Unicode Version
” အောက်လမ်းဘိုးထင် နှင့် မင်္ဂလာဆောင် “(စ/ဆုံး)
——————————————————————————
(၅)
▪️အခန်း-၁
မောင်ဘိုးထင်အား သာရမှာ ခေါ်ထား၍ ဖိုးထွေးနှင့် အတူ မန်ကျည်းပင် ရိပ်အောက်တွင် စောင့်နေသည် ၊ ဖိုးထွေး နှင့် သာရသည် လယ်ပိုင်ရှင် လူကြီးသား နှင့် လယ်ပိုင်ရှင် သူဌေးသားများဖြစ်၍ သူတို့လုပ်ချင်သည်များကို မဆူမငေါက်ပဲ မိဘများက လွှတ်ထားချင်းဖြစ်သည် ၊ ယခုလည်း မောင်ဘိုးထင် နှင့် ဖိုးထွေးသည် သာရကိုစောင့်နေရင် မန်ကျည်ပင် အောက်တွင် စကားစမြည်ပြောနေကြသည်
“ကိုဖိုးထွေ ”
“အေးပြော ဘိုးထင် ”
“ကိုသာရက ကျုပ်တို့ကို ဘာလို့ခေါ်တာလဲ ”
“မင်း သာရ အကို ကိုပေါက်တူးကိုသိလား ”
“ကိုကြီး သာမြကြီးကိုပြောတာလား ”
“အေးလေ သူငယ်နာမည်က ပေါက်တူးတဲ့ကွ သာရ ငါ့ပြောဘူးတာ ရှိတယ် သူ့အကို ကိုပေါက်တူးက လူရိုးကြီးကွ”
“ဟုတ်တယ် လေ လူရိုးကြီးပါ ကျုပ်သိတယ် ”
“အေး အဲ့လူရိုးကြီးက ငါတို့ ရွာဘေးက ရေအိုးစင် ရွာက အမကြီးကို ကြိုက်လို့တဲ့ကွာ ”
“အဲ့တာ ကျုပ်နဲ့ ဘာဆိုင်လို့လဲ ”
“အဲ့တာ လာမှ သိလိမ့်မယ် ကွာ ”
မောင်ဘိုးထင် နှင့် ဖိုးထွေး စကားပြောနေစဉ် သူတို့ရှိနေသည် မန်ကျည်းပင်ကြီး နားသို့ သာရ နှင့် သူ၏ အကို သာမြ ရောက်လာပြီး သာရမှ မောင်ဘိုးထင်ကို စကားဆိုလိုက်၏
“ဘိုးထင်ရေ နောက်ကျသွားတယ်ကွာ ငါ့အကိုကိုယ် စောင့်နေရလို့ ”
သာရသည် သူ၏အကို သာမြခေါ် ပေါက်တူးအား မေးငေါ့ပြရင်း စကားဆိုလေသည် ၊ သာမြသည် အရပ် ပုပြတ်ပြတ် နှင့် အမြဲ ပြုံးစိစိ နှင့်နေသူဖြစ်သည် ၊ သွားလေးက အနည်းငယ် ခေါသယောင် ရှိနေသည့်အတွက်လည်း အမြဲ ပြုံးနေသည့်ပုံစံ ပေါ်နေသည်လည်းဖြစ်နိုင်သည် ၊ မည်သို့ဆိုစေကာမူ သာမြသည် ရုပ်အဆိုးကြီးထဲ မပါပေ ၊ခင်ဖို့ကောင်းသော ရုပ်သွင်ကို ဆောင်နေသည့် သာမြခေါ် ပေါက်တူးသည် မောင်ဘိုးထင်အားကြည့်ကာ
“ခေါင်းဖီးနေလို့ကြာသွားတာ ဘိုးထင်ရ ”
မောင်ဘိုးထင် သည် ပေါက်တူး၏ ခေါင်းကိုကြည့်လိုက်သည် ဆံပင်သည်က ကောက်နေရာ ခေါင်းဖီးသည် ဖြစ်စေ မဖီးသည် ဖြစ်စေ ဒီပုံစံအတိုင်း ရှိနေမည်ဆံပင်ဖြစ်၏ ၊သို့ပေမဲ့ မောင်ဘိုးထင် စောဒက မတက် ခေါင်းညိတ်အသိမှတ် ပြုပေးလိုက်ရာ ပေါက်တူးမှ စကားဆက်ဆိုလာသည်
“ဘိုးထင် မင်းကို သာရပြောထားလား ”
“ဘာမှ ပြောမထားဘူး ကိုပေါက်တူး”
ပေါက်တူးသည် သူ၏ ညီသာရကို တချက်ကြည့်လိုက်ပြီး မောင်ဘိုးထင်ကို မျက်စာ ပစ်ပြကာ
“သာရ ပြောထားဘူးလား ကွ”
“ကိုယ့်တိုင်းကို ပြောဗျာ ”
“လုပ်ပါ သာရ ငါရှက်လို့ကွ ”
“ဘိုးထင်ကို တောင်ရှက်နေရင် မဆွဲမိ ကို ဘယ်လို လုပ်ပြောမလဲ ”
မောင်ဘိုးထင် သည် သာရ တို့ ညီကို နှစ်ယောက် ပြောစကားကို နားမလည်ပေ ၊ သာရသည် သူ၏ အကို ပေါက်တူးအား မကြည်သလို တချက်ကြည့်ပြီး မောင်ဘိုးထင်အား
“ဘိုးထင် ငါ့အကိုက ရေအိုးစင်ရွာက မဆွဲမိကို ကြိုက်နေတာကွ။ အဲ့တာ သူ့ကို ပြန်ကြိုက်အောင် ပီယဆေး တောင်းခိုင်းနေလို့ ”
“ဟ အဲ့တာက ကျုပ်လည်း သိပ်မသိသေးဘူးဗျ”
မောင်ဘိုးထင်မှ မသိသေးသည့် အကြောင်းပြောသောအခါ ပေါက်တူးသည် မောင်ဘိုးထင်အနားထိုင်လိုက်ပြီး မောင်ဘိုးထင် ပုခုံးကို ဖက်ကာ
“ဘိုးထင်ရ လုပ်ပါကွာ ငါဆွဲမိကို အသေရရ အရှင်ရရ လိုချင်နေလို့ပါ ”
“ဟ ကိုပေါက်တူး ခင်ဗျားကတော့ လွန်ပြီဗျာ အသေရရ အရှင်ရရ ဆိုတာကြီးကတော့ ”
“စကားအဖြစ် ပြောတာပါကွာ ငါဆွဲမိကို မရရင် ငါသေသွားလိမ့်မယ်ကွာ”
မောင်ဘိုးထင် သည် ကြေကွဲစွာ စကားဆိုနေသော ပေါက်တူးအား ကြည့်လိုက်သည် ၊ မောင်ဘိုးထင်နည်း တူ ဖိုးထွေး နှင့် သာရ လည်းကြည့်နေသည် ၊ သူတို့အားလုံး ပေါက်တူးအား သနားချင်ပေမဲ့ အမြဲပြုံးနေဟန် သူ၏ မျက်နှာက ကြေကြေကွဲကွဲ ဟန်အမူအယာ နှင့် ပြောလိုက်သည့်အတွက် မောင်ဘိုးထင်တို့ မရယ်မိအောင် မနည်းထိန်းသည့် ကြားမှ ဖိုးထွေး၏ရယ် သံပေါ်လာရာ ပေါက်တူးသည်ဖိုးထွေးအားကြည့်ကာ
“ဟေ့ကောင် ဖိုးထွေး မင်းက ငါ့ကို လှောင်တာ လား ”
“မဟုတ် အဟီးး ရပါဘူး ဗျာ ”
“မင်းကွာ ငါခံစားနေရတာကို လှောင် ဝံ့တယ် ကွာ ”
ပေါက်တူး စိတ်ဆိုးချေပြီ စိတ်ဆိုးနေသော ပေါက်တူးအား ကြည့်ကာ သူတို့အားလုံးရယ် ချင်လာပြန်ရာ အခု တခါရယ်လို့မဖြစ်ချေဘူးဟု တွေးပြီး ရယ်လုလု ဖိုးထွေးကို မောင်ဘိုးထင် လက်ကဆွဲခေါ်ပြီး ပေါက်တူးနှင့် သာရအား
“မနက်ဖြန် လာခဲ့ကြဗျာ ဒီနေရာက ပဲစောင့် ကျုပ်စီစဉ်ပေးမယ် ”
ဖိုးထွေးအား ဆွဲခေါ်ပြီး ပြောသွားသော မောင်ဘိုးထင်အား မန်ကျည်းပင် အောက်တွင် ကျန်ခဲ့သော သာရ နှင့် ပေါက်တူး အနက်ပေါက်တူးမှ ပျော်ရွှင်သွားကာ
“ဘိုးထင် သေချာတယ်နော် မင်းကျေးဇူး သာမြ တသက်မမေ့ပါဘူးကွာ”
သာမြ ခေါ် ပေါက်တူးသည်က သူကိုယ်တိုင်ေခါ်မှ ကြားရမည့် သူ၏နာမည် အရင်းကို ထည့်ပြောပြီး ဝမ်းသာအားရ စကားဆိုနေတော့သည် ၊ မောင်ဘိုးထင်သည်က ပေါက်တူးတို့ နှင့် အတန်ဝေးရောက်သည့်တိုင် ရယ်ချင်နေသည့် အမူအယာဖြစ်နေသော ဖိုးထွေးအား
“ကိုဖိုးထွေးရာ ကိုပေါက်တူးကို အားနာစရာ ဘာလို့ ရယ်တာလဲ ဗျာ ”
“ဟားး ဟားး မင်းကကော ကိုပေါက်တူး မျက်နှာ ကြီး ကြည့်ပြီး မရယ်ချင်ဘူးလား ဘိုးထင်ရ ”
“ဟုတ်တော့ ဟုတ်တယ်ဗျ ဆွဲမိမှ မရရင် ငါသေသွားလိမ့်ဆိုပြီးပြောတဲ့ မျက်နှာကြီးက ရယ် ချင်စရာကြီး ဟားး ဟား ”
မောင်ဘိုးထင် ထိုသို့ပြောပြီး ရယ်လိုက်ရာ ဖိုးထွေးကပါ မောင်ဘိုးထင် ပုခုံးကို ဖက်ပြီး ရယ်မောနေပါလေတော့သည်။
▪️အခန်း-၂
မောင်ဘိုးထင်သည် ဦးအုန်းအား သေချာဂရုစိုက်နေသည် ထမင်းစားချိန် လက်ဆေးရေ အသင့် ထမင်းစားပြီးရင် ဝါးဖို့ ကွမ်းအစ်မှ ကွမ်းယာပေးနေပြန်သည် ၊ ကွမ်းယာပြီးသော အခါ ဦးအုန်းအား ကွမ်းကို ပါးစပ်ထဲခွံ့လိုက်ပြီး ဆေးပေါ်လိပ် အသင့်ပြင် ပေးနေပြန်သည် ဦးအုန်းမှ လက်ကာပြပြီး
“ဘိုးထင် တော်လောက်ပြီး တော်လောက်ပြီ ဘာလိုချင်လို့လဲ ပြောစမ်းပါဦး”
“အဘကလည်း ကျုပ်ဆို အပြစ်ပြောဖို့ပဲ တကယ် စေတနာ နဲ့ လုပ်ပေးနေတာပါဗျာ ”
“မင်း ဘာမှ မတောင်းဘူး ပေါ့ ”
“မတောင်းပါဘူးဗျ ဒါပေမဲ့ တခုတော့ သင်ပြဦး ”
“ထင်တော့ ထင်ပါတယ် မင်းက အကျိုးမျှော်ပြီး ညောင်ရေလောင်းနေတယ် ဆိုတာ ”
“မဟုတ်ပါဘူး အဘရာ ကျုပ်သိချင်တာေလးတွေ ပေးမလို့ပါ”
“မေးကွာ ငါလည်း ပျင်းနေတာနဲ့ အတော်ပဲ ”
“အဘ ဆေးမပေါက်ပဲ ပီယဆေး လုပ်လို့ရလား ”
“အင်းရတယ်ကွ နေပါဦး နေပါဦး မင်းပေါက်ကရလုပ်မလို့လား ”
“ဗာဟုသုတအနေနဲ့မေးတာပါဗျာ ”
“လူသေအလောင်း နဲ့တော့ လုပ်လို့ရတယ်ကွ ”
“အရပ်ထဲက ပြောသလို ဟို ကြိမ်လုံးနဲ့ သနပ်ခါးသွေးခိုင်းတာလား ”
“အဲ့လိုတော့ မဟုတ်ဘူးကွ မြေကြီးထဲက တော့ အလောင်းကို ဖော်စရာမလိုပါဘူးး။ ရွာထဲက ကွမ်းတောင်ကိုင် ရွာအပြင်မှာ အစိမ်းသေရင် ရပြီ”
“ဘယ်လို လုပ်ရတာလဲ အဘ ”
“ရွာ အပြင်မှာ သေတဲ့ မသာကို ရွာသင်္ချိုင်းမှာ စင်ထိုးထားတယ် မဟုတ်လား ”
“ဟုတ်တယ် အဘ ”
“အေး စောင့်တဲ့ ကောင်တွေဆိုတာ လည်း အရက်သမားပဲ ရှိမှာပါကွာ အဲ့ေတာ့ အလောင်းကောင်ကို ဖုတ်သွင်းပြီး သနပ်ခါးသွေးခိုင်းပေါ့ သနပ်ခါးသွေးခိုင်းတယ် ဆိုရာမှ သနပ်ခါးအတုံးကြီးနဲ့ သွားမသွေးခိုင်းနဲ့ ကောင်ရေ တော်ကြာ ခေါင်းထုလိုက်လို့ ဂိနေဦးမယ် ”
“ဟုတ်တယ်နော်အဘ သတိထားရမယ် ”
“သီးခဲလေးယူသွားကောင်ရေ သီးခဲလေးဆို တချက် နှစ်ချက် သွေးတာနဲ့ သနပ်ခါးတန်းရတယ် ဟ ”
“ဟုတ်အဘ ဖုတ်သွင်းရမှာလား အဘ ”
“သေတဲ့ သူနာမည်တော့ သိရမယ် ကွ သေတဲ့သူက သရဲ မဖြစ်နေဘူးဆိုရင် တခြားသူ ခေါ်သွင်းပေါ့ ကွာ ”
“သိပြီ အဘ သိပြီ ကျေးဇူးတင်တယ် အဘရာ ကျုပ်ရွာထဲ သွားလိုက်ဦးမယ် ”
“ကောင်လေး အိမ်ပေါ်ကေန ဆေးလိပ်သောက်ချင်လို့မီးခြစ်လေး ယူပေးပါလားကွ”
“အဘရေ အားတော့နာတယ် တက်ယူလိုက်တော့ဗျာ လမ်းလေးဘာလေး လျှောက်တော့ ကျန်းမာရေးကောင်းတာပေါ့ဗျာ ”
အချိုးပြောင်းသွားသော မောင်ဘိုးထင်ကို ကြည့်ကာ ဦးအုန်း စိတ်ဆိုးရခက် ရယ်ရခက်ဖြစ် ဆေးပေါ်လိပ်ကို လက်ကကိုင်ပြီး ငေးနေပါလေတော့သည်။
▪️အခန်း
မောင်ဘိုးထင် မနေ့က ကိုပေါက်တူးနှင့် တွေ့ရသည် မန်ကျည်းပင် ပေါ် တက်ပြီး နေလေသည် ၊ မကြာသော အချိန်တွင် ဖိုးထွေး နှင့် သာအေး ရောက်လာပြီး ဟိုကြည့် ဒီကြည့်နှင့် ထိုင်နေသည် ၊ နောက်ထပ်မကြာသောအချိန် တွင် သာရ နှင့် ပေါက်တူး ညီအကို ရောက်လာပြီး ဖိုးထွေးအား ကိုပေါက်တူးမှ
“ဖိုးထွေး ဘိုးထင်ကော မလာသေးဘူးလားဟ ”
“အေးဗျာ ဒီကောင်က တခါမှနောက်မကျပါဘူးဗျ”
မောင်ဘိုးထင် မန်ကျည်းပင်ခေါင်ဖျာထိတက်သွားလိုက်သည် မန်ကျည်းပင် ခေါင်ဖျားဆိုရင်ဖြစ် အပင်အောက်မှ သူများ မမြင်ရနိုင်ပေ ထို့နောက် မောင်ဘိုးထင်သည် အသံခပ်ကျယ်ကျယ်ဖြစ်
“ဘိုးထင်ကို တောင်းတနေတာလားဟေ့”
ထိုအသံကြောင့် မန်ကျည်းပင်အောက်မှ ဖိုးထွေးတို့ အပင်ပေါ်မော့ကြည့်ပြီး
“ဒါဘိုးထင်အသံဟ အပင်ပေါ်မှာလား မသိဘူး ”
“ဟာ မရှိဘူးဟ ဒီကောင် ပညာတွေ မြင့်နေပြီလား မသိဘူး ”
“ဟူတ်လောက်တယ် ဘိုးထင် သူအိမ်ကနေပြီး ကျုပ်တို့ပြောတာတွေ သိနေတာလားမသိဘူးနော် ”
သာအေး၏ ပြောစကားကြောင့် မောင်ဘိုးထင် ရယ်ချင်လာ၏ ထိုနောက့် မောင်ဘိုးထင်သည်
“ငါ့ကို စောင့်နေတာလားဟေ့ ”
“ဟုတ်တယ် ဟ လာခဲ့တော့ ”
ပေါက်တူး၏အသံဖြစ်သည် ထိုနောက် သာအေးသည် လေးဂွကို ထုတ်ကာ အပင် ပေါ်သို့ ချိန်လိုက်ပြီး
“ဘိုးထင်ရေ မင်းက အိမ်မှာဆို အသံလာရာကို ပစ်ကြည့်မယ်ကွာ မင်းကို ထိလားဆိုတာ သိချင်လို့ ”
သာအေး၏ စကားကြောင့် မောင်ဘိုးထင် ပြာပြာသလဲ
“ဟ မပစ်နဲ့ဟ ငါက အပင် ခေါင်ဖျားမှာ လာပြီး လာပြီ”
မောင်ဘိုးထင် အပင်အောက်ဆင်းလာသည်၊ ဆင်းလာသော မောင်ဘိုးထင်အား အားလုံးက ပြစ်တင်ပြောဆိုပြီး ပေါက်တူးမှ
“ဘိုးထင် အခြေအနေ ”
“ရွာအပြင်မှာ အစိမ်းသေတဲ့ အပျို မသာရှိရင် ရပြီ ”
*ဟ အဲ့လိုကြီးလားဟ ”
“အေးပေါ့ဗျာ လွယ်လွယ် နဲ့ ရမလား ”
“အဲ့တာဆို ဘယ်လို လုပ်ရမလဲ ဟ ”
သူတို့ခဏ ငြိမ်ပြီးစဉ်းစားနေကြသည် ခဏကြာသောအခါ သူတို့ထိုင်နေသော မန်ကျည်းပင်နားသို့ ပေတူးရောက်လာ၏ ပေတူးသည် မောင်ဘိုးထင်တို့အား။မြင်သောအခါ
“ဟေ့ကောင်ဘိုးထင် ဘာလုပ်နေတာလဲ ”
“မသာ အကြောင်းစဉ်းစားနေတာကွာ ”
“ဘာမသာ လဲဟ ”
“ရွာအပြင်မှာ သေတဲ့ မသာကွာ ”
“ငါအဖေ ရွာက မလေပြေ လိုလားဟ ”
ပေတူး၏ စကားကြောင့် အားလုံး ပေတူးဆီ အကြည့်များရောက်လာပြီး ပေါက်တူးမှ
“ဘာပြောလိုက်တာလဲ ပေတူး”
“ဟုတ်တယ် လေ ကျုပ်အဖေပြောတာ ကြက်ဆူရွာက မလေပြေဆိုတဲ့ အမကြီး တောထဲမှာ ရေနစ်သေလို့တဲ့ဗျ ရွာအပြင်မှာ သေတာဆိုတော့ ရွာသားတွေက ရွာထဲ မသွင်းခိုင်းလို့ သင်္ချိုင်းမှ စင်ထိုးထားရတယ် တဲ့ ”
ပေတူး၏ စကားကြားသောအခါ ပေါက်တူး ဝမ်းသာသွားပြီး
” ကြက်ဆူရွာနော် ေပတူး ”
“ဟုတ်တယ် ဗျ”
ပေါက်တူ အဘယ်ကြောင့် လူတယောက်သေဆုံးသည်ကို ပျော်ရွှင်နေမှန်း ပေတူးမသိပါ ၊ မောင်ဘိုးထင်သည် ပေါက်တူးအား သေချာကြည့်၍
“ကြက်ဆူရွာက ဘယ်လောက်ဝေး လဲ ကိုပေါက်တူး”
“မဝေးပါဘူးကွ နှစ်နာရီေ လာက်သွားရင်ရောက်ပြီ ”
“အဲ့တာဆို အခု ညသွားကြမယ် ဗျာ ဘယ်လိုလဲ ”
“သွားမယ် သွားမယ် ဘိုးထင် ”
ပေါက်တူးကတော့ တက်ကြွပြီး အားရဝမ်းသာ သွားမည်ဟုပြောပေမဲ့ ကျန်လူများသည်က အင်တင်တင် ဖြစ်နေပါလေတော့သည် ။
▪️အခန်း-၃
မောင်ဘိုးထင်တို့ အဖွဲ့ ကြက်ဆူရွာ သင်္ချိုင်းသို့သွားနေကြပါသည် ၊ မောင်ဘိုးထင်တို့ အဖွဲ့တွင် ဖိုးထွေး နှင့် ကိုပေါက်တူး သူ၏ညီ သာရတို့ဖြစ်သည် ၊ ကိုပေါက်တူးသည် တောချက်အရက်များကို လည်း ဂါလံပုံးဖြူဖြစ်ထည့်လာသည် သာရမှ လွယ်အိတ်ထဲ ကျောက်ပျဉ် နှင့် သနပ်ခါးခဲ ထည့်လာသည် ၊ သူတို့တွေ စကား တပြောပြော နှင့် လမ်းလျှောက်လာသည် မောင်ဘိုးထင်သည် ရှေ့မှ ဦးဆောင်ပြီး လိုအပ်သည်များ မှာကြားနေသည်
“ကျုပ်ပြောမယ် နော် အလောင်းကောင်ကြီး ထလာရင် ကြောက်ပြီးထွက် မပြေးကြနဲ့ လန့်ပြီး သတိလစ် မယ် ထင်တဲ့သူတွေ အခုကတည်းက ပြန်ကြနော် ”
“ငါတော့ စိတ်ချပါ မင်းနောက်လိုက်ဘူးပါတယ် ”
“ဟုတ်တယ် ဖိုးထွေးပြောတာ ငါလည်း မင်းနောက် လိုက်ဘူးပါတယ် ”
“ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်ယုံတယ် မယုံတာ ဟော့ဟိုက ကိုပေါက်တူး ”
မောင်ဘိုးထင်မှာ ပေါက်တူးအား ပြောသောအခါပေါက်တူးသည် ဘိုးထင်အား ကောင်းကင်မှ သာနေသော လ၏ အလင်းရောင်အကူအညီဖြစ် သေချာကြည့်ပြီး
“ဘိုးထင် ပေါက်တူးဆိူတဲ့ ကောင်က အချစ်အတွက် ဆို အသက်ပါပေးဝံ့သူပါကွ ဒီလောက် ကြောက်စရာတော့ သနားတယ် ”
“ပြီးတာပဲ ပြီးတော့ မှ လန့်ပြီး အသက်ထွက်လို့ကတော့ မလေပြေ နဲ့ တူတူ တင်ခဲ့မယ် ကြားလား”
“ဖက် လွဲပါစေ ဖယ်ပါစေ ဖွက်ဖွက် ”
ပေးတူးပြောပြထားသော သေဆုံးသူ၏ နာမည်ကို မှတ်မိသောမောင်ဘိုးထင်မှ ပေါက်တူးအား သေဆုံးသူ နှင့် တူတူ ထားပြစ်မည် ဟုပြောသောကြောင့် မျက်နှာ အကြီးအကျယ် ပျက်ကာနေပါတော့သည်။ သူတို့ အတော်ကြာ လမ်းလျှောက်လာရာ ကြက်ဆူရွာ သင်္ချိုင်းသို့ရောက်ပြီ ဖြစ်သည် ကြက်ဆူရွာ သင်္ချိုင်း၏ အုန်းသျှစ်ပင်ကြီး အောက်တွင် စင်တစင်ထိုးထားပြီး စင်ပေါ်တွင် မိန်းမပျိုအလောင်းကို တင်ထားကာ စင် ဝန်းကျင်တွင် ရေနံဆီမီးခွက် ထည့်ထားသော မီးအိမ်များရှိလေ သည် ၊ စင်ဘေး မလှမ်းမကမ်းတွင်တော့ လူကြီး တချို့ နှင့် လူရွယ် ငါးဦးခန့် အရက်သောက်ရင်း ဖဲ ရိုက်နေကြသည် ၊ မောင်ဘိုးထင်တို့သည် ထို မိန်းမပျို၏ အလောင်း တင်ထားသောစင် အနားသို့ သွားလိုက်ပါလေတော့သည်။
▪️အခန်း-၄
မောင်ဘိုးထင်တို့ အလောင်းစင်နားရောက်ေသာခါ အလောင်းစင်နီးတွင် ဖဲရိုက်နေသော လူများ သူတို့အား လှမ်းကြည့်ပြီး
“ဘယ်သူတွေ လဲ ဟေ့ ”
“ကျုပ်တို့ ငှက်လိုက်ပြစ်တဲ့ သူတွေပါ ”
“ငှက်ပစ်တဲ့ ကောင်တွေ မီးတောင်မပါ ပါဘာလားဟ ”
“ဟုတ်တယ် ဦးကြီးရ ကျုပ်တို့က နေ့လယ်ကတည်းက ငှက်ပစ်ထွက်တာ လမ်းပျောက်ပြီး ဒီကို ရောက်လာကြတာ ”
“အေးအေး လာကြ မကြောက်တက်ရင် ပေါ့ကွာ”
ဖဲ ရိုက်နေသော လူကြီး လူရွယ်များသည်မောင်ဘိုးထင် တို့ကို မြင်သောအခါ
“ဟေ့ ကလေးသာသာ တွေပါလားဟ ဟိုကောင်ပဲ ကြီးတာပါ ပါ့လား”
လူကြီးများသည် ပေါက်တူအား ကြည့်ပြီးပြောချင်းဖြစ်သည် ၊ ထိုနောက့် ထိုလူများထဲ မှ လူတယောက်သည် မောင်ဘိုးထင်တို့ ထဲမှ ဖိုးထွေးကို ကြည့်ပြီး
“နေ ဦး နေဦး မင်းက ပေပင်ရွာလူကြီး ဦးလှမြိုင်ရဲ့သား မဟုတ်လား ”
“ဟုတ်တယ်ဗျ ”
“ဟေ့ကောင်တွေ ပေပင်ရွာ နဲ့ တို့ရွာက အတော်လှမ်းပါတယ်ဟ မင်းတို့ ဘာလာလုပ်တာလဲ ”
“ငှက်ပစ်ရင်း နဲ့ လမ်းပျောက်လာတာ ဗျာ ”
“ေဟ့ကောင် မဖြစ်နိုင်တာ ပေပင်သားတွေက ကြက်ဆူရွာလောက်ကို လမ်းပျောက်ပြီး ရောက်လာရာအောင် မင်းတို့က မြို့သားတွေ မဟုတ်ဘူး”
ဖိုးထွေးကို သိသော ရွာသားတယောက်မှ မယုံသင်္ကာဖြစ်ပြီးပြောလိုက်ရာ ပေါက်တူးမှ လွယ်အိတ်ထဲ မှ အရက်ပုံးကို ထုတ်ပြီး
“ဒါကြောင့် မျက်စိလည် တာပေါ့ဗျာ ”
“ဘာတွေလဲ ဟ ”
“ပေပင်ရွာက အကောင်းဆုံး ချက်အရက်လေဗျာ ”
“နာမည်တော့ကြီးသားဟ တကယ်ကော ကောင်းလား ”
“တခွက်ဝင်တာ နဲ့ အကိုတို့ တပတ်လည်ထွက်သွားမယ် ”
“ညွှန်းလာချည်လား ပေပင်သားရ”
“ကျုပ်တို့က အပြောမဟုတ်ဘူး လက်တွေ့ စမ်းကြည့်ဗျာ နည်းနည်းလေးသောက် လို့ကတော့ အရာမထင်ဘူးနော် ကြက်ဆူသားတွေ သောက်ကော သောက်နိုင်ပါ့မလားဗျာ ”
“မင်းတို့ပေပင် ရွာသားတွေ ဘယ်လောက်သောက်နိုင်လို့လဲ ”
“အကိုကြီးကလည်းဗျာ ကျုပ်တို့ ပေပင်သားတွေက ဒီတပုံး လောက်တော့ ငါးယောက်တောင် မလိုဘူးဗျ”
“ကြည့်ထားလိုက်စမ်းပါ ကောင်ရာ ငါ့တို့ကြက်ဆူသား ဇ ပြရတာပေါ့ ”
မောင်ဘိုးထင်တို့ ပေါက်တူး၏ အာဝဇ္ဇန်း ကို သဘောကျနေကြသည် လူရိုးကြီး ပေါက်တူး တယောက် အချစ်အတွက် စကားတွေ တက်နေသည် မဟုတ်ပါလား ၊ အလောင်းစောင့်သော ကြက်ဆူရွာသားများကတော့ ပေါက်တူး၏ စကားကို မခံချင်ဖြစ်ကာ ချက်အရက်များကို နင့်ကန်သောက်ပြီး စကားတပြောပြောနှင့် အချိန် အတန်ကြာသော အခါ မှောက်ကုန်ကြတော့သည် ၊ မောင်ဘိုးထင်သည်။ အရက်မူးပြီး မှောက်ကုန်သော ကြက်ဆူရွာသားများကို လက်နှင့် လိုက်လှုပ်နိုးကြည့်လိုက်ပြီး အခြေအနေကောင်းသောအခါ
“ကိုသာရ ကျောက်ပျဥ်ထုတ် သနပ်ခါးကော ရေကောဗျာ ”
“ဘိုးထင်ရ တခု ချင်းတောင်းပါဟ မင်းကလည်း”
“အေးပါဗျ မြန်မြန် ”
သာရသည် လွတ်အိတ်ထဲ မှ ကျောက်ပျဉ် ထုတ်ပေးလိုက်သည် ၊ မောင်ဘိုးထင် သည် ကျောက်ပျဥ်အား အလောင်းကောင်၏ ပေါင်ပေါ်တင် လိုက်ပြီး
” သီးခဲ ကော ”
“ရော့ရော့ ဒီမှာ ”
“ရေရေ ”
“ရေက မပါဘူးဟ ဟိုက အရက်သမားတွေ ဆီရှာကြည့်ပါဦး ဖိုးထွေး”
“တွေ့ပြီ ရေအိုး ”
ဖိုးထွေးသည် အိပ်ပျော်နေသော ကြက်ဆူရွာသားများ၏ ဘေးမှ ရေအိုးကို တွေ့ရာ ဘာနှင့် ခပ်ရမှန်း မသိဖြစ်နေ၏
“ဘိုးထင် ရေခွက် မရှိဘူးဟ ဘာနဲ့ ခပ်ရမှာ လဲ ”
“ရှိတာ နဲ့ မြန်မြန် ခပ်ဗျာ ”
ဖိုးထွေးလည်း ထွေထွေ ထူးထူးစဉ်းစားမနေတော့ပဲ ကြက်ဆူရွာသားများ သောက်ထားသော အရက်ပုလင်းခွံဖြစ် နှစ်ပြီးခပ်လိုက်ကာ မောင်ဘိုးထင်အားပေးလိုက်တော့သည်။
“ရော့ ရေ ရေ”
“ဟ ခင်ဗျာဟာ အရက်ပုလင်းကြီးလား ဗျ ”
“ခွက် မရှိဘူးဟ အရက်ပုလင်း ရှိတာတောင် ကံကောင်း”
“အေးဗျာ ပြီးရော ”
မောင်ဘိုးထင်သည် အလောင်းပေါင်ဘေးတွင် ရေထည့်ထားသော အရက်ပုလင်းကို ချလိုက်၏၊ ကျန်သူများကလည်း မောင်ဘိုးထင် ၏ မလှမ်းမကမ်း တွင် ရပ်ကြည့်နေလေသည် ၊ မောင်ဘိုးထင်သည် အလောင်းအားသေချာကြည့်ကာ မာန်ပါပါ နှင့်
“လေပြေ ဆိုတဲ့ သရဲမ နင်ဒီနားရှိနေရင် နင့် ခန္ဓာကိုယ်ထဲ အခုဝင်စမ်း ငါဘိုးထင် ရဲ့ အမိန့် ”
မောင်ဘိုးထင်၏ စကားဆုံးသည်နှင့် အလောင်း၏ မျက်နှာကို အုပ်ထားသော စောင်ပါးလေးသည် ဘေးသို့ တဖြည်းဖြည်း လျောကျလာသည် နှင့် လရောင် နှင့် မီးအိမ်များ၏ အရောင်အောက်တွင် အလောင်းကြီးမှ မျက်စိ ဖျတ်ခနဲပွင် ့လာတော့သည် ၊ အလောင်းကောင် မျက်စိပွင့်လာသည် နှင့် ပေါက်တူးတို့ တသိုက်၏ ရင်ထဲတွင်လည်း လှိုက်ကနည်းဖြစ်သွားတော့သည် ၊ မောင်ဘိုးထင်သည်က ဟန်မပျက် မျက်လုံးဖွင့်နေသော အလောင်းကို စူးဆိုက်ကြည့်ကာ
“ဟဲ့လေပြေ ထစမ်း ”
ဘိုးထင်၏ စကားဆုံးသည် နှင့် အလောင်းကြီးသည် ခြေဆင်းထိုင် လျက်ကြီးဖြစ်သွားသည် ၊ မောင်ဘိုးထင်သည် ဆက်ပြီး
“သနပ်ခါးသွေးစမ်း ”
“ဟဲ့ သနပ်ခါးသွေးစမ်း”
အလောင်းကောင်သည်မလှုပ်ပေ မောင်ဘိုးထင်တို့ကိုသာ မျက်တောင်မခက် ဆူးစိုက်ကြည့်နေလေသည် ထိုအခါ ဖိုးထွေသည် လေသံတိုးတိုးလေးဖြစ် မောင်ဘိုးထင်အား
“ဘိုးထင် အဲ့တာ သနပ်ခါးမဟုတ်ဘူးဟ သီးခဲကြီး သနပ်ခါးကော ပါလားမသိပါဘူး ရွံ့တွေနဲ့များလုပ်ထားလားမသိဘူး ”
မောင်ဘိုးထင် ခေါင်းတချက်ညိတ်လိုက်ပြီး
“ဟဲ့ ကောင်မ နင့်ပေါင်ပေါ်တင်ထားတဲ့ ကျောက်ပျဥ်အပေါ်က အတုံးလေးကို သွေးစမ်း ”
မောင်ဘိုးထင် ထိုသို့ပြောမှ အလောင်းကောင်ကြီးသည် သီးခဲလေးအား ကျောက်ပြင်နှင့် သွေးနေလေသည် ၊ ပေါက်တူးသည် ဘိုးထင်အား တိုးတိုးနှင့်
“ဘိုးထင် ရေ ရေ ထည့်ခိုင်းးဦးလေ ”
မောင်ဘိုးထင် ခေါင်းညိတ်လိုက်ပြီး
“ဟဲ့ကောင်မ ရေထည့်းစမ်း ”
အလောင်းကောင်က မထည့်ပေ သီးခဲကိုသာ ကျောက်ပျဉ် နှင့် သွေးနေလေရာ မောင်ဘိူထင် း ရေထည့်ထားသော ပုလင်းကို ကြည့်ပြီး ပြုံးလိုက်ကာ
“ဟဲ့ကောင်မ အရက်ထည့်သွေး”
ထိုအခါမှ အလောင်းကြီးသည် အရက်ပုလင်းထဲမှ ရေကို ထည့်လေသည် ရေအနည်းငယ် ထည့်ပြီးသောအခါ မောင်ဘိုးထင်က တော်ရန်အမိန့်ပေးလိုက်ပြီး သီးခဲ အားသွေးစေသည် ၊ အတန်ကြာသွေး၍ သနပ်ခါး တော်တော်ရသောအခါ
“ဟဲ့ကောင်မ ရပြီ ထွက်တော့ ”
မောင်ဘိုးထင် စကားဆုံးသည် နှင့် အလောင်းကောင်သည် နောက်သို့ ချက်ချင်းလန်ကျသွားပြီး မျက်လုံးများပိတ်သွားတော့သည်၊ ထိုအခါမှ မောင်ဘိုးထင်သည် ပေါက်တူးကို ကြည့်ကာ
“ကိုပေါက်တူး ကျောက်ပျဉ်သွားယူ ပြန်ရတော့အောင် ”
“မယူရဲဘူး ဟ ”
“မယူရဲရင် ထားခဲ့ ဗျာ ကိုဖိုးထွေး ကိုသာရ ပြန်ရအောင် ”
“အေးအေး ”
မောင်ဘိုးထင် ထိုသို့ပြောမှ ပေါက်တူး ကြောက်ရဲ ကြောက်ရဲ ဖြစ် ကျောက်ပျဉ်ကိုယူလိုက်သည် ထိုအခါ မောင်ဘိုးထင်သည် ပေါက်တူးကိုကြည့်ကာ
“ကိုပေါက်တူး တလက်စထဲ ဟိုစောင်လေး ပြန်အုပ်ပေးခဲ့ ဦး ”
“ဟာကွာ ”
မောင်ဘိုးထင်သည် အလောင်း၏ မျက်နှာကို အုပ်ပေးသော စောင်လေးကို လက်ညှိုး ထိုးပြီးပြောလိုက်ရာ ပေါက်တူး မကျေမနပ်ဖြစ်နေပါတော့သည်၊ သို့ပေမဲ့ သူမလုပ်ပဲ မနေရဲပါ အဘယ်ကြောင့်ဆိုသော ဒီကိစ္စအားလုံးသည်က သူအတွက် လုပ်ရချင်း မဟုတ်ပါလား ဤသို့ နှင့် ပိယဆေး ယူသောအလုပ်သည်က အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ပါလေတော့သည်။
▪️အခန်း
ပီယဆေး ယူပြီးနောက် မောင်ဘိုးထင်တို့ မန်ကျည်းပင်ကြီးအောက်တွင် ပြန်လည်စုရုံးနေပြီ ဖြစ်သည် မောင်ဘိုးထင်သည် အလောင်းကောင် သွေးထားသော သနပ်ခါးအား ဘူးထဲ ထည့်သိမ်းထားသည် ပေါက်တူကို ပေးပေမဲ့ ပေါက်တူးသည် မောင်ဘိုးထင်ကို သာသိမ်းခိုင်းထားသည် ယခု မောင်ဘိုးထင် တို့ တိုင်ပင်နေကြပြန်သည် ။
“ကိုပေါက်တူး ရေအိုးစင်ရွာ ကို ခုသွားမှာလား ”
“နေဦးဟ နေ့လယ်လောက်သွားမယ် ရေအိုးစင်က ရွာနာမည်က သာရေအိုးစင် ရေကတော့ ရှားတယ်ကောင်ရ သူတိုက ရေကို လှည်းနဲ့ တိုက်တာဟ ငါစုံစမ်း ရသလောက် ငါ့ရဲ့ ဆွဲမိလေးက သူအကို ဝတယောက်ရယ် တခြား လှည်းတစီး နဲ့ တပတ် တရက် နေ့လယ်ရေသွားတိုက်တယ် တဲ့ကွ ဒီနေ့ သူတို့ ရေတိုက်မဲ့ နေ့ ပဲ”
“ကောင်းတာပေါ့ ဗျာ ”
“နေပါဦး ဘိုးထင် ပီယ ဆေး ဘယ်လို ခပ်ရမှာလဲ ဟ ”
ဖိုးထွေး၏ စကားကြောင့် အားလုံး ငြိမ်ပြီး တွေးနေကြသည် ၊ ခဏ ကြာသောအခါ မောင်ဘိူးထင်မှ
“ဟုတ်ပြီ ”
“ဟ အသာလုပ်ပါဟ ဆွဲမိ နဲ့ စိတ်ကူး ထဲမှာ ညားနေတာ လန့်လိုက်တာ ”
ပေါက်တူး၏ စကားကြောင့် အားလုံး ပေါက်တူးအား ဘုကြည့် ကြည့်လိုက်ပြီး ဘိုးထင်မှ
“ကိုပေါက်တူးတို့ အိမ်မှာ သံပုရာပင် ရှိတယ် မဟုတ်လား ”
“ရှိတယ်လေကွာ ”
“သကြားကော ”
“ရှိတယ် ”
“အဲ့တာဆို ကိုပေါက်တူးတို့က သံပုရာရည်ဖျော်ထားဗျာ ”
မောင်ဘိုးထင် သည် ဖိုးထွေးအားကြည့်လိုက်သည် ဖိုးထွေးသည်လည်း ဘာလဲ ဟု သဘော နှင့် မေးငေါ့ပြရာ မောင်ဘိုးထင်သည် ရယ်ပြီး
“ကိုဖိုးထွေး ခင်ဗျားက လူကြီးသားဆိုတော့ ရေတကောင်း နဲ့ ခွက်တွေ ယူခဲ့ ဗျာ နော် ”
“ဟေ့ကောင် အဲ့တာ ဘုံပစ္စည်းတွေဟ အလှူတို့ ဘာတို့မှာ သုံးတာ ”
“ကျုပ်တို့လည်း အခု သံပုရာ ရည် အလှူ လုပ်မှာ လေဗျာ ယူခဲ့စမ်းပါ ”
“အေး ဘိုးထင် ပြောတာ ဟုတ်တယ် ဟ ”
“ဟုတ်မနေနဲ့ ကိုသာရ ခင်ဗျားက လှည်းကောက်ခဲ့ ဦး”
“အဘ ပြောလိမ့်မယ် ”
“သာရကလည်း အဘက ငါပါရင် ပြောမလားဟ ”
ပေါက်တူးသည် ညီဖြစ်သူ သာရအား ကိုယ်ရည်သွေးစကားဆိုလိုက်၏ ၊ ဤသို့ နှင့် မောင်ဘိုးထင်မှ တာဝန်ကိုယ်စီ ခွဲပေးလိုက်ပြီး လူစုခဏ ခွဲလိုက်ေတာ့သည် နေ့လယ်တွင်တော့ ရေအိုးစင် ရွာသို့ လှည်း နှင့် သွားမည် ဖြစ်ပြီး ရေအိုးစင်ရွာမှ ရေတိုက်သွားသော ဆွဲမိတို့ အား သံပုရာရည်ကုသိုလ် ပြုမည်ဖြစ်သည် ။
▪️အခန်း-၅
မောင်ဘိုးထင် တို့ လေးယောက် လှည်း တစီးနှင့် ရေအိုးစင် ရွာမှ ရေသွားတိုက်ရသော တောရ ဘုန်းကြီးကျောင်း နှင့် မလှမ်း မကမ်း တွင် လှည်းကို ရပ်ပြီး စောင့်နေကြသည်။ ဖိုးထွေးသည် သံပုရာ ရည်တကောင်းကို ကိုင်ထားပြီး မောင်ဘိုးထင်သည်က ရေခွက် နှစ်ခွက်ကို အောက်ချပြီး ပီယဆေး အနည်းငယ် ထည့်ထားသော ခွက်အား မှတ်သားထားလိုက်သည် ဘယ်တခွက် ညာတခွက်မှ ညာဘက်က ပီယဆေး ထည့်ထားသော ခွက်ဖြစ်သည် ၊ သူဘာကြောင်ဒီလို မှတ်ရလည်းဆိုတော့ ဖိုးထွေးယူလာသော ခွက်များသည် အရောင်တူများဖြစ်၏ ၊ မောင်ဘိုးထင်သည် ခွက် နှစ်လုံးကို ဖိုးထွေးအား သံပုရာရည်ဖြည့်စေပြီး ဘယ် တခွက် ညာတခွက် ကိုင်ထား၏ ပေါက်တူးသည်က နောက်ထပ် သံပုရာရည် နှစ်ခွက်ကို ဘယ်တခွက် ညာတခွက် ကိုင်ပြီး ဆွဲမိတို့ လှည်း အလာကို စောင့်နေသည် ၊ မကြာလှသော အချိန်တွင် ရေစီ လှည်း လေး နှစ်စီး တရွေ့ရွေ့ နှင့် သူတို့အနား ရောက်လာသည် အရှေ့က လှည်းတွင် ဖိုးထွေးတို့ အရွယယ် ကောင်ေလးနှင့် ကောင်မလေး နှစ်ယောက်ဖြစ်သည် ပေါက်တူး သည် သူလက်ထဲမှရှိသော သံပုရာ ရည်ခွက်ကို အရှေ့မှလာသောလှည်းမှ နှစ်ယောက်ကို တိုက်လိုက် ပြီး မောင်ဘိုးထင်နားလာကာ
“ဘိုးထင်ရေ နောက်က လှည်က ကောင်မလေးက ငါ့ဆွဲမိဟ လှည်းမောင်းနေတာက သူ့အကို ကြည့် အာဠာဝက ရုပ်နဲ့ တယောက်လေ ”
” အင်း အင်း ညာဘက်က ပီယဆေး ခပ်ထားတာနော် ဘယ်ဘက်က ရိုးရိုး ”
“အေးအေး မင်းကျေးဇူး ငါ မြေးတွေ ရတဲ့ အထိ မေမ့ပါဘူးကွာ သာမြအိုရတော့မယ် ဟီးး”
“ကိုပေါက်တူး ညာဘက်က ပီယဆေးနော် ဘယ်ဘက်က ရိုးရိုး ”
“အေးပါဟ ငါ့အဲ့လောက် မအပါဘူး ”
ပေါက်တူးသည် မောင်ဘိုးထင် ထံမှာ သံပုရာရည်ခွက်ကို ယူကာ ဆွဲမိတို့ လှည်းအနားသွားလိုက်သည် ၊ ဆွဲမိသည် ပေါက်တူးကို မြင်သည်နှင့် ပြုံးပြနေသည် ရှေ့တွင် လှည်းမောင်းသော ဆွဲမိအကို သည်က ခပ်တည်တည် ၊ မောင်ဘိုးထင် ပေါက်တူးအားသေချာကြည့်နေသည် ၊ပေါက်တူးသည် ဆွဲမိတို့လှည်းအနားတွင် ခေတ္တရပ်လိုက်ပြီး သူ၏ လက်ကို ကြည့်ကာ သူ၏ ဘယ်ဘက်မှ သံပုရာရည်ခွက် ကို ဆွဲမိ၏ အကို ကိုတိုက်လိုက်ပြီး ဆွဲမိကိုတော့ သူ၏ ညာဘက်မှ အချိုရည်အားတိုက်လိုက်ရာ မောင်ဘိုင်းထင် အပါအဝင် ဖိုးထွေးနှင့် သာရတို့ တယောက် မျက်နှာ တယောက်ကြည့်ကာ
“ဘိုးထင် လွဲကုန်ပဟ ”
“ကျုပ်က ကျုပ်ညာဘက်ကို ပြောတာ ”
“အေးလေ မင်းညာဘက်ဆို သူက ဘယ်ဘက် မဟုတ်လား ”
“ဟုတ်တယ် ”
“ထားလိုက်ဗျာ မဆွဲမိက လည်း သူ့ကိုသဘောကျနေတဲ့ ပုံပါ ”
“ဟုတ်တယ် သူကကို ကြောက်နေတာ အခုကြည့်ပါလား ပီယဆေး တိုက်ပြီးပြီထင်ပြီး စကားတွေပြောနေတာ ”
သာရပြောမှ မောင်ဘိုးထင်တို့ ကြည့်လိုက်မိသည် ပေါက်တူးတယောက် လှည်းမောင်းနေသည်တိုင် လှည်းဘေးတွင် လိုက်ပြီး စကားတွေ ပြောနေသည် ဆွဲမိ၏ အကိုသည်လည်း ပီယဆေး အစွမ်းကြောင့် ပေါက်တူးအား မည်သို့မှ မပြောပဲ လှည်းမောင်းနေရင် ပြုံးပြုံးပြနေတော့သည်။
ပေါက်တူး သည် လှည်းများ တောရကျောင်းထဲ ဝင်သွားမှ မောင်ဘိုးထင်တို့ ရှိသော လှည်းအနားကို လက်သီး လက်မောင်း တန်းပြီးရောက်လာကာ လှည်ပေါ်မှ မောင်ဘိုးထင်အား ပွေ့ချီလိုက်ပြီး
“ကျေးဇူးရှင်လေး နတ်သားလေး တန်ခိုးရှင်လေး မွမွ”
ပေါက်တူးသည် မောင်ဘိုးထင်အား ချီပြီး မောင်ဘိူးထင်၏ ခေါင်းကိုနမ်းေလပြီး အပျော်လွန်နေပါလေတော့သည်။
▪️အခန်း-၆
ယခုဆို ပေါက်တူး နှင့် ဆွဲမိ ရည်ငံနေသည်မှာ တလပင်ရှိပြီ ဖြစ်သည် ဆွဲမိမှာ ပေါတူးအား တောင်ရမ်းခိုင်းရာ ပေါက်တူ၏ မိဘများမှ တောင်းရမ်းပေးသော ကြောင့် ဆွဲမိနေထိုင်သော ရေအိုးစင်ရွာတွင် မင်္ဂလာပွဲကျင်းပမည်ဖြစ်သည် ပေါက်တူးသည် မောင်ဘိုးထင် နှင့် ဖိုးထွေးအား သာရကိုအခေါ်ခိုင်းလိုက်ပြီး ရွာအပြင်ထန်းတောတွင် ကာလာသားချက် ကြွက်ကြော် ကြက်ကြော် နှင့် ထန်းရည်ချိုတို့ ဖြစ်ဧည့်ခံလေသည်
“ဟေ့ကောင်တွေ သောက်ကြကွာ စားကြ ထန်းရည်က အချိုပါကွ ထန်းလျက် ချက်မဲ့ ထန်း ရည် မင်းတိုဘသောက်လို့က
ရတယ် အပြင်းတွေတော့ ငါ့ညီတွေကို မတိုက်ပါဘူးကွ”
“မင်းတို့ကို ကျေးဇူးတင်တယ်ကွာ မင်းတို့ ကျေးဇူးကြောင့် ငါမိန်းမရတော့မယ် အသက်ကလည်း မငယ်တော့ဘူးဆိုတော့ သုံးနှစ်သုံးမိုး မစောင့်နိုင်တော့ဘူးကွာ ယူတော့မယ် မင်းတို့ ရေအိုးစင် မင်္ဂလာဆောင် လိုက်ခဲ့ရမယ် နော် ”
“ကျုပ်က အဘဆီခွင့်တောင်းရဦးမှာဗျာ အဘက လိုက်ဆို လိုက်မယ် ”
“ငါလိုက်ပြောပေးပါမယ် ကွာ မလိုက်လို့မရဘူး”
“အင်းပါဗျာ လိုက်ခဲ့ပါမယ် ”
ပေါက်တူးသည် ထန်းရည်တခွက်ကို သောက်ရင်း တခုခုကိုတွေးနေဟန် နှင့် မောင်ဘိုးထင်တို့အား စကားဆိုလာသည်
“ဟေ့ကောင်တွေ ငါတခု စိတ်ပူတယ် ကွာ ”
“ပြောလေ ကိုပေါက်တူး ”
“ပီယဆေး အရှိန်ပြေသွားရင် ဆွဲမိ ငါ့ကို မုန်းများမုန့်သွားမလား”
“ဟားးးး ဟားးး ဟားး”
မောင်ဘိုးထင်တို့ ခွက်ထိုးခွက်လန်ရယ်နေသော ကြောင့် ပေါက်တူး ကြောင် အမ်းအမ်း ဖြစ်ငေးနေပြီး
“ဘာလဲ ကွ မင်းတို့က ငါ့စကားက ရယ်စရာ ပါလို့လား ”
မောင်ဘိုးထင်သည် ရယ်နေတာကို ရပ်လိုက်ပြီး ထန်းရည် နှစ်ခွက်ကို ကိုင်ကာ
“ကိုပေါက်တူ ရော့ နှစ်ခွက် လုံးကိုင်ဗျာ ”
“ဘာလဲဟ ဘိုးထင် ”
“ရော့ကိုင်ပါ ညာဘက်ခွက်ကို သောက်ဗျာ ”
ပေါက်တူးသည် ဘိုးထင်ပေးသော ထန်းရည်နှစ်ခွက်ကို ယူပြီး သူ၏ ညာဘက်မှ ခွက်ကို သောက်လိုက်ပြီး ဘာလဲဆိုသည် သေဘောဖြစ်မေးငေါ့ပြရာ
“ဟို တခါ ပီယဆေး တိုက်ခိုင်းတာ ကျုပ်ညာဘက်ကို ပြောတာ ဗျာ ဟားဟား ”
“အဲ့တာဆို ငါ ငါ ဆွဲမိအကို ကို ပီယဆေးတိုက်မိတာပေါ့ ”
“ဟုတ်ပဗျာ ”
မောင်ဘိုးထင်၏ စကားကြောင် ပေါက်တူး စိတ်သက်သာရာ ရဟန်နှင့် ရယ်မောပြီး စကားဆိုလာပြန်သည်
“အေးကွာ ငါစဉ်းစားနေတာ ယောက်ဖ ငါ့အပေါ်တော်တော် ကောင်းပါလားလို့ သူ့ညီမ နဲ့ ချိန်းတွေ့ရင်တောင် သူလိုက်ပို့တာ ဟ ငါကတော့ဆွဲမိ ကို ပီယဆေး တိုက်ထားပြီ အပိုင်ပဲဆိုပြီးတော့ ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောချင်သလိုပြော နေတာ ဟ ပြန်ချစ်လို့တော်ပါသေးရဲ့ ”
“ကိုပေါက်တူးက ကြောက်နေတာကို ဗျာ မဆွဲမိရုပ်ကြည့်ကတည်းက ခင်ဗျားကို သဘောကျနေတာ ”
“အေး ယောက်ဖကို ပီယဆေးတိုက်လိုက်တာ ပိုအဆင်ပြေသွားတယ်ဟ တော်သေးတယ် ငါ့ကို မကြိုက်လို့ဟေ့ ဟားဟား ”
“ပီယဆေး ဆိုတာ အဘပြောဘူးတာတော့ လင်မယား လို ချစ်တာ တခုတည်း မဟုတ်ဘူးတဲ့ဗျ ကိုပေါက်တူး ယောက်ဖ အာဠာဝက ကို ပီယဆေး တိုက်လိုက်မိတာ အတော်ဖြစ်သွားတယ်ဗျို့ ”
ဤ သို့ နှင့် ပေါက်တူး၏ မင်္ဂလာဆောင် အကြိုဂုဏ်ပြုပွဲလေးသည်က တဝါးဝါး တဟားဟား နှင့် ပြီးမြောက်သွားတော့သည် ပေါက်တူးသည်လည်း ဆွဲမိမှ သူအား ပီယဆေး အစွမ်းကြောင့် မဟုတ်ပဲ စိတ်ရင်း နှင့် ချစ်ကြောင်းသိသွားသောကြောင့် အတော်ပင် ကျေနပ်ဝမ်းသာ ဖြစ်သွားရပါလေတော့သည်။
▪️အခန်း-၇
မောင်ဘိုးထင်သည် ဦးအုန်းအား ပေါက်တူး၏ ရေအိုးစင်ရွာ မင်္ဂလာဆောင်ကို လိုက်သွားခွှင့်ပြုရန်ပြောနေလေသည်
“အဘ ကျုပ်လိုက်သွားလို့ရမလား ”
“ကောင်လေး ပေါက်တူး ရဲ့ ယောက်က္ခမတွေက အထက်လမ်း ယောင်ယောင်ကွ မင်းကို လည်း ငါတပည်မှန်း သိတယ် ”
“သူက ဘယ်လို လုပ်သိတာလဲ အဘ ”
“ဘယ်လို သိတာလည်း မမေးနဲ့ မင်းသည်းခံနိုင်ရင် လိုက် သည်းမခံနိုင်ရင် မလိုက်နဲ့ ကောင်လေး”
“ကိုပေါက်တူးက အတင်းခေါ်နေတာ ဆိုတော့လည်း လိုက်သွားလိုက်မယ် အဘရာ ”
“အင်း မင်းသဘောပါ ဒါနဲ့ မင်းရွာက လူတယောက် လူကြုံစကားပါလိုက်တယ် မင်းအဖေ မင်းကို တွေ့ချင်လို့တဲ့ ”
“ထူးထူး ဆန်းဆန်းပါလား အဘ ရ ”
“အေး အဲ့တာ မင်းသွားမှာလား ”
“ကိုပေါက်တူး တို့ မင်္ဂလာဆောင် ပြီးရင် သွားလိုက်မယ် အဘ ”
“အေးအေး ”
မောင်ဘိုးထင်သည် သူ၏ ဖခင်မှ လူကြုံဖြစ်တေွ့ချင်သည်ဟုသော စကားကြောင့် အနည်းငယ် ကျေနပ်နေမိသည် ၊ နောက်တေခါက် ရွာသွားရင် သာအေး နှင့် ဖိုးစိန်ကို ခေါ်မည်ဟုလည်း တွေးလိုက်ပါတော့သည်။
▪️အခန်း-၈
ပေါက်တူ ဖိုးထွေး သာရ တို့ နှင့် အတူ မောင်ဘိုးထင် ရေအိုးစင် သို့ လှည်းတစီး အတူစီး၍ သွားနေသည် သာရက လှည်းမောင်းနေသည် ၊ သူတို့လှည်း နှင့် မလှမ်းမကမ်းတွင်တော့ ပေါက်တူ၏ မိဘများနှင့် တခြားရပ်ရွာလူကြီးများ ၏ လှည်း နှစ်စီး သွားနေသည် ပေါက်တူးသည် အဝတ်အစားသစ်နှင့် ဘိုးထင်ကို ကြည့်ပြီး
“ဘိုးထင် မင်းငါတို့ရွာက လူတွေအကုန်လုံးကို ပီယဆေး ခပ်ထားတားလားဟ ”
“ဟ ထူးထူးဆန်းဆန်း ဘာဖြစ်လို့လည်းကိုပေါက်တူး ”
“မင်းအတွက် ဆိုပြီး ငါ့အဖေ နဲ့ အမေက အဝတ်အစားအသစ် ဝယ်ခိုင်းထားလို့ဝယ်ထားတယ်ရော့ ”
ပေါက်တူးသည် မောင်ဖိုးထင်အား အဝတ်စားထုတ်ကို ပေးပြီးစကားဆိုလိုက်၏
“မခပ်ပါဘူးဗျာ ကိုပေါက်တူးက ကျုပ်ကို မယုံဘူးလား ”
“စတာပါ ဟ ဘိုးထင်ရ မင်းက လူရည်လည်းသန့်တယ် ချစ်စရာလည်းကောင်းတော့ ရွာကလူတွေက ချစ်တာ မဆန်းပါဘူး ”
“အဲ့တာတော့ ဟုတ်တယ် ကိုပေါက်တူးရေ ကျုပ်ဆို အဲ့ကောင်ဘိုးထင်ကို မုန့်းလို့ကို မရဘူးဗျို့ တခါတခါတော့ တွေးမိတယ် ကျုပ်ကို ဒီကောင်ပီယဆေး ခက်ထားလားလို့ပေါ့ ”
ဖိုးထွေး၏ စကားကြောင့် အားလုံး ရယ်မောလိုက်ကြပါသည် လှည်းလေးကလည်း တရွေ့ရွေ့ နှင့် ရေအိုးစင်ရွာသို့ သွားနေလေပါတော့သည်။
▪️အခန်း-၉
ပေါက်တူး၏ သတိုးသမီး ဆွဲမိတို့ အိမ်အဝင်တွင်ဖြစ်သည် လှည်းများနှင့်လာသော ပေါက်တူးတို့အား အိမ်ထဲ အဝင်မခံ၍ စကားများနေကြသည် ၊ အိမ်ဝိုင်းထဲတွင်လည်း မင်္ဂလာမန်းဏ္ဍပ် ကြီးက ထိုးပြီးနေပြီးဖြစ်သည် ၊ ယခု ပေါက်တူးတို့အား အိမ်ထဲ အဝင်မခံရသော အကြောင်းမှာ မောင်ဘိုးထင်ကြောင့်ဖြစ်သည် ပေါက်တူး၏ မိဘများ နှင့် ဖိုးထွေး၏ အဖေ ရွာလူကြီးတို့ နှင့် ဆွဲမိ၏ အဖေ စကားများနေချင်းဖြစ်သည်
“ကျုပ်ရဲ့ မင်္ဂလာရှိတဲ့ အိမ်ကို အဲ့အောက်လမ်းရဲ့ တပည် အောက်လမ်း ပေါက်စလေးကို အဝင်မခံနိုင်ဘူး ”
“ခင်ဗျား လူကြီးစကားပြော ကျုပ်တို့ ဘိုးထင်က ခင်ဗျားကို ဘာလုပ်လို့လဲ ”
“မသိဘူး အဝင်မခံနိုင်ဘူး ”
ရှေ့လှည်းမှ ပြောစကားများကို မောင်ဘိုးထင်ကြားနေရသည် ထိုအခါ မောင်ဘိုးထင်သည် လှည်းပေါ်မှ ဆင်းပြီး လှည်းလမ်း အတိုင်း နောက်ေကြာင်း ပြန်သွားရာ သာရနှင့် ၊ဖိုးထွေး လှည်းပေါ်မှ ဆင်းပြီး မောင်ဘိုးထင်၏ လက်ကို လိုက်ဆွဲလိုက်သလို ပေါက်တူး လည်း မောင်ဘိုးထင် အနားရောက်လာပြီး
“ဘိုးထင် မင်း ဘာမှ ပြန်စရာ မလိုဘူးး ဒီလူကြီးက ဘာဖြစ်နေတာလဲ သာရ နဲ့ ဖိုးထွေး မင်းတို့ ဘိုးထင် အနားနေ ငါခဏနေ ပြန်လာခဲ့မယ် ”
ပေါက်တူး ဒေါသထွက်နေသည်မှာ သိသာနေသည် ၊ ပေါက်တူးသည် အိမ်ဝိုင်းအဝ တွင် စကားများနေသော နေရာ သို့ သွားလိုက်ပြီး အိမ်ဝိုင်းထဲ ဝင်သွားကာ မင်္ဂလာမန်းဏ္ဍပ်တိုင် ဘေးမှ ဝါးကပ် စည်းရိုးကို ကန်လိုက်ပြီး
“ယောက္ခမလောင်းကြီး ခင်ဗျားက ကျုပ်တို့ကို အဝင်မခံဘူးလား ”
ပေါက်တူး၏စကားက ကျယ်လောင်စွာ ထွက်ပေါ်လာရာ လူများအားလုံး သတိုးသား ပေါက်တူးကို ဝိုင်းကြည့်နေကြသည် ၊ ပေါက်တူးအနားသို့ ဆွဲမိနှင့် သူ၏ အကို ရောက်လာကာ
“ယောက်ဖ စိတ်လျှော့ပါကွာ ငါ့ အဖေက လူ့ကန့်လန့်ကွာ အမေမလာသေးလို့ပါ့ကွာ အဖေက အမေ့ ပြောရင် ရပါတယ်ကွ ”
“ယောက်ဖပဲစဉ်းစားကြည့် မင်းလည်း ဘိုးထင်ကို သိတယ် ဘိုးထင်က ဘာဖြစ်နေလို့လဲကွာ ဘိုးထင်ကို အဝင်မခံတာက ငါတို့ကို အဝင်မခံတာနဲ့တ ူတူပဲ ”
ပေါက်တူးဒေါသ အင်မတန်ထွက်နေသည် ဆွဲမိမှလည်း ပေါက်တူးအားချော့မော့နေရသည် ၊
ဒေါသထွက်နေသော ပေါက်တူးအနားသို့ သူ၏ ယောက္ခမလောင်းကြီးရောက်လာကာ
“မင်းက ဘာဖြစ်နေတာလဲ မင်းတို့ တရွာလုံးက အောက်လမ်းတယောက်အတွက် နာနေတာလား ”
“ဦးလေး ခင်ဗျားကို ကျုပ်တို့ဘိုးထင် ဒုက္ခပေးဘူးလားပြောခင်ဗျားက ဘာဖြစ်နေတာလဲ ”
“အောက်လမ်းကို ငါ့အိမ်ထဲ ပေးမဝင်ဘူး မင်းတို့ ဝင်လို့ရတယ် အဲ့ကောင်လေးကို ပြန်လွှတ်လိုက်”
“ဘိုးထင် အဝင် မခံရင် ကျုပ်လည်းပြန်မယ် ”
ပေါက်တူး ကြမ်းပြီးဖြစ်သည် ၊ ဘာအပြစ်မှ မရှိသည့် ကလေးတယောက်ကို အသလွတ် မုန်းတီးနေသော ယောက္ခမ အထီးကြီး ကိုလည်း တော်တော် စိတ်တိုနေ၏ ပေါက်တူး၏ စကားကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည် ၊ ရေအိုးစင်ရွာမှ ရွာလူကြီးများ နှင့် လူရွယ်များက ပေါက်တူးတို့ပြောတာကို သဘောကျသည်။ ထိုအ ချိန် ဆွဲမိ၏ အမေရောက်လာပြီး
“တော်က ဘာဖြစ်နေတာလဲ အထက်လမ်းယောင်ယောင် ဘာယောင်ယောင် နဲ့ ကျမအကုန်သိပြီးပြီ အခုပါလာတဲ့ ကလေးမပြောနဲ့ ဦးအုန်းကကော ကျမတို့ကို ဘာဒုက္ခပေးဘူးလည်း အထက်လမ်း ယောင်ယောင် ဘာယောင်ယောင် နဲ့ အရက်တောင် မဖြတ်နိုင်တဲ့ သူက ကအပြစ်မရှိတဲ့ ကေလးကို အိမ်ထဲ ပေးမဝင်ဘူး ဘာဘူး နဲ့ အဲ့ ကလေး ဘယ်မှာလဲ ကျမကိုတိုင် ချီပြီးခေါ်မယ် ”
ပေါက်တူး၏ ယောက္ခမ အမကြီးက သဘောကောင်းသူ လူဖြောင့်ကြီးမှန်းသိသာသည့် သူမ၏ တုတ်တုတ်ခိုင်ခိုက် ကိုယ်ခန္ဓာကို ကြည့်ပြီးပြောချင်းမဟုတ်ပေ သူ၏ စိတ်နေစိတ်ထားကိုကြည့်ပြီးပြောချင်းပါ ၊ ပေါက်တူး၏ ယောက္ခမ အမကြီးကြောင့် ပေါက်တူးတို့ ဖြစ်နေသော ပြဿနာက ပြီးဆုံးပြီဖြစ်သည် ၊ ပေါက်တူး၏ ယောက္ခမ အမကြီးသည် ဘိုးထင်ကို မြင်သော အခါ ပို၍ပင် ချစ်ခင်သွားကာ လက်မှဆွဲပြီး သူမ၏ ယောကျ်ားဖြစ်သူကို အော်ပြီး
“ကလေးလည်းကြည့်ဦး ရုပ်လည်းသေချာ မမြင်ဘူးပဲ နဲ့ အောက်လမ်းဆိုတိုင်း စုတ်တီးစုတ်ပဲလေးထင်နေတဲ့ ကိုယ်အဝှာရေ”
ပေါက်တူး၏ ယောက္ခမကြီး အမကြီးသည် မောင်ဘိုးထင်အား ပုခုံးကိုဖက်ရင်းပြောလိုက်ရာ ပေါက်တူး၏ ယောက္ခမအထီးကြီးမှ ဘိုးထင်ကိုကြည့်ပြီး
“ဟုတ်သားဟ ကျုပ်မှားပါတယ်ဗျာ တောင်းပန်ပါတယ် မိန်းမရေ ငါမှားတာရှိရင်တောင်းပန်ပါတယ်ဟ ဝင်ကြပါ ဝင်ကြပါ ”
ပေါက်တူး၏ ယောက္ခမအထီးကြီး စကားကြောု့် အားလုံးသဘောကျနေကြသည် ဤသို့ နှင့် ပေါက်တူး နှင့် ဆွဲမိ၏ မင်္ဂလာဆောင်သည်က အောင်မြင်းစွာ ပြီးဆုံးမည်ဆိုတာ ဘယ်သူမှ မပြောလည်း သိနိုင်ကြမည်ဖြစ်ပါလေတော့သည်
▪️အောက်လမ်း ဘိုးထင် နှင့် မင်္ဂလာဆောင် ဇတ်လမ်းသည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် နောက်ဆုံးစကား အမည်ရသည် ဇတ်လမ်းလေးအား တင်ဆက်ပေးပါမည်
📝မောင်တင်ဆန်း
Zawgyi Version
” ေအာက္လမ္းဘိုးထင္ ႏွင့္ မဂၤလာေဆာင္ “(စ/ဆုံး)
——————————————————————————
(၅)
▪️အခန္း-၁
ေမာင္ဘိုးထင္အား သာရမွာ ေခၚထား၍ ဖိုးေထြးႏွင့္ အတူ မန္က်ည္းပင္ ရိပ္ေအာက္တြင္ ေစာင့္ေနသည္ ၊ ဖိုးေထြး ႏွင့္ သာရသည္ လယ္ပိုင္ရွင္ လူႀကီးသား ႏွင့္ လယ္ပိုင္ရွင္ သူေဌးသားမ်ားျဖစ္၍ သူတို႔လုပ္ခ်င္သည္မ်ားကို မဆူမေငါက္ပဲ မိဘမ်ားက လႊတ္ထားခ်င္းျဖစ္သည္ ၊ ယခုလည္း ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြးသည္ သာရကိုေစာင့္ေနရင္ မန္က်ည္ပင္ ေအာက္တြင္ စကားစျမည္ေျပာေနၾကသည္
“ကိုဖိုးေထြ ”
“ေအးေျပာ ဘိုးထင္ ”
“ကိုသာရက က်ဳပ္တို႔ကို ဘာလို႔ေခၚတာလဲ ”
“မင္း သာရ အကို ကိုေပါက္တူးကိုသိလား ”
“ကိုႀကီး သာျမႀကီးကိုေျပာတာလား ”
“ေအးေလ သူငယ္နာမည္က ေပါက္တူးတဲ့ကြ သာရ ငါ့ေျပာဘူးတာ ရွိတယ္ သူ႔အကို ကိုေပါက္တူးက လူ႐ိုးႀကီးကြ”
“ဟုတ္တယ္ ေလ လူ႐ိုးႀကီးပါ က်ဳပ္သိတယ္ ”
“ေအး အဲ့လူ႐ိုးႀကီးက ငါတို႔ ႐ြာေဘးက ေရအိုးစင္ ႐ြာက အမႀကီးကို ႀကိဳက္လို႔တဲ့ကြာ ”
“အဲ့တာ က်ဳပ္နဲ႔ ဘာဆိုင္လို႔လဲ ”
“အဲ့တာ လာမွ သိလိမ့္မယ္ ကြာ ”
ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြး စကားေျပာေနစဥ္ သူတို႔ရွိေနသည္ မန္က်ည္းပင္ႀကီး နားသို႔ သာရ ႏွင့္ သူ၏ အကို သာျမ ေရာက္လာၿပီး သာရမွ ေမာင္ဘိုးထင္ကို စကားဆိုလိုက္၏
“ဘိုးထင္ေရ ေနာက္က်သြားတယ္ကြာ ငါ့အကိုကိုယ္ ေစာင့္ေနရလို႔ ”
သာရသည္ သူ၏အကို သာျမေခၚ ေပါက္တူးအား ေမးေငါ့ျပရင္း စကားဆိုေလသည္ ၊ သာျမသည္ အရပ္ ပုျပတ္ျပတ္ ႏွင့္ အၿမဲ ၿပဳံးစိစိ ႏွင့္ေနသူျဖစ္သည္ ၊ သြားေလးက အနည္းငယ္ ေခါသေယာင္ ရွိေနသည့္အတြက္လည္း အၿမဲ ၿပဳံးေနသည့္ပုံစံ ေပၚေနသည္လည္းျဖစ္ႏိုင္သည္ ၊ မည္သို႔ဆိုေစကာမူ သာျမသည္ ႐ုပ္အဆိုးႀကီးထဲ မပါေပ ၊ခင္ဖို႔ေကာင္းေသာ ႐ုပ္သြင္ကို ေဆာင္ေနသည့္ သာျမေခၚ ေပါက္တူးသည္ ေမာင္ဘိုးထင္အားၾကည့္ကာ
“ေခါင္းဖီးေနလို႔ၾကာသြားတာ ဘိုးထင္ရ ”
ေမာင္ဘိုးထင္ သည္ ေပါက္တူး၏ ေခါင္းကိုၾကည့္လိုက္သည္ ဆံပင္သည္က ေကာက္ေနရာ ေခါင္းဖီးသည္ ျဖစ္ေစ မဖီးသည္ ျဖစ္ေစ ဒီပုံစံအတိုင္း ရွိေနမည္ဆံပင္ျဖစ္၏ ၊သို႔ေပမဲ့ ေမာင္ဘိုးထင္ ေစာဒက မတက္ ေခါင္းညိတ္အသိမွတ္ ျပဳေပးလိုက္ရာ ေပါက္တူးမွ စကားဆက္ဆိုလာသည္
“ဘိုးထင္ မင္းကို သာရေျပာထားလား ”
“ဘာမွ ေျပာမထားဘူး ကိုေပါက္တူး”
ေပါက္တူးသည္ သူ၏ ညီသာရကို တခ်က္ၾကည့္လိုက္ၿပီး ေမာင္ဘိုးထင္ကို မ်က္စာ ပစ္ျပကာ
“သာရ ေျပာထားဘူးလား ကြ”
“ကိုယ့္တိုင္းကို ေျပာဗ်ာ ”
“လုပ္ပါ သာရ ငါရွက္လို႔ကြ ”
“ဘိုးထင္ကို ေတာင္ရွက္ေနရင္ မဆြဲမိ ကို ဘယ္လို လုပ္ေျပာမလဲ ”
ေမာင္ဘိုးထင္ သည္ သာရ တို႔ ညီကို ႏွစ္ေယာက္ ေျပာစကားကို နားမလည္ေပ ၊ သာရသည္ သူ၏ အကို ေပါက္တူးအား မၾကည္သလို တခ်က္ၾကည့္ၿပီး ေမာင္ဘိုးထင္အား
“ဘိုးထင္ ငါ့အကိုက ေရအိုးစင္႐ြာက မဆြဲမိကို ႀကိဳက္ေနတာကြ။ အဲ့တာ သူ႔ကို ျပန္ႀကိဳက္ေအာင္ ပီယေဆး ေတာင္းခိုင္းေနလို႔ ”
“ဟ အဲ့တာက က်ဳပ္လည္း သိပ္မသိေသးဘူးဗ်”
ေမာင္ဘိုးထင္မွ မသိေသးသည့္ အေၾကာင္းေျပာေသာအခါ ေပါက္တူးသည္ ေမာင္ဘိုးထင္အနားထိုင္လိုက္ၿပီး ေမာင္ဘိုးထင္ ပုခုံးကို ဖက္ကာ
“ဘိုးထင္ရ လုပ္ပါကြာ ငါဆြဲမိကို အေသရရ အရွင္ရရ လိုခ်င္ေနလို႔ပါ ”
“ဟ ကိုေပါက္တူး ခင္ဗ်ားကေတာ့ လြန္ၿပီဗ်ာ အေသရရ အရွင္ရရ ဆိုတာႀကီးကေတာ့ ”
“စကားအျဖစ္ ေျပာတာပါကြာ ငါဆြဲမိကို မရရင္ ငါေသသြားလိမ့္မယ္ကြာ”
ေမာင္ဘိုးထင္ သည္ ေၾကကြဲစြာ စကားဆိုေနေသာ ေပါက္တူးအား ၾကည့္လိုက္သည္ ၊ ေမာင္ဘိုးထင္နည္း တူ ဖိုးေထြး ႏွင့္ သာရ လည္းၾကည့္ေနသည္ ၊ သူတို႔အားလုံး ေပါက္တူးအား သနားခ်င္ေပမဲ့ အၿမဲၿပဳံးေနဟန္ သူ၏ မ်က္ႏွာက ေၾကေၾကကြဲကြဲ ဟန္အမူအယာ ႏွင့္ ေျပာလိုက္သည့္အတြက္ ေမာင္ဘိုးထင္တို႔ မရယ္မိေအာင္ မနည္းထိန္းသည့္ ၾကားမွ ဖိုးေထြး၏ရယ္ သံေပၚလာရာ ေပါက္တူးသည္ဖိုးေထြးအားၾကည့္ကာ
“ေဟ့ေကာင္ ဖိုးေထြး မင္းက ငါ့ကို ေလွာင္တာ လား ”
“မဟုတ္ အဟီးး ရပါဘူး ဗ်ာ ”
“မင္းကြာ ငါခံစားေနရတာကို ေလွာင္ ဝံ့တယ္ ကြာ ”
ေပါက္တူး စိတ္ဆိုးေခ်ၿပီ စိတ္ဆိုးေနေသာ ေပါက္တူးအား ၾကည့္ကာ သူတို႔အားလုံးရယ္ ခ်င္လာျပန္ရာ အခု တခါရယ္လို႔မျဖစ္ေခ်ဘူးဟု ေတြးၿပီး ရယ္လုလု ဖိုးေထြးကို ေမာင္ဘိုးထင္ လက္ကဆြဲေခၚၿပီး ေပါက္တူးႏွင့္ သာရအား
“မနက္ျဖန္ လာခဲ့ၾကဗ်ာ ဒီေနရာက ပဲေစာင့္ က်ဳပ္စီစဥ္ေပးမယ္ ”
ဖိုးေထြးအား ဆြဲေခၚၿပီး ေျပာသြားေသာ ေမာင္ဘိုးထင္အား မန္က်ည္းပင္ ေအာက္တြင္ က်န္ခဲ့ေသာ သာရ ႏွင့္ ေပါက္တူး အနက္ေပါက္တူးမွ ေပ်ာ္႐ႊင္သြားကာ
“ဘိုးထင္ ေသခ်ာတယ္ေနာ္ မင္းေက်းဇူး သာျမ တသက္မေမ့ပါဘူးကြာ”
သာျမ ေခၚ ေပါက္တူးသည္က သူကိုယ္တိုင္ေခၚမွ ၾကားရမည့္ သူ၏နာမည္ အရင္းကို ထည့္ေျပာၿပီး ဝမ္းသာအားရ စကားဆိုေနေတာ့သည္ ၊ ေမာင္ဘိုးထင္သည္က ေပါက္တူးတို႔ ႏွင့္ အတန္ေဝးေရာက္သည့္တိုင္ ရယ္ခ်င္ေနသည့္ အမူအယာျဖစ္ေနေသာ ဖိုးေထြးအား
“ကိုဖိုးေထြးရာ ကိုေပါက္တူးကို အားနာစရာ ဘာလို႔ ရယ္တာလဲ ဗ်ာ ”
“ဟားး ဟားး မင္းကေကာ ကိုေပါက္တူး မ်က္ႏွာ ႀကီး ၾကည့္ၿပီး မရယ္ခ်င္ဘူးလား ဘိုးထင္ရ ”
“ဟုတ္ေတာ့ ဟုတ္တယ္ဗ် ဆြဲမိမွ မရရင္ ငါေသသြားလိမ့္ဆိုၿပီးေျပာတဲ့ မ်က္ႏွာႀကီးက ရယ္ ခ်င္စရာႀကီး ဟားး ဟား ”
ေမာင္ဘိုးထင္ ထိုသို႔ေျပာၿပီး ရယ္လိုက္ရာ ဖိုးေထြးကပါ ေမာင္ဘိုးထင္ ပုခုံးကို ဖက္ၿပီး ရယ္ေမာေနပါေလေတာ့သည္။
▪️အခန္း-၂
ေမာင္ဘိုးထင္သည္ ဦးအုန္းအား ေသခ်ာဂ႐ုစိုက္ေနသည္ ထမင္းစားခ်ိန္ လက္ေဆးေရ အသင့္ ထမင္းစားၿပီးရင္ ဝါးဖို႔ ကြမ္းအစ္မွ ကြမ္းယာေပးေနျပန္သည္ ၊ ကြမ္းယာၿပီးေသာ အခါ ဦးအုန္းအား ကြမ္းကို ပါးစပ္ထဲခြံ႕လိုက္ၿပီး ေဆးေပၚလိပ္ အသင့္ျပင္ ေပးေနျပန္သည္ ဦးအုန္းမွ လက္ကာျပၿပီး
“ဘိုးထင္ ေတာ္ေလာက္ၿပီး ေတာ္ေလာက္ၿပီ ဘာလိုခ်င္လို႔လဲ ေျပာစမ္းပါဦး”
“အဘကလည္း က်ဳပ္ဆို အျပစ္ေျပာဖို႔ပဲ တကယ္ ေစတနာ နဲ႔ လုပ္ေပးေနတာပါဗ်ာ ”
“မင္း ဘာမွ မေတာင္းဘူး ေပါ့ ”
“မေတာင္းပါဘူးဗ် ဒါေပမဲ့ တခုေတာ့ သင္ျပဦး ”
“ထင္ေတာ့ ထင္ပါတယ္ မင္းက အက်ိဳးေမွ်ာ္ၿပီး ေညာင္ေရေလာင္းေနတယ္ ဆိုတာ ”
“မဟုတ္ပါဘူး အဘရာ က်ဳပ္သိခ်င္တာေလးေတြ ေပးမလို႔ပါ”
“ေမးကြာ ငါလည္း ပ်င္းေနတာနဲ႔ အေတာ္ပဲ ”
“အဘ ေဆးမေပါက္ပဲ ပီယေဆး လုပ္လို႔ရလား ”
“အင္းရတယ္ကြ ေနပါဦး ေနပါဦး မင္းေပါက္ကရလုပ္မလို႔လား ”
“ဗာဟုသုတအေနနဲ႔ေမးတာပါဗ်ာ ”
“လူေသအေလာင္း နဲ႔ေတာ့ လုပ္လို႔ရတယ္ကြ ”
“အရပ္ထဲက ေျပာသလို ဟို ႀကိမ္လုံးနဲ႔ သနပ္ခါးေသြးခိုင္းတာလား ”
“အဲ့လိုေတာ့ မဟုတ္ဘူးကြ ေျမႀကီးထဲက ေတာ့ အေလာင္းကို ေဖာ္စရာမလိုပါဘူးး။ ႐ြာထဲက ကြမ္းေတာင္ကိုင္ ႐ြာအျပင္မွာ အစိမ္းေသရင္ ရၿပီ”
“ဘယ္လို လုပ္ရတာလဲ အဘ ”
“႐ြာ အျပင္မွာ ေသတဲ့ မသာကို ႐ြာသခ်ႋဳင္းမွာ စင္ထိုးထားတယ္ မဟုတ္လား ”
“ဟုတ္တယ္ အဘ ”
“ေအး ေစာင့္တဲ့ ေကာင္ေတြဆိုတာ လည္း အရက္သမားပဲ ရွိမွာပါကြာ အဲ့ေတာ့ အေလာင္းေကာင္ကို ဖုတ္သြင္းၿပီး သနပ္ခါးေသြးခိုင္းေပါ့ သနပ္ခါးေသြးခိုင္းတယ္ ဆိုရာမွ သနပ္ခါးအတုံးႀကီးနဲ႔ သြားမေသြးခိုင္းနဲ႔ ေကာင္ေရ ေတာ္ၾကာ ေခါင္းထုလိုက္လို႔ ဂိေနဦးမယ္ ”
“ဟုတ္တယ္ေနာ္အဘ သတိထားရမယ္ ”
“သီးခဲေလးယူသြားေကာင္ေရ သီးခဲေလးဆို တခ်က္ ႏွစ္ခ်က္ ေသြးတာနဲ႔ သနပ္ခါးတန္းရတယ္ ဟ ”
“ဟုတ္အဘ ဖုတ္သြင္းရမွာလား အဘ ”
“ေသတဲ့ သူနာမည္ေတာ့ သိရမယ္ ကြ ေသတဲ့သူက သရဲ မျဖစ္ေနဘူးဆိုရင္ တျခားသူ ေခၚသြင္းေပါ့ ကြာ ”
“သိၿပီ အဘ သိၿပီ ေက်းဇူးတင္တယ္ အဘရာ က်ဳပ္႐ြာထဲ သြားလိုက္ဦးမယ္ ”
“ေကာင္ေလး အိမ္ေပၚကေန ေဆးလိပ္ေသာက္ခ်င္လို႔မီးျခစ္ေလး ယူေပးပါလားကြ”
“အဘေရ အားေတာ့နာတယ္ တက္ယူလိုက္ေတာ့ဗ်ာ လမ္းေလးဘာေလး ေလွ်ာက္ေတာ့ က်န္းမာေရးေကာင္းတာေပါ့ဗ်ာ ”
အခ်ိဳးေျပာင္းသြားေသာ ေမာင္ဘိုးထင္ကို ၾကည့္ကာ ဦးအုန္း စိတ္ဆိုးရခက္ ရယ္ရခက္ျဖစ္ ေဆးေပၚလိပ္ကို လက္ကကိုင္ၿပီး ေငးေနပါေလေတာ့သည္။
▪️အခန္း
ေမာင္ဘိုးထင္ မေန႔က ကိုေပါက္တူးႏွင့္ ေတြ႕ရသည္ မန္က်ည္းပင္ ေပၚ တက္ၿပီး ေနေလသည္ ၊ မၾကာေသာ အခ်ိန္တြင္ ဖိုးေထြး ႏွင့္ သာေအး ေရာက္လာၿပီး ဟိုၾကည့္ ဒီၾကည့္ႏွင့္ ထိုင္ေနသည္ ၊ ေနာက္ထပ္မၾကာေသာအခ်ိန္ တြင္ သာရ ႏွင့္ ေပါက္တူး ညီအကို ေရာက္လာၿပီး ဖိုးေထြးအား ကိုေပါက္တူးမွ
“ဖိုးေထြး ဘိုးထင္ေကာ မလာေသးဘူးလားဟ ”
“ေအးဗ်ာ ဒီေကာင္က တခါမွေနာက္မက်ပါဘူးဗ်”
ေမာင္ဘိုးထင္ မန္က်ည္းပင္ေခါင္ဖ်ာထိတက္သြားလိုက္သည္ မန္က်ည္းပင္ ေခါင္ဖ်ားဆိုရင္ျဖစ္ အပင္ေအာက္မွ သူမ်ား မျမင္ရႏိုင္ေပ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ အသံခပ္က်ယ္က်ယ္ျဖစ္
“ဘိုးထင္ကို ေတာင္းတေနတာလားေဟ့”
ထိုအသံေၾကာင့္ မန္က်ည္းပင္ေအာက္မွ ဖိုးေထြးတို႔ အပင္ေပၚေမာ့ၾကည့္ၿပီး
“ဒါဘိုးထင္အသံဟ အပင္ေပၚမွာလား မသိဘူး ”
“ဟာ မရွိဘူးဟ ဒီေကာင္ ပညာေတြ ျမင့္ေနၿပီလား မသိဘူး ”
“ဟူတ္ေလာက္တယ္ ဘိုးထင္ သူအိမ္ကေနၿပီး က်ဳပ္တို႔ေျပာတာေတြ သိေနတာလားမသိဘူးေနာ္ ”
သာေအး၏ ေျပာစကားေၾကာင့္ ေမာင္ဘိုးထင္ ရယ္ခ်င္လာ၏ ထိုေနာက့္ ေမာင္ဘိုးထင္သည္
“ငါ့ကို ေစာင့္ေနတာလားေဟ့ ”
“ဟုတ္တယ္ ဟ လာခဲ့ေတာ့ ”
ေပါက္တူး၏အသံျဖစ္သည္ ထိုေနာက္ သာေအးသည္ ေလးဂြကို ထုတ္ကာ အပင္ ေပၚသို႔ ခ်ိန္လိုက္ၿပီး
“ဘိုးထင္ေရ မင္းက အိမ္မွာဆို အသံလာရာကို ပစ္ၾကည့္မယ္ကြာ မင္းကို ထိလားဆိုတာ သိခ်င္လို႔ ”
သာေအး၏ စကားေၾကာင့္ ေမာင္ဘိုးထင္ ျပာျပာသလဲ
“ဟ မပစ္နဲ႔ဟ ငါက အပင္ ေခါင္ဖ်ားမွာ လာၿပီး လာၿပီ”
ေမာင္ဘိုးထင္ အပင္ေအာက္ဆင္းလာသည္၊ ဆင္းလာေသာ ေမာင္ဘိုးထင္အား အားလုံးက ျပစ္တင္ေျပာဆိုၿပီး ေပါက္တူးမွ
“ဘိုးထင္ အေျခအေန ”
“႐ြာအျပင္မွာ အစိမ္းေသတဲ့ အပ်ိဳ မသာရွိရင္ ရၿပီ ”
*ဟ အဲ့လိုႀကီးလားဟ ”
“ေအးေပါ့ဗ်ာ လြယ္လြယ္ နဲ႔ ရမလား ”
“အဲ့တာဆို ဘယ္လို လုပ္ရမလဲ ဟ ”
သူတို႔ခဏ ၿငိမ္ၿပီးစဥ္းစားေနၾကသည္ ခဏၾကာေသာအခါ သူတို႔ထိုင္ေနေသာ မန္က်ည္းပင္နားသို႔ ေပတူးေရာက္လာ၏ ေပတူးသည္ ေမာင္ဘိုးထင္တို႔အား။ျမင္ေသာအခါ
“ေဟ့ေကာင္ဘိုးထင္ ဘာလုပ္ေနတာလဲ ”
“မသာ အေၾကာင္းစဥ္းစားေနတာကြာ ”
“ဘာမသာ လဲဟ ”
“႐ြာအျပင္မွာ ေသတဲ့ မသာကြာ ”
“ငါအေဖ ႐ြာက မေလေျပ လိုလားဟ ”
ေပတူး၏ စကားေၾကာင့္ အားလုံး ေပတူးဆီ အၾကည့္မ်ားေရာက္လာၿပီး ေပါက္တူးမွ
“ဘာေျပာလိုက္တာလဲ ေပတူး”
“ဟုတ္တယ္ ေလ က်ဳပ္အေဖေျပာတာ ၾကက္ဆူ႐ြာက မေလေျပဆိုတဲ့ အမႀကီး ေတာထဲမွာ ေရနစ္ေသလို႔တဲ့ဗ် ႐ြာအျပင္မွာ ေသတာဆိုေတာ့ ႐ြာသားေတြက ႐ြာထဲ မသြင္းခိုင္းလို႔ သခ်ႋဳင္းမွ စင္ထိုးထားရတယ္ တဲ့ ”
ေပတူး၏ စကားၾကားေသာအခါ ေပါက္တူး ဝမ္းသာသြားၿပီး
” ၾကက္ဆူ႐ြာေနာ္ ေပတူး ”
“ဟုတ္တယ္ ဗ်”
ေပါက္တူ အဘယ္ေၾကာင့္ လူတေယာက္ေသဆုံးသည္ကို ေပ်ာ္႐ႊင္ေနမွန္း ေပတူးမသိပါ ၊ ေမာင္ဘိုးထင္သည္ ေပါက္တူးအား ေသခ်ာၾကည့္၍
“ၾကက္ဆူ႐ြာက ဘယ္ေလာက္ေဝး လဲ ကိုေပါက္တူး”
“မေဝးပါဘူးကြ ႏွစ္နာရီေ လာက္သြားရင္ေရာက္ၿပီ ”
“အဲ့တာဆို အခု ညသြားၾကမယ္ ဗ်ာ ဘယ္လိုလဲ ”
“သြားမယ္ သြားမယ္ ဘိုးထင္ ”
ေပါက္တူးကေတာ့ တက္ႂကြၿပီး အားရဝမ္းသာ သြားမည္ဟုေျပာေပမဲ့ က်န္လူမ်ားသည္က အင္တင္တင္ ျဖစ္ေနပါေလေတာ့သည္ ။
▪️အခန္း-၃
ေမာင္ဘိုးထင္တို႔ အဖြဲ႕ ၾကက္ဆူ႐ြာ သခ်ႋဳင္းသို႔သြားေနၾကပါသည္ ၊ ေမာင္ဘိုးထင္တို႔ အဖြဲ႕တြင္ ဖိုးေထြး ႏွင့္ ကိုေပါက္တူး သူ၏ညီ သာရတို႔ျဖစ္သည္ ၊ ကိုေပါက္တူးသည္ ေတာခ်က္အရက္မ်ားကို လည္း ဂါလံပုံးျဖဴျဖစ္ထည့္လာသည္ သာရမွ လြယ္အိတ္ထဲ ေက်ာက္ပ်ဥ္ ႏွင့္ သနပ္ခါးခဲ ထည့္လာသည္ ၊ သူတို႔ေတြ စကား တေျပာေျပာ ႏွင့္ လမ္းေလွ်ာက္လာသည္ ေမာင္ဘိုးထင္သည္ ေရွ႕မွ ဦးေဆာင္ၿပီး လိုအပ္သည္မ်ား မွာၾကားေနသည္
“က်ဳပ္ေျပာမယ္ ေနာ္ အေလာင္းေကာင္ႀကီး ထလာရင္ ေၾကာက္ၿပီးထြက္ မေျပးၾကနဲ႔ လန႔္ၿပီး သတိလစ္ မယ္ ထင္တဲ့သူေတြ အခုကတည္းက ျပန္ၾကေနာ္ ”
“ငါေတာ့ စိတ္ခ်ပါ မင္းေနာက္လိုက္ဘူးပါတယ္ ”
“ဟုတ္တယ္ ဖိုးေထြးေျပာတာ ငါလည္း မင္းေနာက္ လိုက္ဘူးပါတယ္ ”
“ခင္ဗ်ားတို႔ ႏွစ္ေယာက္ကို က်ဳပ္ယုံတယ္ မယုံတာ ေဟာ့ဟိုက ကိုေပါက္တူး ”
ေမာင္ဘိုးထင္မွာ ေပါက္တူးအား ေျပာေသာအခါေပါက္တူးသည္ ဘိုးထင္အား ေကာင္းကင္မွ သာေနေသာ လ၏ အလင္းေရာင္အကူအညီျဖစ္ ေသခ်ာၾကည့္ၿပီး
“ဘိုးထင္ ေပါက္တူးဆိူတဲ့ ေကာင္က အခ်စ္အတြက္ ဆို အသက္ပါေပးဝံ့သူပါကြ ဒီေလာက္ ေၾကာက္စရာေတာ့ သနားတယ္ ”
“ၿပီးတာပဲ ၿပီးေတာ့ မွ လန႔္ၿပီး အသက္ထြက္လို႔ကေတာ့ မေလေျပ နဲ႔ တူတူ တင္ခဲ့မယ္ ၾကားလား”
“ဖက္ လြဲပါေစ ဖယ္ပါေစ ဖြက္ဖြက္ ”
ေပးတူးေျပာျပထားေသာ ေသဆုံးသူ၏ နာမည္ကို မွတ္မိေသာေမာင္ဘိုးထင္မွ ေပါက္တူးအား ေသဆုံးသူ ႏွင့္ တူတူ ထားျပစ္မည္ ဟုေျပာေသာေၾကာင့္ မ်က္ႏွာ အႀကီးအက်ယ္ ပ်က္ကာေနပါေတာ့သည္။ သူတို႔ အေတာ္ၾကာ လမ္းေလွ်ာက္လာရာ ၾကက္ဆူ႐ြာ သခ်ႋဳင္းသို႔ေရာက္ၿပီ ျဖစ္သည္ ၾကက္ဆူ႐ြာ သခ်ႋဳင္း၏ အုန္းသွ်စ္ပင္ႀကီး ေအာက္တြင္ စင္တစင္ထိုးထားၿပီး စင္ေပၚတြင္ မိန္းမပ်ိဳအေလာင္းကို တင္ထားကာ စင္ ဝန္းက်င္တြင္ ေရနံဆီမီးခြက္ ထည့္ထားေသာ မီးအိမ္မ်ားရွိေလ သည္ ၊ စင္ေဘး မလွမ္းမကမ္းတြင္ေတာ့ လူႀကီး တခ်ိဳ႕ ႏွင့္ လူ႐ြယ္ ငါးဦးခန႔္ အရက္ေသာက္ရင္း ဖဲ ႐ိုက္ေနၾကသည္ ၊ ေမာင္ဘိုးထင္တို႔သည္ ထို မိန္းမပ်ိဳ၏ အေလာင္း တင္ထားေသာစင္ အနားသို႔ သြားလိုက္ပါေလေတာ့သည္။
▪️အခန္း-၄
ေမာင္ဘိုးထင္တို႔ အေလာင္းစင္နားေရာက္ေသာခါ အေလာင္းစင္နီးတြင္ ဖဲ႐ိုက္ေနေသာ လူမ်ား သူတို႔အား လွမ္းၾကည့္ၿပီး
“ဘယ္သူေတြ လဲ ေဟ့ ”
“က်ဳပ္တို႔ ငွက္လိုက္ျပစ္တဲ့ သူေတြပါ ”
“ငွက္ပစ္တဲ့ ေကာင္ေတြ မီးေတာင္မပါ ပါဘာလားဟ ”
“ဟုတ္တယ္ ဦးႀကီးရ က်ဳပ္တို႔က ေန႔လယ္ကတည္းက ငွက္ပစ္ထြက္တာ လမ္းေပ်ာက္ၿပီး ဒီကို ေရာက္လာၾကတာ ”
“ေအးေအး လာၾက မေၾကာက္တက္ရင္ ေပါ့ကြာ”
ဖဲ ႐ိုက္ေနေသာ လူႀကီး လူ႐ြယ္မ်ားသည္ေမာင္ဘိုးထင္ တို႔ကို ျမင္ေသာအခါ
“ေဟ့ ကေလးသာသာ ေတြပါလားဟ ဟိုေကာင္ပဲ ႀကီးတာပါ ပါ့လား”
လူႀကီးမ်ားသည္ ေပါက္တူအား ၾကည့္ၿပီးေျပာခ်င္းျဖစ္သည္ ၊ ထိုေနာက့္ ထိုလူမ်ားထဲ မွ လူတေယာက္သည္ ေမာင္ဘိုးထင္တို႔ ထဲမွ ဖိုးေထြးကို ၾကည့္ၿပီး
“ေန ဦး ေနဦး မင္းက ေပပင္႐ြာလူႀကီး ဦးလွၿမိဳင္ရဲ႕သား မဟုတ္လား ”
“ဟုတ္တယ္ဗ် ”
“ေဟ့ေကာင္ေတြ ေပပင္႐ြာ နဲ႔ တို႔႐ြာက အေတာ္လွမ္းပါတယ္ဟ မင္းတို႔ ဘာလာလုပ္တာလဲ ”
“ငွက္ပစ္ရင္း နဲ႔ လမ္းေပ်ာက္လာတာ ဗ်ာ ”
“ေဟ့ေကာင္ မျဖစ္ႏိုင္တာ ေပပင္သားေတြက ၾကက္ဆူ႐ြာေလာက္ကို လမ္းေပ်ာက္ၿပီး ေရာက္လာရာေအာင္ မင္းတို႔က ၿမိဳ႕သားေတြ မဟုတ္ဘူး”
ဖိုးေထြးကို သိေသာ ႐ြာသားတေယာက္မွ မယုံသကၤာျဖစ္ၿပီးေျပာလိုက္ရာ ေပါက္တူးမွ လြယ္အိတ္ထဲ မွ အရက္ပုံးကို ထုတ္ၿပီး
“ဒါေၾကာင့္ မ်က္စိလည္ တာေပါ့ဗ်ာ ”
“ဘာေတြလဲ ဟ ”
“ေပပင္႐ြာက အေကာင္းဆုံး ခ်က္အရက္ေလဗ်ာ ”
“နာမည္ေတာ့ႀကီးသားဟ တကယ္ေကာ ေကာင္းလား ”
“တခြက္ဝင္တာ နဲ႔ အကိုတို႔ တပတ္လည္ထြက္သြားမယ္ ”
“ၫႊန္းလာခ်ည္လား ေပပင္သားရ”
“က်ဳပ္တို႔က အေျပာမဟုတ္ဘူး လက္ေတြ႕ စမ္းၾကည့္ဗ်ာ နည္းနည္းေလးေသာက္ လို႔ကေတာ့ အရာမထင္ဘူးေနာ္ ၾကက္ဆူသားေတြ ေသာက္ေကာ ေသာက္ႏိုင္ပါ့မလားဗ်ာ ”
“မင္းတို႔ေပပင္ ႐ြာသားေတြ ဘယ္ေလာက္ေသာက္ႏိုင္လို႔လဲ ”
“အကိုႀကီးကလည္းဗ်ာ က်ဳပ္တို႔ ေပပင္သားေတြက ဒီတပုံး ေလာက္ေတာ့ ငါးေယာက္ေတာင္ မလိုဘူးဗ်”
“ၾကည့္ထားလိုက္စမ္းပါ ေကာင္ရာ ငါ့တို႔ၾကက္ဆူသား ဇ ျပရတာေပါ့ ”
ေမာင္ဘိုးထင္တို႔ ေပါက္တူး၏ အာဝဇၨန္း ကို သေဘာက်ေနၾကသည္ လူ႐ိုးႀကီး ေပါက္တူး တေယာက္ အခ်စ္အတြက္ စကားေတြ တက္ေနသည္ မဟုတ္ပါလား ၊ အေလာင္းေစာင့္ေသာ ၾကက္ဆူ႐ြာသားမ်ားကေတာ့ ေပါက္တူး၏ စကားကို မခံခ်င္ျဖစ္ကာ ခ်က္အရက္မ်ားကို နင့္ကန္ေသာက္ၿပီး စကားတေျပာေျပာႏွင့္ အခ်ိန္ အတန္ၾကာေသာ အခါ ေမွာက္ကုန္ၾကေတာ့သည္ ၊ ေမာင္ဘိုးထင္သည္။ အရက္မူးၿပီး ေမွာက္ကုန္ေသာ ၾကက္ဆူ႐ြာသားမ်ားကို လက္ႏွင့္ လိုက္လႈပ္ႏိုးၾကည့္လိုက္ၿပီး အေျခအေနေကာင္းေသာအခါ
“ကိုသာရ ေက်ာက္ပ်ဥ္ထုတ္ သနပ္ခါးေကာ ေရေကာဗ်ာ ”
“ဘိုးထင္ရ တခု ခ်င္းေတာင္းပါဟ မင္းကလည္း”
“ေအးပါဗ် ျမန္ျမန္ ”
သာရသည္ လြတ္အိတ္ထဲ မွ ေက်ာက္ပ်ဥ္ ထုတ္ေပးလိုက္သည္ ၊ ေမာင္ဘိုးထင္ သည္ ေက်ာက္ပ်ဥ္အား အေလာင္းေကာင္၏ ေပါင္ေပၚတင္ လိုက္ၿပီး
” သီးခဲ ေကာ ”
“ေရာ့ေရာ့ ဒီမွာ ”
“ေရေရ ”
“ေရက မပါဘူးဟ ဟိုက အရက္သမားေတြ ဆီရွာၾကည့္ပါဦး ဖိုးေထြး”
“ေတြ႕ၿပီ ေရအိုး ”
ဖိုးေထြးသည္ အိပ္ေပ်ာ္ေနေသာ ၾကက္ဆူ႐ြာသားမ်ား၏ ေဘးမွ ေရအိုးကို ေတြ႕ရာ ဘာႏွင့္ ခပ္ရမွန္း မသိျဖစ္ေန၏
“ဘိုးထင္ ေရခြက္ မရွိဘူးဟ ဘာနဲ႔ ခပ္ရမွာ လဲ ”
“ရွိတာ နဲ႔ ျမန္ျမန္ ခပ္ဗ်ာ ”
ဖိုးေထြးလည္း ေထြေထြ ထူးထူးစဥ္းစားမေနေတာ့ပဲ ၾကက္ဆူ႐ြာသားမ်ား ေသာက္ထားေသာ အရက္ပုလင္းခြံျဖစ္ ႏွစ္ၿပီးခပ္လိုက္ကာ ေမာင္ဘိုးထင္အားေပးလိုက္ေတာ့သည္။
“ေရာ့ ေရ ေရ”
“ဟ ခင္ဗ်ာဟာ အရက္ပုလင္းႀကီးလား ဗ် ”
“ခြက္ မရွိဘူးဟ အရက္ပုလင္း ရွိတာေတာင္ ကံေကာင္း”
“ေအးဗ်ာ ၿပီးေရာ ”
ေမာင္ဘိုးထင္သည္ အေလာင္းေပါင္ေဘးတြင္ ေရထည့္ထားေသာ အရက္ပုလင္းကို ခ်လိုက္၏၊ က်န္သူမ်ားကလည္း ေမာင္ဘိုးထင္ ၏ မလွမ္းမကမ္း တြင္ ရပ္ၾကည့္ေနေလသည္ ၊ ေမာင္ဘိုးထင္သည္ အေလာင္းအားေသခ်ာၾကည့္ကာ မာန္ပါပါ ႏွင့္
“ေလေျပ ဆိုတဲ့ သရဲမ နင္ဒီနားရွိေနရင္ နင့္ ခႏၶာကိုယ္ထဲ အခုဝင္စမ္း ငါဘိုးထင္ ရဲ႕ အမိန႔္ ”
ေမာင္ဘိုးထင္၏ စကားဆုံးသည္ႏွင့္ အေလာင္း၏ မ်က္ႏွာကို အုပ္ထားေသာ ေစာင္ပါးေလးသည္ ေဘးသို႔ တျဖည္းျဖည္း ေလ်ာက်လာသည္ ႏွင့္ လေရာင္ ႏွင့္ မီးအိမ္မ်ား၏ အေရာင္ေအာက္တြင္ အေလာင္းႀကီးမွ မ်က္စိ ဖ်တ္ခနဲပြင္ ့လာေတာ့သည္ ၊ အေလာင္းေကာင္ မ်က္စိပြင့္လာသည္ ႏွင့္ ေပါက္တူးတို႔ တသိုက္၏ ရင္ထဲတြင္လည္း လႈိက္ကနည္းျဖစ္သြားေတာ့သည္ ၊ ေမာင္ဘိုးထင္သည္က ဟန္မပ်က္ မ်က္လုံးဖြင့္ေနေသာ အေလာင္းကို စူးဆိုက္ၾကည့္ကာ
“ဟဲ့ေလေျပ ထစမ္း ”
ဘိုးထင္၏ စကားဆုံးသည္ ႏွင့္ အေလာင္းႀကီးသည္ ေျခဆင္းထိုင္ လ်က္ႀကီးျဖစ္သြားသည္ ၊ ေမာင္ဘိုးထင္သည္ ဆက္ၿပီး
“သနပ္ခါးေသြးစမ္း ”
“ဟဲ့ သနပ္ခါးေသြးစမ္း”
အေလာင္းေကာင္သည္မလႈပ္ေပ ေမာင္ဘိုးထင္တို႔ကိုသာ မ်က္ေတာင္မခက္ ဆူးစိုက္ၾကည့္ေနေလသည္ ထိုအခါ ဖိုးေထြသည္ ေလသံတိုးတိုးေလးျဖစ္ ေမာင္ဘိုးထင္အား
“ဘိုးထင္ အဲ့တာ သနပ္ခါးမဟုတ္ဘူးဟ သီးခဲႀကီး သနပ္ခါးေကာ ပါလားမသိပါဘူး ႐ြံ႕ေတြနဲ႔မ်ားလုပ္ထားလားမသိဘူး ”
ေမာင္ဘိုးထင္ ေခါင္းတခ်က္ညိတ္လိုက္ၿပီး
“ဟဲ့ ေကာင္မ နင့္ေပါင္ေပၚတင္ထားတဲ့ ေက်ာက္ပ်ဥ္အေပၚက အတုံးေလးကို ေသြးစမ္း ”
ေမာင္ဘိုးထင္ ထိုသို႔ေျပာမွ အေလာင္းေကာင္ႀကီးသည္ သီးခဲေလးအား ေက်ာက္ျပင္ႏွင့္ ေသြးေနေလသည္ ၊ ေပါက္တူးသည္ ဘိုးထင္အား တိုးတိုးႏွင့္
“ဘိုးထင္ ေရ ေရ ထည့္ခိုင္းးဦးေလ ”
ေမာင္ဘိုးထင္ ေခါင္းညိတ္လိုက္ၿပီး
“ဟဲ့ေကာင္မ ေရထည့္းစမ္း ”
အေလာင္းေကာင္က မထည့္ေပ သီးခဲကိုသာ ေက်ာက္ပ်ဥ္ ႏွင့္ ေသြးေနေလရာ ေမာင္ဘိူထင္ း ေရထည့္ထားေသာ ပုလင္းကို ၾကည့္ၿပီး ၿပဳံးလိုက္ကာ
“ဟဲ့ေကာင္မ အရက္ထည့္ေသြး”
ထိုအခါမွ အေလာင္းႀကီးသည္ အရက္ပုလင္းထဲမွ ေရကို ထည့္ေလသည္ ေရအနည္းငယ္ ထည့္ၿပီးေသာအခါ ေမာင္ဘိုးထင္က ေတာ္ရန္အမိန႔္ေပးလိုက္ၿပီး သီးခဲ အားေသြးေစသည္ ၊ အတန္ၾကာေသြး၍ သနပ္ခါး ေတာ္ေတာ္ရေသာအခါ
“ဟဲ့ေကာင္မ ရၿပီ ထြက္ေတာ့ ”
ေမာင္ဘိုးထင္ စကားဆုံးသည္ ႏွင့္ အေလာင္းေကာင္သည္ ေနာက္သို႔ ခ်က္ခ်င္းလန္က်သြားၿပီး မ်က္လုံးမ်ားပိတ္သြားေတာ့သည္၊ ထိုအခါမွ ေမာင္ဘိုးထင္သည္ ေပါက္တူးကို ၾကည့္ကာ
“ကိုေပါက္တူး ေက်ာက္ပ်ဥ္သြားယူ ျပန္ရေတာ့ေအာင္ ”
“မယူရဲဘူး ဟ ”
“မယူရဲရင္ ထားခဲ့ ဗ်ာ ကိုဖိုးေထြး ကိုသာရ ျပန္ရေအာင္ ”
“ေအးေအး ”
ေမာင္ဘိုးထင္ ထိုသို႔ေျပာမွ ေပါက္တူး ေၾကာက္ရဲ ေၾကာက္ရဲ ျဖစ္ ေက်ာက္ပ်ဥ္ကိုယူလိုက္သည္ ထိုအခါ ေမာင္ဘိုးထင္သည္ ေပါက္တူးကိုၾကည့္ကာ
“ကိုေပါက္တူး တလက္စထဲ ဟိုေစာင္ေလး ျပန္အုပ္ေပးခဲ့ ဦး ”
“ဟာကြာ ”
ေမာင္ဘိုးထင္သည္ အေလာင္း၏ မ်က္ႏွာကို အုပ္ေပးေသာ ေစာင္ေလးကို လက္ညႇိဳး ထိုးၿပီးေျပာလိုက္ရာ ေပါက္တူး မေက်မနပ္ျဖစ္ေနပါေတာ့သည္၊ သို႔ေပမဲ့ သူမလုပ္ပဲ မေနရဲပါ အဘယ္ေၾကာင့္ဆိုေသာ ဒီကိစၥအားလုံးသည္က သူအတြက္ လုပ္ရခ်င္း မဟုတ္ပါလား ဤသို႔ ႏွင့္ ပိယေဆး ယူေသာအလုပ္သည္က ေအာင္ျမင္စြာ ၿပီးဆုံးၿပီျဖစ္ပါေလေတာ့သည္။
▪️အခန္း
ပီယေဆး ယူၿပီးေနာက္ ေမာင္ဘိုးထင္တို႔ မန္က်ည္းပင္ႀကီးေအာက္တြင္ ျပန္လည္စု႐ုံးေနၿပီ ျဖစ္သည္ ေမာင္ဘိုးထင္သည္ အေလာင္းေကာင္ ေသြးထားေသာ သနပ္ခါးအား ဘူးထဲ ထည့္သိမ္းထားသည္ ေပါက္တူကို ေပးေပမဲ့ ေပါက္တူးသည္ ေမာင္ဘိုးထင္ကို သာသိမ္းခိုင္းထားသည္ ယခု ေမာင္ဘိုးထင္ တို႔ တိုင္ပင္ေနၾကျပန္သည္ ။
“ကိုေပါက္တူး ေရအိုးစင္႐ြာ ကို ခုသြားမွာလား ”
“ေနဦးဟ ေန႔လယ္ေလာက္သြားမယ္ ေရအိုးစင္က ႐ြာနာမည္က သာေရအိုးစင္ ေရကေတာ့ ရွားတယ္ေကာင္ရ သူတိုက ေရကို လွည္းနဲ႔ တိုက္တာဟ ငါစုံစမ္း ရသေလာက္ ငါ့ရဲ႕ ဆြဲမိေလးက သူအကို ဝတေယာက္ရယ္ တျခား လွည္းတစီး နဲ႔ တပတ္ တရက္ ေန႔လယ္ေရသြားတိုက္တယ္ တဲ့ကြ ဒီေန႔ သူတို႔ ေရတိုက္မဲ့ ေန႔ ပဲ”
“ေကာင္းတာေပါ့ ဗ်ာ ”
“ေနပါဦး ဘိုးထင္ ပီယ ေဆး ဘယ္လို ခပ္ရမွာလဲ ဟ ”
ဖိုးေထြး၏ စကားေၾကာင့္ အားလုံး ၿငိမ္ၿပီး ေတြးေနၾကသည္ ၊ ခဏ ၾကာေသာအခါ ေမာင္ဘိူးထင္မွ
“ဟုတ္ၿပီ ”
“ဟ အသာလုပ္ပါဟ ဆြဲမိ နဲ႔ စိတ္ကူး ထဲမွာ ညားေနတာ လန႔္လိုက္တာ ”
ေပါက္တူး၏ စကားေၾကာင့္ အားလုံး ေပါက္တူးအား ဘုၾကည့္ ၾကည့္လိုက္ၿပီး ဘိုးထင္မွ
“ကိုေပါက္တူးတို႔ အိမ္မွာ သံပုရာပင္ ရွိတယ္ မဟုတ္လား ”
“ရွိတယ္ေလကြာ ”
“သၾကားေကာ ”
“ရွိတယ္ ”
“အဲ့တာဆို ကိုေပါက္တူးတို႔က သံပုရာရည္ေဖ်ာ္ထားဗ်ာ ”
ေမာင္ဘိုးထင္ သည္ ဖိုးေထြးအားၾကည့္လိုက္သည္ ဖိုးေထြးသည္လည္း ဘာလဲ ဟု သေဘာ ႏွင့္ ေမးေငါ့ျပရာ ေမာင္ဘိုးထင္သည္ ရယ္ၿပီး
“ကိုဖိုးေထြး ခင္ဗ်ားက လူႀကီးသားဆိုေတာ့ ေရတေကာင္း နဲ႔ ခြက္ေတြ ယူခဲ့ ဗ်ာ ေနာ္ ”
“ေဟ့ေကာင္ အဲ့တာ ဘုံပစၥည္းေတြဟ အလႉတို႔ ဘာတို႔မွာ သုံးတာ ”
“က်ဳပ္တို႔လည္း အခု သံပုရာ ရည္ အလႉ လုပ္မွာ ေလဗ်ာ ယူခဲ့စမ္းပါ ”
“ေအး ဘိုးထင္ ေျပာတာ ဟုတ္တယ္ ဟ ”
“ဟုတ္မေနနဲ႔ ကိုသာရ ခင္ဗ်ားက လွည္းေကာက္ခဲ့ ဦး”
“အဘ ေျပာလိမ့္မယ္ ”
“သာရကလည္း အဘက ငါပါရင္ ေျပာမလားဟ ”
ေပါက္တူးသည္ ညီျဖစ္သူ သာရအား ကိုယ္ရည္ေသြးစကားဆိုလိုက္၏ ၊ ဤသို႔ ႏွင့္ ေမာင္ဘိုးထင္မွ တာဝန္ကိုယ္စီ ခြဲေပးလိုက္ၿပီး လူစုခဏ ခြဲလိုက္ေတာ့သည္ ေန႔လယ္တြင္ေတာ့ ေရအိုးစင္ ႐ြာသို႔ လွည္း ႏွင့္ သြားမည္ ျဖစ္ၿပီး ေရအိုးစင္႐ြာမွ ေရတိုက္သြားေသာ ဆြဲမိတို႔ အား သံပုရာရည္ကုသိုလ္ ျပဳမည္ျဖစ္သည္ ။
▪️အခန္း-၅
ေမာင္ဘိုးထင္ တို႔ ေလးေယာက္ လွည္း တစီးႏွင့္ ေရအိုးစင္ ႐ြာမွ ေရသြားတိုက္ရေသာ ေတာရ ဘုန္းႀကီးေက်ာင္း ႏွင့္ မလွမ္း မကမ္း တြင္ လွည္းကို ရပ္ၿပီး ေစာင့္ေနၾကသည္။ ဖိုးေထြးသည္ သံပုရာ ရည္တေကာင္းကို ကိုင္ထားၿပီး ေမာင္ဘိုးထင္သည္က ေရခြက္ ႏွစ္ခြက္ကို ေအာက္ခ်ၿပီး ပီယေဆး အနည္းငယ္ ထည့္ထားေသာ ခြက္အား မွတ္သားထားလိုက္သည္ ဘယ္တခြက္ ညာတခြက္မွ ညာဘက္က ပီယေဆး ထည့္ထားေသာ ခြက္ျဖစ္သည္ ၊ သူဘာေၾကာင္ဒီလို မွတ္ရလည္းဆိုေတာ့ ဖိုးေထြးယူလာေသာ ခြက္မ်ားသည္ အေရာင္တူမ်ားျဖစ္၏ ၊ ေမာင္ဘိုးထင္သည္ ခြက္ ႏွစ္လုံးကို ဖိုးေထြးအား သံပုရာရည္ျဖည့္ေစၿပီး ဘယ္ တခြက္ ညာတခြက္ ကိုင္ထား၏ ေပါက္တူးသည္က ေနာက္ထပ္ သံပုရာရည္ ႏွစ္ခြက္ကို ဘယ္တခြက္ ညာတခြက္ ကိုင္ၿပီး ဆြဲမိတို႔ လွည္း အလာကို ေစာင့္ေနသည္ ၊ မၾကာလွေသာ အခ်ိန္တြင္ ေရစီ လွည္း ေလး ႏွစ္စီး တေ႐ြ႕ေ႐ြ႕ ႏွင့္ သူတို႔အနား ေရာက္လာသည္ အေရွ႕က လွည္းတြင္ ဖိုးေထြးတို႔ အ႐ြယယ္ ေကာင္ေလးႏွင့္ ေကာင္မေလး ႏွစ္ေယာက္ျဖစ္သည္ ေပါက္တူး သည္ သူလက္ထဲမွရွိေသာ သံပုရာ ရည္ခြက္ကို အေရွ႕မွလာေသာလွည္းမွ ႏွစ္ေယာက္ကို တိုက္လိုက္ ၿပီး ေမာင္ဘိုးထင္နားလာကာ
“ဘိုးထင္ေရ ေနာက္က လွည္က ေကာင္မေလးက ငါ့ဆြဲမိဟ လွည္းေမာင္းေနတာက သူ႔အကို ၾကည့္ အာဠာဝက ႐ုပ္နဲ႔ တေယာက္ေလ ”
” အင္း အင္း ညာဘက္က ပီယေဆး ခပ္ထားတာေနာ္ ဘယ္ဘက္က ႐ိုး႐ိုး ”
“ေအးေအး မင္းေက်းဇူး ငါ ေျမးေတြ ရတဲ့ အထိ မေမ့ပါဘူးကြာ သာျမအိုရေတာ့မယ္ ဟီးး”
“ကိုေပါက္တူး ညာဘက္က ပီယေဆးေနာ္ ဘယ္ဘက္က ႐ိုး႐ိုး ”
“ေအးပါဟ ငါ့အဲ့ေလာက္ မအပါဘူး ”
ေပါက္တူးသည္ ေမာင္ဘိုးထင္ ထံမွာ သံပုရာရည္ခြက္ကို ယူကာ ဆြဲမိတို႔ လွည္းအနားသြားလိုက္သည္ ၊ ဆြဲမိသည္ ေပါက္တူးကို ျမင္သည္ႏွင့္ ၿပဳံးျပေနသည္ ေရွ႕တြင္ လွည္းေမာင္းေသာ ဆြဲမိအကို သည္က ခပ္တည္တည္ ၊ ေမာင္ဘိုးထင္ ေပါက္တူးအားေသခ်ာၾကည့္ေနသည္ ၊ေပါက္တူးသည္ ဆြဲမိတို႔လွည္းအနားတြင္ ေခတၱရပ္လိုက္ၿပီး သူ၏ လက္ကို ၾကည့္ကာ သူ၏ ဘယ္ဘက္မွ သံပုရာရည္ခြက္ ကို ဆြဲမိ၏ အကို ကိုတိုက္လိုက္ၿပီး ဆြဲမိကိုေတာ့ သူ၏ ညာဘက္မွ အခ်ိဳရည္အားတိုက္လိုက္ရာ ေမာင္ဘိုင္းထင္ အပါအဝင္ ဖိုးေထြးႏွင့္ သာရတို႔ တေယာက္ မ်က္ႏွာ တေယာက္ၾကည့္ကာ
“ဘိုးထင္ လြဲကုန္ပဟ ”
“က်ဳပ္က က်ဳပ္ညာဘက္ကို ေျပာတာ ”
“ေအးေလ မင္းညာဘက္ဆို သူက ဘယ္ဘက္ မဟုတ္လား ”
“ဟုတ္တယ္ ”
“ထားလိုက္ဗ်ာ မဆြဲမိက လည္း သူ႔ကိုသေဘာက်ေနတဲ့ ပုံပါ ”
“ဟုတ္တယ္ သူကကို ေၾကာက္ေနတာ အခုၾကည့္ပါလား ပီယေဆး တိုက္ၿပီးၿပီထင္ၿပီး စကားေတြေျပာေနတာ ”
သာရေျပာမွ ေမာင္ဘိုးထင္တို႔ ၾကည့္လိုက္မိသည္ ေပါက္တူးတေယာက္ လွည္းေမာင္းေနသည္တိုင္ လွည္းေဘးတြင္ လိုက္ၿပီး စကားေတြ ေျပာေနသည္ ဆြဲမိ၏ အကိုသည္လည္း ပီယေဆး အစြမ္းေၾကာင့္ ေပါက္တူးအား မည္သို႔မွ မေျပာပဲ လွည္းေမာင္းေနရင္ ၿပဳံးၿပဳံးျပေနေတာ့သည္။
ေပါက္တူး သည္ လွည္းမ်ား ေတာရေက်ာင္းထဲ ဝင္သြားမွ ေမာင္ဘိုးထင္တို႔ ရွိေသာ လွည္းအနားကို လက္သီး လက္ေမာင္း တန္းၿပီးေရာက္လာကာ လွည္ေပၚမွ ေမာင္ဘိုးထင္အား ေပြ႕ခ်ီလိုက္ၿပီး
“ေက်းဇူးရွင္ေလး နတ္သားေလး တန္ခိုးရွင္ေလး မြမြ”
ေပါက္တူးသည္ ေမာင္ဘိုးထင္အား ခ်ီၿပီး ေမာင္ဘိူးထင္၏ ေခါင္းကိုနမ္းေလၿပီး အေပ်ာ္လြန္ေနပါေလေတာ့သည္။
▪️အခန္း-၆
ယခုဆို ေပါက္တူး ႏွင့္ ဆြဲမိ ရည္ငံေနသည္မွာ တလပင္ရွိၿပီ ျဖစ္သည္ ဆြဲမိမွာ ေပါတူးအား ေတာင္ရမ္းခိုင္းရာ ေပါက္တူ၏ မိဘမ်ားမွ ေတာင္းရမ္းေပးေသာ ေၾကာင့္ ဆြဲမိေနထိုင္ေသာ ေရအိုးစင္႐ြာတြင္ မဂၤလာပြဲက်င္းပမည္ျဖစ္သည္ ေပါက္တူးသည္ ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြးအား သာရကိုအေခၚခိုင္းလိုက္ၿပီး ႐ြာအျပင္ထန္းေတာတြင္ ကာလာသားခ်က္ ႂကြက္ေၾကာ္ ၾကက္ေၾကာ္ ႏွင့္ ထန္းရည္ခ်ိဳတို႔ ျဖစ္ဧည့္ခံေလသည္
“ေဟ့ေကာင္ေတြ ေသာက္ၾကကြာ စားၾက ထန္းရည္က အခ်ိဳပါကြ ထန္းလ်က္ ခ်က္မဲ့ ထန္း ရည္ မင္းတိုဘေသာက္လို႔က
ရတယ္ အျပင္းေတြေတာ့ ငါ့ညီေတြကို မတိုက္ပါဘူးကြ”
“မင္းတို႔ကို ေက်းဇူးတင္တယ္ကြာ မင္းတို႔ ေက်းဇူးေၾကာင့္ ငါမိန္းမရေတာ့မယ္ အသက္ကလည္း မငယ္ေတာ့ဘူးဆိုေတာ့ သုံးႏွစ္သုံးမိုး မေစာင့္ႏိုင္ေတာ့ဘူးကြာ ယူေတာ့မယ္ မင္းတို႔ ေရအိုးစင္ မဂၤလာေဆာင္ လိုက္ခဲ့ရမယ္ ေနာ္ ”
“က်ဳပ္က အဘဆီခြင့္ေတာင္းရဦးမွာဗ်ာ အဘက လိုက္ဆို လိုက္မယ္ ”
“ငါလိုက္ေျပာေပးပါမယ္ ကြာ မလိုက္လို႔မရဘူး”
“အင္းပါဗ်ာ လိုက္ခဲ့ပါမယ္ ”
ေပါက္တူးသည္ ထန္းရည္တခြက္ကို ေသာက္ရင္း တခုခုကိုေတြးေနဟန္ ႏွင့္ ေမာင္ဘိုးထင္တို႔အား စကားဆိုလာသည္
“ေဟ့ေကာင္ေတြ ငါတခု စိတ္ပူတယ္ ကြာ ”
“ေျပာေလ ကိုေပါက္တူး ”
“ပီယေဆး အရွိန္ေျပသြားရင္ ဆြဲမိ ငါ့ကို မုန္းမ်ားမုန႔္သြားမလား”
“ဟားးးး ဟားးး ဟားး”
ေမာင္ဘိုးထင္တို႔ ခြက္ထိုးခြက္လန္ရယ္ေနေသာ ေၾကာင့္ ေပါက္တူး ေၾကာင္ အမ္းအမ္း ျဖစ္ေငးေနၿပီး
“ဘာလဲ ကြ မင္းတို႔က ငါ့စကားက ရယ္စရာ ပါလို႔လား ”
ေမာင္ဘိုးထင္သည္ ရယ္ေနတာကို ရပ္လိုက္ၿပီး ထန္းရည္ ႏွစ္ခြက္ကို ကိုင္ကာ
“ကိုေပါက္တူ ေရာ့ ႏွစ္ခြက္ လုံးကိုင္ဗ်ာ ”
“ဘာလဲဟ ဘိုးထင္ ”
“ေရာ့ကိုင္ပါ ညာဘက္ခြက္ကို ေသာက္ဗ်ာ ”
ေပါက္တူးသည္ ဘိုးထင္ေပးေသာ ထန္းရည္ႏွစ္ခြက္ကို ယူၿပီး သူ၏ ညာဘက္မွ ခြက္ကို ေသာက္လိုက္ၿပီး ဘာလဲဆိုသည္ ေသေဘာျဖစ္ေမးေငါ့ျပရာ
“ဟို တခါ ပီယေဆး တိုက္ခိုင္းတာ က်ဳပ္ညာဘက္ကို ေျပာတာ ဗ်ာ ဟားဟား ”
“အဲ့တာဆို ငါ ငါ ဆြဲမိအကို ကို ပီယေဆးတိုက္မိတာေပါ့ ”
“ဟုတ္ပဗ်ာ ”
ေမာင္ဘိုးထင္၏ စကားေၾကာင္ ေပါက္တူး စိတ္သက္သာရာ ရဟန္ႏွင့္ ရယ္ေမာၿပီး စကားဆိုလာျပန္သည္
“ေအးကြာ ငါစဥ္းစားေနတာ ေယာက္ဖ ငါ့အေပၚေတာ္ေတာ္ ေကာင္းပါလားလို႔ သူ႔ညီမ နဲ႔ ခ်ိန္းေတြ႕ရင္ေတာင္ သူလိုက္ပို႔တာ ဟ ငါကေတာ့ဆြဲမိ ကို ပီယေဆး တိုက္ထားၿပီ အပိုင္ပဲဆိုၿပီးေတာ့ ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္းေတြ ေျပာခ်င္သလိုေျပာ ေနတာ ဟ ျပန္ခ်စ္လို႔ေတာ္ပါေသးရဲ႕ ”
“ကိုေပါက္တူးက ေၾကာက္ေနတာကို ဗ်ာ မဆြဲမိ႐ုပ္ၾကည့္ကတည္းက ခင္ဗ်ားကို သေဘာက်ေနတာ ”
“ေအး ေယာက္ဖကို ပီယေဆးတိုက္လိုက္တာ ပိုအဆင္ေျပသြားတယ္ဟ ေတာ္ေသးတယ္ ငါ့ကို မႀကိဳက္လို႔ေဟ့ ဟားဟား ”
“ပီယေဆး ဆိုတာ အဘေျပာဘူးတာေတာ့ လင္မယား လို ခ်စ္တာ တခုတည္း မဟုတ္ဘူးတဲ့ဗ် ကိုေပါက္တူး ေယာက္ဖ အာဠာဝက ကို ပီယေဆး တိုက္လိုက္မိတာ အေတာ္ျဖစ္သြားတယ္ဗ်ိဳ႕ ”
ဤ သို႔ ႏွင့္ ေပါက္တူး၏ မဂၤလာေဆာင္ အႀကိဳဂုဏ္ျပဳပြဲေလးသည္က တဝါးဝါး တဟားဟား ႏွင့္ ၿပီးေျမာက္သြားေတာ့သည္ ေပါက္တူးသည္လည္း ဆြဲမိမွ သူအား ပီယေဆး အစြမ္းေၾကာင့္ မဟုတ္ပဲ စိတ္ရင္း ႏွင့္ ခ်စ္ေၾကာင္းသိသြားေသာေၾကာင့္ အေတာ္ပင္ ေက်နပ္ဝမ္းသာ ျဖစ္သြားရပါေလေတာ့သည္။
▪️အခန္း-၇
ေမာင္ဘိုးထင္သည္ ဦးအုန္းအား ေပါက္တူး၏ ေရအိုးစင္႐ြာ မဂၤလာေဆာင္ကို လိုက္သြားခႊင့္ျပဳရန္ေျပာေနေလသည္
“အဘ က်ဳပ္လိုက္သြားလို႔ရမလား ”
“ေကာင္ေလး ေပါက္တူး ရဲ႕ ေယာက္ကၡမေတြက အထက္လမ္း ေယာင္ေယာင္ကြ မင္းကို လည္း ငါတပည္မွန္း သိတယ္ ”
“သူက ဘယ္လို လုပ္သိတာလဲ အဘ ”
“ဘယ္လို သိတာလည္း မေမးနဲ႔ မင္းသည္းခံႏိုင္ရင္ လိုက္ သည္းမခံႏိုင္ရင္ မလိုက္နဲ႔ ေကာင္ေလး”
“ကိုေပါက္တူးက အတင္းေခၚေနတာ ဆိုေတာ့လည္း လိုက္သြားလိုက္မယ္ အဘရာ ”
“အင္း မင္းသေဘာပါ ဒါနဲ႔ မင္း႐ြာက လူတေယာက္ လူႀကဳံစကားပါလိုက္တယ္ မင္းအေဖ မင္းကို ေတြ႕ခ်င္လို႔တဲ့ ”
“ထူးထူး ဆန္းဆန္းပါလား အဘ ရ ”
“ေအး အဲ့တာ မင္းသြားမွာလား ”
“ကိုေပါက္တူး တို႔ မဂၤလာေဆာင္ ၿပီးရင္ သြားလိုက္မယ္ အဘ ”
“ေအးေအး ”
ေမာင္ဘိုးထင္သည္ သူ၏ ဖခင္မွ လူႀကဳံျဖစ္ေတြ႕ခ်င္သည္ဟုေသာ စကားေၾကာင့္ အနည္းငယ္ ေက်နပ္ေနမိသည္ ၊ ေနာက္တေခါက္ ႐ြာသြားရင္ သာေအး ႏွင့္ ဖိုးစိန္ကို ေခၚမည္ဟုလည္း ေတြးလိုက္ပါေတာ့သည္။
▪️အခန္း-၈
ေပါက္တူ ဖိုးေထြး သာရ တို႔ ႏွင့္ အတူ ေမာင္ဘိုးထင္ ေရအိုးစင္ သို႔ လွည္းတစီး အတူစီး၍ သြားေနသည္ သာရက လွည္းေမာင္းေနသည္ ၊ သူတို႔လွည္း ႏွင့္ မလွမ္းမကမ္းတြင္ေတာ့ ေပါက္တူ၏ မိဘမ်ားႏွင့္ တျခားရပ္႐ြာလူႀကီးမ်ား ၏ လွည္း ႏွစ္စီး သြားေနသည္ ေပါက္တူးသည္ အဝတ္အစားသစ္ႏွင့္ ဘိုးထင္ကို ၾကည့္ၿပီး
“ဘိုးထင္ မင္းငါတို႔႐ြာက လူေတြအကုန္လုံးကို ပီယေဆး ခပ္ထားတားလားဟ ”
“ဟ ထူးထူးဆန္းဆန္း ဘာျဖစ္လို႔လည္းကိုေပါက္တူး ”
“မင္းအတြက္ ဆိုၿပီး ငါ့အေဖ နဲ႔ အေမက အဝတ္အစားအသစ္ ဝယ္ခိုင္းထားလို႔ဝယ္ထားတယ္ေရာ့ ”
ေပါက္တူးသည္ ေမာင္ဖိုးထင္အား အဝတ္စားထုတ္ကို ေပးၿပီးစကားဆိုလိုက္၏
“မခပ္ပါဘူးဗ်ာ ကိုေပါက္တူးက က်ဳပ္ကို မယုံဘူးလား ”
“စတာပါ ဟ ဘိုးထင္ရ မင္းက လူရည္လည္းသန႔္တယ္ ခ်စ္စရာလည္းေကာင္းေတာ့ ႐ြာကလူေတြက ခ်စ္တာ မဆန္းပါဘူး ”
“အဲ့တာေတာ့ ဟုတ္တယ္ ကိုေပါက္တူးေရ က်ဳပ္ဆို အဲ့ေကာင္ဘိုးထင္ကို မုန႔္းလို႔ကို မရဘူးဗ်ိဳ႕ တခါတခါေတာ့ ေတြးမိတယ္ က်ဳပ္ကို ဒီေကာင္ပီယေဆး ခက္ထားလားလို႔ေပါ့ ”
ဖိုးေထြး၏ စကားေၾကာင့္ အားလုံး ရယ္ေမာလိုက္ၾကပါသည္ လွည္းေလးကလည္း တေ႐ြ႕ေ႐ြ႕ ႏွင့္ ေရအိုးစင္႐ြာသို႔ သြားေနေလပါေတာ့သည္။
▪️အခန္း-၉
ေပါက္တူး၏ သတိုးသမီး ဆြဲမိတို႔ အိမ္အဝင္တြင္ျဖစ္သည္ လွည္းမ်ားႏွင့္လာေသာ ေပါက္တူးတို႔အား အိမ္ထဲ အဝင္မခံ၍ စကားမ်ားေနၾကသည္ ၊ အိမ္ဝိုင္းထဲတြင္လည္း မဂၤလာမန္း႑ပ္ ႀကီးက ထိုးၿပီးေနၿပီးျဖစ္သည္ ၊ ယခု ေပါက္တူးတို႔အား အိမ္ထဲ အဝင္မခံရေသာ အေၾကာင္းမွာ ေမာင္ဘိုးထင္ေၾကာင့္ျဖစ္သည္ ေပါက္တူး၏ မိဘမ်ား ႏွင့္ ဖိုးေထြး၏ အေဖ ႐ြာလူႀကီးတို႔ ႏွင့္ ဆြဲမိ၏ အေဖ စကားမ်ားေနခ်င္းျဖစ္သည္
“က်ဳပ္ရဲ႕ မဂၤလာရွိတဲ့ အိမ္ကို အဲ့ေအာက္လမ္းရဲ႕ တပည္ ေအာက္လမ္း ေပါက္စေလးကို အဝင္မခံႏိုင္ဘူး ”
“ခင္ဗ်ား လူႀကီးစကားေျပာ က်ဳပ္တို႔ ဘိုးထင္က ခင္ဗ်ားကို ဘာလုပ္လို႔လဲ ”
“မသိဘူး အဝင္မခံႏိုင္ဘူး ”
ေရွ႕လွည္းမွ ေျပာစကားမ်ားကို ေမာင္ဘိုးထင္ၾကားေနရသည္ ထိုအခါ ေမာင္ဘိုးထင္သည္ လွည္းေပၚမွ ဆင္းၿပီး လွည္းလမ္း အတိုင္း ေနာက္ေၾကာင္း ျပန္သြားရာ သာရႏွင့္ ၊ဖိုးေထြး လွည္းေပၚမွ ဆင္းၿပီး ေမာင္ဘိုးထင္၏ လက္ကို လိုက္ဆြဲလိုက္သလို ေပါက္တူး လည္း ေမာင္ဘိုးထင္ အနားေရာက္လာၿပီး
“ဘိုးထင္ မင္း ဘာမွ ျပန္စရာ မလိုဘူးး ဒီလူႀကီးက ဘာျဖစ္ေနတာလဲ သာရ နဲ႔ ဖိုးေထြး မင္းတို႔ ဘိုးထင္ အနားေန ငါခဏေန ျပန္လာခဲ့မယ္ ”
ေပါက္တူး ေဒါသထြက္ေနသည္မွာ သိသာေနသည္ ၊ ေပါက္တူးသည္ အိမ္ဝိုင္းအဝ တြင္ စကားမ်ားေနေသာ ေနရာ သို႔ သြားလိုက္ၿပီး အိမ္ဝိုင္းထဲ ဝင္သြားကာ မဂၤလာမန္း႑ပ္တိုင္ ေဘးမွ ဝါးကပ္ စည္း႐ိုးကို ကန္လိုက္ၿပီး
“ေယာကၡမေလာင္းႀကီး ခင္ဗ်ားက က်ဳပ္တို႔ကို အဝင္မခံဘူးလား ”
ေပါက္တူး၏စကားက က်ယ္ေလာင္စြာ ထြက္ေပၚလာရာ လူမ်ားအားလုံး သတိုးသား ေပါက္တူးကို ဝိုင္းၾကည့္ေနၾကသည္ ၊ ေပါက္တူးအနားသို႔ ဆြဲမိႏွင့္ သူ၏ အကို ေရာက္လာကာ
“ေယာက္ဖ စိတ္ေလွ်ာ့ပါကြာ ငါ့ အေဖက လူ႔ကန႔္လန႔္ကြာ အေမမလာေသးလို႔ပါ့ကြာ အေဖက အေမ့ ေျပာရင္ ရပါတယ္ကြ ”
“ေယာက္ဖပဲစဥ္းစားၾကည့္ မင္းလည္း ဘိုးထင္ကို သိတယ္ ဘိုးထင္က ဘာျဖစ္ေနလို႔လဲကြာ ဘိုးထင္ကို အဝင္မခံတာက ငါတို႔ကို အဝင္မခံတာနဲ႔တ ူတူပဲ ”
ေပါက္တူးေဒါသ အင္မတန္ထြက္ေနသည္ ဆြဲမိမွလည္း ေပါက္တူးအားေခ်ာ့ေမာ့ေနရသည္ ၊
ေဒါသထြက္ေနေသာ ေပါက္တူးအနားသို႔ သူ၏ ေယာကၡမေလာင္းႀကီးေရာက္လာကာ
“မင္းက ဘာျဖစ္ေနတာလဲ မင္းတို႔ တ႐ြာလုံးက ေအာက္လမ္းတေယာက္အတြက္ နာေနတာလား ”
“ဦးေလး ခင္ဗ်ားကို က်ဳပ္တို႔ဘိုးထင္ ဒုကၡေပးဘူးလားေျပာခင္ဗ်ားက ဘာျဖစ္ေနတာလဲ ”
“ေအာက္လမ္းကို ငါ့အိမ္ထဲ ေပးမဝင္ဘူး မင္းတို႔ ဝင္လို႔ရတယ္ အဲ့ေကာင္ေလးကို ျပန္လႊတ္လိုက္”
“ဘိုးထင္ အဝင္ မခံရင္ က်ဳပ္လည္းျပန္မယ္ ”
ေပါက္တူး ၾကမ္းၿပီးျဖစ္သည္ ၊ ဘာအျပစ္မွ မရွိသည့္ ကေလးတေယာက္ကို အသလြတ္ မုန္းတီးေနေသာ ေယာကၡမ အထီးႀကီး ကိုလည္း ေတာ္ေတာ္ စိတ္တိုေန၏ ေပါက္တူး၏ စကားေၾကာင့္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ကုန္ၾကသည္ ၊ ေရအိုးစင္႐ြာမွ ႐ြာလူႀကီးမ်ား ႏွင့္ လူ႐ြယ္မ်ားက ေပါက္တူးတို႔ေျပာတာကို သေဘာက်သည္။ ထိုအ ခ်ိန္ ဆြဲမိ၏ အေမေရာက္လာၿပီး
“ေတာ္က ဘာျဖစ္ေနတာလဲ အထက္လမ္းေယာင္ေယာင္ ဘာေယာင္ေယာင္ နဲ႔ က်မအကုန္သိၿပီးၿပီ အခုပါလာတဲ့ ကေလးမေျပာနဲ႔ ဦးအုန္းကေကာ က်မတို႔ကို ဘာဒုကၡေပးဘူးလည္း အထက္လမ္း ေယာင္ေယာင္ ဘာေယာင္ေယာင္ နဲ႔ အရက္ေတာင္ မျဖတ္ႏိုင္တဲ့ သူက ကအျပစ္မရွိတဲ့ ကေလးကို အိမ္ထဲ ေပးမဝင္ဘူး ဘာဘူး နဲ႔ အဲ့ ကေလး ဘယ္မွာလဲ က်မကိုတိုင္ ခ်ီၿပီးေခၚမယ္ ”
ေပါက္တူး၏ ေယာကၡမ အမႀကီးက သေဘာေကာင္းသူ လူေျဖာင့္ႀကီးမွန္းသိသာသည့္ သူမ၏ တုတ္တုတ္ခိုင္ခိုက္ ကိုယ္ခႏၶာကို ၾကည့္ၿပီးေျပာခ်င္းမဟုတ္ေပ သူ၏ စိတ္ေနစိတ္ထားကိုၾကည့္ၿပီးေျပာခ်င္းပါ ၊ ေပါက္တူး၏ ေယာကၡမ အမၾကီးေၾကာင့္ ေပါက္တူးတို႔ ျဖစ္ေနေသာ ျပႆနာက ၿပီးဆုံးၿပီျဖစ္သည္ ၊ ေပါက္တူး၏ ေယာကၡမ အမႀကီးသည္ ဘိုးထင္ကို ျမင္ေသာ အခါ ပို၍ပင္ ခ်စ္ခင္သြားကာ လက္မွဆြဲၿပီး သူမ၏ ေယာက်္ားျဖစ္သူကို ေအာ္ၿပီး
“ကေလးလည္းၾကည့္ဦး ႐ုပ္လည္းေသခ်ာ မျမင္ဘူးပဲ နဲ႔ ေအာက္လမ္းဆိုတိုင္း စုတ္တီးစုတ္ပဲေလးထင္ေနတဲ့ ကိုယ္အဝွာေရ”
ေပါက္တူး၏ ေယာကၡမႀကီး အမႀကီးသည္ ေမာင္ဘိုးထင္အား ပုခုံးကိုဖက္ရင္းေျပာလိုက္ရာ ေပါက္တူး၏ ေယာကၡမအထီးႀကီးမွ ဘိုးထင္ကိုၾကည့္ၿပီး
“ဟုတ္သားဟ က်ဳပ္မွားပါတယ္ဗ်ာ ေတာင္းပန္ပါတယ္ မိန္းမေရ ငါမွားတာရွိရင္ေတာင္းပန္ပါတယ္ဟ ဝင္ၾကပါ ဝင္ၾကပါ ”
ေပါက္တူး၏ ေယာကၡမအထီးႀကီး စကားေၾကာု္႔ အားလုံးသေဘာက်ေနၾကသည္ ဤသို႔ ႏွင့္ ေပါက္တူး ႏွင့္ ဆြဲမိ၏ မဂၤလာေဆာင္သည္က ေအာင္ျမင္းစြာ ၿပီးဆုံးမည္ဆိုတာ ဘယ္သူမွ မေျပာလည္း သိႏိုင္ၾကမည္ျဖစ္ပါေလေတာ့သည္
▪️ေအာက္လမ္း ဘိုးထင္ ႏွင့္ မဂၤလာေဆာင္ ဇတ္လမ္းသည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ေနာက္ဆုံးစကား အမည္ရသည္ ဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္
📝ေမာင္တင္ဆန္း