အတိတ်ကချစ်သူ(စ/ဆုံး)

Unicode Version

အတိတ်ကချစ်သူ(စ/ဆုံး)
——————————–
ပဲခူးတိုင်းအတွင်းကရွာတစ်ရွာတွင်အမှန်တစ်ကယ်ဖြစ်ခဲ့သောဖြစ်ရပ်မှန်ဖြစ်သည်
””’ဟဲ့နွားငနီကောင်းကောင်းသွားစမ်းပေကပ်ကပ်နဲ့””
””’ဟိုနွားကဘာဖြစ်လို့ဘေးကပ်နေတာလဲ””
””တယ်ဒီနွားတွေငါလုပ်လိုက်ရသေတော့မယ်”’
ဒီအသံများကရွာထဲနေ့တဓူဝကြားနေရသောမရိုးနိုင်သည့်အသံပင်ဖြစ်ကာလူပျိူ ကြီးဖိုးလုံးနွားတစ်အုပ်ကိုကျောင်းရန်ရွာပြင်သို့ထွက်လာသည့်နွားမောင်းသည့်ဆူဆူညံညံအသံပင်ဖြစ်သည်။
အမှန်တော့လူပျိူ ကြီးကမလိုအပ်ပဲနွားတွေကျောင်းသလိုလိုနဲ့ဖိုသံပေးနေခြင်းဖြစ်သည်။
သူ့အသံကြား၍ရွာထဲကကောင်မလေးတွေများထွက်ကြည့်မလားလို့မျက်လုံးကဂနာမငြိမ်တွေ့သမျှငန်းဖို့ကသူ့အလုပ်ဆိုတော့နွားတွေကသူ့လမ်းသူသွားပေမဲ့သူကတော့ပါးစပ်ကနွားမောင်းရင်းတစ်ရွာလုံးပတ်ကြည့်ရတာအမောပင်
တစ်ကယ်တော့ဖိုးလုံးကကုသိုလ်ကံမကောင်းရှာမွေးကထဲပင်ခြေထောက်တစ်ဖက်မကောင်းသိမ်နေ၍လမ်းရှောက်လျှင်ခြေတစ်ဖက်နိမ့်ကာဆာတာတာဖြစ်နေ၏
ဒီကြားထဲသွားကလဲခေါအသားကလဲမဲသေးဂင်တိုတိုပုကွကွနှင့်အချိူ းမကျသောသှု့ပုံစံအားရွာထဲကမိန်းကလေးတွေမကြိုက်ကြတာလည်းအဆန်းတော့မဟုတ်ပေဆန်းနေတာကမိန်းမအလွန်လိုချင်နေသောသူ့စိတ်ပင်ဖြစ်သည်။
သူကချိန်လိုက်လင်နောက်လိုက်လိုက်သူကပိုးလိုက်သူများနောက်ပါသွားလိုက်ဖြင့်ကျန်ရစ်ဖြစ်နေကာတစ်ရွာလုံးကအပျိူ တွေသူမကြိုက်တာမရှိပေသူပိုးခဲ့ဘူးသည့်ရွာထဲကကောင်မလေးတွေရဲ့ကလေးတွေပင်အတော်ကြီးနေပြီဖြစ်သည်ထို့ကြောင့်ရွာထဲကကာလသားများကသူ့အားဝိုင်းလှောင်ကြ၏။
””ကိုဖိုးလုံးရေအမေမရတော့လဲသမီးပေါ့—အားမငယ်နဲ့””
””ဦးဖိုးလုံးရေဒီဝါကျွတ်ရင်တော့မလွတ်စေနဲ့နော်ရတာလေးဆွဲထားလိုက်တော့””’
””ဖိုးလုံးမင်းမင်္ဂလာဆောင်ကတော့နောင်ဘဝမှဖြစ်မယ်ထင်တယ်”’
””ဖိုးလုံးရေမင်းမင်္ဂလာဆောင်သာစောင့်စားရရင်ငတ်သေတာကြာပေါ့””’
ဘယ်သူတွေဘယ်လိုပဲပြောကြပါစေဖိုးလုံးကတော့ဘယ်လိုမှမနေရွာထဲရှိသမျှအပျိူ များနှင့်တစ်ခုလပ်-တစ်လင်ကွာမုဆိုးမပါမကျန်အကုန်ပိုးရမှာသူ့တာဝန်ဟုခံယူထားသည်။
ဖိုးလုံးတို့ရွာသည်ပဲခူးရိုးမတောင်ခြေတွင်ရှိကာညိ့ညို့မှိုင်းမှိုင်းနှင့်မညီမညာတောင်တန်းကြီးတွေကိုအဝေးကလှမ်းမြင်နေရသည်။
ဖိုးလုံးကသစ်ပင်အောက်တွင်ထိုင်ရင်းထိုလွမ်းမောဘွယ်တောင်ကြီးတွေကိုငေးကြည့်ရင်းစိတ်ကူးယာဉ်ချင်တိုင်းယာဉ်ရသည့်အရသာကိုနှစ်သက်၏
စိတ်ကူးယာဉ်ခြင်းတွင်အကန့်အသတ်မရှိမိမိဖြစ်ချင်တာဖြစ်ခွင့်ရသောစိတ်တံခါးပေါက်တစ်ခုပင်ဖြစ်သည်မဟုတ်လား
__________________
ဖိုးလုံးရွာပြင်ထွက်လာရင်းရွာနဲ့ခပ်လှမ်းလှမ်းရှိမကျီးပင်ကြီးအောက်တွင်နားကာနွားများအားလွှတ်ထားလိုက်သည။်ရွာထဲကလူတွေပြောတာတော့ဒီမကျီးပင်ကသရဲခြောက်သည်ဟုသူကြားနေရ၏
ရွာကလူများအခြောက်ခံရသည်ဟုလည်းနံမည်ကြီးနေသည်။တစ်ခါတုန်းကရွာထဲအလည်လာသောကောင်လေးတစ်ယောက်မကျီးသီးတက်ခူးရင်းပြုတ်ကျ၍သေသွားသည်ကိုသူလဲသိသည်။
သို့ပေမဲ့သူကတော့မကျီးပင်အောက်မကြာခဏရောက်ပေမဲ့သရဲခြောက်မခံရပေဘယ်သူမှလာမခူးရဲသောကြောင့်မကျီးသီးတွေလဲအပင်တွင်ပြွတ်ခဲနေ၏သူကမကျီးပင်ပေါ်တက်ကာမကျီးသီးများခူး၍ရွာထဲကအပျိူ များအားမျက်နှာလုပ်ပေးရသည်မှာအမောပင်မကျီးသီးပေးရင်းငန်းရသည်မှာသူ့အတွက်အားဆေးတစ်ခွက်ဖြစ်၏
ဖိုးလုံးကမကျီးပင်ကိုမှီကာသူမရလိုက်သည့်ကောင်မလေးတွေအကြောင်းတွေးရင်းမှေးကနဲအိပ်ပျော်သွား၏ထိုအချိန်မှာပဲသူအားတစ်စုံတစ်ယောက်ကလာနှိုးနေသံကြား၍မျက်လုံးအားအားယူကာဖွင့်ကြည့်လိုက်၏သူမြင်လိုက်ရသည်ကအလွန်ထူးဆန်း၍နေ၏
အလွန်တစ်ရာလှပသောမိန်းကလေးတစ်ယောက်ကသူ့အားလာနိုးနေခြင်းဖြစ်သည်။
””မောင်တော်ထပါအုံးးးးမောင်တော်—-မောင်တော်””’
သူလဲဇဝေဇဝါဖြင့်ပတ်ဝန်းကျင်အားကြည့်လိုက်ရာလူဆိုလို့သူတစ်ယောက်ပဲရှိနေတာကြောင့်ထိုမိန်းကလေးအားအသေအချာကြည့်ရင်းမေးလိုက်သည်။
””အမိကဘယ်သူ့ကိုမောင်တော်လို့ခေါ်နေတာလဲ””
””ခစ်—ခစ်—မောင်တော်ကလဲနောက်တတ်ရန်ကောမောင်တော့်ကိုခေါ်နေတာလေ”’
””ကျုူ ပ်ကမောင်တော်မဟုတ်ဘူးကျူ ပ်နံမည်ဖိုးလုံး””
””’မောင်တော်ကနှမတော်ရဲ့ချစ်သူဆိုတာမေ့နေတာလားး”

ထိုမိန်းကလေးကနှုတ်ခမ်းဆူကာစိတ်ဆိုးဟန်ဖြင့်ပြောလိုက်သော်လည်းချောမောသည့်ရုပ်ကပျက်မသွားပို၍ပင်လှနေပြန်၏ဖိုးလုံးကတော့သူ့ချစ်သူဟုပြောလိုက်သည့်အတွက်အလွန်ဝမ်းသာပျော်ရွင်သွားသည်။
သူ့စိတ်ထဲရွာကကောင်မလေးတွေချောတယ်လှတယ်ဆိုတာဘာဟုတ်သေးလဲဒီမိန်းကလေးနှင့်ယှဉ်ပါကဖွဲနှင့်ဆန်ကွဲပဲဟုတွေးမိသည်။
သူအလွန်ကြိုက်သောနံမည်လေးလုံးနှင့်ရုပ်ရှင်မင်းသမီးကတောင်ဒီမိန်းကလေးအလှနှင့်မပြိုင်နိုင်ပါသူသာဒီမိန်းကလေးရပါကတစ်ရွာလုံးပတ်ကြွားပစ်မည်ဟုအားခဲထား၏ဒါမှသူ့ကိုအထင်သေးနေသောရွာထဲကလူတွေတအံ့တသြဖြစ်မှာသူမြင်ယောင်နေသေးသည်သူ့ကံတွေအတော်တက်လာသည်ဟုတွေးကာအပျော်လွန်နေသည်။
””မောင်တော်ဘာတွေစဉ်းစားနေတာလဲမောင်တော်ရဲ့ဘဝဟောင်းကိုပြန်ဖို့အချိန်တန်နေပြီလေမောင်တော်ရဲ့နေရာဟောင်းကိုလိုက်ကြည့်ပါလား””
””လိုက်မယ်အခုသွားမှာလားးး”’
ဖိုးလုံးကသူ့ဘဝအားထိုမိန်းမလှကလေး၏လက်တွင်းအပ်လိုက်ရန်ဆုံဖြတ်ချက်ချလိုက်သည်အရာရာကသူ့အတွက်မိန်းမလှလေးလောက်အရေးမကြီးတော့ပေ
မိန်းမလှလေးကသူ့လက်အားတွဲခေါ်သွားရာနောက်သို့လိုက်သွားရသည်မှာခြေထောက်နှင့်မြေကြီးထိသည်လို့ပင်မထင်ပေဖိုးလုံးကတော့အပျော်ကြီးပျော်ရွှင်နေ၏ဒီလိုလှပချောမောသောမိန်းမလှကလေးနှင့်သာသွားရပါကငရဲပြည်လဲလိုက်ရန်အဆင့်သင့်ဖြစ်နေသည်။
ဒီလိုနဲ့မိန်းမလှလေးခေါ်သွားသည့်ပဲခူးရိုးမတောင်တန်းတွေပေါ်ရောက်သွားရင်းသဘာဝကျောက်ဂူတစ်ခုထဲသို့ရောက်သွားရာသူ့ရင်ထဲဝမ်းနဲသလိုလိုဆွေးသလိုလိုလွမ်းသလိုလိုနှင့်ဝေဒနာများခံစားလိုက်ရ၏
ဂူအလယ်ကကျောက်ကုတင်တစ်ခုပေါ်တွင်ချောမောသောလုလင်ပျိူ တစ်ယောက်လဲလှောင်း၍နေသည်ကိုမြင်လိုက်ရသည့်အခါသူ့စိတ်တွေဆောက်တည်ရာမရအောင်ဝမ်းနည်း၍လာသည်ထိုအခါသူ့ဘေးကမိန်းမလှလေးက
””အဲဒါမောင်တော်ရဲ့ဘဝဟောင်းကရုပ်ခန္တာပါပဲမောင်တော်လူ့ဘဝမှာအချိန်သိပ်မကျန်တော့ပါဘူးမောင်တော်သွားတဲ့အလုပ်ကိစ္စပြီးရင်ပြန်လာမယ်လို့ပြောပြီးလူ့ပြည်ခဏသွားခဲ့တာပါ—-မောင်တော်ကိုနှမတော်ကစိတ်မချလို့မောင်တော်ကရုပ်ဆိုးအောင်ဖန်းတီးသွားတာပါမောင်တော်ရုပ်ချောနေရင်လူ့ပြည်မှပျော်ပြီးနှမတော်ကိုမေ့နေမှာစိုးလို့ပလ””’
ဖိုးလုံးကအတိတ်ကိုစိတ်မဝင်စားလောလောဆယ်ဂူထဲမှာမိန်းမလှလေးနှင့်နေရသည်ကသူဘဝသာယာနေကာဘာနဲ့မှမလဲနိုင်သောစိတ်ချမ်းသာခြင်းတွေရနေ၏သူ့လက်ရှိဘဝကိုပင်သူမေ့၍နေသည်။
–_________||_________
အချိန်တန်၍နွားကျောင်ထွက်သည့်ဖိုးလုံးပြန်မလာ၍ဖိုးလုံးမိဘများနှင့်ရွာသူရွာသားများလိုက်ရှာကြရာဖိုးလုံးကိုမကျီးပင်အောက်တွင်သတိမေ့နေသည်ကိုမြင်ကြရ၍ရွာကလူများကဖိုးလုံးအားရွာသို့ပြန်သယ်လာကြသည်။
ဖိုးလုံးမိဘများလဲဆေးဆရာပြေးခေါ်၍ပြရာဖိုးလုံးအားကုသသော်လည်းဖိုးလုံးသည်သတိပြန်မရသေးပေဖိုးလုံးသရဲခြောက်သည့်အပင်အောက်မှာသတိမေ့နေသည်ဆိုတော့အပများမှီသလားထင်ကြ၍အထက်လမ်းဆရာနှင့်ကုသော်လည်းသတိမရပေနောက်ဆုံးခဏအခြေအနေစောင့်ကြည့်ရန်သာရှိတော့၏ဘာဖြစ်လို့ဘာလုပ်ရမှန်းမသိကြပေ
ဒီလိုနဲ့၂ရက်လောက်နေသောအခါဖိုးလုံးသတိပြန်လည်လာ၏ဖိုးလုံးကသတိရရခြင်းထူးဆန်းသည့်စကားများပြောနေတော့၏
””’နှမတော်—နှမတော်ဘယ်ရောက်သွားတာလဲ””
””နှမတော်မောင်တော့်ကိုလာခေါ်ပါအုံးးး””
””နှမတော်အတော်ရက်စက်ပါလားး””
””သားဖိုးလုံးဘာတွေပြောနေတာလဲ—ဘယ်ကနှမတော်လဲအမေတို့ကိုသားဘာဖြစ်လာတယ်ဆိုတာပြောပြပါအုံး”’
””ကျူ ပ်ကဘာဖြစ်ရမှာလဲနှမတော်နောက်လိုက်သွားတာလေမိန်းမခိုးပြေးတာအမေတို့မသိဘူးလားး”’
ဖိုးလုံးရဲ့မူမမှန်သောစကားများကြားသည့်အခါမိသားစုများစိတ်မကောင်းစွာငိုမိကြ၏အားလုံးကလဲဖိုးလုံးစိတ်ဖောက်ပြန်သွားပြီဟုထင်ကြ၏ထိုနေ့ကစ၍ဖိုးလုံးကိုတစ်ရွာလုံးကအရူးဟုသတ်မှတ်လိုက်ကြသည်။
ဖိုးလုံးသည်မနက်လင်းသည်နှင့်သွားချင်သည့်နေရာသို့ရှောက်သွား၍ရွာထဲကအပျိူ ကြီးအိမ်ရှေ့သို့သွားကာအိမ်ရှေ့လမ်းပေါ်တွင်ထိုင်ရင်း
””’နှမတော်ရေ—နှမတော်—မောင်တော်ကိုထွက်တွေ့ပါအုံးနှမတော်ရဲ့””’
ထိုအခါအပျို ူ ကြီးနှင့်အိမ်သားများကရှက်လွန်းသဖြင့်မောင်းထုတ်လိုက်ကြသည်ဖိုးလုံးကရွာထဲရှောက်သွားရင်းတွေ့သမျှမိန်းကလေးများအား
””နှမတော်—နှမတော်—နေပါအုံးမောင်တော့်ကိုစောင့်ပါအုံး—အတူတူလိုက်ခဲ့ပါရစေ””
ထိုသို့ဆိုကာမိန်းကလေးများနောက်လိုက်သဖြင့်မိန်းကလေးများလဲငယ်သံပါအောင်အော်ကာပြေးကြကုန်၏
””လာကြပါအုံး—အရူးဖိုးလုံးလိုက်နေလို့””
””ကယ်ကြပါအုံး–အရူးနှောက်ယှက်နေလို့”’
ရွာထဲအော်ဟစ်ပြေးလွှားသံများဖြင့်ဆူဆူညံညံဖြင့်အုတ်အော်သောင်းညင်းဖြစ်ကုန်ကြ၏၍သို့နှင့်ဖိုးလုံး၏အရူးဘွဲ့ထပ်တိုးသွားကာမယားတရူးဟုအမည်တွင်သွားပြန်သည်။
ရွာလူကြီးကလဲဖိုးလုံးကိုသေချာထိန်းရန်အိမ်သားများအားခေါ်၍သတိပေး၏ရွာကမိန်းကလေးများလည်းအိမ်ထဲကအိမ်ပြင်မထွက်ရဲကြမယားတရူးဖိုးလုံးကြောင့်အန္တရယ်ဖြစ်မည်ကိုအလွန်စိုးရိမ်နေကြ၏
ဖိုးလုံးအဖြစ်သည်အလွန်ဘဝပေးအခြေအနေဆိုးလှသည်ဟုဆိုရမည်ပင်ကံဆိုးထီးသွားရာမုန်တိုင်းကြီးလိုက်၍လာဆိုသလိုပင်အိမ်သားများကလည်းသူ့ကိုလိုက်မကြည့်နိုင်မထိန်းနိုင်သဖြင့်မနက်မိုးလင်းသည်နှင့်အိမ်ဘေးကသစ်ပင်နှင့်ကပ်၍ကွပ်ပျစ်တစ်ခုရိုက်ကာဖိုးလုံးအားကွပ်ပျစ်ပေါ်တွင်နေစေကာခြေထောက်အားသစ်ပင်နှင့်တွဲကာသံကြို းနှင့်ချည်ကာသော့ခတ်ထားလိုကိသည်။
ဖိုးလုံးသည်အမြဲတမ်းသတိလက်လွတ်ဖြစ်မနေတစ်ခါတစ်ရံစိတ်လိုလက်ရဖြင့်သူ့အကြောင်းအားမိသားစုဝင်များနှင့်အပေါင်းအသင်းများအားပြောပြတတ်၏သ့ူချစ်သူမိန်းကလေးအလွန်လှကြောင်းပြောကာအေးဆေးတည်ငြိမ်စွာနေပြန်၏တစ်ခါတစ်လေလဲအော်၍ငိုနေတတ်ပြန်သည်
စိတ်ကောင်းဝင်သည့်အခါအိမ်အလုပ်များကူလုပ်ပေးတတ်၏
တစ်နေ့တွင်ဖိုးလုံးကသူ၏တူလူပျိူ ပေါက်တစ်ယောက်အားအကူအညီတောင်း၏
””ငါ့တူဦးလေးနေရာမှာအစားခဏဝင်နေပါလား—ဦးလေးအပြင်ခဏသွားချင်လို့ပါကွာ”’
””မဖြစ်ပါဘူးဦးလေးကအရူးပါးပဲ—-ဘာလို့ကျွန်တော်ကဦးလေးနေရာမှာဝင်နေရမှာလဲ””’
””ခဏပါကွာဦးလေးကိစ္စလေးရှိလို့ပါအဲဒါပြီးရင်ဦးလေးသေပျော်ပါပြီးကွာ””
””ဦးလေးရွာထဲကအပျိူ ကြီးတွေအိမ်သွားမလို့မဟုတ်လား”’
””’မဟုတ်ပါဘူးကွာ” ‘
””မယုံဘူးဦးလေးရေ—သူများပြောလဲမခံနိုင်ဘူး—–အခုတောင်အရူးအမျိူ းတွေဆိုပြီးအထင်သေးနေကြပြီ”” ‘
””အေးဆေးနေစမ်းပါဦးဖိုးလုံးရာ—သူများကိုဒုက္ခမပေးပါနဲ့””
တစ်ရက်တွင်ဖိုးလုံးသည်သူ့အမေအားထူးဆန်းသောစကားကိုဆို၏
””အမေရွာစပ်ကတောင်ပေါ်မှာပေါ်တော်မူဘုရားတစ်ဆူရှိနေတယ်အဲဘုရားကသားကိုလာဖေါ်ခိုင်းနေပြီသားသွားဖော်ချင်တယ်””
””ငါ့သားဖိုးလုံးဝဠ်ကလဲကြီးလိုက်တာကွယ်””
ဒီလိုနှင့်ဖိုးလုံးကထပ်ခါထပ်ခါပြောနေသဖြင့်အိမ်သားတစ်ချို့နှင့်သူ၏သူငယ်ချင်းများကဖိုးလုံးအားထိန်းကာဖိုးလုံးခေါ်ရာနောက်လိုက်သွားကြ၏
ဖိုးလုံးပြောသည့်တောင်ပေါ်တက်ကာသွားနေကြရင်းအချိန်အတော်ကြာသည်အထိအကြောင်းမထူး၍အရူးတော့သူတို့အားညာခေါ်လာသည်ဟုထင်ကြကုန်သည်။
ဖိုးလုံးနောက်လိုက်ရင်းမောလာကြသည်ဖိုးလုံးသည်တစ်နေရာအရောက်တွင်ချုံ ုတစ်ခုထဲတိုးဝင်သွား၏ဒါနဲ့ပါလာသူများကလိုက်မဝင်ရဲတာကြောင့်ဖိုးလုံးအခြေအနေစောင့်ကြည့်နေ၏
ခဏအကြာတွင်ဖိုးလုံးကချူံထဲကပြန်ထွက်လာကာသူ့လက်ထဲတွင်ဘုရားကလေးတစ်ဆူပါလာ၏ထိုဘုရားကလေးသည်ရွှေရောင်တောက်နေကာအလွန်ကြည်ညိုစရာကောင်းလေသည်။
ဖိုးလုံးကပါလာသောလူများအားလူကောင်းတစ်ယောက်လိုပြောလိုက်သည်။
””ဒီဘုရားကိုပို့ပေးရမဲ့နေရာကျူပ်သိတယ်ကျုူပ်သွားပို့ပေးရမယ်ဒါမှကျူပ်တာဝန်ကျေမှာ””
””ဘယ်ကိုပို့ရမှာလဲငါတို့ရွာမှာကိုးကွယ်ထားမှာပေါ့””
””အေးလေငါတို့ရွာတောင်နံမည်ကြီးသွားပြီးမင်းလဲနံမည်ကြီးသွားမှာကွ”’
ဖိုးလုံးနောက်ပါလာသူများကဝိုင်းပြောပေမဲ့ဖိုးလုံးကခေါင်းတခါခါနှင့်ဘုရားကိုပိုက်ကာတောထဲသို့ရုတ်တရက်ထွက်ပြေးသွားလေသည်နှုတ်မှလဲအော်၍သွားသည်။
””နှမတော်မောင်တော်ကိုစောင့်ပါအုံးမောင်တော်ပြန်လာပြီ””’
နောက်ကပါလာသူများလဲအပြေးလိုက်ဖမ်းပေမဲမမှီတော့ပါဖိုးလုံးကလှိုတစ်ခုထဲပြေးဆင်းသွား၏ဖိုးလုံးပြေးဆင်းသွားပုံကလူကောင်းထက်ပင်သာနေသေးသည်။
်မိုးချူပ်လာသည်အထိရှာသော်လည်းဖိုးလုံးအားမတွေ့ရပါဒါနဲ့ရွာသို့ပြန်လာကြကာမနက်မှဆက်ရှာမည်ဟုဆုံးဖြတ်လိုက်ကြသည်။
နောက်တစ်နေ့မိုးလင်းတော့တောင်ပေါ်တက်ရှာရာဖိုးလုံးအလောင်အားစိတ်မကောင်းဖွယ်တွေ့ရှိရ၍ဘုရားကလေးအားလုံးဝမတွေ့ရတော့ပေဖိုးလုံးကိုယ်တွင်လည်းပွန်ရာပဲ့ရာဒဏ်ရာများတွေ့ရသည်ဖိုးးလုံးအလောင်းအားရွာသုသာန်သို့ပြန်သယ်လာကာမြေမြုပ်လိုက်ကြ၏
ရွာထဲကလူအများကတော့ဖိုးလုံးတစ်ယောက်မမြင်ရသောသူ့ချစ်သူဆီသို့အပြီးလိုက်သွားသည်ဟုဟာသအဖြစ်ပြောနေကြပေမဲ့ဘုရားပျောက်သွားသည့်အဖြစ်ကတော့ထူးဆန်း၍နေသည်
ဘာဘဲဖြစ်ဖြစ်ဖိုးလုံးမိသားစုများကတော့ဖိုးလုံးတစ်ယောက်ဝဠ်ကျွတ်သွားသည်ဟုထင်ပါသည်။
ပြီး
တိမ်လွှာမိုး

Zawgyi Version

အတိတ္ကခ်စ္သူ(စ/ဆုံး)
——————————–
ပဲခူးတိုင္းအတြင္းက႐ြာတစ္႐ြာတြင္အမွန္တစ္ကယ္ျဖစ္ခဲ့ေသာျဖစ္ရပ္မွန္ျဖစ္သည္
””’ဟဲ့ႏြားငနီေကာင္းေကာင္းသြားစမ္းေပကပ္ကပ္နဲ႔””
””’ဟိုႏြားကဘာျဖစ္လို႔ေဘးကပ္ေနတာလဲ””
””တယ္ဒီႏြားေတြငါလုပ္လိုက္ရေသေတာ့မယ္”’
ဒီအသံမ်ားက႐ြာထဲေန႔တဓူဝၾကားေနရေသာမ႐ိုးႏိုင္သည့္အသံပင္ျဖစ္ကာလူပ်ိဴ ႀကီးဖိုးလုံးႏြားတစ္အုပ္ကိုေက်ာင္းရန္႐ြာျပင္သို႔ထြက္လာသည့္ႏြားေမာင္းသည့္ဆူဆူညံညံအသံပင္ျဖစ္သည္။
အမွန္ေတာ့လူပ်ိဴ ႀကီးကမလိုအပ္ပဲႏြားေတြေက်ာင္းသလိုလိုနဲ႔ဖိုသံေပးေနျခင္းျဖစ္သည္။
သူ႔အသံၾကား၍႐ြာထဲကေကာင္မေလးေတြမ်ားထြက္ၾကည့္မလားလို႔မ်က္လုံးကဂနာမၿငိမ္ေတြ႕သမွ်ငန္းဖို႔ကသူ႔အလုပ္ဆိုေတာ့ႏြားေတြကသူ႔လမ္းသူသြားေပမဲ့သူကေတာ့ပါးစပ္ကႏြားေမာင္းရင္းတစ္႐ြာလုံးပတ္ၾကည့္ရတာအေမာပင္
တစ္ကယ္ေတာ့ဖိုးလုံးကကုသိုလ္ကံမေကာင္းရွာေမြးကထဲပင္ေျခေထာက္တစ္ဖက္မေကာင္းသိမ္ေန၍လမ္းေရွာက္လွ်င္ေျခတစ္ဖက္နိမ့္ကာဆာတာတာျဖစ္ေန၏
ဒီၾကားထဲသြားကလဲေခါအသားကလဲမဲေသးဂင္တိုတိုပုကြကြႏွင့္အခ်ိဴ းမက်ေသာသႈ႕ပုံစံအား႐ြာထဲကမိန္းကေလးေတြမႀကိဳက္ၾကတာလည္းအဆန္းေတာ့မဟုတ္ေပဆန္းေနတာကမိန္းမအလြန္လိုခ်င္ေနေသာသူ႔စိတ္ပင္ျဖစ္သည္။
သူကခ်ိန္လိုက္လင္ေနာက္လိုက္လိုက္သူကပိုးလိုက္သူမ်ားေနာက္ပါသြားလိုက္ျဖင့္က်န္ရစ္ျဖစ္ေနကာတစ္႐ြာလုံးကအပ်ိဴ ေတြသူမႀကိဳက္တာမရွိေပသူပိုးခဲ့ဘူးသည့္႐ြာထဲကေကာင္မေလးေတြရဲ႕ကေလးေတြပင္အေတာ္ႀကီးေနၿပီျဖစ္သည္ထို႔ေၾကာင့္႐ြာထဲကကာလသားမ်ားကသူ႔အားဝိုင္းေလွာင္ၾက၏။
””ကိုဖိုးလုံးေရအေမမရေတာ့လဲသမီးေပါ့—အားမငယ္နဲ႔””
””ဦးဖိုးလုံးေရဒီဝါကြၽတ္ရင္ေတာ့မလြတ္ေစနဲ႔ေနာ္ရတာေလးဆြဲထားလိုက္ေတာ့””’
””ဖိုးလုံးမင္းမဂၤလာေဆာင္ကေတာ့ေနာင္ဘဝမွျဖစ္မယ္ထင္တယ္”’
””ဖိုးလုံးေရမင္းမဂၤလာေဆာင္သာေစာင့္စားရရင္ငတ္ေသတာၾကာေပါ့””’
ဘယ္သူေတြဘယ္လိုပဲေျပာၾကပါေစဖိုးလုံးကေတာ့ဘယ္လိုမွမေန႐ြာထဲရွိသမွ်အပ်ိဴ မ်ားႏွင့္တစ္ခုလပ္-တစ္လင္ကြာမုဆိုးမပါမက်န္အကုန္ပိုးရမွာသူ႔တာဝန္ဟုခံယူထားသည္။
ဖိုးလုံးတို႔႐ြာသည္ပဲခူး႐ိုးမေတာင္ေျခတြင္ရွိကာညိ့ညိဳ႕မႈိင္းမႈိင္းႏွင့္မညီမညာေတာင္တန္းႀကီးေတြကိုအေဝးကလွမ္းျမင္ေနရသည္။
ဖိုးလုံးကသစ္ပင္ေအာက္တြင္ထိုင္ရင္းထိုလြမ္းေမာဘြယ္ေတာင္ႀကီးေတြကိုေငးၾကည့္ရင္းစိတ္ကူးယာဥ္ခ်င္တိုင္းယာဥ္ရသည့္အရသာကိုႏွစ္သက္၏
စိတ္ကူးယာဥ္ျခင္းတြင္အကန႔္အသတ္မရွိမိမိျဖစ္ခ်င္တာျဖစ္ခြင့္ရေသာစိတ္တံခါးေပါက္တစ္ခုပင္ျဖစ္သည္မဟုတ္လား
__________________
ဖိုးလုံး႐ြာျပင္ထြက္လာရင္း႐ြာနဲ႔ခပ္လွမ္းလွမ္းရွိမက်ီးပင္ႀကီးေအာက္တြင္နားကာႏြားမ်ားအားလႊတ္ထားလိုက္သည။္႐ြာထဲကလူေတြေျပာတာေတာ့ဒီမက်ီးပင္ကသရဲေျခာက္သည္ဟုသူၾကားေနရ၏
႐ြာကလူမ်ားအေျခာက္ခံရသည္ဟုလည္းနံမည္ႀကီးေနသည္။တစ္ခါတုန္းက႐ြာထဲအလည္လာေသာေကာင္ေလးတစ္ေယာက္မက်ီးသီးတက္ခူးရင္းျပဳတ္က်၍ေသသြားသည္ကိုသူလဲသိသည္။
သို႔ေပမဲ့သူကေတာ့မက်ီးပင္ေအာက္မၾကာခဏေရာက္ေပမဲ့သရဲေျခာက္မခံရေပဘယ္သူမွလာမခူးရဲေသာေၾကာင့္မက်ီးသီးေတြလဲအပင္တြင္ႁပြတ္ခဲေန၏သူကမက်ီးပင္ေပၚတက္ကာမက်ီးသီးမ်ားခူး၍႐ြာထဲကအပ်ိဴ မ်ားအားမ်က္ႏွာလုပ္ေပးရသည္မွာအေမာပင္မက်ီးသီးေပးရင္းငန္းရသည္မွာသူ႔အတြက္အားေဆးတစ္ခြက္ျဖစ္၏
ဖိုးလုံးကမက်ီးပင္ကိုမွီကာသူမရလိုက္သည့္ေကာင္မေလးေတြအေၾကာင္းေတြးရင္းေမွးကနဲအိပ္ေပ်ာ္သြား၏ထိုအခ်ိန္မွာပဲသူအားတစ္စုံတစ္ေယာက္ကလာႏႈိးေနသံၾကား၍မ်က္လုံးအားအားယူကာဖြင့္ၾကည့္လိုက္၏သူျမင္လိုက္ရသည္ကအလြန္ထူးဆန္း၍ေန၏
အလြန္တစ္ရာလွပေသာမိန္းကေလးတစ္ေယာက္ကသူ႔အားလာႏိုးေနျခင္းျဖစ္သည္။
””ေမာင္ေတာ္ထပါအုံးးးးေမာင္ေတာ္—-ေမာင္ေတာ္””’
သူလဲဇေဝဇဝါျဖင့္ပတ္ဝန္းက်င္အားၾကည့္လိုက္ရာလူဆိုလို႔သူတစ္ေယာက္ပဲရွိေနတာေၾကာင့္ထိုမိန္းကေလးအားအေသအခ်ာၾကည့္ရင္းေမးလိုက္သည္။
””အမိကဘယ္သူ႔ကိုေမာင္ေတာ္လို႔ေခၚေနတာလဲ””
””ခစ္—ခစ္—ေမာင္ေတာ္ကလဲေနာက္တတ္ရန္ေကာေမာင္ေတာ့္ကိုေခၚေနတာေလ”’
””က်ဳူ ပ္ကေမာင္ေတာ္မဟုတ္ဘူးက်ဴ ပ္နံမည္ဖိုးလုံး””
””’ေမာင္ေတာ္ကႏွမေတာ္ရဲ႕ခ်စ္သူဆိုတာေမ့ေနတာလားး”

ထိုမိန္းကေလးကႏႈတ္ခမ္းဆူကာစိတ္ဆိုးဟန္ျဖင့္ေျပာလိုက္ေသာ္လည္းေခ်ာေမာသည့္႐ုပ္ကပ်က္မသြားပို၍ပင္လွေနျပန္၏ဖိုးလုံးကေတာ့သူ႔ခ်စ္သူဟုေျပာလိုက္သည့္အတြက္အလြန္ဝမ္းသာေပ်ာ္႐ြင္သြားသည္။
သူ႔စိတ္ထဲ႐ြာကေကာင္မေလးေတြေခ်ာတယ္လွတယ္ဆိုတာဘာဟုတ္ေသးလဲဒီမိန္းကေလးႏွင့္ယွဥ္ပါကဖြဲႏွင့္ဆန္ကြဲပဲဟုေတြးမိသည္။
သူအလြန္ႀကိဳက္ေသာနံမည္ေလးလုံးႏွင့္႐ုပ္ရွင္မင္းသမီးကေတာင္ဒီမိန္းကေလးအလွႏွင့္မၿပိဳင္ႏိုင္ပါသူသာဒီမိန္းကေလးရပါကတစ္႐ြာလုံးပတ္ႂကြားပစ္မည္ဟုအားခဲထား၏ဒါမွသူ႔ကိုအထင္ေသးေနေသာ႐ြာထဲကလူေတြတအံ့တၾသျဖစ္မွာသူျမင္ေယာင္ေနေသးသည္သူ႔ကံေတြအေတာ္တက္လာသည္ဟုေတြးကာအေပ်ာ္လြန္ေနသည္။
””ေမာင္ေတာ္ဘာေတြစဥ္းစားေနတာလဲေမာင္ေတာ္ရဲ႕ဘဝေဟာင္းကိုျပန္ဖို႔အခ်ိန္တန္ေနၿပီေလေမာင္ေတာ္ရဲ႕ေနရာေဟာင္းကိုလိုက္ၾကည့္ပါလား””
””လိုက္မယ္အခုသြားမွာလားးး”’
ဖိုးလုံးကသူ႔ဘဝအားထိုမိန္းမလွကေလး၏လက္တြင္းအပ္လိုက္ရန္ဆုံျဖတ္ခ်က္ခ်လိုက္သည္အရာရာကသူ႔အတြက္မိန္းမလွေလးေလာက္အေရးမႀကီးေတာ့ေပ
မိန္းမလွေလးကသူ႔လက္အားတြဲေခၚသြားရာေနာက္သို႔လိုက္သြားရသည္မွာေျခေထာက္ႏွင့္ေျမႀကီးထိသည္လို႔ပင္မထင္ေပဖိုးလုံးကေတာ့အေပ်ာ္ႀကီးေပ်ာ္႐ႊင္ေန၏ဒီလိုလွပေခ်ာေမာေသာမိန္းမလွကေလးႏွင့္သာသြားရပါကငရဲျပည္လဲလိုက္ရန္အဆင့္သင့္ျဖစ္ေနသည္။
ဒီလိုနဲ႔မိန္းမလွေလးေခၚသြားသည့္ပဲခူး႐ိုးမေတာင္တန္းေတြေပၚေရာက္သြားရင္းသဘာဝေက်ာက္ဂူတစ္ခုထဲသို႔ေရာက္သြားရာသူ႔ရင္ထဲဝမ္းနဲသလိုလိုေဆြးသလိုလိုလြမ္းသလိုလိုႏွင့္ေဝဒနာမ်ားခံစားလိုက္ရ၏
ဂူအလယ္ကေက်ာက္ကုတင္တစ္ခုေပၚတြင္ေခ်ာေမာေသာလုလင္ပ်ိဴ တစ္ေယာက္လဲေလွာင္း၍ေနသည္ကိုျမင္လိုက္ရသည့္အခါသူ႔စိတ္ေတြေဆာက္တည္ရာမရေအာင္ဝမ္းနည္း၍လာသည္ထိုအခါသူ႔ေဘးကမိန္းမလွေလးက
””အဲဒါေမာင္ေတာ္ရဲ႕ဘဝေဟာင္းက႐ုပ္ခႏၲာပါပဲေမာင္ေတာ္လူ႔ဘဝမွာအခ်ိန္သိပ္မက်န္ေတာ့ပါဘူးေမာင္ေတာ္သြားတဲ့အလုပ္ကိစၥၿပီးရင္ျပန္လာမယ္လို႔ေျပာၿပီးလူ႔ျပည္ခဏသြားခဲ့တာပါ—-ေမာင္ေတာ္ကိုႏွမေတာ္ကစိတ္မခ်လို႔ေမာင္ေတာ္က႐ုပ္ဆိုးေအာင္ဖန္းတီးသြားတာပါေမာင္ေတာ္႐ုပ္ေခ်ာေနရင္လူ႔ျပည္မွေပ်ာ္ၿပီးႏွမေတာ္ကိုေမ့ေနမွာစိုးလို႔ပလ””’
ဖိုးလုံးကအတိတ္ကိုစိတ္မဝင္စားေလာေလာဆယ္ဂူထဲမွာမိန္းမလွေလးႏွင့္ေနရသည္ကသူဘဝသာယာေနကာဘာနဲ႔မွမလဲႏိုင္ေသာစိတ္ခ်မ္းသာျခင္းေတြရေန၏သူ႔လက္ရွိဘဝကိုပင္သူေမ့၍ေနသည္။
–_________||_________
အခ်ိန္တန္၍ႏြားေက်ာင္ထြက္သည့္ဖိုးလုံးျပန္မလာ၍ဖိုးလုံးမိဘမ်ားႏွင့္႐ြာသူ႐ြာသားမ်ားလိုက္ရွာၾကရာဖိုးလုံးကိုမက်ီးပင္ေအာက္တြင္သတိေမ့ေနသည္ကိုျမင္ၾကရ၍႐ြာကလူမ်ားကဖိုးလုံးအား႐ြာသို႔ျပန္သယ္လာၾကသည္။
ဖိုးလုံးမိဘမ်ားလဲေဆးဆရာေျပးေခၚ၍ျပရာဖိုးလုံးအားကုသေသာ္လည္းဖိုးလုံးသည္သတိျပန္မရေသးေပဖိုးလုံးသရဲေျခာက္သည့္အပင္ေအာက္မွာသတိေမ့ေနသည္ဆိုေတာ့အပမ်ားမွီသလားထင္ၾက၍အထက္လမ္းဆရာႏွင့္ကုေသာ္လည္းသတိမရေပေနာက္ဆုံးခဏအေျခအေနေစာင့္ၾကည့္ရန္သာရွိေတာ့၏ဘာျဖစ္လို႔ဘာလုပ္ရမွန္းမသိၾကေပ
ဒီလိုနဲ႔၂ရက္ေလာက္ေနေသာအခါဖိုးလုံးသတိျပန္လည္လာ၏ဖိုးလုံးကသတိရရျခင္းထူးဆန္းသည့္စကားမ်ားေျပာေနေတာ့၏
””’ႏွမေတာ္—ႏွမေတာ္ဘယ္ေရာက္သြားတာလဲ””
””ႏွမေတာ္ေမာင္ေတာ့္ကိုလာေခၚပါအုံးးး””
””ႏွမေတာ္အေတာ္ရက္စက္ပါလားး””
””သားဖိုးလုံးဘာေတြေျပာေနတာလဲ—ဘယ္ကႏွမေတာ္လဲအေမတို႔ကိုသားဘာျဖစ္လာတယ္ဆိုတာေျပာျပပါအုံး”’
””က်ဴ ပ္ကဘာျဖစ္ရမွာလဲႏွမေတာ္ေနာက္လိုက္သြားတာေလမိန္းမခိုးေျပးတာအေမတို႔မသိဘူးလားး”’
ဖိုးလုံးရဲ႕မူမမွန္ေသာစကားမ်ားၾကားသည့္အခါမိသားစုမ်ားစိတ္မေကာင္းစြာငိုမိၾက၏အားလုံးကလဲဖိုးလုံးစိတ္ေဖာက္ျပန္သြားၿပီဟုထင္ၾက၏ထိုေန႔ကစ၍ဖိုးလုံးကိုတစ္႐ြာလုံးကအ႐ူးဟုသတ္မွတ္လိုက္ၾကသည္။
ဖိုးလုံးသည္မနက္လင္းသည္ႏွင့္သြားခ်င္သည့္ေနရာသို႔ေရွာက္သြား၍႐ြာထဲကအပ်ိဴ ႀကီးအိမ္ေရွ႕သို႔သြားကာအိမ္ေရွ႕လမ္းေပၚတြင္ထိုင္ရင္း
””’ႏွမေတာ္ေရ—ႏွမေတာ္—ေမာင္ေတာ္ကိုထြက္ေတြ႕ပါအုံးႏွမေတာ္ရဲ႕””’
ထိုအခါအပ်ိဳ ူ ႀကီးႏွင့္အိမ္သားမ်ားကရွက္လြန္းသျဖင့္ေမာင္းထုတ္လိုက္ၾကသည္ဖိုးလုံးက႐ြာထဲေရွာက္သြားရင္းေတြ႕သမွ်မိန္းကေလးမ်ားအား
””ႏွမေတာ္—ႏွမေတာ္—ေနပါအုံးေမာင္ေတာ့္ကိုေစာင့္ပါအုံး—အတူတူလိုက္ခဲ့ပါရေစ””
ထိုသို႔ဆိုကာမိန္းကေလးမ်ားေနာက္လိုက္သျဖင့္မိန္းကေလးမ်ားလဲငယ္သံပါေအာင္ေအာ္ကာေျပးၾကကုန္၏
””လာၾကပါအုံး—အ႐ူးဖိုးလုံးလိုက္ေနလို႔””
””ကယ္ၾကပါအုံး–အ႐ူးေႏွာက္ယွက္ေနလို႔”’
႐ြာထဲေအာ္ဟစ္ေျပးလႊားသံမ်ားျဖင့္ဆူဆူညံညံျဖင့္အုတ္ေအာ္ေသာင္းညင္းျဖစ္ကုန္ၾက၏၍သို႔ႏွင့္ဖိုးလုံး၏အ႐ူးဘြဲ႕ထပ္တိုးသြားကာမယားတ႐ူးဟုအမည္တြင္သြားျပန္သည္။
႐ြာလူႀကီးကလဲဖိုးလုံးကိုေသခ်ာထိန္းရန္အိမ္သားမ်ားအားေခၚ၍သတိေပး၏႐ြာကမိန္းကေလးမ်ားလည္းအိမ္ထဲကအိမ္ျပင္မထြက္ရဲၾကမယားတ႐ူးဖိုးလုံးေၾကာင့္အႏၲရယ္ျဖစ္မည္ကိုအလြန္စိုးရိမ္ေနၾက၏
ဖိုးလုံးအျဖစ္သည္အလြန္ဘဝေပးအေျခအေနဆိုးလွသည္ဟုဆိုရမည္ပင္ကံဆိုးထီးသြားရာမုန္တိုင္းႀကီးလိုက္၍လာဆိုသလိုပင္အိမ္သားမ်ားကလည္းသူ႔ကိုလိုက္မၾကည့္ႏိုင္မထိန္းႏိုင္သျဖင့္မနက္မိုးလင္းသည္ႏွင့္အိမ္ေဘးကသစ္ပင္ႏွင့္ကပ္၍ကြပ္ပ်စ္တစ္ခု႐ိုက္ကာဖိုးလုံးအားကြပ္ပ်စ္ေပၚတြင္ေနေစကာေျခေထာက္အားသစ္ပင္ႏွင့္တြဲကာသံႀကိဳ းႏွင့္ခ်ည္ကာေသာ့ခတ္ထားလိုကိသည္။
ဖိုးလုံးသည္အၿမဲတမ္းသတိလက္လြတ္ျဖစ္မေနတစ္ခါတစ္ရံစိတ္လိုလက္ရျဖင့္သူ႔အေၾကာင္းအားမိသားစုဝင္မ်ားႏွင့္အေပါင္းအသင္းမ်ားအားေျပာျပတတ္၏သ့ူခ်စ္သူမိန္းကေလးအလြန္လွေၾကာင္းေျပာကာေအးေဆးတည္ၿငိမ္စြာေနျပန္၏တစ္ခါတစ္ေလလဲေအာ္၍ငိုေနတတ္ျပန္သည္
စိတ္ေကာင္းဝင္သည့္အခါအိမ္အလုပ္မ်ားကူလုပ္ေပးတတ္၏
တစ္ေန႔တြင္ဖိုးလုံးကသူ၏တူလူပ်ိဴ ေပါက္တစ္ေယာက္အားအကူအညီေတာင္း၏
””ငါ့တူဦးေလးေနရာမွာအစားခဏဝင္ေနပါလား—ဦးေလးအျပင္ခဏသြားခ်င္လို႔ပါကြာ”’
””မျဖစ္ပါဘူးဦးေလးကအ႐ူးပါးပဲ—-ဘာလို႔ကြၽန္ေတာ္ကဦးေလးေနရာမွာဝင္ေနရမွာလဲ””’
””ခဏပါကြာဦးေလးကိစၥေလးရွိလို႔ပါအဲဒါၿပီးရင္ဦးေလးေသေပ်ာ္ပါၿပီးကြာ””
””ဦးေလး႐ြာထဲကအပ်ိဴ ႀကီးေတြအိမ္သြားမလို႔မဟုတ္လား”’
””’မဟုတ္ပါဘူးကြာ” ‘
””မယုံဘူးဦးေလးေရ—သူမ်ားေျပာလဲမခံႏိုင္ဘူး—–အခုေတာင္အ႐ူးအမ်ိဴ းေတြဆိုၿပီးအထင္ေသးေနၾကၿပီ”” ‘
””ေအးေဆးေနစမ္းပါဦးဖိုးလုံးရာ—သူမ်ားကိုဒုကၡမေပးပါနဲ႔””
တစ္ရက္တြင္ဖိုးလုံးသည္သူ႔အေမအားထူးဆန္းေသာစကားကိုဆို၏
””အေမ႐ြာစပ္ကေတာင္ေပၚမွာေပၚေတာ္မူဘုရားတစ္ဆူရွိေနတယ္အဲဘုရားကသားကိုလာေဖၚခိုင္းေနၿပီသားသြားေဖာ္ခ်င္တယ္””
””ငါ့သားဖိုးလုံးဝဠ္ကလဲႀကီးလိုက္တာကြယ္””
ဒီလိုႏွင့္ဖိုးလုံးကထပ္ခါထပ္ခါေျပာေနသျဖင့္အိမ္သားတစ္ခ်ိဳ႕ႏွင့္သူ၏သူငယ္ခ်င္းမ်ားကဖိုးလုံးအားထိန္းကာဖိုးလုံးေခၚရာေနာက္လိုက္သြားၾက၏
ဖိုးလုံးေျပာသည့္ေတာင္ေပၚတက္ကာသြားေနၾကရင္းအခ်ိန္အေတာ္ၾကာသည္အထိအေၾကာင္းမထူး၍အ႐ူးေတာ့သူတို႔အားညာေခၚလာသည္ဟုထင္ၾကကုန္သည္။
ဖိုးလုံးေနာက္လိုက္ရင္းေမာလာၾကသည္ဖိုးလုံးသည္တစ္ေနရာအေရာက္တြင္ခ်ဳံ ုတစ္ခုထဲတိုးဝင္သြား၏ဒါနဲ႔ပါလာသူမ်ားကလိုက္မဝင္ရဲတာေၾကာင့္ဖိုးလုံးအေျခအေနေစာင့္ၾကည့္ေန၏
ခဏအၾကာတြင္ဖိုးလုံးကခ်ဴံထဲကျပန္ထြက္လာကာသူ႔လက္ထဲတြင္ဘုရားကေလးတစ္ဆူပါလာ၏ထိုဘုရားကေလးသည္ေ႐ႊေရာင္ေတာက္ေနကာအလြန္ၾကည္ညိဳစရာေကာင္းေလသည္။
ဖိုးလုံးကပါလာေသာလူမ်ားအားလူေကာင္းတစ္ေယာက္လိုေျပာလိုက္သည္။
””ဒီဘုရားကိုပို႔ေပးရမဲ့ေနရာက်ဴပ္သိတယ္က်ဳူပ္သြားပို႔ေပးရမယ္ဒါမွက်ဴပ္တာဝန္ေက်မွာ””
””ဘယ္ကိုပို႔ရမွာလဲငါတို႔႐ြာမွာကိုးကြယ္ထားမွာေပါ့””
””ေအးေလငါတို႔႐ြာေတာင္နံမည္ႀကီးသြားၿပီးမင္းလဲနံမည္ႀကီးသြားမွာကြ”’
ဖိုးလုံးေနာက္ပါလာသူမ်ားကဝိုင္းေျပာေပမဲ့ဖိုးလုံးကေခါင္းတခါခါႏွင့္ဘုရားကိုပိုက္ကာေတာထဲသို႔႐ုတ္တရက္ထြက္ေျပးသြားေလသည္ႏႈတ္မွလဲေအာ္၍သြားသည္။
””ႏွမေတာ္ေမာင္ေတာ္ကိုေစာင့္ပါအုံးေမာင္ေတာ္ျပန္လာၿပီ””’
ေနာက္ကပါလာသူမ်ားလဲအေျပးလိုက္ဖမ္းေပမဲမမွီေတာ့ပါဖိုးလုံးကလႈိတစ္ခုထဲေျပးဆင္းသြား၏ဖိုးလုံးေျပးဆင္းသြားပုံကလူေကာင္းထက္ပင္သာေနေသးသည္။
္မိုးခ်ဴပ္လာသည္အထိရွာေသာ္လည္းဖိုးလုံးအားမေတြ႕ရပါဒါနဲ႔႐ြာသို႔ျပန္လာၾကကာမနက္မွဆက္ရွာမည္ဟုဆုံးျဖတ္လိုက္ၾကသည္။
ေနာက္တစ္ေန႔မိုးလင္းေတာ့ေတာင္ေပၚတက္ရွာရာဖိုးလုံးအေလာင္အားစိတ္မေကာင္းဖြယ္ေတြ႕ရွိရ၍ဘုရားကေလးအားလုံးဝမေတြ႕ရေတာ့ေပဖိုးလုံးကိုယ္တြင္လည္းပြန္ရာပဲ့ရာဒဏ္ရာမ်ားေတြ႕ရသည္ဖိုးးလုံးအေလာင္းအား႐ြာသုသာန္သို႔ျပန္သယ္လာကာေျမျမဳပ္လိုက္ၾက၏
႐ြာထဲကလူအမ်ားကေတာ့ဖိုးလုံးတစ္ေယာက္မျမင္ရေသာသူ႔ခ်စ္သူဆီသို႔အၿပီးလိုက္သြားသည္ဟုဟာသအျဖစ္ေျပာေနၾကေပမဲ့ဘုရားေပ်ာက္သြားသည့္အျဖစ္ကေတာ့ထူးဆန္း၍ေနသည္
ဘာဘဲျဖစ္ျဖစ္ဖိုးလုံးမိသားစုမ်ားကေတာ့ဖိုးလုံးတစ္ေယာက္ဝဠ္ကြၽတ္သြားသည္ဟုထင္ပါသည္။
ၿပီး
တိမ္လႊာမိုး