အရုပ်စုန်း(စ/ဆုံး)
—————
ကိုဘမြိုင် နဲ့ မအေးလှတို့သည် ရပ်ရွာတွင်အနေအစားရှောင်လည်ပြီး ငွေကြေးအတန်အသင့်ကြွယ်ဝသော လူလတ်တန်းစားများဖြစ်၏။ စပါးထည့်လျှင်ဆန်ထွက်လာသော ကြိတ်ခွဲစက်နှစ်လုံးလည်း ပိုင်ဆိုင်ထားကြ၏ ။ နွေရောက်လျှင် ထိုကြိတ်ခွဲစက်များဖြင့် ရွာစဉ်လှည့်လည်၍ စပါးများခွဲ ရသောကြောင့်အိမ်တွင်အနေနည်းကြ၏ ။ ထိုအချိန်ရောက်လျှင်ကိုဘမြိုင်တို့
ရွာသာမကအခြားရွာများမှပင်ကိုဘမြိုင်၏ ကြိတ်ခွဲစက် ကိုမျှော်
နေကြ၏ ။ ကိုဘမြိုင်ကလွဲရင် မည်သူနဲ့မျှ စပါးမကြိတ်ကြ။ နောက်ကျလျှင်ကျပစေကိုဘမြိုင်မှကိုဘမြိုင်ဟူ၍အရိုးစွဲထားပုံရ
သည်။ ကိုဘမြိုင်ကားသဘောလည်းကောင်း၏ ။ စပါးကြိတ်ခွဲရာ၌စျေးစကားဆိုရာတွင်လည်း အပိုမရှိ။ ကြိတ်ခွဲသူများ၏
ဆန္ဒအတိုင်း အတတ်နိုင်ဆုံးလိုက်လျော၍စျေးစကားဆိုသည်။
တစ်ခါတစ်ခါမိမိဘက်ကနစ်နာသွားသည်များလည်းရှိသော်လည်း ကြိတ်ခွဲ သူများနဲ့အဆင်ပြေစေရေးကိုသာအဓိကထား
သည်။ထို့ကြောင့်လည်း ကြိတ်ခွဲသူများသဘောကျသည်မှာ
မဆန်းပါပေ ။ ကြိတ်ခွဲစက်နှစ်လုံးအနက်တစ်လုံးကိုသား ထွန်းလှတို့လင်မယားအားပေးထားကာ အခြားရွာများသို့ သွားရောက်၍ကြိတ်ခွဲခိုင်းထားသည်။ ကျန်တစ်လုံးကိုမူမိမိတို့လင်မယားဦးစီးကာရွာအတွင်းတွင်လှည့်လည်ကြိတ်ခွဲနေကြသည်။
~~~~~~~~~~~~
တစ်နေ့တွင်ကိုဘမြိုင်တို့ အိမ်နောက်ဖေးအိမ်က ဒေါ်မတုတ်တစ်ယောက်စပါးကြိတ်ခွဲလိုကြောင်းလာပြောသည်။ ကိုဘမြိုင်ကလည်းသဘောတူလိုက်သည်။သို့သော် စျေးဖြတ်ရာ၌အချေ
အတင်စကားများကြသည်။ ဒေါ်မတုတ်ဘက်ကဆိုသောစျေးကိုဘမြိုင်
အဖို့လျော့ပေးရန် များလွန်းသောကြောင့် ဖြစ်သည်။ ကိုဘမြိုင်မှာဒေါ်မတုတ်နဲ့ ဆွေမျိူ းတော်စပ်သော်လည်းဒေါ်မတုတ်၏ မတရားစျေးစကားတောင်းဆိုမှူကိုမလိုက်လျောခဲ့ပေ ။ ( ဤနေရာတွင်ဒေါ်မတုတ် အကြောင်းတစ်စေ့တစ်စောင်းပြောပြပါ
ဦးမည် )ဒေါ်မတုတ်သည်အိမ်ထောင်မရှိ အပျိူ ကြီးဖြစ်သည်။
ထူးခြားသည်မှာ မည်သည့်အချိန်ကတတ်ထားသည်မသိသောစုန်းပညာရှိနေသည်။ ဤသည်ကိုမည်သူမျှမရိပ်မိကြ။
တစ်ခါတစ်လေတွင်ဒေါ်မတုတ်သည် အခြားရွာမှ စုန်းပညာသင်ချင်သောမိန်းမများကိုတိတ်တဆိတ်ခေါ်ယူ၍ အိမ်တွင်းထဲတွင်သင်ပေးလေ့ရှိသည်။ဒေါ်မတုတ်တတ်ထားသောစုန်းပညာမှာ
အရုပ်စုန်းပညာဖြစ်သည်။
~~~~~~~~~~~
ဒေါ်မတုတ်နဲ့စကားအချေအတင်ပြောကြပြီးနောက်နေ့တွင်ဦးဘမြိုင်သားထွန်းလှတို့လင်မယားသည်ရွာကိုရောက်လာကြ
သည်။ ထွန်းလှမှာနေမကောင်းဖြစ်လာဟန်တူသည်။ ရွာရောက်
ချင်းပင်ဆရာဝန်ပင့်ရသည်။ ထွန်းလှမှာ အရင်ကနဲ့မတူဘဲတစ်ရက်ထက်တစ်ရက်ပိန်ချူ ံ့လာသည်။ ဆရာဝန်ပြသော်လည်း ဘာရောဂါဖြစ်မှန်း တပ်အပ်မပြောနိုင် ။ ဟိုရောဂါဖြစ်သလိုလိုဒီရောဂါဖြစ်သလိုလိုနဲ့ဆရာဝန်ပေးသောဆေးများကိုစားရသည်မှာလည်း ဆေးနံ့ပင်မခံချင်လောက်အောင်ညီးငွေ့နေသည်။
ဗိုက်အောင့်သည်ဟုပြကြည့်ရာဆရာဝန်ကဗိုက်ကိုစမ်းသပ်ပြီး
ဆေးပေး၊ဆေးစား၊နောက်တစ်နေ့ ခေါင်းကိုက်လာပြန်ရော။ခေါင်းကိုက်သည်မှာသာမန်ကိုက်နည်းမျိူ းမဟုတ်။ချွန်ထက်သောအရာတစ်ခုခုနဲ့ထိုးနေသည့်နှယ်။အထက်ကနည်းတူဆရာဝန်ပြ၊ဆေးစား၊နောက်နေ့တစ်ခုဖြစ်ပြန်ရော။မိသားစုများလည်း ခေါင်းမီးတောက်လုမတတ်ဖြစ်နေကြသည်။ မိသားစုများစိတ်ဆင်းရဲနေရချိန်တွင်ဒေါ်မတုတ်တစ်ယောက်တော့ ပြုံ းပြုံ းပျော်ပျော်နဲ့ ဝမ်းသာလုံးဆို့လို့ ။
ထွန်းလှတစ်ယောက် ဤကဲ့သို့ဖြစ်နေသည်မှာတစ်လခန့်ရှိပေပြီ။ သားတစ်ယောက်မမာမကျန်းဖြစ်နေသည်မို့ကိုဘမြိုင်လည်း စပါးကြိတ်ခွဲသည့်အလုပ်ကိုနားထားလိုက်ရတော့သည်။
ထွန်းလှမှာမည်သည့်နေရာကနာ၍မည်သည့်နေရာကအောင့့်သည်ဟုတပ်အပ်မပြောနိုင်ဘဲ နေ့စဉ်ရက်ဆက်အော်ငိုနေရသည်။ မအေးလှနဲ့ထွန်းလှမိန်းမတို့ကားငိုယိုနေရသည်မှအပဘာတစ်ခုမျှမလုပ် န်ိုင်ကြပေ။ နောက်ဆုံးတော့ပတ်ဝန်း
ကျင်ကအကြံပေးသည့်အတိုင်းရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ကုသရန်ပြင်ဆင်လေတော့သည်။ ရန်ကုန်ရောက်သောအခါမအေးလှညီမ. မအေးနွယ်အိမ်တွင်တည်းကြ၏ ။မအေးနွယ် ကိုမြမောင်သည် ထွန်းလှတို့ရောက်လာသည်နဲ့စိတ်ထဲ၌မသိုးမသန့်ခံစားမိသည်။ ကိုမြမောင်မှာရွှေရင်ကျော်အထက်လမ်းဂိုဏ်းမှပုဂ္ဂို လ်တစ်ယောက်ဖြစ်သည်။ငါးပါးသီလမြဲ
သည်။ အမှောက်ပရဂ၊စုန်းတိုက်နတ်တိုက်များကို ချွတ်ရာ၌နာမည်ကြီးသည်။ ယခုလည်းထွန်းလှအခြေအနေကြည့်၍
”ကျူ ပ်အထင်တော့ ထွန်းလှမှာ ပရောဂတစ်ခုခုစွဲနေပြီ ကိုဘမြိုင်..ထွန်းလှအခြေအနေက ရောဂါဖြစ်နေတဲ့အခြေအနေမျိူ းမဟုတ်ဘူး…” ”ငါလည်းစဉ်းစားလို့ကိုမရဘူးမြမောင်ရာ..ပရောဂစွဲရလောက်အောင်လည်း ငါတို့ကိုမုန်းတဲ့လူကရွာမှာမရှိသလောက်..ငါ့စိတ်လည်းမင်းသိသားပဲကွာ..” ”ဒါပေမယ့်ကိုဘမြိုင်..စုန်းတို့ပရဂတို့ဆိုချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ ပြု စားတတ်ကြတယ်..ဆေးရုံမတင်ခင်ကျူ ပ်ကြို းစားကြည့်ချင်တယ်ဗျာ ” ”ကောင်း
မယ်ထင်သလိုသာ လုပ်ပါမြမောင်ရယ်.. နင့်တူလေးနေပြန်ကောင်းဖို့အတွက်ငါလည်းဘာလုပ်လို့လုပ်ရမှန်းကိုမသိတော့ဘူး..” ”ဒီလိုဆိုလည်းကျူ ပ်အစီအစဉ်အတိုင်းပဲ လိုက်လုပ်ကြပါတော့..”
~~~~~~~~~~~~
နောက်တစ်နေ့တွင် မအေးလှတို့ညီအမသည်စျေးမှာလိုအပ်တာ
များကို ကိုမြမောင်မှာသည့်အတိုင်း ဝယ်လာကြ၏ ။ ကိုမြမောင်လည်းမအေးလှတို့ဝယ်လာသောငှက်ပျောသီး၊အုန်းသီးတို့ဖြင့်ပွဲတည်ကာထွန်းလှအား သူ့ရှေ့တွင်ထိုင်စေ၏ ။ ကိုမြမောင်သည်ဘုရားရှိခိုးသည်။ ငါးပါးသီလခံယူသည်။မေတ္တာပို့သည်။ထို့နောက်ဆိုင်ရာပိုင်ရာအထက်ဆရာကြီးများပုဂ္ဂိုလ်များကိုပင့်ဖိတ်လိုက်သည်။ ကိစ္စဝိစ္စများပြီးနှင့်ထွန်းလှဘက်လှည့်ကာ”ဤစနေသားထံ၌ စုန်းတိုက်၊နတ်တိုက်၊ တစ္ဆေတိုက်ဒါမှမဟုတ်အမှောင့်ပယောဂတစ်ခုခုရှိလျှင် လက်ချောင်းများပူးပြပါ”ထွန်းလှလက်ချောင်းများ ပူးကပ်လာသည်။” ဤစနေသား၏ဓာတ်ကြီးလေးပါးနဲ့ခန္ဓာကိုယ်အားမပျက်စီးစေခြင်းငှါ ဆိုင်ရာပိုင်ရာကတာဝန်ယူပါစေ။ ဤစနေသားကိုပြု စားထားသော ပညာသည် သည် ငါဆရာ၏ရှေ့မှောက်သို့အရောက်လာစေရမည်။ ရောက်ရှိလျှင်ပူးကပ်နေသောလက်များအား တစ်ချောင်းချင်းခွာယူပြပါ..”ဟုဆိုလိုက်ရာထွန်းလှလက်ချောင်းများသည်တစ်ချောင်းချင်း ကွာသွားသည်ကိုအံသြဖွယ်တွေ့ရပေသည်။ ကိုဘမြိုင်တို့လင်မယားလည်း ပါးစပ်အဟောင်းသားနဲ့ဖြစ်သွားကြသည်။ ”ရောက်လျှင်လက်အုပ်ချီပြီးငါဆရာ
ကိုရှိခိုးစေ” ဟုကိုမြမောင်အမိန့်ပေးလိုက်ရာ”နင့်လိုမဖြစ်စလောက်ပညာလေးနဲ့ငါ့ကိုလာအမိန့်ပေးတယ်ပေါ့လေ..ဟား..ဟား..ဟား..သေတောင်ရှိမခိုးဘူးမှတ်..လာစမ်းသေးတယ်..” ဟုပြန်ပြောလေ၏။ ”ငါ့ကိုအာခံရဲတယ်ပေါ့ လေ..
ဆိုင်ရာပိုင်ရာမှဤပညာသည်၏လက်ကိုချူ ပ်ထားစေ”ဟုအမိန့်ပေးလိုက်လေရာ လက်အုပ်ချီလာလေသည်။ သို့သော်လုံးဝရှိမခိုးပေ။ ”တွေ့ကြသေးတာပေါ့လေ”ဆိုပြီးကိုမြမောင်သည်ပွဲတင်ထားသောစားပွဲထက်မှကြိမ်လုံးကိုယူ၍အဆက်မပြတ်ရိုက်လေရာ ”ကြောက်ပါပြီရှင်..မရိုက်ပါနဲ့တော့..ကျေးဇူးရှင်ကြီးရယ် မရိုက်ပါနဲ့ တော့..ရှိခိုးဆိုလည်းခိုးပါ့မယ်”ဟုငိုယ်ိုတောင်းပန်ပြီးရှိခိုးလေသည်။ထိုအခါကိုမြမောင်”ဤစနေသားကိုဘာအငြို းကြောင့်ဒီလိုလုပ်ရတာလဲ”ဟုမေးရာ”သူ့အဖေကိုမုန်းလို့”ဟုပြန်ပြောလေသည်။”ဘာကြောင့်မုန်းရတာလဲ”
ဟုမေးလိုက်ရာကိုဘမြိုင်နဲ့စပါးကြိတ်ခွဲမည့်ကိစ္စတွင်စျေးညှိကြ
ရာတွင်ကိုဘမြိုင်ကသူမတောင်းသောစျေးကိုမလိုက်လျောခဲ့၍
ယခုလိုလုပ်ထားကြောင်းပြောပြလေသည်။ထိုအခါကိုမြမောင်က”သူ့အဖေကိုမုန်းတာနဲ့ ဘာကြောင့်သူ့သားကိုလုပ်ရတာလဲ”
ဟုမေးရာ”သူ့အဖေကဂြိုလ်ကောင်းနေတာကိုး။ဂြိုလ်ညံတဲ့သူဆို
လို့သူပဲရှိတယ်လေ..” ”ဒီတော့ဒီစနေသားကိုဘယ်လိုလုပ်ထားလဲအမှန်အတိုင်းပြောစမ်း.” ”ဒါလေးများဘာခက်တာမှတ်
လို့ သူ့အဝတ်အစားကအပ်ချည်မျှင်ကိုယူပြီး ငါစီမံထားတဲ့အရုပ်မှာချည်၊ မန္တာန်ရွတ်၊ဗိုက်ဆိုဗိုက်၊ခေါင်းဆိုခေါင်းအပ်နဲ့ထိုးတာပေါ့..”ဟုပြောလိုက်ရာမအေးလှကဝင်၍ ”ယောင်းမကဒီကိုဘယ်လိုလာတာလဲ..ပြီးတော့ယောင်းမဟာ မတုတ်ဖြစ်တယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ” ( မအေးလှနဲ့ဒေါ်မတုတ်တို့သည် တစ်ယောက်ကိုတစ်ယောက် ယောင်းမဟုခေါ်ကြ
သည်။)” ငါဒီကိုလာတာ သကာကိုင်(သကာထည့်သောဝါးနဲ့လုပ်ထားသောခြင်းကြား )နဲ့လာတယ်။ ဒီလိုပဲသကာကိုင်ကိုစီးပြီးငါရွှေတိဂုံဘုးရားကိုဖူးနေကျ ။ ငါ
မ,တုတ်ဖြစ်တယ်ဆိုတာကိုမယုံရင် ယောင်းမတို့ရွာကိုမရောက်ခင်ယောင်းမတို့အိမ်မှာ ငါပုဆိန်တစ်လက်သွားထားလိုက်မယ်..
ယောင်းမတို့ရောက်တဲ့နေ့မှပြန်လာယူမယ်” ဟုပြောလိုက်ရာ
မအေးလှကကျေနပ်သွားလေ၏။ ကိုမြမောင်က”ဟေ့ပညာသည်
ဤစနေသားကိုနင်လုပ်ထားသမျှအားလုံးပြန်ဖျက်စေ..နောက်နောင်လည်းဤမိသားစုထဲမှမည်သူတစ်ဦးတစ်ယောက်ကိုမျှမနှိပ်စေရ၊ပြု စားလို့မရစေရ၊ ထိုသို့ပြုစားနှိပ်စက်လျှင် ဆယ်ခါပြန်ဘဝ၌ နင်ခန္ဓာကိုယ်သည်မီးဟုန်းဟုန်းတောက်လောင်စေရမည်..ဤရေမန်းကိုသောက်ပြီးစနေသားကိုယ်ထဲမှအေးအေးလူလူထွက်သွားပါ ..ငါဆရာအမိန့် .”ဟူ၍အမိန့်ပေးပြီးရေမန်းတိုက်လိုက်ရာ ထွက်သွားလေ၏ ။ထွန်းလှလည်းပျော့ခွေ၍လဲကျသွားသည်။ ကိုမြမောင်လည်းထွန်းလှက်ိုရေမန်းဖြင့်ပက်ဖြန်းပြီး ရေမန်းပါတိုက်လေ၏။ ခဏအကြာတွင်ထွန်းလှ
သတိပြန်ရလာသည်။ မိဘများကား အပြုံ းများဝေသွားကြလေသည်။ တစ်လခန့်အကြာတွင်ထွန်းလှတစ်ယောက်ထူထူထောင်ထောင်ဖြစ်လာ၍ကိုမြမောင်အား ကျေးဇူးတင်စကားပြော၊နူတ်ဆက်ကာရွာပြန်လာခဲ့ကြ၏ ။ ရွာပြန်ရောက်သည်နဲ့
အိမ်နားပတ်ဝန်းကျင်မှသတင်းလာမေးကြရာအိမ်ရှေ့တွင်လူများပြည့်နေသည်။ဟိုလူတစ်ပေါက်ဒီလူတစ်ပေါက်မေးကြရာ
မအေးလှအဖို့ခေါင်းမူးမတတ်ပေ။ ထိုအချိန်တွင် ”’ယောင်းမရယ်ငါ ပုဆိန်ကို ယူသွားပြီဟေ့…..”ဟူ၍ဒေါ်မတုတ်တစ်ယောက်အော်ပြောသွားသောအသံကို မအေးလှကြက်သီးထဖွယ်ကြားလိုက်ရလေသည်………..
( တိုင်ဆိုင်မှူရှိရင်ခွင့်လွတ်ပေးကြပါ။ပုဂ္ဂိုလ်ရေးရာအရ နာမည်များလွှဲပြောင်းထားပါသည်။)
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။