖစ္သူခေရကေၾကာက္လန႔္တၾကားေအာ္ဟစ္ေသာ္ ကိုဗဒင္ကဇနီးျဖစ္သူကိုယ္ခႏၶာအားသိုင္းဖက္ကာႏွစ္သိပ္ေပးလိုက္ေလသည္။
“က္ျီ……”
“ဟင္”
ေအာက္ကတံခါးဖြင့္သံၾကားလိုက္ရေလသည္။ ခဏအၾကာတြင္
“ရွပ္ ရွပ္ ရွပ္ရွပ္ ရွပ္ရွပ္”
“ကိုယ္ ၾကားလား”
“ၾကားတယ္ခေရ”
ေလွခါးမွတက္လာသည့္ေျခသံကိုတရွပ္ရွပ္ႏွင့္ၾကားေနရေလသည္။ ေျခသံဟာ ေျဖးေျဖးမွန္မွန္ေပၚထြက္ေနေလသည္။ ခက္တာကမီးမလာေသာေၾကာင့္ ကိုဗဒင္ထၾကည့္ဖို႔ကလည္းအခက္ အခုမွေျပာင္းေ႐ႊ႕လာသည္မို႔လက္ႏွိပ္ဓာတ္မီးလည္းေဆာင္ထားျခင္းမရွိေပ။ အရင္ေရာက္စညကေတာ့ မိုးလင္းသည္အထိမီးလုံးဝမပ်က္၊ဒီညၾကမွမီးကပ်က္၊ မီးပ်က္မွအခုလိုႀကဳံရေသာအခါ ကိုဗဒင္တို႔ဇနီးေမာင္ႏွံ စိတ္ထဲကေနဘုရားစာ႐ြတ္ကာအားတင္းၿပီးက်ိတ္မွိတ္ေန႐ုံကလြဲလို႔အျခားမရွိေတာ့ေခ်။
“ရွပ္ ရွပ္ရွပ္ ရွပ္ ရွပ္ရွပ္ ရွပ္”
ေျခသံကတစ္စ တစ္စအေပၚထပ္တံခါးႏွင့္နီးကပ္လာခဲ့ေလသည္။ တံခါးအနီးသို႔ေရာက္ေသာ္
“ရွစ္ ရွစ္ရွစ္ ရွစ္ ဂ်စ္ဂ်စ္ ဂ်စ္”
တံခါးအား လက္သည္းႏွင့္သို႔မဟုတ္ တစ္စုံတစ္ရာႏွင့္ျခစ္ေနသကဲ့သို႔တဂ်စ္ဂ်စ္ တရွစ္ရွစ္နဲ႔တိုးညႇင္းေသာအသံေလးမ်ားအားၾကားေနရေလသည္။ ကိုဗဒင္တို႔လည္း မိမိတို႔အားဘယ္လိုမွအႏၲရာယ္ေပးျခင္းမ်ိဳးမဟုတ္ေသာေၾကာင့္ ဒီအတိုင္းအသံတိတ္ျဖင့္ က်ိတ္မွိတ္သီးခံကာေနေနခဲ့ေလသည္။ ေနာက္ဆယ္မိနစ္၊ ဆယ့္ငါးမိနစ္မွ်ၾကာေလမွ
“ရွပ္ ရွပ္ရွပ္ ရွပ္ ရွပ္ရွပ္ ရွပ္”
ေအာက္သို႔ျပန္ဆင္းသြားသည့္ေျခသံကို ၾကားေနရေလသည္။ ေျခသံဟာတေျဖးေျဖးေအာက္သို႔ေရာက္သြားၿပီး
“ကြၽီ……ခေလာက္”
အိမ္တံခါးဖြင့္သံႏွင့္ျပန္ပိတ္လိုက္ေသာအသံတို႔အားၾကားလိုက္ရေလသည္။ ထိုသို႔ျဖစ္ၿပီးမွပုံမွန္အတိုင္းတိတ္ဆိတ္ၿငိမ္သက္သြားရကာ မၾကာခင္အခ်ိန္မွာပင္
“တုံ တုံ တုံ တုံတုံ တုံတုံတုံ တုံတုံတုံတုံ”
“ေၾသာ္ ေလးနာရီအုန္းေမာင္းေတာင္ေခါက္ေနပါေရာလား ဟူး…………”
ကိုဗဒင္ေလပူမ်ားကိုမသက္မသာပုံစံႏွင့္မႈတ္ထုတ္ၿပီး သက္ျပင္းေမာႀကီးအားခ်လိုက္မိေလသည္။ မၾကာခင္မွာပင္ သူတို႔ဇနီးေမာင္ႏွံျပန္လည္အိပ္ေပ်ာ္သြားေလေတာ့သည္။
**************
ေနာက္ေန႔တြင္ၿမိဳ႕ထဲကလူအခ်ိဳ႕ဆုံမိၾကေလေသာ္
“ေအာင္ေသာ္ေရ ၿမိဳ႕အစြန္ကအိမ္ႀကီးမွာ အိမ္ငွားလူသစ္ေတြေရာက္လာျပန္ၿပီ”
“ဟုတ္တယ္ထြန္းေမာင္ သူတို႔လည္းအရင္လူေတြလိုပဲေနမွာပါ ခံလွတစ္ပတ္ေပါ့”
“ေအးေလ သူတို႔မို႔သာပက္ဆံေပးငွားၿပီးေနတာ ငါ့လိုကေတာ့ အဲ့ဒီအိမ္မွာသြားေန ေနစရိတ္၊စားစရိတ္ေထာက္ပံ့မယ္ဘာမွမလုပ္ပဲေနဆိုေတာင္မေနရဲပါဘူးကြာ”
“ေၾသာ္ ထြန္းေမာင္ရာ သူဟာကိုယ္မဟုတ္ဘူးေလကြာ ေနာက္ၿပီးေတာ့အခုေရာက္လာတဲ့သူကလည္းဝန္ထမ္းလို႔ၾကားတယ္ ေနစရာအခက္အခဲရွိလို႔ျဖစ္မွာေပါ့”
“ဘာျဖစ္ျဖစ္ေပါ့ကြာ ကိုယ့္ကိုဒုကၡေပးတဲ့ေနရာမ်ိဳးမွာ ငါ့လိုေတာ့မေနမွာအမွန္ပဲ”
ထိုသို႔ပင္ ထိုအိမ္ႀကီးအေၾကာင္းအားစိတ္ဝင္တစားေျပာဆိုေနၾကေလသည္။ ဘယ္သူေတြဘာေျပာေျပာ အိမ္ငွားတဲ့ကိုဗဒင္ကေတာ့ ကိုယ့္ဝမ္းနာကိုယ္သာသိ၊ကိုယ့္အခက္အခဲႏွင့္ကိုယ္မို႔ ဆက္လက္ေနထိုင္ဖို႔ဆုံးျဖတ္ထားလိုက္ေလသည္။ ဒီေန႔ေတာ့ ကိုဗဒင္တစ္ေယာက္အလုပ္ကအျပန္မွာလိုအပ္သည္မ်ားကိုဝယ္ျခမ္းလာခဲ့ေလသည္။ လက္ႏွိပ္ဓာတ္မီးတစ္လက္၊ လက္ဆြဲလွ်ပ္စစ္မီးအိမ္ေလးတစ္လုံး။ ဒါေတြေဆာင္ထားမွသာ ႐ုတ္တရာလွ်ပ္စစ္မီးပ်က္လွ်င္ အရံသင့္ရွိမည္မဟုတ္လား။ ကိုဗဒင္ျပန္လာသည္ႏွင့္ ဇနီးျဖစ္သူခေရကအိမ္ဝိုင္းေပါက္ကထြက္ေစာင့္ေနကာ
“ကိုယ္ ဘာေတြလည္းအထုပ္ေတြကလည္းအမ်ားႀကီး ေပးေပး ခေရယူခဲ့မယ္”
“ဘာေတြရမလဲမိန္းမရယ္ မေန႔ညကလိုမီးပ်က္ရငါ အခက္မႀကဳံရေအာင္လို႔ ဓာတ္မီး၊ မီးအိမ္နဲ႔မိန္းမစားဖို႔မုန႔္ဗူးေတြေပါ့”
“ေကာင္းတယ္ကိုယ္ ဒါမွညမေၾကာက္ရမွာ မီးမရွိရင္ခေရအရမ္းေၾကာက္တယ္”
“ေအးပါမိန္းမရာ စိတ္ခ် ေနာက္ဆိုဘယ္ေတာ့မွအေမွာင္ထဲမေနရေတာ့ဘူး ဟုတ္ၿပီလား”
“ဟုတ္ ဟုတ္ကိုယ္”
ကိုဗဒင္တို႔လင္မယား အထုပ္ေလးေတြဆြဲကာအိမ္ထဲသို႔ဝင္ခဲ့ေလသည္။ သူတို႔အိမ္အတြင္းဝင္သြားသည္ကို အိမ္ဝိုင္းအျပင္ဘက္သစ္ေတာအစပ္ ႀကီးမားေသာသစ္ပင္ႀကီးရဲ႕ေနာက္ကြယ္ကေန တိတ္တဆိတ္ေခ်ာင္းေျမာင္းၾကည့္ရႈေနသူကိုေတာ့ ကိုဗဒင္တို႔လင္မယားႏွစ္ေယာက္လုံးဝ (လုံးဝ)မွမသိရွိခဲ့ပါေခ်။ ကိုဗဒင္တို႔အိမ္ထဲဝင္သြားသည္ႏွင့္ေခ်ာင္းၾကည့္ေနသူက အံႀကိတ္လိုက္ရင္း
“ေတာက္ မင္းတို႔ကမီးေတြဘာေတြဝယ္လာပါေပါ့လား ေတြ႕ၾကေသးတာေပါ့ကြာ မင္းတို႔ကပဲေနႏိုင္မလား ငါကပဲ ဟြန္း ဟြန္း ဟြန္း”
တစ္ေယာက္တည္း အသံနက္ႀကီးႏွင့္တဟင္းဟင္း တဟြန္းဟြန္းျပဳလုပ္ေနသည္က မေကာင္းဆိုးဝါးႀကီးတစ္ေကာင္ၿငီးျငဴေနဘိသကဲ့သို႔ပင္ျဖစ္ေလသည္။ ထိုသိုျအသံျပဳၿပီးသစ္ပင္ေနာက္သို႔ဝင္ေရာက္ေပ်ာက္ကြယ္သြားေလေတာ့သည္။
ည မီးမပ်က္ပါ ကိုဗဒင္တို႔လင္မယား စားေသာက္ၿပီးေသာ္ မအိပ္စက္လိုေသးေသာေၾကာင့္ အိမ္အေပၚထပ္အလယ္ေခါင္မွဆက္တီခုံတြင္ထိုင္ကာ ေထြရာေလးပါးစကားတို႔ေျပာေနမိေလသည္။ ထိုသို႔ေျပာေနစဥ္ သာယာေနေသာေကာင္းကင္ျပင္ဟာ မည္းသားတိမ္လိပ္တို႔တက္လာၿပီး ခ်က္ခ်င္းပင္မိုးေရာ ေလေရာ ႐ြာသြန္းတိုက္ခတ္လာေလေတာ့သည္။
“ေဝါ ေဝါ ေဝါ ဝုန္း ဝုန္း”
“ဖ်န္း ဖ်န္း ကြၽီ က်လိ က်ီ က်ီ”
“ဂြၽမ္း ေဂ်ာင္း ဂ်ိဳင္း ဂ်ိဳင္း ေဂ်ာင္း”
“ကိုယ္ရယ္ မိုးသံေလသံေတြနဲ႔ခေရေၾကာက္လိုက္တာလြန္ပါေရာ”
“မိန္းမရယ္ မိုး႐ြာေလတိုက္လို႔အသံထြက္တာသဘာဝပါ ဒါေၾကာက္စရာမဟုတ္ပါဘူး”
“သဘာဝေတာ့ သဘာဝေပါ့ကိုယ္ ဒါေပမဲ့ခေရကမိန္းမသားေလ ေၾကာက္တာေပါ့လို႔”
“ကဲ လာ လာ ေရွ႕တိုး ေၾကာက္ရင္ေယာက်ာ္းရင္ခြင္ထဲဝင္အိပ္ ေယာက်ာ္းဖတ္ထားေပးမယ္ဟုတ္ၿပီလား”
“ဟုတ္ ဟုတ္ကိုယ္”
အိမ္အနီးမွာကပ္လွ်က္ေပါက္ေနေသာသစ္ပင္မွ သစ္ကိုင္းတို႔ဟာ ေလၾကမ္းတိုက္ခတ္မႈေၾကာင့္ ဟိုဒီေ႐ြ႕လ်ားကာ အိမ္အမိုးသြပ္တို႔ျဖင့္ထိခိုက္မိကာ တဂ်ဴံးဂ်ဳံးတေဂ်ာင္းေဂ်ာင္းအသံတို႔က အသည္းငယ္သူတို႔အတြက္ေသြးပ်က္ဖြယ္အတိပင္ျဖစ္ေလသည္။ ထို႔အတြက္ေၾကာင့္မိန္းမသားျဖစ္သူခေရမွာ ေၾကာက္လန႔္ေနသည္ကိုအျပစ္မဆိုသာပါေခ်။ ကိုဗဒင္ကေယာက်ာ္းေကာင္းတစ္ေယာက္ပီပီ ေၾကာက္႐ြံ႕ေနေသာဇနီးျဖစ္သူအားႏွိပ္သိပ္သည့္အေနျဖင့္ရင္ခြင္ထဲမွာသြတ္သြင္း၍ေပြ႕ပိုက္ထားလိုက္ေလသည္။
“ဝုန္း”
“ဒိန္း ဒိန္း ဒိုင္း”
“ဟင္”
မေၾကာက္႐ြံ႕တတ္ေသာကိုဗဒင္ ရင္ထဲမွာထိတ္ခနဲျဖစ္သြားမိေလသည္။ အေၾကာင္းမွာ လွ်ပ္စီးလက္လိုက္သည့္အခ်ိန္တြင္ ကိုဗဒင္ေနေသာအိမ္ဟာျပတင္းတံခါး႐ြက္က မွန္တံခါး႐ြက္မ်ားေပမို႔ တံခါးအျပင္ဘက္ကအရိပ္တစ္ခုကို ျမင္လိုက္ျခင္းျဖစ္ေလသည္။ ကိုဗဒင္အၾကည့္မွားေလသလားလို႔ အေသအျခာလိုက္ၾကည့္မိလိုက္ေလသည္။ လိုက္ၾကည့္ျခင္းဆိုသည္မွာ အိပ္ယာထဲကေနလွမ္းၾကည့္ျခင္းျဖစ္ေပသည္။ လွ်ပ္စီးေရာင္ေအာက္တြင္ထင္ထင္ရွားရွားျမင္လိုက္ရသည္ကေတာ့ အိမ္ရဲ႕အျပင္ဘက္ကေန လူရိပ္သ႑ာန္တစ္ခုသည္လ်င္ျမန္စြာေ႐ြ႕လ်ားသြားသည္ကိုျမင္လိုက္ရျခင္းျဖစ္ေလသည္။ ထို႔ေၾကာင့္ ကိုဗဒင္႐ုတ္တရက္အိပ္ယာထဲကေနဆတ္ခနဲကုန္းထမလိုျဖစ္သြားရာ
“ကိုယ္ ဘာျဖစ္လို႔လဲဟင္”
“ေၾသာ္ ဘာမွမဟုတ္ပါဘူး မိန္းမေက်ာဘက္ေစာင္လုံရဲ႕လားလွမ္းၾကည့္တာပါ”
“လုံပါတယ္ကိုယ္ရဲ႕ ဖက္ထားေနာ္ ကိုယ္ဖက္ထားရင္ခေရမေၾကာက္ေတာ့ဘူး ”
“ေၾသာ္ အင္း အင္းပါ မိန္းမရယ္ ေယာက်ာ္းဖက္ထားေပးမယ္ေနာ္”
ကိုဗဒင္ စိတ္ထဲကအျမန္ထေျပးလိုက္ၾကည့္ခ်င္ေသာ္ျငားလည္း မိန္းမျဖစ္သူေၾကာက္႐ြံ႕ေနမွာစိုးသည့္အတြက္ ထိုသို႔မုသားသုံးကာဆက္လက္၍အိပ္ယာထဲမွာပင္ဇနီးျဖစ္သူအားဖက္ကာအိပ္စက္ေနခဲ့ေလသည္။ လူကသာအိပ္ေနေသာ္လည္း စိတ္ကေတာ့အေစာကျမင္လိုက္ေသာအရိပ္ေနာက္သို႔ပါသြားခဲ့ေလသည္။ ထိုအရိပ္ဟာမည္သို႔ေသာပုဂၢိဳလ္ျဖစ္ႏိုင္ေလသနည္း။ ေျခနင္းစရာတစ္စုံတစ္ရာမရွိေသာေလဟာျပင္ထဲမွာ မည္သို႔ေလွ်ာက္သြားေလသနည္း။ သူျမင္လိုက္ရသည္ကအေသအခ်ာပါ။ ဒါဆိုလွ်င္ သူျမင္လိုက္ရသည္ဟာ နာနာဘာဝပင္ျဖစ္ေနေလသည္ေလာ။ ကိုဗဒင္စိတ္ထဲမွာမေဟဠိေပါင္းမ်ားစြာက်န္ရစ္ခဲ့ေလသည္။ ထိုသို႔ျဖင့္ အခ်ိန္ၾကာလာေသာအခါ မိုးေလၿငိမ္သက္သြားခဲ့သလို ဇနီးျဖစ္သူလည္းအိပ္ေပ်ာ္သြားခဲ့ေပမည္မို႔ ကိုဗဒင္အိပ္ယာထက္ကထကာ ျပတင္းတံခါးဆီသို႔ေလွ်ာက္လာခဲ့ေလသည္။ ကံအားေလွ်ာ္စြာ လွ်ပ္စစ္မီးကလည္းလာေနေလသည္။ ကိုဗဒင္ျပတင္းတံခါးဂ်ပ္ျဖဳတ္ကာ အေပါက္ဖြင့္ၿပီးအျပင္ဘက္ေခါင္းျပဴကာ ဝဲယာသို႔ဟိုဟိုသည္သည္ၾကည့္လိုက္မိေလသည္။သူၾကည့္ေသာ္လည္းဘာကိုမွ်သဲကြဲစြာမျမင္ရေလပဲ အေမွာင္ထုကိုသာျမင္ေတြ႕ေနရေလသည္။ ကိုဗဒင္ကသာအေမွာင္ထုကိုျမင္ေတြ႕ေနရေပမဲ့ ေျမျပင္အေမွာင္ထုအတြင္းကေန ကိုဗဒင္ကိုစူးစိုက္ၾကည့္ေနသည့္အရိပ္သ႑ာန္ကိုေတာ့ကိုဗဒင္တစ္ေယာက္လုံးဝမသိခဲ့ပါေခ်။ အေမွာင္အတြင္းမွအရိပ္က ကိုဗဒင္ကိုလွမ္းၾကည့္ေနၿပီး ကိုဗဒင္တစ္ေယာက္ မေဟဠိဆန္စြာဟိုဟိုသည္သည္ၾကည့္ေနသည္ကိုျမင္လိုက္ရသည့္အတြက္ေက်နပ္သြားမိေလသည္။ သူ ေသခ်ာေပါက္ ကိုဗဒင္ကိုစိတ္အေႏွာက္အယွက္ေပးႏိုင္ၿပီမဟုတ္လား။ ထို႔ေၾကာင့္ ေက်နပ္စြာျဖင့္
“ဟီး ဟီး ဟင္း ဟင္း ဟင္း”
“ဟင္”
ထိုသူကေျခာက္ကပ္ကပ္အသံႀကီးျဖင့္ေက်နပ္စြာရယ္ေမာလိုက္ေသာအသံကိုကိုဗဒင္ပင္ၾကားလိုက္ရကာ မေၾကာက္႐ြံ႕ေသာ္ျငားလည္းထင္မွတ္မထားေသာေၾကာင့္ ရင္ထဲမွာထိတ္ခနဲျဖစ္သြားမိေလသည္။ ေနာက္ဆုံးေတာ့ ဘာကိုမွမျမင္ရအတူတူ ကိုဗဒင္တစ္ေယာက္အိပ္ယာထဲသို႔ဝင္ကာ အားလုံးကိုေလ်ာ့ခ်ကာအိပ္ပစ္လိုက္ေလေတာ့သည္။
************
“ဒိုင္း ဒိုင္း ”
“တစ္ေယာက္မွေခါင္းေထာင္မၾကည့္နဲ႔ ေခါင္းေထာင္သူနဲ႔ျပန္ခုခံသူအားလုံး တစ္ခါတည္းအျပတ္ရွင္းပစ္”
“ဟုတ္ဆရာႀကီး”
(——–)ၿမိဳ႕အစြန္ သူေဌးႀကီးဦးေ႐ႊသီး၏တိုက္အိမ္ႀကီးအတြင္းသို႔ အလုၾကမ္းသမားေခၚဒုစ႐ိုက္သမားတို႔ဝင္ေရာက္စီးနင္းလိုက္ျခင္းျဖစ္ေလသည္။ အိမ္သားတို႔မွာ႐ုတ္တရက္အငိုက္မိသြားေသာေၾကာင့္ ဒုစ႐ိုက္သမားတို႔၏ေသနတ္ေျပာင္းေအာက္မွာျပားျပားေမွာက္ေနၾကရေလေတာ့သည္။ အိမ္သားတို႔ျပားျပားေမွာက္ေသာ္ျငားလည္း ျပားျပားမေမွာက္သည္ကေတာ္ တာဝန္ရွိျပည္သူ႔ရဲသားမ်ားပင္ျဖစ္ေလသည္။
“ေဟ့ မင္းတို႔အားလုံးကို တို႔တာဝန္ရွိရဲေတြဝိုင္းထားၿပီ လက္နက္ခ်ၿပီးေအးေဆးအဖမ္းခံပါ”
“ဟာ ရဲ ရဲေတြ ရဲေတြေရာက္လာၿပီ”
“ဘယ္လိုလုပ္ၾကမလဲဆရာ”
“ဟ ဘယ္လိုလုပ္ရမလဲ မင္းတို႔လက္ထဲမွာေသနတ္ေတြရွိေနတာဘာလုပ္ဖို႔လဲျပန္ပစ္ေပါ့”
ေခါင္းေဆာင္လုပ္သူက သူ႔ေနာက္လိုက္မ်ားကိုထိုသို႔ျပန္ေျပာၿပီးအျပင္ဘက္မွ
“ေဟ့ ငါတို႔ဝင္လာၿပီ အားလုံးလက္နက္ခ်ေအးေဆးအဖမ္းခံပါ”
ရဲသားတို႔ကအထက္ပါအတိုင္း အသံျပဳၿပီးဝင္လာခဲ့ၾကရာ
“ေဟ့ ေကာင္ေတြဘာလုပ္ေနတာလဲ ပစ္ေလကြာ ပစ္ ပစ္ ”
“ဒိုင္း ဒိုင္း ဒိုင္း”
“ဒက္ ဒက္ ဒက္ ဒက္”
ေသနတ္သံတို႔ဆူညံကုန္ေလေတာ့သည္။ ဒုစ႐ိုက္သမားတို႔ကလည္းအညံ့မခံ အျပန္အလွန္ပစ္ခတ္ၾကေလေတာ့သည္။ တာဝန္ရွိျပည္သူ႔ဘက္ေတာ္သားႏွင့္ဒုစ႐ိုက္သမားတို႔ယွဥ္လိုက္မည္ဆိုလွ်င္ အေမွာင္နဲ႔အလင္းအားခ်င္းယွဥ္လိုက္ေသာအခါမွာ အေမွာင္ခိုခြင္းအလင္းေရာက္စၿမဲေပမို႔
“ဒိုင္း ဒိုင္း”
“ဒက္ ဒက္ ဒက္”
“အား”
“အီး”
ဒုစ႐ိုက္သမားတို႔အတုံးအရႈံးလဲက်ကုန္ေလသည္။ ျပည္သူ႔ရဲေတြ အိမ္အတြင္းသို႔စီးမိေလေသာ္ ဒုစ႐ိုက္အဖြဲ႕ေခါင္းေဆာင္ဟာ မယုံၾကည္ႏိုင္ေလာက္ေသာလ်င္ျမန္ျခင္းမ်ိဳးျဖင့္ ကိုယ္လြတ္႐ုန္းကာထြက္ေျပးေလေတာ့သည္။
“ဟိုမွာ ဟိုမွာေျပးသြားတယ္လိုက္ လိုက္”
“ေဟ့ မေျပးနဲ႔ရပ္ ရပ္ ”
“မရပ္ရင္ပစ္မွာေနာ္”
ျပည္သူ႔ရဲတို႔အထက္ပါအတိုင္းေအာ္ဟစ္အမိန႔္ေပးေနပါေသာ္ျငားလည္း ဒုစ႐ိုက္ေခါင္းေဆာင္ဟာ လုံးဝရပ္တန႔္ျခင္းမရွိသလို ေနာက္ကိုတစ္ခ်က္ေလးမွလွည့္မၾကည့္ပဲ ေရွ႕သို႔သာအာ႐ုံစိုက္ေျပးလႊားသြားေလသည္။ ထိုအခါ
“ဆရာေနာက္ထိန္။ ဆရာႏွင္းေမာင္နဲ႔ဆရာမင္းေခါင္တို႔ သူ႔ေနာက္ကိုလိုက္ပါ’
“ဟုတ္ဆရာ”
တာဝန္ရွိရဲသားသုံးေယာက္က လင္းအားေကာင္းလွေသာ ေခါင္းစြပ္ဓာတ္မီးအလင္းေရာင္အကူအညီျဖင့္ဒုစ႐ိုက္ေခါင္းေဆာင္ေနာက္သို႔ထပ္ခ်ပ္မခြာလိုက္ပါလာခဲ့ေလသည္။
“ေဟ့ ရပ္ ရပ္ မရပ္ရင္ပစ္လိုက္မွာ”
သူတို႔ထိုသို႔ေအာ္ဟစ္အမိန႔္ေပးလိုက္စဥ္ ဒုစ႐ိုက္ေခါင္းေဆာင္ဟာ ေၾကာင္တစ္ေကာင္ရဲ႕ေပါ့ပါးျခင္းျဖင့္ျဖတ္ခနဲခုန္ကာ လူႀကီးလက္ခုပ္တစ္ေဘာင္ခန႔္အျမင့္ရွိေသာအုတ္တံတိုင္းေပၚသို႔လႊားခနဲခုန္တက္လိုပ္ေလသည္။
“ေဟ့ ရပ္”
“မရပ္ရင္ပစ္ကြာ ကဲ ဒိုင္း ဒိုင္း”
“ဒိုင္း ဒိုင္း ေဖာက္”
“အား—”
“ဟာ ထိသြားၿပီ လိုက္ လိုက္ ဒီေကာင္လြတ္ေအာင္မေျပးႏိုင္ေတာ့ပါဘူး”
ဒုစ႐ိုက္သမားေခါင္းေဆာင္ အုတ္တံတိုင္းအထက္သို႔ခုန္တက္လိုက္စဥ္ ေနာက္ကပစ္လိုက္ေသာေသနတ္က်ည္က သူ႔ေပါင္ကိုေဖာက္ထြင္းဝင္ေရာက္သြားေလသည္။ အုတ္တံတိုင္းတစ္ဘက္သို႔ခုန္ခ်ကာဆက္လက္ေျပးလႊားသြားေလသည္။ ျပည္သူ႔ရဲတို႔လည္းအုတ္တံတိုင္းကိုေက်ာ္ျဖတ္ကာ ထိုသူ႔ေနာက္သို႔ထပ္ခ်ပ္မခြါေျပးလႊားလိုက္ပါသြားေလေတာ့သည္။ ဒုစ႐ိုက္သမား၏ေျခဦးတည့္ရာကေတာ့
“ဟာ ဒီေကာင္ သရဲေျခာက္တဲ့အိမ္ႀကီးဘက္ကိုေျပးသြားေနတာပါလား”
“ဟုတ္တယ္ေဟ့ ဒီေကာင္မလြတ္ေတာ့လို႔ေျပးမိေျပးရာကိုေျပးေနတာျဖစ္ႏိုင္တယ္ လိုက္ လိုက္မလြတ္ေစနဲ႔”
ျပည္သူ႔ရဲတို႔လည္း သူေျပးရာသို႔တန္းလိုက္ခဲ့ေလေတာ့သည္။ ေျပးရင္းမွလမ္းတေလွ်ာက္တြင္ ေသြးမ်ားမျပတ္တမ္းက်ေနသည္ကိုေခါင္းစြပ္မီး မီးအလင္းေရာင္ျဖင့္ေကာင္းစြာျမင္ေတြ႕ေနရေလသည္။ ျပည္သူ႔ရဲတို႔သရဲေျခာက္ေသာအိမ္ႀကီးအနီးသို႔ေရာက္ေလေသာ္ ေရွ႕ကေျပးလႊားသြားသည့္သူကိုမ်က္ေျချပတ္သြားရေလေတာ့သည္။
“ေတာက္ ဒီနားေလးတင္ေပ်ာက္သြားတယ္ကြာ ဘယ္ေရာက္သြားပါလိမ့္”
“ဟာ ဒီ ဒီမွာေသြးစက္ေတြကြ”
“ေအး ဟုတ္ပါ့ ၾကည့္စမ္း ၾကည့္စမ္း ဒီေနရာမွအေတာ္မ်ားတယ္ကြ သူဒီေနရာမွာခဏရပ္ေနလို႔ျဖစ္လိမ့္မယ္”
တာဝန္ရွိျပည္သူ႔ရဲတို႔ဟာ ကိုဗဒင္ငွားရမ္းေနထိုင္သည့္ သရဲေျခာက္ေသာအိမ္ႀကီးရဲ႕ဝန္းတံခါးေရွ႕မွာလူးလာေခါက္ျပန္ေလွ်ာက္ေနၾကၿပီးလွ်င္
“သူ ဒီအိမ္ႀကီးထဲဝင္သြားတာျဖစ္ႏိုင္ေလာက္တယ္ကြ”
“ဟ ထြန္းေတာက္ရ ဒီအိမ္ကသရဲေျခာက္တာနာမ္မည္ႀကီးပဲဥစၥာ သူဝင္သြားတာျဖစ္ႏိုင္ပါ့မလား”
‘ႏွင္းေမာင္ရာ ႀကံႀကံဖန္ဖန္ေျပာေရာမယ္ ဒုစ႐ိုက္သမားက သရဲေၾကာက္ပါ့မလားဟ”
“ဒါဆို ဒီလိုလုပ္ကြာ ငါတို႔ဝင္ရွာၾကမယ္”
“ေအး အဲ့ဒါေကာင္းတယ္ လာ လာေက်ာ္တက္ၾကမယ္”
ျပည္သူ႔ရဲတို႔လည္းဝန္းတံခါးကိုေက်ာ္ခြဝင္ကာ သူရဲေျခာက္ေသာအိမ္ႀကီးအတြင္းသို႔ဝင္လာခဲ့ၾကေလသည္။ အိမ္ဝန္းထဲသို႔ေရာက္ေသာ္ ေသြးစ၊ေသြးနမ်ားကိုလိုက္ၾကည့္ရင္းျဖင့္အိမ္တံခါးမႀကီးအနီးသို႔သူတို႔ေရာက္လာခဲ့ၾကေလသည္။ေသြးစ၊ေသြးနတို႔အဆက္ျပတ္သြားရသည့္အတြက္ သုံးေယာက္သားတံခါးမႀကီးေရွ႕မွာရပ္တန႔္ကာစဥ္းစားလိုက္ေလသည္။ ရဲသားတစ္ေယာက္ကအႀကံရၿပီးတံခါးကိုေခါက္ၾကည့္ရန္လက္႐ြယ္လိုက္ေလသည္။ ထို႔စဥ္မွာပင္
“Oုန္း”
“ဟိုင္း ယား……”
တံခါးႀကီးက႐ုတ္တရက္………?
ဇာတ္သိမ္းပိုင္းဆက္လက္၍ဖတ္ရႈအားေပးၾကပါဦးခင္မ်ာ~~~
စာရႈသူခ်စ္မိတ္ေဆြအေပါင္းအား အစဥ္ထါဝရခ်စ္ခင္ေလးစားရပါတဲ့~~~
#စိုင္းဇာနည္ {idea sai}
စာရႈသူခ်စ္မိတ္ေဆြမ်ားသို႔ပန္ၾကားလႊာ—>
က်ေနာ္စိုင္းဇာနည္ဟာ စာေရးဆရာတစ္ေယာက္မဟုတ္ပါ ဝါသနာအလြန္အမင္းပါေသာေၾကာင့္သာ တိုင္းတစ္ပါးမွာအလုပ္လုပ္ရင္း ညအခ်ိန္မအိပ္မေနႀကိဳးစားေရးသားေနျခင္းျဖစ္ပါသည္။ ဒါ့ေၾကာင့္ဖတ္ရႈ၍အဆင္မေျပခဲ့သည္ရွိေသာ္ စိတ္မဆိုးၾကပါနဲ႔လို႔၊ အျမင္မေတာ္သည္မ်ားကိုအားမနာတမ္းေဝဖန္ေပးေစလိုပါတယ္။ ထိုသို႔ေဝဖန္သည္ကိုက်ေနာ္စိတ္မဆိုးတတ္ပါဘူး စာရႈသူတို႔ကလိုအပ္သည္မ်ားကိုေဝဖန္ေပးမွသာလွ်င္ က်ေနာ္ကအမွားမ်ား၊လိုအပ္ခ်က္မ်ားကိုျမင္သိရၿပီး ျပင္သင့္တာကိုျပင္လို႔ ျဖည့္သင့္သည္တို႔ကိုျဖည့္စြက္ေရးသားႏိုင္မည္ျဖစ္ပါသည္။အခုလိုအဆုံးထိဖတ္ေပးသည့္အတြက္အထူးေက်းဇူးတင္ရွိပါသည္ခင္မ်ာ။
#စိုင္းဇာနည္ Tue
2019/5/21-4:47Am Malaysia
#အေစခံဝိညာဥ္ႏွင့္ဒုစ႐ိုက္သားေကာင္#
**********************
(ပရ+ေထာက္လွမ္းေရးေပါင္းစပ္မႈ-ဇာတ္သိမ္း)
တစ္ကိုယ္ေတာ္ေထာက္လွမ္းေရးသမားဂြၽန္ဒီပတစ္ေယာက္ ညဥ့္နက္သန္းေခါင္ယံအခ်ိန္ထိကိစၥတစ္ခုအားနက္နက္နဲနဲသူေတြးေတာစဥ္းစားေနေလသည္။သူစဥ္းစားေနသည့္အေၾကာင္းက ၿမိဳ႕အစြန္ရွိ သူေဌးႀကီးဦးေ႐ႊသီးရဲ႕အိမ္သို႔အလုၾကမ္းစီးခံရေသာအေၾကာင္းျဖစ္ေလသည္။ ဦးေ႐ႊသီးအိမ္သို႔ အလုၾကမ္းစီးခံရလိမ့္မည္ဟု အစိုးရအဖြဲ႕ကသတင္းသဲ့သဲ့မွ်ရထားေသာ္လည္း ဘယ္ေန႔၊ဘယ္ရက္အတိအက်မသိရ၍ အခုကဲ့သို႔ ဒုစ႐ိုက္သမားမ်ားကေအာင္ျမင္စြာအေကာင္အထည္ေဖာ္လိုက္ႏိုင္ျခင္းျဖစ္ေလသည္။
ဒုစ႐ိုက္သမားတို႔ေအာင္ျမင္စြာအေကာင္ထည္ေဖာ္ႏိုင္ေသာ္ျငားလည္း ျပည္သူ႔တပ္ဖြဲ႕မ်ားလက္မတင္ေလးေရာက္လာခဲ့သည့္အတြက္ သူတို႔လူစုက်ရႈံးခဲ့ရေလသည္။ က်ရႈံးခဲ့ေပမဲ့ ဒုစ႐ိုက္ေခါင္းေဆာင္ကိုေတာ့လက္ရဖမ္းဆီးမိခဲ့ျခင္းမရွိေပ။ ဖမ္းဆီးရမိသည့္ဒုစ႐ိုက္သမားမ်ားဟာလည္း ျပည္သူ႔တပ္ဖြဲ႕ဝင္မ်ားအား ခုခံပစ္ခတ္ေသာေၾကာင့္ တစ္ေယာက္မွအရွင္ဖမ္းဆီးႏိုင္ခဲ့ျခင္းမရွိေလပဲ သက္မဲ့ကိုယ္ခႏၶာတို႔ကိုသာဖမ္းဆီးရခဲ့မိေလသည္။
အဲ့ဒီမွာတင္ သူတို႔အဖြဲ႕အားအျမစ္ပါမက်န္ၿဖိဳခြင္းဖို႔အေရးမွာ ေျခရာေပ်ာက္သြားရေလသည္။ ေျခရာေပ်ာက္သြားေပမဲ့ ဒုစ႐ိုက္သမားေခါင္းေဆာင္ဟာ ၿမိဳ႕အျပင္ရွိေတာင္ကုန္းေလးထက္က သရဲေျခာက္ေသာအိမ္ႀကီးအတြင္းမွာေျခရာေပ်ာက္သြားရသည္ဟု ဂြၽန္ဒီပသိခဲ့ရေလသည္။ ဒါဆိုရင္ ထိုဒုစ႐ိုက္အဖြဲ႕ႏွင့္သရဲေျခာက္ေသာအိမ္ႀကီးဟာတစ္နည္းမဟုတ္ တစ္နည္းကေတာ့ပါတ္သက္ယွက္ႏႊယ္ေနမည္ကဧကန္ျဖစ္ေလသည္။
အခုဂြၽန္ဒီပက ထိုအေၾကာင္းအားအေလးအနက္စဥ္းစားေနျခင္းျဖစ္ေလသည္။ ထိုအိမ္ႀကီးဟာသရဲအလြန္ေျခာက္ေသာေၾကာင့္မည္သည့္အိမ္ငွားမွၾကာၾကာမေနႏိုင္/မေနရဲခဲ့ေပ။ အခုလက္ရွိမွာေတာ့ ဝန္ထမ္းလင္မယားႏွစ္ေယာက္ငွားရမ္းေနထိုင္ေၾကာင္းဂြၽန္ဒီပသိထားခဲ့ေလသည္။ဂြၽန္ဒီပစာေရးစားပြဲတြင္ထိုင္စဥ္းစားေနရင္းမွထရပ္လိုက္ေလသည္။ ၿပီးလွ်င္လိုအပ္သည္တို႔ကိုကိုယ္ခႏၶာမွာခ်ိတ္ဆြဲလိုက္ၿပီး အခန္းထဲကထြက္လာခဲ့ေလသည္။ သူ႔ရဲ႕ဦးတည္ရာကေတာ့ၿမိဳ႕အျပင္ဘက္ေတာင္ကုန္းေလးေပၚရွိသရဲေျခာက္ေသာအိမ္ႀကီးဆီသို႔ျဖစ္ေလသည္။
*************
အေမွာင္ထုေအာက္ သစ္ပင္ႀကီးရဲ႕ေနာက္ကြယ္ကေန လူတစ္ေယာက္ဟာကိုေဗဒါတို႔အိမ္ထဲသို႔စစူးစူးစိုက္စိုက္ၾကည့္ေနေလသည္။ သူ စိတ္ေက်နပ္ေလာက္ေအာင္ၾကည့္လိုက္ၿပီးလွ်င္ ေနာက္သို႔ျပန္လွည့္လိုက္ေလသည္။
“အ့ ကြၽတ္ ကြၽတ္”
အမွတ္မထင္ေျခလွမ္းခပ္ၾကမ္းၾကမ္းလွမ္းလိုက္မိအတြက္ ေပါင္မွဒါဏ္ရာကစူးခနဲနာက်င္လာခဲ့ေသာေၾကာင့္ျဖစ္ေလသည္။ သူ ထိုသို႔နာက်င္ေလ သူ႔အပိုင္သဖြယ္အခ်ိန္ၾကာၾကာႀကီးစိုးထားခဲ့သည့္အိမ္ႀကီးသို႔လာေရာက္ေနထိုင္သည့္လူကိုေဒါသထြက္မိေလသည္။ ထိုသူက ဒီအိမ္ႀကီးမွာလာေရာက္ေနထိုင္သည့္အတြက္ သူ႔ရဲ႕လႈပ္ရွားမႈေတြအရင္ကေလာက္လြတ္လြတ္လပ္လပ္လုပ္ခြင့္မရေတာ့ေပ။လြတ္လပ္စြာလႈပ္ရွားမရေသာေၾကာင့္သာ သူတို႔လႈပ္ရွားမႈအား အစိုးရဘက္မွေျခရာခံ၍ရခဲ့ျခင္းဟုလည္း သူကမွတ္ယူထားခဲ့ေလသည္။ ထို႔ေၾကာင့္ အခုညဥ့္နက္အခ်ိန္တြင္သူေစခိုင္းေနေသာအေကာင္ကိုအေသခ်ာမွာၾကားေနေလေတာ့သည္။
“ေဟ့ေကာင္ သူ႔ကိုဒီအိမ္မွာမေနႏိုင္ေအာင္၊ထြက္ခြါသြားေအာင္ မင္းရဲ႕အစြမ္းနဲ႔ႏွင္လႊတ္စမ္းပါ”
“———”
“ဘာ ဘာေျပာတယ္ သူကမေၾကာက္တတ္ဘူးဟုတ္လား မေၾကာက္တတ္ရင္ဂုတ္ခ်ိဳးသတ္ကြာ ေအး တကယ္လို႔မွသူ႔ကိုရေအာင္မင္းမႏွင္ႏိုင္ခဲ့ရင္ ငါေထာင္က်လိမ့္မယ္ ငါေထာင္က်ၿပီဆိုတာနဲ႔မင္းကိုလည္းငါမၾကည့္ရႈ၊မေကြၽးေမြးႏိုင္ေတာ့တဲ့အတြက္ မင္းဟာငါ့ရဲ႕အခ်ဳပ္သားဝိညာဥ္အျဖစ္နဲ႔ပဲငတ္ငတ္ျပတ္ျပတ္ေနသြားရမယ္ဆိုတာမင္းေခါင္းထဲၿမဲၿမဲမွတ္ထားလိုက္ ၾကားလား”
“———-”
“ေအးေလ မင္းႀကိဳးစားၾကည့္ေပါ့ ရမယ္ထင္တာပဲ အရင္လာေနတဲ့သူေတြေတာင္ မင္းလက္ခ်က္နဲ႔အကုန္ေျပးခဲ့ရတာမဟုတ္လား”
“——————-”
“ေအး တကယ္လို႔ေနာက္တစ္လေလာက္အထိမွသူ ဒီအိမ္ကထြက္မသြားေသးဘူးဆိုရင္ ငါလည္းေထာင္ထဲေရာက္ေလာက္ၿပီ ငါေထာင္ထဲေရာက္တာနဲ႔မင္းကိုေကြၽးေမြးသူမရွိေတာ့ဘူး၊ ဒီလိုဆိုရင္မင္းဆရာဗ်ဂၣဆိုတာလည္းမရွိေတာ့ဘူးေပါ့ကြာ”
ထိုသို႔ေျပာေနသူကေတာ့ ေပါင္မွာေသနတ္ထိထားသည့္ဒုစ႐ိုက္ေခါင္းေဆာင္ပင္ျဖစ္ေလသည္။ သူ႔ေျပာစကားအရ သူ႔အမည္ဟာဗ်ဂၣဆိုတာထင္ရွားေနေလသည္။ ေနာက္ၿပီးေတာ့ သူစကားေျပာေနေပမဲ့တစ္ဘက္လူကိုမျမင္ရပါ သူဟာသူ႔ေရွ႕သစ္ပင္ေျခသို႔စူးစိုက္ၾကည့္ကာေျပာေနျခင္းေၾကာင့္ တစ္စုံတစ္ဦးရွိမွာကေတာ့အေသခ်ာပါ။ အခ်ိန္ကညဥ့္နက္သန္းေခါင္ေက်ာ္ေနေပမဲ့ သူဟာလူသူမ်ားႏွင့္ေဝးသည့္ၿမိဳ႕အျပင္ဘက္ရွိေတာအုပ္ထဲမွာမို႔လက္ဆြဲမီးအိမ္ေလးအား သူ႔အနီးတြင္ထြန္းညႇိခ်ထားေသာေၾကာင့္သူ႔ကိုျမင္ေတြ႕ရျခင္းျဖစ္ေလသည္။
မည္မွ်အထိသတိရွိသူပင္ျဖစ္လင့္ကစား တစ္ခါ တစ္ရံမွာေတာ့သတိလစ္တတ္ေလသည္။ အခုလည္း ဟိုေန႔ကမွျပည္သူ႔ရဲမ်ားသူ႔ေနာက္ကေနဒီအထိလိုက္လာခဲ့သည္ကိုသတိေမ့ကာ မီးအိမ္ထြန္းညႇိထားခဲ့ျခင္းျဖစ္ေလသည္။ ထိုမီးအလင္းေရာင္ေၾကာင့္ပင္ သူ႔ရဲ႕အနာဂတ္ဟာအေမွာင္က်ဖို႔လမ္းစျဖစ္ခဲ့ရေလသည္။
“ကဲ ဒါဆိုမင္းသြားေတာ့ ဒီေန႔ညေတာ့မနက္လင္းေတာ့မယ္ ေနာက္ေန႔ညေတြ ႀကိဳးစားၾကည့္ကြာ ေရာ့ ေရာ့ မင္းအတြက္အစာ”
ထိုဗ်ဂၣဆိုသူက စကားဆုံးသည္ႏွင့္သူ႔အနီးမွာခ်ထားသည့္ အင္ဖက္ႏွင့္ထုပ္ထားေသာအထုပ္တစ္ခုအားသူ႔ေရွ႕သို႔လွမ္းေပးလိုက္ေလသည္။ ထိုအခါ ျဒပ္ထည္မျမင္ရေသာတစ္စုံတစ္ေယာက္ကထိုအထုပ္အားဆြဲယူလိုက္သည့္အသြင္ျဖင့္ေလထဲမွာပါသြားခဲ့ေလသည္။ ထို႔စဥ္သူကလက္ဆြဲမီးအိမ္မီးေလးအားျငႇိမ္းသတ္လိုက္ေလေတာ့သည္။ထိုသူဟာ သစ္ပင္အေျခကေနဘယ္ကိုထြက္ခြါသြားေလသည္မသိ။သစ္ပင္ေအာက္မွာၿငိမ္သက္တိတ္ဆိတ္သြားရသလို ေတာအုပ္ထဲမွာလည္းပကတိျပန္လည္ၿငိမ္သက္သြားေလေတာ့သည္။ ထို႔ေနာက္နာရီဝက္ေလာက္အၾကာမွာေတာ့ ထိုသစ္ပင္ရဲ႕အနီးအျခားသစ္ပင္ရဲ႕ေနာက္ကြယ္မွလူတစ္ေယာက္ထြက္လာခဲ့ၿပီး ၿမိဳ႕ဘက္သို႔တိတ္တဆိတ္ထြက္ခြါသြားေလေတာ့သည္။ ထိုသူဟာ ဟိုး……ေစာေစာပိုင္း ဗ်ဂၣတစ္ေယာက္အိမ္ထဲသို႔ေခ်ာင္းေျမာင္းၾကည့္ေနစဥ္ကတည္းကသစ္ပင္ေနာက္ကြယ္မွာေရာက္ေနျခင္းျဖစ္ေလသည္။ သို႔ေသာ္လည္း သူ႔အလုပ္ဟာကာယကံရွင္မသိမွျဖစ္မည္မို႔တိတ္တဆိတ္ေခ်ာင္းေျမာင္းေနခဲ့ျခင္းျဖစ္ေလသည္။ အခုေတာ့ သစ္ပင္ေျခကဗ်ဂၣလည္းကြယ္ေပ်ာက္သြားတာအခ်ိန္အေတာ္ၾကာၿပီမို႔ ပါတ္ဝန္းက်င္စိတ္ခ်ရေသာအေနအထားျဖစ္ခဲ့ၿပီမို႔ပုန္းကြယ္ေနရာကတိတ္တဆိတ္ထြက္ခြါလာခဲ့ျခင္းျဖစ္ေလသည္။
************
“ေတာက္ ေတြ႕ၾကေသးတာေပါ့ကြာ ဗဒင္ကိုလာစမ္းလို႔ကေတာ့ မင္းတို႔ဝိညာဥ္ဘဝကေန တျခားေျပာင္းရဖို႔သာျပင္ထားၾကေပေတာ့”
ကိုဗဒင္ေဒါသအလြန္ထြက္ေနေလသည္။ ဒီကေန႔သူအလုပ္ကျပန္လာ၍အိမ္သို႔ေရာက္ေသာအခါ ဇနီးျဖစ္သူခေရမွာမူမမွန္ေတာ့ေခ်။ ထို႔ေၾကာင့္အိမ္ဝန္းတံခါးတို႔ကိုေသာ့ခတ္ပိတ္ခဲ့ကာၿမိဳ႕ထဲသို႔အလ်င္အျမန္ျပန္လာၿပီး သူ႔ရဲ႕အသိမိတ္ေဆြလူ႐ြယ္စိုင္းဇာနည္ကိုအက်ိဳးအေၾကာင္းေျပာျပကာ စိုင္းဇာနည္ရဲ႕အဘိုးဘိုးထြန္းရင္ဆီမွာအကူအညီေတာင္းခံခဲ့ေလသည္။
စိုင္းဇာနည္ဟာရွမ္းစပ္တစ္ေယာက္ျဖစ္ၿပီး ဆရာႀကီးဘိုးထြန္းရင္ရဲ႕ေျမးျဖစ္ေလသည္။ဆရာႀကီးဘိုးထြန္းရင္ဟာသူတတ္အပ္ထားသည့္ပညာျဖင့္ ျမန္မာျပည္တနံတလ်ားသို႔လွည့္လည္သြားလာေနကာ ဒုကၡေရာက္ေနသူ၊အခက္အခဲႀကဳံေနရသူမ်ားကိုတတ္အားသေ႐ြ႕ကူညီေပးသည့္ဆရာႀကီးတစ္ဦးျဖစ္ေလသည္။ ထိုသို႔လွည့္လည္ရင္းမွရွမ္းျပည္နယ္ေတာင္တန္းေဒသသို႔အေရာက္တြင္ စိုင္းဇာနည္ရဲ႕အဘြားႏွင့္အေၾကာင္းပါခဲ့ျခင္းျဖစ္ေလသည္။
ထိုရွမ္းအမ်ိဳးသမီးႀကီးမွေမြးဖြားလာခဲ့သည့္ရွမ္းမေလးကေတာ့စိုင္းဇာနည္ရဲ႕မိခင္ေဒၚနန္းေမြ႕ပင္ျဖစ္ေလသည္။ အခု စိုင္းဇာနည္၏မိတ္ေဆြကိုဗဒင္ကအခက္အခဲႀကဳံေနရ၍အေမာတေကာလာေရာက္ကာအကူအညီေတာင္းလာသည့္အခါမွာ စိုင္းဇာနည္ႏွင့္သူ႔ရဲ႕အဘိုးဘိုးထြန္းရင္တို႔ဟာအခ်ိန္မဆိုင္းပဲ ခ်က္ခ်င္းပင္ကိုဗဒင္ေနာက္သို႔လိုက္လာခဲ့ျခင္းျဖစ္ေလသည္။
အခုစိုင္းဇာနည္တို႔ေျမးအဘိုးေရာက္ရွိလာၿပီး ဆရာႀကီးဘိုးထြန္းရင္မွသူ၏အဓိဌာန္ေရမန္းတိုက္လိုက္သည္ႏွင့္ကိုဗဒင္ရဲ႕အမ်ိဳးသမီးဟာအေကာင္းပကတိျပန္ျဖစ္သြားရေလေတာ့သည္။ကိုဗဒင္မွာလည္းစိုင္းဇာနည္တို႔ေျမးအဘိုးအားေက်းဇူးတင္လိုက္ရသည္မွာေျပာမထြက္ေအာင္အထိျဖစ္ေလသည္။
“တကယ္ပါညီေလးရာ ငါ့ညီတို႔ေျမးအဘိုးကူညီလို႔သာေပါ့ မဟုတ္ရင္အကိုေတာ့နယ္ေျမစိမ္းမွာဒုကၡေရာက္ၿပီေလ”
“ဟုတ္ကဲ့ပါအကိုဗဒင္ ဘာျဖစ္ျဖစ္အခက္အခဲႀကဳံလာရင္အခ်ိန္မေ႐ြးေခၚပါ တကယ္လို႔အကိုကိုယ္တိုင္မလာႏိုင္ခဲ့ရင္လည္းျဖစ္သလိုနည္းနဲ႔ဆက္သြယ္လိုက္ပါ က်ေနာ္အေရာက္လာခဲ့ပါ့မယ္ခင္မ်ာ”
“ဟုတ္ပါၿပီညီေလး အသိမိတ္ေဆြနည္းပါးတဲ့ဒီၿမိဳ႕မွာညီေလးနဲ႔အခုလိုခင္မင္ခြင့္ရတာအကိုအရမ္းဝမ္းသာတယ္ ညီေလးတို႔ေျမးအဘိုးကိုတစ္ေန႔အကိုေက်းဇူးဆပ္ပါ့မယ္”
အခု ကိုဗဒင္ရဲ႕အမ်ိဳးသမီးျပန္ေကာင္းသြားၿပီမို႔ စိုင္းဇာနည္တို႔ေျမးအဘိုးကကိုဗဒင္ရဲ႕ၿခံဝန္းထဲကျပန္ထြက္လာခဲ့ၾကေလသည္။ ထိုအခါကိုဗဒင္က ၿခံဝန္းတံခါးအထိလိုက္ပို႔ရင္းအခုလိုစကားေျပာေနျခင္းျဖစ္ေလသည္။စိုင္းဇာနည္ကဆိုင္ကယ္ေပၚကေနကိုဗဒင္ဘက္မ်က္ႏွာမူကာ
“မဟုတ္တာပဲအကိုဗဒင္ရယ္ မိတ္ေဆြေတြၾကားမွာေက်းဇူးတရားဆိုတာႀကီး ထည့္ေျပာဖို႔မလိုပါဘူး”
“ဘယ့္ႏွယ္မလိုရမွာလဲညီေလးရ တကယ္ေတာ့ အဲ့ဒီေက်းဇူးဆိုတာကိုပါးစပ္ကထုတ္မေျပာခ်င္မေျပာပဲေနလို႔ရတယ္ ဒါေပမဲ့ရင္ထဲမွာေတာ့ သူ႔ေက်းဇူးကိုအထူးသိတတ္ရမယ္ညီေလး”
“ဟုတ္ကဲ့ပါအကို ကဲ ကဲ က်ေနာ္တို႔လည္းျပန္ေတာ့မယ္ ေနာက္မွေမးေအးေဆးေဆးေပါ့အကိုရာ”
“ေအးေအးညီေလး ဆိုင္ကယ္ေျဖးေျဖးစီးသြားေနာ္”
“ဟုတ္အကို စိတ္ခ်ပါက်ေနာ္ေျဖးေျဖးပဲစီးသြားပါ့မယ္”
“ကဲ ေမာင္ဗဒင္ေရ ျပန္ၿပီ”
“ဟုတ္ကဲ့ပါဆရာႀကီး ဟုတ္ကဲ့ ဟုတ္ကဲ့”
“ေဖ်ာ ေဝါ ေဝါ ”
စိုင္းဇာနည္လည္း သူ႔အဘျဖစ္သူ ဆရာႀကီးဘိုးထြန္းရင္ကိုဆိုင္ကယ္ေနာက္ကတင္၍ေျဖးေျဖးခ်င္းစီးကာၿမိဳ႕ဘက္သို႔ထြက္ခြါသြားေလေတာ့သည္။ ကိုဗဒင္တစ္ေယာက္ကမူ ခ်က္ခ်င္းအိမ္ဝန္းထဲသို႔ျပန္မဝင္ေသးပဲ စိုင္းဇာနည္တို႔ဆိုင္ကယ္ေလးအား မ်က္ေစ့တဆုံးလိုက္ၾကည့္ေနမိေလသည္။ ဆိုင္ကယ္ေလးျမင္ကြင္းကေပ်ာက္ကြယ္သြားေလမွ
“ေၾသာ္ စိုင္းဇာနည္ စိုင္းဇာနည္ ညီေလးဟာလူငယ္တစ္ေယာက္ျဖစ္ေပမဲ့ အကို႔အတြက္ေတာ့တကယ္ကိုမိတ္ေဆြေကာင္းျဖစ္ပါတယ္ညီေလး ညီေလးေက်းဇူးကိုတစ္သက္လုံး အကိုဘယ္ေတာ့မွမေမ့ပါဘူးကြာ”
ကိုဗဒင္ဟာ တစ္ေယာက္တည္းထိုသို႔တီးတိုးေရ႐ြတ္ၿပီး ၿခံထဲျပန္ဝင္ခဲ့ကာဝန္းတံခါးကိုေသာ့ခတ္၍အိမ္ႀကီးရွိရာသို႔ျပန္လည္ေလွ်ာက္သြားေလေတာ့သည္။ ကိုဗဒင္ၿခံထဲျပန္ဝင္သြားသည္ကိုၿခံအျပင္ဘက္ရွိ သစ္ပင္အုပ္အုပ္ေတြေအာက္မွမ်က္ဝန္းတစ္စုံက ကိုဗဒင္လႈပ္ရွားမႈတို႔ကိုအေသခ်ာေစာင့္ၾကည့္ေနခဲ့သည္ကိုေတာ့ ကိုဗဒင္တစ္ေယာက္လုံးဝ (လုံးဝ)မွမသိရွိခဲ့ပါေခ်။
**********
“ဘာေတြလိုဦးမလဲ ဘာေတြလိုေနေသးလဲ အင္း တစ္ခုမွမလိုေတာ့ပါဘူးေလ ငါလိုအပ္တာေတြအကုန္ျပည့္စုံသြားၿပီပဲ ဒီညမွာပဲငါ့ရည္႐ြယ္ခ်က္ကိုအေကာင္အထည္ေဖာ္ေတာ့မယ္”
အခန္းထဲရွိ စားပြဲေပၚကအမ်ိဳးစုံလွသည့္လက္နက္မ်ားႏွင့္ညအခ်ိန္အသုံးျပဳရန္အတြက္ဓာတ္မီးကအစ ျပည့္ျပည့္စုံစုံရွိေနသည္ကိုၾကည့္ၿပီး အထက္ပါအတိုင္းေရ႐ြတ္လိုက္ျခင္းျဖစ္ေပသည္။ ထိုသူကေတာ့တစ္ကိုယ္ေတာ္ေထာက္လွမ္းေရးသမားဂြၽန္ဒီပပင္ျဖစ္ေပသည္။ ဂြၽန္ဒီပဟာ မိမိဝါသနာအေလွ်ာက္ဒုစ႐ိုက္မႈတို႔အားၿဖိဳခြင္းေနသည့္လူ႐ြယ္တစ္ေယာက္ျဖစ္ေလသည္။ အခုလည္း ၿမိဳ႕စြန္ကသူေဌးႀကီးဦးေ႐ႊသီးအိမ္သို႔အလုၾကမ္းစီးခံရျခင္းရယ္၊ေနာက္ၿပီးေတာ့ၿမိဳ႕အျပင္ေတာင္ကုန္းေလးထက္ကသရဲေျခာက္ေသာအိမ္ႀကီးႏွင့္ပါတ္သက္သည့္အေၾကာင္းတို႔ရယ္ကိုစုံးစမ္းေဖာ္ထုတ္ရန္ အတြက္ဆိုင္းျပင္ေနျခင္းျဖစ္ေလသည္။ ဂြၽန္ဒီပတစ္ေယာက္ အလုပ္ေတြရႈပ္ေနသလို ဟိုးၿမိဳ႕အျပင္ဘက္ရွိ ကိုဗဒင္ေနေသာအိမ္ႀကီးရဲ႕ေဘးကေတာအုပ္အစပ္မွာလည္း
“မင္းကိုငါေျပာေပါင္းအႀကိမ္ေတြမနည္းေတာ့ဘူး ဒီလင္မယားကိုဒီအိမ္ကထြက္ခြါသြားေအာင္လုပ္ပါဆိုေမတာကို”
“————–”
“ဘာ မင္းအစြမ္းအစနဲ႔မလုပ္ႏိုင္ဘူး ဟုတ္လား”
“————–”
“ေၾသာ္ သူ႔မိတ္ေဆြကကူညီလို႔ မင္းရဲ႕ေဆာင္႐ြက္ခ်က္မေအာင္ျမင္ရတာလို႔ဆိုလိုတာလား”
“———-”
“ေကာင္းၿပီေလ ဒါဆိုရင္သူ႔မိတ္ေဆြျဖစ္တဲ့အဲ့ဒီစိုင္းဇာနည္ဆိုတဲ့လူငယ္ကိုငါရွင္းေပးမယ္ ”
“—————”
“ေအး စိတ္ခ် ငါအခုခ်က္ခ်င္းအေကာင္အထည္ေဖာ္မယ္”
အထက္ပါအတိုင္းေျပာေနသူကေတာ့ ဒုစ႐ိုက္ေခါင္းေဆာင္ဗ်ဂၣပင္ျဖစ္ေလသည္။ ဗ်ဂၣကသူေမြးျမဴထားသည့္နာနာဘာဝအစြမ္းျဖင့္ ကိုဗဒင္တို႔အားဒီအိမ္ႀကီးမွထြက္ခြါသြားေအာင္လုပ္ေဆာင္ခိုင္းေနျခင္းျဖစါေလသည္။ ထိုအခါနာနာဘာဝေကာင္ကျပန္ေျပာသည္မွာ သူႀကိဳးစားေမာင္းထုတ္၍ကိုဗဒင္အမ်ိဳးသမီးခေရ႕ကိုအထိတ္တလန႔္ျဖစ္ေအာင္လုပ္ကာ ဝိညာဥ္ခ်င္းဝင္ပူးကပ္ခဲ့ေလသည္။ သို႔ေပမဲ့ ဒါကိုကိုဗဒင္ရဲ႕မိတ္ေဆြျဖစ္ေသာလူငယ္စိုင္းဇာနည္ကသူ႔အဘိုး၏အကူအညီျဖင့္ ကိုဗဒင္ကိုလာေရာက္ကူညီေပးေသာေၾကာင့္ သူ႔အႀကံေအာင္ျမင္ကာနီးမွပ်က္ပ်ယ္သြားရျခင္းျဖစ္သည္ဟုေျပာျပေလသည္။ ထို႔ေၾကာင့္ ထိုလူငယ္စိုင္းဇာနည္ကိုရွင္းပစ္ရန္အတြက္ ဒုစ႐ိုက္ေခါင္းေဆာင္ဗ်ဂၣခ်က္ခ်င္းေဆာင္႐ြက္ေလေတာ့သည္။ ဗ်ဂၣက သူနဲ႔နာနာဘာဝေကာင္စကားေျပာေနက်သစ္ပင္ႀကီးေအာက္ကေန ထိုသစ္ပင္အေျခကၿခဳံပုတ္တစ္ခုကိုလက္ျဖင့္ဖယ္ရွားလိုက္ေလသည္။ ထိုအခါလူတစ္ကိုယ္စာေကာင္းစြာဝင္၍ရေသာေျမေအာက္အေပါက္တစ္ခုေပၚလာခဲ့ေလသည္။ ဗ်ဂၣထဲအေပါက္အတြင္းသို႔ဆင္းသြားခဲ့ေလသည္။ ခဏအၾကာဗ်ဂၣေျမျပင္သို႔ျပန္လည္တက္လာခဲ့ေလသည္။ သူ႔ေနာက္မွခါးကုန္းကုန္းနဲ႔လူႀကီးတစ္ေယာက္လည္းပါလာခဲ့ေလသည္။ အေပါက္ထဲမွထြက္၍အျပင္ဘက္သို႔ေရာက္ေလေသာအခါ
“ကဲ ခါးကုန္းႀကီး က်ဳပ္ေျပာခိုင္းသလိုသာေျပာပါ သူ႔မိန္းမအေရးတႀကီးျဖစ္ေနလို႔ခ်က္ခ်င္းလိုက္ခဲ့ဖို႔ေျပာပါ အဲ့ဒီလိုေျပာၿပီးရင္ခါးကုန္းႀကီးရဲ႕တာဝန္ၿပီးဆုံးပါၿပီ”
“ဟုတ္ကဲ့ဆရာဗဂၣ က်ဳပ္အေသအခ်ာေျပာပါ့မယ္ သူဒီကိုမေရာက္အေရာက္လာေအာင္”
“ေကာင္းၿပီခါးကုန္းႀကီး ဒါဆိုသြားေတာ့”
“ဟုတ္ဆရာဗ်ဂၣ”
ခါးကုန္းႀကီးဟာ ၿမိဳ႕ရွိရာသို႔တေ႐ြ႕ေ႐ြ႕ျဖင့္ထြက္ခြါသြားေလေတာ့သည္။ ထိုအခ်ိန္တြင္ ဂြၽန္ဒီပတစ္ေယာက္ကလည္း အိမ္မွထြက္ကာသရဲေျခာက္ေသာအိမ္ႀကီးဆီသို႔ထြက္လာခဲ့ေလသည္။ ဂြၽန္ဒီပၿမိဳ႕ျပင္က သရဲေျခာက္ေသာအိမ္ႀကီးအနီးသို႔ေရာက္လာခဲ့ေလသည္။ ဂြၽန္ဒီပသစ္ပင္ေတြအားအကာအကြယ္ယူၿပီးအိမ္ႀကီးအားတိတ္တဆိတ္ေစာင့္ၾကည့္ေနလိုက္ေလသည္။ သူ ထိုသို႔ေစာင့္ေနတာတစ္နာရီေလာက္အၾကာတြင္
“ေဝါ ေဝါ ေဝါ ”
“တီ တီ တီ”
“ဒုတ္ ဒုတ္ ဒုတ္ဒုတ္ ဒုတ္ဒုတ္ဒုတ္”
“ဟင္ ဘယ္ကဆိုင္ကယ္လဲဟ”
မွန္ေပသည္ မဟူရာအေမွာင္ထုေအာက္တြင္ အလင္းအားေကာင္းေသာမီးစူးႏွင့္အတူ ဆိုင္ကယ္တစ္စီးရဲ႕စက္သံကဆူညံစြာျဖင့္ေတာင္ကုန္းေပၚရွိ အိမ္ႀကီးဆီသို႔လ်င္ျမန္စြာေမာင္းလာေနေလသည္။ ဂြၽန္ဒီပၾကည့္ေနစဥ္မွာပင္ထိုဆိုင္ကယ္က ကိုဒီပေနေသာအိမ္ႀကီးရဲ႕ေရွ႕သို႔ေရာက္လာခဲ့ေလသည္။ ဆိုင္ကယ္ရပ္လိုက္ၿပီးလူတစ္ေယာက္ဆင္းလာသည္ကို ဆိုင္ကယ္မီးအလင္းေရာင္ျဖင့္ဂြၽန္ဒီပအေဝးကေနလွမ္းျမင္လိုက္ရေလသည္။
ထိုသူဟာ ဆိုင္ကယ္ေပၚမွဆင္းၿပီးေခါင္းထက္ရွိဆိုင္ကယ္စီးဦးထုပ္ကိုခြၽတ္လိုက္ကာ ဆိုင္ကယ္ဘတ္မွန္မွာခ်ိတ္လိုက္ၿပီးလွ်င္ လူကေတာ့ကိုဒီပေနသည့္အိမ္ႀကီးရဲ႕ဝန္းတံခါးဆီသို႔ေလွ်ာက္လာခဲ့ေလသည္။ ဝန္းတံခါးအနီးေရာက္ေသာ္ ၿခံဝန္းထဲသို႔သူလွမ္းၾကည့္လိုက္ေလသည္။ သူကဆိုင္ကယ္ကိုစက္ရပ္ထားခဲ့ေသာ္ျငားလည္း ေရွ႕မီးကိုမပိတ္ပဲထားခဲ့သည့္အတြက္ သူ႔ကိုယ္ခႏၶာအားစလိုက္မီးထိုးထားသကဲ့သို႔ျဖစ္ေနေလသည္။
ထိုသူက ဝန္းတံခါးအနီးတြင္ေျခဖ်ားေထာက္ကာ တံခါးအေပၚကေနေက်ာ္၍အိမ္ထဲသို႔လွမ္းၾကည့္လိုက္ၿပီးလွ်င္
“အကိုဗဒင္ အကိုဗဒင္”
သူ အသံခပ္အုပ္အုပ္ျဖင့္လွမ္းေခၚလိုက္ေလသည္။ အခ်ိန္ကလည္းည(၁၁)နာရီခြဲ(၁၂)နာရီခန႔္မို႔အိပ္ေကာင္းသည့္အခ်ိန္ျဖစ္ကာ သူ႔ေခၚသံကိုအိမ္ထဲမွာအိပ္ေနေသာကိုဗဒင္တို႔ဇနီးေမာင္ႏွံလုံးဝမွမၾကားပါေခ်။ အခုအျပင္ဘက္မွာေရာက္ေနသူကေတာ့ ကိုဗဒင္ရဲ႕မိတ္ေဆြလူငယ္ေလးစိုင္းဇာနည္ပင္ျဖစ္ေလသည္။ သူအခုလို ညႀကီးအခ်ိန္မေတာ္ေရာက္လာခဲ့ရျခင္းကေတာ့ သူ႔အိမ္သို႔လူတစ္ေယာက္ေရာက္လာၿပီး ကိုဗဒင္က ေသေရး၊ရွင္ေရးတမွ်အေရးႀကီးေသာအေၾကာင္းကိစၥတစ္ခုရွိ၍ အခုခ်က္ခ်င္းအိမ္သို႔လာခဲ့ပါရန္ လူႀကဳံမွာလိုက္ေၾကာင္းေျပာၾကားေလသည္။
ထို႔ေၾကာင့္ ဒီၿမိဳ႕မွာအစိမ္းျဖစ္ေနသည့္ကိုဗဒင္ရဲ႕ဘဝကိုစာနာမိ၍ စိုင္းဇာနည္ခ်က္ခ်င္းပင္ဆိုင္ကယ္ကိုစီးကာထြက္လာခဲ့ရျခင္းျဖစ္ေလသည္။ သူ႔အထင္က ကိုဗဒင္ဟာအင္မတန္အေရးႀကီးေနသျဖင့္ ဝန္းတံခါးအနီးမွာထြက္ေစာင့္ေနလိမ့္မည္ဟုေတြးထင္ထားခဲ့ေလသည္။ဒါေပမဲ့တကယ္တမ္းမွာမူ ကိုဗဒင္တို႔အိမ္ႀကီးဟာၿငိမ္သက္တိတ္ဆိတ္ေနေလသည္။ စိုင္းဇာနည္အိမ္ဝိုင္းအတြင္းသို႔ေမွ်ာ္ၾကည့္ေနစဥ္ ဆိုင္ကယ္မီးေရာက္ကေနတဆင့္ သူ႔ကိုယ္ခႏၶာေပၚသို႔မည္းမည္းအရိပ္ႀကီးတစ္ခုက်ေရာက္လာခဲ့ေလသည္။ စိုင္းဇာနည္ရင္ထဲမွာထိတ္ခနဲျဖစ္သြားရၿပီး ေနာက္သို႔လ်င္ျမန္စြာလွည့္ၾကည့္လိုက္ေလသည္။
“ဝွီး”
“ခြပ္”
“အ့”
စိုင္းဇာနည္အသိေနာက္က်သြားေလသည္။ သူကေနာက္သို႔လွည့္ၾကည့္လိုက္ေသာအခ်ိန္တြင္ မာေၾကာေသာတုတ္တစ္ခုက သူ႔ဦးေခါင္း၊ဂ်ိဳေစာင္းေပၚသို႔အရွိန္ျပင္းစြာ႐ိုက္ခ်လို႔လာခဲ့ေလသည္။ စိုင္းဇာနည္ဟာ ေနာက္ကေနသူ႔ကိုတုတ္နဲ႔႐ိုက္လာသည္ကိုျမင္လိုက္ေသာ္လည္းေရွာင္တိမ္းျခင္းငွာမစြမ္းသာေတာ့ပဲ ဂ်ိဳေစာင္းမွပူခနဲခံစားလိုက္ရၿပီး ေျမျပင္ထက္သို႔ဘုန္းခနဲလဲက်ကာ သူ႔အသိအာ႐ုံကိုအေမွာင္ထုႀကီးကအုပ္စိုးသြားခဲ့ေလေတာ့သည္။
“ဟာ သြားၿပီဟ ”
ဂြၽန္ဒီပအေဝးကေနလွမ္းျမင္လိုက္ရေသာ္လည္း ကူကယ္ႏိုင္ျခင္းငွာမစြမ္းသာေခ်။ဆိုင္ကယ္နဲ႔လာေသာသူအ႐ိုက္ခံလိုက္ရၿပီး ေျမျပင္ထက္သို႔လဲသြားသည္ႏွင့္အနက္ေရာင္လူရိပ္ကဆိုင္ကယ္မီးအားပိတ္ပစ္လိုက္သည့္အတြက္ ပါတ္ဝန္းက်င္တစ္ခုလုံးေမွာင္မိုက္သြားရေလေတာ့သည္။ ထိုေၾကာင့္ဂြၽန္ဒီပလည္း မူလေနရာကသစ္ပင္အေျခမွာပင္ၿငိမ္သက္စြာရပ္တန႔္ေနၿပီးအေျခအေနအားေစာင့္ၾကည့္ေနလိုက္ေလသည္။
“ဖ်ပ္ ဖ်ပ္”
“ဖလပ္ ဖလပ္ ရွပ္”
“ဟင္”
ဂြၽန္ဒီပကိုယ္ခႏၶာဟာ အိပ္ေပ်ာ္ေနသူအားလႈပ္ႏႈိးျခင္းခံလိုက္ရသည့္ပမာ ဆတ္ခနဲျဖစ္သြားမိေလသည္။ သူ႔အနီးမွကပ္၍ေျခသံအားၾကားလိုက္ရေသာေၾကာင့္ျဖစ္ေလသည္။ ေကာင္းကင္ယံမွၾကယ္တာယာတို႔၏အလင္းေရာင္ျဖင့္တိုက္ၾကည့္လိုက္ေသာအခါ လူတစ္ေယာက္ဟာ အျခားတစ္ေယာက္ကိုပုခုံးမွာထမ္း၍သူရွိရာအနီးေရာက္လာခဲ့ေလသည္။ထိုသူဟာ သစ္ပင္အေျခကၿခဳံပုတ္ကိုလက္တစ္ဖက္ႏွင့္ၿဖဲလိုက္ၿပီးတိုးဝင္သြားေလသည္။ ဂြၽန္ဒီပစဥ္းစားမေနေတာ့ပဲ ထိုသူ႔ေနာက္မွလိုက္ဝင္ခဲ့လသည္။ ေရွ႕လူကအေပါက္ထဲသို႔ဝင္လာသည္ႏွင့္ အေပါက္အနီးမွာအသင့္ေဆာင္ထားသည့္လက္ဆြဲမီးအိမ္ကိုမီးထြန္းညႇိလိုက္ကာ အတြင္းသို႔ဆက္ဝင္သြားေလသည္။ အထဲမွာေဘးတိုက္အေနအထားကေလးငါးေပေလာက္သာရွိၿပီး အျမင့္ကေတာ့လူတစ္ရပ္ကိုအသာေလးလြတ္ေပသည္။
ေရွ႕ကလူဟာ တစ္ခ်က္ေလးမွပင္ေနာက္သို႔ လွည့္ၾကည့္ျခင္းမရွိပဲ ေရွ႕သို႔သာတစိုက္မတ္မတ္ေလွ်ာက္သြားေနေလသည္။ ဂြၽန္ဒီပေနာက္ကလိုက္လာရင္း အခုအခ်ိန္မွာသာေရွ႕ကိုလူကိုဖမ္းမည္ဆိုလွ်င္ ဖမ္းလို႔ရေနေသာအေနအထားျဖစ္ေလသည္။ သို႔ေသာ္အခုအခ်ိန္မွာသာဖမ္းလိုက္ပါကေရွ႕ကလူသြားေမတဲ့ဦးတည္ရာအရပ္နဲ႔သူ႔ရဲ႕ရည္႐ြယ္ခ်က္တို႔ကိုသိရေတာ့မည္မဟုတ္ေပ။ ထို႔ေၾကာင့္ဂြၽန္ဒီပကစိတ္ရွည္ရွည္ထားၿပီး ေနာက္ကေနတိတ္တဆိတ္လိုက္လာခဲ့ျခင္းသာျဖစ္ေလသည္။ မၾကာမွီေသာကလမွာေရွ႕ကလူဟာ သစ္သားတံခါး႐ြက္ႀကီးျဖင့္ပိတ္ဆို႔ထားေသာအခန္းတစ္ခုေရွ႕သို႔ေရာက္လာခဲ့ေလသည္။ ထိုသူကတံခါးကိုဆြဲဖြင့္ၿပီး အထဲကဆက္ဝင္သြားေလသည္။တံခါးကိုေတာ့အလြယ္တကူပင္ လက္ျဖင့္တြန္းပိတ္ခဲ့ေသာေၾကာင့္တံခါး႐ြက္ကခပ္ဟဟအေနအထားရွိေနေလသည္။
ထိုသူကအတြင္းသို႔ဝင္ေရာက္သြားသည့္အတြက္ အခန္းအျပင္ဘက္ဂူလမ္းေၾကာင္းတေလွ်ာက္အေမွာင္က်သြားခဲ့ရေလသည္။ ဂြၽန္ဒီပကအေမွာင္ထဲကေန ခပ္ဟဟျဖစ္ေနသည့္တံခါး႐ြက္ၾကားကေနအတြင္းသို႔အသာေခ်ာင္းၾကည့္လိုက္ရာ
“ဟင္ ”
သူျမင္လိုက္ရသည္က အခန္းအတြင္းမွာလူေတြေနေသာၿမိဳ႕႐ြာအိမ္မ်ားကအတိုင္း အိမ္ေထာင္ပရိေဘာဂပစၥည္းမ်ားအစုံအလင္ရွိေလသည္။ တစ္ေယာက္အိပ္ကုတင္တစ္လုံးရွိၿပီး ထိုကုတင္နဲ႔မနီးမေဝးမွာေတာ့ အပန္းေျဖထိုင္ေသာေနာက္မွီပါသည့္ထိုင္ခုံတစ္ခုရွိေလသည္။ အေစာကလူက သူ႔ပုခုံးထက္ကစိုင္းဇာနည္ကို ထိုထိုင္ခုံေပၚတြင္ထိုင္လွ်က္အေနအထားႏွင့္တင္လိုက္ၿပီး သတိရလာခဲ့လွ်င္ထြက္ေျပးလို႔မရေအာင္ ႀကိဳးမ်ားျဖင့္တုပ္ထားလိုက္ေလသည္။ ဂြၽန္ဒီပသိလိုက္ေပၿပီ။
ေရွ႕ကလူဟာ ဒုစ႐ိုက္ေခါင္းေဆာင္ဗ်ဂၣျဖစ္ၿပီး သူဟာဒီေျမေအာက္လွ်ိဳ႕ဝွက္အခန္းမွာလာေရာက္ပုန္းေရွာင္ခိုေအာင္းေနသည့္အတြက္ေၾကာင့္သာ ေျမျပင္ထက္မွာသူ႔ကိုရွာလို႔မရျဖစ္ေနျခင္းသာျဖစ္ေလသည္။ ဂြၽန္ဒီပခါးတြင္ထိုးထားသည့္လိုင္စင္နဲ႔ကိုင္ေသာေျခာက္လုံးျပဴးေသနတ္ကိုဆြဲထုတ္ကာ အခန္းတံခါးအားဆတ္ခနဲတြန္းဖြင့္လိုက္ၿပီး
“ေဟ့ ဗ်ဂၣ နည္းနည္းမွမလႈပ္လိုက္နဲ႔ ခင္မ်ားလႈပ္လိုက္တာနဲ႔က်ေနာ့္လက္ထဲကေသနတ္က်ည္ကခင္မ်ားကိုယ္ထဲကိုေရာက္သြားပါလိမ့္မယ္”
ဂြၽန္ဒီပကေသနတ္ျဖင့္တည့္မတ္စြာခ်ိန္႐ြယ္၍ထိုသို႔ေျပာလိုက္သည့္အခါ ဗ်ဂၣကရယ္(ရီ)စရာအေကာင္းဆုံးပ်က္လုံးတစ္ခုကိုၾကားလိုက္ရသည္အလား ကိုယ္ခႏၶာကိုေရွ႕ထိုးေနာက္ငင္ျပဳ၍
“ဟား ဟား ဟား ဟား ဟား းဟား ဟားဟား းဟား ဟား”
“ေဟ့လူ ဘယ္ရယ္ေနတာလဲဗ် က်ေနာ့္စကားထဲမွာရယ္စရာတစ္ခုမွမပါပါဘူး ၿငိမ္ၿငိမ္ေနေနာ္ ခင္မ်ားဆက္လႈပ္ေနရင္က်ေနာ္ပစ္ထည့္လိုက္မွာ”
ဂြၽန္ဒီပကအထက္ပါအတိုင္းဆက္ေျပာလိုက္ေသာအခါ ဗ်ဂၣရယ္ေမာျခင္းကိုရပ္တန႔္ကာ ဂြၽန္ဒီပကိုစူးစိုက္ၾကည့္လိုက္ၿပီး
“ပစ္ခ်င္ပစ္လိုက္ေလကြာ ဒါေပမဲ့တစ္ခုေတာ့မင္းသိေအာင္ငါေျပာလိုက္မယ္ အခုငါတို႔ေရာက္ေနတာကေျမေအာက္မွာ မင္းေသနတ္ေဖာက္လိုက္တာနဲ႔လႈိဏ္သံေၾကာင့္ ေျမသားေတြၿပိဴက်ၿပီး မင္းေရာ၊ငါေရာ၊သူပါအရွင္လတ္လတ္ေျမျမႇဳပ္ၿပီးသားျဖစ္သြားၿပီမွတ္ပါ”
“ဟင္ ”
ထိုအခါမွအျဖစ္မွန္အားဂြၽန္ဒီပသိလိုက္ရေလသည္။ သို႔ေသာ္လည္းပဲအဟန႔္အတားအျဖစ္ပဲရရယုသေဘာထားကာ လက္ထဲကေသနတ္ကိုလႊဲေျပာင္းျခင္းမျပဳပဲဗ်ဂၣကိုဆက္လက္ခ်ိန္႐ြယ္ထားေလသည္။ ဗ်ဂၣစကတစ္ခြန္းမွထပ္မေျပာပဲ ဂြၽန္ဒီပါ့ကိုသာစူးစိုက္ျငည့္ေနေလသည္။ထ္ုအခ်ိန္တြင္ ဗ်ဂၣအနီးထိုင္ခုံေပၚတြင္ႀကိဳးတုပ္ထားသည့္ လူငယ္စိုင္းဇာနည္လႈပ္ရွားလာခဲ့ေလသည္။စိုင္းဇာနည္ကသတိရလာသည္ႏွင့္အခန္းထဲကိုေဝ့ၾကည့္လိုက္ကာ ဘယ္ဟာလူဆိုး၊ဘယ္ဟာကလူေကာင္းဆိုသည္ကိုထက္ျမတ္သည့္လူငယ္ပီပီ ခ်က္ခ်င္းအကဲျဖတ္ႏိုင္ခဲ့ေလသည္။ စိုင္းဇာနည္ကဂြၽန္ဒီပရဲ႕ေနာက္ေက်ာဘက္သို႔ၾကည့္ကာျပဴးျပဴးပ်ာပ်ာျဖစ္သြားခဲ့ရၿပီး
“အကို အကိုေနာက္ ေနာက္မွာ”
“ဟင္”
စိုင္းဇာနည္ရဲ႕အေလာတႀကီးအသံေၾကာင့္ ဂြၽန္ဒီပေနာက္သို႔ဆတ္ခနဲလွည့္ၾကည့္လိုက္ရာ ေနာက္ကေနစလြယ္သိုင္းအေနျဖင့္႐ိုက္ခ်လာသည့္တုတ္တိုသမားတစ္ေယာက္ကိုေတြ႕လိုက္ရေလသည္။
“ဟိတ္”
“ယား……”
“ဝွစ္”
ေနာက္ကေရာက္လာသူမွာခါးကုန္းႀကီးတစ္ေယာက္ျဖစ္ေလသည္။ ဂြၽန္ဒီပက႐ိုက္ခ်ဘာသည့္ဒုတ္တိုအား ေရွ႕သို႔ေျခတစ္လွမ္းဆတ္ခနဲတိုးၿပီး ကိုယ္ခႏၶာကိုယိမ္းကာေရွာင္ေပးလိုက္ေလသည္။ ထိုအခါအရွိန္ျပင္းလွေသာဒုတ္တို႐ိုက္ခ်က္ကဂြၽန္ဒီပရဲ႕ေခါင္းအထက္လက္တစ္လုံးေလာက္ကေနပြတ္ကာ၊သီကာလြဲသြားရေလသည္။ဒုတ္႐ိုက္ခ်က္အဘယ္မွ်အထိျပင္းထန္အားပါသလဲဆိုေတာ့ ထိုဒုတ္႐ိုက္ခ်က္ကထြက္လာသည့္ေလအဟုန္ေၾကာင့္ ဂြၽန္ဒီပေခါင္းထက္ရွိဆံပင္တို႔ဖ႐ိုဖရဲျဖစ္သြားရေလသည္။ ေခါင္းသာတည့္တည့္႐ိုက္မိလိုက္မည္ဆိုလွ်င္ အသက္ပါမသြားေတာင္ တစ္လကိုးသီတင္းေလာက္ေတာ့အိပ္ယာထဲလဲေနမွာဧကန္။
ဂြၽန္ဒီပဟာ ဒုတ္တိုသူ႔ေခါင္းေပၚကလြဲေခ်ာ္သြားသည္ႏွင့္ေရွ႕မွဒုတ္တိုသမားရဲ႕လည္ဂုတ္ကိုဖမ္းဆြဲၿပီးေနာက္မွာက်န္ေနေသာေျခေထာက္ကိုေျမႇာက္၍ ဒူးျဖင့္ဆတ္ခနဲတိုက္ခ်လိုက္ေလသည္။
“အြတ္”
အရႈိက္ကိုမိမိရရႀကီးထိသြားသည့္အတြက္ နဂိုကမွခါးကုန္းေနေသာလူႀကီးဟာ ခါးပိုကုန္းသြားၿပီးဗိုက္အားလက္ႏွစ္ဖက္ျဖင့္ႏွိပ္ကာေခါင္းျပန္မေထာင္ႏိုင္ျဖစ္ေနေလသည္။ သူ႔အသြင္ကသနားစရာေကာင္းလွေပသည္။ သို႔ေသာ္ ဒီလိုေနရာမွာညႇာေနလို႔၊သနားေနလို႔မျဖစ္ဘူးဆိုတာ ဂြၽန္ဒီပသေဘာေပါက္ေလသည္။ ထို႔ေၾကာင့္ ဂြၽန္ဒီပက ထိုကုန္းကုန္းႀကီးျဖစ္ေနသည့္ခါးကုန္းႀကီးရဲ႕ကိုယ္ခႏၶာအထက္အထိညာေျခေထာက္အားေျမႇာက္လိုက္ၿပီး
“သြားစမ္း”
“ဒုတ္”
“အီး”
ဂြၽန္ဒီပရဲ႕ေျခေထာက္က ခါးကုန္းႀကီးရဲ႕လည္ဂုတ္ေပၚသို႔အရွိန္ျပင္းထန္စြာက်လာသည့္အတြက္ ခါးကုန္းႀကီးအီးခနဲျမည္ကာ ဘိုင္းခနဲလဲက်သြားရၿပီး ဂူၾကမ္းျပင္ေပၚမွာနာက်င္စြာလူးလွိမ့္ေနေလေတာ့သည္။ထို႔စဥ္စိုင္းဇာနည္က
‘”အကို အကိုေနာက္မွာ”
“ဟင္”
“ဟိတ္”
“ေျဖာင္း”
အေနာက္ရွိ ဗ်ဂၣကဂြၽန္ဒီပကိုအလစ္ဝင္တိုက္ခိုက္ျခင္းျဖစ္ေလသည္။ ႀကိဳးတုပ္ခံထားရသည့္စိုင္းဇာနည္ကေအာ္ဟစ္၍သတိေပးလိုက္ေသာေၾကာင့္ ဂြၽန္ဒီပကေနာက္သို႔လွည့္ရင္းေဘးသို႔ဖ်တ္ခနဲေရွာင္လိုက္ေသာ္လည္း ဗ်ဂၣရဲ႕တိုက္ခိုက္မႈမွသူလုံးလုံးလ်ားလ်ားမလြတ္ကင္းေလပဲ ပုခုံးသို႔လက္သီးတစ္ခ်က္ထိသြားေလသည္။ဂြၽန္ဒီပသိလိုက္ေပၿပီ ဗ်ဂၣဟာသာမန္တိုက္ခိုက္ေရးသမားမဟုတ္ တိုက္ခိုက္ေရးပညာကိုအဆင့္ျမင့္ျမင့္တတ္ေျမာက္ထားသူျဖစ္ေပသည္။ ထို႔ေၾကာင့္သာ မိမိေရွာင္မည္ဆိုသည္ကိုႀကိဳသိထားသည့္အလား ေရွာင္တိမ္းသည့္ဘက္သို႔လိုက္ကာတင္ႀကိဳတိုက္ခိုက္ခဲ့ျခင္းျဖစ္ေလသည္။ ဂြၽန္ဒီပမေပါ့ဆရဲေတာ့ေပ တစ္ေယာက္ခ်င္းျဖစ္ေသာ္လည္း သူရင္ဆိုင္ေနရသူဟာ ဒုစ႐ိုက္ေခါင္းေဆာင္တစ္ေယာက္ျဖစ္သလို အဆင့္ျမင့္သည့္တိုက္ခိုက္ေရးသမားတစ္ေယာက္မဟုတ္ပါလား။ ထိုသို႔လက္႐ုံးရည္၊ႏွလုံးရည္ရွိလို႔လည္း လူအမ်ားအားေခါင္းေဆာင္လုပ္ႏိုင္ျခင္းျဖစ္ေလသည္။ ဗ်ဂၣကအခန္းနံရံဆီသို႔ေနာက္ျပန္ဆုတ္သြားၿပီး
“႐ႊမ္း”
“ဟင္”
ဗ်ဂၣလက္ထဲတြင္ အေရာင္တဖိတ္ဖိတ္လက္ေနသည့္ဂ်ပန္ကင္ဒိုဓားႀကီးတစ္လက္ပါလာခဲ့ေလသည္။ ဂြၽန္ဒီပလက္နက္တစ္စုံတစ္ရာရွာၾကည့္လိုက္ေသာ္လည္းဘာတစ္ခုမွ်မေတြ႕ သူကိုင္ေဆာင္လာသည့္ေျခာက္လုံးျပဴးကလည္း အေစာကခါးကုန္းႀကီးႏွင့္တိုက္ခိုက္စဥ္ကၾကမ္းေပၚက်ေနခဲ့ေလသည္။
“Oွစ္ ႐ႊမ္း ႐ႊမ္း ႐ႊမ္း ႐ႊမ္း”
ဗ်ဂၣကလက္ထဲကဓါးႀကီးကိုေလထဲမွာသုံးေလးခ်င္မွ် ေဝ့ဝိုက္၍လႈပ္ရမ္းလိုက္ရာ လက္ဆြဲမီးအိမ္၏အလင္းေရာင္ေအာက္မွာနဂါးႀကီးတစ္ေကာင္ျမဴးတူးသည္ႏွင့္ပင္အသြင္တူေနေလေတာ့သည္။
“ယား……………………ဟိတ္”
“႐ႊမ္း”
ဗ်ဂၣကယားခနဲညာသံေပးကာ စလြယ္သိုင္းဝင္ခုတ္လာခဲ့ေလသည္။ဂြၽန္ဒီပအသာငုံ႔ေရွာင္ေပးလိုက္ရာ
“Oွစ္”
ဓါးႀကီးကဂြၽန္ဒီပရဲ႕ေခါင္းအထက္ကေနေက်ာ္ထြက္သြားေလသည္။ ဗ်ဂၣေက်ာ္လြန္သြားေသာဓါးခ်က္အား ဆတ္ခနဲအရွိန္သတ္လိုက္ၿပီး ဓါးျပန္အျဖစ္နဲ႔ဂြၽန္ဒီပဆီသို႔ေအာက္ကေနအထက္လွန္ကာပက္ထည့္လိုက္ေလသည္။ဂြၽန္ဒီပမေရွာင္တိမ္းႏိုင္ပါက ဝမ္းဗိုက္ကေနအထက္ရင္ဘက္သို႔တိုင္ခြဲထြက္သြားမည့္ေၾကာက္စရာဓါးခ်က္ပင္ျဖစ္ေလသည္။ သို႔ေသာ္ ဂြၽန္ဒီပဆိုတာကလည္းေပါ့ဆဆလူမ်ိဳးမဟုတ္။ အလြတ္ေထာက္လွမ္းေရးဂြၽန္ဒီပ ဒီေလာက္မွလြတ္ေအာင္မေရွာင္တိမ္းႏိုင္လွ်င္ အလြတ္ေထာက္လွမ္းေရးဂြၽန္ဒီပဆိုတဲ့အမည္ ေလာကႀကီးထဲကေပ်ာက္ကြယ္ခဲ့တာၾကာၿပီေပါ့။ ဂြၽန္ဒီပက သူ႔ဝမ္းဗိုက္ဆီသို႔ပင့္ဓါးခ်က္ဝင္လာသည္ႏွင့္
“ဟိုင္း”
မာန္သြင္းသံတစ္ခ်က္ျပဳကာ ကိုယ္ခႏၶာကိုေနာက္သို႔လွန္ခ်ရင္းေနာက္ဂြၽမ္းပစ္လိုက္ေလသည္။ ဂြၽန္ဒီပၾကမ္းျပင္ေပၚျပန္က်သည္ႏွင့္သူ႔လက္ထဲမွာလက္နက္တစ္ခုေရာက္လာခဲ့ေလသည္။ ထိုအရာကေတာ့ သူ႔ရဲ႕ခါးမွခါးပတ္ပင္ျဖစ္ပါသည္။ ဂြၽန္ဒီပကေနာက္ဂြၽမ္းပစ္ရင္း ခါးမွခါးပတ္အားျဖဳတ္ယူလိုက္ျခင္းျဖစ္ေလသည္။ သူေျမျပင္ျပန္က်သည္ႏွင့္တၿပိဳငါနက္တည္း ဗ်ဂၣႀကီးကလည္းအလြတ္မေပးခ်က္ခ်င္းလိုက္လံတိုက္ခိုက္လာခဲ့ေလသည္။ဂြၽန္ဒီပေနရာမွာမလႈပ္မရွားရပ္တန႔္ေနလိုက္ေလသည္။ ဓါးႏွင့္ရင္ဝသို႔ေျပးထိုးလာခဲ့သည့္ဗ်ဂၣအံ့ၾသသြားမိေလသည္။ ဂြၽန္ဒီပသာသူ႔ဓါးဝင္လာတာျမင္ပါလွ်က္ဘာေၾကာင့္မေရွာင္ရေလသနည္း။ အေသမ်ားခံေတာ့မလို႔လား။ သို႔ေသာ္ တကယ့္တကယ္တန္းမွာၾကေတာ့ဂြၽန္ဒီပအေသမခံပါ။ ဗ်ဂၣႀကီးရဲ႕ဓါးဦး သူ႔ဝမ္းဗိုက္အတြင္းသို႔ထိုးေဖာက္ဖို႔ေျခာက္လက္မေလာက္အလိုသို႔ေရာက္ေလမွ ဂြၽန္ဒီကခါးပတ္ကိုင္လက္ကိုဖ်တ္ခနဲလႈပ္ရွားလိုက္ေလသည္။ သူ႔လက္အတြင္းကခါးပတ္ဟာ သံေခ်ာင္းတစ္ခုအသြင္ေျဖာင့္တန္းကာျဖင့္ ဗ်ဂၣႀကီးရဲ႕မ်က္ႏွာတည့္တည့္သို႔ျဖတ္႐ိုက္ခ်လာခဲ့ျခင္းျဖစ္ပါသည္။ ဗ်ဂၣႀကီးအဲ့ဒီေလာက္မမိုက္မဲပါ သူသာမရပ္ပဲေရွ႕ဆက္တိုးလွ်င္ သူ႔ဓါးကဂြၽန္ဒီပရဲ႕ရင္ဝကိုထိုးမိသလို ဂြၽန္ဒီပရဲ႕ခါးပတ္႐ိုက္ခ်က္ကလည္း သူ႔မ်က္ႏွာေပၚသို႔ျပင္းထန္စြာက်ေရာက္လာၿပီး မ်က္ႏွာတစ္ခုလုံး႐ုပ္ပ်က္၊ဆင္းပ်က္ျဖစ္ရမည္ကဧကန္မုခ်ပင္။ ထို႔ေၾကာင့္ ဗ်ဂၣကသူ႔ဓါးခ်က္ကိုျပန္ထိန္းရင္းဖ်တ္ခနဲေနာက္သို႔ခုန္ဆုတ္လိုက္ေလသည္။ ထိုအခ်ိန္တြင္ ဗ်ဂၣရဲ႕ေနာက္ေက်ာဘက္မွာရွိသည့္ ႀကိဳးတုပ္ခံထားရေလေသာစိုင္းဇာနည္က ဗ်ဂၣႏွင့္မ်က္ႏွာခ်င္းဆိုင္ဂြၽန္ဒီပရဲ႕ေနာက္ေက်ာဘက္သို႔လွမ္းၾကည့္ရင္းစိုးရိမ္တႀကီးအသံျဖင့္
“အကို အကိုေနာက္မွေသနတ္နဲ႔ပစ္ ပစ္”
“ဟင္ ယား”
“ေဟ့ ခါးကုန္းႀကီးမလုပ္နဲ႔”
စိုင္းဇာနည္ရဲ႕ေအာ္သံေၾကာင့္ဗ်ဂၣကမပစ္ရန္လွမ္းတားေသာ္လည္း သူေနာက္က်သြားေပၿပီ။
“ဒိန္း”
“အား…………”
သြားေပၿပီ ဒုစ႐ိုက္ေခါင္းေဆာင္ဗ်ဂၣရဲ႕ရင္ဝသို႔ေသနတ္က်ည္ဆံကေဖာက္ထြင္းဝင္ေရာက္သြားေလေတာ့သည္။ အျဖစ္ကေတာ့ ၾကမ္းျပင္ေပၚလဲက်ေနေသာခါးကုန္းႀကီးကထလာခဲ့ၿပီး သူႏွင့္ဂြၽန္ဒီပတိုက္ခိုက္ခဲ့စဥ္ကဂြၽန္ဒီပလက္ထဲကက်ေနခဲ့ေသာေသနတ္ကိုေကာက္ယူကာ ဂြၽန္ဒီပကိုေနာက္ေက်ာဘက္ကေန အပိုင္ပစ္ခတ္ျခင္းျဖစ္ေလသည္။ သူပစ္ဖို႔ခ်ိန္႐ြယ္စဥ္ သူႏွင့္ေဘးတေစာင္းအေနအထားမွာရွိေနသည့္စိုင္းဇာနည္ကလွမ္းျမင္ေသာေၾကာင့္ ဂြၽန္ဒီပကိုအခ်ိန္မွီသတိေပးႏိုင္ခဲ့ျခင္းျဖစ္ေလသည္။ ဗ်ဂၣကတားရသည့္ရည္႐ြယ္ခ်က္ကေတာ့ သူတို႔ဟာေျမျပင္ေအာက္မွာေရာက္ေနသည္မို႔ ေသနတ္မွထြက္ေပၚလာေသာလႈိဏ္သံေၾကာင့္ ေျမၿပိဳက်မည္စိုး၍တားဆီးလိုက္ျခင္းျဖစ္ေပသည္။သို႔ေသာ္ ခါးကုန္းႀကီးကေသနတ္ေမာင္းခလုတ္အားညႇစ္ၿပီးသြားၿပီမို႔အခ်ိန္မမွီေတာ့ေပ။ ဂြၽန္ဒီပက စိုင္းဇာနည္ဆီကသတိေပးသံၾကားသည္ႏွင့္တၿပိဳင္နက္ေဘးသို႔ဒိုင္ဗင္ထိုးကာေရွာင္ထြက္သြားေလေသာေၾကာင့္ ဂြၽန္ဒီပရဲ႕ေက်ာျပင္အားအပိုင္ကပ္ပစ္လိုက္ေသာေသနတ္က်ည္ဆံဟာ ေရွ႕တည့္တည့္မွာရွိသည့္ ဒုစ႐ိုက္ေခါင္းေဆာင္ဗ်ဂၣ၏ရင္ဝအတြင္းသို႔ေဖာက္ဝင္သြားရျခင္းျဖစ္ေလသည္။ ဗ်ဂၣ ေသြးမ်ားပန္းထြက္လာသည့္ရင္ဝကိုလက္နဲ႔ဖိပိတ္လိုက္ရင္းမွ ခါးကုန္းႀကီးအားမယုံၾကည္ႏိုင္ေသာမ်က္ဝန္းျဖင့္ၾကည့္ၿပီး
“ခါးကုန္းႀကီး ခင္ ခင္”
“ဘုန္း”
ဗ်ဂၣစကားဆုံးေအာင္မေျပာႏိုင္ေတာ့ေလပဲ ၾကမ္းျပင္ေပၚသို႔အ႐ုပ္ႀကိဳးျပတ္ပစ္လဲက်သြားေလေတာ့သည္။ ခါးကုန္းႀကီးဟာ သူ႔လက္ထဲကေသနတ္ကိုတလွည့္ ၾကမ္းျပင္မွာလဲက်သြားသည့္ဆရာျဖစ္သူကိုတလွည့္ၾကည့္ေနစဥ္
“ေဖ်ာ ေဖ်ာ ”
“အုန္း အုန္း”
“ဒုန္း”
“ဟာ ေျမေတြၿပိဳက်ကုန္ၿပီ ဒုကၡပဲ”
ဂြၽန္ဒီပ ဘာကိုမွအေရးမစိုက္ေတာ့ေလပဲ ဗ်ဂၣလက္ထဲကက်ေနေသာဓါးရွည္ႀကီးကိုေကာက္ယူၿပီး စိုင္းဇာနည္ကိုတုပ္ေႏွာင္ထားသည့္ႀကိဳးတို႔ကိုလ်င္ျမန္စြာျဖတ္ေတာက္ေပးလိုက္ေလသည္။ ထိုအခ်ိန္ ေျမသားတို႔လ်င္ျမန္စြာၿပိဳက်လာခဲ့ၿပီး
“ဒုန္း အား………………”
“ဟင္ ခါးကုန္းႀကီး”
အေပၚကၿပိဳက်လာသည့္ ေျမဆိုင္ခဲႀကီးတစ္ခုဟာ ခါးကုန္းႀကီးရဲ႕ဦးေခါင္းထိပ္တည့္တည့္သို႔က်သြားေလသည္။ ခါးကုန္းႀကီးၾကမ္းျပင္ေပၚလဲက်သြားကာမခ်ိ၊မဆံ့ခံစားေနရေလသည္။ ဂြၽန္ဒီပက
“ညီ ေျပး ေျပး အဲ့ဒီလမ္းအတိုင္းသာေျပး ထြက္ေပါက္ကိုေရာက္လိမ့္မယ္”
“ဟင္ အကိုကေရာ”
“ငါ့ကိုစိတ္မပူပါနဲ႔ မင္းသာလြတ္ေအာင္ေျပး ေျပးေတာ့ညီ”
“ဟုတ္ ဟုတ္အကို”
စိုင္းဇာနည္တစ္ေယာက္တည္းကိုယ္လြတ္႐ုန္းမေျပးလိုေသာ္ျငားလည္း ဂြၽန္ဒီပဟာသူ႔ထက္အေတြ႕အႀကဳံႂကြယ္ဝသူျဖစ္မွာအေသခ်ာ ။ ထို႔ေၾကာင့္ သူ႔စကားကိုနားေထာင္တာမမွားဟုစိတ္ပိုင္းျဖတ္ကာေျပးထြက္သြားေလေတာ့သည္။ သူလည္းဂြၽန္ဒီပႏွင့္ဆယ့္ငါးခန႔္အကြာအေရာက္တြင္
“Oုန္း အုန္း အုန္း”
“ဟာ အကို……………………………”
စိုင္းဇာနည္မ်က္လုံးတို႔ျပာေဝသြားရေလသည္။ သူႏွင့္ဂြၽန္ဒီပတို႔ၾကားသို႔အေပၚကေျမျပင္ႀကီးၿပိဳက်သြားေလသည္။ သူ႔ဘက္ကေနဂြၽန္ဒီပအားလုံးဝမျမင္ရေတာ့ေခ်။ ခဏေလးျမင္လိုက္ရၿပီး ခဏေလးအတြင္းေပ်ာက္ကြယ္သြားရေသာလူတစ္ေယာက္အတြက္ စိုင္းဇာနည္ရင္ထဲမွာနင့္ခနဲပင္ ဘာေၾကာင့္လဲဆိုေတာ့ ထိုအကိုဟာလူေကာင္းတစ္ေယာက္ျဖစ္ရမည္ဟု သူ႔စိတ္ထဲကအလိုလိုသိေနမိေသာေၾကာင့္ျဖစ္ေလသည္။ထို႔စဥ္
“ဒုန္း”
“Oုန္း”
“ေဖ်ာ ေဗ်ာ ေဝါ ေဝါ”
သူရွိေနေသာေနရာပါၿပိဳက်လာသည့္အတြက္ စိုင္းဇာနည္ၾကာၾကာရပ္မေနရဲေတာ့ပဲ ေနရာမွအလ်င္အျမန္ေျပးထြက္သြားခဲ့ေလေတာ့သည္။
**********************
“ဟင္ ညီေလးစိုင္း မင္း ဘယ္လိုကေနဘယ္လို ဒီကိုေရာက္ေနရတာလဲ”
မနက္ခင္း ေဝလီေဝလင္းအခ်ိန္ ကိုဗဒင္တို႔ဇနီးေမာင္ႏွံအိပ္ယာကထၿပီး ၿခံဝန္းထဲဆင္းလာခဲ့စဥ္ သူတို႔ၿခံဝန္းေဘးကေနဝင္လာသည့္စိုင္းဇာနည္အားေတြ႕လိုက္ရေသာေၾကာင့္အထူးအံ့ၾသသြားခဲ့မိေလသည္။အံ့ၾသစိတ္ႏွင့္အထက္ပါအတိုင္းေမးလိုက္ေသာ္ စိုင္းဇာနည္က
“ဟာ အကိုညကပဲခါးကုန္းႀကီးကိုလႊတ္ၿပီးအေခၚခိုင္းလို႔ က်ေနာ္ညကတည္းကဒီကိုေရာက္ေနတာပါ”
“ဟင္ ခါးကုန္း ဘယ္ကခါးကုန္းလဲ ငါလည္းဘယ္သူ႔ကိုမွမလႊတ္ရပါလား”
“ဒီလိုပါအကို ညကက်ေနာ္တို႔အိမ္ကိုခါးကုန္းႀကီးတစ္ေယာက္ေရာက္လာခဲ့ပါတယ္ အဲ့ဒါအကိုကအကို႔ဇနီးအမခေရ……………………”
စိုင္းဇာနည္က ညကေနအခုခ်ိန္အထိေတြ႕ႀကဳံေနရသည္မ်ားကို ျဖစ္ေၾကာင္းကုန္စင္ရွင္းျပလိုက္ေလသည္။ဒီေတာ့ေသာအခါမွကိုဗဒင္သေဘာေပါက္သြားရကာ
“ဟင္ ဒါ ဒါဆိုေျမၿပိဳက်တာက ဘယ္ဘက္ပါလိမ့္”
“ဒါေတာ့က်ေနာ္လည္းမသိဘူး က်ေနာ္ညကတည္းက ဒီအိမ္ေရွ႕ကေနအကို႔လွမ္းေခၚေနတုန္း ေနာက္ကေနအ႐ိုက္ခံလိုက္ရတာ”
“ဟုတ္လား ဒီလိုဆိုရင္ညီ့ဆိုင္ကယ္ကၿခံေရွ႕မွာေပါ့”
“ဟုတ္အကို ညကေတာ့အဲ့ဒီေရွ႕မွာရပ္ထားခဲ့တာ”
“ဒါဆို လာ လာ ညီ့ဆိုင္ကယ္ကိုသြားၾကည့္ရေအာင္”
“ဟုတ္အကို”
စိုင္းဇာနည္ႏွင့္ကိုဗဒင္တို႔ဇနီးေမာင္ႏွံတို႔ အိမ္ႀကီးရဲ႕ေဘးကေန အိမ္ၿခံဝန္းရဲ႕ေရွ႕ဝန္းတံခါးႀကီးရွိရာဘက္သို႔လာခဲ့ေလေသာ္ ၿခံဝန္းတံခါးမေရာက္ခင္မွာပင္ ဝန္းတံခါးႏွင့္သူတို႔ၾကားထဲမွအျဖစ္ကိုျမင္လိုက္ၾကရၿပီး
“ဟာ ”
“ဟင္”
“အို”
သုံးေယာက္စလုံးအာေမဠိတ္သံကိုယ္စီျပဳမိလိုက္ၾကေလသည္။ အေၾကာင္းမွာ သူတို႔ရဲ႕ေရွ႕ ဝန္းတံခါးႀကီးႏွင့္သူတို႔ၾကားတြင္ ေျမမ်က္ႏွာျပင္အခ်ိဳ႕ကြၽံက်ၿပီး ေခ်ာက္ႀကီးတစ္ခုျဖစ္ေပၚေနေသာေၾကာင့္ျဖစ္ေလသည္။ ကိုဗဒင္လည္းအခုမွ စိုင္းဇာနည္ေျပာသည့္ေျမၿပိဳက်မႈဟာ ထိုေနရာရဲ႕ေအာက္တြင္ရွိေၾကာင္းသိလိုက္ရေလေတာ့သည္။ သုံးေယာက္သား ေရွ႕သို႔တိုးကာေခ်ာက္ႀကီးအတြင္းသို႔ငုံ႔ၾကည့္ေနၾကေလသည္။
“ေဖ်ာ ေဖ်ာ ဒုတ္”
“ဟင္ ”
“ဟာ’
“အို လူ လူတစ္ေယာက္”
သူတို႔ၾကည့္ေနစဥ္မွာပင္ ေခ်ာက္ထဲကေန ၿပိဳက်ေနသည့္ေျမစာခဲတို႔ကိုလက္ႏွင့္ဖယ္ရွားရင္း ဖုန္အလိမ္းလိမ္းႏွင့္လူတစ္ေယာက္ဟာ ၿပိဳက်ေနသည့္ေျမစာခဲတို႔ၾကားကထြက္လာသည္ကိုေတြ႕လိုက္ရေသာေၾကာင့္ျဖစ္ေလသည္။ ထြက္လာေသာသူ၏ပခုံးေပၚမွတစ္စုံတစ္ခုကိုျမင္လိုက္ၿပီး ကိုဗဒင္ရဲ႕အမ်ိဳးသမီးခေရက
“ဟယ္ ႏွစ္ေယာက္ေတာ့”
:မွန္ပါသည္ ေျမစာခဲတို႔ၾကားမွတိုးထြက္လာသူ၏ပုခုံးထက္တြင္လူတစ္ေယာက္ပါလာေသာေၾကာင့္ျဖစ္ေလသည္။ ထိုတိုးထြက္လာသူရဲ႕မ်က္ႏွာမွာဖုန္အလိမ္းလိမ္းတက္ေန၍မည္သူ၊မည္ဝါမွန္းမသိရေခ်။ ထိုသူကလူတစ္ေယာက္ကိုပုခုံးထက္တြင္ထမ္းထားၿပီး အားေနေသာလက္ျဖင့္မ်က္ႏွာမွာကပ္ၿငိေနေသာေျမစာမႈန္တို႔ကိုသပ္ခ်လိုက္ေသာအခါ တည္ၾကည္ေသာသူ႔ရဲ႕ပင္ကိုယ္မ်က္ႏွာေပၚလာခဲ့ေလသည္။ထိုသူ႔မ်က္ႏွာကိုျမင္လိုက္သည္ႏွင့္စိုင္းဇာနည္က
“ဟာ အကို အကို”
;စိုင္းဇာနည္ေခ်ာက္ထဲသို႔ခုန္ဆင္းလာခဲ့ေလသည္။ သူခုန္ဆင္းလာျခင္းမွာေျမစာမႈန္တို႔ၾကားမွတိုးထြက္လာသူအား ကူညီေပးရန္အတြက္ျဖစ္ေလသည္။ ထိုသို႔ေျမစာမႈန္မ်ားၾကားကတိုးထြက္လာေသာသူဟာ အလြတ္ေထာက္လွမ္းေရးသမားဂြၽန္ဒီပျဖစ္ၿပီး သူ႔ပုခုံးထက္မွာထမ္းပိုးလာသည့္သူကေတာ့ ေျမသားၿပိဳက်ရာမွထိခိုက္မိ၍ဒါဏ္ရာျပင္းထန္စြာရကာသတိလစ္ေနေသာခါးကုန္းႀကီးပင္ျဖစ္ေလသည္။အေစာကမွျဖစ္ေၾကာင္းကုန္စင္ကို စိုင္းဇာနည္ကေျပာျပထား၍အခုတက္လာေသာသူဟာ စိုင္းဇာနည့္ကိုကယ္တင္လိုက္သည့္သူသာျဖစ္ရမည္ဟု ကိုဗဒင္အတပ္သိလိုက္ၿပီးေခ်ာက္ကမ္းအနီးသို႔သြားကာ ထိုေအာက္ကလူ(ဂြၽန္ဒီပ)ဆီသို႔လက္ကမ္းေပးလိုက္ရင္း
“လာ လာညီ အကို႔လက္ကိုဆြဲၿပီးတက္ခဲ့”
ကိုဗဒင္ကလက္ကမ္းေပးေသာအခါ ေအာက္မွဂြၽန္ဒီပကကိုဗဒင္ရဲ႕လက္ကိုၿမဲၿမဲဆုပ္ကိုင္ကာအေပၚေျမမ်က္ႏွာျပင္အထက္သို႔ဖ်တ္ခနဲ ေပါ့ပါးစြာခုန္တက္လိုက္ရင္း
“ေက်းဇူးအထူးပါအကို”
ဒီေနရာေလးမွာက်ေနာ္စိုင္းဇာနည္ေရးသားသည့္ #အေစခံဝိညာဥ္ႏွင့္ဒုစ႐ိုက္သားေကာင္အမည္ရ ဇာတ္လမ္းေလးနိဂုံးကပါတ္အဆုံးသတ္ပါၿပီခင္မ်ာ။ ဖတ္ရႈအားေပးျခင္းကိုအထူးေက်းဇူးတင္ပါသည္။
************ၿပီးပါၿပီ*****************
စာရႈသူခ်စ္မိတ္ေဆြအေပါင္းအား အစဥ္ထါဝရေလးစား ခ်စ္ခင္လွ်က္’~~~
#စိုင္းဇာနည္ {idea sai}
2019/5/27-4:17Am Malaysia Mon
[စာရႈသူမ်ားေက်နပ္လိမ့္မည္ဟုယူဆမိပါသည္]
တကယ္ေတာ့ စိုင္းဟာအခုဒီဇာတ္သိမ္းပိုင္းေလးကို စာဖတ္သူေတြေမွ်ာ္ေနရတာၾကာလို႔စိတ္ခုေနမွာစိုးသည့္အတြက္ေနမေကာင္းသည့္ၾကားကေန မအိပ္မေနႀကိဳးစားကာေရးသားတင္ျပေပးျခင္းျဖစ္ပါသည္။ ထိုသို႔ေနမေကာင္းပဲေရးသားျခင္းျဖစ္တဲ့အတြက္ ဇာတ္လမ္းဟာကြက္၊ ေပ်ာ့ကြက္မ်ားရွိေနမွာေသခ်ာပါသည္။ (ေနေကာင္းလည္းဟာကြက္ကေတာ့ရွိမွာပါပဲဗ်ာ ကိုယ့္ရဲ႕အေရးအသားနဲ႔အရည္အခ်င္းဟာ အဲ့ဒီေလာက္အထိမေစ့စပ္ေသးတာသိေနလို႔ပါ)အမွားမ်ားရွိေနခဲ့လွ်င္နားလည္ခြင့္လႊတ္ေပးၾကပါလို႔ေမတၱာရပ္ခံပါတယ္ခင္မ်ာ~~~။
#SZN{idea sai}
✍Online writer