အနန္တဂုဏ်

*အနန္တ ဂုဏ်*📖📖📖

************************

မိဘနှင့် ဆရာ့ဂုဏ်ကိုရည်စူးပါသည်။

“သားရေသား ကောင်းဆက် ကျောင်းသွားဖို့ပြင်တော့လေ”
“သားကျောင်းမသွားချင်ဘူးမေမေ ”
“အို….ကျောင်းမသွားချင်ဘူးဟုတ်လားသား ဘာဖြစ်လို့လဲကွယ် မေမေ့ကိုပြောပါအုံး”

“ဆရာကြီးကသားကိုအင်္ဂလိပ်စာ အိမ်စာပေးလိုက်တာ
မရရင် အပြစ်ပေးခံရမှာ သားနေ့တပိုင်းနားလိုက်တော့မယ် နေမကောင်းဘူးဆိုပြီးခွင့်တင်ပေးပါမေမေ”

“ဟဲ့ ဆရာကကောင်းစေချင်လို့ လုပ်နေတဲ့ကိစ္စကို
ဘာလိုမနာခံတာလဲ စာမကျက်ဘူးမို့လား”
“သားမကျက်ခြင်ဘူးမေမေရာ ဆရာကြီးကသားတို့ကိုအရမ်းလဲခိုင်းတယ် အမြဲတမ်းဆူပူနေတာ သားဒီကျောင်းမှာမပျော်တော့ဘူး”

“မဟုတ်သေးပါဘူးသားရယ် လာလာမေမေကိုယ်တိုင်လိုက်ပို့ပေးမယ်.”
“အိုဗျာ သွားမသွားချင်ဘူးဆိုမှ”
ဘုန်း
ဒုန်း…ဒုန်း…ဒုမ်း…

ကောင်းဆက်မှာ လွယ်အိတ်ကိုပစ်ချပြီး
သူအမေလက်ကရုန်းထွက် အိမ်ပေါ်ကပြေးဆင်းသွားလေတော့သည်။
ကောင်းဆက်သည် ခုနှစ်တန်းကျောင်းသားလေးဖြစ်ပြီး
သားအမိနှစ်ယောက်ထဲနေထိုင်သူဖြစ်သည်။

မိခင်ဖြစ်သူဒေါ်လှမှာ စျေးတွင် ကုန်စိမ်းရောင်းပြီး
သားကိုကျောင်းထားပေးခြင်းဖြစ်သည်။
ခုလဲမနက်စျေးက ကုန်စိမ်းလေးဝယ်ပြီး ရွာထဲလှည့်ရောင်းရင်း အိမ်ကိုခဏဝင်မိခြင်းပင်။

“ဒီကလေးကျောင်းချိန်ကြီးမှာပြေးထွက်သွားပြန်ပါပြီ
မဖြစ်သေးပါဘူး…..စျေးရောင်းရင်း
ကျောင်းဘက်လှည့်ဝင်မှပါ အင်း ကိုလှစိန်ရေ
တော်အလိုလိုက်ခဲ့တဲ့တော့သားအဖြစ်ကို မြင်စေချင်လိုက်တာတော်”

ဒေါ်လှလဲ စျေးဗန်းလေးခေါင်းပေါ်ရွက်ပြီး
အိမ်ထဲကပြန်ထွက်သွားလေတော့သည်။

…..
“ဆရာ….”
“အော်…ဒေါ်လှ လာပါခင်ဗျ ”
ရုံးခန်းထဲအလုပ်ရှုပ်နေတဲ့ ဆရာကြီး ဦ အောင်နိုင်မှာ
အခန်းပေါက်ဝက လှမ်းခေါ်လာတဲ့
ဒေါ်လှအသံကြောင့် လုပ်လက်စကိုရပ်နားပြီး
ထိုင်စရာခုံချပေးလေသည်။

ဒေါ်လှက စျေးဗန်းလေးကို အသာချပြီး ခေါင်းဖုလေးကိုရင်မှာပိုက်လျှက် အသာဝင်ထိုင်သည်။
“ဒီနေ့ မောင်ကောင်းဆက် ကျောင်းမတက်ပါလားဒေါ်လှ”

“ဟုတ်ကဲ့ဆရာ သားကနေသိပ်မကောင်းချင်လို့
ဒီမနက်ကျောင်းမှာခွင့်တောင်းပေးဖို့ပြောလို့ပါဆရာ”
“အော်…ဟုတ်ကဲ့ပါဗျာ နေမကောင်းတာဘယ်တတ်နိုင်ပါ့မလဲ “

“ဟုတ်ကဲ့ ဆရာ ကျွန်မအဲ့ဒါလေးဝင်ပြောတာပါ
ရောင်းစရာမကုန်သေးလို့ ခွင့်ပြုပါအုံးရှင်”
“ဟုတ်ကဲ့ပါဒေါ်လှ “

ဆရာဦ အောင်မျိုးမှာ မိမိရုံးခန်းထဲက နွမ်းလျှစွာထွက်ခွာသွားသော သူနှင့်မတိမ်းမယိမ်းအရွယ်ပေမဲ့
သူ့အစ်မအကြီးဆုံးလောက်နီးနီး ရုပ်ရင့်နေသော
ဒေါ်လှကိုကြည့်ပြီး အစ်မခြင်းစာနာလိုက်မိသည်။

……
ညနေဆည်းဆာအောက်မှာ
ကျောင်းဆင်းလို့ကျောင်းကနေပြန်လာတဲ့ ဦ အောင်မျိုးမှာ
သူ့တပည့် မောင်ကောင်းဆက်အကြောင်းကို
တွေးတောရင်းလမ်းလျှောက်ပြန်လာသည်။

“ဟေ့ကောင်..ကောင်းဆက် မင်းဒီနေ့ကျောင်းလဲမလာဘူး”
“အေးကွ အမှန်ကငါညနေကျောင်းသွားမလို့ပဲ
ဟိုဘက်ရပ်ကွက်က ဘောလုံးပွဲချိန်းပွဲရှိလို့ သွားကြည့်တာနဲ့ ညနေကျောင်းနောက်ကျသွားတယ်”

“ကျောင်းခဏခဏပျက်မနေနဲ့အုံး
မင်းကိုဆရာကြီး အပြစ်ပေးနေအုံးမယ်”
“အေးပါကွာ ငါမနက်ဖြန်လာမှာပါ”
“အေးအေး ငါလြဲပန်တော့မယ် မင်းလဲပြန်တော့”

ခပ်လှမ်းလှမ်းက သူ့တပည့်နှစ်ယောက်ရဲ့အသံကြားလို့.
ရပ်ကြည့်နေမိတဲ့ဆရာကြီး ဦ အောင်မျိုးလဲ
သူတို့ထွက်သွားမှ ထိုနေရာကဆက်လျှောက်ခဲ့လေသည်။

……
နောက်တနေ့မနက်
ဒေါင်….ဒေါင်….ဒေါင်…
ကျောင်းတက်ခေါင်းလောင်းထိုးပြီးသည့်နောက်..

“မင်္ဂလာပါ တပည့်တို့”
“မင်္ဂလာပါ ဆရာကြီး”
“အေးအေး မင်္ဂလာပါ ကွယ် အားလုံးထိုင်ကြပါ”
“ကျေးဇူး တင်ပါတယ်ဆရာကြီး”

ဆရာကြီးဦ အောင်မျိုးက..
“တပည့်တို့သောက်ရေအိုးတွေမလဲရသေးပါလား
မိန်းကလေးတွေက သောက်ရေအိုးလဲကြ
ယောက်ျားလေးတွေက အိမ်သာဆေးပြီးရေထည့်ကြ
ပြီးရင်ဆရာဒီနေ့မင်းတို့ကို အင်္ဂလိပ်စာသင်မယ်”

….
အခန်းအပြင်ဘက်တွင်ဖြစ်သည်။
“အလကားကွာဆရာကြီးက ငါတို့ယောက်ျားလေးတွေပဲ
အိမ်သာရေဆေးရေထည့်ခိုင်းတယ်
မိန်းကလေးတွေကျ ရေပုံးလေးပဲလှယ်ခိုင်းတယ်
မတရားဘူး”

သူ့မကျေမနပ်အပြောကို သူငယ်ချင်းဖြစ်သူ
စိန်အုပ်ကထောက်ခံသည်။
“ဟုတ်တယ်ကွ အပါတ်တိုင်းငါတို့ပဲအိမ်သာရေဆေးနေရတယ် ဆရာကြီးတော့မဟုတ်သေးပါဘူးကွာ”

“အော်ဒါနဲ့စိန်အုပ်မင်းကိုငါပြောရအုံးမယ်
မနက်ဖြန်ကစပြီး ဆရာကြီးကသူ့အိမ်မှာ အချိန်ပိုသင်ပေးမှာတဲ့ကွ အဲ့ဒါမင်းသိပြီးပြီလား”
“မသိသေးဘူးကွ ဒီသတင်းမှန်ရင်တော့ သွားပါပြီကွာ”

“ဘာဖြစ်လို့လဲစိန်အုပ်ရ”
“ဘာဖြစ်ရမလဲ ကျောင်းဆင်းချိန်တိုင်းငါကဘောလုံးဝါသနာပါတော့ ဟိုးဘက်ရပ်ကွက်က ကွင်းမှာ ဘောလုံးလေ့ကျင့်နေကျကွ ခုအတိုင်းဆို သွားပြီ
လာလာ ဆရာကြီးခိုင်းတာအမြန်သွားလုပ်စို့
တော်ကြာ နောက်ကျနေလို့ အဆူခံနေရအုံးမယ်”

ရေပုံးတွေ ကိုင်ပြီး ကျောင်းနောက်ဝင်သွားကြလေသည်။
“အမေအမေ”
“ဟေ….သား…အမေမီးဖိုထဲမှာလေသား”
ကောင်းဆက်က မီးဖိုထဲဝင်လာပြီးအမေ့အနားထိုင်သည်။

“ဘာပြောမလို့လဲသား”
“အမေ…သားလေ စိန်အုပ်နဲ့အတူတူဘောလုံးကန်ချင်တယ်”
“ကန်လေသား အားကစားလုပ်တာပဲ မေမေအားပေးတယ်”

“ဒါဆိုအမေသားလိုချင်တဲ့ ဂျာစီဝယ်ပေးမှာလား”
ဒေါ်လှတွေဝေသွားသည်။
“ဝယ်ပေးမှာလားအမေ”

“အော်…အေးအေး အမေကြိုးစားကြည့်ပါ့မယ်သားရယ်”
“ကြိုးစားကြည့်လုပ်မနေနဲ့အမေ သားမဖြစ်မနေလိုချင်တယ် ဘောပွဲကအစမ်းလေ့ကျင့်ပြီးရင်း
တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်ပွဲတွေရှိတယ် ဒီတော့
အမေဖြစ်အောင်ဝယ်ပေးပါ “

ကောင်းဆက်မှာ သူပြောလိုရာပြောပြီး ထွက်သွားတော့သည်။
“တပည့်တို့ရေ…..
ဆရာစာမသင်ခင် ဆရာ့ခြံဝင်းလေးဝိုင်းအမှိုက်ကောက်ပေးကြပါအုံး ”
“ဟုတ်ကဲ့ဆရာ သမီးတို့ဝိုင်းကောက်ပေးမယ်”

“အေးအေးသာဓုကွယ်
တပည့်ကောင်းဆက် သားတို့က ဆရာ့ခြံမှာသစ်ကိုင်းတွေက အောက်ခြေထိညွတ်ကျနေတာတွေ
ဓားနဲ့မှီတဲ့အထိဆရာကခုတ်ချမယ်သားတို့က ရှင်းပေးကြပါ အုံး”

တခြားသူများက တက်ညီလက်ညီဝိုင်းခုတ်ဝိုင်းရှင်းကြသော်လည်း
စိန်အုပ်နဲ့ကောင်းဆက်မှာ မဲ့ရွဲ့နေကြလေသည်။
နောက်ဆုံးအကိုင်းအလက်များကို ဆွဲယူလာရင်း..

“ဟေ့ကောင်ကောင်းဆက် ဆရာကြီးက ငါတို့ကို
ကျောင်းမှာခိုင်းတာအားမရလို့ သူ့အိမ်ထိခေါ်ပြီး
ခိုင်းတာပဲကွ”
“ဟုတ်တယ်ကွာ “

“ငါ့မှာသစ်ကိုင်းဆွဲရတာလက်တွေတောင်ပွန်းပဲ့ကုန်ပြီ”
“ဟုတ်လားပြစမ်းပါအုံးကွ”
“ဒီမှာလေကွာ…ဘောလုံးလေ့ကျင့်နေတာတောင်ဒဏ်ရာမရဘူး ဆရာခိုင်းမှဒဏ်ရာရကုန်ပြီ”

“ဒါနဲ့ကောင်းဆက် မင်းဘောလုံးကန်ဖို့မင်းအမေက
ဂျာစီအကောင်းစားဝယ်ပေးမှာလား ငါ့အမေကတော့ဝယ်လာပေးပြီး”
“မရသေးပါဘူးကွာ ဝယ်ပေးမယ်တော့ပြောတာပဲ”

“ငါတော့မထင်ဘူးကောင်းဆက် မင်းအမေမနက်က
စျေးလာရောင်းရင် ငါ့အမေနဲ့ပြောနေတာငါကြားတယ်”
“အဲ့ဒါဆိုရင်တော့ အမေကမတရားဘူး ငါဒါလေးတောင်းတာဝယ်မပေးချင်ဘူး အရေးထဲဟိုဘက်ရပ်ကွက်ကကောင်တွေက သူတို့ကွင်းမှာလေ့ကျင့်တိုင်း
အရမ်းနှိမ်ချင်တယ် ဘောလုံးကိုငါတို့ပဲကောက်ရတယ်
သူတို့လဲငါတို့အပေါ်မတရားဘူး
ဆရာကြီးလဲ ငါတို့အပေါ်မတရားဘူး
အမေရော ဆရာကြီးရော အတူတူပဲ “

ဟင်….
ဆရာကြီးဦ အောင်မျိုးမှာ သူတို့ကျန်ခဲ့တဲ့အခက်အလက်တွေလာပစ်ရင်း
သူတို့စကားတွေကြောင့် မျက်လုံးပြူ းချေပြီ။

“အင်း…ကလေးတွေတော့ ငါ့စေတနာတွေတစ်မျိုးထင်ကုန်ကြပါပေါ့လား
အေးလေ တစ်နေ့ကျရင် ငါ့စေတနာတွေသူတို့နားလည်လာကြမှာပါ အဲ့ဒီနေ့ဟာ
ငါ့့တပည့်တွေ ပညာတတ်သော လူချွန်လူကောင်းဖြစ်တဲ့နေ့
ယောကျာ်းပီသ.,တဲ့အရည်အချင်းတွေနဲ့
တာဝန်သိလူတော်လူကောင်းတွေဖြစ်မဲ့နေ့ပါ
ပဲတပည့်တို့ရာ”

သူ့တပည့်တွေမမြင်ခင် သူအရင်လှည့်ပြန်လေသည်။
……
“ဟော့ဒီမှာအသီးအရွက်တွေ လတ်လတ်ဆတ်ဆတ်ရမယ်နော်”
“လာပါအုံး စျေးသည်”
“လာပါပြီတော် ကဲဘာယူမလဲဒီနေ့”

“ချဉ်ပေါင်ရွက်နဲ့ကန်ဇွန်းရွက်ပဲယူမယ်အဒေါ်ရေ
ဘယ်လောက်ကျလဲ”
“သုံးရာထဲပါရှင့်.”
“အင်း…ရော့ရော့သုံးရာ”

“ကျေးဇူးပါ သွားမယ်နော်
ဟော့ဒီကအသီးအရွက်တွေ လတ်လတ်ဆတ်ဆတ်ရမယ်နော်”
“ဟာ…ဒေါ်လှ”
“ဟင်ဆရာကြီး”

“စျေးလှည့်ရောင်းနေတာလားဒေါ်လှ”
“ဟုတ်ကဲ့ဆရာကြီး ဆရာကြီးကဘယ်ကိုလဲ”
“အော်ဒီနားလေးက အားကစားပစ္စည်းဆိုင်ကိုလာတာပါ
ဒါနဲ့ခုလိုစျေးရောင်းတာ သားအမိနှစ်ယောက်အဆင်ပြေရဲ့လားဒေါ်လှ”

“ပြေတယ်လို့လဲဘယ်ဟုတ်ပါ့မလဲဆရာရယ်
ကျွန်မမှာပညာကလဲမတတ်တော့ ဒီအလုပ်ကလွဲရင်
တခြားလုပ်စရာလဲမရှိဘူးလေ
ဒါ့ကြောင့်ကျွန်မသားလေးကောင်းဆက်ကိုတော့
ပညာတတ်ကြီးသိပ်ဖြစ်စေချင်တယ်ဆရာ
သူ့ကိုဆရာ့လက်အပ်ပါတယ် ရှင်”

“စိတ်ချပါဒေါ်လှ ကျနော့်တပည့်တွေဟာ ကျနော့်အနာဂါတ်ပါပဲဗျာ ကလေးတွေကိုပညာတတ်စေချင်လို့
ကျနော်ကျောင်းဆရာအလုပ်ကိုရွေးခဲ့တာပါ”

“ကျေးဇူးပါပဲ ဆရာရယ် ကျွန်မသွားအုံးမယ်နော်”
“ဟုတ်ပါပြီဗျာ”
………….
“ကဲသားတို့ရေ ထုံးစံအတိုင်းစာမသင်ခင်လေး
ခြံလေးရှင်းလိုက်ကြရအောင်ကွာ
ဒါနဲ့ နောက်သုံးရက်လောက်နေရင် ဆရာတပည့်တို့အားလုံးကို လက်ဆောင်ပေးစရာရှိတယ်
ဝမ်းသာစရာလဲ ပြောမယ်”

“တစ်ကယ်လားဆရာ”
“တစ်ကယ်ပေါ့ တပည့်တို့ရ အားလုံးကိုပေးမှာ”

“ဟေး….ပျော်စရာကြီး”
အားလုံးပျော်နေကြပေမဲ့ အပျင်းကြီးတဲ့စိန်အုပ်မှာမပျော်ပါ။
‌”ဟင်း ခြံကလဲရှင်းလို့ကိုမပြီးနိုင်ဘူး”

“ဟုတ်ပါ့ ဒီလောက်ကျယ်တဲ့နေရာကိုရှင်းခိုင်းနေတာကွာ
အိမ်နားတင်လဲမဟုတ်ဘူး”
စိန်အုပ်နှင့် ကောင်းဆက်တို့မှာငြူ စူရင်းလုပ်ကိုင်နေကြလေသည်။

…..
“အဟွတ်….အဟွတ်
ဟော့ဒီက အဟွတ်….ဟင်းသီးဟင်းရွက်သည်”

ကျောင်းပိတ်ရက်မှာ စျေးကပြန်လာတဲ့ ဆရာကြီးဦ
အောင်မျိုးမှာ ချောင်းတဟွတ်ဟွတ်ဖြင့်
စျေးရောင်းနေသော မောင်ကောင်းဆက်ရဲ့အမေကိုလမ်းတွင်တွေ့ရလေသည်။

“နေမကောင်းဘူးလားဒေါ်လှ”
“ဟုတ်တယ်ဆရာရယ် ”
“အရင်ကဒီလောက်မစောဘူးထင်တယ်နော်”

“ဟုတ်ကဲ့ ဟိုလေဆရာ သားကပြောတယ် အဟွတ်အဟွတ် သူကျောင်းမှာကန်ဖို့ ဂျာစီလိုချင်လို့တဲ့လေ
အဲ့ဒါရအောင်လို့ ကျွန်မစျေးရောင်းစောစောထွက်နေတာပါဆရာ”

“ဟူး…..ဒီခုံမှာခဏထိုင်ပါအုံးဒေါ်လှ”
ဒေါ်လှမှာဆရာဦ အောင်မျိုးပြတဲ့အုတ်ခူံလေးပေါ်ထိုင်ရင်း ချောင်းတဟွတ်ဟွတ် ဆိုးနေတော့သည်။

“ကလေးတွေဆိုတော့လဲခက်တယ်ဗျာ လူကြီးတွေကို
သူတို့နားမလည်နိုင်ကြဘူး
ဒီလိုလုပ် ဒေါ်လှအိမ်ပြန်နားလိုက်တော့ မောင်ကောင်းဆက်အတွက် ဂျာစီဖိုးကိုကျနော်ပေးလိုက်မယ် ရော့ရော့”

ဒေါ်လှဘေးဘီကြည့်လိုက်ပြီး
“မဟုတ်တာပဲဆရာကြီးရယ် ဆရာကြီးမှာကလေးတွေကိုပညာအခမဲ့သင်ပေးရ ထိန်းကျောင်းပြုပြင်ရနဲ့
ဒီလိုအကူညီမျိုးကို ကျွန်မ မယူဝံ့ပါဘူးရှင်”

“ယူပါဒေါ်လှ ကျနော်ကစေတနာသန့်သန့်နဲ့ပေးတာပါ
ထမင်းရည်ချောင်းစီး အလှူ ကြီးတောင်
တကူးတကပေးကြရသေတာပဲဗျာ ဒါကျနော်ရသင့်တဲ့ကုသိုလ်လို့မှတ်ယူပါတယ် ယူပါခင်ဗျာ”

“ကျေး….ကျေးဇူးပါ ဆရာကြီးရယ် ကျွန်မအနေနဲ့
ကျန်းမာရေး ကလဲမကောင်း ဘယ်လိုမှမတတ်သာလို့
ယူရတာပါရှင် ဆရာကြီး ကျန်းမာချမ်းသာပါစေ”
“ပေးတဲ့ဆုပြည့်ပါစေခင်ဗျာ ကျနော်သွားပါအုံးမယ်”

တောက်…..
ကောင်းဆက်တစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။
မနက်အစောထပြီး ဟိုဘက်ရပ်ကွက်သွားပြီး
ဘောလုံးလေ့ကျင့်မလို့ထွက်လာတာ..

ဆရာကြီး နဲ့အမေတို့ကိုခပ်လှမ်းလှမ်းကမြင်ရသဖြင့်
အသာချောင်းကြည့်နေတုန်း
ဆရာကြီးက တစ်ခုခုပြောသဖြင့် အမေကဘေးဘီဝေ့ကြည့်ပြီးရှက်သွားပုံ…

ပြီးတော့ဆရာကြီးက စာရွက်တခုကိုအတင်းထိုးပေးမေသဖြင့် အမေကမတတ်သာပဲယူလိုက်ရပုံများကိုမြင်ပြီး
“ခင်ဗျားကြီးက ဒီယုန်မြင်လို့ဒီချုံထွင်တယ်ပေါ့
အမေလဲမတရားဘူး ငါ့ကိုကျတော့ဂျာစီလေးတောင်းတာဝယ်မပေးချင်ဘူး ခုတော့ ခုတော့”

မောင်ကောင်းဆက်မှာ ထင်ရာတွေးပြီး ပြေးထွက်သွားလေတော့သည်။
…….
အားကစားပစ္စည်းဆိုင်ကထွက်လာတဲ့ ကျောင်းဆရာကြီး
ဦ မျိုးအောင်မှာ
လက်ထဲကပစ္စည်းများကို ကြည်နူးစွာငုံ့ကြည့်လိုက်သည်။

“အင်းမနက်ဖြန်ကျောင်းဖွင့်ပြီ
ငါ့တပည့်တွေတော့ ဝမ်းသာစရာသတင်းနဲ့
ဒီပစ္စည်းလေး တွေရရင်အရမ်းပျော်ရွှင်ကြမှာပဲ”

တွေးရင်းလက်ထဲက ပစ္စည်းတွေ ကိုတကြည့်ကြည့်..
ထိုအချိန်…

.ဆ….ဆရာကြီ ဦ အောင်မျိုးရှင့်”
“ဟင် ဒေါ်လှ ဘာဖြစ်လာတာလဲ.
“သားလေး…သားလေးအိမ်ပြန်မလာတာနှစ်ရက်ရှိပြီဆရာကြီး”
“ဟာ….ဘယ်လ်ုဖြစ်တာလဲဗျ”

“ကျောင်းပိတ်တည်းက မပြန်တာပဲဆရာကြီးရယ်
သူ့သူငယ်ချင်းစိန်အုပ်တို့ဆီနှစ်ညအိပ်တယ်တဲ့”

“ခုသူတို့အိမ်လိုက်ကြရအောင်ဒေါ်လှ
ကလေးဆိုတာဒီအတိုင်းလွတ်ထားလို့မဖြစ်ဘူး”
“ကျွန်မလဲဒီနေ့မှမောင်စိန်အုပ်ကိုတွေတာပါဆရာကြီးရယ် သားကခုသူတို့အိမ်မရှိတော့ဘူးတဲ့”

“ဟာဗျာ…ဒီကလေးဘာတွေလုပ်နေပါလိမ့်”
“သားကလေ အဟင့် ဒီလိုပါဆရာကြီးရယ်
သားကကျွန်မတို့ကိုအထင်လွဲနေပုံပဲ မောင်စိန်အုပ်ကိုပြောသတဲ့
နားနဲ့မနာဖဝါးနဲ့သာနာပါရှင်
ဟိုတနေ့ကဆရာကြီးကသူ့အတွက်ဂျာစီဖိုးပေးနေတာကို
သားကတွေ့သွားပြီး အထင်လွဲသွားပုံပါပဲရှင်”

“ဗျာ…”
ဦ အောင်မျိုးတစ်ယောက် ခြေထောက်တွေမထိန်းနိုင်စွာ
လမ်းဘေးခုံပေါ်ပျော့ခွေကျသွားသည်။
လက်ထဲကပစ္စည်းတွေကိုတော့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားဆဲရင်း….

.ကျနော်က သူတို့ကိုခြံရှင်းခိုင်းနေခဲ့တာ

သူတို့အတွက်ဘောလုံးကွင်းပါ ကျောင်းမှာခိုင်းနေတာတွေက သူတို့လေးတွေလိမ္မာရေးခြားရှိစေဖို့ပါ
ဟော့ဒါတွေက သူတို့အတွက်အားကစားပစ္စည်းတွေပါ
သူတို့လေးတွေကျောင်းဖွင့်တဲ့နေ့မှာပေးပြီး
ဝမ်းသာစရာအဖြစ်ပြောပြချင်လို့ကြိတ်ကြံနေခဲ့တာပါ
ခုတော့ဗျာ”

ထိုစဉ်
“ဆရာကြီး ဆရာကြီး ဟောဟဲ…ဟောဟဲ
ဟို…ဟိုမှာ ကောင်းဆက်ရယ်လေ
သူစိမ်းတွေနဲ့ခရီးသွားမလို့တဲ့ သားလိုက်ခေါ်တာ
လက္မခံဘူး “

“ဟေဟုတ်လား ဘယ်မလဲပြောစမ်း”
“ရွာပြင်ကကားဂိတ်ကိုသွားနေတာဆရာ”
“ဟုတ်ပြီ ကျနော်အရင်လိုက်နှင့်မယ် ဒေါ်လှနောက်ကလိုက်ခဲ့ပါ “

“ဟုတ်ကဲ့ဆရာ”
ကျောင်းဆရာဦ အောင်မျိုးသည် လက်ထဲကအထုပ်များကို သူ့တပည့်စိန်အုပ်လက်ထဲထိုးပေးကာ
ပုဆိုးကိုခပ်တိုဆိုပြင်ဝတ်လိုက်ပြီး
ရွာထိပ် ဘက်ပြေးလေတော့သည်။

ရွာပြင်မရောက်တရောက်လေးတွင်..
“ဟေ့ကောင်တွေ ဟေ့ကောင်တွေရပ်စမ်း မင်းတို့ငါ့တ
ပည့်ကိုဘယ်ခေါ်သွားမလို့လဲ”
မောင်ကောင်းဆက်ကိုလှမ်းဆွဲရင်း သူ့အဖော်နှစ်ယောက်ကိုမေးလိုက်သည်။

သူ့အဖော်ဆိုသော်လည်း
အသက်မတူကြပါ မောင်ကောင်းဆက်ရဲ့အဖော်များမှာ
အသက်အစိတ်ခန့်ရှိသောလူရွယ်များပင်။

“ဘယ်ခေါ်သွားရမလဲဗျ ဒီကကောင်းဆက်ကကျနော်တို့
ဖားကန့်သွားမှာကို သူကထမင်းချက်ပေးမယ်
ရတဲ့ဝေစုပေးရမယ်ဆိုပြီးလိုက်လာတာ ခင်ဗျားနဲ့ဘာဆိုင်သလဲ”

“ဟေ့ကောင်တွေ ဒါငါ့ကျောင်းသားကွ
သူကသူ့မိဘကိုစိတ်ဆိုးပြီးခုလိုလုပ်တာ ခေါ်မသွားနဲ့”
“ဆရာကြီးသားလက်ကိုလွတ်ပါ
ဆရာမပီသတဲ့ကျောင်းကဆရာနဲ့ မိခင်မပီသတဲ့အမေ
ကြားသားမနေချင်ဘူး”

“ဘယ်လိုပြောလိုက်တာလဲသားရယ် ဆရာရှင်းပြပါရစေ”
“အိုကွာ ဒီလူကြီးကလေးက မလိုက်ခြင်တာကို
အတင်းခေါ်နေတယ် ဟေ့ရောင် ဆော်ကွာ”

ကောင်းဆက်ရဲ့အဖော်နှစ်ယောက်သည် ကောင်းဆက်ကိုဆရာကြီးလက်ထဲမှာအတင်းဆွဲကာ
ဆရာကြီးကိုတစ်ယောက်ကချုပ်ထားပြီး
ကျန်တစ်ယောက်က ထိုးလေသည်။

“ဟေ့ရောင် ကားကလာတော့မှာ ဒီမှာလူပြတ်နေတုန်း
တစ်ခါထဲရှင်းလိုက်ရအောင်.”
ဆရာကြီးမှာတပည့်ဇောနဲ့ပြေးလာခဲ့ပေမဲ့
ဇရာကြောင့်လူငယ်တွေကိုမယှဉ်နိုင်တော့ပါ။

မြေပေါ်ခွေလဲကျရင်း..
“သား…ငါ့တပည့် လွတ်အောင်ပြေး အဲ့ဒါကလေးသူခိုးတွေကွ”
“ဟာကွာ…ဒီအဘိုးကြီး ရော့ကွာ”

ဇွပ်….
အား…..
“ဟာဆရာကြီး”
ထိုအခါမှကောင်းဆက်မှာ ဆရာကြီးကိုပြေးပွေ့လေသည်။

“ဟေ့ကောင်လေးထားခဲ့ လာအမြန်သွားကြမယ်”
“ဟင့်အင်းဟင့်အင်း ကျုပ်ကိုလွတ်”
သူရုန်းပေမဲ့လူနှစ်ယောက်မှာ သူဂျိုင်းကနေတစ်ဖက်စီမ,ကာဆွဲကြလေပြီ။

ထိုစဉ် ရွာဘက်ဆီကနေ
ဟေ့ကောင်တွေရပ်လိုက် ဆိုသည့့်လူအုပ်ကြီးနှင့်အတူ
ဒေါ်လှနှင့်စိန်အုပ်တို့မှာပြေးလာကြသဖြင့်
“တောက်…ဒီလူကြီးကြောင့် ”
ဟုဆိုကာ လူနှစ်ယောက်မှာကြိတ်မနိုင်ခဲမရဖြင့်
ကောင်းဆက်ကိုပစ်ချကာ ထွက်ပြေးလေသည်။

“ဆရာကြီး သားအမှားတွေပါဆရာကြီးရယ်”
မောင်ကောင်းဆက်ကဆရာကြီးကိုပွေ့ရင်းငိုလေပြီ။
“အဟွတ်ဟွတ်
ငါ့တပည့်မောင်ကောင်းဆက် နောင်ကို မိဘနဲ့ဝေးရာထွက်မသွားပါနဲ့ အဟွတ် ဆ..ဆရာ့ကိုကတိ ကတိပေးပါ”

“ဟီးဟီး…သားကတိပေးပါတယ်ဗျာ”
“အေး ပညာတတ်ကြီးဖြစ်အောင်ကြိုး ကြိုးစားနော်
ဆ…ဆရာကြီးမင်းတို့အားလုံးကို ချစ်…ချစ်တယ် အား”
ဆရာကြီးမှာမောင်ကောင်းဆက်လက်ထဲတွင်
ဇက်လည်သွားတော့သည်။


အနားကလူအုပ်ကြီးသည် ဆရာကြီးအလောင်းကို
သယ်ယူသွားကြလေပြီ
ခေါင်းကြီးငုံ့ပြီးငိုနေတဲ့မောင်ကောင်းဆက်ကို
ဒေါ်လှကအသာပွေ့ပြီး..

“သား…ကောင်းဆက်…မင်းဆရာကြီးကလေ
တစ်ကယ်တော့မင်းထင်သလိုမဟုတ်ပါဘူးကွယ်
သူ့ခြံကိုသားတို့ကိုရှင်းခိုင်းခဲ့တာက
ဘောလုံးကွင်းမရှိတဲ့သားတို့အတွက်ပါပဲကွယ်
ဟော့ဒီမှာ ဟိုတနေ့ကသူပေးခဲ့တဲ့မင်းအတွက်ဂျာစီဝယ်
ပေးဖို့ပိုက်ဆံတဲ့ ခုလဲမင်းတို့အတွက်ဆိုပြီး
ဘောလုံးတွေ မိန်းကလေးတွေအတွက်အရုပ်တွေ
အားစကားဘိနပ်တွေလေ “

ဒေါ်လှက
စိန်အုပ်လက်ထဲကဆရာကြီးပေးခဲ့သော
အထုပ်ကိုဖြည်ပြလေသည်။
ကောင်းဆက်ရင်နင့်ရလေပြီ။

ဆရာ့ကိုသယ်ယူသွားရာဘက် လက်အုပ်ချီရင်း
“ဆရာကြီး သားကိုခွင့်လွတ်ပါ
တစ်ကယ်တော့ ဆရာကြီးပြောသမျှလုပ်သမျှတွေအားလုံးဟာ သားတို့အနာဂါတ်အတွက်ပဲဆိုတာသားသိပါပြီဆရာ သားသိပါပြီ
တုနှိုင်းမမှီတဲ့ဆရာ့မေတ္တာတွေကို
သားဒီနေရာကနေ ကန်တော့လိုက်ပါပြီဆရာ”

မောင်ကောင်းဆက်နှင့်အတူမောင်စိန်အုပ်သည်လည်း
သူတို့ဆရာကိုသယ်ယူသွားရာဘက်ထိုင်ရှိခိုးလေသည်။
သူတို့ရဲ့နောင်တသည် နောက်ကျခဲ့လေပြီ။

(ကလေးတိုင်းအနာဂါတ်လှပပါစေ)

ပြီးပါပြီ

                                ဧကရီ ( မနောမြေ)