အာဠာဝကသာအောင်(စ/ဆုံး)

Unicode Version

အာဠာဝကသာအောင်(စ/ဆုံး)
————————————-
မြစ်ဝကျွန်းပေါ်ဒေသရှိ အေးချမ်းလှသောရွာလေးတွင် သာအောင်သည် ချစ်ရသောမိသားစုနှင့် အတူနေထိုင်၏။ သာအောင်တွင် နှင်းစုနှင့် နှင်းနု အမည်ရ အမွှာသမီးလေးနှစ်ယောက်ရှိ၏။

သာအောင်ကဇနီးနှင့်သမီးနှစ်ယောက်ကို အလွန်ချစ်သူဖြစ်သည်။ တံငါအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသူဖြစ်သဖြင့် စိတ်ကြမ်းကိုယ်ကြမ်းရှိသည်။ အရက်သေစာအလွန်ကြိုက်သည်။

တစ်နေ့သာအောင်နှင့် သူငယ်ချင်းဖြစ်သူ တို့မြစ်ထဲငါးဖမ်းသွားကြ၏။

” သာအောင်…မင်းဆေးမှင်ကြောင်ထိုးချင်လားကွ…”

” ဟေ…နင့်စကားလဲ အစမရှိ..အဆုံးမရှိနဲ့ဘယ်လိုကြီးတုံးထွန်းစိန်ရ…”

” ပြောမှာပေါ့ဟ…ငါမေးတာအရင်ဖြေ…မင်းဆေးမှင်ကြောင်ထိုးချင်လား၊မထိုးချင်ဘူးလား…”

” အေးငါလဲနည်းနည်းတော့ထိုးချင်တယ်ကွ…နို့နေပါဦး…ငါကထိုးချင်တယ်ထားဦး ဘယ်သူ့ဆီသွားထိုးရမှာ…ငါတို့ရွာထဲမယ် ဆေးပေါက်တတ်တဲ့လူလဲမရှိဘဲ…”

” အဲဆိုငါပြောပြမယ်…မနက်ကငါ့အဘဟိုဘက်ရွာသွားတော့ အဲဒီမယ်ရှမ်းဆရာကြီးတစ်ယောက် ရောက်နေတယ်ပြောတယ်ကွ…အဲဒီဆရာကြီးက ဆေးပေါက်ချင်တဲ့သူ ဘယ်သူ့ကိုမဆိုဆေးပေါက်ပေးတယ်တဲ့ကွ…”

” ဟိုလိုမျိုး အထက်ဂိုဏ်းတော်ကဆေးတွေနေမှာပေါ့ကွ…ငါကအဲဘီလူးရုပ်ထိုးချင်တာ…ဆေးပေါက်ချင်တာမှမဟုတ်ဘဲကွ…”

” ဪ…မင်း တယ်ခက်ပါလားကွ…ဆေးပေါက်ပါတယ်ဆိုမှ အစုံတတ်တာပေါ့ဟ…အဲဒီဆရာကြီးကရှမ်းပြည်ဘက်ကတဲ့နော် အရမ်းစွမ်းတယ်ဆိုဘဲ… မင်းကဘီလူးရုပ်ထိုးချင်တယ်ဆိုလည်း ရမရသြားမေးပြီး ထိုးပေါ့ကွ…”

” အေး…သေချာရင်တော့ ငါတိုမနက်ကျသွားကြည့်ကြတာပေါ့…”

နောက်နေ့မနက်တွင် လှေတစ်စီးဖြင့် တဖက်ရွာသို့သွားခဲ့ကြ၏။ ထိုရွာရှိ သူကြီးအိမ်တွင်ကား အသက်၅၀ခန့်ရှိလူကြီးတစ်ယောက် ကွပ်ပျစ်ပေါ်တွင်ထိုင်ပြီး လူအချို့ကိုဆေးကုသပေးနေသည်။ သူကြီးကား ထိုလူကြီး ဆေးကုနေသည်ကို စိတ်ဝင်တစား လိုက်ကြည့်နေသည်။

” ဗျို့… သူကြီးရေ…ကျုပ်တို့ဝင်လာမယ်နော်…”

သာအောင်က လှမ်းပြောရင်းအထဲသို့ဝင်လာခဲ့၏။ သူကြီးလည်း သာအောင်တို့ကိုမြင်လျှင်

” ဟိုဖက်ရွာက သာအောင်တို့ပါလား…လာကြကွဲ့…”

သာအောင်တို့နှစ်ယောက်လည်း သူကြီးတို့ရှိရာ ကွပ်ပျစ်ထက်သို့လာထိုင်ကြ၏။

” ဘာကိစ္စရှိလို့လဲသာအောင်ရ…”

” ဪ…ဟိုလေ..သူကြီးအိမ်မှာရှမ်းဆရာကြီးရောက်နေတယ်ဆိုလို့ ဆေးပေါက်ရအောင် လာခဲ့တာဗ်….”

” ဪ…အေးကွဲ့အေးကွဲ့…ဟိုမှာလေဆရာကြီးက …နူတ်ဆက်လိုက်ကြအုံးကွဲ့…”

သူကြီးက ပြောလိုက်ရာ သာအောင်တို့နှစ်ယောက်လည်း ဆရာကြီးဆိုသူဘက်သို့ လှည့်လိုက်ပြီး

” မင်္ဂလာပါဆရာကြီးဗျ…ကျုပ်တို့ကသရက်တစ်ပင်ရွာက သာအောင်နှင့် ထွန်းစိန်ပါ…”

သာအောင်က ဆရာကြီးကိုနူတ်ဆက်လိုက်ပြီး သူတို့၏နာမည်ကိုပါ မိတ်ဆက်လိုက်၏။

” အေးကွယ်…လူလေးတို့လာရင်းကိစ္စပြောကြပါဦး…”

” ဪဒီလိုပါဆရာကြီး ဟောဒီကကျွန်တော့သူငယ်ချင်း သာအောင်ကထိုးကွင်းထိုးချင်လို့တဲ့ဗျ…”

ဆရာကြီး၏အမေးကို ထွန်းစိန်ကသွက်လက်စွာဖြေလိုက်သည်။ ဆရာကြီးက ခေါင်းငြိမ့်ပြီး

” ဪဒီလိုလား…ဒါဆိုဆရာကြီးမေးဦးမယ်…လူလေးတို့ထိုးမဲ့ထိုးကွင်းက အစွမ်းသိဒ္ဓိမပါတဲ့ အလှထိုးကွင်းသက်သက်လား ဒါမှမဟုတ် ဂါထာမန္တရားတွေရွတ်ပြီး ထိုးရတဲ့သိဒ္ဓိအစွမ်းရှိတဲ့ ထိုးကွင်းမျိုးလားကွဲ့…”

” ဗ်ာ…ကျွန်တော်တို့နားမလည်ဘူးဗျဆရာကြီး…အဲဒါတွေရဲ့အဓိပ္ပါယ်ကို ရှင်းပြပါဦးဗျ…”

” အေးအေး…ရှင်းပြမှာပေါ့ကွဲ့…ထိုးကွင်းဆိုတာဒီလိုရှိတယ်ကွဲ့…ဒီမြန်မာ့ရာဇဝင်မှင်ထိုးကွင်းတွေဟာ အလှထိုးတဲ့ထိုးကွင်းနှင့် ကာယသိဒ္ဓိတွေပေါက်မြောက်အောင် ထိုးတဲထိုးတဲ့ ထိုးကွင်းဆိုပြီးနှစ်မျိုးရှိတယ်ကွဲ့…အလှထိုးတဲ့ထိုးကွင်းမျိုးကတော့ အရေပြားပေါ်အလှဆင်တဲ့ အရုပ်တွေထိုးတဲ့သာမန်ထိုးကွင်းမျိုးပေါ့…နောက်တစ်မျိုးကတော့ နတ်မှော်ဆေး၊မှော်ဝင်ဆေး၊ကာယသိဒ္ဓိကိုယ်ခံဆေး၊ကာယသိဒ္ဓိပီယဆေး စတဲ့ဆေးတွေကို မှင်နဲ့ရောပြီး ကိုယ်ထိုးချင်တဲ့အရုပ်၊အင်း၊စမတွေကို နတ္ခမိချိန်မှာ ဂါထာမန္တာန်တွေရွတ်ပြီးထိုးရတယ်ကွဲ့…အဲဒီလိုထိုးတဲ့အခါမွာ သာမန်အလှထိုးကွင်းတွေက ဘာမှမဖြစ်တတ်ပေမဲ့ ဒုတိယတစ်မျိုးဖြစ်တဲ့ ထိုးကွင်းမျိုးကတော့ နက္ခမိရင် မိသလိုဆေးအစွမ်းထက်တတ်ကြတယ်ကွဲ့…”

” ဪဒီလိုလားဆရာကြီး…”

” ဟုတ်တယ်လူလေးတို့…တချို့လူတွေထိုးကြတဲ့ ဘီလူးရုပ်တို့၊ကျားရုပ်တို့၊ကြောင်ရုပ်တို့ မြင်ဖူးကြမှာပေါ့…အေးအဲဒီအရုပ်တွေက နက္ခမိရင် အင်မတန်အစွမ်းထက်ကြတာကွဲ့…ဒါပေမဲ့သူတို့မှာလည်း အားနည်းချက်၊အားသာချက်ဆိုတာရှိသေးတယ်ကွဲ့…”

” ဟင်ဟုတ်လား…အဲဒါတွေကရော ဘယ်လိုမျိုးလဲဆရာကြီး…”

” အင်းပြောရရင်တော့ ဥပမာကွယ် သိဒ္ဓိဝင်အင်း၊စမ ရုပ်ထိုးထားတဲ့သူဆိုပါစို့…အဲဒီအင်း၊စမဆိုတာက အထက်၊အောက်ဆိုပြီး ရှိတယ်…ကိုယ္ထိုးထားတဲ့ အင်း၊စမပုံက အထက်ကဆိုပါစို့…သူ့မှာဆေးနတ္ခတွေမိတဲ့အတွက် အစောင့်အရှောက်တွေရှိတယ်… အကယ်၍ အဲဒီအထက်အင်း၊စမတွေထိုးထားတဲ့သူဟာ ယုတ်ညံ့တဲ့အရာတွေမလုပ်ရဘူးကွဲ့…တကယ်လို့လုပ်မိပြီဆိုရင်တော့ အဲဒီလူဟာစိတ်ဖောက်ပြီး ရူးနှမ်းနှမ်းဖြစ်တတ်တယ်ကွဲ့…အရမ်းအစွမ်းထက်ရင်တော့ သေတဲ့အထိဖြစ်တတ်တယ်ကွဲ့…”

” ဪ…ဒီလိုမျိုးလားဆရာကြီး…”

” ဟုတ်တယ်ကွဲ့…ဒီတော့မောင်ရင်က အထက်ကပြောပြခဲ့တဲ့ ထိုးကွင်းနှစ်မျိုးထဲမှာ ဘယ်ထိုးကွင်းမျိုးကို ထိုးချင်သလဲ…”

ဆရာကြီးကသာအောင်အား မေးလိုက်ခြင်းဖြစ်၏။ သာအောင်ကအတန်ငယ်စဉ်းစားပြီး

” ကျွန်တော် အစွမ်းသိဒ္ဓိပါတဲ့ဘီလူးရုပ်ကြီးထိုးချင်တယ်ဆရာကြီး…ဘီလူးတောင်ရိုးရိုးဘီလူးမဟုတ်တဲ့ အဠာဝကဘီလူးကြီးရုပ်ကို ထိုးချင်တယ်ဗျ…”

” လူလေးသေချာစဉ်းစားပြီးပြီလား…”

” သေချာစဉ်းစားပြီးပြီဆရာကြီး ကျွန်တော့်ကို အဲဒီအဠာဝကဘီလူးကြီး ရုပ်ထိုးပေးပါဗျ….”

” အေးကွဲ့…လူလေးက လက်ခံသဘောတူပြီဆိုတော့ ဆရာကြီးထိုးပေးရမှာပေါ့ကွဲ့…ဒါပေမဲ့ဒီအရုပ်မျိုးက ထိုးချင်တိုင်းထိုးလို့မရဘူးကွဲ့…ဒီတော့ဒီလိုလုပ် လာမဲ့ လကွယ်နေ့ညရဲ့ သန်းခေါင်ယံအချိန်ဟာ ဘီလူးနက္ခမိတဲ့အချိန်ဘဲ…အဲဒီညကျမောင်ရင် ဆရာကြီးဆီလာခဲ့ကွဲ့…”

” ဟုတ်ဆရာကြီး… ကျွန်တော်ဆက်ဆက်လာခဲ့မယ်ဗျ….”

သာအောင်နှင့်ထွန်းစိန်တို့နှစ်ယောက်လည်း ဆရာကြီးကို နုတ်ဆက်ပြီး ရွာသို့ပြန်လာခဲ့ကြ၏။ သာအောင်ကား မိမိထိုးမည့်ဘီလူးရုပ်ကြီးကို အတွေးဖြင့်ပုံဖော်ကြည့်ရင်း အလွန်ပျော်ရွှင်နေ၏။

စနေနေ့ည၏ လကွယ်ညသည်ကား တခြားညများထက် အလွန်မှောင်မိုက်သကဲ့သို့ဖြစ်နေ၏။ ညရှစ်နာရီထိုးချိန်တွင် သာအောင်နှင့်ထွန်းစိန်သည် နွားလှည်းတစ်စီးဖြင့် တဖက်ရွာသို့ ခရီးဆက်ကြလေ၏။ တစ်ယောက်က မီးအိမ်ကြီးကိုကိုင်မြှောက်ပြီး အလင်းပေးလမ်းပြကာ ကျန်တစ်ယောက်က နွားလှည်းကိုဂရုတစိုက်မောင်းနေ၏။

တအောင့်ကြာသော်တဖက်ရွာရှိသူကြီးအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောင်လာခဲ့ကြ၏။ ဆရာကြီးကား အိမ်ပေါ်ဘုရားခန်းတွင်ဘုရားစာကို အသံကျယ်ကျယ်ဖြင့် ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်ဖတ်ပူဇော်နေဆဲပင်။ သူတို့ကား သူကြီးကတော် ကျွေးမွေးသော အခါးရည်နှင့် ငါးရံ့ခြောက်ဖုတ်ဆီဆမ်းကို စားသောက်ရင်း ဆရာကြီးဆင်းအလာကိုစောင့်မျှော်နေကြ၏။ ဆရာကြီးက ဘုရားဝတ်ပြုပြီး တရားထိုင်နေဟန်တူသည်။ အောက်ထပ်သို့အတော်နှင့်ဆင်းမလာချေ။ ည၁၀နာရီကျော်ချိန်တွင်ကားသူကြီးနှင့်သူကြီးကတော်လည်း တဝါးဝါးသမ်းကာ အိပ်ယာဝင်သွားကြချေပြီ။ သာအောင်တို့ကား အခါးရည်နှင့်အမြည်းတို့ကို အဖော်ပြုရင်းရောက်တတ်ရာရာ စကားပြောဆိုနေကြသည်။ သူကြီးက ကွပ်ပျစ်ဘေးတွင်မီးဖိုကြီးတစ်ဖို ဖိုထားပေးခဲ့သဖြင့် မှက်၊ခြင်တို့ရန်မှ ကင်းဝေးရလေသည်။

ည၁၂နာရီထိုးဖို့ ၁၅မိနစ်အလိုတွင်ကား ဆရာကြီးသည် အပေါ်ထပ်မှ ဆေးလွယ်အိတ်ကြီးလွယ်ကာ ဆင်းလာခဲ့၏။ ဆရာကြီးသည် အသက်အရွယ်ကြီးပြီဖြစ်သော်လည်း မျက်လုံးအစုံတို့သည်ကား အိပ်ချင်သည့်ပုံမရဘဲ စွန်ရဲတစ်ကောင်ကဲ့သို့ စူးရဲတောက်ပနေသည်။

” အိပ်ချင်ကြပြီလား လူလေးတို့…”

” အိပ်ချင်ပါဘူးဆရာကြီး…ကျွန်တော်တို့ ဆရာကြီးကိုဒုက္ခပေးသလိုဖြစ်နေပြီဗျ…”

” မဟုတ်တာကွယ်…ကဲကဲထိုးကွင်းထိုးမဲ့လူလေးအရှေ့တိုးလာကွဲ့…အဝတ်လည်းချွတ်ထားလိုက်…”

” ဟုတ်ဆရာကြီး… ”

သာအောင်က ဆရာကြီးရှေ့တိုးလာပြီး အဝတ်ကိုဗလာကျင်းချွတ်လိုက်၏။ ရေလုပ်သားဖြစ်သဖြင့် သာအောင်၏ခန္ဓာကိုယ်သည်ကျစ်လစ်တောင့်တင်းနေ၏။

” ဘယ်မှာထိုးမှာလဲလူလေး…ရင်ဘတ်လား၊ကျောကုန်းလား…”

” ကျောကုန်းမှာဘဲထိုးမယ်ဆရာကြီး…ဘီလူးရုပ်ကိုကျွန်တော့ကျောကုန်းအပြည့်ထိုးပေးပါဆရာကြီး…”

” အေးကွယ့်ဖြစ်စေရမယ်…ဟိုဘက်လှည့်…”

ဆရာကြီးကထိုသို့ပြောပြီး သူ၏လွယ်အိတ်ထဲမှ ဆေးပေါက်သည့်ကြေးစုတ်တံ၊မှင်ဆေးအစုံနှင့်ယွန်းဘူးလေးကို ထုတ်ထားလိုက်၏။ ကြေးစုတ်တံကြီးသည် ချွန်မြနေပြီး ထိုစုတ်တံ၏ထိပ်၌ အရုပ်တစ်ခုကိုထွင်းထုထား၏။ ဆရာကြီးသည်ယွန်းဘူးလေးကိုဖွင့်ပြီး ထိုအထဲမွ ဆေးအဆီကိုလက်ဖြင့်ယူကာ သာအောင်၏ကျောတပြင်လုံးကို လိမ်းပေး၏။

” ဒီလိုမျိုးအရုပ်ထိုးကွင်းကို ပေါက်ဖို့သူ့ရဲ့နတ္ခမိတဲ့အချိန်ကိုစောင့်ရတယ်ကွဲ့…တို့မြန်မာနာရီမှာ ဧက၊ဒွိ၊တိ၊စတု၊ပဉ္စ၊ဆ၊သတ္တ၊အဋ္ဌ၊နဝ၊ဒဿ၊ဧကဒဿ၊ဒွါဒဿ ဆိုပြီး ဆယ့်နှစ်နာရီရှိတယ်ကွဲ့…နားလည်ရလွယ်အောင် ပြောရရင်တော့ တစ်နာရီ၊နှစ်နာရီစသဖြင့်ပေါ့….ဒီညရဲ့နက္ခမိချိန်ကတော့ ဒွါဒဿလို့ခေါ်တဲ့ဘီလူးနက္ခရဲ့ ၁၂နာရီတိတိမှာပေါ့ကွဲ့…”

ဆရာကြီးက သာအောင်၏ကျောပြင်ကိုဆေးလိမ်းပေးပြီးသော် လိုအပ်သောမှင်ဆေးရောင်များကို ဖော်စပ်ရင်း ရှင်းပြနေပြန်၏။ ထိုအချိန်ရွာဦးဘုန်းကြီးကျောင်းရှိ ချိန်သီးနာရီ၏ ဒေါင်ဟူသောအသံကိုကြားသည်နှင့် ဆရာကြီးသည်ကြေးစုတ်တံကြီးကို ကိုင်ပြီး ဂါထာစတင်ရွတ်လိုက်၏။ ဂါထာကိုဋ္ဌာန်ဂရိုဏ်းကျကျရွတ်လိုက်ပြီး အာဠာဝကဘီလူးကြီး၏ပုံကို ပုံကြမ်းဆွဲလိုက်၏။ ပြီးသွားသော် ဘီလူးကြီး၏ခေါင်းမှစ၍ မှင်ရည်တို့ကာဆေးစုတ်တံကြီးဖြင့် ပေါက်တော့၏။ သာအောင်သည် ဆရာကြီး၏ဆေးစုတ်တံ တချက်ပေါက်လိုက်တိုင်း တွန့်တွန့်သွား၏။ မတွန့်ဘဲနေရိုးလား။ ချွန်မြသောဆေးစုတ်တံကြီးဖြင့် တစ်ချက်ပေါ်လိုက်တိုင်း အရေပြားမှသွေးတို့ စို့ထွက်လာ၏။

” ရရဲ့လားလူကလေး…ခဏတော့သီးခံရမယ်ကွဲ့…”

” ရတယ်ဆရာကြီး ပေါက်သာပေါက်ဗျ…”

” အေးအေး…လူလေးက အာဂသတ္တိနှင့်ပြည့်စုံပါပေတယ်…”

ဆရာကြီးကထိုသို့ပြောရင်း မီးဖို၏အလင်းရောင်ကိုအားပြုကာ ကြေးစုတ်တံကြီးဖြင့် ဘီလူးရုပ်ကို ဂါထာရွတ်ရင်းဆက်ပေါက်နေ၏။ သာအောင်လည်း ဆေးစုတ်ချက်က နာသော်လည်း ကြိတ်မှိတ်ခံနေ၏။

ညည့်နှစ်နာရီတီးချိန်၌ သာအောင်၏ကျောပြင်ပေါ်မှ အာဠာဝကဘီလူးရုပ်ကြီးသည် အသက်ဝင်ပြီပြင်စွာ ပြီးဆုံးသွားလေ၏။ ဆရာကြီး၏အသက်ဝင်ပြီပြင်လှသော အာဠာဝကဘီလူးကြီးသည် သက်ရှိဘီလူးကြီးတစ်ကောင်ကဲ့သို့ဖြစ်နေ၏။ ပြူးကျယ်ပြီးနီရဲနေသော ဘီလူးရုပ်ကြီး၏ မျက်လုံးအစုံသည် သာမန်လူအဖို့ စေ့စေ့ပင် မကြည့်ရဲပေ။ ဘီလူးကြီး၏အစွယ်ကလဲ ဖြူဖွေးနေပြီး ကြောက်စရာအလွန်ကောင်း၏။ ဆရာကြီးသည် သူ၏လက်ရာကိုကြည့်ပြီး အလွန်သဘောကျနေဟန်ဖြင့် ပြုံးနေ၏။

” အားလုံးပြီးသွားပြီလူလေး…ခုကစပြီး လူလေးဟာအာဠာဝကမာန်သွင်းထားပြီးပြီမို့ စိတ်ကြမ်းလူကြမ်းဖြစ်လိမ့်မယ်…ကိုယ့်စိတ်ကိုအတတ်နိူင်ဆုံးထိန်းပါ…စိတ်လိုက်မာန်ပါ ဘယ်တော့မှမလုပ်မိစေနဲ့ကွဲ့…ဆရာကြီးပြောတာဘယ်တော့မှမမေ့နဲ့ကွဲ့…”

” ဟုတ်ကဲ့ပါဆရာကြီး…ကျွန်တော်မှတ်သားထားပါ့မယ်ဗျ…”

” အေးကွယ်…သာဓု..သာဓု..သာဓု…”

သာအောင်လည်း အင်္ကျီပြန်ဝတ်လိုက်ပြီး ပါလာသောအသပြာကို ထုတ်ကာဆရာကြီးအား ကန်တော့လိုက်၏။

သာအောင်သည်ဘီလူးရုပ်ထိုးပြီးသည့်အချိန်မှစပြီး ဇနီးသားသမီးတို့ကိုအမြဲတစေမာန်မဲအော်ငေါက်နေတတ်၏။ သားစိမ်းငါးစိမ်းများကို နှစ်ခြိုက်စွာစားသုံးတတ်လာ၏။ နဂိုကလည်း အရက်သေစာကြိုက်သူဖြစ်သဖြင့် အရက်သေစာသောက်ပြီးတိုင်း တစ်ပါးသူကိုရန်ရှာတတ်၏။

တစ်နေ့ရွာထဲရှိ ချက်အရက်ဆိုင်တွင်သူငယ်ချင်းဖြစ်သူ ထွန်းစိန်နှင့်အတူလာခဲ့ကြသည်။ အရက်ဆိုင်တွင်သောက်သုံးသူများ စည်ကားနေ၏။ သူတို့နှစ်ယောက်လည်း လွတ်သည့်ဝိုင်းတွင်ဝင်ထိုင်ကာ ချက်အရက်သုံးလုံးနှင့် ငုံးကြော်တစ်ပွဲမှာလိုက်၏။ မှာထားသောအရက်များ ရောက်လာသည်နှင့် နှစ်ယောက်သားစတင်ဖြိုလေ၏။
တစ်ဖက်ဝိုင်းမှငပေတို့အဖွဲ့သည်လည်း ချက်အရက်ပြင်း၏ အရှိန်ကြောင့်ရီဝေဝေဖြစ်ကာ အာလေးလျှာလေးဖြင့် စကားကို အော်ကျယ်အော်ကျယ်ပြော၏။

” ဖိုးလုံး…ညကျရင်လေ…အေ့ဂေ့…ငါတို့…ဟိုဘက်ရွာက အေးစိန်လေးကို လုပျိုလှည့်ကြမယ်လေ…အေ့…ဂေ့…”

” သာမောင်တို့ရဲ့ညီမ အေးစိန်လေးလားဆရာပေ…”

” ဟုတ်တယ်လေကွဖိုးလုံးရ…ဘာလဲ…မင်းက…ငါ့အေးစိန်လေးကိုကြိတ်ကြွေနေတာလားကွဟမ်…အေ့…”

” ဟာ…မတွေးဝံ့ပါဘူးဆရာပေရာ…ဖိုးလုံးတို့ကလေ ဟောဒီကဆရာပေရဲ့ စားကြွင်းစားကျန်လေးနှင့်တင် ဝမ်းဝနေတာဗျ…ရော့ဆရာပေ…သောက်ဗျ…ဟဲဟဲ…”

” မင်းတော်တယ်ဖိုးလုံး…ဟားဟားဟား…အေးစိန်အေးစိန်…မင်းဟာမကြာခင် ငါ့ရဲ့ကျော့ကွင်းမှာသက်ဆင်းရမဲ့ သမင်ပျိုမလေးပါကွာ…ဟားဟားဟား…”

ငေပက အေးစိန်လေး၏ကိုယ်လုံးကိုယ်ပေါက်ကို မြင်ယောင်ရင်း တံတွေးကိုဂလုခနဲမည်အောင် မျိုချလိုက်၏။

” ဆရာပေ…အေးစိန်ကိုယူတာတော့ဟုတ်ပါပြီ…အေးစိန်ရဲ့အစ်ကိုတွေကို ဘယ္လိုလုပ္မလဲဗ်….”

လှထော်က ဆရာဖြစ်သူအတွက်အရက်ငဲှ့ပေးရင်း မေးလိုက်၏။

” အဲကောင်တွေကို မင်းထည့်တွက်နေသေးတာလား လှထော်ရာ…သူ့ညီမကိုခြေတော်တင်ပြီးရင် အဲငမွဲတွေအတွက်ငွေတထပ်ချပေးလိုက်တာနဲ့ အရာအာလုံးပြည်ဖုံးကားချ လိုက်လို့ရတယ်ကွ.. ဟားဟားဟား….”

” ဟား…ကျွန်တော်အဲဒါမတွေးမိဘူး…ဆရာပေက ရွှေဉာဏ်တော် စူးရှပါပေ့တယ်…အေ့…ဂေ့…”

” ဒါပေါ့ကွ…ဟားဟားဟား….လုပ္ကြာခ်…ဒီနေ့ည အေးစိန်လေးရဲ့ပန်းဦးကိုချွေမဲ့အထိမ်းအမှတ်အနေနဲ့ ငါမင်းတို့နှစ်ယောက်ကို အဝတိုက္တယ္ကြာ…သောက်ကြ…”

” ဟေး…ဒါမှဆရာပေကွ…”

ဘေးကငနဲနှစ်ယောက်လည်း အလကားသောက်ရမည်ဆိုသဖြင့် ငပေကိုမြှောက်ထိုးပင့်ကော်လုပ်နေကြ၏။ ငေပဆိုသူကား တစ်ရွာလုံး၏အော့ကျောလန် လူပေလူတေလူဘော်ကြော့သူဋ္ဌေးသားဖြစ်၏။ သူလုပ်သမျှအပြစ်ကို မိဘနှစ်ပါးက ငွေထုပ်ပိုက်ပြီးအနောက်ကနေ လိုက်ဖြေရှင်းပေးသဖြင့် သည်ကောင်ဂျိုဇောင်းကြွနေခြင်းဖြစ်၏။

ငပေတို့ဆရာတပည့်ပြောသည့်စကားကို ဘေးဝိုင်းရှိအရက်သမားများကြားသော်လည်း ဘာမှမလုပ်ရဲကြချေ။ မတရားမှန်းသိသော်လည်း ငွေမျက်နှာတစ်ခုတည်းကြောင့် ငြိမ်နေကြရသည်။ ထိုအထဲတွင် ငပေတို့ဆရာတပည့်သုံးယောက်၏စကားကိုကြားပြီး သွေးများဆူပွက်လာသူကား သာအောင်ဖြစ်၏။ ချက်အရက်၏အရှိန်ပြင်းပြင်းကြောင့်သာအောင်သည် စိတ်များကြမ်းတမ်းလာပြီး မျက်လုံးများနီရဲကာ အရာရာတိုင်းဒေါသစိတ်ဖုံးလွှမ်းလာ၏။

” ဒုန်း…”

” ဂွမ်း…ခလွမ်း…”

သာအောင်က အမှတ်မထင်အရက်ဝိုင်းမှခုံကိုအားပါပါထုချပစ်လိုက်၏။ ခုံပေါ်ရှိပုလင်းနှင့်ပန်းကန်တို့သည်ကား အောက်သို့ပြုတ်ကျကာ အသံများဆူညံစွာမြည်သွား၏။
ထိုအသံကြောင့်ဘေးဝိုင်းရှိလူများ၏အကြည့်သည်သာအောင်ထံစုပြုံရောက်ရှိလာ၏။

” ထွီး…ဘယ်ခွေးလဲကွာ အရက်ဝိုင်းကိုဆူညံအောင်လုပ်နေတာ…”

ငေပက သာအောင်ကိုပမာမခန့်ပြောလိုက်၏။

” တောက်! သတ္တိရှိရင် ထြက္လာခဲ့ကြ…မင်းတို့ကောင်တွေငွေရှိတိုင်း သူများသမီးပျိုကို ပါးစပ်အရသာခံပြီးပြောနေကြတာ ငါ့နားထဲကန့်လန့်ကြီးဝင်တယ်ကွ…နားလည်လား…”

” ဟားဟားဟား….ဘယ်ကခွေးလဲလို့ကွာ…ကြည့်လိုက်မှဟိုဖက်ရွာကတံငါသည်ကြီးပါလား…. ဟားဟားဟား….”

” မှုမနေနဲ့ဆရာပေ…ဒီတံငါသည်လေးလောက်က ကျုပ်တို့နဲ့တောင်ပြီးပါတယ်…”

” အေးကွာငါမင်းတို့်ကိုယုံတယ်…ငါတို့အကြောင်းသိရအောင်ပညာပြပေးလိုက်ကွာ….”

ဖိုးလုံးနှင့်လှထော်က သာအောင်ဆီပြေးဝင်လာ၏။ သာအောင်လှည်း အသင့်အနေအထားပြင်လိုက်၏။

” သာအောင်စိတ်ထိန်း…ဆရာကြီးပြောတာပြန်ပြီးနှလုံးသွင်းထားကွ…”

ထွန်းစိန်က သာအောင်ကိုတားသော်လည်း သာအောင်ကနားမဝင်တော့ဘဲ ငနဲနှစ်ယောက်ကို ဆုံးမလိုက်၏။

” ဒုတ်…”

” ခွပ်…”

” က်ား…”

” အား….”

သာအောင်က အရှန်ဖြင့်ပြေးဝင်လာသူနှစ်ယောက်အား ညာလက်သီးဖြင့် မျက်နှာတည့်တည့်ကိုထိုးလိုက်၏။ သာအောင်၏ လက်သီးချက်ကြောင့် ဖိုးလုံးနှင့်လှထော်မှာ နုတ်ခမ်းစမှသွေးစို့လာပြီး မြေပေါ်သို့လှဲကျကုန်၏။

” ဟင်…”

” ဟာ….”

မထင်မှတ်ထားသောအဖြစ်ကြောင့် ဘေးရှိလူများ အာမေဋိတ်သံပြုကုန်၏။ သာအောင်သည်အဝတ်ကိုချွတ်လိုက်ပြီး လက်ခမောင်းခတ်ကာ

” ဟေ့ကောင်…မင်းအလှည့်ရောက်ပြီကွ…သူများသားသမီးကိုငွေထုပ်ပိုက်ပြီး စော်ကားမော်ကားပြုတဲ့ လူအန္တကောင်…မင်းကိုဒီနေ့ငါအမှုန့်ချေပစ်မယ်ကွ…က်ား…”

ဆိုပြီး ငပေဆီခုန်ဝင်ကာ ငပေ၏ရင်ဘတ်ကိုဒူးဖြင့် ထောက်ပြီးမျက်နှာကိုညာလက်သီးဖြင့်တရစပ်ထိုးလိုက်၏။

” အား….တော်တော့ဟေ့ကောင်…ငါနောက်မလုပ်တော့ဘူးကွာ…ငါတောင်းပန်ပါတယ်…”

” မင်းမသေမချင်း ငါမတော်ဘူးဟေ့ကောင်….မင်းသေမှအပြစ်မဲ့မိန်းကလေးတွေရဲ့ဘဝ အပြစ်အနာကင်းမယ်…”

” ခွပ်…ခွပ်….ခွပ်…”

” လက်လွန်ကုန်မယ်တားကြဟေ့….ဝိုင်းဆွဲကြကွာ…သာအောင်ကိုဆွဲကြ…”

ထွန်းစိန်၏အော်သံကြောင့် ဘေးမှဝိုင်းကြည့်နေသောအရက်သောက်နေသည့်သူများက သာအောင်အားဝိုင်းဆွဲကြ၏။ သာအောင်၏ကျောပြင်မှ အာဠာဝကဘီလူးရုပ်ကြီးသည်ကား အသက်ရှိနေသကဲ့သို့ဖြစ်နေပြီး ကျောပြင်တစ်ခုလုံးနီရဲနေ၏။ လူအများ၏ဝိုင်းဆွဲမှုကြောင့် သာအောင်သည်ငပေ၏ရင်ဘတ်ပေါ်မှခွာလေ၏။

” အဟွတ်…အဟွတ်… ”

” ထွီး…”

ငေပကထ ထိုင်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေ၏။ ပါးပြင်မှာလည်းဖူးယောင်ကာ မျက်လုံးနှစ်ဖက်လည်း မနဲဖွင့်ထားရ၏။ သာအောင်၏ပြင်းလှသော လက်သီးချက်ကြောင့် ငပေ၏ရှေ့သွားသုံးချောင်းသွင်သွင်ကျိုးလေ၏။

ငပေလည်းသာအောင်အားကြည့်ရာ ဘီလူးကြီးတစ်ကောင်ကဲ့သို့သာမြင်နေရသဖြင့် အလွန်ထိတ်လန့်သွား၏။ သို့ကြောင့်တပည့်နှစ်ယောက်ကိုခေါ်ကာ ဘမောင်၏ချက်အရက်ဆိုင်မှ ထွက်သွားကြလေ၏။

ငပေတို့ဆရာတပည့်ကိုဆုံးမပြီးသည့်နောက် သာအောင်၏ဂုဏ်သတင်းသည် ရွာနီးချုပ်စပ်အထိ ဟိုးလေးတကျော်ကျော်ဖြစ်သွား၏။ မူလနာမည်သာအောင်မှ တစ်ရွာလုံးက အာဠာဝကသာအောင်ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ကြ၏။ ထိုနယ်တကြောရှိ လူမိုက်များအားလုံး အာဠာဝကသာအောင်ကို ဖိန့်ဖိန့်တုန်အောင်ကြောက်ရ၏။ အာဠာဝကသာအောင်ကြောင့် သူ့ရွာလေးသည် သူခိုးဓားပြရန်မှ ကင်းလွတ်၍အေးချမ်းနေ၏။

တစ်နေ့သော်သာအောင်၏မိဘများသည် သားဖြစ်သူအားရဟန်းခံပေး၏။ အကြောင်းမှာ သာအောင်သည် သားစိမ်းငါးစိမ်းကို လွန်စွာနှစ်ခြိုက်သဖြင့် ပရေလာကသားမ်ား တွယ်ကပ်နေသည်ထင်ကာ ရဟန်းခံပေးခြင်းဖြစ်၏။ ရဟန်းလောင်းသိမ်ဝင်စဉ်က အရာအားလုံးအေးဆေး ပြီးသွားသော်လည်း အာဠာဝကသာအောင်ရဟန်းဘောင်ရောက်သည်နှင့် ကျောပြင်မှဘီလူးရုပ်ကြီးသည် ယားယံလာပြီး နေမထိထိုင်မသာဖြစ်နေ၏။ ရဟန်းသာအောင်၏စိတ်သည်လည်း ရှုပ်ထွေးနှောက်ကျိကာ ဘာဖြစ်၍ဖြစ်နေမှန်းမသိတော့ပေ။ ရဟန်းသာအောင်သည် အပေါ်ပိုင်းမှသင်္ကန်းများကိုချွတ်ပစ်ပြီး ကျောပြင်ကိုမမီ့တမီကုတ်နေ၏။

ကျောပြင်မှဘီလူးရုပ်ကြီးသည် ဖောင်းကြွလာပြီးဘီလူး၏အသွင်သဏ္ဍာန်သည် အလွန်စိတ်ဆိုးနေဟန်ရှိ၏။ သာအောင်သည် စိတ်နှောက်ပြီး အပေါ်ပိုင်းဗလာကျင်း၊အောင်ပိုင်းတွင်ကားသင်းပိုင်သာကျန်၏။ ထို့နောက် ရွာထဲပတ်ပြေးကာ အော်ဟစ်ဆူပူနေ၏။ တစ်နေရာအရောက်တွင်ကား သာအောင်အမြင့်ပေါ်တက်ပြီး ခုန္ခ်၏။

” ဟင်…”

” ဟာ…”

ထိုအနားရှိလူများက ရဟန်းသာအောင်ကိုကြည့်ပြီး ဟင်ခနဲဟာခနဲဖြစ်သွား၏။ အကြောင်းမှာ ရဟန်းသာအောင်ခုန်ချသည့်နေရာသည် ဝါးချွန်တစ်လုံးကိုအထောင်လိုက်စိုက်ထားသောကြောင့်ဖြစ်၏။ ဝါးချွန်သည် သာအောင်၏ဗိုက်တည့်တည့်ကို စိုက်မိသဖြင့် လူမ်ားက သာအောင်၏ဗိုက်ထုတ်ချင်းပေါက်ပြီအထင်ဖြင့် အာမေဋိတ်သံပြုလိုက်ခြင်းဖြစ်၏။ သို့သော်သာအောင်၏ဗိုက်မှာ အနည်းငယ်သာပေါက်သွားပြီး သွေးများချင်းချင်းနီသွား၏။

သာအောင်၏တကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်နက်နေ၏။ သာအောင်၏မိသားစုက သာအောင်ကိုမြို့ဆေးရုံသို့ပို့ပေးကြ၏။ ဆေးရုံရောက်သည်နှင့် သာအောင်သည် သုံးထပ်မြောက်ဆေးရုံကြီး၏ပြတင်းပေါက်မှ ဝုန်းခနဲခုန်ဆင်းသွား၏။ ဆရာဝန်နှင့်နပ်စ့်မများကသာအောင်ကို စိစိညှက်ညှက်ကြေပြီးသေသွားပြီဟု မှတ်ချက်ချသော်လည်း သာအောင်မှာဘာမှမဖြစ်ဘဲ ဆေးရုံမှထွက်ပြေးပြန်၏။

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း သဘက်ကြီးကိုခေါ်ပြီးဂမုန်းတောသို့လာခဲ့၏။ သဘက်ကြီးသည်မောင်ရေခဲတို့၏ အနောက်ဘက်မှခပ်လှမ်းလှမ်းမှ လိုက္လာခဲ့၏။ ဂမုန်းတောသို့ရောက်သော် မောင်ရေခဲသည် ထိုတောကိုအပိုင်စားရသောတောပိုင်ရုက္ခစိုးကြီးအား အမိန့်ဖြင့်ဆင့်ခေါ်လိုက်၏။

” ဤတောကိုအပိုင်စားရသော တောပိုင်ရုက္ခစိုးကြီး…ဤနေရာသို့အမြန်ရောက်လာစေ…”

မောင်ရေခဲ၏အမိန့်ကြောင့် တောပိုင်ရုက္ခစိုးကြီးက မောင်ရေခဲကိုကိုယ်ထင်ပြလာပြီး

” ကျွနု်ပ်ရောက်ပါပြီဆရာလေး…ဘာအရေးကိစ္စရှိလို့လဲ…”

” သင့်ကိုအကူအညီတောင်းဖို့ရှိလို့ပါအသင်ရုက္ခစိုးကြီး… ဟောဒီကကျွန်ုပ်နဲ့အတူပါလာတဲ့သဘက်ကြီးအတွက် နေရာတစ်နေရာစာ ပေးလို့ရမလား…”

” နေရာအလွတ်တော့ မရှိတော့ပါဘူးဆရာလေး…ဒါပေမဲ့ကျွန်ုပ် သဘက်ကြီးအတွက်ကျွန်ုပ်ရဲ့သစ်ပင်မှာ နေရာပေးလိုက်မယ်…”

” ကျေးဇူးပါသင်ရုက္ခစိုးကြီး…ဒါဆိုသဘက်ကြီးအတွက်နေရာပေးပြီး သူ့ကိုဆုံးမသွန်သင်ပေးပါဦး…ကဲသဘက်ကြီး သင်ဒီမှာနေခဲ့ပေတော့ ခုသင်ကဒီတောပိုင်ရုက္ခစိုးကြီးရဲ့ လက်အောက်မှာဆိုတော့ သူ့စကားနားထောင်ပါ…”

” ဟုတ်ကဲ့ဆရာလေး…”

မောင်ရေခဲတို့လည်းသဘက်ကြီးကို ရုက္ခစိုးထံအပ်နှံပြီး သရက်တစ်ပင်ရွာသို့ရောက်လာခဲ့၏။ ထိုအချိန်ရွာထဲ၌လူတစ်စုသည် သွေးသံရဲရဲနဲ့လူတစ်ယောက် ဝိုင်းချုပ်ထားကြ၏။

” ချုပ်ထားကြဟ…သူ့ကိုဆေးရုံပို့မှဖြစ်မယ်…မဟုတ်ရင်သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်…လုပ်ကြဟ..”

” မရဘူး…အရမ်းအားကြီးတယ်…”

” ဟာသူ့ကျောပြင်က ဘီလူးရုပ်ကြီး မျက်တောင်ခပ်လိုက်သလိုဘဲကွ…”

” ပေါက်ကရကွာ…အရုပ်ကဘယ်လိုမျက်တောင် ခပ်ပါ့မလဲ…”

သာအောင်ကိုထိန်းချုပ်ထားကြသူများက တစ်ယောက်တစ်ခွန်းပြောဆိုနေကြ၏။ မောင်ရေခဲ တို့ဆရာတပည့်လည်း ထိုလူစုအနားရောက်လာပြီး ဝင်ကြည့်၏။

” နောင်ကြီး…ဒီလူဘာဖြစ်နေတာလဲဗျ…”

” မသိပါဘူးဗ်ာ..ဒီလူစိတ်နှောက်ပြီး သူ့ကိုယ်သူနာကျင်အောင်လုပ်နေလို့ ကျုပ်တို့ဝိုင်းချုပ်ပြီး ဆေးရုံပို့ပေးမလို့ဗျ…”

” ကျုပ်တို့ကြည့်ပေးလို့ရမလား…”

” ဒီကညီလေးတို့ကြည့်တတ်ရင်ကြည့်ပေးပါဦးဗျ…”

မောင်ရေခဲလည်းထိုလူကိုကြည့်လိုက်ရာ အာဠာဝကမှော်ဆေးအောင်ထားသည်ကိုတွေ့လိုက်ရ၏။ အာဠာဝကမှော်ဆေးအောင်ထားပြီးနောက် ရဟန်းခံလိုက်သဖြင့် ယခုကဲ့သို့စိတ်နှောက်သွားကြောင်းသိလိုက်ရ၏။

” ဒီလူကိုကျုပ်ကယ်ပေးမယ်…ဟိုသစ်ပင်အောက်က ကွပ်ပျစ်မှာပွေ့ယူလာပေးကြဗျ…”

” ဟုတ်ဆရာလေး…”

ရွာသားတစ်စုလည်း သာအောင်ကိုပွေ့ပြီး သစ်ပင်အောက်ရှိကွပ်ပျစ်ပေါ်သို့ပွေ့တင်လိုက်ကြ၏။ မောင်ရေခဲ ကလွယ်အိတ်ထဲမှရွှေအပ်တစ်ချောင်းကိုထုတ်ပြီး ဂါထာရွတ်လိုက်၏။ ထိုအခါ သာအောင်သည်ချုပ်ထားသည်လက်မှ ရုန်းကန်ပြီးထွက်ပြေးရန်ပြု၏။

” နောင်ကြီးတို့သူ့ကိုအသေအချာ ချုပ်ထားကြ…သူ့ကျောပြင်မှာအသက်ဝင်နေတဲ့ အာဠာဝကဘီလူးရုပ်ကိုဖျက်ဆီးပစ်ရမယ်…”

” ဟုတ်ဆရာလေး…ကျုပ်တို့အသေအချာချုပ်ထားမယ်…”

ရွာသူရွာသားများက အာဠာဝကသာအောင်အားအသေအချာချုပ်ထားလိုက်ကြ၏။ မောင်ရေခဲသည်ရွှေအပ်ကိုကိုင်ပြီး သာအောင်၏ကျောပြင်မှ အသက်ဝင်လွန်းလှသောဘီလူးရုပ်ကြီး၏ မျက်လုံးနှစ်လုံးမှမျက်ဆံတည့်တည့်ကို ဖောက်လိုက်၏။

” အား……..”

” ကျွီ…က်လိ..က်လိ…”

မောင်ရေခဲကသာအောင်၏ကျောပြင်မှဘီလူးရုပ်ကြီး၏မျက်လုံးကိုဖောက်လိုက်ရာ သာအောင်မှာ အသံနက်ကြီးဖြင့်အော်ဟစ်လိုက်၏။ သစ်ပင်ပေါ်ရှိကျေးငှက်တို့သည်ကား သာအောင်၏အသံကြောင့် လန့်ဖျတ်ကာထပျံကုန်၏။ ဘီလူးကြီး၏မျက်လုံးနေရာမှသွေးများစီးကျလာခဲ့သည်။ အမှတ်မထင်ကြည့်လိုက်ပါက ဘီလူးကြီးသည် ညိုးငယ်ပြီးငိုနေသယောင်ယောင်ပင်။ ဘီလူးကြီး၏မျက်လုံးနှစ်ဖက် ကန်းသွားမှသာအောင်သည် မူလစိတ်ပြန်ဝင်လာပြီး မိမိ၏ခန္ဓာကိုယ်မှဒဏ်ရာဒဏ်ချက်များကို သတိရမိသွားသည်။

” ငါ…ငါဘာဖြစ်သွားတာလဲ…ငါ့ခန္ဓာမှာဘာလို့ဒဏ်ရာတွေချည်းဖြစ်နေရတာလဲ…”

” ဒီကနောင်ကြီး ဘာမှမဖြစ်တော့ပါဘူး…ခုကစပြီး နောင်ကြီးရဲ့ကျောပြင်ပေါ်မှာရေးထိုးထားတဲ့ အာဠာဝကဘီလူးရုပ်ကြီးဟာ တန်ခိုးသိဒ္ဓိတွေမရှိတော့ဘူး…ဆေးမှင်ရုပ်သာသာဘဲကျန်ပါတော့တယ်….”

မောင်ရေခဲကထိုသို့ပြောလိုက်ရာ သာအောင်သည် သူ၏ကျောပြင်မှဘီလူးရုပ်ကြီးမှာ ယားယံခြင်းမရှိတော့သည်ကိုသတိထားမိလိုက်၏။

” ကျေးဇူးပါဆရာလေး…ဆရာလေးသာမကယ်ရင် ကျုပ်ဘဝကမတွေးဝံ့စရာဘဲဗျ…”

” ရပါတယ်…ကျုပ်တို့ကယ်ခွင့်ရှိလို့ကယ်ရတာပါ…ဒီနေ့ကစပြီး တံငါအလုပ်ကိုမလုပ်ပါနဲ့တော့…သူတစ်ပါးအသက်ကိုသတ်ခြင်းဟာ အပါယ်ကိုလားရတယ်…ကံကောင်းလို့လူ့ဘဝပြန်ရရင်တောင် အသက္တိုတတ္တယ္ဗ်…”

” ဟုတ်ကျုပ်မှတ်သားထားပါ့မယ်ဆရာလေး…ကျုပ်လည်းနောင်တတွေရနေပြီမို့ ဒီနေ့ဘဲ သာသနာ့ဘောင်ကိုအပြီးဝင်တော့မယ်ဗျ…”

” ဟုတ်ပါပြီ…ဒါကယခုဘဝေရာ နောင်ဘဝအတွက်ပါ ကောင်းတဲ့လုပ်ရပ်တစ်လုဘဲမို့ကျုပ်သာဓုခေါ်တယ်ဗျ….သာဓုသာဓုသာဓုပါ…ကျုပ်တို့ကိုခွင့်ပြုပါဦးဗျ…”

” ကောင်းပါပြီဆရာလေးတို့…”

မောင်ရေခဲတို့ဆရာတပည့်လည်း အာဠာဝကသာအောင်နှင့် ရွာသားတို့ကိုနုတ်ဆက်ပြီး ခရီးဆက်ကြလေ၏။

အာဠာဝကသာအောင်လည်း တဖန်ရဟန်းပြန်ဝတ်ပြီး သာသနာ့ဘောင်သို့ရာသက်ပန် ဝင်သွားတော့သတည်း။……။

( ဖြစ်ရပ်မှန်ကိုအခြေခံထားသည်။ အားပေးဖတ်ရှုသူများအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေသောဝ်)

# ပြီး
# ခွန်း

Zawgyi Version

အာဠာဝကသာေအာင္(စ/ဆုံး)
————————————-
ျမစ္ဝကြၽန္းေပၚေဒသရွိ ေအးခ်မ္းလွေသာ႐ြာေလးတြင္ သာေအာင္သည္ ခ်စ္ရေသာမိသားစုႏွင့္ အတူေနထိုင္၏။ သာေအာင္တြင္ ႏွင္းစုႏွင့္ ႏွင္းႏု အမည္ရ အမႊာသမီးေလးႏွစ္ေယာက္ရွိ၏။

သာေအာင္ကဇနီးႏွင့္သမီးႏွစ္ေယာက္ကို အလြန္ခ်စ္သူျဖစ္သည္။ တံငါအလုပ္ျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳသူျဖစ္သျဖင့္ စိတ္ၾကမ္းကိုယ္ၾကမ္းရွိသည္။ အရက္ေသစာအလြန္ႀကိဳက္သည္။

တစ္ေန႔သာေအာင္ႏွင့္ သူငယ္ခ်င္းျဖစ္သူ တို႔ျမစ္ထဲငါးဖမ္းသြားၾက၏။

” သာေအာင္…မင္းေဆးမွင္ေၾကာင္ထိုးခ်င္လားကြ…”

” ေဟ…နင့္စကားလဲ အစမရွိ..အဆုံးမရွိနဲ႔ဘယ္လိုႀကီးတုံးထြန္းစိန္ရ…”

” ေျပာမွာေပါ့ဟ…ငါေမးတာအရင္ေျဖ…မင္းေဆးမွင္ေၾကာင္ထိုးခ်င္လား၊မထိုးခ်င္ဘူးလား…”

” ေအးငါလဲနည္းနည္းေတာ့ထိုးခ်င္တယ္ကြ…ႏို႔ေနပါဦး…ငါကထိုးခ်င္တယ္ထားဦး ဘယ္သူ႔ဆီသြားထိုးရမွာ…ငါတို႔႐ြာထဲမယ္ ေဆးေပါက္တတ္တဲ့လူလဲမရွိဘဲ…”

” အဲဆိုငါေျပာျပမယ္…မနက္ကငါ့အဘဟိုဘက္႐ြာသြားေတာ့ အဲဒီမယ္ရွမ္းဆရာႀကီးတစ္ေယာက္ ေရာက္ေနတယ္ေျပာတယ္ကြ…အဲဒီဆရာႀကီးက ေဆးေပါက္ခ်င္တဲ့သူ ဘယ္သူ႔ကိုမဆိုေဆးေပါက္ေပးတယ္တဲ့ကြ…”

” ဟိုလိုမ်ိဳး အထက္ဂိုဏ္းေတာ္ကေဆးေတြေနမွာေပါ့ကြ…ငါကအဲဘီလူး႐ုပ္ထိုးခ်င္တာ…ေဆးေပါက္ခ်င္တာမွမဟုတ္ဘဲကြ…”

” ဪ…မင္း တယ္ခက္ပါလားကြ…ေဆးေပါက္ပါတယ္ဆိုမွ အစုံတတ္တာေပါ့ဟ…အဲဒီဆရာႀကီးကရွမ္းျပည္ဘက္ကတဲ့ေနာ္ အရမ္းစြမ္းတယ္ဆိုဘဲ… မင္းကဘီလူး႐ုပ္ထိုးခ်င္တယ္ဆိုလည္း ရမရၾသားေမးၿပီး ထိုးေပါ့ကြ…”

” ေအး…ေသခ်ာရင္ေတာ့ ငါတိုမနက္က်သြားၾကည့္ၾကတာေပါ့…”

ေနာက္ေန႔မနက္တြင္ ေလွတစ္စီးျဖင့္ တဖက္႐ြာသို႔သြားခဲ့ၾက၏။ ထို႐ြာရွိ သူႀကီးအိမ္တြင္ကား အသက္၅၀ခန႔္ရွိလူႀကီးတစ္ေယာက္ ကြပ္ပ်စ္ေပၚတြင္ထိုင္ၿပီး လူအခ်ိဳ႕ကိုေဆးကုသေပးေနသည္။ သူႀကီးကား ထိုလူႀကီး ေဆးကုေနသည္ကို စိတ္ဝင္တစား လိုက္ၾကည့္ေနသည္။

” ဗ်ိဳ႕… သူႀကီးေရ…က်ဳပ္တို႔ဝင္လာမယ္ေနာ္…”

သာေအာင္က လွမ္းေျပာရင္းအထဲသို႔ဝင္လာခဲ့၏။ သူႀကီးလည္း သာေအာင္တို႔ကိုျမင္လွ်င္

” ဟိုဖက္႐ြာက သာေအာင္တို႔ပါလား…လာၾကကြဲ႕…”

သာေအာင္တို႔ႏွစ္ေယာက္လည္း သူႀကီးတို႔ရွိရာ ကြပ္ပ်စ္ထက္သို႔လာထိုင္ၾက၏။

” ဘာကိစၥရွိလို႔လဲသာေအာင္ရ…”

” ဪ…ဟိုေလ..သူႀကီးအိမ္မွာရွမ္းဆရာႀကီးေရာက္ေနတယ္ဆိုလို႔ ေဆးေပါက္ရေအာင္ လာခဲ့တာဗ္….”

” ဪ…ေအးကြဲ႕ေအးကြဲ႕…ဟိုမွာေလဆရာႀကီးက …ႏူတ္ဆက္လိုက္ၾကအုံးကြဲ႕…”

သူႀကီးက ေျပာလိုက္ရာ သာေအာင္တို႔ႏွစ္ေယာက္လည္း ဆရာႀကီးဆိုသူဘက္သို႔ လွည့္လိုက္ၿပီး

” မဂၤလာပါဆရာႀကီးဗ်…က်ဳပ္တို႔ကသရက္တစ္ပင္႐ြာက သာေအာင္ႏွင့္ ထြန္းစိန္ပါ…”

သာေအာင္က ဆရာႀကီးကိုႏူတ္ဆက္လိုက္ၿပီး သူတို႔၏နာမည္ကိုပါ မိတ္ဆက္လိုက္၏။

” ေအးကြယ္…လူေလးတို႔လာရင္းကိစၥေျပာၾကပါဦး…”

” ဪဒီလိုပါဆရာႀကီး ေဟာဒီကကြၽန္ေတာ့သူငယ္ခ်င္း သာေအာင္ကထိုးကြင္းထိုးခ်င္လို႔တဲ့ဗ်…”

ဆရာႀကီး၏အေမးကို ထြန္းစိန္ကသြက္လက္စြာေျဖလိုက္သည္။ ဆရာႀကီးက ေခါင္းၿငိမ့္ၿပီး

” ဪဒီလိုလား…ဒါဆိုဆရာႀကီးေမးဦးမယ္…လူေလးတို႔ထိုးမဲ့ထိုးကြင္းက အစြမ္းသိဒၶိမပါတဲ့ အလွထိုးကြင္းသက္သက္လား ဒါမွမဟုတ္ ဂါထာမႏၲရားေတြ႐ြတ္ၿပီး ထိုးရတဲ့သိဒၶိအစြမ္းရွိတဲ့ ထိုးကြင္းမ်ိဳးလားကြဲ႕…”

” ဗ္ာ…ကြၽန္ေတာ္တို႔နားမလည္ဘူးဗ်ဆရာႀကီး…အဲဒါေတြရဲ႕အဓိပၸါယ္ကို ရွင္းျပပါဦးဗ်…”

” ေအးေအး…ရွင္းျပမွာေပါ့ကြဲ႕…ထိုးကြင္းဆိုတာဒီလိုရွိတယ္ကြဲ႕…ဒီျမန္မာ့ရာဇဝင္မွင္ထိုးကြင္းေတြဟာ အလွထိုးတဲ့ထိုးကြင္းႏွင့္ ကာယသိဒၶိေတြေပါက္ေျမာက္ေအာင္ ထိုးတဲထိုးတဲ့ ထိုးကြင္းဆိုၿပီးႏွစ္မ်ိဳးရွိတယ္ကြဲ႕…အလွထိုးတဲ့ထိုးကြင္းမ်ိဳးကေတာ့ အေရျပားေပၚအလွဆင္တဲ့ အ႐ုပ္ေတြထိုးတဲ့သာမန္ထိုးကြင္းမ်ိဳးေပါ့…ေနာက္တစ္မ်ိဳးကေတာ့ နတ္ေမွာ္ေဆး၊ေမွာ္ဝင္ေဆး၊ကာယသိဒၶိကိုယ္ခံေဆး၊ကာယသိဒၶိပီယေဆး စတဲ့ေဆးေတြကို မွင္နဲ႔ေရာၿပီး ကိုယ္ထိုးခ်င္တဲ့အ႐ုပ္၊အင္း၊စမေတြကို နတၡမိခ်ိန္မွာ ဂါထာမႏၲာန္ေတြ႐ြတ္ၿပီးထိုးရတယ္ကြဲ႕…အဲဒီလိုထိုးတဲ့အခါမြာ သာမန္အလွထိုးကြင္းေတြက ဘာမွမျဖစ္တတ္ေပမဲ့ ဒုတိယတစ္မ်ိဳးျဖစ္တဲ့ ထိုးကြင္းမ်ိဳးကေတာ့ နကၡမိရင္ မိသလိုေဆးအစြမ္းထက္တတ္ၾကတယ္ကြဲ႕…”

” ဪဒီလိုလားဆရာႀကီး…”

” ဟုတ္တယ္လူေလးတို႔…တခ်ိဳ႕လူေတြထိုးၾကတဲ့ ဘီလူး႐ုပ္တို႔၊က်ား႐ုပ္တို႔၊ေၾကာင္႐ုပ္တို႔ ျမင္ဖူးၾကမွာေပါ့…ေအးအဲဒီအ႐ုပ္ေတြက နကၡမိရင္ အင္မတန္အစြမ္းထက္ၾကတာကြဲ႕…ဒါေပမဲ့သူတို႔မွာလည္း အားနည္းခ်က္၊အားသာခ်က္ဆိုတာရွိေသးတယ္ကြဲ႕…”

” ဟင္ဟုတ္လား…အဲဒါေတြကေရာ ဘယ္လိုမ်ိဳးလဲဆရာႀကီး…”

” အင္းေျပာရရင္ေတာ့ ဥပမာကြယ္ သိဒၶိဝင္အင္း၊စမ ႐ုပ္ထိုးထားတဲ့သူဆိုပါစို႔…အဲဒီအင္း၊စမဆိုတာက အထက္၊ေအာက္ဆိုၿပီး ရွိတယ္…ကိုယၳိဳးထားတဲ့ အင္း၊စမပုံက အထက္ကဆိုပါစို႔…သူ႔မွာေဆးနတၡေတြမိတဲ့အတြက္ အေစာင့္အေရွာက္ေတြရွိတယ္… အကယ္၍ အဲဒီအထက္အင္း၊စမေတြထိုးထားတဲ့သူဟာ ယုတ္ညံ့တဲ့အရာေတြမလုပ္ရဘူးကြဲ႕…တကယ္လို႔လုပ္မိၿပီဆိုရင္ေတာ့ အဲဒီလူဟာစိတ္ေဖာက္ၿပီး ႐ူးႏွမ္းႏွမ္းျဖစ္တတ္တယ္ကြဲ႕…အရမ္းအစြမ္းထက္ရင္ေတာ့ ေသတဲ့အထိျဖစ္တတ္တယ္ကြဲ႕…”

” ဪ…ဒီလိုမ်ိဳးလားဆရာႀကီး…”

” ဟုတ္တယ္ကြဲ႕…ဒီေတာ့ေမာင္ရင္က အထက္ကေျပာျပခဲ့တဲ့ ထိုးကြင္းႏွစ္မ်ိဳးထဲမွာ ဘယ္ထိုးကြင္းမ်ိဳးကို ထိုးခ်င္သလဲ…”

ဆရာႀကီးကသာေအာင္အား ေမးလိုက္ျခင္းျဖစ္၏။ သာေအာင္ကအတန္ငယ္စဥ္းစားၿပီး

” ကြၽန္ေတာ္ အစြမ္းသိဒၶိပါတဲ့ဘီလူး႐ုပ္ႀကီးထိုးခ်င္တယ္ဆရာႀကီး…ဘီလူးေတာင္႐ိုး႐ိုးဘီလူးမဟုတ္တဲ့ အဠာဝကဘီလူးႀကီး႐ုပ္ကို ထိုးခ်င္တယ္ဗ်…”

” လူေလးေသခ်ာစဥ္းစားၿပီးၿပီလား…”

” ေသခ်ာစဥ္းစားၿပီးၿပီဆရာႀကီး ကြၽန္ေတာ့္ကို အဲဒီအဠာဝကဘီလူးႀကီး ႐ုပ္ထိုးေပးပါဗ်….”

” ေအးကြဲ႕…လူေလးက လက္ခံသေဘာတူၿပီဆိုေတာ့ ဆရာႀကီးထိုးေပးရမွာေပါ့ကြဲ႕…ဒါေပမဲ့ဒီအ႐ုပ္မ်ိဳးက ထိုးခ်င္တိုင္းထိုးလို႔မရဘူးကြဲ႕…ဒီေတာ့ဒီလိုလုပ္ လာမဲ့ လကြယ္ေန႔ညရဲ႕ သန္းေခါင္ယံအခ်ိန္ဟာ ဘီလူးနကၡမိတဲ့အခ်ိန္ဘဲ…အဲဒီညက်ေမာင္ရင္ ဆရာႀကီးဆီလာခဲ့ကြဲ႕…”

” ဟုတ္ဆရာႀကီး… ကြၽန္ေတာ္ဆက္ဆက္လာခဲ့မယ္ဗ်….”

သာေအာင္ႏွင့္ထြန္းစိန္တို႔ႏွစ္ေယာက္လည္း ဆရာႀကီးကို ႏုတ္ဆက္ၿပီး ႐ြာသို႔ျပန္လာခဲ့ၾက၏။ သာေအာင္ကား မိမိထိုးမည့္ဘီလူး႐ုပ္ႀကီးကို အေတြးျဖင့္ပုံေဖာ္ၾကည့္ရင္း အလြန္ေပ်ာ္႐ႊင္ေန၏။

စေနေန႔ည၏ လကြယ္ညသည္ကား တျခားညမ်ားထက္ အလြန္ေမွာင္မိုက္သကဲ့သို႔ျဖစ္ေန၏။ ညရွစ္နာရီထိုးခ်ိန္တြင္ သာေအာင္ႏွင့္ထြန္းစိန္သည္ ႏြားလွည္းတစ္စီးျဖင့္ တဖက္႐ြာသို႔ ခရီးဆက္ၾကေလ၏။ တစ္ေယာက္က မီးအိမ္ႀကီးကိုကိုင္ေျမႇာက္ၿပီး အလင္းေပးလမ္းျပကာ က်န္တစ္ေယာက္က ႏြားလွည္းကိုဂ႐ုတစိုက္ေမာင္းေန၏။

တေအာင့္ၾကာေသာ္တဖက္႐ြာရွိသူႀကီးအိမ္သို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာင္လာခဲ့ၾက၏။ ဆရာႀကီးကား အိမ္ေပၚဘုရားခန္းတြင္ဘုရားစာကို အသံက်ယ္က်ယ္ျဖင့္ ႒ာန္က႐ိုဏ္းက်က် ႐ြတ္ဖတ္ပူေဇာ္ေနဆဲပင္။ သူတို႔ကား သူႀကီးကေတာ္ ေကြၽးေမြးေသာ အခါးရည္ႏွင့္ ငါးရံ႕ေျခာက္ဖုတ္ဆီဆမ္းကို စားေသာက္ရင္း ဆရာႀကီးဆင္းအလာကိုေစာင့္ေမွ်ာ္ေနၾက၏။ ဆရာႀကီးက ဘုရားဝတ္ျပဳၿပီး တရားထိုင္ေနဟန္တူသည္။ ေအာက္ထပ္သို႔အေတာ္ႏွင့္ဆင္းမလာေခ်။ ည၁၀နာရီေက်ာ္ခ်ိန္တြင္ကားသူႀကီးႏွင့္သူႀကီးကေတာ္လည္း တဝါးဝါးသမ္းကာ အိပ္ယာဝင္သြားၾကေခ်ၿပီ။ သာေအာင္တို႔ကား အခါးရည္ႏွင့္အျမည္းတို႔ကို အေဖာ္ျပဳရင္းေရာက္တတ္ရာရာ စကားေျပာဆိုေနၾကသည္။ သူႀကီးက ကြပ္ပ်စ္ေဘးတြင္မီးဖိုႀကီးတစ္ဖို ဖိုထားေပးခဲ့သျဖင့္ မွက္၊ျခင္တို႔ရန္မွ ကင္းေဝးရေလသည္။

ည၁၂နာရီထိုးဖို႔ ၁၅မိနစ္အလိုတြင္ကား ဆရာႀကီးသည္ အေပၚထပ္မွ ေဆးလြယ္အိတ္ႀကီးလြယ္ကာ ဆင္းလာခဲ့၏။ ဆရာႀကီးသည္ အသက္အ႐ြယ္ႀကီးၿပီျဖစ္ေသာ္လည္း မ်က္လုံးအစုံတို႔သည္ကား အိပ္ခ်င္သည့္ပုံမရဘဲ စြန္ရဲတစ္ေကာင္ကဲ့သို႔ စူးရဲေတာက္ပေနသည္။

” အိပ္ခ်င္ၾကၿပီလား လူေလးတို႔…”

” အိပ္ခ်င္ပါဘူးဆရာႀကီး…ကြၽန္ေတာ္တို႔ ဆရာႀကီးကိုဒုကၡေပးသလိုျဖစ္ေနၿပီဗ်…”

” မဟုတ္တာကြယ္…ကဲကဲထိုးကြင္းထိုးမဲ့လူေလးအေရွ႕တိုးလာကြဲ႕…အဝတ္လည္းခြၽတ္ထားလိုက္…”

” ဟုတ္ဆရာႀကီး… ”

သာေအာင္က ဆရာႀကီးေရွ႕တိုးလာၿပီး အဝတ္ကိုဗလာက်င္းခြၽတ္လိုက္၏။ ေရလုပ္သားျဖစ္သျဖင့္ သာေအာင္၏ခႏၶာကိုယ္သည္က်စ္လစ္ေတာင့္တင္းေန၏။

” ဘယ္မွာထိုးမွာလဲလူေလး…ရင္ဘတ္လား၊ေက်ာကုန္းလား…”

” ေက်ာကုန္းမွာဘဲထိုးမယ္ဆရာႀကီး…ဘီလူး႐ုပ္ကိုကြၽန္ေတာ့ေက်ာကုန္းအျပည့္ထိုးေပးပါဆရာႀကီး…”

” ေအးကြယ့္ျဖစ္ေစရမယ္…ဟိုဘက္လွည့္…”

ဆရာႀကီးကထိုသို႔ေျပာၿပီး သူ၏လြယ္အိတ္ထဲမွ ေဆးေပါက္သည့္ေၾကးစုတ္တံ၊မွင္ေဆးအစုံႏွင့္ယြန္းဘူးေလးကို ထုတ္ထားလိုက္၏။ ေၾကးစုတ္တံႀကီးသည္ ခြၽန္ျမေနၿပီး ထိုစုတ္တံ၏ထိပ္၌ အ႐ုပ္တစ္ခုကိုထြင္းထုထား၏။ ဆရာႀကီးသည္ယြန္းဘူးေလးကိုဖြင့္ၿပီး ထိုအထဲမြ ေဆးအဆီကိုလက္ျဖင့္ယူကာ သာေအာင္၏ေက်ာတျပင္လုံးကို လိမ္းေပး၏။

” ဒီလိုမ်ိဳးအ႐ုပ္ထိုးကြင္းကို ေပါက္ဖို႔သူ႔ရဲ႕နတၡမိတဲ့အခ်ိန္ကိုေစာင့္ရတယ္ကြဲ႕…တို႔ျမန္မာနာရီမွာ ဧက၊ဒြိ၊တိ၊စတု၊ပၪၥ၊ဆ၊သတၱ၊အ႒၊နဝ၊ဒႆ၊ဧကဒႆ၊ဒြါဒႆ ဆိုၿပီး ဆယ့္ႏွစ္နာရီရွိတယ္ကြဲ႕…နားလည္ရလြယ္ေအာင္ ေျပာရရင္ေတာ့ တစ္နာရီ၊ႏွစ္နာရီစသျဖင့္ေပါ့….ဒီညရဲ႕နကၡမိခ်ိန္ကေတာ့ ဒြါဒႆလို႔ေခၚတဲ့ဘီလူးနကၡရဲ႕ ၁၂နာရီတိတိမွာေပါ့ကြဲ႕…”

ဆရာႀကီးက သာေအာင္၏ေက်ာျပင္ကိုေဆးလိမ္းေပးၿပီးေသာ္ လိုအပ္ေသာမွင္ေဆးေရာင္မ်ားကို ေဖာ္စပ္ရင္း ရွင္းျပေနျပန္၏။ ထိုအခ်ိန္႐ြာဦးဘုန္းႀကီးေက်ာင္းရွိ ခ်ိန္သီးနာရီ၏ ေဒါင္ဟူေသာအသံကိုၾကားသည္ႏွင့္ ဆရာႀကီးသည္ေၾကးစုတ္တံႀကီးကို ကိုင္ၿပီး ဂါထာစတင္႐ြတ္လိုက္၏။ ဂါထာကို႒ာန္ဂ႐ိုဏ္းက်က်႐ြတ္လိုက္ၿပီး အာဠာဝကဘီလူးႀကီး၏ပုံကို ပုံၾကမ္းဆြဲလိုက္၏။ ၿပီးသြားေသာ္ ဘီလူးႀကီး၏ေခါင္းမွစ၍ မွင္ရည္တို႔ကာေဆးစုတ္တံႀကီးျဖင့္ ေပါက္ေတာ့၏။ သာေအာင္သည္ ဆရာႀကီး၏ေဆးစုတ္တံ တခ်က္ေပါက္လိုက္တိုင္း တြန႔္တြန႔္သြား၏။ မတြန႔္ဘဲေန႐ိုးလား။ ခြၽန္ျမေသာေဆးစုတ္တံႀကီးျဖင့္ တစ္ခ်က္ေပၚလိုက္တိုင္း အေရျပားမွေသြးတို႔ စို႔ထြက္လာ၏။

” ရရဲ႕လားလူကေလး…ခဏေတာ့သီးခံရမယ္ကြဲ႕…”

” ရတယ္ဆရာႀကီး ေပါက္သာေပါက္ဗ်…”

” ေအးေအး…လူေလးက အာဂသတၱိႏွင့္ျပည့္စုံပါေပတယ္…”

ဆရာႀကီးကထိုသို႔ေျပာရင္း မီးဖို၏အလင္းေရာင္ကိုအားျပဳကာ ေၾကးစုတ္တံႀကီးျဖင့္ ဘီလူး႐ုပ္ကို ဂါထာ႐ြတ္ရင္းဆက္ေပါက္ေန၏။ သာေအာင္လည္း ေဆးစုတ္ခ်က္က နာေသာ္လည္း ႀကိတ္မွိတ္ခံေန၏။

ညည့္ႏွစ္နာရီတီးခ်ိန္၌ သာေအာင္၏ေက်ာျပင္ေပၚမွ အာဠာဝကဘီလူး႐ုပ္ႀကီးသည္ အသက္ဝင္ၿပီျပင္စြာ ၿပီးဆုံးသြားေလ၏။ ဆရာႀကီး၏အသက္ဝင္ၿပီျပင္လွေသာ အာဠာဝကဘီလူးႀကီးသည္ သက္ရွိဘီလူးႀကီးတစ္ေကာင္ကဲ့သို႔ျဖစ္ေန၏။ ျပဴးက်ယ္ၿပီးနီရဲေနေသာ ဘီလူး႐ုပ္ႀကီး၏ မ်က္လုံးအစုံသည္ သာမန္လူအဖို႔ ေစ့ေစ့ပင္ မၾကည့္ရဲေပ။ ဘီလူးႀကီး၏အစြယ္ကလဲ ျဖဴေဖြးေနၿပီး ေၾကာက္စရာအလြန္ေကာင္း၏။ ဆရာႀကီးသည္ သူ၏လက္ရာကိုၾကည့္ၿပီး အလြန္သေဘာက်ေနဟန္ျဖင့္ ၿပဳံးေန၏။

” အားလုံးၿပီးသြားၿပီလူေလး…ခုကစၿပီး လူေလးဟာအာဠာဝကမာန္သြင္းထားၿပီးၿပီမို႔ စိတ္ၾကမ္းလူၾကမ္းျဖစ္လိမ့္မယ္…ကိုယ့္စိတ္ကိုအတတ္ႏိူင္ဆုံးထိန္းပါ…စိတ္လိုက္မာန္ပါ ဘယ္ေတာ့မွမလုပ္မိေစနဲ႔ကြဲ႕…ဆရာႀကီးေျပာတာဘယ္ေတာ့မွမေမ့နဲ႔ကြဲ႕…”

” ဟုတ္ကဲ့ပါဆရာႀကီး…ကြၽန္ေတာ္မွတ္သားထားပါ့မယ္ဗ်…”

” ေအးကြယ္…သာဓု..သာဓု..သာဓု…”

သာေအာင္လည္း အက်ႌျပန္ဝတ္လိုက္ၿပီး ပါလာေသာအသျပာကို ထုတ္ကာဆရာႀကီးအား ကန္ေတာ့လိုက္၏။

သာေအာင္သည္ဘီလူး႐ုပ္ထိုးၿပီးသည့္အခ်ိန္မွစၿပီး ဇနီးသားသမီးတို႔ကိုအၿမဲတေစမာန္မဲေအာ္ေငါက္ေနတတ္၏။ သားစိမ္းငါးစိမ္းမ်ားကို ႏွစ္ၿခိဳက္စြာစားသုံးတတ္လာ၏။ နဂိုကလည္း အရက္ေသစာႀကိဳက္သူျဖစ္သျဖင့္ အရက္ေသစာေသာက္ၿပီးတိုင္း တစ္ပါးသူကိုရန္ရွာတတ္၏။

တစ္ေန႔႐ြာထဲရွိ ခ်က္အရက္ဆိုင္တြင္သူငယ္ခ်င္းျဖစ္သူ ထြန္းစိန္ႏွင့္အတူလာခဲ့ၾကသည္။ အရက္ဆိုင္တြင္ေသာက္သုံးသူမ်ား စည္ကားေန၏။ သူတို႔ႏွစ္ေယာက္လည္း လြတ္သည့္ဝိုင္းတြင္ဝင္ထိုင္ကာ ခ်က္အရက္သုံးလုံးႏွင့္ ငုံးေၾကာ္တစ္ပြဲမွာလိုက္၏။ မွာထားေသာအရက္မ်ား ေရာက္လာသည္ႏွင့္ ႏွစ္ေယာက္သားစတင္ၿဖိဳေလ၏။
တစ္ဖက္ဝိုင္းမွငေပတို႔အဖြဲ႕သည္လည္း ခ်က္အရက္ျပင္း၏ အရွိန္ေၾကာင့္ရီေဝေဝျဖစ္ကာ အာေလးလွ်ာေလးျဖင့္ စကားကို ေအာ္က်ယ္ေအာ္က်ယ္ေျပာ၏။

” ဖိုးလုံး…ညက်ရင္ေလ…ေအ့ေဂ့…ငါတို႔…ဟိုဘက္႐ြာက ေအးစိန္ေလးကို လုပ်ိဳလွည့္ၾကမယ္ေလ…ေအ့…ေဂ့…”

” သာေမာင္တို႔ရဲ႕ညီမ ေအးစိန္ေလးလားဆရာေပ…”

” ဟုတ္တယ္ေလကြဖိုးလုံးရ…ဘာလဲ…မင္းက…ငါ့ေအးစိန္ေလးကိုႀကိတ္ေႂကြေနတာလားကြဟမ္…ေအ့…”

” ဟာ…မေတြးဝံ့ပါဘူးဆရာေပရာ…ဖိုးလုံးတို႔ကေလ ေဟာဒီကဆရာေပရဲ႕ စားႂကြင္းစားက်န္ေလးႏွင့္တင္ ဝမ္းဝေနတာဗ်…ေရာ့ဆရာေပ…ေသာက္ဗ်…ဟဲဟဲ…”

” မင္းေတာ္တယ္ဖိုးလုံး…ဟားဟားဟား…ေအးစိန္ေအးစိန္…မင္းဟာမၾကာခင္ ငါ့ရဲ႕ေက်ာ့ကြင္းမွာသက္ဆင္းရမဲ့ သမင္ပ်ိဳမေလးပါကြာ…ဟားဟားဟား…”

ေငပက ေအးစိန္ေလး၏ကိုယ္လုံးကိုယ္ေပါက္ကို ျမင္ေယာင္ရင္း တံေတြးကိုဂလုခနဲမည္ေအာင္ မ်ိဳခ်လိုက္၏။

” ဆရာေပ…ေအးစိန္ကိုယူတာေတာ့ဟုတ္ပါၿပီ…ေအးစိန္ရဲ႕အစ္ကိုေတြကို ဘယႅိဳလုပၼလဲဗ္….”

လွေထာ္က ဆရာျဖစ္သူအတြက္အရက္ငဲွ႔ေပးရင္း ေမးလိုက္၏။

” အဲေကာင္ေတြကို မင္းထည့္တြက္ေနေသးတာလား လွေထာ္ရာ…သူ႔ညီမကိုေျခေတာ္တင္ၿပီးရင္ အဲငမြဲေတြအတြက္ေငြတထပ္ခ်ေပးလိုက္တာနဲ႔ အရာအာလုံးျပည္ဖုံးကားခ် လိုက္လို႔ရတယ္ကြ.. ဟားဟားဟား….”

” ဟား…ကြၽန္ေတာ္အဲဒါမေတြးမိဘူး…ဆရာေပက ေ႐ႊဉာဏ္ေတာ္ စူးရွပါေပ့တယ္…ေအ့…ေဂ့…”

” ဒါေပါ့ကြ…ဟားဟားဟား….လုျပၠာခ္…ဒီေန႔ည ေအးစိန္ေလးရဲ႕ပန္းဦးကိုေခြၽမဲ့အထိမ္းအမွတ္အေနနဲ႔ ငါမင္းတို႔ႏွစ္ေယာက္ကို အဝတိုကၱၾယၠာ…ေသာက္ၾက…”

” ေဟး…ဒါမွဆရာေပကြ…”

ေဘးကငနဲႏွစ္ေယာက္လည္း အလကားေသာက္ရမည္ဆိုသျဖင့္ ငေပကိုေျမႇာက္ထိုးပင့္ေကာ္လုပ္ေနၾက၏။ ေငပဆိုသူကား တစ္႐ြာလုံး၏ေအာ့ေက်ာလန္ လူေပလူေတလူေဘာ္ေၾကာ့သူေ႒းသားျဖစ္၏။ သူလုပ္သမွ်အျပစ္ကို မိဘႏွစ္ပါးက ေငြထုပ္ပိုက္ၿပီးအေနာက္ကေန လိုက္ေျဖရွင္းေပးသျဖင့္ သည္ေကာင္ဂ်ိဳေဇာင္းႂကြေနျခင္းျဖစ္၏။

ငေပတို႔ဆရာတပည့္ေျပာသည့္စကားကို ေဘးဝိုင္းရွိအရက္သမားမ်ားၾကားေသာ္လည္း ဘာမွမလုပ္ရဲၾကေခ်။ မတရားမွန္းသိေသာ္လည္း ေငြမ်က္ႏွာတစ္ခုတည္းေၾကာင့္ ၿငိမ္ေနၾကရသည္။ ထိုအထဲတြင္ ငေပတို႔ဆရာတပည့္သုံးေယာက္၏စကားကိုၾကားၿပီး ေသြးမ်ားဆူပြက္လာသူကား သာေအာင္ျဖစ္၏။ ခ်က္အရက္၏အရွိန္ျပင္းျပင္းေၾကာင့္သာေအာင္သည္ စိတ္မ်ားၾကမ္းတမ္းလာၿပီး မ်က္လုံးမ်ားနီရဲကာ အရာရာတိုင္းေဒါသစိတ္ဖုံးလႊမ္းလာ၏။

” ဒုန္း…”

” ဂြမ္း…ခလြမ္း…”

သာေအာင္က အမွတ္မထင္အရက္ဝိုင္းမွခုံကိုအားပါပါထုခ်ပစ္လိုက္၏။ ခုံေပၚရွိပုလင္းႏွင့္ပန္းကန္တို႔သည္ကား ေအာက္သို႔ျပဳတ္က်ကာ အသံမ်ားဆူညံစြာျမည္သြား၏။
ထိုအသံေၾကာင့္ေဘးဝိုင္းရွိလူမ်ား၏အၾကည့္သည္သာေအာင္ထံစုၿပဳံေရာက္ရွိလာ၏။

” ထြီး…ဘယ္ေခြးလဲကြာ အရက္ဝိုင္းကိုဆူညံေအာင္လုပ္ေနတာ…”

ေငပက သာေအာင္ကိုပမာမခန႔္ေျပာလိုက္၏။

” ေတာက္! သတၱိရွိရင္ ၾထကႅာခဲ့ၾက…မင္းတို႔ေကာင္ေတြေငြရွိတိုင္း သူမ်ားသမီးပ်ိဳကို ပါးစပ္အရသာခံၿပီးေျပာေနၾကတာ ငါ့နားထဲကန႔္လန႔္ႀကီးဝင္တယ္ကြ…နားလည္လား…”

” ဟားဟားဟား….ဘယ္ကေခြးလဲလို႔ကြာ…ၾကည့္လိုက္မွဟိုဖက္႐ြာကတံငါသည္ႀကီးပါလား…. ဟားဟားဟား….”

” မႈမေနနဲ႔ဆရာေပ…ဒီတံငါသည္ေလးေလာက္က က်ဳပ္တို႔နဲ႔ေတာင္ၿပီးပါတယ္…”

” ေအးကြာငါမင္းတို႔္ကိုယုံတယ္…ငါတို႔အေၾကာင္းသိရေအာင္ပညာျပေပးလိုက္ကြာ….”

ဖိုးလုံးႏွင့္လွေထာ္က သာေအာင္ဆီေျပးဝင္လာ၏။ သာေအာင္လွည္း အသင့္အေနအထားျပင္လိုက္၏။

” သာေအာင္စိတ္ထိန္း…ဆရာႀကီးေျပာတာျပန္ၿပီးႏွလုံးသြင္းထားကြ…”

ထြန္းစိန္က သာေအာင္ကိုတားေသာ္လည္း သာေအာင္ကနားမဝင္ေတာ့ဘဲ ငနဲႏွစ္ေယာက္ကို ဆုံးမလိုက္၏။

” ဒုတ္…”

” ခြပ္…”

” က္ား…”

” အား….”

သာေအာင္က အရွန္ျဖင့္ေျပးဝင္လာသူႏွစ္ေယာက္အား ညာလက္သီးျဖင့္ မ်က္ႏွာတည့္တည့္ကိုထိုးလိုက္၏။ သာေအာင္၏ လက္သီးခ်က္ေၾကာင့္ ဖိုးလုံးႏွင့္လွေထာ္မွာ ႏုတ္ခမ္းစမွေသြးစို႔လာၿပီး ေျမေပၚသို႔လွဲက်ကုန္၏။

” ဟင္…”

” ဟာ….”

မထင္မွတ္ထားေသာအျဖစ္ေၾကာင့္ ေဘးရွိလူမ်ား အာေမဋိတ္သံျပဳကုန္၏။ သာေအာင္သည္အဝတ္ကိုခြၽတ္လိုက္ၿပီး လက္ခေမာင္းခတ္ကာ

” ေဟ့ေကာင္…မင္းအလွည့္ေရာက္ၿပီကြ…သူမ်ားသားသမီးကိုေငြထုပ္ပိုက္ၿပီး ေစာ္ကားေမာ္ကားျပဳတဲ့ လူအႏၲေကာင္…မင္းကိုဒီေန႔ငါအမႈန႔္ေခ်ပစ္မယ္ကြ…က္ား…”

ဆိုၿပီး ငေပဆီခုန္ဝင္ကာ ငေပ၏ရင္ဘတ္ကိုဒူးျဖင့္ ေထာက္ၿပီးမ်က္ႏွာကိုညာလက္သီးျဖင့္တရစပ္ထိုးလိုက္၏။

” အား….ေတာ္ေတာ့ေဟ့ေကာင္…ငါေနာက္မလုပ္ေတာ့ဘူးကြာ…ငါေတာင္းပန္ပါတယ္…”

” မင္းမေသမခ်င္း ငါမေတာ္ဘူးေဟ့ေကာင္….မင္းေသမွအျပစ္မဲ့မိန္းကေလးေတြရဲ႕ဘဝ အျပစ္အနာကင္းမယ္…”

” ခြပ္…ခြပ္….ခြပ္…”

” လက္လြန္ကုန္မယ္တားၾကေဟ့….ဝိုင္းဆြဲၾကကြာ…သာေအာင္ကိုဆြဲၾက…”

ထြန္းစိန္၏ေအာ္သံေၾကာင့္ ေဘးမွဝိုင္းၾကည့္ေနေသာအရက္ေသာက္ေနသည့္သူမ်ားက သာေအာင္အားဝိုင္းဆြဲၾက၏။ သာေအာင္၏ေက်ာျပင္မွ အာဠာဝကဘီလူး႐ုပ္ႀကီးသည္ကား အသက္ရွိေနသကဲ့သို႔ျဖစ္ေနၿပီး ေက်ာျပင္တစ္ခုလုံးနီရဲေန၏။ လူအမ်ား၏ဝိုင္းဆြဲမႈေၾကာင့္ သာေအာင္သည္ငေပ၏ရင္ဘတ္ေပၚမွခြာေလ၏။

” အဟြတ္…အဟြတ္… ”

” ထြီး…”

ေငပကထ ထိုင္ၿပီး ေခ်ာင္းတဟြတ္ဟြတ္ဆိုးေန၏။ ပါးျပင္မွာလည္းဖူးေယာင္ကာ မ်က္လုံးႏွစ္ဖက္လည္း မနဲဖြင့္ထားရ၏။ သာေအာင္၏ျပင္းလွေသာ လက္သီးခ်က္ေၾကာင့္ ငေပ၏ေရွ႕သြားသုံးေခ်ာင္းသြင္သြင္က်ိဳးေလ၏။

ငေပလည္းသာေအာင္အားၾကည့္ရာ ဘီလူးႀကီးတစ္ေကာင္ကဲ့သို႔သာျမင္ေနရသျဖင့္ အလြန္ထိတ္လန႔္သြား၏။ သို႔ေၾကာင့္တပည့္ႏွစ္ေယာက္ကိုေခၚကာ ဘေမာင္၏ခ်က္အရက္ဆိုင္မွ ထြက္သြားၾကေလ၏။

ငေပတို႔ဆရာတပည့္ကိုဆုံးမၿပီးသည့္ေနာက္ သာေအာင္၏ဂုဏ္သတင္းသည္ ႐ြာနီးခ်ဳပ္စပ္အထိ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြား၏။ မူလနာမည္သာေအာင္မွ တစ္႐ြာလုံးက အာဠာဝကသာေအာင္ဟုေျပာင္းလဲေခၚေဝၚခဲ့ၾက၏။ ထိုနယ္တေၾကာရွိ လူမိုက္မ်ားအားလုံး အာဠာဝကသာေအာင္ကို ဖိန႔္ဖိန႔္တုန္ေအာင္ေၾကာက္ရ၏။ အာဠာဝကသာေအာင္ေၾကာင့္ သူ႔႐ြာေလးသည္ သူခိုးဓားျပရန္မွ ကင္းလြတ္၍ေအးခ်မ္းေန၏။

တစ္ေန႔ေသာ္သာေအာင္၏မိဘမ်ားသည္ သားျဖစ္သူအားရဟန္းခံေပး၏။ အေၾကာင္းမွာ သာေအာင္သည္ သားစိမ္းငါးစိမ္းကို လြန္စြာႏွစ္ၿခိဳက္သျဖင့္ ပေရလာကသားမ္ား တြယ္ကပ္ေနသည္ထင္ကာ ရဟန္းခံေပးျခင္းျဖစ္၏။ ရဟန္းေလာင္းသိမ္ဝင္စဥ္က အရာအားလုံးေအးေဆး ၿပီးသြားေသာ္လည္း အာဠာဝကသာေအာင္ရဟန္းေဘာင္ေရာက္သည္ႏွင့္ ေက်ာျပင္မွဘီလူး႐ုပ္ႀကီးသည္ ယားယံလာၿပီး ေနမထိထိုင္မသာျဖစ္ေန၏။ ရဟန္းသာေအာင္၏စိတ္သည္လည္း ရႈပ္ေထြးေႏွာက္က်ိကာ ဘာျဖစ္၍ျဖစ္ေနမွန္းမသိေတာ့ေပ။ ရဟန္းသာေအာင္သည္ အေပၚပိုင္းမွသကၤန္းမ်ားကိုခြၽတ္ပစ္ၿပီး ေက်ာျပင္ကိုမမီ့တမီကုတ္ေန၏။

ေက်ာျပင္မွဘီလူး႐ုပ္ႀကီးသည္ ေဖာင္းႂကြလာၿပီးဘီလူး၏အသြင္သ႑ာန္သည္ အလြန္စိတ္ဆိုးေနဟန္ရွိ၏။ သာေအာင္သည္ စိတ္ေႏွာက္ၿပီး အေပၚပိုင္းဗလာက်င္း၊ေအာင္ပိုင္းတြင္ကားသင္းပိုင္သာက်န္၏။ ထို႔ေနာက္ ႐ြာထဲပတ္ေျပးကာ ေအာ္ဟစ္ဆူပူေန၏။ တစ္ေနရာအေရာက္တြင္ကား သာေအာင္အျမင့္ေပၚတက္ၿပီး ခုႏၡ္၏။

” ဟင္…”

” ဟာ…”

ထိုအနားရွိလူမ်ားက ရဟန္းသာေအာင္ကိုၾကည့္ၿပီး ဟင္ခနဲဟာခနဲျဖစ္သြား၏။ အေၾကာင္းမွာ ရဟန္းသာေအာင္ခုန္ခ်သည့္ေနရာသည္ ဝါးခြၽန္တစ္လုံးကိုအေထာင္လိုက္စိုက္ထားေသာေၾကာင့္ျဖစ္၏။ ဝါးခြၽန္သည္ သာေအာင္၏ဗိုက္တည့္တည့္ကို စိုက္မိသျဖင့္ လူမ္ားက သာေအာင္၏ဗိုက္ထုတ္ခ်င္းေပါက္ၿပီအထင္ျဖင့္ အာေမဋိတ္သံျပဳလိုက္ျခင္းျဖစ္၏။ သို႔ေသာ္သာေအာင္၏ဗိုက္မွာ အနည္းငယ္သာေပါက္သြားၿပီး ေသြးမ်ားခ်င္းခ်င္းနီသြား၏။

သာေအာင္၏တကိုယ္လုံးမွာလည္း ဒဏ္ရာဒဏ္ခ်က္မ်ားျဖင့္ျပည့္နက္ေန၏။ သာေအာင္၏မိသားစုက သာေအာင္ကိုၿမိဳ႕ေဆး႐ုံသို႔ပို႔ေပးၾက၏။ ေဆး႐ုံေရာက္သည္ႏွင့္ သာေအာင္သည္ သုံးထပ္ေျမာက္ေဆး႐ုံႀကီး၏ျပတင္းေပါက္မွ ဝုန္းခနဲခုန္ဆင္းသြား၏။ ဆရာဝန္ႏွင့္နပ္စ့္မမ်ားကသာေအာင္ကို စိစိညႇက္ညႇက္ေၾကၿပီးေသသြားၿပီဟု မွတ္ခ်က္ခ်ေသာ္လည္း သာေအာင္မွာဘာမွမျဖစ္ဘဲ ေဆး႐ုံမွထြက္ေျပးျပန္၏။

ေမာင္ေရခဲတို႔ဆရာတပည့္ႏွစ္ေယာက္လည္း သဘက္ႀကီးကိုေခၚၿပီးဂမုန္းေတာသို႔လာခဲ့၏။ သဘက္ႀကီးသည္ေမာင္ေရခဲတို႔၏ အေနာက္ဘက္မွခပ္လွမ္းလွမ္းမွ လိုကႅာခဲ့၏။ ဂမုန္းေတာသို႔ေရာက္ေသာ္ ေမာင္ေရခဲသည္ ထိုေတာကိုအပိုင္စားရေသာေတာပိုင္႐ုကၡစိုးႀကီးအား အမိန႔္ျဖင့္ဆင့္ေခၚလိုက္၏။

” ဤေတာကိုအပိုင္စားရေသာ ေတာပိုင္႐ုကၡစိုးႀကီး…ဤေနရာသို႔အျမန္ေရာက္လာေစ…”

ေမာင္ေရခဲ၏အမိန႔္ေၾကာင့္ ေတာပိုင္႐ုကၡစိုးႀကီးက ေမာင္ေရခဲကိုကိုယ္ထင္ျပလာၿပီး

” ကြၽႏု္ပ္ေရာက္ပါၿပီဆရာေလး…ဘာအေရးကိစၥရွိလို႔လဲ…”

” သင့္ကိုအကူအညီေတာင္းဖို႔ရွိလို႔ပါအသင္႐ုကၡစိုးႀကီး… ေဟာဒီကကြၽႏ္ုပ္နဲ႔အတူပါလာတဲ့သဘက္ႀကီးအတြက္ ေနရာတစ္ေနရာစာ ေပးလို႔ရမလား…”

” ေနရာအလြတ္ေတာ့ မရွိေတာ့ပါဘူးဆရာေလး…ဒါေပမဲ့ကြၽႏ္ုပ္ သဘက္ႀကီးအတြက္ကြၽႏ္ုပ္ရဲ႕သစ္ပင္မွာ ေနရာေပးလိုက္မယ္…”

” ေက်းဇူးပါသင္႐ုကၡစိုးႀကီး…ဒါဆိုသဘက္ႀကီးအတြက္ေနရာေပးၿပီး သူ႔ကိုဆုံးမသြန္သင္ေပးပါဦး…ကဲသဘက္ႀကီး သင္ဒီမွာေနခဲ့ေပေတာ့ ခုသင္ကဒီေတာပိုင္႐ုကၡစိုးႀကီးရဲ႕ လက္ေအာက္မွာဆိုေတာ့ သူ႔စကားနားေထာင္ပါ…”

” ဟုတ္ကဲ့ဆရာေလး…”

ေမာင္ေရခဲတို႔လည္းသဘက္ႀကီးကို ႐ုကၡစိုးထံအပ္ႏွံၿပီး သရက္တစ္ပင္႐ြာသို႔ေရာက္လာခဲ့၏။ ထိုအခ်ိန္႐ြာထဲ၌လူတစ္စုသည္ ေသြးသံရဲရဲနဲ႔လူတစ္ေယာက္ ဝိုင္းခ်ဳပ္ထားၾက၏။

” ခ်ဳပ္ထားၾကဟ…သူ႔ကိုေဆး႐ုံပို႔မွျဖစ္မယ္…မဟုတ္ရင္ေသြးထြက္လြန္ၿပီး ေသသြားလိမ့္မယ္…လုပ္ၾကဟ..”

” မရဘူး…အရမ္းအားႀကီးတယ္…”

” ဟာသူ႔ေက်ာျပင္က ဘီလူး႐ုပ္ႀကီး မ်က္ေတာင္ခပ္လိုက္သလိုဘဲကြ…”

” ေပါက္ကရကြာ…အ႐ုပ္ကဘယ္လိုမ်က္ေတာင္ ခပ္ပါ့မလဲ…”

သာေအာင္ကိုထိန္းခ်ဳပ္ထားၾကသူမ်ားက တစ္ေယာက္တစ္ခြန္းေျပာဆိုေနၾက၏။ ေမာင္ေရခဲ တို႔ဆရာတပည့္လည္း ထိုလူစုအနားေရာက္လာၿပီး ဝင္ၾကည့္၏။

” ေနာင္ႀကီး…ဒီလူဘာျဖစ္ေနတာလဲဗ်…”

” မသိပါဘူးဗ္ာ..ဒီလူစိတ္ေႏွာက္ၿပီး သူ႔ကိုယ္သူနာက်င္ေအာင္လုပ္ေနလို႔ က်ဳပ္တို႔ဝိုင္းခ်ဳပ္ၿပီး ေဆး႐ုံပို႔ေပးမလို႔ဗ်…”

” က်ဳပ္တို႔ၾကည့္ေပးလို႔ရမလား…”

” ဒီကညီေလးတို႔ၾကည့္တတ္ရင္ၾကည့္ေပးပါဦးဗ်…”

ေမာင္ေရခဲလည္းထိုလူကိုၾကည့္လိုက္ရာ အာဠာဝကေမွာ္ေဆးေအာင္ထားသည္ကိုေတြ႕လိုက္ရ၏။ အာဠာဝကေမွာ္ေဆးေအာင္ထားၿပီးေနာက္ ရဟန္းခံလိုက္သျဖင့္ ယခုကဲ့သို႔စိတ္ေႏွာက္သြားေၾကာင္းသိလိုက္ရ၏။

” ဒီလူကိုက်ဳပ္ကယ္ေပးမယ္…ဟိုသစ္ပင္ေအာက္က ကြပ္ပ်စ္မွာေပြ႕ယူလာေပးၾကဗ်…”

” ဟုတ္ဆရာေလး…”

႐ြာသားတစ္စုလည္း သာေအာင္ကိုေပြ႕ၿပီး သစ္ပင္ေအာက္ရွိကြပ္ပ်စ္ေပၚသို႔ေပြ႕တင္လိုက္ၾက၏။ ေမာင္ေရခဲ ကလြယ္အိတ္ထဲမွေ႐ႊအပ္တစ္ေခ်ာင္းကိုထုတ္ၿပီး ဂါထာ႐ြတ္လိုက္၏။ ထိုအခါ သာေအာင္သည္ခ်ဳပ္ထားသည္လက္မွ ႐ုန္းကန္ၿပီးထြက္ေျပးရန္ျပဳ၏။

” ေနာင္ႀကီးတို႔သူ႔ကိုအေသအခ်ာ ခ်ဳပ္ထားၾက…သူ႔ေက်ာျပင္မွာအသက္ဝင္ေနတဲ့ အာဠာဝကဘီလူး႐ုပ္ကိုဖ်က္ဆီးပစ္ရမယ္…”

” ဟုတ္ဆရာေလး…က်ဳပ္တို႔အေသအခ်ာခ်ဳပ္ထားမယ္…”

႐ြာသူ႐ြာသားမ်ားက အာဠာဝကသာေအာင္အားအေသအခ်ာခ်ဳပ္ထားလိုက္ၾက၏။ ေမာင္ေရခဲသည္ေ႐ႊအပ္ကိုကိုင္ၿပီး သာေအာင္၏ေက်ာျပင္မွ အသက္ဝင္လြန္းလွေသာဘီလူး႐ုပ္ႀကီး၏ မ်က္လုံးႏွစ္လုံးမွမ်က္ဆံတည့္တည့္ကို ေဖာက္လိုက္၏။

” အား……..”

” ကြၽီ…က္လိ..က္လိ…”

ေမာင္ေရခဲကသာေအာင္၏ေက်ာျပင္မွဘီလူး႐ုပ္ႀကီး၏မ်က္လုံးကိုေဖာက္လိုက္ရာ သာေအာင္မွာ အသံနက္ႀကီးျဖင့္ေအာ္ဟစ္လိုက္၏။ သစ္ပင္ေပၚရွိေက်းငွက္တို႔သည္ကား သာေအာင္၏အသံေၾကာင့္ လန႔္ဖ်တ္ကာထပ်ံကုန္၏။ ဘီလူးႀကီး၏မ်က္လုံးေနရာမွေသြးမ်ားစီးက်လာခဲ့သည္။ အမွတ္မထင္ၾကည့္လိုက္ပါက ဘီလူးႀကီးသည္ ညိဳးငယ္ၿပီးငိုေနသေယာင္ေယာင္ပင္။ ဘီလူးႀကီး၏မ်က္လုံးႏွစ္ဖက္ ကန္းသြားမွသာေအာင္သည္ မူလစိတ္ျပန္ဝင္လာၿပီး မိမိ၏ခႏၶာကိုယ္မွဒဏ္ရာဒဏ္ခ်က္မ်ားကို သတိရမိသြားသည္။

” ငါ…ငါဘာျဖစ္သြားတာလဲ…ငါ့ခႏၶာမွာဘာလို႔ဒဏ္ရာေတြခ်ည္းျဖစ္ေနရတာလဲ…”

” ဒီကေနာင္ႀကီး ဘာမွမျဖစ္ေတာ့ပါဘူး…ခုကစၿပီး ေနာင္ႀကီးရဲ႕ေက်ာျပင္ေပၚမွာေရးထိုးထားတဲ့ အာဠာဝကဘီလူး႐ုပ္ႀကီးဟာ တန္ခိုးသိဒၶိေတြမရွိေတာ့ဘူး…ေဆးမွင္႐ုပ္သာသာဘဲက်န္ပါေတာ့တယ္….”

ေမာင္ေရခဲကထိုသို႔ေျပာလိုက္ရာ သာေအာင္သည္ သူ၏ေက်ာျပင္မွဘီလူး႐ုပ္ႀကီးမွာ ယားယံျခင္းမရွိေတာ့သည္ကိုသတိထားမိလိုက္၏။

” ေက်းဇူးပါဆရာေလး…ဆရာေလးသာမကယ္ရင္ က်ဳပ္ဘဝကမေတြးဝံ့စရာဘဲဗ်…”

” ရပါတယ္…က်ဳပ္တို႔ကယ္ခြင့္ရွိလို႔ကယ္ရတာပါ…ဒီေန႔ကစၿပီး တံငါအလုပ္ကိုမလုပ္ပါနဲ႔ေတာ့…သူတစ္ပါးအသက္ကိုသတ္ျခင္းဟာ အပါယ္ကိုလားရတယ္…ကံေကာင္းလို႔လူ႔ဘဝျပန္ရရင္ေတာင္ အသကၱိဳတတၱယၺ္…”

” ဟုတ္က်ဳပ္မွတ္သားထားပါ့မယ္ဆရာေလး…က်ဳပ္လည္းေနာင္တေတြရေနၿပီမို႔ ဒီေန႔ဘဲ သာသနာ့ေဘာင္ကိုအၿပီးဝင္ေတာ့မယ္ဗ်…”

” ဟုတ္ပါၿပီ…ဒါကယခုဘေဝရာ ေနာင္ဘဝအတြက္ပါ ေကာင္းတဲ့လုပ္ရပ္တစ္လုဘဲမို႔က်ဳပ္သာဓုေခၚတယ္ဗ်….သာဓုသာဓုသာဓုပါ…က်ဳပ္တို႔ကိုခြင့္ျပဳပါဦးဗ်…”

” ေကာင္းပါၿပီဆရာေလးတို႔…”

ေမာင္ေရခဲတို႔ဆရာတပည့္လည္း အာဠာဝကသာေအာင္ႏွင့္ ႐ြာသားတို႔ကိုႏုတ္ဆက္ၿပီး ခရီးဆက္ၾကေလ၏။

အာဠာဝကသာေအာင္လည္း တဖန္ရဟန္းျပန္ဝတ္ၿပီး သာသနာ့ေဘာင္သို႔ရာသက္ပန္ ဝင္သြားေတာ့သတည္း။……။

( ျဖစ္ရပ္မွန္ကိုအေျခခံထားသည္။ အားေပးဖတ္ရႈသူမ်ားအားလုံး ကိုယ္စိတ္ႏွလုံး က်န္းမာၾကပါေစေသာဝ္)

# ၿပီး
# ခြန္း