အသေဖြောင့်သူ(စ/ဆုံး)

Unicode Version

အသေဖြောင့်သူ(စ/ဆုံး)
——————————–
“ကိုတင်ပိုင်-ကိုတင်ပိုင် – ခဏနေဦး- ခဏနေဦး” စက်လှေပေါ်သို့တင်ပိုင်ကခြေတစ်ဖက်တင်ပြီးနေပြီ။အထက် ပါအတိုင်းလှမ်းအော်လိုက်သံကြောင့်ခြေကိုပြန်ရုပ်ပြီးနောက်လှည့်
ကြည့်လိုက်သည်။ ထိုအခါ သူ့ထံသို့ဦးတည်ပြီး ပြေးလာနေသော သူ့မိန်းမ မတင်မြကို တွေ့လိုက်ရသည်။ သည်မိန်းမပုံစံက ပျာယီး ပျာယာနိုင်လှသည်။ တစ်ခုခုတော့ထူးနေပြီဟု ထိတ်ခနဲဖြစ်သွား
မိသည်။
ထင်သည့်အတိုင်းပင်-
“ကိုတင်ပိုင်-ရှင့်အဖေ-ရှင့်အဖေ လေဖြတ်လို့တဲ့။ ဆေးရုံ
တင်ထားရတယ်တဲ့” “ဟင်…”
အနီးရောက်ရောက်ချင်း ဗလုံးဗထွေး ပြောလာသောမိန်းမ လုပ်သူ၏စကားက တင်ပိုင့်ရင်အစုံကိုရုတ်ခြည်းပြောင်းဆန်သွား
စေသည်။လူကိုပါပျာယာခတ်သွားစေသည်။
“ဖိုးကိုရေ-ငါမလိုက်တော့ဘူးဟေ့။ ငါ့စပါးအိတ်တွေကို ဟို ရောက်ရင် မင်းပဲ အလုပ်သမားငှားပြီး ဆက်လုပ်ပေးလိုက်စမ်းပါ “ကောင်းပြီ- ကောင်းပြီ။စိတ်ချ- စိတ်ရ

စက်လှေသမားကပြန်အော်ပြီးစက်ကိုနှိုးသည်။ကမ်းမှခွာ၍လည်းမောင်းထွက်
သွားသည်။ လင်မယားနှစ်ယောက် ကမ်းခြေမှ ခပ်သုတ်သုတ်လျှောက်လာခဲ့ကြ သည်။တာပေါင်ပေါ်ရောက်သော်-
“ကဲ- ရှင် ဆေးရုံပဲ မြန်မြန်သွားတော့။ ကျွန်မ အိမ်ပြန်မယ်။ ဟိုမှာ ကလေးကို မိနှောင်းလက်ထဲအပ်ထား ခဲ့ရတာ”
“အေး…”
လင်မယားနှစ်ယောက်လမ်းခွဲလိုက်ကြသည်။

“အဖေက ဘယ်လိုဖြစ်ရတာလဲ-အမေ”
“ဘယ်လိုဖြစ်ရမလဲ၊
ငါ့စကားနားမထောင်လို့ဖြစ်ရတာပေါ့။ဒေါသမထွက်ပါနဲ့၊
စိတ်ကိုထိန်းပါလို့ ငါအတန်တန်ပြောတာ၊နားမှမထောင်ပဲ။ နေ့ခင်းက ဟိုသေခြင်း ဆိုးအိမ်ကို သူသွားမယ်လို့ ပြောတယ်။ သွားရင် ဒီလိုဖြစ်တော့မယ် ဆိုတာသိလို့ တော်မသွားနဲ့၊တော့်အစားကျုပ်ပဲသွားမယ်လို့ငါကပြောတယ်။အဲဒါတားလို့မရဘူး။ ပြန်လာတော့ ထင်တဲ့အတိုင်း ဖြစ်လာတယ်။ တရှူးရှူး တရှဲရှဲနဲ့ ဒေါသတွေတအား ထွက်လာတယ်။ မျက်နှာကြီးလည်း နီရဲလို့။ အိမ်ရောက်ပြီးတော့လည်း သူ့မှာ အဲဒီ မသာကိုပဲ ဆက်ပြီးကြိမ်းနေ၊ မောင်းနေတယ်။ အဲဒီနောက် တစ်နာရီလောက် ကြာ တယ်ဆိုရင်ပဲ ဖြုန်းဆို ထိုင်နေရာကနေ ထိုးလဲသွားပြီး ဆန့်ငင်ဆန့်ငင်နဲ့ ဖြစ်သွား တော့တာပဲ”
တင်ပိုင် သက်ပြင်းချသည်။ မိခင်ဖြစ်သူက ဖြစ်စဉ်ကို ရှင်းပြပြီးနောက် မျက်နှာ တစ်ဝိုက်ကို တဘက်ဖြင့် ပွတ်သုတ်နေသည်။ ပြီးလျှင် သူတို့သားအမိ အပါအဝင် ရောက်ရှိနေသည့် ဆွေမျိုးသားချင်းတစ်စုလုံးက စိုးရိမ်စိတ်နှင့်အတူ အရေးပေါ်ခန်း ဘက်သို့ မျှော်ကြည့်နေမိကြသည်။ လူနာကို ဆရာဝန်၊ ဆရာမများက ကြပ်မတ် ကုသနေကြဆဲ ဖြစ်သည်။ လောလောဆယ် အရေးပေါ်ခန်းကို တံခါးပိတ်ထား သည်။

အဖေ ပြန်နေကောင်းပါစေ၊ ကံလည်း ကောင်းပါစေဟု စိတ်ထဲက ကြိတ်၍ ဆုတောင်းနေမိသည်။ သူကမြစ်အောက်ပိုင်းရှိ ဆန်စက်သို့စပါးကြိတ်ရန် စက်လှေ နှင့် လိုက်သွားတော့မလို့။ မိတင်မြ အမီလိုက်လာနိုင်လို့သာ တော်တော့သည်၊ နို့မဟုတ်ပါက သူကလည်း ခရီးလွန်နေမည်၊ ထိုသို့ ခရီးလွန်နေချိန်တွင်မှ အဖေ ကလည်းတစ်ခုခုဖြစ်သွား မည်ဆိုလျှင်…။
သူပင့်သက်ရှိုက်လိုက်မိပြန်သည်။တကယ်တော့သူအဖေ့ကိုအလွန်ချစ်သည်။
ချစ်ရအောင်လည်းတစ်ဦးတည်းသောသားဖြစ်သည့် သူ့အပေါ်အဖေကတစ်သက် လုံးအချစ်ပို၊ အလိုလိုက်ခဲ့ သည်ပဲကိုး။
ခုတော့ အဖေ ဘာကြောင့် ခုလိုဖြစ် ရသည်ကို သူ အားလုံးသိလိုက်ပြီ။ နဂို ကတည်းကအဖေ့တွင်သွေးတိုးရှိသည်။နှလုံးသွေးကြောရောဂါလည်းရှိသည်။ ဆရာ ဝန်က ဆေးမှန်မှန်သောက်ဖို့၊ အစားအသောက် ဆင်ခြင်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ ဒေါသမထွက်ဖို့အဖေ့ကိုမှာကြားထားသည်။ဒါကိုအဖေက နည်းနည်းပေါ့ချင်သည်။
ဆရာဝန့်စကားကိုလိုက်နာသည့်အခါလိုက်နာပြီးမေ့မေ့လျော့လျော့နေသည့်အခါ နေသည်။သို့မို့ကြောင့်လည်းအဖေ့ရောဂါကမကြာမကြာထထဖောက်လေ့ရှိသည်။ လွန်ခဲ့သည့်နှစ်လလောက်ကလေဖြတ်ချင်သလိုလိုအဖေတစ်ခါဖြစ်ဖူးပြီးပြီ ဆရာ ဝန်ထံအမြန်ပြေးလိုက်နိုင်သဖြင့်အန္တရာယ်ကြီးနှင့်ကပ်လွဲခဲ့ရသည်။ ခုတစ်ခါတော့ အဖေရှောင်နိုင်စွမ်းမရှိတော့ပြီ။ တည့်တည့်ကြီးကိုအန္တရာယ်နှင့် ဝင်တိုးခဲ့ရပြီ။ သည်နေရာတွင် အဓိတရားခံ၏ မျက်နှာကို သူ ပြေးမြင်မိသည်။ တရားခံက ချစ်ခိုင်ပဲ။ ချစ်ခိုင်ကြောင့်အဖေသည်လိုဖြစ်ရတာ။ချစ်ခိုင်ကိုအဖေမကျေမချမ်းဖြစ် နေသည်မှာ ကြာပြီ။ အဖေနှင့် ချစ်ခိုင်ကြားမှာ ကြီးမားသည့် ရာဇဝင်အကြောင်း ရှိသည်။ဖြစ်စဉ်ကိုအစကနေပြန်ထုတ်ပြရမည်ဆိုပါကလွန်ခဲ့သည့် (၆)နှစ်လောက် ကတည်းကအဖေ့ဆီမှာချစ်ခိုင်အကြွေးတွေရှိသည်။အဖေ့ဆီကစယူသည့်ငွေကကို သိန်း(၅ဝ)တိတိဖြစ်သည်။အတိုးနှင့်ဆိုပါကယခုဆိုလျှင်မည်မျှလောက်များပြားနေ
မည်ကို ခန့် မှန်းကြည့်နိုင်သည်။
ထိုငွေများကိုယနေ့အထိချစ်ခိုင်ကတစ်ပြားမျှပြန်လည်ပေးဆပ်ခြင်းမရှိ၊အမှန် တကယ်လည်း ချစ်ခိုင်၌ မည်သို့မျှ ပြန်ဆပ်နိုင်စွမ်းမရှိ။ ချစ်ခိုင်မှာ တစ်ချိန်တုန်းက

လူလူသူသူ နေခဲ့သူမှန်သော်ငြား နောက်ပိုင်း၌ တစ်လျှောက်လုံးလိုလို ကံမွဲနေခဲ့ သည်။ ဆက်တိုက်လိုလို ဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်နေရသည်။ ကံမရှိတော့ ဉာဏ်ရှိ တိုင်းမွဲဆိုသကဲ့သို့ သူ့မှာလှုပ်လေမြုပ်လေဖြစ်နေရသည်။အဖေကဒါတွေသိသည်။ ချစ်ခိုင်ဖြစ်အင်ကိုနားလည်သည်။ သို့မို့ကြောင့်လည်းအဆင်ပြေမည့်အချိန်ကြွေးပြန် ဆပ်ပါမည့်အကြောင်း တစ်ခါတစ်ရံ သတိပေးတာကလွဲပြီး ချစ်ခိုင်ကို အပူမတိုက်၊ ခဏခဏကြွေးသွားတောင်းနေတာမျိုးအဖေ မလုပ်၊
သို့ငြားပြီးခဲ့သည့်လကတော့ချစ်ခိုင်နှင့်ပတ်သက်ပြီးအဖေဆူဆူပူပူ၊လှုပ်လှုပ် ရှားရှားဖြစ်ဖို့ ကြုံလာသည်။ ချစ်ခိုင်တို့ သားချင်းတစ်တွေ အမွေခွဲကြ ပြီး ချစ်ခိုင်က ဝေစုအတော်ရလိုက်သည် ဟုသတင်းကြားသည်။ သတင်းရရချင်းချစ်ခိုင်ဆီအဖေ သွားသည်။ သွားပြီး ကြွေးကို လှည့်ဆပ်ပါ့မည့်အကြောင်း ပြောသည်။ ချစ်ခိုင်က ဆက်ဆက်လာဆပ်ပါမည့်အကြောင်းလောလောဆယ်လက်ထဲငွေမရောက်သေး ပါကြောင်းပြန်ပြောသည်။ အဖေက ကျေနပ်ပြီးပြန်လာခဲ့သည်။ အဖေချစ်ခိုင်ကိုစောင့်သည်။တစ်ရက်ပြီးတစ်ရက်၊တစ်ပတ်ပြီးတစ်ပတ်၊အဖေ
ကသာ မျှော်ရသည်။ ချစ်ခိုင်က ပေါ်မလာ။ ပေါ်မလာသည့်အပြင် အဖေ့ကို ယမ်းပုံ မီးကျဖြစ်သွားစေသည့် သတင်းကအရပ်ထဲမှာပေါ်လာသည်။ချစ်ခိုင်ဆယ်ဘီးကား တစ်စီး ဝယ်လိုက်သည့်သတင်းဖြစ်သည်။
အဖေ-အဲသည်မှာတင် သွေးတက်သွားသည်။ တရှူးရှူး၊ တရှဲရှဲနှင့် ဖြစ်သွား သည်။“ငါ့အကြွေးတော့ ပြန်မဆပ်ဘူး။ ကားတော့ ဝယ်တယ်”ဆိုသည့်စကားကို အမေ့ရှေ့မှာလည်း ပြောသည်။ တင်ပိုင့်အိမ်မှာလည်း လာပြောသည်။ ပြောလည်း ပြောစရာပင်။ သည်လုပ်ရပ်ကအဖေ့အတွက်တကယ့်ကိုမထွေးနိုင်၊မမြိုနိုင်ဖြစ်စရာ ကြီးကိုး။ ဘာပဲဖြစ်ဖြစ် အဖေဖြစ်နေပုံကိုကြည့်ပြီး အမေရော၊ တင်ပိုင်ပါ စိုးရိမ်စိတ် ဝင်လာသည်။ အရှုံးပေါ်ထပ်ပြီး အနုတ်လက္ခဏာဆင့် လာမှာကို မြင်ယောင်လာ သည်။အဖေ့ကိုတတ်နိုင်သလောက်ဖျောင်းဖျကြသည်။ချစ်ခိုင်နေသည့်ရွာသို့အဖေ က သွားမည်တကဲကဲ လုပ်နေသည်။ အမေက တားသည်။ ချစ်ခိုင်ကိုသွား“ချီ”ရင်း အဖေတစ်ခုခုဖြစ်သွားနိုင်တာကို အမေ တွက်ဆမိသည်။ သို့ကြောင့် တားမြစ်ခြင်း ဖြစ်သည်။အဖေကတားလို့မရ။ကိုယ်တိုင်ထသွားသည်။ ဟိုရောက်တော့ချစ်ခိုင်နှင့်

ရန်တွေ ဖြစ်ရသည်။ ရန်ဖြစ်ပြီး အိမ်ပြန်လာသည်။ အိမ်ရောက်တော့ ချစ်ခိုင် ကူလီ ကူမာ လုပ်လိုက်ပုံ၊ လီဆယ်ပြီး ပြောလိုက်ပုံတွေကို ဒေါသတကြီးနှင့် အမေ့ကို ပြန် ပြောသည်။ ထိုသို့ ဒေါသတွေပွားပြီး မဆုံးတန်း၊ မတုံးတန်းပြောနေရင်း၊ ပြောနေရင်း ကနေ…။
ခုတော့ အမေစိုးရိမ်သည့်အတိုင်း တကယ်ကို ဖြစ်သွားခဲ့ပြီ။ ပြောရလျှင် အဲဒါ ထက်ပိုပြီး အရေးကြီးသည့်ကိစ္စတစ်ခုက ရှိသေးသည်။ တခြားမဟုတ်၊ ခုနေများ အဖေမပြောကောင်း၊ပြောကောင်းသေဆုံးသွားခဲ့ပါက ဘဝကူးကောင်းလိမ့်မည်ဟု
သူမထင်။
ကောင်းရာသုဂတိရောက်မည့်ကိန်းလုံးလုံးမမြင်မိ။ဘာကြောင့်ဆိုအဖေ က ချစ်ခိုင်နှင့် ချစ်ခိုင်ဆီက အကြွေးတွေကို စိတ်စွဲနေသည်။ အသည်းအသန်ကို စွဲလမ်းနေသည်။ ဤဥပါဒါန်တွေကပင် အဖေ့ကို မသင့်ရာဘဝသို့ ဆွဲချသွားကြမှာ သေချာသည်။ ဤအတိုင်း ဖြစ်ကိုဖြစ်သွားလိမ့်မည်။
ဒါတွေ တွေးမိတော့ တင်ပိုင် အဖေ့အတွက် ပို၍ပူပန်ရသည်။ ပို၍သောက ရောက်ရသည်။

“စိတ်ကို ထိန်းမှပေါ့အဖေရာ။ စိတ်ကို အလိုလိုက်ရင် ကိုယ်ပဲ ဒုက္ခရောက်မှာ၊ အခု သူ့ဆီ အကြွေးသွားတောင်းတော့ သူ့အကြွေး မရခဲ့တဲ့အပြင် ကိုယ်ပါ ဆေးရုံ
တက်လိုက်ရတယ်။တစ်ခုကနေနှစ်ခုပိုရှုံးသွားတာပဲအဖတ်တင်တယ်။ကံကောင်းလို့ ပါလား အဖေရာ။ ဆရာဝန်ကြီးနဲ့အဖွဲ့က အချိန်မီ ကုသပေးလိုက် နိုင်လို့ပါလား။ နို့မဟုတ်ရင်အဖေ ဘယ်လွယ်မလဲ”
တင်ပိုင်ကဖခင်ဖြစ်သူဦးလှဘန်း၏ခြေသလုံး၊ပေါင်လုံးတွေကိုနှိပ်နယ်ပေးရင်း တတွတ်တွတ်ပြောနေသည်။ မိခင် ဒေါ်လှအေးက ဦးလှဘန်း၏ကျောပြင်နှင့်လက် မောင်းတွေကို ဆေးလိမ်းပေးလျက်ရှိသည်။
“ဒါနဲ့ ဝမ်းသာစရာစကားအဖေ့ကိုပြောပြရဦးမယ်”
တင်ပိုင့်စကားကြောင့်ဦးလှဘန်းမျက်လုံးပွင့်လာသည်။စကားတော့မဆိုပေ။
လတ်တလော သူသတိကြီးကြီးထားနေသည်။ ကြောက်မက်ဖွယ် အန္တရာယ်စက်

ကွင်းကြီးမှ ကံသီ၍ လွတ်မြောက်လာခဲ့ပြီးနောက် ဆရာဝန်ကြီးများ မှာကြားလိုက် သည့်အတိုင်း သူ့ကိုယ်သူ စိတ်ရောကိုယ်ပါ စောင့်ရှောက်နေမိသည်။ စိတ်လှုပ်ရှား တာမျိုး၊ ဒေါသထွက်တာမျိုးလုံးဝမပြုလုပ်ရဲပေ။
တင်ပိုင့်အသံက ဆက်ပေါ်လာသည်။
“ကျွန်တော် ကိုချစ်ခိုင်နဲ့ တွေ့ခဲ့တယ် အဖေ၊ သူက ပြောတယ်၊ မင်းအဖေ ဒီလို ဖြစ်တယ်ကြားရတော့စိတ်မကောင်းပါဘူးတဲ့။မင်းအဖေကစိတ်တအားပြန်တာပဲတဲ့။ မင်းအဖေ အကြွေးတွေကို ငါကလည်း ဆပ်ဖြစ် အောင် ဆပ်မှာပါတဲ့။ ဆပ်ချင်လို့ လည်းအရင်ဆုံးကားဝယ်ပြီးအလုပ်လုပ်ဖို့ကြံစည်တာပါတဲ့။အလွန်ဆုံးနောက်နှစ် လောက်မှာ ပြန်ဆပ်နိုင်အောင် သူ ကြံရွယ်ထားတာပါတဲ့။ ဒါပေမဲ့ “ ခုတော့ သူ အစီ အစဉ်ပြောင်းလိုက်ပါပြီတဲ့။ မင်းအဖေ အကြွေးတွေကို နောက်(၁၅)ရက်အတွင်း ငါ လာဆပ်မယ်တဲ့။ ကိုချစ်ခိုင်က ကျွန်တော့်ကို အဲသလိုပြောလိုက်တယ် အဖေ”

စိတ်ချမ်းသာစရာစကားကြောင့်ဦးလှဘန်းမျက်လုံးများကတဖျပ်ဖျပ်တောက်
လာသည်။ တင်ပိုင်က ဆက်ပြောသည်။
“တစ်ခုတော့ သူကပြောတယ်အဖေ။ မင်းအဖေကိုမင်းပဲတောင်းပန်ပေးပါကွာ တဲ့။ငါယူထားတဲ့အကြွေးသိန်း(၅၀)ကိုအရင်းအတိုင်းပြန်ဆပ်ပါ့မယ်တဲ့။ အတိုးကို
တော့ ကျေးဇူးပြုပြီး လျော်ပေးပါတဲ့။ အဲဒါတစ်ခုကိုတော့ သူ တောင်းပန်လိုပါတယ် တဲ့။အဲသလိုပြောတယ်အဖေ။ကျွန်တော်လည်းကျွန်တော့်အဖေကိုပြန်ပြောကြည့် ပါ့မယ်။ခင်ဗျားပြောတဲ့အတိုင်းဖြစ်နိုင်ချေရှိပါတယ်လို့ပြန်ပြောထားခဲ့တယ်။ သူဒီလို ပြောဖော်ရတာပဲတော်လှပြီ။ ကိုယ့် ပိုက်ဆံကိုယ်ပြန်ရတာပဲတော်လှပြီ။ ဟုတ်တယ် မို့လားအဖေ၊သူ့ဆန္ဒကိုအဖေလက်ခံတယ်မဟုတ်လား”
ဦးလှဘန်းက ခပ်မြန်မြန် ခေါင်းညိတ်ပြသည်။ မျက်နှာကလည်းပြုံးလာသည်။ သူ စကားမပြောနိုင်၍မဟုတ်။ ပြောနိုင်သည်။ သို့သော် စကားလုံးတွေက လုံးဝါးဝါး ဖြစ်နေသေးသည်။ ခြေလက်တို့ကပါ လှုပ်ရှားသွားလာနိုင်သည် မှန်သော်ငြား ပုံမှန် အတိုင်း ပြန်မဖြစ်သေး။ လေးလံနေသေးသည်။ တုံ့ဆိုင်းနေသေးသည်။ မည်သို့ ဆိုစေ၊ ပျောက်သွားသည့် ထီလက်မှတ် ပြန်ရှာတွေ့လိုက်သလိုမျိုး သူ ခံစားလိုက် ရသည်။အတိုးမရချင်နေ၊ကိုယ့်ငွေမဆုံးရင်တော်ပြီးအရင်းအတိုင်းပြန်ရရင်တော်ပြီ
ဟူ၍ သဘောပိုက်လိုက်ခြင်းဖြစ်သည်။
У
နောက် (၁၅)ရက်ခန့် ကြာသော်- “အဖေ-ကျွန်တော်ကိုချစ်ခိုင်နဲ့ တွေ့ခဲ့ပြီ”
“အေး- ဘယ်လိုလဲ၊ ဒီကောင်ကတိတည်ရဲ့လား၊ ငွေပြန်ဆပ်လိုက်ရဲ့လား” “ဆပ်တယ် အဖေ၊ဆပ်တယ်။ ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်သလဲ”
“ဒါပေမဲ့-ကျွန်တော်အဖေ့ကို(၅)သိန်းပဲပြန်ပေးနိုင်မယ်၊ သူပြန်ဆပ်တဲ့ သိန်း (၅၀)ထဲကငွေ(၄၅)သိန်းကိုကျွန်တော်ခဏလှည့်သုံးထားလိုက်တယ်အဖေ” “ဟေ-မင်းက ဘာတွေသုံးလိုက် သလဲ၊ ဒီပိုက်ဆံတွေကို”

“ကျွန်တော် အောက်ပိုင်းက ကိုမြင့်လွင်နဲ့ နှစ်ယောက်ပေါင်းပြီး ကြံကြိတ်စက် တစ်လုံး ဝယ်လိုက်တယ်။ လာမယ့်ကြံရာသီရောက်ရင် ကြံချက်ဖိုထောင်ပြီး စပ်တူ လုပ်ကြမလို့။ ကြံသကာတွေဈေးကောင်းနေတယ်အဖေ”
“ဒီလိုလား။ အေးပါ – အလုပ်လုပ်မယ်ဆိုရင် အဖေက ဘာမှမပြောလိုပါဘူး။ သုံးပါ၊ သုံးပါ”
“ဒါပဲနော် အဖေ၊ ကျွန်တော်က ဒီငွေကို တော်တော်နဲ့တော့ ပြန်ဆပ်နိုင်ဦးမှာ မဟုတ်ဘူး။ ကျွန်တော်လည်းအခြေတည်မိအောင်ကြိုးစားရဦးမှာလေ”
“ဒါများကွာ။ ပြောနေစရာ လိုသေးလား၊ သားအဖချင်းတွေပဲ။ ငါ့ငွေဟာ မင်း ငွေပဲပေါ့ကွ၊ ဘာပဲပြောပြော၊ ငါပျော်လိုက်တာကွာ။အဲဒီအကောင်နဲ့ ခုလိုပြတ်သွား ရတာဟာ ငါ့အတွက်တော့ အကုသိုလ်ထုပ်ကြီး ပြုတ်ကျသွားတာပဲ။ ဒီငွေတွေသာ သူ့ဆီက ပြန်မရရင် ငါ အသေဖြောင့်မယ်တောင်မထင်ဘူး။ ခုတော့- အေးသွားပြီ၊ ငြိမ်းသွားပြီ၊ ရှင်း သွားပြီ”
တင်ပိုင်က ဖခင်ကိုကြည့်ပြီး ပျော်ရွှင်နေသည်။
နောက်(၆)လခန့်အကြာတွင်-
“တင်ပိုင်ရေ’ဟေ့တင်ပိုင်” “ဗျို့- ဘယ်သူလဲ၊ ကျုပ် ရှိပါတယ်”

ခြံပေါက်ဝမှလှမ်းခေါ်သံကြောင့်တင်ပိုင်ကပြန်ထူးလိုက်သည်။လူကိုယ်တိုင်ပါ အိမ်ပေါက်ဝမှ ထွက်ကြည့်လိုက်သည်။ ထိုအခါ ကြံစည်းရိုးဘေးမှာ ရပ်နေသည့် ချစ်ခိုင်ကိုလှမ်းမြင်လိုက်ရသည်။ တင်ပိုင်ကိုမြင်လိုက်သည်နှင့် ချစ်ခိုင်က ပြုံးလိုက် သော်လည်း တင်ပိုင်ကမူ ချစ်ခိုင် မျက်နှာကို မြင်မြင်ချင်းတစ်ချက် မဲ့ခနဲ ဖြစ်သွား သည်။
“ငါ့ညီ- ဒီခဏလာပါဦးကွ။ ကိစ္စလေး ရှိလို့ပါ” “ဟုတ်ကဲ့ – ဟုတ်ကဲ့- လာပြီ”

တင်ပိုင်က ဆင်းလာသည်။ အနီးရောက်သော် ချစ်ခိုင်က တင်ပိုင့်ပခုံးကို လှမ်း ဖက်ပြီး ခပ်လှမ်းလှမ်းရှိ စိန်ပန်းပင် အောက်သို့ တင်ပိုင့်ကို ဆွဲခေါ်သွားသည်။ နှစ် ယောက်သားမျက်နှာချင်းဆိုင် ရပ်မိကြသည်နှင့်-
“ငါ့ညီ-ငါ့ကိုတစ်ခုလောက်ကူညီစမ်းပါဦးကွာ” “ဘာများလဲဗျ။ ဘာကိစ္စလဲ”
“တခြားမဟုတ်ဘူး။ မင်း ငါ့ကို ငွေသုံးသိန်းလောက်ခဏလှည့်ပေးစမ်း ပါ” “ဗျာ…”
“ဟုတ်တယ်။ ငါတော်တော်အခက်ကြုံနေလို့ပါ။ ငါကားပြန်ရောင်းလိုက်ရတာ မင်းလည်းကြားမှာပေါ့။ အလုပ်က ဘာလုပ်လုပ်အဆင်ကိုမပြေဘူးကွာ” အဆင်ပြေပါ့မလား၊ ခင်ဗျားလိုသစ္စာမရှိ၊ကတိမတည်တဲ့လူစားမျိုးဘယ်တော့မှ မကြီးပွားဘူးဟု တင်ပိုင်စိတ်ထဲက ရေရွတ်သည်။ထို့နောက် ခပ်တည်တည်ပင်ချစ် ခိုင်ကို ပြန်ပြောလိုက်သည်။
“ကျွန်တော်လည်း အိမ်မှာ ငွေပိုငွေလျှံရယ်လို့ ရှိမှမရှိတာ။ ကျွန်တော် အားနာ ပါတယ်ကိုချစ်ခိုင်ရာ”
“လုပ်ပါကွ၊ ဒီတစ်ခါတော့ ကူညီပါဦး။ဖြစ်အောင်လုပ်ပေးစမ်းပါ”
“တကယ်ပြောတာပါ။ ကျွန်တော်လည်း ရုန်းနေကန်နေရတဲ့သူပဲ။ ခင်ဗျားကို ဘယ်လိုမှလှည့်ပေးနိုင်စွမ်းမရှိဘူး”
“ဒီလိုလားတင်ပိုင်”
ချစ်ခိုင်မျက်နှာက တင်းခနဲ ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် မျက်နှာကို ပြန်ပြင်သည်။ ရိသဲ့သဲ့၊ ရယ်ကျဲကျဲ မျက်နှာမျိုးဖြင့် တင်ပိုင့်ပခုံးကိုလည်း တစ်ချက် လှမ်းပုတ်လိုက်သည်။
“စိတ်ချပါ တင်ပိုင်ရာ၊ ဟိုကိစ္စ မင်း အဖေမသိအောင် ငါ နေပေးပါ့မယ်ကွ၊ ဟဲ-ဟဲ-ဟဲ”
ချစ်ခိုင်စကားကို တင်ပိုင် နားလည်သည်။ ထူထူပူပူ ဖြစ်သွားမိသည်။ သည်လူ ယုတ်မာပြီဟုလည်းစိတ်ထဲကထောင်းခနဲဖြစ်သွားမိသည်။ သို့သော်သူကအချိန်မီ သတိဝင်လာပြီး စိတ်ကို ချုပ်တီးလိုက်သည်။ ချစ်ခိုင်က နိုင်ကွက် ရထားပြီကိုး။ ဒါကို

အသုံးချပြီး တကယ်ယုတ်မာလိုက်ပါက မိမိစီစဉ်ထားသမျှ အားလုံးပျက်စီးသွားပြီး ဒုက္ခတွေ တစ်သီကြီး ဝင်လာနိုင်သည်။ သို့ကြောင့် မိမိဘက်က စိတ်မလျှော့၍ မဖြစ်၊
“ကဲဗျာ-ဒါဖြင့်လည်း ယူသွား။ ဒါပေမဲ့- ဒီငွေကိုတော့ မကြာခင် ခင်ဗျား ဆက် ဆက်ပြန်ဆပ်မှဖြစ်မယ်။ ဒီငွေကိုကျွန်တော်က နွားဗိုက်တစ်ကောင်ဝယ်ဖို့ ချန်ထား
တာ”
“စိတ်ချစမ်း တင်ပိုင်၊ ဘာမှမပူနဲ့။ အလွန်ဆုံး တစ်လ၊ နှစ်လပဲ၊ မင်းငွေကို ငါ သေချာပြန်ဆပ်မယ်”
သည်လိုနှင့်ပင်သေတ္တာထဲကငွေ(၃)သိန်းထုတ်ပြီးချစ်ခိုင်လက်ထဲထည့်ပေး လိုက်ရသည်။ ချစ်ခိုင်က ကျေနပ်ပြီး ပြန်သွားသည်။ တင်ပိုင်က ချစ်ခိုင် ကျောပြင်ကို မုန်းတီးစွာကြည့်ရင်းကျန်နေခဲ့သည်။ သည်ငွေကသူခြိုးခြိုးခြံခြံစုဆောင်းထားသည့်
ငွေဖြစ်သည်။ပြီးခဲ့သည့်နွေကသူ့ခိုင်းနွားကြီးတစ်ကောင်ဆီးချုပ်ဝမ်းချုပ်ဖြစ်ပြီးသေ သွားသည်။ ထို့ကြောင့် ခိုင်းနွားတစ်ကောင် ပြန်ဝယ်ရမည်။ မကြာမီ မိုးကျပြီး ထွန်ရ၊ ယက်ရ မည့်အချိန်က ရောက်လာတော့မည်။ ခုလို ချစ်ခိုင်ကို ငွေပေးလိုက်ရသည့် ကိစ္စ မိတင်မြကိုပင် ဘယ်လိုရှင်းပြရမှန်းမသိ၊ သူ တွေးနေရင်းမှပင် ချစ်ခိုင်ကို ပို၍ စိတ်နာလာမိသည်။ တော်တော်လုပ်ရက်တဲ့ လူ၊ တော်တော်ယုတ်ပတ်တဲ့လူဟု လည်း စိတ်ထဲကကျိန်ဆဲလိုက်မိသည်။
ချစ်ခိုင်၌ နိုင်ကွက်ရှိသည်။အဲဒါက သည်လို၊ ဖခင်ဖြစ်သူက လေဖြတ်ပြီးနောက် ပြန်သက်သာလာကာ ဆေးရုံမှ ပြန်ဆင်းလာသည့်အချိန်၊ ထိုအချိန်တွင် တင်ပိုင်က တစ်ကိုယ်တည်း တွေးတော နေမိသည်။ အဖေက သက်တော့ သက်သာလာပြီ။ ဒါပေမဲ့- ခုလိုအဖြစ်မျိုးထပ်မဖြစ်တော့ဘူးလို့မပြောနိုင်၊ချစ်ခိုင်ဆီကအကြွေးတွေကို မျှော်ကိုးနေသေး သမျှ ကာလပတ်လုံး အဖေ့အတွက် ဘယ်လိုမှ စိတ်မချနိုင်သေး။ ချစ်ခိုင်က တည်ကြည်သည့်လူစားမျိုး မဟုတ်။ အဖေ မျှော်လင့်သလို ချစ်ခိုင်ဆီက အကြွေးတွေပြန်ရဖို့ကတော့လုံးလုံးလမ်းမမြင်။ သည်အခါအဖေနှင့် ချစ်ခိုင်တစ်ကွေ့ ကွေ့မှာ ပြန်ငြိကြဦးမည်။ ငြိလျှင် အဖေပဲ နစ်နာမည်။ အဖေပဲ ရောဂါတွေ ဖောက်ပြီး ဒုက္ခရောက်မည်။ နောက်တစ်ခါဆိုလျှင် ခုလိုပြန်ပြီး သက်သာချင်မှ သက်သာလာ

နိုင်တော့မည်။ ပိုဆိုးသွားနိုင်သည့်နောက်တစ်ကြောင်းက သည်အကြွေးကိစ္စ မပြီး ပြတ်သေးသရွေ့အဖေအသေသော်မှမဖြောင့်နိုင် သေခါနီးအထိ သည်အကြွေးတွေ ကိုသာ စွဲလမ်းသွားနိုင်သည်။ သည်အခါ အဖေ အယူမှားပြီး အပါယ်ကျမည်။ မသင့် သော ဘုံဌာနတွေကို လွင့်ပါးရောက်ရှိသွားမည်။ ဘယ်ဘက်ကတွေးတွေး အဖေ့ အတွက်တစ်ချက်ကလေးမှ သူအေးကွက်မမြင်၊
နောက်ဆုံးချစ်သောအဖေ့အတွက်အကြံတစ်ခုရသွားသည်။အဖေဘေးကင်း ရန်ကင်းနှင့် စိတ်ချမ်းသာစေရေးအတွက် နည်းလမ်းတစ်ခု သူ ရသွားသည်။ လက် တွေ့အရလည်းထိုနည်းလမ်းအတိုင်း သူအကောင်အထည်ဖော်လိုက်မိသည်။
သည်။
တစ်နေ့၊ ချစ်ခိုင်နှင့် သူ သွားတွေ့ပြီး ယခုလိုပင် အလေးအနက် ဆွေးနွေးဖြစ်
“ကိုင်း-ကိုချစ်ခိုင်-အဖေ့သတင်းကတော့ ခင်ဗျားကြားတဲ့အတိုင်းပဲ။ သူ ကံကောင်းလို့ အခြေအနေဆိုးမသွားတာ။ ဒီတော့ဗျာ-ကျွန်တော့်အဖေအတွက် ကျွန်တော်က ဒီလိုစီစဉ်ချင်တယ်။ သူကလည်း ခင်ဗျားဆီက အကြွေးတွေ ပြန်မရ မချင်း စိတ်မအေးနိုင်ဘူး။ ခင်ဗျားကလည်း ခင်ဗျား အခြေအနေအရ တော်တော်နဲ့ ပြန်မဆပ်နိုင်ဘူး။ ဒီတော့ ဒီလိုလုပ်မယ်ဗျာ။ ခင်ဗျား အဖေ့ဆီကယူထားတဲ့ငွေတွေ ကျွန်တော့်ကိုပြန်ပေးပြီးပြီဆိုတဲ့သဘောမျိုးလုပ်ရအောင်။ ခင်ဗျားဆီကငွေတွေပြန် ရခဲ့ပြီဆိုတဲ့အကြောင်း ကျွန်တော်က အဖေ့ကို ပြန်ပြောလိုက်မယ်။ အဖေ ကျေနပ် သွားအောင် ကျန်တဲ့အပိုင်း ကျွန်တော် ဆက်ရှင်းမယ်။ အရေးကြီးတာက ဒီသတင်း လုံးဝမပေါက်ကြားဖို့လိုတယ်။ကျွန်တော့်ဘာသာပရိယာယ်ဆင်ထားတဲ့ဒီအတော အတွင်းမှာခင်ဗျားလည်းကြိုးစားပြီးတော့အကြွေးတွေပြန်ဆပ်ပေးပေါ့။ကျွန်တော့်
ဆန္ဒကိုခင်ဗျားသဘောပေါက်တယ်မဟုတ်လား”
ချစ်ခိုင်က စူးစိုက်ပြီး နားထောင်နေသည်။ တင်ပိုင့်စကားဆုံးသော် သူ့မျက်နှာ ကြီးက ဝင်းဝင်းကြီး ဖြစ်သွားသည်။ အချိုပေါ်သကာလောင်းလိုက်သလို ဖြစ်သွား သည်။တင်ပိုင့်ကို သည်းလှိုက်အူလှိုက်ပင် တုံ့ပြန်သည်။
“ကောင်းတာပေါ့ တင်ပိုင်ရာ၊ သိပ်ကောင်းတာပေါ့။ မင်းဆန္ဒအတိုင်း ဖြစ်စေ
ရမယ်”

“ခင်ဗျားကတိတော့ တည်ရမယ်နော်၊ ဒီကိစ္စ အဖေ ဘယ်လိုမှမသိဖို့ရယ်၊ အကြွေးတွေကို တတ်နိုင်သလောက်ကျွန်တော့်ဆီပြန်ဆပ်ဖို့ရယ်ပေါ့” “စိတ်ချ- တင်ပိုင်း ငါကတိတည်တယ်”
အဲသလိုကတိထားသွားတဲ့လူ။ ခုတော့ ကတိမတည်ရုံတောင် မကတော့ဘူး။ ယုတ်မာဖို့တောင် ကြံလာပြီ။ အဖေ့အကြွေးတွေ လာဆပ်ဖို့ ဝေးသေး။ တင်ပိုင့်ဆီ ကတောင် ထပ်ပြီးငွေလာချေးနေသေးသည်။ ပြီးတော့ ဆက်ဆံလာပုံကလည်း အထက်စီးပုံစံမျိုးနှင့်ဖြစ်သည်။ တစ်နည်းအားဖြင့် တင်ပိုင့်ဆီက ငွေလာညှစ်သည့် ပုံစံမျိုးဖြစ်သည်။တင်ပိုင်က သူ့ကို ငွေချေးရမည်။ မချေးပါကလျှို့ဝှက်ချက်ကိုအဖေ သိအောင် ဖော်ထုတ်လိုက်သည်။ ထိုလျှို့ဝှက်ချက်ကိုသာ အဖေ သိသွားပါက ချက်ချင်းသွေးတက်သွားလိမ့်မည်။ ဒေါသတွေဝင်လာလိမ့်မည်။ပြီး- သည်လိုလှည့် ကွက်ဆင်ရပါ့မလားဆို ပြီး တင်ပိုင့်ကိုပါ စိတ်ဆိုးသွားနိုင်သည်။ နောက်ဆက်တွဲ အဖြစ်အဖေ ရောဂါဖောက်မည်၊ ဒုက္ခရောက်မည်။ သည်အခါ အဖေ့ကို ချစ်လွန်းလို့ ပရိယာယ်ဆင်လိုက်ကာမှ အခြေအနေက ပိုဆိုးသွားမည်။ ပေါ့စေလိုလို့ ကြောင် ရုပ်ထိုး၊ ဆေးကြောင့်လေး ဆိုသလိုဖြစ်သွားမည်။
ချစ်ခိုင်လိုလူစားနှင့် စာရင်းပြတ်သွားသည့်အတွက် အဖေကတော့ စိတ်တွေ ချမ်းသာလို့၊ သည်လိုမဖြစ်ဖြစ်အောင် ကြံဖန်ပြီး ကုလားဖန်ထိုးခဲ့သည့် မိမိမှာသာ ယခု မအီမလည်ကြီးဖြစ်နေရပြီ။ ချစ်ခိုင်ဆီက သိန်း(၅၀)ပြန်ရပြီး လေဟန်၊ ထိုငွေ ထဲမှာ(၄၅)သိန်းကိုမိမိသုံးစွဲထားလေဟန်လုပ်ဇာတ်ဆင်ထားခဲ့သည်။ထိုလုပ်ဇာတ် ယုတ္တိရှိစေဖို့ မိမိ အိတ်ထဲက ငွေ(၅)သိန်း စိုက်၍ပင် အဖေ့ကို နှစ်သိမ့်လိုက်ရသေး သည်၊ ချော့မော့လိုက်ရသေးသည်။ လတ်တလော စီးပွားရေးက သိပ်အဆင်မပြေ ချင်။ အကျဘက်ကို ရောက်ပြီးရင်း ရောက်နေသည်။ ပြောရလျှင် သူသာမက ဖခင် ဖြစ်သူဦးလှဘန်းပါခပ်ယိုင်ယိုင်ဖြစ်နေသည်မှာကြာပြီ။ သည်လိုအခြေအနေမျိုးမှာ သားအဖနှစ်ယောက်စလုံးအပေါ်ချစ်ခိုင် အညွန့်ခူးသွားပုံက တွေးလေ တွေးလေ၊ စိတ်နာစရာကောင်းလေ ဆိုသလို ဖြစ်နေသည်။ ဆိုခဲ့သည့်အတိုင်း မိမိ ဦးထိပ်ထား သော အဖေ့အတွက် ဦးစားပေးပြီး ထည့်တွက်နေရသောကြောင့်သာ မိမိစိတ်ကို လျှော့ပြီးရင်း လျှော့နေရခြင်းဖြစ်သည်။

ထင်ထားသည့်အတိုင်း မောင်မင်းကြီးသားက ပေါ်လာတော်မမူ။ ကြွေးယူထား သည့်နေ့ကစပြီးမျက်နှာကိုတစ်ခါမျှ မမြင်ရတော့။ သို့နှင့် ကိုယ်ကပင် သွားတောင်း ရတော့သည်။ မတောင်းလို့လည်းမဖြစ်။ ငွေကလိုနေပြီ၊
“ကိုချစ်ခိုင် – ကျွန်တော့်ပိုက်ဆံပြန်လှည့်ပေးဦးလေဗျာ” “ငါအဆင်မပြေလို့ပါ။ အဲဒါကြောင့်မလာတာပါ”
“ခင်ဗျားကလည်း ဘယ်တော့မှ အဆင်ပြေတယ်မရှိဘူး။ ကျွန်တော်က အတိုး တွေဘာတွေယူပြီး ချေးလိုက်တာလည်းမဟုတ်ဘဲနဲ့”
“အေးပါ၊အဲဒါငါသိပါတယ်။ အခြေအနေက ဘယ်လိုမှ မလှည့်သာလို့ပါ” “နှစ်လလောက်ပဲကြာမယ်လို့ခင်ဗျားပြောသွားတယ်။အခုနစ်လကျော်သွားပြီ။
ခင်ဗျားကတစ်ဖက်သားကို နည်းနည်းပါးပါးတော့ကိုယ်ချင်းစာပြီးလေးစားဦးမှပေါ့ ဗျာ။ အခုကျွန်တော်က နွားဝယ်ချင်ပြီ။ ငွေလိုနေပြီ။ အဲဒါ ဘယ်လိုလုပ်မလဲ။ ခင်ဗျား တော်တော်တတ်နိုင်တဲ့လူဗျာ။ ဒါတော့ကျွန်တော်လုံးဝမကျေနပ်ဘူး”
“ငါ မင်းကို စကားကုန်ပြောပြီးပြီတင်ပိုင်း မင်းပိုက်ဆံကို ငါ မဆပ်နိုင်သေးဘူး။ မင်းမကျေနပ်ရင် ကြိုက်သလိုလုပ်”
“ခင်ဗျားက ဒီလိုကြေးလား”
“အေး- ဟုတ်တယ်။ မင်းတိုင်ချင်ရာတိုင်နိုင်တယ်”
“တိုင်ရင် ခင်ဗျားက ဘာသက်သေအထောက်အထားမှမရှိဘူးဆိုပြီး ငြင်းမယ် ပေါ့လေ”
“မငြင်းဘူး၊ စိတ်ချ၊ မင်းအဲသလိုသာတိုင်ခဲ့ရင်မင်းအကြွေးကို မရှိ၊ ရှိတာရောင်း ပြီး ငါ ပြန်ဆပ်မယ်။ ဒါပေမဲ့- မင်းကလည်း ငါ့ကို တန်ရာတန်ကြေး ပြန်ပေးရပြီသာ
မှတ်”
“ဘာတန်ရာတန်ကြေးလဲဗျ”
“မင်းအဖေနဲ့သွားပြီး မျက်နာချင်းဆိုင်လိုက်မယ်။ မင်းအဖေမျက်နှာကိုလည်း စေ့စေ့ကြည့်ပြီး ငါက ပြောလိုက်မယ်။ ဒီမှာဦးလှဘန်း၊ ခင်ဗျားအကြွေးကို ကျုပ်က တစ်ပြားတောင်မဆပ်ရသေးဘူး။ ခင်ဗျားသားကခင်ဗျားကိုညာပြောထားတားကျပ်
ခင်ဗျားကုပ်ပေါ်မှာခွစီးထားတုန်းပဲရှိသေးတယ်။အဲဒါမြဲမြဲမှတ်ထားဆိုပြီးအကြောင်း စုံပြောပြလိုက်မယ်၊ ဘယ့်နှယ်လဲ-ဟေ့ကောင်”
တင်ပိုင် ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်။ လူတစ်ကိုယ်လုံးလည်း တရှိန်းရှိန်း တဖိန်းဖိန်း ဖြစ်လာသည်။ အသားတွေ တဆတ်ဆတ် တုန်လာသည်။ သို့သော် ထိုအချိန်မှာပင်တစ်စုံတစ်ယောက်သောသူ၏မျက်နှာက သူ့ရှေ့တည့်တည့်မှာဘွား ခနဲပေါ်ထွက်လာသည်။အဲဒါကအဖေ- ချစ်သောအဖေ၊
ချစ်ခိုင်၏တိုက်ကွက်ကို အမိခံလိုက်ရပြီးနောက် ထုံးစံအတိုင်း တင်ပိုင် တစ် ယောက်လူလည်းပျော့၊ လေသံလည်းပျော့သွားရပြန်ချေပြီ။
“ခင်ဗျား ဒါတော့ မလုပ်နဲ့ဗျာ- ကိုချစ်ခိုင်၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်အဖေကို ချမ်းသာပေးပါ။ ကဲပါလေ – ခင်ဗျား အဆင်မပြေသေးဘူးဆိုရင် လည်း ကျွန်တော် ဒီပြင့်နေရာကပဲ မရရအောင် ငွေရှာပြီး နွားဝယ်ရတော့မှာပေါ့။ ခင်ဗျား ပြေလည်မှပဲပြန်ဆပ်ပါ၊ ဟုတ်ပြီလား”
နောက်ဆုံးတော့ ကိုယ်ကတောင် ပြန်တောင်းပန်လိုက်ရသေးသည်။ သူကပဲ
မြီရှင်ဖြစ်နေသလိုလိုပုံစံမျိုးဖြင့်ချစ်ခိုင်ကခါးကြီးထောက်ပြီးမာန်တင်းနေလိုက်သေး
သည်။
တင်ပိုင်၊ ချစ်ခိုင်ရှေ့က ပြန်လှည့်ထွက်လာခဲ့သည်။ အပြန်လမ်းတွင် သူ ကိုယ့် ကံကြမ္မာအတွက် ကြေကွဲသလိုပင် ဖြစ်နေမိသည်။ မျက်ရည်ပါ ဝဲချင်ချင် ဖြစ်လာ သည်။ပြီးတော့ သူတက်ခေါက်မိသည်။ အံကြိတ်မိသည်။ပြင်းပြသော စိတ်ဆန္ဒနှင့် အတူရင့်ရင့်သီးသီးလည်းကျိန်ဆဲလိုက်မိသည်။
“တောက် … ဒီလောက်လူမဆန်တဲ့လူ၊ ဒီလောက်ရက်စက်ယုတ်မာတဲ့သူကို သတ်မယ့်သူကလည်းပေါ်ပဲမပေါ်နိုင်ဘူး။သူများကိုမရှုမလှဖြစ်အောင် နင်းချေရက် တဲ့လူ၊ကိုယ်တိုင် မရှုမလှပြန်ခံရပါစေ”

အံ့ဩစရာပင်။လောက၌ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ်ဆုတောင်း ပြည့်ဖို့ဆိုသည်မှာအဟုတ်မလွယ်ပါ။ သို့ငြားတင်ပိုင်တစ်ယောက်ကတော့တကယ် ပင်ဆုတောင်းပြည့်သွားခဲ့သည်။
အချိန်အားဖြင့်နောက်(၆)လလောက်ပင်မကြာလိုက်ပေ။ချစ်ခိုင်တစ်ယောက်
သူတို့ရွာနှင့် အနောက်ဘက်ရွာအကြား ဆက်သွယ်ထားသော ကားလမ်းပေါ်တွင်

တစ်စုံတစ်ယောက်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ချစ်ခိုင် သေရပုံကတင်ပိုင် ဆုတောင်းခဲ့သလိုပင်တကယ့်မရှုမလှပုံစံမျိုးကြီးဖြစ်သည်။ ချစ်ခိုင့်ခန္ဓာကိုယ်တစ်ခု လုံးထောင်းကြေမွဒဏ်ရာတွေ၊ထိုးသွင်းဒဏ်ရာတွေနှင့်ဗရပွဖြစ်နေသည်။ သတ်သူ ကအငြိုးကြီးစွာ သတ်သွားကြောင်းပေါ်လွင်နေသည်။ ဤလူသတ်မှုအတွက်နီးစပ်ရာကျေးရွာများအတွင်း၌ထိတ်လန့်ချောက်ချားခြင်း ဖြစ်မိကြရသည်မှာမှန်သော်လည်းအများအားဖြင့်တော့အံ့သြခြင်းမရှိကြပေ။ကျေး
ရွာများအတွင်း ချစ်ခိုင်နှင့်ပတ်သက်၍ နှီးနှောပြောဆိုနေကြပုံက ဤချစ်ခိုင်သည် စည်းဖောက်နေသည်မှာ ကြာလှပြီဖြစ်ကြောင်း၊ ချစ်ခိုင်၌လူ့ဝတ္တရားနားမလည်ခြင်း၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့ခြင်းအပြင် စာရိတ္တကပါ ကောင်းမွန်ခြင်းမရှိကြောင်း၊ ယခု အသေဆိုးနှင့် သေရခြင်းမှာ မကျူးလွန်သင့်သော ကာမေသုမိစ္ဆာစာရကံကို လိုက် စားခဲ့မိ၍ဖြစ်ကြောင်း၊ယခင်ကစီးပွားရေး၊ကြီးပွားရေးနှင့်ပတ်သက်ပြီးအများတကာ အပေါ်လူပေါ်လူဇော်အလွန်လုပ်ခဲ့သော်ငြားလည်းအသက်သေရသည်အထိဘေး မတွေ့ခဲ့ကြောင်း၊ယခုပူကြီးမားသောပြစ်မှုအတွက်တန်ရာတန်ကြေးအဖြစ်အသက် ကိုပါပေးလိုက်ရခြင်းဖြစ်ကြောင်း၊ မကောင်းတာလုပ်သူအတွက် မကောင်းတာဖြစ် ရခြင်းမှာအံ့ဩစရာမရှိကြောင်း စသည်ဖြင့်ဝေဖန်ပြောဆိုနေကြသည်။
တင်ပိုင်က ဆက်လက်စုံစမ်းသိရှိ ရသည်မှာ“ရွှေက”ရွာမှ မခင်ကြိုင် အမည်ရှိ အမျိုးသမီးကို ချစ်ခိုင်က သွားပြီးကြာခိုသည်ဟု ဆိုသည်။ မခင်ကြိုင် ယောက်ျားက ဖိုးသောင်ဖြစ်သည်။ တစ်ဖန် ဖိုးသောင်ကိုယ်တိုင် ဓားပြမှုဖြင့် ဝရမ်းပြေးနေရသူဖြစ် သည်။ ဖိုးသောင်က ဝရမ်းပြေးအဖြစ်နှင့်ပင် သူ့အိမ်ကို ခိုးကြောင်ခိုးဝှက် ဝင်လိုက် ထွက်လိုက် လုပ်နေသူဖြစ်သည်။ သို့ကြောင့် မိမိ မယားအား အချောင်ဝင်၍ ကြာခို နေသူချစ်ခိုင်ကိုဖိုးသောင်ကပင်အပြန်လမ်းမှအသင့်စောင့်ကြိုကာသတ်ဖြတ်လိုက် ခြင်းဖြစ်သည်။ စသဖြင့် အများသတင်းအရတင်ပိုင် သိရှိခဲ့ရသည်။
ချစ်ခိုင် သေရခြင်းအတွက် တင်ပိုင် ဝမ်းမသာပါ။ ထို့အတူ စိတ်မကောင်းခြင်း လည်း မဖြစ်မိပေ။ သို့သော် သူ့မျက်စိထဲတွင် မီးတောက်မီးပုံကြီးတစ်ခု အစအနမျှ မကျန်ရအောင် ချုပ်ငြိမ်းသွားပုံကိုတော့အတိအကျမြင်လိုက်ရသလို ရှိသည်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ချစ်ခိုင် သေပြီး သုံးလမျှအကြာတွင် ဦးလှဘန်း ဆုံးသည်။အဖေဆုံးပါးသွားခြင်းအတွက်တင်ပိုင်ကြေကွဲမိရသည်မှာမှန်သော်လည်း ဦးလှဘန်း၏ဘဝနိဂုံးချုပ်ပုံအရုပ်မဆိုးလှခြင်းအတွက်မူတင်ပိုင်ကကျေနပ်သည်။ နှလုံးသွေးကြောပိတ်ပြီးဦးလှဘန်းရုတ်တရက်သေဆုံးသွားခြင်းဖြစ်သည်။ဝေဒနာ
ကို ကြာရှည်ကြာမျှောစွာ ခံစားနေရခြင်းမရှိဘဲ တစ်ခဏအတွင်း အသက်ကုန်သွား
ခြင်းဖြစ်သည်။
မြီရှင်မြီစားနှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ဘဝဇာတ်သိမ်းသွားပုံကို တင်ပိုင်အံ့အားသင့်ရသည်။ ဘာပဲပြောပြောသူ့စိတ်ထဲမှာရှင်းသွားသည်။ အေးသွား သည်။ သူတို့နှစ်ယောက်စလုံးလောကထဲကပျောက်ကွယ်သွားခြင်းနှင့်အတူ သူတို့ နှစ်ယောက်ကြားကအရှုပ်ထုပ်ကြီးသည်လည်းတစ်ခါတည်းလက်စသိမ်းသွားပြီဟု ခံယူလိုက်သည်။ အကြွေးကိစ္စကိုတင်ပိုင်တစ်ခါတည်းမေ့ပစ်လိုက်သည်။
သူ ပို၍ကျေနပ်ရသည်က အဖေ့အတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ပေးနိုင်ခဲ့သည်။တစ်နည်းတစ်ဖုံအားဖြင့်အဖေစိတ်ချမ်းသာအောင်သူဖန်တီး ပေးနိုင်ခဲ့သည်။ချစ်ခိုင်နှင့်ပတ်သက်ပြီးဇာတ်လမ်းပြတ်သွားရခြင်း၊ကြွေးကိစ္စအတွက်
ဘာမျှအမျှင် တန်းစရာမရှိတော့ဘဲ အဖေ ခေါင်းလည်း အေး၊ စိတ်လည်းအေး ဖြစ် သွားရခြင်း စသည်တို့ကပင် အဖေ့ဘဝနိဂုံးအတွက် အများကြီး ဖြောင့်ဖြူးသွားစေ သည်၊လှပသွားစေသည်ပင်။
У
အဖေသေပြီးနောက်တစ်ကိုယ်တည်းကျန်နေခဲ့သည့်အမေ့ကိုမိမိတို့နှင့်အတူ
နေစေရန် တင်ပိုင်က စီစဉ်သည်။ အစီအစဉ်အတိုင်းလည်း အမေ့ကို သူ့အိမ်သို့ ခေါ် ထားလိုက်သည်။ကျန်ခဲ့သည့်အိမ်ကိုတန်ရာတန်ကြေးဖြင့်ရောင်းချမည်ဟုကြေညာ လိုက်သည်။ ရှိသမျှအိမ်တွင်းပစ္စည်းတွေကိုလည်းတင်ပိုင်တို့လင်မယားက ရှင်းလင်း သိမ်းဆည်းကာ သူတို့အိမ်သို့ ပို့လိုက်သည်။
ဤမှာပင်တင်ပိုင်မျက်လုံးပြူးစရာနှင့်ကြုံရသည်။ ဘုရားကျောင်းဆောင်စားပွဲ
အောက်ကအံဆွဲထဲမှာစာအိတ်တစ်အိတ်ကိုတင်ပိုင်တွေ့ရသည်။စာအိတ်မှာဆယ်

စောင်တွဲစာအုပ်ကြားထဲညှပ်ထည့်ထားခြင်းဖြစ်သည်။စာအိတ်ကိုအပြင်ကအသေ အချာ ပိတ်ထားပြီး စာအိတ်ပေါ်တွင် “သားကြီး မောင်တင်ပိုင်သို့”ဟု ရှင်းလင်းစွာ ရေးသားထားသည်။ အဖေ မသေခင်ကတည်းက မိမိအတွက် တမင်ရည်ရွယ်ပြီး ရေးသားထားခဲ့မှန်း သိသာပေါ်လွင်လျက်ရှိသည်။ အဖေ ဘာတွေရေးခဲ့ပါလိမ့်၊ ဘာတွေမှာခဲ့ပါလိမ့်ဟု သိချင်စိတ်နှင့်အတူတင်ပိုင်ရင်တွေခုန်လာသည်။ တုန်လှုပ်ခြင်းကြီးစွာ၊စိတ်ဝင်စားခြင်းကြီးစွာဖြင့်စာအိတ်ကိုဖွင့်လိုက်ရာဖခင်၏
ရေးသားချက်များကို အောက်ပါအတိုင်း ဖတ်ရှုလိုက်ရတော့သည်။
သို့
ငါ့သားမောင်တင်ပိုင်..
အဖေစာရေးခဲ့တယ်။အဖေ့အကြောင်းကိုအသိသင့်ဆုံးဟာငါ့သားပဲ။ပြီးတော့ အဖေကိုယ်တိုင်ကလည်း ငါ့သားကို ဖွင့်မပြောဘဲ မနေနိုင်ဘူး။ ဖွင့်ပြောခဲ့မှကို စိတ် အေးနိုင်မယ်။ ဒါကြောင့် ငါ့သားအတွက် ဒီစာကို ရေးထားခဲ့တာ၊
ငါ့သားအတွက် အံ့ဩစရာအချက်နှစ်ချက်အဖေပြောပြမယ်။ ပထမတစ်ချက် က ချစ်ခိုင်နဲ့ပတ်သက်လို့ အဖေစိတ်အေးသွားပြီ၊ နောက်ကြောင်း ရှင်းသွားပြီဆိုပြီး ငါ့သားထင်ခဲ့တယ်မဟုတ်လား။အဲဒါလုံးဝမဟုတ်ဘူး။ချစ်ခိုင်ကိုအဖေမပြတ်ဘူးကွ၊ ချစ်ခိုင်ဟာ အဖေ့ စိတ်ထဲ၊ အဖေ့အသည်းထဲမှာ ရှိမြဲရှိနေခဲ့တယ်။ မင်းအံ့ဩသွားပြီ မဟုတ်လား။
အဲဒါ ဘာကြောင့်ဖြစ်ရသလဲ။ ချစ်ခိုင် ဆိုတဲ့ကောင်ကို အဖေ မယုံကြည်လို့ပဲ။ ပြီးတော့ ငါ့သားရဲ့လုပ်ဆောင်ချက်တွေကိုလည်း အဖေ သင်္ကာမကင်းဖြစ်မိလို့ပဲ၊ ကြံကြီးစည်ရာကွာ။ ချစ်ခိုင်လို ကောင်ကပဲ ငွေသိန်း(၅ဝ)ကို တစ်ချီတည်း ပြန်ဆပ် သွားတယ်လို့။ ငါလုံးဝမယုံနိုင်ဘူး။
ဒါနဲ့ အဖေ ကြိတ်ပြီးစုံစမ်းခဲ့တယ်။ ကြိတ်ပြီးလေ့လာခဲ့တယ်။ ဒါကြောင့်လည်း အဖြစ်မှန်ကို သိခွင့်ရခဲ့တယ်။ သိပ်မခက်ပါဘူးကွာ။ အောက်ကိုင်းက မြင့်သွင်ကပဲ ဒီအကြောင်းတွေကိုအကုန်လုံး ဖော်ပြောသွားတာ၊ ပထမတော့သူကဘယ်လိုမေး မေးမပြောဘူး။ငါမေးသမျှမဟုတ်ပါဘူး။ မဟုတ်ပါဘူးနဲ့ပဲငြင်းနေတယ်၊ငြင်းမှာပေါ့။ မင်းကလည်း သူ့ကို နှုတ်ပိတ်ထားမှာကိုး။

ဒါပေမဲ့ – အဖေက မေးလွန်းမက မေးလာတော့ သူလည်း အဖြစ်မှန်ကို ဝန်ခံ ရတော့တယ်။ကြံချက်ဖို့ကို ငါ့သားနဲ့ စပ်တူထူထောင်ထားတယ်ဆိုတာလုံးဝမဟုတ် ဘူးဆိုတဲ့အကြောင်းအပါအဝင်အလုံးစုံသူဖွင့်ပြောတယ်။ ဒီမှာတင်ပဲငါ့သားရဲ့အဖေ့ အပေါ်ထားတဲ့ စေတနာတွေကိုအဖေအားလုံးသိရှိခဲ့ရသလို ချစ်ခိုင်ရဲ့ကောက်ကျစ် ယုတ်မာပုံတွေကိုလည်းအားလုံးသိခွင့်ရခဲ့တယ်။ ချစ်ခိုင်ဟာအဖေ့အပေါ်ယုတ်မာ ခဲ့သလို ငါ့သားကိုပါ ငွေညှစ်ပြီး ရက်ရက်စက်စက် လုပ်ခဲ့သေးတာတွေအထိ အဖေ အပြည့်အစုံသိလိုက်ရတယ်။အဲဒီနောက်ဒီကိစ္စဘာမှမရှုပ်စေရပါဘူးလို့မြင့်သွင်ကို
ကတိပေးပြီးအဖေအိမ်ပြန်လာခဲ့တယ်။
ဒီနောက်တော့ အဖေတစ်ကိုယ် တည်း ကြိတ်စဉ်းစားပြီး လုပ်သင့်လုပ်ထိုက် တာကိုလုပ်ဖို့လည်းတစ်ခါတည်းဆုံးဖြတ်လိုက်တယ်၊ ဒီနေရာမှာပိပိရိရိ၊သွေးအေး အေး၊ သိုသိုသိပ်သိပ်လုပ်နိုင်ဖို့ကိုပါ အဖေကကြိုတင်ပြီးအကွက်ချတယ်။
ချစ်ခိုင်သေမယ့်နေ့ကလမ်းဘေးစိန်နားပန်ရုံတွေကြားထဲမှာဓားရှည်တစ်လက်
နဲ့အတူအဖေပုန်းနေတယ်။လမ်းပေါ်မှာလူသွားလူလာကအစ ဘာမှမရှိဘဲရှင်းလင်း
နေတယ်။ ချစ်ခိုင်ရဲ့အသွားအလာတွေကိုလည်း ဒီ့အရင်ကတည်းက အဖေ ကြိုပြီး လေ့လာထားပြီးပြီ။ ဒါနဲ့ နာရီဝက်လောက် စောင့်လိုက်ရတယ်ဆိုရင်ပဲ ချစ်ခိုင်က သူ့ ဆိုင်ကယ်နဲ့ရွှေကဘက်ကနေပြန်လာတော့တယ်။သူနီးလာတာနဲ့အဖေလမ်းပေါ်သို့ ခုန်တက်လိုက်တယ်။ သူ့ကိုတားလိုက်တယ်။ သူက ဆိုင်ကယ်ကိုရပ်တယ်။ ပြီးတော့ အဖေ့ကိုကြည့်ပြီး အံ့အားသင့်နေတယ်၊ အဖေက အချိန်ဆွဲမနေတော့ဘူး။ လက် နောက်ပစ်ပြီး ဝှက်ထားတဲ့ဓားရှည်နဲ့ သူ့ ရင်ဝကို တစ်ချက်လှမ်းထိုးလိုက်တယ်။ ဒီကောင် ဆိုင်ကယ်နဲ့အတူ လဲကျသွားတယ်၊ ဒီကောင် ဘာမှပြန်မပြောနိုင်ဘူး။ မျက်လုံးကြီးပြူးပြီးအဖေ့ကို မော့ကြည့်နေတယ်။ အဖေက ဟောဒါ ငါ့သားအတွက် တစ်ချက်၊ ဟောဒါ ငါ့အတွက် တစ်ချက်ဆိုပြီး ပါးစပ်ကလည်း ပြော၊ လက်ကလည်း တစ်ချက်ပြီးတစ်ချက်ဆိုသလိုဆက်ထိုးနေမိတယ်။ ကျေနပ်ပြီဆိုမှအဖေလည်းရပ်
လိုက်တယ်။ ဒီကောင်လည်းသွေးအိုင်ထဲမှာအကြောဆွဲရင်းကျန်ခဲ့တယ်။ ဒီနောက် ဓားရှည်ကိုအနီးကရေတွင်းတစ်ခုထဲပစ်ထည့်ထားခဲ့ပြီးအေးအေးဆေးဆေးပဲအဖေ
ပြန်လာခဲ့တော့တယ်။

အေးအေးဆေးဆေးမှ တကယ့် အေးအေးဆေးဆေးပါကွ၊ ကြိုတင်အစီအစဉ် ဆွဲထားတာဆိုတော့ဒီကောင့်ကို သတ်ပြီးချိန် အဖေ ဘာမှမူမပျက်ဘူး။ စိတ်လည်း မချောက်ချားဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အဖေ့အတွက်ရော၊ ငါ့သားအတွက်ပါ
ဒီနည်းနဲ့အကြွေးပြန်သိမ်းလိုက်နိုင်တာကိုအဖေပျော်လိုက်တာကွာ။ကျေနပ်လိုက်
တာ။ဒီအကြောင်းပြန်ပြန်တွေးပြီးပီတိဖြစ်လို့ကိုမဆုံးဘူး။
ဖိုးသောင်အတွက်ကိုတော့ စိတ်မကောင်းပါဘူး။ ဒီကောင်က ကျော်ကြားမှုနဲ့ အတူအဝေးကိုလွင့်သထက်လွင့်သွားရတော့တာပေါ့။ဒါတော့ငါလည်းမတတ်နိုင်
ဘူးကွာ။ ငါ့သားကိုပဲအဖေမှာခဲ့ချင်တယ်။အဖေမရှိတဲ့နောက်မင်းအမေကိုဂရုစိုက် ပါ။အဖေ့ရောဂါကတစ်နေ့ရွှေ၊တစ်နေ့ငွေဆိုတာကိုအဖေလည်းသိတယ်။ဒါပေမဲ့- ချစ်ခိုင်နဲ့ပတ်သက်လို့တော့ အဖေ့ကို ဘာမှမပူနဲ့ ငါ့သား။ ဒီကောင့်အတွက်နဲ့တော့ အဖေရောဂါဖောက်စရာမရှိသလို၊အသေမဖြောင့်စရာလည်း ဘာမှမရှိဘူး။ ငါ့သား ရည်မှန်းတဲ့အတိုင်း ဒီကောင်နဲ့ပတ်သက်လို့ ဘာမှနောက်ဆံငင်စရာမရှိဘဲ အဖေ လုံးဝအသေဖြောင့်တယ်လို့သာ မှတ်လိုက်ပေတော့။ ငါ့သား အဲဒီအတိုင်းသာ မှတ် လိုက်ပေတော့။
မိဘကျေးဇူးကိုအလေးထားတဲ့ငါ့သား။
ကြီးပွားပါစေ။ လှဘန်း။
စာက ဆုံးသွားလေပြီ၊ စာဆုံးသွားသော်လည်းတင်ပိုင်ကတော့ ရင်အခုန်မြန် နေဆဲ၊ချောက်ချားနေမိဆဲဖြစ်သလိုအသက်ရှူနှုန်းကပါစည်းချက်မမှန်အောင်ဖြစ်
နေရဆဲပင်၊၊
# ရဲမြတ်တင်

Zawgyi Version

အေသေျဖာင့္သူ(စ/ဆုံး)
——————————–
“ကိုတင္ပိုင္-ကိုတင္ပိုင္ – ခဏေနဦး- ခဏေနဦး” စက္ေလွေပၚသို႔တင္ပိုင္ကေျခတစ္ဖက္တင္ၿပီးေနၿပီ။အထက္ ပါအတိုင္းလွမ္းေအာ္လိုက္သံေၾကာင့္ေျခကိုျပန္႐ုပ္ၿပီးေနာက္လွည့္
ၾကည့္လိုက္သည္။ ထိုအခါ သူ႔ထံသို႔ဦးတည္ၿပီး ေျပးလာေနေသာ သူ႔မိန္းမ မတင္ျမကို ေတြ႕လိုက္ရသည္။ သည္မိန္းမပုံစံက ပ်ာယီး ပ်ာယာႏိုင္လွသည္။ တစ္ခုခုေတာ့ထူးေနၿပီဟု ထိတ္ခနဲျဖစ္သြား
မိသည္။
ထင္သည့္အတိုင္းပင္-
“ကိုတင္ပိုင္-ရွင့္အေဖ-ရွင့္အေဖ ေလျဖတ္လို႔တဲ့။ ေဆး႐ုံ
တင္ထားရတယ္တဲ့” “ဟင္…”
အနီးေရာက္ေရာက္ခ်င္း ဗလုံးဗေထြး ေျပာလာေသာမိန္းမ လုပ္သူ၏စကားက တင္ပိုင့္ရင္အစုံကို႐ုတ္ျခည္းေျပာင္းဆန္သြား
ေစသည္။လူကိုပါပ်ာယာခတ္သြားေစသည္။
“ဖိုးကိုေရ-ငါမလိုက္ေတာ့ဘူးေဟ့။ ငါ့စပါးအိတ္ေတြကို ဟို ေရာက္ရင္ မင္းပဲ အလုပ္သမားငွားၿပီး ဆက္လုပ္ေပးလိုက္စမ္းပါ “ေကာင္းၿပီ- ေကာင္းၿပီ။စိတ္ခ်- စိတ္ရ

စက္ေလွသမားကျပန္ေအာ္ၿပီးစက္ကိုႏႈိးသည္။ကမ္းမွခြာ၍လည္းေမာင္းထြက္
သြားသည္။ လင္မယားႏွစ္ေယာက္ ကမ္းေျခမွ ခပ္သုတ္သုတ္ေလွ်ာက္လာခဲ့ၾက သည္။တာေပါင္ေပၚေရာက္ေသာ္-
“ကဲ- ရွင္ ေဆး႐ုံပဲ ျမန္ျမန္သြားေတာ့။ ကြၽန္မ အိမ္ျပန္မယ္။ ဟိုမွာ ကေလးကို မိေႏွာင္းလက္ထဲအပ္ထား ခဲ့ရတာ”
“ေအး…”
လင္မယားႏွစ္ေယာက္လမ္းခြဲလိုက္ၾကသည္။

“အေဖက ဘယ္လိုျဖစ္ရတာလဲ-အေမ”
“ဘယ္လိုျဖစ္ရမလဲ၊
ငါ့စကားနားမေထာင္လို႔ျဖစ္ရတာေပါ့။ေဒါသမထြက္ပါနဲ႔၊
စိတ္ကိုထိန္းပါလို႔ ငါအတန္တန္ေျပာတာ၊နားမွမေထာင္ပဲ။ ေန႔ခင္းက ဟိုေသျခင္း ဆိုးအိမ္ကို သူသြားမယ္လို႔ ေျပာတယ္။ သြားရင္ ဒီလိုျဖစ္ေတာ့မယ္ ဆိုတာသိလို႔ ေတာ္မသြားနဲ႔၊ေတာ့္အစားက်ဳပ္ပဲသြားမယ္လို႔ငါကေျပာတယ္။အဲဒါတားလို႔မရဘူး။ ျပန္လာေတာ့ ထင္တဲ့အတိုင္း ျဖစ္လာတယ္။ တရႉးရႉး တရွဲရွဲနဲ႔ ေဒါသေတြတအား ထြက္လာတယ္။ မ်က္ႏွာႀကီးလည္း နီရဲလို႔။ အိမ္ေရာက္ၿပီးေတာ့လည္း သူ႔မွာ အဲဒီ မသာကိုပဲ ဆက္ၿပီးႀကိမ္းေန၊ ေမာင္းေနတယ္။ အဲဒီေနာက္ တစ္နာရီေလာက္ ၾကာ တယ္ဆိုရင္ပဲ ျဖဳန္းဆို ထိုင္ေနရာကေန ထိုးလဲသြားၿပီး ဆန႔္ငင္ဆန႔္ငင္နဲ႔ ျဖစ္သြား ေတာ့တာပဲ”
တင္ပိုင္ သက္ျပင္းခ်သည္။ မိခင္ျဖစ္သူက ျဖစ္စဥ္ကို ရွင္းျပၿပီးေနာက္ မ်က္ႏွာ တစ္ဝိုက္ကို တဘက္ျဖင့္ ပြတ္သုတ္ေနသည္။ ၿပီးလွ်င္ သူတို႔သားအမိ အပါအဝင္ ေရာက္ရွိေနသည့္ ေဆြမ်ိဳးသားခ်င္းတစ္စုလုံးက စိုးရိမ္စိတ္ႏွင့္အတူ အေရးေပၚခန္း ဘက္သို႔ ေမွ်ာ္ၾကည့္ေနမိၾကသည္။ လူနာကို ဆရာဝန္၊ ဆရာမမ်ားက ၾကပ္မတ္ ကုသေနၾကဆဲ ျဖစ္သည္။ ေလာေလာဆယ္ အေရးေပၚခန္းကို တံခါးပိတ္ထား သည္။

အေဖ ျပန္ေနေကာင္းပါေစ၊ ကံလည္း ေကာင္းပါေစဟု စိတ္ထဲက ႀကိတ္၍ ဆုေတာင္းေနမိသည္။ သူကျမစ္ေအာက္ပိုင္းရွိ ဆန္စက္သို႔စပါးႀကိတ္ရန္ စက္ေလွ ႏွင့္ လိုက္သြားေတာ့မလို႔။ မိတင္ျမ အမီလိုက္လာႏိုင္လို႔သာ ေတာ္ေတာ့သည္၊ ႏို႔မဟုတ္ပါက သူကလည္း ခရီးလြန္ေနမည္၊ ထိုသို႔ ခရီးလြန္ေနခ်ိန္တြင္မွ အေဖ ကလည္းတစ္ခုခုျဖစ္သြား မည္ဆိုလွ်င္…။
သူပင့္သက္ရႈိက္လိုက္မိျပန္သည္။တကယ္ေတာ့သူအေဖ့ကိုအလြန္ခ်စ္သည္။
ခ်စ္ရေအာင္လည္းတစ္ဦးတည္းေသာသားျဖစ္သည့္ သူ႔အေပၚအေဖကတစ္သက္ လုံးအခ်စ္ပို၊ အလိုလိုက္ခဲ့ သည္ပဲကိုး။
ခုေတာ့ အေဖ ဘာေၾကာင့္ ခုလိုျဖစ္ ရသည္ကို သူ အားလုံးသိလိုက္ၿပီ။ နဂို ကတည္းကအေဖ့တြင္ေသြးတိုးရွိသည္။ႏွလုံးေသြးေၾကာေရာဂါလည္းရွိသည္။ ဆရာ ဝန္က ေဆးမွန္မွန္ေသာက္ဖို႔၊ အစားအေသာက္ ဆင္ျခင္ဖို႔၊ ေလ့က်င့္ခန္းလုပ္ဖို႔၊ ေဒါသမထြက္ဖို႔အေဖ့ကိုမွာၾကားထားသည္။ဒါကိုအေဖက နည္းနည္းေပါ့ခ်င္သည္။
ဆရာဝန႔္စကားကိုလိုက္နာသည့္အခါလိုက္နာၿပီးေမ့ေမ့ေလ်ာ့ေလ်ာ့ေနသည့္အခါ ေနသည္။သို႔မို႔ေၾကာင့္လည္းအေဖ့ေရာဂါကမၾကာမၾကာထထေဖာက္ေလ့ရွိသည္။ လြန္ခဲ့သည့္ႏွစ္လေလာက္ကေလျဖတ္ခ်င္သလိုလိုအေဖတစ္ခါျဖစ္ဖူးၿပီးၿပီ ဆရာ ဝန္ထံအျမန္ေျပးလိုက္ႏိုင္သျဖင့္အႏၲရာယ္ႀကီးႏွင့္ကပ္လြဲခဲ့ရသည္။ ခုတစ္ခါေတာ့ အေဖေရွာင္ႏိုင္စြမ္းမရွိေတာ့ၿပီ။ တည့္တည့္ႀကီးကိုအႏၲရာယ္ႏွင့္ ဝင္တိုးခဲ့ရၿပီ။ သည္ေနရာတြင္ အဓိတရားခံ၏ မ်က္ႏွာကို သူ ေျပးျမင္မိသည္။ တရားခံက ခ်စ္ခိုင္ပဲ။ ခ်စ္ခိုင္ေၾကာင့္အေဖသည္လိုျဖစ္ရတာ။ခ်စ္ခိုင္ကိုအေဖမေက်မခ်မ္းျဖစ္ ေနသည္မွာ ၾကာၿပီ။ အေဖႏွင့္ ခ်စ္ခိုင္ၾကားမွာ ႀကီးမားသည့္ ရာဇဝင္အေၾကာင္း ရွိသည္။ျဖစ္စဥ္ကိုအစကေနျပန္ထုတ္ျပရမည္ဆိုပါကလြန္ခဲ့သည့္ (၆)ႏွစ္ေလာက္ ကတည္းကအေဖ့ဆီမွာခ်စ္ခိုင္အေႂကြးေတြရွိသည္။အေဖ့ဆီကစယူသည့္ေငြကကို သိန္း(၅ဝ)တိတိျဖစ္သည္။အတိုးႏွင့္ဆိုပါကယခုဆိုလွ်င္မည္မွ်ေလာက္မ်ားျပားေန
မည္ကို ခန႔္ မွန္းၾကည့္ႏိုင္သည္။
ထိုေငြမ်ားကိုယေန႔အထိခ်စ္ခိုင္ကတစ္ျပားမွ်ျပန္လည္ေပးဆပ္ျခင္းမရွိ၊အမွန္ တကယ္လည္း ခ်စ္ခိုင္၌ မည္သို႔မွ် ျပန္ဆပ္ႏိုင္စြမ္းမရွိ။ ခ်စ္ခိုင္မွာ တစ္ခ်ိန္တုန္းက

လူလူသူသူ ေနခဲ့သူမွန္ေသာ္ျငား ေနာက္ပိုင္း၌ တစ္ေလွ်ာက္လုံးလိုလို ကံမြဲေနခဲ့ သည္။ ဆက္တိုက္လိုလို ဆုံးရႈံးမႈေတြႏွင့္ ရင္ဆိုင္ေနရသည္။ ကံမရွိေတာ့ ဉာဏ္ရွိ တိုင္းမြဲဆိုသကဲ့သို႔ သူ႔မွာလႈပ္ေလျမဳပ္ေလျဖစ္ေနရသည္။အေဖကဒါေတြသိသည္။ ခ်စ္ခိုင္ျဖစ္အင္ကိုနားလည္သည္။ သို႔မို႔ေၾကာင့္လည္းအဆင္ေျပမည့္အခ်ိန္ေႂကြးျပန္ ဆပ္ပါမည့္အေၾကာင္း တစ္ခါတစ္ရံ သတိေပးတာကလြဲၿပီး ခ်စ္ခိုင္ကို အပူမတိုက္၊ ခဏခဏေႂကြးသြားေတာင္းေနတာမ်ိဳးအေဖ မလုပ္၊
သို႔ျငားၿပီးခဲ့သည့္လကေတာ့ခ်စ္ခိုင္ႏွင့္ပတ္သက္ၿပီးအေဖဆူဆူပူပူ၊လႈပ္လႈပ္ ရွားရွားျဖစ္ဖို႔ ႀကဳံလာသည္။ ခ်စ္ခိုင္တို႔ သားခ်င္းတစ္ေတြ အေမြခြဲၾက ၿပီး ခ်စ္ခိုင္က ေဝစုအေတာ္ရလိုက္သည္ ဟုသတင္းၾကားသည္။ သတင္းရရခ်င္းခ်စ္ခိုင္ဆီအေဖ သြားသည္။ သြားၿပီး ေႂကြးကို လွည့္ဆပ္ပါ့မည့္အေၾကာင္း ေျပာသည္။ ခ်စ္ခိုင္က ဆက္ဆက္လာဆပ္ပါမည့္အေၾကာင္းေလာေလာဆယ္လက္ထဲေငြမေရာက္ေသး ပါေၾကာင္းျပန္ေျပာသည္။ အေဖက ေက်နပ္ၿပီးျပန္လာခဲ့သည္။ အေဖခ်စ္ခိုင္ကိုေစာင့္သည္။တစ္ရက္ၿပီးတစ္ရက္၊တစ္ပတ္ၿပီးတစ္ပတ္၊အေဖ
ကသာ ေမွ်ာ္ရသည္။ ခ်စ္ခိုင္က ေပၚမလာ။ ေပၚမလာသည့္အျပင္ အေဖ့ကို ယမ္းပုံ မီးက်ျဖစ္သြားေစသည့္ သတင္းကအရပ္ထဲမွာေပၚလာသည္။ခ်စ္ခိုင္ဆယ္ဘီးကား တစ္စီး ဝယ္လိုက္သည့္သတင္းျဖစ္သည္။
အေဖ-အဲသည္မွာတင္ ေသြးတက္သြားသည္။ တရႉးရႉး၊ တရွဲရွဲႏွင့္ ျဖစ္သြား သည္။“ငါ့အေႂကြးေတာ့ ျပန္မဆပ္ဘူး။ ကားေတာ့ ဝယ္တယ္”ဆိုသည့္စကားကို အေမ့ေရွ႕မွာလည္း ေျပာသည္။ တင္ပိုင့္အိမ္မွာလည္း လာေျပာသည္။ ေျပာလည္း ေျပာစရာပင္။ သည္လုပ္ရပ္ကအေဖ့အတြက္တကယ့္ကိုမေထြးႏိုင္၊မၿမိဳႏိုင္ျဖစ္စရာ ႀကီးကိုး။ ဘာပဲျဖစ္ျဖစ္ အေဖျဖစ္ေနပုံကိုၾကည့္ၿပီး အေမေရာ၊ တင္ပိုင္ပါ စိုးရိမ္စိတ္ ဝင္လာသည္။ အရႈံးေပၚထပ္ၿပီး အႏုတ္လကၡဏာဆင့္ လာမွာကို ျမင္ေယာင္လာ သည္။အေဖ့ကိုတတ္ႏိုင္သေလာက္ေဖ်ာင္းဖ်ၾကသည္။ခ်စ္ခိုင္ေနသည့္႐ြာသို႔အေဖ က သြားမည္တကဲကဲ လုပ္ေနသည္။ အေမက တားသည္။ ခ်စ္ခိုင္ကိုသြား“ခ်ီ”ရင္း အေဖတစ္ခုခုျဖစ္သြားႏိုင္တာကို အေမ တြက္ဆမိသည္။ သို႔ေၾကာင့္ တားျမစ္ျခင္း ျဖစ္သည္။အေဖကတားလို႔မရ။ကိုယ္တိုင္ထသြားသည္။ ဟိုေရာက္ေတာ့ခ်စ္ခိုင္ႏွင့္

ရန္ေတြ ျဖစ္ရသည္။ ရန္ျဖစ္ၿပီး အိမ္ျပန္လာသည္။ အိမ္ေရာက္ေတာ့ ခ်စ္ခိုင္ ကူလီ ကူမာ လုပ္လိုက္ပုံ၊ လီဆယ္ၿပီး ေျပာလိုက္ပုံေတြကို ေဒါသတႀကီးႏွင့္ အေမ့ကို ျပန္ ေျပာသည္။ ထိုသို႔ ေဒါသေတြပြားၿပီး မဆုံးတန္း၊ မတုံးတန္းေျပာေနရင္း၊ ေျပာေနရင္း ကေန…။
ခုေတာ့ အေမစိုးရိမ္သည့္အတိုင္း တကယ္ကို ျဖစ္သြားခဲ့ၿပီ။ ေျပာရလွ်င္ အဲဒါ ထက္ပိုၿပီး အေရးႀကီးသည့္ကိစၥတစ္ခုက ရွိေသးသည္။ တျခားမဟုတ္၊ ခုေနမ်ား အေဖမေျပာေကာင္း၊ေျပာေကာင္းေသဆုံးသြားခဲ့ပါက ဘဝကူးေကာင္းလိမ့္မည္ဟု
သူမထင္။
ေကာင္းရာသုဂတိေရာက္မည့္ကိန္းလုံးလုံးမျမင္မိ။ဘာေၾကာင့္ဆိုအေဖ က ခ်စ္ခိုင္ႏွင့္ ခ်စ္ခိုင္ဆီက အေႂကြးေတြကို စိတ္စြဲေနသည္။ အသည္းအသန္ကို စြဲလမ္းေနသည္။ ဤဥပါဒါန္ေတြကပင္ အေဖ့ကို မသင့္ရာဘဝသို႔ ဆြဲခ်သြားၾကမွာ ေသခ်ာသည္။ ဤအတိုင္း ျဖစ္ကိုျဖစ္သြားလိမ့္မည္။
ဒါေတြ ေတြးမိေတာ့ တင္ပိုင္ အေဖ့အတြက္ ပို၍ပူပန္ရသည္။ ပို၍ေသာက ေရာက္ရသည္။

“စိတ္ကို ထိန္းမွေပါ့အေဖရာ။ စိတ္ကို အလိုလိုက္ရင္ ကိုယ္ပဲ ဒုကၡေရာက္မွာ၊ အခု သူ႔ဆီ အေႂကြးသြားေတာင္းေတာ့ သူ႔အေႂကြး မရခဲ့တဲ့အျပင္ ကိုယ္ပါ ေဆး႐ုံ
တက္လိုက္ရတယ္။တစ္ခုကေနႏွစ္ခုပိုရႈံးသြားတာပဲအဖတ္တင္တယ္။ကံေကာင္းလို႔ ပါလား အေဖရာ။ ဆရာဝန္ႀကီးနဲ႔အဖြဲ႕က အခ်ိန္မီ ကုသေပးလိုက္ ႏိုင္လို႔ပါလား။ ႏို႔မဟုတ္ရင္အေဖ ဘယ္လြယ္မလဲ”
တင္ပိုင္ကဖခင္ျဖစ္သူဦးလွဘန္း၏ေျခသလုံး၊ေပါင္လုံးေတြကိုႏွိပ္နယ္ေပးရင္း တတြတ္တြတ္ေျပာေနသည္။ မိခင္ ေဒၚလွေအးက ဦးလွဘန္း၏ေက်ာျပင္ႏွင့္လက္ ေမာင္းေတြကို ေဆးလိမ္းေပးလ်က္ရွိသည္။
“ဒါနဲ႔ ဝမ္းသာစရာစကားအေဖ့ကိုေျပာျပရဦးမယ္”
တင္ပိုင့္စကားေၾကာင့္ဦးလွဘန္းမ်က္လုံးပြင့္လာသည္။စကားေတာ့မဆိုေပ။
လတ္တေလာ သူသတိႀကီးႀကီးထားေနသည္။ ေၾကာက္မက္ဖြယ္ အႏၲရာယ္စက္

ကြင္းႀကီးမွ ကံသီ၍ လြတ္ေျမာက္လာခဲ့ၿပီးေနာက္ ဆရာဝန္ႀကီးမ်ား မွာၾကားလိုက္ သည့္အတိုင္း သူ႔ကိုယ္သူ စိတ္ေရာကိုယ္ပါ ေစာင့္ေရွာက္ေနမိသည္။ စိတ္လႈပ္ရွား တာမ်ိဳး၊ ေဒါသထြက္တာမ်ိဳးလုံးဝမျပဳလုပ္ရဲေပ။
တင္ပိုင့္အသံက ဆက္ေပၚလာသည္။
“ကြၽန္ေတာ္ ကိုခ်စ္ခိုင္နဲ႔ ေတြ႕ခဲ့တယ္ အေဖ၊ သူက ေျပာတယ္၊ မင္းအေဖ ဒီလို ျဖစ္တယ္ၾကားရေတာ့စိတ္မေကာင္းပါဘူးတဲ့။မင္းအေဖကစိတ္တအားျပန္တာပဲတဲ့။ မင္းအေဖ အေႂကြးေတြကို ငါကလည္း ဆပ္ျဖစ္ ေအာင္ ဆပ္မွာပါတဲ့။ ဆပ္ခ်င္လို႔ လည္းအရင္ဆုံးကားဝယ္ၿပီးအလုပ္လုပ္ဖို႔ႀကံစည္တာပါတဲ့။အလြန္ဆုံးေနာက္ႏွစ္ ေလာက္မွာ ျပန္ဆပ္ႏိုင္ေအာင္ သူ ႀကံ႐ြယ္ထားတာပါတဲ့။ ဒါေပမဲ့ “ ခုေတာ့ သူ အစီ အစဥ္ေျပာင္းလိုက္ပါၿပီတဲ့။ မင္းအေဖ အေႂကြးေတြကို ေနာက္(၁၅)ရက္အတြင္း ငါ လာဆပ္မယ္တဲ့။ ကိုခ်စ္ခိုင္က ကြၽန္ေတာ့္ကို အဲသလိုေျပာလိုက္တယ္ အေဖ”

စိတ္ခ်မ္းသာစရာစကားေၾကာင့္ဦးလွဘန္းမ်က္လုံးမ်ားကတဖ်ပ္ဖ်ပ္ေတာက္
လာသည္။ တင္ပိုင္က ဆက္ေျပာသည္။
“တစ္ခုေတာ့ သူကေျပာတယ္အေဖ။ မင္းအေဖကိုမင္းပဲေတာင္းပန္ေပးပါကြာ တဲ့။ငါယူထားတဲ့အေႂကြးသိန္း(၅၀)ကိုအရင္းအတိုင္းျပန္ဆပ္ပါ့မယ္တဲ့။ အတိုးကို
ေတာ့ ေက်းဇူးျပဳၿပီး ေလ်ာ္ေပးပါတဲ့။ အဲဒါတစ္ခုကိုေတာ့ သူ ေတာင္းပန္လိုပါတယ္ တဲ့။အဲသလိုေျပာတယ္အေဖ။ကြၽန္ေတာ္လည္းကြၽန္ေတာ့္အေဖကိုျပန္ေျပာၾကည့္ ပါ့မယ္။ခင္ဗ်ားေျပာတဲ့အတိုင္းျဖစ္ႏိုင္ေခ်ရွိပါတယ္လို႔ျပန္ေျပာထားခဲ့တယ္။ သူဒီလို ေျပာေဖာ္ရတာပဲေတာ္လွၿပီ။ ကိုယ့္ ပိုက္ဆံကိုယ္ျပန္ရတာပဲေတာ္လွၿပီ။ ဟုတ္တယ္ မို႔လားအေဖ၊သူ႔ဆႏၵကိုအေဖလက္ခံတယ္မဟုတ္လား”
ဦးလွဘန္းက ခပ္ျမန္ျမန္ ေခါင္းညိတ္ျပသည္။ မ်က္ႏွာကလည္းၿပဳံးလာသည္။ သူ စကားမေျပာႏိုင္၍မဟုတ္။ ေျပာႏိုင္သည္။ သို႔ေသာ္ စကားလုံးေတြက လုံးဝါးဝါး ျဖစ္ေနေသးသည္။ ေျခလက္တို႔ကပါ လႈပ္ရွားသြားလာႏိုင္သည္ မွန္ေသာ္ျငား ပုံမွန္ အတိုင္း ျပန္မျဖစ္ေသး။ ေလးလံေနေသးသည္။ တုံ႔ဆိုင္းေနေသးသည္။ မည္သို႔ ဆိုေစ၊ ေပ်ာက္သြားသည့္ ထီလက္မွတ္ ျပန္ရွာေတြ႕လိုက္သလိုမ်ိဳး သူ ခံစားလိုက္ ရသည္။အတိုးမရခ်င္ေန၊ကိုယ့္ေငြမဆုံးရင္ေတာ္ၿပီးအရင္းအတိုင္းျပန္ရရင္ေတာ္ၿပီ
ဟူ၍ သေဘာပိုက္လိုက္ျခင္းျဖစ္သည္။
У
ေနာက္ (၁၅)ရက္ခန႔္ ၾကာေသာ္- “အေဖ-ကြၽန္ေတာ္ကိုခ်စ္ခိုင္နဲ႔ ေတြ႕ခဲ့ၿပီ”
“ေအး- ဘယ္လိုလဲ၊ ဒီေကာင္ကတိတည္ရဲ႕လား၊ ေငြျပန္ဆပ္လိုက္ရဲ႕လား” “ဆပ္တယ္ အေဖ၊ဆပ္တယ္။ ဒါေပမဲ့…”
“ဒါေပမဲ့ ဘာျဖစ္သလဲ”
“ဒါေပမဲ့-ကြၽန္ေတာ္အေဖ့ကို(၅)သိန္းပဲျပန္ေပးႏိုင္မယ္၊ သူျပန္ဆပ္တဲ့ သိန္း (၅၀)ထဲကေငြ(၄၅)သိန္းကိုကြၽန္ေတာ္ခဏလွည့္သုံးထားလိုက္တယ္အေဖ” “ေဟ-မင္းက ဘာေတြသုံးလိုက္ သလဲ၊ ဒီပိုက္ဆံေတြကို”

“ကြၽန္ေတာ္ ေအာက္ပိုင္းက ကိုျမင့္လြင္နဲ႔ ႏွစ္ေယာက္ေပါင္းၿပီး ႀကံႀကိတ္စက္ တစ္လုံး ဝယ္လိုက္တယ္။ လာမယ့္ႀကံရာသီေရာက္ရင္ ႀကံခ်က္ဖိုေထာင္ၿပီး စပ္တူ လုပ္ၾကမလို႔။ ႀကံသကာေတြေဈးေကာင္းေနတယ္အေဖ”
“ဒီလိုလား။ ေအးပါ – အလုပ္လုပ္မယ္ဆိုရင္ အေဖက ဘာမွမေျပာလိုပါဘူး။ သုံးပါ၊ သုံးပါ”
“ဒါပဲေနာ္ အေဖ၊ ကြၽန္ေတာ္က ဒီေငြကို ေတာ္ေတာ္နဲ႔ေတာ့ ျပန္ဆပ္ႏိုင္ဦးမွာ မဟုတ္ဘူး။ ကြၽန္ေတာ္လည္းအေျခတည္မိေအာင္ႀကိဳးစားရဦးမွာေလ”
“ဒါမ်ားကြာ။ ေျပာေနစရာ လိုေသးလား၊ သားအဖခ်င္းေတြပဲ။ ငါ့ေငြဟာ မင္း ေငြပဲေပါ့ကြ၊ ဘာပဲေျပာေျပာ၊ ငါေပ်ာ္လိုက္တာကြာ။အဲဒီအေကာင္နဲ႔ ခုလိုျပတ္သြား ရတာဟာ ငါ့အတြက္ေတာ့ အကုသိုလ္ထုပ္ႀကီး ျပဳတ္က်သြားတာပဲ။ ဒီေငြေတြသာ သူ႔ဆီက ျပန္မရရင္ ငါ အေသေျဖာင့္မယ္ေတာင္မထင္ဘူး။ ခုေတာ့- ေအးသြားၿပီ၊ ၿငိမ္းသြားၿပီ၊ ရွင္း သြားၿပီ”
တင္ပိုင္က ဖခင္ကိုၾကည့္ၿပီး ေပ်ာ္႐ႊင္ေနသည္။
ေနာက္(၆)လခန႔္အၾကာတြင္-
“တင္ပိုင္ေရ’ေဟ့တင္ပိုင္” “ဗ်ိဳ႕- ဘယ္သူလဲ၊ က်ဳပ္ ရွိပါတယ္”

ၿခံေပါက္ဝမွလွမ္းေခၚသံေၾကာင့္တင္ပိုင္ကျပန္ထူးလိုက္သည္။လူကိုယ္တိုင္ပါ အိမ္ေပါက္ဝမွ ထြက္ၾကည့္လိုက္သည္။ ထိုအခါ ႀကံစည္း႐ိုးေဘးမွာ ရပ္ေနသည့္ ခ်စ္ခိုင္ကိုလွမ္းျမင္လိုက္ရသည္။ တင္ပိုင္ကိုျမင္လိုက္သည္ႏွင့္ ခ်စ္ခိုင္က ၿပဳံးလိုက္ ေသာ္လည္း တင္ပိုင္ကမူ ခ်စ္ခိုင္ မ်က္ႏွာကို ျမင္ျမင္ခ်င္းတစ္ခ်က္ မဲ့ခနဲ ျဖစ္သြား သည္။
“ငါ့ညီ- ဒီခဏလာပါဦးကြ။ ကိစၥေလး ရွိလို႔ပါ” “ဟုတ္ကဲ့ – ဟုတ္ကဲ့- လာၿပီ”

တင္ပိုင္က ဆင္းလာသည္။ အနီးေရာက္ေသာ္ ခ်စ္ခိုင္က တင္ပိုင့္ပခုံးကို လွမ္း ဖက္ၿပီး ခပ္လွမ္းလွမ္းရွိ စိန္ပန္းပင္ ေအာက္သို႔ တင္ပိုင့္ကို ဆြဲေခၚသြားသည္။ ႏွစ္ ေယာက္သားမ်က္ႏွာခ်င္းဆိုင္ ရပ္မိၾကသည္ႏွင့္-
“ငါ့ညီ-ငါ့ကိုတစ္ခုေလာက္ကူညီစမ္းပါဦးကြာ” “ဘာမ်ားလဲဗ်။ ဘာကိစၥလဲ”
“တျခားမဟုတ္ဘူး။ မင္း ငါ့ကို ေငြသုံးသိန္းေလာက္ခဏလွည့္ေပးစမ္း ပါ” “ဗ်ာ…”
“ဟုတ္တယ္။ ငါေတာ္ေတာ္အခက္ႀကဳံေနလို႔ပါ။ ငါကားျပန္ေရာင္းလိုက္ရတာ မင္းလည္းၾကားမွာေပါ့။ အလုပ္က ဘာလုပ္လုပ္အဆင္ကိုမေျပဘူးကြာ” အဆင္ေျပပါ့မလား၊ ခင္ဗ်ားလိုသစၥာမရွိ၊ကတိမတည္တဲ့လူစားမ်ိဳးဘယ္ေတာ့မွ မႀကီးပြားဘူးဟု တင္ပိုင္စိတ္ထဲက ေရ႐ြတ္သည္။ထို႔ေနာက္ ခပ္တည္တည္ပင္ခ်စ္ ခိုင္ကို ျပန္ေျပာလိုက္သည္။
“ကြၽန္ေတာ္လည္း အိမ္မွာ ေငြပိုေငြလွ်ံရယ္လို႔ ရွိမွမရွိတာ။ ကြၽန္ေတာ္ အားနာ ပါတယ္ကိုခ်စ္ခိုင္ရာ”
“လုပ္ပါကြ၊ ဒီတစ္ခါေတာ့ ကူညီပါဦး။ျဖစ္ေအာင္လုပ္ေပးစမ္းပါ”
“တကယ္ေျပာတာပါ။ ကြၽန္ေတာ္လည္း ႐ုန္းေနကန္ေနရတဲ့သူပဲ။ ခင္ဗ်ားကို ဘယ္လိုမွလွည့္ေပးႏိုင္စြမ္းမရွိဘူး”
“ဒီလိုလားတင္ပိုင္”
ခ်စ္ခိုင္မ်က္ႏွာက တင္းခနဲ ျဖစ္သြားသည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ မ်က္ႏွာကို ျပန္ျပင္သည္။ ရိသဲ့သဲ့၊ ရယ္က်ဲက်ဲ မ်က္ႏွာမ်ိဳးျဖင့္ တင္ပိုင့္ပခုံးကိုလည္း တစ္ခ်က္ လွမ္းပုတ္လိုက္သည္။
“စိတ္ခ်ပါ တင္ပိုင္ရာ၊ ဟိုကိစၥ မင္း အေဖမသိေအာင္ ငါ ေနေပးပါ့မယ္ကြ၊ ဟဲ-ဟဲ-ဟဲ”
ခ်စ္ခိုင္စကားကို တင္ပိုင္ နားလည္သည္။ ထူထူပူပူ ျဖစ္သြားမိသည္။ သည္လူ ယုတ္မာၿပီဟုလည္းစိတ္ထဲကေထာင္းခနဲျဖစ္သြားမိသည္။ သို႔ေသာ္သူကအခ်ိန္မီ သတိဝင္လာၿပီး စိတ္ကို ခ်ဳပ္တီးလိုက္သည္။ ခ်စ္ခိုင္က ႏိုင္ကြက္ ရထားၿပီကိုး။ ဒါကို

အသုံးခ်ၿပီး တကယ္ယုတ္မာလိုက္ပါက မိမိစီစဥ္ထားသမွ် အားလုံးပ်က္စီးသြားၿပီး ဒုကၡေတြ တစ္သီႀကီး ဝင္လာႏိုင္သည္။ သို႔ေၾကာင့္ မိမိဘက္က စိတ္မေလွ်ာ့၍ မျဖစ္၊
“ကဲဗ်ာ-ဒါျဖင့္လည္း ယူသြား။ ဒါေပမဲ့- ဒီေငြကိုေတာ့ မၾကာခင္ ခင္ဗ်ား ဆက္ ဆက္ျပန္ဆပ္မွျဖစ္မယ္။ ဒီေငြကိုကြၽန္ေတာ္က ႏြားဗိုက္တစ္ေကာင္ဝယ္ဖို႔ ခ်န္ထား
တာ”
“စိတ္ခ်စမ္း တင္ပိုင္၊ ဘာမွမပူနဲ႔။ အလြန္ဆုံး တစ္လ၊ ႏွစ္လပဲ၊ မင္းေငြကို ငါ ေသခ်ာျပန္ဆပ္မယ္”
သည္လိုႏွင့္ပင္ေသတၱာထဲကေငြ(၃)သိန္းထုတ္ၿပီးခ်စ္ခိုင္လက္ထဲထည့္ေပး လိုက္ရသည္။ ခ်စ္ခိုင္က ေက်နပ္ၿပီး ျပန္သြားသည္။ တင္ပိုင္က ခ်စ္ခိုင္ ေက်ာျပင္ကို မုန္းတီးစြာၾကည့္ရင္းက်န္ေနခဲ့သည္။ သည္ေငြကသူၿခိဳးၿခိဳးၿခံၿခံစုေဆာင္းထားသည့္
ေငြျဖစ္သည္။ၿပီးခဲ့သည့္ေႏြကသူ႔ခိုင္းႏြားႀကီးတစ္ေကာင္ဆီးခ်ဳပ္ဝမ္းခ်ဳပ္ျဖစ္ၿပီးေသ သြားသည္။ ထို႔ေၾကာင့္ ခိုင္းႏြားတစ္ေကာင္ ျပန္ဝယ္ရမည္။ မၾကာမီ မိုးက်ၿပီး ထြန္ရ၊ ယက္ရ မည့္အခ်ိန္က ေရာက္လာေတာ့မည္။ ခုလို ခ်စ္ခိုင္ကို ေငြေပးလိုက္ရသည့္ ကိစၥ မိတင္ျမကိုပင္ ဘယ္လိုရွင္းျပရမွန္းမသိ၊ သူ ေတြးေနရင္းမွပင္ ခ်စ္ခိုင္ကို ပို၍ စိတ္နာလာမိသည္။ ေတာ္ေတာ္လုပ္ရက္တဲ့ လူ၊ ေတာ္ေတာ္ယုတ္ပတ္တဲ့လူဟု လည္း စိတ္ထဲကက်ိန္ဆဲလိုက္မိသည္။
ခ်စ္ခိုင္၌ ႏိုင္ကြက္ရွိသည္။အဲဒါက သည္လို၊ ဖခင္ျဖစ္သူက ေလျဖတ္ၿပီးေနာက္ ျပန္သက္သာလာကာ ေဆး႐ုံမွ ျပန္ဆင္းလာသည့္အခ်ိန္၊ ထိုအခ်ိန္တြင္ တင္ပိုင္က တစ္ကိုယ္တည္း ေတြးေတာ ေနမိသည္။ အေဖက သက္ေတာ့ သက္သာလာၿပီ။ ဒါေပမဲ့- ခုလိုအျဖစ္မ်ိဳးထပ္မျဖစ္ေတာ့ဘူးလို႔မေျပာႏိုင္၊ခ်စ္ခိုင္ဆီကအေႂကြးေတြကို ေမွ်ာ္ကိုးေနေသး သမွ် ကာလပတ္လုံး အေဖ့အတြက္ ဘယ္လိုမွ စိတ္မခ်ႏိုင္ေသး။ ခ်စ္ခိုင္က တည္ၾကည္သည့္လူစားမ်ိဳး မဟုတ္။ အေဖ ေမွ်ာ္လင့္သလို ခ်စ္ခိုင္ဆီက အေႂကြးေတြျပန္ရဖို႔ကေတာ့လုံးလုံးလမ္းမျမင္။ သည္အခါအေဖႏွင့္ ခ်စ္ခိုင္တစ္ေကြ႕ ေကြ႕မွာ ျပန္ၿငိၾကဦးမည္။ ၿငိလွ်င္ အေဖပဲ နစ္နာမည္။ အေဖပဲ ေရာဂါေတြ ေဖာက္ၿပီး ဒုကၡေရာက္မည္။ ေနာက္တစ္ခါဆိုလွ်င္ ခုလိုျပန္ၿပီး သက္သာခ်င္မွ သက္သာလာ

ႏိုင္ေတာ့မည္။ ပိုဆိုးသြားႏိုင္သည့္ေနာက္တစ္ေၾကာင္းက သည္အေႂကြးကိစၥ မၿပီး ျပတ္ေသးသေ႐ြ႕အေဖအေသေသာ္မွမေျဖာင့္ႏိုင္ ေသခါနီးအထိ သည္အေႂကြးေတြ ကိုသာ စြဲလမ္းသြားႏိုင္သည္။ သည္အခါ အေဖ အယူမွားၿပီး အပါယ္က်မည္။ မသင့္ ေသာ ဘုံဌာနေတြကို လြင့္ပါးေရာက္ရွိသြားမည္။ ဘယ္ဘက္ကေတြးေတြး အေဖ့ အတြက္တစ္ခ်က္ကေလးမွ သူေအးကြက္မျမင္၊
ေနာက္ဆုံးခ်စ္ေသာအေဖ့အတြက္အႀကံတစ္ခုရသြားသည္။အေဖေဘးကင္း ရန္ကင္းႏွင့္ စိတ္ခ်မ္းသာေစေရးအတြက္ နည္းလမ္းတစ္ခု သူ ရသြားသည္။ လက္ ေတြ႕အရလည္းထိုနည္းလမ္းအတိုင္း သူအေကာင္အထည္ေဖာ္လိုက္မိသည္။
သည္။
တစ္ေန႔၊ ခ်စ္ခိုင္ႏွင့္ သူ သြားေတြ႕ၿပီး ယခုလိုပင္ အေလးအနက္ ေဆြးေႏြးျဖစ္
“ကိုင္း-ကိုခ်စ္ခိုင္-အေဖ့သတင္းကေတာ့ ခင္ဗ်ားၾကားတဲ့အတိုင္းပဲ။ သူ ကံေကာင္းလို႔ အေျခအေနဆိုးမသြားတာ။ ဒီေတာ့ဗ်ာ-ကြၽန္ေတာ့္အေဖအတြက္ ကြၽန္ေတာ္က ဒီလိုစီစဥ္ခ်င္တယ္။ သူကလည္း ခင္ဗ်ားဆီက အေႂကြးေတြ ျပန္မရ မခ်င္း စိတ္မေအးႏိုင္ဘူး။ ခင္ဗ်ားကလည္း ခင္ဗ်ား အေျခအေနအရ ေတာ္ေတာ္နဲ႔ ျပန္မဆပ္ႏိုင္ဘူး။ ဒီေတာ့ ဒီလိုလုပ္မယ္ဗ်ာ။ ခင္ဗ်ား အေဖ့ဆီကယူထားတဲ့ေငြေတြ ကြၽန္ေတာ့္ကိုျပန္ေပးၿပီးၿပီဆိုတဲ့သေဘာမ်ိဳးလုပ္ရေအာင္။ ခင္ဗ်ားဆီကေငြေတြျပန္ ရခဲ့ၿပီဆိုတဲ့အေၾကာင္း ကြၽန္ေတာ္က အေဖ့ကို ျပန္ေျပာလိုက္မယ္။ အေဖ ေက်နပ္ သြားေအာင္ က်န္တဲ့အပိုင္း ကြၽန္ေတာ္ ဆက္ရွင္းမယ္။ အေရးႀကီးတာက ဒီသတင္း လုံးဝမေပါက္ၾကားဖို႔လိုတယ္။ကြၽန္ေတာ့္ဘာသာပရိယာယ္ဆင္ထားတဲ့ဒီအေတာ အတြင္းမွာခင္ဗ်ားလည္းႀကိဳးစားၿပီးေတာ့အေႂကြးေတြျပန္ဆပ္ေပးေပါ့။ကြၽန္ေတာ့္
ဆႏၵကိုခင္ဗ်ားသေဘာေပါက္တယ္မဟုတ္လား”
ခ်စ္ခိုင္က စူးစိုက္ၿပီး နားေထာင္ေနသည္။ တင္ပိုင့္စကားဆုံးေသာ္ သူ႔မ်က္ႏွာ ႀကီးက ဝင္းဝင္းႀကီး ျဖစ္သြားသည္။ အခ်ိဳေပၚသကာေလာင္းလိုက္သလို ျဖစ္သြား သည္။တင္ပိုင့္ကို သည္းလႈိက္အူလႈိက္ပင္ တုံ႔ျပန္သည္။
“ေကာင္းတာေပါ့ တင္ပိုင္ရာ၊ သိပ္ေကာင္းတာေပါ့။ မင္းဆႏၵအတိုင္း ျဖစ္ေစ
ရမယ္”

“ခင္ဗ်ားကတိေတာ့ တည္ရမယ္ေနာ္၊ ဒီကိစၥ အေဖ ဘယ္လိုမွမသိဖို႔ရယ္၊ အေႂကြးေတြကို တတ္ႏိုင္သေလာက္ကြၽန္ေတာ့္ဆီျပန္ဆပ္ဖို႔ရယ္ေပါ့” “စိတ္ခ်- တင္ပိုင္း ငါကတိတည္တယ္”
အဲသလိုကတိထားသြားတဲ့လူ။ ခုေတာ့ ကတိမတည္႐ုံေတာင္ မကေတာ့ဘူး။ ယုတ္မာဖို႔ေတာင္ ႀကံလာၿပီ။ အေဖ့အေႂကြးေတြ လာဆပ္ဖို႔ ေဝးေသး။ တင္ပိုင့္ဆီ ကေတာင္ ထပ္ၿပီးေငြလာေခ်းေနေသးသည္။ ၿပီးေတာ့ ဆက္ဆံလာပုံကလည္း အထက္စီးပုံစံမ်ိဳးႏွင့္ျဖစ္သည္။ တစ္နည္းအားျဖင့္ တင္ပိုင့္ဆီက ေငြလာညႇစ္သည့္ ပုံစံမ်ိဳးျဖစ္သည္။တင္ပိုင္က သူ႔ကို ေငြေခ်းရမည္။ မေခ်းပါကလွ်ိဳ႕ဝွက္ခ်က္ကိုအေဖ သိေအာင္ ေဖာ္ထုတ္လိုက္သည္။ ထိုလွ်ိဳ႕ဝွက္ခ်က္ကိုသာ အေဖ သိသြားပါက ခ်က္ခ်င္းေသြးတက္သြားလိမ့္မည္။ ေဒါသေတြဝင္လာလိမ့္မည္။ၿပီး- သည္လိုလွည့္ ကြက္ဆင္ရပါ့မလားဆို ၿပီး တင္ပိုင့္ကိုပါ စိတ္ဆိုးသြားႏိုင္သည္။ ေနာက္ဆက္တြဲ အျဖစ္အေဖ ေရာဂါေဖာက္မည္၊ ဒုကၡေရာက္မည္။ သည္အခါ အေဖ့ကို ခ်စ္လြန္းလို႔ ပရိယာယ္ဆင္လိုက္ကာမွ အေျခအေနက ပိုဆိုးသြားမည္။ ေပါ့ေစလိုလို႔ ေၾကာင္ ႐ုပ္ထိုး၊ ေဆးေၾကာင့္ေလး ဆိုသလိုျဖစ္သြားမည္။
ခ်စ္ခိုင္လိုလူစားႏွင့္ စာရင္းျပတ္သြားသည့္အတြက္ အေဖကေတာ့ စိတ္ေတြ ခ်မ္းသာလို႔၊ သည္လိုမျဖစ္ျဖစ္ေအာင္ ႀကံဖန္ၿပီး ကုလားဖန္ထိုးခဲ့သည့္ မိမိမွာသာ ယခု မအီမလည္ႀကီးျဖစ္ေနရၿပီ။ ခ်စ္ခိုင္ဆီက သိန္း(၅၀)ျပန္ရၿပီး ေလဟန္၊ ထိုေငြ ထဲမွာ(၄၅)သိန္းကိုမိမိသုံးစြဲထားေလဟန္လုပ္ဇာတ္ဆင္ထားခဲ့သည္။ထိုလုပ္ဇာတ္ ယုတၱိရွိေစဖို႔ မိမိ အိတ္ထဲက ေငြ(၅)သိန္း စိုက္၍ပင္ အေဖ့ကို ႏွစ္သိမ့္လိုက္ရေသး သည္၊ ေခ်ာ့ေမာ့လိုက္ရေသးသည္။ လတ္တေလာ စီးပြားေရးက သိပ္အဆင္မေျပ ခ်င္။ အက်ဘက္ကို ေရာက္ၿပီးရင္း ေရာက္ေနသည္။ ေျပာရလွ်င္ သူသာမက ဖခင္ ျဖစ္သူဦးလွဘန္းပါခပ္ယိုင္ယိုင္ျဖစ္ေနသည္မွာၾကာၿပီ။ သည္လိုအေျခအေနမ်ိဳးမွာ သားအဖႏွစ္ေယာက္စလုံးအေပၚခ်စ္ခိုင္ အၫြန႔္ခူးသြားပုံက ေတြးေလ ေတြးေလ၊ စိတ္နာစရာေကာင္းေလ ဆိုသလို ျဖစ္ေနသည္။ ဆိုခဲ့သည့္အတိုင္း မိမိ ဦးထိပ္ထား ေသာ အေဖ့အတြက္ ဦးစားေပးၿပီး ထည့္တြက္ေနရေသာေၾကာင့္သာ မိမိစိတ္ကို ေလွ်ာ့ၿပီးရင္း ေလွ်ာ့ေနရျခင္းျဖစ္သည္။

ထင္ထားသည့္အတိုင္း ေမာင္မင္းႀကီးသားက ေပၚလာေတာ္မမူ။ ေႂကြးယူထား သည့္ေန႔ကစၿပီးမ်က္ႏွာကိုတစ္ခါမွ် မျမင္ရေတာ့။ သို႔ႏွင့္ ကိုယ္ကပင္ သြားေတာင္း ရေတာ့သည္။ မေတာင္းလို႔လည္းမျဖစ္။ ေငြကလိုေနၿပီ၊
“ကိုခ်စ္ခိုင္ – ကြၽန္ေတာ့္ပိုက္ဆံျပန္လွည့္ေပးဦးေလဗ်ာ” “ငါအဆင္မေျပလို႔ပါ။ အဲဒါေၾကာင့္မလာတာပါ”
“ခင္ဗ်ားကလည္း ဘယ္ေတာ့မွ အဆင္ေျပတယ္မရွိဘူး။ ကြၽန္ေတာ္က အတိုး ေတြဘာေတြယူၿပီး ေခ်းလိုက္တာလည္းမဟုတ္ဘဲနဲ႔”
“ေအးပါ၊အဲဒါငါသိပါတယ္။ အေျခအေနက ဘယ္လိုမွ မလွည့္သာလို႔ပါ” “ႏွစ္လေလာက္ပဲၾကာမယ္လို႔ခင္ဗ်ားေျပာသြားတယ္။အခုနစ္လေက်ာ္သြားၿပီ။
ခင္ဗ်ားကတစ္ဖက္သားကို နည္းနည္းပါးပါးေတာ့ကိုယ္ခ်င္းစာၿပီးေလးစားဦးမွေပါ့ ဗ်ာ။ အခုကြၽန္ေတာ္က ႏြားဝယ္ခ်င္ၿပီ။ ေငြလိုေနၿပီ။ အဲဒါ ဘယ္လိုလုပ္မလဲ။ ခင္ဗ်ား ေတာ္ေတာ္တတ္ႏိုင္တဲ့လူဗ်ာ။ ဒါေတာ့ကြၽန္ေတာ္လုံးဝမေက်နပ္ဘူး”
“ငါ မင္းကို စကားကုန္ေျပာၿပီးၿပီတင္ပိုင္း မင္းပိုက္ဆံကို ငါ မဆပ္ႏိုင္ေသးဘူး။ မင္းမေက်နပ္ရင္ ႀကိဳက္သလိုလုပ္”
“ခင္ဗ်ားက ဒီလိုေၾကးလား”
“ေအး- ဟုတ္တယ္။ မင္းတိုင္ခ်င္ရာတိုင္ႏိုင္တယ္”
“တိုင္ရင္ ခင္ဗ်ားက ဘာသက္ေသအေထာက္အထားမွမရွိဘူးဆိုၿပီး ျငင္းမယ္ ေပါ့ေလ”
“မျငင္းဘူး၊ စိတ္ခ်၊ မင္းအဲသလိုသာတိုင္ခဲ့ရင္မင္းအေႂကြးကို မရွိ၊ ရွိတာေရာင္း ၿပီး ငါ ျပန္ဆပ္မယ္။ ဒါေပမဲ့- မင္းကလည္း ငါ့ကို တန္ရာတန္ေၾကး ျပန္ေပးရၿပီသာ
မွတ္”
“ဘာတန္ရာတန္ေၾကးလဲဗ်”
“မင္းအေဖနဲ႔သြားၿပီး မ်က္နာခ်င္းဆိုင္လိုက္မယ္။ မင္းအေဖမ်က္ႏွာကိုလည္း ေစ့ေစ့ၾကည့္ၿပီး ငါက ေျပာလိုက္မယ္။ ဒီမွာဦးလွဘန္း၊ ခင္ဗ်ားအေႂကြးကို က်ဳပ္က တစ္ျပားေတာင္မဆပ္ရေသးဘူး။ ခင္ဗ်ားသားကခင္ဗ်ားကိုညာေျပာထားတားက်ပ္
ခင္ဗ်ားကုပ္ေပၚမွာခြစီးထားတုန္းပဲရွိေသးတယ္။အဲဒါၿမဲၿမဲမွတ္ထားဆိုၿပီးအေၾကာင္း စုံေျပာျပလိုက္မယ္၊ ဘယ့္ႏွယ္လဲ-ေဟ့ေကာင္”
တင္ပိုင္ ေခါင္းထဲ မိုက္ခနဲ ျဖစ္သြားသည္။ လူတစ္ကိုယ္လုံးလည္း တရွိန္းရွိန္း တဖိန္းဖိန္း ျဖစ္လာသည္။ အသားေတြ တဆတ္ဆတ္ တုန္လာသည္။ သို႔ေသာ္ ထိုအခ်ိန္မွာပင္တစ္စုံတစ္ေယာက္ေသာသူ၏မ်က္ႏွာက သူ႔ေရွ႕တည့္တည့္မွာဘြား ခနဲေပၚထြက္လာသည္။အဲဒါကအေဖ- ခ်စ္ေသာအေဖ၊
ခ်စ္ခိုင္၏တိုက္ကြက္ကို အမိခံလိုက္ရၿပီးေနာက္ ထုံးစံအတိုင္း တင္ပိုင္ တစ္ ေယာက္လူလည္းေပ်ာ့၊ ေလသံလည္းေပ်ာ့သြားရျပန္ေခ်ၿပီ။
“ခင္ဗ်ား ဒါေတာ့ မလုပ္နဲ႔ဗ်ာ- ကိုခ်စ္ခိုင္၊ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ ကြၽန္ေတာ့္အေဖကို ခ်မ္းသာေပးပါ။ ကဲပါေလ – ခင္ဗ်ား အဆင္မေျပေသးဘူးဆိုရင္ လည္း ကြၽန္ေတာ္ ဒီျပင့္ေနရာကပဲ မရရေအာင္ ေငြရွာၿပီး ႏြားဝယ္ရေတာ့မွာေပါ့။ ခင္ဗ်ား ေျပလည္မွပဲျပန္ဆပ္ပါ၊ ဟုတ္ၿပီလား”
ေနာက္ဆုံးေတာ့ ကိုယ္ကေတာင္ ျပန္ေတာင္းပန္လိုက္ရေသးသည္။ သူကပဲ
ၿမီရွင္ျဖစ္ေနသလိုလိုပုံစံမ်ိဳးျဖင့္ခ်စ္ခိုင္ကခါးႀကီးေထာက္ၿပီးမာန္တင္းေနလိုက္ေသး
သည္။
တင္ပိုင္၊ ခ်စ္ခိုင္ေရွ႕က ျပန္လွည့္ထြက္လာခဲ့သည္။ အျပန္လမ္းတြင္ သူ ကိုယ့္ ကံၾကမၼာအတြက္ ေၾကကြဲသလိုပင္ ျဖစ္ေနမိသည္။ မ်က္ရည္ပါ ဝဲခ်င္ခ်င္ ျဖစ္လာ သည္။ၿပီးေတာ့ သူတက္ေခါက္မိသည္။ အံႀကိတ္မိသည္။ျပင္းျပေသာ စိတ္ဆႏၵႏွင့္ အတူရင့္ရင့္သီးသီးလည္းက်ိန္ဆဲလိုက္မိသည္။
“ေတာက္ … ဒီေလာက္လူမဆန္တဲ့လူ၊ ဒီေလာက္ရက္စက္ယုတ္မာတဲ့သူကို သတ္မယ့္သူကလည္းေပၚပဲမေပၚႏိုင္ဘူး။သူမ်ားကိုမရႈမလွျဖစ္ေအာင္ နင္းေခ်ရက္ တဲ့လူ၊ကိုယ္တိုင္ မရႈမလွျပန္ခံရပါေစ”

အံ့ဩစရာပင္။ေလာက၌ေကာင္းတာျဖစ္ျဖစ္၊ မေကာင္းတာျဖစ္ျဖစ္ဆုေတာင္း ျပည့္ဖို႔ဆိုသည္မွာအဟုတ္မလြယ္ပါ။ သို႔ျငားတင္ပိုင္တစ္ေယာက္ကေတာ့တကယ္ ပင္ဆုေတာင္းျပည့္သြားခဲ့သည္။
အခ်ိန္အားျဖင့္ေနာက္(၆)လေလာက္ပင္မၾကာလိုက္ေပ။ခ်စ္ခိုင္တစ္ေယာက္
သူတို႔႐ြာႏွင့္ အေနာက္ဘက္႐ြာအၾကား ဆက္သြယ္ထားေသာ ကားလမ္းေပၚတြင္

တစ္စုံတစ္ေယာက္၏သတ္ျဖတ္ျခင္းကို ခံလိုက္ရသည္။ ခ်စ္ခိုင္ ေသရပုံကတင္ပိုင္ ဆုေတာင္းခဲ့သလိုပင္တကယ့္မရႈမလွပုံစံမ်ိဳးႀကီးျဖစ္သည္။ ခ်စ္ခိုင့္ခႏၶာကိုယ္တစ္ခု လုံးေထာင္းေၾကမြဒဏ္ရာေတြ၊ထိုးသြင္းဒဏ္ရာေတြႏွင့္ဗရပြျဖစ္ေနသည္။ သတ္သူ ကအၿငိဳးႀကီးစြာ သတ္သြားေၾကာင္းေပၚလြင္ေနသည္။ ဤလူသတ္မႈအတြက္နီးစပ္ရာေက်း႐ြာမ်ားအတြင္း၌ထိတ္လန႔္ေခ်ာက္ခ်ားျခင္း ျဖစ္မိၾကရသည္မွာမွန္ေသာ္လည္းအမ်ားအားျဖင့္ေတာ့အံ့ၾသျခင္းမရွိၾကေပ။ေက်း
႐ြာမ်ားအတြင္း ခ်စ္ခိုင္ႏွင့္ပတ္သက္၍ ႏွီးေႏွာေျပာဆိုေနၾကပုံက ဤခ်စ္ခိုင္သည္ စည္းေဖာက္ေနသည္မွာ ၾကာလွၿပီျဖစ္ေၾကာင္း၊ ခ်စ္ခိုင္၌လူ႔ဝတၱရားနားမလည္ျခင္း၊ ကိုယ္ခ်င္းစာစိတ္ ကင္းမဲ့ျခင္းအျပင္ စာရိတၱကပါ ေကာင္းမြန္ျခင္းမရွိေၾကာင္း၊ ယခု အေသဆိုးႏွင့္ ေသရျခင္းမွာ မက်ဴးလြန္သင့္ေသာ ကာေမသုမိစာၦစာရကံကို လိုက္ စားခဲ့မိ၍ျဖစ္ေၾကာင္း၊ယခင္ကစီးပြားေရး၊ႀကီးပြားေရးႏွင့္ပတ္သက္ၿပီးအမ်ားတကာ အေပၚလူေပၚလူေဇာ္အလြန္လုပ္ခဲ့ေသာ္ျငားလည္းအသက္ေသရသည္အထိေဘး မေတြ႕ခဲ့ေၾကာင္း၊ယခုပူႀကီးမားေသာျပစ္မႈအတြက္တန္ရာတန္ေၾကးအျဖစ္အသက္ ကိုပါေပးလိုက္ရျခင္းျဖစ္ေၾကာင္း၊ မေကာင္းတာလုပ္သူအတြက္ မေကာင္းတာျဖစ္ ရျခင္းမွာအံ့ဩစရာမရွိေၾကာင္း စသည္ျဖင့္ေဝဖန္ေျပာဆိုေနၾကသည္။
တင္ပိုင္က ဆက္လက္စုံစမ္းသိရွိ ရသည္မွာ“ေ႐ႊက”႐ြာမွ မခင္ႀကိဳင္ အမည္ရွိ အမ်ိဳးသမီးကို ခ်စ္ခိုင္က သြားၿပီးၾကာခိုသည္ဟု ဆိုသည္။ မခင္ႀကိဳင္ ေယာက္်ားက ဖိုးေသာင္ျဖစ္သည္။ တစ္ဖန္ ဖိုးေသာင္ကိုယ္တိုင္ ဓားျပမႈျဖင့္ ဝရမ္းေျပးေနရသူျဖစ္ သည္။ ဖိုးေသာင္က ဝရမ္းေျပးအျဖစ္ႏွင့္ပင္ သူ႔အိမ္ကို ခိုးေၾကာင္ခိုးဝွက္ ဝင္လိုက္ ထြက္လိုက္ လုပ္ေနသူျဖစ္သည္။ သို႔ေၾကာင့္ မိမိ မယားအား အေခ်ာင္ဝင္၍ ၾကာခို ေနသူခ်စ္ခိုင္ကိုဖိုးေသာင္ကပင္အျပန္လမ္းမွအသင့္ေစာင့္ႀကိဳကာသတ္ျဖတ္လိုက္ ျခင္းျဖစ္သည္။ စသျဖင့္ အမ်ားသတင္းအရတင္ပိုင္ သိရွိခဲ့ရသည္။
ခ်စ္ခိုင္ ေသရျခင္းအတြက္ တင္ပိုင္ ဝမ္းမသာပါ။ ထို႔အတူ စိတ္မေကာင္းျခင္း လည္း မျဖစ္မိေပ။ သို႔ေသာ္ သူ႔မ်က္စိထဲတြင္ မီးေတာက္မီးပုံႀကီးတစ္ခု အစအနမွ် မက်န္ရေအာင္ ခ်ဳပ္ၿငိမ္းသြားပုံကိုေတာ့အတိအက်ျမင္လိုက္ရသလို ရွိသည္။

တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို ခ်စ္ခိုင္ ေသၿပီး သုံးလမွ်အၾကာတြင္ ဦးလွဘန္း ဆုံးသည္။အေဖဆုံးပါးသြားျခင္းအတြက္တင္ပိုင္ေၾကကြဲမိရသည္မွာမွန္ေသာ္လည္း ဦးလွဘန္း၏ဘဝနိဂုံးခ်ဳပ္ပုံအ႐ုပ္မဆိုးလွျခင္းအတြက္မူတင္ပိုင္ကေက်နပ္သည္။ ႏွလုံးေသြးေၾကာပိတ္ၿပီးဦးလွဘန္း႐ုတ္တရက္ေသဆုံးသြားျခင္းျဖစ္သည္။ေဝဒနာ
ကို ၾကာရွည္ၾကာေမွ်ာစြာ ခံစားေနရျခင္းမရွိဘဲ တစ္ခဏအတြင္း အသက္ကုန္သြား
ျခင္းျဖစ္သည္။
ၿမီရွင္ၿမီစားႏွစ္ေယာက္စလုံး ေရွ႕ဆင့္ေနာက္ဆင့္ ဘဝဇာတ္သိမ္းသြားပုံကို တင္ပိုင္အံ့အားသင့္ရသည္။ ဘာပဲေျပာေျပာသူ႔စိတ္ထဲမွာရွင္းသြားသည္။ ေအးသြား သည္။ သူတို႔ႏွစ္ေယာက္စလုံးေလာကထဲကေပ်ာက္ကြယ္သြားျခင္းႏွင့္အတူ သူတို႔ ႏွစ္ေယာက္ၾကားကအရႈပ္ထုပ္ႀကီးသည္လည္းတစ္ခါတည္းလက္စသိမ္းသြားၿပီဟု ခံယူလိုက္သည္။ အေႂကြးကိစၥကိုတင္ပိုင္တစ္ခါတည္းေမ့ပစ္လိုက္သည္။
သူ ပို၍ေက်နပ္ရသည္က အေဖ့အတြက္ လုပ္သင့္လုပ္ထိုက္ေသာ အလုပ္ကို သူလုပ္ေပးႏိုင္ခဲ့သည္။တစ္နည္းတစ္ဖုံအားျဖင့္အေဖစိတ္ခ်မ္းသာေအာင္သူဖန္တီး ေပးႏိုင္ခဲ့သည္။ခ်စ္ခိုင္ႏွင့္ပတ္သက္ၿပီးဇာတ္လမ္းျပတ္သြားရျခင္း၊ေႂကြးကိစၥအတြက္
ဘာမွ်အမွ်င္ တန္းစရာမရွိေတာ့ဘဲ အေဖ ေခါင္းလည္း ေအး၊ စိတ္လည္းေအး ျဖစ္ သြားရျခင္း စသည္တို႔ကပင္ အေဖ့ဘဝနိဂုံးအတြက္ အမ်ားႀကီး ေျဖာင့္ျဖဴးသြားေစ သည္၊လွပသြားေစသည္ပင္။
У
အေဖေသၿပီးေနာက္တစ္ကိုယ္တည္းက်န္ေနခဲ့သည့္အေမ့ကိုမိမိတို႔ႏွင့္အတူ
ေနေစရန္ တင္ပိုင္က စီစဥ္သည္။ အစီအစဥ္အတိုင္းလည္း အေမ့ကို သူ႔အိမ္သို႔ ေခၚ ထားလိုက္သည္။က်န္ခဲ့သည့္အိမ္ကိုတန္ရာတန္ေၾကးျဖင့္ေရာင္းခ်မည္ဟုေၾကညာ လိုက္သည္။ ရွိသမွ်အိမ္တြင္းပစၥည္းေတြကိုလည္းတင္ပိုင္တို႔လင္မယားက ရွင္းလင္း သိမ္းဆည္းကာ သူတို႔အိမ္သို႔ ပို႔လိုက္သည္။
ဤမွာပင္တင္ပိုင္မ်က္လုံးျပဴးစရာႏွင့္ႀကဳံရသည္။ ဘုရားေက်ာင္းေဆာင္စားပြဲ
ေအာက္ကအံဆြဲထဲမွာစာအိတ္တစ္အိတ္ကိုတင္ပိုင္ေတြ႕ရသည္။စာအိတ္မွာဆယ္

ေစာင္တြဲစာအုပ္ၾကားထဲညႇပ္ထည့္ထားျခင္းျဖစ္သည္။စာအိတ္ကိုအျပင္ကအေသ အခ်ာ ပိတ္ထားၿပီး စာအိတ္ေပၚတြင္ “သားႀကီး ေမာင္တင္ပိုင္သို႔”ဟု ရွင္းလင္းစြာ ေရးသားထားသည္။ အေဖ မေသခင္ကတည္းက မိမိအတြက္ တမင္ရည္႐ြယ္ၿပီး ေရးသားထားခဲ့မွန္း သိသာေပၚလြင္လ်က္ရွိသည္။ အေဖ ဘာေတြေရးခဲ့ပါလိမ့္၊ ဘာေတြမွာခဲ့ပါလိမ့္ဟု သိခ်င္စိတ္ႏွင့္အတူတင္ပိုင္ရင္ေတြခုန္လာသည္။ တုန္လႈပ္ျခင္းႀကီးစြာ၊စိတ္ဝင္စားျခင္းႀကီးစြာျဖင့္စာအိတ္ကိုဖြင့္လိုက္ရာဖခင္၏
ေရးသားခ်က္မ်ားကို ေအာက္ပါအတိုင္း ဖတ္ရႈလိုက္ရေတာ့သည္။
သို႔
ငါ့သားေမာင္တင္ပိုင္..
အေဖစာေရးခဲ့တယ္။အေဖ့အေၾကာင္းကိုအသိသင့္ဆုံးဟာငါ့သားပဲ။ၿပီးေတာ့ အေဖကိုယ္တိုင္ကလည္း ငါ့သားကို ဖြင့္မေျပာဘဲ မေနႏိုင္ဘူး။ ဖြင့္ေျပာခဲ့မွကို စိတ္ ေအးႏိုင္မယ္။ ဒါေၾကာင့္ ငါ့သားအတြက္ ဒီစာကို ေရးထားခဲ့တာ၊
ငါ့သားအတြက္ အံ့ဩစရာအခ်က္ႏွစ္ခ်က္အေဖေျပာျပမယ္။ ပထမတစ္ခ်က္ က ခ်စ္ခိုင္နဲ႔ပတ္သက္လို႔ အေဖစိတ္ေအးသြားၿပီ၊ ေနာက္ေၾကာင္း ရွင္းသြားၿပီဆိုၿပီး ငါ့သားထင္ခဲ့တယ္မဟုတ္လား။အဲဒါလုံးဝမဟုတ္ဘူး။ခ်စ္ခိုင္ကိုအေဖမျပတ္ဘူးကြ၊ ခ်စ္ခိုင္ဟာ အေဖ့ စိတ္ထဲ၊ အေဖ့အသည္းထဲမွာ ရွိၿမဲရွိေနခဲ့တယ္။ မင္းအံ့ဩသြားၿပီ မဟုတ္လား။
အဲဒါ ဘာေၾကာင့္ျဖစ္ရသလဲ။ ခ်စ္ခိုင္ ဆိုတဲ့ေကာင္ကို အေဖ မယုံၾကည္လို႔ပဲ။ ၿပီးေတာ့ ငါ့သားရဲ႕လုပ္ေဆာင္ခ်က္ေတြကိုလည္း အေဖ သကၤာမကင္းျဖစ္မိလို႔ပဲ၊ ႀကံႀကီးစည္ရာကြာ။ ခ်စ္ခိုင္လို ေကာင္ကပဲ ေငြသိန္း(၅ဝ)ကို တစ္ခ်ီတည္း ျပန္ဆပ္ သြားတယ္လို႔။ ငါလုံးဝမယုံႏိုင္ဘူး။
ဒါနဲ႔ အေဖ ႀကိတ္ၿပီးစုံစမ္းခဲ့တယ္။ ႀကိတ္ၿပီးေလ့လာခဲ့တယ္။ ဒါေၾကာင့္လည္း အျဖစ္မွန္ကို သိခြင့္ရခဲ့တယ္။ သိပ္မခက္ပါဘူးကြာ။ ေအာက္ကိုင္းက ျမင့္သြင္ကပဲ ဒီအေၾကာင္းေတြကိုအကုန္လုံး ေဖာ္ေျပာသြားတာ၊ ပထမေတာ့သူကဘယ္လိုေမး ေမးမေျပာဘူး။ငါေမးသမွ်မဟုတ္ပါဘူး။ မဟုတ္ပါဘူးနဲ႔ပဲျငင္းေနတယ္၊ျငင္းမွာေပါ့။ မင္းကလည္း သူ႔ကို ႏႈတ္ပိတ္ထားမွာကိုး။

ဒါေပမဲ့ – အေဖက ေမးလြန္းမက ေမးလာေတာ့ သူလည္း အျဖစ္မွန္ကို ဝန္ခံ ရေတာ့တယ္။ႀကံခ်က္ဖို႔ကို ငါ့သားနဲ႔ စပ္တူထူေထာင္ထားတယ္ဆိုတာလုံးဝမဟုတ္ ဘူးဆိုတဲ့အေၾကာင္းအပါအဝင္အလုံးစုံသူဖြင့္ေျပာတယ္။ ဒီမွာတင္ပဲငါ့သားရဲ႕အေဖ့ အေပၚထားတဲ့ ေစတနာေတြကိုအေဖအားလုံးသိရွိခဲ့ရသလို ခ်စ္ခိုင္ရဲ႕ေကာက္က်စ္ ယုတ္မာပုံေတြကိုလည္းအားလုံးသိခြင့္ရခဲ့တယ္။ ခ်စ္ခိုင္ဟာအေဖ့အေပၚယုတ္မာ ခဲ့သလို ငါ့သားကိုပါ ေငြညႇစ္ၿပီး ရက္ရက္စက္စက္ လုပ္ခဲ့ေသးတာေတြအထိ အေဖ အျပည့္အစုံသိလိုက္ရတယ္။အဲဒီေနာက္ဒီကိစၥဘာမွမရႈပ္ေစရပါဘူးလို႔ျမင့္သြင္ကို
ကတိေပးၿပီးအေဖအိမ္ျပန္လာခဲ့တယ္။
ဒီေနာက္ေတာ့ အေဖတစ္ကိုယ္ တည္း ႀကိတ္စဥ္းစားၿပီး လုပ္သင့္လုပ္ထိုက္ တာကိုလုပ္ဖို႔လည္းတစ္ခါတည္းဆုံးျဖတ္လိုက္တယ္၊ ဒီေနရာမွာပိပိရိရိ၊ေသြးေအး ေအး၊ သိုသိုသိပ္သိပ္လုပ္ႏိုင္ဖို႔ကိုပါ အေဖကႀကိဳတင္ၿပီးအကြက္ခ်တယ္။
ခ်စ္ခိုင္ေသမယ့္ေန႔ကလမ္းေဘးစိန္နားပန္႐ုံေတြၾကားထဲမွာဓားရွည္တစ္လက္
နဲ႔အတူအေဖပုန္းေနတယ္။လမ္းေပၚမွာလူသြားလူလာကအစ ဘာမွမရွိဘဲရွင္းလင္း
ေနတယ္။ ခ်စ္ခိုင္ရဲ႕အသြားအလာေတြကိုလည္း ဒီ့အရင္ကတည္းက အေဖ ႀကိဳၿပီး ေလ့လာထားၿပီးၿပီ။ ဒါနဲ႔ နာရီဝက္ေလာက္ ေစာင့္လိုက္ရတယ္ဆိုရင္ပဲ ခ်စ္ခိုင္က သူ႔ ဆိုင္ကယ္နဲ႔ေ႐ႊကဘက္ကေနျပန္လာေတာ့တယ္။သူနီးလာတာနဲ႔အေဖလမ္းေပၚသို႔ ခုန္တက္လိုက္တယ္။ သူ႔ကိုတားလိုက္တယ္။ သူက ဆိုင္ကယ္ကိုရပ္တယ္။ ၿပီးေတာ့ အေဖ့ကိုၾကည့္ၿပီး အံ့အားသင့္ေနတယ္၊ အေဖက အခ်ိန္ဆြဲမေနေတာ့ဘူး။ လက္ ေနာက္ပစ္ၿပီး ဝွက္ထားတဲ့ဓားရွည္နဲ႔ သူ႔ ရင္ဝကို တစ္ခ်က္လွမ္းထိုးလိုက္တယ္။ ဒီေကာင္ ဆိုင္ကယ္နဲ႔အတူ လဲက်သြားတယ္၊ ဒီေကာင္ ဘာမွျပန္မေျပာႏိုင္ဘူး။ မ်က္လုံးႀကီးျပဴးၿပီးအေဖ့ကို ေမာ့ၾကည့္ေနတယ္။ အေဖက ေဟာဒါ ငါ့သားအတြက္ တစ္ခ်က္၊ ေဟာဒါ ငါ့အတြက္ တစ္ခ်က္ဆိုၿပီး ပါးစပ္ကလည္း ေျပာ၊ လက္ကလည္း တစ္ခ်က္ၿပီးတစ္ခ်က္ဆိုသလိုဆက္ထိုးေနမိတယ္။ ေက်နပ္ၿပီဆိုမွအေဖလည္းရပ္
လိုက္တယ္။ ဒီေကာင္လည္းေသြးအိုင္ထဲမွာအေၾကာဆြဲရင္းက်န္ခဲ့တယ္။ ဒီေနာက္ ဓားရွည္ကိုအနီးကေရတြင္းတစ္ခုထဲပစ္ထည့္ထားခဲ့ၿပီးေအးေအးေဆးေဆးပဲအေဖ
ျပန္လာခဲ့ေတာ့တယ္။

ေအးေအးေဆးေဆးမွ တကယ့္ ေအးေအးေဆးေဆးပါကြ၊ ႀကိဳတင္အစီအစဥ္ ဆြဲထားတာဆိုေတာ့ဒီေကာင့္ကို သတ္ၿပီးခ်ိန္ အေဖ ဘာမွမူမပ်က္ဘူး။ စိတ္လည္း မေခ်ာက္ခ်ားဘူး။ ဆန႔္က်င္ဘက္အေနနဲ႔ အေဖ့အတြက္ေရာ၊ ငါ့သားအတြက္ပါ
ဒီနည္းနဲ႔အေႂကြးျပန္သိမ္းလိုက္ႏိုင္တာကိုအေဖေပ်ာ္လိုက္တာကြာ။ေက်နပ္လိုက္
တာ။ဒီအေၾကာင္းျပန္ျပန္ေတြးၿပီးပီတိျဖစ္လို႔ကိုမဆုံးဘူး။
ဖိုးေသာင္အတြက္ကိုေတာ့ စိတ္မေကာင္းပါဘူး။ ဒီေကာင္က ေက်ာ္ၾကားမႈနဲ႔ အတူအေဝးကိုလြင့္သထက္လြင့္သြားရေတာ့တာေပါ့။ဒါေတာ့ငါလည္းမတတ္ႏိုင္
ဘူးကြာ။ ငါ့သားကိုပဲအေဖမွာခဲ့ခ်င္တယ္။အေဖမရွိတဲ့ေနာက္မင္းအေမကိုဂ႐ုစိုက္ ပါ။အေဖ့ေရာဂါကတစ္ေန႔ေ႐ႊ၊တစ္ေန႔ေငြဆိုတာကိုအေဖလည္းသိတယ္။ဒါေပမဲ့- ခ်စ္ခိုင္နဲ႔ပတ္သက္လို႔ေတာ့ အေဖ့ကို ဘာမွမပူနဲ႔ ငါ့သား။ ဒီေကာင့္အတြက္နဲ႔ေတာ့ အေဖေရာဂါေဖာက္စရာမရွိသလို၊အေသမေျဖာင့္စရာလည္း ဘာမွမရွိဘူး။ ငါ့သား ရည္မွန္းတဲ့အတိုင္း ဒီေကာင္နဲ႔ပတ္သက္လို႔ ဘာမွေနာက္ဆံငင္စရာမရွိဘဲ အေဖ လုံးဝအေသေျဖာင့္တယ္လို႔သာ မွတ္လိုက္ေပေတာ့။ ငါ့သား အဲဒီအတိုင္းသာ မွတ္ လိုက္ေပေတာ့။
မိဘေက်းဇူးကိုအေလးထားတဲ့ငါ့သား။
ႀကီးပြားပါေစ။ လွဘန္း။
စာက ဆုံးသြားေလၿပီ၊ စာဆုံးသြားေသာ္လည္းတင္ပိုင္ကေတာ့ ရင္အခုန္ျမန္ ေနဆဲ၊ေခ်ာက္ခ်ားေနမိဆဲျဖစ္သလိုအသက္ရႉႏႈန္းကပါစည္းခ်က္မမွန္ေအာင္ျဖစ္
ေနရဆဲပင္၊၊
# ရဲျမတ္တင္