အမျှဝေသံ (စ/ဆုံး)

Unicode Version

အမျှဝေသံ (စ/ဆုံး)
———————-
ချောင်းရေစီးသံနှင့်အတူ အုပ်လိုက် မြူးနေသည့်
ငါးအုပ်ကြီး။တဝုန်းဝုန်း ။ တဗွမ်းဗွမ်း အသံကို
ကြားနေရဆဲဖြစ်သည်။ ကိုပိန် ငါးအုပ်ကြီးကို
ကြည့်ပြီး ရင်တဒိန်းဒိန်း ခုန်သွားမိသည်။

“ငါး…ငါး…ငါးတွေ”

ကိုပိန် ထူးထူးခြားခြား တွေ့လိုက်ရသည့်
ငါးအုပ်ကြီးကို ကြည့်ပြီ ပါးစပ်က အသံပင်
ထွက်သွားမိသည်။

“ကိုပိန်…ကိုပိန်…ဘာဖြစ်တာလဲ သတိထားပါဦး”

ကိုပိန်ဇနီးဖြစ်သူ မသီ၏ စိုးရိမ်တကြီး အသံနှင့်အတူ
လှုပ်နှိုးလိုက်မှ ဖျပ်ခနဲ လန့်နိုးသွားသည်။

သည်တော့မှ ကိုပိန် မိမိအဖြစ်ကို ပြန်တွေးကြည့်မိသည်
ခုတလော ကိုပိန် ရက်ဆက်ပင် ထူးထူးခြားခြား ငါးအုပ်ကြီးကို
အိပ်မက် မက်နေခြင်းဖြစ်သည်။

“ကိုပိန် အိပ်မက် မက်နေတာနဲ့ တူတယ်”

“ဟုတ်တယ် မသီ အိပ်မက်ထဲက ငါးအုပ်ကြီးကို
တွေ့တိုင်း ငါ့သူငယ်ချင်းဖိုးစီကို သတိရမိတယ်
ဟာ…ဒီကောင်ကြီး ခုဆို ဘယ်ဘဝရောက်နေမှန်း
မသိတော့ဘူး”

ကိုပိန် အိပ်မက်နှင့်အတူ သူငယ်ချင်းဖိုးစီအဖြစ်ကို
ပြန်သတိရပြီး စိတ်မကောင်းဖြစ်သွားမိသည်။
ကိုပိန်နှင့်ဖိုးစီက ငယ်စဉ်ကတည်းကစပြီး
အရွယ်ရောက်သည်အထိ ငါးရှာ ဖားရှာ
ကျွမ်းကျင်ကြသည်။

ဖိုးစီက ပိုပြီးကျွမ်းကျင်သည်။ငါးဖမ်းရာတွင်
ငါးမျှားတံမလို ပိုက်ကွန်မလို။ချောင်းထဲတွင်
ရေငုတ်ပြီး ငါးဖမ်းခြင်းဖြစ်သည်။

တစ်နေ့ ချောင်းထဲတွင် ဖိုးစီ ရေငုပ်ပြီး ငါးရှာရင်း
သစ်ငုတ်နှင့်ငြိပြီး အသက်ဆုံးပါးခဲ့ခြင်း ဖြစ်သည်။
သည်ကတည်းက ကိုပိန် ငါးဖားမရှာခဲ့တော့ပေ။
ခုတော့ ကိုပိန် ထူးထူးခြားခြား ငါးအုပ်ကြီးကို
အိပ်မက် မက်နေခြင်းက စဉ်းစားမရနိုင်အောင်
ဖြစ်နေမိသည်။

“ငါ…အိပ်မက်ထဲမှာ တွေ့တဲ့ ငါးအုပ်ကြီးရှိတဲ့နေရာကို
ငါသိနေသလိုပဲ မသီ ။ ငါ ဒီည အခြေအနေသိရအောင်
သွားကြည့်ဦးမယ်”

“ကိုပိန်…တစ်ယောက်တည်းသွားလို့ ဖြစ်ပါ့မလားတော်”

ကိုပိန် ဇနီးသည်မသီ၏ စိုးရိမ်တကြီးစကားသံနှင့်အတူ
ဖိုးစီမျက်နှာကို အလိုလိုမြင်ယောင်သွားမိသည်။

“မစိုးရိမ်ပါနဲ့ မသီရာ ဒီနေရာတွေက ငါနဲ့ဖိုးစီ ဟိုတုန်းက
သွားနေကျ လာနေကျ နေရာတွေပါ ”

ကိုပိန် ဇနီးသည်မသီကို ပြောပြီး တဲအပြင်သို့
ထွက်ကြည့်လိုက်သည်။တဖြည်းဖြည်း နက်ရှိုင်း
လာသည့် ညအမှောင်ထု။ကွင်းတစ်လုံး
ဖုံးလွှမ်းနေဆဲဖြစ်သည်။ကိုပိန် ညအမှောင်ထုကို
ကြည့်ရင်း ဖိုးစီကို သတိရသွားမိသည်။

ဖိုးစီရှိစဉ်က ချောင်းမြောင်းအနှံ့ မြွေမကြောက်
ကင်းမကြောက် နှစ်ယောက်သား ငါးဖားရှာခဲ့သည့်
အဖြစ်များ။ကိုပိန် တွေးရင်း အိပ်မက်ထဲတွင်
တွေ့ခဲ့ရသည့်ချောင်းနှင့် ငါးအုပ်ကြီး။
ကိုပိန် ငါးအုပ်ကြီးကို တွေ့လိုဇောဖြင့်
ချောင်းရိုးဆီသို့ လှမ်းနေမိသည်။

“ဝုန်း…”

“ဗွမ်း…ဗွမ်း…”

ရုတ်တရက် ကြားလိုက်ရသည့် ငါးပွက်သံများကြောင့်
ကိုပိန် ချောင်းရိုးဘေးအရောက် ခြေလှမ်းများ
တုန့်ခနဲ ရပ်သွားမိသည်။ကိုပိန်နားစွင့်ကြည့်လိုက်သည်။
ချောင်းရိုးအနှံ့ ငါးများ မြူးနေသည့်အသံက
ဆက်တိုက်ပေါ်လာသည်။

“ငါ …အိပ်မက်ထဲမှာ တွေ့ရတဲ့ ချောင်းရိုးပါလား
ဒါဆို ငါးအုပ်ကြီးကို တွေ့မှာ သေချာတယ်”

ကိုပိန် တွေးပြီး သေချာစေရန် လက်နှိပ်ဓါတ်မီးဖြင့်
လှမ်းထိုးကြည့်လိုက်သည်။ လမုပင်နှင့် ဓနိပင်များ
အုပ်ဆိုင်းနေသည့် ချောင်းရိုးကွေ့။

ကိုပိန်လက်နှိပ်ဓါတ်မီးရောင်ဖြင့် ရုတ်တရက်
တွေ့လိုက်ရသည်။ဝိုးတဝါးသဏ္ဌာန်တစ်ခု။
ကိုပိန်ကြည့်ရင်း ရင်အလိုလို ထိတ်သွားမိသည်။

မကြာမီ လမုပင် ဓနိပင်များကို တိုးဝှေ့သံပေါ်လာပြီး
ချောင်းထဲသို့ တဗွမ်းဗွမ်းခြေသံနှင့် ဆင်းသွားသည်ကို
ကြားလိုက်ရသည်။

“ဒီလူ ချောင်းရိုးထဲကို ဆင်းပြီး ငါးရှာတဲ့သူပဲ ဖြစ်မယ်”

ကိုပိန်တွေးရင် ချောင်းရိုးကွေ့ဘေးရှိ လမုပင်ဘေးတွင်
ရပ်ပြီး အခြေအနေကို စူးစမ်းကြည့်လိုက်မိသည်။

“ဘုတ်…”

ကိုပိန် လမုပင်ဘေးတွင် ရပ်နေစဉ် ရုတ်တရက်
ကြားလိုက်ရသည့်အသံကြောင့် ရင်တုန်သွားသည်။
ကိုပိန် ကမန်းကတန်းပင် အသံကြားရာဆီသို့
လက်နှိပ်ဓါတ်မီးဖြင့် ထိုးကြည့်လိုက်သည်။

ကိုပိန်လက်နှိပ်ဓါတ်မီးအလင်းရောင်အောက်တွင်
လူးလွန့်လှုပ်ရှားနေသည့် ငါးဘတ်ကြီးတစ်ကောင်။

“ဟင် ငါးဘတ်ကြီးပါလား”

ကိုပိန် ထူးထူးခြားခြား တွေ့မြင်လိုက်ရသည့်
ငါးဘတ်ကြီးကို ကြည့်ပြီး အံ့သြနေမိသည်။
ထိုစဉ် ဆက်တိုက်ပင် ချောင်းကမ်းပါးပေါ်သို့
ပစ်တင်နေသည့် ငါးမျိုးစုံ ။ ကိုပိန် ငါးမျိုးစုံကို
ကောက်ပြီး ပုံထားလိုက်သည်။

“ဟေ …ငါးဖမ်းတဲ့လူ ခင်ဗျား ငါးတွေ အများကြီး
ရနေပြီဗျ ။ ငါးဖမ်းတာ မရပ်သေးဘူးလား
ကျုပ်ပြန်တော့မယ်”

ကိုပိန် ချောင်းရိုးထဲတွင် ငါးဖမ်းပြီး ချောင်းကမ်းပါး
ပေါ်သို့ ငါးပစ်တင်နေသူကို လှမ်းပြောလိုက်သည်။
ကိုပိန်၏ စကားကို ကြားလိုက်ဟန်တူသည်။

ချောင်းထဲကလူ ငါးဖမ်းရပ်ပြီး ချောင်းကမ်းပါးပေါ်သို့
တက်လာသည့်ခြေသံကို ကြားလိုက်ရသည်။

ကိုပိန် ငါးဖမ်းသူကို သိလို၍ လက်နှိပ်ဓါတ်မီးဖြင့်
လှမ်းထိုးကြည့်လိုက်သည်။တစ်ကိုယ်လုံး
အမွေးအမျှင်များ ဖုံးလွှမ်းပြီး ပါးစပ်တွင်
ငါးတစ်ကောင် ကိုက်ထားသည်ကို တွေ့လိုက်ရသည်။
ကိုပိန် ဖျပ်ကနဲ သတိရသွားမိသည်။

“ဖိုးစီ …ဖိုးစီ…”

ကိုပိန်ခေါ်သံနှင့်အတူ ရုတ်ချည်းပင် ဓနိတောထဲသို့
ပြေးဝင်ပျောက်ကွယ်သွားသည်။ကိုပိန်မယုံနိုင်အောင်
ဖြစ်သွားမိသည်။

ဖိုးစီကို သည်လိုဘဝမျိုးနှင့် တွေ့ရလိမ့်မည်ဟု
မထင်ခဲ့။ ကိုပိန် ငါးမျိုးစုံကို ထုတ်ပြီး တဲဆီသို့
ပြန်လာမိသည်။

“ကိုပိန် ငါးတွေ အများကြီးပါလား။တော် အိပ်မက်ထဲမှာ
တွေ့ခဲ့တဲ့ငါးတွေ”

“မဟုတ်ဘူး မသီ ။ ငါ့သူငယ်ချင်း ဖိုးစီ ဖမ်းပေးလို့
ငါယူလာတာ…”

“ဟို…ဟို …ဟို …ကိုဖိုးစီ တော့်ကို ငါးဖမ်းပေးတာ”

ကိုပိန်စကားကြောင့် မသီ မယုံနိုင်အောင် ဖြစ်သွားမိသည်။
ကိုဖိုးစီက ဆုံးပါးခဲ့ပြီ မဟုတ်ပါလား။

“ဖိုးစီက သူ မကျွတ်မလွတ်တဲ့ဘဝ
ရောက်နေတာကို ငါသိအောင် အိပ်မက်ပေးပြီး
ငါးအုပ်ကြီးကို ပြနေတာမသီ။ ငါသွားတော့
ဖိုးစီက ချောင်းထဲက ငါးတွေကို ဖမ်းပြပေးတာ။
ငါမယုံတော့ သူ သရဲဖြစ်နေတာကို ပြပြီး
တောထဲကို ဝင်သွားတာ”

“ကိုပိန်က ဖိုးစီမှန်း ဘယ်လိုသိတာလဲ ပြောစမ်းပါဦး”

ဇနီးသည် မသီစကားကြောင့် ကိုပိန်လည်း ဖိုးစီ၏
ကြောက်ရွံ့စဖွယ် မျက်နှာကို မြင်ယောင်သွားမိသည်။

“ငါသိတာပေါ့ မသီရယ် ဖိုးစီက ငါးဖမ်းရင်
ပထမဆုံးရတဲ့ ငါးကို ပါးစပ်မှ ကိုက်ထားပြီး
ငါးရှာတာ ။ ခု သူ့ကို ငါတွေ့တော့ သူ့ပါးစပ်ထဲမှာ
ငါးကိုက်ထားတာ တွေ့ရတယ် အဲဒါကြောင့်
ငါ ဖိုးစီမှန်း သိခဲ့ရတာ ဖိုးစီကို ဒီဘဝကျွတ်လွတ်အောင်
ငါ ကုသိုလ်ပြုပြီး အမျှဝေရမှာ မသီ။ ဖိုးစီ သာဓုခေါ်မှာ
သေချာတယ်”

ကိုပိန် စကားပြောရင် တဲအပြင်သို့ ကြည့်လိုက်မိသည်။
ညအမှောင်ထုက ဖုံးလွှမ်းထားဆဲ ဖြစ်သည်။
ထိုညအမှောင်ထုနှင့်အတူ ဖိုးစီတစ်ယောက်
ချောင်းရိုးဘေးတွင် အမျှဝေသံ စောင့်စားနေမည်ကို
ကိုပိန်တစ်ယေက်က လွဲ၍…

ပြီးပါပြီ

Zawgyi Version

အမွ်ေဝသံ (စ/ဆုံး)
———————-
ေခ်ာင္းေရစီးသံႏွင့္အတူ အုပ္လိုက္ ျမဴးေနသည့္
ငါးအုပ္ႀကီး။တဝုန္းဝုန္း ။ တဗြမ္းဗြမ္း အသံကို
ၾကားေနရဆဲျဖစ္သည္။ ကိုပိန္ ငါးအုပ္ႀကီးကို
ၾကည့္ၿပီး ရင္တဒိန္းဒိန္း ခုန္သြားမိသည္။

“ငါး…ငါး…ငါးေတြ”

ကိုပိန္ ထူးထူးျခားျခား ေတြ႕လိုက္ရသည့္
ငါးအုပ္ႀကီးကို ၾကည့္ၿပီ ပါးစပ္က အသံပင္
ထြက္သြားမိသည္။

“ကိုပိန္…ကိုပိန္…ဘာျဖစ္တာလဲ သတိထားပါဦး”

ကိုပိန္ဇနီးျဖစ္သူ မသီ၏ စိုးရိမ္တႀကီး အသံႏွင့္အတူ
လႈပ္ႏႈိးလိုက္မွ ဖ်ပ္ခနဲ လန္႔ႏိုးသြားသည္။

သည္ေတာ့မွ ကိုပိန္ မိမိအျဖစ္ကို ျပန္ေတြးၾကည့္မိသည္
ခုတေလာ ကိုပိန္ ရက္ဆက္ပင္ ထူးထူးျခားျခား ငါးအုပ္ႀကီးကို
အိပ္မက္ မက္ေနျခင္းျဖစ္သည္။

“ကိုပိန္ အိပ္မက္ မက္ေနတာနဲ႔ တူတယ္”

“ဟုတ္တယ္ မသီ အိပ္မက္ထဲက ငါးအုပ္ႀကီးကို
ေတြ႕တိုင္း ငါ့သူငယ္ခ်င္းဖိုးစီကို သတိရမိတယ္
ဟာ…ဒီေကာင္ႀကီး ခုဆို ဘယ္ဘဝေရာက္ေနမွန္း
မသိေတာ့ဘူး”

ကိုပိန္ အိပ္မက္ႏွင့္အတူ သူငယ္ခ်င္းဖိုးစီအျဖစ္ကို
ျပန္သတိရၿပီး စိတ္မေကာင္းျဖစ္သြားမိသည္။
ကိုပိန္ႏွင့္ဖိုးစီက ငယ္စဥ္ကတည္းကစၿပီး
အ႐ြယ္ေရာက္သည္အထိ ငါးရွာ ဖားရွာ
ကြၽမ္းက်င္ၾကသည္။

ဖိုးစီက ပိုၿပီးကြၽမ္းက်င္သည္။ငါးဖမ္းရာတြင္
ငါးမွ်ားတံမလို ပိုက္ကြန္မလို။ေခ်ာင္းထဲတြင္
ေရငုတ္ၿပီး ငါးဖမ္းျခင္းျဖစ္သည္။

တစ္ေန႔ ေခ်ာင္းထဲတြင္ ဖိုးစီ ေရငုပ္ၿပီး ငါးရွာရင္း
သစ္ငုတ္ႏွင့္ၿငိၿပီး အသက္ဆုံးပါးခဲ့ျခင္း ျဖစ္သည္။
သည္ကတည္းက ကိုပိန္ ငါးဖားမရွာခဲ့ေတာ့ေပ။
ခုေတာ့ ကိုပိန္ ထူးထူးျခားျခား ငါးအုပ္ႀကီးကို
အိပ္မက္ မက္ေနျခင္းက စဥ္းစားမရႏိုင္ေအာင္
ျဖစ္ေနမိသည္။

“ငါ…အိပ္မက္ထဲမွာ ေတြ႕တဲ့ ငါးအုပ္ႀကီးရွိတဲ့ေနရာကို
ငါသိေနသလိုပဲ မသီ ။ ငါ ဒီည အေျခအေနသိရေအာင္
သြားၾကည့္ဦးမယ္”

“ကိုပိန္…တစ္ေယာက္တည္းသြားလို႔ ျဖစ္ပါ့မလားေတာ္”

ကိုပိန္ ဇနီးသည္မသီ၏ စိုးရိမ္တႀကီးစကားသံႏွင့္အတူ
ဖိုးစီမ်က္ႏွာကို အလိုလိုျမင္ေယာင္သြားမိသည္။

“မစိုးရိမ္ပါနဲ႔ မသီရာ ဒီေနရာေတြက ငါနဲ႔ဖိုးစီ ဟိုတုန္းက
သြားေနက် လာေနက် ေနရာေတြပါ ”

ကိုပိန္ ဇနီးသည္မသီကို ေျပာၿပီး တဲအျပင္သို႔
ထြက္ၾကည့္လိုက္သည္။တျဖည္းျဖည္း နက္ရႈိင္း
လာသည့္ ညအေမွာင္ထု။ကြင္းတစ္လုံး
ဖုံးလႊမ္းေနဆဲျဖစ္သည္။ကိုပိန္ ညအေမွာင္ထုကို
ၾကည့္ရင္း ဖိုးစီကို သတိရသြားမိသည္။

ဖိုးစီရွိစဥ္က ေခ်ာင္းေျမာင္းအႏွံ႔ ေႁမြမေၾကာက္
ကင္းမေၾကာက္ ႏွစ္ေယာက္သား ငါးဖားရွာခဲ့သည့္
အျဖစ္မ်ား။ကိုပိန္ ေတြးရင္း အိပ္မက္ထဲတြင္
ေတြ႕ခဲ့ရသည့္ေခ်ာင္းႏွင့္ ငါးအုပ္ႀကီး။
ကိုပိန္ ငါးအုပ္ႀကီးကို ေတြ႕လိုေဇာျဖင့္
ေခ်ာင္း႐ိုးဆီသို႔ လွမ္းေနမိသည္။

“ဝုန္း…”

“ဗြမ္း…ဗြမ္း…”

႐ုတ္တရက္ ၾကားလိုက္ရသည့္ ငါးပြက္သံမ်ားေၾကာင့္
ကိုပိန္ ေခ်ာင္း႐ိုးေဘးအေရာက္ ေျခလွမ္းမ်ား
တုန္႔ခနဲ ရပ္သြားမိသည္။ကိုပိန္နားစြင့္ၾကည့္လိုက္သည္။
ေခ်ာင္း႐ိုးအႏွံ႔ ငါးမ်ား ျမဴးေနသည့္အသံက
ဆက္တိုက္ေပၚလာသည္။

“ငါ …အိပ္မက္ထဲမွာ ေတြ႕ရတဲ့ ေခ်ာင္း႐ိုးပါလား
ဒါဆို ငါးအုပ္ႀကီးကို ေတြ႕မွာ ေသခ်ာတယ္”

ကိုပိန္ ေတြးၿပီး ေသခ်ာေစရန္ လက္ႏွိပ္ဓါတ္မီးျဖင့္
လွမ္းထိုးၾကည့္လိုက္သည္။ လမုပင္ႏွင့္ ဓနိပင္မ်ား
အုပ္ဆိုင္းေနသည့္ ေခ်ာင္း႐ိုးေကြ႕။

ကိုပိန္လက္ႏွိပ္ဓါတ္မီးေရာင္ျဖင့္ ႐ုတ္တရက္
ေတြ႕လိုက္ရသည္။ဝိုးတဝါးသဏၭာန္တစ္ခု။
ကိုပိန္ၾကည့္ရင္း ရင္အလိုလို ထိတ္သြားမိသည္။

မၾကာမီ လမုပင္ ဓနိပင္မ်ားကို တိုးေဝွ႔သံေပၚလာၿပီး
ေခ်ာင္းထဲသို႔ တဗြမ္းဗြမ္းေျခသံႏွင့္ ဆင္းသြားသည္ကို
ၾကားလိုက္ရသည္။

“ဒီလူ ေခ်ာင္း႐ိုးထဲကို ဆင္းၿပီး ငါးရွာတဲ့သူပဲ ျဖစ္မယ္”

ကိုပိန္ေတြးရင္ ေခ်ာင္း႐ိုးေကြ႕ေဘးရွိ လမုပင္ေဘးတြင္
ရပ္ၿပီး အေျခအေနကို စူးစမ္းၾကည့္လိုက္မိသည္။

“ဘုတ္…”

ကိုပိန္ လမုပင္ေဘးတြင္ ရပ္ေနစဥ္ ႐ုတ္တရက္
ၾကားလိုက္ရသည့္အသံေၾကာင့္ ရင္တုန္သြားသည္။
ကိုပိန္ ကမန္းကတန္းပင္ အသံၾကားရာဆီသို႔
လက္ႏွိပ္ဓါတ္မီးျဖင့္ ထိုးၾကည့္လိုက္သည္။

ကိုပိန္လက္ႏွိပ္ဓါတ္မီးအလင္းေရာင္ေအာက္တြင္
လူးလြန္႔လႈပ္ရွားေနသည့္ ငါးဘတ္ႀကီးတစ္ေကာင္။

“ဟင္ ငါးဘတ္ႀကီးပါလား”

ကိုပိန္ ထူးထူးျခားျခား ေတြ႕ျမင္လိုက္ရသည့္
ငါးဘတ္ႀကီးကို ၾကည့္ၿပီး အံ့ၾသေနမိသည္။
ထိုစဥ္ ဆက္တိုက္ပင္ ေခ်ာင္းကမ္းပါးေပၚသို႔
ပစ္တင္ေနသည့္ ငါးမ်ိဳးစုံ ။ ကိုပိန္ ငါးမ်ိဳးစုံကို
ေကာက္ၿပီး ပုံထားလိုက္သည္။

“ေဟ …ငါးဖမ္းတဲ့လူ ခင္ဗ်ား ငါးေတြ အမ်ားႀကီး
ရေနၿပီဗ် ။ ငါးဖမ္းတာ မရပ္ေသးဘူးလား
က်ဳပ္ျပန္ေတာ့မယ္”

ကိုပိန္ ေခ်ာင္း႐ိုးထဲတြင္ ငါးဖမ္းၿပီး ေခ်ာင္းကမ္းပါး
ေပၚသို႔ ငါးပစ္တင္ေနသူကို လွမ္းေျပာလိုက္သည္။
ကိုပိန္၏ စကားကို ၾကားလိုက္ဟန္တူသည္။

ေခ်ာင္းထဲကလူ ငါးဖမ္းရပ္ၿပီး ေခ်ာင္းကမ္းပါးေပၚသို႔
တက္လာသည့္ေျခသံကို ၾကားလိုက္ရသည္။

ကိုပိန္ ငါးဖမ္းသူကို သိလို၍ လက္ႏွိပ္ဓါတ္မီးျဖင့္
လွမ္းထိုးၾကည့္လိုက္သည္။တစ္ကိုယ္လုံး
အေမြးအမွ်င္မ်ား ဖုံးလႊမ္းၿပီး ပါးစပ္တြင္
ငါးတစ္ေကာင္ ကိုက္ထားသည္ကို ေတြ႕လိုက္ရသည္။
ကိုပိန္ ဖ်ပ္ကနဲ သတိရသြားမိသည္။

“ဖိုးစီ …ဖိုးစီ…”

ကိုပိန္ေခၚသံႏွင့္အတူ ႐ုတ္ခ်ည္းပင္ ဓနိေတာထဲသို႔
ေျပးဝင္ေပ်ာက္ကြယ္သြားသည္။ကိုပိန္မယုံႏိုင္ေအာင္
ျဖစ္သြားမိသည္။

ဖိုးစီကို သည္လိုဘဝမ်ိဳးႏွင့္ ေတြ႕ရလိမ့္မည္ဟု
မထင္ခဲ့။ ကိုပိန္ ငါးမ်ိဳးစုံကို ထုတ္ၿပီး တဲဆီသို႔
ျပန္လာမိသည္။

“ကိုပိန္ ငါးေတြ အမ်ားႀကီးပါလား။ေတာ္ အိပ္မက္ထဲမွာ
ေတြ႕ခဲ့တဲ့ငါးေတြ”

“မဟုတ္ဘူး မသီ ။ ငါ့သူငယ္ခ်င္း ဖိုးစီ ဖမ္းေပးလို႔
ငါယူလာတာ…”

“ဟို…ဟို …ဟို …ကိုဖိုးစီ ေတာ့္ကို ငါးဖမ္းေပးတာ”

ကိုပိန္စကားေၾကာင့္ မသီ မယုံႏိုင္ေအာင္ ျဖစ္သြားမိသည္။
ကိုဖိုးစီက ဆုံးပါးခဲ့ၿပီ မဟုတ္ပါလား။

“ဖိုးစီက သူ မကြၽတ္မလြတ္တဲ့ဘဝ
ေရာက္ေနတာကို ငါသိေအာင္ အိပ္မက္ေပးၿပီး
ငါးအုပ္ႀကီးကို ျပေနတာမသီ။ ငါသြားေတာ့
ဖိုးစီက ေခ်ာင္းထဲက ငါးေတြကို ဖမ္းျပေပးတာ။
ငါမယုံေတာ့ သူ သရဲျဖစ္ေနတာကို ျပၿပီး
ေတာထဲကို ဝင္သြားတာ”

“ကိုပိန္က ဖိုးစီမွန္း ဘယ္လိုသိတာလဲ ေျပာစမ္းပါဦး”

ဇနီးသည္ မသီစကားေၾကာင့္ ကိုပိန္လည္း ဖိုးစီ၏
ေၾကာက္႐ြံ႕စဖြယ္ မ်က္ႏွာကို ျမင္ေယာင္သြားမိသည္။

“ငါသိတာေပါ့ မသီရယ္ ဖိုးစီက ငါးဖမ္းရင္
ပထမဆုံးရတဲ့ ငါးကို ပါးစပ္မွ ကိုက္ထားၿပီး
ငါးရွာတာ ။ ခု သူ႔ကို ငါေတြ႕ေတာ့ သူ႔ပါးစပ္ထဲမွာ
ငါးကိုက္ထားတာ ေတြ႕ရတယ္ အဲဒါေၾကာင့္
ငါ ဖိုးစီမွန္း သိခဲ့ရတာ ဖိုးစီကို ဒီဘဝကြၽတ္လြတ္ေအာင္
ငါ ကုသိုလ္ျပဳၿပီး အမွ်ေဝရမွာ မသီ။ ဖိုးစီ သာဓုေခၚမွာ
ေသခ်ာတယ္”

ကိုပိန္ စကားေျပာရင္ တဲအျပင္သို႔ ၾကည့္လိုက္မိသည္။
ညအေမွာင္ထုက ဖုံးလႊမ္းထားဆဲ ျဖစ္သည္။
ထိုညအေမွာင္ထုႏွင့္အတူ ဖိုးစီတစ္ေယာက္
ေခ်ာင္း႐ိုးေဘးတြင္ အမွ်ေဝသံ ေစာင့္စားေနမည္ကို
ကိုပိန္တစ္ေယက္က လြဲ၍…

ၿပီးပါၿပီ