အမဲသားစားချင်၍လိုက်လာသူ

အမဲသားစားချင်၍လိုက်လာသူ( စ\ဆုံး)

—————————————

“ဗျို့…တင်မောင်….
တင်မောင်ရေ….´´

ခြံပေါက်ဝက..အသံတစ်ခုကြောင့်..တင်မောင်
ခေါ် အမျိုးသားအိမ်ထဲကနေ..ထွက်လာပြီး …
“ဟာ..ကိုသာအေး..လာလေဗျာ..
ခင်ဗျားကလည်း.သူစိမ်းကြနေတာပါ…..´´
!
“မဝင်တော့ဘူး တင်မောင်ရေ…
အိမ်မှာ.အလုပ်ကိစ္စကလဲ ရှိနေသေးတော့..မဝင်ဖြစ်တော့..ဘူး.ကွ…
ဒါနဲ့.လာရင်းကိစ္စ ကတော့..ငါ အိမ်က..နွားမကြီး
သေသွားလို့..မင်းရွာထဲသို့.လိုက်ရောင်းပေးအုန်း
ကြ….

ကိုသာအေးစကားကြောင့်..
တင်မောင်မျက်နှာဝင်းကတည်းဖြစ်သွားလေသည်……
..သူလည်း ဒီရက်ပိုင်း..
အလုပ်က.မရှိဘူးဖြစ်နေတယ်မဟုတ်လား…..
အိမ်ကမိန်းမကလဲ အရမ်းအားနာနေမိပြီးလေ.
ဒီလိုက်ိစ္စမျိုးဆိုတာလက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ.

ok ,ကိုသာအေးရေ….ခဏနေ.. ကျွန်ပ်လာခဲ့မယ်ဗျအိမ်ကပဲစောင့်နေလိုက်….

“အေးအေး..´´
ပြောပြောဆိုဆိုနဲ့..ကိုသာအေးလဲ…ပြန်သွားလေသည်၊

ကျွန်ပ်လည်း.မိန်းမအရံသင့်ထာထားတဲ့.
ထမင်းကြော်နှင့်ပဲပြုတ်..အစားခံစားပြီး…..
အမဲဖြတ်ဖို့အတွက်…ဓားကိုထက်နေအောင်သွေ.
ပြီး..ကိုသာအေး..အိမ်သို့ထွက်လာခဲ့လေသည်၊
သူ့အိမ်ရောက်….ကိုသာအေးက..က.လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေမိတော့သည်၊
ကျွန်ပ်လဲ.နွားမကြီးအားဖွေးနေအောင်ရေဆေးပြီး….အရေခွံစုတ်ကာ..အသားသက်သက်၊.အရိုးသက်သက်၊.အတိုစ.သက်သက်..စနစ်တကျခွဲကာ…..ရွာထဲသို့လိုက်လံရောင်းချနေမိတော့သည်၊
ကျွန်ပ်အမဲသားရောင်းတဲ့နေဆို..ရွာထဲလူတွေ
အလုအယက် ဝယ်ကြလေတော့သည်၊

“ဟဲ့..တင်မောင်….အရိုးလေးပိုထည့်ပေးအုန်း.´´

“အရိုးတင်မကဘူး ခင်ဗျားယောက်ကျား အရက်နဲ့ ြ့မည်းဖို့အသားပါနည်းနည်းပိုထည့်ပေးလိုက်တယ်…ဟုတ်ပြီးလား´´
“အေးပါအေး..သာဓုပါသာဓုပါ.တော်´´

“အဲ့လယ့်..အရောင်းတွေသွက်နေပါလား´´

“ဟာ ဆယ်အိမ်မှူး. ကိုမြင့်ပါလား…ဘာလဲ..
လာအားပးတာလား´´

ဆိုပါစို့.. ကွာ.
ငါအတွက်..၂ပိသာ ထည့်ထားလိုက်.တင်မောင်ရေ…ငါမိန်းမက အခြောက်လုန်းချင်လို့တဲ့…ဟ

Okကိုမြင့်ရေ..အပိုထည့်ပေးလိုက်တယ်နော်
အကြွေးတော့မရဘူး.. ဟဲဟဲ…..

“အေးပါကွာ..မင်းပြောမှပဲ..ငါလည်း..
အကြွေးရုပ်ပေါက်နေတော့တာပဲ.. …´°

ဟား..ဟားဟား.. ………….

တစ်နေကုန်..ရောင်းအားကောင်းကောင်းဖြင့်…လှည့် ရောင်းလိုက်တာ..ညနေစောင်း တော့..အကုန်ကုန်သွား၍…
ကိုသာအေးအရောင်းရငွေလွှဲပေးလိုက်လေသည်၊

“ကျေးဇူးပါ တင်မောင်ရေ…
ရော့..ဒါ.မင်းအတွက်…၂သောင်း.နဲ့.
အိမ်စားဖို့အမဲသား၂တွဲယူသွား..´´

“ဟာ..များလိုက်တာ.ကိုသာအေးရာ…
၁သောင်းခွဲပဲ..ပေးပါ.ဗျ…ဒီလောက်လေးရောင်းပေးတာ.ကျွန်ပ်အတွက်…အပန်းမကြီးပါဗျာ….´´

“မဟုတ်တာ တင်မောင်ရာ ယူသွားစမ်းပါ….ကွာ
မင်းမိန်းမလဲ မျော်နေရောပေါ့….´´

ကျွန်ပ်လဲ ပေးမရတဲ့အဆုံး…ငွေ၂သောင်း လက်ထဲကျစ်ကျစ် ဆုတ်ပြီး..
အမဲသားတွဲဖြင့် .ကိုသာအေး.အိမ် က
ထွက်လာခဲ့လေသည်၊

နေဝင်ချိန်ရောက်တော့မယ့်အချိန်မယ့်…
အိမ်သို့ခက်သွက်သွက်လျှောက်လာခဲ့သည်၊

ကျွန်ပ်တို့လင်မယားက.အရမ်းဆင်းရဲတယ် ဗျာ…
ကျွန်ပ် မိဘကတော့…အရမ်းချမ်းသာပါတယ်
သူ့တို့သဘောကျနှစ်သက်တဲ့..သူ မယူပဲ
ရွာသူကို..ယူခဲ့၍..အခုလို.အမွေဖြတ်စွန့်လွတ်ခံရသူပါ…
ဘာပဲဖြစ်ဖြစ်..ကျွန်ပ်ကျေနှပ်တယ်..မွေးမိဘတွေလဲ.စိတ်မနာရက်ပါဘူး…
ကျွန်ပ်ကလည်း..ပင်ပင်ပန်းပန်း အလုပ်တွေဆို
သိတ်မလုပ်နိုင်ဘူးဗျာ..
ဒါကို..အိမ်ကမိန်းမက..ကျွန်ပ်ကိုနားလည်ပေးရှာပါတယ်..
ဘာမှအခိုင်းရဲ့ဘူး……သူ့ကိုချစ်နေယုံနဲ့
ကျေနှပ်တယ်ဆိုလားပဲ….
ဒါကိုလဲ ကျွန်ပ်ကလက်မခံချင်လေ…အိမ်ထောင်ဦးစီတစ်ယောက်နဲ့..တတ်နိုင်သလောက်…တာဝန်ကျေရမယ်ဆိုတဲ့
စိတ်နဲ့…အခုလိုအမဲသားရောင်းတဲ့..ဘဝကို
သူနဲ့အတိုက်ခိုက်လုပ်ပြီး..ရွေးချယ်ခဲ့လိုက်ရတယ်………..

ရှပ်ရှပ်.. .ရှပ်…..
ကျွန်ပ်နောက်…က..တစ်စုံတစ်ယောက် ကပ်လိုက်တဲ့ခြေသံကြောင့်..ကျွန်ပ်အတွေးတွေ
ပြောက်ကာ…နောက်သို့့လှည့်ကြည့်မိလိုက်လေသည်၊
မည်သူကမှမရှိ….ကျွန်ပ်စိတ်ထင်တာနေမှာပါ…
ဆိုပြီး ဆက်လျှောက်ခဲ့တယ်……

ရှပ်ရှပ်ရှပ်.. .ဒီတစ်ခါ ပီပီသသ ကြားလိုက်ရ၍
ကျွန်ပ် ခြေလှန်းများ..ဒုန်းကနဲ ရပ်လိုက်မိလေသည်၊
နောက်သို့လှည့်ကြည့်တော့မည်သူမှ..မရှိ….
ကျွန်ပ်ကျောနည်းနည်းတော့ချမ်းလာတယ်ဗျာ..
ကျွန်ပ်လည်း..ခြေလှမ်းကျဲကြီး တွေဖြင့်…လျှောက်လာရင် အိမ်ခြံပေါက်ဝသို့ရောက်လာခဲ့
သည်၊
ဝုတ်ဂုတ်…ဝုတ်…
ရုတ်တရုပ်.ဖြူမ..ခြံပေါက်ဝနားမှာ…ကျွန်ပ်ကိုမြင်တော့ထ၍ဟောင်နေ၍…ကျွန်ပ်..လဲ
နူတ်ဆက်တဲ့အထင်နဲ့အိမ်ထဲသို့ဝင်လာခဲ့သည်၊

ဖြူမကတော့ထိုး၍..ဟောင်နေဆဲး……

“ဟဲ့..ကောင်မ..ကိုယ်သခင်တောင်မမှတ်မိဘူးလား
နာတော့မယ်..နင်တော့…..´´

ကျွန်ပ်မိန်းမ.က..ငေါက်လိုက်တော့မှ…..
ဖြူမ ကုတ်ကုတ်လေး ငြိမ်ကျသွားကာ..ခြံပြင်သို့
ထွက်သွားခဲ့လေသည်၊
ခါတိုင်းဆို..ကျွန်ပ်ကိုမြင်ရင်..ပွတ်သီးပွတ်သပ်
လုပ်တတ်တဲ့ ဖြူမ…ဘယ်လိုကြောင့်ပါလိမ့်နော်…

ဟင်…
“အကို.အမဲသားတွဲတွေပါလေ……´´
“ညကြီးမိုးချုပ် ယူလာရတယ်လို့အကိုရယ်´´

“ဘာဖြစ်လို့လဲ ခင်လေး ရဲ့ခါတိုင်းလဲ…ယူနေကြ
ပဲကို…´´

“ဘာရယ်တော့မဟုတ်ပါဘူး….အကိုရယ်….
ဘာပဲဖြစ်ဖြစ် ညဘက်မယူတာအကောင်းဆုံးပဲ….´´

အေးပါဗျာ…အေးပါ…
ကျွန်ပ်လဲ ဆက်မငြင်းချင်တာနဲ.့ခင်အလိုအတိုင်း
လိုက်လျော ခေါင်းငြိမ့်ပေးလိုက်ရသည်၊

“အဲ့နဲ့အကို….အလုပ်သွားတာ..ခင်ကိုတော့
ပြောသွားဖို့တော့ လိုတာပေါ့..ခုတော့ဘယ်လောက်ထိ..ခင်.စိတ်ပူရတယ်ဆိုတာ…အကိုကမှမသိတာ…..

အော်..ကြည့်ကြည့်.ပြောရင်..မျက်ရည်က ကျ
လာတော့မယ်…ဒီကောင်မလေးကတော့..နော်´´
အရမ်းစိတ်အားငယ်တတ်တဲ့…ကျွန်ပ်မိန်းမအကြောင်း
ကျွန်ပ်အသိဆုံယဗျာ…
ကျွန်ပ်လဲ ပြောပြောပြောဆိုဆိုဖြင့်..ကျလာတော့မယ့် မျက်ရည် တွေကို..လက်ဖြစ်
အသာဖယ်ပေးလိုက်လေသည်၊

“ဘာတွေစိတ်မချဖြစ်နေတာလဲ
ခင် ရဲ့…ဘာမှစိတ်မပူနဲ့သိလား..ဒီမနက်
ခင်ကို ပြောမသွားဘူးဆိုတာက..
.အလုပ်ကိစ္စက့.ဗြုန်းစားကြီး ပေါ်လာတာဆိုတော့
ပြောဖို့အချိန်မရတော့တာပါ…
ခင်အလာကို
.ကိုယ်စောင့်ပါသေးတယ်..နည်းနည်းနေမြင့်နေ၍
အကိုလဲ အိမ်ကမြန်မြန်ထွက်လာခဲ့လိုက်ရတာပါ..

အဲ့တော့မှ.ခင်လဲစိတ်ဖြေပုံရသွားခဲ့လေသည်၊

“ဟုတ်ပါရဲ့…ဒီနေ့ကျမှ…ခင် လဲ စျေးသိတ်
ရောင်းမကောင်းလို့အရမ်းနေမြင့်သွားတယ်
အကို..
ကဲကဲ ရေမိုးချိုးထား…
ခင် လဲ အမဲသားတွေရေဆေးပြိး..ပြုတ်ထားလိုက်အုန်းမယ်…ပြီးရင်တူတူထမင်းစား
ကြတာပေါ့….´´

ခင်လေး တစ်ယောက်လဲ ပြောပြောဆိုဆို ဖြင့်.
အမဲသားတွဲယူကာ မီးဖိုချောင်အတွင်း သို့
ဝင်သွားခဲ့လေသည်၊

ကျွန်ပ်လဲ.ရေမိုးချိုး ကာ…
အရံသင့်ခူးခပ်ထားတဲ့..တောဟင်းစုံ..
အမဲရိုးချက်၊ အမဲကြော်.၊.ငပိရေ.အတိုမြုပ်
စသည့်စုံလင်စွာ..ဟင်းများဖြင့်…ခင်လေးနဲ့
ထမင်းလက်စုံစားကြလေတော့သည်၊

ဝုတ်ဝုတ်…ဝုတ်….ဝုတ်…
ရုတ်တရပ်.. ကျွန်ပ်တို့ထမင်းဝိုင်းသို့ဖြူမထိုး၍
ဟောင်ပါလေတော့သည့်၊
ကျွန်ပ်လဲ သူ့ဗိုက်ဆာနေတဲ့…အထင်နဲ့…အမဲရိုး
တချို့နဲ့ကျကျနန နှဲပြီး..ဇလုံထဲသို့…ကျကျွေးလေတော့…ဖြူမ.က ကျကျွေးနေတဲ့..
ထမင်းကိုလုံးဝမစားပဲ..ထိုဇလုံအား.အဆက်မပြက်.ထိုးဟောင်ပြလေတော့.သည်..ခဏအကြာ…
တဂိန်ဂိန်နဲ.. အော်..ဟစ်..ကာ….
ခြံပြင်သို့ဝိုးဝှေထွက်ပြေးသွားပါလေတော့သည်၊

ကျွန်ပ်တို့နှစ်ယောက်လဲ တစ်ယောက်မျက်နာ တစ်ယောက် ကြည့်မိကြကာ..ဖြူမ ကို..
ဘယ်လိုမှ နားမလည်ဖြစ်နေမိကြလေတော့သည်၊

စားပြီးလို့..ကျွန်ပ်လဲ ထမင်းဆိပ်တတ်ကာ..
အိပ်ချင်လာတာနဲ့..အိပ်ယာထဲလှဲ..လိုက်.ပြီး.
ဖြူမအကြောင်းကို ခဏ စဉ်စားနေမိတော့သည်၊
ဒီနေ့တစ်နေကုန်..ဖြူမ ဘာတွေဘယ်လိုဖြစ်နေပါလိမ့်….နော်…
ခင်လေးကတော့…အိုးခွက် ပန်းကန် များ…..
ဆေးကျောသံတွေဖြင့်..အလုပ်ရူပ်နေလျက်..
ကျွန်ပ်လဲ ခင်လေးကို.မစောင့်နိုင်တဲ့အဆုံး..တချိုးတည်း အိပ်ပျော်သွားပါလေတော့သည်၊
………………………………………………….
“ခြမ္​း´´
ညအချိန့်မို့..တစ်စုံတစ်ခု ပြုတ်ကျသံက….
ထင်ထင်ရှားရှား ထွက်ပေါ်လာတာကြောင့်..
ကျွန်ပ် လန့်၍ နိုးလာလေတော့သည်၊
အိပ်ယာဘေးမှာခင်လေးမရှိ…..
အာရုံဆွန်းဟင်းများ ချက်နေသလား..အတွေ းဖြင့်
နာရီ စင် ကိုလှန်းကြည့်တော့…..
ဟင်-(12)နာရီရှိသေးပါလား…ခင်လေး ဘာထ
လုပ်တာပါလိမ့်..ညဉ့်နက် ကြီး..အချိန်…..
ကျွန်ပ်လဲ..ပြာလဲ့လဲ့ အိပ်ယာထလာကာ…မီးဖိုချောင် ဘက်သို့ထွက်လာခဲ့သည်၊ ထိုအချိန်
မီးဖိုချောင်ဘက်က..တစ်စုံတစ်ယောက်…
စားသောက်သံတွေက..ထွက်ပေါ်လာတာကြောင့်..ကျွန်ပ်လဲ..ခြေရာဖော့ကာ..အသံတိတ်..ကြည်မိလိုက်တော့..ကျွန်ပ်..အံ့အားသင့် ဖြစ်မိသွားခဲ့လေသည်၊
ခင်လေးက..နောက်ကျောပေးပြီး…တစ်စုံတစ်ခုကို
ငတ်ငတ်ပြက်ပြက်စားသောက်နေတဲ့..မြင်ကွင်းကြောင့်ဖြစ်သည်၊ ကျွန်ပ်လဲ.အရမ်းထိပ်လန့်
မတတ်ပဲဗျာ…

“ခင်…ခင်..လေး…မင်း..မင်း.ဘာလုပ်နေတာလဲ…..ကွာ…´´

ပြန်မပြောဘူး.ဗျာ..အစားပဲ မဲနေတာ…ကျွန်ပ်လဲ
အရဲစွန့်ကာ….ကြောက်စိတ်တွေခဏဘေးချိတ်ပြီး
ခင်လေးနားသို့တိုးကပ်ကြည့်မိလိုက်တော့…..

အမယ်လေး ဗျ….ကျွန်ပ်အသံထွက်…အော်လိုက်မိကာ..နောက်သို့လှဲကျသွားမိလေသည်၊
ခင်လေးက..အမဲအိုးကို..ပေါင်ပေါ်တင်ပြီး..ခေါင်း
မဖော်အောင်.လက်ကြီးနဲ့ကုတ်ကုတ်စားနေတာဗျာ…..

စောစော.က.ကျွန်ပ်အော်လိုက်တဲ့..အသံကြောင့်လားတော့မသိဘူး…စားလက်စ..
အစာများ..ခဏရပ်ကာ..ကျွန်ပ်ဘက်သို့..လှည့်
ကြည့်မိလိုက်လေသည်…
ဖြူဖပ်ဖြူရော် မျက်နာကြီးဖြင့်…..ကျွန်ပ်ကို
ကြည့် .ပြီး…တခိခိ..ရီးပြနေလျက်……..
ကျွန်ပ်လဲ..ဆက်မကြည့်နိုင်တဲ့အဆုံး..အော်ဟစ်ကာ…အိမ်ပြင်သို့ထွက်ပြေးရပါလေတော့သည်၊…..
အိမ်ပြင်ရောက်တော့…..ကျွန်ပ်လဲ..ခင်လေးအတွက်စိတ်ပူကာ…ပတ်ဝန်ကျင်ကိုပဲ..အော်ဟစ်စွာ..အကူ
ညီတောင်းလိုက်မိလေတော့သည်၊
ညတိတ်ဆိတ်နေတဲ့အချိန်မို့…ကျွန်ပ်အော်သံ..
တစ်ရွာလုံး လွှမ်းမိုး သွားလေသလားမသိ….
တစ်ရွာလုံး နီးပါး..ကျွန်ပ်အိမ်ဘ်ကသို့. စိုးရိမ်စွာပြေးလာကြလေတော့သည်၊

မင်းမိန်းမဘာဖြစ်တာ.တင်မောင်….´´

အားလုံး.ကစိုးရိမ်စွာမေးမြန်းကြလေတော့သည်၊
ကျွန်ပ်လဲ ထစ်ထစ်ငေါ့ငေါ့..ဖြင့် အကြောင်းစုံ
ပြောပြနေတဲ့အချိန်…မှာ…
အိမ်ပေါ်ပြတင်းပေါက်တံခါးဖွင့်သံကြောင့်…
ကျွန်ပ်အပါအဝင်..တရွာလုံးကလူတွေလဲ..
ထိုပြတင်းပေါက်တံခါးဆီသို့..မျက်တောင်မခက်ပဲ
ဝိုင်းဝန်စိုက်ကြည့်မိလိုက်တဲ့အချိန်….မှာ..ပဲ…
တရွာလုံးလန့်..၍…ဆူညံစွာ..အော်ဟစ်နေကြပါတော့သည်၊
ဆံပင် ဖရိုမရဲဖြင့် ခင်လေး…က.တရွာလုံး
အပြုအမူတွေကြည့်ပြီး…တ ခိခိနဲ့ရီးမောနေလျက်…..

“ဒါ..ဒါ..သရဲ..ဝင်ပူးနေတာကွ…´´
ကိုသာအေးလဲ ပြောပြောဆိုဆိုဖြင့်..တစ်စုံတစ်ခု
သတိရ၍ သွားခေါ်မယ်ဆိုပြီး.ရွာကလူ.၂နှစ်ယောက်အဖော်ခေါ်ကာ…
ထွက်ခွာသွားခဲ့လေတော့သည်၊….
………………………………………………

ခဏအကြာ..ကိုသာအေးတို့အဖွဲ့နဲ့အတူ
့ဦးလေးကြီးတစ်ယောက်ရောက်ရှိလာခဲ့လေသည်၊

ဒါ..မနောစိတ္တုပ္ပါဒ် ဂိုဏ်းဝင်ဆရာကြီးဗျာ..အရမ်းစွမ်းတယ်….မင်းမိန်းမအတွက်..ဘာမှစိတ်မပူနဲ့..သာအေးပြောစကားကြောင့်.
ကျွန်ပ်အရမ်းဝမ်းသာမိမတတ်ပဲ…..

“အားကိုးပါတယ်..ဆရာကြီးရယ်…
ကူညီပါအုန်း.ကျွန်ပ်မိန်းမအန္တာရယ်ကင်းအောင်..´´

“အေးဘာမှ..စိတ်မပူပါနဲ့…ကွ´´
ဆရာကြီးကပြောပြောဆိုဆို..ဖြစ်…

“ဟိတ်သရဲမ..ခုချက်ချင်းဆင်းခဲ့….စမ်း……´´

ဆရာကြီးအသံကြားလိုက်တာနဲ့….
တပြိုင်နက်
ခင်လေး.ပူးကပ်နေတဲ့..သရဲ..တုန်လှုပ် ခြောက်ခြားသွားတာတွေ့ရလေသည်၊

“ဟင်အင်း.. .မလာဘူး….ကြောက်တယ်….
ကြောက်ဆယ်…ဟီး..ဟီး….ဟီး…´´

ဟာ…ငို..ပြန်ပြီး..ဘယ်လိုသရဲလဲကွ…….
သနားရမှာလား..၊.ကြောက်ရမှာ.ဖြစ်နေကြမိလေသည်……

ဆရာကြီးက.သဘောပေါက်ကာ..
ခေါင်းတညိမ့်ညိမ့်ဖြစ်ပြုလုပ်ပြီး….

“အဲ့ဒါ..ကလေးသရဲမလေးပါကွာ.ဘာမှ
စိတ်မပူကြပါနဲ.၊..´°

“ဟင် ´´
အားလုံးကတော့..အဲ့တော့မှ..သဘောပေါက်မိကြ
လေသည်၊

ဆရာ ကြီး.က..ပြန်ချော့၍…
“ကဲ…သမီးလေး…အောက်ဆင်းလာခဲ့ပါ…
ဦးလေးက..ရန်မပြုပါဘူး..´´
..အဲ့တော့မှ…
ပြတင်းပေါက် နားကနေ..ခင်လေး..အပြင်ဘက်သို့ထွက်လာမိလေသည်၊

“သမီးကို..ရိုက်မှာကြောက်ဆယ်…
ဟီး..ဟီးဟီးဟီး.. .´´

ဟာ..
“မငိုနဲ့မငို…..ဦးလေးတို့ကအန္တာရယ် မပေးပါဘူး သမီးလေး မဆိုးရင်ပေါ့..ဒါနဲ့
သမီးနာမည်..အရင်ပြောပြ…´´

“..ပုံပုံခ်စ္​´´

ဟင်..
ဟာ…..အားလုံးကလဲ..အံ့အားသင့် ဖြစ်နေကြလေသည်….
ဟိုတလေလောတုန်းက.မြွေကိုက်သေသွားတဲ့
ကလေးမလေးပါလား….
.သူ့မိဘတွေကတော့ သူ့မသေခင်ရက်ပိုင်း..မှာပဲ..လှေမှောက်သေဆုံးသွားရှာသတဲ့…….
….
“ဘယ်သူနဲ့.လိုက်လာတာလဲ…..´´
ဆရာကြီးကမေးတော့….

ကလေးမလေးပူးနေတဲ့ ခင်လေးက..သွားလေးဖီးပြကာ..
ကျွန်ပ်ကို လက်ညိုးထိုးပြပါလေရော…..

“ဒီက.ဦးဦးနဲ့လိုက်လာတာ´´

ဘယ်ကြောင့် လိုက်လာတာလဲ.ထပ်အေးတော့…..

“အမဲသားစားချင်လို့တဲ့..´´

ဘုရားဘုရား.. …
ကျွန်ပ်လဲ..ညဖက်ဆို..အမဲသားမယူရဲတော့သလို.
.အမဲသားရောင်းဖို့တောင်.ခက်လန့်လန့်ဖြစ်နေမိတော့သည်၊…
ဒါကြောင့်လဲ ဖြူမ…ထိုးဟောင်းနေတာကို….
အဲ့တော့မှ
ကျွန်ပ်လဲသဘောပေါက်မိသွားလေသည်၊

“..ဒီဘဝက..ကျွတ်လွတ်ချင်ပါသလား….သမီး´´

ခင်လေးဆီ..ပူးနေတဲ့.သမီးလေးက..
ခေါင်းခါတယ်ဗျာ….ဘာကြောင့်လဲမေးတော့…
သူ့အဖေနဲ့အမေကို..စောင့်နေတာတဲ့…
ရွာထိပ်နားမှာ…

“ဟင်.´´
စိတ်မကောင်းစရာပဲဗျာ…..ပြန်မလာတော့တဲ့
မိဘတွေကို..စောင့်နေတာတဲ့………

ဆရာကြီးက.သူ့မိဘတွေ….
လှေမှောက်ဆုံးရှာပြီးတဲ့ပြောတော့..သမီးလေး.က
တငိုငိုတရီရီ ဖြင့်.မရပ်မနား.ငိုနေမိတော့သည်၊..
..
“မငိုနဲ့တော့တိတ်တိတ်…
သမီးလေး..ဘယ်မှာနေတာလဲဦးကိုပြောပြ..
ဦးလေးအမျှဝေပေးမယ်၊..ဒီဘဝက ကျွတ်လွတ် သွားရင်..သမီးလေးကြိုက်တဲ့..အမဲသား..အမြဲတမ်းစားရမှာ…သိလား..မေမေနဲ့ဖေဖေနဲ့
တွေ့ရမယ်…………
ပလီဆယ်ပြီး ပြောလိုက်ရလေတော့သည်၊

အဲ့တော့မှ..ထို ကလေးမလေး..အင်ိုတိတ်ကာ..
သူ့နေတဲ့…ရွာထိပ်နား..က..လက်ပံပင်ကြီး..
ပြောပြလေတော့သည်၊
အမျှရဖို့..ဦးဦးတို့ကို..စောင့်နေမယ်တဲ့…….
ပြောရင်းဖြင့်..ခင်လေးခွေခွေလေး လှဲကျသွား
ပါလေတော့သည်၊

ကျွန်ပ်လည်း..ခင်လေးကို.ပွေ့ထူကာ…သတိရတဲ့အထိ..စောင့်ကြည့်နေခဲ့လေသည်၊
ဆရာကြီးဆေးတစ်လုံးကြောင့်..ခင်လေး.လည်း
မြန်မြနိသတိရလာလေတော့သည်၊
ဘာမှနားမလည်တဲ့…အကြည့်တွေနဲ့..ခင်လေးကမေးမြန်းကြည့်တော့…..ကျွန်ပ်အစား
တစ်ရွာလုံး ကပြောပြနေမိတော့သည်၊
ကြောက်စိတ်ကတကြောင်း၊
သနားစိတ်ကတစ်ကြောင်း..ဘာပဲဖြစ်ဖြစ်.. ဒီ
သမီးလေး ကျွတ်လွတ်ဖ်ို့…အမြန်ဆုံး
ခင်လေးအပာအဝင်.ဆာင်ရွတ်ခဲ့လေတော့သည်၊
မနက်ရောက်တော့..လက်ပံပင်ကြီး အောက်မှာ.
သံဃာတော် ၅ ပါး.ပင့်ဖိတ်ကာ..ကလေးမလေး
ပုံပုံချစ် အတွက်.တစ်ရွာလုံးက လူတွေလည်း
အမျှပေးဝေနေမိတော့သည်၊

သမီးလေးလဲ ကောင်းရာဘုံသို့ကူးပြောင်းပါစေ။

ပြီးပါပြီး.. ….
ဇာက်လမ်းလေး..သဘောကျရဲ့ဗျာ..
ဝေဖန်ပေးပါအုန်း☺☺

အမြန်တင်ပေးလိုက်တာမို့…
အမှားလေးတွေပါရင်..သည်းခံဖက်ပေးကြပါ.နော်.

စာဖက်ချစ်ဖလန့်တွေ..ကျေးဇူး တင်ပါသည်၊