Unicode Version
အစွဲ (စ/ဆုံး)
(ပရလောကဝတ္ထုတို)
စာစဥွ(၆)
အခြားဝတ္ထုတိုများကိုလည်းဤpage
ထဲတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
စာမူအား လွတ်လပ်စာshareနိုင်ပါသည်။copyကူးယူခြင်းခွင့်မပြုပါ။
ရွာထဲသို့သူမ ဝင်မည်ပြုတော့ရွာအဝင်စောင့်နတ်က
“ဟဲ့ကလေးမ ဒီညနောက်ဆုံးနော်”
“ဟုတ်ကဲ့ပါရှင်။နောက်မဝင်တော့ပါဘူး”
ပြောပြီး.သူမ.ရွာထဲသို့ ဝင်လာခဲ့သည်။
ထိုအခါရွာထဲမှခွေးများက.သူမကိုမြင်တော့ဆွဲဆွဲငင်ငင်အူကြသည်။
ယင်းလည်းသူမကဂရုမစိုက်နိုင်အားဘဲဆက်လျှောက်လာခဲ့သည်။
သို့ဖြင့်.ရွာအလယ်ပိုင်းမှကနဖျင်ထိုးထားသည့်အိမ်တစ်အိမ်ရှေ့သို့ရောက်လာခဲ့သည်။
မီးစက်ကလည်းနှိုးထားသည်မို့.ကနဖျင်နှင့်.အိမ်ကလေးမှာမီးရောင်တထိန်ထိန်ဖြစ်နေသည်။
ထိုမီးရောင်အောက်တွင်.ယောက်ျား.မိန်းမ အားလုံးဖဲရိုက်နေကြသည်။
ထိုဖဲရိုက်သူများထဲမှအချို့သောမိန်းမတွေသည်.ယခင်ကသူမနှင့်ဈေးရောင်းဖော်ရောင်းဖက်တွေဖြစ်သည်။
သူမသည်ထိုဖဲဝိုင်းများကိုရှောင်ကွင်းပြီး.အိမ်ပေါ်သို့တက်လာခဲ့လေရာ.ဘုရားစင် ရှေ့(သူမ.ကွယ်လွန်ခဲ့သည့်နေရာ)တွင်အိပ်ရာကိုခင်းထားပြီးခေါင်းရင်းတွင်လည်းသူမ.အလွန်ကြိုက်သည့်သရက်ချဉ်နှင့်ဆေးပေါ့လိပ်ငါးလိပ်ကိုလည်းပန်းကန်ပြားထဲထည့်ထားသည်ကိုတွေ့ရသည်။
သို့သော်သူမသည်ထိုသရက်ချဉ်နှင့်ဆေးပေါ့လိပကိုဂရုမစိုက်နိုင်အားဘဲ.ယောက်ျားဖြစ်သူကိုစံဖေကိုသာရှာကြည့်နေမိသည်။
ခေတ္တအကြာ၌အိပ်ခန်းထဲမှကိုစံဖေထွက်လာသည်။
လူကလည်းအနည်းငယ်ခပ်ထွေထွေဖြစ်နေသည်။
သို့သော် ၎င်း၏လက်ထဲတွင်တော့.တစ်နှစ်သားအရွယ်ကြွက်နီလေးကိုဂရုတစိုက်နှင့်ပွေ့ချီထားသည်။
ထို့နောက် ကိုစံဖေသည်ခင်းထားသည့်အိပ်ယာဘေးတွင်ကလေးကိုချလိုက်ပြီးညည်းညူလေသည်။
“ကဲ.မိသူအေးရေ.မင်းကတော့လွတ်ရာကျွတ်ရာကိုထွက်သွားတော့စိတ်ချမ်းသာနေမှာပေါ့။ငါ့မှာတော့ကလေးတစ်ဖက်နဲိ့ဆုတော့ဘယ်လိုရုန်းကန်ရမလဲတောင်မသိတော့ပါဘူး”
ထိုစကားကြောင့်သူမ.ရင်ထဲဆို့နင့်သွားသည်။
“အားမငယ်ပါနဲ့မောင်ရယ်.ဘဝခြားနေပေမယ့်မောင်တို့သားအဖကိုကျွန်မအမြဲစောင့်ရှောက်နေမှာပါ”
သူမကထိုသို့ပြန်ပြောလိုက်သော်လည်းကိုစံဖေကကြားဟန်မတူချေ။
ထိုအခိုက်တွင် အိမ်တံခါးဝမှသြဇာအပြည့်ပါသည့်အသံတစ်သံထွက်လာသည်။
“ဟဲ့.ကလေးမ.အချိန်တန်ပြီ.ပြန်တော့ ”
ယင်းသို့မောင်းထုတ်တော့သူမလည်းကြောက်ရွံံ့စွာဖြင့်ပြန်ထွက်လာခဲ့သည်။
လမ်းတလျှောက်တွင်လည်း.အမျိုးအမည်ပြောရခက်သည့်သတ္တဝါပေါင်းသိန်းသန်းပေါင်းများစွာကိုလည်းတွေ့နေရသည်။
ထိုသတ္တဝါများကိုမြင်မိလျှင်လူ့ပြည်တွင်.လူမှရှိသေးရဲ့လားဟုတွေးစရာပင်ပေါ်လာတတ်သေးသည်။
ဇာတ်နိပါတ်တော်တစ်ခုတွင်မြတ်စွာဘုရားက.လက်သည်းခွံတော်ပေါ်တွင်ဖုန်မှုန့် အနည်းငယ်တင်ပြီးရဟန်းတော်များအားမေးတော်မူသည်။
“ချစ်သားတို့.ယခုငါဘုရား၏လက်သည်းခွံပေါ်ကဖုန်မှုန့်တွေနှင့် ဤကမ္ဘာလောကတွင်ရှိသည့်ဖုန်မှုန့်တွေနှင့်အဘယ်ကပိုများသနည်း”
ထိုအခါရဟန်းတော်များက
“အရှင်ဘုရား.အရှင်ဘုရား၏လက်သည်းတော်ပေါ်မှဖုန်မှုန့်များသည်.ဤကမ္ဘာလောကတွင်ရှိသည့်ဖုန်မှုန်များနှင့်ယှဉ်လျှင်မည်သို့မှမပြောပလောက်အောင်နည်းလှပါသည်ဟုပြန်လျှောက်တင်ကြသည်။
ထိုအခါမြတ်စွာဘုရားက
“မှန်ပေတယ်ချစ်သားတို့.ဟောဒီဥပမာလိုပဲ.လူ့ပြည်တွင်ရှိသည့်လူတို့သည်ကွယ်လွန်ကြပြီးလျှင်.လူ့ပြည်သို့ပြန်ရောက်ကြသည်မှာ.ဟောဒီငါဘုရားလက်သည်းပေါ်မှဖုန်မှုန့်လောက်ပဲရှိကြတယ်။ကျန်.ငရဲ.တိရစ္ဆာန်. ပြိတ္တာ.အသူရကာယ်ဘုံတို့ကိုရောက်သွားကြသူတွေဟာ.ဟောဒီကမ္ဘာလောကမှာရှိတဲ့ဖုန်မှုန့်တွေလောက်များလှပေတယ်.ချစ်သားတို့ ”
ဟုမြတ်စွာဘုရားကဟောသွားခဲ့သည်။
မှန်သည်။ယခုတွင်ပဲ.သူမ.မြင်တွေ့နေရသည့်မကျွတ်မလွတ်ပြိတ္တာတွေ.နာနာဘာဝတွေမှာနည်းလှသည်မဟုတ်ချေ။
သူမသည်.လျှောက်ရင်းလျှောက်ရင်းဖြင့်ရွာအပြင်ရှိသင်္ချိုင်းမှကုက္ကိုပင်ကြီးအောက်သို့ရောက်လာခဲ့သည်။
ထို့နောက် သူမသည် ထိုကုက္ကိုပင်ကြီးပေါ်သို့တက်ပြီးအဖျားစွန်၌နေရာယူကာအနားယူလိုက်သည်။
ဒီနေရာသည်သူမကိုအထက်ပုဂ္ဂိုလ်တွေကပေးထားသည့်နေရာဖြစ်သည်။
ထို့ကြောင့် သူမသည် အခြားသောနာနာဘာဝ.ပြိတ္တာများနှင့်ယှဉ်လျှင်ကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။
အချို့သောနာနာဘာဝများဆိုလျှင်နေစရာနေရာပင်မရှိချေ။
ရုတ်တရက် သူမ.၏စိတ်ထဲတွင်.တစ်စုံတရာကိုသတိရလိုက်သည်မို့.အပင်ပှေါ်မှပြန်ဆင်းလိုက်ပြီးသင်္ချိုင်းကုန်းထဲသို့ဝင်လာခဲ့သည်။
ထို့နောက် အုတ်ဂူအဟောင်းကြီး၏ရှေ့သို့ရောက်တော့.သူမသည် ထိုအုတ်ဂူဟောင်းကြီး၏အပေါက်ထဲမှအထုပ်တစ်ထုပ်ကိုသေချာကြည့်လေသည်။
ထိုအထုပ်ထဲတွင်အဖိုးတန်လက်ဝတ်ရတနာများစွာရှိနေသည်။
ပြီး.အထုပ်ကလည်းခြေရာလက်ရာပင်မပျက်သေးချေ။
ထိုအခါမှသူမလည်းကျေနပ်သွားပြီး.အုတ်ဂူအနားမှပြန်လှည့်လာခဲ့သည။်
စင်စစ်အားဖြင့်ထိုလက်ဝတ်ရတနာများသည်.သမူလူ့ဘဝတုန်းက.ဈေးရောင်းပြီးစုဆောင်းခဲ့သည့်ရတနာများဖြစ်သည်။
ယခုမူသူမ.ဘဝပြောင်းသွားခဲ့ပြီဖြစ်သော်လည်း.သားနှင့်ယောက်ျားအစွဲ..လက်ဝတ်ရတနာများအစွဲကြောင့်မကျွတ်မလွတ်ဘဝသို့ရောက်ရှိနေရခြင်းဖြစ်သည်။
သင်္ချိုင်းမှပြန်အလာ.ကုက္ကိုပင် သို့အရောက်၌အကြောင်းကိုသိနေသည့်အပင်စောင့်ကြီးက
“နင့်လည်းဒုက္ခပဲနော်.အဲ့ဒီ ရတနာတွေကိုအစွဲအလမ်းထားမနေပါနဲ့.တော့..နင့်အတွက် ဘာအကျိုးမှဖြစ်လာမှာမဟုတ်ဘူး”ဟုဂရုဏာဒေါသဖြင့်ပြောလေရာသူမက
“ဒါဆို အဲ့ဒီ ရတနာတွေကိုကျွန်မဘယ်လိုလုပ်ရမလဲ”
“ဟ.ကျန်ရစ်ခဲ့တဲ့နင့်ယောက်ျားနဲ့နင့်သားအတွက်ပေးလိုက်ပေါ့ဟ”
“ဟင်း”
သူမသက်ပြင်းချမိသည်။
ကိုစံဖေအကြောင်းသူမ ကောင်းကောင်း သိသည်။
ကို စံဖေသည်အသောက်အစားမကင်းသလို.အပျော်အပါးလည်းခုံမင်သူဖြစ်သည်။
ထို့ကြောင့် သူမသည်.ရတနာထုပ်အား.ကိုစံဖေကိုပေးရန်တွေဝေနေမိသည်။
ထိုအခိုက်တွင် အပင်စောင့်က
“ကဲ.ဘာမှတွေဝေမနေနဲ့.အခုချက်ချင်းပဲနင့်ယောက်ျားကိုအိပ်မက်သွားပေးလိုက်”ဟုအတင်းဆိုလေသဖြင့်.သူမလည်း.ရွာ ထဲသို့ပြန်ဝင်လာခဲ့ရသည် ။
ယင်းအ်ချိန်၌ကိုစံဖေသည်အမူးလွန်ပြီးအိပ်ခန်းထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျှက်ရှိနေသည်။
ထို့နောက် သူမလည်း ကိုစံဖေကိုအိပ်မက်ပေးပြီးပြန်လာခဲ့သည်။
နောက်တစ်နေ့မနက်ရောက်တော့ကိုစံဖေကသံတူရွင်း
တစ်ချောင်းပြီး.သူမ.အိပ်မက် ပေးသည့်အုတ်ဂူဆီသို့ရောက်လာသည်။
သို့သော် နဂိုကတည်းကအပေါက်ရှိပြီးသားမို့ခက်ခက်ခဲခဲဖောက်စရာမလိုဘဲ.လက်ဝတ်ရတနာတွေကိုအသာအယာပင်နှိုက်ယူပြီး.ပြုံးရွှင်စွာဖြင့်ပြန်ထွက်သွားသည်။
ထိုအခါမှသူမ.လည်းကိုစံဖေ၏လက်ထဲသို့ပါသွားသည့်လက်ဝတ်ရတနာထုပ်ကိုနှမြှောတသစွာဖြင့်ငေးကြည့်ရင်းက်ျန်ခဲ့သည်။
လူ့ဘဝတုန်းက.မစားရက်၊မသောက်ရက်စုခဲ့သမျှ.သေခဲ့ရတော့ကျန်ရစ်သူအတွက်သာဖြစ်ရသည်ဆိုတာ
သူမ.သဘောပေါက်မိလိုက်သည်။
ရုတ်တရက် သူမ.ဗိုက်ဆာ လာသည်။
ထို့ကြောင့် သူမသည် စားစရာ အစာကိုလိုက်ရှာလေရာ.တစ်နေရာ.အရောက်၌လူတွေစွန့်ပစ်ထားသည့်အညစ်အကြေးများကို.လုယူစားသောက်နေသည့်.မကျွတ်မလွတ်သတ္တဝါတွေကိုတွေ့လိုက်ရသည်။
ထို့နောက် သူမ.လည်းထိုညအညစ်အကြေးများကိုစားသောက်ရန်ဝင်လုသည်။
သို့သော် ထိုသတ္တဝါများကမောင်းထုတ်ကြသဖြင့်သူမလည်းပြန်ထွက်လာခဲ့ရသည်။
ထို့နောက် အခြားနေရာများသို့အစာရှာရန်ထွက်လာခဲ့ရပြန်သည်။
ဗိုက်ကလည်းအလွန်ဆာလောင်လျက်ရှိနေသည်မို့..ယခုအချိန်တွင်.သူမ.သိပ်ချစ်ရပါသည်ဆိုသည့်ကိုစံဖေနှင့်သားလေးကိုလည်းသတိမရတော့ချေ။
တစ်ဖန်. သူမ.၏လက်ဝတ်ရတနာများကို.ကိုစံဖေမည်သို့ဖြုန်းတီးပစ်မည်လဲဆိုတာလည်းမတွေးမိတော့ချေ။
သို့နှင့်သူမသည်အစာရှာရင်ဖြင့်.မြို့ထဲရှိဆေးရုံကြီးဝန်းထဲသို့ရောက်လာခဲ့သည်။
ထိုစဉ်.ဆေးရုံ ပေါ်မှ.လူနာ၏အညစ်အကြေးများ.ထမင်းအကျန်များကိုစွန့်ပစ်လေရာ.သူမလည်း.အခြားသောမကျွတ်မလွတ်သတ္တဝါများနှင့်အတူလုယူစားသောက်လေတော့သည်။
ထိုနေ့မှစ၍သူမသည်.အိပ်ချိန်လေးတစ်ချိန်သာသူမ၏နေရာသို့ပြန်သွားပြီး.ကျန်သည့်အချိန်များတွင်တော့ဤဆေးရုံကြီး၏အနီးအနီးအနားနှင့်မြို့ထဲတွင်သာကျင်လည်ကျက်စားလေတော့သည်။
တစ်နေ့တွင်တော့မြို့ထဲမှအိမ်တစ်အိမ်တွင်အလှူကြီးတစ်ခုပြုလုပ်သည်။
ပြီး.အလှူတွင်အကူလုပ်သူများကစားကြွင်းစားကျန်အချို့ကိုစွန့်ပစ်ကြလေရာ.သူမနှင့်အခြားမကျွတ်မလွတ်သတ္တဝါတွေလည်းအလုအယက်စားသောက်ကြသည်။
ယင်းအခိုက်တွင် သရဲ တစ်ကောင်က
“ဟေး.နေ့လည်ရောက်ရင်ရေစက်ချအမျှဝေတော့မယ်.ဒါဆို ငါတို့လည်းဒီဘဝကကျွတ်ရတော့မယ်ကွ”ဟုမြည်တမ်းလေရာ.သူမနှင့်အတူအခြားသတ္တဝါတွေလည်းဝမ်းသာရလေသည်။
ဟုတ်သည်။အနေဆင်းရဲ.အစားဆင်းရဲသည့်ဤဘဝကိုသူမ.မနှစ်သက်တော့ပါ။
ထို့ကြောင့် အလှူရှင်ရေစက်ချပြီး.ပြုလုပ်သမျှကုသိုလ်များအတွက်.အမျှဝေချိန်တွင်.သူမလည်းဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုခေါ်ဆိုလိုက်တော့မည်။
ဤသို့ဆိုလျှင် သူမလည်း. ဤဘဝမှလွတ်မြောက်တော့မည်။
ရုတ်တရက် သူမ၏အာရုံထဲတွင်.ကိုစံဖေနှင့်သားလေးကိုသတိရမိလိုက်သည်။
ကြည့်စမ်း. ဝမ်းစာအတွက်ရုန်းကန်ရှာဖွေနေရသည်မို့.ကိုစံဖေ နှင့်သားလေးဆီသို့မရောက်ဖြစ်တာကြာလှချေပြီ။
ထို့ကြောင့် သူမသည် သားလေးနှင့်ယောက်ျားကိုနောက်ဆုံးအနေနှင့်နှုတ်ဆက်ချင်သေးသည်။
ထို့နောက်အချိန်မဆွဲတော့ဘဲ.ရွာဘက်သို့ပြေးလာခဲ့သည်။
သို့ဖြင့် ရွာထိပ်သို့ရောက်.ရွာအဝင်စောင့်နတ်က
“ဟဲ့ကလေးမ. နင်ဝင်ခွ့င့်မရတော့ဘူးလေ”
ယင်းသို့တု့ားမြစ်တော့သူမလည်းငိုမဲ့မဲ့လေသံဖြင့်အသနားခံလေသည်။
“ကျွန်မ ရဲ့ယောက်ျားနဲ့သားကိုနောက်ဆုံးအနေနဲ့ကြည့်ချင်ပါသေးတယ်။ဝင်ခွင့်ပြုပါရှင်”
“ကျွတ်”
ရွာအဝင်စောင့်နတ်က စိတ်မသက်သာစွာဖြင့်စုတ်သပ်လိုက်သည်။ပြီးနောက်
“ကိုယ့်ဘဝကူးကောင်းဖို့အတွက်ပဲအာရုံစိုက်ပါတော့လား။ဒီအတိုင်းဆို.နင်ဘဝကူးကောင်းဦးမှာမဟုတ်ဘူး”
“ဒါနောက်ဆုံးအကြိမ်ပါရှင်.အမျှမဝေခင်အချိန်လေးတင်ပါ”
ရွာအဝင်စောင့်နတ်.စိတ်မချမ်းမသာဖြစ်သွားသည်။
“ကဲ.မြန်မြန် ဝင်ပြီးနှုတ်ဆက်ပေတော့”
“ဟုတ်.ကျေး.ကျေးဇူးပါရှင်”
သူမ.ရွာထဲသို့ ပြေးဝင်လာခဲ့သည်။
ဤသို့ဖြင့်သူမ၏အိမ်ရှေ့သို့ရောက်တော့.မျက်စိ လည်သလိုပင်ဖြစ်သွားမိသည်။
အဘယ်ကြောင့်ဆိုသော်သူမ၏အိမ်ကလေးသည်.ယခင်ကလိုမဟုတ်တော့ဘဲ.အလွန်လှပသည့်.နှစ်ထပ်တိုက်ကလေးဖြစ်နေသောကြောင့်ရယ်ပင်။
ထိုစဉ်
“ကဲ .ချစ်ရေ.လာတော့လေကွယ်”
အသံနှင့်အတူ.တိုက်ထဲမ်ှလူတစ်ယောက်ထွက်လာသည်။
ထိုလူသည်ကိုစံဖေဖြစ်သည်။
ခေတ္တအကြာတွင့်တော့မိန်းမချောလေးတစ်ဦးထွက်လာပြန်သည်။
ထိုမိန်းမချောလေး၏လက်ထဲတွင်ောတ့.သူမ၏သားလေး.ကြွက်နီကိုချီထားသည်။
ကိုစံဖေက
“နောက်ကျနေပြီ.ဘုရားဖူးကားက.သိပ်စောင့်တာမဟုတ်ဘူး”
“ကိစ္စမရှိပါဘူး ကိုရဲ့.ချစ်.ဖုန်းကြိုဆက်ထားပါတယ်”
“ဒါဆိုတော်သေးတာပေါ့”
ကိုစံဖေကမိန်းမချောလေး၏လက်ကိုဆွဲပြီး.ခြံအပြင်သို့ထွက်လာသည်။
အခြေအနေကိုသဘောပေါက်လိုက်သည်မို့သူမ.ဒေါသထွက်သွားသည်။
“တောက်.သစ္စာမဲ့တဲ့.ယောက်ျား ငါ့မှာတော့ဒင်းကိုချစ်လိုက်ရတာ.ရက်လည်တုန်းကသာဓုတောင်မခေါ်ဖြစ်လို့မကျွတ်ခဲ့ရတာဒီနေ့အထိပဲ။ဒင်းကတော့.ငါရှာဖွေခဲ့တဲ့စည်းစိမ်တွေနဲ့နောက်မိန်းမယူပြီး.ပျော်နေတယ်ပေါ့”
ယင်းသို့ရေရွတ်ပြီးနောက်သူမသည်.ကိုစံဖေ ၏ကျောပြင်ကိုလက်ဖဝါးဖြင့်ရိုက်ချပစ်လိုက်သည်။
သို့သော် သူမ၏လက်ဖဝါးကကိုစံဖေကိုမထိဘဲ.လေကိုသာခွင်းမိလေသည်။
ထိုစဉ်. ခြံစောင့်နတ်က
“ဟဲ့အမိုက်မ.အခုနင့်ယောက်ျားကနင်နဲ့ဘာမှမဆိုင်တော့ဘူး”
ထိုစကားကြောင့်သူမ စိတ်ထဲကြေကွဲသလိုခံစားလိုက်ရသည်။
အသက်ရှင်စဉ်တုန်းက.ယောက်ျားထိဓားကြည့်ဆိုသည့်စိတ်မျိုးဖြင့်ယောက်ျားကိုအလွန်ချစ်မြတ်နိုးခဲ့ရသူတစ်ယောက်အနေဖြင့်.ယခုလိုဘာမှမဆိုင်တော့ဘူး.ဆိုသည့်စကားက.သူမကိုအလွန်ကြေကွဲစေသည်။
နှလုံးသားကိုလည်းဓားဖြင့်မွှန်းသလိုလည်းခံစားလိုက်ရသည်။
သူမ.ငိုင်ကျသွားသည်။
ထိုအခါခြံစောင့်နတ်လည်းစိတ်မကောင်းဖြစ်သွားပြီး
“နင်နဲ့သူကဘဝချင်းမတူတော့ဘူးလေ.အစွဲတွေထားမနေပါနဲ့တော့။ကိုယ့်ဘဝကူးကောင်းဖို့အတွက်ပဲစဉ်းစားပါတော့”
သူမ.ပြန်မပြောဖြစ်ချေ။
တဖြည်းဖြည်း ဝေးကွာသွားသည့်ကိုစံဖေ.ဇနီးအသစ်နှင့်သားလေးကိုသာရီဝေစွာဖြင့်ငေးကြည့်နေမိသည်။
ရင်ထဲတွင်လည်းနင့်နေအောင်ခံစားနေရသည်။
ကိုစံဖေ တို့သုံးယောက်ကမူရယ်ရယ်မောမောဖြင့်
မြင်ကွင်းမှတစ်စတစ်စပျောက်ကွယ်သွားသည်။
အစွဲအလမ်းဆိုတာလက်ရှိဘဝတွင်သာမက.တမလွန်ဘဝ့တိုင်အောင်လောင်ကျွမ်းစေတတ်ချေသည်တကား။
သူမ.ချုံးပွဲချ ငိုလိုက်တော့သည်။
ထိုစဉ်
“ရပ်ဝေးရပ်နီးမှ.မကျွတ်မလွတ်သတ္တဝါအပေါင်းတို့.ယနေ့ပြုလုပ်ရသည့်ကုသိုလ်များအားအမျှပေးလို၍လည်းကောင်း.ဆရာတော်ကြီးများ၏မြတ်တရားများကိုနာယူရန်အတွက်သော်လည်းကောင်းး.အလှူမဏ္ဍပ်သို့ကြွရောက်ကြပါရန်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျား”
တရားနာရန်အလှူအှိမ်မှလော်စပီကာဖြင့်အဆက်မပြတ်ဖိတ်ခေါ်နေချေပြီ။
ထိုအခါမှသူမ လည်းမျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။
တရားပွဲကလည်းစတော့မည်။
ပြီးလျှင်ရေစက်ချအမျှဝေတော့မည်။
မကျွတ်မလွတ်သတ္တဝါအပေါင်းတို့ကလည်းတရားနာပြီး.သာဓုခေါ်ဆိုရန်စိတ်အားတက်ကြွနေကြလောက်ပြီ။
ထို့နောက် သူမလည်း တွေဝေမနေတော့ဘဲ.လျင်မြန် သောခြေလှမ်းများဖြင့်တရားပွဲရှိရာသို့ပြေးထွက်လာခဲ့တော့သည်။
မှတ်ချက်။ ။ဤဇာတ်လမ်းသည်၂၀၁၃ခုန်ှစ်ခန်က.ထွက်ရှိခဲ့သည့်ပုံပြင်စာအုပ်၌ထည့်သွင်းရေသားခဲ့ပြီးဖြစ်ပါသည်။ထိုစဉ်ကလှိုင်ဦး (တောင်တွင်းကြီး)ကလောင်နာမည်ဖြစ်ပါသည်။
ကျွန်တော့်ရဲ့ pageကိုလည်းlikeလုပ်ထားပါဦးခင်ဗျ။
နောက်ပိုင်း ဝတ္ထု တွေကိုဒီpageကပဲအားပြုပြီးတင်မှာမို့လို့ပါ။
အလုပ် တစ်ဖက်နဲ့ စာရေးရတာမို့.မန့်တွေကိုမပြန်ဖြစ်ရင်လည်းနားလည်ပေးကြပါခင်ဗျ
အားလုံးအေးချမ်းပါစေ..။
ဆရာဆွေ(တောင်တွင်း)
Zawgyi Version
အစြဲ (စ/ဆံုး)
(ပရေလာကဝတၳဳတို)
စာစဥြ(၆)
အျခားဝတၳဳတိုမ်ားကိုလည္းဤpage
ထဲတြင္ဝင္ေရာက္ဖတ္ရႈႏိုင္ပါသည္။
စာမူအား လြတ္လပ္စာshareႏိုင္ပါသည္။copyကူးယူျခင္းခြင့္မျပဳပါ။
႐ြာထဲသို႔သူမ ဝင္မည္ျပဳေတာ့႐ြာအဝင္ေစာင့္နတ္က
“ဟဲ့ကေလးမ ဒီညေနာက္ဆုံးေနာ္”
“ဟုတ္ကဲ့ပါရွင္။ေနာက္မဝင္ေတာ့ပါဘူး”
ေျပာၿပီး.သူမ.႐ြာထဲသို႔ ဝင္လာခဲ့သည္။
ထိုအခါ႐ြာထဲမွေခြးမ်ားက.သူမကိုျမင္ေတာ့ဆြဲဆြဲငင္ငင္အူၾကသည္။
ယင္းလည္းသူမကဂ႐ုမစိုက္ႏိုင္အားဘဲဆက္ေလွ်ာက္လာခဲ့သည္။
သို႔ျဖင့္.႐ြာအလယ္ပိုင္းမွကနဖ်င္ထိုးထားသည့္အိမ္တစ္အိမ္ေရွ႕သို႔ေရာက္လာခဲ့သည္။
မီးစက္ကလည္းႏႈိးထားသည္မို႔.ကနဖ်င္ႏွင့္.အိမ္ကေလးမွာမီးေရာင္တထိန္ထိန္ျဖစ္ေနသည္။
ထိုမီးေရာင္ေအာက္တြင္.ေယာက္်ား.မိန္းမ အားလုံးဖဲ႐ိုက္ေနၾကသည္။
ထိုဖဲ႐ိုက္သူမ်ားထဲမွအခ်ိဳ႕ေသာမိန္းမေတြသည္.ယခင္ကသူမႏွင့္ေဈးေရာင္းေဖာ္ေရာင္းဖက္ေတြျဖစ္သည္။
သူမသည္ထိုဖဲဝိုင္းမ်ားကိုေရွာင္ကြင္းၿပီး.အိမ္ေပၚသို႔တက္လာခဲ့ေလရာ.ဘုရားစင္ ေရွ႕(သူမ.ကြယ္လြန္ခဲ့သည့္ေနရာ)တြင္အိပ္ရာကိုခင္းထားၿပီးေခါင္းရင္းတြင္လည္းသူမ.အလြန္ႀကိဳက္သည့္သရက္ခ်ဥ္ႏွင့္ေဆးေပါ့လိပ္ငါးလိပ္ကိုလည္းပန္းကန္ျပားထဲထည့္ထားသည္ကိုေတြ႕ရသည္။
သို႔ေသာ္သူမသည္ထိုသရက္ခ်ဥ္ႏွင့္ေဆးေပါ့လိပက္ိုဂ႐ုမစိုက္ႏိုင္အားဘဲ.ေယာက္်ားျဖစ္သူကိုစံေဖကိုသာရွာၾကည့္ေနမိသည္။
ေခတၱအၾကာ၌အိပ္ခန္းထဲမွကိုစံေဖထြက္လာသည္။
လူကလည္းအနည္းငယ္ခပ္ေထြေထြျဖစ္ေနသည္။
သို႔ေသာ္ ၎၏လက္ထဲတြင္ေတာ့.တစ္ႏွစ္သားအ႐ြယ္ႂကြက္နီေလးကိုဂ႐ုတစိ္ုက္ႏွင့္ေပြ႕ခ်ီထားသည္။
ထို႔ေနာက္ ကိုစံေဖသည္ခင္းထားသည့္အိပ္ယာေဘးတြင္ကေလးကိုခ်လိုက္ၿပီးညည္းညဴေလသည္။
“ကဲ.မိသူေအးေရ.မင္းကေတာ့လြတ္ရာကြၽတ္ရာကိုထြက္သြားေတာ့စိတ္ခ်မ္းသာေနမွာေပါ့။ငါ့မွာေတာ့ကေလးတစ္ဖက္နဲိ့ဆုေတာ့ဘယ္လို႐ုန္းကန္ရမလဲေတာင္မသိေတာ့ပါဘူး”
ထိုစကားေၾကာင့္သူမ.ရင္ထဲဆို႔နင့္သြားသည္။
“အားမငယ္ပါနဲ႔ေမာင္ရယ္.ဘဝျခားေနေပမယ့္ေမာင္တို႔သားအဖကိုကြၽန္မအၿမဲေစာင့္ေရွာက္ေနမွာပါ”
သူမကထိုသို႔ျပန္ေျပာလိုက္ေသာ္လည္းကိုစံေဖကၾကားဟန္မတူေခ်။
ထိုအခိုက္တြင္ အိမ္တံခါးဝမွၾသဇာအျပည့္ပါသည့္အသံတစ္သံထြက္လာသည္။
“ဟဲ့.ကေလးမ.အခ်ိန္တန္ၿပီ.ျပန္ေတာ့ ”
ယင္းသို႔ေမာင္းထုတ္ေတာ့သူမလည္းေၾကာက္႐ြံံ့စြာျဖင့္ျပန္ထြက္လာခဲ့သည္။
လမ္းတေလွ်ာက္တြင္လည္း.အမ်ိဳးအမည္ေျပာရခက္သည့္သတၱဝါေပါင္းသိန္းသန္းေပါင္းမ်ားစြာကိုလည္းေတြ႕ေနရသည္။
ထိုသတၱဝါမ်ားကိုျမင္မိလွ်င္လူ႔ျပည္တြင္.လူမွရွိေသးရဲ႕လားဟုေတြးစရာပင္ေပၚလာတတ္ေသးသည္။
ဇာတ္နိပါတ္ေတာ္တစ္ခုတြင္ျမတ္စြာဘုရားက.လက္သည္းခြံေတာ္ေပၚတြင္ဖုန္မႈန္႔ အနည္းငယ္တင္ၿပီးရဟန္းေတာ္မ်ားအားေမးေတာ္မူသည္။
“ခ်စ္သားတို႔.ယခုငါဘုရား၏လက္သည္းခြံေပၚကဖုန္မႈန္႔ေတြႏွင့္ ဤကမာၻေလာကတြင္ရွိသည့္ဖုန္မႈန္႔ေတြႏွင့့္အဘယ္ကပိုမ်ားသနည္း”
ထိုအခါရဟန္းေတာ္မ်ားက
“အရွင္ဘုရား.အရွင္ဘုရား၏လက္သည္းေတာ္ေပၚမွဖုန္မႈန္႔မ်ားသည္.ဤကမာၻေလာကတြင္ရွိသည့္ဖုန္မႈန္မ်ားႏွင့္ယွဥ္လွ်င္မည္သို႔မွမေျပာပေလာက္ေအာင္နည္းလွပါသည္ဟုျပန္ေလွ်ာက္တင္ၾကသည္။
ထိုအခါျမတ္စြာဘုရားက
“မွန္ေပတယ္ခ်စ္သားတို႔.ေဟာဒီဥပမာလိုပဲ.လူ႔ျပည္တြင္ရွိသည့္လူတို႔သည္ကြယ္လြန္ၾကၿပီးလွ်င္.လူ႔ျပည္သို႔ျပန္ေရာက္ၾကသည္မွာ.ေဟာဒီငါဘုရားလက္သည္းေပၚမွဖုန္မႈန္႔ေလာက္ပဲရွိၾကတယ္။က်န္.ငရဲ.တိရစာၦန္. ၿပိတၱာ.အသူရကာယ္ဘုံတို႔ကိုေရာက္သြားၾကသူေတြဟာ.ေဟာဒီကမာၻေလာကမွာရွိတဲ့ဖုန္မႈန္႔ေတြေလာက္မ်ားလွေပတယ္.ခ်စ္သားတို႔ ”
ဟုျမတ္စြာဘုရားကေဟာသြားခဲ့သည္။
မွန္သည္။ယခုတြင္ပဲ.သူမ.ျမင္ေတြ႕ေနရသည့္မကြၽတ္မလြတ္ၿပိတၱာေတြ.နာနာဘာဝေတြမွာနည္းလွသည္မဟုတ္ေခ်။
သူမသည္.ေလွ်ာက္ရင္းေလွ်ာက္ရင္းျဖင့္႐ြာအျပင္ရွိသခ်ႋဳင္းမွကုကၠိဳပင္ႀကီးေအာက္သို႔ေရာက္လာခဲ့သည္။
ထို႔ေနာက္ သူမသည္ ထိုကုကၠိဳပင္ႀကီးေပၚသို႔တက္ၿပီးအဖ်ားစြန္၌ေနရာယူကာအနားယူလိုက္သည္။
ဒီေနရာသည္သူမကိုအထက္ပုဂၢိဳလ္ေတြကေပးထားသည့္ေနရာျဖစ္သည္။
ထို႔ေၾကာင့္ သူမသည္ အျခားေသာနာနာဘာဝ.ၿပိတၱာမ်ားႏွင့္ယွဥ္လွ်င္ကံေကာင္းသည္ဟုဆိုရမည္ျဖစ္သည္။
အခ်ိဳ႕ေသာနာနာဘာဝမ်ားဆိုလွ်င္ေနစရာေနရာပင္မရွိေခ်။
႐ုတ္တရက္ သူမ.၏စိတ္ထဲတြင္.တစ္စုံတရာကိုသတိရလိုက္သည္မို႔.အပင္ေပွၚမွျပန္ဆင္းလိုက္ၿပီးသခ်ႋဳင္းကုန္းထဲသို႔ဝင္လာခဲ့သည္။
ထို႔ေနာက္ အုတ္ဂူအေဟာင္းႀကီး၏ေရွ႕သို႔ေရာက္ေတာ့.သူမသည္ ထိုအုတ္ဂူေဟာင္းႀကီး၏အေပါက္ထဲမွအထုပ္တစ္ထုပ္ကိုေသခ်ာၾကည့္ေလသည္။
ထိုအထုပ္ထဲတြင္အဖိုးတန္လက္ဝတ္ရတနာမ်ားစြာရွိေနသည္။
ၿပီး.အထုပ္ကလည္းေျခရာလက္ရာပင္မပ်က္ေသးေခ်။
ထိုအခါမွသူမလည္းေက်နပ္သြားၿပီး.အုတ္ဂူအနားမွျပန္လွည့္လာခဲ့သည။္
စင္စစ္အားျဖင့္ထိုလက္ဝတ္ရတနာမ်ားသည္.သမူလူ႔ဘဝတုန္းက.ေဈးေရာင္းၿပီးစုေဆာင္းခဲ့သည့္ရတနာမ်ားျဖစ္သည္။
ယခုမူသူမ.ဘဝေျပာင္းသြားခဲ့ၿပီျဖစ္ေသာ္လည္း.သားႏွင့္ေယာက္်ားအစြဲ..လက္ဝတ္ရတနာမ်ားအစြဲေၾကာင့္မကြၽတ္မလြတ္ဘဝသို႔ေရာက္ရွိေနရျခင္းျဖစ္သည္။
သခ်ႋဳင္းမွျပန္အလာ.ကုကၠိဳပင္ သို႔အေရာက္၌အေၾကာင္းကိုသိေနသည့္အပင္ေစာင့္ႀကီးက
“နင့္လည္းဒုကၡပဲေနာ္.အဲ့ဒီ ရတနာေတြကိုအစြဲအလမ္းထားမေနပါနဲ႔.ေတာ့..နင့္အတြက္ ဘာအက်ိဳးမွျဖစ္လာမွာမဟုတ္ဘူး”ဟုဂ႐ုဏာေဒါသျဖင့္ေျပာေလရာသူမက
“ဒါဆို အဲ့ဒီ ရတနာေတြကိုကြၽန္မဘယ္လိုလုပ္ရမလဲ”
“ဟ.က်န္ရစ္ခဲ့တဲ့နင့္ေယာက္်ားနဲ႔နင့္သားအတြက္ေပးလိုက္ေပါ့ဟ”
“ဟင္း”
သူမသက္ျပင္းခ်မိသည္။
ကိုစံေဖအေၾကာင္းသူမ ေကာင္းေကာင္း သိသည္။
ကို စံေဖသည္အေသာက္အစားမကင္းသလို.အေပ်ာ္အပါးလည္းခုံမင္သူျဖစ္သည္။
ထို႔ေၾကာင့္ သူမသည္.ရတနာထုပ္အား.ကိုစံေဖကိုေပးရန္ေတြေဝေနမိသည္။
ထိုအခိုက္တြင္ အပင္ေစာင့္က
“ကဲ.ဘာမွေတြေဝမေနနဲ႔.အခုခ်က္ခ်င္းပဲနင့္ေယာက္်ားကိုအိပ္မက္သြားေပးလိုက္”ဟုအတင္းဆိုေလသျဖင့္.သူမလည္း.႐ြာ ထဲသို႔ျပန္ဝင္လာခဲ့ရသည္ ။
ယင္းအ္ခ်ိန္၌ကိုစံေဖသည္အမူးလြန္ၿပီးအိပ္ခန္းထဲတြင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်လွ်က္ရွိေနသည္။
ထို႔ေနာက္ သူမလည္း ကိုစံေဖကိုအိပ္မက္ေပးၿပီးျပန္လာခဲ့သည္။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ကိုစံေဖကသံတူ႐ြင္း
တစ္ေခ်ာင္းၿပီး.သူမ.အိပ္မက္ ေပးသည့္အုတ္ဂူဆီသို႔ေရာက္လာသည္။
သို႔ေသာ္ နဂိုကတည္းကအေပါက္ရွိၿပီးသားမို႔ခက္ခက္ခဲခဲေဖာက္စရာမလိုဘဲ.လက္ဝတ္ရတနာေတြကိုအသာအယာပင္ႏႈိက္ယူၿပီး.ၿပဳံး႐ႊင္စြာျဖင့္ျပန္ထြက္သြားသည္။
ထိုအခါမွသူမ.လည္းကိုစံေဖ၏လက္ထဲသို႔ပါသြားသည့္လက္ဝတ္ရတနာထုပ္ကိုႏွေျမႇာတသစြာျဖင့္ေငးၾကည့္ရင္းက္်န္ခဲ့သည္။
လူ႔ဘဝတုန္းက.မစားရက္၊မေသာက္ရက္စုခဲ့သမွ်.ေသခဲ့ရေတာ့က်န္ရစ္သူအတြက္သာျဖစ္ရသည္ဆိုတာ
သူမ.သေဘာေပါက္မိလိုက္သည္။
႐ုတ္တရက္ သူမ.ဗိုက္ဆာ လာသည္။
ထို႔ေၾကာင့္ သူမသည္ စားစရာ အစာကိုလိုက္ရွာေလရာ.တစ္ေနရာ.အေရာက္၌လူေတြစြန္႔ပစ္ထားသည့္အညစ္အေၾကးမ်ားကို.လုယူစားေသာက္ေနသည့္.မကြၽတ္မလြတ္သတၱဝါေတြကိုေတြ႕လိုက္ရသည္။
ထို႔ေနာက္ သူမ.လည္းထိုညအညစ္အေၾကးမ်ားကိုစားေသာက္ရန္ဝင္လုသည္။
သို႔ေသာ္ ထိုသတၱဝါမ်ားကေမာင္းထုတ္ၾကသျဖင့္သူမလည္းျပန္ထြက္လာခဲ့ရသည္။
ထို႔ေနာက္ အျခားေနရာမ်ားသို႔အစာရွာရန္ထြက္လာခဲ့ရျပန္သည္။
ဗိုက္ကလည္းအလြန္ဆာေလာင္လ်က္ရွိေနသည္မို႔..ယခုအခ်ိန္တြင္.သူမ.သိပ္ခ်စ္ရပါသည္ဆိုသည့္ကိုစံေဖႏွင့္သားေလးကိုလည္းသတိမရေတာ့ေခ်။
တစ္ဖန္. သူမ.၏လက္ဝတ္ရတနာမ်ားကို.ကိုစံေဖမည္သို႔ျဖဳန္းတီးပစ္မည္လဲဆိုတာလည္းမေတြးမိေတာ့ေခ်။
သို႔ႏွင့္သူမသည္အစာရွာရင္ျဖင့္.ၿမိဳ႕ထဲရွိေဆး႐ုံႀကီးဝန္းထဲသို႔ေရာက္လာခဲ့သည္။
ထိုစဥ္.ေဆး႐ုံ ေပၚမွ.လူနာ၏အညစ္အေၾကးမ်ား.ထမင္းအက်န္မ်ားကိုစြန္႔ပစ္ေလရာ.သူမလည္း.အျခားေသာမကြၽတ္မလြတ္သတၱဝါမ်ားႏွင့္အတူလုယူစားေသာက္ေလေတာ့သည္။
ထိုေန႔မွစ၍သူမသည္.အိပ္ခ်ိန္ေလးတစ္ခ်ိန္သာသူမ၏ေနရာသို႔ျပန္သြားၿပီး.က်န္သည့္အခ်ိန္မ်ားတြင္ေတာ့ဤေဆး႐ုံႀကီး၏အနီးအနီးအနားႏွင့္ၿမိဳ႕ထဲတြင္သာက်င္လည္က်က္စားေလေတာ့သည္။
တစ္ေန႔တြင္ေတာ့ၿမိဳ႕ထဲမွအိမ္တစ္အိမ္တြင္အလႉႀကီးတစ္ခုျပဳလုပ္သည္။
ၿပီး.အလႉတြင္အကူလုပ္သူမ်ားကစားႂကြင္းစားက်န္အခ်ိဳ႕ကိုစြန္႔ပစ္ၾကေလရာ.သူမႏွင့္အျခားမကြၽတ္မလြတ္သတၱဝါေတြလည္းအလုအယက္စားေသာက္ၾကသည္။
ယင္းအခိုက္တြင္ သရဲ တစ္ေကာင္က
“ေဟး.ေန႔လည္ေရာက္ရင္ေရစက္ခ်အမွ်ေဝေတာ့မယ္.ဒါဆို ငါတို႔လည္းဒီဘဝကကြၽတ္ရေတာ့မယ္ကြ”ဟုျမည္တမ္းေလရာ.သူမႏွင့္အတူအျခားသတၱဝါေတြလည္းဝမ္းသာရေလသည္။
ဟုတ္သည္။အေနဆင္းရဲ.အစားဆင္းရဲသည့္ဤဘဝကိုသူမ.မႏွစ္သက္ေတာ့ပါ။
ထို႔ေၾကာင့္ အလႉရွင္ေရစက္ခ်ၿပီး.ျပဳလုပ္သမွ်ကုသိုလ္မ်ားအတြက္.အမွ်ေဝခ်ိန္တြင္.သူမလည္းဝမ္းေျမာက္ဝမ္းသာစြာျဖင့္သာဓုေခၚဆိုလိုက္ေတာ့မည္။
ဤသို႔ဆိုလွ်င္ သူမလည္း. ဤဘဝမွလြတ္ေျမာက္ေတာ့မည္။
႐ုတ္တရက္ သူမ၏အာ႐ုံထဲတြင္.ကိုစံေဖႏွင့္သားေလးကိုသတိရမိလိုက္သည္။
ၾကည့္စမ္း. ဝမ္းစာအတြက္႐ုန္းကန္ရွာေဖြေနရသည္မို႔.ကိုစံေဖ ႏွင့္သားေလးဆီသို႔မေရာက္ျဖစ္တာၾကာလွေခ်ၿပီ။
ထို႔ေၾကာင့္ သူမသည္ သားေလးႏွင့္ေယာက္်ားကိုေနာက္ဆုံးအေနႏွင့္ႏႈတ္ဆက္ခ်င္ေသးသည္။
ထို႔ေနာက္အခ်ိန္မဆြဲေတာ့ဘဲ.႐ြာဘက္သို႔ေျပးလာခဲ့သည္။
သို႔ျဖင့္ ႐ြာထိပ္သို႔ေရာက္.႐ြာအဝင္ေစာင့္နတ္က
“ဟဲ့ကေလးမ. နင္ဝင္ခြ႕င့္မရေတာ့ဘူးေလ”
ယင္းသို႔တု႔ားျမစ္ေတာ့သူမလည္းငိုမဲ့မဲ့ေလသံျဖင့္အသနားခံေလသည္။
“ကြၽန္မ ရဲ႕ေယာက္်ားနဲ႔သားကိုေနာက္ဆုံးအေနနဲ႔ၾကည့္ခ်င္ပါေသးတယ္။ဝင္ခြင့္ျပဳပါရွင္”
“ကြၽတ္”
႐ြာအဝင္ေစာင့္နတ္က စိတ္မသက္သာစြာျဖင့္စုတ္သပ္လိုက္သည္။ၿပီးေနာက္
“ကိုယ့္ဘဝကူးေကာင္းဖို႔အတြက္ပဲအာ႐ုံစိုက္ပါေတာ့လား။ဒီအတိုင္းဆို.နင္ဘဝကူးေကာင္းဦးမွာမဟုတ္ဘူး”
“ဒါေနာက္ဆုံးအႀကိမ္ပါရွင္.အမွ်မေဝခင္အခ်ိန္ေလးတင္ပါ”
႐ြာအဝင္ေစာင့္နတ္.စိတ္မခ်မ္းမသာျဖစ္သြားသည္။
“ကဲ.ျမန္ျမန္ ဝင္ၿပီးႏႈတ္ဆက္ေပေတာ့”
“ဟုတ္.ေက်း.ေက်းဇူးပါရွင္”
သူမ.႐ြာထဲသို႔ ေျပးဝင္လာခဲ့သည္။
ဤသို႔ျဖင့္သူမ၏အိမ္ေရွ႕သို႔ေရာက္ေတာ့.မ်က္စိ လည္သလိုပင္ျဖစ္သြားမိသည္။
အဘယ္ေၾကာင့္ဆိုေသာ္သူမ၏အိမ္ကေလးသည္.ယခင္ကလိုမဟုတ္ေတာ့ဘဲ.အလြန္လွပသည့္.ႏွစ္ထပ္တိုက္ကေလးျဖစ္ေနေသာေၾကာင့္ရယ္ပင္။
ထိုစဥ္
“ကဲ .ခ်စ္ေရ.လာေတာ့ေလကြယ္”
အသံႏွင့္အတူ.တိုက္ထဲမ္ွလူတစ္ေယာက္ထြက္လာသည္။
ထိုလူသည္ကိုစံေဖျဖစ္သည္။
ေခတၱအၾကာတြင့္ေတာ့မိန္းမေခ်ာေလးတစ္ဦးထြက္လာျပန္သည္။
ထိုမိန္းမေခ်ာေလး၏လက္ထဲတြင္ောတ့.သူမ၏သားေလး.ႂကြက္နီကိုခ်ီထားသည္။
ကိုစံေဖက
“ေနာက္က်ေနၿပီ.ဘုရားဖူးကားက.သိပ္ေစာင့့္တာမဟုတ္ဘူး”
“ကိစၥမရွိပါဘူး ကိုရဲ႕.ခ်စ္.ဖုန္းႀကိဳဆက္ထားပါတယ္”
“ဒါဆိုေတာ္ေသးတာေပါ့”
ကိုစံေဖကမိန္းမေခ်ာေလး၏လက္ကိုဆြဲၿပီး.ၿခံအျပင္သို႔ထြက္လာသည္။
အေျခအေနကိုသေဘာေပါက္လိုက္သည္မို႔သူမ.ေဒါသထြက္သြားသည္။
“ေတာက္.သစၥာမဲ့တဲ့.ေယာက္်ား ငါ့မွာေတာ့ဒင္းကိုခ်စ္လိုက္ရတာ.ရက္လည္တုန္းကသာဓုေတာင္မေခၚျဖစ္လို႔မကြၽတ္ခဲ့ရတာဒီေန႔အထိပဲ။ဒင္းကေတာ့.ငါရွာေဖြခဲ့တဲ့စည္းစိမ္ေတြနဲ႔ေနာက္မိန္းမယူၿပီး.ေပ်ာ္ေနတယ္ေပါ့”
ယင္းသို႔ေရ႐ြတ္ၿပီးေနာက္သူမသည္.ကိုစံေဖ ၏ေက်ာျပင္ကိုလက္ဖဝါးျဖင့္႐ိုက္ခ်ပစ္လိုက္သည္။
သို႔ေသာ္ သူမ၏လက္ဖဝါးကကိုစံေဖကိုမထိဘဲ.ေလကိုသာခြင္းမိေလသည္။
ထိုစဥ္. ၿခံေစာင့္နတ္က
“ဟဲ့အမိုက္မ.အခုနင့္ေယာက္်ားကနင္နဲ႔ဘာမွမဆိုင္ေတာ့ဘူး”
ထိုစကားေၾကာင့္သူမ စိတ္ထဲေၾကကြဲသလိုခံစားလိုက္ရသည္။
အသက္ရွင္စဥ္တုန္းက.ေယာက္်ားထိဓားၾကည့့္ဆိုသည့္စိတ္မ်ိဳးျဖင့္ေယာက္်ားကိုအလြန္ခ်စ္ျမတ္ႏိုးခဲ့ရသူတစ္ေယာက္အေနျဖင့္.ယခုလိုဘာမွမဆိုင္ေတာ့ဘူး.ဆိုသည့္စကားက.သူမကိုအလြန္ေၾကကြဲေစသည္။
ႏွလုံးသားကိုလည္းဓားျဖင့္မႊန္းသလိုလည္းခံစားလိုက္ရသည္။
သူမ.ငိုင္က်သြားသည္။
ထိုအခါၿခံေစာင့္နတ္လည္းစိတ္မေကာင္းျဖစ္သြားၿပီး
“နင္နဲ႔သူကဘဝခ်င္းမတူေတာ့ဘူးေလ.အစြဲေတြထားမေနပါနဲ႔ေတာ့။ကိုယ့္ဘဝကူးေကာင္းဖို႔အတြက္ပဲစဥ္းစားပါေတာ့”
သူမ.ျပန္မေျပာျဖစ္ေခ်။
တျဖည္းျဖည္း ေဝးကြာသြားသည့္ကိုစံေဖ.ဇနီးအသစ္ႏွင့္သားေလးကိုသာရီေဝစြာျဖင့္ေငးၾကည့္ေနမိသည္။
ရင္ထဲတြင္လည္းနင့္ေနေအာင္ခံစားေနရသည္။
ကိုစံေဖ တို႔သုံးေယာက္ကမူရယ္ရယ္ေမာေမာျဖင့္
ျမင္ကြင္းမွတစ္စတစ္စေပ်ာက္ကြယ္သြားသည္။
အစြဲအလမ္းဆိုတာလက္ရွိဘဝတြင္သာမက.တမလြန္ဘဝ့တိုင္ေအာင္ေလာင္ကြၽမ္းေစတတ္ေခ်သည္တကား။
သူမ.ခ်ဳံးပြဲခ် ငိုလိုက္ေတာ့သည္။
ထိုစဥ္
“ရပ္ေဝးရပ္နီးမွ.မကြၽတ္မလြတ္သတၱဝါအေပါင္းတို႔.ယေန႔ျပဳလုပ္ရသည့္ကုသိုလ္မ်ားအားအမွ်ေပးလို၍လည္းေကာင္း.ဆရာေတာ္ႀကီးမ်ား၏ျမတ္တရားမ်ားကိုနာယူရန္အတြက္ေသာ္လည္းေကာင္းး.အလႉမ႑ပ္သို႔ႂကြေရာက္ၾကပါရန္ဖိတ္ေခၚလိုက္ရပါတယ္ခင္ဗ်ား”
တရားနာရန္အလႉအွိမ္မွေလာ္စပီကာျဖင့္အဆက္မျပတ္ဖိတ္ေခၚေနေခ်ၿပီ။
ထိုအခါမွသူမ လည္းမ်က္ရည္ေတြကိုသုတ္ပစ္လိုက္သည္။
တရားပြဲကလည္းစေတာ့မည္။
ၿပီးလွ်င္ေရစက္ခ်အမွ်ေဝေတာ့မည္။
မကြၽတ္မလြတ္သတၱဝါအေပါင္းတို႔ကလည္းတရားနာၿပီး.သာဓုေခၚဆိုရန္စိတ္အားတက္ႂကြေနၾကေလာက္ၿပီ။
ထို႔ေနာက္ သူမလည္း ေတြေဝမေနေတာ့ဘဲ.လ်င္ျမန္ ေသာေျခလွမ္းမ်ားျဖင့္တရားပြဲရွိရာသို႔ေျပးထြက္လာခဲ့ေတာ့သည္။
မွတ္ခ်က္။ ။ဤဇာတ္လမ္းသည္၂၀၁၃ခုႏ္ွစ္ခန္က.ထြက္ရွိခဲ့သည့္ပုံျပင္စာအုပ္၌ထည့္သြင္းေရသားခဲ့ၿပီးျဖစ္ပါသည္။ထိုစဥ္ကလႈိင္ဦး (ေတာင္တြင္းႀကီး)ကေလာင္နာမည္ျဖစ္ပါသည္။
ကြၽန္ေတာ့္ရဲ႕ pageကိုလည္းlikeလုပ္ထားပါဦးခင္ဗ်။
ေနာက္ပိုင္း ဝတၳဳ ေတြကိုဒီpageကပဲအားျပဳၿပီးတင္မွာမို႔လို႔ပါ။
အလုပ္ တစ္ဖက္နဲ႔ စာေရးရတာမို႔.မန္႔ေတြကိုမျပန္ျဖစ္ရင္လည္းနားလည္ေပးၾကပါခင္ဗ်
အားလုံးေအးခ်မ္းပါေစ..။
ဆရာေဆြ(ေတာင္တြင္း)