Unicode Version
” အိမ်အကူမထွေး ”(စ-ဆုံး)
—————————
သော်တာလမင်းစန္ဒာ
ကျွန်မအလုပ်သွားဖို့ပြင်ဆင်နေချိန်တွင် မွှေးပျံ့လာသောပေါင်မုန့်နံ့သင်းသင်းကြောင့် ဆာလောင်နေမှုကိုသတိရလာတော့သည်။ အိမ်အောက်ထပ်မီးဖိုချောင်ဆီမှတက်လာသော အနံ့က ကော်ဖီပူပူလေးတစ်
ခွက်ကိုပင်တောင့်တမိလာ၏။ လိုအပ်သည်များကိုယူပြီး မီးဖိုခန်းသို့အမြန်အရောက်လှမ်းလိုက်သည့်အခါ ကျွန်မသမီးနှစ်ယောက်ပင် ပေါင်မုန့်မီးကင်ယိုသုတ်နှင့်ကော်ဖီပူပူလေးကိုစားသောက်နှင့်နေချေပြီ။ စားပွဲတွင်ဝင်ထိုင်လိုက်သည်နှင့် ကျွန်မရှေ့သို့ကော်ဖီနံ့သင်းသင်းလေးတစ်ခွက်အရင်လာချပေးသော အိမ်အကူမထွေးကိုသဘောကျစွာတစ်ချက်လှမ်းကြည့်လိုက်မိသည်။
မထွေးကို ကျွန်မ၏အိမ်သို့ခေါ်ထားသည်မှာ ရှစ်နှစ် ကိုးနှစ်ခန့်ပင်ရှိလာပြီ။ သမီးကြီးတစ်နှစ်အရွယ်က
တည်းက ကျွန်မ၏အိမ်သို့မထွေးရောက်လာခြင်းဖြစ်သည်။ ထိုအချိန်ကသူမ၏အသက်မှာ၄၀ဝန်း
ကျင်ခန့်သာရှိသေးသည်။ အသားမဖြူမညို၊ အရပ်
မနိမ့်မမြင့်၊ မျက်နှာဝိုင်းဝိုင်းနှင့်မထွေးသည် အလုပ်လုပ်ရာတွင်သွက်လက်ချက်ချာလွန်း၏။ကျွန်မတို့အိမ်သားများ၏အလိုက်ကိုသိတတ်လွန်းသူ၊ ရိုးလည်းရိုးသည်။ အိမ်တွင်းစကားအပြင်သို့မသယ်တတ်သူလည်းဖြစ်၍ ကျွန်မသူ့ကိုလက်မလွတ်တော့ပေ။
အချက်အပြုတ်လည်းကောင်းပြီး မထွေးရှိနေလျှင် ကျွန်မ၏အိမ်ကသပ်ရပ်သန့်ရှင်းနေစမြဲ။ မထွေး၏
အားနည်းချက်က ပစ္စည်းအဆန်းများအသုံးမပြုတတ်သည်ကလွှဲ၍ ကျန်တာအကုန်လှည့်ကြည့်စရာ
မလိုပေ။ ထိုအရာသည်လည်းအခက်ကြီးတော့မဟုတ်။ သူမကိုတစ်ပတ်ခန့်အချိန်ပေးပြီး အသုံးပြုနည်းများပြသထားလိုက်ရာ ယခုဆိုလျှင် အဝတ်လျှော်စက်၊ ဂတ်စ်မီးဖို၊ အသားပေါင်းအိုး စသဖြင့်
အသုံးပြုတတ်သွားလေပြီ။
အမှန်တကယ်ဆိုလျှင် မထွေးကတစ်ကိုယ်ရည်သ
မားတော့မဟုတ်ချေ။သူမ၌သားသမီးသုံးယောက်
ရှိလေသည်။ သားနှစ်ယောက်ကပန်းရံကျဘန်းလုပ်ကိုင်သော်လည်း ညနေချိန်ဆိုလျှင် မူးနေပြီ။သမီးအငယ်ဆုံးမှာ အသက် (၁၆)နှစ်နှင့်အိမ်ထောင်
ပြုသွားပြီးသူ့အိမ်ထောင်နှင့်သူနေသည်။ ညဖက်မူးမူးလာသည့်သားနှစ်ယောက်မှာမူးလာလျှင်ပြဿနာပေါင်းစုံရှာတတ်သည်။ အော်ဟစ်ဆဲဆိုရန်ဖြစ်ခြင်း
များကညတိုင်းလိုလိုပင်။ မထွေးကရပ်တကာလှည့်ခဝါသည်။ရသမျှရှာသမျှပိုက်ဆံသူမ သုံးရသည်ဟူ၍မရှိ။
သားဆိုးအမေတပေပေ၊ လင်ဆိုးမယားတဖားဖား ဆိုသည့်အတိုင်းသားနှစ်ယောက်အမြည်းဖိုး၊ ကျန်းမာ
ရေးချူချာလျှင်ဆေးဖိုးဖြစ်ဖြစ်သွားသည်။ မထွေးကမုဆိုးမ။ သမီးအငယ်မအသက် ၁၄နှစ်အရွယ်
တွင် ခင်ပွန်းဖြစ်သူလည်းအရက်ကြောင့်အသည်းခြောက်ကာဆုံးပါးသွားခဲ့သည်။ ဆုံးသွားသည်ပင်
မထွေးအတွက်ကောင်းသေးသည်ဟုအရပ်ကပြောကြ၏။ ယောကျာ်းဖြစ်သူမှာလည်းမထွေးရှာစာအခန့်သားထိုင်စားကာ အမြဲမူးရူးနေသူဖြစ်၍ ပတ်ဝန်းကျင်က မထွေးကိုစေတနာရှိသော်ငြား ယောကျာ်းဖြစ်သူကိုနှာခေါင်းရှုံ့ကြသည်။
မုဆိုးမအဖြစ်ရောက်လာသောမထွေးမှာအရပ်တကာလှည့်အဝတ်လျှော်သော်လည်း အဆင်ပြေတလှည့် မပြေတလှည့်။ ငွေအနည်းငယ်ရလာသည့်ရက်ဆိုလျှင် သားတွေက ” အမေ…အမေ ” နှင့်ပါးစပ်ဖျားကမချသော်လည်း ငွေမကပ်ချိန်ဆိုလျှင် မထွေးကိုရှိသည်ဟုပင်မထင်ချေ။ ထို့ကြောင့် ခဝါသည်လုပ်ရင်း သားနှစ်ယောက်ကြောင့် အိမ်မှာမပျော်ပိုက်တော့သောမထွေးကို ကျွန်မအိမ်၌ခေါ်ထားခဲ့ခြင်းဖြစ်သည်။
ဤသည်ကိုပင် မထွေးမှာ လစာရသည့်ရက်များဆိုလျှင် သူ၏သားတွေအတွက် လိုအပ်သည်များဝယ်
ခြမ်းသွားတတ်ပြန်၏။ တစ်ညတန်သည် နှစ်ညတန်
သည် အိမ်ပြန်သွားတတ်သည်။
ထိုရက်များဆို ကျွန်မလက်ကျိုးသောနေ့ပင်။ အပြင်ထွက်အလုပ်လုပ်နေရသောကျွန်မမှာ သမီးနှစ်ယောက်ဝေယျာဝစ္စကို မလှစ်ဟင်းစေရန်ဂရုပြုရသဖြင့် ယားလို့ကုတ်ချိန်ပင်မရှိလှချေ။ သမီးတွေကငယ်ရွယ်သေးသဖြင့်လည်း ဗျာပါများလှ၏။ မထွေးပြန်လာချိန်ဆိုလျှင် နောက်ပိုင်းအ်ိမ်ကိစ္စလှည့်ကြည့်စရာမလိုသဖြင့် စိတ်ဖြောင့်ဖြောင့်အလုပ်လုပ်နိုင်
ခဲ့သည်။ ကျွန်မမှာမထွေးအကြောင်းတစ်ချက်တွေးရင်း ကော်ဖီကိုအမြန်မော့သောက်ကာ သမီးတွေကျောင်းအမှီပို့ရန်ထွက်လာခဲ့တော့သည်။ မထွေးမှာတော့ မီးဖိုပေါ်တင်ထားသော ကြက်သားဟင်းအိုးကို
မွေကာ ကျန်ရစ်ခဲ့ချေပြီ။
တစ်ရက်တွင် မထွေးကကျွန်မကိုခွင့်တောင်းသည်။ သူမ၏ယောင်းမများက ရွာတွင်အလှူလုပ်ရင်း ဆုံး
ပါးသွားသည့်မထွေးယောကျာ်းအတွက်ပါ ရေစက်ချတရားနာပေးမည်ဖြစ်၍ ယောကျာ်းဖြစ်သူဇာတိ
ဖြစ်သော ရွှေပင်ဆင့်ရွာသို့သွားရမည်ဖြစ်ကြောင်းပြောလာသည်။မထွေးစကားကြောင့်ကျွန်မမှာအား
အင်ကုန်ခမ်းသွားသလိုဖြစ်ပေါ်မိ၏။ မထွေးမရှိလျှင်ကျွန်မပင်ပန်းရပေမည်။ သို့သော်လည်း ကျွန်မ
ကိုယ့်ကိုယ်သတိပြန်ပေးမိသည်။ ကျွန်မလုပ်ရမည့်အလုပ်ကို ကျွန်မအလျှင်မှီအောင်ကြိုးစားလုပ်မည်။ ဤသည်ကကျွန်မတာဝန်ပင်မဟုတ်လား။
မထွေးရွာပြန်သွားပြီး ကျွန်မတစ်ယောက်တည်း အိမ်အလုပ် ကုမ္ပဏီအလုပ်များနှင့် ချာလပတ်ရမ်းနေခဲ့ရပြီ။ ခင်ပွန်းသည်ကလည်း ကုမ္ပဏီအလုပ်ဖြင့် ခရီးထွက်သွားရသဖြင့် ပို၍ကသီခဲ့ရလေသည်။ သမီးတွေကိုမနက်စာအပြင်ဆိုင်မှာကျွေးပြီးကျောင်းပို့၊ အလုပ်သွား။ နေ့လည်ရုံးမှအနည်းငယ်စောစောတောင်းပြန်ကာ ကလေးထမင်းပို့ရန် ဆိုင်တွင်ချိုင့်ဆွဲ။ နေ့လည်စာကိုတော့ကြုံသည့်ဆိုင်မှာဝင်စားပြီးရုံးပြန်တက်။ ညနေတွင်တော့ သမီးနှစ်ယောက်ကို ကျွန်မအမေကသွားကြိုပေးထားသဖြင့်သာတော်သေး၏။ ရုံးဆင်းလျှင် စူပါမားကတ်တစ်ခုခုတွင်လိုအပ်သည်များဝယ်ခြမ်းပြီး အမေတို့အိမ်တွင် သမီးတွေကိုဝင်ခေါ်ကာအိမ်ပြန်ရသည်။
အိမ်ရောက်သည်နှင့် မနားရသေးချေ။ တစ်နေကုန်အပြင်စာစားရသဖြင့် ညစာလေးတော့ဖွယ်ဖွယ်
ရာရာချက်ကျွေးချင်သည်။ ချက်ပြုတ်ဆေးကြောပြီး ညစာစား။ သမီးလေးတွေစာကျက်သည်ကိုဘေးမှထိုင်စောင့်ရင်း အဝတ်အစားများမီးပူထိုင်တိုက်ကာ ငိုက်ရသည်။ မထွေးရှိလျှင် ကျွန်မအတွက်အလွန်သက်သာလှသဖြင့်မထွေးမြန်မြန်ပြန်လာပါစေဟု စိတ်ထဲတောင့်တမိသည်ကအခါခါပင်။အနေကြာ၍
လည်း သံယောဇဉ်ကတွယ်တာနေခဲ့ပြီ။ ဆွေမတော်၊
မျိုးမတော်သော်ငြား ကျွန်မအိမ်တွင် မထွေးသည် မိသားစုကဲ့သို့နေနိုင်သည်။
ကျွန်မတို့စားသလိုသာကျွေးသည်။ အိမ်အကူဆိုပြီး ခွဲခြားထားခြင်းမရှိချေ။ ထို့ကြောင့်လည်း မထွေးက ကျွန်မထံနေရသည်ကိုပျော်သည်စိတ်ချမ်းသာသည်ဟု မကြာခဏဆိုသလိုပြောတတ်သည်။ မီးပူတိုက်
ကာ ငိုက်နေရင်း ကျွန်မအမြင်အာရုံထဲတွင် မထွေးကိုဝိုးတဝါးမြင်ယောင်လာခဲ့၏။ အမှန်တကယ်အပြင်တွင် မြင်တွေ့နေရသကဲ့သို့မြင်လိုက်မိသဖြင့် မထွေးများပြန်လာလေသည်လားဟု ဝမ်းသာသွားမိသေး
သည်။ ပြီးမှ ” သြော်…ငါစိတ်စွဲပြီးမျက်စိရှာနေတာပဲ ” ဟု ကိုယ့်ကိုယ်ပြန်သိလိုက်သည်အထိ မထွေးကိုမျှော်နေမိခဲ့လေသည်။
မထွေးရွာပြန်သွားသည်က ဒီနေ့နှင့်ဆို ၆ ရက်ရှိပြီ။ ထိုရက်များအတွင်း ကျွန်မမှာ နေ့တိုင်းလိုလို မထွေးကိုသာမျှော်နေမိသည်တော့အမှန်ပင်။ ကျွန်မဆွေ
မျိုးသားချင်းများက အားမကိုးရပေ။ ရလျှင်သာ
ယူမည့်သူချည်း။ ကျွန်မလိုလျှင် အကူအညီမပေးချင်ကြချေ။ အိမ်လေးတစ်ညလောက်လာစောင့်ခိုင်းလျှင် ပေးရကမ်းရသည်ထက်” ငါတို့ကူညီပေးရတာ ” ဟူသောစကားမျိုးထပ်ခါတလဲလဲအသုံးပြုကြသည်။ ထို့ကြောင့်လည်း ကျွန်မနိုင်သလောက်သာလုပ်ပြီး အကူအညီမတောင်းချင်ခဲ့။ မထွေးရှိတော့ ၎င်းတို့၏
အကူအညီလည်း ကျွန်မမလိုအပ်ခဲ့ပေ။ ကျွန်မမှာ အတွေးများဟိုတစ်စ ဒီတစ်စဖြင့်မီးပူတိုက်ပြီးသား
အဝတ်အထည်များကို ခြင်းထဲသို့စီထည့်နေမိသည်။ သမီး နှစ်ယောက်က စာကျက်နေရင်း ကျွန်မကိုလှမ်းလှမ်းကြည့်နေသည်ကို သတိထားမိလိုက်၏။ သွားရည်စာမုန့်တစ်ခုခုစားချင်နေသည်ကိုကျွန်မ
သိသည်။ ကျွန်မအလုပ်ပင်ပန်းနေသည်ကိုလည်းသိသဖြင့်သမီးနှစ်ယောက်မှာမတောင်းရဲကြချေ။ မထွေးသာရှိလျှင် သမီးလေးတွေစာကျက်ရင်းစားဖို့ သွားရည်စာတစ်ခုခုတော့ လုပ်ပေးနေလောက်
ချေပြီ။
” ဂလုန်း ”
ရုတ်တရက်မီးဖိုခန်းထဲမှ တစုံတခုကျသံကို ကြားမိလိုက်သည်။ ကျွန်မ၏အိမ်တွင် ကြွက်မရှိသလို မည်သည့်အိမ်မွေးတိရိစ္ဆာန်မှမရှိပေ။ ကျွန်မလည်း သား
အမိသုံးယောက်တည်းရှိ၍ စိတ်ချရအောင် မီးဖိုခန်းဆီလျှောက်ကြည့်လိုက်၏။ မီးဖိုခန်းသည်တိတ်ဆိတ်နေပြီး ငြိမ်သက်နေသည်။ ကျွန်မမှောက်တင်ထားသည့်ပန်းကန်စင်ပေါ်မှ ပန်းကန်ကျသံသာဖြစ်မည်ဟုတွေးရင်း ပြန်လှည့်ရန်အထွက် ကြောင်အိမ်တံခါးက
ပွင့်လာလေတော့သည်။ ကျွန်မလည်း အံ့သြစွာကြောင်အိမ်ကိုငေးကြည့်နေမိသည်။ အဘယ်ကြောင့်သူ့အလိုလိုပွင့်လာသည်ကိုစဉ်းစားမရချေ။
ကြောင်အိမ်သေချာမပိတ်မိသည်သာဖြစ်မည်ဟုပြန်တွေးရင်း တံခါးပိတ်ရန်လျှောက်လာခဲ့တော့သည်။ ကြောင်အိမ်ထဲသို့ကြည့်လိုက်သည့်အခါ သွားရည်စာပြုလုပ်ရန် ပစ္စည်းများစုံစုံလင်လင်ကိုတွေ့လိုက်ရသည်။ သမီးနှစ်ယောက်ကိုသတိရသွားပြီးကြောင်
အိမ်ထဲမှခေါက်ဆွဲတစ်စီးကို ထုတ်ယူလိုက်သည်။ ရေနွေးဆူဆူတင်ပြီး ခေါက်ဆွဲထည့်ပြုတ်ကာ ငံပြာ
ရည် ဆီကျက်များထည့်လိုက်သည်။ ရေခဲသေတ္တာထဲမှ နံနံပင်နှင့် သံပရာသီးလေးနဲနဲစီထည့်ကာ ဆီကျက်
ခေါက်ဆွဲလေးပြင်ဆင်ပေးပြီး ယူလာခဲ့လိုက်၏။
သမီးတွေကတော့သူတို့စားနေကြအချိန်ဖြစ်၍ ဆာနေပုံရသည်။ကျွန်မပြင်ဆင်ပေးသောခေါက်ဆွဲကို နှစ်ယောက်သားစားနေရင်း
” အန်တီထွေး ကိုမလုပ်ခိုင်းဘူးလားမေမေ… ”
” အန်တီထွေးမှမပြန်လာသေးတာ… မေမေလုပ်ထားတာစားလို့ကောင်းလား ”
” ပြန်လာပြီလေ… ခုနကပဲအခန်းထဲဝင်သွားတယ် ”
သမီးအငယ်၏စကားကြောင့် ကျွန်မနှုတ်ဆိတ်သွားမိသည်။ ဇဝေဇဝါဖြင့် အိမ်တံခါးဖက်သို့လှမ်းကြည့်လိုက်သည့်အခါ အိမ်တံခါးကအထဲမှ ဂျက်ချထားမြဲ။ အပြင်ဖက်မှသော့ဖြင့်ဖွင့်ဝင်သော်ငြား အိမ်ထဲမှ
တံခါးဂျက်ကိုမဖွင့်လျှင် မည်သို့မျှအိမ်ထဲဝင်မရနိုင်ပေ။
” မီးမီး… မဟုတ်တာတွေလျှောက်စနေ… စားစရာရှိတာစား ပြီးရင်အိမ်စာလုပ်တော့ ”
” ဟုတ်တယ်…အန်တီထွေးပြန်လာတာ… သမီးတို့ကိုတောင်ရယ်ပြသွားသေးတယ်… ဘာမှလည်းမပြောဘူး ”
ယခုအခါ အသက် ( ၁၁ )နှစ်အရွယ်သမီးကြီးကဝင်ရောက်ထောက်ခံသည့်အခါ ကျွန်မ မနေနိုင်တော့ချေ။ မထွေးအခန်းဖက်သို့သွားကြည့်မိလိုက်တော့
သည်။မထွေးအခန်းကသူမရွာပြန်သွားစဉ်ကအတိုင်း
စေ့ရုံစေ့ထား၏။ အခန်းတံခါးကိုဆွဲဖွင့်လိုက်စဉ် ကြွက်သေပုပ်နံ့လိုလိုပုပ်အဲအဲအနံ့အသက်တစ်ခုကို
ရူရှိုက်မိလိုက်တော့သည်။အခန်းမီးခလုတ်အား လှမ်း
ဖွင့်ရင်း မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ မည်သည့်
အရာမျှမရှိ။ မထွေးလည်းပြန်မလာပေ။ သမီးနှစ်ယောက်မှာ သတိရနေသဖြင့် ထင်ယောင်ထင်မှားမြင်မိဟန်တူ၏။
” ကဲ… သမီးတို့အန်တီထွေးပြန်မလာသေးဘူး…မြင်လား…ဘယ်သူမှမရှိဘူး… ”
ကျွန်မစကားကြောင့် သမီးနှစ်ယောက်မှာ စားနေရင်းအခန်းထဲသို့ပြေးလာကာ ပတ်ရှာကြည့်နေသည်။
” ခုနကတကယ်တွေ့တာ မေမေ… အန်တီထွေးပြန်လာတာလေ ”
” မီးမီး မစပါဘူး… အန်တီထွေးပုန်းနေတာလားမသိဘူး ”
သမီးနှစ်ယောက်ကတော့ တပ်အပ်သေချာမြင်သည့်အလားပြောပြနေကြသည်။ ကျွန်မလည်း ဘာမှရှင်းပြမနေတော့ဘဲ အခန်းတံခါးကို ပြန်စေ့ထာလိုက်၏။
အခန်းမီးတော့မပိတ်ခဲ့ချေ။ သမီးတွေစာကျက်နေ
သည့်နေရာနှင့် မထွေးအခန်းကမျက်စောင်းထိုးဖြစ်သည်။ကျွန်မလည်း သမီးတွေဖက်မျက်နှာမူရင်း အခန်းကိုကျောပေးကာထိုင်နေ၏။ ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ မထွေးအခန်းမှ မီးခလုတ်ပိတ်လိုက်သံကိုနားဖြင့်ဆတ်ဆတ်ကြားလိုက်မိတော့သည်။ အခန်းဖက်သို့ ကိုယ်တစောင်းလှည့်ကြည့်လိုက်သည့်အခါ မထွေးအခန်းမီးက ပိတ်နေလေသည်။
ကျွန်မမှာ ညကြီးမီးပူတိုက်နေသဖြင့် မီးအားမနိုင်ခြင်းများလားဟုတွေးကာ မီးပူကိုပိတ်လိုက်မိသည်။ ထို့နောက် မီးပူတိုက်သည့်ခုံကိုသိမ်းဆည်းရန်ကုန်းရုန်းထလိုက်စဉ်တွင် မထွေးအခန်းတံခါးကြီးမှာ
သူ့အလိုလိုပွင့်လာလေတော့သည်။ ထိုအခါ ကျွန်မမှာခေါင်းနဘန်းကြီးလာသလိုခံစားရတော့၏။ တစ္ဆေသရဲများလားဟူသောအသိကဝင်လာမိသည်။ တစ္ဆေသရဲဆိုလျှင်လည်း မည်ကဲ့သို့အိမ်ထဲရောက်နေသနည်းကိုမူ စဉ်းစားမရပေ။ သမီးနှစ်ယောက်က
တော့သိဟန်မတူ။ စာကိုမြန်မြန်လက်စသတ်နေ၏။ ကျွန်မလည်း ထိတ်ထိတ်လန့်လန့်ဖြင့် အခန်းတံခါးကိုပြန်ဆွဲအပိတ် ‘ ချောက်ကနဲ ‘ အသံနှင့်အတူအခန်းမီးပြန်လင်းသွားလေတော့သည်။
ထိုအချိန်သည် ရင်တစ်ခုလုံးဗြောင်းဆန်အောင် တုန်
လှုပ်မိသည်ကအမှန်ပင်။ ခြေဖျားလက်ဖျားများပင်အေးစက်လာသည်။ ကြောက်ကြောက်လန့်လန့်နှင့်အခန်းတံခါးကို ပြန်ဆွဲဖွင့်ကာ အခန်းထဲသို့သာ
စိုက်ကြည့်နေမိတော့သည်။ မထွေးအခန်းထဲသို့အာရုံစိုက်နေစဉ်သမီးအငယ်မလေးက
” အန်တီထွေးဟိုမှာလေမေမေ ”
ဟုဆိုကာ မီးဖိုခန်းဖက်သို့ညွှန်ပြလာသည်။ ကျွန်မသည်လည်း အလျှင်အမြန်လှည့်ကြည့်လိုက်သည့်အခါ မထွေး၏နောက်ကျောဖက်ကို လျှပ်တပြက်မြင်တွေ့လိုက်ရတော့သည်။
” မထွေး… မထွေး ”
ကျွန်မမှာ အံ့အားသင့်မှုနှင့်အတူ အော်ခေါ်ရင်း မီးဖို
ခန်းသို့ပြေးသွားကြည့်လိုက်၏။ သို့သော် မီးဖိုခန်းတွင် မထွေးရှိမနေချေ။ ယခုအခါတွင်တော့ ကျွန်မမျက်စိဖြင့်သေချာစွာမြင်တွေ့လိုက်ရပြီဖြစ်၍ စိုးရိမ်
စိတ်ကမြင့်တက်လာလေတော့သည်။ ပိုက်ဆံအိတ်ထဲမှ ဖုန်းကိုထုတ်ယူကာ ဖုန်းနံပါတ်ကိုအသဲအသန်ရှာဖွေမိသည်။ မထွေးက မိုဘိုင်းဖုန်းမသုံးတတ်သဖြင့် ဖုန်းမရှိပေ။ မထွေး၏သားဖြစ်သူဖုန်းကိုကျွန်မဆက်လိုက်သည့်အခါ ဖုန်းမကိုင်ကြ။ ကျွန်မမှာ မည်သူ့ကိုဆက်မေးရမှန်းမတွေးတတ်အောင်ပင်ဖြစ်ပေါ်နေရသည်။
သမီးနှစ်ယောက်စာကျက်ပြီး အခန်းထဲသို့လိုက်ပို့ကာ အိပ်ရာပြင်ပေးချိန်တွင် မထွေးအခန်းဆီမှ တံခါး
ပိတ်သံကိုကြားလိုက်ရပြန်လေသည်။ ကျွန်မအလွန်ပင်ထိတ်လန့်နေမိပြီ။ အခန်းထဲသို့ပင်သွားမအိပ်နိုင်
တော့သဖြင့် သမီးနှစ်ယောက်အခန်းမှာပင် ဝင်နေနေမိသည်။လက်ထဲမှဖုန်းမြည်လာသဖြင့် ကြည့်လိုက်သည့်အခါ မထွေး၏သားဖြစ်သူဖုန်းပြန်ခေါ်ဆိုလာသည်အားတွေ့ရ၍ ဝမ်းသာသွားရ၏။
” ဟဲလို… သားရေ… အန်တီလင်းပါ ”
” ဟုတ်ကဲ့… အန်တီ… ကျွန်တော်လည်းဖုန်းဆက်ပြောမလို့ပဲ…အခုလမ်းတစ်ဝက်မှာရောက်နေလို့မဆက်ဖြစ်တာ ”
” ဟမ်… ဘာဖြစ်လို့လဲ… အမေကော…အမေဘယ်နေ့ပြန်လာမှာတဲ့လဲ ”
” အမေဆုံးပြီတဲ့အန်တီလင်းရယ်… ကျွန်တော်တို့ညနေကပဲ ရွာကိုလိုက်မလို့ထွက်လာကြတာ… ”
မထွေး၏သားဖြစ်သူစကားကြောင့် ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရသည်။
” ဟယ်…ဘယ်…ဘယ်လို…ဖြစ်တာလဲ ”
” မနေ့ညကအလှူပြီးတော့ ဒီမနက် အမျိုးတွေဆီသွားလည်မယ်ဆိုပြီးဟိုက်ဂျက်ကားနဲ့ရွာကထွက်လာကြတာ… ဟိုင်းဝေးလမ်းပေါ်မှာပဲနွားကိုရှောင်လိုက်တာဗျာ… မျက်နှာချင်းဆိုင်ဖက်ကလည်းကားကလာနေ
တော့ ကားကိုထပ်ရှောင်ရင်းနဲ့ ကားမှောက်သွားတာတဲ့အန်တီအမေရောအပါ အားလုံးလေးယောက်အဲ့နေရာမှာတင်ပွဲချင်းပြီးတဲ့ဗျာ… ဟီး…အီး…အီး…. ကျွန်တော်တို့လည်းကြားကြားချင်းအားချင်းထွက်လာတာအန်တီလင်း… ခုမှလမ်းပေါ်မှာပဲရှိသေးတယ်…အဟင့်…ဟီး…အမေ့အလောင်းမတွေ့ရသေးဘူးဗျ… အီး…ဟီး…”
” ဘုရား…ဘုရား…”
မထွေးသားမှာလည်း မိခင်ကြောင့်ပူပန်ကာ ရှိုက်
ကြီးတငင်ငိုကြွေးနေရှာပြီ။ စကားလုံးများပင်မသဲကွဲတော့။ ကျွန်မလည်းဆက်မမေးတော့ဘဲ ရောက်လျှင်ဖုန်းပြန်ဆက်ရန်သာ မှာပြီးဖုန်းချလိုက်ရသည်။ထိုသို့
ဆိုလျှင် မထွေး၏ဝိဥာဉ်သည် ကျွန်မ၏အိမ်ထဲသို့ရောက်နေသည်မှာသေချာသလောက်ရှိနေချေပြီ။ ကျွန်မသည်လည်း မထွေးအတွက်ရည်စူးကုသိုလ်ပြုလုပ်ပေးရမည်။ ကြားရသည့်သတင်းကြောင့် မျက်ရည်ဝဲတက်လာမိ၏။
ခင်တွယ်ရသည့်သံယောဇဉ်ကြောင့် ရင်ထဲပူလောင်နေမိသည်။မထွေးမှာ ကျွန်မအပေါ်သံယောဇဉ်ရှိရှာသည်ထင်သည်။ အိမ်သို့ရောက်လာကာ လာနှုတ်ဆက်သည်ဆိုရမည်လား။ ကျွန်မ ကိုလာကူညီချင်စိတ်ကပိုခဲ့သည်လားမပြောတတ်ပေ။ သေချာသည်ကတော့ မနက်ဖြန်မထွေးအတွက်ရည်စူးကာ အလှူပြုလုပ်ပေးရမည်။သူမ ကောင်းရာမွန်ရာဘဝသို့ ရောက်ရှိသွားပါစေဟု အကြိမ်ကြိမ်ဆုတောင်းမိနေ၏။ ကျွန်မ အခန်းထဲမှထွက်ကာ မထွေးအခန်းဖက်သို့ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
” မထွေးရေ… သမီးလေးတွေနဲ့ ကျွန်မကိုမခြောက်ပါနဲ့နော်…မနက်ကြရင် အလှူရေစက်ချပေးပါ့မယ်… အမျှလာယူလှည့်ပါမထွေးရေ… ”
ထိုသို့ပြောပြီး အခန်းထဲပြန်ဝင်ခဲ့၏။ ကျွန်မရင်ထဲနေလို့မကောင်းချေ။ငိုချင်သလိုလိုဖြစ်နေသော်လည်း မျက်ရည်ဝဲရုံသာ။ မျက်ရည်ကမကျ။ရင်ထဲဆို့နစ်နေရသည်။ သမီးလေးတွေဘေးငုတ်တုတ်ထိုင်ရင်း မထွေးအသံကိုနားစွင့်မိနေသည်။ မည်သည့်အသံမှထပ်မကြားသော်လည်းမထွေးရှိနေသည်ဟု ကျွန်မ စိတ်ထဲခံစားမိနေပါတော့သည်။
နောင်ဘဝများရှိခဲ့လျှင် ယခုလိုအဖြစ်ဆိုးမျိုးမှကင်းဝေးပါစေကြောင်းအထပ်ထပ်အခါခါဆုတောင်းပေးနေရုံမှအပ။
သော်တာလမင်းစန္ဒာ
Zawgyi Version
” အိမ္အကူမေထြး ”(စ-ဆုံး)
—————————
ေသာ္တာလမင္းစႏၵာ
ကြၽန္မအလုပ္သြားဖို႔ျပင္ဆင္ေနခ်ိန္တြင္ ေမႊးပ်ံ႕လာေသာေပါင္မုန႔္နံ႔သင္းသင္းေၾကာင့္ ဆာေလာင္ေနမႈကိုသတိရလာေတာ့သည္။ အိမ္ေအာက္ထပ္မီးဖိုေခ်ာင္ဆီမွတက္လာေသာ အနံ႔က ေကာ္ဖီပူပူေလးတစ္
ခြက္ကိုပင္ေတာင့္တမိလာ၏။ လိုအပ္သည္မ်ားကိုယူၿပီး မီးဖိုခန္းသို႔အျမန္အေရာက္လွမ္းလိုက္သည့္အခါ ကြၽန္မသမီးႏွစ္ေယာက္ပင္ ေပါင္မုန႔္မီးကင္ယိုသုတ္ႏွင့္ေကာ္ဖီပူပူေလးကိုစားေသာက္ႏွင့္ေနေခ်ၿပီ။ စားပြဲတြင္ဝင္ထိုင္လိုက္သည္ႏွင့္ ကြၽန္မေရွ႕သို႔ေကာ္ဖီနံ႔သင္းသင္းေလးတစ္ခြက္အရင္လာခ်ေပးေသာ အိမ္အကူမေထြးကိုသေဘာက်စြာတစ္ခ်က္လွမ္းၾကည့္လိုက္မိသည္။
မေထြးကို ကြၽန္မ၏အိမ္သို႔ေခၚထားသည္မွာ ရွစ္ႏွစ္ ကိုးႏွစ္ခန႔္ပင္ရွိလာၿပီ။ သမီးႀကီးတစ္ႏွစ္အ႐ြယ္က
တည္းက ကြၽန္မ၏အိမ္သို႔မေထြးေရာက္လာျခင္းျဖစ္သည္။ ထိုအခ်ိန္ကသူမ၏အသက္မွာ၄၀ဝန္း
က်င္ခန႔္သာရွိေသးသည္။ အသားမျဖဴမညိဳ၊ အရပ္
မနိမ့္မျမင့္၊ မ်က္ႏွာဝိုင္းဝိုင္းႏွင့္မေထြးသည္ အလုပ္လုပ္ရာတြင္သြက္လက္ခ်က္ခ်ာလြန္း၏။ကြၽန္မတို႔အိမ္သားမ်ား၏အလိုက္ကိုသိတတ္လြန္းသူ၊ ႐ိုးလည္း႐ိုးသည္။ အိမ္တြင္းစကားအျပင္သို႔မသယ္တတ္သူလည္းျဖစ္၍ ကြၽန္မသူ႔ကိုလက္မလြတ္ေတာ့ေပ။
အခ်က္အျပဳတ္လည္းေကာင္းၿပီး မေထြးရွိေနလွ်င္ ကြၽန္မ၏အိမ္ကသပ္ရပ္သန႔္ရွင္းေနစၿမဲ။ မေထြး၏
အားနည္းခ်က္က ပစၥည္းအဆန္းမ်ားအသုံးမျပဳတတ္သည္ကလႊဲ၍ က်န္တာအကုန္လွည့္ၾကည့္စရာ
မလိုေပ။ ထိုအရာသည္လည္းအခက္ႀကီးေတာ့မဟုတ္။ သူမကိုတစ္ပတ္ခန႔္အခ်ိန္ေပးၿပီး အသုံးျပဳနည္းမ်ားျပသထားလိုက္ရာ ယခုဆိုလွ်င္ အဝတ္ေလွ်ာ္စက္၊ ဂတ္စ္မီးဖို၊ အသားေပါင္းအိုး စသျဖင့္
အသုံးျပဳတတ္သြားေလၿပီ။
အမွန္တကယ္ဆိုလွ်င္ မေထြးကတစ္ကိုယ္ရည္သ
မားေတာ့မဟုတ္ေခ်။သူမ၌သားသမီးသုံးေယာက္
ရွိေလသည္။ သားႏွစ္ေယာက္ကပန္းရံက်ဘန္းလုပ္ကိုင္ေသာ္လည္း ညေနခ်ိန္ဆိုလွ်င္ မူးေနၿပီ။သမီးအငယ္ဆုံးမွာ အသက္ (၁၆)ႏွစ္ႏွင့္အိမ္ေထာင္
ျပဳသြားၿပီးသူ႔အိမ္ေထာင္ႏွင့္သူေနသည္။ ညဖက္မူးမူးလာသည့္သားႏွစ္ေယာက္မွာမူးလာလွ်င္ျပႆနာေပါင္းစုံရွာတတ္သည္။ ေအာ္ဟစ္ဆဲဆိုရန္ျဖစ္ျခင္း
မ်ားကညတိုင္းလိုလိုပင္။ မေထြးကရပ္တကာလွည့္ခဝါသည္။ရသမွ်ရွာသမွ်ပိုက္ဆံသူမ သုံးရသည္ဟူ၍မရွိ။
သားဆိုးအေမတေပေပ၊ လင္ဆိုးမယားတဖားဖား ဆိုသည့္အတိုင္းသားႏွစ္ေယာက္အျမည္းဖိုး၊ က်န္းမာ
ေရးခ်ဴခ်ာလွ်င္ေဆးဖိုးျဖစ္ျဖစ္သြားသည္။ မေထြးကမုဆိုးမ။ သမီးအငယ္မအသက္ ၁၄ႏွစ္အ႐ြယ္
တြင္ ခင္ပြန္းျဖစ္သူလည္းအရက္ေၾကာင့္အသည္းေျခာက္ကာဆုံးပါးသြားခဲ့သည္။ ဆုံးသြားသည္ပင္
မေထြးအတြက္ေကာင္းေသးသည္ဟုအရပ္ကေျပာၾက၏။ ေယာက်ာ္းျဖစ္သူမွာလည္းမေထြးရွာစာအခန႔္သားထိုင္စားကာ အၿမဲမူး႐ူးေနသူျဖစ္၍ ပတ္ဝန္းက်င္က မေထြးကိုေစတနာရွိေသာ္ျငား ေယာက်ာ္းျဖစ္သူကိုႏွာေခါင္းရႈံ႕ၾကသည္။
မုဆိုးမအျဖစ္ေရာက္လာေသာမေထြးမွာအရပ္တကာလွည့္အဝတ္ေလွ်ာ္ေသာ္လည္း အဆင္ေျပတလွည့္ မေျပတလွည့္။ ေငြအနည္းငယ္ရလာသည့္ရက္ဆိုလွ်င္ သားေတြက ” အေမ…အေမ ” ႏွင့္ပါးစပ္ဖ်ားကမခ်ေသာ္လည္း ေငြမကပ္ခ်ိန္ဆိုလွ်င္ မေထြးကိုရွိသည္ဟုပင္မထင္ေခ်။ ထို႔ေၾကာင့္ ခဝါသည္လုပ္ရင္း သားႏွစ္ေယာက္ေၾကာင့္ အိမ္မွာမေပ်ာ္ပိုက္ေတာ့ေသာမေထြးကို ကြၽန္မအိမ္၌ေခၚထားခဲ့ျခင္းျဖစ္သည္။
ဤသည္ကိုပင္ မေထြးမွာ လစာရသည့္ရက္မ်ားဆိုလွ်င္ သူ၏သားေတြအတြက္ လိုအပ္သည္မ်ားဝယ္
ျခမ္းသြားတတ္ျပန္၏။ တစ္ညတန္သည္ ႏွစ္ညတန္
သည္ အိမ္ျပန္သြားတတ္သည္။
ထိုရက္မ်ားဆို ကြၽန္မလက္က်ိဳးေသာေန႔ပင္။ အျပင္ထြက္အလုပ္လုပ္ေနရေသာကြၽန္မမွာ သမီးႏွစ္ေယာက္ေဝယ်ာဝစၥကို မလွစ္ဟင္းေစရန္ဂ႐ုျပဳရသျဖင့္ ယားလို႔ကုတ္ခ်ိန္ပင္မရွိလွေခ်။ သမီးေတြကငယ္႐ြယ္ေသးသျဖင့္လည္း ဗ်ာပါမ်ားလွ၏။ မေထြးျပန္လာခ်ိန္ဆိုလွ်င္ ေနာက္ပိုင္းအ္ိမ္ကိစၥလွည့္ၾကည့္စရာမလိုသျဖင့္ စိတ္ေျဖာင့္ေျဖာင့္အလုပ္လုပ္ႏိုင္
ခဲ့သည္။ ကြၽန္မမွာမေထြးအေၾကာင္းတစ္ခ်က္ေတြးရင္း ေကာ္ဖီကိုအျမန္ေမာ့ေသာက္ကာ သမီးေတြေက်ာင္းအမွီပို႔ရန္ထြက္လာခဲ့ေတာ့သည္။ မေထြးမွာေတာ့ မီးဖိုေပၚတင္ထားေသာ ၾကက္သားဟင္းအိုးကို
ေမြကာ က်န္ရစ္ခဲ့ေခ်ၿပီ။
တစ္ရက္တြင္ မေထြးကကြၽန္မကိုခြင့္ေတာင္းသည္။ သူမ၏ေယာင္းမမ်ားက ႐ြာတြင္အလႉလုပ္ရင္း ဆုံး
ပါးသြားသည့္မေထြးေယာက်ာ္းအတြက္ပါ ေရစက္ခ်တရားနာေပးမည္ျဖစ္၍ ေယာက်ာ္းျဖစ္သူဇာတိ
ျဖစ္ေသာ ေ႐ႊပင္ဆင့္႐ြာသို႔သြားရမည္ျဖစ္ေၾကာင္းေျပာလာသည္။မေထြးစကားေၾကာင့္ကြၽန္မမွာအား
အင္ကုန္ခမ္းသြားသလိုျဖစ္ေပၚမိ၏။ မေထြးမရွိလွ်င္ကြၽန္မပင္ပန္းရေပမည္။ သို႔ေသာ္လည္း ကြၽန္မ
ကိုယ့္ကိုယ္သတိျပန္ေပးမိသည္။ ကြၽန္မလုပ္ရမည့္အလုပ္ကို ကြၽန္မအလွ်င္မွီေအာင္ႀကိဳးစားလုပ္မည္။ ဤသည္ကကြၽန္မတာဝန္ပင္မဟုတ္လား။
မေထြး႐ြာျပန္သြားၿပီး ကြၽန္မတစ္ေယာက္တည္း အိမ္အလုပ္ ကုမၸဏီအလုပ္မ်ားႏွင့္ ခ်ာလပတ္ရမ္းေနခဲ့ရၿပီ။ ခင္ပြန္းသည္ကလည္း ကုမၸဏီအလုပ္ျဖင့္ ခရီးထြက္သြားရသျဖင့္ ပို၍ကသီခဲ့ရေလသည္။ သမီးေတြကိုမနက္စာအျပင္ဆိုင္မွာေကြၽးၿပီးေက်ာင္းပို႔၊ အလုပ္သြား။ ေန႔လည္႐ုံးမွအနည္းငယ္ေစာေစာေတာင္းျပန္ကာ ကေလးထမင္းပို႔ရန္ ဆိုင္တြင္ခ်ိဳင့္ဆြဲ။ ေန႔လည္စာကိုေတာ့ႀကဳံသည့္ဆိုင္မွာဝင္စားၿပီး႐ုံးျပန္တက္။ ညေနတြင္ေတာ့ သမီးႏွစ္ေယာက္ကို ကြၽန္မအေမကသြားႀကိဳေပးထားသျဖင့္သာေတာ္ေသး၏။ ႐ုံးဆင္းလွ်င္ စူပါမားကတ္တစ္ခုခုတြင္လိုအပ္သည္မ်ားဝယ္ျခမ္းၿပီး အေမတို႔အိမ္တြင္ သမီးေတြကိုဝင္ေခၚကာအိမ္ျပန္ရသည္။
အိမ္ေရာက္သည္ႏွင့္ မနားရေသးေခ်။ တစ္ေနကုန္အျပင္စာစားရသျဖင့္ ညစာေလးေတာ့ဖြယ္ဖြယ္
ရာရာခ်က္ေကြၽးခ်င္သည္။ ခ်က္ျပဳတ္ေဆးေၾကာၿပီး ညစာစား။ သမီးေလးေတြစာက်က္သည္ကိုေဘးမွထိုင္ေစာင့္ရင္း အဝတ္အစားမ်ားမီးပူထိုင္တိုက္ကာ ငိုက္ရသည္။ မေထြးရွိလွ်င္ ကြၽန္မအတြက္အလြန္သက္သာလွသျဖင့္မေထြးျမန္ျမန္ျပန္လာပါေစဟု စိတ္ထဲေတာင့္တမိသည္ကအခါခါပင္။အေနၾကာ၍
လည္း သံေယာဇဥ္ကတြယ္တာေနခဲ့ၿပီ။ ေဆြမေတာ္၊
မ်ိဳးမေတာ္ေသာ္ျငား ကြၽန္မအိမ္တြင္ မေထြးသည္ မိသားစုကဲ့သို႔ေနႏိုင္သည္။
ကြၽန္မတို႔စားသလိုသာေကြၽးသည္။ အိမ္အကူဆိုၿပီး ခြဲျခားထားျခင္းမရွိေခ်။ ထို႔ေၾကာင့္လည္း မေထြးက ကြၽန္မထံေနရသည္ကိုေပ်ာ္သည္စိတ္ခ်မ္းသာသည္ဟု မၾကာခဏဆိုသလိုေျပာတတ္သည္။ မီးပူတိုက္
ကာ ငိုက္ေနရင္း ကြၽန္မအျမင္အာ႐ုံထဲတြင္ မေထြးကိုဝိုးတဝါးျမင္ေယာင္လာခဲ့၏။ အမွန္တကယ္အျပင္တြင္ ျမင္ေတြ႕ေနရသကဲ့သို႔ျမင္လိုက္မိသျဖင့္ မေထြးမ်ားျပန္လာေလသည္လားဟု ဝမ္းသာသြားမိေသး
သည္။ ၿပီးမွ ” ေၾသာ္…ငါစိတ္စြဲၿပီးမ်က္စိရွာေနတာပဲ ” ဟု ကိုယ့္ကိုယ္ျပန္သိလိုက္သည္အထိ မေထြးကိုေမွ်ာ္ေနမိခဲ့ေလသည္။
မေထြး႐ြာျပန္သြားသည္က ဒီေန႔ႏွင့္ဆို ၆ ရက္ရွိၿပီ။ ထိုရက္မ်ားအတြင္း ကြၽန္မမွာ ေန႔တိုင္းလိုလို မေထြးကိုသာေမွ်ာ္ေနမိသည္ေတာ့အမွန္ပင္။ ကြၽန္မေဆြ
မ်ိဳးသားခ်င္းမ်ားက အားမကိုးရေပ။ ရလွ်င္သာ
ယူမည့္သူခ်ည္း။ ကြၽန္မလိုလွ်င္ အကူအညီမေပးခ်င္ၾကေခ်။ အိမ္ေလးတစ္ညေလာက္လာေစာင့္ခိုင္းလွ်င္ ေပးရကမ္းရသည္ထက္” ငါတို႔ကူညီေပးရတာ ” ဟူေသာစကားမ်ိဳးထပ္ခါတလဲလဲအသုံးျပဳၾကသည္။ ထို႔ေၾကာင့္လည္း ကြၽန္မႏိုင္သေလာက္သာလုပ္ၿပီး အကူအညီမေတာင္းခ်င္ခဲ့။ မေထြးရွိေတာ့ ၎တို႔၏
အကူအညီလည္း ကြၽန္မမလိုအပ္ခဲ့ေပ။ ကြၽန္မမွာ အေတြးမ်ားဟိုတစ္စ ဒီတစ္စျဖင့္မီးပူတိုက္ၿပီးသား
အဝတ္အထည္မ်ားကို ျခင္းထဲသို႔စီထည့္ေနမိသည္။ သမီး ႏွစ္ေယာက္က စာက်က္ေနရင္း ကြၽန္မကိုလွမ္းလွမ္းၾကည့္ေနသည္ကို သတိထားမိလိုက္၏။ သြားရည္စာမုန႔္တစ္ခုခုစားခ်င္ေနသည္ကိုကြၽန္မ
သိသည္။ ကြၽန္မအလုပ္ပင္ပန္းေနသည္ကိုလည္းသိသျဖင့္သမီးႏွစ္ေယာက္မွာမေတာင္းရဲၾကေခ်။ မေထြးသာရွိလွ်င္ သမီးေလးေတြစာက်က္ရင္းစားဖို႔ သြားရည္စာတစ္ခုခုေတာ့ လုပ္ေပးေနေလာက္
ေခ်ၿပီ။
” ဂလုန္း ”
႐ုတ္တရက္မီးဖိုခန္းထဲမွ တစုံတခုက်သံကို ၾကားမိလိုက္သည္။ ကြၽန္မ၏အိမ္တြင္ ႂကြက္မရွိသလို မည္သည့္အိမ္ေမြးတိရိစာၦန္မွမရွိေပ။ ကြၽန္မလည္း သား
အမိသုံးေယာက္တည္းရွိ၍ စိတ္ခ်ရေအာင္ မီးဖိုခန္းဆီေလွ်ာက္ၾကည့္လိုက္၏။ မီးဖိုခန္းသည္တိတ္ဆိတ္ေနၿပီး ၿငိမ္သက္ေနသည္။ ကြၽန္မေမွာက္တင္ထားသည့္ပန္းကန္စင္ေပၚမွ ပန္းကန္က်သံသာျဖစ္မည္ဟုေတြးရင္း ျပန္လွည့္ရန္အထြက္ ေၾကာင္အိမ္တံခါးက
ပြင့္လာေလေတာ့သည္။ ကြၽန္မလည္း အံ့ၾသစြာေၾကာင္အိမ္ကိုေငးၾကည့္ေနမိသည္။ အဘယ္ေၾကာင့္သူ႔အလိုလိုပြင့္လာသည္ကိုစဥ္းစားမရေခ်။
ေၾကာင္အိမ္ေသခ်ာမပိတ္မိသည္သာျဖစ္မည္ဟုျပန္ေတြးရင္း တံခါးပိတ္ရန္ေလွ်ာက္လာခဲ့ေတာ့သည္။ ေၾကာင္အိမ္ထဲသို႔ၾကည့္လိုက္သည့္အခါ သြားရည္စာျပဳလုပ္ရန္ ပစၥည္းမ်ားစုံစုံလင္လင္ကိုေတြ႕လိုက္ရသည္။ သမီးႏွစ္ေယာက္ကိုသတိရသြားၿပီးေၾကာင္
အိမ္ထဲမွေခါက္ဆြဲတစ္စီးကို ထုတ္ယူလိုက္သည္။ ေရေႏြးဆူဆူတင္ၿပီး ေခါက္ဆြဲထည့္ျပဳတ္ကာ ငံျပာ
ရည္ ဆီက်က္မ်ားထည့္လိုက္သည္။ ေရခဲေသတၱာထဲမွ နံနံပင္ႏွင့္ သံပရာသီးေလးနဲနဲစီထည့္ကာ ဆီက်က္
ေခါက္ဆြဲေလးျပင္ဆင္ေပးၿပီး ယူလာခဲ့လိုက္၏။
သမီးေတြကေတာ့သူတို႔စားေနၾကအခ်ိန္ျဖစ္၍ ဆာေနပုံရသည္။ကြၽန္မျပင္ဆင္ေပးေသာေခါက္ဆြဲကို ႏွစ္ေယာက္သားစားေနရင္း
” အန္တီေထြး ကိုမလုပ္ခိုင္းဘူးလားေမေမ… ”
” အန္တီေထြးမွမျပန္လာေသးတာ… ေမေမလုပ္ထားတာစားလို႔ေကာင္းလား ”
” ျပန္လာၿပီေလ… ခုနကပဲအခန္းထဲဝင္သြားတယ္ ”
သမီးအငယ္၏စကားေၾကာင့္ ကြၽန္မႏႈတ္ဆိတ္သြားမိသည္။ ဇေဝဇဝါျဖင့္ အိမ္တံခါးဖက္သို႔လွမ္းၾကည့္လိုက္သည့္အခါ အိမ္တံခါးကအထဲမွ ဂ်က္ခ်ထားၿမဲ။ အျပင္ဖက္မွေသာ့ျဖင့္ဖြင့္ဝင္ေသာ္ျငား အိမ္ထဲမွ
တံခါးဂ်က္ကိုမဖြင့္လွ်င္ မည္သို႔မွ်အိမ္ထဲဝင္မရႏိုင္ေပ။
” မီးမီး… မဟုတ္တာေတြေလွ်ာက္စေန… စားစရာရွိတာစား ၿပီးရင္အိမ္စာလုပ္ေတာ့ ”
” ဟုတ္တယ္…အန္တီေထြးျပန္လာတာ… သမီးတို႔ကိုေတာင္ရယ္ျပသြားေသးတယ္… ဘာမွလည္းမေျပာဘူး ”
ယခုအခါ အသက္ ( ၁၁ )ႏွစ္အ႐ြယ္သမီးႀကီးကဝင္ေရာက္ေထာက္ခံသည့္အခါ ကြၽန္မ မေနႏိုင္ေတာ့ေခ်။ မေထြးအခန္းဖက္သို႔သြားၾကည့္မိလိုက္ေတာ့
သည္။မေထြးအခန္းကသူမ႐ြာျပန္သြားစဥ္ကအတိုင္း
ေစ့႐ုံေစ့ထား၏။ အခန္းတံခါးကိုဆြဲဖြင့္လိုက္စဥ္ ႂကြက္ေသပုပ္နံ႔လိုလိုပုပ္အဲအဲအနံ႔အသက္တစ္ခုကို
႐ူရႈိက္မိလိုက္ေတာ့သည္။အခန္းမီးခလုတ္အား လွမ္း
ဖြင့္ရင္း မ်က္လုံးေဝ့ၾကည့္လိုက္သည့္အခါ မည္သည့္
အရာမွ်မရွိ။ မေထြးလည္းျပန္မလာေပ။ သမီးႏွစ္ေယာက္မွာ သတိရေနသျဖင့္ ထင္ေယာင္ထင္မွားျမင္မိဟန္တူ၏။
” ကဲ… သမီးတို႔အန္တီေထြးျပန္မလာေသးဘူး…ျမင္လား…ဘယ္သူမွမရွိဘူး… ”
ကြၽန္မစကားေၾကာင့္ သမီးႏွစ္ေယာက္မွာ စားေနရင္းအခန္းထဲသို႔ေျပးလာကာ ပတ္ရွာၾကည့္ေနသည္။
” ခုနကတကယ္ေတြ႕တာ ေမေမ… အန္တီေထြးျပန္လာတာေလ ”
” မီးမီး မစပါဘူး… အန္တီေထြးပုန္းေနတာလားမသိဘူး ”
သမီးႏွစ္ေယာက္ကေတာ့ တပ္အပ္ေသခ်ာျမင္သည့္အလားေျပာျပေနၾကသည္။ ကြၽန္မလည္း ဘာမွရွင္းျပမေနေတာ့ဘဲ အခန္းတံခါးကို ျပန္ေစ့ထာလိုက္၏။
အခန္းမီးေတာ့မပိတ္ခဲ့ေခ်။ သမီးေတြစာက်က္ေန
သည့္ေနရာႏွင့္ မေထြးအခန္းကမ်က္ေစာင္းထိုးျဖစ္သည္။ကြၽန္မလည္း သမီးေတြဖက္မ်က္ႏွာမူရင္း အခန္းကိုေက်ာေပးကာထိုင္ေန၏။ ဆယ့္ငါးမိနစ္ခန႔္ၾကာေသာအခါ မေထြးအခန္းမွ မီးခလုတ္ပိတ္လိုက္သံကိုနားျဖင့္ဆတ္ဆတ္ၾကားလိုက္မိေတာ့သည္။ အခန္းဖက္သို႔ ကိုယ္တေစာင္းလွည့္ၾကည့္လိုက္သည့္အခါ မေထြးအခန္းမီးက ပိတ္ေနေလသည္။
ကြၽန္မမွာ ညႀကီးမီးပူတိုက္ေနသျဖင့္ မီးအားမႏိုင္ျခင္းမ်ားလားဟုေတြးကာ မီးပူကိုပိတ္လိုက္မိသည္။ ထို႔ေနာက္ မီးပူတိုက္သည့္ခုံကိုသိမ္းဆည္းရန္ကုန္း႐ုန္းထလိုက္စဥ္တြင္ မေထြးအခန္းတံခါးႀကီးမွာ
သူ႔အလိုလိုပြင့္လာေလေတာ့သည္။ ထိုအခါ ကြၽန္မမွာေခါင္းနဘန္းႀကီးလာသလိုခံစားရေတာ့၏။ တေစၦသရဲမ်ားလားဟူေသာအသိကဝင္လာမိသည္။ တေစၦသရဲဆိုလွ်င္လည္း မည္ကဲ့သို႔အိမ္ထဲေရာက္ေနသနည္းကိုမူ စဥ္းစားမရေပ။ သမီးႏွစ္ေယာက္က
ေတာ့သိဟန္မတူ။ စာကိုျမန္ျမန္လက္စသတ္ေန၏။ ကြၽန္မလည္း ထိတ္ထိတ္လန႔္လန႔္ျဖင့္ အခန္းတံခါးကိုျပန္ဆြဲအပိတ္ ‘ ေခ်ာက္ကနဲ ‘ အသံႏွင့္အတူအခန္းမီးျပန္လင္းသြားေလေတာ့သည္။
ထိုအခ်ိန္သည္ ရင္တစ္ခုလုံးေျဗာင္းဆန္ေအာင္ တုန္
လႈပ္မိသည္ကအမွန္ပင္။ ေျခဖ်ားလက္ဖ်ားမ်ားပင္ေအးစက္လာသည္။ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္အခန္းတံခါးကို ျပန္ဆြဲဖြင့္ကာ အခန္းထဲသို႔သာ
စိုက္ၾကည့္ေနမိေတာ့သည္။ မေထြးအခန္းထဲသို႔အာ႐ုံစိုက္ေနစဥ္သမီးအငယ္မေလးက
” အန္တီေထြးဟိုမွာေလေမေမ ”
ဟုဆိုကာ မီးဖိုခန္းဖက္သို႔ၫႊန္ျပလာသည္။ ကြၽန္မသည္လည္း အလွ်င္အျမန္လွည့္ၾကည့္လိုက္သည့္အခါ မေထြး၏ေနာက္ေက်ာဖက္ကို လွ်ပ္တျပက္ျမင္ေတြ႕လိုက္ရေတာ့သည္။
” မေထြး… မေထြး ”
ကြၽန္မမွာ အံ့အားသင့္မႈႏွင့္အတူ ေအာ္ေခၚရင္း မီးဖို
ခန္းသို႔ေျပးသြားၾကည့္လိုက္၏။ သို႔ေသာ္ မီးဖိုခန္းတြင္ မေထြးရွိမေနေခ်။ ယခုအခါတြင္ေတာ့ ကြၽန္မမ်က္စိျဖင့္ေသခ်ာစြာျမင္ေတြ႕လိုက္ရၿပီျဖစ္၍ စိုးရိမ္
စိတ္ကျမင့္တက္လာေလေတာ့သည္။ ပိုက္ဆံအိတ္ထဲမွ ဖုန္းကိုထုတ္ယူကာ ဖုန္းနံပါတ္ကိုအသဲအသန္ရွာေဖြမိသည္။ မေထြးက မိုဘိုင္းဖုန္းမသုံးတတ္သျဖင့္ ဖုန္းမရွိေပ။ မေထြး၏သားျဖစ္သူဖုန္းကိုကြၽန္မဆက္လိုက္သည့္အခါ ဖုန္းမကိုင္ၾက။ ကြၽန္မမွာ မည္သူ႔ကိုဆက္ေမးရမွန္းမေတြးတတ္ေအာင္ပင္ျဖစ္ေပၚေနရသည္။
သမီးႏွစ္ေယာက္စာက်က္ၿပီး အခန္းထဲသို႔လိုက္ပို႔ကာ အိပ္ရာျပင္ေပးခ်ိန္တြင္ မေထြးအခန္းဆီမွ တံခါး
ပိတ္သံကိုၾကားလိုက္ရျပန္ေလသည္။ ကြၽန္မအလြန္ပင္ထိတ္လန႔္ေနမိၿပီ။ အခန္းထဲသို႔ပင္သြားမအိပ္ႏိုင္
ေတာ့သျဖင့္ သမီးႏွစ္ေယာက္အခန္းမွာပင္ ဝင္ေနေနမိသည္။လက္ထဲမွဖုန္းျမည္လာသျဖင့္ ၾကည့္လိုက္သည့္အခါ မေထြး၏သားျဖစ္သူဖုန္းျပန္ေခၚဆိုလာသည္အားေတြ႕ရ၍ ဝမ္းသာသြားရ၏။
” ဟဲလို… သားေရ… အန္တီလင္းပါ ”
” ဟုတ္ကဲ့… အန္တီ… ကြၽန္ေတာ္လည္းဖုန္းဆက္ေျပာမလို႔ပဲ…အခုလမ္းတစ္ဝက္မွာေရာက္ေနလို႔မဆက္ျဖစ္တာ ”
” ဟမ္… ဘာျဖစ္လို႔လဲ… အေမေကာ…အေမဘယ္ေန႔ျပန္လာမွာတဲ့လဲ ”
” အေမဆုံးၿပီတဲ့အန္တီလင္းရယ္… ကြၽန္ေတာ္တို႔ညေနကပဲ ႐ြာကိုလိုက္မလို႔ထြက္လာၾကတာ… ”
မေထြး၏သားျဖစ္သူစကားေၾကာင့္ ကြၽန္မတစ္ကိုယ္လုံးေအးစက္ေတာင့္တင္းသြားရသည္။
” ဟယ္…ဘယ္…ဘယ္လို…ျဖစ္တာလဲ ”
” မေန႔ညကအလႉၿပီးေတာ့ ဒီမနက္ အမ်ိဳးေတြဆီသြားလည္မယ္ဆိုၿပီးဟိုက္ဂ်က္ကားနဲ႔႐ြာကထြက္လာၾကတာ… ဟိုင္းေဝးလမ္းေပၚမွာပဲႏြားကိုေရွာင္လိုက္တာဗ်ာ… မ်က္ႏွာခ်င္းဆိုင္ဖက္ကလည္းကားကလာေန
ေတာ့ ကားကိုထပ္ေရွာင္ရင္းနဲ႔ ကားေမွာက္သြားတာတဲ့အန္တီအေမေရာအပါ အားလုံးေလးေယာက္အဲ့ေနရာမွာတင္ပြဲခ်င္းၿပီးတဲ့ဗ်ာ… ဟီး…အီး…အီး…. ကြၽန္ေတာ္တို႔လည္းၾကားၾကားခ်င္းအားခ်င္းထြက္လာတာအန္တီလင္း… ခုမွလမ္းေပၚမွာပဲရွိေသးတယ္…အဟင့္…ဟီး…အေမ့အေလာင္းမေတြ႕ရေသးဘူးဗ်… အီး…ဟီး…”
” ဘုရား…ဘုရား…”
မေထြးသားမွာလည္း မိခင္ေၾကာင့္ပူပန္ကာ ရႈိက္
ႀကီးတငင္ငိုေႂကြးေနရွာၿပီ။ စကားလုံးမ်ားပင္မသဲကြဲေတာ့။ ကြၽန္မလည္းဆက္မေမးေတာ့ဘဲ ေရာက္လွ်င္ဖုန္းျပန္ဆက္ရန္သာ မွာၿပီးဖုန္းခ်လိုက္ရသည္။ထိုသို႔
ဆိုလွ်င္ မေထြး၏ဝိဥာဥ္သည္ ကြၽန္မ၏အိမ္ထဲသို႔ေရာက္ေနသည္မွာေသခ်ာသေလာက္ရွိေနေခ်ၿပီ။ ကြၽန္မသည္လည္း မေထြးအတြက္ရည္စူးကုသိုလ္ျပဳလုပ္ေပးရမည္။ ၾကားရသည့္သတင္းေၾကာင့္ မ်က္ရည္ဝဲတက္လာမိ၏။
ခင္တြယ္ရသည့္သံေယာဇဥ္ေၾကာင့္ ရင္ထဲပူေလာင္ေနမိသည္။မေထြးမွာ ကြၽန္မအေပၚသံေယာဇဥ္ရွိရွာသည္ထင္သည္။ အိမ္သို႔ေရာက္လာကာ လာႏႈတ္ဆက္သည္ဆိုရမည္လား။ ကြၽန္မ ကိုလာကူညီခ်င္စိတ္ကပိုခဲ့သည္လားမေျပာတတ္ေပ။ ေသခ်ာသည္ကေတာ့ မနက္ျဖန္မေထြးအတြက္ရည္စူးကာ အလႉျပဳလုပ္ေပးရမည္။သူမ ေကာင္းရာမြန္ရာဘဝသို႔ ေရာက္ရွိသြားပါေစဟု အႀကိမ္ႀကိမ္ဆုေတာင္းမိေန၏။ ကြၽန္မ အခန္းထဲမွထြက္ကာ မေထြးအခန္းဖက္သို႔ၾကည့္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။
” မေထြးေရ… သမီးေလးေတြနဲ႔ ကြၽန္မကိုမေျခာက္ပါနဲ႔ေနာ္…မနက္ၾကရင္ အလႉေရစက္ခ်ေပးပါ့မယ္… အမွ်လာယူလွည့္ပါမေထြးေရ… ”
ထိုသို႔ေျပာၿပီး အခန္းထဲျပန္ဝင္ခဲ့၏။ ကြၽန္မရင္ထဲေနလို႔မေကာင္းေခ်။ငိုခ်င္သလိုလိုျဖစ္ေနေသာ္လည္း မ်က္ရည္ဝဲ႐ုံသာ။ မ်က္ရည္ကမက်။ရင္ထဲဆို႔နစ္ေနရသည္။ သမီးေလးေတြေဘးငုတ္တုတ္ထိုင္ရင္း မေထြးအသံကိုနားစြင့္မိေနသည္။ မည္သည့္အသံမွထပ္မၾကားေသာ္လည္းမေထြးရွိေနသည္ဟု ကြၽန္မ စိတ္ထဲခံစားမိေနပါေတာ့သည္။
ေနာင္ဘဝမ်ားရွိခဲ့လွ်င္ ယခုလိုအျဖစ္ဆိုးမ်ိဳးမွကင္းေဝးပါေစေၾကာင္းအထပ္ထပ္အခါခါဆုေတာင္းေပးေန႐ုံမွအပ။
ေသာ္တာလမင္းစႏၵာ