အောက်လမ်းဘိုးထင် နှင့် မိုးကြိုးစက် တောင်ဝှေး
(၁၃)
အခန်း-၁
ကျားဆိုးရွာမှာ မောင်ဘိုးထင်တို့ တညအိပ်ပြီးနောက် တောင်ဝှေးကို ယူကာ ပေပင်ရွာသို့ ပြန်ရန်ပြင်ဆင်နေကြသည် ၊ သူတို့အား ကဝေပျံခင်မေမှာ အပြန်လမ်းတွင် သတိထားဖို့ တတွတ်တွတ်မှာနေလေရာ မောင်ဘိုးထင်တို့ ကြောင်စိတ်တွေပင် ဝင်နေကြသည်၊ ဤသို့နှင့် မောင်ဘိုးထင်တို့ တသိုက် ကျားဆိုးရွာမှ မနက် အစောထွက်ခဲ့ရာ နေမြင့်ချိန်တွင် ဝါးရုံတောကြီးများ ရှိရာ ကို ရောက်လာသည် မောင်ဘိုးထင်သည် ဝါးရုံ ပင်များကို မြင်သော အခါ
“ကိုဖိုးထွေး နဲ့ ကိုသာရ”
“အေပြော ဘိုးထင် “
“ကျုပ်တို့မှာ ရှိတဲ့ တောင်းဝှေးအရွယ် အစားလောက် ဝါးတောင်ဝှေးတွေ ခုတ်ကြရအောင်ဗျာ “
“မင်းက ဘာလုပ်မလို့ လဲဟ “
“အတုလေး ဘာလေး လုပ်ထားကြရအောင်လို့ေလ ဟို ကဝေပျံကြီးက စတွေ့ကတည်းက သတိထားကြည့်ပြောနေတာ သူအမြဲ ပြောနေတော့ ကျုပ်တောင်လန့်လာလို့ “
“အဲ့တာတော့ ဟုတ်တယ် ပုံမှန်ဆို ငါတို့ မကြောက်ပါဘူး သူသတိပေးတာ ကြီးက လွန်လွန်းတယ် ငါတို့ကို ဖြဲခြောက်နေတယ်တောင် ထင်နေတာ “
မောင်ဘိုးထင် နှင့် ဖိုးထွေးတို့ စကားပြောနေသော စကားဝိုင်းသို့ သာအေး ဝင်လာသည်
“ကျုပ်ကတော့ ရယ်ချင်တာ ထိန်းထားရတယ် ဗျို့ “
“ဘာလို့တုန်းဟ “
“သူအရွယ်လေးနဲ့ ဘိုးထင် အဘ ဘကြီးအုန်းကို မောင်လေးအုန်းနဲ့ မောင်လေးအုန်းနဲ့ အသက်ကသာ ကြီးတာပါ အရွယ်အရဆို ဘကြီးအုန်းကြီး ပုံစံက သေခါနီးနေပြီ “
“ဟေ့ကောင် သာအေး မင်း စကားပြောတာ ကြည့်ပြောကွာ ငါ့အဘကို ဘယ်လိုတွေ ပြောနေတာလဲ “
“သဘောပြောတာပါ ကွာ မသကာ ဦး လို့ခေါ်ရင် တော်သေး”
“အေးဟ ငါလည်း အဲ့လိုပဲ တွေးနေတာ သူပုံစံကြည့်တော့ ကိုဖိုးထွေးတို့ကတောင် ညီမလေးလို့ ခေါ်ရမဲ့ပုံနဲ့ ငါ့အဘ ကိုများ မောင်လေးအုန်းတဲ့ “
“မင်းတို့ကောင်တွေက လည်း သူတိုင်းသူ ဘယ်လိုခေါ်ခေါ်ပေါ့ ဘာလုပ်မှာလဲပြော ပြီးရင် ခရီးဆက်မယ် တော်ကြာ မိုးချုပ်တော့မယ် “
“မိုးချုပ်လည်း ဘာဖြစ်လဲ မဟူရာ ရွာမှာ တည်းကြတာပေါ့ “
“တော်တော် မင်းတို့ကောင် တွေ ပေါက်ကရမလုပ်နဲ့ ငါတို့ တောင်ဝှေးသွားခုတ်လိုက်ဦးမယ် “
ဖိုးထွေး နှင့် သာရ မဟူရွာ နာမည်ကြားသည် နှင့် အတော်ကို မျက်နှာ ပျက်နေကြသည် ၊ ထို့ေနာက် ကျားဆိုးရွာမှ ယူလာသော တောင်ဝေှးကို သေချာကြည့်ကာ ထိုတောင်ဝှေး အရှည်အတိုင်း ဝါးဆစ်ပိတ်ဝါးများကိုခုတ်နေကြပါလေတော့သည် ။
အခန်း-၂
မောင်ဘိုးထင် နှင့် ဖိုးထွေးသည် တောင်းဝှေးကို သေချာကြည့်နေသည် ၊ ကျန်သော သူများသည် နေ့လယ်စာ အတွက် ပြင်ဆင်နေကြ၏ ၊ မောင်ဘိုးထင်သည် ကျောက်စိမ်းပမာ စိမ်းနေပြီး နဂါးလိုလိုမွေလိုလို အေကာင် ပတ်ထားဟန် တောင်ဝှေးသည် ပုဆိုး တကွင်းအရှည်မျှ ရှိသည် ၊ မောင်ဘိုးထင်သည် တောင်ဝှေးကို သေချာစွာ ကြည့်ရင်း
“ကိုဖိုးထွေး ဒီတောင်ဝှေးက ဝါးတော့ ဝါးပဲဗျ ဘာဝါးလဲ မသိဘူး ဒီအကောင်တွေက မွေလား နဂါးလားဗျ’
“နဂါးဆိုရင် အမောက်က အကြီးကြီး နေမှာ ဒီကောင်က ငါ့အထင် မေွစိမ်း လားမသိဘူး “
” မွေးစိမ်းတော့ မဖြစ်နိုင်ဘူး ဗျ တောင်မွေးက စိမ်းနေတော့ အစိမ်းရောင် ဖြစ်နေတာကို ကျုပ်အထင် ဒီအကွက်တွေကို ကြည့် မွေပွေးပဲ နဂါးဆို အချွန်အတက်တွေ ပါမှာ “
“ဟာ ဒီအကွက် တွေက ရာဇမတ် အကွက်တွေပါကွာ စပါးကြီးဖြစ်မယ် ဒီမှာ ကြည့် ခေါင်းက ဝိုင်းတယ် ဟ “
“အေးဗျာ တောင်ဝှေးလုပ်တဲ့ ဘိုတော်ကလည်း အရုပ်ကို သေချာ မဆွဲခဲ့ ဘူး “
“မင်းက သိေတာ့ကော ဘာလုပ်မလို့လဲ “
“ဟာ ဝါးတွေ ခုတ်ထားတာ တင်ဝါးဖုတ်မယ် များထင်နေလား “
“မထင်ပါဘူးကွာ “
“ကျုပ်တို့ တောင်ဝှေးတွေကို အတုလုပ်သွားကြရအောင် အစစ်ကို ဟော့ဟို ဝါးထမ်းတပိုးထဲ ဖွက်ခဲ့မယ် ဗျာ ဘယ်လို လဲ “
“လုပ်တာတော့ ဟုတ်ပါပြီ ဒီတိုင်း ဝါးတောင်ဝှေးကြီးဆို ဘယ်သူက ယုံမှာလဲ “
“ဒီတိုင်းတော့ ဟုတ်မလားဗျာ ေတာင်ဝှေး အစစ်လို စိမ်းနေတာတော့ မဖြစ်နိုင်ဘူး အစစ်ကိုလည်း ဘယ်သူမှ မြင်ဘူးမှာ မဟုတ်ပါဘူဗျာ “
“အဲ့တော့ မင်းက ဘယ်လို လုပ်မလို့လဲ “
“ကျုပ် ဒီ ဝါးတွေက်ု မီးမြှိုက်လိုက်မယ်ဗျာ ပြီးတော့ မွေပုံလေးတွေ ဆွဲထားရအောင် မိုးကြိုးစက်တောင်ဝှေးဆိုတော့ အစိမ်းကြီး လို့ ဘယ်သူမှထင်မှ မဟုတ်ဘူး ကျုပ်တို့ မီးမြှိုက်ထားတဲ့ တောင်ဝှေးကမှ မိုးကြိုးစက် တောင်ဝှေးနဲ့ ပိုတူဦးမယ် “
မောင်ဘိုးထင် ပြောစကားကို ဖိုးထွေး ခေါင်းညိတ်ပြီး ထောက်ခံ လိုက်သည်
“ဟုတ်တယ် မင်း အကြံ မဆိုးဘူး ဘယ် နှစ်ချောင်း လုပ်မှာလဲ
” သုံးချောင်း လောက်တော့ လုပ်ထားရအောင် “
“အေးကွာ မင်းအကြံကောင်းတယ် မွေပုံက ဘယ်လို ဆွဲမှာလဲ “
“ဝါးတွေကို မီးမြှိုက်ပြီး ကျုပ်ဓားစူးလေးနဲ့ ကိုသာရကို ဆွဲခိုင်းတာပေါ့ အဲ့လူက ရွာက ဘကြီးတင့် ဆီမှာ နဂါးရုပ်တွေ ဘာတွေ ဆွဲနေတာ တွေ့တယ် “
“အေးကွာ တို့ ဝါးလုံးတွေ မီး မြှိုက်ကြရအောင်ကွာ “
မောင်ဘိုးထင် နှင့် ဖိုးထွေးသည် သူတို့ ခုတ်ထားသော ဝါးလုံးများထဲမှ သူတို့အကြိုက်ဆုံး ဝါးသုံးလုံးကို ရွေးပြီး မီးဖိုကာ မီးမြှိုက်နေကြပါလေတော့သည် ။
အခန်း-၃
မောင်ဘိုးထင်တို့ ထမင်းစားသောက်ပြီးသည့်အခါ မောင်ဘိုးထင် နှင့် ဖိုးထွေးသည် သာရအား သူတို့ မီးမြှိုက်ထားသော တောင်ဝှေးများကို ပေးလိုက်ပြီး
“ကိုသာရ ခင်ဗျား သင်ထားတဲ့ ဟို နဂါးရုပ်ရေးပေးဗျာ “
“ငါက နဂါးရုပ် မဆွဲတက်ဘူး “
“အလှူမှာ ဆွဲ နေတာ အဲ့ဒါ နဂါး မဟုတ်ဘူးလား “
“နဂါး မဟုတ်ဘူး အဲ့တာ နယား တဲ့ကွ”
“အဲ့တာဆို ကိုသာရက နဂါး မဆွဲတက်ဘူးလား “
“ငါကလည်း အဲ့ နယား တပုံပဲ ဆွဲတက်တာ “
“ထူးဘူးဗျာ ဒီတိုင်း ပြောင်ကြီးထက်စာရင် အရုပ် တရုပ်ပါတော့ ပိုကောင်းတာပေါ့ ရော့ ဆွဲဗျာ “
မောင်ဘိုးထင်သည် မီးမြှိုက်ထားသော ဝါးတောင်မွေး သုံးလုံး နှင့် ဓားမြှောင်ကို ပေးလိုက်ရာ သာရသည် မောင်ဘိုးထင်တို့ တောင်ဝှေး မဲမဲ သုံးလုံးကို ကြည့်ပြီး
“ဘိုးထင် မင်းတောင်ဝှေးက ဘယ်ဘက်က အပေါ်လဲဟ “
“ဟာ ကိုသာရကလည်း ထိပ်မှာ အလုံးလေး လုပ်ထားတာ အပေါ်လေဗျာ “
“အေးအေး ငါဆွဲလိုက်မယ် ဟေ့ “
သာရသည် ဝါးတလုံးချင်ဆီတွင် နယားပုံများ ဓားမြှောင် ထိပ်လေးနှင့် ခြစ်ပြီး ဆွဲနေသည် နယားသည် အပေါ်မှ အောက်ကို ဆင်းဟန် ဖြစ်သည် ၊ နဂါးဦးခေါင်း ငှက်တောင်ပန် ခြေ နှစ်ဖက် လက်နှစ်ဘက် အမှီးပါသော နယားပုံသည် ဝါးလုံး တောင်ဝှေးတွင် ဆွဲထားရာ အတော်တော့ကြည့်ကောင်းနေသည် ၊ မောင်ဘိုးထင်သည် သာရ အရုပ်ဆွဲပြီးသွားသော တောင်ဝှေးကို ကြည့်ကာ
“ကိုသာရ ဆွဲတာ မဆိုးဘူး ဗျာ ဒါနဲ့ ဓားခြစ်ထားတဲ့ အရာတွေက နည်းနည်း သိသာနေတယ် ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ “
“လွယ်ပါတယ်ကွာ ဟိုမှာ ကျွန်းပင် အဲ့က ကျွန်းရွက်နုကိုခူး ဖိခြေလိုက်ရင် အနီးရောင်ဖြစ်သွားလိမ့်မယ် အဲ့တာ ကို တောင်ဝှေးမှာ လိမ်းပြီး သုပ်လိုက်ကွာ ဓားခြစ်ရာ ထဲမှာ အနီရောင် ကျန်ခဲ့လိမ့်မယ် ထင်တယ် “
“ကျုပ်လုပ်ကြည့်လိုက်မယ် “
မောင်ဘိုးထင်သည် ကျွန်းရွက်နုများကိုခူးပြီး ဖိခြေလိုက်ရာ အနီးရောင် ပြောင်းသွားသည် ၊ ထို့နောက် တောင်းဝှေးများကို လိမ်းလိုက်ပြီး အဝတ်နဲ့ သုပ်လိုက်ရာ ဓားခြစ်ရလေးတွင် အနီရောင်လေးများ ဖြစ်သွားပြီး မီးမြိုက်ထားသော တောင်ဝှေးမှာ နယားပုံ ဆွဲထားသည့် ဓားခြစ်ရာအနီရောင် ဖြစ် အတော်ပင်ကြည့်ကောင်းနေသည် ။
“ကိုဖိုးေထွး ကျုပ်တို့ တောင်ဝှေးကမှ တကယ် မိုးကြိုးစက် တောင်ဝှေး လို့ ထင်ကြမှာ ကြည့်ပါလား တကယ်ကို ရှေးဟောင်း တောင်ဝှေး ကြနေတာပဲ ဗျာ “,
“အေး ဟုတ်တယ်ကွ “
ထို့ေနာက် မောင်ဘိုးထင်တို့သည် တောင်ဝှေး သုံးချောင်းကို ပုဆိုးတထည်နှင့် ပတ်ပြီး တစုတစည်းထဲ ထားလိုက်သည် တောင်ဝှေးအစစ်အား တောင်းများကို ချိုထမ်းသော ဝါးလုံးထဲသို့ ထိုးထည့်ကာ ထိပ်တွင် ပုဆိုးကို ဆို့ပြီး ထားလိုက်ကြပါလေတော့သည် ။
အခန်း-၄
မောင်ဘိုးထင်တို့ ညမိုးချုပ်ပြီ ဖြစ်၍ အရိပ်ကောင်းသော ညောင်ပင်ကြီး အောက်တွင် ထင်းမီးကိုဖိုကာ အိပ်ရန်ပြင်ဆင်လိုက်သည် ၊ မအိပ်ခင် ညနေမှ ရသော တောကြက်ကင်လေး ငါးကင် နှင့် ငှက်ကြော် လေးများကိ ဝါးရင် စကားဖောင်ဖွဲ့နေကြသည်
“ညနေက ညစာ စားရတာ ကောင်းလိုက်တာ ဘိုးထင်ရာ”
“မင်းက ဘယ်တုန်းက မကောင်းလို့လဲ ပေတူး “
“မကောင်းပါဘူးကွာ လာတုန်းက ဒရင်ကောက် နဲ့ ကန်စွန်းရွက်ကြော်က”
“အေး အဲ့တာတောင် မင်းက ထမင်း အစားဆုံးပဲ “
မောင်ဘိုးထင်ပြောမှ ပေတူးငြိမ်သွားသည် ထိုေနာက် ဖိုးထွေးသည် ထင်းတချောင်ကို မီးဖိုထဲ ထည့်ရင်း
“တောက် အခုချိန် မိကျော့ လေးများ ရှိရင် ဘယ် လောက်ကောင်း လိုက်မလဲ “
“အေးကွာ လှရင်လေးကော တူတူလာရင်ကောင်းမယ် “
ဖိုးထွေး နှင့် သာရ ထိုသို့ပြောနေချိန် သူတို့ နှင့် မလှမ်း မကမ်း မီးဖိုမှ မီးရောင်မြင်ရသော နေရာတွင် မိန်းကလေးအသံပေါ်လာသည်
“ဖိုးထွေးရေ “
“သာရ ဟေ့သာရ”
ဖိုးထွေးနှင့် သာရ အပါအဝင်အားလုံးသည် အသံလာရာဆီသို့ ကြည့်လိုက်ရာ မိကျော့ နှင့် လှရင် ဖြစ်နေလေသည်၊ ဖိုးထွေးနှင့် သာရ ငေးကြောင်နေစဉ်
” နင်တို့ ခုထိ ရွာ ပြန်မရောက်လာသေးလို့ ငါနဲ့ လှရင် လာခေါ်တာ “
“”နင်တို့ နှစ်ယောက်ထဲလား “
“ဟုတ်တယ်လေ လာခဲ့ ငါတို့ ရွာအတူတူပြန်ရအောင်”
ဖိုးထွေး နှင့် သာရသည် ပြုံးဖြီးကာ မတ်တတ် ထရပ်လိုက်စဉ်
“ကို နှာဘူးတွေကတော့ ဒီတောကြီးထဲ ဘယ်က အမ မိကျော့တို့ လာမှာ လဲ ခင်ဗျားတို့က ဒါနဲ့ ပတ်သက်ရင် ဘာမှကို မတွေးတော့ဘူး”
မောင်ဘိုးထင်သည် သူ၏ နှာခေါင်းကို လက် ညှိုး နှင့် ဖိပြပြီး စကားပြောလိုက်ရာ ဖိုးထွေး နှင့် သာရ ရှက်ရှက်နှင့် ပြန်ထိုင်နေသည် ထိုနောက်ဖိုးထွေးမှ
“တကယ်မိကျော့ လား မသိဘူးနော် ဘိုးထင် ပါးချိုင့်လေးပါတာက အစတူနေတာနော် ဟေ့ကောင်ရ”
“,မင်းပြောတာ ဟုတ်တယ် ဖိုးထွေးရ လှရင်လေးရဲ့ နားတောင်း လေးက တဖက်တည်းနော် အရင် အလှူတုန်းက ကျပျောက်သွားတာလို့ပြောတယ် တကယ် အစစ်တွေ လားမသိဘူးကွ”
“ဟာ ဒီလူတွေတော့ မဟူရာ ရွာက ဘွားတော် ကြီးတွေ နဲ့ တွေ့တာတောင် အခုထိ မမှတ်သေးဘူး “
မောင်ဘိုးထင်၏စကားကြောင့် မည်သည့်စကားမှ အထွန့်မတက်တော့ ထိုနောက် မောင်ဘိုးထင်သည် သာအေး နှင့် ပေတူးတို့အား လွယ်အိတ်ကို မျက်စာ ပစ်ပြလိုက်ရာ အေကြာင်းသိသော သာအေး နှင့် ပေတူးသည် လွယ်အိတ်ထဲမှ လေးဂွ များကို မောင်ဘိုးထင် နှင့် ပြိုင်တူ ထုတ်လိုက်ပြီး မောင်ဘိုးထင်မှ
“မျက်နှာကို ပစ်ကြကွာ “
“အေးအေး “
မောင်ဘိုးထင် တို့ သုံးယောက် လေးဂွနှင့် မိကျော့ နှင့် လှရင်ကို ပစ်ပါလေတော့သည် ၊ ထိုသို့ ပစ်လိုက်သော အခါ မိကျော့ နှင့် လှရင် တို့သည်
“အမလေး သေပါပြီတော့ ဖိုးထွေးရေ ကျမကို ပစ်နေတာ ကြည့်ရက်လားတော်”
“ကိုသာရ ကျမသေတော့မယ် ထင်ပါတယ် “
လှရင် နှင့် မိကျော့သည်။ အော်ဟစ်ငိုကျွေး နေလေရာ ဖိုးထွေး နှင့် သာရသည်
“ဟေ့ကောင်တွေ တော်ပါတော့ကွာ “
“အေး တော်ကြာပါတော့ကွာ “
ဖိုးထွေး နှင့် သာရသည် သနားလွန်း၍ မောင်ဘိုးထင်တို့ကို လေးဂွ ဖြစ် မပစ်ရန် တားနေစဉ် မောင်ဘိုးထင်သည် ဖိုးထွေးတို့ ဘက်ကို လေးဂွနှင့် ချိန်ပြီး
“ခင်ဗျားတို့ နောက်တခါ လာတားကြည့် ခင်ဗျားတို့ကို ပါ ပစ်မယ် “
ထိုသို့ မောင်ဘိုးထင် သည့် သာရနှင့် ဖိုးထွေးကို ပြောပြီး မိကျော့ နှင့် လှရင်ကို လေးဂွ နှင့် ပစ်လိုက်ပြန်သည် မိကျော့ နှင့် လှရင်သည် နောက်သို့ မပြေး ရှေ့သို့ သာ ရယ်မောပြီး တိုးတိုးလာရာ ဖိုးထွေး နှင့် သာရ ပါ လေးဂွနှင့် ဝိုင်းပစ်လေပါတော့သည် ၊မကြာသော အခါတွင်တော့ မိကျော့ နှင့် လှရင်၏ မျက်နှာ တွင် သွေးများထွက်လာပြီး လဲကျသွားေတာ့သည် ၊ မြေပြင်ပေါ်သို့ လဲကျသွားသော လှရင် နှင့် မိကျော့သည် တဖြည်းဖြည်း နှင့် သူတို့၏ ပုံစံပျောက်သွားကာ ဖွတ် ကြီး နှစ်ကောင် အဖြစ်ပြောင်းလဲ သွားပါလေတော့သည်။
အခန်း-၅
မနက်ခင်း အချိန်ခါသို့ရောက်ရှိလာပြီ ဖြစ်သည်၊ မောင်ဘိုး ထင် နှင့် သာအေးတို့ သည် မနက်စာများကို ချင်ပြုတ်ပြီး၍ ဖိုးထွေး သာရ နှင့် ပေတူးကို နိုးလိုက်ကြသည်
“ကိုဖိုးထွေတို့ ထကြတော့ မနက်စာ စားပြီး ခရီးဆက်ကြရအောင် “
မောင်ဘိုးထင် နိုးလိုက်မှ ဖိုးထွေးတို့ ထလာကြသည် ထိုေနာက် မျက်နှာ သစ်လိုက်ကြပြီး ၊ မောင်ဘိုးထင် နှင့် သာအေး အနားထိုင်လိုက်သည် ၊ မောင်ဘိုးထင် နှင့် သာအေးသည် ထမင်းကို ခူးခပ်ကာ အသင့်စားနိုင်ရန် ပြုလုပ်ပေးထား၍ အံဩ နေကြသည် ၊ ဟင်းများက လည်းအိုးအပြည့် ဖြစ်ကာ အငွေ့တထောင်းထောင်းထနေ၏ ၊ မောင်ဘိုးထင် သည် ဖိုးေထွး နှင့် သာရ ၏ ပန်းကန်ထဲ သို့ ဟင်းကို အရင်ထည့်ပေးလိုက်ကာ
“စားဗျာ ကိုဖိုးထွေး နဲ့ ကိုသာရ ခင်ဗျားတို့နှစ်ယောက်က အကြီးဆုံး မို့ အရင်ထည့်ပေးတာ “
“မင်း တော်တော် သိတက်တဲ့ကောင် “
ဖိုးထွေးသည် ထိုသို့ပြောပြီး အားရ ပါးရ ထမင်းစား နေပါသည် ။မောင်ဘိုးထင် နှင့် သာအေးသည် အားရပါးရစားနေသော ဖိုးထွေးတို့ သုံးယောက်အား မသိမသာ အကဲ ခက် ကြည့်နေသည် ၊ သာရသည် ဟင်းတဖက်ကို သေချာကြည့်ပြီး ပါးစပ် ထဲ ထည့်လိုက်ကာ
“ဟေ့ကောင် ကောင်းလိုက်တာကွာ ဘာသားလဲ မင်းတို့ ဘယ်အချိန်က ရလိုက်တာလဲဟ တော်တော် တော်တဲ့ ကောင်တွေ “
“အေး ဟုတ်တယ် တော်တော် စားလို့ကောင်းတာ ဘာသား လဲ ဟ ပြောစမ်းပါဦး မင်းတို့ ဘယ်တုန်းက များ တောထဲ ဟင်းစားရှာလိုက်တာလဲ “
“ညက ရှာလိုက်တာ ပါဗျာ “
“မင်းတို့ မအိပ်ဘူးလား “
“အိပ်တယ်လေ ခင်ဗျားတို့ နဲ့ တူတူအိပ်တာ “
“ညက ရှာတယ်ဆိုတော့ “
ဖိုးထွေး နှင့် သာရသည် ညက သူတို့ ပစ်လိုက်သော မိကျော့ နှင့် လှရင် ပုံစံမှ ပြောင်းပြီး သေနေသော ဖွတ်သေ နှစ်ကောင် နေရာ သို့ကြည့်လိုက်သည် ၊ ထို ဖွတ် နှစ်ကောင် မှာ ရှိမနေတော့သော ကြောင့် မျက်လံုးပြူးပြီး မောင်ဘိုးထင် နှင့် သာရ ကိုကြည့်ကာ
“ညက ဖွတ်ကျော့မေ နဲ့ ဖွတ် လှရင်တို့ကော “
“ခင်ဗျားတို့ စားနေတာပဲလေဗျာ “
“ဘာ ပြောတယ် “
“ဟုတ်တယ် လေ မနက်က အစော ထပြီး ဖွတ်တွေကို ဖျက်ပြီး ချက်ထားတာ ကောင်းတယ် မဟုတ်လား “
“မင်း မင်းတို့ “
“ကျုပ် တို့ကို စိတ်ဆိုးတာလား “
“မဟုတ်ပါဘူး ဘိုးထင် ရာ ဒီလောက်ကောင်းတဲ့ အသား အခုမှ စားဖူးတာ နာတယ် လို့ ပြောမလို့ပါကွာ “
လူရှုပ်လေးများသည် အကြောက်အလန့် မရှိ လုပ်ချင်တာများကို သာ လုပ်ပြီး ပြုံး ပျော်နေတက်သည်မို့ ဒီလမ်း ဒီခရီးကြမ်းကို ဦးအုန်း လွှတ်လိုက်ချင်းဖြစ်သည် ၊ ဤသို့နှင့် မောင်ဘိုးထင်တို့ ထမင်းစားပြီး၍ ပေပင်ရွာသို့ ပြန်သည့် ခရီးကို ဆက်လိုက်ကြပါလေတော့သည် ။
အခန်း-၆
မောင်ဘိုးထင်တို့ ခရီးဆက်လာသည်မှာ နေမွန်းပင် တည်တော့မည်ဖြစ်သည် ၊ ဖိုးထွေးသည် နေလံုးကြီးကို မော့ကြည့်လိုက်ပြီး
“ဟေ့ကောင်တွေ နားကြရအောင် ထမင်းစားရအောင်လို့”
“နားကြတာပေါ့ ဟို အရိပ်နားကြမှ နားကြရအောင်ဗျာ “
“အေးအေး သွားကြ သွားကြ”
မောင်ဘိုးထင်တို့ သည် သစ်တောအုပ်လေးထဲ ဝင် လိုက်ပြီး သစ်ပင် အရိပ်မှာ ပစ္စည်း ပစ္စယ များကို ချပြီးး နားလိုက်ကြသည် ၊ ရေဘူး ထဲ မှ ရေများကို တယောက် တလှည့် မော့ေနကြစဉ်
“ဟေ့ကောင်တွေ မင်းတို့က ကျားဆိုးရွာက လာတဲ့ ကောင်ေလးတွေလား “
အသက် ၆၀ အရွယ် ယောဂီ ပုဆိုး ယောဂီ အင်္ကျီ နှင့် လူခြောက်ယောက်သည် သူတို့အနား ရောက်လာပြီး မေးလေသည် ၊ ထိုမေးသော သူကို မောင်ဘိုးထင် သေချာ ကြည့်လိုက်သည် ၊ ရုပ်ရည် ကြမ်းတန်းခက်ထန်လှပြီး ဝတ်ထားသော ယောဂီ ရောင် အင်္ကျီ ပုဆိုး နှင့် သူတို့၏ ပုံစံက ဘယ်လို မှ မလိုက်ဖတ်ပါ ယောဂီဝတ်စုံများ ဝတ်ထားသော လူများထဲမှာ ခေါင်းဆောင် ဖြစ်ဟန်တူသော လူကြီးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ကောင်လေးတွေ ငါတို့က အထက်လမ်းဆရာတွေ မင်းတို့ ကျားဆိုးရွာက ယူလာတဲ့ တောင်ဝှေး ငါကို ပေးစမ်း “
“ဘာတောင်ဝှေးကို ပြောတာ လဲ ဆရာကြီး “
မောင်ဘိုးထင်သည် ထိုလူကြီးအား ရိုရိုသေးသေ မေးေလရော ထိုလူကြီးသည် မောင်ဘိုးထင်ကို ကြည့်၍
“ငါနာမည်က ထွန်းမြိုင် လို့ခေါ်တယ်။ ဒီနယ်က ဆရာပေါ့ကွာ “
“ဟုတ်ကဲ့ ဆရာကြီး “
“မင်းတို့ ပုံစံကြည့်ရတာ လူကြီးသူမကို ရိုသေမဲ့ ပုံတွေပါ “
ဦးထွန်းမြိုင်မှ ထိုသို့ပြောလိုက်သောအခါ မောင်ဘိုးထင် ဘေးတွင် ရှိသော သာအေးသည် လက်အုပ်လေးချီကာ
“အော် ကျုပ်တို့က သာမာန် အသက်ကြီး တဲ့ သူတွေတောင် ရိုသေလေးစားတာ ဆရာကြီးတို့လို လူမျိုးတွေကို ပိုလို့ လေးစားတာပေါ့ ခင်ဗျာ “
ဦးထွန်းမြိုင်သည် သာအေး၏ စကားကြောင့် ပြုံးပြုံး နှင့် ခေါင်းညိတ်နေလေသည် ၊ ထိုေနာက် သူ၏ လက်အောက်ငယ်သားများဘက်လှည့်ကာ
“မင်းတို့တွေ ကြည့်ထား ငါ့ရဲ့ ဥပဓိရုပ် ငါ့ရဲ့ ကျော်ဇော်မှုက လူကြီးတွေ မပြောနဲ့ ကလေးတွေ ဆီတောင် ရောက်နေပါပေါ့လား မင်းတို့ လည်း ကြိုးစားကြ ကြားလား”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ဦးထွန်း မြိုင်၏ လက်အောက်ငယ်သားများသ ည် အသံခပ်ကျယ်ကျယ် နှင့် ပြိုင်တူ ပြောလိုက်ချင်းဖြစ်သည် ၊ ဖိုးထွေး နှင့် သာရသည် ဦးထွန်းမြိုင်အား ရေလေးကမ်းလိုက်ပြီး ထမင်းစားမလားပြောကာ ထမင်းခူးပေးမည့်ဟန်ပြင်နေကြကာ လေးလေးစားစား ဆက်ဆံနေကြသည် ၊ ထိုအခါ ဦးထွန်းမြိုင်သည် မောင်ဘိုးထင်တို့ဘက်လှည့်ကာ
“မင်းတို့က ပြောရ ခက်မဲ့ ကလေးတွေ မဟုတ်ပါဘူး ကျားဆိုးရွာက မိုးကြိုးစက် တောင်ဝှေး ငါ့ကို ပေးပါလား”
“ပေးရမှာ ပေါ့ ဆရာကြီးရယ် သုံးချောင်းပါလာတယ် တချောင်းတော့ ယူပါ ဗျာ ရွာပြန်ရောက်လို့ တေချာင်းမှာ ပြန်မပါ ရင် ကျုပ်တို့ကို လာယူခိုင်းတဲ့ အောက်လမ်းဆရာကြီးက သတ်မှာဗျာ “
“ဟေ့ အဲ့လိုလား “
“ဟုတ်ပါတယ် ဆရာကြီးရာ ကျုပ်တို့လို ကလေးတွေက ဒီလောက် ခရီးကြမ်းကို ဘယ်လိုလုပ်သွားချင်မှာလဲ လောက်စလုံး လှိမ့် ငှက်ပြစ် ဒါတွေပဲ လုပ်ချင်တာပေါ့ ဗျာ အခုတော့ တောကြီး မျက်မဲ ထဲ အနိုင်ကျင့်ပြီး ကျုပ်တို့ကို လာယူခိုင်းတာ ကျားဆွဲဆွဲ ကျီးထိုးထိုး ကျုပ်တို့ ကလေးတွေကို လွှတ် ရက်တယ် ဗျာ “
“ငါ ထင်တော့ ထင်ပါတယ် ကွာ လုပ်စမ်း ပါဦး မင်းတို့ တောင်းဝှေးလေး ပြပါဦး”
မောင်ဘိုးထင်သည် ဦးထွန်းမြိုင် စကားဆုံးသည်နှင့် သူတို့ အတုပြု ပြုလုပ်ထားသော ဝါးတောင်ဝှေးသုံးချောင်းအား ပတ်ထားသော ပုဆိုးကို ဖြည်၍ ပြလိုက်သည်လေသည် ၊
ဦးထွန်းမြိုင်သည် တောင်ဝှေးသုံးချောင်းကိုမြင်သော အခါ မောင်ဘိုးထင်ကို ကြည့်လိုက်ပြီး
“မင်းတို့ဟာက သုံးချောင်းတောင်လားဟ “
“ဟုတ်တယ်လေ ဆရာကြီးကို သုံးချောင်းလို့ေပြာပါတယ် ခင်ဗျ၊ ကျုပ်အထင် ဒီတောင်ဝှေးကို အစီရင်လုပ်ပေးတဲ့ ပုဂ္ဂိုလ်က ဝိဇ္ဇာဆိုလား ဘာဆိုလားဗျာ အဲ့ဒီေတာ့ အစီရင်လုပ်တုန်း တခါးတည်းပြီးအောင် ပိုပိုလိုလို သုံးချောင်း လုပ်ပေးလိုက်တယ် ပြောတာပဲ”
“ဟုတ်တယ်ဆရာကြီး ကျုပ်တို့ကို ပြောသေးတယ် အဲ့ပုဂ္ဂိုလ်က ခုနှစ်ရက်သား သမီးတွေ အတွက် ခုနှစ်ချောင်းတောင် လုပ်ချင်တာတဲ့ အခုလို ရှားပါတယ် မိုးကြိုးပစ်ခံရပြီး မီးမကျွမ်း တဲ့ ဝါးက ဒီသုံးချောင်းစာပဲ ရှိလို့တဲ့ဗျ”
မောင်ဘိုးထင် နှင့် အတူ သာရမှ ဝင်ရောက်ပြောပေးလိုက်ရာ ဦးထွန်းမြိုင်သည် ခေါင်းတဆက်ဆက် ညိတ်ပြီး
“အင်း ရှားပေမှာပေါ့ အခုလို မိုးကြိုးခ ပြီး မီးမကျွမ်း တဲ့ ဝါးဆိုတာ အတော်ရှားမှာပေါ့ ့ “
“ဟုတ်တယ် ဆရာကြီး ကျုပ်တို့ကို ကဝေပျံခင်မေ ဆိုလား မှာလိုက်တာရှိတယ် “
မောင်ဘိုးထင်သည် ထိုသို့ပြောလိုက်ရာ ဦးထွန်းမြိုင်မှ မောင်ဘိုးထင် အနားတိုးလာ၏ ၊ထို့နောက် မောင်ဘိုးထင်သည် အသံတိုးတိုး နှင့်
ဆရာကြီး ဒီသိဒ္ဓိဝင် မိုးကြိုးစက် တောင်ဝှေးက သီလရှိသူတွေ သုံးမှ အစွမ်းထက်တာတဲ့ အဲ့တာ ဆရာကြီး စမ်းကြည့် ချင်ရင် စမ်းလို့ရတယ် ဆရာကြီး တပည်တွေ အထင်ကြီးသွားအောင်”,
“နေနေ မစမ်းတော့ဘူး ငါဒီတိုင်း ပဲ ယူသွားမယ် “
“စမ်းကြည့်ပါ ဆရာကြီးရာ ကျုပ်တို့လည်း ဒီတောင်ဝှေး အစွမ်းတွေကြည့်ချင်လို့”
“တိတ်တိတ်နေစမ်းကွာ မစမ်းတော့ပါဘူးဆို ငါ သုံးချောင်းလုံး ယူရမှာလား “
ဦးထွန်းမြိုင်မှ ထိုသို့ပြောသောအခါ မောင်ဘိုးထင်သည် မျက်နှာလေးငယ် သွားပြီး
“ဆရာကြီး သုံးချောင်းလုံး ယူမယ် ဆိုရင်တော့ ကျုပ်တို့ ကို တခါတည်း သတ်ပြီး မှ ယူသွားလိုက်ပါဗျာ”
“ဟုတ်ပါတယ် ကျုပ်တို့ကို သတ်သွားလိုက်ပါ အောက်လမ်းဆရာကြီး လက်နဲ့ သတ်လို့ အသေခံရတာ ထက် ဆရာကြီးရဲ့ မြင့်မြတ်တဲ့ လက် နဲ့ အသေခံပါမယ် “
ပေတူးမှ ဝင်ရောက်ပြောဆိုပြီး ဒူးများထောက်ကာ လည်များစင်းပေးထားကြသည် ၊ ဦးထွန်းမြိုင်သည် ပေတူး၏စကားကို ပီတိဖြစ်ကာ သူ၏ ရှေ့တွင် ဒူးထောက် နေသည့် မောင်ဘိုးထင်ကို ပုခုံးမှ ကိုင်ပြီး ထစေလိုက်ကာ
“တချောင်းပဲ ယူပါမယ် ကွာ အလကားလည်း မယူချင်ပါဘူး ငါဘယ်လောက်ပေးရမလဲ “
“ဆရာကြီးရဲ့ အဆင့်အတန်းနဲ့ဆို ငါးဆယ်လောက်ဆို မများဘူးမဟုတ်လား “
ဦးထွန်းမြိုင်သည် မျက်နှာမသိမသာ ပျက်သွားပေမဲ့ ပြုံးရယ်ကာ
“မ မများပါဘူးကွာ ငါ မိုးကြိုးစက် တောင်ဝှေးကို သေချာကြည့်ပါရစေဦး “
ဦးထွန်းမြိုင်သည် မောင်ဘိုးထင်တို့ မီးမြှိုက်ထာပြီး သာရမှ နယားရုပ်ကို ဓားနှင့် ခြစ်ထားသည့် တောင်ဝှေးကို ကြည့်ကာ ခေါင်းတဆက်ဆက် ညိတ်လိုက်ပြီး သူ၏ တပည်များအား တောင်ဝှေးကို ပြကာ
“မင်းတို့ ကြည့်ထားကြ ဒီတောင်ဝှေးဟာ ဝိဇ္ဇာပုဂ္ဂိုလ် တဦး စီရင်ထားတဲ့ ရှေးဟောင်းတောင်ဝှေးပဲ မိုးကြိုးပစ်တာကို ပြာမကျပဲ အခုလို မဲပဲ မဲသွားတဲ့ ဝါးကို ရှေးဟောင်း နယားပုံကို သေသပ်စွာ ဆွဲထားတဲ့ တကယ့် သိဒ္ဓိ ဝင် တောင်ဝှေးပဲ ကြည့်ထားကြ နောက်ဆို ငါ ဒီတောင်ဝှေးကို သေချာ ထိန်းသိမ်းထားမှာ အခု ဝ အောင်ကြည့်ထား “
ဦးထွန်းမြိုင်၏ တပည်များသည် ဆရာသမားကို အတော်ဖားပုံ ပေါ်သည်
“လှ လိုက်တဲ့ နယားကြီး အစွဲကြီးကို ပြူးနေတာပဲ”
“ဟုတ်ပကွာ ရှေးခေတ် အနုပညာကို ထင်ဟပ်နေတယ်ကွာ အတော်ကို လက်ရာကောင်းတာဟေ့ “
ဦးထွန်းမြိုင်၏ တပည်များသည် တောင်းဝှေးမှ သာရ၏ နယားကြီးကို အမွှန်းတင်နေရာ သာရ အံကို ကြိတ်ပြီး မရယ်မိေအာင် အတော်ပင် ထိန်းနေရသလို ကျန်သူများလည်း မရယ်မိအောင် သတိထားနေရသည် ၊ ထိုအရာကို သဘောပေါက်သော မောင်ဘိုးထင်သည် အချိန်ဆွဲ ၍ မဖြစ်မှန်းသိသော အခါ
“ဆရာကြီး ကျုပ်တို့ ခရီးဆက်ရတော့မယ် “
“အေးအေး သွားလေ “
“ဟို ဆရာကြီး ငွေလေး ပေးမယ်ဆို “
“အော် အေးမေ့နေလို့ပါကွာ ရော့ ရော့ နှစ်ဆယ် “
“ဆရာ ကြီးပြောတော့ ငါးဆယ်”
“အေးသိပါတယ်ကွ ငါ့မှာ နှစ်ဆယ်ပဲ ပါလို့ပါ ငါ့ ငွေထိန်းပါပါတယ် ကွ”
ဦးထွန်းမြိုင်သည် သူ၏ တပည်များထဲမှ နုတ်ခမ်းမွှေးစစ နှင့် လူကို ကြည့်လိုက်ပြီး
“မောင်ထူး မင်းမှာ ငွေ သုံးဆယ် ပါတယ် မဟုတ်လားပေးစမ်း “
“ပါတော့ ပါ ပါတယ် ဒါပေမဲ့ ငှက်ပျော်ပွဲ အုန်းပွဲ အကြွေးတွေ ပေး”
“မင်းက လျှာကို ရှည်တယ် ပေးဆိုပေးစမ်း ကျန်တာ နောက်မှ ရှင်းမယ် “
ဦးထွန်းမြိုင်သည် သူ၏ တပည် စကားမဆုံးခင် ငေါက်ငမ်းလိုက်ပြီး ငွေ သုံးဆယ်ကို ယူကာ မောင်ဘိုးထင်ကို ပေးလိုက်ပါလေတော့သည်။
အခန်း-၇
မောင်ဘိုးထင်တို့သည် ဦးထွန်းမြိုင်ဆီမှ ငွေငါးဆယ်ကို ယူကာ ခရီးဆက်လာရ မဟူရာ ရွာအဝင်သို့ ရောက်လာကြသည် ၊ အလာတုန်းက ခံခဲ့ရသော ဖိုးထွေး နှင့် သာရသည် မောင်ဘိုးထင် အနားကပ်လိုက်ပြီး
“ဘိုးထင် ဟုတ်ကော ဟုတ်ပါ့မလားကွာ ငါတို့ဘဝတော့ မပျက်လောက်ပါဘူနော် “
“ခင်ဗျားတို့ကလည်း လာစမ်းပါ ဒီရွာက ဖြတ်ပြီးမှ ပြန်လို့ရမှာကို လာခဲ့ “
မောင်ဘိုးထင်နှင့် ပေတူးသည် တောင်းများကို ချိုထမ်းပြီး ရှေ့က သွားနေသည် သူတို့ေနာက်တွင်တော့ သာအေး ကပ်လိုက်လာသည် ဖိုးထွေး နှင့် သာရသည်က ဟိုကြည့်ဒီကြည့် နှင့် ရွာအနောက် ဘက်မှနေ ရွာအရှေ့ဘက်ကို ဖြတ်နေစဉ် သူတို့ ၏ မလှမ်း မကမ်းမှ မိန်းမကြီးနှစ်ယောက် ထွက်လာပြီး
“အကို ပြန်လာပြီ မေပျိုရေ အကိုတို့ပြန်လာပြီ “
အသက်ကြီးရင့်နေသော မိန်းမကြီး နှစ်ဦးသည် မောင်ဘိုးထင်တို့ အနောက်မှ ဖိုးထွေး နှင့် သာရ၏ လက်ကို တွဲကာ စကားများ တတွက် ပြောနေလေသည် ထိုအခါ ဖိုးထွေးသည် ငိုမဲ့မဲ့ နှင့် မောင်ဘိုးထင်ကို စကားဆိုလာသည်
“ဘိုးထင် ကယ်ပါ ဦးကွာ မင်းမကယ် ရင် ငါတို့ ဘဝ ပျက်တော့မယ် “
ဖိုးထွေးမှ ထိုသို့ပြောသောအခါ သာအေးမှ မောင်ဘိုးထင်ကို ကြည့်ကာ
“ဟေ့ကောင် ထားလိုက် ဒီလူတွေ မိန်းမ လိုချင်နေတာ ဖွတ်တွေကို တောင်မှ မိကျော့ လာလုပ်နေသေးတာ ဒီ မိန်းမကြီးတွေကို လည်းမိကျော့ လို့ကြာရင် မြင်ရင်မြင်နေမှာ “
“ဟေ့ကောင်သာအေး မင်း မင်းဘာတွေ လျှောက်ပြောနေတာလဲ “
“အေးလေ ဘာတွေ ပြောနေတာလဲ မင်းတို့ နော်”
မောင်ဘိုးထင်သည် ဖိုးထွေး နှင့် သာရအား ပလူးပလဲ လုပ်နေသော မိန်းမကြီးနှစ်ေယာက်ကို ကြည့်ကာ
“ခင်ဗျားတို့ လွှတ်ပေးလိုက်ပါ ခင်ဗျားတို့ အသက်နဲ့ဆို ဒီလူတွေက မြေးအရွယ်လောက်ပဲ ရှိမယ် မရှက်ဘူးလား “
“မရှက်ပါဘူး အချစ်မှာ အရှက်မရှိဘူး “
မောင်ဘိုးထင်သည် ထိုမိန်းမကြီး ၏ စကားကြောင့် ဘာပြောရမှန်း မသိဖြစ်နေစဉ် ပျိုမေ ဟုအမည်ရသော မိန်းမကြီးသည်
“ကောင်လေး နင်တို့ မိုးကြိုးစက် တောင်ဝှေးပါလာတယ် မဟုတ်လား အဲ့တာ ပေးရင် ငါတို ရဲ့ ချစ်သူတွေကို လွှတ်ပေးမယ် “
“ဘိုးထင် ပေးလိုက်ေတာ့ ဘာတွေငိုင်နေတာလဲ “
“ဘိုးထင် ပေးလိုက်လေ “
“နေစမး်ပါ ဦးဗျာ ကျုပ်တွေးနေတယ် “
ထိုေနာက် မောင်ဘိုးထင်သည် မိန်းမကြီး နှစ်ဦးကို ကြည့်ကာ
“မပေးနိုင်ဘူးဗျာ ကျုပ်တို့ သွားပြီ ခင်ဗျားတို့ တိုင်း လုပ်ချင်တာသာ လုပ်ေတာ့ “
“အေးအဲ့တာ ကောင်းတယ် နှာဘူးတဲ့ လူတွေ ထားခဲ့ “
“ဟုတ်တယ် “
ဖိုးထွေး နှင့် သာရသည် သူတို့အားထားခဲ့ပြီးထွက်သွားသော မောင်ဘိုးထင်တို့ကို ကြည့်ကာ အော်ဟစ်ပြီး မထားခဲ့ဖို့ အကူညီတောင်းရင်း မေပျို ပျိုမေ မိန်းမကြီး ညီအမ နှစ်ယောက်၏ လက်ထဲတွင် ကျန်ေနခဲ့ပါလေတော့သည် ။
အခန်း-၈
မောင်ဘိုးထင်တို့ သုံးယောက် မဟူရာ ရွာနှင့် မလှမ်းမကမ်း ရှိ သစ်ပင်ရိပ်တွင် ထိုင်ပြီး ဖိုးထွေးနှင့် သာရအား စောင့်နေလေသည် ၊ သာအေးသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ဘိုးထင် ကိုဖိုးထွေးတို့ ပြန်ထွက်နိုင်ပါ့မလား “
“အသွားတုန်းကတောင် ထွက်လာနိုင်တာ အပြန်လည်းထွက် နိုင်ရမှာပေါ့ ကွ”
“မင်းက ဟိုတောင်ဝှေး အတုကြီးကို ဘာလို့ မပေးလိုက်တာလဲ “
“နောက်ထပ် ဘယ်သူတွေဘယ်လို နှောက်ယှက်မယ် မှန်း မသိဘူး အကုန်ပေးပြစ်လို့မဖြစ်ဘူးကွ”
“အေးပါကွာ တို့ ကိုဖိုးထွေး တို့ကို လာတုန်းက အတိုင်းေစာာင့်ကြတာပေါ့”
မောင်ဘိုးထင်တို့ သုံးယောက် တနာရီမျှစောင့်လိုက်ပြီးချိန် မဟူရာရွာလမ်း ဆီမှ ဖိုးထွေး နှင့် သာရသည် ပုဆိုး မနိုင် ပဝါ မနိုင်နှင့် ပြေးလာပြီး မောင်ဘိုးထင်တို့ စောင့်ေနသည်ကုိ မြင်သော အခါ
“ငါ ထင်တော့ ထင်တယ် မင်းတို့ကောင် တွေ အလာတုန်းက အတိုင်းလုပ်မယ် ဆိုတာသိလို့ပြေးလာတာ ပြေးကြ နောက်က ဟာကြီးတွေက အခု ပိုကြမ်းလာပြီဟ “
ဖိုးထွေးနှင့် သာရ၏ အလျင်လိုမှုနှင့်အတူ မောင်ဘိုးထင်တို့သည် မဟူရာ ရွာနှင့် ဝေးသည်ထက်ဝေးအောင် သုတ်ခြေ တင်းလိုက်ကြပါလေတော့သည် ။
အခန်း-၉
မောင်ဘိုးထင်တို့ ပေပင်ရွာအား ညနေပိုင်းလောက် ပြန်ရောက်မည်ဟု မျှော်မှန်းထားကြသည်၊ ထိုကြောင့် ပြေးလာရသည် မှာ မောပန်းေနသည်မို့။ သစ်ရိပ်ကောင်းသော အပင်ကြီး ရှေ့ နားနေကြစဉ် အနက်ရောင် အင်္ကျီ အနက်ရောင် ထမိန်ကို ဝတ်ထားသော မိန်းမတေယာက် သူတို့အနားတွင် ရုတ်ချည် ပေါ်လာလေသည် ၊ ထိုအခါ မောင်ဘိုးထင်တို့သည် ထိုမိန်းမကို ကြည့်ကာ
“ဘာ လို့ ရုတ်တရက် ပေါ်လာတာလဲ အသံလေးဘာလေး ပေးပေါ့ဗျာ လန့်လိုက်တာ “
“ဟဲ့ ငါ့ပညာ နဲ့ ငါလာတာ နင်တို့ကို ခွင့်ေတာင်းနေရဦးမှာလား “
“ပညာက ပညာပဲ လူမှုရေးတော့ သိပေါ့ဗျာ ငယ်တော့တဲ့ အရွယ် မဟုတ်ဘူး”
“ဟဲ့ကောင်လေးတွေ နင်တို့က ငါ့ကို အပြစ်တင်နေကြတာလား သေချင်ပြီထင်တယ် “
“မသေ ချင်ပါဘူး ခင်ဗျားက ဘာကိစ္စ ရှိလို့လဲ “,
“ငါ တောင်ဝှေးလာယူတာ ပေးစမ်း ေတာင်ဝှေး “
“ရော့ ငါးဆယ်ပေး “
သာအေးသည် သူ၏ လက်ထဲမှ တောင်ဝှေးတုကို ပေးပြီး ပြောလိုက်ရာ ထို မိန်းမသည် တောင်ဝှေးကို ကြည့်ပြီး ဟားတိုက်ရယ်မောကာ တောင်ဝှေးအား ချိုးပြစ်လိုက်ပြီး
“ဘယ်က ဝါးတုတ်တွေ ပေးနေတာလဲ ငါက ကျားဆိုးရွာမှာ နေဖူးတယ် မိုးကြိုးစက်ေတာင်ဝှေးက အစိမ်းဟဲ့ “
“ဟာ ခင်ဗျားက သိနေတာလား “
“သိတာပေါ့ ငါ့နာမည် ကဝေပျံ မိထားတဲ့ ဟဲ့ “
မောင်ဘိုးထင်အား ကျန်သောသူများသည် မျက်စ ပြစ်ပြီး ကြည့်နေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည်
“ကဝေပျံဆိုရင် လည်း တောင်ဝှေးအစစ် ပေးပါမယ်ဗျာ ခင်ဗျားတို့ ကဝေ အချင်းချင်း ရှင်းကြ ကျုပ်တို့က ကြားထဲက အနာ မခံနိုင်ဘူး”
“ငါက ဘယ်သူနဲ့ ရှင်းရမှာလဲဟဲ့ ကောင်လေး “
“ကျားဆိုးရွာ က ကဝေပျံခင်မေ နဲ့ ရှင်း ကျုပ်က တော့ ခင်ဗျားတောင်းလို့ ပေးလိုက်တယ်လို့ေပြာလိုက်မယ် “
“အဲ့ကောင်မ ခင်မေအကြောင်း ထည့်မပြောစမ်း နဲ့ ကောင်လေး “
“ဘာဖြစ်လို့ လဲ ကြောက်လို့လား “
“ဟဲ့ ကြောက်စရာလား အဲ့လို ကောင်မကို မကြောက်ဘူး”
“အဲ့ဒါဆို သူနဲ့ ပညာပြိုင်ဘူးလို့လား “
“ပြိုင်ဘူးတာပေါ့ “
“နိုင်လို့လား “
မောင်ဘိုးထင်သည် ကေဝပျံ မိထားအား ကက်ကက်လန်ပြန်ပြောနေလေသည် ကဝေပျံမိထားသည် ကျားဆိုးရွာသူကြီး ကဝေပျံ ခင်မေ အကြောင်း ကြားလိုက်သည် နှင့် ဒေါသ ထွက်နေလေရာ မောင်ဘိုးထင် စကားပြောရင် အကြံ ထုတ်နေချင်းဖြစ်သည်
“ဟဲ့ကောင်လေး ငယ်သလောက် လျှာရှည်တယ် “,
“လျှာရှည် တာ မဟုတ် ပါဘူးဗျာ ခင်ဗျားတို့လို ပညာရှင်တွေ လုပ်ရင်လည်း ကျုပ်တို့က ခံရမဲ့သူတွေပါ ကျုပ်ေတာင်ေဝှးပေးပါမယ် မပေးခင်လေး ကျားဆိုးရွာသူကြီး ခင်ဗျားကို နိုင်လား မနိုင်လားဆိုတာလေးသိချင်မိတယ်”
“နင်က ဘာဆိုင်လို့လဲ “
“မဆိုင်ပါဘူး ဒါပေမဲ့ ကျုပ်တို့ နဲ့တွေ့ခဲ့တဲ့ ပညာရှင်ရဲ့ အကြောင်းလေးသိချင်လို့ပါ”
“အေး ငါရှုံးခဲ့တယ် ငါရဲ့ ပျော့ကွက် ဖြစ်တဲ့ ဆံပင်ကို မကာ ကွယ် “
ကဝေပျံမ စကား မဆုံးခင် မောင်ဘိုးထင်သည်
“ဟေ့ကောင်တွေ ဆံပင် တဲ့ဟ “
မောင်ဘိုးထင် စကားဆုံးသည် နှင့် ကျန်သော သူများသည် ကဝေပျံမိထားအနား တိုးကပ်ကာ ကဝေပျံ၏ ဆံပင်အား ဝိုင်းဆွဲနေတော့သည် ၊
“ဟံ့ကောင်လေးတွေ ဘာလုပ်တာ လဲ ဟဲ့ ငါ့ဆံပင် မဆွဲကြနဲ့လေ အမလေးသေတော့မှာပဲ “
ကဝေပျံမ၏ ဆံပင်ကို ကြောက်အားလန့်အားနှင့် ဝိုင်းဆွဲနေသော မောင်ဘိုးထင်တို့အား ကဝေပျံမမှ တောင်းပန်ရရှာလေသည်
“ငါ နင်တို့ကို မနှောက်ယှက်တော့ပါဘူး နင်တို့ကို ငါ့ပညာနဲ့ မပြူစားခင် ငါ့ ခေါင်းပြောင်တော့မယ် ကဝေပျံရဲ့ အသက်က ဆံပင် ဖားလျားလေးပါဟယ် မလုပ်ကြပါနဲ့ “
“အဲ့တာဆို ကျုပ်တို့ကို နှောက်ယှက်ဦးမှာလား”
“မနှောက်ယှက်ပါဘူ ငါ ကတိပေးပါတယ် “
“ကတိက ယုံရတာ မဟုတ်ဘူး “
“တကယ်ပါဟယ် နင်တို့ ငါးယောက်လုံးကြီးကို ငါ မနိုင်ပါဘူး နင်တို့ကြောက်ပြီး ထွက်ပြေးမလားလို့ပါ “
“ကျုပ်အဘ ပြောဘူးတာတော့ ခင်ဗျားတို့ ကဝေပျံတွေက နတ်စိမ်းတွေကို ပြုစားခိုင်းလို့ရတယ် တဲ့နော် ကျုပ်တို့ ကြောက်တယ် ဗျ “
“ဟဲ့ နင်တို့ကလည်း ပြုစားခိုင်းတဲ့ ဆိုတဲ့နေရာ မှာ လူတွေလို့ ရော့လုပ် လို့ပြောလို့မှ မရတာ အစီအရင်လေး ဘာလေးတော့ လုပ်ရတာပေါ့ဟယ် လွှတ်ပါ ငါ့ခေါင်းတွေ ကြိမ်းနေပြီ “
မောင်ဘိုးထင် ငိုမဲ့ မဲ့ ဖြစ်နေသော ကဝေပျံကို သနားပင် လာသည် ထို့ကြောင့် အားလုံး ကဝေပျံမိထား၏ ဆံပင်ကို လွှတ်လိုက်ကြသည် ၊ ထိုအခါ ကဝေပျံသည် သူမ၏ရှုပ်ပွသွားသော ဆံပင်များကိုသပ်လိုက်ပြီး
“နင်တို့က ငါ့ဆံပင်ကို ဘာလို့ဆွဲရတာလဲ “
“ခင်ဗျားပဲ ခင်ဗျားရဲ့ ပျော့ကွက်က ဆံပင်ဆို “
“ဟဲ့ ငါပြောတာက ငါရဲ့ ဆံပင်တွေကို သူရသွားပြီ တန်ပြန် အစီအရင် လုပ်ပြီး နိုင်တာကို ပြောတာ နင်တို့လို့ သေေအာင် စောင့်ဆွဲနေတာ မဟုတ်ဘူး”
“ဟာ သိမှ မသိပဲ ဗျာ “
“သွားကြတော့ ငါလည်း ခေါင်းတွေ ကြိမ်းနေပြီ ဘာတောင်ဝှေးမှလည်း မလိုချင်တော့ဘူး”
စိတ်ပျက်လက်ပျက်ဖြစ်နေသော ကဝေမအား မောင်ဘိုးထင်သည် ရေဘူးလေးကမ်းပေးပြီး
“ရေလေးသောက်လိုက်ပါလား အကြောက်ပြေသွားအောင်လေ “
ကဝေပျံမိထားသည် မောင်ဘိုးထင်ကို မကျေမနပ်ကြည့်ပြီ “
“နင်က အောက်လမ်းလေး မဟုတ်လား နင်ပညာကလည်း မသေးဘူး ငါ့ဆံပင်ကို ကိုင်လိုက်တာနဲ့ ငါ့ဘာပညာမှ ထုတ်လို့မရတော့ဘူး အဲ့တာကြောင့် နင်တို့ သက်သာ သွားတယ် မှတ်ပါ “
ထိုသို့ပြောပြီး ကဝေပျံမိထားသည် မောင်ဘိုးထင် ကမ်းပေးသော စစ်သုံး ရေဘူးလေးအား ယူပြီး မော့သောက်နေပါလေတော့သည် ။
အခန်း-၁၀
မောင်ဘိုးထင်တို့ နေဝင်လုလုတွင် ပေပင်ရွာသိူ့ ပြန်ရောက်လာကြသည် ၊ ထိုအခါမှ သူတို့အားလုံး သက်ပျင်းကိုယ်စီချနိုင်ကြတော့သည် ၊ မိုးကြိုးစက် တောင်ဝှေး အစစ် အပြင် သူတို့၏ တောင်ဝှေး အတု တချောင်းပါ ပိုလာသေးသည် ၊ ဤသို့ နှင့် ကြုံတွေ ခဲ့ရသောအဖြစ်အပျက်များကို ပြောလိုက်ရယ်လိုက် နှင့် ပေပင်ရွာရှိ ဦးအုန်း၏ အိမ်သို့ ရောက်ရှိလာလေသည် ၊ ဦးအုန်းသည် တန်းလျားတွင် မိကျော့ ၏ အဘ နှင့် စကားပြောနေလေသည် ၊ မောင်ဘိုးထင်တို့ ဝင်လာသည်ကို မြင်သောအခါ ဦးအုန်းသည် တန်းလျားမှ မတ်တတ်ရပ်လိုက်ပြီး
“ကောင်လေးတွေ အဆင်ပြေခဲ့လား “
“ပြေပါတယ် ဗျာ ရော့ အဘ မိုးကြိုးစက်တောင်ဝှေး “
“ဟေ့ကောင် မမခင်မေ ပြောတော့ မိုးကြိုးစက်တောင်ဝှေးက အစိမ်းပါ အခုက ကျက်ခိုးတိုက်ထားတဲ့ ဝါးလုံးကြီးပါလားဟ “
သာအေးသည် ဦးအုန်းကို တအံ့တဩကြည့်ရင်း
“ဘကြီး အုန်း ဘာပြောလိုက်တယ် မမခင်မေ ဟုတ်လား ဟိုကဖြစ် ဘကြီးသမီးရှိမယ် ဆို ဘကြီးသမီးလောက်တောင်မရှိဘူး ခေါ်ပေါ့ တူမကြီး တို့ မြေးလေးတို့ “
“,ဟဲ့ကောင် သူက ငါ့ထက် အသက် ၄၀လောက်ကြီးတယ်ဟ “
“အိုးး အသက်ကြီးကာ မှ ကြီးပဲ မြင်နေရတာ အမြင်မတော်ဘူး ဘာလဲ မောင်လေးအုန်း တဲ့ တယောက်က အခုလာပြန်ပြီ မမခင်မေတဲ့ ဆန်းလည်း ဆန်းပ”
ပေတူးသည်လည်း မေကျမနပ်ပြောရင် ကွပ်ပျစ်တွင် ထိုင်နေသည် ၊ မောင်ဘိုးထင်သည် ပေတူးပြောသည်ကို ခေါင်းညိတ်အသိ အမှတ်ပြု လိုက်ရင်း သူတို့ ေ တာင်းအား ချိုထမ်းလာသော ဝါးထဲမှ တောင်ဝှေးအစစ်ကို ထုတ်ပေးလိုက်ပြီး
“ရော့အဘ ဒါက အစစ် “
“အေးအေး မင်းတို့ မနက်ဖြန် အလုပ်ရှိတယ် “
“မနားရတော့ဘူးလား “
“ဟုတ်တယ် ဦးအုန်းရာ ရွာလေးကို ဓားပြတခါတိုက်မိပါတယ် ခိုင်းနေတော့တာပဲ “
“ဟေ့ကောင်ဖိုးထွေး မင်း မလုပ်ချင်ဘူးလား “
“နှစ်ရက်လောက်ေတာ့ နားဦးမယ်ဗျာ “
“နားလေ မင်းနားရင် မိကျော့ လင်ရပြီသာ မှတ်”
“ဗျာ မိ ကျော့ ဘာ ဘာဖြစ်လို့လဲ “
“ဘာဖြစ်ရမှာလဲ သူ့အဘ ငါ့လာပြောနေတာသာကြည့် တော့ မင်းမိကျော့က လင်တရုးနေလို့ဟေ့ သိပြီလား”
ဖိုးထွေးသည် ဦးအုန်း၏စကားကို ကြားသောအခါ အံ့ဩသွားကာ ချက်ချင်း အလုပ် လုပ်မည်ဟုပြောနေသောကြောင့် ခဏ အနားယူဖို့ကို မောင်ဘိုးထင်တို့ ချော့မော့၍ ပြောနေရပါလေတော့သည် ။
အောက်လမ်းဘိုးထင် နှင့် မိုးကြိုးစက် တောင်ဝှေး သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် လင်တရူး မိကျော့ အမည်ရသောဝတ္ထုဇတ်လမ်းလေးကို တင်ဆက်ပေးပါမည်။
မောင်တင်ဆန်း