“အောက်လမ်းပညာတုံ့ပြန်ချိန်”(စ-ဆုံး)

Unicode Version

“အောက်လမ်းပညာတုံ့ပြန်ချိန်”(စ-ဆုံး)
——————————————-
ဘုရားဒကာ၊ ကျောင်းဒကာ၊ ဇရပ်ဒကာ၊ ရဟန်း ဘွဲ့တွေတစ်သီကြီးခံယူထားတဲ့ကျွန်တော့်သူငယ် ရင်း ဌာနဆိုင်ရာ အရာရှိဟာ အလှူပေး သူဌေးမဖြစ်ဘဲ ပင်စင်ယူပြီးနောက်ပိုင်း အကြွေးတွေ ပတ်လည်ဝိုင်း၊ တစ်လ အတိုးခြောက်သိန်းတောင် ဆပ်စရာမရှိ။ ထမင်း တောင် နပ်မှန်အောင် ရုန်းကန်နေရလောက်အောင်
ဆင်းရဲမွဲတေပြီးဆင်းရဲခြင်းဒဏ်လူးလှိမ့်ခံစားနေပါတယ် ဆိုတာပြောရင် ယုံနိုင်စရာ မရှိအောင်ပါ။ သနားစရာကောင်းသလိုသင်ခန်းစာယူစရာတွေ၊
သံဝေဂတွေလည်းဖြစ်ရပါတယ်။
သူငယ်ချင်း ဘာ့ကြောင့် ဒီအခြေအနေအထိဖြစ် သွားရလဲဆိုတာတော့ ကျွန်တော်အပါအဝင် ဆရာ့ သူငယ်ချင်း မိသားစု။ သူငယ်ချင်းဆရာလက်အောက် အရင်းနှီးဆုံး ဝန်ထမ်းတွေလောက်ပဲ သိကြပါတယ်။ အပြန်အလှန် သိက္ခာထိန်းရင်း နှုတ်ပိတ်ထားကြပေမယ့် ဆင်သေကိုဆိတ်သားရေနဲ့ဖုံးသလိုပါပဲ။ ဟုတ်လို့ကျော်၊ ပုပ်လို့ပေါ်ကုန်တာပါ။

သူငယ်ချင်းဆရာဟာ သူ့သမီး အိမ်ထောင်ရေးကိစ္စ၊ တစ်ဆင့်မြင့် ရာထူ၊ ရရှိရေးကိစ္စ။ နေရာကောင်းလက်မလွှတ်ရရေးကိစ္စ သန္ဓေအရာရှိတွေပခုံးမယှဉ်နိုင် ရေး၊ ကျော်မတက်နိုင်ရေးကိစ္စတွေမှာကိုယ့်ကိုယ်စွမ်း၊ ဉာဏ်စွမ်းကိုယ့်လုပ်ငန်းကျွမ်း ကျင်မှု၊ အုပ်ချုပ်မှု၊ ရိုးသားခြင်း၊ ကြိုးစားခြင်းနဲ့မဟုတ်တဲ့ အောက်လမ်းဆရာဆီမှာ တပည့်ခံ ဆရာလမ်၊ညွန်မှုတွေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်တာတွေလုပ်လို့ပါ။
အောက်လမ်းပညာဆိုတာလတ်တလော ကိုယ်ရည်စူးသူကိုထိရောက်ပေ
မယ့်ကိုယ်ကံနိမ့်တဲ့အခါကိုယ့်ဘက်တန်ပြန်လာတတ်ပါတယ်။တစ်ဖက်သားအကျိုး ပျက်ရသလို ကိုယ့်အကျိုးလည်း ပျက်ရမှာပါပဲ။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်ဆိုတဲ့ သဘောအတိုင်းပါ၊

ကျွန်တော်နဲ့ ကျွန်တော့်ဆရာ အရာရှိသူငယ်ချင်းဟာ စစ်မှုထမ်းဟောင်း တွေပါ။ ၁၉၇၀ – ပြည့် နှစ်ကျော် ကာလတွေက ကျွန်တော်က စီဂနယ်ဆာဂျင် ကျွန် တော့် သူငယ်ချင်းက ဆေးမှူးဖြစ်တာကြောင့် စစ်ဆင်ရေးထွက်တိုင်းကျွန်တော်တို့ နှစ်ယောက်ဟာ စစ်ကြောင်းရုံးမှာချည်းပဲ တာဝန်ထမ်းဆောင်ခဲ့ကြရတာကြောင့် ညီကို ရင်းထက်တောင် သံယောဇဉ်ပိုတယ်လို့ ဆိုနိုင်ပါတယ်။
ကျွန်တော်ဟာစီဂနယ်ဆာဂျင်အပြင်စစ်ကြောင်းစစ်သည်နဲ့အထမ်းသမား ရိက္ခာတာဝန်ခံအဖြစ်ပါထမ်းဆောင်ရစဉ်မှာရိက္ခာစိုပြတ်တဲ့အခါဝက်ဝယ်ပေါ်တပ်ခွဲ တွေ ဝေငှရပါတယ်၊ ကျွန်တော့်သူငယ်ချင်းဟာ ရဲဘော်တွေပြောနေကျ ဝက်သား ကြိုက်တာတော့ ပြောမနေနဲ့၊အကောင်သေးရင် ပါးစပ်ထဲမောင်းသွင်းမယ့်ကောင်” ဆိုသလိုပါကျွန်တော်ဝက်ပေါ်ပြီဆိုရေနွေးအို။ ဆီဒယ်အိုးနားက မခွာဘဲ သူစားချင် တာလှီးဖြတ်၊ပြုတ်၊ မီးဖုတ်၊ ဆီနဲ့ကြော်ပြီ၊ ထမင်းလွတ်စားတော့တာပါပဲ။
ကျွန်တော်တပ်ပြောင်၊တပ်ကထွက်၊ ဆယ်နှစ်ကျော်ကြာကွဲကွာပြီးပြန်ဆုံ ဖြစ်တော့ကျွန်တော့်သူငယ်ချင်းဟာသူ့ဆရာ သူကောင်းပြုမှုနဲ့ အစိုးရဌာနတစ်ခုကို ပခုံးပြောင်းတာဝန်နဲ့ရောက်၊ကျွန်တော်က ထောက်ကြန့်အာတီစီမှာဝန်ထမ်းဘဝနဲ့ ပြန်ဆုံတဲ့အခါ ကျွန်တော့်အခြေအနေဟာ ယိမ်းယိုင်နေချိန်ဖြစ်လို့ သူငယ်ချင်းက သူ့ဌာနကိုခေါ်သူ့ရဲ့ကိုယ်ရေးအရာရှိ ခန့်အပ်ပါတယ်။

ကျွန်တော်တို့ချင်းပြန်တွေ့စဉ်မှာတစ်ချိန်ကဝက်ဆိုရင်ပါးစပ်ထဲအကောင် လိုက်မောင်၊သွင်းခဲ့တဲ့ သူငယ်ချင်းဟာဝက်ကိုမစားတော့တဲ့အပြင် ဝက်သားဟင်း ပန်းကန်ကိုကြည့်တဲ့အကြည့်ဟာ မစင်ကဲ့သို့ စက်ဆုပ်ရွံရှာတဲ့အဆင့်ထိ ရောက်နေ
တော့တာပါပဲ။

အသေးအမွှားကိစ္စဆိုပေမယ့်ကျွန်တော့်အတွက်အဆန်းတကြယ်ဖြစ်နေလို့ ခြေရာကောက်အစဆွဲကြည့်တဲ့အခါကျွန်တော့်သူငယ်ချင်းရဲ့ပီအေမလုပ်ချင်တော့ ပါဘူး။ ဆက်ပြီး လက်တွဲချင်စိတ် မရှိတော့ပါဘူး။ ဒါပေမဲ့ – ကျွန်တော့် အခြေအနေ ကလည်း အလုပ်ဌာနပြောင်းဖို့ဟာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လို့ မှိတ်ကြိတ် တောင့်ခံရင်း လေးငါးနှစ်ကြာကာလ (ဆရာအငြိမ်း စားယူတဲ့ထိ) ဖြတ်သန်းခဲ့ရပါ
တယ်။
ဆရာ့လုပ်ရပ်တွေကြောင့်ပါ တပ်ထဲမှာ သွေးစည်းခဲ့ကြပေမယ့် အပြင် လောက ရောက်တဲ့အခါ သွေးမစည်၊တော့ပါဘူး။ သူငယ်ချင်းက အရာရှိကြီး၊ ကျွန် တော်က သူ့ပီအေ အရာရှိငယ်၊ ကျွန်တော် မကြိုက်တာ ဖွင့်ပြော၊ သူတစ်ပါး အကျိုး ယုတ်တဲ့အလုပ်မလုပ်ဖို့တားမြစ်တာလက်မခံတော့ပါဘူး။
ဒေဝဒတ်ကိုဆရာတင်မိတဲ့အဇာတသတ်ဟာဗအေကိုသတ်၊နန်းတက်သလို
ဦးစောနဲ့ပေါင်းမှ ရန်ကြီးအောင်နိုင်ငံ့ခေါင်းဆောင်တွေကို ရက်ရက်စက်စက်လုပ်ကြံ
မိသလိုပဲတင်စားပြောဆိုချင်ပါတယ်။
ကျွန်တော့်ဆရာ သူငယ်ချင်းဟာဘာသာကွဲ၊လူမျိုးကွဲ အောက်လမ်းပညာ သည်လူယုတ်မာကိုဆရာတင်၊ ဆရာ့ကိုပေးတဲ့ကတိကိုရဲဝံ့စွာလက်ခံပြီးဝက်သား မစားတော့ဘဲ တစ်ဖက်သား အကျိုးစီးပွားပျက်စီးစေတဲ့ အောက်လမ်းပညာနဲ့ အတိုက်အခိုက်တွေလုပ်တော့တာပါပဲ။
ကျွန်တော့်ဆရာသူငယ်ချင်းက သူ့သမီးအလတ်မနဲ့ စက်သုံးဆီကန်ထရိုက် တာ သူဌေးလူပျိုကြီးနဲ့ ပေးစားဖို့ စေ့စပ်ထားပါတယ်။ ညှိပေမယ့် ဆရာ့သမီးက ခြေ မငြိမ်ပါဘူး။စေ့စပ်ထားဆဲကာလအတွင်းမှာပဲ သူ့ရည်းစားနဲ့ ချိန်းတွေ့ ရုပ်ရှင်ရုံ၊ပန်းခြံ အတူသွားတည်းခိုခန်းမှာအတူတည်းတာတွေအရှိန်မသတ်ပါဘူး။မိဘတွေ ဘယ် လိုမှဆုံးမနားချလို့လည်းလိုက်နာခြင်း မရှိပါဘူး။

အခြေအနေအရပ်ရပ်ကိုလည်း စက်သုံးဆီ ကန်ထရိုက်လူပျိုကြီးနားအထိ ပေါက်သွားလို့ စေ့စပ်ပွဲဖျက်သိမ်းဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာပါတယ်။ ဆရာတို့ သူဌေးယောက္ခမရာထူးလက်လွတ်ခံလို့မဖြစ်တာကြောင့်သမီးနဲ့ငြိစွန်းနေတဲ့ကောင် လေးကိုရောကောင်လေးအဖေကိုရော ခေါ်တွေ့ပါတယ်။
ကောင်လေးရဲ့အဖေဟာ ကျွန်တော့်ဆရာသူငယ်ချင်းရဲ့ ဌာနလုံခြုံရေး ဝန်ထမ်းပါ။ ကောင်လေးကိုနောက်ဆုတ်ခိုင်းပါတယ်။ကောင်လေးအဖေကိုအလုပ်
ဖြုတ်ပစ်ဖို့ခြိမ်းခြောက်ပါတယ်။ မရပါဘူး။ ကောင်လေးဘက်ကဖအေကိုငဲ့ပြီးနောက် ဆုတ်ပေးပေမယ့် ဆရာ့သမီးက ရှေ့တိုးပါတယ်။ ယုန်ကမတိုး ပိုက်ကတိုးတာပါ။
သမီးကို ဘယ်လိုမှထိန်းမရတဲ့ အဆုံးကြံမိကြံရာကြံမိရာက အောက်လမ်း ဆရာလူယုတ်မာနဲ့ ဆက်သွယ်မိပြီး ပေးလိုက်တဲ့အတိုက်အခိုက်၊ အစီအရင်ကို
ကောင်လေးအိမ်အောက်သွားပစ်ပါတယ်။တစ်ပတ်တောင်မကြာတဲ့ကာလတိုလေး မှာပဲကောင်လေးအဖေအစာအိမ်သွေ၊ကြောပေါက်သေဆုံးသွားပါတယ်၊ တိုက်ဆိုင်
မှုလို့ပြောလို့မရပါဘူး။ထိရောက်မှုပါ။
လင်ယောက်ျား သေပြီဆိုတော့ ခိုကိုးရာမဲ့တဲ့ဇနီးသည်ဟာ သူ့ဆွေမျိုးများ ရှိရာအပြီးပြောင်းရွှေ့သွားတာကြောင့်ကောင်လေးလည်းလိုက်ပါသွားလို့ဆရာ့သမီး
နဲ့ဇာတ်လမ်း နိတ္ထိတံသွားပါတယ်။

ကျွန်တော်တို့ဌာနကို ကျွန်တော့် ဆရာသူငယ်ချင်းနဲ့ အဆင့်တူ ပုဂ္ဂိုလ်တစ် ယောက် ပခုံးပြောင်းတာဝန်နဲ့ ပြောင်းရွှေ့ရောက်ရှိလာပါတယ်၊ နာမည်က ဦးသန်း အောင်ပါ။
သဘောကောင်း၊မနောကောင်းစိတ်ထားဖြူစင်ပြီးအထက်အောက်အလိုက် အထိုက်ပေါင်းသင်းတတ်လို့ကာလတိုအတွင်းမှာပဲဝန်ထမ်းတွေနဲ့မိသားစုလိုရင်းနှီး ကျွမ်းဝင်သွားပါတယ်။ ဆရာ့နောက်ကွယ်မှာလည်း ဝင်ဒါမီယာလို ခြံဝင်းကျယ်အိမ် ကြီးနဲ့နေတဲ့ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်ကြီး ရှိပါတယ်။ တပ်မှာ ရှိစဉ်က ဆရာရင်း၊ တပည့် ရင်း သံယောဇဉ်နဲ့ ကျွန်တော်တို့ဌာနကို ခေါ်ယူလိုက်တာပါ။ ဝန်ကြီးအိမ် တံခါးမရှိ၊ ဓားမရှိဝင်ထွက်ခွင့်ပြုထားတာကြောင့်ကျွန်တော့်ဆရာအတွက် စိုးရိမ်ပူပန်စရာတွေ
ဖြစ်လာပါတယ်။

တစ်ခုရှိတာက နောက်ရောက်တဲ့ဦးသန်းအောင်ဟာအရက်သောက်တတ် ပါတယ်။ စီးပွားရေးချို့တဲ့မှန်းသိတဲ့အောက်ခြေဝန်ထမ်းတွေကအလှည့်ကျနဲ့တိုက်လို့ သောက်တာပါ။ တာဝန်ပျက်တာမျိုးတော့မရှိပါဘူး။ ဝန်ထမ်းတွေနဲ့ ဖက်လဲတကင်း ဆိုတော့ အရက်မူး ကျွဲခိုးပေါ်ဆိုစကားအတိုင်းအကယ်၍များ ငါ့အကြောင်းတွေ့ရှိ သော်အတွေးကြောင့်လည်း စိုးရိမ်ရပါတယ်။
ပြောရရင်ကျွန်တော့်ဆရာသူငယ်ချင်းလည်းအရက်သောက်တတ်တာပါပဲ။ သူကတတ်နိုင်တဲ့လူဆိုတော့အာမီရမ်ဒါဇင်လိုက်ဝယ်ပြီးအိမ်မှာသောက်လို့မသိကြ
တာပါ။
အရက်သမားချင်းအတူတူ ငါ့ မကောင်းသတင်းတွေ သူ့ဆရာဝန်ကြီးကို သတင်းပို့ရင်ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့အတွေးတွေနဲ့လက်ဦးမှုယူလိုက်ပါတယ်။ ဦးသန်းအောင်အားနည်းချက်တွေကိုအမှန်အကန်ရောအကြံအဖန်ရောအတွင်းရော
အစီရင် ခံတော့တာပါပဲ။
ဆရာတင်တဲ့ ဦးသန်းအောင်အပေါ်စွပ်စွဲချက်တွေလုပ်ကြံဖန်တီးချက်တွေ ပါရှိတဲ့ အတွင်းရေးအစီရင်ခံစာ ညွှန်ချုပ်ဖတ်ပြီး ပြုံးပါတယ်။ ကျွန်တော့် ဆရာ အကြောင်းကျွန်တော့်ဆရာအကျင့်ကို သိထားသလို ဝန်ကြီးကလည်း သူ့လက်ရင်း တပည့်ဦးသန်းအောင်ရဲ့ကိုယ်ရေးအချက်အလက်တွေ ပြောပြထားတာကြောင့်ပါ။ ကျွန်တော့်ဆရာအတွင်းရေးအစီရင်ခံစာ မထိရောက်ပါဘူး။
မထိရောက်လို့လက်ပိုက်ကြည့်နေလို့လည်း မဖြစ်ပါဘူး။ ဝန်ကြီးတပည့်ဆို
တော့ တစ်နေ့တစ်ချိန် ကုလားထိုင် အလုခံရတော့မှာပဲ စိုးရိမ်စိတ်နဲ့ အားကိုးရှာ ပါတယ်။
ထုံးစံအတိုင်းလူမျိုးကွဲ၊ ဘာသာကွဲ အောက်လမ်းဆရာလူယုတ်မာဆီရင်ဖွင့် ပြီးဦးသန်းအောင်မော့ကြည့်လို့မရအောင်လုပ်ပေးလိုက်တဲ့အစီအရင်ပါ။ကျွန်တော် ကလွဲလို့ ဘယ်သူမှ မသိလိုက်ပေမဲ့တစ်ရက်မှာတော့ ဘယ်လိုမှ ဖုံးဖိလို့မရအောင် ဘူးပေါ်သလိုပေါ်သွားတာကြောင့်ကျွန်တော့်ဆရာကိုဝန်ထမ်းတွေကမျက်နှာတောင် မကြည့်ချင်လောက်အောင် ရွံမုန်းပြီးအော့နှလုံးနာကုန်ကြပါတယ်။
အဖြစ်ကတော့ ဒီလိုပါ။

တိုက်ဆိုင်မှုမဟုတ်တဲ့ သေစေလောက်အောင် ပြင်းထန်တဲ့ အောက်လမ်း ပညာအစီအရင်ချပြီးတစ်ပတ်အကြာမှာဦးသန်းအောင်ဦးနှောက်သွေးကြောပေါက်
ပြီး ရုတ်တရက် သေဆုံးသွားပါတယ်။
သေပြီဆိုတော့ထုံးစံအတိုင်းသေသူထိုင်တဲ့စားပွဲထိုင်ခုံနဲ့ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်တဲ့အခါ ငါးဆင့်ရှိတဲ့ အံဆွဲအောက်ဆုံးအဆင့်ရဲ့ အခင်းသတင်းစာ အောက်မှာဦးသန်းအောင်လိုင်စင်ဓာတ်ပုံရဲ့နောက်ကျောမှာအင်းကွက်တွေ တွေ့ရှိ တာကြောင့် ကျွန်တော့် ဆရာလက်ချက်ဆိုတာ တပ်အပ်ပြောနိုင်ပြီး အမုန်းတရား တွေ သက်ရောက်ကုန်ပါတယ်။
f
ကျွန်တော့်ဆရာတတိယအကြိမ်အောက်လမ်းပညာနဲ့လက်စွမ်းပြလိုက်တာ
ကတော့ဆရာ့သူငယ်ချင်းနဲ့အဆင့်တူဦးထွန်းသိန်းဆိုတဲ့ပုဂ္ဂိုလ်ပါ။ သူလည်းစစ်တပ် ကနေပခုံးပြောင်းတာဝန်နဲ့ကျွန်တော်တို့ဌာနကို ရောက်ရှိလာတာပါ။
ဦးထွန်းသိမ်းဟာ မြို့နယ်တစ်ခုရဲ့တာဝန်ခံအဆင့် မြို့နယ်မှူးအဆင့်ကနေ ပြောင်းလာခြင်းဖြစ်ပါတယ်။ ကောင်းသောအပြောင်းအရှေ့တော့ မဟုတ်ပါဘူး။ ငွေ ကြေးကွာဟမှုကြောင့် ပီအီ၊ အီ၊စစ်ဆေး၊ လူမှုရေးနဲ့ သူ့နောက်ခံဘက်ဂရောင်းကို ထောက်ထားပြီး ကွာဟငွေ အလျော်ပေ။ အဆင့်တိုးမြှင့်ခြင်း ရာသက်ပန်ရပ်ဆိုင်။ ပြစ်ဒဏ်ခံယူပြီးရောက်ရှိလာခြင်းပါ။
အမောက်လဲ၊အစွယ်ကျိုး၊အတက်မပါနဲ့သူ့ကိုယ်သူသိပြီးမာန်ချထားပေမယ့် ဒုဝန်ကြီးရဲ့ ဆရာရင်း တပည့်ရင်း နောက်ခံ အခံရှိထားလို့ ကျွန်တော့်ဆရာ ခေါင်းမီး တောက်အောင် စိုးရိမ်ပူပန်ရတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။
ဦးထွန်းသိန်းကို စိုးရိမ်ပုံကနေရာဖယ်ရမှကုလားထိုင်လှမှာ၊ကျော်တက်မှာ မဟုတ်မှန်းသိပေမဲ့ ကျွန်တော့်ဆရာရဲ့ မသမာမှုတွေကို ဒုဝန်ကြီး နားပေါက်အောင် သံတော်ဦးတင်ခဲ့သည်ရှိသော်ဆိုတဲ့ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့စိုးရိမ်မှုတွေပါ။ ဆရာ့
အတွက် ကြိုတင်ကာကွယ်ဖို့ လိုအပ်တဲ့အတွက် ထုံးစံအတိုင်း အောက်လမ်းဆရာ လူယုတ်မာဆီ ပြေးတော့တာပါပဲ။

ဒီတစ်ကြိမ်တော့ ဘာအဆောင်အစီရင်မှမပေးဘဲလုပ်ဆောင်ရမယ့်အကြံ ဉာဏ်ပဲပေးလိုက်ပါတယ်၊ ဦးထွန်းသိန်း ဘယ်လိုပြစ်ချက်တွေနဲ့ ပြောင်းရွှေ့ရောက်ရှိ လာကြောင်းကြိုပြောထားလို့ပါ။
“ခင်ဗျားတရုတ်အမဲ စားဖြစ်သွားသလား”
“ကြံကြံဖန်ဖန်ဆရာရယ် – ဆရာ့ကို ပေးတဲ့ကတိ အပျက်ခံလို့ ဘယ်ဖြစ်ပါ့ မလဲ။ကျွန်တော့်တစ်အိမ်လုံး ရှောင်ထားတာပါ”
“သိပါဘူးဗျာ – ခင်ဗျားကို အတိုက်အခိုက်တွေ မကြာမကြာ ကြုံနေရလို့
မေးတာပါ”
“ဟုတ်ပါ့ … ဆရာရယ်”
“အခုအတိုက်အခိုက်က အသေးအမွှားပါ၊ ဘာအဆောင်မှ ပေ၊စရာမလို ပါဘူ။အဲဒီလူကိုတာဝန်တစ်ခုပေးလိုက်”
“မဖြစ်ဘူးထင်တယ်- ဆရာ”
“ကျုပ်စကားမဆုံးသေးပါဘူး။တာဝန်တစ်ခုပေးဖြစ်အောင်ပေးလိုက်စမ်းပါ။
သူ့အတွက်လုပ်ငန်းအတွက်လိုအပ်တဲ့ငွေဆိုပါတော့ဗျာ- တစ်ထောင်ပေးရမှာတစ် သောင်းပေ။တစ်သောင်းပေးရမှာတစ်သိန်းပေး လက်မှတ်တော့ထိုးခိုင်းနော်။ ဒါ- ခင်ဗျား လုပ်နေကျပါ။ ငွေမက်တဲ့လူ၊ငွေနဲ့တိုက်ရင်ပြိုလဲသွားမှာပါ”
ကျွန်တော့်ဆရာသူငယ်ချင်းဟာ သူ့အောက်လမ်းဆရာ လူယုတ်မာကို
ဘုရားလိုကိုးကွယ်သူဆိုတော့သူ့ဆရာမှာတဲ့အတိုင်းဦးစီးဌာနသက်သာချောင်ချိရေး အတွက် မအူပင်ခရိုင်ထဲကငါးမွေးမြူရေးကန်တွေကိုစစ်ဆေးရေးတာဝန်ခံအရာရှိ ခန့်အပ်ပြီး စစ်ဆေးခိုင်၊ပါတယ်၊
ဦးထွန်းသိန်းဆိုတဲ့လူကလည်းဗေထိဆိုကွဲပြဲဆိုသလိုပါပဲ။ ပထမတစ်ခေါက် မှာတင်အသုံးစရိတ်လေးငါးထောင်ပုံမှန်ကုန်ရမှာကိုနှစ်သောင်းကျော်စာရင်းတက် လာပါတယ်။ ရေဆာ ရင် ဘီယာဝယ်သောက်၊ ဟင်းစားမရှိ၊ ကြက်ဝယ်ချက်၊ တစ် ကောင်တစ်သောင်း။(မှတ်ချက်) တိုက်ကြက်၊ဆန်တစ်ပြည်တစ်ထောင်၊ ဆိုက်ကား ကငါးထောင်၊အထွေထွေသုံးတစ်သောင်း၊ စာရင်းလိမ်တွေ၊ဘောက်ချာအတုတွေ
ချည်းဖြစ်နေပါတယ်၊ မအူပင်ငါးကန်စစ်ဆေးရေးသုံးခေါက်မှာတစ်သိန်းကျော်ဟာ လိမ် ညာတင်ပြတဲ့စာရင်းတွေချည်း ဖြစ်နေပါတယ်။ ကံဆိုးချင်တော့ အော့ဒ်တစ် (စာရင်းစစ်)ဝင်စစ်နဲ့ကြုံပြီး လိမ်ဆင်တွေပေါ်ကုန်လို့ အလုပ်က ထွက်ခိုင်းလိုက်ရပါ
တယ်။

 

ဦးထွန်းသိန်၊ အလုပ်ထွက်ရချိန်မှာ မြေတစ်ကွက် မရှိပါဘူး။ အိမ်တစ်လုံး အဆင်သင့်မရှိပါဘူး။ စုဆောင်းငွေတစ်ပြားမှ မရှိပါဘူး။အိမ်၊ ခြံ၊ စီးပွားရေးလုပ်ငန်း အားလုံး တစ်က ပြန်စရမှာပါ။ လုပ်သက်ဆုကြေးနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါ
ဘူး၊
ဒေဝဒတ်ဆရာတင်တဲ့ ကျွန်တော့် ဆရာလုပ်ရပ်ဟာ သိပ်ပြီးကောက်ကျစ်
စဉ်းလဲလှပါတယ်။
(၁) သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်အကျိုးရှိတဲ့အလုပ်။
(၂) သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်လုံးအကျိုးမဲ့တဲ့အလုပ်၊
(၃)သူ့အကျိုးရှိကိုယ့်အကျိုးမဲ့တဲ့အလုပ်။
(၄) သူ့အကျိုးမဲ့ကိုယ့်အကျိုးရှိတဲ့အလုပ်၊
ကျွန်တော့်ဆရာက ဘယ်အမှတ်စဉ် ဘယ်လုပ်ရပ်မှာ အကျုံးဝင်တယ်ဆို တာတော့အချိန်ကာလတစ်ခုမှာအဖြေပေါ်သွားမှာပါ။
ကျွန်တော့်ဆရာသူငယ်ချင်းသက်ပြည့်ပင်စင်ယူတဲ့အချိန်မှာ ရွှေပြည်သာရှိ ကိုယ်ပိုင်ဆောက်ထားတဲ့တစ်ထပ်တိုက်ကျယ်ခြံကျယ်မှာအသင့်တက်နေလိုက်ပါ
တယ်။
ကျွန်တော့်ဆရာ သူငယ်ချင်း အအေးခန်းကားနစ်စီ၊ ပိုင်ဆိုင်ပြီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါနဲ့ မြဝတီဘက်တွင် ရေချိုရေငန်ငါးတွေ တင်ပို့၊အပြန်ဒေသထွက် ကုန်တင်၊ ပွဲရုံသွင်း၊ တစ်လဝင်ငွေ သိန်းခြောက်ဆယ်လောက် အသားတင် ကျန်ပါ တယ်။
မလား။
ကျွန်တော့်ဆရာသူငယ်ချင်း သူ့ တစ်သက် ဆင်းရဲဒုက္ခ ကြုံတွေ့နိုင်ပါဦး
ကျွန်တော့်ဆရာအလုပ်ကအငြိမ်းစားယူပြီး သုံးနှစ်ကျော်အကြာကျွန်တော့်
ကို ခေါ်တွေ့ပြီး လက်ရှိကြုံတွေ့နေ ရတဲ့ဒုက္ခတွေကို အရင်းနှီးဆုံး မိတ်ဆွေအနေနဲ့ ရင်ဖွင့်ပြောပြစဉ်မှာကျွန်တော်မျက်လုံးပြူး၊ပါးစပ်ကြီးဟောင်းလောင်းဖြစ်နေပါတယ်။
မယုံကြည်လောက်အောင်အံ့ဩလို့ပါ။

 

ကျွန်တော့်ဆရာစီးပွားရေးချွတ်ချုံကျပြီးဘဝပျက်နေပါပြီ။အအေးခန်းကား နှစ်စီးလည်း မရှိတော့ပါ။ အကြွေးလည်ပင်းမြှုပ်နေပါပြီ။ အသေးစား ရေသန့်စက် တစ်လုံးတစ်လလေးငါးခြောက်သိန်၊ အမြတ်ငွေ ဆရာတို့ မိသားစု မစားရပါ။ လစဉ် အတိုးခြောက်သိန်းပေးဆပ်နေရလို့ပဲဖြစ်ပါတယ်၊
ဆယ်လအတွက် အတိုးသိန်းခြောက်ဆယ် မသွင်းနိုင်တော့လို့ အိမ်ရောင်း ဆပ်ရတော့မှာပါ။ ဝယ်သူတော့လာပါရဲ့၊နောက်ထပ်ဆယ်လကြာအဝယ်မလိုက်လို့ သိန်းတစ်ရာ့နှစ်ဆယ်အတိုးနဲ့ အရင်းပေါင်း သိန်းခြောက်ရာကျော်။ အိမ်ဝယ်ရောင်း စာချုပ်လက်မှတ်ရေးထိုးပေးရတော့မှာပါ။
နေ့စဉ်အာမီရမ်တစ်ပိုင်းချနေတဲ့ ဆရာ့လည်ပင်းမှာ ပုတီးကြီးပါ။ဆရာ့စိတ် အစဉ်မှာ ပြုခဲ့ဖူးတဲ့ ဘုရားတည်၊ ကျောင်းဆောက်၊ ရဟန်းကောင်းမှု ကုသိုလ်တွေ တမ်းတမှန်းဆ ဆုတောင်းနေပါတယ်၊ ဘယ်ကုသိုလ်ကောင်းမှုကမှ တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတဲ့အဖြေကတော့..
ဆရာတည်တဲ့ဘုရားဟာ သူကြီး ဘုရားရွာသားကောင်းမှု၊ ဆရာဆောက်တဲ့ကျောင်းဟာ ဆရာအမည်ခံစပွန်ဆာပါ၊
ဆရာ သာသနာ့ဒါယကာ ရဟန်းခံ ရှင်ပြုအလှူဟာ ခုနစ်ရက်သားသမီးနဲ့ လက်အောက်ဝန်ထမ်းတွေ ရေစက်ခွက်ကိုတောင် ကိုင်ခွင့်မရတဲ့အလှူပါ။
အရာအားလုံးဟာ ဦးဆောင်မှုပေးတဲ့ကုသိုလ်တောင် ခံစားခွင့်မရတာက တော့နံပါတ်နှစ်အမျိုးအစားဖြစ်တဲ့ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးအကျိုးစီးပွား ပျက်စေတဲ့လုပ်ဆောင်ချက်အရဆရာ့ရဲ့အောက်လမ်းနည်းတွေဟာဆရာ့ကိုတန်
ပြန်သက်ရောက်ချိန်အလှည့်ကျလာလို့ပဲဖြစ်ပါတယ်။

Zawgyi Version

“ေအာက္လမ္းပညာတုံ႔ျပန္ခ်ိန္”(စ-ဆုံး)
——————————————-
ဘုရားဒကာ၊ ေက်ာင္းဒကာ၊ ဇရပ္ဒကာ၊ ရဟန္း ဘြဲ႕ေတြတစ္သီႀကီးခံယူထားတဲ့ကြၽန္ေတာ့္သူငယ္ ရင္း ဌာနဆိုင္ရာ အရာရွိဟာ အလႉေပး သူေဌးမျဖစ္ဘဲ ပင္စင္ယူၿပီးေနာက္ပိုင္း အေႂကြးေတြ ပတ္လည္ဝိုင္း၊ တစ္လ အတိုးေျခာက္သိန္းေတာင္ ဆပ္စရာမရွိ။ ထမင္း ေတာင္ နပ္မွန္ေအာင္ ႐ုန္းကန္ေနရေလာက္ေအာင္
ဆင္းရဲမြဲေတၿပီးဆင္းရဲျခင္းဒဏ္လူးလွိမ့္ခံစားေနပါတယ္ ဆိုတာေျပာရင္ ယုံႏိုင္စရာ မရွိေအာင္ပါ။ သနားစရာေကာင္းသလိုသင္ခန္းစာယူစရာေတြ၊
သံေဝဂေတြလည္းျဖစ္ရပါတယ္။
သူငယ္ခ်င္း ဘာ့ေၾကာင့္ ဒီအေျခအေနအထိျဖစ္ သြားရလဲဆိုတာေတာ့ ကြၽန္ေတာ္အပါအဝင္ ဆရာ့ သူငယ္ခ်င္း မိသားစု။ သူငယ္ခ်င္းဆရာလက္ေအာက္ အရင္းႏွီးဆုံး ဝန္ထမ္းေတြေလာက္ပဲ သိၾကပါတယ္။ အျပန္အလွန္ သိကၡာထိန္းရင္း ႏႈတ္ပိတ္ထားၾကေပမယ့္ ဆင္ေသကိုဆိတ္သားေရနဲ႔ဖုံးသလိုပါပဲ။ ဟုတ္လို႔ေက်ာ္၊ ပုပ္လို႔ေပၚကုန္တာပါ။

သူငယ္ခ်င္းဆရာဟာ သူ႔သမီး အိမ္ေထာင္ေရးကိစၥ၊ တစ္ဆင့္ျမင့္ ရာထူ၊ ရရွိေရးကိစၥ။ ေနရာေကာင္းလက္မလႊတ္ရေရးကိစၥ သေႏၶအရာရွိေတြပခုံးမယွဥ္ႏိုင္ ေရး၊ ေက်ာ္မတက္ႏိုင္ေရးကိစၥေတြမွာကိုယ့္ကိုယ္စြမ္း၊ ဉာဏ္စြမ္းကိုယ့္လုပ္ငန္းကြၽမ္း က်င္မႈ၊ အုပ္ခ်ဳပ္မႈ၊ ႐ိုးသားျခင္း၊ ႀကိဳးစားျခင္းနဲ႔မဟုတ္တဲ့ ေအာက္လမ္းဆရာဆီမွာ တပည့္ခံ ဆရာလမ္၊ၫြန္မႈေတြနဲ႔ မလုပ္သင့္၊ မလုပ္ထိုက္တာေတြလုပ္လို႔ပါ။
ေအာက္လမ္းပညာဆိုတာလတ္တေလာ ကိုယ္ရည္စူးသူကိုထိေရာက္ေပ
မယ့္ကိုယ္ကံနိမ့္တဲ့အခါကိုယ့္ဘက္တန္ျပန္လာတတ္ပါတယ္။တစ္ဖက္သားအက်ိဳး ပ်က္ရသလို ကိုယ့္အက်ိဳးလည္း ပ်က္ရမွာပါပဲ။ ကိုယ္ျပဳသည့္ကံ ကိုယ့္ထံျပန္ဆိုတဲ့ သေဘာအတိုင္းပါ၊

ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ဆရာ အရာရွိသူငယ္ခ်င္းဟာ စစ္မႈထမ္းေဟာင္း ေတြပါ။ ၁၉၇၀ – ျပည့္ ႏွစ္ေက်ာ္ ကာလေတြက ကြၽန္ေတာ္က စီဂနယ္ဆာဂ်င္ ကြၽန္ ေတာ့္ သူငယ္ခ်င္းက ေဆးမႉးျဖစ္တာေၾကာင့္ စစ္ဆင္ေရးထြက္တိုင္းကြၽန္ေတာ္တို႔ ႏွစ္ေယာက္ဟာ စစ္ေၾကာင္း႐ုံးမွာခ်ည္းပဲ တာဝန္ထမ္းေဆာင္ခဲ့ၾကရတာေၾကာင့္ ညီကို ရင္းထက္ေတာင္ သံေယာဇဥ္ပိုတယ္လို႔ ဆိုႏိုင္ပါတယ္။
ကြၽန္ေတာ္ဟာစီဂနယ္ဆာဂ်င္အျပင္စစ္ေၾကာင္းစစ္သည္နဲ႔အထမ္းသမား ရိကၡာတာဝန္ခံအျဖစ္ပါထမ္းေဆာင္ရစဥ္မွာရိကၡာစိုျပတ္တဲ့အခါဝက္ဝယ္ေပၚတပ္ခြဲ ေတြ ေဝငွရပါတယ္၊ ကြၽန္ေတာ့္သူငယ္ခ်င္းဟာ ရဲေဘာ္ေတြေျပာေနက် ဝက္သား ႀကိဳက္တာေတာ့ ေျပာမေနနဲ႔၊အေကာင္ေသးရင္ ပါးစပ္ထဲေမာင္းသြင္းမယ့္ေကာင္” ဆိုသလိုပါကြၽန္ေတာ္ဝက္ေပၚၿပီဆိုေရေႏြးအို။ ဆီဒယ္အိုးနားက မခြာဘဲ သူစားခ်င္ တာလွီးျဖတ္၊ျပဳတ္၊ မီးဖုတ္၊ ဆီနဲ႔ေၾကာ္ၿပီ၊ ထမင္းလြတ္စားေတာ့တာပါပဲ။
ကြၽန္ေတာ္တပ္ေျပာင္၊တပ္ကထြက္၊ ဆယ္ႏွစ္ေက်ာ္ၾကာကြဲကြာၿပီးျပန္ဆုံ ျဖစ္ေတာ့ကြၽန္ေတာ့္သူငယ္ခ်င္းဟာသူ႔ဆရာ သူေကာင္းျပဳမႈနဲ႔ အစိုးရဌာနတစ္ခုကို ပခုံးေျပာင္းတာဝန္နဲ႔ေရာက္၊ကြၽန္ေတာ္က ေထာက္ၾကန႔္အာတီစီမွာဝန္ထမ္းဘဝနဲ႔ ျပန္ဆုံတဲ့အခါ ကြၽန္ေတာ့္အေျခအေနဟာ ယိမ္းယိုင္ေနခ်ိန္ျဖစ္လို႔ သူငယ္ခ်င္းက သူ႔ဌာနကိုေခၚသူ႔ရဲ႕ကိုယ္ေရးအရာရွိ ခန႔္အပ္ပါတယ္။

ကြၽန္ေတာ္တို႔ခ်င္းျပန္ေတြ႕စဥ္မွာတစ္ခ်ိန္ကဝက္ဆိုရင္ပါးစပ္ထဲအေကာင္ လိုက္ေမာင္၊သြင္းခဲ့တဲ့ သူငယ္ခ်င္းဟာဝက္ကိုမစားေတာ့တဲ့အျပင္ ဝက္သားဟင္း ပန္းကန္ကိုၾကည့္တဲ့အၾကည့္ဟာ မစင္ကဲ့သို႔ စက္ဆုပ္႐ြံရွာတဲ့အဆင့္ထိ ေရာက္ေန
ေတာ့တာပါပဲ။

အေသးအမႊားကိစၥဆိုေပမယ့္ကြၽန္ေတာ့္အတြက္အဆန္းတၾကယ္ျဖစ္ေနလို႔ ေျခရာေကာက္အစဆြဲၾကည့္တဲ့အခါကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ပီေအမလုပ္ခ်င္ေတာ့ ပါဘူး။ ဆက္ၿပီး လက္တြဲခ်င္စိတ္ မရွိေတာ့ပါဘူး။ ဒါေပမဲ့ – ကြၽန္ေတာ့္ အေျခအေန ကလည္း အလုပ္ဌာနေျပာင္းဖို႔ဟာ ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္လို႔ မွိတ္ႀကိတ္ ေတာင့္ခံရင္း ေလးငါးႏွစ္ၾကာကာလ (ဆရာအၿငိမ္း စားယူတဲ့ထိ) ျဖတ္သန္းခဲ့ရပါ
တယ္။
ဆရာ့လုပ္ရပ္ေတြေၾကာင့္ပါ တပ္ထဲမွာ ေသြးစည္းခဲ့ၾကေပမယ့္ အျပင္ ေလာက ေရာက္တဲ့အခါ ေသြးမစည္၊ေတာ့ပါဘူး။ သူငယ္ခ်င္းက အရာရွိႀကီး၊ ကြၽန္ ေတာ္က သူ႔ပီေအ အရာရွိငယ္၊ ကြၽန္ေတာ္ မႀကိဳက္တာ ဖြင့္ေျပာ၊ သူတစ္ပါး အက်ိဳး ယုတ္တဲ့အလုပ္မလုပ္ဖို႔တားျမစ္တာလက္မခံေတာ့ပါဘူး။
ေဒဝဒတ္ကိုဆရာတင္မိတဲ့အဇာတသတ္ဟာဗေအကိုသတ္၊နန္းတက္သလို
ဦးေစာနဲ႔ေပါင္းမွ ရန္ႀကီးေအာင္ႏိုင္ငံ့ေခါင္းေဆာင္ေတြကို ရက္ရက္စက္စက္လုပ္ႀကံ
မိသလိုပဲတင္စားေျပာဆိုခ်င္ပါတယ္။
ကြၽန္ေတာ့္ဆရာ သူငယ္ခ်င္းဟာဘာသာကြဲ၊လူမ်ိဳးကြဲ ေအာက္လမ္းပညာ သည္လူယုတ္မာကိုဆရာတင္၊ ဆရာ့ကိုေပးတဲ့ကတိကိုရဲဝံ့စြာလက္ခံၿပီးဝက္သား မစားေတာ့ဘဲ တစ္ဖက္သား အက်ိဳးစီးပြားပ်က္စီးေစတဲ့ ေအာက္လမ္းပညာနဲ႔ အတိုက္အခိုက္ေတြလုပ္ေတာ့တာပါပဲ။
ကြၽန္ေတာ့္ဆရာသူငယ္ခ်င္းက သူ႔သမီးအလတ္မနဲ႔ စက္သုံးဆီကန္ထ႐ိုက္ တာ သူေဌးလူပ်ိဳႀကီးနဲ႔ ေပးစားဖို႔ ေစ့စပ္ထားပါတယ္။ ညႇိေပမယ့္ ဆရာ့သမီးက ေျခ မၿငိမ္ပါဘူး။ေစ့စပ္ထားဆဲကာလအတြင္းမွာပဲ သူ႔ရည္းစားနဲ႔ ခ်ိန္းေတြ႕ ႐ုပ္ရွင္႐ုံ၊ပန္းၿခံ အတူသြားတည္းခိုခန္းမွာအတူတည္းတာေတြအရွိန္မသတ္ပါဘူး။မိဘေတြ ဘယ္ လိုမွဆုံးမနားခ်လို႔လည္းလိုက္နာျခင္း မရွိပါဘူး။

အေျခအေနအရပ္ရပ္ကိုလည္း စက္သုံးဆီ ကန္ထ႐ိုက္လူပ်ိဳႀကီးနားအထိ ေပါက္သြားလို႔ ေစ့စပ္ပြဲဖ်က္သိမ္းဖို႔ ေတာင္းဆိုတဲ့အထိ ျဖစ္လာပါတယ္။ ဆရာတို႔ သူေဌးေယာကၡမရာထူးလက္လြတ္ခံလို႔မျဖစ္တာေၾကာင့္သမီးနဲ႔ၿငိစြန္းေနတဲ့ေကာင္ ေလးကိုေရာေကာင္ေလးအေဖကိုေရာ ေခၚေတြ႕ပါတယ္။
ေကာင္ေလးရဲ႕အေဖဟာ ကြၽန္ေတာ့္ဆရာသူငယ္ခ်င္းရဲ႕ ဌာနလုံၿခဳံေရး ဝန္ထမ္းပါ။ ေကာင္ေလးကိုေနာက္ဆုတ္ခိုင္းပါတယ္။ေကာင္ေလးအေဖကိုအလုပ္
ျဖဳတ္ပစ္ဖို႔ၿခိမ္းေျခာက္ပါတယ္။ မရပါဘူး။ ေကာင္ေလးဘက္ကဖေအကိုငဲ့ၿပီးေနာက္ ဆုတ္ေပးေပမယ့္ ဆရာ့သမီးက ေရွ႕တိုးပါတယ္။ ယုန္ကမတိုး ပိုက္ကတိုးတာပါ။
သမီးကို ဘယ္လိုမွထိန္းမရတဲ့ အဆုံးႀကံမိႀကံရာႀကံမိရာက ေအာက္လမ္း ဆရာလူယုတ္မာနဲ႔ ဆက္သြယ္မိၿပီး ေပးလိုက္တဲ့အတိုက္အခိုက္၊ အစီအရင္ကို
ေကာင္ေလးအိမ္ေအာက္သြားပစ္ပါတယ္။တစ္ပတ္ေတာင္မၾကာတဲ့ကာလတိုေလး မွာပဲေကာင္ေလးအေဖအစာအိမ္ေသြ၊ေၾကာေပါက္ေသဆုံးသြားပါတယ္၊ တိုက္ဆိုင္
မႈလို႔ေျပာလို႔မရပါဘူး။ထိေရာက္မႈပါ။
လင္ေယာက္်ား ေသၿပီဆိုေတာ့ ခိုကိုးရာမဲ့တဲ့ဇနီးသည္ဟာ သူ႔ေဆြမ်ိဳးမ်ား ရွိရာအၿပီးေျပာင္းေ႐ႊ႕သြားတာေၾကာင့္ေကာင္ေလးလည္းလိုက္ပါသြားလို႔ဆရာ့သမီး
နဲ႔ဇာတ္လမ္း နိတၳိတံသြားပါတယ္။

ကြၽန္ေတာ္တို႔ဌာနကို ကြၽန္ေတာ့္ ဆရာသူငယ္ခ်င္းနဲ႔ အဆင့္တူ ပုဂၢိဳလ္တစ္ ေယာက္ ပခုံးေျပာင္းတာဝန္နဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာပါတယ္၊ နာမည္က ဦးသန္း ေအာင္ပါ။
သေဘာေကာင္း၊မေနာေကာင္းစိတ္ထားျဖဴစင္ၿပီးအထက္ေအာက္အလိုက္ အထိုက္ေပါင္းသင္းတတ္လို႔ကာလတိုအတြင္းမွာပဲဝန္ထမ္းေတြနဲ႔မိသားစုလိုရင္းႏွီး ကြၽမ္းဝင္သြားပါတယ္။ ဆရာ့ေနာက္ကြယ္မွာလည္း ဝင္ဒါမီယာလို ၿခံဝင္းက်ယ္အိမ္ ႀကီးနဲ႔ေနတဲ့ ဝန္ႀကီးအဆင့္ ပုဂၢိဳလ္ႀကီး ရွိပါတယ္။ တပ္မွာ ရွိစဥ္က ဆရာရင္း၊ တပည့္ ရင္း သံေယာဇဥ္နဲ႔ ကြၽန္ေတာ္တို႔ဌာနကို ေခၚယူလိုက္တာပါ။ ဝန္ႀကီးအိမ္ တံခါးမရွိ၊ ဓားမရွိဝင္ထြက္ခြင့္ျပဳထားတာေၾကာင့္ကြၽန္ေတာ့္ဆရာအတြက္ စိုးရိမ္ပူပန္စရာေတြ
ျဖစ္လာပါတယ္။

တစ္ခုရွိတာက ေနာက္ေရာက္တဲ့ဦးသန္းေအာင္ဟာအရက္ေသာက္တတ္ ပါတယ္။ စီးပြားေရးခ်ိဳ႕တဲ့မွန္းသိတဲ့ေအာက္ေျခဝန္ထမ္းေတြကအလွည့္က်နဲ႔တိုက္လို႔ ေသာက္တာပါ။ တာဝန္ပ်က္တာမ်ိဳးေတာ့မရွိပါဘူး။ ဝန္ထမ္းေတြနဲ႔ ဖက္လဲတကင္း ဆိုေတာ့ အရက္မူး ကြၽဲခိုးေပၚဆိုစကားအတိုင္းအကယ္၍မ်ား ငါ့အေၾကာင္းေတြ႕ရွိ ေသာ္အေတြးေၾကာင့္လည္း စိုးရိမ္ရပါတယ္။
ေျပာရရင္ကြၽန္ေတာ့္ဆရာသူငယ္ခ်င္းလည္းအရက္ေသာက္တတ္တာပါပဲ။ သူကတတ္ႏိုင္တဲ့လူဆိုေတာ့အာမီရမ္ဒါဇင္လိုက္ဝယ္ၿပီးအိမ္မွာေသာက္လို႔မသိၾက
တာပါ။
အရက္သမားခ်င္းအတူတူ ငါ့ မေကာင္းသတင္းေတြ သူ႔ဆရာဝန္ႀကီးကို သတင္းပို႔ရင္ကိုယ့္လိပ္ျပာကိုယ္မလုံတဲ့အေတြးေတြနဲ႔လက္ဦးမႈယူလိုက္ပါတယ္။ ဦးသန္းေအာင္အားနည္းခ်က္ေတြကိုအမွန္အကန္ေရာအႀကံအဖန္ေရာအတြင္းေရာ
အစီရင္ ခံေတာ့တာပါပဲ။
ဆရာတင္တဲ့ ဦးသန္းေအာင္အေပၚစြပ္စြဲခ်က္ေတြလုပ္ႀကံဖန္တီးခ်က္ေတြ ပါရွိတဲ့ အတြင္းေရးအစီရင္ခံစာ ၫႊန္ခ်ဳပ္ဖတ္ၿပီး ၿပဳံးပါတယ္။ ကြၽန္ေတာ့္ ဆရာ အေၾကာင္းကြၽန္ေတာ့္ဆရာအက်င့္ကို သိထားသလို ဝန္ႀကီးကလည္း သူ႔လက္ရင္း တပည့္ဦးသန္းေအာင္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ ေျပာျပထားတာေၾကာင့္ပါ။ ကြၽန္ေတာ့္ဆရာအတြင္းေရးအစီရင္ခံစာ မထိေရာက္ပါဘူး။
မထိေရာက္လို႔လက္ပိုက္ၾကည့္ေနလို႔လည္း မျဖစ္ပါဘူး။ ဝန္ႀကီးတပည့္ဆို
ေတာ့ တစ္ေန႔တစ္ခ်ိန္ ကုလားထိုင္ အလုခံရေတာ့မွာပဲ စိုးရိမ္စိတ္နဲ႔ အားကိုးရွာ ပါတယ္။
ထုံးစံအတိုင္းလူမ်ိဳးကြဲ၊ ဘာသာကြဲ ေအာက္လမ္းဆရာလူယုတ္မာဆီရင္ဖြင့္ ၿပီးဦးသန္းေအာင္ေမာ့ၾကည့္လို႔မရေအာင္လုပ္ေပးလိုက္တဲ့အစီအရင္ပါ။ကြၽန္ေတာ္ ကလြဲလို႔ ဘယ္သူမွ မသိလိုက္ေပမဲ့တစ္ရက္မွာေတာ့ ဘယ္လိုမွ ဖုံးဖိလို႔မရေအာင္ ဘူးေပၚသလိုေပၚသြားတာေၾကာင့္ကြၽန္ေတာ့္ဆရာကိုဝန္ထမ္းေတြကမ်က္ႏွာေတာင္ မၾကည့္ခ်င္ေလာက္ေအာင္ ႐ြံမုန္းၿပီးေအာ့ႏွလုံးနာကုန္ၾကပါတယ္။
အျဖစ္ကေတာ့ ဒီလိုပါ။

တိုက္ဆိုင္မႈမဟုတ္တဲ့ ေသေစေလာက္ေအာင္ ျပင္းထန္တဲ့ ေအာက္လမ္း ပညာအစီအရင္ခ်ၿပီးတစ္ပတ္အၾကာမွာဦးသန္းေအာင္ဦးေႏွာက္ေသြးေၾကာေပါက္
ၿပီး ႐ုတ္တရက္ ေသဆုံးသြားပါတယ္။
ေသၿပီဆိုေတာ့ထုံးစံအတိုင္းေသသူထိုင္တဲ့စားပြဲထိုင္ခုံနဲ႔ပတ္ဝန္းက်င္သန႔္ ရွင္းေရးလုပ္တဲ့အခါ ငါးဆင့္ရွိတဲ့ အံဆြဲေအာက္ဆုံးအဆင့္ရဲ႕ အခင္းသတင္းစာ ေအာက္မွာဦးသန္းေအာင္လိုင္စင္ဓာတ္ပုံရဲ႕ေနာက္ေက်ာမွာအင္းကြက္ေတြ ေတြ႕ရွိ တာေၾကာင့္ ကြၽန္ေတာ့္ ဆရာလက္ခ်က္ဆိုတာ တပ္အပ္ေျပာႏိုင္ၿပီး အမုန္းတရား ေတြ သက္ေရာက္ကုန္ပါတယ္။
f
ကြၽန္ေတာ့္ဆရာတတိယအႀကိမ္ေအာက္လမ္းပညာနဲ႔လက္စြမ္းျပလိုက္တာ
ကေတာ့ဆရာ့သူငယ္ခ်င္းနဲ႔အဆင့္တူဦးထြန္းသိန္းဆိုတဲ့ပုဂၢိဳလ္ပါ။ သူလည္းစစ္တပ္ ကေနပခုံးေျပာင္းတာဝန္နဲ႔ကြၽန္ေတာ္တို႔ဌာနကို ေရာက္ရွိလာတာပါ။
ဦးထြန္းသိမ္းဟာ ၿမိဳ႕နယ္တစ္ခုရဲ႕တာဝန္ခံအဆင့္ ၿမိဳ႕နယ္မႉးအဆင့္ကေန ေျပာင္းလာျခင္းျဖစ္ပါတယ္။ ေကာင္းေသာအေျပာင္းအေရွ႕ေတာ့ မဟုတ္ပါဘူး။ ေငြ ေၾကးကြာဟမႈေၾကာင့္ ပီအီ၊ အီ၊စစ္ေဆး၊ လူမႈေရးနဲ႔ သူ႔ေနာက္ခံဘက္ဂေရာင္းကို ေထာက္ထားၿပီး ကြာဟေငြ အေလ်ာ္ေပ။ အဆင့္တိုးျမႇင့္ျခင္း ရာသက္ပန္ရပ္ဆိုင္။ ျပစ္ဒဏ္ခံယူၿပီးေရာက္ရွိလာျခင္းပါ။
အေမာက္လဲ၊အစြယ္က်ိဳး၊အတက္မပါနဲ႔သူ႔ကိုယ္သူသိၿပီးမာန္ခ်ထားေပမယ့္ ဒုဝန္ႀကီးရဲ႕ ဆရာရင္း တပည့္ရင္း ေနာက္ခံ အခံရွိထားလို႔ ကြၽန္ေတာ့္ဆရာ ေခါင္းမီး ေတာက္ေအာင္ စိုးရိမ္ပူပန္ရတဲ့အဆင့္ကို ေရာက္ရွိခဲ့ပါတယ္။
ဦးထြန္းသိန္းကို စိုးရိမ္ပုံကေနရာဖယ္ရမွကုလားထိုင္လွမွာ၊ေက်ာ္တက္မွာ မဟုတ္မွန္းသိေပမဲ့ ကြၽန္ေတာ့္ဆရာရဲ႕ မသမာမႈေတြကို ဒုဝန္ႀကီး နားေပါက္ေအာင္ သံေတာ္ဦးတင္ခဲ့သည္ရွိေသာ္ဆိုတဲ့ကိုယ့္လိပ္ျပာကိုယ္မလုံတဲ့စိုးရိမ္မႈေတြပါ။ ဆရာ့
အတြက္ ႀကိဳတင္ကာကြယ္ဖို႔ လိုအပ္တဲ့အတြက္ ထုံးစံအတိုင္း ေအာက္လမ္းဆရာ လူယုတ္မာဆီ ေျပးေတာ့တာပါပဲ။

ဒီတစ္ႀကိမ္ေတာ့ ဘာအေဆာင္အစီရင္မွမေပးဘဲလုပ္ေဆာင္ရမယ့္အႀကံ ဉာဏ္ပဲေပးလိုက္ပါတယ္၊ ဦးထြန္းသိန္း ဘယ္လိုျပစ္ခ်က္ေတြနဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိ လာေၾကာင္းႀကိဳေျပာထားလို႔ပါ။
“ခင္ဗ်ားတ႐ုတ္အမဲ စားျဖစ္သြားသလား”
“ႀကံႀကံဖန္ဖန္ဆရာရယ္ – ဆရာ့ကို ေပးတဲ့ကတိ အပ်က္ခံလို႔ ဘယ္ျဖစ္ပါ့ မလဲ။ကြၽန္ေတာ့္တစ္အိမ္လုံး ေရွာင္ထားတာပါ”
“သိပါဘူးဗ်ာ – ခင္ဗ်ားကို အတိုက္အခိုက္ေတြ မၾကာမၾကာ ႀကဳံေနရလို႔
ေမးတာပါ”
“ဟုတ္ပါ့ … ဆရာရယ္”
“အခုအတိုက္အခိုက္က အေသးအမႊားပါ၊ ဘာအေဆာင္မွ ေပ၊စရာမလို ပါဘူ။အဲဒီလူကိုတာဝန္တစ္ခုေပးလိုက္”
“မျဖစ္ဘူးထင္တယ္- ဆရာ”
“က်ဳပ္စကားမဆုံးေသးပါဘူး။တာဝန္တစ္ခုေပးျဖစ္ေအာင္ေပးလိုက္စမ္းပါ။
သူ႔အတြက္လုပ္ငန္းအတြက္လိုအပ္တဲ့ေငြဆိုပါေတာ့ဗ်ာ- တစ္ေထာင္ေပးရမွာတစ္ ေသာင္းေပ။တစ္ေသာင္းေပးရမွာတစ္သိန္းေပး လက္မွတ္ေတာ့ထိုးခိုင္းေနာ္။ ဒါ- ခင္ဗ်ား လုပ္ေနက်ပါ။ ေငြမက္တဲ့လူ၊ေငြနဲ႔တိုက္ရင္ၿပိဳလဲသြားမွာပါ”
ကြၽန္ေတာ့္ဆရာသူငယ္ခ်င္းဟာ သူ႔ေအာက္လမ္းဆရာ လူယုတ္မာကို
ဘုရားလိုကိုးကြယ္သူဆိုေတာ့သူ႔ဆရာမွာတဲ့အတိုင္းဦးစီးဌာနသက္သာေခ်ာင္ခ်ိေရး အတြက္ မအူပင္ခ႐ိုင္ထဲကငါးေမြးျမဴေရးကန္ေတြကိုစစ္ေဆးေရးတာဝန္ခံအရာရွိ ခန႔္အပ္ၿပီး စစ္ေဆးခိုင္၊ပါတယ္၊
ဦးထြန္းသိန္းဆိုတဲ့လူကလည္းေဗထိဆိုကြဲၿပဲဆိုသလိုပါပဲ။ ပထမတစ္ေခါက္ မွာတင္အသုံးစရိတ္ေလးငါးေထာင္ပုံမွန္ကုန္ရမွာကိုႏွစ္ေသာင္းေက်ာ္စာရင္းတက္ လာပါတယ္။ ေရဆာ ရင္ ဘီယာဝယ္ေသာက္၊ ဟင္းစားမရွိ၊ ၾကက္ဝယ္ခ်က္၊ တစ္ ေကာင္တစ္ေသာင္း။(မွတ္ခ်က္) တိုက္ၾကက္၊ဆန္တစ္ျပည္တစ္ေထာင္၊ ဆိုက္ကား ကငါးေထာင္၊အေထြေထြသုံးတစ္ေသာင္း၊ စာရင္းလိမ္ေတြ၊ေဘာက္ခ်ာအတုေတြ
ခ်ည္းျဖစ္ေနပါတယ္၊ မအူပင္ငါးကန္စစ္ေဆးေရးသုံးေခါက္မွာတစ္သိန္းေက်ာ္ဟာ လိမ္ ညာတင္ျပတဲ့စာရင္းေတြခ်ည္း ျဖစ္ေနပါတယ္။ ကံဆိုးခ်င္ေတာ့ ေအာ့ဒ္တစ္ (စာရင္းစစ္)ဝင္စစ္နဲ႔ႀကဳံၿပီး လိမ္ဆင္ေတြေပၚကုန္လို႔ အလုပ္က ထြက္ခိုင္းလိုက္ရပါ
တယ္။

 

ဦးထြန္းသိန္၊ အလုပ္ထြက္ရခ်ိန္မွာ ေျမတစ္ကြက္ မရွိပါဘူး။ အိမ္တစ္လုံး အဆင္သင့္မရွိပါဘူး။ စုေဆာင္းေငြတစ္ျပားမွ မရွိပါဘူး။အိမ္၊ ၿခံ၊ စီးပြားေရးလုပ္ငန္း အားလုံး တစ္က ျပန္စရမွာပါ။ လုပ္သက္ဆုေၾကးနဲ႔ ဘယ္လိုမွ အဆင္မေျပႏိုင္ပါ
ဘူး၊
ေဒဝဒတ္ဆရာတင္တဲ့ ကြၽန္ေတာ့္ ဆရာလုပ္ရပ္ဟာ သိပ္ၿပီးေကာက္က်စ္
စဥ္းလဲလွပါတယ္။
(၁) သူ႔ဘက္ကိုယ့္ဘက္ ႏွစ္ဖက္အက်ိဳးရွိတဲ့အလုပ္။
(၂) သူ႔ဘက္ကိုယ့္ဘက္ ႏွစ္ဖက္လုံးအက်ိဳးမဲ့တဲ့အလုပ္၊
(၃)သူ႔အက်ိဳးရွိကိုယ့္အက်ိဳးမဲ့တဲ့အလုပ္။
(၄) သူ႔အက်ိဳးမဲ့ကိုယ့္အက်ိဳးရွိတဲ့အလုပ္၊
ကြၽန္ေတာ့္ဆရာက ဘယ္အမွတ္စဥ္ ဘယ္လုပ္ရပ္မွာ အက်ဳံးဝင္တယ္ဆို တာေတာ့အခ်ိန္ကာလတစ္ခုမွာအေျဖေပၚသြားမွာပါ။
ကြၽန္ေတာ့္ဆရာသူငယ္ခ်င္းသက္ျပည့္ပင္စင္ယူတဲ့အခ်ိန္မွာ ေ႐ႊျပည္သာရွိ ကိုယ္ပိုင္ေဆာက္ထားတဲ့တစ္ထပ္တိုက္က်ယ္ၿခံက်ယ္မွာအသင့္တက္ေနလိုက္ပါ
တယ္။
ကြၽန္ေတာ့္ဆရာ သူငယ္ခ်င္း အေအးခန္းကားနစ္စီ၊ ပိုင္ဆိုင္ၿပီ၊ လားရႈိး၊ ေက်ာက္မဲ၊ သီေပါနဲ႔ ျမဝတီဘက္တြင္ ေရခ်ိဳေရငန္ငါးေတြ တင္ပို႔၊အျပန္ေဒသထြက္ ကုန္တင္၊ ပြဲ႐ုံသြင္း၊ တစ္လဝင္ေငြ သိန္းေျခာက္ဆယ္ေလာက္ အသားတင္ က်န္ပါ တယ္။
မလား။
ကြၽန္ေတာ့္ဆရာသူငယ္ခ်င္း သူ႔ တစ္သက္ ဆင္းရဲဒုကၡ ႀကဳံေတြ႕ႏိုင္ပါဦး
ကြၽန္ေတာ့္ဆရာအလုပ္ကအၿငိမ္းစားယူၿပီး သုံးႏွစ္ေက်ာ္အၾကာကြၽန္ေတာ့္
ကို ေခၚေတြ႕ၿပီး လက္ရွိႀကဳံေတြ႕ေန ရတဲ့ဒုကၡေတြကို အရင္းႏွီးဆုံး မိတ္ေဆြအေနနဲ႔ ရင္ဖြင့္ေျပာျပစဥ္မွာကြၽန္ေတာ္မ်က္လုံးျပဴး၊ပါးစပ္ႀကီးေဟာင္းေလာင္းျဖစ္ေနပါတယ္။
မယုံၾကည္ေလာက္ေအာင္အံ့ဩလို႔ပါ။

 

ကြၽန္ေတာ့္ဆရာစီးပြားေရးခြၽတ္ခ်ဳံက်ၿပီးဘဝပ်က္ေနပါၿပီ။အေအးခန္းကား ႏွစ္စီးလည္း မရွိေတာ့ပါ။ အေႂကြးလည္ပင္းျမႇဳပ္ေနပါၿပီ။ အေသးစား ေရသန႔္စက္ တစ္လုံးတစ္လေလးငါးေျခာက္သိန္၊ အျမတ္ေငြ ဆရာတို႔ မိသားစု မစားရပါ။ လစဥ္ အတိုးေျခာက္သိန္းေပးဆပ္ေနရလို႔ပဲျဖစ္ပါတယ္၊
ဆယ္လအတြက္ အတိုးသိန္းေျခာက္ဆယ္ မသြင္းႏိုင္ေတာ့လို႔ အိမ္ေရာင္း ဆပ္ရေတာ့မွာပါ။ ဝယ္သူေတာ့လာပါရဲ႕၊ေနာက္ထပ္ဆယ္လၾကာအဝယ္မလိုက္လို႔ သိန္းတစ္ရာ့ႏွစ္ဆယ္အတိုးနဲ႔ အရင္းေပါင္း သိန္းေျခာက္ရာေက်ာ္။ အိမ္ဝယ္ေရာင္း စာခ်ဳပ္လက္မွတ္ေရးထိုးေပးရေတာ့မွာပါ။
ေန႔စဥ္အာမီရမ္တစ္ပိုင္းခ်ေနတဲ့ ဆရာ့လည္ပင္းမွာ ပုတီးႀကီးပါ။ဆရာ့စိတ္ အစဥ္မွာ ျပဳခဲ့ဖူးတဲ့ ဘုရားတည္၊ ေက်ာင္းေဆာက္၊ ရဟန္းေကာင္းမႈ ကုသိုလ္ေတြ တမ္းတမွန္းဆ ဆုေတာင္းေနပါတယ္၊ ဘယ္ကုသိုလ္ေကာင္းမႈကမွ တုံ႔ျပန္ျခင္း မရွိေသးပါဘူး။ ဘာေၾကာင့္လဲဆိုတဲ့အေျဖကေတာ့..
ဆရာတည္တဲ့ဘုရားဟာ သူႀကီး ဘုရား႐ြာသားေကာင္းမႈ၊ ဆရာေဆာက္တဲ့ေက်ာင္းဟာ ဆရာအမည္ခံစပြန္ဆာပါ၊
ဆရာ သာသနာ့ဒါယကာ ရဟန္းခံ ရွင္ျပဳအလႉဟာ ခုနစ္ရက္သားသမီးနဲ႔ လက္ေအာက္ဝန္ထမ္းေတြ ေရစက္ခြက္ကိုေတာင္ ကိုင္ခြင့္မရတဲ့အလႉပါ။
အရာအားလုံးဟာ ဦးေဆာင္မႈေပးတဲ့ကုသိုလ္ေတာင္ ခံစားခြင့္မရတာက ေတာ့နံပါတ္ႏွစ္အမ်ိဳးအစားျဖစ္တဲ့ သူ႔ဘက္ကိုယ့္ဘက္ ႏွစ္ဖက္စလုံးအက်ိဳးစီးပြား ပ်က္ေစတဲ့လုပ္ေဆာင္ခ်က္အရဆရာ့ရဲ႕ေအာက္လမ္းနည္းေတြဟာဆရာ့ကိုတန္
ျပန္သက္ေရာက္ခ်ိန္အလွည့္က်လာလို႔ပဲျဖစ္ပါတယ္။