Unicode Version
” အောက်လမ်းဘိုးထင် နှင့် နောက်ဆုံးစကား “(စ/ဆုံး)
——————————————————————–
(၆)
အခန်း-၁
မောင်ဘိုးထင်တယောက် ပေါက်တူးမင်္ဂလာဆောင်မှ အိမ်သို့ပြန်ရောက်လာ၏ ၊ ပေါက်တူး၏ မိဘများပေးလိုက်သော စားစရာသောက်စရာများကို မီးဖိုးချောင်ထဲထားလိုက်ပြီး ဦးအုန်းစားဖို့ အတွက် ပြင်ဆင်ပေးလိုက်ကာ အိမ်အောက်တန်းလျားတွင် ဆေးပေါလိပ် ဖွာနေသော ဦးအုန်းအား
“အဘ ထမင်းစားလို့ရပြီး မင်္ဂလာဆောင်က ဟင်းတွေ ထည့်ပေးလိုက်တယ် ဗျ ”
“အေးကွာ ငါ့အိမ်လည်း မင်းရှိမှ လူမှု့ရေးတွေဘာတွေ လုပ်ဖြစ်နေတယ် ကောင်ရေ ”
“အဘ ကျုပ် ရွာကိုဘယ်နေ့သွားရမှာလဲ ”
“မနက်ဖြန် မနက်အစော သွားပေါ့ ”
“အဲ့တာဆို ကျုပ်ရွာထဲ သွားလိုက်ဦးမယ် ဗျာ ”
“ဟကောင် မင်း နားနားနေနေ နေပါဦးလား”
“ပင်ပင်ပန်းပန်း ဘာမှ မလုပ်ရတာ အဘရာ နားစရာမလိုပါဘူး ”
“အေးပါကွ အေးပါ မင်းသဘော ”
မောင်ဘိုးထင်သည် အိမ်တိုင်မှာ ချိတ်ထားသော သူ၏ လွယ်အိတ်ကို ယူပြီး လွယ်လိုက်ကာ အိမ်ဝိုင်းအပြင်သို့ ထွက်သွားပါလေတော့သည်။
▪️အခန်း -၂
မောင်ဘိုးထင် တယောက် ရွာထဲလှည့်ပြီး သာအေး နှင့် ဖိုးစိန် ကိုရှာနေသည် သို့ပေမဲ့ သူရှာနေသော ဖိုးစိန် နှင့် သာအေးအား မတွေ့ရပေ ၊ ထို့ကြောင့်မောင်ဘိုးထင်သည် ဖိုးစိန်အိမ်သိူ့လိုက်သွားလိုက်၏ ဖိုးစိန်အိမ်သို့ရောက်သော အခါ
“ဖိုးစိန်ရှိလား လေးကြီး”
“ဘယ်သူလဲကွဲ့ ”
“ကျုပ် ဘိူးထင်ပါ ”
“လာ လာ ဘိုးထင် နင့်သူငယ်ချင်းက မြို့သွားပြီး ကိုရင်သွားဝတ်ပြီကွဲ့ ”
“ဗျာ ဒီကောင် ကျုပ်တို့တောင် မပြောပါလား ဗျ ”
“အေးကွယ် ဘိုးထင် ထမင်းစားပြီးလား စားသွားပါလာ”
“မစားတော့ဘူ လေးကြီးရေ သာအေးကို ရှာလိုက်ဦးမယ် ”
“အေး အေး”
မောင်ဘိုးထင်သည် လူအေးလေး ဖိုးစိန် ကိုရင်ဝတ်သွားပြီ ဆိုသောကြောင့် သူ့အစား ဖိုးထွေးကို ခေါ်ရတော့မည် ဖြစ်သည် ၊ မောင်ဘိုးထင်သည် ဖိုးထွေးရှိနိုင်သည့် နေရာ ကို သွားလိုက်တော့သည် ၊
▪️အခန်း-၃
မောင်ဘိုးထင်သည် ရွာလည်မန်ကျည်းပင်ရိပ် ကလေး လူငယ် လူရွယ်များ ကစားသည့်နေရာ သို့ရောက်လာသည် ၊ မောင်ဘိုးထင်သည် လောက်စလုံးလှိမ့်နေသော အောင်သန်းတို့အားတွေ့ရာ
“အောင်သန်း ”
“အေးဘိုးထင် ”
“သာအေး နဲ့ ကိုဖိုးထွေးကို မတွေ့ဘူးလား ”
“သာအေး တော့ မတွေ့ဘူးကွ ကိုဖိုးထွေးကတော့ ရွာတောင်ပိုင်းက ဘကြီးမြ ဆီမှ ဘင်ဂျိုတီးသွားသင်နေတယ် ”
“ဟုတ်လား သင်မှပဲ လေ မသင်ရင်လည်း လေးဂွစာမိတော့မယ် သူ့နေရာ မင်းနဲ့ ငါ ဖြစ်ကြည့်ပါလား လေးဂွမှန်လို့ ထိပ်ပေါက်တာ ကြာပေါ့ သူက ရွာလူကြီးသားဖြစ်လေလို့ ”
“လေဂွ နဲ့ ထုချင် တဲ့ သူတွေ ထဲမှာ မင်းက ထိပ်ဆုံးကမဟုတ်လား ဘိုးထင် ”
“ဟာ မဟုတ်ပါဘူး အောင်သန်းရာ ငါသွားပြီဟေ့ ဘကြီးမြ အိမ်ကို လိုက်သွားလိုက်ဦးမယ် ”
လောက်စလုံးလှိမ်ရင်း စကားပြောနေသော အောင်သန်းသည် ၊မောင်ဘိုးထင် ပြောသည်ကို ခေါင်းညိတ်၍သာ အသိအမှတ်ပြုလိုက်ပြီး လက်ထဲတွင်ရှိသောလောက်စလုံးကို မျက်လုံးတဖတ်မှိတ်ပြီး ချိန်ရွယ်လိုက်ကာ တန်းစီထားသော လောက်စလုံး တန်းဆီသို့ ပြစ်လွှတ်လိုက်ပါလေတော့သည်။
▪️အခန်း-၄
မောင်ဘိုးထင် တယောက် ရွာတောင်ပိုင်းမှ ဘကြီးမြအိမ်သို့သွားလိုက်တော့သည် ၊ ဘကြီးမြအိမ် ဝိုင်းအနားရောက်သည် နှင့် ဘင်ဂျိုတီးပြီး သီချင်းတပုဒ် အားသီဆိုနေသော ဘကြီးမြ၏ အသံက နာပျော်ဖွယ်ထွက်ပေါ်နေသည် ၊ မောင်ဘိုးထင်သည် ဘကြီးမြ၏ အိမ်ဝိုင်းထဲ ဝင်လိုက်သည်နှင့် ပြောင်ရှင်းနေသော အိမ်ဝိုင်းရှေ့ရှိ မန်ကျည်းပင်ကြီးအောက် ကွပ်ပျစ်တွင် ဘကြီးမြ ဘင်ဂျိုတီး ကာ သီချင်းဆိုနေသည် ၊ ဘေးတွင်တော့ သာရ၊ သာအေး၊ ဖိုးထွေးတို့ ကွပ်ပျစ်တွင် မေးလေးများအားလက်နှင့်ထောက်ပြီး ဘကြီးမြကို အားကျနေသော မျက်ဝန်းများဖြစ် ကြည့်ပြီး သီချင်းနာထောင်နေသည် ။မောင်ဘိုးထင် လွတ်နေသော ကွပ်ပျစ်တွင် ထိုင်ပြီး ဘကြီးမြ သီဆိုနေသည်ကို နားထောင်နေ၏။ ဘကြီးမြသည် သီချင်းပြီးသွားသောအခါ လက်ထဲမှ ဘင်ဂျိုအား ဖိုးထွေးအားပေးလိုက်ပြီး မောင်ဘိုးထင်ကို ကြည့်ကာ
“ဘိုးထင်လေး ဘင်ဂျိုတီးသင်မလို့လားကွ”
“မဟုတ်ပါဘူး ဘကြီးမြရာ ကျုပ်က ဘင်ဂျိုမတီးချင်ဘူး ဆိုင်းတီးချင်တာ ”
“ဟေ့ တကယ်လားဟ”
“တကယ်ပေါ့ဗျာ ကိုဖိုးထွေးတို့ အိမ်အောက်က ဆိုင်းတွေ မြင်ရင် တီးချင်စိတ် မနည်းထိန်းရတယ် ဗျ”
“ဗုံကတော့ ငါလည်းတီးတက်တယ်မောင်”
“တကယ်လားဘကြီးမြ ကျုပ်ကို အတီးသင်ပေးစမ်းပါဗျာ”
“ဗုံတီးသင်ပေးရတာ မခက်ခဲပါဘူး ဒါပမေဲ့ ဗုံရဖို့အတွက်က ခက်တာပ ”
“အဘကို ဝယ်ခိုင်းမယ် ဗျာ ဝယ်ပေးရင် ဘကြီးမြသင်ပေး ကိုဖိုးထွေးတို့ သာအေးတို့ ကိုသာရတို့ကိုကော တခြား နှဲတို့ ဟိုဟာလေးေလ ဘကြီးမြရယ် ရွာလူကြီးအိမ်က ဟိုဟာကြီးကို သေးသေးလေးတွေ လုပ်ပြီး ကြိုးနဲ့ တွဲထားတာလေဗျာ ”
မောင်ဘိုးထင်၏ စကားေကြာင့် ကျန်လူများ အတော်ကို စဉ်းစားယူနေရသည် ၊ ဖိုးထွေးသူအိမ်မှာ ရှိတဲ့ ပစ္စည်းများကို စဉ်းစားနေသည် အိမ်အစ နွားအဆံုးအကုန်စဉ်းစားနေရာ အတန်ကြာသောအခါမှ ရွာသားများကို အိမ်လာရန်အချက်ပေးသည့် မောင်းကြီးအား သတိရကာ
“မောင်းကြီးကို ပြောတာ လား ဘိုးထင်”
“ဟုတ်တယ် ဟုတ်တယ် မေ့နေတယ် ဗျာ အဲ့မောင်းကြီးကို သေးသေးလေးတွေလုပ်ပြီးကြိုးနဲ့ တွဲပြီးတီးတဲ့ ဟာလေးတွေလေဗျာ ”
မောင်ဘိုးထင်၏စကားကို ဘကြီးမြ သဘောကျစွာ ပြုံးပြီး
“ဘိုးထင် မင်းကတော့ ပြောတော့မယ် ကြေးမောင်းကို ပြောတာလား ”
“ဟုတ်တယ် ဘကြီးမြ အဲ့တာကို ဟိုကကိုဖိုးထွေးကို သင်ပေးပါ ”
မောင်ဘိုးထင်၏ စကားကြောင် ဖိုးထွေး မောင်ဘိုးထင်ကို သေချာကြည့်ကာ
“ဟေ့ ဟေ့ ဘိုးထင် ငါမသင်ဘူးနော် ငါက ဘင်ဂျိုသမား ”
“အဲ့တာတွေကနောက်မှ ပါဗျာ အခု ကျုပ်ရွာသွားဖို့ သာအေး နဲ့ ကိုဖိုးထွေးကို ခေါ်ချင်လို့ လိုက်ခဲ့ပါလား ”
ဖိုးထွေး နှင့် သာအေး ခေတ္တစဉ်းစားနေစဉ် သာရသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ဟေ့ကောင် ဘိုးထင် မင်းက ငါ့ကို မခေါ်ဘူးပေါ့ ”
“ကိုသာရကို အားနာလို့ပါ ခေါ်ချင်တာပေါ့ ”
“ဘာအား နာတာလဲ လိုက်မယ် ”
“အဲ့တာဆို ပိုကောင်းတာပေါ့ဗျာလို့ သာအေး နဲ့ ကိုဖိုးထွေး ဘာတွေ တွေးနေတာလဲ မလိုက်ဘူးလား”
“လိုက် မှာပေါ့ကွာ ”
“ငါ့အိမ်ပြောပြီး လိုက်မယ် ဘိုးထင်”
“ပြီးရော အခုတော့ ဘကြီးမြ နောက်ထပ် သီချင်းလေး တီးပြီးဆိုပါဦး ဒီလူတွေကို သင်မနေနဲ့ ဦး ကျုပ်နားထောင်ချင်လို့ဗျာ ”
ဘကြီးမြသည် မောင်ဘိုးထင်အားပြုံး၍ ကြည့်ပြီး ဖိုးထွေးဆီမှ ဘင်ဂျိုကိုယူကာ သီချင်းတပုဒ်ကို တီး၍ ဆိုပြနေပါလေတော့သည်။
▪️အခန်း-၅
သစ်စိမ့်ရွာသို့ သွားမည့် မောင်ဘိုးထင်အား ဦးအုန်းမှ မှာကြားစရာရှိတာများ မှာကြားနေလေသည်၊
“ကောင်လေး မင်း ရွာကို ရောက်တုန်း ရောက်ခိုက် တို့ပညာနဲ့ ကုလို့ရတာရှိရင် ကုသပေးလိုက်ကွာ သင့်တင့်တဲ့ အခကြေးငွေတောင်း လူတွေက အလကား လုပ်ပေး ရင် အလကားကောင်လို့ ထင်နေတက်တယ် ”
“ဟုတ်ကဲ့အဘ ကျုပ်နားလည်ပါတယ် ”
“ပြီးတော့ မင်းနားနေကြ ညောင်ပင်မှာ မနားနဲ့ကွာ ”
“ဘာဖြစ် လို့လဲ အဘရာ နားနေကြနေရာကို ”
“ငါပြော သလိုသာ လုပ်ပါ ကောင်လေးရာ ”
“ပြီးတာပဲ ကျုပ် မနားတော့ဘူး ”
“ငါစိတ်ချမယ်နော် အဖော်တွေ ဘယ်သူပါလဲ ”
“သုံးယောက်တောင်ဗျ သာအေး ကိုဖိုးထွေး ကိုသာရ ”
“အေး အေး ဂရုစိုက်သွား ကောင်လေး ”
မောင်ဘိုးထင်လည်း ဦးအုန်းအား နုတ်ဆက်ကာ အိမ်ဝိုင်းအပြင်သို့ ထွက်သွားပါလေတော့သည်။
▪️အခန်း-၆
မောင်ဘိုးထင်တို့ တသိုက် လွယ်အိတ်ကိုယ်စီနှင့် သစ်စိမ့် ရွာကို သွားနေကြသည် ၊ စကားတပြောပြောနှင့် လျှောက်လာရာ ညောင်ပင်ကြီး အနားသို့ပင် ရောက်လာပြီဖြစ်သည် ၊ ညောင်ပင်ကြီး အနားသို့ ရောက်ရင်ဖြစ် ဖိုးထွေး နှင့် သာရသည် ညောင်ပင်ကြီး အရိပ်သို့ သွားမယ် ဟန်ပြင်လိုက်စဉ် မောင်ဘိုးထင်မှ
“ကိုဖိုးထွေး နဲ့ ကိုသာရ အဲ့အပင်မှာ မနားတော့ဘူး တခြားနေရာမှာနားမယ် ”
“ဟ ဘိုးထင် ဒီလောက် အဆင်ပြေတဲ့နေရာကို ”
“အဘက မနားခိုင်းဘူးဗျ လာပါဗျာ နောက် ခဏ လောက် လမ်းလျှောက်ရင် ဖျောက်ဆိပ်ပင်ကြီး ရှိပါတယ် ဗျ ”
“အေးပါကွာ ဦးအုန်းက မနား နဲ့ ဆိုတော့ လည်းမနားရုန်ပေါ့ ”
ဖိုးထွေး နှင့် သာရ သည် ညောင်ပင်ကြီး ဘက်မသွားတော့ မောင်ဘိုးထင်နှင့်အတူ ညောင်ပင်ကြီးကို ချန်ရစ်ကာ ဖျောက်ဆိပ်ပင် ကြီးနားသို့ သွားလိုက်ကြပါတော့သည် ။
ဖျောက်ဆိပ်ပင်ကြီး၏ အရိပ်အောက်တွင် မောင်ဘိူးထင်တို့ ထုပ်လာသော ထမင်းများကို ဝိုင်းဖွဲ့စားသောက်နေကြသည် ၊ သာရသည် ထုံးစံ အတိုင်း ဘေးသို့ ထမင်း နှင့် ဟင်း အနည်းငယ် ပတ်လိုက်ပြီး ပါးစပ်မှလည်း တိုးတိုးနှင့်ပြောနေလေသည်၊ သာရထို့သို့ပြုလုပ်နေသည်ကို မြင်သောမောင်ဘိုးထင်သည်
“ကိုသာရ အဲ့လိုတွေကျွေးတာ ဘယ်သူတွေ စားနေလဲဆိုတာ မြင်ဖူးချင်လား ”
မောင်ဘိူးထင်၏ စကားကြောင့် သာရ သာမက ဖိုးထွေး နှင့် သာအေးပါ ထမင်းစားရင် မောင်ဘိုးထင်အား ကြည့်နေလေသည်၊ မောင်ဘိုးထင်သည် ချိုင့်ထဲမှ ထမင်းကို စားရင် း
“အခုတော့ ထမင်း ပြီးအောင်စားကြဦး ကြည့်ရဲတယ်ဆို ကျုပ်ပြမယ် ”
တခြားသူများ ဘာမျှပြန်မပြောထမင်းကို သာ အာရုံစိုက်စားနေကြတော့သည် ၊ ခဏကြာသောအခါ အားလုံး ထမင်းစား၍ ပြီးသွားကြပြီဖြစ်၏၊ မောင်ဘိုးထင်သည် ပေနေသော လက်အား ရေနှင့်ဆေး လိုက်ပြီး သူ၏ ပုဆိုးနှင့်သုပ်လိုက်သည် ကျန်သူများလည်း ထိုနည်းတူဖြစ်သည် ၊ မောင်ဘိုးထင် ၏ ချိုင့်ထဲတွင်တော့ ထမင်း အနည်းငယ် နှင့် အမဲသား ဟင်း နှစ်တုံး ကျန်နေသေး၏ ၊ မောင်ဘိုးထင်သည် ထမင်စားပြီး လက်ဆေးကာ ဝတ်ထားသော ပုဆိုးများအား လက်သုပ်နေကြသော ဖိုးထွေးတို့အား ကြည့်ကာ
“ခင်ဗျားတို့ ကိုသာရ ကျွေးလိုက်တဲ့ ထမင်းဟင်းတွေ ဘာကောင်ေတွ လာစားလည်းဆိုတာ ကြည့်ချင်သေးလား”
“ကြည့်ချင်တယ် ဘိုးထင် ”
“အဲ့တာဆို ခနစောင့် ကျုပ်မျက်ကွင်းဆေး သွားဖော်လိုက်ဦးမယ် ”
“အေးအေး မြန်မြန်သွားကွာ ”
သာအေးသည် တခါမှ မမြင်ဘူးသည့်အတွက် ဖိုးထွေးတို့ထက် ပို၍ မြင်ချင်စိတ်ဖြစ်နေလေရာ မောင်ဘိုးထင်ကိုပင် စိတ်မရှည် ဖြစ်နေသေး၏၊ မောင်ဘိုးထင်သည် ပုဆိုးကိုခပ်တိုတို ပြင်ဝတ်ကာ ဖျောက်ဆိပ်ပင်ကြီး ၏ ဘေးရှိ တောထဲ ဝင်းသွားပါတော့သည်၊
▪️အခန်း-၇
မောင်ဘိုးထင် သည် မကြာလှသောအချိန်တွင် သသစ်ရွက် တရွက်ထဲ ကို တခုခု ထည့်လာပြီး ဖိုးထွေးတို့ အနား ရောက်လာသည် ၊ ဖိုးထွေးသည် မောင်ဘိုးထင်ယူလာသော ဖက်ကို ကြည့်လိုက်သည် ဖက်ထဲတွင်တော့ ရေလိုလို အရည်လေးများအနည်းငယ် ပါလာသည် ဖိုးထွေးမှ ယူကြည့်မည်ပြုရာ မောင်ဘိုးထင် တားထားလိုက်၏
“ကိုဖိုးထွေး ကိုင်လို့မရဘူး ကျုပ်ပဲ ကိုင်လို့ရတာ ကိုဖိုးထွေးတို့ မျက်လုံးကို ကွင်းပေးရမှာ ”
“အေးပါ ကွာ အေးပါ ”
မောင်ဘိုးထင်သည် သူအားကြည့်ပြီးထိုင်နေသော သာအေးအား
“သာအေး မင်းက ငါ့ချိုင့်ထဲက ဟင်းကျန် ထမင်းကျန်တွေကို ဟို နားလေး သွားပုံကွာ ”
“အေး အေး ဘိုးထင်’
သာအေးသည် မောင်ဘိုးထင် ခိုင်းသည့်အတိုင်း သူတို့ နှင့် မလှမ်း မကမ်း တွင် ထမင်းကျန် ဟင်းကျန်များ သွားပုံလေသည် ၊ မောင်ဘိုးထင်သည် သာရအားကြည့်လိုက်ပြီး
“ကိုသာရ အစောက ခင်ဗျား ထမင်း မပစ်ခင် ပြောသလိုပြောဗျာ ”
“အေးအေး ဘိုးထင် ”
သာရသည် တောထဲ၌ ထမင်းစားရင် လုပ်နေကြ စားဦးစားဖျား ပစ်ပေးရင် ပြောသလို တိုးတိုးနှင့် ပြောလိုက်၏ ၊ သာရပြောပြီးသွားသော အခါ မောင်ဘိုးထင်သည် သူယူလာသော ဖက်ထဲ မှ အရည်များနှင် မျက်လုံးအား ကွင်းပေးလေတော့ သည်
“ဘိုးထင် ”
“ပြေ ာ ကိုဖိုးထွေး ”
“မင်း မျက်လုံးကွင်းတဲ့ အရည်တွေက နည်းနည်း နံသလိုပဲနော် ဘယ်လို အနံ့ကြီးမှန်း မသိဘူး””
“အဲ့တာ အရေးမကြီး ပါဘူးဗျာ မြင်ရဖို့ပဲ့ မဟုတ်လား ”
“အေးအေး မင်းပြောတာ မှန်တယ် ကွင်းကွာ ”
မောင်ဘိုးထင်သည် သုံယောင်လုံးကို မျက်စိမှိတ်ထားစေပြီး ထိုအရည်များကွင်းပေးလိုက်သည် ၊ကွင်းပေးပြီးသောအခါ မောင်ဘိုးထင်မှ စကားဆိုလာသည်
“ကဲအားလုံး ဘာမြင်ရ မြင်ရ မပြေးကြနဲ့နော်။ ပြေးရင်တော့ ကျုပ်လည်း တာဝန်မယူနိုင်ဘူး ကြားလား”
“အေးပါကွ ”
မောင်ဘိုးထင်သည် ဖိုးထွေး သာရ သာအေး တို့အားသေချာကြည့်ပြီး
“ကဲမျက်လုံး ဖွင့်ကြည့်ပြီး သာအေးသွားထားတဲ့ ထမင်းကျန် ဟင်းကျန်တွေကို ကြည့်ဗျာ ”
သူတို့အားလုံး သာအေးထမင်းပုံထားသောနေရာသို့ကြ ည့် လိုက်ကာ သာအေးသည် မောင်ဘိုးထင် အနားသို့ တိုးကပ်သွားတော့သည် သူတို့အားလုံး၏ မြင်ကွင်းတွင်တော့ သဏ္ဍန်စုံ အရွယ်စုံ လှသောကြောက်မက်ဖွယ် ပရလောကသားများသည် သာအေးပုံထားသော ထမင်း နှင့် ဟင်းအား ဝိုင်း၍ လုယူနေကြသည် ၊ လုယူသည်ဆိုပေမဲ့ သူတို့၏ လက်များသည် ထမင်းနှင့် ဟင်းအား ထိတွေ့၍ မရဖြစ်ကာ ဒေါသထွက်နေပြီး ခွေးများပမာ တကောင် နှင့် တကောင် မာန်ဖီနေကြသည် ၊ ထို ပရလောကသားများသည် သူတို့၏ အနားထိပါ ရောက်လာပြီး သူတို့အား စူးဆိုက်ကြည့်နေေလရာ၊ ဖိုးထွေးတို့ လန့်ဖျက်ကာ
“ဘိုးထင် ငါတို့ကို မမြင်အောင်လုပ်ပေးတော့ကွာ ”
“ဟုတ်တယ် ငါတို့ကို မမြင်အောင် လုပ်ပေးပါ”,
ဖိုးထွေးတို့ ဝိုင်းဝန်းတောင်းဆိုသောအခါမှ မောင်ဘိုးထင်သည် ရေဘူးများကို သူတို့အားလုံးကို ကမ်းလိုက်ပြီး
“မျက်နှာ သစ်လိုက်ကြ ”
မောင်ဘိုးထင်၏ စကားဆုံးသည် နှင့် ဖိုးထွေးတို့အားလုံး သူတို့လက်မှ ရေဘူးများထဲ မှ ရေနှင့် မျက်နှာသစ်လိုက်သော အခါမှ သူတို့ ၏ မြင်ကွင်းတွင် ပုံစံစုံ သဏ္ဍန်စုံ ပရလောကသားများ ပျောက်ကွယ်လို့သွားပါလေတော့သည် ။
သာအေးသည် ကြောက်လွန်း၍ တကိုယ်လုံး တုန်ယင်နေရာ မောင်ဘိုးထင်မှ ချော့မော့ နေရသည် ။
“သာအေး စိတ်လျှော့ဟ သူတို့က ငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူး သူတို့စားမရတဲ့ ထမင်းနဲ့ ဟင်းတွေကို လုနေတာ မင်းလည်းမြင်ရဲ့ သားနဲ့ ”
မောင်ဘိုးထင်၏ စကားကြောင့် သာအေး ပို၍ ပင်ကြောက်လန့်နေလေရာ ဖိုးထွေးတို့ ချော့ပြီး သစ်စိမ့်ရွာသို့ ထက်မံ ခရီးဆက်လိုက်ကြပါလေတော့သည်။
▪️အခန်း-၈
မောင်ဘိုးထင်တို့ ညနေအချိန်တွင် သစ်စိမ့်ရွာအနားရောက်လာကြသည် ၊ ထိုအခါ ဖိုးထွေးသည် တလမ်းလုံး တွေးတောလာဟန်ရှိသည် အရာအား မေးခွန်း ထုတ်၍ မောင်ဘိုးထင်အားမေးလိုက်တော့သည်
“ဘိုးထင် မင်းငါတို့ကွင်းပေးတဲ့ ဆေးရည်က ဘာတွေလဲ ”
“မသိချင်ပါနဲ့ ဗျာ ”
“ပြောစမ်းပါကွာ ”
“ကျုပ်ရဲ့ ပညာရပ်နဲ့ ဆိုင်လို့ ဖြေလို့မရတာ ပါကိုဖိုးထွေးရာ ”
“အဲ့တာဆိုလည်း ပြီးရောကွာ ”
ဖိုးထွေး မကျေမနပ် နှင့် ဆက်မမေေးတော့ပါပဲ လမ်းလျှောက်နေသည် ၊ မောင်ဘိုးထင် ထိုအရာကို ဖိုးထွေးတို့အား ပေးသိလို့မဖြစ်ပေ အဘယ်ကြောင့် ဆိုသော ထိုအရွက်ထဲ ထည့်ထားသော အရည်လေးများမှာ သူ၏ ပညာရပ်ဖြစ် မန်းမှုတ်ထားသော သူ၏ ကျင်ငယ်ရည် များဖြစ်နေသောကြောင့် ဖြစ်၏ ၊ယုတ်ညံ့သော ပရလောကသားများကို မြင်နိုင်စွမ်းစေရန် ပြုလုပ်ရချင်းဖြစ်ပေသည် ၊ ကျင်ငယ်ရေ ဟုသာ ဖိုးထွေးတို့ သိကာ ဘာအကျိုးမှ မရှိ အခန့်မသင့် စိတ်ခုနေမည် ့အကျိုးသာရှိ၍ မပြောရချင်းဖြစ်ပါလေတော့သည်။
▪️အခန်း-၉
မောင်ဘိုးထင်တို့ ရွာထဲ ဝင်သော အခါ နေဝင်စပင် ဖြစ်နေသေး၍ အလင်းရောင် ကောင်းစွာ ရနေသေး၏ ၊ သူတို့ ရွာလယ် လှည်းလမ်း မှ မသွားပဲ အိမ်ဝိုင်း တွေထဲ မှ တဝိုင်းပြီး တဝိုင်းဖြတ်ကာ မောင်ဘိုးထင်တို့ အိမ်ကို သွားနေစဉ် ကြက်အော်သံ နှင့်အတူ မောင်ဘိုးထင် နှင့် သတ်တူ ရွယ်တူ ကောင်လေးတယောက်၏ အသံက ပေါ်လာ၏
“ဘိုးထင် မင်းရွာ ဘာလာလုပ်တာလဲ ”
အပေါ်စီးမှစကားပြောသံ နှင့် အတူ မောင်ဘိုးထင်၏ ကြွက်များကို ခိုးဘူးသော ကြွက်သူခိုး မြင့်နိုင်ဖြစ်သည် ၊ မောင်ဘိုးထင်သည် မြင့်နိုင်ကို ကြည့်လိုက်၏ မောင်ဘိုးထင်အား အထင်သေးသည့် ဟန်နှင့် ရယ်နေလေ၍ အရွယ်တူ သာအေးမှ ပြေးထိုးမည်ပြုရာ ဖိုးထွေးတားထားလိုက်ရသည် မြင့်နိုင်သည် သာအေးကို ကြည့်ကာ စကားဆိုလာသည်
“ပေပင်သားတွေက စိတ်ကြီးသားပဲဟ ”
“မြင့်နိုင် မင်းအေးဆေးနေကွာ နော် ”
“ဘိုးထင် မင်းက ဘာလဲ အခုမှ ဆရာကြီးဆိုက်နဲ့ ပေါ့ ငါ့အဖေ ပြောပုံအရ မင်းက အောက်လမ်း ပေါက်စဆို ”
“တော် တော့ ဘိုးထင် ”
“မင်းက ဘာလဲ မကျေနပ်ဘူးလား ”
“ငါသွားတော့မယ် လာသာအေး သွားကြရအောင် ”
“နေပါဦး ဂြိုလ်ကောင် ဘိုးထင်ရယ် ငါ့ လက်စွမ်းကို ကြည့်သွားဦး ”
မြင့်နိုင်သည် ပြောပြောဆိုဆို အိမ်ဝိုင်းေထာင့်ရှိ အိပ်တန်းတက်ရန် ဟန်ပြင်နေသော ကြက်ဖကြီး တကောင်အား လေးဂွဖြစ်ပစ်လိုက်ရာ ကြက်ဖကြီး ၏ ဦးခေါင်းကို ထိမှန်၍ ကြက်ဖကြီး အကြောဆွဲကာ လဲနေလေ၏၊
မြင့်နိုင်သည် အကြောဆွဲနေသော ကြက်ဖကြီးအား ကောက်ကိုင်လိုက်ပြီး သူ တို့ နှင့် မလှမ်း မကမ်း ရှိ အပင် တပင်နှင့် ရိုက်လိုက်ပြီး မောင်ဘိုးထင်တို့အနားပြန်လာကာ
“ဒါ မင်းကိုချက်ကျွေးမယ်လို့တော့ မထင်လိုက်နဲ့ နော် ”
“မထင်ပါဘူး ”
“တကယ်လို့ မင်းကို ကျွေးရမယ် ဆိုရင်တောင် မင်းကို ကျွေးမဲ့ အစား ခွေးကျွေးပြစ်မယ် ဟားဟား ”
မြင့်နိုင်သည် သူ၏ စကားကို သူသဘောကျကာ ရယ်ေမာနေ၏ မောင်ဘိုးထင်သည် စိတ်တိုနေသော သာအေးကို ဆွဲထားစေပြီး ပါးစပ်ပါ မန္တန်တခုကို ခပ်တိုးတိုး ရွတ်လိုက်ပြီး သူ၏ လက်ညှိုးထိပ်ကို သူ၏ သွား နှင့် ကိုက်ဖောက်လိုက်သည်၊ကိုက်လိုက်သော လက်ညှိုးတွင် ထွက်နေသောသွေးများအား မြင့်နိုင် လက်ထဲမှ ကြက်ဖကြီး အားခါထုတ်လိုက်ရာ ကြက်ဖကြီးကို မောင်ဘိုးထင်၏ သွေးအနည်ငယ် ပေသွားသည်၊ မောင်ဘိုးထင်၏ လုပ်ရပ်ကို အားလုံးကြောင် ငေးနေစဉ် မြင့် နိုင် လက်ထဲမှ ဦးခေါင်းကြေမွနေပြီ ဖြစ်သော ကြက်ဖကြီး သည် လူလွန် လာပြီး တောင်ပန် ခတ်လာရာ မြင့် နိုင် လန့်ဖြတ် ပြီး သူကိုင်ထားသော ကြက်ဖကြီး၏ ခြေနှစ်ဘက်ကို လွှတ်လိုက်တော့သည် ၊ ကြက်ဖကြီးသည် မြေပြင်ပေါ်တွင် ရပ်နေပြီး တောင်ပန်ကို ခါယမ်းကာ တွန်နေပြန်သည်
“အောက်အီးအီး အွတ် ”
ထိုသို့ တွန်သံပေးပြီနောက် ကြောင်ငေးနေသော မြင့်နိုင်၏ ခြေထောက်အား ခွပ်ပါလေတော့သည် ၊ မြင့်နိုင်သည် သေသွားသော ကြက်ဖကြီးမှ အသက်ပြန်ရှင်ပြီး သူအားခွပ်နေလေရာ ကြောက်လန့်ပြီး အော်ဟစ်ကာ ပြေးထွက်သွားပါလေတော့သည် ၊
မြင့်နိုင်မရှိတော့မှ မောင်ဘိုးထင်သည် အောင်နိုင်သူပမာ အပြုံး တချက်ပြုံးကာ ကျန်သူများကို ခေါ်ပြီး သူ၏ အိမ်သိူ့ ခြေဦးလှည့်လိုက်ကြပါလေတော့သည်။
▪️အခန်း-၁၀
မောင်ဘိုးထင် သူ၏ အိမ်သို့ရောက်သောအခါ မှောင်စပျိုးနေပြီဖြစ်သည်၊ အိမ်ထဲသို့ သူတို့ဝင်လိုက်ကြသောအခါ ခါတိုင်းတွေ့နေကြ သူ၏ အဖေဦးကောင်းမှ ခါတိုင်းလို့ အိမ်ရှေ့ကွပ်ပျစ်တွင် အရက်သောက်ပြီး ထိုင်မနေပေ ၊ မောင်ဘိုးထင် ဟို ကြည့်ဒီကြည့် လိုက်ရှာ နေစဉ် အိမ်ေပါ်မှ ဆင်းလာသော ဦးကောင်းသည်
“သား ဘိုးထင် ရောက်လာပြီလားကွ”
ဦးကောင်း၏ စကားကြောင့် မောင်ဘိုးထင် ကြောင်ငေးနေလေသည် ၊ ဒီအရွယ်ထိ တခါမှ သားဟု မခေါ်ဘူးသော ဖခင် ဖြစ်သူမှာ ယခု သူအား သား ဟု ခေါ်လာရာ သူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်ရသည့်အထိ ကို စိတ်လှူပ်ရှားနေ၍ မည်သည့်စကားမှ မပြောနိုင် ကြောင်ငေးနေရာ ဖိုးထွေးမှ မောင်ဘိုးထင်၏ ပုခုံးကို ပုတ်ရင်း
“ဟေ့ကောင် ဘိုးထင် မင်းအဖေ ခေါ်နေတယ် လေကွာ ”
“အော် အင်း အင်း ”
ဖိုးထွေး သတိပေးမှ မောင်ဘိုးထင် ပြန်ထူးလိုက်ပြီး ကျန်သူများကို အိမ်ပေါ်တက်စေလိုက်၏ ၊ ဦးကောင်းမှ ယခုမူ အရင် နှင့် မတူ ဖျာချောများကို ကိုယ်တိုင်ခင်းပေးထားသလို ရေနွေးကြမ်းပွဲ လည်း အသင့် ဖြစ်နေ၏ ၊ ထို့နောက် ဦးကောင်းသည် မောင် ဘိုးထင်တို့အားကြည့်ကာ
“အခုမှ ချက်လို့ ပြုတ်လို့ပြီး တယ် ဟေ့ ဒီနေ့ မင်းတို့ စားဖို့ ကြက်ကာလာသား ချက်ရယ် ဝက်သားဆီပြန်ရယ် ပဲကြီးနှပ်ရယ် အချဉ်ရည် လေးရယ် ချက်ထားတယ် ဟေ့ ”
“ကောင်းလှချည်လား။အဖေ ရ”
“ကောင်းရမှာပေါ့ ကွာ ငါ့သားနဲ့ သူအပေါင်းအသင်းတွေလာမှာပဲ ခဏနေ စိုးကြီးလာလိမ့်မယ်”
“ကျုပ်လာတာ သူ့ကို မပြောရသေးဘူး အဖေ ”
“ငါပြောထားတယ် ကွ ကဲ ကဲ စားကြရအောင်ကွာ မီးဖိုချောင်ထဲ လာကြ”
“မီးဖို ချောင်ထဲက ကျဉ်းပါတယ် ကျုပ်တို့ ကွပ်ပျစ်မှာ စားကြတာပေါ့ ကျုပ်မီး အိမ် ထွန်း ထားလိုက်မယ် ”
မောင်ဘိူးထင်၏ စကားကို အားလုံးမှ ဝိုင်းထောက်ခံလိုက်ပြီး အိမ်အောက် ကွပ်ပျစ်တွင် ထမင်းစားရန်ပြင်လိုက်ကြလေတော့သည်။
▪️အခန်း-၁၁
မောင်ဘိုးထင်တို့ ထမင်းစားကာနီးတွင် ဦးစိုးကြီးအသံစာစာ နှင့်ေရာက်လာသည် ၊ ဖိုးထွေး နှင့် သာရသည်က ဦးစိုးကြီးနှင့် စုံဖူးကြသူများမို့ ဦးစိုးကြီး လာသော အခါ ပျော်နေကြသည် ၊ ပျော်ရသည် အကြောင်းက ရှိသေး၏ ဦးစိုးကြီးသည် မောင်ဘိုးထင်တို့ ဆီလာရာ ၌ လက်ဗလာကြည့်မလာပါ ကြွက်ေကြာ် ၊ ငှက်ကြော် များကို ထည့်လာသလို ကြက်တကောင်လုံးကို လည်း ရဲနေအောင် ကင်ထားပြီး ယူလာသည် မဟုတ်ပါလား မောင်ဘိုးထင်တို့ လည်း စကားတပြောပြော နှင့် စားလိုက် သောက်လိုက် ဦးစိုးကြီးသည်က သာအေးလေးအား စလိုက်နောက်လိုက် တခြားသူများက ဝိုင်းရယ်လိုက်နှင့် ပျော်ရွှင့်ဖွယ် ညစာ ထမင်းဝိုင်းလေးက ပြီးမြောက်သွားပြီဖြစ်၏၊ ဤသို့ နှင့် ဦးစိုးကြီးလည်း ညအချိန်လင့်ပြီမို့ ပြန်သွားတော့သည် ကျန်သူများသည်သာ စကားခေတ္တပြောကာ အိမ်ပေါ်တွင် ဦးကောင်းပြင်ပေးထားသော ဖျာချောလေးပေါ်တွင် ဝင်၍ အိပ်လိုက်ပါတော့သည်။
မောင်ဘိုးထင် နည်းတူ ကျန်သော သူများအိပ်မောကျနေသည် ၊ ထိုအချိန် မောင်ဘိုးထင်အားလှုပ်နိုးနေသဖြင့် မောင်ဘိုးထင် နိုးလာ၏
“သား ဘိုးထင် ထဦး အဖေပြောစရာရှိလို့ ကွပ်ပျစ်ကို လာခဲ့ ”
“ဟုတ်ကဲ့ အဖေ ကျုပ်လာခဲ့မယ် ”
ဦးကောင်းသည် ထိုမျှသာပြောပြီးအိမ်အောက်သိူ့ ဆင်းသွားတော့သည် ၊ မောင်ဘိုးထင်သည်လည်း အိပ်အောက်သို့ဆင်းကာ ကွပ်ပျစ်ဆီသို့ သွားလိုက်၏ ၊ ကွပ်ပျစ်ရောက်သော အခါ ဦးကောင်းသည် ကွပ်ပျစ်တွင် ထိုင်နေပြီး ကွပ်ပျစ်အနားရောက်လာသော မောင်ဘိုးထင်အားကြည့်ကာ
“သားမင်းအိပ်ချင်ရင် ဒီကွပ်ပျစ်မှာ အိပ် အဖေ ဒီမှာ ထိုင် ပြီး စကားပြောမယ် ”
မောင်ဘိုးထင် ဘာမှ ပြန်မပြော ခေါင်းညိတ်လိုက်ပြီး ၊ ကွပ်ပျစ်ပေါ်တက်ကာ သူ၏ ဖခင်အနားတွင် ပက်လက်လန်အိပ်လိုက်၏၊ ထို့နောက် ကောင်းကင်မှ ကြယ် များကို ကြည့်လိုက်ပြီး ဦးကောင်းပြောမည့်စကားများကို နားထောင်ရန် အသင့်ရှိနေလိုက်သည်။
“ငါမင်းကို တောင်းပန်ပါတယ် သား”
“ရပါတယ်ဗျ ”
“မဟုတ်ဘူး ကွ ငါလူမဆန်ခဲ့ဘူး ငါဖခင်တာဝန်မကျေခဲ့ဘူး တစိမ်းတယောက်က မင်းကို ခေါ်ပြီးကောင်းကောင်းမွန်မွန် ထားရုံတင်မကဘူး ငါ့အတွက်ပါ စပါး နှစ်ဆယ် ပေးသေးတယ် ငါအတော် ရှက်ဖို့ကောင်းတယ် ”
“ရပါတယ် အဖေရယ် ကျုပ်နားလည်ပါတယ် အိပ်တော့ဗျာ ကျုပ်လည်း အိပ်ချင်ပြီး”
“နေပါဦးကွာ ငါမင်းကို ပြောစရာရှိတယ် ”
“ပြောပါ အဖေ ”
“ငါ လယ် နှစ်ဧကကို မင်းကို ပေးခဲ့မယ် မင်းအဒေါ်ေယာကျ်ား အဲ့ လယ်တွေကို မျက်စောင်းထိုးနေတာ ငါ ရွာလူကြီးကိ သေချာပြောထားတယ် ”
“အဖေ ရှိနေတာ ပဲ ဗျာ အဖေပဲ လုပ်ပေါ့ ”
“ပြီးတော့ ဒီအိမ်ကို လည်း အမွေဆိုင် ဆိုပြီး မင်းအဒေါ် ယောက်ျားက လိုချင်နေတယ် တကယ်တော့ ငါအမေ့ မင်းရဲ့ အမေကြီးဆီက ဝယ်ထားတာ ကွ အဲ့တာကို ရွာလူကြီးသိတော့ တော်သေးတယ် ပြောရမယ် ”
“ကျုပ်က ဒီရွာမှ မနေဘူ အဖေ ပေပင်ရွာမှာပဲ အမြဲနေသွားမယ် ”
“မင်းဘယ်ရွာမှာ နေနေပါ ဒါတွေက မင်းပိုင်ရမဲ့အရာတွေပဲ ငါ့သား မင်းအဒေါ် ယောက်ကျာ်းအတော်လောဘကြီးတယ်ကွာ ငါ့ကို အရက်သမားကြီး မင်းကို မုန်းနေတုန်းပဲ ထင်ပြီး ငါ့ဆီကို အရက် ဝယ်ဝယ် လာပြီး လယ်တွေတောင်းနေတာ ”
“အဒေါ်ယောက်ျား အကြောင်း ကျုပ်သိပါတယ် အဒေါ်ရှိရင် ဒီထက်ကို ဆိုးဦးမယ် ”
“မင်း ဒီရွာမှာ မနေဘူးဆိုလည်း မင်းပိုင် တဲ့ ဒီက လယ်တွေ အိမ်တွေ ကို ရောင်းပြီး ပေပင်မှာ ဝယ်စရာရှိတာ ဝယ်ပေါ့ကွာ ”
ဖခင်ဖြစ်သူ၏ စကားကြောင့် မောင်ဘိုးထင် မျက်လံုးမှိတ်ပြီး တွေးလိုက်သည် သူေငွများရရင် ဝယ်မည့် အရာကို မျက်လုံးထဲ ပေါ်လာသည် ထိုအရာသည်က ဗုံများဖြစ်သည် ၊ မောင်ဘိုးထင် တချက်ပြံုးလိုက်ပြီး
“ယူမှာပေါ့ အဖေရာ ဒါပေမဲ့ ကျုပ် အဖေ့လယ် နဲ့ အိမ်ရောင်းပြီး ရင် ဗုံ အရင်ဝယ်မယ် ဗျာ ”
“ဝယ်ကွာ မင်းလုပ်ချင်တာသာ လုပ် ခုချက်ချင်းရောင်းမလား အဖေ ရောင်းပေးမယ် ”
“နေပါ ဦးဗျာ မရောင်းသေးပါ နဲ့ ဦး ဗုံလေး ဝယ်ချင်တာနဲ့ လယ်တွေ အိမ်တွေ ရောင်းရတယ်ဆိုတာ ကြားမကောင်းပါဘူး”
မောင်ဘိုးထင်၏ စကားကြောင့် ဦးကောင်းပြံုးလိုက်မိသည် ၊ ယခု အချိန်ထိ သားဖြစ်သူအား အဝတ်အစား တထည့်မျှပင် မဝယ်ပေးဘူးပေ ၊ လူမမယ် အရွယ်က မောင်ဘိုးထင်အားအဒေါ်ဖြစ်သူမှ ခေါ်မွေးထားပြီး သူ၏ သားများ၏ အဝတ်အစား အကျများကိုသာ ဝတ်စေသည် ။ အဒေါ်ဆုံးလို့ အိမ်ပေါ်က နှင်ချခံရပြီး အဖေအိမ်ရောက်ချိန်တွင်လည်း မောင်ဘိုးထင်တယောက် ကြွက်ရှာ ငှက်ရှာ ငါးဖား ရှာပြီး ရသော ငွေလေးများဖြစ် သူတိုင်းသူ ဝယ်ဝတ်ရသည် မဟုတ်ပါလား ၊ယခု ဦးကောင်း သူ၏ သားတော်ေမာင် ဘာလုပ်ချင် လုပ်ချင် လုပ်ပေးဖို့ အသင့်ဖြစ်နေ၏
“ငါ့သား မင်း ဘာဝယ် ချင်လဲကွာပြော အဖေ ဝယ်ပေးမယ် ”
“ကျုပ်လိုချင်တာတော့ ဗုံပဲ အဖေ အဘကို ပြောရင် ဝယ်ပေးမှာ သိတယ် ဒါပေမဲ့ ဗျာ သူအိမ်မှာ နေခိုင်း စားခိုင်းထားတာ အပြင် စပါးတောင်ပေးထားတယ်ဆိုတော့ ကျုပ်မဝယ် ခိုင်းးရ်က်ဘူးဗျာ ”
“အဖေ မင်း အဘ ပေးတဲ့ စပါးမယူတော့ဘူးလို့ပြောပေးပါ ငါ့သား”
“ဟာ အဖေမယူရင် အဖေ့ အတွက် စားဝတ်နေရေးခက်နေမှာပေါ့ အဖေရာ ”
“မခက်ပါဘူးကွာ အရင်အဖေက ရစ်ထုတ်ကြီး လုံးလံုးဖြစ်ပြီး ဘာမှ မလုပ်မကိုင်ေနလို့ပါ ”
“အဖေ အရက်တွေလည်း လျှော့သောက်ဗျာ အဖေ့ မျက်နှာက ဖားပြုတ်ကြီး နဲ့တူနေပြီဗျ”
“ဟားဟား မင်းကတော့ကွာ ”
“အဖေ ကျုပ်အိပ်ချင်ပြီဗျာ ”
“အိပ်လေကွာ အဖေ စကားပြောချင်သေးလို့ပါ ”
“ဟုတ်အဖေ ပြောပါ ကျုပ်အိပ်သွားရင်တော့ မတက်နိုင်ဘူးဗျာ ”
“အေးအေး ငါမနက် မင်းတို့အတွက် ထမင်းထုတ် တွေ ထည့်ပြီး ပြင်ဆင်ထားပေးမယ် မနက် အစော သွားကြမှာ မဟုတ်လား ”
“ဟုတ်တယ် အဖေ “။။
“အင်းအင် အိပ်တော့ ဒီအချိန် မင်းအမေရှိရင် သိပ်ကောင်းမယ် ”
“အင်း ”
“မင်းအမေက မင်းဟိုဘက်ဘေးမှာ အိပ် ငါက မင်းရဲ့ ဒီဘက်ဘေးမှာ အိပ် စကားပြောကြရယ်ကြ အဲ့လို ဖြစ်ချင်လိုက်တာကွာ ”
“ကျုပ်က အိပ်မက်ထဲ အဲ့လို အမြဲ ဖြစ်ပါတယ် ”
“ငါတကယ်တောင်းပန်းတယ် ကွာ ”
“ရော အဖေကတော့ ဘာဖြစ်နေမှန်း မသိဘူးဗျာ ကျုပ်နားလည်ပါတယ် ဆို ”
“အေးကွာ ငါလည်း အဲ့တာပဲ ပြောချင်နေတယ် ”
“အင်း”
ဦးကောင်းသည် မောင်ဘိုးထင်အနားတွင် ထိုင်ပြီးစကားများပြောနေသည် မောင်ဘိုးထင်သည်က အင်း အင်း ဟုသာ အိပ်ချင်မူးတူး နှင့် ဖြေရင် အင်းပင် မလိုက်နိုင်ပဲ အိပ်ပျော်သွားတော့သည် ၊ ဦးကောင်းသည် အိပ်ပျော်နေသော သာဖြစ်သူအား အနည်းငယ် လင်းနေသော လရောင် နှင့် ကြယ်ရောင်များ၏ အလင်ရောင်ဖြစ် သချာကြည့်နေရင် မောင်ဘိုးထင်၏ ခေါင်းကို သပ်လို့ တယောက်ထဲ စကားပြောနေပါလေတော့သည်။
▪️အခန်း-၁၂
မောင်ဘိုးထင် အိပ်ယာမှ နိုးလာသည် သူ၏ ဘေးတွင်တော့ ဖခင် ဦးကောင်း အိပ်နေလေသည် ၊ မောင်ဘိုးထင်သည် မီးသွေးခဲ့နှင့် ဆားကိုယူပြီးသွားတိုက်မျက်နှာ သစ်လိုက်ပြီး မီးဖိုချောင်ထဲဝင်သည် မီးဖိုချောင်စာပွဲ တွင် ကောက်ညှင်းပေါင်း နှင့် ငါးခြောက်ဖုတ် ဆီဆမ်းများ ကို တွေ့ရသလို သူတို့၏ ထမင်းချိုင့် နှင့် ရေဘူးများထဲသို့ ထမင်း နှင့် ရေ ထည့်ထားပြီးသားများဖြစ်လေ၏ ၊ မောင်ဘိုးထင်လည်း ဝေလီဝင်လင်းဖြစ်နေပြီဖြစ်၍ ဖိုးထွေးတို့အား နိုးလိုက်ကာ မျက်နှာသစ်စေ ပြီးမနက်ခင်းစာကို စားလိုက်ကြသည် ၊ ထို့နောက် ဖခင် ထုတ်ပေးထားသော သူတို့၏ ထမင်းချိုင့်များကို လွယ်အိတ်ထဲ ထည့်ကာ ဦးကောင်းအိပ်နေသော ကွပ်ပျစ် လေးကို သွားလိုက်ပြီး ဖိုးထွေးတို့မှာ နိုးမည်ပြုရာ မောင်ဘိုးထင် မနိုးးရန်တားလိုက်ပြီး အိမ်ဝိုင်းအပြင်သို့ ထွက် ကာ ပေပင်ရွာသို့ ပြန်သွားလိုက်ကြပါလေတော့သည်။
▪️အခန်း – -၁၃
မောင်ဘိုးထင်တို့ သစ်စိမ့်ရွာမှ ပြန်ရောက်ပြီဖြစ်သည် မောင်ဘိုးထင် သည် ရွာအနောက်ပိုင်းရှိ ဦး ကျော်စိန် အိမ်တွင် ဆီဆံုလည်ရာ တွင် ဆီဆံုး စီး ပြီး တယောက် တပေါက်စကားများပြောနေကြ၏ ၊ဆီဆံု နွားမောင်သူ ကိုပု အား မောင်ဘိုးထင်မှ
“ဦးပု ခင်ဗျားက တလင်းခေါက်တော့ ကျုပ်ကို မခေါ်ဘူး”
“မင်း မှမအားတာ”
“အားပါတယ် ဗျာ လာမှ မခေါ်တာ ”
“အေးပါ ဘိုးထင်ရာ နောက်ဆို ငါခေါ်ပါ့မယ် ”
မောင်ဘိုးထင် ဆီဆံုတွင် ဆီကျိတ်သော ကိုပု နှင့် စကားပြောနေစဉ် ဦးအုန်း သုတ်သီးသုတ်ပြာ နဲ့ ရောက်လာပြီး
“ကောင်လေး ”
“ဗျာ အဘ ဘာလို့လဲ ဗျ ”
“ဟို ဟိုဟာကွာ မင်းအဖေ ဆံုးပြီတဲ့ ”
“ဟာ မဖြစ်တိုင်တာ အဖေက မနေ့ကမှအေကာင် းကြီးပါ ကျုပ်တို့ကို ထမင်းေတာင်ထုပ်ပေးလိုက်သေးတာကို ”
“မဟုတ်ဘူး တကယ်ကွာ ”
“အဘ ကျုပ်ကို လိမ်နေတာ မဟုတ်လား”
“ငါက မင်းကို လိမ်ဖူးလို့လား ”
မောင်ဘိုးထင် ငေးငိုင်၍ သွားရပါ၏ ၊မနေ့ကမှ အကောင်းကြီးဖြစ်သော သူ၏ ဖခင်ကို မြင်ယောင်လာပါသည် ၊ ဖခင်တယောက်လို ယခု ပြုမူဆက်ဆံလာသောအဖေ သည် ကွပ်ပျစ်ပေါ် မှာ အိပ်နေသော သူအား စကားများပြောနေချင်းသည် နောက်ဆုံး စကားပြောချင်းလို့သာ မောင်ဘိုးထင် သိခဲ့ရင် တညလုံး မအိပ်ပဲ သူ၏ ဖခင်ပြောသော စကားကို နားထောင်နေမည်မှ ဧကန်အမှန်မလွဲပင် ၊ယခုတွင်တော့ မောင်ဘိုးထင်တယောက် လက်ချိုးရေတွက်လို့ရသည့် ဖခင်ဖြစ်သူ၏ အပြုံးအား ဘယ်သောအခါမှ မြင်တွေ့ခွှင့်မရနိုင်တော့သည်ကို တွေးတောရင် စိတ်မကောင်း ဖြစ်ေနရပါလေတော့သည်။
▪️အောက်လမ်း ဘိုးထင် နှင့် နောက်ဆုံးစကား သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် အသုဘ ဟုအမည်ရသော ဝတ္ထုလေးအား တင်ဆက်ပေးပါမည်။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
” ေအာက္လမ္းဘိုးထင္ ႏွင့္ ေနာက္ဆုံးစကား “(စ/ဆုံး)
——————————————————————–
(၆)
အခန္း-၁
ေမာင္ဘိုးထင္တေယာက္ ေပါက္တူးမဂၤလာေဆာင္မွ အိမ္သို႔ျပန္ေရာက္လာ၏ ၊ ေပါက္တူး၏ မိဘမ်ားေပးလိုက္ေသာ စားစရာေသာက္စရာမ်ားကို မီးဖိုးေခ်ာင္ထဲထားလိုက္ၿပီး ဦးအုန္းစားဖို႔ အတြက္ ျပင္ဆင္ေပးလိုက္ကာ အိမ္ေအာက္တန္းလ်ားတြင္ ေဆးေပါလိပ္ ဖြာေနေသာ ဦးအုန္းအား
“အဘ ထမင္းစားလို႔ရၿပီး မဂၤလာေဆာင္က ဟင္းေတြ ထည့္ေပးလိုက္တယ္ ဗ် ”
“ေအးကြာ ငါ့အိမ္လည္း မင္းရွိမွ လူမႈ႕ေရးေတြဘာေတြ လုပ္ျဖစ္ေနတယ္ ေကာင္ေရ ”
“အဘ က်ဳပ္ ႐ြာကိုဘယ္ေန႔သြားရမွာလဲ ”
“မနက္ျဖန္ မနက္အေစာ သြားေပါ့ ”
“အဲ့တာဆို က်ဳပ္႐ြာထဲ သြားလိုက္ဦးမယ္ ဗ်ာ ”
“ဟေကာင္ မင္း နားနားေနေန ေနပါဦးလား”
“ပင္ပင္ပန္းပန္း ဘာမွ မလုပ္ရတာ အဘရာ နားစရာမလိုပါဘူး ”
“ေအးပါကြ ေအးပါ မင္းသေဘာ ”
ေမာင္ဘိုးထင္သည္ အိမ္တိုင္မွာ ခ်ိတ္ထားေသာ သူ၏ လြယ္အိတ္ကို ယူၿပီး လြယ္လိုက္ကာ အိမ္ဝိုင္းအျပင္သို႔ ထြက္သြားပါေလေတာ့သည္။
▪️အခန္း -၂
ေမာင္ဘိုးထင္ တေယာက္ ႐ြာထဲလွည့္ၿပီး သာေအး ႏွင့္ ဖိုးစိန္ ကိုရွာေနသည္ သို႔ေပမဲ့ သူရွာေနေသာ ဖိုးစိန္ ႏွင့္ သာေအးအား မေတြ႕ရေပ ၊ ထို႔ေၾကာင့္ေမာင္ဘိုးထင္သည္ ဖိုးစိန္အိမ္သိူ႔လိုက္သြားလိုက္၏ ဖိုးစိန္အိမ္သို႔ေရာက္ေသာ အခါ
“ဖိုးစိန္ရွိလား ေလးႀကီး”
“ဘယ္သူလဲကြဲ႕ ”
“က်ဳပ္ ဘိူးထင္ပါ ”
“လာ လာ ဘိုးထင္ နင့္သူငယ္ခ်င္းက ၿမိဳ႕သြားၿပီး ကိုရင္သြားဝတ္ၿပီကြဲ႕ ”
“ဗ်ာ ဒီေကာင္ က်ဳပ္တို႔ေတာင္ မေျပာပါလား ဗ် ”
“ေအးကြယ္ ဘိုးထင္ ထမင္းစားၿပီးလား စားသြားပါလာ”
“မစားေတာ့ဘူ ေလးႀကီးေရ သာေအးကို ရွာလိုက္ဦးမယ္ ”
“ေအး ေအး”
ေမာင္ဘိုးထင္သည္ လူေအးေလး ဖိုးစိန္ ကိုရင္ဝတ္သြားၿပီ ဆိုေသာေၾကာင့္ သူ႔အစား ဖိုးေထြးကို ေခၚရေတာ့မည္ ျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ ဖိုးေထြးရွိႏိုင္သည့္ ေနရာ ကို သြားလိုက္ေတာ့သည္ ၊
▪️အခန္း-၃
ေမာင္ဘိုးထင္သည္ ႐ြာလည္မန္က်ည္းပင္ရိပ္ ကေလး လူငယ္ လူ႐ြယ္မ်ား ကစားသည့္ေနရာ သို႔ေရာက္လာသည္ ၊ ေမာင္ဘိုးထင္သည္ ေလာက္စလုံးလွိမ့္ေနေသာ ေအာင္သန္းတို႔အားေတြ႕ရာ
“ေအာင္သန္း ”
“ေအးဘိုးထင္ ”
“သာေအး နဲ႔ ကိုဖိုးေထြးကို မေတြ႕ဘူးလား ”
“သာေအး ေတာ့ မေတြ႕ဘူးကြ ကိုဖိုးေထြးကေတာ့ ႐ြာေတာင္ပိုင္းက ဘႀကီးျမ ဆီမွ ဘင္ဂ်ိဳတီးသြားသင္ေနတယ္ ”
“ဟုတ္လား သင္မွပဲ ေလ မသင္ရင္လည္း ေလးဂြစာမိေတာ့မယ္ သူ႔ေနရာ မင္းနဲ႔ ငါ ျဖစ္ၾကည့္ပါလား ေလးဂြမွန္လို႔ ထိပ္ေပါက္တာ ၾကာေပါ့ သူက ႐ြာလူႀကီးသားျဖစ္ေလလို႔ ”
“ေလဂြ နဲ႔ ထုခ်င္ တဲ့ သူေတြ ထဲမွာ မင္းက ထိပ္ဆုံးကမဟုတ္လား ဘိုးထင္ ”
“ဟာ မဟုတ္ပါဘူး ေအာင္သန္းရာ ငါသြားၿပီေဟ့ ဘႀကီးျမ အိမ္ကို လိုက္သြားလိုက္ဦးမယ္ ”
ေလာက္စလုံးလွိမ္ရင္း စကားေျပာေနေသာ ေအာင္သန္းသည္ ၊ေမာင္ဘိုးထင္ ေျပာသည္ကို ေခါင္းညိတ္၍သာ အသိအမွတ္ျပဳလိုက္ၿပီး လက္ထဲတြင္ရွိေသာေလာက္စလုံးကို မ်က္လုံးတဖတ္မွိတ္ၿပီး ခ်ိန္႐ြယ္လိုက္ကာ တန္းစီထားေသာ ေလာက္စလုံး တန္းဆီသို႔ ျပစ္လႊတ္လိုက္ပါေလေတာ့သည္။
▪️အခန္း-၄
ေမာင္ဘိုးထင္ တေယာက္ ႐ြာေတာင္ပိုင္းမွ ဘႀကီးျမအိမ္သို႔သြားလိုက္ေတာ့သည္ ၊ ဘႀကီးျမအိမ္ ဝိုင္းအနားေရာက္သည္ ႏွင့္ ဘင္ဂ်ိဳတီးၿပီး သီခ်င္းတပုဒ္ အားသီဆိုေနေသာ ဘႀကီးျမ၏ အသံက နာေပ်ာ္ဖြယ္ထြက္ေပၚေနသည္ ၊ ေမာင္ဘိုးထင္သည္ ဘႀကီးျမ၏ အိမ္ဝိုင္းထဲ ဝင္လိုက္သည္ႏွင့္ ေျပာင္ရွင္းေနေသာ အိမ္ဝိုင္းေရွ႕ရွိ မန္က်ည္းပင္ႀကီးေအာက္ ကြပ္ပ်စ္တြင္ ဘႀကီးျမ ဘင္ဂ်ိဳတီး ကာ သီခ်င္းဆိုေနသည္ ၊ ေဘးတြင္ေတာ့ သာရ၊ သာေအး၊ ဖိုးေထြးတို႔ ကြပ္ပ်စ္တြင္ ေမးေလးမ်ားအားလက္ႏွင့္ေထာက္ၿပီး ဘႀကီးျမကို အားက်ေနေသာ မ်က္ဝန္းမ်ားျဖစ္ ၾကည့္ၿပီး သီခ်င္းနာေထာင္ေနသည္ ။ေမာင္ဘိုးထင္ လြတ္ေနေသာ ကြပ္ပ်စ္တြင္ ထိုင္ၿပီး ဘႀကီးျမ သီဆိုေနသည္ကို နားေထာင္ေန၏။ ဘႀကီးျမသည္ သီခ်င္းၿပီးသြားေသာအခါ လက္ထဲမွ ဘင္ဂ်ိဳအား ဖိုးေထြးအားေပးလိုက္ၿပီး ေမာင္ဘိုးထင္ကို ၾကည့္ကာ
“ဘိုးထင္ေလး ဘင္ဂ်ိဳတီးသင္မလို႔လားကြ”
“မဟုတ္ပါဘူး ဘႀကီးျမရာ က်ဳပ္က ဘင္ဂ်ိဳမတီးခ်င္ဘူး ဆိုင္းတီးခ်င္တာ ”
“ေဟ့ တကယ္လားဟ”
“တကယ္ေပါ့ဗ်ာ ကိုဖိုးေထြးတို႔ အိမ္ေအာက္က ဆိုင္းေတြ ျမင္ရင္ တီးခ်င္စိတ္ မနည္းထိန္းရတယ္ ဗ်”
“ဗုံကေတာ့ ငါလည္းတီးတက္တယ္ေမာင္”
“တကယ္လားဘႀကီးျမ က်ဳပ္ကို အတီးသင္ေပးစမ္းပါဗ်ာ”
“ဗုံတီးသင္ေပးရတာ မခက္ခဲပါဘူး ဒါပေမဲ့ ဗုံရဖို႔အတြက္က ခက္တာပ ”
“အဘကို ဝယ္ခိုင္းမယ္ ဗ်ာ ဝယ္ေပးရင္ ဘႀကီးျမသင္ေပး ကိုဖိုးေထြးတို႔ သာေအးတို႔ ကိုသာရတို႔ကိုေကာ တျခား ႏွဲတို႔ ဟိုဟာေလးေလ ဘႀကီးျမရယ္ ႐ြာလူႀကီးအိမ္က ဟိုဟာႀကီးကို ေသးေသးေလးေတြ လုပ္ၿပီး ႀကိဳးနဲ႔ တြဲထားတာေလဗ်ာ ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ က်န္လူမ်ား အေတာ္ကို စဥ္းစားယူေနရသည္ ၊ ဖိုးေထြးသူအိမ္မွာ ရွိတဲ့ ပစၥည္းမ်ားကို စဥ္းစားေနသည္ အိမ္အစ ႏြားအဆံုးအကုန္စဥ္းစားေနရာ အတန္ၾကာေသာအခါမွ ႐ြာသားမ်ားကို အိမ္လာရန္အခ်က္ေပးသည့္ ေမာင္းႀကီးအား သတိရကာ
“ေမာင္းႀကီးကို ေျပာတာ လား ဘိုးထင္”
“ဟုတ္တယ္ ဟုတ္တယ္ ေမ့ေနတယ္ ဗ်ာ အဲ့ေမာင္းႀကီးကို ေသးေသးေလးေတြလုပ္ၿပီးႀကိဳးနဲ႔ တြဲၿပီးတီးတဲ့ ဟာေလးေတြေလဗ်ာ ”
ေမာင္ဘိုးထင္၏စကားကို ဘႀကီးျမ သေဘာက်စြာ ၿပဳံးၿပီး
“ဘိုးထင္ မင္းကေတာ့ ေျပာေတာ့မယ္ ေၾကးေမာင္းကို ေျပာတာလား ”
“ဟုတ္တယ္ ဘႀကီးျမ အဲ့တာကို ဟိုကကိုဖိုးေထြးကို သင္ေပးပါ ”
ေမာင္ဘိုးထင္၏ စကားေၾကာင္ ဖိုးေထြး ေမာင္ဘိုးထင္ကို ေသခ်ာၾကည့္ကာ
“ေဟ့ ေဟ့ ဘိုးထင္ ငါမသင္ဘူးေနာ္ ငါက ဘင္ဂ်ိဳသမား ”
“အဲ့တာေတြကေနာက္မွ ပါဗ်ာ အခု က်ဳပ္႐ြာသြားဖို႔ သာေအး နဲ႔ ကိုဖိုးေထြးကို ေခၚခ်င္လို႔ လိုက္ခဲ့ပါလား ”
ဖိုးေထြး ႏွင့္ သာေအး ေခတၱစဥ္းစားေနစဥ္ သာရသည္ ေမာင္ဘိုးထင္ကို ၾကည့္ကာ
“ေဟ့ေကာင္ ဘိုးထင္ မင္းက ငါ့ကို မေခၚဘူးေပါ့ ”
“ကိုသာရကို အားနာလို႔ပါ ေခၚခ်င္တာေပါ့ ”
“ဘာအား နာတာလဲ လိုက္မယ္ ”
“အဲ့တာဆို ပိုေကာင္းတာေပါ့ဗ်ာလို႔ သာေအး နဲ႔ ကိုဖိုးေထြး ဘာေတြ ေတြးေနတာလဲ မလိုက္ဘူးလား”
“လိုက္ မွာေပါ့ကြာ ”
“ငါ့အိမ္ေျပာၿပီး လိုက္မယ္ ဘိုးထင္”
“ၿပီးေရာ အခုေတာ့ ဘႀကီးျမ ေနာက္ထပ္ သီခ်င္းေလး တီးၿပီးဆိုပါဦး ဒီလူေတြကို သင္မေနနဲ႔ ဦး က်ဳပ္နားေထာင္ခ်င္လို႔ဗ်ာ ”
ဘႀကီးျမသည္ ေမာင္ဘိုးထင္အားၿပဳံး၍ ၾကည့္ၿပီး ဖိုးေထြးဆီမွ ဘင္ဂ်ိဳကိုယူကာ သီခ်င္းတပုဒ္ကို တီး၍ ဆိုျပေနပါေလေတာ့သည္။
▪️အခန္း-၅
သစ္စိမ့္႐ြာသို႔ သြားမည့္ ေမာင္ဘိုးထင္အား ဦးအုန္းမွ မွာၾကားစရာရွိတာမ်ား မွာၾကားေနေလသည္၊
“ေကာင္ေလး မင္း ႐ြာကို ေရာက္တုန္း ေရာက္ခိုက္ တို႔ပညာနဲ႔ ကုလို႔ရတာရွိရင္ ကုသေပးလိုက္ကြာ သင့္တင့္တဲ့ အခေၾကးေငြေတာင္း လူေတြက အလကား လုပ္ေပး ရင္ အလကားေကာင္လို႔ ထင္ေနတက္တယ္ ”
“ဟုတ္ကဲ့အဘ က်ဳပ္နားလည္ပါတယ္ ”
“ၿပီးေတာ့ မင္းနားေနၾက ေညာင္ပင္မွာ မနားနဲ႔ကြာ ”
“ဘာျဖစ္ လို႔လဲ အဘရာ နားေနၾကေနရာကို ”
“ငါေျပာ သလိုသာ လုပ္ပါ ေကာင္ေလးရာ ”
“ၿပီးတာပဲ က်ဳပ္ မနားေတာ့ဘူး ”
“ငါစိတ္ခ်မယ္ေနာ္ အေဖာ္ေတြ ဘယ္သူပါလဲ ”
“သုံးေယာက္ေတာင္ဗ် သာေအး ကိုဖိုးေထြး ကိုသာရ ”
“ေအး ေအး ဂ႐ုစိုက္သြား ေကာင္ေလး ”
ေမာင္ဘိုးထင္လည္း ဦးအုန္းအား ႏုတ္ဆက္ကာ အိမ္ဝိုင္းအျပင္သို႔ ထြက္သြားပါေလေတာ့သည္။
▪️အခန္း-၆
ေမာင္ဘိုးထင္တို႔ တသိုက္ လြယ္အိတ္ကိုယ္စီႏွင့္ သစ္စိမ့္ ႐ြာကို သြားေနၾကသည္ ၊ စကားတေျပာေျပာႏွင့္ ေလွ်ာက္လာရာ ေညာင္ပင္ႀကီး အနားသို႔ပင္ ေရာက္လာၿပီျဖစ္သည္ ၊ ေညာင္ပင္ႀကီး အနားသို႔ ေရာက္ရင္ျဖစ္ ဖိုးေထြး ႏွင့္ သာရသည္ ေညာင္ပင္ႀကီး အရိပ္သို႔ သြားမယ္ ဟန္ျပင္လိုက္စဥ္ ေမာင္ဘိုးထင္မွ
“ကိုဖိုးေထြး နဲ႔ ကိုသာရ အဲ့အပင္မွာ မနားေတာ့ဘူး တျခားေနရာမွာနားမယ္ ”
“ဟ ဘိုးထင္ ဒီေလာက္ အဆင္ေျပတဲ့ေနရာကို ”
“အဘက မနားခိုင္းဘူးဗ် လာပါဗ်ာ ေနာက္ ခဏ ေလာက္ လမ္းေလွ်ာက္ရင္ ေဖ်ာက္ဆိပ္ပင္ႀကီး ရွိပါတယ္ ဗ် ”
“ေအးပါကြာ ဦးအုန္းက မနား နဲ႔ ဆိုေတာ့ လည္းမနား႐ုန္ေပါ့ ”
ဖိုးေထြး ႏွင့္ သာရ သည္ ေညာင္ပင္ႀကီး ဘက္မသြားေတာ့ ေမာင္ဘိုးထင္ႏွင့္အတူ ေညာင္ပင္ႀကီးကို ခ်န္ရစ္ကာ ေဖ်ာက္ဆိပ္ပင္ ႀကီးနားသို႔ သြားလိုက္ၾကပါေတာ့သည္ ။
ေဖ်ာက္ဆိပ္ပင္ႀကီး၏ အရိပ္ေအာက္တြင္ ေမာင္ဘိူးထင္တို႔ ထုပ္လာေသာ ထမင္းမ်ားကို ဝိုင္းဖြဲ႕စားေသာက္ေနၾကသည္ ၊ သာရသည္ ထုံးစံ အတိုင္း ေဘးသို႔ ထမင္း ႏွင့္ ဟင္း အနည္းငယ္ ပတ္လိုက္ၿပီး ပါးစပ္မွလည္း တိုးတိုးႏွင့္ေျပာေနေလသည္၊ သာရထို႔သို႔ျပဳလုပ္ေနသည္ကို ျမင္ေသာေမာင္ဘိုးထင္သည္
“ကိုသာရ အဲ့လိုေတြေကြၽးတာ ဘယ္သူေတြ စားေနလဲဆိုတာ ျမင္ဖူးခ်င္လား ”
ေမာင္ဘိူးထင္၏ စကားေၾကာင့္ သာရ သာမက ဖိုးေထြး ႏွင့္ သာေအးပါ ထမင္းစားရင္ ေမာင္ဘိုးထင္အား ၾကည့္ေနေလသည္၊ ေမာင္ဘိုးထင္သည္ ခ်ိဳင့္ထဲမွ ထမင္းကို စားရင္ း
“အခုေတာ့ ထမင္း ၿပီးေအာင္စားၾကဦး ၾကည့္ရဲတယ္ဆို က်ဳပ္ျပမယ္ ”
တျခားသူမ်ား ဘာမွ်ျပန္မေျပာထမင္းကို သာ အာ႐ုံစိုက္စားေနၾကေတာ့သည္ ၊ ခဏၾကာေသာအခါ အားလုံး ထမင္းစား၍ ၿပီးသြားၾကၿပီျဖစ္၏၊ ေမာင္ဘိုးထင္သည္ ေပေနေသာ လက္အား ေရႏွင့္ေဆး လိုက္ၿပီး သူ၏ ပုဆိုးႏွင့္သုပ္လိုက္သည္ က်န္သူမ်ားလည္း ထိုနည္းတူျဖစ္သည္ ၊ ေမာင္ဘိုးထင္ ၏ ခ်ိဳင့္ထဲတြင္ေတာ့ ထမင္း အနည္းငယ္ ႏွင့္ အမဲသား ဟင္း ႏွစ္တုံး က်န္ေနေသး၏ ၊ ေမာင္ဘိုးထင္သည္ ထမင္စားၿပီး လက္ေဆးကာ ဝတ္ထားေသာ ပုဆိုးမ်ားအား လက္သုပ္ေနၾကေသာ ဖိုးေထြးတို႔အား ၾကည့္ကာ
“ခင္ဗ်ားတို႔ ကိုသာရ ေကြၽးလိုက္တဲ့ ထမင္းဟင္းေတြ ဘာေကာင္ေတြ လာစားလည္းဆိုတာ ၾကည့္ခ်င္ေသးလား”
“ၾကည့္ခ်င္တယ္ ဘိုးထင္ ”
“အဲ့တာဆို ခနေစာင့္ က်ဳပ္မ်က္ကြင္းေဆး သြားေဖာ္လိုက္ဦးမယ္ ”
“ေအးေအး ျမန္ျမန္သြားကြာ ”
သာေအးသည္ တခါမွ မျမင္ဘူးသည့္အတြက္ ဖိုးေထြးတို႔ထက္ ပို၍ ျမင္ခ်င္စိတ္ျဖစ္ေနေလရာ ေမာင္ဘိုးထင္ကိုပင္ စိတ္မရွည္ ျဖစ္ေနေသး၏၊ ေမာင္ဘိုးထင္သည္ ပုဆိုးကိုခပ္တိုတို ျပင္ဝတ္ကာ ေဖ်ာက္ဆိပ္ပင္ႀကီး ၏ ေဘးရွိ ေတာထဲ ဝင္းသြားပါေတာ့သည္၊
▪️အခန္း-၇
ေမာင္ဘိုးထင္ သည္ မၾကာလွေသာအခ်ိန္တြင္ သသစ္႐ြက္ တ႐ြက္ထဲ ကို တခုခု ထည့္လာၿပီး ဖိုးေထြးတို႔ အနား ေရာက္လာသည္ ၊ ဖိုးေထြးသည္ ေမာင္ဘိုးထင္ယူလာေသာ ဖက္ကို ၾကည့္လိုက္သည္ ဖက္ထဲတြင္ေတာ့ ေရလိုလို အရည္ေလးမ်ားအနည္းငယ္ ပါလာသည္ ဖိုးေထြးမွ ယူၾကည့္မည္ျပဳရာ ေမာင္ဘိုးထင္ တားထားလိုက္၏
“ကိုဖိုးေထြး ကိုင္လို႔မရဘူး က်ဳပ္ပဲ ကိုင္လို႔ရတာ ကိုဖိုးေထြးတို႔ မ်က္လုံးကို ကြင္းေပးရမွာ ”
“ေအးပါ ကြာ ေအးပါ ”
ေမာင္ဘိုးထင္သည္ သူအားၾကည့္ၿပီးထိုင္ေနေသာ သာေအးအား
“သာေအး မင္းက ငါ့ခ်ိဳင့္ထဲက ဟင္းက်န္ ထမင္းက်န္ေတြကို ဟို နားေလး သြားပုံကြာ ”
“ေအး ေအး ဘိုးထင္’
သာေအးသည္ ေမာင္ဘိုးထင္ ခိုင္းသည့္အတိုင္း သူတို႔ ႏွင့္ မလွမ္း မကမ္း တြင္ ထမင္းက်န္ ဟင္းက်န္မ်ား သြားပုံေလသည္ ၊ ေမာင္ဘိုးထင္သည္ သာရအားၾကည့္လိုက္ၿပီး
“ကိုသာရ အေစာက ခင္ဗ်ား ထမင္း မပစ္ခင္ ေျပာသလိုေျပာဗ်ာ ”
“ေအးေအး ဘိုးထင္ ”
သာရသည္ ေတာထဲ၌ ထမင္းစားရင္ လုပ္ေနၾက စားဦးစားဖ်ား ပစ္ေပးရင္ ေျပာသလို တိုးတိုးႏွင့္ ေျပာလိုက္၏ ၊ သာရေျပာၿပီးသြားေသာ အခါ ေမာင္ဘိုးထင္သည္ သူယူလာေသာ ဖက္ထဲ မွ အရည္မ်ားႏွင္ မ်က္လုံးအား ကြင္းေပးေလေတာ့ သည္
“ဘိုးထင္ ”
“ေျပ ာ ကိုဖိုးေထြး ”
“မင္း မ်က္လုံးကြင္းတဲ့ အရည္ေတြက နည္းနည္း နံသလိုပဲေနာ္ ဘယ္လို အနံ႔ႀကီးမွန္း မသိဘူး””
“အဲ့တာ အေရးမႀကီး ပါဘူးဗ်ာ ျမင္ရဖို႔ပဲ့ မဟုတ္လား ”
“ေအးေအး မင္းေျပာတာ မွန္တယ္ ကြင္းကြာ ”
ေမာင္ဘိုးထင္သည္ သုံေယာင္လုံးကို မ်က္စိမွိတ္ထားေစၿပီး ထိုအရည္မ်ားကြင္းေပးလိုက္သည္ ၊ကြင္းေပးၿပီးေသာအခါ ေမာင္ဘိုးထင္မွ စကားဆိုလာသည္
“ကဲအားလုံး ဘာျမင္ရ ျမင္ရ မေျပးၾကနဲ႔ေနာ္။ ေျပးရင္ေတာ့ က်ဳပ္လည္း တာဝန္မယူႏိုင္ဘူး ၾကားလား”
“ေအးပါကြ ”
ေမာင္ဘိုးထင္သည္ ဖိုးေထြး သာရ သာေအး တို႔အားေသခ်ာၾကည့္ၿပီး
“ကဲမ်က္လုံး ဖြင့္ၾကည့္ၿပီး သာေအးသြားထားတဲ့ ထမင္းက်န္ ဟင္းက်န္ေတြကို ၾကည့္ဗ်ာ ”
သူတို႔အားလုံး သာေအးထမင္းပုံထားေသာေနရာသို႔ၾက ည့္ လိုက္ကာ သာေအးသည္ ေမာင္ဘိုးထင္ အနားသို႔ တိုးကပ္သြားေတာ့သည္ သူတို႔အားလုံး၏ ျမင္ကြင္းတြင္ေတာ့ သ႑န္စုံ အ႐ြယ္စုံ လွေသာေၾကာက္မက္ဖြယ္ ပရေလာကသားမ်ားသည္ သာေအးပုံထားေသာ ထမင္း ႏွင့္ ဟင္းအား ဝိုင္း၍ လုယူေနၾကသည္ ၊ လုယူသည္ဆိုေပမဲ့ သူတို႔၏ လက္မ်ားသည္ ထမင္းႏွင့္ ဟင္းအား ထိေတြ႕၍ မရျဖစ္ကာ ေဒါသထြက္ေနၿပီး ေခြးမ်ားပမာ တေကာင္ ႏွင့္ တေကာင္ မာန္ဖီေနၾကသည္ ၊ ထို ပရေလာကသားမ်ားသည္ သူတို႔၏ အနားထိပါ ေရာက္လာၿပီး သူတို႔အား စူးဆိုက္ၾကည့္ေနေလရာ၊ ဖိုးေထြးတို႔ လန္႔ဖ်က္ကာ
“ဘိုးထင္ ငါတို႔ကို မျမင္ေအာင္လုပ္ေပးေတာ့ကြာ ”
“ဟုတ္တယ္ ငါတို႔ကို မျမင္ေအာင္ လုပ္ေပးပါ”,
ဖိုးေထြးတို႔ ဝိုင္းဝန္းေတာင္းဆိုေသာအခါမွ ေမာင္ဘိုးထင္သည္ ေရဘူးမ်ားကို သူတို႔အားလုံးကို ကမ္းလိုက္ၿပီး
“မ်က္ႏွာ သစ္လိုက္ၾက ”
ေမာင္ဘိုးထင္၏ စကားဆုံးသည္ ႏွင့္ ဖိုးေထြးတို႔အားလုံး သူတို႔လက္မွ ေရဘူးမ်ားထဲ မွ ေရႏွင့္ မ်က္ႏွာသစ္လိုက္ေသာ အခါမွ သူတို႔ ၏ ျမင္ကြင္းတြင္ ပုံစံစုံ သ႑န္စုံ ပရေလာကသားမ်ား ေပ်ာက္ကြယ္လို႔သြားပါေလေတာ့သည္ ။
သာေအးသည္ ေၾကာက္လြန္း၍ တကိုယ္လုံး တုန္ယင္ေနရာ ေမာင္ဘိုးထင္မွ ေခ်ာ့ေမာ့ ေနရသည္ ။
“သာေအး စိတ္ေလွ်ာ့ဟ သူတို႔က ငါတို႔ကို ဘာမွ မလုပ္ႏိုင္ပါဘူး သူတို႔စားမရတဲ့ ထမင္းနဲ႔ ဟင္းေတြကို လုေနတာ မင္းလည္းျမင္ရဲ႕ သားနဲ႔ ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ သာေအး ပို၍ ပင္ေၾကာက္လန္႔ေနေလရာ ဖိုးေထြးတို႔ ေခ်ာ့ၿပီး သစ္စိမ့္႐ြာသို႔ ထက္မံ ခရီးဆက္လိုက္ၾကပါေလေတာ့သည္။
▪️အခန္း-၈
ေမာင္ဘိုးထင္တို႔ ညေနအခ်ိန္တြင္ သစ္စိမ့္႐ြာအနားေရာက္လာၾကသည္ ၊ ထိုအခါ ဖိုးေထြးသည္ တလမ္းလုံး ေတြးေတာလာဟန္ရွိသည္ အရာအား ေမးခြန္း ထုတ္၍ ေမာင္ဘိုးထင္အားေမးလိုက္ေတာ့သည္
“ဘိုးထင္ မင္းငါတို႔ကြင္းေပးတဲ့ ေဆးရည္က ဘာေတြလဲ ”
“မသိခ်င္ပါနဲ႔ ဗ်ာ ”
“ေျပာစမ္းပါကြာ ”
“က်ဳပ္ရဲ႕ ပညာရပ္နဲ႔ ဆိုင္လို႔ ေျဖလို႔မရတာ ပါကိုဖိုးေထြးရာ ”
“အဲ့တာဆိုလည္း ၿပီးေရာကြာ ”
ဖိုးေထြး မေက်မနပ္ ႏွင့္ ဆက္မေမေးေတာ့ပါပဲ လမ္းေလွ်ာက္ေနသည္ ၊ ေမာင္ဘိုးထင္ ထိုအရာကို ဖိုးေထြးတို႔အား ေပးသိလို႔မျဖစ္ေပ အဘယ္ေၾကာင့္ ဆိုေသာ ထိုအ႐ြက္ထဲ ထည့္ထားေသာ အရည္ေလးမ်ားမွာ သူ၏ ပညာရပ္ျဖစ္ မန္းမႈတ္ထားေသာ သူ၏ က်င္ငယ္ရည္ မ်ားျဖစ္ေနေသာေၾကာင့္ ျဖစ္၏ ၊ယုတ္ညံ့ေသာ ပရေလာကသားမ်ားကို ျမင္ႏိုင္စြမ္းေစရန္ ျပဳလုပ္ရခ်င္းျဖစ္ေပသည္ ၊ က်င္ငယ္ေရ ဟုသာ ဖိုးေထြးတို႔ သိကာ ဘာအက်ိဳးမွ မရွိ အခန႔္မသင့္ စိတ္ခုေနမည္ ့အက်ိဳးသာရွိ၍ မေျပာရခ်င္းျဖစ္ပါေလေတာ့သည္။
▪️အခန္း-၉
ေမာင္ဘိုးထင္တို႔ ႐ြာထဲ ဝင္ေသာ အခါ ေနဝင္စပင္ ျဖစ္ေနေသး၍ အလင္းေရာင္ ေကာင္းစြာ ရေနေသး၏ ၊ သူတို႔ ႐ြာလယ္ လွည္းလမ္း မွ မသြားပဲ အိမ္ဝိုင္း ေတြထဲ မွ တဝိုင္းၿပီး တဝိုင္းျဖတ္ကာ ေမာင္ဘိုးထင္တို႔ အိမ္ကို သြားေနစဥ္ ၾကက္ေအာ္သံ ႏွင့္အတူ ေမာင္ဘိုးထင္ ႏွင့္ သတ္တူ ႐ြယ္တူ ေကာင္ေလးတေယာက္၏ အသံက ေပၚလာ၏
“ဘိုးထင္ မင္း႐ြာ ဘာလာလုပ္တာလဲ ”
အေပၚစီးမွစကားေျပာသံ ႏွင့္ အတူ ေမာင္ဘိုးထင္၏ ႂကြက္မ်ားကို ခိုးဘူးေသာ ႂကြက္သူခိုး ျမင့္ႏိုင္ျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ ျမင့္ႏိုင္ကို ၾကည့္လိုက္၏ ေမာင္ဘိုးထင္အား အထင္ေသးသည့္ ဟန္ႏွင့္ ရယ္ေနေလ၍ အ႐ြယ္တူ သာေအးမွ ေျပးထိုးမည္ျပဳရာ ဖိုးေထြးတားထားလိုက္ရသည္ ျမင့္ႏိုင္သည္ သာေအးကို ၾကည့္ကာ စကားဆိုလာသည္
“ေပပင္သားေတြက စိတ္ႀကီးသားပဲဟ ”
“ျမင့္ႏိုင္ မင္းေအးေဆးေနကြာ ေနာ္ ”
“ဘိုးထင္ မင္းက ဘာလဲ အခုမွ ဆရာႀကီးဆိုက္နဲ႔ ေပါ့ ငါ့အေဖ ေျပာပုံအရ မင္းက ေအာက္လမ္း ေပါက္စဆို ”
“ေတာ္ ေတာ့ ဘိုးထင္ ”
“မင္းက ဘာလဲ မေက်နပ္ဘူးလား ”
“ငါသြားေတာ့မယ္ လာသာေအး သြားၾကရေအာင္ ”
“ေနပါဦး ၿဂိဳလ္ေကာင္ ဘိုးထင္ရယ္ ငါ့ လက္စြမ္းကို ၾကည့္သြားဦး ”
ျမင့္ႏိုင္သည္ ေျပာေျပာဆိုဆို အိမ္ဝိုင္းေထာင့္ရွိ အိပ္တန္းတက္ရန္ ဟန္ျပင္ေနေသာ ၾကက္ဖႀကီး တေကာင္အား ေလးဂြျဖစ္ပစ္လိုက္ရာ ၾကက္ဖႀကီး ၏ ဦးေခါင္းကို ထိမွန္၍ ၾကက္ဖႀကီး အေၾကာဆြဲကာ လဲေနေလ၏၊
ျမင့္ႏိုင္သည္ အေၾကာဆြဲေနေသာ ၾကက္ဖႀကီးအား ေကာက္ကိုင္လိုက္ၿပီး သူ တို႔ ႏွင့္ မလွမ္း မကမ္း ရွိ အပင္ တပင္ႏွင့္ ႐ိုက္လိုက္ၿပီး ေမာင္ဘိုးထင္တို႔အနားျပန္လာကာ
“ဒါ မင္းကိုခ်က္ေကြၽးမယ္လို႔ေတာ့ မထင္လိုက္နဲ႔ ေနာ္ ”
“မထင္ပါဘူး ”
“တကယ္လို႔ မင္းကို ေကြၽးရမယ္ ဆိုရင္ေတာင္ မင္းကို ေကြၽးမဲ့ အစား ေခြးေကြၽးျပစ္မယ္ ဟားဟား ”
ျမင့္ႏိုင္သည္ သူ၏ စကားကို သူသေဘာက်ကာ ရယ္ေမာေန၏ ေမာင္ဘိုးထင္သည္ စိတ္တိုေနေသာ သာေအးကို ဆြဲထားေစၿပီး ပါးစပ္ပါ မႏၲန္တခုကို ခပ္တိုးတိုး ႐ြတ္လိုက္ၿပီး သူ၏ လက္ညႇိဳးထိပ္ကို သူ၏ သြား ႏွင့္ ကိုက္ေဖာက္လိုက္သည္၊ကိုက္လိုက္ေသာ လက္ညႇိဳးတြင္ ထြက္ေနေသာေသြးမ်ားအား ျမင့္ႏိုင္ လက္ထဲမွ ၾကက္ဖႀကီး အားခါထုတ္လိုက္ရာ ၾကက္ဖႀကီးကို ေမာင္ဘိုးထင္၏ ေသြးအနည္ငယ္ ေပသြားသည္၊ ေမာင္ဘိုးထင္၏ လုပ္ရပ္ကို အားလုံးေၾကာင္ ေငးေနစဥ္ ျမင့္ ႏိုင္ လက္ထဲမွ ဦးေခါင္းေၾကမြေနၿပီ ျဖစ္ေသာ ၾကက္ဖႀကီး သည္ လူလြန္ လာၿပီး ေတာင္ပန္ ခတ္လာရာ ျမင့္ ႏိုင္ လန႔္ျဖတ္ ၿပီး သူကိုင္ထားေသာ ၾကက္ဖႀကီး၏ ေျခႏွစ္ဘက္ကို လႊတ္လိုက္ေတာ့သည္ ၊ ၾကက္ဖႀကီးသည္ ေျမျပင္ေပၚတြင္ ရပ္ေနၿပီး ေတာင္ပန္ကို ခါယမ္းကာ တြန္ေနျပန္သည္
“ေအာက္အီးအီး အြတ္ ”
ထိုသို႔ တြန္သံေပးၿပီေနာက္ ေၾကာင္ေငးေနေသာ ျမင့္ႏိုင္၏ ေျခေထာက္အား ခြပ္ပါေလေတာ့သည္ ၊ ျမင့္ႏိုင္သည္ ေသသြားေသာ ၾကက္ဖႀကီးမွ အသက္ျပန္ရွင္ၿပီး သူအားခြပ္ေနေလရာ ေၾကာက္လန႔္ၿပီး ေအာ္ဟစ္ကာ ေျပးထြက္သြားပါေလေတာ့သည္ ၊
ျမင့္ႏိုင္မရွိေတာ့မွ ေမာင္ဘိုးထင္သည္ ေအာင္ႏိုင္သူပမာ အၿပဳံး တခ်က္ၿပဳံးကာ က်န္သူမ်ားကို ေခၚၿပီး သူ၏ အိမ္သိူ႔ ေျခဦးလွည့္လိုက္ၾကပါေလေတာ့သည္။
▪️အခန္း-၁၀
ေမာင္ဘိုးထင္ သူ၏ အိမ္သို႔ေရာက္ေသာအခါ ေမွာင္စပ်ိဳးေနၿပီျဖစ္သည္၊ အိမ္ထဲသို႔ သူတို႔ဝင္လိုက္ၾကေသာအခါ ခါတိုင္းေတြ႕ေနၾက သူ၏ အေဖဦးေကာင္းမွ ခါတိုင္းလို႔ အိမ္ေရွ႕ကြပ္ပ်စ္တြင္ အရက္ေသာက္ၿပီး ထိုင္မေနေပ ၊ ေမာင္ဘိုးထင္ ဟို ၾကည့္ဒီၾကည့္ လိုက္ရွာ ေနစဥ္ အိမ္ေပၚမွ ဆင္းလာေသာ ဦးေကာင္းသည္
“သား ဘိုးထင္ ေရာက္လာၿပီလားကြ”
ဦးေကာင္း၏ စကားေၾကာင့္ ေမာင္ဘိုးထင္ ေၾကာင္ေငးေနေလသည္ ၊ ဒီအ႐ြယ္ထိ တခါမွ သားဟု မေခၚဘူးေသာ ဖခင္ ျဖစ္သူမွာ ယခု သူအား သား ဟု ေခၚလာရာ သူ၏ ရင္ထဲတြင္ ထိတ္ခနဲ ျဖစ္ရသည့္အထိ ကို စိတ္လႉပ္ရွားေန၍ မည္သည့္စကားမွ မေျပာႏိုင္ ေၾကာင္ေငးေနရာ ဖိုးေထြးမွ ေမာင္ဘိုးထင္၏ ပုခုံးကို ပုတ္ရင္း
“ေဟ့ေကာင္ ဘိုးထင္ မင္းအေဖ ေခၚေနတယ္ ေလကြာ ”
“ေအာ္ အင္း အင္း ”
ဖိုးေထြး သတိေပးမွ ေမာင္ဘိုးထင္ ျပန္ထူးလိုက္ၿပီး က်န္သူမ်ားကို အိမ္ေပၚတက္ေစလိုက္၏ ၊ ဦးေကာင္းမွ ယခုမူ အရင္ ႏွင့္ မတူ ဖ်ာေခ်ာမ်ားကို ကိုယ္တိုင္ခင္းေပးထားသလို ေရေႏြးၾကမ္းပြဲ လည္း အသင့္ ျဖစ္ေန၏ ၊ ထို႔ေနာက္ ဦးေကာင္းသည္ ေမာင္ ဘိုးထင္တို႔အားၾကည့္ကာ
“အခုမွ ခ်က္လို႔ ျပဳတ္လို႔ၿပီး တယ္ ေဟ့ ဒီေန႔ မင္းတို႔ စားဖို႔ ၾကက္ကာလာသား ခ်က္ရယ္ ဝက္သားဆီျပန္ရယ္ ပဲႀကီးႏွပ္ရယ္ အခ်ဥ္ရည္ ေလးရယ္ ခ်က္ထားတယ္ ေဟ့ ”
“ေကာင္းလွခ်ည္လား။အေဖ ရ”
“ေကာင္းရမွာေပါ့ ကြာ ငါ့သားနဲ႔ သူအေပါင္းအသင္းေတြလာမွာပဲ ခဏေန စိုးႀကီးလာလိမ့္မယ္”
“က်ဳပ္လာတာ သူ႔ကို မေျပာရေသးဘူး အေဖ ”
“ငါေျပာထားတယ္ ကြ ကဲ ကဲ စားၾကရေအာင္ကြာ မီးဖိုေခ်ာင္ထဲ လာၾက”
“မီးဖို ေခ်ာင္ထဲက က်ဥ္းပါတယ္ က်ဳပ္တို႔ ကြပ္ပ်စ္မွာ စားၾကတာေပါ့ က်ဳပ္မီး အိမ္ ထြန္း ထားလိုက္မယ္ ”
ေမာင္ဘိူးထင္၏ စကားကို အားလုံးမွ ဝိုင္းေထာက္ခံလိုက္ၿပီး အိမ္ေအာက္ ကြပ္ပ်စ္တြင္ ထမင္းစားရန္ျပင္လိုက္ၾကေလေတာ့သည္။
▪️အခန္း-၁၁
ေမာင္ဘိုးထင္တို႔ ထမင္းစားကာနီးတြင္ ဦးစိုးႀကီးအသံစာစာ ႏွင့္ေရာက္လာသည္ ၊ ဖိုးေထြး ႏွင့္ သာရသည္က ဦးစိုးႀကီးႏွင့္ စုံဖူးၾကသူမ်ားမို႔ ဦးစိုးႀကီး လာေသာ အခါ ေပ်ာ္ေနၾကသည္ ၊ ေပ်ာ္ရသည္ အေၾကာင္းက ရွိေသး၏ ဦးစိုးႀကီးသည္ ေမာင္ဘိုးထင္တို႔ ဆီလာရာ ၌ လက္ဗလာၾကည့္မလာပါ ႂကြက္ေၾကာ္ ၊ ငွက္ေၾကာ္ မ်ားကို ထည့္လာသလို ၾကက္တေကာင္လုံးကို လည္း ရဲေနေအာင္ ကင္ထားၿပီး ယူလာသည္ မဟုတ္ပါလား ေမာင္ဘိုးထင္တို႔ လည္း စကားတေျပာေျပာ ႏွင့္ စားလိုက္ ေသာက္လိုက္ ဦးစိုးႀကီးသည္က သာေအးေလးအား စလိုက္ေနာက္လိုက္ တျခားသူမ်ားက ဝိုင္းရယ္လိုက္ႏွင့္ ေပ်ာ္႐ႊင့္ဖြယ္ ညစာ ထမင္းဝိုင္းေလးက ၿပီးေျမာက္သြားၿပီျဖစ္၏၊ ဤသို႔ ႏွင့္ ဦးစိုးႀကီးလည္း ညအခ်ိန္လင့္ၿပီမို႔ ျပန္သြားေတာ့သည္ က်န္သူမ်ားသည္သာ စကားေခတၱေျပာကာ အိမ္ေပၚတြင္ ဦးေကာင္းျပင္ေပးထားေသာ ဖ်ာေခ်ာေလးေပၚတြင္ ဝင္၍ အိပ္လိုက္ပါေတာ့သည္။
ေမာင္ဘိုးထင္ နည္းတူ က်န္ေသာ သူမ်ားအိပ္ေမာက်ေနသည္ ၊ ထိုအခ်ိန္ ေမာင္ဘိုးထင္အားလႈပ္ႏိုးေနသျဖင့္ ေမာင္ဘိုးထင္ ႏိုးလာ၏
“သား ဘိုးထင္ ထဦး အေဖေျပာစရာရွိလို႔ ကြပ္ပ်စ္ကို လာခဲ့ ”
“ဟုတ္ကဲ့ အေဖ က်ဳပ္လာခဲ့မယ္ ”
ဦးေကာင္းသည္ ထိုမွ်သာေျပာၿပီးအိမ္ေအာက္သိူ႔ ဆင္းသြားေတာ့သည္ ၊ ေမာင္ဘိုးထင္သည္လည္း အိပ္ေအာက္သို႔ဆင္းကာ ကြပ္ပ်စ္ဆီသို႔ သြားလိုက္၏ ၊ ကြပ္ပ်စ္ေရာက္ေသာ အခါ ဦးေကာင္းသည္ ကြပ္ပ်စ္တြင္ ထိုင္ေနၿပီး ကြပ္ပ်စ္အနားေရာက္လာေသာ ေမာင္ဘိုးထင္အားၾကည့္ကာ
“သားမင္းအိပ္ခ်င္ရင္ ဒီကြပ္ပ်စ္မွာ အိပ္ အေဖ ဒီမွာ ထိုင္ ၿပီး စကားေျပာမယ္ ”
ေမာင္ဘိုးထင္ ဘာမွ ျပန္မေျပာ ေခါင္းညိတ္လိုက္ၿပီး ၊ ကြပ္ပ်စ္ေပၚတက္ကာ သူ၏ ဖခင္အနားတြင္ ပက္လက္လန္အိပ္လိုက္၏၊ ထို႔ေနာက္ ေကာင္းကင္မွ ၾကယ္ မ်ားကို ၾကည့္လိုက္ၿပီး ဦးေကာင္းေျပာမည့္စကားမ်ားကို နားေထာင္ရန္ အသင့္ရွိေနလိုက္သည္။
“ငါမင္းကို ေတာင္းပန္ပါတယ္ သား”
“ရပါတယ္ဗ် ”
“မဟုတ္ဘူး ကြ ငါလူမဆန္ခဲ့ဘူး ငါဖခင္တာဝန္မေက်ခဲ့ဘူး တစိမ္းတေယာက္က မင္းကို ေခၚၿပီးေကာင္းေကာင္းမြန္မြန္ ထား႐ုံတင္မကဘူး ငါ့အတြက္ပါ စပါး ႏွစ္ဆယ္ ေပးေသးတယ္ ငါအေတာ္ ရွက္ဖို႔ေကာင္းတယ္ ”
“ရပါတယ္ အေဖရယ္ က်ဳပ္နားလည္ပါတယ္ အိပ္ေတာ့ဗ်ာ က်ဳပ္လည္း အိပ္ခ်င္ၿပီး”
“ေနပါဦးကြာ ငါမင္းကို ေျပာစရာရွိတယ္ ”
“ေျပာပါ အေဖ ”
“ငါ လယ္ ႏွစ္ဧကကို မင္းကို ေပးခဲ့မယ္ မင္းအေဒၚေယာက်္ား အဲ့ လယ္ေတြကို မ်က္ေစာင္းထိုးေနတာ ငါ ႐ြာလူႀကီးကိ ေသခ်ာေျပာထားတယ္ ”
“အေဖ ရွိေနတာ ပဲ ဗ်ာ အေဖပဲ လုပ္ေပါ့ ”
“ၿပီးေတာ့ ဒီအိမ္ကို လည္း အေမြဆိုင္ ဆိုၿပီး မင္းအေဒၚ ေယာက္်ားက လိုခ်င္ေနတယ္ တကယ္ေတာ့ ငါအေမ့ မင္းရဲ႕ အေမႀကီးဆီက ဝယ္ထားတာ ကြ အဲ့တာကို ႐ြာလူႀကီးသိေတာ့ ေတာ္ေသးတယ္ ေျပာရမယ္ ”
“က်ဳပ္က ဒီ႐ြာမွ မေနဘူ အေဖ ေပပင္႐ြာမွာပဲ အၿမဲေနသြားမယ္ ”
“မင္းဘယ္႐ြာမွာ ေနေနပါ ဒါေတြက မင္းပိုင္ရမဲ့အရာေတြပဲ ငါ့သား မင္းအေဒၚ ေယာက္က်ာ္းအေတာ္ေလာဘႀကီးတယ္ကြာ ငါ့ကို အရက္သမားႀကီး မင္းကို မုန္းေနတုန္းပဲ ထင္ၿပီး ငါ့ဆီကို အရက္ ဝယ္ဝယ္ လာၿပီး လယ္ေတြေတာင္းေနတာ ”
“အေဒၚေယာက္်ား အေၾကာင္း က်ဳပ္သိပါတယ္ အေဒၚရွိရင္ ဒီထက္ကို ဆိုးဦးမယ္ ”
“မင္း ဒီ႐ြာမွာ မေနဘူးဆိုလည္း မင္းပိုင္ တဲ့ ဒီက လယ္ေတြ အိမ္ေတြ ကို ေရာင္းၿပီး ေပပင္မွာ ဝယ္စရာရွိတာ ဝယ္ေပါ့ကြာ ”
ဖခင္ျဖစ္သူ၏ စကားေၾကာင့္ ေမာင္ဘိုးထင္ မ်က္လံုးမွိတ္ၿပီး ေတြးလိုက္သည္ သူေငြမ်ားရရင္ ဝယ္မည့္ အရာကို မ်က္လုံးထဲ ေပၚလာသည္ ထိုအရာသည္က ဗုံမ်ားျဖစ္သည္ ၊ ေမာင္ဘိုးထင္ တခ်က္ၿပံဳးလိုက္ၿပီး
“ယူမွာေပါ့ အေဖရာ ဒါေပမဲ့ က်ဳပ္ အေဖ့လယ္ နဲ႔ အိမ္ေရာင္းၿပီး ရင္ ဗုံ အရင္ဝယ္မယ္ ဗ်ာ ”
“ဝယ္ကြာ မင္းလုပ္ခ်င္တာသာ လုပ္ ခုခ်က္ခ်င္းေရာင္းမလား အေဖ ေရာင္းေပးမယ္ ”
“ေနပါ ဦးဗ်ာ မေရာင္းေသးပါ နဲ႔ ဦး ဗုံေလး ဝယ္ခ်င္တာနဲ႔ လယ္ေတြ အိမ္ေတြ ေရာင္းရတယ္ဆိုတာ ၾကားမေကာင္းပါဘူး”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဦးေကာင္းၿပံဳးလိုက္မိသည္ ၊ ယခု အခ်ိန္ထိ သားျဖစ္သူအား အဝတ္အစား တထည့္မွ်ပင္ မဝယ္ေပးဘူးေပ ၊ လူမမယ္ အ႐ြယ္က ေမာင္ဘိုးထင္အားအေဒၚျဖစ္သူမွ ေခၚေမြးထားၿပီး သူ၏ သားမ်ား၏ အဝတ္အစား အက်မ်ားကိုသာ ဝတ္ေစသည္ ။ အေဒၚဆုံးလို႔ အိမ္ေပၚက ႏွင္ခ်ခံရၿပီး အေဖအိမ္ေရာက္ခ်ိန္တြင္လည္း ေမာင္ဘိုးထင္တေယာက္ ႂကြက္ရွာ ငွက္ရွာ ငါးဖား ရွာၿပီး ရေသာ ေငြေလးမ်ားျဖစ္ သူတိုင္းသူ ဝယ္ဝတ္ရသည္ မဟုတ္ပါလား ၊ယခု ဦးေကာင္း သူ၏ သားေတာ္ေမာင္ ဘာလုပ္ခ်င္ လုပ္ခ်င္ လုပ္ေပးဖို႔ အသင့္ျဖစ္ေန၏
“ငါ့သား မင္း ဘာဝယ္ ခ်င္လဲကြာေျပာ အေဖ ဝယ္ေပးမယ္ ”
“က်ဳပ္လိုခ်င္တာေတာ့ ဗုံပဲ အေဖ အဘကို ေျပာရင္ ဝယ္ေပးမွာ သိတယ္ ဒါေပမဲ့ ဗ်ာ သူအိမ္မွာ ေနခိုင္း စားခိုင္းထားတာ အျပင္ စပါးေတာင္ေပးထားတယ္ဆိုေတာ့ က်ဳပ္မဝယ္ ခိုင္းးရ္က္ဘူးဗ်ာ ”
“အေဖ မင္း အဘ ေပးတဲ့ စပါးမယူေတာ့ဘူးလို႔ေျပာေပးပါ ငါ့သား”
“ဟာ အေဖမယူရင္ အေဖ့ အတြက္ စားဝတ္ေနေရးခက္ေနမွာေပါ့ အေဖရာ ”
“မခက္ပါဘူးကြာ အရင္အေဖက ရစ္ထုတ္ႀကီး လုံးလံုးျဖစ္ၿပီး ဘာမွ မလုပ္မကိုင္ေနလို႔ပါ ”
“အေဖ အရက္ေတြလည္း ေလွ်ာ့ေသာက္ဗ်ာ အေဖ့ မ်က္ႏွာက ဖားျပဳတ္ႀကီး နဲ႔တူေနၿပီဗ်”
“ဟားဟား မင္းကေတာ့ကြာ ”
“အေဖ က်ဳပ္အိပ္ခ်င္ၿပီဗ်ာ ”
“အိပ္ေလကြာ အေဖ စကားေျပာခ်င္ေသးလို႔ပါ ”
“ဟုတ္အေဖ ေျပာပါ က်ဳပ္အိပ္သြားရင္ေတာ့ မတက္ႏိုင္ဘူးဗ်ာ ”
“ေအးေအး ငါမနက္ မင္းတို႔အတြက္ ထမင္းထုတ္ ေတြ ထည့္ၿပီး ျပင္ဆင္ထားေပးမယ္ မနက္ အေစာ သြားၾကမွာ မဟုတ္လား ”
“ဟုတ္တယ္ အေဖ “။။
“အင္းအင္ အိပ္ေတာ့ ဒီအခ်ိန္ မင္းအေမရွိရင္ သိပ္ေကာင္းမယ္ ”
“အင္း ”
“မင္းအေမက မင္းဟိုဘက္ေဘးမွာ အိပ္ ငါက မင္းရဲ႕ ဒီဘက္ေဘးမွာ အိပ္ စကားေျပာၾကရယ္ၾက အဲ့လို ျဖစ္ခ်င္လိုက္တာကြာ ”
“က်ဳပ္က အိပ္မက္ထဲ အဲ့လို အၿမဲ ျဖစ္ပါတယ္ ”
“ငါတကယ္ေတာင္းပန္းတယ္ ကြာ ”
“ေရာ အေဖကေတာ့ ဘာျဖစ္ေနမွန္း မသိဘူးဗ်ာ က်ဳပ္နားလည္ပါတယ္ ဆို ”
“ေအးကြာ ငါလည္း အဲ့တာပဲ ေျပာခ်င္ေနတယ္ ”
“အင္း”
ဦးေကာင္းသည္ ေမာင္ဘိုးထင္အနားတြင္ ထိုင္ၿပီးစကားမ်ားေျပာေနသည္ ေမာင္ဘိုးထင္သည္က အင္း အင္း ဟုသာ အိပ္ခ်င္မူးတူး ႏွင့္ ေျဖရင္ အင္းပင္ မလိုက္ႏိုင္ပဲ အိပ္ေပ်ာ္သြားေတာ့သည္ ၊ ဦးေကာင္းသည္ အိပ္ေပ်ာ္ေနေသာ သာျဖစ္သူအား အနည္းငယ္ လင္းေနေသာ လေရာင္ ႏွင့္ ၾကယ္ေရာင္မ်ား၏ အလင္ေရာင္ျဖစ္ သခ်ာၾကည့္ေနရင္ ေမာင္ဘိုးထင္၏ ေခါင္းကို သပ္လို႔ တေယာက္ထဲ စကားေျပာေနပါေလေတာ့သည္။
▪️အခန္း-၁၂
ေမာင္ဘိုးထင္ အိပ္ယာမွ ႏိုးလာသည္ သူ၏ ေဘးတြင္ေတာ့ ဖခင္ ဦးေကာင္း အိပ္ေနေလသည္ ၊ ေမာင္ဘိုးထင္သည္ မီးေသြးခဲ့ႏွင့္ ဆားကိုယူၿပီးသြားတိုက္မ်က္ႏွာ သစ္လိုက္ၿပီး မီးဖိုေခ်ာင္ထဲဝင္သည္ မီးဖိုေခ်ာင္စာပြဲ တြင္ ေကာက္ညႇင္းေပါင္း ႏွင့္ ငါးေျခာက္ဖုတ္ ဆီဆမ္းမ်ား ကို ေတြ႕ရသလို သူတို႔၏ ထမင္းခ်ိဳင့္ ႏွင့္ ေရဘူးမ်ားထဲသို႔ ထမင္း ႏွင့္ ေရ ထည့္ထားၿပီးသားမ်ားျဖစ္ေလ၏ ၊ ေမာင္ဘိုးထင္လည္း ေဝလီဝင္လင္းျဖစ္ေနၿပီျဖစ္၍ ဖိုးေထြးတို႔အား ႏိုးလိုက္ကာ မ်က္ႏွာသစ္ေစ ၿပီးမနက္ခင္းစာကို စားလိုက္ၾကသည္ ၊ ထို႔ေနာက္ ဖခင္ ထုတ္ေပးထားေသာ သူတို႔၏ ထမင္းခ်ိဳင့္မ်ားကို လြယ္အိတ္ထဲ ထည့္ကာ ဦးေကာင္းအိပ္ေနေသာ ကြပ္ပ်စ္ ေလးကို သြားလိုက္ၿပီး ဖိုးေထြးတို႔မွာ ႏိုးမည္ျပဳရာ ေမာင္ဘိုးထင္ မႏိုးးရန္တားလိုက္ၿပီး အိမ္ဝိုင္းအျပင္သို႔ ထြက္ ကာ ေပပင္႐ြာသို႔ ျပန္သြားလိုက္ၾကပါေလေတာ့သည္။
▪️အခန္း – -၁၃
ေမာင္ဘိုးထင္တို႔ သစ္စိမ့္႐ြာမွ ျပန္ေရာက္ၿပီျဖစ္သည္ ေမာင္ဘိုးထင္ သည္ ႐ြာအေနာက္ပိုင္းရွိ ဦး ေက်ာ္စိန္ အိမ္တြင္ ဆီဆံုလည္ရာ တြင္ ဆီဆံုး စီး ၿပီး တေယာက္ တေပါက္စကားမ်ားေျပာေနၾက၏ ၊ဆီဆံု ႏြားေမာင္သူ ကိုပု အား ေမာင္ဘိုးထင္မွ
“ဦးပု ခင္ဗ်ားက တလင္းေခါက္ေတာ့ က်ဳပ္ကို မေခၚဘူး”
“မင္း မွမအားတာ”
“အားပါတယ္ ဗ်ာ လာမွ မေခၚတာ ”
“ေအးပါ ဘိုးထင္ရာ ေနာက္ဆို ငါေခၚပါ့မယ္ ”
ေမာင္ဘိုးထင္ ဆီဆံုတြင္ ဆီက်ိတ္ေသာ ကိုပု ႏွင့္ စကားေျပာေနစဥ္ ဦးအုန္း သုတ္သီးသုတ္ျပာ နဲ႔ ေရာက္လာၿပီး
“ေကာင္ေလး ”
“ဗ်ာ အဘ ဘာလို႔လဲ ဗ် ”
“ဟို ဟိုဟာကြာ မင္းအေဖ ဆံုးၿပီတဲ့ ”
“ဟာ မျဖစ္တိုင္တာ အေဖက မေန႔ကမွအေကာင္ းႀကီးပါ က်ဳပ္တို႔ကို ထမင္းေတာင္ထုပ္ေပးလိုက္ေသးတာကို ”
“မဟုတ္ဘူး တကယ္ကြာ ”
“အဘ က်ဳပ္ကို လိမ္ေနတာ မဟုတ္လား”
“ငါက မင္းကို လိမ္ဖူးလို႔လား ”
ေမာင္ဘိုးထင္ ေငးငိုင္၍ သြားရပါ၏ ၊မေန႔ကမွ အေကာင္းႀကီးျဖစ္ေသာ သူ၏ ဖခင္ကို ျမင္ေယာင္လာပါသည္ ၊ ဖခင္တေယာက္လို ယခု ျပဳမူဆက္ဆံလာေသာအေဖ သည္ ကြပ္ပ်စ္ေပၚ မွာ အိပ္ေနေသာ သူအား စကားမ်ားေျပာေနခ်င္းသည္ ေနာက္ဆုံး စကားေျပာခ်င္းလို႔သာ ေမာင္ဘိုးထင္ သိခဲ့ရင္ တညလုံး မအိပ္ပဲ သူ၏ ဖခင္ေျပာေသာ စကားကို နားေထာင္ေနမည္မွ ဧကန္အမွန္မလြဲပင္ ၊ယခုတြင္ေတာ့ ေမာင္ဘိုးထင္တေယာက္ လက္ခ်ိဳးေရတြက္လို႔ရသည့္ ဖခင္ျဖစ္သူ၏ အၿပဳံးအား ဘယ္ေသာအခါမွ ျမင္ေတြ႕ခႊင့္မရႏိုင္ေတာ့သည္ကို ေတြးေတာရင္ စိတ္မေကာင္း ျဖစ္ေနရပါေလေတာ့သည္။
▪️ေအာက္လမ္း ဘိုးထင္ ႏွင့္ ေနာက္ဆုံးစကား သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ အသုဘ ဟုအမည္ရေသာ ဝတၳဳေလးအား တင္ဆက္ေပးပါမည္။
📝ေမာင္တင္ဆန္း
#mgtinsan