“အောက်လမ်းဘိုးထင် နှင့် လင်တရူး မိကျော့”(စ/ဆုံး)

“အောက်လမ်းဘိုးထင် နှင့် လင်တရူး မိကျော့”(စ/ဆုံး)

——————————————————–

▪️အခန်း-၁

မောင်ဘိုးထင် ဖိုး‌ေထွး နှင့် သာရသည် ရွာအပြင် ချောင်းရိုးစပ် တွင် ထိုင်ပြီး တစုံ တခုကိုစောင့်‌ေမျှာ်နေသည် ၊ သူတို့စောင့်‌ေမျှာ်‌ေနသည့်အရာမှာ မိကျော့ဖြစ်သည် ၊ မိကျော့၏ အဘ နှင့် အမ ပြောပုံအရ သူမသည် ယခုချောင်းရိုးကို နေ့တိုင်း ခိုးကြောင်ခိုးဝှက်သွားနေသည်ကို ၊ ရွာမှ ချောင်းရိုစပ်ရှိ လယ်ကွင်းများဘက် ရွှံ့သွားခွာသော ကလေးများ၏ ပြောစကားအရ သိရကာ အလစ်မပေး အမြဲစောင့်ကြည့်နေ‌၏ ၊ မောင်ဘိုးထင်တို့ မိုးကြိုးစက် တောင်ဝှေး သွားယူနေချိန် ရက်ပိုင်းတွင်းကိုပင် မိကျော့သည် အဝတ်ထုပ်ကို ဆွဲကာ လင်နောက်လိုက်ဖို့ ကြံစည်သည်မှာ သုံးကြိမ် ရှိပြီဖြစ်ရာ အခြေအနေအတော် ဆိုးနေပြီဖြစ်သည်၊ ဖိုးထွေးသည် သူ၏ ချစ်လွန်း၍ ပိုးပန်းနေသော မိကျော့မှာ သူနှင့် ချစ်သူတောင်မဖြစ်သေး တခြားသူနှင့် လိုက်‌ေပြးဖို့ ကြံနေလေရာ အတော်ပင် ကြေကြေကွဲကွဲဖြစ်ပြီး မောင်ဘိုးထင် နှင့် သာရအား ရင်ဖွင့်နေလေသည် ။

“တောက် ဘိုးထင်နဲ့ သာရရာ ငါ့မျက်နှာလေးကိုကြည့်ပါ ဟော့ဒီ ပေပင်ရွာမှာ ငါ့လောက်နီးနီးခန့်တဲ့ကောင် ချောတဲ့ကောင်ကို ရှာကြည့်ကွာ ဘယ်ကောင်ရှိတုန်း”

“ဟို ဒေါ်ရင်မေ သား ကိုသူရ ရှိ‌တယ်လေ ခင်ဗျားထက် အပုံကြီးသာတယ် ‘

“ဟ ငါက ယောက်ျား အစစ်တွေထဲကို ပြောတာကွ သူက လှချင်လွန်းအားကြီးပြီး မိန်းမစိတ် နည်းနည်း ဝင်နေတာ မင်းတို့လည်း သိသား အဲ့ကောင်ကို ဖယ်လိုက်”

“အဲ့ဒါဆို ရွာတောင်ပိုင်းက ကိုမျိုးဟိန်းက ခင်ဗျားထက်သာတယ် ”

“အဲ့လူက မိန်းမရပြီးသာ ငါပြောတာ လူပျို ထဲက ကွ ”

“အင်း အဲ့တာဆို ဟို ရွာအရှေ့ပိုင်း”

“တောက် ဒီဘိုးထင်ကလည်း ကြေကွဲတာတောင် ကောင်းကောင်း မကြေကွဲရဘူး ခွီးတယ်မှပဲ”

ဖိုးထွေး သည် မောင်ဘိုးထင်အား မကြည်သလို ကြည့်ပြီး ပြောလိုက်မှ မောင်ဘိုးထင် ငြိမ်သွားသည် ၊ ထိုအခါမှ ဖိုးထွေးရဲ့ ဆွေးတွေးမြေ့မြေ့ ပြောသော အသံက ပေါ်လာပြန်သည် ။

“ငါလေ မိကျော့ရဲ့ လက်ကလေးတောင် မကိုင်ဘူးသေးပါဘူးကွာ ငါ့သူအပေါ်ချစ်တဲ့ အချစ်တွေက ဖြူစင်တယ် ရိုးသားတယ် အပြစ်ကင်းတယ်ကွ”

“ဘာအပြစ်ကင်းတာလဲ အမ မိကျော့ကို လက်လိုက်ဆွဲလို့ ဟိုက ပါးရိုက်လိုက်တာ အရှောင်ကောင်းလို့ လွတ်တဲ့သူကများ ကောက်ရိုးပုံနား မှိုရှိတယ်ဆိုပြီး လိမ်ခေါ်တာ လည်း ကျုပ်မသိဘူး မှတ်နေလား”

“ဟာ အဲ့တာက ချစ်စိတ်တက်တာကွ ကောက်ရိုးပုံနား မှိုရှိတာ တကယ်ပါကွာ ကောက်ရိုးမှို‌ေတွတွေ့လို့ ငါက သူတို့ အိမ်အတွက် ဟင်းစားရအောင် စေတနာနဲ့ခေါ်တာပါ”

“အဲ့ဒါဆို ဘာလို့ဖြူစင်တာ ရိုးသားတာတွေ လာပြောနေတာလဲ ”

“တောက် ဟေ့ကောင်ဘိုးထင် မင်းငါ့ကို ကောင်းကောင်း ကြေကွဲလို့မရဘူးလားပြော ကွာ”

မောင်ဘိုးထင် ဒုတိယံပိ ငြိမ်သွားပြန်သည် ၊ သာရသည်က ချောင်းရိုးကို ဖြတ်ဆောက်ထားသော တံတားလေးကိုသာ အာရုံစိုက်ပြီး ကြည့်နေလေသည် ၊ မကြာသောအချိန်တွင် ချောင်းရိုးတံတားပေါ်သို့ လူရွယ်တယောက် ရောက်လာသည် သာရသည် ထိုလူရွယ်ကို ကြည့်ကာ

“ဖိုးထွေး ဟိုတံတားပေါ်က စောင့်နေတဲ့ သူက ရေအိုးစင်ရွာက ပန်းချီငိုကြီး မဟုတ်လားဟ ”

သာရ၏ စကားကြောင့် ဖိုးထွေး နှင့် မောင်ဘိုးထင် တံတားလေးပေါ်သို့ ပြိုင်တူကြည့်လိုက်သည်၊ သာရပြောသည်မှာ ဟုတ်ပေသည် တံတားပေါ်မှလူသည် ရေအိုးစင် ရွာမှ ပန်းချီငို ဖြစ်သည် ထိုအခါ မောင်ဘိုးထင်သည်

“သူလည်း တို့ရွာကို လာလည်နေကြဆိုတော့ လာလည်တာ နေမှာပါကွာ ”

“အေး အဲ့လိုပဲ ထင်ပါတယ် ပန်းချီငို နဲ့တော့ မိကျော့ မကြိုက်လောက်ပါဘူးကွာ ”

“ဟုတ်တယ် ဒီလူ ရွာထဲ မသွားပဲ တံတားဘောင်ပေါ် ဘာလို့ ထိုင်နေတာလဲ မသိဘူး”

မောင်ဘိူးထင်တို့သည် ဦးအုန်း နှင့် မိကျော့အဘတို့၏ စေခိုင်းမှုဖြစ် ယခုချောင်းရိုးတံတား ဘေးရှိလယ်ကွက်စပ်မှ နေ၍ ခိုးရာနောက်လိုက်ဖို့ရန် ကြံစည်‌နေကြသည့် မိကျော့ နှင့်ညသူမ၏ ရည်းစားကို စောင့်ဖမ်းရန်ဖြစ်သည် အရင်က မိကျော့ကို ဖမ်းမိသော လည်း မိကျော့အား ခိုးရာလိုက်ဖို့ခေါ်သည့် လူ‌ကိုတော့ မမိချေ ၊ မောင်ဘိုးထင်တို့ သည် တံတားအနား ကပ်သွားပြီး ၊ တံတားအောက်ခြေလေးမှ စောင့်ကြည့်နေလေသည် ၊ တံတားပေါ်မှာ ပန်းချီငိုသည် ရွာဘက်လမ်းကို မျှော်ကြည့်ရင်း တခုခု ကို စောင့်‌ေမျှာ်နေပုံ ရ၏ ၊ မောင်ဘိုးထင်သည် နေရောင်အောက်မှ ပန်းချီငို ၏ မျက်နှာကို ကြည့်ကာ စိတ်ထဲ အတော်ကို စိုးထိတ်နေမိသည် ၊ အကြောင်းသည်က မိကျော့ နှင့် လိုက်ပြေးမည် သူမှာ ပန်းချီငို များဖြစ်နေမလားဆို တဲ့ အတွေးကြောင့်ဖြစ်သည် ၊ ပန်းချီငို သည် နာမည်နှင့် လိုက်ဖက်စွာ သူ၏ ရုပ်ရည်သည် ပြောရအတော်ခက်ပေသည် ၊ သူ၏ ရုပ်ရည်ကို ကြည့်ပြီး နာမည်ကြီး ပန်းချီဆရာကို ပုံတူဆွဲခိုင်းရာ ငိုပြီး ပြန်သွားသော ကြောင့် ပန်းချီငိုဟု နာမည်တွင်လာချင်းဖြစ်သည် ၊ ပန်းချီငို ၏ နာမည်အရင်းကိုတော့ သူတို့မသိပေ၊ အရပ်ထဲ တွင်‌ေတာ့ ပန်းချီငိုကို ပန်းချီငိုဟုသာ သိကြပေသည်၊ ပန်းချီငိုသည် သူ၏ မျက်နှာမှ ရှေ့သို့ ငေါ့ထွက်နေသော မေ့စေ့သို့ စီးကျလာသော ချွေးများကို ပြူးကျယ်နေသော မျက်လုံး ချွန်ထွက်နေသော နှားခေါင်း ပါးလွန်း၍ မျက်ခံုးမွေးပေါက်ပါလေစဟု ထင်စရာရှိသောမျက်ခုံး ထော်နေသော နုတ်ခမ်း တို့ကိုပိုင်ဆိုင်ထားသည့် သူ၏ မျက်နှာမှ ထွက်နေသော ချွေးများကို ခွင်နေသော ခြေထောက် ကောက်နေသော ဖင်တို့ကို ဖုံးကွယ်ထားသော ပုဆိုးအပေါ် နုတ်ခမ်းစဖြစ် သုပ်လိုက်ရာ တံတားအောက်‌ေခြမှာ ရှိသော မောင်ဘိုးထင်တို့ မျက်နှာ လွှဲလိုက်ရကာ မောင်ဘိုးထင်မှာ အသံတိုးတိုးနှင့်

“ဒီလူကို တကိုယ်လုံးချွတ်ပြီး ပုံတူဆွဲခိုင်းရင် ပန်းချီဆရာ ငိုရုံတင်မကဘူး သေပါသေနိုင်တယ် ဗျ”

“တိုးတိုးကွာ ဝဋ်ရှိသ၍တော့ခံရဦးမှာ ပဲ ”

“တောက် ဒီပန်းချီငိုကြီးက ဘာလုပ်နေတာလဲကွာ ဒီလူကြီး ရှိနေတာနဲ့ ဟို မိကျော့ကို လာခိုးတဲ့ ကောင် မလာရဲပဲနေတော့မှာပဲ”

သူတို့ သည် တံတားပေါ်မှ ပန်းချီငိုကြီး နှင့် မိကျော့ ကြိုက်နေသည်ဟု အစကထင်မိသောလည်း အနီးကပ်မြင်ရချိန်တွင်တော့ သူတို့ရဲ့ ထင်မြင်ချက်ကို လက်လွှတ်လိုက်ကြသည် ၊ ပန်းချီငိုကြီးနှင့် တော့ မိကျော့ ခိုးရာ လိုက်ပြေးဖို့ က မဖြစ်နိုင်ပေ ၊ သူတို့ တံတား အောက်ခြေမှ တံတားပေါ်သို့ ကြည့်နေစဉ် မိန်းကလေးအသံ တသံက သူတို့ မမြင်နိုင်သော တံတား ဘက်ခြမ်းမှ ထွက်ပေါ်လာလေသည်

“ကိုကို စောင့်ရတာ ကြာသွားလား ကျော့လည်း လူကြီးတွေ အလစ်ကို စောင့်နေရတာ ”

“ရပါတယ် ကျော့လေးရယ် ”

မောင်ဘိုးထင်တို့ အံဩလွန်း၍ ပါးစပ်များပင် ဟနေမိပါသည် ၊ သူတို့ မြင်နိုင်သော တံတားဘက်ခြမ်းရှိ ပန်းချီငိုကြီး အနားသို့ ပုဆိုးအဝတ်ထုပ် လေးကိုလက်နှင့် ပိုက်ပြီး ရောက်လာသူမှာ ဖိုးထွေး အသည်းအသန် ပိုးနေသော မိကျော့ဖြစ်နေလေသည် ၊ ပန်းချီငိုသည် သူ၏ စူးရှရှအသံကြီး နှင့် ရတာပေါ့ ကျော့လေးရယ်ဟု ပြောသော စကားသံကြီးကို တံတားအောက်ခြေမှ ရှိသော ဖိုးထွေး၏ ကျောထဲ စိမ့်တက်သွားသည့် အထိ ဘာမဆိုင် ညာမဆိုင် ဖြစ်နေမိသည် ၊ သူတို့ ဘာအသံမှ မထွက် ပဲ တံတားပေါ်သို့ ကြည့်နေကြ၏ တံတားပေါ်တွင် ရှိသော မိကျော့ နှင့် ပန်းချီငိုမှာ ပြုံးရယ်ကာ နှင့် စကားဆိုနေကြသည် ပန်းချီငိုကြီး၏ အပြုံးသည်က မောင်ဘိုးထင်တို့ အတွက် ကြက်သီးထ စရာကောင်းနေပေမဲ့ မိကျော့အတွက်တော့

“ကိုကို ရဲ့ အပြူံလေးတွေက ချစ်ဖို့ကောင်းလိုက်တာ ကျော့ရဲ့ ရင်ထဲ အေးမြသွားတာပဲ”

“အင်းပါ ကျော့လေးရယ် ကိုကို့ကိုယ်ဘယ်‌ေတာ့မှ ခွဲမသွားရဘူးနော် ”

“စိတ်ချ ဟော့ဒီက နတ်သားလေး ကိုကို့ကိုယ်ထားပြီး ကျော့က ဘယ်လိုများ ထား သွားနိုင်မှာလဲ ”

“ကျော့က သိပ်စကားတက်တာပဲ ”

“အော် ကိုကို နဲ့ ချစ်သူဖြစ်တဲ့နေ့က စပြီး ကျော့က ဇတ်မင်းသမီးလေးတွေလို စကားတွေ တက်နေတာ ကျော့အထင် အချစ်ရဲ့ စွမ်းအားတွေ ထင်တယ်နော ်ကိုကို ”

မိကျော့ နှင့် ပန်းချီငို တို့ရဲ့ ချစ်စကားများကိုအတိုင်းသားကြားနေရသော မောင်ဘိုးထင် တို့ အထဲမှ ဖိုးထွေးရဲ့ မျက်ဝန်းမှ မျက်ရည်များ ရစ်ဝဲလာရာ မောင်ဘိုးထင်သည် အသံတိုးတိုး နှင့်

“ကိုဖိုးထွေး ငိုဖို့ စဉ်းစား မနေနဲ့ ဒီကိစ္စက သာမာန် ဖြစ်ရိုး ဖြစ်စဉ် မဟုတ်နိုင်ဘူး အမ မိကျော့က ဒီပန်းချီငို ကြီးကို ဘယ်လိုမှ ပုံမှန် အနေအထားနဲ့ ဒီလို ပြုမူမှာ မဟုတ်ဘူးဗျ”

“မင်း မင်းဆိုလိုတာက ”

“ဟ ဖိုးထွေးရ မင်းကလည်း အ လိုက်တာ ဘိုးထင်ပြောသလို ငါလည်း ထင်ပြီးသားပါ ဒီပန်းချီငိုကြီး မိကျော့ကို တခုခုနဲ့ ပြုစားထားတာ ဖြစ်မယ် ”

“အေးကွ ဖြစ်နိုင်တယ် ငါ့လို ချောမော လှပတဲ့ လူကိုတောင် ချက်ချင်းအဖြေမပေးတာ ဒီလူကြီးကို တော့ မိကျော့ ပုံမှန်စိတ်နဲ့ အဖြေပေးမှာ မဟုတ်ဘူး”

ဖိုးထွေး စိတ်သက်သာရာ ရဟန် နှင့် သူ၏ ထုံးစံအတိုင်း ကိုယ်ရည်သွေး စကားဆိုလိုက်ရာ မောင်ဘိူးထင် နှင့် သာရ မျက်မှောင် ကြုတ်ကြည့်လိုက်ပြီး သာရမှ

“မင်းကို ‌ေတာ့ အမြင်ကပ်လာပြီ ဟေ့ ဘိုးထင် ထားလိုက်ကွာ မိကျော့ နဲ့ ပန်းချီငို ကြီး ညားပလေ့စေ ကွာ ပြန်ကြရအောင် ”

“ကောင်းတယ် ကျုပ်လည်း ပန်းချီငို ကြ‌ီး ရဲ့ အပျော‌်‌ေတွကို မဖျက်ချင်တာနဲ့ အတော် ပဲ ”

“ဟာ မ မလုပ်ပါနဲ့ကွာ ငါက ပျော် လွန်းလို့ပြောမိတာပါ ”

သူတို့ စကား‌များပြောနေစဉ် တံတားပေါ်မှ ပန်းချီငို နှင့် မိကျော့ ၏ အသံ မကြားရ၍ ကြည့်လိုက်ကြ၏

“ဟ မရှိတော့ ဘူး လိုက်ပါဟ လိုက် ”

ဖိုးထွေးသည် ရှေ့ဆုံးမှ တံတားပေါ်ကို တက်လိုက်သည် ရိုးချောင်း အစပ်ဖြစ်နေ၍ တံတားနှင့် အတော်လှမ်းသည် ထိုကြောင့် အလဲလဲအကွဲကွဲ ဖြစ်နေသေးသည် ၊ဖိုးထွေး၏ အဖြစ်ကို နောက်မှရှိသော သာရမှ

“စိတ်အေးအေးထား ငါ့ကောင် လက်လေးပဲ အကိုင်ခံရသေးတာပါ စိတ်အေးအေးထားပြီး ကိုင်းပင်တွေကို ဆွဲတက် ”

သာရထိုသို့ပြောလိုက်မှ ဖိုးထွေးသည် သက်ပျင်းကို ချကာ စိတ်ကို ထိန်းလိုက်ပြီး ကိုင်းပင်များကို ဆွဲလို့ တက်လိုက်မှ ရိုးချောင်းအပေါ်သိူ့ ရောက်လေတော့သည် ၊ ဖိုးထွေး၏ နောက်မှ မောင်ဘိုးထင် နှင့် သာရ လိုက်တက်လိုက်ပြီး မိကျော့ နှင့် ပန်းချီငို သွားသည့် လမ်းသို့လိုက်လေပါတော့သည်

▪️အခန်း-၂

မိကျော့သည် ပန်းချီငို၏ လက်ကို ဆွဲထားလေသည် ပန်းချီငို သည်လည်း မိကျော့ အား မကြောက်ရန် အားပေးနေလေသည် ၊ သူတို့နှစ်ယောက်၏ ရှေ့တွင်တော့ မောင်ဘိုးထင် သာရ နှင့် ဖိုးထွေး သည် လေးဂွများနှင့် ပန်းချီငိုကို ချိန်ရွယ်ထားကာ

“ဟေ့လူ ကိုပန်းချီငို ခင်ဗျား မိကျော့ကို ဘယ်ကိုခေါ်သွားမလို့လဲ ”

“ငါတို့ ရဲ့ ချစ်ချင်းကို မခွဲပါနဲ့ကွာနော် လူငယ်သဘာဝ ချစ်ကြကြိုက်ကြတာ ငါတို့မှ အပြစ်ရှိလို့လားကွာ ”

ပန်းချီငို၏ စူးရှရှ အသံကြီးနှင့် မောင်ဘိုးထင်တို့ အား ကဗျာ ဆန်စွာ ပြောလာပေမဲ့ မောင်ဘိုးထင်တို့ထဲ မှ ဖိုးထွေးသည် မိကျော့၏ လက်ကို အတင်းဝင်ဆွဲနေသည် ထိုအခါ မိကျော့သည် ပန်းချီငို၏ လက်မောင်ကို ဆွဲကာ

“ကို ကို လုပ်ပါဦး ဒီမှာ ကျော့ကို ဆွဲနေတယ် ”

“ဟေ့ကောင် ငါ့ ချစ်သူလေးကို မဆွဲ ”

“ဟေ့လူ ကြီး ခင်ဗျား စကားမများနဲ့ မျက်နှာကို လောက်းစလုံးနဲ့ မိတ်ဆက်ပေးလိုက်ရမလား ”

ပန်းချီငို စကားမဆုံးခင် မောင်ဘိုးထင်သည် လေးဂွ သရေကြိုးကို ဆွဲတင်းပြီး စကားဆိုလိုက်ရ ာ မိကျော့မှ ပန်းချီငို ၏လက်မောင်းကို လွှတ်လိုက်ပြီး မျက်ရည် များရစ်ဝဲကာ

“ကိုကို ဒီက လူကြမ်းတွေက ကိုကို နဲ့ ကျော့ကို ခွဲလေပြီ ‌ကျော့ ကိုကို လက်မောင်းကို အတင်းဆွဲထားရင် ဟိုက သေနာလေးက လေးဂွ နဲ့ ကိုကို့ရဲ့ မျက်နှာ လှလှ လေးကို ပစ်တော့မယ် အခြေအနေ မပေးသေးတော့ ခ‌ဏလောက် ဝေးကြတာပေါ့ ကိုကိုရယ် ”

ဖိုးထွေးသည် မိကျော့၏ လက်ကို အတင်းဆွဲခေါ်ရင်း မိကျော့ ပြောစကားများကို ကြားသောအခါ

“တောက် မိကျော့ အဲ့လူကြီး ရဲ့ မျက်နှာကိုများ မျက်နှာ လှလှ လေးတဲ့ နင်တော့ ရူးများရုးနေပြီလားမသိပါဘူးဟာ ”

“တော်စမ်း ဖိုးထွေး နင်ငါ့ကို ကြိုက်နေတာ ငါသိတယ် နင်က ငါ့အတွက်တော့ ဒဿဂီရိ ပဲ့ ငါ့ရဲ့ ရာမ မင်းသားလေးက ကိုကို တယောက်ထဲပဲ နင်နားလည်ထား ”

“ရှုပ်နေတာပဲ နင် ရူးနေပြီ ”

မောင်ဘိုးထင်သည် ဖိုးထွေးကို ကြည့်ပြီး

“ကိုဖိုးထွေး အမ မိကျော့ကို ရွာပြန်ခေါ်သွား ဒီလူကြီးကို ကျုပ်တို့မေးစရာ ရှိသေးတယ် ”

“အေးအေး ငါတို့ သွားပြီ ”

ဖိုးထွေးသည် မိကျော့၏ လက်ကို ဆွဲပြီး ရွာဘက်သို့ ဆွဲခေါ်သွားသည် ၊ မိကျော့သည် ပန်းချီငို ရှိရာကို သမင်လည်ပြန် လှည့်ကြည့်ကာ

“ကို ကို ”

“ကျော့ ကျော့‌ေလးရေ ”

ပန်းချီငိုမှ ကျော့‌ေလးဟု ပါးစပ်မှအော်ကာ မိကျော့နောက် လိုက်ရန်ပြင်လိုက်စဉ် သာရ နှင့် မောင်ဘိုးထင်သည် လေးဂွ သရေပင်ကို ဆွဲပြီး ပြစ်ဟန်ပြုကာ ခြိမ်းခြောက် လိုက်ကြပါလေတော့သည် ။

▪️အခန်း-၃

မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုကြီးအား မေးမြန်း နေလေသည် ၊ လေဂွ နှင့် ပစ်မည်ဟန်ပြုလိုက် ဘေးတွင် ရှိသော မြေကြီးခဲ နှင့် ထုမည်ဟန် ပြုလိုက် နှင့် ခြိမ်းခြောက်ကာ မေးမြန်နေလေသည်

“‌ကို ပန်းချီငို ကြီး ခင်ဗျားက ရေအိုးစင်သားမို့ ကျုပ်တို့ အညှာပေးနေတာနော် တခြားသူဆို ဒီနေရ မှာ တင် ပွဲ ပြတ်ပြီ ”

“အေး အေးပါကွာ ငါလည်း မင်းတို့ကို သိပါတယ် မင်းက ဘိုးထင် ဟို‌ေကာင်က ပေါက်တူး ညီ သာရ ”

“ခင်ဗျားဗျာ မိကျော့ဆိုတာ အခုမှာ ၁၆နှစ် လောက်ပဲ ရှိသေးတာ ခင်ဗျား အသက်ကို လဲ ပြန်ကြည့်ဦး ”

“မင်းကလည်း ကွာ မိန်းမ ပုခက်လွှဲ ယောက်ကျာ်း ပဉ္စင်း ဆိုတဲ့ စကားတောင်ရှိသေးတာကို ”

“ဘာလဲ အဲ့တာ”

” မိန်းက‌ေလးတွေ က အသက် နှစ်ဆယ် လောက်ကွာ လည်း ယူလို့ရတယ် လို့ပြောတာကွာ ”

“ခင်ဗျားက ပန်းချီဆရာ တင်မဟုတ်ဘူး ကျုပ်တို့ပါ ငိုချင်လာပြီ ခင်ဗျား မိကျော့ကို ဘာတွေ လုပ်ထားသေးလဲ ”

“ဟာ ငါ က ခိုးပြီးမှ ဟိုဟာ ”

“တော်စမ်း ကျုပ်တို့ပြောတဲ့ ဘာတွေ လုပ်ထားသေးလဲ ဆိုတာ မကောင်းတဲ့ အစီအရင်တွေ နဲ့ ပြုစားထားတာလားမေးတာ ဗျ”

“မ မဟုတ်ပါ”

“ဒီလူကြီး ညာနေပြန်ပြီ ညနေ ချောင်းရိုးထဲ ရေတက်တော့မှာ ကြိုးတုတ်ပြီး ပစ်ချလိုက်ရအောင် ကိုသာရ”

“ကြိုးမှ မပါတာ ”

“သူ့ ပုဆိုး နဲ့ ပြန်ချည်ပြီး ပစ်ချမယ် ဗျာ ”

မောင်ဘိုးထင် နှင့် သာရမှ ထိုသို့ ခြိမ်းခြောက်နေသောအခါ ပန်းချီငို သည် ကြောက်လန့်နေကာ

“အဲ့ အဲ့လို့တော့ မလုပ်ပါနဲ့ကွာ ငါ့ကို ပုဆိုးနဲ့ ချည်မယ် ဆို ဟို ဟို ရှက်စရာကြီးကွာ ရေထဲ ပစ်ချ မယ်ဆိုရင်လည်း ကြိုးလေးယူပြီး တုပ်ကွာ တခု‌ေတာ့ မှာ ချင်တယ် ငါ့ကို ရေထဲ ပစ်ချမယ် ဆို ပုဆိုးကို ခါးတောင်းလေးတော့ ကျိုက်ပေးပါကွာ သေရင် ဟိုပေါ် ဒီပေါ် ပေါ်မှာ ရှက်လို့ပါ ကွာ ”

မောင်ဘိုးထင် နှင့် သာရသည် အသက်ထက် အရှက်ကြီးလှသည့် ပန်းချီငိုကို ကြည့်ကာ ခေါင်းကုပ်လိုက်ပြီး

“ခင်ဗျားကို ဘာမှ မလုပ်ပါဘူးဗျာ ကျုပ်တို့ကို ခင်ဗျား သုံးတဲ့ ဆေးလေးပေးပါလား မိကျော့ကို ခင်ဗျား ဆေးခပ်ထားတယ်ဆိုတာ ကျုပ်တို့ သိတယ် ”

“မဟုတ် ရ ပါဘူးကွာ ငါတို့က မေတ္တာစစ်”

“လျှာရှည်လိုက်တာ ဗျာ ပေးမှာလား မပေးဘူးလား ခင်ဗျား မပေးဘူးဆို ကျုပ်တို့ နှစ်ယောက် ခင်ဗျား မိကျော့ကို ဖိုးထွေးနဲဲ့ ညားအောင် လုပ်ပြစ်လိုက်မှာနော် ”

“ဟာ အဲ့လို တော့ မလုပ်ပါနဲ့ကွာ ငါ့ရဲ့ဆေးကို ပြပါမယ် ဒါပေမဲ့ ငါ့ရဲဆေးက သူများကို တိုက်ရတာ မဟုတ်ဘူး ကိုယ်တိုင်သောက်ရတာ ”

“ဟာ ဟုတ်လို့လား ကျုပ်အဘ ပြောတော့ သူများကို တိုက်ရတာပါတဲ့ ”

“မင်း အဘ က အောက်လမ်း လေကွာ ငါတို့ နည်းက အထက်လမ်း မတူဘူးကွ”

မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငို ပြောသည် ဆေးကို စိတ်ဝင်စားနေသည် ထို‌့နောက် ပန်းချီငို သည် ခါးပိုက်ထဲ မှ ငှက်ပြောသီး နှစ်လုံးကို ထုတ်လိုက်ကာ

“ရော့ ဒီဟာက ဆေးကွ ”

“ပေါက်ကရ ဗျာ ငှက်ပျော်သီးကို ဆေး တဲ့ ဒီလူ ငါတို့ကို ပေါက်ကရပြောနေပြီ ဟေ့ ”

ထိုအချိန် ပန်းချီငိုသည် ရွာဘက်လမ်းကို လက်ညိုးထိုးကာ

“ကျော့ ကျော့‌ေလးပြန်လာတယ် ”

“ဘယ်မှာ လဲ မိကျော့ ”

မောင်ဘိူးထင် နှင့် သာရသည် ပန်းချီငို ကြည့်‌ေနသော နေရာသို့ လှမ်းကြည့်လိုက်ကြရာ မည်သူမှမရှိ ၍ ပန်ချီငိုအား အပြစ်ပြောရန် ပြန်လှည့်ကြည့်လိုက်စဉ်

“ဟ ဘိုးထင် ရေ ပန်းချီငိုကြီး ပြေးပြီဟ လိုက်ကွာ လိုက် ”

“ခြေသာ ခွင့်တာ အပြေးမြန်တယ်ဟ ”

မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုကို လိုက်နေ‌ေလရာ အချိန်အတော်ကြာ‌ေပြးလိုက်ပြီးမှ မှီလေသည် ၊ ထိုအခါ သာရ နှင့် မောင်ဘိုးထင်သည်ပန်းချီငို၏ လက်ကို တယောက် တဖက်ဆွဲကာ လမ်းဘေးရှိ ဥနှဲ (အုန်းနှဲ) ပင်အောက်သို့ ဆွဲခေါ်သွားသည် ၊ ထို အုန်းနှဲပင် အောက်တွင် လမ်းသွားလမ်းလာ များအတွက် ကွပ်ပျစ်လေး ထိုးထားပြီး သောက်ရေအိုးစင်လေးပါရှိလေသည် မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငို၏ လက်‌ေမာင်းကို တဖက်တချက်ကိုင် ပြီး ထိုင်နေကြသည် ၊ ပန်းချီငိုသည် မောပန်းနေ‌သလို ကျန်သော မောင်ဘိုးထင် နှင့် သာရသည် လည်း အတော်ပင် မောနေကြသည် ၊

“ဟေ့ကောင်တွေ ငါ ရေလေး သောက်ပါရစေဦးကွာ ”

“ပလီပလာ မလုပ်နဲ့နော် ခင်ဗျား အမ မိကျော့ ကို ထည့်ထားတဲ့ မကောက်းတဲ့ ပညာတွေကို ပြန်ထုတ်ပေးရမယ် ”

“အေးပါကွာ ငါ ခြေထောက်က ခွင်နေတာ ဆက်ပြီး မပြေးနိုင်‌ေတာ့ပါဘူး ငါ ထုတ်ပေးပါမယ် ဒါပေမဲ့ ငါထုတ်လို့မရဘူး ငါ့ဆရာကြီး ဆရာကြီးဦးကဲ ရှိသေးတယ် သူ့ကို ထုတ်ခိုင်းမှ ရမယ် ”

“ပြီးတာပဲ ရေသောက်ချင်ရင် ကျုပ် ခပ်ပေးမယ် ”

“မောင်ဘိုးထင်သည် ရေအိုးစင် မှ ရေခပ်ပေးလိုက်သည် ၊ ပန်းချီငို သည် ရေကို မသောက်ခင် ဇီးဖြူးသီးလေးတလံုးအား ခါးပိုက်ထဲမှ ထုတ်လိုက်ကာ ကိုက်လို့ စားလိုက်ပြီး ရေကို သောက်လိုက်သည် ထို့နောက် မျက်လုံးကို မှိတ်ပြီး ပြန်ဖွင့်ကာ

“ကောင်းလိုက်တာ ကွာ ဇီးဖြူသီးလေး စားပြီး ရေလေးသောက်လိုက်ရတာ ရေလေးက ချိုနေတာပဲ ”

မောင်ဘိုးထင် နှင့် သာရသည် လည်း ရေဆာ နေလေသည် ၊ ထိုအခါ ပန်းချီငိုသည် သူတို့ နှစ်‌ေယာက်အား ကြည့်ကာ

“မင်းတို့ လည်း ရေမဆာဘူးလား ရေမသောက်ခင် ဇီးဖြူသီးလေး တကိုက်စားလိုက် ပြီးရင် ရေ သောက်လိုက် ရေလေးက ချိုပြီး အေးသွားတာပဲကွာ”

မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုပေးသော ဇီးဖြူသီး အားတယောက် တလုံးယူကာ စားလိုက်ပြီး ရေသောက်လိုက်ကြတော့သည် ၊ သူတို့ နှစ်ယောက် မမြင်သည်က ပန်းချီငို၏ သဘောကျဟန်နှင့် ပြုံးသည့် အပြုံးကို ဖြစ်ပါလေတော့သည်။

▪️အခန်း

မောင်ဘိုးထင် နှင့် သာရ သူတို၏ မျက်လုံးများကို ပွတ်ပြီး သူတို့ ၏ ရှေ့တွင် ရှိသော လူအား သေချာကြည့်နေလေသည် ၊ အပြစ်ပြောစရာမရှိ လှပ ခန့်ညားလွန်းကာ သူပြောသေ အသံသည်ပင် အတော်ကို သာယာ နာပျော်ဖွယ် ဖြစ်နေလေသည် ၊ သူတို့ နှစ်ယောက် ရှေ့တွင် ရှိနေသော သူသည် သူတို့အား နှစ်လို ဖွယ် အပြုံးကို ပြုံးပြနေပြီး

“ညီလေးတို့ အခြေနေဘယ်လိုလဲ ”

“ကောင်းပါတယ် အကို က ဘယ်ကလဲဗျ ”

“အကိုက ရေအိုးစင် ရွာက ပါ ငါ့ညီတို့ ရွာက မိကျော့ဆိုတဲ့ ကောင်မလေးနဲ့ မေတ္တာ မျှနေတာလေ”

“ဟုတ်လား အမ မိ‌ေကျာ့ ကတော့ ကံကောင်းလိုက်တာ ဗျာ ကျုပ်တို့ ရွာမှ မပြောနဲ့ ဒီ တနယ် လုံး ရှာရင်တောင် အကို့လောက် သဘောကောင် မနေကောင်း ကြည့်ကောင်းတဲ့ သူရှိမှ မဟုတ်ဘူး ”

“ဟုတ်တယ် ဘိုးထင်ရာ ဒီ အကို ကိုကြည့်ရတာ တကယ့်ကို အေးချမ်းလိုက်တာကွာ အကို ကျုပ်တို့ ကူညီ နိုင်တာ ရှိရင် ကူညီပါမယ် ဗျ ဘာကူညီရမလဲ ”

မောင်ဘိုးထင် နှင့် သာရသည် သူ၏ရှေ့တွင် ရှိနေသော ပန်းချီငိုကို ငေးပြီး စကားဆိုနေလေသည် ၊ ပန်းချီငို၏ ပိယဆေးသည် ဇီးဖြူသီးထဲထည့်ထားသည်မို့ မောင်ဘိုးထင် နှင် သာရတို့ မိချေပြီဖြစ်၏ ၊ပန်းချီငိုအောင် ရုပ်ဆိုးသော ပန်ချီငို၏ မျက်နှာသည် သူတို့၏ မျက်လုံးထဲတွင် တော့ မည်သူမှ လိုက်မမှီအောင် ခန့်ညားနေသည် ၊ ပန်းချီငို၏ နီကြောင်ကြောင် အသားအရည် သည် သူတို့ နှစ်ယောက်၏ မျက်လုံးထဲတွင်တော့ ဝင်းဝါနေလေသည်၊ ပန်းချီငို၏ ငှက်ဆိုးထိုးသံပမာ အသံသည်ကလည်း သူတို့၏ နားထဲတွင် သာယာနာပျော်ဖွယ် ဖြစ်နေလေရာ သူတို့နှစ်ယောက် ကွပ်ပျစ်တွင် ထိုင်ပြီး ပန်းချီငိုအား ငေး‌ေမာနေချင်းဖြစ်သည် ၊

“ငါညီလေးတို့ အကို အကူညီ တခုလောက် တောင်းချင်တယ်ကွာ ”

“တခုမကဘူး အကို ဆယ်ခု ဆယ်ခု တောင်း”

“အင်း မင်းတို့ ကူညီနိုင်ပါ့ မလားတော့ မသိဘူး”

“အကို့ အတွက်ဆို မကူညီနိုင်ဘူးဆို တာ မရှိဘူး ”

“ကျေးဇူးတင်ပါတယ်ကွာ ညီလေးတို့ အကို့ကိုလေ မင်းတို့ ရွာက မိကျော့ကို ခိုးပေးပါလားကွာ ”

” ခိုးပေးရမှာပေါ့ ဟုတ်တယ် မဟုတ်လား ဘိုးထင်”

“ပြောစရာ လိုသေးလို့ လား ကိုသာရရယ် ကျုပ်တို့ အမ မိကျော့ ကောင်းစားမဲ့ အရေးကို ကျုပ်တို့ငြင်းလို့ ကောင်းပါ့ မလားဗျာ ”

မောင်ဘိုးထင် နှင့် သာရ အတိုင်ဖောက် ညီညာစွာ ပန်းချီငိုအား စကားဆိုနေလေသည် ၊ထိုအခါ ပန်းချီငိုသည် ပြုံးရယ်ကာ

“ညီလေးတို့ အကို့ကိုယ် ကူညီမယ် မဟုတ်လား ”

“အင်း ကူညီရမှာပေါ့ ကဲ ပြောဗျာ ကျုပ်တို့ ဘယ်လို ကူညီရမလ‌ဲ ”

“အထွေ ထူးတော့ မဟုတ်ပါဘူး ညီလေးတို့ နှစ်ယောက်က မိကျော့ကို အကို က ခိုးခိုင်းတယ်ပြောပြီး သွားခေါ်ပေးရုံပဲ ”

“ဟာ ကျုပ်တာိ့ကို သူက ယုံမှာ မဟုတ်ဘူးလေ ”

“အဲ့ အတွက် မပူပါ နဲ့ ကွာ အကို ပြောတဲ့ စကားကို မှတ်ပြီး သူ့ကို ပြောပြ လိုက်ပါ”

“ဘယ်လိုပြောပြရမှာလဲ ဗျ”

” ငှက်ကလေးတွေ ပျံနေတဲ့ ကောင်းကင်အောက်မှာ ကိုကို ကျော့လေးကို စူးဆိုက်ကြည့်နေတယ် လယ်ကွင်းထဲက ကျွဲကြီး ညွှမ့် လို့‌ေ အာ်ရင် ကိုကို ကျော့လေးကို သတိရနေတယ် အိမ်ရှေ့က ကျီးကန်းကြီး အ အ လို့အော်ရင်လည်း လွမ်းတယ် ကြက်ဖကြီးက အောက်အီးအီးအွတ် ဆိုပြီး တွန်ရင်လည်း ကိုကို ကျော့‌ေလးကို လွမ်းတယ် ညဘက် ပုရစ်အော်လည်း လွမ်းတယ် ဖားအော်လည်း လွမ်းတယ် နောက်ဆုံး အိမ်က အဘ နဲ့ အမ ချောင်းဆိုးသံ ကြားရင်တောင် ကျော့‌ေလးကိုလွမ်းတယ် လို့ပြောပေးပါညီလေးရာ အဲ့တာတွေက အကို ကျော့လေးကို ပြောနေကြ စကားတွေပါ”

“အကို ပြောတာ နားထောင်ပြီး ကျုပ်တို့လည်းလွမ်းလာပြီ အကိုရာ ”

မောင်ဘိုးထင် နှင့် သာရသည် ပန်းချီငိုပြောသော လွမ်းစကားများကို နားထောင်ရင်း မျက်ရည်များပင် ဝဲ နေပါလေတော့သည် ။

▪️အခန်း-၄

ဖိုးထွေးသည် မိကျော့အား သူမ၏ အိမ်သို့ ပြန်ခေါ်လာ‌ေပး‌ေလသည် ၊ အိမ်သို့ရောက်သော အခါ မိကျော့၏ အမေ သည် မိကျော့၏ ကျောပြင်ကို လက်ဝါးနှင့် ရိုက်ပြီး ဆူငေါက်ကာ အိမ်ပေါ်သို့ တက်စေသည် ၊ မိကျော့၏ အဘ သည်က ဖိုးထွေးအား ကျေးဇူးတင်စကားဆိုပြီးနောက်

“ဖိုးထွေး ‌ မင်းတို့ မိကျော့ကို လာခိုးခိုး နေတဲ့ ကောင်ကို တွေ့ခဲ့ရလား ”

“တွေ့ပြီကော အဘရယ် ”

“ခေါ်နေကြ ဦးကြီး ဆို ဦးကြီး ဘကြီးဆို ဘကြီးလို့ ခေါ်ကွာ ”

“‌အဘက ကျုပ် အဘ ရွယ် မို့ အဘကို အဘလို့ခေါ်တာ ပါ အဘ ရာ ”

“တော် တော် မင်းခေါ်ချင် သလိုခေါ် ကွာ မိကျော့ကို လာခိုးတဲ့ ကောင်က ဘယ်သူလဲ ”

“ပန်းချီငို ဆိုတဲ့သူပဲ အဘ”

“ဘာ ရေအိုးစင်ရွာက ရုပ်ဆိုးသား ပန်ချီးငို လား”

“ဟုတ်တယ် အဘ ”

“တောက် ရှက်စရာ ကောင်းလိုက်တာကွာ ငါ့သမီး လေး တော်လှ တော်လှ နဲ့ ပန်းချီတောင် ငိုပြီးပြေးရတဲ့ ကောင်‌ကို မှ ကြိုက်ရတယ် လို့ကွာ ”

“အဲ့တာက သူစိတ်နဲ့ လို့မထင်ဘူး အဘ ကျုပ်အထင် ဆေးတွေ ဘာတွေ ခပ်ထားတာ ဖြစ်မယ် ”

ဖိုးထွေး နှင့် မိကျော့အဘ စကားပြောနေစဉ် သူတို့ ရှိရာသို့ မောင်ဘိုးထင် နှင့် သာရ ရောက်လာလေသည် ၊ ထို့နောက် ဖိုးထွေးအား

“ကိုဖိုးထွေးက ဒီမှာကို ”

“အေးလေး မင်းတို့ပဲ မိကျော့ကို လိုက်ပို့ခိုင်းပြီး အခု ဘာလာလုပ်တာလဲ ဟိုလူ ကြီးကော ”

“အဲ့တာ ပြောမလို့ ပဲဗျ အခု အဘက မှာလိုက်တယ် ကိုဖိုးထွေး နဲ့ ဘကြီးကို အဘက လာခဲ့ ပါဦးတဲ့ ”

“အေး ဟုတ်လားဘိုးထင် ကိုအုန်း ဘာအရေးကြီးလဲ မသိဘူး ငါလည်း ငါ့သမီးကိစ္စကို သိပ် မသင်္က္ခာလို့ သူ့ကို အကျိုးအကြောင်းပြောထားတယ် ”

“ဟုတ်ကဲ့ ဘကြီး အဲ့တာဆို သွားလိုက်ဦးဗျ အဘက တော်တော် အရေးကြီး နေပုံပဲ ”

“အေးအေး လာလာ ဖိုးထွေး သွားကြရအောင် ”

မိကျော့ အဘသည် ဖိုးထွေးကို ခေါ်၍ အိမ်ဝိုင်းထဲမှ ထွက်ခွာသွားကြလေသည် ၊ ထို့‌ေနာက် မောင်ဘိုးထင် နှင့် သာရသည် တယောက် ကို တ‌‌ေယာက် ကြည့်ကာ မိကျော့တို့ အိမ်လှေကားနားသွားကာ သာရမှ

“အရီး ဗျို့ အရီးလေး ”

“ဟေ့ ဘယ်သူတွေ လဲ ”

“ကျုပ်သာရ ပါအရီး ကျုပ် အမေက အရီးကို ဝမ်းဆက်ဆိုလား ပါတိတ် ဆိုလား အဆင်အဆန်းလေးတွေ ပြစရာရှိလို့လာခေါ်ခိုင်းတာ တော်ကြာ ရွေး စရာ မရှိပဲ ဖြစ်မှာ ဆိုးလို့တဲ့ ”

“အေးအေး လာပြီ လာပြီ ”

မိကျော့၏ အမေသည် အိမ်ပေါ်မှာ ဆင်းလာပြီး အိမ်ရှေ့ တန်းလျားကို ကြည့်ကာ

“ဟဲ့ သာရ အိမ်က လူကြီး ဘယ်သွားလဲ ”

“ဦးအုန်းခေါ်လို့ သွားတယ် ”

“အ‌ဲ့တာ ဆို ငါသွားလို့ မဖြစ်ပါ ဘူး အိမ်က လင်တ ရူးမက လင်နောက်လိုက်ဖို့ ပဲ ရှောင်းနေတာ”

“အဲ့အတွက်တော့ မပူ နဲ့ အရီး ကျုပ်တို့ကို ဘကြီးက ဒီမှာ စောင့်နေခိုင်းတာ အရီးး စိတ်ချ လက်ချသွား ”

“အေးအေး အဲ့တာ ဆိုလည်း ငါသွားလိုက်ဦးမယ် “,

မိကျော့ ၏ အမေသည် တဘက်တထည်ကို ခေါင်းမှပေါင်း ပြီး အိမ်ဝိုင်း အပြင်သို့ အလျင် အမြန်ထွက်သွားလေသည် ၊ ထို့‌ေနာက် မောင်ဘိုးထင် နှင့် သာရသည် အရိပ်ခြေကြည့်ကာ အိမ်ပေါ်သို့ တက်သွားပြီး

“မိကျော့ ”

“အမ မိကျော့ ”

“နင် နင်တို့ ဘာလာလုပ်တာလဲ ”

“အကိုက အမကို လာခိုးခိုင်းလို့ ”

“နင်တို့ ငါ နဲ့ ငါ့ချစ်သူ ကိုခွဲပြီး အခုမှ ဘာတွေလာပြောနေတာလဲ ”

“ငှက်ကလေးတွေ ပျံနေတဲ့ ကောင်းကင်အောက်မှာ ကိုကို ကျော့လေးကို စူးဆိုက်ကြည့်နေတယ် လယ်ကွင်းထဲက ကျွဲကြီး ညွှမ့် လို့‌ေ အာ်ရင် ကိုကို ကျော့လေးကို သတိရနေတယ် အိမ်ရှေ့က ကျီးကန်းကြီး အ အ လို့အော်ရင်လည်း လွမ်းတယ် ကြက်ဖကြီးက အောက်အီးအီးအွတ်ဆိုပြီး တွန်ရင်လည်း ကိုကို ကျော့‌ေလးကို လွမ်းတယ် ညဘက် ပုရစ်အော်လည်း လွမ်းတယ် ဖားအော်လည်း လွမ်းတယ် နောက်ဆုံး အိမ်က အဘ နဲ့ အမ ချောင်းဆိုးသံ ကြားရင်တောင် ကျော့‌ေလးကိုလွမ်းတယ်”

“နင် နင်တို့ ကိုကို ပြောနေကြစကားတွေ ဘယ်လိုလုပ်သိတာလဲ ”

“သူခိုး ခိုင်းတယ် ဆိုတာ ယုံ အောင် ကျုပ်တို့ကိုသင်ပေးလိုက်တာ ”

မိကျော့သည် ပန်းချီငို ပြောခိုင်းသော စကားကို မျက်ရည်များ ရစ်ဝဲကာ အံကြိတ်လို့ နားထောင်ပြီး သိပ်မယုံ ရဲသော မျက်နှာလေး ဖြစ်မေးရာ သာရမှ သူတို့အား ခိုးခိုင်းသည့် အကြောင်း ပြောလိုက်သည် ၊ သူတို့ အတန်ကြာ စကားပြောပြီး ‌ေနာက် မိကျော့သည် သူ၏ အဝတ်ထုပ်ကို ဆွဲကာ သာရ နှင့် မောင်ဘိုးထင် ခေါ်ရနောက်သို့ လိုက်ပါသွားလေတော့သည် ၊

▪️အခန်း-၅

မိကျော့ ၏ အဝတ်ထုပ်အား မောင်ဘိုးထင် မှ သယ်ပေးနေသည် ၊ မိကျော့သည် အညာစောင်တထည် ကို ခေါင်းတွင် နေခင်ကြီး ခြုံကာ ထားသလို သာရ မှ ခပ်လှမ်းလှမ်း တွင် ကြိုသွားပြီ လူအရိပ်အခြေကြည့်ကာ ရွာ အပြင်သို့ ထွက်လာခဲ့ကြသည် ၊ ရွာအပြင် ရိုးချောင်းလေးအနားရောက်တွင် မိကျော့သည် သူ၏ ခေါင်းမှ ခြုံထားသော စောင်ကို ဖယ်လိုက်ပြီး

“ဘိုးထင် နဲ့ သာရ ဒီ တသတ် နင်တို့ကျေးဇူးကို ငါ မမေ့ပါဘူးဟာ ”

“ရပါတယ် ဒီလောက် ချောမော လှပပြီး နတ်သား နဲ့ တူတဲ့ သူနဲ့ နင်နဲ့ ညာတာကိုတင် ငါက ကျေနပ်နေတာ ဟိုကောင် ဖိုးထွေးနဲ့ တခြားစီပဲ ”

“ဟုတ်တယ်ဗျာ ကိုလေကြီး ဖိုးထွေးထက် အမမိကျော့ ချစ်သူက အဆပေါင်း များစွာ သာတယ် ဗျာ ကျုပ်မှာ အမ မရှိလို့နော် အမ ရှိရင် သူ့ကိုပေးတယ် “,

ပန်းချီငို ၏ ပီယဆေး အစွမ်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေပြီဖြစ်သည် ၊ မောင်ဘိုးထင် နှင့် သာရသည် သူတို့လွတ်ပြီးဟုထင်ကာ အုန်းနှဲပင်တွင် စောင့်နေသော ပန်းချီငို ဆီသို့ မိကျော့အား သွားပို့ နေချင်းဖြစ်သည် သူတို့ သတိမထားမိသည်က ရိုးအစပ် လယ်ကွင်းတွင် ရွှံခွာနေသော သာအေး ၊ပေတူး နှင့် အောင်သန်း တို့ အဖွဲ့ သူတို့ပြောစကားများကို ကြားရပြီး ပေတူးမှ ကျန်သူများကို တိုးတိုး နှင့်

“သာအေး မင်းနဲ့ ကျန်တဲ့ နှစ်ကောင်က ငါတို့ နဲ့သွားမယ် အောင်သန်း က ရွာက လူတွေကို သွားပြော ”

“အေးအေး ”

ပေတူး၏ ခေါင်းဆောင်မှုဖြစ် ကျန်သူများသည် မောင်ဘိုးထင်တို့ နောက် လိုက်သွားကြပြီး အောင်သန်းသည်က ရွာသို့ ပြေးလွှား၍သွား‌ေနပါ‌ေလတော့သည်။

▪️အခန်း-၆

မောင်ဘိုးထင်သည် အုန်းနှဲ ပင်အောက်မှ စောင့်နေသော ပန်းချီငိုဆီသို့ ကျော့မေကို ထည့်လိုက်ကာ

“အကို ကျုပ်တို့ ကျေးဇူးမမေ့န‌ဲ့ နော် ”

“မမေ့ပါဘူး ညီလေးရာ ”

“ပြ‌ီးတာပဲ ရွာကို လည်း ပြန်လာဦးနော် ကျုပ်တို့ မျှော်နေမယ် ”

ပန်းချီငို နှင့် ‌မိကျော့သည် လက်ချင်းတွဲပြီး အုန်းနှဲပင် မှ ထွက်ခွာ လိုက်စဉ် ပေတူးဦးဆောင်သော အဖွဲ့ သည် နောက်မှ အပြေးလေး လှမ်းလာပြီး ပန်းချီငို နှင့် မိကျော့တို့ ၏ ရှေ့မှာ ပိတ်ရပ်နေလေရာ မောင်ဘိုးထင် နှင့် သာရ အံ့ဩသွားကာ ပိတ်ရပ်နေသော ပေတူးတို့အဖွဲ့အား

“ဟေ့ကောင်တွေ ဖယ်ပေးလိုက်ကြစမ်း တို့ရွာက အပျိုတ‌‌ေယာက် ကောင်းစားတာ မင်းတို့ မမြင်ချင်ဘူးလား တကယ့်ကောင်တွေကွာ ”

“အေး ဟုတ်တယ် ပြောကွာ ဘိုးထင် ဒီလောက် ကြက်သရေရှိပြီးး တင့်တယ် တဲ့ သူနောက် လိုက်တာကို ဒီကောင်တွေ ”

“အမလေး ကိုသာရ ဒီကောင်တွေ လောက်လေးဂွ နဲ့ပစ်တယ် ဗျ”

ပေတူးသည် စိတ် မရှည်ဖြစ်ကာ သူခိုး ဓားရိုးကမ်းနေသော မောင်ဘိုးထင် နှင့် သာရ အား လေးဂွာ နှင့် တယောက် တချက် ပစ်လိုက်ရာ ကြောက်လန့်တကြားအော် နေလေသည် ၊ ထို့‌ေနာက် သူတို့၏ နောက်မှ အော်ဟစ်သံ နှင့် အတူ ‌ဖိုးထွေးသည် မောင်ဘိုးထင် နှင့် သာရအား ပြေးလာ၍ လက်သီးနှင့် ထိုးပါတော့သည်

“သစ္စာဖောက်တွေ မင်းတို့ တွေ့မယ် ”

ဖိုးထွေး နည်းတူ ပေတူးနှင့် သာ‌ေအးသည် ကျန်သူများကို ပန်းချီငို နှင့် မိကျော့အား စောင့် ကြည့်စေပြီး ဖိုးထွေး နှင့် အတူ မောင်ဘိုးထင် နှင့် သာရ အား ဝင်လုံးတော့သည်၊

“ဟေ့ကောင်တွေ နေကြဦးဟ ဒီကောင်တွေ ဆေးမိနေတာ ဖြစ်မယ် ”

မောင်ဘိုးထင် နှင့် သာရသည် ခပ်လှမ်းလှမ်းမှာ ဦးအုန်း၏ အသံသဲ့သဲ့ ကိုသာ နောက်ဆုံးကြားလိုက်ရပါလေတော့သည် ။

▪️အခန်း-၇

မောင်ဘိုးထင် နှင့် သာရသည် မျက်လုံးလေး ပေကလတ်ပေကလတ် နှင့် မျက်စိပွင့်လာလေသည် ၊ ထိုအခါ သူတို့နှစ်ယောက် အရင်မြင်လိုက်သည့် မျက်နှာ များမှ ဖိုးထွေး ၊ သာအေး နှင့် ပေတူးတို့ ၏ ပြုံးဖြီးဖြီး မျက်နှာ များဖြစ်သည် ၊ ဦးအုန်းသည်က မောင်ဘိုးထင် နှင့် သာရကို ကြည့်ကာ

“ရာဇဝင် ရိုင်းလိုက်တာကွာ ငါ့တပည်က သူကိုယ်တိုင် ပီယဆေး မိပြီး မိကျော့ကို မှ ကိုယ်တိုင် ခိုးပေးရတယ် လို့ကွာ တောက် ”

“အဘ ဘာတွေပြောနေတာ လဲ ”

“မင်းတို့ နှစ်ယောက် မိကျော့ကို ပန်းချီငိုဆီ ကို ခိုးပေးတာလေ ”

“ပန်ချီငို မဟုတ်ပါဘူးဗျာ တော်တော် ချောတဲ့ သူတယောက်ပါ ”

“မင်းတို့ အခုထိ ဘာမှ မသိဘေးဘူးလား ဟိုမှာ ကြည့်စမ်း အဲ့တာ ဘယ်သူကြီး လဲ လို့ “,

“အဲ အဲ့တာ ပန်းချီငို ကြီးလေ ”

“အေး မင်းတို့ကို သူက ပိယဆေး ခက်ပြီး မိကျော့ကို ခိုးခိုင်းထားတာ ”

မောင်ဘိုးထင် နှင့် သာရ တယောက် မျက်နှာ တယောက်ကြည့်ကာ လန့်ဖျပ် သွားရပြန်သည်

“မင်း မျက်နှာက မျက်ကွင်းတွေ ညိုနေတယ် ဟေ့‌ေကာင် မင်း ဘာ ဘာဖြစ်တာလဲ ”

“ကိုသာ ရ ခင်ဗျားလဲ တူတူပဲ”

ထိုအခါမှ သူတို့ ဘေးတွင် ရှိနေသော ဖိုးထွေးတို့သည် သူတို့‌ေပြာ‌ေနသည်ကို မကြားချင်ယောင်ဆောင်ကာ

“ကြပ်ထုပ်လေး ယူပါဦးက‌ွ ငါကောင်တွေ ဒဏ်ရာတွေ ရနေလို့ တောက် ကို ပန်းချီငို တော်တော် မွှေတယ် ကွာ တောက် ”

ငိုယိုနေသော ပန်းချီငိုကြီးအား ရွာသားများက ချော့ မော့နေကြရသည် ၊ ပန်းချီငိုကြီးသည် သူများအား ဒုက္ခပေးသူတော့ မဟုတ်ပေ ပေပင်ရွာသားများ နှင့် အတော် ရင်းနှီးကြသည် ၊ ယခု မိကျော့သည် ဦးအုန်း၏ အကူအညီဖြစ် ပန်းချီငို ခပ်ထားသော ပိယ ဆေးပျယ်ချိန် ပန်းချီငို နောက် လိုက်လိုက်ပြေးမည်ကြံခဲ့ သော သူ၏ အဖြစ်ကို သိကာ ရှက်လွန်း၍ ငိုယိုကာ အိမ်ကို ပြေးသွားပြီဖြစ်သည် ၊ မိကျော့ ရှက်လွန်း၍ အိမ်ပြန်ပြေးသွားသော ကြောင့် ပန်းချီငို အော်ဟစ်ငိုကြွေး နေချင်းဖြစ်သည် ၊ ထိုနောက့် ဦးအုန်းသည် ပန်းချီငို အနားသွားကာ

“မင်းကို ဒီလို ဆေးတွေ ဘယ်သူပေးတာလဲ ပြောစမ်း ”

“ကျုပ် ကို ကျုပ်တို့ ရွာပြင်က ဦးကဲပေးတာပါ ”

“ဘာ ဦးက‌ဲဆိုတာ အရင်က မိန်းကလေးတွေကိုခြင်ထောင် ထဲ အချိန် မတော် ဝင်တဲ့ ငကဲ လား ”

“အဲ့တာ တော့ မသိပါဘူး ဦးကဲ က ကျုပ်တို့ ရွာ အပြင်မှာ တဲထိုးပြီးနေနေတာ က‌ျုပ်ကိုလည်း သူက ဆေး ပေး‌တော့ ကျုပ်လည်း မိကျော့ စားဖို့ ငှက်ပျော်သီးကို ဆေးထည့်ပြီး ‌ကလေးမလေးတယောက်ကို မုန့်ဖိုးပေးပြီး ပေးခိုင်းတာပါ ”

မောင်ဘိုးထင် နှင့် သာရသည် သူတို့၏ ညိုမဲနေသော မျက်နှာများကို တယောက်ကို တယောက် ကြည့်ကာ သူတို့၏ စိတ်ထဲတွင် တောက် တွေ့ကြပြီပေါ့ ငကဲရာ ဟုတွေးနေရင် ‌ဖိုးထွေးတို့ ကြပ်ထုပ် ထိုးပေးသည်ကို အောင့်သက်သက် နှင့် ခံနေကြရပါလေတော့သည်။

ပြီးပါပြီ

ရေးသားသူ-မောင်တင်ဆန်း

#crd