” အောက်လမ်းဘိုးထင် နှင့် အသုဘ “(စ/ဆုံး)

Unicode Version

” အောက်လမ်းဘိုးထင် နှင့် အသုဘ “(စ/ဆုံး)
———————————————————-

(၇)

▪️အခန်း-၁

မောင်ဘိုးထင်တယောက် ရွာ၏ မြောက်ဘက်ရှိ ချောင်း‌ရိုးလေးဘေးတွင်ထိုင်နေသည်၊ သူ၏ဖခင်း ဆုံးတာ သိပေမဲ့ ချက်ချင်းလိုက်သွားဖို့ကအဆင်မပြေ ဦးအုန်းလည်းလိုက်မည်ဖြစ်ရာ မနက်အစောထသွားမည်ဟုသာ ဆုံးဖြတ်လိုက်ပြီး ရိုးလေးဘေးတွင် တယောက် တည်း ထိုင်နေချင်းဖြစ်သည် ၊သူရွာကို နောက်ဆုံးတခေါက် သွားတုန်းက အပြောင်းလဲကြီး ပြောင်းလဲနေသော ဖခင်သည် ၊ ယခုသူရွာသို့ပြန်‌ေရာက်ချိန်တွင်တော့ မည်သည့်စကားမျှ ပြောနိုင်မည်မဟုတ် အိမ်၏ နောက်ခန်းတွင် ပန်းအိုတလုံး ထဲ ရွက်လှပန်းပင်များထည့်ပြီး သူ၏ဖခင်ခေါင်းရင်တွင်ထားထားကာ ပက်လက်လန် အနေထားနှင့် သေဆုံးနေသော ဖခင်၏ အလောင်းကို သာ တွေ့ရမည်မဟုတ်ပါလား ၊ ဦးအုန်းပြောပြသော ကောင်လေးရေ လွမ်းလာရင် အနာနဲ့ မေ့ဆိုသည့်စကားကို လက်ကိုင်ထားမည်ဆို‌ပြန်သော ဖခင်၏ နောက်ဆုံး ဂရုစိုက်ပေးခဲ့ သည် အမှတ်တရများသာ သူ၏ စိတ်ထဲ ကြီးဆိုးနေလေရာ သူ့အပေါ် မကောင်းခဲ့သောအရာများကို ကောင်းကွက်တခုတည်းနှင့် အရာအားလုံးကို သူသင်ပုန်းချေနိုင်ခဲ့သည် မဟုတ်ပါလား ၊ သူ၏ဖခင် သူ့အပေါ်မည်သို့ ဆိုးသွမ်းစွာ ပြုမူနေခဲ့ပေမည့် သူ မမုန်းခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော သူ၏အမေဖြစ်သူအား အစမတန်ချစ်တာဘဲဟုသော ‌အကြောင်းပြချက် တခုလေးကြောင့် သူမမုန်းရက်ခဲ့ ၊ မောင်ဘိုးထင် ရိုးထဲမှ စီးဆင်းနေသော ရေလေးများကို ကြည့်ကာ ငေးပြီးတွေနေစဉ် သူ၏ ပုခုံးကို ပုတ်ပြီး သူအနားဝင်ထိုင်လိုက်သော သူ နှစ်ယောက်မှ ဖိုးထွေး နှင့် သာရဖြစ်သည် ဖိုးထွေးသည် မောင်ဘိုးထင်၏ ပုခုံးပေါ် လက်တင် လိုက်ပြီး

“ဘိုးထင် ငါတို့လည်းစိတ်မကောင်းပါဘူးကွာ ”

“ရပါတယ်ဗျ ဘာမှ မဖြစ်ပါဘူး ”

“အေးပါကွာ ဒါနဲ့ မင်းဘယ်အချိန် ရွာပြန်မှာလဲ ”

“ကျုပ်က အခု‌ပြန်ချင်တာ ဒါပေမဲ့ အဘက အသက်ကြီးနေပြီလေ ညရေးညတာ ”

မောင်ဘိုးထင် စကားမဆုံးခင် ချောင်းရိုးလေးနှင့် မလှမ်းမကမ်း မှ ဦးအုန်း တယောက် ‌ခါးကို ထောက်ပြီး အော် ခေါ်သံထွက်ပေါ်လာသည်

“ကောင်လေး မင်းကွာ ဘယ်တွေ လျှောက်သွားနေတာလဲ အခု မင်းရွာသွားကြမယ် ”

“အဘ မနက်မှ သွား”

“ဒီကောင်လျှာရှည်လိုက်တာ လာသွားမယ် ”

မောင်ဘိုးထင်သည် ထိုင်နေရမှ ထရပ်လိုက်ပြီး ဖိုးထွေး နှင့် သာရကို ကြည့်လိုက်၏ ၊ မောင်ဘိုးထင်ကြည့်သည့် အဓိပ္ပါယ်ကိုသိသော ဖိုးထွေးသည်

“ငါတို့ လိုက်မှာ တို့ရွာက လူတော်တော် များများ လိုက်ချင်‌ေနကြတယ် မင်းသဘောဘယ်လို ရလဲ ”

“အဘကို မေးကြည့်ရမှာပဲ အဘလိုက်ခိုင်းမလား မလိုက်ခိုင်းမလား မသိဘူး ”

မောင်ဘိုးထင် နှင့် ဖိုးထွေးတို့ စကားတပြောပြော နှင့် လမ်းလျှောက်လာရာ ဦးအုန်း အနားသိူ့ ရောက်လာ သည် ၊ ဦးအုန်း အနားရောက်သော အခါ မောင်ဘိုးထင်သည် ဦးအုန်းကိုကြည့်ကာ

“အဘ ရွာက လူတွေက ကျုပ်ရွာလိုက်ချင်လို့တဲ့ အဘသဘောကော ”

“ငါကြားပြီးပြီ ဒါပေမဲ့ ငါမလိုက်ခိုင်းခဲ့ဘူးကွာ မင်းကလည်း ငါအိမ်မှာနေတာ ကြာပြီဆိုတော့ ဟိုရောက်ရင် မင်းက ဧည့်သည် သဘောမျိုးဖြစ်နေပြီလေ ဧည့်သည်တွေ နေရေးစားရေးခက်မယ် ထင်လို့”

“အဘ သဘောပါပဲ”

ဦးအုန်းစကားကို၏ ပြောစကားကို ကြားသော သာရ နှင့် ဖိုးထွေးသည် ဦးအုန်းအား စကားဆိုလာသည်

“ဦးအုန်း ကျုပ်တို့က လိုက်မှာနော် ”

“အေးပါကွာ မင်းတို့က မလိုက်ခိုင်းလည်းလိုက်မဲ့ သူတွေဆိုတာ ငါသိတယ် သွားမင်းတို့ မိဘ‌ေတွကို ခွင့်တောင်းကြတော့ ငါတို့ သွားတော့မှာ ”

ဦးအုန်း၏ စကားဆုံးသည်နှင့် ဖိုးထွေး နှင့် သာရသည် ဦးအုန်းနှင့် မောင်ဘိုးထင်ကို နုတ်ဆက်ကာ ချောင်းရိုးလေးဘေးမှနေ သူတို့၏အိမ်များသို့ ထွက်သွားကြပါလေတော့သည်။

▪️အခန်း-၂

ဆွမ်းစားသံချောင်းခေါက်သံကြားရသည့်အတွက် မနက်၁၁နာရီဆိုတာ လူတိုင်းသိမည်ဖြစ်သည်၊ ထိုအချိန်တွင် ဦးအုန်း ဦးဆောင်ကာ မောင်ဘိုးထင်တို့ အဖွဲ့ ‌ပေပင်ရွာမှ ထွက်လာကြသည် ၊ ဖိုးထွေး နှင့် သာရ အပြင် သာအေး ပါ ပါလာသည် ၊ တခြား လူကြီးများက လိုက်လိုကြသောလည်း ခရီးလမ်းပင်ပန်းမှာရယ် သူတို့အား ဧည့်ဝတ်ကျေပွန်မည့်လူ ဘယ်သူမှ မရှိသော ကြောင့် ဦးအုန်းမှ မလိုက်ရန် တားရချင်းဖြစ်သည် ၊ ခရီးလမ်း ကို မည်သည့်စကားမှမပြောကြပဲ နုတ်ဆိတ်လို့သာ လမ်းလျှောက်နေကြသည် ၊ အတန်ကြာသောအခါ ချောင်းဟမ်သံတချက်ပေးပြီး ဦးအုန်းမှ စကားဆိုလာသည်

“အဟမ်း… ကောင်လေး လူဆိုတာ သေမျိုးကွ မင်းလည်း သေမယ် ငါလည်းသေမယ် နောက်‌ကကောင်တွေလည်း သေမဲ့ကောင်တွေ”

ဦးအုန်း၏ စကားကြောင့် နောက်မှ လမ်းလျှောက်နေသော ဖိုထွေးသည် ၊ ဦးအုန်း၏ နောက်ကျောကို ကြည့်ပြီးမဲ့ပြူံတချက်ပြုံးလိုက်သည် ၊ ဦးအုန်းသည် သူအားမကျေမနပ်ဖြစ်နေသော ဖိုးထွေးအား သူမမြင်ပါ ထို့ကြောင့် ဆက်ပြီး စကားဆို လေသည်

“ကောင်လေး မင်း ဘယ်လိုခံစားရတယ်ဆိုတာ ငါနားလည်တယ် ဒါပေမဲ့ …”

ဦးအုန်းသည် မောင်ဘိုးထင်အား နှစ်သိမ့်စကား ပြောလက်စ နှင့် ရပ်နေသည် သူဘာဆက်ပြောရမည် မှန်း မသိတော့၍ စဉ်းစား‌ေနချင်းဖြစ်၏၊ ဦးအုန်း မည်သို့‌ေပြာရမယ်ဆိုတာ စဉ်းစားမရဖြစ်နေသည်ကို သိသော ဖိုးထွေးမှ

“ဦးအုန်းပြော‌ေလဗျာ ပြောလက်စ စကားကြီးကို ”

“ဟိုဟာ ကွာ လူဆိုတာ သေမျိုး မင်းလည်းသေမယ် ငါလည်းသေမယ် ”

“နောက်‌က ကောင်တွေလည်းသေမယ် ဒါပဲပြောမှာ မဟုတ်လား ”

ဦးအုန်း ပြောမည့် စကားကို ဖိုးထွေးဖြတ်ပြီးပြောလိုက်‌ေသာကြောင့် အနောက်မှ ဖိုးထွေးအား ဦးအုန်း မကြည်သလိုကြည့်နေ၏၊ မကျေမနပ်ဖြစ်နေသော ဦးအုန်းကို ကြည့်ပြီး မောင်ဘိုးထင် စိတ်မကောင်းသည့်ကြားမှ ပြုံးလိုက်မိသည် ၊ မောင်ဘိုးထင်သည် နောက်မှ ဖိုးထွေးတို့အား လှည့်ကြည့်လိုက်ပြန်သည် သူအားပြုံးပြ နှစ်သိမ့်‌ေနသည့် မျက်နှာများကို မြင်ရ၍ စိတ်ချမ်းသာမိသည် ၊ ယခု သူအနားတွင် ရှိနေသော လူများကြောင့် သူ့ဘဝ စိုပြေနေသည် မဟုတ်ပါလား ၊ ပြုံယောင်သမ်းလာသော မောင်ဘိုးထင်၏ မျက်နှာကို မြင်ရ၍ ဦးအုန်းအပါအဝင် ကျန်သူများ စိတ်ချမ်းသာနေရသည် ၊ ဦးအုန်းသည် မောင်ဘိုးထင်၏ ‌ေခါင်းကို လက်နှင့် ပုတ်ကာ

“ကောင်လေး မင်းအတွက် ငါဗုံဝယ်ပေးမယ် ”

“ဘာလဲ အဘက ကျုပ်ကို စိတ်မကောင်းဖြစ်နေတယ်ဆို ပြီး စိတ်ပြေအောင်ပြောနေတာလား ”

“ကောင်လေး မင်းကို ငါဘယ်တုန်းက စကားအပိုပြောဘူးလဲ ”

“အေပါဗျာ ကျုပ်သိပါတယ် ”

‌ဦးအုန်းမှ ဗုံဝယ်ပေးမယ်ပြောသောအခါ ဖိုးထွေးသည် အားကျမခံ မောင်ဘိုးထင်အား စကားဆိုလာသည်

“ဘိုးထင်ရေ ဦးအုန်း တကယ် ဗုံဝယ်ပေးရင် ငါ ငါ့အဘကို ကြေး‌နောင် ဝယ်ခိုင်းမယ်ကွာ ပြီးရင် ဘကြီးမြ ဆီသွားသင်ကြမယ် ”

“ခင်ဗျား ဘင်ဂျိုကြီးကကော ”

“နှစ်ခုလံုးသင်မှာပေါ့ကွာ ဖိုးထွေးပါကွာ သူများတွေလို နွားလှည်းမောင်းတာလောက်ပဲ သိတဲ့ ကောင်မဟုတ်ဘူး”

ဖိုးထွေး သည် သာရအား ငဲ့စောင်းကြည့်ပြီးပြောလိုက်ရာ သာရသည် သူအားစောင်းပြောနေသည်ကို သတိထားမိသွားကာ

“ဘိုးထင် ရေ တချို့ကောင်တွေက ဘင်ဂျိုကို တတောင်‌တောင် လောက်ပဲ တီးတက်တာကွ အဲ့လောက်ကတော့ ဟိုက သာအေးကို ရွာဦးကျောင်းက အုန်းးမောင်းကို တုတ်နှစ်ချောင်း နဲ့ ခေါက်ခိုင်းထားရင်တောင် အဲ့ဒီထက် နားထောင်ကောင်းမယ် ”

“ဟေ့ကောင်သာရ မင်းငါ့ကို ပြောတာမဟုတ်လား ”

“မင်းနာမည်ပါလို့လား ဖိုးထွေးရ”

“ရွာမှာ ဘင်ဂျိုတီးတာ ငါတယောက်တည်းကွ”

“ဘကြီးမြကော ဘယ်သွားထားမလဲ ”

“ဘကြီးမြက တီးတက်တယ်ကွ ”

“အဲ့တာဆိုမင်းက မတီးတက်ဘူးလို့ပြောတာမဟုတ်လား ကိုယ့်အကြောင်း ကိုယ်သိရင် ပြီးတာပါပဲ”

“မင်း မင်းနော် မိကျော့တို့အိမ်တူတူ သီချင်းသွားဆို တုန်းက မင်းဘာလို့လိုက်လဲ ”

“ဟေ့ကောင် မင်းတီးတာ ကောင်းမလားလို့ပေါ့ ကွ မင်းက တတောင် တောင် လုပ်နေ အိမ်ဝိုင်းထဲ မိကျော့ အဖေ ကြီး လေးဂွကြီးကိုင်ပြီး လျှောက်သွားနေတာ မမြင်ဘူ မဟုတ်လား”

ဖိုးထွေး နှင့် သာရ စကားများချေပြီ ၊ သူတို့က မတည့်အတူနေများဖြစ်သည် ယခု စကားများနေချင်းကို အချိန်မှီ တားစီး နိုင်က တော်ရာကျမည် ၊ ထိုစကားများနေမှုကို တားစီနိုင်သူက မောင်ဘိုးထင်သာ ရှိသည် မဟုတ်ပါလား ၊ ဦးအုန်းသည် မောင်ဘိုးထင်အား လက်တို့ပြီး နောက်မှ ဖိုးထွေးနှင့် သာရ တို့အား မျက်စာပြစ်ပြလိုက်ရာ

“ကဲ ကဲ တော်ကြတော့ဗျာ ခင်ဗျာတို့ကလည်း ဘာမှ မဟုတ်တာလေး နဲ့ စကားများနေကြတယ် ကိုသာရ ခင်ဗျားက ကိုဖိုးထွေးပြောလည်း ပြောချင်စရာ ”

“ဘာလို့လဲ ဘိုးထင်ရ ”

“ခင်ဗျားက ဘာမှ စိတ်မဝင်စားတာ အဲ့‌တော့ ခင်ဗျားက နှဲ မှုတ်သင် ကြားလား”

“အေး အေးပါကွာ နှဲ မမှုတ်ပဲ လကွမ်းလေး”

“လကွမ်းက ဟောဟိုက သာအေးတောင်တီးတက်တယ် ”

ဘိုးထင်ပြောစကား သာအေး မကျေနပ်ပါ အစောကလည်း သာရမှ အုန်းမောင်းခေါက်ခိုင်းသည်မဟုတ်ပါလား အခုလည်း လကွမ်းတီးခိုင်နေသည့် အတွက် မကျေမနပ်ဖြစ်ကာ

“ဟေ့ကောင် ဘိုးထင် မင်းကတော့ မဟုတ်ဘူးကွာ မင်းနဲ့ ငါက သတ်တူရွယ်တူပါ မင်းက ဆိုင်းဆရာ လုပ်ပြီးငါ့ကို လကွမ်း တီးခိုင်းရတယ် လို့ မသကာ နှဲ မှုတ် ခိုင်းတော်သေး”

“သာအေးမင်းက လကွမ်းနဲ့ လိုက်လို့ကွ ဆိုင်းထဲ မင်းတီးရမဲ့ လကွမ်းအသံက အကျယ်ဆုံးဟ မင်းလကွမ်းကြီးက တခြားကထွက်တဲ့ အသံတွေကိုလွှမ်းကုန်တာ ဆိုတော့ မင်းက ဆရာကြီးဟ ”

မောင်ဘိုးထင်၏ စကားကြောင့် သာအေး ခေါင်းလေးမော့ပြီး တွေးနေသည် ၊ ခဏ ကြာသော အခါ

“ဟုတ်တယ်ဟ ရွာက ဆိုင်းအဖွဲ့ ဆိုင်းတီးရင် အဲ့ လကွမ်းကြီးတီးရင် ကျန်တဲ့ အသံတွေ သိပ်မကြားရဘူး သူကဆရာကြီးဟ ငါတီးမယ် ကွာ ”

မောင်ဘိုးထင် သူ၏ အပေါင်းအသင်းများနှင့် ငြင်းခုံ စကားပြောနေလေရာ သူ၏ ဖခင်အတွက် စိတ်မကောင်း ဖြစ်သည်ကို မေ့နေပြီဖြစ်၏ ၊ ငယ်ငယ် ကတည်းမှ လက်ပွန်းတနှီး မနေရသော ဖခင်၏ နာရေးကို ဤမျှလောက် ပူဆွေးသောက ရောက်သည်မှ အတော်ပင် နှလုံးသား ကြီးသည် ဟုပြောရမည်ဖြစ်သည် ၊ ပျော်ပျော်နေတက်ပြီးပွင့်ပွင့် လင်းလင်းရှိလှသော မောင်ဘိုးထင် သည် လောကဒဏ်ကို ရင်ဆိုင်ခဲ့ရသည်မှာ အရွယ်နှင့် မမျှ ရင်ဆိုင်ဘူးပြီမို့ နှလုံးသာမှာ အသားမာတက်နေပြီဖြစ်ရာ သူ၏ နှလုံးသားက မာ‌ေကျာနေပြီ မဟုတ်ပါလား ၊ ယခု သူဝါသနာ ထုံမွှန်းလှသည် ဆိုင်းအကြောင်းပြောနေသောကြောင့် အားကြိုးမာန်တက် စကားဆိုနေသည်၊ ဘေးတွင် မည်သည့်စကားမှ‌မပြောသော ဦးအုန်းသည် မောင်ဘိုးထင်ကို ကြည့်ပြီး သဘောကျနေလေသည် ၊ ယခုလည်း မောင်ဘိုးထင်တို့ အဖွဲ့ ငြင်းခုံနေကြပြန်သည် ၊ သူတို့ ငြင်းနေကြသည့်အကြောင်းမှ

“ဘိုးထင် ငါက ဆိုင်းနာမည်ကို ပေပင် ဆိုင်းလို့ပေးချင်တယ် ”

“ဟ ဖိုးထွေး ပေပင် ဆိုင်းဆိုတဲ့ နာမည်က ရှိ‌ပြီးသားဟ ရွာက ဘိုတော်တွေတီးတဲ့ ဆိုင်းနာမည်က ပေပင်ဆိုင်းလေကွာ ”

“အဲ့တာဆိုလည်း ဘိုး ဖိုး သာ သာ လို့ပေးကွာ ”

“ဘာလဲဟ ဘိုး ဖိုး သာ သာ ”

“မင်းကလည်း အတိုကောက်ပေးထားတာကွာ ဘိူးက ဘိုးထင် ဖိုးက ငါ သာက မင်း နောက် တသာက ဟိုကောင်သာအေး”

သာအေးသည် ထပ်ပြီး မကျေမနပ် ဖြစ်နေပြန်ပြီဖြစ်သည် ၊သာအေးသည် နာမည်ပေးနေသော ဖိုးထွေးကို ကြည့်ပြီး

“ဟာ ခင်ဗျားက ကျုပ်နာမည်ကို နောက်ဆုံးထားတယ် တကယ်ဆို ဘိုး သာ သာနှစ် ဖိုး လို့ပေးရမှာ ”

“သာတစ်ကကျုပ် သာနှစ်က ကိုသာရ ”

မောင်ဘိုးထင် ခေါင်းကုတ်နေရပြီဖြစ်သည် ၊ သာအေးပြောသည်များကို နားထောင်ပြီး ခေါင်းရှပ်နေချင်းဖြစ်သည် ၊ ဘာလဲ ဆိုင်းနာမည်က ဘိုး သာ သာနှစ် ဖိုး လို့ပဲ ဟုလည်း တွေးနေရင်း

“‌တော်ကြတော့ဗျာ ခင်ဗျား တို့က နေရာ တအားလိုချင်တာပဲ နာမည် မပါတော့ ဘာဖြစ်မှာလဲ ဆိုင်းကောင်းဖို့ အဓိကပဲ အဲ့တော့ ဘိုးထင် ဆိုင်းလို့ပဲ ပေးမယ် ဗျာ ”

သာအေး မကျေမနပ် ပြန်ပြောမယ် ကြံစဉ် သာအေး အနားမှာ ရှိသော သာရမှ သာအေး၏ပါးစပ် ကို လက်နှင့်ပိတ်ထားလိုက်သည် ၊ သူတို့ လည်း မကျေနပ်ပါ သို့ပေမဲ့ ဖခင် ဆုံးရှုံး ထားသည်အတွက် သူစိတ်ကြိုက် လုပ်ခွင့်ပေးထားချင်း ကြောင့်ဖြစ်သည် ၊ နာမည်က အရေးမကြီး ဘူဆိုပြီး ဘိုးထင် ဆိုင်းဟု အမည်ပေးတာ သူတို့ မကျေနပ်ပေး ၊ သို့ပေမဲ့ နားလည်ပေးလိုက်ကြကာ စကားတပြောပြော‌နှင့် သစ်စိမ့်ရွာသို့ သွားနေကြပါလေတော့သည်။

▪️အခန်း-၃

မောင်ဘိုးထင် တို့ သစ်စိမ့်ရွာရောက်ချိန်တွင်တော့ အချိန် လင့်နေပြီဖြစ်သည် ၊မောင်ဘိုးထင် သည် လရောင် နှင့် ကြယ်ရောင်များ၏ အောက်တွင် သူ၏ အိမ်ရှိရာ ကို သွားနေပါသည် ၊ အိမ်နှင့် မလှမ်းမကမ်းရောက်သော အခါ သူ၏ အိမ်ဝိုင်းထဲတွင် မီးတုတ်များ ထွန်းညှိပြီး ရွာသားများ၏ လက်မှာ ကိုင်ထားကြဟန်ရှိသဖြစ် လင်းထိန်နေသည် ၊ အိမ်ဝိုင်းပေါက်ဝ ရောက်သော အခါ ‌မောင်ဘိုးထင်တို့ မြင်ရသည်မှာ ရွာသားများသည် မီးတုတ်များကိုင်ထားပြီး အိမ်ဝိုင်းထဲ ၌ စုရုံးနေကြသည် ၊ အိမ်ပေါ်တွင်တော့ အရက်ဆိုင်ပိုင်ရှင် ဦးစိုးကြီး နှင့် ရွာလူးကြီး ထို့နောက် တခြားရွာသားများ၏ ဒေါ နှင့် မောနှင့် အသံများ ပေါ်လာတော့သည် ၊။

“‌ဒီ အလောင်းကို အခု ချက်ချင်းမြှုပ် ဒီလို အရက်သမားကို ဖျာလိပ်ပြီး မြှုပ်လိုက်လည်းရတယ် ရွာလူကြီး ”

“ဟေ့ ကောင်တွေ မင်းတို့ဘာစကားပြောတာလည်း ကိုကောင်းက ငါ့ရွာသား ပြီးတော့သူ့သား ဘိုးထင်ရှိသေးတယ် ”

“သူသားရှိသေးတော့ ဘာအ‌ေရးလည်း ကျုပ်တို့မပါပဲ ဒီအလောင်းကြီးကို အဲ့ ဒီက‌လေးက မြေချပေးနိုင်လို့လား”

ရွာလူကြီး နှင့် ရွာသားများ အချေအတင်းစကားပြောနေ၏ ၊ ထိုအချိန် ဦးစိုးကြီး၏ ဒေါသ အသံ နှင့် ပြောသော စကားများက ပေါ်လာသည်

“ဟေ့ကောင် ဝင်းမောင် မင်းက ပိုဆိုးနေတာ မင်း‌က ဘိုးထင် ပိုင်တာတွေကို အပိုင်မစီးရလို့ မီးလောင်ရာ လေ‌ပင့် လုပ်နေတာ မဟုတ်လား ”

“စိုးကြီး မင်းနဲ့ ဘာဆိုင်လဲ မနက်ဖြန်ဆို ဇော်မိုးတို့ အလှူဝင်ပြီး အဲ့တော့ ဒီမသာကို အခုည မြေချရမှာပဲ ”

“ဟုတ်တယ် ဟေ့ ဝင်းမောင်ပြောတာ မှန်တယ် ”

အိမ်ဝိုင်းဝ တွင် ရောက်နေကြသော မောင်ဘိုးထင်သည် သူတို့ပြောစကားများကို အတန်သင့် ကြားရပြီ ဖြစ်သောကြောင့် အခြေအနေ တချို့ကို ကောင်းစွာသဘောပေါက်မိသည် ၊ သူတို့ ညတွင်းချင် ရောက်လာ‌လို့ တော်သေး၏ ။ ရွာသား အများစုက မောင်ဘိုးထင်၏ အဖေကို သင်္ဂြုလ် ချင်နေကြသည် ၊ရွာသားများသည် ဦးစိုးကြီးကို အရေးမစိုက်ပေ ရွာလူကြီးမှ လက်မခံလို့သာ မောင်ဘိုးထင် ၏ အဖေအလောင်းအား ဖျာ ပတ်ပြီး မြေမမြှုပ်ချင်းသာဖြစ်သည် ၊ မောင်ဘိုးထင်သည် အေးဆေး တည်ငြိမ်စွာ နှင့် အိမ်ဝိုင်းထဲသို့ဝင်လိုက်သည် ၊ ရွာသားများ၏ မီးတုတ်များမှ အလင်းရောင်ကြောင့် မောင်ဘိုးထင်တို့ ဝင်လာသည်ကို အထင်းသာမြင်နေရသည် ၊ ရွာသားများသည် မောင်ဘိုးထင်တို့ကိုကြည့်ကာ

“ဟေ့ ဘိုးထင် ရောက်လာပြီဟေ့ ”

“အဲ့‌ေကာင်ကို အိမ်ပေါ်တက်ခိုင်း လိုက်”

‌ဆုံးပါးသွားပြီဖြစ်သော အဒေါ်ဖြစ်သူ၏ ယောက်ျား ဝင်းမောင်၏ မာကျောသော အသံသည် အိမ်ပေါ်မှ ထွက်လာသည် ၊ ထိုအခါရွာသားများသည် မောင်ဘိုးထင်တို့ကို အိမ်ပေါ်တက် စေလိုက်သည် ၊ မောင်ဘိုးထင်နောက် တွင် ဦးအုန်းတို့သည်လည်း မျက်နှာထားကို တင်းပြီး လိုက်လာသည် ဦးအုန်းသည် မောင်ဘိုးထင်ကိုလည်း တိုးတိုးကပ်ပြီး

“ကောင်လေး မင်းစိတ်ကြိုက်သာလုပ် မင်းနောက်မှ ငါရှိတယ် တရွာနဲ့ တယောက်ဆိုလည်း ငါမကြောက်ဘူး ကြားလား”

ဦးအုန်းနည်းတူ ကျန်သော ဖိုးထွေးတို့မှလည်း အသံခပ်အုပ်အုပ်ဖြစ်

“ဘိုးထင် နည်းနည်းကြောက်ပေမဲ့ မင်းနောက်မှာ ငါရှိတယ် ”

“ဟုတ်တယ် ဘိုးထင် ငါလည်း ဒူးနည်းနည်းတုံနေပေမဲ့ မင်းနဲ့ တူတူ ရှိတယ် ”

သာရနှင့် ဖိုးထွေး ထိုသို့ပြောသော အခါ သာအေးသည် မောင်ဘိုးထင်နားကပ်လာပြီး

“ဘိုးထင် ငါက ကိုဖိုးထွေးတို့ ကိုသာရတို့လို ကြောက်တဲ့ ကောင်စားမျိုးမဟုတ်ဘူး သိလား အမှန်တရား အတွက်ဆို အသက်ပါပေးရဲတယ်ကွ”

“မင်းက ဘယ်ဟာ မှန် ဘယ်ဟာ မှား သိလို့လား”

“ဟဘိုးထင်ရ မင်းမှန်ရင် မှန်တယ်ကွာ ကြားလား”

ဘိုးထင်နားတွင် အသံခပ်စွာစွာ နှင့်ပြောနေသော သာအေးကြောင့် ဖိုးထွေး နှင့် သာရ ပင် မျက်နှာငယ်သွားရမတက်ဖြစ်နေသည် ၊ သူတို့အားလုံး အိမ်ပေါ်ရောက်သော အခါ ရေနံဆီ မီးခွက်များ၏ အရောင်များကြောင့် အိမ်ထ‌ဲကို ရှင်းလင်းစွာတွေ့ရသည် ၊ ဦးကောင်း၏ ရုပ်အလောင်းသည် အိမ်နောက်ခန်းတွင် ဖျာကြမ်းပေါ်တွင် စောင်တထည်ကို ခင်းပေးထားပြီး အလောင်းခေါင်းရင်းတွင် ပန်းအိုးတလုံး အားခုံလေးပေါ်တင်ထားပြီး ထိုခုံပေါ်တွင် အရက်တပုလင်း နှင့် အမြည်းအချို့ တင်ပေးထားကာ ဖယောင်းတိုင် တတိုင်ထွန်းပေးထားသည် ၊ မောင်ဘိုးထင်သည် သူ၏ အဖေ၏ ရုပ်အလောင်းကို တချက်ကြည့်လိုက်ပြီး ဦးစိုးကြီး နှင့် ရွာလူကြီးအနား ထိုင်လိုက်သည် ဦးအုန်းသည်လည်း မောင်ဘိုးထင် အနားထိုင်လိုက်သလို ကျန်သော ဖိုးထွေးတို့သည် သင့်တင်သော နေရာ တွင် ထိုင်နေသည် ၊ သူတို့အားလံုးထိုင်ပြီးသည် နှင့် ရွာလူကြီးမှ စကားစဆိုလာသည်

“ကဲ ဘိုးထင် မင်းကို စောင့်နေတာ ရွာသားတွေက မင်းမလာတော့ဘူး ထင်ပြီး ညတွင်းချင်း မင်း အဖေကို သင်္ဂြိုလ် မလို့ လုပ်နေကြတယ် ”

“ကျုပ်ရွာမှ နေတုန်းက လူသေရင် တရက် ဒါမှ မဟုတ် နှစ်ရက် သုံးရက် ထားပါတယ် ဘာဖြစ်လို့ကျုပ်အဖေကြ မှ ညတွင်းချင်း သင်းဂြိုလ်ခိုင်းနေတာလဲ နားမလည်ဘူး ”

မောင်ဘိုးထင်၏ စကားကို ဝင်းမောင်မှ ပြန်ဖြေလာသည်

“ရွာမှာ အလှူ ရှိတယ်က ွ မနက်ဖြန်ဆို အဝင်ဖြစ်ပြီ အဲ့တော့ ဒီည မင်းအဖေ မသာကို ချမှ ရမယ် ”

“နေပါဦး ဗျ ခင်ဗျားက အလှူရှင်လား ”

” အလှူရှင်တော့ မဟုတ်ဘူး ရွာဓလေ့ကို ပြောပြတာ မင်းမသိတာတွေ အများကြီး ဘိုးထင် ”

“ဘာမှ မသိစရာမလိုဘူး ကျုပ်အဖေ အလောင်းကို တရက်ထားမယ် ”

မောင်ဘိုးထင် ထိုသို့ပြောသော အခါ ဝင်းမောင် နှင့် တခြား ညတွင်းချင်းသင်္ငြိုလ် ချင်ကြသော ရွာသားများသည် တိုးတိုး နှင့် စကားဆိုလာသည်

“မင်း ရက်ထားရင် ငါတို့ရွာသားတွေ ဘာမှ လုပ်ကူမှာ မဟုတ်ဘူး ”

“ဟုတ်တယ် မြေချတာ လွယ်တယ် များမှတ်နေလား ”

မောင်ဘိုးထင်သည် ရွာသားများ၏ ပြောစကားကို တချက်မဲ့ ပြုံး ပြုးလိုက်ပြီး

“သစ်စိမ့်ရွာသားတွေ သူတော်ကောင်းတွေပါလားဗျ ကျုပ်အဖေ သေတာတောင် အိမ်ရှေ့မှာ ကနားဖျင်း တောင်မထိုးထားပါလား ဘယ်မှာလဲ ဆန်‌တွေ လာပို့ထားတာလဲ မရှိပါလား”

မောင်ဘိုးထင်၏ ပြောစကားကြောင့် ကျန်သူများငြိမ်နေကြပေမဲ့ ရွာလူကြီး နှင့် ဦးစိုးကြီးမှ

“ငါတို့က ကနားဖျင်း ထိုးပြီး ဆန်လက်ခံဖို့ လုပ်‌မလို့ပါ ကွာ ဒါပေမဲ့ ဘယ်သူမှ အရေးမလုပ်ကြဘူး”

“ဟုတ်တယ် ဘိုးထင်ရ ရွာသားတွေက မင်းအဖေက အသင်းဝင် မဟုတ်တော့ဘူး ဘယ်သာရေးနာရေးမှ မလိုက်ဘူး ဆိုပြီး ဒီတိုင်းနေနေတာ ”

“ကျုပ်သိပါတယ် အရက်သမားကြီး မသာက ဘယ်စည်ပါ့မလဲ ကျုပ်အပြစ်မပြောဘူး ဘယ်သူမှ မြေချဖို့ မကူညီ လည်း ကျုပ်တိုင်းကျုပ် သင်္ဂြိုလ်မယ် ”

မောင်ဘိုးထင်၏ စကားကြောင့် ရွာသားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး

“ဟေ့ အဲ့ ကလေးသာသာကောင်က ဘာလဲကွ ”

။”ဟုတ်တယ် သူ့ကိုယ်သူဘာထင်နေတာလဲ ”

“ဟုတ်တယ် ဒီကလေးသာသာ ကောင်စကားကို နားထောင်စရာ မလိုဘူး အလောင်းကို ဆွဲ ထုတ်ပြီး မြှုပ်လိုက်ကြရ‌ေအာင်ဟေ့”

ရွာသားများ၏ စကားသံကြောင် မောင်ဘိုးထင် နားတွင် ထိုင်နေသော ဦးအုန်းသည် ကြမ်းပြင်ကို လက်နှင့် ပြင်းထန်စွာ ပုတ်လိုက်ကာ

“ဘယ်အကောင် ဒီ အလောင်းကို ထိရဲလဲ ထိကြည့် စမ်း အလောင်းကို ထိတဲ့ ကောင်နောက်နေ့ မသာပေါ်ပြီမှတ် ပေပင်ရွာက ဦးအုန်းတဲ့ ကွ နာမည်တလုံးနဲ့နေတာ ”

ဦးအုန်း ၏ ဒေါသမာန် အပြည့် ပါသော စကားသံကြောင် ရွာသားများ ငြိမ်သွားကြသည် မငြိမ်လို့လည်းမရ ပေပင်ရွာမှ ဦးအုန်းဆိုတာ ဒီနယ်တခွင်တွင် နာမည်‌ကျော်သော ပုဂိ္ဂုလ် မဟုတ်ပါလား ၊ ဦးအုန်းသည် နောက်ထပ်ပိုကျယ်လောင်သောအသံဖြစ် ထပ်ပြောလာသည်

“သစ်စိမ့်သားတွေ နားထောင်စမ်း ငါ့ကောင်လေးဘိုးထင် သူ့အဖေ အသုဘ သူစိတ်ကြိုက်လုပ်လိမ့်မယ် ထုံးတမ်းတွေ အစဉ်လာတွေ လာမပြောနဲ့ ပြောတဲ့ကောင် နောက်နေ့ မျက်နှာ သစ်စရာရှိမယ် မထင်နဲ့ မ‌‌ေကျနပ်တဲ့သူတွေ အခုပြန်ကြဟေ့”

ဦးအုန်း၏ စကားဆုံးသည် နှင့် ရွာထဲမှ ခွေးများသည် ကြက်သီးထနိုင်လောက်အောင် ဆွဲဆွဲငင်ငင် အူနေလေရာ ၊ ရွာသားများ ထိတ်လန့်ကုန်ကြသည် ၊ နမည်တလုံး နှင့် ဦးအုန်းအကြောင်းသိသော ရွာသားအချို့က မသိသူများကို တိုးတိုး နှင့် ပြောပြီး မောင်ဘိူးထင်တို့ အိမ်ဝိုင်းအပြင်သို့ ထွက်သွားကြတော့သည် ၊ အိမ်ပေါ်တွင်တော့ သစ်စိမ့်သားဟူ၍ ဖဲသမား များ ထိုအပြင် ရွာလူကြီး နှင့် ဦးစိုးတို့သာ ရှိပါလေတော့သည်။

▪️အခန်း-၄

‌အချိန်မတော် သန်းခေါင်ယံ အချိန် တွင် မောင်ဘိုးထင်၏ အဖေနာရေးတွင် ဖဲသမားများ ဖဲရိုက်နေ ကြသည်။ ဖဲသမားများသည်က မည်သည် ပြဿနာရှိရှိ ပြဿနာ ဖြစ်နေတုန်း ခဏသာ ငြိမ်နေပြီး ပြဿနာ ပြီးသွားသည် နှင့် ဖဲဝိုင်းက ပြန်ဖြစ်နေကြမြဲ ဖြစ်သည်။ ဖဲ ဝိုင်းသည် နှစ်ဝိုင်းရှိရာ တဝိုင်းကို သာအေးမှ အကောက် ကောက်နေပြီး ကျန်တဝိုင်းကို သာရ မှ အကောက် ကောက်နေသည် ၊ ဖိုးထွေးသည်က မောင်ဘိုးထင်တို့ နှင့် အတူထိုင်ပြီး စကားပြောနေသည် ၊

“ကဲ ဦးအုန်း သစ်စိမ့် သားဆိုလို့ ကျုပ်နဲ့ ဟောဟိုက စိုးကြီးပဲ ကျန်တော့တယ် မနက် ဘယ်လိုပြဿနာတွေ ဖြစ်မလဲ မပြောတက်ဘူဗျာ ”

“စိတ်မပူပါနဲ့ဗျာ ကျုပ်တို့တိုင်းလုပ်လိုက်ပါ့မယ် ”

“ကျုပ်ရွာသားတွေ အကြောင်း ကျုပ်သိတယ် ခင်ဗျားကို ကြောက်လို့သာ ညိမ်နေတာ ဒီတိုင်းတော့ မပြီးလောက်ဘူးဗျ ”

“ဟုတ်တယ် ဆရာကြီးရ ဒီရွာသားတွေက ဝင်းမောင် စကားနားထောင်နေတာ ရွာလူကြီးစကားတောင် နားမထောင်ဘူး ဝင်းမောင်က ဘိုးထင် ပိုင်တဲ့ လယ်နဲ့ အိမ်ကို လိုချင်‌ေနတာ မရလို့ ဒီကောင် အညှိုးထားနေတာ ဗျ”

“ထားလိုက်ပါ ရွာလူကြီး နဲ့ စိုးကြီးတို့လည်း နားချင်ရင်ရင် ပြန်နားကြတော့ဗျာ ကျုပ်တို့ ‌ဒီမှာနေပါမယ် ”

ဦးအုန်း နှင့် ရွာလူကြီး ပြီးနောက် ဦးစိုးကြီးတို့ စကားပြောနေကြသည် စကားများသော မောင်ဘိုးထင်က သူ၏ အဖေကို လှမ်းကြည့်ပြီးသာ ငြိမ်နေလေသည် ၊ ထို့နောက် ရွာလူကြီးသည် ငြိမ်နေသာ မောင်ဘိုးထင်အား

“ဘိုးထင် မင်းအဖေ မသေခင် ငါ့ကို မှာသွားတာ ရှိတယ် ”

“ဟုတ် ဦးကြီးပြောပါဗျ”

“မင်းတို့လယ်ကို ရောင်းလိုက်ပြီကွ ရောင်းလို့ရတဲ့ ငွေ နဲ့ ခြောက်လုံးပတ် တစုံ ဝယ်ထားတယ် မင်းကို ပေးချင်လို့ ဆိုပြီး မင်းပြန်သွား ပြီးပြီးချင် ငါကိုပြောပြီး တန်း စီစဉ်ခိုင်းတာ ဗုံက မနက်ဖြန် လောက်မှ ရောက်မယ် ပိုတဲ့ ငွေ မင်းကို ပေးမယ် ”

“ဟုတ်ကဲ့ ဦးကြီး “,

“ဒီအိမ်ကို ဘယ်လို လုပ်မှာလဲ ပြန်နေမှာလား ရောင်းမှာ လား ”

“ရောင်းတော့မယ် ဗျာ ဒီရွာမှာလည်း မနေချင်ဘူ”

“မင်းသဘောပါ အဲ့တာဆို ငါပြန်တော့မယ် ကွာ ဒီည ဒီမှာ အိပ်မလို့ပဲ ဒါပေမဲ့ လူများတော့ ငါပြန်ပြီကွာ ”

ရွာလူကြီး သည် ပြောပြောဆိုဆို ထရပ်လိုက်ပြီး ကျန်ခဲ့မည့်သူများကို နုတ်ဆက်ပြီး ပြန်သွားတော့သည် ၊ ထို့နောက် ဦးအုန်းသည် ဦးစိုးကြီးဘက်လှည့်ကာ

“စိုးကြီး ကျုပ်ကို ကူညီဦးဗျာ ”

“ပြောဆရာကြီး ”

“မနက်ဖြန် ခေါင်းပျဉ်တွေ ဝယ်ပေးဗျာ ပြီးတော့ သင်္ချိုင်းမှာ မြေတူး ဖို့ စီစဉ် ပေးဦး ဒီရွာသားတွေက လာတော့မဲ့ ပုံ မပေါ်ဘူး ”

“စိတ်ချပါ ကျုပ်စီစဉ် လိုက်ပါမယ် ”

“ပြီးတော့ ခင်ဗျာကို ကျုပ်တို့ငွေ ပေးမယ် ဗျာ ဘာသာရေးနဲ့ဆိုင်တာတွေ တော့ မင်းနဲ့ ရွာလူကြီး ပဲ လုပ်လိုက်တော့ ”

ဦးစိုးကြီး ခေါင်းညိတ်လလို့ အသိအမှတ်ပြုလိုက်သည် ဦးအုန်းသည် မောင်ဘိုင်းထင်ဘက်လှည့်ပြီး

“ဘိုးထင် ”

“ဗျ အဘ ”

“မငိး အဖေကို တရက်တော့ မထားတော့နဲ့ ကွာ မနက်ဖြန် မြေချ လိုက်ကြရအောင် ”

“အဘ သဘောပါပဲ ”

ဤသို့ ဦးအုန်း၏ လမ်းညွှန်မှူ့ဖြစ် မောင်ဘိုးထင်၏ ဖခင် အသုဘ ချမည့် အးီအစဉ်အား ဆွဲလို့ပြီးဖြစ်ပါလေတော့သည်၊

▪️အခန်း-၅

မနက်အလင်းရောင်ချည် မရခင် ဦအုန်း နှင့် မောင်ဘိုးထင် အားရွာလူကြီးမှ သူ မလာနိုင်ကြောင်း လာပြောသည် သူအားနားလည်ပေးရန်လည်းတောင်ပန်နေရာ ဦးအုန်း နှင့် မောင်ဘိုးထင်မှ နားလည်ကြောင်း ပြောမှ ရွာလူကြီး ပြန်သွာသည် မောင်ဘိုးထင်သည် ဦးစိုးကြီးအား နိုးလိုက်ပြီး

“ဦးစိုးကြီး ထ ဗျ ”

“အေး ထပါပြီကွာ ”

“ဦးစိုးကြီး မြေတူးမဲ့သူရှာပြီး တူးခိုင်းတော့ဗျာ ပြီးတော့ အခေါင်းစပ် မဲ့ ပျဉ် ဝယ်ပေးအုန်း”

“ပျဉ်ကတော့ လုပ်မနေနဲ့ ငါ့အိမ်က ကျွန်းပျဉ်တွေလုပ်ကွာ ငါလည်း သုံးစရာမရှိဘူး သံတွေ တူတွေလည်း ရှိတယ် တယောက်လောက် ငါ့နောက်လိုက်ခဲ့ဦး ”

“ကျုပ်လိုက်ခဲ့မယ် ဒါပေမဲ့ ဦးစိုးကြီး ဟို ဘယ်လလိုခေါ်မလဲ အယူတွေသီးကြတယ်လေဗျာ ”

“သိပါတယ်ကွာ ဟေ့ကောင် မင်းအဖေက ငါ့ဖောက်သည်ကွာ မင်းအဖေက သူ့အသက်ကိုရင်းပြီး ငါ့ဆိုင်ရဲ့ ဖောက်သည်ကောင်းကြီး ဖြစ်တယ်ဆိုတာကို သက်သေ ပြလိုက်တဲ့ သူရဲကောင် သူရဲ့ နာရေးမှ ငါဒီလောက်တော့ ဂုဏ်ပြုသင့်ပါတယ်ကွာ ဘာအယူမှ မရှိဘူး ငါက အရက်ရောင်းစားတဲ့ ကောင် ”

ဦးစိုးကြီး၏ စကားကို မောင်ဘိုးထင်သာမကာ ကျန်လူများပါ ငေးပြီး ကြည့်နေကြသည် ၊ ဦးစိုးကြီးကို အရွှန်းးဖောက်ပြောသည်ဟု ထင်နေကြပေမဲ့ သူမ၏ မျက်နှာက တာည်တန့်နေလေ၏ ၊ သူအားဝိုင်းပြီး ကြည့်နေတာ သိသောအခါ ဦးစိုးကြီးသည်

“မင်းတို့ကလည်း မနေတက်တော့ဘူကွာ ငါက ရုပ်ကြီးသာကြမ်းတာ ဟ လူငယ်လေးတွေ ကြည့်ရင် စိတ်ထဲတမျိုးကြီးဖြစ်တယ် လာလာ အိမ်သွားပြီး ပျဉ်သွားသယ်ကြရအောင် ”

“ကျုပ် လိုက်မယ် ဦးစိုးကြီး”

မောင်ဘိုးထင် မှ သူလိုက်မည်ဟုပြောသောအခါ ဖိုးထွေး နှင့် သာရသည်

“ဘိုးထင် နေနေ မင်းက အကောင်သေးတယ် ငါတို့ပဲ သွားလိုက်မယ် ”

“ဟုတ်တယ် ဘိုးထင် နေနေ ဒီကောင်လေးနှစ်ယောက်က အရွယ်ကောင်းလေးကွ မင်းကသေးတယ် ”

ဦးစိုးကြီး၏ စကားကြောင့် ဖိုးထွေးနှင့် သာရ တယောက်ကို တယောက် ကြည့်လိုက်ကြသည် တယောက် နှင့် တယောက်ကြည့်နေသော ဖိုးထွေး နှင့် သာရအား ဦးစိုးကြီးမှ

“ဟဲ့ကောင်တွေ လာလေ ဘာရပ်လုပ်နေတာလဲ ”

ဦးစိုးကြီး၏ ခေါ်သံကြောင့် ဖိုးထွေး နှင့် သာရ သည် ဦးစိုးကြီး၏ နောက် မလှမ်း မကမ်းမှ လိုက်သွားလိုက်ပါလေတော့သည်။

▪️အခန်း -၆

သရဏဂုံတင်ရန် ဘုန်းကြီးမပါ ကျွန်းသား ပျဉ်ခေါင်းမှာ အိုးမဲနှင့် ဦးကောင်း၏ နာမည် နှင့် အသက်ကို ရေးထားသည် ၊ ထိုအခေါင်းထဲသို့ မောင်ဘိုးထင် ၏ အဖေအ‌ေလာင်းအား ထည့်လိုက်ကြသည်

“ဘိုးထင် ငါလည်း ဘာမှ မသိ‌ဘူးနော် ရမ်းလုပ်နေတာ ”

” အဖေက သေပြီးပြီပဲ ဗျာ ဘယ်သူမှ မလုပ်ကူတော့ ကိုယ်တိုင်းကို ချရတာပေါ့ ”

“ရွာထဲမှာ အခေါင်းကို မထမ်းရဘူးတဲ့ ကွ ဘိုးထင် ရ”

“အဲ့တာ ဆို လက်ကဆွဲဗျာ ဖဲသမားတွေ ပါခေါ် ရမလား အဘ”

“ရှုံး တဲ့ကောင်တွေတော့ ခေါ်လို့ရမှာပေါ့ ဒင်းတို့ က ငွေလိုနေတာ ”

“ရတာ ခေါ်မယ်ဗျာ ကျုပ် နဲ့ သာအေးက မ မနိုင်ဘူနော် ”

“ဟေ့ကောင် ဘိုးထင် ငိုလေကွာ မင်းက မင်းအဖေ သေတာ ငိုရမှာ မဟုတ်လား ”

“,ငိုမရဘူး အဘရ ငိုလည်း မငိုချင်ပါဘူး ကျုပ်နေသာ ကြသွားပြီဗျ ”

“ကောင်းတယ်ကွာ တို့က အောက်လမ်းတွေပဲ အသဲတော့ မာရမှာပေါ့ ”

“အသဲတော့ မမာဘူးအဘ ညက အဖေ က အမေနဲ့ တွေ့နေရပြီလို့ အိပ်မက်မက် လို့ မငိုချင်တော့တာ သူ လူ့ဘဝ မှာ ရှိတော့လည အထီးကျန်နေတာ ပဲ မဟုတ်လား ”

“အေးကွ ဝဋ်ကျွတ်သွားတယ် ပေါါ့ကွာ ”

ထို‌ေနာက် စိုးကြီး မှ မြေကြီး တူးပြီးပြီဖြစ်ကြောင်း လာပြောသော ခါ ဦးအုန်းသည် ဖိုးထွေး၊ သာရ နှင့် ဖဲသမားများကို မောင်ဘိုးထင်၏ အဖေအလောင်းထည့်ထားသောညအခ‌ေါင်းကို ဝါး လုံးကြီးများပေါတင်ခိုင်းလိုက်ပြီးနောက်

“ဟေ့ကောင်တွေ ငါလည်း အသုဘ မချတက်ဘူး ငါသိ‌သလောက်ဆို ဓတ်စက်ကြီးက အလောင်းပိုဒ် ဖွင့်ရင် အသုဘ ချမည်ဆို တာ ရွာသားတွေကို သတိပေးတာဟ အဲ့တာမှ သူတို့က အဝတ်တွေ ရုတ် တံခါးတွေ ပိတ်လုပ်တာ ငါတို့က ဘယ်လို လုပ်မလဲ ”

“မထူးဘူး အဘရာ အော်သွားကြတာပေါ့ အသုဘ ချမယ်ဗျို့လို့ ပေါ့ ”

“အေးကွာ လုပ်ကြကွာ ”

သူတို့ အသုဘချရန် ပြင်ဆင်နေကြစဉ် သာအေးသည် မောင်ဘိုးထင်အနားကပ်ပြီး

“ဘိုးထင် အသုဘ ချတာပိုပြီး ပီပြင်အောင် ငါလုပ်ပြမယ် ”

မောင်ဘိုးထင်အား ထိုသို့ပြောပြီး သာအေးသည် အလောင်းထည့်ထားသော အခေါင်းနားသွားပြီး

“အမလေး ဦးကောင်းရဲ့ ထကြည့်ပါဦး ကျုပ်ဘယ်သူနဲ့ နေရမှာ လဲ ဗျ”

သာအေးအော်ဟစ် ငိုကျွေးနေသည် ၊ သာအေး၏ နှစ်အိမ်ကျော် သုံးအိမ်ကြား ငိုသံ ကြောင့် အသုဘ ချမည့်ပုံပိုပြီး အသက်ဝင်လာသည် ဟုတွေး ပြီး မောင်ဘိုးထင်သည် သာအေးကို ကျေးဇူးတင်နေသည် ၊ဦးအုန်းသည် ရပ်ရွာထဲတွင် အသုဘလိုက်ပို့ဘူးသူမဟုတ် ညအချိန် မတော် တွင်သာ အောက်လမ်း အတိုက် လုပ်ရန်သာ အလောင်းကို ဖော်တာ ပြန်မြှုပ်တာသာ လုပ်ဖူးသူဖြစ်သည် ၊ ယခုလည်း သူသိသလောသာ ပြောဆို လုပ်ကိုင်နေချင်း ဖြစ်သည်

ဖဲရှုံးသည့် ဖဲသမားများ ၊ ဖိုးထွေး သာရ တို့ သည် ဦးကောင်းကို ထည့်ထားသော အခေါင်းအား မ လိုက်ရာ ဦးအုန်းမှ

။”ဟေ့ဟေ့ ဒူး မကျော် နဲ့ ဒူးမကျော် နဲ့”

“ဒူးကျော်ရင် ဘာဖြစ်တုန်းဗျ ဦးအုန်း ”

” မသိဘူး ဘူးဟေ့ မသိဘူး ဟ အောက်လမ်းဆရာက အသုဘ ချနေရတယ်လို့ကွာ လခွီးမှပဲ ”

ဦးအုန်း ချွေးများ စို့နေသည် ဖိုးထွေးတို့ လည်း ကုန်းကုန်းနှင့် အခေါင်းကြီးကို ဖဲသမားများနှင့် အတူ မ နေလေသည် ၊ သာအေးသည်က နောက်က လိုက်၍ အော် ဟစ်ငို ကျွေးနေလေရာ အလောင်သယ်‌ေနရ၍ ပင်ပန်းနေသော ဖိုးထွေးမှ

“သာအေး မင်းဟာက အမလေး နဲ့ ပဲ ပြီးနေတာပဲ တခြားဟာလေး ပြောင်း‌ေပြာပြီးငိုကွာ နားညီးတယ်ကွ လေးရတဲ့ အထဲ ”

“ကို‌ဖိုးထွေးကလည်း ဗျာ ကျုပ်လည်း မောနေပြီ ဟိုကောင်ဘိုးထင်က ငိုရမှာ ကျုပ်က အစား ငိုပေးနေတာ ကျုပ်လည်း ဒါပဲငိုတက်တာ နောက်တနည်းက တက် တဲ့ နည်းရှိတယ် တက် ပြရမလား ”

သာအေး၏ စကားကြောင့် ဖိုးထွေး မျက်လုံး ပြူးသွားကာ

“တက် တော့ မတက်ပြပါနဲ့ကွာ ”

“ပြောရင် ဆိုရင် အလုံးကြီး စို့လာသလိုပဲ ”

“မစို့ နဲ့ ဟ ကြိုက်သလိုသာ ငို နား နား ငိုပေါ့ကွာ ”

သာအေးသည် ဖိုးထွေးအား မည်သို့သော စကားမှ မပြော ဆက်၍သာ ငိုနေလေသည် ၊ ဤသို့ နှင့် သားသမီးပေါ် တသက်လုံး မကြင်နာ သေခါနီးမှ အသိတရားဝင် အချိန်လွန်မှ ရသော နောင်တများကို ရင်ဝယ် ပိုက်ပြီး သေသွားသော အရက်သမား ကြီး ဦးကောင်း၏ အသုဘသည် က ဗရမ်းဗတာ ဖြစ်နေပါလေတော့သည်။

▪️အခန်း-၇

ဦးအုန်း ဒေါသ ထွက်နေပြီ ဖြစ်သည် ၊ အင်မတန်ကိုဒေါသ ထွက်နေ၏ သူနည်းတူ မောင်ဘိုးထင်တို့လည်း ဒေါသ ထွက်နေသည် ၊ ရွာပြင် သင်္ချိုင်းသွားမည်လမ်းများကို ရွာသားများက ပိတ်ပင်ပြီး မသွားနိုင်ရန် နှောက်ယှက်နေသည့် အတွက် ဖြစ်သည် ၊ ဟိုဘက်က သွားလို့ ပြောလိုက် ဦးအုန်းတို့ သယ်သွားသောအခါ ဒီဘက်က သွားလို့ပြောလိုက်နှင့် မကူညီကြပဲ နှောက်ယှက်နေချင်းကြောင့် ဖြစ်သည် ၊ နောက်ဆုံး ဦးအုန်းသည် ပိတ်ရပ်နေသော လမ်း တွင် အခေါင်းကြီးကို ချစေပြီးနောက် မောင်ဘိုးထင် ဘက်လှည့်ကာ

“ကောင်လေး ငါကတော့ စိတ်မရှည်တော့ဘူး ဒါတမင် လိုက်နှောက်ယှက်နေတာ ကွ”

“ဟုတ်တယ် ရွာလူကြီးလည်း ပြောလို့ ရပုံမပေါ်ဘူး ”

“ငါ အကြမ်းနည်းသုံးမယ်ကွာ လူလို သိ‌ေနလို့မရတော့ဘူး ”

“အဘ သဘောဗျာ လုပ်ချင်တာ သာလုပ် ”

“ကဲ ခေါက်ရန်းပန်း ရှာ ကွာ “,

မောင်ဘိုး ထင် နှင့် သာအေးသည် ပိတ်နေသော လူများကို ရှောင်ကွင်း ပြီး သင်္ချိုင်းအနားတွင် ရှိသော ခေါင်ရမ်းပန်းပင်မှ ခေါင်ရန်းပန်းတပွင့် ကို ခူးလာပြီး ဦးအုန်းအားပေးလိုက်တော့သည် ဦးအုန်းသည် ခေါင်ရန်းပန်းကို ကိုင်ကာ

“ကဲ ငါနောက်ဆုံးမေးမယ် မင်းတို့ ကောင်တွေ ဖယ်ပေးမှာလား ”

ရွာသားများသည် မသိယောင်ဆောင်ပြီး လမ်းအား ပိတ်ထားကြသည် ၊ ဦးအုန်းသည် တောက်တချက်ခေါက်လိုက်ပြီး

“တောက် ပေးစမ်းကွာ သံတရွင်း ”

ဖိုးထွေးသည် အသင့်ယူလာသော သံတရွင်းကို ပေးလိုက်သည် ဦးအုန်းသည် သံတရွင်း နှင့် အခေါင်းကြီးကို ဖွင်လိုက်ပြီး ဖောရောင်နေသော ဦးကောင်းအလောင်းကြီ၏ နားသို့ ခေါင်းရမ်းပန်းကို ပန်ပေးလိုက်ကာ မန္တန်တပုဒ်ကို တိုးတိုးရွတ်လိုက်ပြီး

“ကဲ မင်းတိုင်း မင်းသွားကွာ သင်္ချိုင်းကို ငါတို့နောက်က လိုက်မယ် ”

ဦးအုန်း ထိုသို့ပြောလိုက်သည် နှင့် အလောင်းကောင်ကြီးသည် ငုတ်တုပ် ထထိုင်လာရာ

“အမလေး အလောင်းကြီး အသက်ဝင်လာပြီ”,

လူများ၏ အော်ဟစ်သံ နှင့် အတူ ရွာသားများထွက်ပြေးကြကုန်သည် သတ္တိရှိလှပါသည်ဆိုသော ရွာသားများပင် အဝေးမှ ပဲ လှမ်းကြည့်နေကြသည် ၊ အလောင်းကောင်ကြီးသည် အခေါင်းအပြင်မှ ထွက် ပြီး ဒယီးဒယိုင် နှင့် ရွာအပြင်သို့ တဖြည်းဖြည်း ထွက်ခွာသွားတော့သည် ၊ အလောင်းထမ်းပေး‌ေနသော ဖဲ သမားများ ပါ ထွက်ပြေး သွားကြပြီမို့ အလောင်းမရှိသော အခေါင်း အလွတ်ကြီးကို ငိုချင်းသည် သာအေး နှင့် အသုဘ ရှင် မောင်ဘိုးထင်မှ ရှေကနှစ်ယောက် ဖိုးထွေး နှင့် ‌သာရ နှစ်ယောက်သည်က နောက်မှ နေ‌၍ သင်္ချိုင်းဆီသို့ ထမ်း၍ သွားပါလေတော့သည်။

▪️အခန်း-၈

မောင်ဘိုးထင် အဖေ ဦးကောင်း၏ အသုဘချချင်းသည်က ဟိုးလေးတကြော်နှင့် ပြီး ဆုံးသွားပြီဖြစ်သည် ၊ ကျန်သည်ကိစ္စများနှင့် ဘာသာရေး ကိစ္စများကို ရွာလူကြီးနှင့် ဦးစိုးကြီးအား ငွေပေးပြီး လုပ်ခိုင်းလိုက်သည် မောင်ဘိုးထင်တို့သည်က ဦးကောင်း မသေခင် မောင်ဘိုးထင် အတွက် ဝယ် ပေးထားသော ဗုံး များကို ထမ်းသူထမ်း ရွက် သယ်သူ သယ် နှင့် ပေပင်ရွာသို့ ပြန်နေကြသည်။ ပတ်မကြီးကို နှစ်ယောက် ဝါးလုံး နှင်ချိုထမ်းလာပြီး ကျန်သော ဗုံလေးများအား တယောက် တလုံး ပွေ့လာကြသည် ၊ မောင်ဘိုးထင်သည် သူ၏ အဖေ သေးဆုံး သည်ကို ဝမ်းနည်းမနေတော့ပေ ၊ စိတ်မကောင်းတော့ ဖြစ်မိသည် ၊ ကောင်သေလင်းတ မကျသွားသည်ကို ပင် ကျေးဇူးတင်ရမည်ဖြစ်သည် ၊ မောင်ဘိုးထင် သည် သူ၏ မွေးရပ်မြေ သစ်စိမ့်ရွာအား အတော်ကို စိတ်နာ သွားသည် ကျန်ခဲ့သော အိမ် နှင့် ဝိုင်းအားရောင်းပြီးရင် နောက်တခါ ဘယ်သောအခါမှ မလာတော့ဘူး လို့လည်း ဆုံးဖြတ်ထားသည် သူလမ်းလျှောက်‌ေနရင်း ထိုသို့တွေးနေစဉ် ဗုံကြီးကို ချိုပြီးထမ်းလာသော နှစ်ယောက်အနက် နောက်မှနေသော သာရမှ ဗံုကြီးကို အားရပါးဘ တီးလိုက်ချင်းဖြစ်သည် ၊ ဗုံသံကြားမှ မောင်ဘိုးထင် အတွေးများ‌ေပျက်ကွယ်သွားပြီး

“ဘယ်လိုလဲ ကိုသာရ တီးလို့ ကောင်းနေတာလား”

“အေးဟ ရှေ့ကကောင် မျက်နှာ ကြီးမှတ်ပြီးတီလိုက်တာ အရသာရှိလို့”

ပြုံးစိစိ နှင့် သာရ၏ စကားကြောင့် ရှေ့မှ ဗုံ ထမ်းနေသော ဖိုးထွေး မျက်နှာ မကြည်မသာဖြစ်နေ၏ ၊ သာအေးသည်ကာ ဗုံ အသေးလေးကို တီးရင် ဦးအုန်း၏ ဘေးတွင် လမ်းလျှောက်နေရင်း

“လန့်လိုက်တာ ဘကြီးအုန်းရာ ”

“ဟကောင် ဘာတွေ လန့်နေတာလဲ ဟ ”

“ဘိုးထင်အဖေကြီး လမ်းထလျှောက်တာကိုလေ ”

“ဟ ဒီကောင်တော့ ပြန်တောင် ပြန်နေပြီ မင်းက အခုမှ လန့်‌ေနရလား ”

“အဲ့ အချိန်က ဘိုးထင်ကို သနားတဲ့ စိတ်က များနေတော့ မလန့်အားဘူးပေါ့ဗျာ”

သာအေး၏ စကားကြောင့် ဦးအုန်း မျက်လုံးပင် ပြူးသွားရ၏ ၊ မောင်ဘိုးထင်သည် ရှေ့မှ သွားနေရင် နောက်မှ ဦးအုန်းကို စောင့်လိုက်ကာ

“အဘ ကျုပ် ဘကြီးမြ ဆီ ဗုံတီးသင်မှာနော် ”

“အေး သင် သင် မင်းဗုံတီး မြန်မြန် တက်ချင်လား”

“တက်ချင်တာပေါ့ ဗျ ”

“အဲ့တာဆို ဗုံ မှော် သွင်းပေးမယ် ကွာ ”

“တကယ် လုပ်လို့ရတာ လား အဘ ”

“ရတာပေါ့ ဟ မင်းတို့ ဗုံမှော်အောင်ရင် ရွာက ဆိုင်းတီး‌ေနတဲ့ ဘိုးတော်တွေကို အသာလေးယှဉ်လို့ရတယ် ”

မောင်ဘိုးထင်သည် ဦးအုန်း ၏ ဗုံမှော်သွင်းလို့ရသည်ဆိုသောစကားကို တွေးရင် ‌ပေပင်ရွာသို့ ပြန်‌ေသာ လမ်းမှာ ဗုံတလုံးကို ပွေ့၍ လမ်း‌ေလျှာက်နေပါလေတော့သည်။

▪️အောက်လမ်းဘိုးထင် နှင့် အသုဘ သည်ကဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ဗုံမှော် ဆိုသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

📝မောင်တင်ဆန်း

#mgtinsan

Zawgyi Version

” ေအာက္လမ္းဘိုးထင္ ႏွင့္ အသုဘ “(စ/ဆုံး)
———————————————————-

(၇)

▪️အခန္း-၁

ေမာင္ဘိုးထင္တေယာက္ ႐ြာ၏ ေျမာက္ဘက္ရွိ ေခ်ာင္း‌႐ိုးေလးေဘးတြင္ထိုင္ေနသည္၊ သူ၏ဖခင္း ဆုံးတာ သိေပမဲ့ ခ်က္ခ်င္းလိုက္သြားဖို႔ကအဆင္မေျပ ဦးအုန္းလည္းလိုက္မည္ျဖစ္ရာ မနက္အေစာထသြားမည္ဟုသာ ဆုံးျဖတ္လိုက္ၿပီး ႐ိုးေလးေဘးတြင္ တေယာက္ တည္း ထိုင္ေနခ်င္းျဖစ္သည္ ၊သူ႐ြာကို ေနာက္ဆုံးတေခါက္ သြားတုန္းက အေျပာင္းလဲႀကီး ေျပာင္းလဲေနေသာ ဖခင္သည္ ၊ ယခုသူ႐ြာသို႔ျပန္‌ေရာက္ခ်ိန္တြင္ေတာ့ မည္သည့္စကားမွ် ေျပာႏိုင္မည္မဟုတ္ အိမ္၏ ေနာက္ခန္းတြင္ ပန္းအိုတလုံး ထဲ ႐ြက္လွပန္းပင္မ်ားထည့္ၿပီး သူ၏ဖခင္ေခါင္းရင္တြင္ထားထားကာ ပက္လက္လန္ အေနထားႏွင့္ ေသဆုံးေနေသာ ဖခင္၏ အေလာင္းကို သာ ေတြ႕ရမည္မဟုတ္ပါလား ၊ ဦးအုန္းေျပာျပေသာ ေကာင္ေလးေရ လြမ္းလာရင္ အနာနဲ႔ ေမ့ဆိုသည့္စကားကို လက္ကိုင္ထားမည္ဆို‌ျပန္ေသာ ဖခင္၏ ေနာက္ဆုံး ဂ႐ုစိုက္ေပးခဲ့ သည္ အမွတ္တရမ်ားသာ သူ၏ စိတ္ထဲ ႀကီးဆိုးေနေလရာ သူ႔အေပၚ မေကာင္းခဲ့ေသာအရာမ်ားကို ေကာင္းကြက္တခုတည္းႏွင့္ အရာအားလုံးကို သူသင္ပုန္းေခ်ႏိုင္ခဲ့သည္ မဟုတ္ပါလား ၊ သူ၏ဖခင္ သူ႔အေပၚမည္သို႔ ဆိုးသြမ္းစြာ ျပဳမူေနခဲ့ေပမည့္ သူ မမုန္းခဲ့ပါ၊ အဘယ္ေၾကာင့္ဆိုေသာ သူ၏အေမျဖစ္သူအား အစမတန္ခ်စ္တာဘဲဟုေသာ ‌အေၾကာင္းျပခ်က္ တခုေလးေၾကာင့္ သူမမုန္းရက္ခဲ့ ၊ ေမာင္ဘိုးထင္ ႐ိုးထဲမွ စီးဆင္းေနေသာ ေရေလးမ်ားကို ၾကည့္ကာ ေငးၿပီးေတြေနစဥ္ သူ၏ ပုခုံးကို ပုတ္ၿပီး သူအနားဝင္ထိုင္လိုက္ေသာ သူ ႏွစ္ေယာက္မွ ဖိုးေထြး ႏွင့္ သာရျဖစ္သည္ ဖိုးေထြးသည္ ေမာင္ဘိုးထင္၏ ပုခုံးေပၚ လက္တင္ လိုက္ၿပီး

“ဘိုးထင္ ငါတို႔လည္းစိတ္မေကာင္းပါဘူးကြာ ”

“ရပါတယ္ဗ် ဘာမွ မျဖစ္ပါဘူး ”

“ေအးပါကြာ ဒါနဲ႔ မင္းဘယ္အခ်ိန္ ႐ြာျပန္မွာလဲ ”

“က်ဳပ္က အခု‌ျပန္ခ်င္တာ ဒါေပမဲ့ အဘက အသက္ႀကီးေနၿပီေလ ညေရးညတာ ”

ေမာင္ဘိုးထင္ စကားမဆုံးခင္ ေခ်ာင္း႐ိုးေလးႏွင့္ မလွမ္းမကမ္း မွ ဦးအုန္း တေယာက္ ‌ခါးကို ေထာက္ၿပီး ေအာ္ ေခၚသံထြက္ေပၚလာသည္

“ေကာင္ေလး မင္းကြာ ဘယ္ေတြ ေလွ်ာက္သြားေနတာလဲ အခု မင္း႐ြာသြားၾကမယ္ ”

“အဘ မနက္မွ သြား”

“ဒီေကာင္လွ်ာရွည္လိုက္တာ လာသြားမယ္ ”

ေမာင္ဘိုးထင္သည္ ထိုင္ေနရမွ ထရပ္လိုက္ၿပီး ဖိုးေထြး ႏွင့္ သာရကို ၾကည့္လိုက္၏ ၊ ေမာင္ဘိုးထင္ၾကည့္သည့္ အဓိပၸါယ္ကိုသိေသာ ဖိုးေထြးသည္

“ငါတို႔ လိုက္မွာ တို႔႐ြာက လူေတာ္ေတာ္ မ်ားမ်ား လိုက္ခ်င္‌ေနၾကတယ္ မင္းသေဘာဘယ္လို ရလဲ ”

“အဘကို ေမးၾကည့္ရမွာပဲ အဘလိုက္ခိုင္းမလား မလိုက္ခိုင္းမလား မသိဘူး ”

ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြးတို႔ စကားတေျပာေျပာ ႏွင့္ လမ္းေလွ်ာက္လာရာ ဦးအုန္း အနားသိူ႔ ေရာက္လာ သည္ ၊ ဦးအုန္း အနားေရာက္ေသာ အခါ ေမာင္ဘိုးထင္သည္ ဦးအုန္းကိုၾကည့္ကာ

“အဘ ႐ြာက လူေတြက က်ဳပ္႐ြာလိုက္ခ်င္လို႔တဲ့ အဘသေဘာေကာ ”

“ငါၾကားၿပီးၿပီ ဒါေပမဲ့ ငါမလိုက္ခိုင္းခဲ့ဘူးကြာ မင္းကလည္း ငါအိမ္မွာေနတာ ၾကာၿပီဆိုေတာ့ ဟိုေရာက္ရင္ မင္းက ဧည့္သည္ သေဘာမ်ိဳးျဖစ္ေနၿပီေလ ဧည့္သည္ေတြ ေနေရးစားေရးခက္မယ္ ထင္လို႔”

“အဘ သေဘာပါပဲ”

ဦးအုန္းစကားကို၏ ေျပာစကားကို ၾကားေသာ သာရ ႏွင့္ ဖိုးေထြးသည္ ဦးအုန္းအား စကားဆိုလာသည္

“ဦးအုန္း က်ဳပ္တို႔က လိုက္မွာေနာ္ ”

“ေအးပါကြာ မင္းတို႔က မလိုက္ခိုင္းလည္းလိုက္မဲ့ သူေတြဆိုတာ ငါသိတယ္ သြားမင္းတို႔ မိဘ‌ေတြကို ခြင့္ေတာင္းၾကေတာ့ ငါတို႔ သြားေတာ့မွာ ”

ဦးအုန္း၏ စကားဆုံးသည္ႏွင့္ ဖိုးေထြး ႏွင့္ သာရသည္ ဦးအုန္းႏွင့္ ေမာင္ဘိုးထင္ကို ႏုတ္ဆက္ကာ ေခ်ာင္း႐ိုးေလးေဘးမွေန သူတို႔၏အိမ္မ်ားသို႔ ထြက္သြားၾကပါေလေတာ့သည္။

▪️အခန္း-၂

ဆြမ္းစားသံေခ်ာင္းေခါက္သံၾကားရသည့္အတြက္ မနက္၁၁နာရီဆိုတာ လူတိုင္းသိမည္ျဖစ္သည္၊ ထိုအခ်ိန္တြင္ ဦးအုန္း ဦးေဆာင္ကာ ေမာင္ဘိုးထင္တို႔ အဖြဲ႕ ‌ေပပင္႐ြာမွ ထြက္လာၾကသည္ ၊ ဖိုးေထြး ႏွင့္ သာရ အျပင္ သာေအး ပါ ပါလာသည္ ၊ တျခား လူႀကီးမ်ားက လိုက္လိုၾကေသာလည္း ခရီးလမ္းပင္ပန္းမွာရယ္ သူတို႔အား ဧည့္ဝတ္ေက်ပြန္မည့္လူ ဘယ္သူမွ မရွိေသာ ေၾကာင့္ ဦးအုန္းမွ မလိုက္ရန္ တားရခ်င္းျဖစ္သည္ ၊ ခရီးလမ္း ကို မည္သည့္စကားမွမေျပာၾကပဲ ႏုတ္ဆိတ္လို႔သာ လမ္းေလွ်ာက္ေနၾကသည္ ၊ အတန္ၾကာေသာအခါ ေခ်ာင္းဟမ္သံတခ်က္ေပးၿပီး ဦးအုန္းမွ စကားဆိုလာသည္

“အဟမ္း… ေကာင္ေလး လူဆိုတာ ေသမ်ိဳးကြ မင္းလည္း ေသမယ္ ငါလည္းေသမယ္ ေနာက္‌ကေကာင္ေတြလည္း ေသမဲ့ေကာင္ေတြ”

ဦးအုန္း၏ စကားေၾကာင့္ ေနာက္မွ လမ္းေလွ်ာက္ေနေသာ ဖိုေထြးသည္ ၊ ဦးအုန္း၏ ေနာက္ေက်ာကို ၾကည့္ၿပီးမဲ့ၿပဴံတခ်က္ၿပဳံးလိုက္သည္ ၊ ဦးအုန္းသည္ သူအားမေက်မနပ္ျဖစ္ေနေသာ ဖိုးေထြးအား သူမျမင္ပါ ထို႔ေၾကာင့္ ဆက္ၿပီး စကားဆို ေလသည္

“ေကာင္ေလး မင္း ဘယ္လိုခံစားရတယ္ဆိုတာ ငါနားလည္တယ္ ဒါေပမဲ့ …”

ဦးအုန္းသည္ ေမာင္ဘိုးထင္အား ႏွစ္သိမ့္စကား ေျပာလက္စ ႏွင့္ ရပ္ေနသည္ သူဘာဆက္ေျပာရမည္ မွန္း မသိေတာ့၍ စဥ္းစား‌ေနခ်င္းျဖစ္၏၊ ဦးအုန္း မည္သို႔‌ေျပာရမယ္ဆိုတာ စဥ္းစားမရျဖစ္ေနသည္ကို သိေသာ ဖိုးေထြးမွ

“ဦးအုန္းေျပာ‌ေလဗ်ာ ေျပာလက္စ စကားႀကီးကို ”

“ဟိုဟာ ကြာ လူဆိုတာ ေသမ်ိဳး မင္းလည္းေသမယ္ ငါလည္းေသမယ္ ”

“ေနာက္‌က ေကာင္ေတြလည္းေသမယ္ ဒါပဲေျပာမွာ မဟုတ္လား ”

ဦးအုန္း ေျပာမည့္ စကားကို ဖိုးေထြးျဖတ္ၿပီးေျပာလိုက္‌ေသာေၾကာင့္ အေနာက္မွ ဖိုးေထြးအား ဦးအုန္း မၾကည္သလိုၾကည့္ေန၏၊ မေက်မနပ္ျဖစ္ေနေသာ ဦးအုန္းကို ၾကည့္ၿပီး ေမာင္ဘိုးထင္ စိတ္မေကာင္းသည့္ၾကားမွ ၿပဳံးလိုက္မိသည္ ၊ ေမာင္ဘိုးထင္သည္ ေနာက္မွ ဖိုးေထြးတို႔အား လွည့္ၾကည့္လိုက္ျပန္သည္ သူအားၿပဳံးျပ ႏွစ္သိမ့္‌ေနသည့္ မ်က္ႏွာမ်ားကို ျမင္ရ၍ စိတ္ခ်မ္းသာမိသည္ ၊ ယခု သူအနားတြင္ ရွိေနေသာ လူမ်ားေၾကာင့္ သူ႔ဘဝ စိုေျပေနသည္ မဟုတ္ပါလား ၊ ၿပဳံေယာင္သမ္းလာေသာ ေမာင္ဘိုးထင္၏ မ်က္ႏွာကို ျမင္ရ၍ ဦးအုန္းအပါအဝင္ က်န္သူမ်ား စိတ္ခ်မ္းသာေနရသည္ ၊ ဦးအုန္းသည္ ေမာင္ဘိုးထင္၏ ‌ေခါင္းကို လက္ႏွင့္ ပုတ္ကာ

“ေကာင္ေလး မင္းအတြက္ ငါဗုံဝယ္ေပးမယ္ ”

“ဘာလဲ အဘက က်ဳပ္ကို စိတ္မေကာင္းျဖစ္ေနတယ္ဆို ၿပီး စိတ္ေျပေအာင္ေျပာေနတာလား ”

“ေကာင္ေလး မင္းကို ငါဘယ္တုန္းက စကားအပိုေျပာဘူးလဲ ”

“ေအပါဗ်ာ က်ဳပ္သိပါတယ္ ”

‌ဦးအုန္းမွ ဗုံဝယ္ေပးမယ္ေျပာေသာအခါ ဖိုးေထြးသည္ အားက်မခံ ေမာင္ဘိုးထင္အား စကားဆိုလာသည္

“ဘိုးထင္ေရ ဦးအုန္း တကယ္ ဗုံဝယ္ေပးရင္ ငါ ငါ့အဘကို ေၾကး‌ေနာင္ ဝယ္ခိုင္းမယ္ကြာ ၿပီးရင္ ဘႀကီးျမ ဆီသြားသင္ၾကမယ္ ”

“ခင္ဗ်ား ဘင္ဂ်ိဳႀကီးကေကာ ”

“ႏွစ္ခုလံုးသင္မွာေပါ့ကြာ ဖိုးေထြးပါကြာ သူမ်ားေတြလို ႏြားလွည္းေမာင္းတာေလာက္ပဲ သိတဲ့ ေကာင္မဟုတ္ဘူး”

ဖိုးေထြး သည္ သာရအား ငဲ့ေစာင္းၾကည့္ၿပီးေျပာလိုက္ရာ သာရသည္ သူအားေစာင္းေျပာေနသည္ကို သတိထားမိသြားကာ

“ဘိုးထင္ ေရ တခ်ိဳ႕ေကာင္ေတြက ဘင္ဂ်ိဳကို တေတာင္‌ေတာင္ ေလာက္ပဲ တီးတက္တာကြ အဲ့ေလာက္ကေတာ့ ဟိုက သာေအးကို ႐ြာဦးေက်ာင္းက အုန္းးေမာင္းကို တုတ္ႏွစ္ေခ်ာင္း နဲ႔ ေခါက္ခိုင္းထားရင္ေတာင္ အဲ့ဒီထက္ နားေထာင္ေကာင္းမယ္ ”

“ေဟ့ေကာင္သာရ မင္းငါ့ကို ေျပာတာမဟုတ္လား ”

“မင္းနာမည္ပါလို႔လား ဖိုးေထြးရ”

“႐ြာမွာ ဘင္ဂ်ိဳတီးတာ ငါတေယာက္တည္းကြ”

“ဘႀကီးျမေကာ ဘယ္သြားထားမလဲ ”

“ဘႀကီးျမက တီးတက္တယ္ကြ ”

“အဲ့တာဆိုမင္းက မတီးတက္ဘူးလို႔ေျပာတာမဟုတ္လား ကိုယ့္အေၾကာင္း ကိုယ္သိရင္ ၿပီးတာပါပဲ”

“မင္း မင္းေနာ္ မိေက်ာ့တို႔အိမ္တူတူ သီခ်င္းသြားဆို တုန္းက မင္းဘာလို႔လိုက္လဲ ”

“ေဟ့ေကာင္ မင္းတီးတာ ေကာင္းမလားလို႔ေပါ့ ကြ မင္းက တေတာင္ ေတာင္ လုပ္ေန အိမ္ဝိုင္းထဲ မိေက်ာ့ အေဖ ႀကီး ေလးဂြႀကီးကိုင္ၿပီး ေလွ်ာက္သြားေနတာ မျမင္ဘူ မဟုတ္လား”

ဖိုးေထြး ႏွင့္ သာရ စကားမ်ားေခ်ၿပီ ၊ သူတို႔က မတည့္အတူေနမ်ားျဖစ္သည္ ယခု စကားမ်ားေနခ်င္းကို အခ်ိန္မွီ တားစီး ႏိုင္က ေတာ္ရာက်မည္ ၊ ထိုစကားမ်ားေနမႈကို တားစီႏိုင္သူက ေမာင္ဘိုးထင္သာ ရွိသည္ မဟုတ္ပါလား ၊ ဦးအုန္းသည္ ေမာင္ဘိုးထင္အား လက္တို႔ၿပီး ေနာက္မွ ဖိုးေထြးႏွင့္ သာရ တို႔အား မ်က္စာျပစ္ျပလိုက္ရာ

“ကဲ ကဲ ေတာ္ၾကေတာ့ဗ်ာ ခင္ဗ်ာတို႔ကလည္း ဘာမွ မဟုတ္တာေလး နဲ႔ စကားမ်ားေနၾကတယ္ ကိုသာရ ခင္ဗ်ားက ကိုဖိုးေထြးေျပာလည္း ေျပာခ်င္စရာ ”

“ဘာလို႔လဲ ဘိုးထင္ရ ”

“ခင္ဗ်ားက ဘာမွ စိတ္မဝင္စားတာ အဲ့‌ေတာ့ ခင္ဗ်ားက ႏွဲ မႈတ္သင္ ၾကားလား”

“ေအး ေအးပါကြာ ႏွဲ မမႈတ္ပဲ လကြမ္းေလး”

“လကြမ္းက ေဟာဟိုက သာေအးေတာင္တီးတက္တယ္ ”

ဘိုးထင္ေျပာစကား သာေအး မေက်နပ္ပါ အေစာကလည္း သာရမွ အုန္းေမာင္းေခါက္ခိုင္းသည္မဟုတ္ပါလား အခုလည္း လကြမ္းတီးခိုင္ေနသည့္ အတြက္ မေက်မနပ္ျဖစ္ကာ

“ေဟ့ေကာင္ ဘိုးထင္ မင္းကေတာ့ မဟုတ္ဘူးကြာ မင္းနဲ႔ ငါက သတ္တူ႐ြယ္တူပါ မင္းက ဆိုင္းဆရာ လုပ္ၿပီးငါ့ကို လကြမ္း တီးခိုင္းရတယ္ လို႔ မသကာ ႏွဲ မႈတ္ ခိုင္းေတာ္ေသး”

“သာေအးမင္းက လကြမ္းနဲ႔ လိုက္လို႔ကြ ဆိုင္းထဲ မင္းတီးရမဲ့ လကြမ္းအသံက အက်ယ္ဆုံးဟ မင္းလကြမ္းႀကီးက တျခားကထြက္တဲ့ အသံေတြကိုလႊမ္းကုန္တာ ဆိုေတာ့ မင္းက ဆရာႀကီးဟ ”

ေမာင္ဘိုးထင္၏ စကားေၾကာင့္ သာေအး ေခါင္းေလးေမာ့ၿပီး ေတြးေနသည္ ၊ ခဏ ၾကာေသာ အခါ

“ဟုတ္တယ္ဟ ႐ြာက ဆိုင္းအဖြဲ႕ ဆိုင္းတီးရင္ အဲ့ လကြမ္းႀကီးတီးရင္ က်န္တဲ့ အသံေတြ သိပ္မၾကားရဘူး သူကဆရာႀကီးဟ ငါတီးမယ္ ကြာ ”

ေမာင္ဘိုးထင္ သူ၏ အေပါင္းအသင္းမ်ားႏွင့္ ျငင္းခုံ စကားေျပာေနေလရာ သူ၏ ဖခင္အတြက္ စိတ္မေကာင္း ျဖစ္သည္ကို ေမ့ေနၿပီျဖစ္၏ ၊ ငယ္ငယ္ ကတည္းမွ လက္ပြန္းတႏွီး မေနရေသာ ဖခင္၏ နာေရးကို ဤမွ်ေလာက္ ပူေဆြးေသာက ေရာက္သည္မွ အေတာ္ပင္ ႏွလုံးသား ႀကီးသည္ ဟုေျပာရမည္ျဖစ္သည္ ၊ ေပ်ာ္ေပ်ာ္ေနတက္ၿပီးပြင့္ပြင့္ လင္းလင္းရွိလွေသာ ေမာင္ဘိုးထင္ သည္ ေလာကဒဏ္ကို ရင္ဆိုင္ခဲ့ရသည္မွာ အ႐ြယ္ႏွင့္ မမွ် ရင္ဆိုင္ဘူးၿပီမို႔ ႏွလုံးသာမွာ အသားမာတက္ေနၿပီျဖစ္ရာ သူ၏ ႏွလုံးသားက မာ‌ေက်ာေနၿပီ မဟုတ္ပါလား ၊ ယခု သူဝါသနာ ထုံမႊန္းလွသည္ ဆိုင္းအေၾကာင္းေျပာေနေသာေၾကာင့္ အားႀကိဳးမာန္တက္ စကားဆိုေနသည္၊ ေဘးတြင္ မည္သည့္စကားမွ‌မေျပာေသာ ဦးအုန္းသည္ ေမာင္ဘိုးထင္ကို ၾကည့္ၿပီး သေဘာက်ေနေလသည္ ၊ ယခုလည္း ေမာင္ဘိုးထင္တို႔ အဖြဲ႕ ျငင္းခုံေနၾကျပန္သည္ ၊ သူတို႔ ျငင္းေနၾကသည့္အေၾကာင္းမွ

“ဘိုးထင္ ငါက ဆိုင္းနာမည္ကို ေပပင္ ဆိုင္းလို႔ေပးခ်င္တယ္ ”

“ဟ ဖိုးေထြး ေပပင္ ဆိုင္းဆိုတဲ့ နာမည္က ရွိ‌ၿပီးသားဟ ႐ြာက ဘိုေတာ္ေတြတီးတဲ့ ဆိုင္းနာမည္က ေပပင္ဆိုင္းေလကြာ ”

“အဲ့တာဆိုလည္း ဘိုး ဖိုး သာ သာ လို႔ေပးကြာ ”

“ဘာလဲဟ ဘိုး ဖိုး သာ သာ ”

“မင္းကလည္း အတိုေကာက္ေပးထားတာကြာ ဘိူးက ဘိုးထင္ ဖိုးက ငါ သာက မင္း ေနာက္ တသာက ဟိုေကာင္သာေအး”

သာေအးသည္ ထပ္ၿပီး မေက်မနပ္ ျဖစ္ေနျပန္ၿပီျဖစ္သည္ ၊သာေအးသည္ နာမည္ေပးေနေသာ ဖိုးေထြးကို ၾကည့္ၿပီး

“ဟာ ခင္ဗ်ားက က်ဳပ္နာမည္ကို ေနာက္ဆုံးထားတယ္ တကယ္ဆို ဘိုး သာ သာႏွစ္ ဖိုး လို႔ေပးရမွာ ”

“သာတစ္ကက်ဳပ္ သာႏွစ္က ကိုသာရ ”

ေမာင္ဘိုးထင္ ေခါင္းကုတ္ေနရၿပီျဖစ္သည္ ၊ သာေအးေျပာသည္မ်ားကို နားေထာင္ၿပီး ေခါင္းရွပ္ေနခ်င္းျဖစ္သည္ ၊ ဘာလဲ ဆိုင္းနာမည္က ဘိုး သာ သာႏွစ္ ဖိုး လို႔ပဲ ဟုလည္း ေတြးေနရင္း

“‌ေတာ္ၾကေတာ့ဗ်ာ ခင္ဗ်ား တို႔က ေနရာ တအားလိုခ်င္တာပဲ နာမည္ မပါေတာ့ ဘာျဖစ္မွာလဲ ဆိုင္းေကာင္းဖို႔ အဓိကပဲ အဲ့ေတာ့ ဘိုးထင္ ဆိုင္းလို႔ပဲ ေပးမယ္ ဗ်ာ ”

သာေအး မေက်မနပ္ ျပန္ေျပာမယ္ ႀကံစဥ္ သာေအး အနားမွာ ရွိေသာ သာရမွ သာေအး၏ပါးစပ္ ကို လက္ႏွင့္ပိတ္ထားလိုက္သည္ ၊ သူတို႔ လည္း မေက်နပ္ပါ သို႔ေပမဲ့ ဖခင္ ဆုံးရႈံး ထားသည္အတြက္ သူစိတ္ႀကိဳက္ လုပ္ခြင့္ေပးထားခ်င္း ေၾကာင့္ျဖစ္သည္ ၊ နာမည္က အေရးမႀကီး ဘူဆိုၿပီး ဘိုးထင္ ဆိုင္းဟု အမည္ေပးတာ သူတို႔ မေက်နပ္ေပး ၊ သို႔ေပမဲ့ နားလည္ေပးလိုက္ၾကကာ စကားတေျပာေျပာ‌ႏွင့္ သစ္စိမ့္႐ြာသို႔ သြားေနၾကပါေလေတာ့သည္။

▪️အခန္း-၃

ေမာင္ဘိုးထင္ တို႔ သစ္စိမ့္႐ြာေရာက္ခ်ိန္တြင္ေတာ့ အခ်ိန္ လင့္ေနၿပီျဖစ္သည္ ၊ေမာင္ဘိုးထင္ သည္ လေရာင္ ႏွင့္ ၾကယ္ေရာင္မ်ား၏ ေအာက္တြင္ သူ၏ အိမ္ရွိရာ ကို သြားေနပါသည္ ၊ အိမ္ႏွင့္ မလွမ္းမကမ္းေရာက္ေသာ အခါ သူ၏ အိမ္ဝိုင္းထဲတြင္ မီးတုတ္မ်ား ထြန္းညႇိၿပီး ႐ြာသားမ်ား၏ လက္မွာ ကိုင္ထားၾကဟန္ရွိသျဖစ္ လင္းထိန္ေနသည္ ၊ အိမ္ဝိုင္းေပါက္ဝ ေရာက္ေသာ အခါ ‌ေမာင္ဘိုးထင္တို႔ ျမင္ရသည္မွာ ႐ြာသားမ်ားသည္ မီးတုတ္မ်ားကိုင္ထားၿပီး အိမ္ဝိုင္းထဲ ၌ စု႐ုံးေနၾကသည္ ၊ အိမ္ေပၚတြင္ေတာ့ အရက္ဆိုင္ပိုင္ရွင္ ဦးစိုးႀကီး ႏွင့္ ႐ြာလူးႀကီး ထို႔ေနာက္ တျခား႐ြာသားမ်ား၏ ေဒါ ႏွင့္ ေမာႏွင့္ အသံမ်ား ေပၚလာေတာ့သည္ ၊။

“‌ဒီ အေလာင္းကို အခု ခ်က္ခ်င္းျမႇဳပ္ ဒီလို အရက္သမားကို ဖ်ာလိပ္ၿပီး ျမႇဳပ္လိုက္လည္းရတယ္ ႐ြာလူႀကီး ”

“ေဟ့ ေကာင္ေတြ မင္းတို႔ဘာစကားေျပာတာလည္း ကိုေကာင္းက ငါ့႐ြာသား ၿပီးေတာ့သူ႔သား ဘိုးထင္ရွိေသးတယ္ ”

“သူသားရွိေသးေတာ့ ဘာအ‌ေရးလည္း က်ဳပ္တို႔မပါပဲ ဒီအေလာင္းႀကီးကို အဲ့ ဒီက‌ေလးက ေျမခ်ေပးႏိုင္လို႔လား”

႐ြာလူႀကီး ႏွင့္ ႐ြာသားမ်ား အေခ်အတင္းစကားေျပာေန၏ ၊ ထိုအခ်ိန္ ဦးစိုးႀကီး၏ ေဒါသ အသံ ႏွင့္ ေျပာေသာ စကားမ်ားက ေပၚလာသည္

“ေဟ့ေကာင္ ဝင္းေမာင္ မင္းက ပိုဆိုးေနတာ မင္း‌က ဘိုးထင္ ပိုင္တာေတြကို အပိုင္မစီးရလို႔ မီးေလာင္ရာ ေလ‌ပင့္ လုပ္ေနတာ မဟုတ္လား ”

“စိုးႀကီး မင္းနဲ႔ ဘာဆိုင္လဲ မနက္ျဖန္ဆို ေဇာ္မိုးတို႔ အလႉဝင္ၿပီး အဲ့ေတာ့ ဒီမသာကို အခုည ေျမခ်ရမွာပဲ ”

“ဟုတ္တယ္ ေဟ့ ဝင္းေမာင္ေျပာတာ မွန္တယ္ ”

အိမ္ဝိုင္းဝ တြင္ ေရာက္ေနၾကေသာ ေမာင္ဘိုးထင္သည္ သူတို႔ေျပာစကားမ်ားကို အတန္သင့္ ၾကားရၿပီ ျဖစ္ေသာေၾကာင့္ အေျခအေန တခ်ိဳ႕ကို ေကာင္းစြာသေဘာေပါက္မိသည္ ၊ သူတို႔ ညတြင္းခ်င္ ေရာက္လာ‌လို႔ ေတာ္ေသး၏ ။ ႐ြာသား အမ်ားစုက ေမာင္ဘိုးထင္၏ အေဖကို သျဂၤုလ္ ခ်င္ေနၾကသည္ ၊႐ြာသားမ်ားသည္ ဦးစိုးႀကီးကို အေရးမစိုက္ေပ ႐ြာလူႀကီးမွ လက္မခံလို႔သာ ေမာင္ဘိုးထင္ ၏ အေဖအေလာင္းအား ဖ်ာ ပတ္ၿပီး ေျမမျမႇဳပ္ခ်င္းသာျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ ေအးေဆး တည္ၿငိမ္စြာ ႏွင့္ အိမ္ဝိုင္းထဲသို႔ဝင္လိုက္သည္ ၊ ႐ြာသားမ်ား၏ မီးတုတ္မ်ားမွ အလင္းေရာင္ေၾကာင့္ ေမာင္ဘိုးထင္တို႔ ဝင္လာသည္ကို အထင္းသာျမင္ေနရသည္ ၊ ႐ြာသားမ်ားသည္ ေမာင္ဘိုးထင္တို႔ကိုၾကည့္ကာ

“ေဟ့ ဘိုးထင္ ေရာက္လာၿပီေဟ့ ”

“အဲ့‌ေကာင္ကို အိမ္ေပၚတက္ခိုင္း လိုက္”

‌ဆုံးပါးသြားၿပီျဖစ္ေသာ အေဒၚျဖစ္သူ၏ ေယာက္်ား ဝင္းေမာင္၏ မာေက်ာေသာ အသံသည္ အိမ္ေပၚမွ ထြက္လာသည္ ၊ ထိုအခါ႐ြာသားမ်ားသည္ ေမာင္ဘိုးထင္တို႔ကို အိမ္ေပၚတက္ ေစလိုက္သည္ ၊ ေမာင္ဘိုးထင္ေနာက္ တြင္ ဦးအုန္းတို႔သည္လည္း မ်က္ႏွာထားကို တင္းၿပီး လိုက္လာသည္ ဦးအုန္းသည္ ေမာင္ဘိုးထင္ကိုလည္း တိုးတိုးကပ္ၿပီး

“ေကာင္ေလး မင္းစိတ္ႀကိဳက္သာလုပ္ မင္းေနာက္မွ ငါရွိတယ္ တ႐ြာနဲ႔ တေယာက္ဆိုလည္း ငါမေၾကာက္ဘူး ၾကားလား”

ဦးအုန္းနည္းတူ က်န္ေသာ ဖိုးေထြးတို႔မွလည္း အသံခပ္အုပ္အုပ္ျဖစ္

“ဘိုးထင္ နည္းနည္းေၾကာက္ေပမဲ့ မင္းေနာက္မွာ ငါရွိတယ္ ”

“ဟုတ္တယ္ ဘိုးထင္ ငါလည္း ဒူးနည္းနည္းတုံေနေပမဲ့ မင္းနဲ႔ တူတူ ရွိတယ္ ”

သာရႏွင့္ ဖိုးေထြး ထိုသို႔ေျပာေသာ အခါ သာေအးသည္ ေမာင္ဘိုးထင္နားကပ္လာၿပီး

“ဘိုးထင္ ငါက ကိုဖိုးေထြးတို႔ ကိုသာရတို႔လို ေၾကာက္တဲ့ ေကာင္စားမ်ိဳးမဟုတ္ဘူး သိလား အမွန္တရား အတြက္ဆို အသက္ပါေပးရဲတယ္ကြ”

“မင္းက ဘယ္ဟာ မွန္ ဘယ္ဟာ မွား သိလို႔လား”

“ဟဘိုးထင္ရ မင္းမွန္ရင္ မွန္တယ္ကြာ ၾကားလား”

ဘိုးထင္နားတြင္ အသံခပ္စြာစြာ ႏွင့္ေျပာေနေသာ သာေအးေၾကာင့္ ဖိုးေထြး ႏွင့္ သာရ ပင္ မ်က္ႏွာငယ္သြားရမတက္ျဖစ္ေနသည္ ၊ သူတို႔အားလုံး အိမ္ေပၚေရာက္ေသာ အခါ ေရနံဆီ မီးခြက္မ်ား၏ အေရာင္မ်ားေၾကာင့္ အိမ္ထ‌ဲကို ရွင္းလင္းစြာေတြ႕ရသည္ ၊ ဦးေကာင္း၏ ႐ုပ္အေလာင္းသည္ အိမ္ေနာက္ခန္းတြင္ ဖ်ာၾကမ္းေပၚတြင္ ေစာင္တထည္ကို ခင္းေပးထားၿပီး အေလာင္းေခါင္းရင္းတြင္ ပန္းအိုးတလုံး အားခုံေလးေပၚတင္ထားၿပီး ထိုခုံေပၚတြင္ အရက္တပုလင္း ႏွင့္ အျမည္းအခ်ိဳ႕ တင္ေပးထားကာ ဖေယာင္းတိုင္ တတိုင္ထြန္းေပးထားသည္ ၊ ေမာင္ဘိုးထင္သည္ သူ၏ အေဖ၏ ႐ုပ္အေလာင္းကို တခ်က္ၾကည့္လိုက္ၿပီး ဦးစိုးႀကီး ႏွင့္ ႐ြာလူႀကီးအနား ထိုင္လိုက္သည္ ဦးအုန္းသည္လည္း ေမာင္ဘိုးထင္ အနားထိုင္လိုက္သလို က်န္ေသာ ဖိုးေထြးတို႔သည္ သင့္တင္ေသာ ေနရာ တြင္ ထိုင္ေနသည္ ၊ သူတို႔အားလံုးထိုင္ၿပီးသည္ ႏွင့္ ႐ြာလူႀကီးမွ စကားစဆိုလာသည္

“ကဲ ဘိုးထင္ မင္းကို ေစာင့္ေနတာ ႐ြာသားေတြက မင္းမလာေတာ့ဘူး ထင္ၿပီး ညတြင္းခ်င္း မင္း အေဖကို သၿဂႋဳလ္ မလို႔ လုပ္ေနၾကတယ္ ”

“က်ဳပ္႐ြာမွ ေနတုန္းက လူေသရင္ တရက္ ဒါမွ မဟုတ္ ႏွစ္ရက္ သုံးရက္ ထားပါတယ္ ဘာျဖစ္လို႔က်ဳပ္အေဖၾက မွ ညတြင္းခ်င္း သင္းၿဂိဳလ္ခိုင္းေနတာလဲ နားမလည္ဘူး ”

ေမာင္ဘိုးထင္၏ စကားကို ဝင္းေမာင္မွ ျပန္ေျဖလာသည္

“႐ြာမွာ အလႉ ရွိတယ္က ြ မနက္ျဖန္ဆို အဝင္ျဖစ္ၿပီ အဲ့ေတာ့ ဒီည မင္းအေဖ မသာကို ခ်မွ ရမယ္ ”

“ေနပါဦး ဗ် ခင္ဗ်ားက အလႉရွင္လား ”

” အလႉရွင္ေတာ့ မဟုတ္ဘူး ႐ြာဓေလ့ကို ေျပာျပတာ မင္းမသိတာေတြ အမ်ားႀကီး ဘိုးထင္ ”

“ဘာမွ မသိစရာမလိုဘူး က်ဳပ္အေဖ အေလာင္းကို တရက္ထားမယ္ ”

ေမာင္ဘိုးထင္ ထိုသို႔ေျပာေသာ အခါ ဝင္းေမာင္ ႏွင့္ တျခား ညတြင္းခ်င္းသၿငႋဳလ္ ခ်င္ၾကေသာ ႐ြာသားမ်ားသည္ တိုးတိုး ႏွင့္ စကားဆိုလာသည္

“မင္း ရက္ထားရင္ ငါတို႔႐ြာသားေတြ ဘာမွ လုပ္ကူမွာ မဟုတ္ဘူး ”

“ဟုတ္တယ္ ေျမခ်တာ လြယ္တယ္ မ်ားမွတ္ေနလား ”

ေမာင္ဘိုးထင္သည္ ႐ြာသားမ်ား၏ ေျပာစကားကို တခ်က္မဲ့ ၿပဳံး ျပဳးလိုက္ၿပီး

“သစ္စိမ့္႐ြာသားေတြ သူေတာ္ေကာင္းေတြပါလားဗ် က်ဳပ္အေဖ ေသတာေတာင္ အိမ္ေရွ႕မွာ ကနားဖ်င္း ေတာင္မထိုးထားပါလား ဘယ္မွာလဲ ဆန္‌ေတြ လာပို႔ထားတာလဲ မရွိပါလား”

ေမာင္ဘိုးထင္၏ ေျပာစကားေၾကာင့္ က်န္သူမ်ားၿငိမ္ေနၾကေပမဲ့ ႐ြာလူႀကီး ႏွင့္ ဦးစိုးႀကီးမွ

“ငါတို႔က ကနားဖ်င္း ထိုးၿပီး ဆန္လက္ခံဖို႔ လုပ္‌မလို႔ပါ ကြာ ဒါေပမဲ့ ဘယ္သူမွ အေရးမလုပ္ၾကဘူး”

“ဟုတ္တယ္ ဘိုးထင္ရ ႐ြာသားေတြက မင္းအေဖက အသင္းဝင္ မဟုတ္ေတာ့ဘူး ဘယ္သာေရးနာေရးမွ မလိုက္ဘူး ဆိုၿပီး ဒီတိုင္းေနေနတာ ”

“က်ဳပ္သိပါတယ္ အရက္သမားႀကီး မသာက ဘယ္စည္ပါ့မလဲ က်ဳပ္အျပစ္မေျပာဘူး ဘယ္သူမွ ေျမခ်ဖို႔ မကူညီ လည္း က်ဳပ္တိုင္းက်ဳပ္ သၿဂႋဳလ္မယ္ ”

ေမာင္ဘိုးထင္၏ စကားေၾကာင့္ ႐ြာသားမ်ား လႈပ္လႈပ္ရွားရွား ျဖစ္သြားၿပီး

“ေဟ့ အဲ့ ကေလးသာသာေကာင္က ဘာလဲကြ ”

။”ဟုတ္တယ္ သူ႔ကိုယ္သူဘာထင္ေနတာလဲ ”

“ဟုတ္တယ္ ဒီကေလးသာသာ ေကာင္စကားကို နားေထာင္စရာ မလိုဘူး အေလာင္းကို ဆြဲ ထုတ္ၿပီး ျမႇဳပ္လိုက္ၾကရ‌ေအာင္ေဟ့”

႐ြာသားမ်ား၏ စကားသံေၾကာင္ ေမာင္ဘိုးထင္ နားတြင္ ထိုင္ေနေသာ ဦးအုန္းသည္ ၾကမ္းျပင္ကို လက္ႏွင့္ ျပင္းထန္စြာ ပုတ္လိုက္ကာ

“ဘယ္အေကာင္ ဒီ အေလာင္းကို ထိရဲလဲ ထိၾကည့္ စမ္း အေလာင္းကို ထိတဲ့ ေကာင္ေနာက္ေန႔ မသာေပၚၿပီမွတ္ ေပပင္႐ြာက ဦးအုန္းတဲ့ ကြ နာမည္တလုံးနဲ႔ေနတာ ”

ဦးအုန္း ၏ ေဒါသမာန္ အျပည့္ ပါေသာ စကားသံေၾကာင္ ႐ြာသားမ်ား ၿငိမ္သြားၾကသည္ မၿငိမ္လို႔လည္းမရ ေပပင္႐ြာမွ ဦးအုန္းဆိုတာ ဒီနယ္တခြင္တြင္ နာမည္‌ေက်ာ္ေသာ ပုဂိၢဳလ္ မဟုတ္ပါလား ၊ ဦးအုန္းသည္ ေနာက္ထပ္ပိုက်ယ္ေလာင္ေသာအသံျဖစ္ ထပ္ေျပာလာသည္

“သစ္စိမ့္သားေတြ နားေထာင္စမ္း ငါ့ေကာင္ေလးဘိုးထင္ သူ႔အေဖ အသုဘ သူစိတ္ႀကိဳက္လုပ္လိမ့္မယ္ ထုံးတမ္းေတြ အစဥ္လာေတြ လာမေျပာနဲ႔ ေျပာတဲ့ေကာင္ ေနာက္ေန႔ မ်က္ႏွာ သစ္စရာရွိမယ္ မထင္နဲ႔ မ‌‌ေက်နပ္တဲ့သူေတြ အခုျပန္ၾကေဟ့”

ဦးအုန္း၏ စကားဆုံးသည္ ႏွင့္ ႐ြာထဲမွ ေခြးမ်ားသည္ ၾကက္သီးထႏိုင္ေလာက္ေအာင္ ဆြဲဆြဲငင္ငင္ အူေနေလရာ ၊ ႐ြာသားမ်ား ထိတ္လန႔္ကုန္ၾကသည္ ၊ နမည္တလုံး ႏွင့္ ဦးအုန္းအေၾကာင္းသိေသာ ႐ြာသားအခ်ိဳ႕က မသိသူမ်ားကို တိုးတိုး ႏွင့္ ေျပာၿပီး ေမာင္ဘိူးထင္တို႔ အိမ္ဝိုင္းအျပင္သို႔ ထြက္သြားၾကေတာ့သည္ ၊ အိမ္ေပၚတြင္ေတာ့ သစ္စိမ့္သားဟူ၍ ဖဲသမား မ်ား ထိုအျပင္ ႐ြာလူႀကီး ႏွင့္ ဦးစိုးတို႔သာ ရွိပါေလေတာ့သည္။

▪️အခန္း-၄

‌အခ်ိန္မေတာ္ သန္းေခါင္ယံ အခ်ိန္ တြင္ ေမာင္ဘိုးထင္၏ အေဖနာေရးတြင္ ဖဲသမားမ်ား ဖဲ႐ိုက္ေန ၾကသည္။ ဖဲသမားမ်ားသည္က မည္သည္ ျပႆနာရွိရွိ ျပႆနာ ျဖစ္ေနတုန္း ခဏသာ ၿငိမ္ေနၿပီး ျပႆနာ ၿပီးသြားသည္ ႏွင့္ ဖဲဝိုင္းက ျပန္ျဖစ္ေနၾကၿမဲ ျဖစ္သည္။ ဖဲ ဝိုင္းသည္ ႏွစ္ဝိုင္းရွိရာ တဝိုင္းကို သာေအးမွ အေကာက္ ေကာက္ေနၿပီး က်န္တဝိုင္းကို သာရ မွ အေကာက္ ေကာက္ေနသည္ ၊ ဖိုးေထြးသည္က ေမာင္ဘိုးထင္တို႔ ႏွင့္ အတူထိုင္ၿပီး စကားေျပာေနသည္ ၊

“ကဲ ဦးအုန္း သစ္စိမ့္ သားဆိုလို႔ က်ဳပ္နဲ႔ ေဟာဟိုက စိုးႀကီးပဲ က်န္ေတာ့တယ္ မနက္ ဘယ္လိုျပႆနာေတြ ျဖစ္မလဲ မေျပာတက္ဘူဗ်ာ ”

“စိတ္မပူပါနဲ႔ဗ်ာ က်ဳပ္တို႔တိုင္းလုပ္လိုက္ပါ့မယ္ ”

“က်ဳပ္႐ြာသားေတြ အေၾကာင္း က်ဳပ္သိတယ္ ခင္ဗ်ားကို ေၾကာက္လို႔သာ ညိမ္ေနတာ ဒီတိုင္းေတာ့ မၿပီးေလာက္ဘူးဗ် ”

“ဟုတ္တယ္ ဆရာႀကီးရ ဒီ႐ြာသားေတြက ဝင္းေမာင္ စကားနားေထာင္ေနတာ ႐ြာလူႀကီးစကားေတာင္ နားမေထာင္ဘူး ဝင္းေမာင္က ဘိုးထင္ ပိုင္တဲ့ လယ္နဲ႔ အိမ္ကို လိုခ်င္‌ေနတာ မရလို႔ ဒီေကာင္ အညႇိဳးထားေနတာ ဗ်”

“ထားလိုက္ပါ ႐ြာလူႀကီး နဲ႔ စိုးႀကီးတို႔လည္း နားခ်င္ရင္ရင္ ျပန္နားၾကေတာ့ဗ်ာ က်ဳပ္တို႔ ‌ဒီမွာေနပါမယ္ ”

ဦးအုန္း ႏွင့္ ႐ြာလူႀကီး ၿပီးေနာက္ ဦးစိုးႀကီးတို႔ စကားေျပာေနၾကသည္ စကားမ်ားေသာ ေမာင္ဘိုးထင္က သူ၏ အေဖကို လွမ္းၾကည့္ၿပီးသာ ၿငိမ္ေနေလသည္ ၊ ထို႔ေနာက္ ႐ြာလူႀကီးသည္ ၿငိမ္ေနသာ ေမာင္ဘိုးထင္အား

“ဘိုးထင္ မင္းအေဖ မေသခင္ ငါ့ကို မွာသြားတာ ရွိတယ္ ”

“ဟုတ္ ဦးႀကီးေျပာပါဗ်”

“မင္းတို႔လယ္ကို ေရာင္းလိုက္ၿပီကြ ေရာင္းလို႔ရတဲ့ ေငြ နဲ႔ ေျခာက္လုံးပတ္ တစုံ ဝယ္ထားတယ္ မင္းကို ေပးခ်င္လို႔ ဆိုၿပီး မင္းျပန္သြား ၿပီးၿပီးခ်င္ ငါကိုေျပာၿပီး တန္း စီစဥ္ခိုင္းတာ ဗုံက မနက္ျဖန္ ေလာက္မွ ေရာက္မယ္ ပိုတဲ့ ေငြ မင္းကို ေပးမယ္ ”

“ဟုတ္ကဲ့ ဦးႀကီး “,

“ဒီအိမ္ကို ဘယ္လို လုပ္မွာလဲ ျပန္ေနမွာလား ေရာင္းမွာ လား ”

“ေရာင္းေတာ့မယ္ ဗ်ာ ဒီ႐ြာမွာလည္း မေနခ်င္ဘူ”

“မင္းသေဘာပါ အဲ့တာဆို ငါျပန္ေတာ့မယ္ ကြာ ဒီည ဒီမွာ အိပ္မလို႔ပဲ ဒါေပမဲ့ လူမ်ားေတာ့ ငါျပန္ၿပီကြာ ”

႐ြာလူႀကီး သည္ ေျပာေျပာဆိုဆို ထရပ္လိုက္ၿပီး က်န္ခဲ့မည့္သူမ်ားကို ႏုတ္ဆက္ၿပီး ျပန္သြားေတာ့သည္ ၊ ထို႔ေနာက္ ဦးအုန္းသည္ ဦးစိုးႀကီးဘက္လွည့္ကာ

“စိုးႀကီး က်ဳပ္ကို ကူညီဦးဗ်ာ ”

“ေျပာဆရာႀကီး ”

“မနက္ျဖန္ ေခါင္းပ်ဥ္ေတြ ဝယ္ေပးဗ်ာ ၿပီးေတာ့ သခ်ႋဳင္းမွာ ေျမတူး ဖို႔ စီစဥ္ ေပးဦး ဒီ႐ြာသားေတြက လာေတာ့မဲ့ ပုံ မေပၚဘူး ”

“စိတ္ခ်ပါ က်ဳပ္စီစဥ္ လိုက္ပါမယ္ ”

“ၿပီးေတာ့ ခင္ဗ်ာကို က်ဳပ္တို႔ေငြ ေပးမယ္ ဗ်ာ ဘာသာေရးနဲ႔ဆိုင္တာေတြ ေတာ့ မင္းနဲ႔ ႐ြာလူႀကီး ပဲ လုပ္လိုက္ေတာ့ ”

ဦးစိုးႀကီး ေခါင္းညိတ္လလို႔ အသိအမွတ္ျပဳလိုက္သည္ ဦးအုန္းသည္ ေမာင္ဘိုင္းထင္ဘက္လွည့္ၿပီး

“ဘိုးထင္ ”

“ဗ် အဘ ”

“မငိး အေဖကို တရက္ေတာ့ မထားေတာ့နဲ႔ ကြာ မနက္ျဖန္ ေျမခ် လိုက္ၾကရေအာင္ ”

“အဘ သေဘာပါပဲ ”

ဤသို႔ ဦးအုန္း၏ လမ္းၫႊန္မႉ႔ျဖစ္ ေမာင္ဘိုးထင္၏ ဖခင္ အသုဘ ခ်မည့္ အးီအစဥ္အား ဆြဲလို႔ၿပီးျဖစ္ပါေလေတာ့သည္၊

▪️အခန္း-၅

မနက္အလင္းေရာင္ခ်ည္ မရခင္ ဦအုန္း ႏွင့္ ေမာင္ဘိုးထင္ အား႐ြာလူႀကီးမွ သူ မလာႏိုင္ေၾကာင္း လာေျပာသည္ သူအားနားလည္ေပးရန္လည္းေတာင္ပန္ေနရာ ဦးအုန္း ႏွင့္ ေမာင္ဘိုးထင္မွ နားလည္ေၾကာင္း ေျပာမွ ႐ြာလူႀကီး ျပန္သြာသည္ ေမာင္ဘိုးထင္သည္ ဦးစိုးႀကီးအား ႏိုးလိုက္ၿပီး

“ဦးစိုးႀကီး ထ ဗ် ”

“ေအး ထပါၿပီကြာ ”

“ဦးစိုးႀကီး ေျမတူးမဲ့သူရွာၿပီး တူးခိုင္းေတာ့ဗ်ာ ၿပီးေတာ့ အေခါင္းစပ္ မဲ့ ပ်ဥ္ ဝယ္ေပးအုန္း”

“ပ်ဥ္ကေတာ့ လုပ္မေနနဲ႔ ငါ့အိမ္က ကြၽန္းပ်ဥ္ေတြလုပ္ကြာ ငါလည္း သုံးစရာမရွိဘူး သံေတြ တူေတြလည္း ရွိတယ္ တေယာက္ေလာက္ ငါ့ေနာက္လိုက္ခဲ့ဦး ”

“က်ဳပ္လိုက္ခဲ့မယ္ ဒါေပမဲ့ ဦးစိုးႀကီး ဟို ဘယ္လလိုေခၚမလဲ အယူေတြသီးၾကတယ္ေလဗ်ာ ”

“သိပါတယ္ကြာ ေဟ့ေကာင္ မင္းအေဖက ငါ့ေဖာက္သည္ကြာ မင္းအေဖက သူ႔အသက္ကိုရင္းၿပီး ငါ့ဆိုင္ရဲ႕ ေဖာက္သည္ေကာင္းႀကီး ျဖစ္တယ္ဆိုတာကို သက္ေသ ျပလိုက္တဲ့ သူရဲေကာင္ သူရဲ႕ နာေရးမွ ငါဒီေလာက္ေတာ့ ဂုဏ္ျပဳသင့္ပါတယ္ကြာ ဘာအယူမွ မရွိဘူး ငါက အရက္ေရာင္းစားတဲ့ ေကာင္ ”

ဦးစိုးႀကီး၏ စကားကို ေမာင္ဘိုးထင္သာမကာ က်န္လူမ်ားပါ ေငးၿပီး ၾကည့္ေနၾကသည္ ၊ ဦးစိုးႀကီးကို အ႐ႊန္းးေဖာက္ေျပာသည္ဟု ထင္ေနၾကေပမဲ့ သူမ၏ မ်က္ႏွာက တာည္တန႔္ေနေလ၏ ၊ သူအားဝိုင္းၿပီး ၾကည့္ေနတာ သိေသာအခါ ဦးစိုးႀကီးသည္

“မင္းတို႔ကလည္း မေနတက္ေတာ့ဘူကြာ ငါက ႐ုပ္ႀကီးသာၾကမ္းတာ ဟ လူငယ္ေလးေတြ ၾကည့္ရင္ စိတ္ထဲတမ်ိဳးႀကီးျဖစ္တယ္ လာလာ အိမ္သြားၿပီး ပ်ဥ္သြားသယ္ၾကရေအာင္ ”

“က်ဳပ္ လိုက္မယ္ ဦးစိုးႀကီး”

ေမာင္ဘိုးထင္ မွ သူလိုက္မည္ဟုေျပာေသာအခါ ဖိုးေထြး ႏွင့္ သာရသည္

“ဘိုးထင္ ေနေန မင္းက အေကာင္ေသးတယ္ ငါတို႔ပဲ သြားလိုက္မယ္ ”

“ဟုတ္တယ္ ဘိုးထင္ ေနေန ဒီေကာင္ေလးႏွစ္ေယာက္က အ႐ြယ္ေကာင္းေလးကြ မင္းကေသးတယ္ ”

ဦးစိုးႀကီး၏ စကားေၾကာင့္ ဖိုးေထြးႏွင့္ သာရ တေယာက္ကို တေယာက္ ၾကည့္လိုက္ၾကသည္ တေယာက္ ႏွင့္ တေယာက္ၾကည့္ေနေသာ ဖိုးေထြး ႏွင့္ သာရအား ဦးစိုးႀကီးမွ

“ဟဲ့ေကာင္ေတြ လာေလ ဘာရပ္လုပ္ေနတာလဲ ”

ဦးစိုးႀကီး၏ ေခၚသံေၾကာင့္ ဖိုးေထြး ႏွင့္ သာရ သည္ ဦးစိုးႀကီး၏ ေနာက္ မလွမ္း မကမ္းမွ လိုက္သြားလိုက္ပါေလေတာ့သည္။

▪️အခန္း -၆

သရဏဂုံတင္ရန္ ဘုန္းႀကီးမပါ ကြၽန္းသား ပ်ဥ္ေခါင္းမွာ အိုးမဲႏွင့္ ဦးေကာင္း၏ နာမည္ ႏွင့္ အသက္ကို ေရးထားသည္ ၊ ထိုအေခါင္းထဲသို႔ ေမာင္ဘိုးထင္ ၏ အေဖအ‌ေလာင္းအား ထည့္လိုက္ၾကသည္

“ဘိုးထင္ ငါလည္း ဘာမွ မသိ‌ဘူးေနာ္ ရမ္းလုပ္ေနတာ ”

” အေဖက ေသၿပီးၿပီပဲ ဗ်ာ ဘယ္သူမွ မလုပ္ကူေတာ့ ကိုယ္တိုင္းကို ခ်ရတာေပါ့ ”

“႐ြာထဲမွာ အေခါင္းကို မထမ္းရဘူးတဲ့ ကြ ဘိုးထင္ ရ”

“အဲ့တာ ဆို လက္ကဆြဲဗ်ာ ဖဲသမားေတြ ပါေခၚ ရမလား အဘ”

“ရႈံး တဲ့ေကာင္ေတြေတာ့ ေခၚလို႔ရမွာေပါ့ ဒင္းတို႔ က ေငြလိုေနတာ ”

“ရတာ ေခၚမယ္ဗ်ာ က်ဳပ္ နဲ႔ သာေအးက မ မႏိုင္ဘူေနာ္ ”

“ေဟ့ေကာင္ ဘိုးထင္ ငိုေလကြာ မင္းက မင္းအေဖ ေသတာ ငိုရမွာ မဟုတ္လား ”

“,ငိုမရဘူး အဘရ ငိုလည္း မငိုခ်င္ပါဘူး က်ဳပ္ေနသာ ၾကသြားၿပီဗ် ”

“ေကာင္းတယ္ကြာ တို႔က ေအာက္လမ္းေတြပဲ အသဲေတာ့ မာရမွာေပါ့ ”

“အသဲေတာ့ မမာဘူးအဘ ညက အေဖ က အေမနဲ႔ ေတြ႕ေနရၿပီလို႔ အိပ္မက္မက္ လို႔ မငိုခ်င္ေတာ့တာ သူ လူ႔ဘဝ မွာ ရွိေတာ့လည အထီးက်န္ေနတာ ပဲ မဟုတ္လား ”

“ေအးကြ ဝဋ္ကြၽတ္သြားတယ္ ေပါါ့ကြာ ”

ထို‌ေနာက္ စိုးႀကီး မွ ေျမႀကီး တူးၿပီးၿပီျဖစ္ေၾကာင္း လာေျပာေသာ ခါ ဦးအုန္းသည္ ဖိုးေထြး၊ သာရ ႏွင့္ ဖဲသမားမ်ားကို ေမာင္ဘိုးထင္၏ အေဖအေလာင္းထည့္ထားေသာညအခ‌ေါင္းကို ဝါး လုံးႀကီးမ်ားေပါတင္ခိုင္းလိုက္ၿပီးေနာက္

“ေဟ့ေကာင္ေတြ ငါလည္း အသုဘ မခ်တက္ဘူး ငါသိ‌သေလာက္ဆို ဓတ္စက္ႀကီးက အေလာင္းပိုဒ္ ဖြင့္ရင္ အသုဘ ခ်မည္ဆို တာ ႐ြာသားေတြကို သတိေပးတာဟ အဲ့တာမွ သူတို႔က အဝတ္ေတြ ႐ုတ္ တံခါးေတြ ပိတ္လုပ္တာ ငါတို႔က ဘယ္လို လုပ္မလဲ ”

“မထူးဘူး အဘရာ ေအာ္သြားၾကတာေပါ့ အသုဘ ခ်မယ္ဗ်ိဳ႕လို႔ ေပါ့ ”

“ေအးကြာ လုပ္ၾကကြာ ”

သူတို႔ အသုဘခ်ရန္ ျပင္ဆင္ေနၾကစဥ္ သာေအးသည္ ေမာင္ဘိုးထင္အနားကပ္ၿပီး

“ဘိုးထင္ အသုဘ ခ်တာပိုၿပီး ပီျပင္ေအာင္ ငါလုပ္ျပမယ္ ”

ေမာင္ဘိုးထင္အား ထိုသို႔ေျပာၿပီး သာေအးသည္ အေလာင္းထည့္ထားေသာ အေခါင္းနားသြားၿပီး

“အမေလး ဦးေကာင္းရဲ႕ ထၾကည့္ပါဦး က်ဳပ္ဘယ္သူနဲ႔ ေနရမွာ လဲ ဗ်”

သာေအးေအာ္ဟစ္ ငိုေကြၽးေနသည္ ၊ သာေအး၏ ႏွစ္အိမ္ေက်ာ္ သုံးအိမ္ၾကား ငိုသံ ေၾကာင့္ အသုဘ ခ်မည့္ပုံပိုၿပီး အသက္ဝင္လာသည္ ဟုေတြး ၿပီး ေမာင္ဘိုးထင္သည္ သာေအးကို ေက်းဇူးတင္ေနသည္ ၊ဦးအုန္းသည္ ရပ္႐ြာထဲတြင္ အသုဘလိုက္ပို႔ဘူးသူမဟုတ္ ညအခ်ိန္ မေတာ္ တြင္သာ ေအာက္လမ္း အတိုက္ လုပ္ရန္သာ အေလာင္းကို ေဖာ္တာ ျပန္ျမႇဳပ္တာသာ လုပ္ဖူးသူျဖစ္သည္ ၊ ယခုလည္း သူသိသေလာသာ ေျပာဆို လုပ္ကိုင္ေနခ်င္း ျဖစ္သည္

ဖဲရႈံးသည့္ ဖဲသမားမ်ား ၊ ဖိုးေထြး သာရ တို႔ သည္ ဦးေကာင္းကို ထည့္ထားေသာ အေခါင္းအား မ လိုက္ရာ ဦးအုန္းမွ

။”ေဟ့ေဟ့ ဒူး မေက်ာ္ နဲ႔ ဒူးမေက်ာ္ နဲ႔”

“ဒူးေက်ာ္ရင္ ဘာျဖစ္တုန္းဗ် ဦးအုန္း ”

” မသိဘူး ဘူးေဟ့ မသိဘူး ဟ ေအာက္လမ္းဆရာက အသုဘ ခ်ေနရတယ္လို႔ကြာ လခြီးမွပဲ ”

ဦးအုန္း ေခြၽးမ်ား စို႔ေနသည္ ဖိုးေထြးတို႔ လည္း ကုန္းကုန္းႏွင့္ အေခါင္းႀကီးကို ဖဲသမားမ်ားႏွင့္ အတူ မ ေနေလသည္ ၊ သာေအးသည္က ေနာက္က လိုက္၍ ေအာ္ ဟစ္ငို ေကြၽးေနေလရာ အေလာင္သယ္‌ေနရ၍ ပင္ပန္းေနေသာ ဖိုးေထြးမွ

“သာေအး မင္းဟာက အမေလး နဲ႔ ပဲ ၿပီးေနတာပဲ တျခားဟာေလး ေျပာင္း‌ေျပာၿပီးငိုကြာ နားညီးတယ္ကြ ေလးရတဲ့ အထဲ ”

“ကို‌ဖိုးေထြးကလည္း ဗ်ာ က်ဳပ္လည္း ေမာေနၿပီ ဟိုေကာင္ဘိုးထင္က ငိုရမွာ က်ဳပ္က အစား ငိုေပးေနတာ က်ဳပ္လည္း ဒါပဲငိုတက္တာ ေနာက္တနည္းက တက္ တဲ့ နည္းရွိတယ္ တက္ ျပရမလား ”

သာေအး၏ စကားေၾကာင့္ ဖိုးေထြး မ်က္လုံး ျပဴးသြားကာ

“တက္ ေတာ့ မတက္ျပပါနဲ႔ကြာ ”

“ေျပာရင္ ဆိုရင္ အလုံးႀကီး စို႔လာသလိုပဲ ”

“မစို႔ နဲ႔ ဟ ႀကိဳက္သလိုသာ ငို နား နား ငိုေပါ့ကြာ ”

သာေအးသည္ ဖိုးေထြးအား မည္သို႔ေသာ စကားမွ မေျပာ ဆက္၍သာ ငိုေနေလသည္ ၊ ဤသို႔ ႏွင့္ သားသမီးေပၚ တသက္လုံး မၾကင္နာ ေသခါနီးမွ အသိတရားဝင္ အခ်ိန္လြန္မွ ရေသာ ေနာင္တမ်ားကို ရင္ဝယ္ ပိုက္ၿပီး ေသသြားေသာ အရက္သမား ႀကီး ဦးေကာင္း၏ အသုဘသည္ က ဗရမ္းဗတာ ျဖစ္ေနပါေလေတာ့သည္။

▪️အခန္း-၇

ဦးအုန္း ေဒါသ ထြက္ေနၿပီ ျဖစ္သည္ ၊ အင္မတန္ကိုေဒါသ ထြက္ေန၏ သူနည္းတူ ေမာင္ဘိုးထင္တို႔လည္း ေဒါသ ထြက္ေနသည္ ၊ ႐ြာျပင္ သခ်ႋဳင္းသြားမည္လမ္းမ်ားကို ႐ြာသားမ်ားက ပိတ္ပင္ၿပီး မသြားႏိုင္ရန္ ေႏွာက္ယွက္ေနသည့္ အတြက္ ျဖစ္သည္ ၊ ဟိုဘက္က သြားလို႔ ေျပာလိုက္ ဦးအုန္းတို႔ သယ္သြားေသာအခါ ဒီဘက္က သြားလို႔ေျပာလိုက္ႏွင့္ မကူညီၾကပဲ ေႏွာက္ယွက္ေနခ်င္းေၾကာင့္ ျဖစ္သည္ ၊ ေနာက္ဆုံး ဦးအုန္းသည္ ပိတ္ရပ္ေနေသာ လမ္း တြင္ အေခါင္းႀကီးကို ခ်ေစၿပီးေနာက္ ေမာင္ဘိုးထင္ ဘက္လွည့္ကာ

“ေကာင္ေလး ငါကေတာ့ စိတ္မရွည္ေတာ့ဘူး ဒါတမင္ လိုက္ေႏွာက္ယွက္ေနတာ ကြ”

“ဟုတ္တယ္ ႐ြာလူႀကီးလည္း ေျပာလို႔ ရပုံမေပၚဘူး ”

“ငါ အၾကမ္းနည္းသုံးမယ္ကြာ လူလို သိ‌ေနလို႔မရေတာ့ဘူး ”

“အဘ သေဘာဗ်ာ လုပ္ခ်င္တာ သာလုပ္ ”

“ကဲ ေခါက္ရန္းပန္း ရွာ ကြာ “,

ေမာင္ဘိုး ထင္ ႏွင့္ သာေအးသည္ ပိတ္ေနေသာ လူမ်ားကို ေရွာင္ကြင္း ၿပီး သခ်ႋဳင္းအနားတြင္ ရွိေသာ ေခါင္ရမ္းပန္းပင္မွ ေခါင္ရန္းပန္းတပြင့္ ကို ခူးလာၿပီး ဦးအုန္းအားေပးလိုက္ေတာ့သည္ ဦးအုန္းသည္ ေခါင္ရန္းပန္းကို ကိုင္ကာ

“ကဲ ငါေနာက္ဆုံးေမးမယ္ မင္းတို႔ ေကာင္ေတြ ဖယ္ေပးမွာလား ”

႐ြာသားမ်ားသည္ မသိေယာင္ေဆာင္ၿပီး လမ္းအား ပိတ္ထားၾကသည္ ၊ ဦးအုန္းသည္ ေတာက္တခ်က္ေခါက္လိုက္ၿပီး

“ေတာက္ ေပးစမ္းကြာ သံတ႐ြင္း ”

ဖိုးေထြးသည္ အသင့္ယူလာေသာ သံတ႐ြင္းကို ေပးလိုက္သည္ ဦးအုန္းသည္ သံတ႐ြင္း ႏွင့္ အေခါင္းႀကီးကို ဖြင္လိုက္ၿပီး ေဖာေရာင္ေနေသာ ဦးေကာင္းအေလာင္းႀကီ၏ နားသို႔ ေခါင္းရမ္းပန္းကို ပန္ေပးလိုက္ကာ မႏၲန္တပုဒ္ကို တိုးတိုး႐ြတ္လိုက္ၿပီး

“ကဲ မင္းတိုင္း မင္းသြားကြာ သခ်ႋဳင္းကို ငါတို႔ေနာက္က လိုက္မယ္ ”

ဦးအုန္း ထိုသို႔ေျပာလိုက္သည္ ႏွင့္ အေလာင္းေကာင္ႀကီးသည္ ငုတ္တုပ္ ထထိုင္လာရာ

“အမေလး အေလာင္းႀကီး အသက္ဝင္လာၿပီ”,

လူမ်ား၏ ေအာ္ဟစ္သံ ႏွင့္ အတူ ႐ြာသားမ်ားထြက္ေျပးၾကကုန္သည္ သတၱိရွိလွပါသည္ဆိုေသာ ႐ြာသားမ်ားပင္ အေဝးမွ ပဲ လွမ္းၾကည့္ေနၾကသည္ ၊ အေလာင္းေကာင္ႀကီးသည္ အေခါင္းအျပင္မွ ထြက္ ၿပီး ဒယီးဒယိုင္ ႏွင့္ ႐ြာအျပင္သို႔ တျဖည္းျဖည္း ထြက္ခြာသြားေတာ့သည္ ၊ အေလာင္းထမ္းေပး‌ေနေသာ ဖဲ သမားမ်ား ပါ ထြက္ေျပး သြားၾကၿပီမို႔ အေလာင္းမရွိေသာ အေခါင္း အလြတ္ႀကီးကို ငိုခ်င္းသည္ သာေအး ႏွင့္ အသုဘ ရွင္ ေမာင္ဘိုးထင္မွ ေရွကႏွစ္ေယာက္ ဖိုးေထြး ႏွင့္ ‌သာရ ႏွစ္ေယာက္သည္က ေနာက္မွ ေန‌၍ သခ်ႋဳင္းဆီသို႔ ထမ္း၍ သြားပါေလေတာ့သည္။

▪️အခန္း-၈

ေမာင္ဘိုးထင္ အေဖ ဦးေကာင္း၏ အသုဘခ်ခ်င္းသည္က ဟိုးေလးတေၾကာ္ႏွင့္ ၿပီး ဆုံးသြားၿပီျဖစ္သည္ ၊ က်န္သည္ကိစၥမ်ားႏွင့္ ဘာသာေရး ကိစၥမ်ားကို ႐ြာလူႀကီးႏွင့္ ဦးစိုးႀကီးအား ေငြေပးၿပီး လုပ္ခိုင္းလိုက္သည္ ေမာင္ဘိုးထင္တို႔သည္က ဦးေကာင္း မေသခင္ ေမာင္ဘိုးထင္ အတြက္ ဝယ္ ေပးထားေသာ ဗုံး မ်ားကို ထမ္းသူထမ္း ႐ြက္ သယ္သူ သယ္ ႏွင့္ ေပပင္႐ြာသို႔ ျပန္ေနၾကသည္။ ပတ္မႀကီးကို ႏွစ္ေယာက္ ဝါးလုံး ႏွင္ခ်ိဳထမ္းလာၿပီး က်န္ေသာ ဗုံေလးမ်ားအား တေယာက္ တလုံး ေပြ႕လာၾကသည္ ၊ ေမာင္ဘိုးထင္သည္ သူ၏ အေဖ ေသးဆုံး သည္ကို ဝမ္းနည္းမေနေတာ့ေပ ၊ စိတ္မေကာင္းေတာ့ ျဖစ္မိသည္ ၊ ေကာင္ေသလင္းတ မက်သြားသည္ကို ပင္ ေက်းဇူးတင္ရမည္ျဖစ္သည္ ၊ ေမာင္ဘိုးထင္ သည္ သူ၏ ေမြးရပ္ေျမ သစ္စိမ့္႐ြာအား အေတာ္ကို စိတ္နာ သြားသည္ က်န္ခဲ့ေသာ အိမ္ ႏွင့္ ဝိုင္းအားေရာင္းၿပီးရင္ ေနာက္တခါ ဘယ္ေသာအခါမွ မလာေတာ့ဘူး လို႔လည္း ဆုံးျဖတ္ထားသည္ သူလမ္းေလွ်ာက္‌ေနရင္း ထိုသို႔ေတြးေနစဥ္ ဗုံႀကီးကို ခ်ိဳၿပီးထမ္းလာေသာ ႏွစ္ေယာက္အနက္ ေနာက္မွေနေသာ သာရမွ ဗံုႀကီးကို အားရပါးဘ တီးလိုက္ခ်င္းျဖစ္သည္ ၊ ဗုံသံၾကားမွ ေမာင္ဘိုးထင္ အေတြးမ်ား‌ေပ်က္ကြယ္သြားၿပီး

“ဘယ္လိုလဲ ကိုသာရ တီးလို႔ ေကာင္းေနတာလား”

“ေအးဟ ေရွ႕ကေကာင္ မ်က္ႏွာ ႀကီးမွတ္ၿပီးတီလိုက္တာ အရသာရွိလို႔”

ၿပဳံးစိစိ ႏွင့္ သာရ၏ စကားေၾကာင့္ ေရွ႕မွ ဗုံ ထမ္းေနေသာ ဖိုးေထြး မ်က္ႏွာ မၾကည္မသာျဖစ္ေန၏ ၊ သာေအးသည္ကာ ဗုံ အေသးေလးကို တီးရင္ ဦးအုန္း၏ ေဘးတြင္ လမ္းေလွ်ာက္ေနရင္း

“လန္႔လိုက္တာ ဘႀကီးအုန္းရာ ”

“ဟေကာင္ ဘာေတြ လန႔္ေနတာလဲ ဟ ”

“ဘိုးထင္အေဖႀကီး လမ္းထေလွ်ာက္တာကိုေလ ”

“ဟ ဒီေကာင္ေတာ့ ျပန္ေတာင္ ျပန္ေနၿပီ မင္းက အခုမွ လန႔္‌ေနရလား ”

“အဲ့ အခ်ိန္က ဘိုးထင္ကို သနားတဲ့ စိတ္က မ်ားေနေတာ့ မလန႔္အားဘူးေပါ့ဗ်ာ”

သာေအး၏ စကားေၾကာင့္ ဦးအုန္း မ်က္လုံးပင္ ျပဴးသြားရ၏ ၊ ေမာင္ဘိုးထင္သည္ ေရွ႕မွ သြားေနရင္ ေနာက္မွ ဦးအုန္းကို ေစာင့္လိုက္ကာ

“အဘ က်ဳပ္ ဘႀကီးျမ ဆီ ဗုံတီးသင္မွာေနာ္ ”

“ေအး သင္ သင္ မင္းဗုံတီး ျမန္ျမန္ တက္ခ်င္လား”

“တက္ခ်င္တာေပါ့ ဗ် ”

“အဲ့တာဆို ဗုံ ေမွာ္ သြင္းေပးမယ္ ကြာ ”

“တကယ္ လုပ္လို႔ရတာ လား အဘ ”

“ရတာေပါ့ ဟ မင္းတို႔ ဗုံေမွာ္ေအာင္ရင္ ႐ြာက ဆိုင္းတီး‌ေနတဲ့ ဘိုးေတာ္ေတြကို အသာေလးယွဥ္လို႔ရတယ္ ”

ေမာင္ဘိုးထင္သည္ ဦးအုန္း ၏ ဗုံေမွာ္သြင္းလို႔ရသည္ဆိုေသာစကားကို ေတြးရင္ ‌ေပပင္႐ြာသို႔ ျပန္‌ေသာ လမ္းမွာ ဗုံတလုံးကို ေပြ႕၍ လမ္း‌ေလွ်ာက္ေနပါေလေတာ့သည္။

▪️ေအာက္လမ္းဘိုးထင္ ႏွင့္ အသုဘ သည္ကဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ဗုံေမွာ္ ဆိုေသာ ဝတၳဳဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။

📝ေမာင္တင္ဆန္း

#mgtinsan