အတိတ်ကံထူးထိုအရူး

***အတိတ်ကံထူး ထိုအရူး***(စ/ဆုံး)
————————-@@@@@———————————

ပျဉ်းမပင်ရွာဆီမှာ အရူးယောက်ရှိတယ်။ နာမည်က ကံကောင်းတဲ့…။

သူ့အသက်က ၂၀ ကျော်ကျော်…။

လူပုံက ပိန်ရှည်ရှည်၊ ခါးကိုင်းကိုင်းနဲ့။ ရုပ်သွင်ကတော့ ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ခေါင်းကတော့ အမြဲတမ်းကတုံးပြောင်နေအောင် တုံးထားတတ်တာ။

သူရဲ့ အတိတ်အကြောင်းကို ဘယ်သူမှ ရေရေရာရာတော့ မသိကြဘူး။

သိမှီသမျှကို ပြောရရင်တော့ ကံကောင်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ပျဉ်းမပင်ရွာကို သူ့အဖေနဲ့အတူ ရောက်လာတာ။

သူတို့ သားအဖနှစ်ယောက်က ခရီးသွားတွေဖြစ်ဟန်တူပြီး အထုပ်အပိုးတွေလည်း ပါရဲ့။

ပျဉ်းမပင်ရွာကို ရောက်တော့ သားအဖနှစ်ယောက် ရွာထိပ်က စေတီကလေးဆီမှာ ခဏတာ၀င်နားရင်း ဖခင်ဖြစ်သူက အသက်မီးစာကုန်ခမ်းခဲ့ရလေတယ်။

ဒီတော့ ရပ်ရွာက မနေသာဘဲ ကံကောင်းရဲ့ ဖခင်ကြီး နာရေးကိစ္စစီမံဆောင်ရွက်ပေး။ ပြီးတော့ လူမမယ်အရွယ်၊ အဲ့ဒီ့တုန်းကတည်းက စိတ်မနှံ့သူ ကောင်လေးကိုလည်း ကံကောင်းလို့ နာမည်ပေးပြီး စောင့်ရှောက်ဖို့ တာ၀န်ကို ယူပေးခဲ့ရတော့တာရယ်။

အစကတော့ ကံကောင်းလေးကို ရပ်ရွာထဲမှာပဲ ခေါ်ထားကြတယ်။ ဒါပေမယ့် ကံကောင်းက သိပ်ကို အစွဲအလန်းကြီးတယ်ပြောရမယ်။

ရပ်ရွာထဲက ဘယ်သူ့အိမ်ဆီမှာမှ သူ လိုက်မနေခဲ့ဘူး။ သူ့ဖခင် နောက်ဆုံး ခေါင်းချခဲ့ရာ ရွာဦးထိပ်က စေတီကလေးဆီမှာပဲ သူအဆင်ပြေသလို သွားနေတယ်။

စေတီကလေးဆီမှာ နေပြီး မနက်မိုးလင်းတာနဲ့ ပတ်၀န်းကျင်တဝုိက်ကို သန့်ရှင်းရေးလုပ်။ ပြီးတာနဲ့ စိတ်ထင်ရာ သီချင်းတို့ကို သီဆိုလို့ ကခုန်လို့ ရွာထဲကို သူ၀င်လာတတ်တယ်။

ပြီးရင်တော့ ရပ်ရွာက ပေးစာကမ်းစာကို စားသောက်ပြီး ညနေစောင်းရင်တော့ စေတီကလေးဆီ ပြန်သွားတတ်လေရဲ့။

ထင်ရှားတဲ့ သူ့ရဲ့ အမှတ်သညာကိုပြောပါဆိုရင်တော့ ရွာကိုစ’ရောက်လာကတည်းက သူ့လည်မှာ ဆွဲထားခဲ့တဲ့ သူငယ်တော်လည်ဆွဲလို ကြေးပြားအဝိုင်းကြီးတစ်ခုပဲ။

ဒီကြေးပြားကြီးကိုတော့ ကံကောင်းတို့ ဘယ်လိုအခါမှာမှ မချွတ်တတ်ဘူး။သူ့ဘ၀မှာ တန်ဖိုးအရှိဆုံး အရာတစ်ခုလို သတ်မှတ်ပြီး အမြဲလိုလို အမြတ်တနိုးထား၊ အရိပ်တကြည့်ကြည့်နဲ့ပဲ။

တစ်ပါးသူတို့က ထိကိုင်ကြည့်ရင်တောင် သူမကြိုက်ဘူး။ အဲ့ဒီ့သူကို ရန်ရှာပြုမူတဲ့အထိကိုပါပဲ။

အခုလည်း ကံကောင်းတို့ ထုံးစံအတိုင်း မနက်အစောကြီးရှိသေးတယ်။ ရွာထဲကို ကခုန်ပြီး ၀င်လာခဲ့လေရဲ့။

” အောင်စေ…အောင်စေ… ပိုင်စေ…ပိုင်စေ…အောင်စေဟဲ့ အောင်စေ…ပိုင်စေဟဲ့…ပိုင်စေ…”

ဘာကို အာရုံရနေတယ်တော့မသိဘူး။ သူ့ ပါးစပ်က “အောင်စေပိုင်စေ” ကို ထပ်ဖန်တလဲလဲ သီချင်းလုပ်ဆိုလို့ ကနေတာများ ကွေးလို့ရယ်။

ကရင်းခုန်ရင်းနဲ့ ရွာအလယ်ပိုင်းက အကြော်ဆိုင်ရှေ့ကို ကံကောင်းရောက်လာတယ်။

အကြော်ဆိုင်မှာက မနက်ခင်းပိုင်း အလုပ်သွားကြမယ့်သူတွေက ကောက်ညင်းပေါင်းနဲ့ အကြော်စုံကို မနက်စာအဖြစ် ၀င်ရောက်စားသုံးနေကြချိန်ဆိုတော့ လူစုံတက်စုံရှိနေတဲ့အချိန်…။

” ကံကောင်းရေ…အောင်ခြင်းရှစ်ပါးလေး တစ်ပုဒ်လောက်…”

ဆိုင်ထဲက အကြော်စားနေတဲ့ ကို၀င်းတင်က ကံကောင်းကို လှမ်းပြောတာ။

” အောင်ခြင်းရှစ်ပါးလား…ဟုတ်ပြီ ရမယ်…”

ကံကောင်းက ပြောပြီးတာနဲ့ ချက်ချင် ဟိတ်ဟန်ကို ပြောင်းလဲလိုက်တယ်။ ပြီးတော့ ဇာတ်မင်းသားလိုဟန်နဲ့ ခြေလက်တို့ကို ချိုးလိုက်ပြီး…။

” အို…မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင် ရှိသည်…အဲ…ငါ့မှာကျတော့ နှစ်ချောင်းထဲရှိသည်…”

အဟုတ်မှတ်လို့ နားထောင်နေကြသူတို့ ဝေါခနဲ ထရယ်ကုန်ကြတယ်။

ကံကောင်းကတော့ ဒါကို အမှုမထားနိုင်ဘူး။ သူ့သီချင်း သူ့ကခြေနဲ့ အဟုတ်ကို ကနေတော့တာပဲ။

ဘာပဲဖြစ်ဖြစ် မနက်ခင်းလေးတစ်ခုကတော့ ကံကောင်းရဲ့ ဆောင်မမှုကြောင့် လူတိုင်း စိတ်ကြည်လင်ခဲ့ကြရတယ်။ သူ့ကိုလည်း အကြော်၊ ကောက်ညှင်းပေါင်း ၀ယ်ကျွေးသူကျွေးနဲ့။

အဲ့ဒီ့ကနေ နောက်ပိုင်းမှာတော့ မှတ်မှတ်ထင်ထင်ကိုပဲ ကံကောင်းတစ်ယောက် ရွာထဲကို ရောက်မလာခဲ့တာ တစ်ပါတ်တိတိရှိခဲ့လေတယ်။

တစ်ရက်မှာတော့…။

******

” ဒူ…ဒူ…ဒူ…”

သူကြီးအိမ်ဆီက မောင်းထုသံ။

မကြာခင် ရွာသူရွာသားတို့ ခပ်သုတ်သုတ်ပဲ သူကြီးအိမ်ရှိရာဆီကို ရောက်ရှိလာကြတယ်။

အိမ်အောက်က တန်းလျားဆီမှာတော့ သူကြီးဖြစ်သူတို့ အသိုင်းအဝိုင်းနဲ့အတူ ရွာစွန်က ပေတိုးဆိုတဲ့ နွားကျောင်းသားလေးလည်း ရှိနေခဲ့ရဲ့။

” သူကြီး…ဘာအရေးရှိလို့လဲဗျ…”

အရင်ရောက်နေသူတစ်ယောက်က စိတ်စောလျင်ပြီး မေးတာ။ သူကြီးက လက်ကာပြပြီး…။

” အေး…ကိစ္စကတော့ အရေးကြီးတယ်ဆိုတာထက် တို့ရွာအတွက် ကောင်းခြင်းမင်္ဂလာတွေ ဆောင်ယူလာတယ်လို့ ယူဆစရာပဲ။ လူစုံအောင်ခဏစောင့်ချေ၊ လူစုံမှ ပြောပြမယ်…”

ရွာသားတို့ တဖွဲ့ဖွဲ့ရောက်လာကြတယ်။ အချိန်အနည်းငယ် အကြာမှာတော့ လူစုံတက်စုံ ရှိလာခဲ့ပြီ။

” အဟမ်း…”

သူကြီးက ချောင်းဟန့်သံကို ပြုလိုက်ပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတဲ့ ရွာသူရွာသားတို့ရဲ့ အာရုံကို သူ့ဆီရောက်အောင် စုစည်းလိုက်တယ်။

စကားသံတွေတိတ်ပြီး အကြည့်တွေက သူ့ဆီရောက်ရှိလာချိန်မှာတော့ သူကြီးက…။

” ကဲ…အခုလို အားလုံးကို စုစည်းရတဲ့ အကြောင်းကတော့ ရွာဦးစေတီကလေးရဲ့ တစ်ဖက်ဆီက ခင်တန်းကလေးဆီမှာ ကြေးဘုရားတစ်ဆူပေါ်တယ်တဲ့…”

” ဟာ…ဘုရားပေါ်တယ်…”

” ဟုတ်ပါ့ အံ့သြလိုက်တာ…”

” အမလေး ကြားရတာနဲ့ကို ကြည်နူးပီတိရှိလိုက်တာ…”

ရွာသူရွာသားတို့ မျက်နှာမှာ ပီတိအပြုံးပန်းတွေ ဝေကုန်ကြရရင်း စကားသံတွေက တစ်ယောက်တစ်ခွန်းနဲ့ကို ကျွတ်စီညံနေလေတယ်။

” ဟုတ်တယ်…မြေထဲကနေ ထိုးထွက်နေတဲ့ ဘုရားရဲ့ ဦးခေါင်းတော်ကို ဖူးတွေခဲ့ရတာကတော့ ဟော့ဒီက ပေတိုးရယ်…”

” သူကြီး…ဘုရားပေါ်တယ်ဆိုတော့ ကျုပ်တို့ အမြန်ဆုံးပဲ သွားပင့်ကြရအောင်လေဗျာ…”

တစ်ယောက်က ၀မ်းသာကြည်ညိုလိုစိတ်ကို မထိန်းနိုင်ဘဲ အလောတကြီး ပြောလာတယ်။ သူကြီးက ခေါင်းကို အသာခါရမ်းလိုက်ပြီး…။

” သွားပင့်ဖို့က ကံကောင်းကြောင့် ခက်နေတယ်…”

” ကံကောင်းကြောင့်…ဘယ်လိုဖြစ်ရတာလဲ…”

ရွာသားတွေက ပြန်မေးကြချိန် သူကြီးက စိတ်မသက်မသာနဲ့ သက်ပြင်းကို ချလိုက်ပြီး…။

” ကံကောင်း စိတ်ဖောက်နေတယ်လို့ ယူဆရတယ်။ ပေတိုးကိုတောင် တုတ်နဲ့ အသေလိုက်ရိုက်ဖို့ ကြိုးစားတယ်တဲ့…”

” ဟာ…”

အားလုံးဆီက အာမေဋိတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။

ကံကောင်းက သူတို့ရွာကို ရောက်လာပြီးကတည်းက စိတ်ဖောက်ကြမ်းတမ်းတာမျိုး မကြုံခဲ့ဖူးဘူး။ သူက ရူးတယ်ဆိုပေမယ့် သူ့ဘာသာ ကရင်းခုန်ရင်း နေတာလောက်ပဲရှိတာ။ သူတစ်ပါးကို ရန်မူရန်ပြုတာမျိုးကို တစ်ခါမှ မရှိခဲ့ဘူး။

” ဟုတ်ပါ့မလား သူကြိးရယ်။ ကျုပ်တို့တော့ ယုံရခက်ခက်ပဲ…”

” တကယ်ကို ဖြစ်နေတာ။ ငါတို့သွားကြည့်တော့လည်း ဒီလိုပဲ။ ငါ့အထင် ဒီဘုရားကို ကံကောင်းက အရင်ဆုံးဖူးတွေ့ထားတဲ့ပုံပဲ။ အဲ…မင်းတို့ မြင်သာအောင် အသေအချာပြောပြရရင် မနက်က ဟော့ဒီ့ပေတိုးက နွားတွေလှန်ရင်း အဲ့ဒီဘက်ကို ရောက်တော့ မြေထဲကနေ ထိုးထွက်နေတဲ့ ဘုရားကို ဖူးတွေ့မိတာ။ ဒါပေမယ့် သေချာတောင် မဖူးလိုက်ရသေးဘူး၊ ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ ကံကောင်းက အဲ့ဒါ ငါ့ဘုရား၊ မင်းတို့နဲ့ မဆိုင်ဘူးဆိုပြီး တုတ်နဲ့အတင်း လိုက်ရိုက်လို့ ပေတိုး အသဲအသန် ပြန်ပြေးခဲ့ရတယ်တဲ့။ အဲ့ဒီကနေ ဒီကလေးက ငါတို့ကိုလာပြောတယ်။ ဒါနဲ့ ငါလည်း ပေတိုးနဲ့အတူတူပြန်သွားပြီး ကံကောင်းကို ချော့မော့ပြောလို့ ကြည့်မယ်လုပ်တာ။ မရဘူး မောင်…။ ကံကောင်းက ငါတို့ကို အဲ့ဒီ့အနားကိုတောင် အကပ်မခံဘဲ တမ်းရန်မူနေတာပဲ။ ဘာမှတောင် မပြောနိုင်ဘူး နောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်…”

” ဟာ…”

” ကံကောင်းက အရင် ဒီလို မဟုတ်ပါဘူး။ သိပ်ကို သဘောကောင်းတာ။ အခုမှ ဒီကောင်…ဘယ်လိုဖြစ်ပြီး စိတ်ဖောက်သွားတာလဲ…”

” ဒါကြောင့်ထင်တယ်။ သူ ဒီရက်ပိုင်း ရွာထဲကို ရောက်မလာတာ သတိထားမိတယ်…”

အသံတွေက ထပ်မံပြီး ကျွတ်စီညံလာပြန်တယ်။

သူကြီးက ချောင်းသံကို ထပ်ပြုပြီး ဟန့်တားတော့ ပြန်ငြိမ်သွားကြပြန်ရဲ့။

“အေး အဲ့ဒါကြောင့်မလို့ မင်းတို့ကို အသိပေးပြီး ဒီကိစ္စကို စီစဉ်ချင်တာ…”

အားလုံး တစ်ခဏတာ တိတ်ဆိတ်ကုန်ကြတယ်။ အတန်ကြာတော့ ကာလသားခေါင်း ပါကြီးက…။

” ကျုပ်တို့ ကာလသားတွေ စုပြီး သူ့ကို ဝိုင်းထိန်းကြမယ် သူကြီးရာ။ ပြီး သူစိတ်ငြိမ်မှ အေးအေးဆေးဆေး ချော့ပြောကြတာပေါ့…”

သူကြီးဆီက သက်ပြင်းချသံ ထွက်ပေါ်လာတယ်။

” အင်းလေ…ဘုရားပေါ်တော်မူတယ်ဆိုတာက ရွာအတွက်ကောင်းပေမယ့် ကံကောင်းကိုလည်း မထိခိုက်စေချင်ဘူး။ ဒါကိုတော့ မင်းတို့ သေချာလုပ်ကွာ…”

အစီအစဉ်အတိုင်း ချက်ချင်းလူစုပြီး ရွာအပြင်ကို ထွက်လာကြတယ်။

စေတီကလေးဆီမှာတော့ ကံကောင်းရဲ့ အရိပ်အယောင်ကိုတောင်မှ မတွေ့ရဘူး။

ခင်တန်းကလေးဘက်ဆီကို လှမ်းကြည့်တော့ ကံကောင်းတစ်ယောက် ကုန်းကမူလေးတစ်ခုအရှေ့မှာထိုင်ပြီး အကြိမ်ကြိမ် ဦးချကန်တော့နေတာရယ်။

” ကဲ…မင်းတို့ သူ့ဆီ တိတ်တိတ်သွားပြီး ထိန်းထားချေကွာ…”

ကာလသားတစ်သိုက် ကံကောင်းအနားကို ချဉ်းကပ်ပြီး လျှပ်တပြက်ဝိုင်းထိန်းကြတယ်။

ရုတ်တရက်ဆိုတော့ ကံကောင်း အလစ်အငိုက်မိသွားရပြီး ကာလသားတို့ချုပ်နှောင်တာ ခံရလေတော့တာ။

******

” မထိကြနဲ့ အဲ့ဒါ ငါ့ဘုရား။ မင်းတို့နဲ့ မဆိုင်ဘူး…”

ကံကောင်းတစ်ယောက် သူ့ကို တုပ်နှောင်ထားတဲ့ ကြိုးတွေဆီက ရုန်းကန်ရင်းက အသံကုန်အော်ဟစ်နေတယ်။

သူကြီးနဲ့ အဖွဲ့ကတော့ ပေါ်တော်မူဘုရားကို တူးဖော်နေခဲ့ကြလေပြီ။

လူတွေကလည်း အဲ့ဒီ့အ၀န်းမှာ မနည်းမနောကိုပဲ စည်းကားနေတယ်။

ကံကောင်းက ရုန်းကန်အော်ဟစ်နေပေမယ့် ဘယ်သူကမှ သူ့ကို အာရုံမထားနိုင်ကြဘူး။ ဘုရားကို တူးဖော်နေကြတဲ့ဆီမှာပဲ လူတွေက စုပြုံတိုးဝှေ့နေတော့တာ။

အထိအခိုက်မရှိအောင် ဂရုစိုက်တူးကြရင်းနဲ့ ဥာဏ်တော် နှစ်တောင်ခန့်ရှိတဲ့ ကြေးဆင်းတုတော်က မြေပေါ်ဆီကို ကိန်း၀ပ်လာနိုင်ခဲ့ပြီ။

” ဟာ…ဘုရားက ကျောကုန်းတော်မှာ အပေါက်ကြီးနဲ့…”

သူ့ထက်ငါ အလုအယက် ဖူးမြှော်ကြရင်းနဲ့ ဘုရားရဲ့ ကျောကုန်းတော်ဆီမှာ လက်တစ်ဝါးစာသာသာ ချိုင့်ခွက်နေတာကို မြင်ကြရတယ်။

ကိုးကွယ်ဆည်းကပ်ရာမို့ ဒီမြင်ကွင်းက အားလုံးရဲ့ရင်ကို နင့်ခနဲပဲ ခံစားရစေလေရဲ့။

” ဘာပဲဖြစ်ဖြစ် တို့ရွာနဲ့ ကိုးကွယ်ထိုက်လို့ ပေါ်တော်မူလာတာ။ ဒါကို ပြစ်ချက်မဖြစ်အောင် လုပ်ဆောင်ရမှာက တို့တွေရဲ့ တာ၀န်ပဲ…”

” ဟုတ်တယ်။ တို့တစ်တွေ ဘုရားရဲ့ ချိုင့်နေတဲ့ နေရာကို ပြန်ဖြည့်ပြီး သွန်းလောင်းကြတာပေါ့…”

သူကြီးရဲ့ ပြောစကားနဲ့ လူကြီးသူမတချို့ရဲ့ ဆုံးဖြတ်ချက်က ကြည်ညိုသဒ္ဒါစိတ်တွေနဲ့ ယိုဖိတ်နေကြရဲ့။ ရွာသူရွာသားအားလုံးကလည်း ဒီအစီအစဉ်ကို ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်ထဲ ထောက်ခံကြလေတာ။

အဲ့ဒီ့နေ့ကစလို့ ရွာဦးစေတီကလေးဆီမှာ မဏ္ဍာပ်ကြီးကို အကြီးကြီးနဲ့ ဘုရားကို အနေကဇာတင်လှူပွဲလုပ်ဖို့ကို တိုင်ပင်ကြတယ်။

ပြီးတော့ အလှူခံပြီး ဘုရားရဲ့ ချိုင့်ခွက်နေတဲ့နေရာကို ကြေးသွန်းဖြည့်စွက်ဖို့အတွက်ကိုပါ တပြိုင်နက်ထဲ လုပ်ဆောင်ဖို့ စီစဉ်၊ ပြင်ဆင်ကြတော့တာ။

အဲ့ဒီ့လို ပြင်ဆင်လုပ်ဆောင်နေချိန်မှာတော့ သူကြီးရဲ့ အိမ်ဆီမှာတော့ ကံကောင်းကို ထိပ်တုံးခတ်လို့ ထိန်းသိမ်းထားကြတယ်။ မဟုတ်ရင် ကံကောင်းက ဘုရားပွဲဆီကို လာပြီး နှောက်ယှက်နိုင်တယ်လေ။

” ဟေ့…ပါကြီး။ ကံကောင်းကို မလွတ်စေနဲ့နော် သေချာချုပ်ထားချေ…”

ကံကောင်းလွတ်သွားမှာစိုးလို့ ရွာအကြီးအကဲတို့က အစောင့်အကြပ်တို့ကို အကြိမ်ကြိမ် သတိပေးနေကြတယ်။

ထိန်းသိမ်းခံထားရချိန်မှာ ကံကောင်းပါးစပ်က စကားတချို့ကို အဆက်မပြတ်ရေရွတ်နေတယ်။

အနားမှာ စောင့်ကြပ်သူတို့က သူဘာပြောလဲ နားထောင်ကြပေမယ့် သေချာသဲကွဲအောင် မကြားကြရဘူး။ သွားမေးဖို့ကျပြန်တော့လည်း ကံကောင်းစိတ်ဖောက်နေတယ်လို့ ယူဆတာမို့ အနားကို မကပ်ရဲကြဘူးရယ်။

ဒီတော့လည်း နောက်များမှာတော့ မကြားရင်း အတူတူ ဘယ်သူကမှ ကံကောင်းပြောနေတာတွေကို ဂရုစိုက်ပြီး နားထောင်မနေတော့ပါဘူး။

တကယ်တော့ ကံကောင်း အကြိမ်ကြိမ် ရေရွတ်နေတဲ့စကားက…။

” အဲ့ဒါက ငါ့ဘုရား။ ငါကို ဝိဇ္ဇာဓိုရ်ဘဘက ပေးခဲ့တာ…”

ဆိုတဲ့ စကားတစ်ခွန်းကိုပါပဲ…။

******

” သူကြီး…ကြေးတွေသွန်းပြီးဖြည့်တာလည်း ပိဿာချီပြီး ကုန်နေပြီ။ ချိုင့်နေတဲ့နေရာက ပြည့်မလာဘူး…”

” ဟေ…”

ကြေးသွန်းလုပ်ငန်းကို စတင်တဲ့နေ့မှာပဲ ပြဿနာက မထင်မှတ်ဘဲ ဖြစ်ပေါ်လာခဲ့တယ်။

” ဒါ ဘယ်လို ဖြစ်ရတာလဲ…”

” မပြောတတ်ဘူးဗျာ။ ဖြည့်တုန်းခဏပဲ။ ပြီးရင် ပြန်ခွက်သွားတာ…”

သူကြီးဖြစ်သူ ခေါင်းကုတ်ရပြီ။

ရွာဆီက ဆရာတော် အရှင်သူမြတ်တို့ကို လျှောက်တင်ကြည့်တော့လည်း အဖြေက ရှိမလာ။ ရပ်မိရပ်ဖတို့ ဝိုင်း၀န်းတွေးတောကြသော်လည်း အဖြေက မရ။ ခက်တော့ခက်ရကုန်ပြီ။

” ဘုရားဆီမှာ ကြေးသတ္တုကို ချေစားနိုင်တဲ့ အရာများ ရှိနေလို့လား…”

” ဒီ့ထက်မကတဲ့ အကြောင်း တစ်စုံတစ်ရာတော့ ရှိနေမယ်ထင်တယ်…”

အားလုံးက အမျိုးအဖုံဖုံ စဉ်းစားကြပေမယ့်လို့ ဒီကိစ္စက ပြေလည်မသွားခဲ့ဘူး။

ဒီလိုနဲ့ သုံးရက်မြောက်တဲ့နေ့ မနက်မှာတော့ ရွာဆီကို ယောဂီ၀တ်ကိုယ်စီဆင်မြန်းထားတဲ့ လူကြီးတစ်ယောက်နဲ့ ရုပ်ရည်ချင်း ကလေးနှစ်ယောက်လာခဲ့တယ်။

သူတို့က ရွာထဲကို ၀င်ရောက်လာကြရင်း ရွာသူရွာသားတို့ မျက်နှာမကောင်းကြတာကို သတိထားမိကြရလေရဲ့။

ဒီလိုနဲ့ အိမ်တစ်အိမ်အရှေ့ရောက်တဲ့အခါမှာတော့ အိမ်အောက်မှာ ထိပ်တုံးအခတ်ခံထားရတဲ့ သူရူးလို့ ယူဆရတဲ့ လူတစ်ယောက်က စကားတချို့ကို တတွတ်တွတ်ရေရွတ်နေတာကို သူတို့ကြားလိုက်ရတယ်။

” အဲ့ဒါ ငါ့ဘုရား…ငါ့ကို အရင်ဘ၀တုန်းက ဝိဇ္ဇာဓိုရ်ဘဘက ပေးသွားတာ…”

အဲ့ဒီသူရူးက တိုးတိုးတိုးတိုးနဲ့ တတွတ်တွတ်ရေရွတ်နေတာဖြစ်ပေမယ့် သူ့စကားကို လူကြီးက ရှင်းရှင်းလင်းလင်း ကြားမိပြီး ပြုံးမိသွားတယ်။

ဒါကိုမြင်တော့ နံဘေးက ကလေးနှစ်ယောက်က…။

” ဘဘ ဘာဖြစ်လို့ ပြုံးတာလဲ…”

လူကြီးက ကလေးနှစ်ယောက်ကို မကြည့်ဘဲ…။

” ဘဘအထင်တော့ ဒီရွာမှာ ဘုရားဆင်းတုတော်တစ်ဆူနဲ့ ပက်သက်ပြီး ထူးဆန်းတာတွေ ဖြစ်နေတယ်လို့ ထင်မိလို့ပါ…”

” ဟုတ်လား ဘယ်လိုမျိုးလဲ ဘဘသိဒ္ဒိရဲ့…”

ဘဘသိဒ္ဒိဆိုတဲ့ လူကြီးက ထပ်ပြီးပြုံပြန်တယ်။

” ဘယ်လိုကိစ္စလဲဆိုတာတော့ တို့သိရအောင် သူတို့ကိုပဲ မေးမြန်းကြည့်တာပေါ့…”

သူတို့ ရွာလမ်းအတိုင်း ဆက်လာခဲ့ကြတယ်။

ရွာအလယ်လောက်ဆီက အကြော်ဆိုင်လေးဆီရောက်တော့ လူရှင်းနေတာမို့ ဆိုင်ထဲကို သူတို့၀င်ထိုင်လိုက်ကြတယ်။

ဆိုင်ရှင်မိန်းမကြီးက သူတို့ကို မြင်တော့ အကြော်ဗန်းထဲက အကြော်တချို့ယူလာပြီး ချပေးလာတယ်။

သိဒ္ဒိဆိုတဲ့ လူကြီးက အကြော်ပန်းကန်ကို လှမ်းယူပြီး…။

” ဒီက တူမကြီးကို တစ်ခုလောက်မေးစမ်းကြည့်ချင်တယ်။ ရမလား…”

ဆိုင်ရှင်မိန်းမကြီးက သူတို့ကို ပြန်လှည့်ကြည့်လာတယ်။ ပြီးတော့ ယောဂီတွေဖြသ်တာမို့ တရိုတသေနဲ့…။

” ရပါတယ် အဘ၊ မေးပါရှင့်…”

” ဘာရယ်တော့မဟုတ်ပါဘူး။ ဒီရွာရဲ့ နာမည်နဲ့ ပြီးတော့ ရွာကို ၀င်လာတုန်းက ရွာကလူတွေ မျက်နှာမသာမယာဖြစ်နေတာ သတိထားမိလို့ပါ…”

မိန်းမကြိးရဲ့ မျက်နှာက ချက်ချင်းညှိုးငယ်သွားတယ်။ ပြီးတော့ သက်ပြင်းရှည်ရှည်ကို ချလိုက်ပြီး…။

” ပျဉ်းမပင်ရွာပါ အဘ။ မျက်နှာမကောင်း ဟို… အဲ့ဒါကတော့ ဒီလိုရယ်ပါ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ရွာဦးစေတီကလေးအနားမှာ ကြေးဘုရားဆင်းတုတော်တစ်ဆူ ပေါ်တော်မူခဲ့ပါတယ်။ ဒါပေမယ့်…”

မိန်းမကြိးက စကားပြောရင်း စိတ်မကောင်းဖြစ်ဟန်နဲ့ တန့်သွားတယ်။

” အင်း…ဆက်ပါဦး တူမကြီးရ…”

” ပေါ်တော်မူလာတဲ့ ဘုရားဆင်းတုရဲ့ ကျောကုန်းတော်ဆီမှာ အချိုင့်ကြီးတစ်ခုပါလာတယ်။ အဲ့ဒါကို ရွာက အလှူငွေတွေနဲ့ စုပေါင်းပြီး ပြန်လည်ပြုပြင်ဖို့ လုပ်ကြတာမှာ ဟို…ကြေးသားတွေ ဘယ်လောက်ပဲ ပြန်ဖြည့်ဖြည့် အဲ့ဒီ့အချိုင့်ကြီးက ပြည့်မလာခဲ့ဘူး။ အဲ့ဒါအတွက် ရွာသူရွာသားအားလုံးက ကျွန်မတို့ရွာအနေနဲ့ ကုသိုလ်မပြုထိုက်တာဖြစ်မယ်လို့ ယူဆကြပြီး စိတ်လက် မချမ်းမသာ ဖြစ်နေကြရတော့တာပါပဲ ဦးကြီးရယ်…”

ယောဂီ၀တ်နဲ့ ကလေးနှစ်ယောက် အံ့သြသွားကြတယ်။ ပြီးတော့ ဦးသိဒ္ဒိဆိုတဲ့ လူကြီးကို ပြိုင်တူလှမ်းကြည့်ကြတယ်။

ဦးသိဒ္ဒိဆိုတဲ့ လူကြီးကတော့ ခေါင်းကို တဆတ်ဆတ်ညိတ်ရင်းက အဖြေကို သိနှင့်ထားသူ တစ်ယောက်လိုပဲ အေးအေးဆေးဆေးနဲ့…။

” ဒီအတွက်ကို အဖြေတစ်ခုကတော့ ရှိနှင့်နေပါလိမ့်မယ် တူမကြီးရယ်…”

” ဦးကြီးကသာ အဖြေရှိနေလိမ့်မယ်ပြောတာ။ ကျွန်မတို့ရွာကတော့ အဲ့ဒီ့အဖြေကို မတွေ့နိုင်ဘူး ဖြစ်နေတော့တာ…”

” အင်း…ဒါအတွက်ကို ဦးကြီးတို့ ကူညီနိုင်မယ်ထင်တယ်…”

ဦးသိဒ္ဒိက ပြောလာတာ။

ဆိုင်ရှင်မိန်းမကြီး အံ့အားသင့်သွားတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ ၀မ်းသာအားရဖြစ်သွားရပြီး…။

” ဦး…ဦးကြီး တကယ်ပြောတာလား…”

ဦးသိဒ္ဒိက ခေါင်းကို ညိတ်ပြလိုက်တယ်။

အဲ့ဒီနောက်မှာတော့ အကြော်ဆိုင်ရှင်မိန်းမကြီးက ဦးသိဒ္ဒိနဲ့ အမွှာယောဂီကလေးတို့ကို ရွာဦးစေတီဆီမှာ ယာယီမဏ္ဍာပ်နဲ့ ကိန်း၀ပ်စံပါယ်တော်မူနေတဲ့ ပေါ်တော်မူကြေးဆင်းတုတော်ဆီကို ခေါ်ဆောင်သွားခဲ့တော့တာ။

*******

မဏ္ဍာပ်အတွင်းမှာ…။

ရွာသူရွာသားတွေက ယောဂီ၀တ်နဲ့ ဦးသိဒ္ဒိတို့ သုံးယောက်ကို အသေအချာ စူးစမ်းနေကြတယ်။

ဦးသိဒ္ဒိတို့ကတော့ ဘယ်သူ့ကိုမှ ဂရုမထားနိုင်။ ပေါ်တော်မူကြေးဆင်းတုတော်ရဲ့ အရှေ့ဆီမှာ လက်အုပ်ချီ၊ ခြေစုံရပ်ပြီး မျက်၀န်းတွေ ကိုယ်စီမှိတ်လို့ မတ်တပ်အနေအထားနဲ့ အာရုံခံ ဖူးမြှော်ရင်း မန္တာန်တချို့ကို တီးတိုးရွတ်ဆို နေမိကြတယ်။

အချိန်အတော်ကြာတဲ့အထိ သူတို့က ကျောက်ရုပ်ကြီးတွေလို ရပ်တန့်နေကြတဲ့အခါ ကျေးရွာသားတွေအဖို့တေည့ အမြင်ဆန်းပြီး ပိုလို့တောင် အံ့သြနေမိကြလေရဲ့။

တစ်နာရီသာသာလောက်ကြာပြီးတဲ့အခါမှသာ ဦးသိဒ္ဒိတို့ သုံးယောက်စလုံး ပြန်လည်ပြီး အသက်၀င်လှုပ်ရှားလာကြတယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ…။

” ကဲ…ဒိုးကြီးနဲ့ ဒိုးငယ်။ လူလေးတို့အနေနဲ့ ဘာတွေမြင်ကြသလဲ…”

ဦးသိဒ္ဒိကမေးလာတော့ ရုပ်ချင်းဆင်တူလှတဲ့ ကလေးနှစ်ယောက်ထဲက တစ်ယောက်က သွက်လက်စွာနဲ့ပဲ…။

” အခုနက ဘဘအရှေ့မှာ ဘီလူးတစ်ကောင် ရပ်နေတယ်…”

အဲ့ဒီ့ကလေးရဲ့ စကားအဆုံးမှာတော့ ကျန်တဲ့နောက်တစ်ယောက်က…။

” ဝိဇ္ဇာဓိုရ်တစ်ပါးလည်း ပါတယ်။ သူတို့အတူတူရပ်နေကြတာ…”

ဦးသိဒ္ဒိက ဒိုးကြီးနဲ့ ဒိုးငယ်မည်တဲ့ ကလေးတို့ရဲ့ စကားတွေကို နားထောင်ပြီး ပြုံးတယ်။ ပြီးတော့…။

” အင်း…ဟုတ်တယ်။ ဘီလူးကတော့ ဂတသတ္တမည်တဲ့ အသက်မရှိ ပုံရိပ်သပ်သပ်ပဲ။ ဝိဇ္ဇာဓိုရ်ကတော့ ဇီ၀၊ ဇီဝိတိ ရှည်လွန်းတဲ့အသက်နဲ့ အခုထိ တည်ရှိနေဆဲပဲ…”

” ဟုတ်ကဲ့ ဘဘ…”

” ဒီဘီလူးနဲ့ ဝိဇ္ဇာဓိုရ်က အတိတ်ဘ၀က သိပ်ကို ရင်းနီးတဲ့ မိတ်ဆွအရင်းအချာအဖြစ် တော်စပ်ခဲ့ကြတယ်။ သူတို့နှစ်ယောက် ပြန်ဆုံချိန်မှာ ကြေးနဲ့သွန်းတဲ့ ဘုရားဆင်းတုတော်တစ်ဆူကို အတူတူသွန်းလောင်းပြီး ကိုးကွယ်ဖို့ အကြံဖြစ်ကြတယ်။ အဲ့ဒီ့အတွက် နှစ်ယောက်စလုံးအတူတူ ဘုရားကို သွန်းလုပ်ဖို့ သန့်ရှင်းတဲ့ ကြေးပိဿာတို့ကို ညီတူမျှတူ ရှာဖွေဖို့ ဆုံးဖြတ်ပြီး ရှာဖွေကြတဲ့အခါ ဘီလူးရှာဖွေလာတဲ့ ကြေးတွေဆီမှာ မစင်ကြယ်တဲ့ ကြေးတချို့ပါသွားခဲ့တယ်။ ဒါကို ဘီလူးကိုယ်တိုင်လည်း မသိခဲ့ဘူး။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦး အဓိဋ္ဌာန်ပြုလို့ ဆင်းတုသွန်းကြတယ်။ ဆင်းတုတော်ပြီးတဲ့အခါမှာတော့ ဘီလူးရှာဖွေလာခဲ့တဲ့ မစင်ကြယ်တဲ့ ကြေးသတ္တုတို့က ဆင်းတုဆီကနေ ကွယ်လေရဲ့။ ဒါကြောင့်…ဆင်းတုဆီမှာ အချိုင့်အခွက်အဖြစ်နဲ့ ကြွင်းရစ်သွားရတယ်…”

ဦးသိဒ္ဒိတို့ ပြောနေကြတဲ့ စကားကို နားထောင်မိနေကြတဲ့ ရွာသူရွာသားတွေ အံ့သြဘနန်းနဲ့ ဖြစ်ကုန်ကြပြီး အာမေဋိတ်တွေကေကြာင့် ဝေါခနဲ အသံကြီးတောင် ထွက်ပေါ်လာရတယ်။

” နောက်တော့ ဘာကြောင့်ဆိုတဲ့ အဖြစ်အပျက် အမှန်ကို ဘီလူးနဲ့ ဝိဇ္ဇာဓိုရ်က သိသွားခဲ့တယ်။ ဘီလူးက အဲ့ဒီ့စိတ်နဲ့ပဲ နေရာမှာတင် နှလုံးအိမ်ကြေကွဲရပြီး စုတေသွားခဲ့တယ်။ ဝိဇ္ဇာဓိုရ်ကလည်း သူ့မိတ်ဆွေကို သိပ်သံယောဇဉ်ကြီးတာဆိုတော့ နှစ်ယောက်အတူ ကိုးကွယ်မယ့် ဆင်းတုတော်ကို သူတစ်ယောက်ထဲ မကိုးကွယ်လိုတော့ဘဲ ဝှက်ကွယ်ထားလိုက်တော့တယ်။ နောက်တော့ သူ့ရဲ့ မိတ်ဆွေဘီလူးကို ဘယ်ဘ၀ဆီပြန်၀င်စားနေမလဲဆိုပြီး လိုက်ရှာရင်း မကြာခင်ကမှ လူသားတစ်ယောက်အဖြစ်နဲ့ ပြန်တွေ့ခဲ့တယ်။ ဒီအတွက် ဝိဇ္ဇာဓိုရ်က လူသားတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ သူ့မိတ်ဆွေဆီကို ဆင်းတုတော်ပြန်လည်ထုတ်ဖော်ပေးခဲ့ပြီး ချိုင့်ခွက်နေတဲ့ နေရာကို ပြန်လည်ဖြည့်စွက်ဖို့ ပြောထားတယ်။ ဒီအတွက်ကြောင့် အဓိဋ္ဌာန်နဲ့ သွန်းခဲ့တဲ့ ဆင်းတုတော်ဆီက အချိုင့်အခွက်ကို ဖြည့်စွက်ဖို့ ဘီလူး၀င်စားသူမှတစ်ပါး အခြားသူအနေနဲ့ ဆောင်ရွက်လို့မရဘူး။ တပေါင်းလပြည့်နေ့ကို ရောက်တဲ့အခါမှာတော့ အတိတ်ကလိုပဲ သူတို့နှစ်ဦး ပြန်လည်ဆုံကြပြီး ဘီလူးပြန်၀င်စားတဲ့သူက ဆင်းတုတော်ဆီက အချိုင့်အခွက်ကို သူ့လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ဖြည့်စွက်ပေလိမ့်မယ်…”

ဦးသိဒ္ဒိက သူ့စကားကို အဆုံးသတ်လိုက်ချေပြီ။

ရွာသားတို့ဆီက အသံဗလံတွေ တီးတိုးတီးတိုးနဲ့ ထွက်ပေါ်လာတယ်။

ဒိုးကြီးနဲ့ ဒိုးငယ်တို့ကတော့ ဘီလူးနဲ့ ဝိဇ္ဇာဓိုရ်တို့ရဲ့ ကလျာဏမိတ္တဆန်လှတဲ့ သံယောဇဉ်တရားကို တွေးတောရင်း အတွေးကိုယ်စီနဲ့ရယ်။

ဒီအချိန် လူအုပ်ရဲ့ အရှေ့ဆုံးမှာ ရပ်နေတဲ့ ရွာလူကြီးက ဦးသိဒ္ဒိကို တရိုတသေနဲ့ပဲ မေးလာတယ်။

” ဒီက ဆရာကြီး ဟို…ဟို…ကျုပ် မေးစရာရှိလို့ပါ။ မေးခွင့်ပြုပါ…”

” ရပါတယ် မေးပါ…”

” ဟို…ကျုပ် သိချင်တာက အဲ့ဒီ့ဘီလူး၀င်စားသူဆိုတာက ဘယ်သူလဲလို့ပါ။ ကျုပ်အထင်တော့ ဟို…ကံ ကံကောင်းများလားလို့…”

သူကြီးရဲ့ စကားအဆုံး ဦးသိဒ္ဒိက ပြုံးလိုက်ပြီး ခေါင်းကို ညိတ်ပြလိုက်လေတယ်။

ဒီအခါမှာတော့ သူကြီးဖြစ်သူ ထိတ်ပြာသွားတယ်။ ပြီးတော့ ချက်ချင်းပဲ ကာလသားတချို့ကို ခေါ်လိုက်ပြီး ချုပ်နှောင်ထားတဲ့ ကံကောင်းကို မြန်လွှတ်ပေးဖို့ ပြောခိုင်းချေတော့တာ။

******

တပေါင်းလဆန်း ၁၄ ရက်၊ ညပိုင်းအချိန်…။

ကောင်းကင်ယံဆီမှာ ပြည့်လုပြည့်ခင် လပြည့်၀န်းကြီးက ထင်းထင်းသားနေလေရဲ့။

အဲ့ဒီ့အချိန် အောက်လင်းမီးတို့ ထိန်ထိန်ညီးနေတဲ့ ပျဉ်းမပင်ရွာထိပ်ဆီက ပေါ်တော်မူဆင်းတုတော် ယာယီကိန်းစပ်စံမြန်းရာ မဏ္ဍာပ်ကြီးဆီမှာတော့ ညဉ့်နက်လာတာနဲ့အမျှ လူသူတွေက တဖြေးဖြေး ပိုမိုသိပ်သည်းပြီး စည်ကားလာခဲ့တယ်။

အဲ့ဒီ့အခိုက်အတန့်အချိန်မှာ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ ရွာဦးစေတီကလေးရဲ့ ရင်ပြင်တော်အပေါ်ဆီမှာတော့ သမထတရားကို ကျင့်ကြံထိုင်နေကြလေရဲ့။

ဒါပေမယ့် ဒိုးညီနောင်တို့မှာတော့ စိတ်တွေက သမထတရားဆီမှာ နစ်မ၀င်နိုင်ဘဲ လှုပ်ရှာိးာမ်းခါနေကြပြီး မတည်မငြိမ်ဖြစ်နေကြရလေတယ်။

” လူလေးတို့…စိတ်ကို တည်ငြိမ်အောင် ထားကြပါ…”

ရုတ်တရက် ဒိုးညီနောင်တို့ရဲ့ အကြားအာရုံဆီမှာ ပဲ့တင်လာတဲ့ ဦးသိဒ္ဒိရဲ့ အသံ။ ဦးသိဒ္ဒိက သူတို့ကို မနောဗန္ဓမည်တဲ့ စိတ်အာရုံနဲ့ ဆက်သွယ်မှု ပြုလာခဲ့တာ။

” ကျုပ်တို့ စိတ်ပူနေမိတယ် ဘဘ…”

ဦးသိဒ္ဒိရဲ့ စကားကို ဒိုးကြီးက ပြန်လည်ဖြေကြားလိုက်တယ်။

” ဘာအတွက် စိတ်ပူနေကြတာလဲ လူလေးတို့…”

ဦးသိဒ္ဒိက ထပ်မေးလာချိန် ဒိုးငယ်က…။

” မဏ္ဍာပ်ထဲမှာ လူသူတွေသိပ်ကို များလွန်းနေတယ်။ ဒီပုံအတိုင်းဆို ဝိဇ္ဇာဓိုရ်က လာမယ်မထင်ဘူး ဘဘ…”

ဒိုးငယ်ရဲ့ စကားအဆုံးမှာတော့ ဦးသိဒ္ဒိက…။

” အဲ့ဒီ့အတွက်တော့ စိတ်မပူပါနဲ့ လူလေးတို့ရယ်။ ဒီအတွက်ကို ဝိဇ္ဇာဓိုရ်က စီမံပါလိမ့်မယ်။ လူလေးတို့သာ ကိုယ့်အလပ်ြကိုပဲ စိတ်နှစ်လုပ်ပါ…”

ဒိုးညီနောင်တို့ စိတ်ကို ဒုန်းဒုန်းချလိုက်ပြီး အာရုံကို သမထဆီမှာပဲ ပြန်နှစ်လိုက်မိကြတယ်။

တအောင့်ကြာတော့ သူတို့နှစ်ယောက် သမထရေယာဉ်ကြောဆီမှာ နစ်၀င်စိမျောနေခဲ့ကြလေပြီ။

*******

သန်းခေါင်ယံကျော်လို့ တပေါင်းလပြာ့်နေ့ဆီကို ကူးပြောင်းပြီဆိုတာနဲ့ မဏ္ဍာပ်ကြီးအထဲဆီက လူသံသူသံတွေ ရုတ်ခြည်းတိတ်ဆိတ်သွားတယ်။

” အချိန်ကျပြီပဲ လူလေးတို့။ ဘဘတို့ မဏ္ဍာပ်ထဲကို သွားကြစို့ရယ်…”

ချက်ချင်းပဲ သူတို့သုံးယောက် မဏ္ဍာပ်ဆီကို ဆင်းလာခဲ့ကြတယ်။

မဏ္ဍာပ်ဆီကိုရောက်တော့ ရွာသူရွာသားတို့အားလုံး မိန်းမောပြီး ကျောက်ရုပ်ကြီးတွေလိုဖြစ်နေတာကို တွေ့လိုက်ကြရတယ်။

” သူတို့နှစ်ယောက် ရောက်နေကြပြီ…”

ဦးသိဒ္ဒိပြောတဲ့အတိုင်းပါပဲ။

ဆင်းတုတော်ရဲ့ အရှေ့ဆီမှာတော့ ၀တ်ဖြူစင်ကြယ်နဲ့ အသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့အတူ ဆင်းတုတော်ကို လက်အုပ်ချီလို့ မျက်တောင်မခတ်တမ်း တစိုက်မတ်မတ် ဖူးမြှော်နေတဲ့ အရူးကံကောင်းတို့ကို ဒိုးညီနောင်တို့ တွေ့လိုက်ကြရတယ်။

” ရောင်းရင်း ယက္ခတိံဒ၊ သင့်ရဲ့ အတိတ်ဘ၀က မပြီးပြတ်ခဲ့တဲ့အမှုကို အခုပဲ အသင်ကိုယ်တိုင် အပြီးသတ်ချေပါတော့…”

ဝိဇ္ဇာဓိုရ်က ကံကောင်းကို ပြောလိုက်တယ်။

အရူး ကံကောင်း သက်၀င်လှုပ်ရှားလာတယ်။ ပြီးတော့ သူ့လည်ပင်းဆီက ကြေးပြာကြီးကို သူကိုယ်တိုင် ချွတ်ယူလိုက်ပြီး ဝိဇ္ဇာဓိုရ်ကို လှည့်ကြည့်တယ်။

ဝိဇ္ဇာဓိုရ်က ခေါင်းညိတ်ပြတော့ ကံကောင်းက ဆင်းတုတော်ဆီကို ချဉ်းကပ်သွားခဲ့ပြီး ချိုင်ခွက်နေတဲ့ နေရာဆီကို ကြေးပြားကြီးနဲ့ ဖိကပ်လိုက်တယ်။

အံ့သြစရာကောင်းလွန်းပါရဲ့…။

ကံကောင်းဖိကပ်လိုက်တဲ့ ကြေးပြားကြီးက ဆင်းတုတော်ရဲ့ ကိုယ်လုံးတော်ဆီကို တစ်စတစ်စပျော်၀င်ပြီး အသားကျသွားခဲ့လေတယ်။

မြင်ကွင်းကို ကြည့်ပြီး ဒိုးညီနောင်တို့ ပါးစပ်အဟောင်းသားဖြစ်သွားကြရတယ်။ ဥိးသိဒ္ဒိကတော့ ပြုံးနေတယ်။

ပြီးတော့ သုံးယောက်စလုံး ပြိုင်တူ လက်အုပ်ချီရင်း ဆင်းတုတော်ကို ဖူးမြှော်မိကြတယ်။

အရူး ကံကောင်းကလည်း ၀မ်းသာကြည်နူးလွန်းနေတဲ့ မျက်နှာနဲ့ သူ့နေရာကို ပြန်ဆင်းလာပြီး ဒူးတုပ်ထိုင်လို့ ဆင်းတုတော်ကို အြိကမ်ကြိမ် ဦးခိုက်ကန်တော့နေတော့တာ။

ဝိဇ္ဇာဓိုရ်က ဦးသိဒ္ဒိဆီကို လှမ်းကြည့်ပြီး နှုတ်ဆက်လာတယ်။ ဦးသိဒ္ဒိက ခေါင်းကို အသာညိတ်ပြပြီးချိန်မှာတော့ ဝိဇ္ဇာဓိုရ်ရဲ့ ပုံရိပ်က တဖြေးဖြေး မှေးမှိန်ပြီး ပျောက်ကွယ်သွားလေရဲ့။

ဝိဇ္ဇာဓိုရ်ရဲ့ ပုံရိပ် လုံးလုံးလျားလျားကွယ်သွားချိန်မှာတော့ မိန်းမောနေကြတဲ့ ရွာသူရွာသားတွေအားလုံး ချက်ချင်းပဲ ပြန်လည် လှုပ်ရှားသက်၀င်လာခဲ့ကြပြီ။

သူတို့အားလုံး ကိုယ့်ကိုကို ဘာဖြစ်မှန်းမသိ ပြန်လည်ဆန်းစစ်နေကြရင်း ဆင်းတုတော်ကို အကြိမ်ကြိမ်ဦးခိုက်ကန်တော့်နေတဲ့ ကံကောင်းကို မြင်သွားကြတယ်။

ပြီးတော့ ဆင်းတုတော်ဆီက ပြည့်ဝနေလေပြီဖြစ်တဲ့ ချိုင့်ခွက်နေရာကိုလည်း သွားရေညက်ကြည့်ကြပြီး တအံ့တသြတွေညဖြစ်ကုန်ကြလို့…။

အဲ့ဒီ့အချိန် ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ကတော့ လရောင်ထင်းထင်းကို အဖော်ပြုပြီး မဏ္ဍာပ်ကြီးကို ကျောခိုင်းလို့ မြောက်အရပ်ဆီကို ဦးတည်လို့ ထွက်ခွာခဲ့ကြပြန်ပါတော့တယ်။

ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ အင်းချောင်းဆိုတဲ့ရွာဆီကို ရောက်ခဲ့ကြပြီး အဲ့ဒီ့ရွာဆီမှာ ကြုံတွေနေရတဲ့ အမှောင့်ပယောဂ ပြဿနာတစ်ခုကို ဖြေရှင်းကြရပြန်ပါတော့တယ်။

ဒီအကြောင်းကိုတော့ ” ရှင်လောင်းတစ္ဆေ” ဆိုတဲ့ စာမူမှာ ဆက်လက်ရှုစားပေးကြပါခင်ဗျာ။

နောင်ရိုး(ဆေးတပ်)

***အတိတ္ကံထူး ထိုအ႐ူး***(စ/ဆုံး)
————————-@@@@@———————————

ပ်ဥ္းမပင္႐ြာဆီမွာ အ႐ူးေယာက္ရွိတယ္။ နာမည္က ကံေကာင္းတဲ့…။

သူ႔အသက္က ၂၀ ေက်ာ္ေက်ာ္…။

လူပုံက ပိန္ရွည္ရွည္၊ ခါးကိုင္းကိုင္းနဲ႔။ ႐ုပ္သြင္ကေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္ဆိုေပမယ့္ ေခါင္းကေတာ့ အၿမဲတမ္းကတုံးေျပာင္ေနေအာင္ တုံးထားတတ္တာ။

သူရဲ႕ အတိတ္အေၾကာင္းကို ဘယ္သူမွ ေရေရရာရာေတာ့ မသိၾကဘူး။

သိမွီသမွ်ကို ေျပာရရင္ေတာ့ ကံေကာင္းဟာ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ေလာက္က ပ်ဥ္းမပင္႐ြာကို သူ႔အေဖနဲ႔အတူ ေရာက္လာတာ။

သူတို႔ သားအဖႏွစ္ေယာက္က ခရီးသြားေတြျဖစ္ဟန္တူၿပီး အထုပ္အပိုးေတြလည္း ပါရဲ႕။

ပ်ဥ္းမပင္႐ြာကို ေရာက္ေတာ့ သားအဖႏွစ္ေယာက္ ႐ြာထိပ္က ေစတီကေလးဆီမွာ ခဏတာ၀င္နားရင္း ဖခင္ျဖစ္သူက အသက္မီးစာကုန္ခမ္းခဲ့ရေလတယ္။

ဒီေတာ့ ရပ္႐ြာက မေနသာဘဲ ကံေကာင္းရဲ႕ ဖခင္ႀကီး နာေရးကိစၥစီမံေဆာင္႐ြက္ေပး။ ၿပီးေတာ့ လူမမယ္အ႐ြယ္၊ အဲ့ဒီ့တုန္းကတည္းက စိတ္မႏွံ႔သူ ေကာင္ေလးကိုလည္း ကံေကာင္းလို႔ နာမည္ေပးၿပီး ေစာင့္ေရွာက္ဖို႔ တာ၀န္ကို ယူေပးခဲ့ရေတာ့တာရယ္။

အစကေတာ့ ကံေကာင္းေလးကို ရပ္႐ြာထဲမွာပဲ ေခၚထားၾကတယ္။ ဒါေပမယ့္ ကံေကာင္းက သိပ္ကို အစြဲအလန္းႀကီးတယ္ေျပာရမယ္။

ရပ္႐ြာထဲက ဘယ္သူ႔အိမ္ဆီမွာမွ သူ လိုက္မေနခဲ့ဘူး။ သူ႔ဖခင္ ေနာက္ဆုံး ေခါင္းခ်ခဲ့ရာ ႐ြာဦးထိပ္က ေစတီကေလးဆီမွာပဲ သူအဆင္ေျပသလို သြားေနတယ္။

ေစတီကေလးဆီမွာ ေနၿပီး မနက္မိုးလင္းတာနဲ႔ ပတ္၀န္းက်င္တဝုိက္ကို သန္႔ရွင္းေရးလုပ္။ ၿပီးတာနဲ႔ စိတ္ထင္ရာ သီခ်င္းတို႔ကို သီဆိုလို႔ ကခုန္လို႔ ႐ြာထဲကို သူ၀င္လာတတ္တယ္။

ၿပီးရင္ေတာ့ ရပ္႐ြာက ေပးစာကမ္းစာကို စားေသာက္ၿပီး ညေနေစာင္းရင္ေတာ့ ေစတီကေလးဆီ ျပန္သြားတတ္ေလရဲ႕။

ထင္ရွားတဲ့ သူ႔ရဲ႕ အမွတ္သညာကိုေျပာပါဆိုရင္ေတာ့ ႐ြာကိုစ’ေရာက္လာကတည္းက သူ႔လည္မွာ ဆြဲထားခဲ့တဲ့ သူငယ္ေတာ္လည္ဆြဲလို ေၾကးျပားအဝိုင္းႀကီးတစ္ခုပဲ။

ဒီေၾကးျပားႀကီးကိုေတာ့ ကံေကာင္းတို႔ ဘယ္လိုအခါမွာမွ မခြၽတ္တတ္ဘူး။သူ႔ဘ၀မွာ တန္ဖိုးအရွိဆုံး အရာတစ္ခုလို သတ္မွတ္ၿပီး အၿမဲလိုလို အျမတ္တႏိုးထား၊ အရိပ္တၾကည့္ၾကည့္နဲ႔ပဲ။

တစ္ပါးသူတို႔က ထိကိုင္ၾကည့္ရင္ေတာင္ သူမႀကိဳက္ဘူး။ အဲ့ဒီ့သူကို ရန္ရွာျပဳမူတဲ့အထိကိုပါပဲ။

အခုလည္း ကံေကာင္းတို႔ ထုံးစံအတိုင္း မနက္အေစာႀကီးရွိေသးတယ္။ ႐ြာထဲကို ကခုန္ၿပီး ၀င္လာခဲ့ေလရဲ႕။

” ေအာင္ေစ…ေအာင္ေစ… ပိုင္ေစ…ပိုင္ေစ…ေအာင္ေစဟဲ့ ေအာင္ေစ…ပိုင္ေစဟဲ့…ပိုင္ေစ…”

ဘာကို အာ႐ုံရေနတယ္ေတာ့မသိဘူး။ သူ႔ ပါးစပ္က “ေအာင္ေစပိုင္ေစ” ကို ထပ္ဖန္တလဲလဲ သီခ်င္းလုပ္ဆိုလို႔ ကေနတာမ်ား ေကြးလို႔ရယ္။

ကရင္းခုန္ရင္းနဲ႔ ႐ြာအလယ္ပိုင္းက အေၾကာ္ဆိုင္ေရွ႕ကို ကံေကာင္းေရာက္လာတယ္။

အေၾကာ္ဆိုင္မွာက မနက္ခင္းပိုင္း အလုပ္သြားၾကမယ့္သူေတြက ေကာက္ညင္းေပါင္းနဲ႔ အေၾကာ္စုံကို မနက္စာအျဖစ္ ၀င္ေရာက္စားသုံးေနၾကခ်ိန္ဆိုေတာ့ လူစုံတက္စုံရွိေနတဲ့အခ်ိန္…။

” ကံေကာင္းေရ…ေအာင္ျခင္းရွစ္ပါးေလး တစ္ပုဒ္ေလာက္…”

ဆိုင္ထဲက အေၾကာ္စားေနတဲ့ ကို၀င္းတင္က ကံေကာင္းကို လွမ္းေျပာတာ။

” ေအာင္ျခင္းရွစ္ပါးလား…ဟုတ္ၿပီ ရမယ္…”

ကံေကာင္းက ေျပာၿပီးတာနဲ႔ ခ်က္ခ်င္ ဟိတ္ဟန္ကို ေျပာင္းလဲလိုက္တယ္။ ၿပီးေတာ့ ဇာတ္မင္းသားလိုဟန္နဲ႔ ေျခလက္တို႔ကို ခ်ိဳးလိုက္ၿပီး…။

” အို…မာရ္နတ္မင္းမွာ လက္႐ုံးတစ္ေထာင္ ရွိသည္…အဲ…ငါ့မွာက်ေတာ့ ႏွစ္ေခ်ာင္းထဲရွိသည္…”

အဟုတ္မွတ္လို႔ နားေထာင္ေနၾကသူတို႔ ေဝါခနဲ ထရယ္ကုန္ၾကတယ္။

ကံေကာင္းကေတာ့ ဒါကို အမႈမထားႏိုင္ဘူး။ သူ႔သီခ်င္း သူ႔ကေျခနဲ႔ အဟုတ္ကို ကေနေတာ့တာပဲ။

ဘာပဲျဖစ္ျဖစ္ မနက္ခင္းေလးတစ္ခုကေတာ့ ကံေကာင္းရဲ႕ ေဆာင္မမႈေၾကာင့္ လူတိုင္း စိတ္ၾကည္လင္ခဲ့ၾကရတယ္။ သူ႔ကိုလည္း အေၾကာ္၊ ေကာက္ညႇင္းေပါင္း ၀ယ္ေကြၽးသူေကြၽးနဲ႔။

အဲ့ဒီ့ကေန ေနာက္ပိုင္းမွာေတာ့ မွတ္မွတ္ထင္ထင္ကိုပဲ ကံေကာင္းတစ္ေယာက္ ႐ြာထဲကို ေရာက္မလာခဲ့တာ တစ္ပါတ္တိတိရွိခဲ့ေလတယ္။

တစ္ရက္မွာေတာ့…။

******

” ဒူ…ဒူ…ဒူ…”

သူႀကီးအိမ္ဆီက ေမာင္းထုသံ။

မၾကာခင္ ႐ြာသူ႐ြာသားတို႔ ခပ္သုတ္သုတ္ပဲ သူႀကီးအိမ္ရွိရာဆီကို ေရာက္ရွိလာၾကတယ္။

အိမ္ေအာက္က တန္းလ်ားဆီမွာေတာ့ သူႀကီးျဖစ္သူတို႔ အသိုင္းအဝိုင္းနဲ႔အတူ ႐ြာစြန္က ေပတိုးဆိုတဲ့ ႏြားေက်ာင္းသားေလးလည္း ရွိေနခဲ့ရဲ႕။

” သူႀကီး…ဘာအေရးရွိလို႔လဲဗ်…”

အရင္ေရာက္ေနသူတစ္ေယာက္က စိတ္ေစာလ်င္ၿပီး ေမးတာ။ သူႀကီးက လက္ကာျပၿပီး…။

” ေအး…ကိစၥကေတာ့ အေရးႀကီးတယ္ဆိုတာထက္ တို႔႐ြာအတြက္ ေကာင္းျခင္းမဂၤလာေတြ ေဆာင္ယူလာတယ္လို႔ ယူဆစရာပဲ။ လူစုံေအာင္ခဏေစာင့္ေခ်၊ လူစုံမွ ေျပာျပမယ္…”

႐ြာသားတို႔ တဖြဲ႕ဖြဲ႕ေရာက္လာၾကတယ္။ အခ်ိန္အနည္းငယ္ အၾကာမွာေတာ့ လူစုံတက္စုံ ရွိလာခဲ့ၿပီ။

” အဟမ္း…”

သူႀကီးက ေခ်ာင္းဟန္႔သံကို ျပဳလိုက္ၿပီး တစ္ေယာက္တစ္ေပါက္ ေျပာဆိုေနၾကတဲ့ ႐ြာသူ႐ြာသားတို႔ရဲ႕ အာ႐ုံကို သူ႔ဆီေရာက္ေအာင္ စုစည္းလိုက္တယ္။

စကားသံေတြတိတ္ၿပီး အၾကည့္ေတြက သူ႔ဆီေရာက္ရွိလာခ်ိန္မွာေတာ့ သူႀကီးက…။

” ကဲ…အခုလို အားလုံးကို စုစည္းရတဲ့ အေၾကာင္းကေတာ့ ႐ြာဦးေစတီကေလးရဲ႕ တစ္ဖက္ဆီက ခင္တန္းကေလးဆီမွာ ေၾကးဘုရားတစ္ဆူေပၚတယ္တဲ့…”

” ဟာ…ဘုရားေပၚတယ္…”

” ဟုတ္ပါ့ အံ့ၾသလိုက္တာ…”

” အမေလး ၾကားရတာနဲ႔ကို ၾကည္ႏူးပီတိရွိလိုက္တာ…”

႐ြာသူ႐ြာသားတို႔ မ်က္ႏွာမွာ ပီတိအၿပဳံးပန္းေတြ ေဝကုန္ၾကရရင္း စကားသံေတြက တစ္ေယာက္တစ္ခြန္းနဲ႔ကို ကြၽတ္စီညံေနေလတယ္။

” ဟုတ္တယ္…ေျမထဲကေန ထိုးထြက္ေနတဲ့ ဘုရားရဲ႕ ဦးေခါင္းေတာ္ကို ဖူးေတြခဲ့ရတာကေတာ့ ေဟာ့ဒီက ေပတိုးရယ္…”

” သူႀကီး…ဘုရားေပၚတယ္ဆိုေတာ့ က်ဳပ္တို႔ အျမန္ဆုံးပဲ သြားပင့္ၾကရေအာင္ေလဗ်ာ…”

တစ္ေယာက္က ၀မ္းသာၾကည္ညိဳလိုစိတ္ကို မထိန္းႏိုင္ဘဲ အေလာတႀကီး ေျပာလာတယ္။ သူႀကီးက ေခါင္းကို အသာခါရမ္းလိုက္ၿပီး…။

” သြားပင့္ဖို႔က ကံေကာင္းေၾကာင့္ ခက္ေနတယ္…”

” ကံေကာင္းေၾကာင့္…ဘယ္လိုျဖစ္ရတာလဲ…”

႐ြာသားေတြက ျပန္ေမးၾကခ်ိန္ သူႀကီးက စိတ္မသက္မသာနဲ႔ သက္ျပင္းကို ခ်လိုက္ၿပီး…။

” ကံေကာင္း စိတ္ေဖာက္ေနတယ္လို႔ ယူဆရတယ္။ ေပတိုးကိုေတာင္ တုတ္နဲ႔ အေသလိုက္႐ိုက္ဖို႔ ႀကိဳးစားတယ္တဲ့…”

” ဟာ…”

အားလုံးဆီက အာေမဋိတ္သံေတြ ထြက္ေပၚလာခဲ့တယ္။

ကံေကာင္းက သူတို႔႐ြာကို ေရာက္လာၿပီးကတည္းက စိတ္ေဖာက္ၾကမ္းတမ္းတာမ်ိဳး မႀကဳံခဲ့ဖူးဘူး။ သူက ႐ူးတယ္ဆိုေပမယ့္ သူ႔ဘာသာ ကရင္းခုန္ရင္း ေနတာေလာက္ပဲရွိတာ။ သူတစ္ပါးကို ရန္မူရန္ျပဳတာမ်ိဳးကို တစ္ခါမွ မရွိခဲ့ဘူး။

” ဟုတ္ပါ့မလား သူႀကိးရယ္။ က်ဳပ္တို႔ေတာ့ ယုံရခက္ခက္ပဲ…”

” တကယ္ကို ျဖစ္ေနတာ။ ငါတို႔သြားၾကည့္ေတာ့လည္း ဒီလိုပဲ။ ငါ့အထင္ ဒီဘုရားကို ကံေကာင္းက အရင္ဆုံးဖူးေတြ႕ထားတဲ့ပုံပဲ။ အဲ…မင္းတို႔ ျမင္သာေအာင္ အေသအခ်ာေျပာျပရရင္ မနက္က ေဟာ့ဒီ့ေပတိုးက ႏြားေတြလွန္ရင္း အဲ့ဒီဘက္ကို ေရာက္ေတာ့ ေျမထဲကေန ထိုးထြက္ေနတဲ့ ဘုရားကို ဖူးေတြ႕မိတာ။ ဒါေပမယ့္ ေသခ်ာေတာင္ မဖူးလိုက္ရေသးဘူး၊ ဘယ္က ဘယ္လိုေရာက္လာမွန္းမသိတဲ့ ကံေကာင္းက အဲ့ဒါ ငါ့ဘုရား၊ မင္းတို႔နဲ႔ မဆိုင္ဘူးဆိုၿပီး တုတ္နဲ႔အတင္း လိုက္႐ိုက္လို႔ ေပတိုး အသဲအသန္ ျပန္ေျပးခဲ့ရတယ္တဲ့။ အဲ့ဒီကေန ဒီကေလးက ငါတို႔ကိုလာေျပာတယ္။ ဒါနဲ႔ ငါလည္း ေပတိုးနဲ႔အတူတူျပန္သြားၿပီး ကံေကာင္းကို ေခ်ာ့ေမာ့ေျပာလို႔ ၾကည့္မယ္လုပ္တာ။ မရဘူး ေမာင္…။ ကံေကာင္းက ငါတို႔ကို အဲ့ဒီ့အနားကိုေတာင္ အကပ္မခံဘဲ တမ္းရန္မူေနတာပဲ။ ဘာမွေတာင္ မေျပာႏိုင္ဘူး ေနာက္ေၾကာင္းျပန္ဆုတ္ခဲ့ရတယ္…”

” ဟာ…”

” ကံေကာင္းက အရင္ ဒီလို မဟုတ္ပါဘူး။ သိပ္ကို သေဘာေကာင္းတာ။ အခုမွ ဒီေကာင္…ဘယ္လိုျဖစ္ၿပီး စိတ္ေဖာက္သြားတာလဲ…”

” ဒါေၾကာင့္ထင္တယ္။ သူ ဒီရက္ပိုင္း ႐ြာထဲကို ေရာက္မလာတာ သတိထားမိတယ္…”

အသံေတြက ထပ္မံၿပီး ကြၽတ္စီညံလာျပန္တယ္။

သူႀကီးက ေခ်ာင္းသံကို ထပ္ျပဳၿပီး ဟန္႔တားေတာ့ ျပန္ၿငိမ္သြားၾကျပန္ရဲ႕။

“ေအး အဲ့ဒါေၾကာင့္မလို႔ မင္းတို႔ကို အသိေပးၿပီး ဒီကိစၥကို စီစဥ္ခ်င္တာ…”

အားလုံး တစ္ခဏတာ တိတ္ဆိတ္ကုန္ၾကတယ္။ အတန္ၾကာေတာ့ ကာလသားေခါင္း ပါႀကီးက…။

” က်ဳပ္တို႔ ကာလသားေတြ စုၿပီး သူ႔ကို ဝိုင္းထိန္းၾကမယ္ သူႀကီးရာ။ ၿပီး သူစိတ္ၿငိမ္မွ ေအးေအးေဆးေဆး ေခ်ာ့ေျပာၾကတာေပါ့…”

သူႀကီးဆီက သက္ျပင္းခ်သံ ထြက္ေပၚလာတယ္။

” အင္းေလ…ဘုရားေပၚေတာ္မူတယ္ဆိုတာက ႐ြာအတြက္ေကာင္းေပမယ့္ ကံေကာင္းကိုလည္း မထိခိုက္ေစခ်င္ဘူး။ ဒါကိုေတာ့ မင္းတို႔ ေသခ်ာလုပ္ကြာ…”

အစီအစဥ္အတိုင္း ခ်က္ခ်င္းလူစုၿပီး ႐ြာအျပင္ကို ထြက္လာၾကတယ္။

ေစတီကေလးဆီမွာေတာ့ ကံေကာင္းရဲ႕ အရိပ္အေယာင္ကိုေတာင္မွ မေတြ႕ရဘူး။

ခင္တန္းကေလးဘက္ဆီကို လွမ္းၾကည့္ေတာ့ ကံေကာင္းတစ္ေယာက္ ကုန္းကမူေလးတစ္ခုအေရွ႕မွာထိုင္ၿပီး အႀကိမ္ႀကိမ္ ဦးခ်ကန္ေတာ့ေနတာရယ္။

” ကဲ…မင္းတို႔ သူ႔ဆီ တိတ္တိတ္သြားၿပီး ထိန္းထားေခ်ကြာ…”

ကာလသားတစ္သိုက္ ကံေကာင္းအနားကို ခ်ဥ္းကပ္ၿပီး လွ်ပ္တျပက္ဝိုင္းထိန္းၾကတယ္။

႐ုတ္တရက္ဆိုေတာ့ ကံေကာင္း အလစ္အငိုက္မိသြားရၿပီး ကာလသားတို႔ခ်ဳပ္ေႏွာင္တာ ခံရေလေတာ့တာ။

******

” မထိၾကနဲ႔ အဲ့ဒါ ငါ့ဘုရား။ မင္းတို႔နဲ႔ မဆိုင္ဘူး…”

ကံေကာင္းတစ္ေယာက္ သူ႔ကို တုပ္ေႏွာင္ထားတဲ့ ႀကိဳးေတြဆီက ႐ုန္းကန္ရင္းက အသံကုန္ေအာ္ဟစ္ေနတယ္။

သူႀကီးနဲ႔ အဖြဲ႕ကေတာ့ ေပၚေတာ္မူဘုရားကို တူးေဖာ္ေနခဲ့ၾကေလၿပီ။

လူေတြကလည္း အဲ့ဒီ့အ၀န္းမွာ မနည္းမေနာကိုပဲ စည္းကားေနတယ္။

ကံေကာင္းက ႐ုန္းကန္ေအာ္ဟစ္ေနေပမယ့္ ဘယ္သူကမွ သူ႔ကို အာ႐ုံမထားႏိုင္ၾကဘူး။ ဘုရားကို တူးေဖာ္ေနၾကတဲ့ဆီမွာပဲ လူေတြက စုၿပဳံတိုးေဝွ႔ေနေတာ့တာ။

အထိအခိုက္မရွိေအာင္ ဂ႐ုစိုက္တူးၾကရင္းနဲ႔ ဥာဏ္ေတာ္ ႏွစ္ေတာင္ခန္႔ရွိတဲ့ ေၾကးဆင္းတုေတာ္က ေျမေပၚဆီကို ကိန္း၀ပ္လာႏိုင္ခဲ့ၿပီ။

” ဟာ…ဘုရားက ေက်ာကုန္းေတာ္မွာ အေပါက္ႀကီးနဲ႔…”

သူ႔ထက္ငါ အလုအယက္ ဖူးေျမႇာ္ၾကရင္းနဲ႔ ဘုရားရဲ႕ ေက်ာကုန္းေတာ္ဆီမွာ လက္တစ္ဝါးစာသာသာ ခ်ိဳင့္ခြက္ေနတာကို ျမင္ၾကရတယ္။

ကိုးကြယ္ဆည္းကပ္ရာမို႔ ဒီျမင္ကြင္းက အားလုံးရဲ႕ရင္ကို နင့္ခနဲပဲ ခံစားရေစေလရဲ႕။

” ဘာပဲျဖစ္ျဖစ္ တို႔႐ြာနဲ႔ ကိုးကြယ္ထိုက္လို႔ ေပၚေတာ္မူလာတာ။ ဒါကို ျပစ္ခ်က္မျဖစ္ေအာင္ လုပ္ေဆာင္ရမွာက တို႔ေတြရဲ႕ တာ၀န္ပဲ…”

” ဟုတ္တယ္။ တို႔တစ္ေတြ ဘုရားရဲ႕ ခ်ိဳင့္ေနတဲ့ ေနရာကို ျပန္ျဖည့္ၿပီး သြန္းေလာင္းၾကတာေပါ့…”

သူႀကီးရဲ႕ ေျပာစကားနဲ႔ လူႀကီးသူမတခ်ိဳ႕ရဲ႕ ဆုံးျဖတ္ခ်က္က ၾကည္ညိဳသဒၵါစိတ္ေတြနဲ႔ ယိုဖိတ္ေနၾကရဲ႕။ ႐ြာသူ႐ြာသားအားလုံးကလည္း ဒီအစီအစဥ္ကို ကန္႔ကြက္သူမရွိ တစ္ညီတစ္ၫြတ္ထဲ ေထာက္ခံၾကေလတာ။

အဲ့ဒီ့ေန႔ကစလို႔ ႐ြာဦးေစတီကေလးဆီမွာ မ႑ာပ္ႀကီးကို အႀကီးႀကီးနဲ႔ ဘုရားကို အေနကဇာတင္လႉပြဲလုပ္ဖို႔ကို တိုင္ပင္ၾကတယ္။

ၿပီးေတာ့ အလႉခံၿပီး ဘုရားရဲ႕ ခ်ိဳင့္ခြက္ေနတဲ့ေနရာကို ေၾကးသြန္းျဖည့္စြက္ဖို႔အတြက္ကိုပါ တၿပိဳင္နက္ထဲ လုပ္ေဆာင္ဖို႔ စီစဥ္၊ ျပင္ဆင္ၾကေတာ့တာ။

အဲ့ဒီ့လို ျပင္ဆင္လုပ္ေဆာင္ေနခ်ိန္မွာေတာ့ သူႀကီးရဲ႕ အိမ္ဆီမွာေတာ့ ကံေကာင္းကို ထိပ္တုံးခတ္လို႔ ထိန္းသိမ္းထားၾကတယ္။ မဟုတ္ရင္ ကံေကာင္းက ဘုရားပြဲဆီကို လာၿပီး ေႏွာက္ယွက္ႏိုင္တယ္ေလ။

” ေဟ့…ပါႀကီး။ ကံေကာင္းကို မလြတ္ေစနဲ႔ေနာ္ ေသခ်ာခ်ဳပ္ထားေခ်…”

ကံေကာင္းလြတ္သြားမွာစိုးလို႔ ႐ြာအႀကီးအကဲတို႔က အေစာင့္အၾကပ္တို႔ကို အႀကိမ္ႀကိမ္ သတိေပးေနၾကတယ္။

ထိန္းသိမ္းခံထားရခ်ိန္မွာ ကံေကာင္းပါးစပ္က စကားတခ်ိဳ႕ကို အဆက္မျပတ္ေရ႐ြတ္ေနတယ္။

အနားမွာ ေစာင့္ၾကပ္သူတို႔က သူဘာေျပာလဲ နားေထာင္ၾကေပမယ့္ ေသခ်ာသဲကြဲေအာင္ မၾကားၾကရဘူး။ သြားေမးဖို႔က်ျပန္ေတာ့လည္း ကံေကာင္းစိတ္ေဖာက္ေနတယ္လို႔ ယူဆတာမို႔ အနားကို မကပ္ရဲၾကဘူးရယ္။

ဒီေတာ့လည္း ေနာက္မ်ားမွာေတာ့ မၾကားရင္း အတူတူ ဘယ္သူကမွ ကံေကာင္းေျပာေနတာေတြကို ဂ႐ုစိုက္ၿပီး နားေထာင္မေနေတာ့ပါဘူး။

တကယ္ေတာ့ ကံေကာင္း အႀကိမ္ႀကိမ္ ေရ႐ြတ္ေနတဲ့စကားက…။

” အဲ့ဒါက ငါ့ဘုရား။ ငါကို ဝိဇၨာဓိုရ္ဘဘက ေပးခဲ့တာ…”

ဆိုတဲ့ စကားတစ္ခြန္းကိုပါပဲ…။

******

” သူႀကီး…ေၾကးေတြသြန္းၿပီးျဖည့္တာလည္း ပိႆာခ်ီၿပီး ကုန္ေနၿပီ။ ခ်ိဳင့္ေနတဲ့ေနရာက ျပည့္မလာဘူး…”

” ေဟ…”

ေၾကးသြန္းလုပ္ငန္းကို စတင္တဲ့ေန႔မွာပဲ ျပႆနာက မထင္မွတ္ဘဲ ျဖစ္ေပၚလာခဲ့တယ္။

” ဒါ ဘယ္လို ျဖစ္ရတာလဲ…”

” မေျပာတတ္ဘူးဗ်ာ။ ျဖည့္တုန္းခဏပဲ။ ၿပီးရင္ ျပန္ခြက္သြားတာ…”

သူႀကီးျဖစ္သူ ေခါင္းကုတ္ရၿပီ။

႐ြာဆီက ဆရာေတာ္ အရွင္သူျမတ္တို႔ကို ေလွ်ာက္တင္ၾကည့္ေတာ့လည္း အေျဖက ရွိမလာ။ ရပ္မိရပ္ဖတို႔ ဝိုင္း၀န္းေတြးေတာၾကေသာ္လည္း အေျဖက မရ။ ခက္ေတာ့ခက္ရကုန္ၿပီ။

” ဘုရားဆီမွာ ေၾကးသတၱဳကို ေခ်စားႏိုင္တဲ့ အရာမ်ား ရွိေနလို႔လား…”

” ဒီ့ထက္မကတဲ့ အေၾကာင္း တစ္စုံတစ္ရာေတာ့ ရွိေနမယ္ထင္တယ္…”

အားလုံးက အမ်ိဳးအဖုံဖုံ စဥ္းစားၾကေပမယ့္လို႔ ဒီကိစၥက ေျပလည္မသြားခဲ့ဘူး။

ဒီလိုနဲ႔ သုံးရက္ေျမာက္တဲ့ေန႔ မနက္မွာေတာ့ ႐ြာဆီကို ေယာဂီ၀တ္ကိုယ္စီဆင္ျမန္းထားတဲ့ လူႀကီးတစ္ေယာက္နဲ႔ ႐ုပ္ရည္ခ်င္း ကေလးႏွစ္ေယာက္လာခဲ့တယ္။

သူတို႔က ႐ြာထဲကို ၀င္ေရာက္လာၾကရင္း ႐ြာသူ႐ြာသားတို႔ မ်က္ႏွာမေကာင္းၾကတာကို သတိထားမိၾကရေလရဲ႕။

ဒီလိုနဲ႔ အိမ္တစ္အိမ္အေရွ႕ေရာက္တဲ့အခါမွာေတာ့ အိမ္ေအာက္မွာ ထိပ္တုံးအခတ္ခံထားရတဲ့ သူ႐ူးလို႔ ယူဆရတဲ့ လူတစ္ေယာက္က စကားတခ်ိဳ႕ကို တတြတ္တြတ္ေရ႐ြတ္ေနတာကို သူတို႔ၾကားလိုက္ရတယ္။

” အဲ့ဒါ ငါ့ဘုရား…ငါ့ကို အရင္ဘ၀တုန္းက ဝိဇၨာဓိုရ္ဘဘက ေပးသြားတာ…”

အဲ့ဒီသူ႐ူးက တိုးတိုးတိုးတိုးနဲ႔ တတြတ္တြတ္ေရ႐ြတ္ေနတာျဖစ္ေပမယ့္ သူ႔စကားကို လူႀကီးက ရွင္းရွင္းလင္းလင္း ၾကားမိၿပီး ၿပဳံးမိသြားတယ္။

ဒါကိုျမင္ေတာ့ နံေဘးက ကေလးႏွစ္ေယာက္က…။

” ဘဘ ဘာျဖစ္လို႔ ၿပဳံးတာလဲ…”

လူႀကီးက ကေလးႏွစ္ေယာက္ကို မၾကည့္ဘဲ…။

” ဘဘအထင္ေတာ့ ဒီ႐ြာမွာ ဘုရားဆင္းတုေတာ္တစ္ဆူနဲ႔ ပက္သက္ၿပီး ထူးဆန္းတာေတြ ျဖစ္ေနတယ္လို႔ ထင္မိလို႔ပါ…”

” ဟုတ္လား ဘယ္လိုမ်ိဳးလဲ ဘဘသိဒၵိရဲ႕…”

ဘဘသိဒၵိဆိုတဲ့ လူႀကီးက ထပ္ၿပီးၿပဳံျပန္တယ္။

” ဘယ္လိုကိစၥလဲဆိုတာေတာ့ တို႔သိရေအာင္ သူတို႔ကိုပဲ ေမးျမန္းၾကည့္တာေပါ့…”

သူတို႔ ႐ြာလမ္းအတိုင္း ဆက္လာခဲ့ၾကတယ္။

႐ြာအလယ္ေလာက္ဆီက အေၾကာ္ဆိုင္ေလးဆီေရာက္ေတာ့ လူရွင္းေနတာမို႔ ဆိုင္ထဲကို သူတို႔၀င္ထိုင္လိုက္ၾကတယ္။

ဆိုင္ရွင္မိန္းမႀကီးက သူတို႔ကို ျမင္ေတာ့ အေၾကာ္ဗန္းထဲက အေၾကာ္တခ်ိဳ႕ယူလာၿပီး ခ်ေပးလာတယ္။

သိဒၵိဆိုတဲ့ လူႀကီးက အေၾကာ္ပန္းကန္ကို လွမ္းယူၿပီး…။

” ဒီက တူမႀကီးကို တစ္ခုေလာက္ေမးစမ္းၾကည့္ခ်င္တယ္။ ရမလား…”

ဆိုင္ရွင္မိန္းမႀကီးက သူတို႔ကို ျပန္လွည့္ၾကည့္လာတယ္။ ၿပီးေတာ့ ေယာဂီေတြျဖသ္တာမို႔ တ႐ိုတေသနဲ႔…။

” ရပါတယ္ အဘ၊ ေမးပါရွင့္…”

” ဘာရယ္ေတာ့မဟုတ္ပါဘူး။ ဒီ႐ြာရဲ႕ နာမည္နဲ႔ ၿပီးေတာ့ ႐ြာကို ၀င္လာတုန္းက ႐ြာကလူေတြ မ်က္ႏွာမသာမယာျဖစ္ေနတာ သတိထားမိလို႔ပါ…”

မိန္းမႀကိးရဲ႕ မ်က္ႏွာက ခ်က္ခ်င္းညႇိဳးငယ္သြားတယ္။ ၿပီးေတာ့ သက္ျပင္းရွည္ရွည္ကို ခ်လိုက္ၿပီး…။

” ပ်ဥ္းမပင္႐ြာပါ အဘ။ မ်က္ႏွာမေကာင္း ဟို… အဲ့ဒါကေတာ့ ဒီလိုရယ္ပါ။ လြန္ခဲ့တဲ့ ဆယ္ရက္ေလာက္က ႐ြာဦးေစတီကေလးအနားမွာ ေၾကးဘုရားဆင္းတုေတာ္တစ္ဆူ ေပၚေတာ္မူခဲ့ပါတယ္။ ဒါေပမယ့္…”

မိန္းမႀကိးက စကားေျပာရင္း စိတ္မေကာင္းျဖစ္ဟန္နဲ႔ တန္႔သြားတယ္။

” အင္း…ဆက္ပါဦး တူမႀကီးရ…”

” ေပၚေတာ္မူလာတဲ့ ဘုရားဆင္းတုရဲ႕ ေက်ာကုန္းေတာ္ဆီမွာ အခ်ိဳင့္ႀကီးတစ္ခုပါလာတယ္။ အဲ့ဒါကို ႐ြာက အလႉေငြေတြနဲ႔ စုေပါင္းၿပီး ျပန္လည္ျပဳျပင္ဖို႔ လုပ္ၾကတာမွာ ဟို…ေၾကးသားေတြ ဘယ္ေလာက္ပဲ ျပန္ျဖည့္ျဖည့္ အဲ့ဒီ့အခ်ိဳင့္ႀကီးက ျပည့္မလာခဲ့ဘူး။ အဲ့ဒါအတြက္ ႐ြာသူ႐ြာသားအားလုံးက ကြၽန္မတို႔႐ြာအေနနဲ႔ ကုသိုလ္မျပဳထိုက္တာျဖစ္မယ္လို႔ ယူဆၾကၿပီး စိတ္လက္ မခ်မ္းမသာ ျဖစ္ေနၾကရေတာ့တာပါပဲ ဦးႀကီးရယ္…”

ေယာဂီ၀တ္နဲ႔ ကေလးႏွစ္ေယာက္ အံ့ၾသသြားၾကတယ္။ ၿပီးေတာ့ ဦးသိဒၵိဆိုတဲ့ လူႀကီးကို ၿပိဳင္တူလွမ္းၾကည့္ၾကတယ္။

ဦးသိဒၵိဆိုတဲ့ လူႀကီးကေတာ့ ေခါင္းကို တဆတ္ဆတ္ညိတ္ရင္းက အေျဖကို သိႏွင့္ထားသူ တစ္ေယာက္လိုပဲ ေအးေအးေဆးေဆးနဲ႔…။

” ဒီအတြက္ကို အေျဖတစ္ခုကေတာ့ ရွိႏွင့္ေနပါလိမ့္မယ္ တူမႀကီးရယ္…”

” ဦးႀကီးကသာ အေျဖရွိေနလိမ့္မယ္ေျပာတာ။ ကြၽန္မတို႔႐ြာကေတာ့ အဲ့ဒီ့အေျဖကို မေတြ႕ႏိုင္ဘူး ျဖစ္ေနေတာ့တာ…”

” အင္း…ဒါအတြက္ကို ဦးႀကီးတို႔ ကူညီႏိုင္မယ္ထင္တယ္…”

ဦးသိဒၵိက ေျပာလာတာ။

ဆိုင္ရွင္မိန္းမႀကီး အံ့အားသင့္သြားတယ္။ ၿပီးေတာ့ ခ်က္ခ်င္းဆိုသလိုပဲ ၀မ္းသာအားရျဖစ္သြားရၿပီး…။

” ဦး…ဦးႀကီး တကယ္ေျပာတာလား…”

ဦးသိဒၵိက ေခါင္းကို ညိတ္ျပလိုက္တယ္။

အဲ့ဒီေနာက္မွာေတာ့ အေၾကာ္ဆိုင္ရွင္မိန္းမႀကီးက ဦးသိဒၵိနဲ႔ အမႊာေယာဂီကေလးတို႔ကို ႐ြာဦးေစတီဆီမွာ ယာယီမ႑ာပ္နဲ႔ ကိန္း၀ပ္စံပါယ္ေတာ္မူေနတဲ့ ေပၚေတာ္မူေၾကးဆင္းတုေတာ္ဆီကို ေခၚေဆာင္သြားခဲ့ေတာ့တာ။

*******

မ႑ာပ္အတြင္းမွာ…။

႐ြာသူ႐ြာသားေတြက ေယာဂီ၀တ္နဲ႔ ဦးသိဒၵိတို႔ သုံးေယာက္ကို အေသအခ်ာ စူးစမ္းေနၾကတယ္။

ဦးသိဒၵိတို႔ကေတာ့ ဘယ္သူ႔ကိုမွ ဂ႐ုမထားႏိုင္။ ေပၚေတာ္မူေၾကးဆင္းတုေတာ္ရဲ႕ အေရွ႕ဆီမွာ လက္အုပ္ခ်ီ၊ ေျခစုံရပ္ၿပီး မ်က္၀န္းေတြ ကိုယ္စီမွိတ္လို႔ မတ္တပ္အေနအထားနဲ႔ အာ႐ုံခံ ဖူးေျမႇာ္ရင္း မႏၲာန္တခ်ိဳ႕ကို တီးတိုး႐ြတ္ဆို ေနမိၾကတယ္။

အခ်ိန္အေတာ္ၾကာတဲ့အထိ သူတို႔က ေက်ာက္႐ုပ္ႀကီးေတြလို ရပ္တန္႔ေနၾကတဲ့အခါ ေက်း႐ြာသားေတြအဖို႔ေတည့ အျမင္ဆန္းၿပီး ပိုလို႔ေတာင္ အံ့ၾသေနမိၾကေလရဲ႕။

တစ္နာရီသာသာေလာက္ၾကာၿပီးတဲ့အခါမွသာ ဦးသိဒၵိတို႔ သုံးေယာက္စလုံး ျပန္လည္ၿပီး အသက္၀င္လႈပ္ရွားလာၾကတယ္။ ၿပီးေတာ့ ခ်က္ခ်င္းဆိုသလိုပဲ…။

” ကဲ…ဒိုးႀကီးနဲ႔ ဒိုးငယ္။ လူေလးတို႔အေနနဲ႔ ဘာေတြျမင္ၾကသလဲ…”

ဦးသိဒၵိကေမးလာေတာ့ ႐ုပ္ခ်င္းဆင္တူလွတဲ့ ကေလးႏွစ္ေယာက္ထဲက တစ္ေယာက္က သြက္လက္စြာနဲ႔ပဲ…။

” အခုနက ဘဘအေရွ႕မွာ ဘီလူးတစ္ေကာင္ ရပ္ေနတယ္…”

အဲ့ဒီ့ကေလးရဲ႕ စကားအဆုံးမွာေတာ့ က်န္တဲ့ေနာက္တစ္ေယာက္က…။

” ဝိဇၨာဓိုရ္တစ္ပါးလည္း ပါတယ္။ သူတို႔အတူတူရပ္ေနၾကတာ…”

ဦးသိဒၵိက ဒိုးႀကီးနဲ႔ ဒိုးငယ္မည္တဲ့ ကေလးတို႔ရဲ႕ စကားေတြကို နားေထာင္ၿပီး ၿပဳံးတယ္။ ၿပီးေတာ့…။

” အင္း…ဟုတ္တယ္။ ဘီလူးကေတာ့ ဂတသတၱမည္တဲ့ အသက္မရွိ ပုံရိပ္သပ္သပ္ပဲ။ ဝိဇၨာဓိုရ္ကေတာ့ ဇီ၀၊ ဇီဝိတိ ရွည္လြန္းတဲ့အသက္နဲ႔ အခုထိ တည္ရွိေနဆဲပဲ…”

” ဟုတ္ကဲ့ ဘဘ…”

” ဒီဘီလူးနဲ႔ ဝိဇၨာဓိုရ္က အတိတ္ဘ၀က သိပ္ကို ရင္းနီးတဲ့ မိတ္ဆြအရင္းအခ်ာအျဖစ္ ေတာ္စပ္ခဲ့ၾကတယ္။ သူတို႔ႏွစ္ေယာက္ ျပန္ဆုံခ်ိန္မွာ ေၾကးနဲ႔သြန္းတဲ့ ဘုရားဆင္းတုေတာ္တစ္ဆူကို အတူတူသြန္းေလာင္းၿပီး ကိုးကြယ္ဖို႔ အႀကံျဖစ္ၾကတယ္။ အဲ့ဒီ့အတြက္ ႏွစ္ေယာက္စလုံးအတူတူ ဘုရားကို သြန္းလုပ္ဖို႔ သန္႔ရွင္းတဲ့ ေၾကးပိႆာတို႔ကို ညီတူမွ်တူ ရွာေဖြဖို႔ ဆုံးျဖတ္ၿပီး ရွာေဖြၾကတဲ့အခါ ဘီလူးရွာေဖြလာတဲ့ ေၾကးေတြဆီမွာ မစင္ၾကယ္တဲ့ ေၾကးတခ်ိဳ႕ပါသြားခဲ့တယ္။ ဒါကို ဘီလူးကိုယ္တိုင္လည္း မသိခဲ့ဘူး။ ဒီလိုနဲ႔ပဲ သူတို႔ႏွစ္ဦး အဓိ႒ာန္ျပဳလို႔ ဆင္းတုသြန္းၾကတယ္။ ဆင္းတုေတာ္ၿပီးတဲ့အခါမွာေတာ့ ဘီလူးရွာေဖြလာခဲ့တဲ့ မစင္ၾကယ္တဲ့ ေၾကးသတၱဳတို႔က ဆင္းတုဆီကေန ကြယ္ေလရဲ႕။ ဒါေၾကာင့္…ဆင္းတုဆီမွာ အခ်ိဳင့္အခြက္အျဖစ္နဲ႔ ႂကြင္းရစ္သြားရတယ္…”

ဦးသိဒၵိတို႔ ေျပာေနၾကတဲ့ စကားကို နားေထာင္မိေနၾကတဲ့ ႐ြာသူ႐ြာသားေတြ အံ့ၾသဘနန္းနဲ႔ ျဖစ္ကုန္ၾကၿပီး အာေမဋိတ္ေတြေကၾကာင့္ ေဝါခနဲ အသံႀကီးေတာင္ ထြက္ေပၚလာရတယ္။

” ေနာက္ေတာ့ ဘာေၾကာင့္ဆိုတဲ့ အျဖစ္အပ်က္ အမွန္ကို ဘီလူးနဲ႔ ဝိဇၨာဓိုရ္က သိသြားခဲ့တယ္။ ဘီလူးက အဲ့ဒီ့စိတ္နဲ႔ပဲ ေနရာမွာတင္ ႏွလုံးအိမ္ေၾကကြဲရၿပီး စုေတသြားခဲ့တယ္။ ဝိဇၨာဓိုရ္ကလည္း သူ႔မိတ္ေဆြကို သိပ္သံေယာဇဥ္ႀကီးတာဆိုေတာ့ ႏွစ္ေယာက္အတူ ကိုးကြယ္မယ့္ ဆင္းတုေတာ္ကို သူတစ္ေယာက္ထဲ မကိုးကြယ္လိုေတာ့ဘဲ ဝွက္ကြယ္ထားလိုက္ေတာ့တယ္။ ေနာက္ေတာ့ သူ႔ရဲ႕ မိတ္ေဆြဘီလူးကို ဘယ္ဘ၀ဆီျပန္၀င္စားေနမလဲဆိုၿပီး လိုက္ရွာရင္း မၾကာခင္ကမွ လူသားတစ္ေယာက္အျဖစ္နဲ႔ ျပန္ေတြ႕ခဲ့တယ္။ ဒီအတြက္ ဝိဇၨာဓိုရ္က လူသားတစ္ေယာက္ျဖစ္ေနၿပီျဖစ္တဲ့ သူ႔မိတ္ေဆြဆီကို ဆင္းတုေတာ္ျပန္လည္ထုတ္ေဖာ္ေပးခဲ့ၿပီး ခ်ိဳင့္ခြက္ေနတဲ့ ေနရာကို ျပန္လည္ျဖည့္စြက္ဖို႔ ေျပာထားတယ္။ ဒီအတြက္ေၾကာင့္ အဓိ႒ာန္နဲ႔ သြန္းခဲ့တဲ့ ဆင္းတုေတာ္ဆီက အခ်ိဳင့္အခြက္ကို ျဖည့္စြက္ဖို႔ ဘီလူး၀င္စားသူမွတစ္ပါး အျခားသူအေနနဲ႔ ေဆာင္႐ြက္လို႔မရဘူး။ တေပါင္းလျပည့္ေန႔ကို ေရာက္တဲ့အခါမွာေတာ့ အတိတ္ကလိုပဲ သူတို႔ႏွစ္ဦး ျပန္လည္ဆုံၾကၿပီး ဘီလူးျပန္၀င္စားတဲ့သူက ဆင္းတုေတာ္ဆီက အခ်ိဳင့္အခြက္ကို သူ႔လက္နဲ႔ ကိုယ္တိုင္ကိုယ္က် ျပန္လည္ျဖည့္စြက္ေပလိမ့္မယ္…”

ဦးသိဒၵိက သူ႔စကားကို အဆုံးသတ္လိုက္ေခ်ၿပီ။

႐ြာသားတို႔ဆီက အသံဗလံေတြ တီးတိုးတီးတိုးနဲ႔ ထြက္ေပၚလာတယ္။

ဒိုးႀကီးနဲ႔ ဒိုးငယ္တို႔ကေတာ့ ဘီလူးနဲ႔ ဝိဇၨာဓိုရ္တို႔ရဲ႕ ကလ်ာဏမိတၱဆန္လွတဲ့ သံေယာဇဥ္တရားကို ေတြးေတာရင္း အေတြးကိုယ္စီနဲ႔ရယ္။

ဒီအခ်ိန္ လူအုပ္ရဲ႕ အေရွ႕ဆုံးမွာ ရပ္ေနတဲ့ ႐ြာလူႀကီးက ဦးသိဒၵိကို တ႐ိုတေသနဲ႔ပဲ ေမးလာတယ္။

” ဒီက ဆရာႀကီး ဟို…ဟို…က်ဳပ္ ေမးစရာရွိလို႔ပါ။ ေမးခြင့္ျပဳပါ…”

” ရပါတယ္ ေမးပါ…”

” ဟို…က်ဳပ္ သိခ်င္တာက အဲ့ဒီ့ဘီလူး၀င္စားသူဆိုတာက ဘယ္သူလဲလို႔ပါ။ က်ဳပ္အထင္ေတာ့ ဟို…ကံ ကံေကာင္းမ်ားလားလို႔…”

သူႀကီးရဲ႕ စကားအဆုံး ဦးသိဒၵိက ၿပဳံးလိုက္ၿပီး ေခါင္းကို ညိတ္ျပလိုက္ေလတယ္။

ဒီအခါမွာေတာ့ သူႀကီးျဖစ္သူ ထိတ္ျပာသြားတယ္။ ၿပီးေတာ့ ခ်က္ခ်င္းပဲ ကာလသားတခ်ိဳ႕ကို ေခၚလိုက္ၿပီး ခ်ဳပ္ေႏွာင္ထားတဲ့ ကံေကာင္းကို ျမန္လႊတ္ေပးဖို႔ ေျပာခိုင္းေခ်ေတာ့တာ။

******

တေပါင္းလဆန္း ၁၄ ရက္၊ ညပိုင္းအခ်ိန္…။

ေကာင္းကင္ယံဆီမွာ ျပည့္လုျပည့္ခင္ လျပည့္၀န္းႀကီးက ထင္းထင္းသားေနေလရဲ႕။

အဲ့ဒီ့အခ်ိန္ ေအာက္လင္းမီးတို႔ ထိန္ထိန္ညီးေနတဲ့ ပ်ဥ္းမပင္႐ြာထိပ္ဆီက ေပၚေတာ္မူဆင္းတုေတာ္ ယာယီကိန္းစပ္စံျမန္းရာ မ႑ာပ္ႀကီးဆီမွာေတာ့ ညဥ့္နက္လာတာနဲ႔အမွ် လူသူေတြက တေျဖးေျဖး ပိုမိုသိပ္သည္းၿပီး စည္ကားလာခဲ့တယ္။

အဲ့ဒီ့အခိုက္အတန္႔အခ်ိန္မွာ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ကေတာ့ ႐ြာဦးေစတီကေလးရဲ႕ ရင္ျပင္ေတာ္အေပၚဆီမွာေတာ့ သမထတရားကို က်င့္ႀကံထိုင္ေနၾကေလရဲ႕။

ဒါေပမယ့္ ဒိုးညီေနာင္တို႔မွာေတာ့ စိတ္ေတြက သမထတရားဆီမွာ နစ္မ၀င္ႏိုင္ဘဲ လႈပ္ရွာိးာမ္းခါေနၾကၿပီး မတည္မၿငိမ္ျဖစ္ေနၾကရေလတယ္။

” လူေလးတို႔…စိတ္ကို တည္ၿငိမ္ေအာင္ ထားၾကပါ…”

႐ုတ္တရက္ ဒိုးညီေနာင္တို႔ရဲ႕ အၾကားအာ႐ုံဆီမွာ ပဲ့တင္လာတဲ့ ဦးသိဒၵိရဲ႕ အသံ။ ဦးသိဒၵိက သူတို႔ကို မေနာဗႏၶမည္တဲ့ စိတ္အာ႐ုံနဲ႔ ဆက္သြယ္မႈ ျပဳလာခဲ့တာ။

” က်ဳပ္တို႔ စိတ္ပူေနမိတယ္ ဘဘ…”

ဦးသိဒၵိရဲ႕ စကားကို ဒိုးႀကီးက ျပန္လည္ေျဖၾကားလိုက္တယ္။

” ဘာအတြက္ စိတ္ပူေနၾကတာလဲ လူေလးတို႔…”

ဦးသိဒၵိက ထပ္ေမးလာခ်ိန္ ဒိုးငယ္က…။

” မ႑ာပ္ထဲမွာ လူသူေတြသိပ္ကို မ်ားလြန္းေနတယ္။ ဒီပုံအတိုင္းဆို ဝိဇၨာဓိုရ္က လာမယ္မထင္ဘူး ဘဘ…”

ဒိုးငယ္ရဲ႕ စကားအဆုံးမွာေတာ့ ဦးသိဒၵိက…။

” အဲ့ဒီ့အတြက္ေတာ့ စိတ္မပူပါနဲ႔ လူေလးတို႔ရယ္။ ဒီအတြက္ကို ဝိဇၨာဓိုရ္က စီမံပါလိမ့္မယ္။ လူေလးတို႔သာ ကိုယ့္အလပ္ႀကိဳပဲ စိတ္ႏွစ္လုပ္ပါ…”

ဒိုးညီေနာင္တို႔ စိတ္ကို ဒုန္းဒုန္းခ်လိုက္ၿပီး အာ႐ုံကို သမထဆီမွာပဲ ျပန္ႏွစ္လိုက္မိၾကတယ္။

တေအာင့္ၾကာေတာ့ သူတို႔ႏွစ္ေယာက္ သမထေရယာဥ္ေၾကာဆီမွာ နစ္၀င္စိေမ်ာေနခဲ့ၾကေလၿပီ။

*******

သန္းေခါင္ယံေက်ာ္လို႔ တေပါင္းလျပာ့္ေန႔ဆီကို ကူးေျပာင္းၿပီဆိုတာနဲ႔ မ႑ာပ္ႀကီးအထဲဆီက လူသံသူသံေတြ ႐ုတ္ျခည္းတိတ္ဆိတ္သြားတယ္။

” အခ်ိန္က်ၿပီပဲ လူေလးတို႔။ ဘဘတို႔ မ႑ာပ္ထဲကို သြားၾကစို႔ရယ္…”

ခ်က္ခ်င္းပဲ သူတို႔သုံးေယာက္ မ႑ာပ္ဆီကို ဆင္းလာခဲ့ၾကတယ္။

မ႑ာပ္ဆီကိုေရာက္ေတာ့ ႐ြာသူ႐ြာသားတို႔အားလုံး မိန္းေမာၿပီး ေက်ာက္႐ုပ္ႀကီးေတြလိုျဖစ္ေနတာကို ေတြ႕လိုက္ၾကရတယ္။

” သူတို႔ႏွစ္ေယာက္ ေရာက္ေနၾကၿပီ…”

ဦးသိဒၵိေျပာတဲ့အတိုင္းပါပဲ။

ဆင္းတုေတာ္ရဲ႕ အေရွ႕ဆီမွာေတာ့ ၀တ္ျဖဴစင္ၾကယ္နဲ႔ အသက္ႀကီးႀကီးလူႀကီးတစ္ေယာက္နဲ႔အတူ ဆင္းတုေတာ္ကို လက္အုပ္ခ်ီလို႔ မ်က္ေတာင္မခတ္တမ္း တစိုက္မတ္မတ္ ဖူးေျမႇာ္ေနတဲ့ အ႐ူးကံေကာင္းတို႔ကို ဒိုးညီေနာင္တို႔ ေတြ႕လိုက္ၾကရတယ္။

” ေရာင္းရင္း ယကၡတႎဒ၊ သင့္ရဲ႕ အတိတ္ဘ၀က မၿပီးျပတ္ခဲ့တဲ့အမႈကို အခုပဲ အသင္ကိုယ္တိုင္ အၿပီးသတ္ေခ်ပါေတာ့…”

ဝိဇၨာဓိုရ္က ကံေကာင္းကို ေျပာလိုက္တယ္။

အ႐ူး ကံေကာင္း သက္၀င္လႈပ္ရွားလာတယ္။ ၿပီးေတာ့ သူ႔လည္ပင္းဆီက ေၾကးျပာႀကီးကို သူကိုယ္တိုင္ ခြၽတ္ယူလိုက္ၿပီး ဝိဇၨာဓိုရ္ကို လွည့္ၾကည့္တယ္။

ဝိဇၨာဓိုရ္က ေခါင္းညိတ္ျပေတာ့ ကံေကာင္းက ဆင္းတုေတာ္ဆီကို ခ်ဥ္းကပ္သြားခဲ့ၿပီး ခ်ိဳင္ခြက္ေနတဲ့ ေနရာဆီကို ေၾကးျပားႀကီးနဲ႔ ဖိကပ္လိုက္တယ္။

အံ့ၾသစရာေကာင္းလြန္းပါရဲ႕…။

ကံေကာင္းဖိကပ္လိုက္တဲ့ ေၾကးျပားႀကီးက ဆင္းတုေတာ္ရဲ႕ ကိုယ္လုံးေတာ္ဆီကို တစ္စတစ္စေပ်ာ္၀င္ၿပီး အသားက်သြားခဲ့ေလတယ္။

ျမင္ကြင္းကို ၾကည့္ၿပီး ဒိုးညီေနာင္တို႔ ပါးစပ္အေဟာင္းသားျဖစ္သြားၾကရတယ္။ ဥိးသိဒၵိကေတာ့ ၿပဳံးေနတယ္။

ၿပီးေတာ့ သုံးေယာက္စလုံး ၿပိဳင္တူ လက္အုပ္ခ်ီရင္း ဆင္းတုေတာ္ကို ဖူးေျမႇာ္မိၾကတယ္။

အ႐ူး ကံေကာင္းကလည္း ၀မ္းသာၾကည္ႏူးလြန္းေနတဲ့ မ်က္ႏွာနဲ႔ သူ႔ေနရာကို ျပန္ဆင္းလာၿပီး ဒူးတုပ္ထိုင္လို႔ ဆင္းတုေတာ္ကို ၿအိကမ္ႀကိမ္ ဦးခိုက္ကန္ေတာ့ေနေတာ့တာ။

ဝိဇၨာဓိုရ္က ဦးသိဒၵိဆီကို လွမ္းၾကည့္ၿပီး ႏႈတ္ဆက္လာတယ္။ ဦးသိဒၵိက ေခါင္းကို အသာညိတ္ျပၿပီးခ်ိန္မွာေတာ့ ဝိဇၨာဓိုရ္ရဲ႕ ပုံရိပ္က တေျဖးေျဖး ေမွးမွိန္ၿပီး ေပ်ာက္ကြယ္သြားေလရဲ႕။

ဝိဇၨာဓိုရ္ရဲ႕ ပုံရိပ္ လုံးလုံးလ်ားလ်ားကြယ္သြားခ်ိန္မွာေတာ့ မိန္းေမာေနၾကတဲ့ ႐ြာသူ႐ြာသားေတြအားလုံး ခ်က္ခ်င္းပဲ ျပန္လည္ လႈပ္ရွားသက္၀င္လာခဲ့ၾကၿပီ။

သူတို႔အားလုံး ကိုယ့္ကိုကို ဘာျဖစ္မွန္းမသိ ျပန္လည္ဆန္းစစ္ေနၾကရင္း ဆင္းတုေတာ္ကို အႀကိမ္ႀကိမ္ဦးခိုက္ကန္ေတာ့္ေနတဲ့ ကံေကာင္းကို ျမင္သြားၾကတယ္။

ၿပီးေတာ့ ဆင္းတုေတာ္ဆီက ျပည့္ဝေနေလၿပီျဖစ္တဲ့ ခ်ိဳင့္ခြက္ေနရာကိုလည္း သြားေရညက္ၾကည့္ၾကၿပီး တအံ့တၾသေတြညျဖစ္ကုန္ၾကလို႔…။

အဲ့ဒီ့အခ်ိန္ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ကေတာ့ လေရာင္ထင္းထင္းကို အေဖာ္ျပဳၿပီး မ႑ာပ္ႀကီးကို ေက်ာခိုင္းလို႔ ေျမာက္အရပ္ဆီကို ဦးတည္လို႔ ထြက္ခြာခဲ့ၾကျပန္ပါေတာ့တယ္။

ဒီအျဖစ္အပ်က္ၿပီးတဲ့ေနာက္မွာေတာ့ ဦးသိဒၵိနဲ႔ ဒိုးညီေနာင္တို႔ဟာ အင္းေခ်ာင္းဆိုတဲ့႐ြာဆီကို ေရာက္ခဲ့ၾကၿပီး အဲ့ဒီ့႐ြာဆီမွာ ႀကဳံေတြေနရတဲ့ အေမွာင့္ပေယာဂ ျပႆနာတစ္ခုကို ေျဖရွင္းၾကရျပန္ပါေတာ့တယ္။

ဒီအေၾကာင္းကိုေတာ့ ” ရွင္ေလာင္းတေစၦ” ဆိုတဲ့ စာမူမွာ ဆက္လက္ရႈစားေပးၾကပါခင္ဗ်ာ။

ေနာင္႐ိုး(ေဆးတပ္)

#ညမဖတ္ရ