Unicode Version
” အောက်လမ်း ဘိုးထင်၏ ဘဝအစ “(စ/ဆုံး)
—————————————————-
မောင်တင်ဆန်း
(၁)
▪️အခန်း-၁
ဘဝ ……ဘဂုံးနဲ့ စပြီး ဝလုံးနဲ့ဆုံးသော နှစ်လုံးထဲသော ဗမာ စကားလုံးနှစ်လုံး၊ ကံကိုအစပြုလို့ ဘဝဆိုတာ ဖြစ်တည်လားပြီး ဘ၀ ကြောင့်ပဲ ဇာတိဆိုတဲ့ မွေးဖွားချင်ကို ရောက်ရှိကြရပါသည်။
“အူဝဲ အူဝဲ”
မွေးဖွားစ ကလေးတစ်ယောက်ရဲ့ငိုသံက လင်းကြက်တွန်ခါနီး အချိန်ခန့်တွင့် မှောင်မိုက်နေသော ပတ်ဝန်းကျင်ရှိ အိမ်လေးတလုံးဆီက အစပြုလို့ ဝန်းကျင်တစ်ခုလုံးသို့ ပြန့်ကျဲလွင့်စင်သွားပါတော့ သည်။
“မောင်ကောင်း ကလေးမွေးပြီ ယောကျ်ားလေးဟဲ့”
အားရဝမ်းသာ ဖြင့်အော်ပြောလို့ မဆုံးသေး
“မြခင် မြခင် မြခင် ”
အရပ်လက်သည် ဒေါ်ငယ်လေးရဲ့ အလန့်တကြားအော်သံကြားမှာ ဦးကောင်းရဲ့ ခြေလှမ်းတွေ့ တုန့်ဆိုင်းသွားခဲ့ ရပါသည်။
“အရီး….. မြခင်ဘာ ဖြစ်လို့ လဲ ဗျ”
ပြန်ဖြေသံ မပြုချင်းကြောင် အခန်းထဲသို့ ဦးကောင်း လှမ်းဝင် လိုက်တဲ့အချိန်မှာ တွေ့ လိုက်ရသည်မြင်ကွင်းေကြာင့် ဦးကောင်း လို အသာ ညို ညို ယောကျ်ားရင့်မာ ကြီးရဲ့ မျက်လုံးတွင် မျက်ရည်တွေ ရစ်ဝဲရသည် အထိပါပဲ ၊ အကြောင်းသည် က ငြိမ်သက်စွာရှိနေသော မြခင် ကြောင့်ဖြစ်၏၊ မြခင်သည် အသက်ရှုချင်းကဲမဲ့စွာ လဲလျှောင်းနေပါတော့သည် ထို အချိန်တွင် သူမ ရဲ့ ဘေးတွင် ရှိနေသော လူမမယ် ကလေး ရဲ့ ငိုသံက ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို ဖောက်ထွင်းသွားပါလေတော့သည် ။
နောင်တွင်ခေါ်မည်ထိုကလေးငယ်ရဲ့ အမည်က
“အောက်လမ်းဘိုးထင်”
▪️အခန်း – ၂
အသက်၁၂နှစ်ကျော်ကလေး မောင်ဘိုးထင်သည် ၊ လွယ်အိတ်တလုံးကိုလွယ်၍ အိမ်ရှေ့မှ ထွက်ဟန်ပြင်လိုက်သည် ၊ ထိုအခါ အိမ်ရှေ့ကွပ်ပြစ်တွင် ထိုင်နေသော ဖခင်ဖြစ်သူ ဦးကောင်းမှ စကားသံအချို့ထွက်လာသည်
“ဂြိုလ်ကောင် ဘိုးထင် ”
“ဗျာ အဖေ ကျနော်ဘာလုပ်ပေးရမလဲ ”
“မင်းကို ဘိုးထင် လို့ဘာလို့ပေးတာလဲ သိလား ”
“သိပါတယ် ”
“သိရင်ပြောစမ်းကွာ ”
“ဘိုး ဆိုတဲ့ စကားလုံးအရ အသက်ကြီးနေပြီ မြန်မြန်သေ မယ်ထင်လို့ ပေးထားတာပါ ”
“အေးဟုတ်တယ် မင်းကိုသာ မမွေးရင် ငါမိန်းမ မသေဘူးကွ ”
“ကျနော်နဲ့ ဆိုင်လို့လားအဖေ ”
“မင်းကိုသာ ငါ့မိန်းမ မမွေးခဲ့ရင် သေမလား”
“အဲ့တာဆိုလည်း ကျနော့်ကို လွှင့်ပြစ်လိုက်ပါလား ”
“အေး မင်းကို အဲ့လိုလုပ်ချင်တာ ငါ့ညီမ စန်းဝေက သာ မင်းကို နို့တိုက်ပြီး မွေးထားတာ”
“ဟုတ်ပါပြီဗျာ ကျနော် ငှက်သွားပြစ်ရင်း ကြွက်ကပ်ဘိ ထောင်ဦးမှာ မို့ မိုးချုပ်မယ် ”
“အေး မိုးချုပ်တာ ချုပ်လို့ရတယ် ပြန်မလာလည်းရတယ် ဒါပေမဲ့ အချိန်ကို သိတယ်နော် မင်းတလုံးလာပို့ရမဲ့ အချိန် ”
“အင်းပါဗျ ”
မောင်ဘိုးထင်အား အဒေါ်ဖြစ်သူ မစန်းေဝ မှ ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပေးသည်၊ ဖခင်ဖြစ်သူ ဦးကောင်သည်က သူ့အားဂရုမစိုက် ရှိသည်ဟုပင်မထင်ပေ ၊ အဒေါ်ဖြစ်သူ သူ့အသက် ၈ နှစ်အရွယ်တွင် ဆုံးပါးသွာပြန်သည် ထိုအခါ အဒေါ်ဖြစ်သူ၏ ယောက်ျားသည် မောင်ဘိုးထင်အား နှင်ချလိုက်သောကြောင့် ဖခင်ဖြစ်သူအိမ်ထံပြန်ရောက်လာရချင်းေပ ၊ မောင်ဘိုးထင်သည် ကြွက်ထောင် ငှက်ပြစ် ငါးဖမ်း ချင်းအလုပ်တွေကို လုပ်ရင်း ဦးကောင်းအတွက် အရက်တလုံး ပုန်မှန်ဝယ်ပေးရသလို စာဝတ်နေရေးအတွက် ပိုက်ဆံရှာရသေးသည် ၊ လယ်နှစ်ဧက ပိုင်ဆိုင်ထားပေမဲ့ အဖေဖြစ်သူက လယ်မလုပ်၍ သီးစားချထားသောကြောင့် ဝမ်းစာစပါးအတွက် မပူရလို့တော်သေး၏၊
ယခုလည်း မောင်ဘိုးထင် တောသို့သွားချေပြီဖြစ်၏၊ မောင်ဘိုးထင်နေသော သစ်စိမ့်ရွာလေးသည် တောအရမ်းကျသော ဒေသဖြစ်သည် ၊ ရွာဝင် အတန်လှမ်းသောေနရာတွင် သင်္ချိုင်းကုန်းရှိပြီ အုတ်ဂူအဟောင်းများက ဆေးရောင်မရှိ လူသွားလမ်းဘေးတွင် ကပ်လျက်ရှိ၏ ၊ သင်္ချိုင်း ကုန်းဟု အမည်နှင့်လိုက်အောင် ရွာ၏ သင်္ချိုင်းကုန်သည် ကုန်လေးပေါ်တွင်ရှိပြီး သစ်ပင်ကြီး သစ်ပင်ငယ် နှင့် ချုံနွယ်ပိတ်ပေါင်း တို့ကထူလှသည် လူတယောက်သေရင်သာ လူတယောက်မြှပ်နိုင်သော နေရောလောက်ကို ရှင်းလင်းပြီး မြေတူးကြသည် ၊ ထိုကြောင့် သင်္ချိုင်းကုန်သည် တောဖြစ်နေသည်၊ ယခု မောင်ဘိုးထင် ထိုသင်္ချိုင်း၏ အနောက်ဘက်ရှိ ချိုထဲကို ကြွက်ထောင်ရင်း သင်္ချိုင်းထဲဝင်၍ ငှက်ပစ်နေလေသည် ၊ ငှက်များမလာသောအခါ မောင်ဘိုးထင်သည် သင်္ချိုင်းထဲရှိ အုတ်ဂူပေါ်တွင် အိပ်နေလေသည် ၊ ထိုစဉ် သူအိပ်နေသော အုတ်ဂူဘေးရှိလှည်းလမ်းပေါ်တွင် လူငယ်တသိုက် စကားတပြောပြောနှင့် လမ်းေလျှာက်လာကြသည် ၊ ထိုလူငယ်များ အနားမရောက်မီ မောင်ဘိုးထင်သည် အုတ်ဂူဘေးသို့ ဆင်းပြီး ပုန်းလိုက်၏ ၊ထိုလူငယ်ထဲမှ မြင့်နိုင်ဆိုသော လူငယ်လေးသည် မောင်ဘိုးထင်ထောင်ထားသော ကြွက်ကပ်ဘိများကို ခိုးခိုးေဖာ်သည်ဟု မောင်ဘိုးထင် ထင်နေမိသည် ၊လူငယ်လေး များသည် မောင်ဘိုးထင် နှင့် သက်တူရွယ်တူများပါသလို ၂နှစ်မျှကြီးသူများလည်းပါသည်၊တချို့လူငယ်များ၏ပုခုံးတွင်တော့ လွယ်အိတ်များလွယ်ထားသလို တချို့လူငယ်များ၏ ပုခုံးတွင်တော့ ပုဆိုးများကို လိမ်ပြီး လွယ်အိတ်သဏ္ဍန်ပြုလုပ်ကာ လွယ်ထားကြသည် ၊ ထိုလူငယ်များသည် မောင်ဘိုးထင်ကို ရှိမှန်းမသိပဲ စကားပြောလာသည်
“မြင့်နိုင် မင်းဟိုဘက်နေ့ကရတဲ့ ကြွက်ကြီးက အကြီးကြီးပဲနော် ”
“ဟုတ်တယ် လေ ငါကိုစိုးကြီး အရက်ဆိုင်သွင်းလိုက်တာ ”
“မင်းဘယ်လိုလုပ်ပြီးရတာလဲ ဟိုကောင်ပေတူးပြောတော့မင်း ဘိုးထင် ကပ်ဘိက ခိုးဖော်လာတာဆို ”
“အဲ့ကောင် ပေတူးလည်း တကောင်ယူတယ်လေ ”
“ဘိုးထင်က အစောကြီးထပြီး သွားဖြုတ်တာပါ မင်းက ဘယ်အချိန် များသွားဖော်လိုက်တာလဲဟ ”
“အဲ့ကောင်က ဝေလီဝေလင်းမှသွားတာ ငါက အုံးမောင်းခေါက်တာနဲ့ သွားဖော်လိုက်တာလေ သူသွားဖော်တော့ ငါက အိမ်ပြန်ရောက်လို့ ပြန်တောင်အိပ်နေပြီ ”
“ပိုင်ပကွာ ”
“မြင်နိုင်လေကွာ မပိုင်ရင် ခြင်တောင်မရိုက်တာ မင်းတို့သိတယ် မဟုတ်လား ”
“ဟားး ဟားး”
လူငယ်လေးများ စကားတပြောပြောနှင့် သင်္ချိုင်းကို ကျော်သွားချိန်မှ မောင်ဘိုးထင် အုတ်ဂူဘေးမှ ထလိုက်ပြီး
“တောက် မြင်နိုင် လူယုတ်မာ ကြွက်သူခိုး မင်းငါနဲ့ တွေ့ပြီပေါ့ကွာ ”
မောင်ဘိုးထင်သည် စိတ်ဆိုးဒေါ်သထွက်ကာ အုတ်ဂူကြီးအား လောက်လေးဂွဒင်နှင့်ထုလိုက်ပါတော့သည်။
▪️အခန်း -၃
မောင်ဘိုးထင် အဖေဖြစ်သူအတွက် ဦးစိုးကြီးဘုံဆိုင်မှ မီးတောက်အရက်တလုံးသွားဝယ်နေသည် ၊ရလာသော ငှက်အချို့အား ဦးစိုးကြီးအား အရက်ဖိုးနှင့် ချေခိုင်းလိုက်၏ ၊ ဦးစိုးကြီးသည် အရက်ချိန်ပေးနေရင်း မောင်ဘိုးထင်ကိုကြည့်ကာ
“ဘိုးထင် မင်းပုလင်းတွေ ပြန်ယူခဲဦး သုံးလုံးရှိနေပြီနော် ”
“အင်းပါဗျ ယူခဲ့ပါမယ် အခုက တောထဲကနေတန်းလာရတာမို့ပါ ”
“မင်းအခုတလောကြွက်မရဘူးလား မြင့်နိုင်နဲ့ ပေတူးတော့ ကြွက်တွေငါ့ဆီလာရောင်းတယ် အဲ့ကောင်တွေ ဘယ်နားထောင်နေတာလဲ မသိဘူး မင်းစုံစမ်းပါလား နေရာသိအောင် ”
“စုံစမ်းစရာမလိုပါဘူး ဒီကောင်တွေဘယ်က ရတယ် ဆိုတာ ကျုပ်သိပ်သိတာပေါ့ ”
“သိရင်လည်းပြီးရော ကြွက်က ထန်းရည်ချိန်နီးလာလို့ ဈေးကောင်းနေပြီငါ့ကောင်ရ ”
“စိတ်ချပါ ကျုပ်လာပို့ပါ့မယ် ”
မောင်ဘိုးထင်သည် တောအရက်ပုလင်းကို လက်ကဆွဲပြီးနောက် အိမ်သို့ပြန်လာတော့သည် ၊ အိမ်ဝိုင်းထဲသို့ ဝင်လိုက်သည်နှင့် ဦးကောင်း၏ ပြစ်တင်ပြောဆိုသံက ပေါ်လာပြီဖြစ်သည်
“ဂြိုလ်ကောင် နောက်ကျလိုက်တာကွာ မင်းတိုင်းမင်း ဘယ်သေသေ ဂရုမစိုက်ဘူး ငါ့အရက်လေးတော့ အချိန်မှန် လာပို့စမ်းပါကွာ ကြားလားဟေ့ကောင် ”
“ကျနော်လည်း မြန်မြန်လာတာပဲ ”
“မင်းမြန်မြန်လာရင် ဒီလောက်နောက်ကျမလား မိုးတောင်ချုပ်တော့မယ် ပေးစမ်း အရက် ငါ့ကောင်တွေ အမဲဖော်လို့ အမဲသားဟင်းလာပို့ထားတယ် သွားယူစမ်း ”
မောင်ဘိုးထင်လည်း မည်သို့သောစကားမှ ပြန်မပြောဘဲ ဖခင်ဖြစ်သူ၏ အရှေ့သို့ အရက်ပုလင်းကိုချပေးလိုက်ပြီး အိမ်ပေါ်သို့တက်သွားကာ မီးဖိုးချောင်မှာ ပန်းကန်လုံး တလုံးနှင့် ထည့်ထားသော အမဲသားဟင်းများကို ပန်းကန်တချက်ထဲ ကော်ထည့်ပြီး သွားပို့လိုက်တော့သည် ၊ ထို့နောက် ဖခင်ဖြစ်သူ၏ရှေ့တွင် ရပ်လိုက်ပြီး
“အဖေ ကျနော်ည အိမ်ပြန်မအိပ်ဘူး ကြွက်ဖော်ဖို့သွားစောင့် အိပ်မလို့ ”
“သွား သွား ”
မောင်ဘိုးထင်သည် အိမ်ပေါ်မှ ရေနံဆီမီးခွက်နှင့် သစ်သားမီးခြစ်ကို ယူလိုက်၏ ထို့နောက် မှန်မီးအိမ်လေးထဲသို့ ရေနံဆီမီးခွက်ကို ထည့်လိုက်ပြီး လက်မှ စွဲကာ မီးဖိုချောင်ထဲ ဝင်လိုက်သည် ၊ ထို့နောက် မီးအိမ်ကို ခဏ ဘေးသိူ့ ချထားလိုက်ပြီး စစ်သုံး ဟန်းကော ချိုင့်ထဲသို့ ထမင်းနှင့် အမဲသားဟင်းများကို ရောထည့်လိုက်ပြီး ထိုချိုင့်လေးအား လွယ်အိတ်ထဲ ထည့်လိုက်ပြီး မီးအိမ်ကို ကောက်ကိုင်ကာ အိမ်အပြင်သို့ ထွတ်သွားလိုက်ပါတော့သည်။
မောင်ဘိုးထင်သည် ထောင်ထားသော ကပ်ဘိများကို သေချာစစ်ေဆးလိုက်ပြီးနောက် အပင်တပင်အောက်တွင် ဝင်ပြီး အိပ်လိုက်သည် ဗိုက်ကလည်းမဆာသေးသော ကြောင့် ထမင်းမစားသေပေ မိုးက စုံစုံချုပ်နေပြီဖြစ်သည် ၊ ရာသီဥတု၏ အပူချိန်ကြောင် အိုက်စပ်နေလေရာ အတော်ပင်စိတ်ပျက်ေနမိသည် ၊ လေးကလည်းမတိုက် ချိုထဲဖြစ်နေ၍ နေမတိုက်သည်လည်း ဖြစ်နိုင်သည် ထိုနောက် မောင်ဘိုးထင်သည် မီးအိမ်ကို ကောက်ယူလိုက်ပြီး ထမင်းချိုင့် ထည့်ထားသော လွယ်အိတ်လေးကို လွယ်လို့ သင်္ချိုင်းကုန်း ဘက်သို့ထွက်သွားပါလေတော့သည်။
မောင်ဘိုးထင်သည် သူထိုင်နေကြ အုတ်ဂူဟောင်းကြီးပေါ်တက်ထိုင်လိုက်သည်၊ လရောင်နှင့် ကြယ်ရောင် ၏ အလင်းရောင်သဲ့သဲ့လေးရနေသည့်မို့ မီးအိမ်ထဲမှ ရေနံဆီမီးခွင်ကို မှုတ်လိုက်သည်။ ထိုနောက် ဗိုက်က ဆာလာပြီမို့ ထမင်းချိုင့်ကို ထုတ်ပြီး အုတ်ဂူပေါ်တင်ပြီးဖွင်လိုက်သည် ၊ အမဲသားရနံက သင်းသွားချိန် သင်္ချိုင်းထဲမှ အပင်တချို့ လေမတိုက်ပဲ့ လှုပ်ရှားသွားေတာ့သည် ၊ ထိုအရာကို သတိထားမိသော ဘိုးထင်သည် လှုပ်နေသော အပင်များကို ကြည့်ပြီး စကားဆိုလိုက်၏
” ငါ့တယောက်စာတောင် အနိုင်နိုင်နော် မကျွေးနိုင်ဘူး စားချင်ရင် ငါ့ကိုသာ ကိုက်စားတော့ သေလည်းအေးတာပဲ ”
မောင်ဘိုးထင်၏ စကားဆုံးချိန်တွင် အပင်များလှုပ်နေရမှ ငြိမ်သွားတော့သည် ၊ ထိုအခါမှ မောင်ဘိုးထင်သည် ချိုင့်ထဲမှ ထမင်းကို လက်နှင့် ကုတ်ပြီးစားနေချိန် သူထိုင်နေသော အုတ်ဂူနှင့် မလှမ်းမကမ်း မှာ အရိပ်တခုပေါ်လာသည် ၊ ထို့ေနာက် အုတ်ဂူရှေ့တွင် မက်တက်ရပ်နေသော လူတယောက်ပေါ်လာတော့သည် ၊ စုတ်ပြတ်နေသော အဝတ်အစား နှင့် ဖြူဖက်နေသော မျက်နှာမှာ မျက်လုံးနေရသည်က ဟောက်ပဲ့ဖြစ်နေ၏ ၊ ထိုလူသည် ခြောက်ကပ်နေသော အသံဖြစ် မောင်ဘိုးထင်အား စကားဆိုလာသည်
“ကောင်လေး ငါ့အုတ်ဂူပေါ်ထိုင်စားနေပြီ ငါ့ကိုမကျွေးဘူးလား ”
ထိုအသံကြောင့် မောင်ဘိုးထင် ခေါင်းထောင်ပြီးကြည့်လိုက်သည် ၊ အကျည်းတန်သော ထိုသူ၏ ရုပ်ကို မြင်သည် နှင့် လူမဟုတ်တာ တန်းသိသည် ၊ လူ့ဘဝကို စိတ်နာနေသော မောင်ဘိုးထင် အဖေဖြစ်သူက နေ့တိုင်းသေစေချင်နေသည့်မို့ လူ့ဘဝက်ိုမခင်တွယ် ထို့ကြောင့် ကြောက်သည်ဆိုတာ ဘယ်အရာ လန့်သည်ဆိုတာ ဘယ်အရာမှန်းတောင် မသိချေပြီ ၊ ဒီလိုဖြစ်အောင်လည်း အဖေဖြစ်သူ နှင့် အဒေါ်ဖြစ်သူတို့က ပြုလုပ်ပေးလိုက်သည်ဟု ပြောရမည်ဖြစ်သည် ၊ လူမှန်းသိတက်စအရွယ်ကတည်းက သူများကလေးများနည်းတူ သားလေး ငါ့သားလေး အဖေ့သားလေး အမေ့သားလေး ဟူသော ကြင်နာစကားမဆိုထားနှင့် ကောင်လေး လူလေးဆိုတဲ့ စကားတောင် မပြော အဒေါ်ဖြစ်သူက ဘိုးထင် ဟု ခေါ်သလို အဖေဖြစ်သူက ဂြိုလ်ကောင်လေးဟူခေါ်သည် ၊ ထမင်းချိုင့်ကို ဆွဲနိင်လောက်သည် အရွယ်ကစပြီး နေဝင်မိုးချုပ် သင်္ချိုင်းကို ကျော်ပြီး တောင်ယာထဲ အဒေါ်ဖြစ်သူက အမြဲတမ်းထမင်းပို့ခိုင်းမြဲဖြစ်သည် ၊ အဒေါ်ဖြစ်သူ၏ သားများသည်ပင် ဆယ်ကျောါသက်အရွယ်ရောက်နေပေမဲ့ လူမမယ် မောင်ဘိုးထင်ပိုသာ ခိုင်းမြဲဖြစ်သည်၊ အဖေဖြစ်သူသည်လည်း အဒေါ်ထက်ပိုဆိုးသည် အရက်မရှိရင် သန်းခေါင်ကျော်တာတွေဘာတွေမသိ မောင်ဘိုးထင်ကို နိုးပြီးသွားဝယ်ခိုင်းတက်သည် ၊ ထိုသို့သော လောကဒဏ်ကို ခံစားရသော မောင်ဘိုးထင် လူဖြစ်နေသည်မှာ ထမင်းစားဖို့တခုနဲ့ သေဖို့အတွက်စောင့်နေသည်ဟု စိတ်ပိုင်းဖြတ်ကာထားသည့်မို့ မည်သို့သော ကြောက်စိတ်မှမရှိတော့ပေ၊ ကြင်နာမှု့မရသော ကလေးဘဝကို ဖြတ်သန်းခဲ့ရသော မောင်ဘိုးထင် ရှေ့တွင် ရောက်နေသော သရဲကို မကြောက်တာမဆန်းးတော့ပါ ၊ သေမှာကိုတောင် နည်းနည်းမှ မကြောက်တော့သော မောင်ဘိုးထင်အတွက် သရဲခြောက်သည်ဆိုတာက ရယ်စရာဟုထင်ကောင်းထင်နေမည်ဖြစ်သည် ။ယခုလည်း သူ၏ရှေ့တွင် ထမင်းတောင်းစား မည့်သဘောရှိသော သရဲတကောင်က သူ့အားစကားဆိုလာလေပြီဖြစ်သည်၊ ထိုအခါ မောင်ဘိုးထင်သည် ထိုသရဲကောင်အားသေချာကြည့်ကာ
“ဒီအုတ်ဂူက ခင်ဗျား အုတ်ဂူလား ”
“ဟုတ်တယ် မင်းနေ့တိုင်းထိုင်တာ ငါသိတယ် မင်းစားနေတဲ့ အမဲသားငါ့ကိုကျွေး ”
“နေဦးဗျ ကျုပ်စဉ်းစားနေတာ ”
“မင်း ငါ့ကို မကြောက်ဘူးလား ”
သရဲကြီး၏ မကြောက်ဘူးလားဟု အမေးစကားကြားချိန် မောင်ဘိုးထင်သည် ဟားတိုက်ရယ်မောလိုက်ပြီး
“ကြောက်ချင်တာပေါ့ဗျာ အမေကျနော့်ကို ကယ်ပါဦးလို့ အော်ပြီး အမေ့ဆီပြေးချင်ခဲ့ဘူးတာပေါ့ ပြီးတော့ အဖေ ကျနော်ကြောက်တယ်လို့ပြောပြီး အဖေက မကြောက်နဲ့ငါ့သားလို့ ပြောတာ လိုချင်ခဲ့ဘူးတာပေါ့ ဒါပေမဲ့ ကျုပ်က ကြောက်လန့် ငိုယိုနေလည်း ကျုပ်ကို ဘယ်သူကချော့ ဘယ်သူက မငိုနဲ့လို့ပြောမှာ မှမဟုတ်တာ အဲ့တော့ ကြောက်တယ်ဆိုတာ ဘာလဲလို့တောင် မေးရမလို့ပဲ”
သရဲကောင်ကြီးသည် အုတ်ဂူကြီး၏ ရှေ့မှာ မားမားရပ်ပြီးသာ လက်ကိုဖြန့်ပြီးတောင်နေပါသည် ၊ ဘိုးထင်ပြောသည်ကို သူနားလည်ပုံမပေါ်ပါ ထိုအခါမှ မောင်ဘိုးထင်သည် အမဲသား တဖက်ကို သရဲကြီးရပ်နေသော အုတ်ဂူ အစွန်းကို ပစ်ပေးလိုက်ပါတော့သည်၊ သရဲကြီးသည် မောင်ဘိုးထင် ပစ်ပေးလိုက်သော အမဲသားတုံးအားကောက်ယူပြီး စားနေသည် ၊ ကုန်သွားသော အခါနောက်ထပ်လက်အား ပြန်ဖြန့်ပြီးတောင်နေပြန်သည် ၊ မောင်ဘိုးထင်လည်း ထပ်ပြီးချပေးလိုက်ပြီး ထမင်းကိုသာစားနေ၏ ၊ ခဏကြာသောအခါ ဗိုက်ပြည့်သွားပြီမို့ ကျန်သော ထမင်းနှင့်ဟင်းများကို အုတ်ဂူအစွန်းတွင် စုပုံပြီးပေးလိုက်တော့သည် ၊ ထိုအခါ သရဲကြီးသည် မောင်ဘိုးထင်ပုံပေးသော ဟင်းကျန် ထမင်းကျန်များကို အားရပါးရ စားသောက်နေပါတော့သည် ၊စားသောက်နေသော သရဲကြီးကို မောင်ဘိုးထင်ကြည့်ပြီးနောက် စကားဆိုလိုက်သည်
“ခင်ဗျား အုတ်ဂူပေါ်ထိုင်နေကြမို့ ကျုပ်ေကျွး တာနော် ကြောက်လို့ေကျွးတာ မဟုတ်ဘူး သိလား”
“သိပါတယ်ကွာ ကျေးဇူးတင်ပါတယ် ငါမင်းကို ဘာကူညီရမလဲ ငါ့နာမည် ငနက်ပါ ”
“မကူညီပါနဲ့ အကူညီတောင်းမိရင် နေ့တိုင်းကျွေးနေရမှာ မဟုတ်လား ”
“မဟုတ်ပါဘူကွ မင်းခိုင်းချင်တာ ခိုင်းပါ မင်းကျွေးလည်းရတယ် မကျွေးလည်းရတယ် ”
မောင်ဘိုးထင် သရဲကြီးစကားကြောင့် ေခတ္တတွေးလိုက်၏ ၊သူ့စိတ်ထဲတွင် ကြွက်သူခိုးမြင်နိုင်ကို မြင်ယောင်လာသည် ၊ေမာင်ဘိုးထင်တချက်ပြုံးလိုက်ပြီး စိတ်ထဲတွင်တော့ ဒီငနာတွေ တွေ့ပြီပေါ့ကွာဟု ကြိမ်းဝါးလိုက်ကာ
“အဲ့တာဆို တခု ကူညီ ဗျာ ”
“ပြောပါ ကောင်လေး”
“ကျုပ်ကြွက်ကပ်ဘိတွေကို ရွာကကောင်တွေ နှစ်ယောက် ဖော်ဖော်ပြီး ကြွက်တွေယူယူသွားတယ် အဲ့ကောင်တွေကို ခြောက်ပေးဗျာ ”
“သေအောင်လုပ်ရမှာလား ကောင်လေး ”
“ဟာ သေအောင်တော့ မလုပ်ပါနဲ့ဗျာ နောက်တခါ မခိုးရဲအောင်သာလုပ် ”
“စိတ်ချကောင်လေး မင်းဒီမှာအိပ်မှာလား ”
“ဟုတ်တယ် အဲ့ကောင် လာမဖော်ခင် သန်းခေါင်ေကျာ် တခါဖော်မယ် ကြွက်မိရင် ပြန်ထောင်ပြီး မနက်တခါထပ်ဖော်မလို့ ဒီမှာ စောင့်အိပ်မှဗျ”။
“အဲ့တာဆို မင်းအိပ် ငါအဲ့ဒီကောင်တွေကိုခြောက်လွှတ်မယ် ”
“အဲ့တာဆိုတော့လည်းကောင်းတာပေါ့ဗျာ ကျုပ်အိပ်နေတုန်း ကျုပ်ကိုတော့ ဂုတ်မချိုးပါဘူးနော် ”
“ဘာလဲ အခုတော့ မင်းကြောက်နေပြီလား ”
“မဟုတ်ပါဘူး ဘာမသိညာမသိပဲမသေချင်လို့ပါ ချိုးချင်ရင် အခုကျုပ်ဂုတ်ကိုချိုးဗျာ”
မောင်ဘိုးထင် ခပ်တည်တည်နှင့်ပြောလိုက်ပေမဲ့ သရဲကြီးသည် သူ၏ မြင်ကွင်းထဲမှ တရိပ်ရိပ်နှင့် ပျောက်ကွယ်လို့သွားပါတော့သည်။
▪️အခန်း-၄
မောင်ဘိုးထင်း ထမင်းစားပြီးသောအခါ အုတ်ဂူကြီးပေါ်တွင် ပက်လက်အိပ်လိုက်သည် ၊ သူ၏ မျက်လုံးထဲတွင်တော့ မမြင်ဘူးသော သူ၏ မိခင်ဖြစ်သူကိုပုံဖော်ကြည့်နေသည် ၊ အရပ်ထဲက သဘောကောင်းသော အဒေါ်ကြီးများသည် သူ၏ မိခင်၏ ရုပ်ပုံအားပြောပြသောအခါ မောင်ဘိုးထင်ငေး၍နားထောင်ခဲ့ဘူးသည်၊ သူ၏ စိတ်ထဲတွင်တော့ အမေသည် ရွာဘုရားပွဲတွင် ကပြဘူးသော အငြိမ့်မင်းသမီးလို့လေးဟု တွေးထားခဲ့သည်မဟုတ်ပါလား ၊ သူ့ကိုမွေးပေးသော အရပ်လက်သည် ဒေါ်ငယ်လေးကို သူ့အမေအကြောင်းသွားမေးဖူးသည် သဘောကောင်းသော အမေကြီးက သူ့အားစိတ်ရှည်လက်ရှည် ပြောပြနေသည်ကို ယခု အုတ်ဂူပေါ်အိပ်ရင်းတွေးနေမိသည်။
“အမေကြီးဒေါ်ငယ်လေး ကျနော့်အမေက ဘယ်လိုပုံစံလဲဗျ”
“မောင်ဘိုးထင်နဲ့ နည်းနည်းဆင်တယ် အပျိုတုန်းက နင့်အမေက ပန်းတောင်ကိုင်တော့ ”
“ပန်းတောင်ကိုင်ဆိုတော့ အမခင်မေ တို့လိုလား အမေကြီး”
“အဲ့ ထက်တောင် လှသေးပါတယ်တော် ခင်ေမတို့လှတယ်ဆိုတာ မြခင် လှတာကို မမှီပါဘူး”
“ဟုတ်လား ကျနော်မြင်ဖူးချင်လိုက်တာဗျာ ”
“အေးဟယ် နင်ပြောမှ မြခင်ကိုတောင် သတိရလာတယ် ”
အမေကြီးဒေါ်ငယ်လေးမှ ပြောင်းဖူးဆေးလိပ်ကြီးကို ဖွာရင်း အိမ်ရှေ့မှ ဝါးကပ်ခြံစည်းရိုးကိုငေးပြီးပြောနေသည်၊ မောင်ဘိုးထင်သည် သူ၏မိခင်ဖြစ်သူမှ ရွာကအလှဆုံးသောပန်းတောင်ကိုင်ထက် လှသည်ဟု ဒေါ်ငယ်လေးမှပြောသောအခါ များစွာပီတိဖြစ်နေပြီး မိခင်၏ ပုံရိပ်ကို စိတ်ထဲ၌ဖော်ကြည့်နေပါလေတော့သည်။
ယခုသင်္ချိုင်းထဲက အုတ်ဂူကြီးပေါ်တွင် အိပ်နေသော မောင်ဘိုးထင်အား မိခင်သာမြင်ရင် ရင်ကျိုးမှာဧကန်ပင်ဖြစ်သည် ၊ အခုတော့ စိတ်ပူသူမရှိ ကြင်နာသူမရှိသော မောင်ဘိုးထင်တယောက် အုတ်ဂူပေါ်တွင် အတွေးပေါင်းများစွာနှင့် အိပ်ပျော်သွားပါလေတော့သည်။
▪️အခန်း-၅
မောင်ဘိုးထင် အုတ်ဂူပေါ်တွင် အိပ်ေန၏၊အကင်းပါး အိပ်ရေးဆက်သော မောင်ဘိုးထင်၏ နားထဲသို့ သစ်ရွက် သစ်ကိုင်းများကို နင်းသံကြားရ၍ ထထိုင်လိုက်၏ အိပ်မှုံဝိုးတဝါးဖြစ်နေသော မောင်ဘိုးထင်၏ မျက်လံုးသည် ချက်ချင်းမပွင့်သေးပေ လက်နှင့် ပွတ်လိုက်မှ အတန်အသင့် ပွင့်လာပြီး မီးအိမ်အလင်းရောင်တခုက သူအနားကပ်ကပ်လာ၏ ထိုအခါ မောင်ဘိုးထင်သည် လွယ်အိတ်ထဲမှ လေးဂွကိုထုတ်ပြီး လောက်စာကိုအသင့်ပြင်ထားသည်၊ မောင်ဘိုးထင် သရဲ တစ္ဆေတွေကိုမကြောက်ပါ ၊ ရွာနီးချုပ်စပ်တွင် နွားများပျောက်သည်ဟု သတင်းကြားသောကြောင့် နွားသူခိုးများဖြစ်နေရင် ပစ်မည်လို့တွေးထားချင်ဖြစ်သည် ၊ အတန်ကြာသော အခါ မီးအိမ်၏ အလင်းရောင်ကြောင့် သူအနားလာသောသူကို သေချာတွေ့လိုက်ရသည် ။ သူ၏ အဖေ နှင့် အသက်မတိမ်းမယိမ်းရှိဟန်တူသော လူကြီးတယောက် ပေါက်တူးနှင့် ဂေါ်ပြားကို နှစ်လက်ပူးထမ်းလာပြီး လက်တဖက်မှ မီးအိမ်ကို ကိုင်လာချင်းဖြစ်သည် ၊ အုတ်ဂူပေါ်အိပ်နေသော မောင်ဘိုးထင်ကိုတွေ့သောအခါ ထိုလူးကြီး အံဩသွားပြီး မောင်ဘိုးထင်ကိုစကားဆိုလာသည်
“ကောင်လေး ဘာလုပ်နေတာလဲ အချိန်မတော်ကြီး သင်္ချိုင်းထဲမှာ ”
“အိပ်နေတာလေဗျာ ခင်ဗျားကကော ဘာလုပ်တာလဲ ”
“ငါ့မမေးနဲ့ မင်းနဲ့ဘယ်သူအဖော်ပါလဲ ”
“ဘယ်သူမှ မပါဘူး ကျုပ်မေးတာဖြေဦး ခင်ဗျားက ကျုပ်တို့ရွာက မဟုတ်ဘူး”
“ဟုတ်တယ် လုပ်စရာရှိလို့လာတာ ”
“ဒီချိန်ကြီး ဘာမဟုတ်တာလာလုပ်တာလဲဗျ ”
“ကောင်လေး မင်းကအလာသားပဲ ဒီအချိန်ကြီးမင်းက သင်္ချိုင်းထဲ တယောက်ထဲ အိပ်ရဲတယ်ဆိုတော့မခေဘူးကွ မင်းဘာလာလုပ်တာလဲ အမှန်တိုင်းပြောကွာ ”
“ကျုပ်က ကြွက်လာထောင်တာဗျ ”
“မင်းကြွက်ထောင်လို့ရရင် အဲ့ကြွက်တွေကို ရောင်းတာလား ”
“ဟုတ်တယ်လေဗျာ ရောင်းတာပေါ့ ”
“အေး ငွေဘယ်လောက်ရလဲ ”
“တကောင်ကို ပြားငါးဆယ်လောက်တော့ရတယ် ”
“ဒီည မင်းငါ့ကို ကူညီရင် ငါးဆယ် ပေးမယ်ကွာ ဘယ်သူမှတော့ လျှောက်မပြောရဘူး ဘယ်လိုလဲ ”
မောင်ဘိုးထင် ခေတ္တစဉ်းစားလိုက်သည် ၊ ကြွက်အကြီးစား တကောင်ရမှ ပြားငါးဆယ်ရတာ ၊တနေ့ ငါးကျပ်ရဖို့ ကြွက်ကြီးဆယ်ကောင်မိမှ ရသည် ၊ ယခု ဒီလူကြီးသည် တညထဲ ငါးဆယ်ပေးမည်ဆိုတော့ မောင်ဘိုးထင် လိုချင်မိသည် ၊သူစဉ်းစားနေချိန် ထိုလူကြီးသည် ထပ်ပြီးစကားဆိုလာပြန်သည်
“ကောင်လေး မင်းကြည့်ရတာ အကြောက်အလန့်ရှိပုံမပေါ်လို့ငါခေါ်တာနော် ငါးဆယ်ဆိုတာ နည်းတဲ့ ပမာန မဟုတ်ဘူး ”
“အေးဗျာ လုပ်မယ် ”
“ကဲ ဒီလိုမှပေါ့ ဒါနဲ့ မင်းဘယ်သူမှ လျှောက်ပြောလို့တော့ မရဘူးနော် ပြောရင် မင်းကို သေအောင်သတ်မှ ကြားလား ”
သရဲ မကြောက်သော မောင်ဘိုးထင်ပင် ထိုလူကြီးသေချာကြည့်ပြီးပြောသော စကားကြောင့် ကြက်သီးပင်ထသွားမိသည် ၊ ထိုနောက် မောင်ဘိုးထင်သည် ထိုလူကြီးအားသေချာကြည့်ကာ
“စိတ်ချပါ ဘိုးထင်ဆိုတဲ့ ကျုပ်က ကတိတည်ပါတယ်ဗျ”
“ကြိုက်တယ်ကွာ လာခဲ့ ဒီမီးအိမ်ယူ မင်းတို့ရွာက မနေ့က သေသွားတဲ့ မိန်းကေလးတေယာက်မြှုပ်ထားတာ ရှိတယ် မဟုတ်လား ”
“အင်း ရှိတယ် ကျုပ်နေ့လယ်က ငှက်လာပြစ်နေတုန်းက လာမြှုပ်နေကြတယ် ဟိုဘက်မှာ ”
“အုတ်ဂူလား ”
“မဟုတ်ပါဘူး မြေပုံပဲ ရွာလယ်က အမနွယ်ဝင်း ပိုးထိပြီးသေတာ ”
“အပျိုမဟုတ်လား ”
“ဟုတ်တယ် ဗျ”
“ငါကို လိုက်ပြကွာ ”
မောင်ဘိုးထင်သည် မီးအိမ်ကိုယူပြီး နေ့လယ်က မြှုပ်ထားသော အမျိုးသမီး၏ မြေပုံကိုရှာလိုက်တော့သည် ၊ အချိန်သိပ်ကြာကြာမရှာလိုက်ရပါ ချုံတောများအား ရှင်းလင်းထားသော နေရာတွင် မြေပုံအသစ်တခုတွေရသည် ထိုမြေပုံ၏ထိပ်တွင် သစ်သားပြားကို နာမည်စာရေးထိုးထားသည့် မနွယ်ဝင်း အသက်၂၃ နှစ် ဟုမှတ်တိုင်လေးအား မောင်ဘိုးထင် လက်တွင်ကိုင်ထားသော မီးအိမ်အလင်းရောင်ကြောင့် အတိုင်းသားမြင်နေရသည် ၊ ထိုမြေပုံအနားရောက်သော အခါ မောင်ဘိုးထင်နောက်မှ လိုက်လာသော လူကြီးသည် ပေါက်တူးနှင့်ဂေါ်ပြားကို အောက်သို့ပစ်ချလိုက်ပြီး ပုဆိုးကို တိုတိုဝတ်ကာ ပစ်ချထားသော ပေါက်တူး နှင့် ဂေါ်ပြား အနက် ပေါက်တူးကိုယူလိုက်ပြီး မြေပုံအားတူလိုက်ရာ မောင်ဘိုးထင်မျက်လုံးပြူးသွားပြီး အလျင်အမြန် တားလိုက်တော့သည်။
“ဟေ့လူကြီး ဘာလုပ်တာလဲဗျ ”
“တူးမလို့လေကွာ ”
“ခင်ဗျားက လူသေအလောင်းကို ဘာလုပ်မလို့လဲ ”
“မင်းမသိပါဘူးကွာ ဘာခြေရာလက်ရမှ မပျက်စေရဘူး မင်းလူသွားလူလာစောင့်ပေး ”
“ဒီအချိန် ဘယ်သူမှတော့မလာဘူး အုန်းမောင်းခေါက်ရင်တော့ ဟိုငနာတွေလာလိမ့်မယ် ”
“အဲ့အချိန်ထိတော့မကြာလောက်ပါဘူးကွာ ”
“ကျုပ်ကိုငွေပေးဖို့သာ မမေ့နဲ့ ”
“အေးပါကွာ ဒီကောင်လေး မလွယ်ဘူးဟေ့ “,
“နေဦးခင်ဗျား နာမည်က ဘယ်သူလဲ ”
“ဦးအုန်း လို့သာ မှတ်ထားကွာ စကားမများတော့နဲ့ ငါမြန်မြန်အေလာင်းဖော်လိုက်ဦးမယ် ”
အချိန်အတော်ကြာ် ဦးအုန်းပေါက်တူးတလှည့်ဂေါ်ပြားတလှည့်နှင့် အလောင်းအားတူဖော်နေရာ အချိန်တော်တော်ကြာပြီးချိန်တွင်တော့ အလောင်းထည့်ထားသော အခေါင်းအား ပေါက်တူးနှင့် ပေါက်မိပြီဖြစ်၏
“ဒုတ်”
“ကောင်လေးရေ အခေါင်းတော့ပေါ်ပြီကွ လာလာ ဒီဘက်တိုးပြီး မီးပြ ”
“အေးပါဗျ ”
မောင်ဘိုးထင်သည် မီးအိမ်ကို ယူပြီး ကျင်းပြန်ဖြစ်သွားသော မြေပုံအနားတွင် ထိုင်လိုက်ပြီး အတွင်းသို့မြင်နိုင်ရန် မီးအိမ်ကိုပြလိုက်သည် ၊ဦးအုန်းသည် သစ်သားအခေါင်းပေါ်တင်နေသော မြေများကို ဂေါ်နှင့်ထိုးပြီး အပေါ်သို့တင်လိုက်ပြီး ဂေါ်နှင့်ထိုး၍မရသော မြေများကို လက်ဖြစ်ဘေးသို့သပ်ချလိုက်ကာ ပေါက်တူးနှင့် အခေါင်းအနားစ သံရိုက်ထားသောနေရာများကို ကန့်လန့်ပြီး ဖွင့်နေသည် ၊ ထိုနောက် ပွင့်သွားပြီဖြစ်သော အခေါင်းဖုံးကို အပေါ်သို့ မ တင်လိုက်တော့သည် ၊ ထိုနောက် ဦးအုန်သည် အခေါင်းထဲတွင် သေဆုံးနေပြီဖြစ်သော မနွယ်ဝင်း၏ အလောင်ကြီးအား မောင်ဘိုးထင်ဆီမှ မီးအိမ်ကိုယူပြီးသေချာကြည့်နေသည် ၊ ထိုနောက် ဦးအုန်းသည် အလောင်းပေါ်မှ လွှားထားသော အင်္ကျီအပိုကို ယူပြီးခေါက်နေသည် ၊ ခေါက်ပြီးသောအခါ မောင်ဘိုးထင်ကို ပေးလိုက်ကာ
“ဘေးမှ ခဏ ချထားပေး ကောင်လေး ”
“ခင်ဗျားကလည်း ဘာတွေလုပ်နေမှန်းမသိဘူးဗျာ ပေးပေး”
မောင်ဘိုးထင်သည် ငွေငါးဆယ် မျက်နှာ ဖြစ် အင်္ကျီကိုယူပြီး ဘေးလွတ်ရချထားပေးလိုက်သည်၊ ဦးအုန်းသည် နောက်ထပ် အလောင်းကောင်မှ ဆံပင်ေမွှးများကို ဆွဲနုတ်ပြီး ခါးပိုက်ထဲသို့ထည့်နေသည် ၊ ထို့နောက် အလောင်းကောင်၏ ခြေမနှစ်ခုအား ပူးချီထားသော အပ်ချည်ကျိုးအားဖြုတ်ယူနေပြန်သည် ၊နောက်ထပ် အလောင်းကောင်၏ ထမိန်စများကိုလည်း ပေါက်တူးသွားနှင့် ဖြတ်ပြီးယူနေသေးသည် ၊ ဦးအုန်းသည့် အလောင်းကောင်၏ မျက်နှာနားသို့ မီးအိမ်ကို တိုးကပ်လိုက်၏ မီးအိမ်၏အလင်းရောင်သည်က ကျင်းအတွင်းရှိ အခေါင်းထဲ၌ရှိသော အလောင်းကောင်၏ မျက်နှာကို ရှင်းလင်းစွာမြင်နေရသည် ၊ ဦးအုန်းသည် အလောင်း၏ ဦးခေါင်းကို လက်နှင့်ထိလိုက်ပြီး
“နွယ်ဝင်းဆိုတဲ့ ကောင်မ ဒီနားရှိရင် နင့်ကိုယ်ထဲ ခဏဝင်စမ်း ”
ဦးအုန်းပြောလိုက်သည်နှင့် နွယ်ဝင်း၏ အလောင်းသည် မျက်းစိဖွင့်လာတော့သည် ၊ထိုအခါ မျက်စိဖွင့်လာသော အလောင်းကိုကြည့်ပြီး ဦးအုန်းပြုံးလိုက်ပြီး
“ကဲ နင်က မကောင်းစိုးဝါးဖြစ်နေပြီ ငါနင်ကို ပိုင်တယ် ငါ့ကို ဂလန်ဂဆန်လုပ်ရင် မီးလောင်တိုက်သွင်းပြစ်မယ် ကြားလား ငါနင့်ရဲ့ အဝတ်အစားနဲ့ နင်ဆံပင်ကို ငါတနေရာမှာ ထားမယ် နင်အဲ့နေရာမှာသွားနေရမယ် ကြားလား ”
အလောင်းကောင်ကြီးသည် မျက်လုံးဖွင့်လိုက်ပိတ်လိုက် လုပ်၍သာနေနေ၏ ၊ ထို့နောက် ဦးအုန်းသည်အလောင်း၏ဦးခေါင်းကို ကိုင်ထားသော သူ၏ လက်လွှတ်လိုက်မှ အလောင်းကောင်ကြီး၏ မျက်စိများပိတ်သွားတော့သည် ၊ မောင်ဘိုးထင်သည် ထူးဆန်းလွန်း၍ မျက်တောင်မခက်ပင်ကြည့်နေလေသည် ၊ ဦးအုန်းသည် သူလုပ်ရမည့်ကိစ္စများပြီးပြီမို့ အလောင်းထည့်ထားသော အခေါင်း၏ အဖုံးကိုပိတ်လိုက်ပြီးနောက် ကျင်းပေါ်သို့ပြန်တက်လာကာ ဂေါ်ဖြစ် တူးထားသောမြေများအားပြန်ဖို့လေတော့သည် ။ အချိန်အတော်ကြာသောအခါ မနွယ်ဝင်းအားမြှုပ်နှံထားသော မြေပုံလေးသည် မူလပံုစံအတိုင်းပြန်ဖြစ်သွားတော့သည် ။ ထိုအခါမှ ဦးအုန်းသည် မောင်ဘိုးထင်ကိုပေးထားသော အလောင်းမှာ လွှားထားသော အင်္ကျီကိုတောင်းလိုက်ပြီး ခါးပိုက်ထဲထည့်ကာ မြေပုံဘေးတွင် ခြေပြစ်လက်ပြစ်ထိုင်လိုက်ပြီး
“ကောင်လေး မင်းကတော့ အာဂပဲကွ မင်းမကြောက်ဘူးလား”။
“ကြောက်ပါဘူးဗျာ ”
“မင်းက ဒီသစ်စိမ့်ရွာကပဲလား ”
“ဟုတ်တယ် ဗျ”
“မင်းအဖေ နဲ့ အမေနာမည်က ဘာတဲ့လဲ ”
“အဖေနာမည်က ဦးကောင်း အမေကတော့ မရှိတော့ဘူး နာမည်က ဒေါ်မြခင်”
“အော် အေးအေး မင်းကိုတော့သဘောကျသွားပြီကွာ ရော့ငွေငါးဆယ် ”
မောင်ဘိုးထင်သည် ဦးအုန်းပေးသော ငါးကျပ်တန် ဆယ်ရွက်ကိုယူလိုက်ပြီး လွယ်အိတ်ထဲထည့်ကာ
“ဒီနေ့ကတော့ တွက်ခြေအကိုက်လွန်သွားပြီဗျာ ဒါနဲ့ ခင်ဗျားက ဒါတွေဘာအတွက် လုပ်တာလဲဗျ ”
“ငါက အောက်လမ်းဆရာလေကွာ သွားပြီကောင်လေးရေ ”
ဦးအုန်းသည် ပြောပြောဆိုဆို မီးအိမ်ကိုယူပြီး လာတုန်းကအတိုင်း ပေါက်တူးနှင့်ဂေါ်ကို ပူး၍ ပုခုံးမှာ ထမ်းပြီး ပြန်သွားပါလေတော့သည် ၊ မောင်ဘိုးထင်လည်း အုတ်ဂူနားသို့ပြန်သွားလိုက်ပြီး သူ၏မီးအိမ်ကိုယူကာ ကြွက်ထောင်ထားသော ကပ်ဘိများဆီသို့ထွက်သွားပါလေတော့သည်။
▪️အခန်း-၆
မောင်ဘိုးထင် ဦးအုန်းနှင့်တွေ့ပြီးတာ သုံးရက်မျှကြာသွားပြီဖြစ်သည် ဦးအုန်းပေးခဲ့သော ပိုက်ဆံနှင့် အဖေဖြစ်သူ၏ အရက်ဖိုးများကို လိုက်ဆပ်ပေးလိုက်သည် ၊ ယခု ဦးစိုးကြီးဆိုင်သို့ရောက်လာ၏ အဖေ့အတွက် အရက်တလုံးဝယ်မည်ဖြစ်သည် ၊ ဦးစိုးကြီးသည် မောင်ဘိုးထင်ကို မြင်သည်နှင့်
“ဘိုးထင် မင်းအဖေ မင်းကိုလိုက်ရှာနေတယ် ငါ့ဆီတောင်ရောက်လာသေးတယ် ”
“ဘာလို့လဲဗျ ထူးထူးဆန်းဆန်း ”
“မသိဘူးဟေ့ ဘိုးထင် ကြွက်လေး ရရင် လာပို့ဦး လုပ်ပါဦးကွ ”
“ခင်ဗျားကောင် မြင့်နိုင်တို့ကော လာမရောင်းဘူးလား “,
“အဲ့ကောင်တွေအကြောင်းမပြောစမ်းပါနဲ့ကွာ ကြွက်ဖော်သွားရင် သရဲေခြာက်ခံရလို့ ဖျားနေတယ်တဲ့ကွာ တကယ့်ကောင်တွေ”
“ဟုတ်လားဗျ ကျုပ်သွားပြီဗျို့ ”
မောင်ဘိုးထင်သည် အရက်တလုံးကိုယူကာ ဆိုင်အပြင်သို့ထွက်သွားတော့သည် ၊သူ၏မျက်နှာတွင် ပြုံးနေသည် ၊ သူ အမဲသားကျွေးသောသရဲကြီးက ကတိတည်ပါလားဟုလည်းတွေးနေမိသည်။ သူအိမ်သို့ပြန်ရောက်ချိန် ဖခင်ဖြစ်သူက ပုဆိုးနှင့်ထုပ်ထားသော အထုပ်တထုပ်ကို အိမ်ပေါ်မှ ယူလာပြီး မောင်ဘိုးထင် အရက်ပုလင်းကို ကွပ်ပြစ်ရှေ့ချလိုက်ပြီးသည်နှင့် ပုဆိုးထုပ်ကို ပစ်ပေးလိုက်ကာ
“ဟေ့ကောင် မင်းပေပင်ရွာကို လူငှားသွားလုပ်တော့ မင်းကိုခဏနေလာခေါ်လိမ့်မယ် မင်းကိုစပါးနှစ်ဆယ်ပေးတယ် မင်းက အဲ့လောက်တောင်တန်တာလားကွ ငါစပါးအစား ငွေထုပ်ခဲ့ပြီ”
မောင်ဘိုးထင် ပုဆိုးနှင့် ထုပ်ထားသော သူ၏ အဝတ်ထုပ်ကို ကိုင်ရင်း ကြောင်အမ်းအမ်းနှင့် ရပ်၍သာနေလေပါတော့သည်။
▪️အောက်လမ်းဘိုးထင် နှင့် ဘဝအစ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ ဟူသော ဇတ်လမ်းအား တင်ဆက်ပေးပါမည်။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
” ေအာက္လမ္း ဘိုးထင္၏ ဘဝအစ “(စ/ဆုံး)
—————————————————-
ေမာင္တင္ဆန္း
(၁)
▪️အခန္း-၁
ဘဝ ……ဘဂုံးနဲ႔ စၿပီး ဝလုံးနဲ႔ဆုံးေသာ ႏွစ္လုံးထဲေသာ ဗမာ စကားလုံးႏွစ္လုံး၊ ကံကိုအစျပဳလို႔ ဘဝဆိုတာ ျဖစ္တည္လားၿပီး ဘ၀ ေၾကာင့္ပဲ ဇာတိဆိုတဲ့ ေမြးဖြားခ်င္ကို ေရာက္ရွိၾကရပါသည္။
“အူဝဲ အူဝဲ”
ေမြးဖြားစ ကေလးတစ္ေယာက္ရဲ႕ငိုသံက လင္းၾကက္တြန္ခါနီး အခ်ိန္ခန႔္တြင့္ ေမွာင္မိုက္ေနေသာ ပတ္ဝန္းက်င္ရွိ အိမ္ေလးတလုံးဆီက အစျပဳလို႔ ဝန္းက်င္တစ္ခုလုံးသို႔ ျပန႔္က်ဲလြင့္စင္သြားပါေတာ့ သည္။
“ေမာင္ေကာင္း ကေလးေမြးၿပီ ေယာက်္ားေလးဟဲ့”
အားရဝမ္းသာ ျဖင့္ေအာ္ေျပာလို႔ မဆုံးေသး
“ျမခင္ ျမခင္ ျမခင္ ”
အရပ္လက္သည္ ေဒၚငယ္ေလးရဲ႕ အလန႔္တၾကားေအာ္သံၾကားမွာ ဦးေကာင္းရဲ႕ ေျခလွမ္းေတြ႕ တုန႔္ဆိုင္းသြားခဲ့ ရပါသည္။
“အရီး….. ျမခင္ဘာ ျဖစ္လို႔ လဲ ဗ်”
ျပန္ေျဖသံ မျပဳခ်င္းေၾကာင္ အခန္းထဲသို႔ ဦးေကာင္း လွမ္းဝင္ လိုက္တဲ့အခ်ိန္မွာ ေတြ႕ လိုက္ရသည္ျမင္ကြင္းေၾကာင့္ ဦးေကာင္း လို အသာ ညိဳ ညိဳ ေယာက်္ားရင့္မာ ႀကီးရဲ႕ မ်က္လုံးတြင္ မ်က္ရည္ေတြ ရစ္ဝဲရသည္ အထိပါပဲ ၊ အေၾကာင္းသည္ က ၿငိမ္သက္စြာရွိေနေသာ ျမခင္ ေၾကာင့္ျဖစ္၏၊ ျမခင္သည္ အသက္ရႈခ်င္းကဲမဲ့စြာ လဲေလွ်ာင္းေနပါေတာ့သည္ ထို အခ်ိန္တြင္ သူမ ရဲ႕ ေဘးတြင္ ရွိေနေသာ လူမမယ္ ကေလး ရဲ႕ ငိုသံက ၿငိမ္သက္ေနေသာ ပတ္ဝန္းက်င္ကို ေဖာက္ထြင္းသြားပါေလေတာ့သည္ ။
ေနာင္တြင္ေခၚမည္ထိုကေလးငယ္ရဲ႕ အမည္က
“ေအာက္လမ္းဘိုးထင္”
▪️အခန္း – ၂
အသက္၁၂ႏွစ္ေက်ာ္ကေလး ေမာင္ဘိုးထင္သည္ ၊ လြယ္အိတ္တလုံးကိုလြယ္၍ အိမ္ေရွ႕မွ ထြက္ဟန္ျပင္လိုက္သည္ ၊ ထိုအခါ အိမ္ေရွ႕ကြပ္ျပစ္တြင္ ထိုင္ေနေသာ ဖခင္ျဖစ္သူ ဦးေကာင္းမွ စကားသံအခ်ိဳ႕ထြက္လာသည္
“ၿဂိဳလ္ေကာင္ ဘိုးထင္ ”
“ဗ်ာ အေဖ က်ေနာ္ဘာလုပ္ေပးရမလဲ ”
“မင္းကို ဘိုးထင္ လို႔ဘာလို႔ေပးတာလဲ သိလား ”
“သိပါတယ္ ”
“သိရင္ေျပာစမ္းကြာ ”
“ဘိုး ဆိုတဲ့ စကားလုံးအရ အသက္ႀကီးေနၿပီ ျမန္ျမန္ေသ မယ္ထင္လို႔ ေပးထားတာပါ ”
“ေအးဟုတ္တယ္ မင္းကိုသာ မေမြးရင္ ငါမိန္းမ မေသဘူးကြ ”
“က်ေနာ္နဲ႔ ဆိုင္လို႔လားအေဖ ”
“မင္းကိုသာ ငါ့မိန္းမ မေမြးခဲ့ရင္ ေသမလား”
“အဲ့တာဆိုလည္း က်ေနာ့္ကို လႊင့္ျပစ္လိုက္ပါလား ”
“ေအး မင္းကို အဲ့လိုလုပ္ခ်င္တာ ငါ့ညီမ စန္းေဝက သာ မင္းကို ႏို႔တိုက္ၿပီး ေမြးထားတာ”
“ဟုတ္ပါၿပီဗ်ာ က်ေနာ္ ငွက္သြားျပစ္ရင္း ႂကြက္ကပ္ဘိ ေထာင္ဦးမွာ မို႔ မိုးခ်ဳပ္မယ္ ”
“ေအး မိုးခ်ဳပ္တာ ခ်ဳပ္လို႔ရတယ္ ျပန္မလာလည္းရတယ္ ဒါေပမဲ့ အခ်ိန္ကို သိတယ္ေနာ္ မင္းတလုံးလာပို႔ရမဲ့ အခ်ိန္ ”
“အင္းပါဗ် ”
ေမာင္ဘိုးထင္အား အေဒၚျဖစ္သူ မစန္းေဝ မွ ငယ္စဥ္ကတည္းက ေကြၽးေမြးျပဳစုေပးသည္၊ ဖခင္ျဖစ္သူ ဦးေကာင္သည္က သူ႔အားဂ႐ုမစိုက္ ရွိသည္ဟုပင္မထင္ေပ ၊ အေဒၚျဖစ္သူ သူ႔အသက္ ၈ ႏွစ္အ႐ြယ္တြင္ ဆုံးပါးသြာျပန္သည္ ထိုအခါ အေဒၚျဖစ္သူ၏ ေယာက္်ားသည္ ေမာင္ဘိုးထင္အား ႏွင္ခ်လိုက္ေသာေၾကာင့္ ဖခင္ျဖစ္သူအိမ္ထံျပန္ေရာက္လာရခ်င္းေပ ၊ ေမာင္ဘိုးထင္သည္ ႂကြက္ေထာင္ ငွက္ျပစ္ ငါးဖမ္း ခ်င္းအလုပ္ေတြကို လုပ္ရင္း ဦးေကာင္းအတြက္ အရက္တလုံး ပုန္မွန္ဝယ္ေပးရသလို စာဝတ္ေနေရးအတြက္ ပိုက္ဆံရွာရေသးသည္ ၊ လယ္ႏွစ္ဧက ပိုင္ဆိုင္ထားေပမဲ့ အေဖျဖစ္သူက လယ္မလုပ္၍ သီးစားခ်ထားေသာေၾကာင့္ ဝမ္းစာစပါးအတြက္ မပူရလို႔ေတာ္ေသး၏၊
ယခုလည္း ေမာင္ဘိုးထင္ ေတာသို႔သြားေခ်ၿပီျဖစ္၏၊ ေမာင္ဘိုးထင္ေနေသာ သစ္စိမ့္႐ြာေလးသည္ ေတာအရမ္းက်ေသာ ေဒသျဖစ္သည္ ၊ ႐ြာဝင္ အတန္လွမ္းေသာေနရာတြင္ သခ်ႋဳင္းကုန္းရွိၿပီ အုတ္ဂူအေဟာင္းမ်ားက ေဆးေရာင္မရွိ လူသြားလမ္းေဘးတြင္ ကပ္လ်က္ရွိ၏ ၊ သခ်ႋဳင္း ကုန္းဟု အမည္ႏွင့္လိုက္ေအာင္ ႐ြာ၏ သခ်ႋဳင္းကုန္သည္ ကုန္ေလးေပၚတြင္ရွိၿပီး သစ္ပင္ႀကီး သစ္ပင္ငယ္ ႏွင့္ ခ်ဳံႏြယ္ပိတ္ေပါင္း တို႔ကထူလွသည္ လူတေယာက္ေသရင္သာ လူတေယာက္ျမႇပ္ႏိုင္ေသာ ေနေရာေလာက္ကို ရွင္းလင္းၿပီး ေျမတူးၾကသည္ ၊ ထိုေၾကာင့္ သခ်ႋဳင္းကုန္သည္ ေတာျဖစ္ေနသည္၊ ယခု ေမာင္ဘိုးထင္ ထိုသခ်ႋဳင္း၏ အေနာက္ဘက္ရွိ ခ်ိဳထဲကို ႂကြက္ေထာင္ရင္း သခ်ႋဳင္းထဲဝင္၍ ငွက္ပစ္ေနေလသည္ ၊ ငွက္မ်ားမလာေသာအခါ ေမာင္ဘိုးထင္သည္ သခ်ႋဳင္းထဲရွိ အုတ္ဂူေပၚတြင္ အိပ္ေနေလသည္ ၊ ထိုစဥ္ သူအိပ္ေနေသာ အုတ္ဂူေဘးရွိလွည္းလမ္းေပၚတြင္ လူငယ္တသိုက္ စကားတေျပာေျပာႏွင့္ လမ္းေလွ်ာက္လာၾကသည္ ၊ ထိုလူငယ္မ်ား အနားမေရာက္မီ ေမာင္ဘိုးထင္သည္ အုတ္ဂူေဘးသို႔ ဆင္းၿပီး ပုန္းလိုက္၏ ၊ထိုလူငယ္ထဲမွ ျမင့္ႏိုင္ဆိုေသာ လူငယ္ေလးသည္ ေမာင္ဘိုးထင္ေထာင္ထားေသာ ႂကြက္ကပ္ဘိမ်ားကို ခိုးခိုးေဖာ္သည္ဟု ေမာင္ဘိုးထင္ ထင္ေနမိသည္ ၊လူငယ္ေလး မ်ားသည္ ေမာင္ဘိုးထင္ ႏွင့္ သက္တူ႐ြယ္တူမ်ားပါသလို ၂ႏွစ္မွ်ႀကီးသူမ်ားလည္းပါသည္၊တခ်ိဳ႕လူငယ္မ်ား၏ပုခုံးတြင္ေတာ့ လြယ္အိတ္မ်ားလြယ္ထားသလို တခ်ိဳ႕လူငယ္မ်ား၏ ပုခုံးတြင္ေတာ့ ပုဆိုးမ်ားကို လိမ္ၿပီး လြယ္အိတ္သ႑န္ျပဳလုပ္ကာ လြယ္ထားၾကသည္ ၊ ထိုလူငယ္မ်ားသည္ ေမာင္ဘိုးထင္ကို ရွိမွန္းမသိပဲ စကားေျပာလာသည္
“ျမင့္ႏိုင္ မင္းဟိုဘက္ေန႔ကရတဲ့ ႂကြက္ႀကီးက အႀကီးႀကီးပဲေနာ္ ”
“ဟုတ္တယ္ ေလ ငါကိုစိုးႀကီး အရက္ဆိုင္သြင္းလိုက္တာ ”
“မင္းဘယ္လိုလုပ္ၿပီးရတာလဲ ဟိုေကာင္ေပတူးေျပာေတာ့မင္း ဘိုးထင္ ကပ္ဘိက ခိုးေဖာ္လာတာဆို ”
“အဲ့ေကာင္ ေပတူးလည္း တေကာင္ယူတယ္ေလ ”
“ဘိုးထင္က အေစာႀကီးထၿပီး သြားျဖဳတ္တာပါ မင္းက ဘယ္အခ်ိန္ မ်ားသြားေဖာ္လိုက္တာလဲဟ ”
“အဲ့ေကာင္က ေဝလီေဝလင္းမွသြားတာ ငါက အုံးေမာင္းေခါက္တာနဲ႔ သြားေဖာ္လိုက္တာေလ သူသြားေဖာ္ေတာ့ ငါက အိမ္ျပန္ေရာက္လို႔ ျပန္ေတာင္အိပ္ေနၿပီ ”
“ပိုင္ပကြာ ”
“ျမင္ႏိုင္ေလကြာ မပိုင္ရင္ ျခင္ေတာင္မ႐ိုက္တာ မင္းတို႔သိတယ္ မဟုတ္လား ”
“ဟားး ဟားး”
လူငယ္ေလးမ်ား စကားတေျပာေျပာႏွင့္ သခ်ႋဳင္းကို ေက်ာ္သြားခ်ိန္မွ ေမာင္ဘိုးထင္ အုတ္ဂူေဘးမွ ထလိုက္ၿပီး
“ေတာက္ ျမင္ႏိုင္ လူယုတ္မာ ႂကြက္သူခိုး မင္းငါနဲ႔ ေတြ႕ၿပီေပါ့ကြာ ”
ေမာင္ဘိုးထင္သည္ စိတ္ဆိုးေဒၚသထြက္ကာ အုတ္ဂူႀကီးအား ေလာက္ေလးဂြဒင္ႏွင့္ထုလိုက္ပါေတာ့သည္။
▪️အခန္း -၃
ေမာင္ဘိုးထင္ အေဖျဖစ္သူအတြက္ ဦးစိုးႀကီးဘုံဆိုင္မွ မီးေတာက္အရက္တလုံးသြားဝယ္ေနသည္ ၊ရလာေသာ ငွက္အခ်ိဳ႕အား ဦးစိုးႀကီးအား အရက္ဖိုးႏွင့္ ေခ်ခိုင္းလိုက္၏ ၊ ဦးစိုးႀကီးသည္ အရက္ခ်ိန္ေပးေနရင္း ေမာင္ဘိုးထင္ကိုၾကည့္ကာ
“ဘိုးထင္ မင္းပုလင္းေတြ ျပန္ယူခဲဦး သုံးလုံးရွိေနၿပီေနာ္ ”
“အင္းပါဗ် ယူခဲ့ပါမယ္ အခုက ေတာထဲကေနတန္းလာရတာမို႔ပါ ”
“မင္းအခုတေလာႂကြက္မရဘူးလား ျမင့္ႏိုင္နဲ႔ ေပတူးေတာ့ ႂကြက္ေတြငါ့ဆီလာေရာင္းတယ္ အဲ့ေကာင္ေတြ ဘယ္နားေထာင္ေနတာလဲ မသိဘူး မင္းစုံစမ္းပါလား ေနရာသိေအာင္ ”
“စုံစမ္းစရာမလိုပါဘူး ဒီေကာင္ေတြဘယ္က ရတယ္ ဆိုတာ က်ဳပ္သိပ္သိတာေပါ့ ”
“သိရင္လည္းၿပီးေရာ ႂကြက္က ထန္းရည္ခ်ိန္နီးလာလို႔ ေဈးေကာင္းေနၿပီငါ့ေကာင္ရ ”
“စိတ္ခ်ပါ က်ဳပ္လာပို႔ပါ့မယ္ ”
ေမာင္ဘိုးထင္သည္ ေတာအရက္ပုလင္းကို လက္ကဆြဲၿပီးေနာက္ အိမ္သို႔ျပန္လာေတာ့သည္ ၊ အိမ္ဝိုင္းထဲသို႔ ဝင္လိုက္သည္ႏွင့္ ဦးေကာင္း၏ ျပစ္တင္ေျပာဆိုသံက ေပၚလာၿပီျဖစ္သည္
“ၿဂိဳလ္ေကာင္ ေနာက္က်လိုက္တာကြာ မင္းတိုင္းမင္း ဘယ္ေသေသ ဂ႐ုမစိုက္ဘူး ငါ့အရက္ေလးေတာ့ အခ်ိန္မွန္ လာပို႔စမ္းပါကြာ ၾကားလားေဟ့ေကာင္ ”
“က်ေနာ္လည္း ျမန္ျမန္လာတာပဲ ”
“မင္းျမန္ျမန္လာရင္ ဒီေလာက္ေနာက္က်မလား မိုးေတာင္ခ်ဳပ္ေတာ့မယ္ ေပးစမ္း အရက္ ငါ့ေကာင္ေတြ အမဲေဖာ္လို႔ အမဲသားဟင္းလာပို႔ထားတယ္ သြားယူစမ္း ”
ေမာင္ဘိုးထင္လည္း မည္သို႔ေသာစကားမွ ျပန္မေျပာဘဲ ဖခင္ျဖစ္သူ၏ အေရွ႕သို႔ အရက္ပုလင္းကိုခ်ေပးလိုက္ၿပီး အိမ္ေပၚသို႔တက္သြားကာ မီးဖိုးေခ်ာင္မွာ ပန္းကန္လုံး တလုံးႏွင့္ ထည့္ထားေသာ အမဲသားဟင္းမ်ားကို ပန္းကန္တခ်က္ထဲ ေကာ္ထည့္ၿပီး သြားပို႔လိုက္ေတာ့သည္ ၊ ထို႔ေနာက္ ဖခင္ျဖစ္သူ၏ေရွ႕တြင္ ရပ္လိုက္ၿပီး
“အေဖ က်ေနာ္ည အိမ္ျပန္မအိပ္ဘူး ႂကြက္ေဖာ္ဖို႔သြားေစာင့္ အိပ္မလို႔ ”
“သြား သြား ”
ေမာင္ဘိုးထင္သည္ အိမ္ေပၚမွ ေရနံဆီမီးခြက္ႏွင့္ သစ္သားမီးျခစ္ကို ယူလိုက္၏ ထို႔ေနာက္ မွန္မီးအိမ္ေလးထဲသို႔ ေရနံဆီမီးခြက္ကို ထည့္လိုက္ၿပီး လက္မွ စြဲကာ မီးဖိုေခ်ာင္ထဲ ဝင္လိုက္သည္ ၊ ထို႔ေနာက္ မီးအိမ္ကို ခဏ ေဘးသိူ႔ ခ်ထားလိုက္ၿပီး စစ္သုံး ဟန္းေကာ ခ်ိဳင့္ထဲသို႔ ထမင္းႏွင့္ အမဲသားဟင္းမ်ားကို ေရာထည့္လိုက္ၿပီး ထိုခ်ိဳင့္ေလးအား လြယ္အိတ္ထဲ ထည့္လိုက္ၿပီး မီးအိမ္ကို ေကာက္ကိုင္ကာ အိမ္အျပင္သို႔ ထြတ္သြားလိုက္ပါေတာ့သည္။
ေမာင္ဘိုးထင္သည္ ေထာင္ထားေသာ ကပ္ဘိမ်ားကို ေသခ်ာစစ္ေဆးလိုက္ၿပီးေနာက္ အပင္တပင္ေအာက္တြင္ ဝင္ၿပီး အိပ္လိုက္သည္ ဗိုက္ကလည္းမဆာေသးေသာ ေၾကာင့္ ထမင္းမစားေသေပ မိုးက စုံစုံခ်ဳပ္ေနၿပီျဖစ္သည္ ၊ ရာသီဥတု၏ အပူခ်ိန္ေၾကာင္ အိုက္စပ္ေနေလရာ အေတာ္ပင္စိတ္ပ်က္ေနမိသည္ ၊ ေလးကလည္းမတိုက္ ခ်ိဳထဲျဖစ္ေန၍ ေနမတိုက္သည္လည္း ျဖစ္ႏိုင္သည္ ထိုေနာက္ ေမာင္ဘိုးထင္သည္ မီးအိမ္ကို ေကာက္ယူလိုက္ၿပီး ထမင္းခ်ိဳင့္ ထည့္ထားေသာ လြယ္အိတ္ေလးကို လြယ္လို႔ သခ်ႋဳင္းကုန္း ဘက္သို႔ထြက္သြားပါေလေတာ့သည္။
ေမာင္ဘိုးထင္သည္ သူထိုင္ေနၾက အုတ္ဂူေဟာင္းႀကီးေပၚတက္ထိုင္လိုက္သည္၊ လေရာင္ႏွင့္ ၾကယ္ေရာင္ ၏ အလင္းေရာင္သဲ့သဲ့ေလးရေနသည့္မို႔ မီးအိမ္ထဲမွ ေရနံဆီမီးခြင္ကို မႈတ္လိုက္သည္။ ထိုေနာက္ ဗိုက္က ဆာလာၿပီမို႔ ထမင္းခ်ိဳင့္ကို ထုတ္ၿပီး အုတ္ဂူေပၚတင္ၿပီးဖြင္လိုက္သည္ ၊ အမဲသားရနံက သင္းသြားခ်ိန္ သခ်ႋဳင္းထဲမွ အပင္တခ်ိဳ႕ ေလမတိုက္ပဲ့ လႈပ္ရွားသြားေတာ့သည္ ၊ ထိုအရာကို သတိထားမိေသာ ဘိုးထင္သည္ လႈပ္ေနေသာ အပင္မ်ားကို ၾကည့္ၿပီး စကားဆိုလိုက္၏
” ငါ့တေယာက္စာေတာင္ အႏိုင္ႏိုင္ေနာ္ မေကြၽးႏိုင္ဘူး စားခ်င္ရင္ ငါ့ကိုသာ ကိုက္စားေတာ့ ေသလည္းေအးတာပဲ ”
ေမာင္ဘိုးထင္၏ စကားဆုံးခ်ိန္တြင္ အပင္မ်ားလႈပ္ေနရမွ ၿငိမ္သြားေတာ့သည္ ၊ ထိုအခါမွ ေမာင္ဘိုးထင္သည္ ခ်ိဳင့္ထဲမွ ထမင္းကို လက္ႏွင့္ ကုတ္ၿပီးစားေနခ်ိန္ သူထိုင္ေနေသာ အုတ္ဂူႏွင့္ မလွမ္းမကမ္း မွာ အရိပ္တခုေပၚလာသည္ ၊ ထို႔ေနာက္ အုတ္ဂူေရွ႕တြင္ မက္တက္ရပ္ေနေသာ လူတေယာက္ေပၚလာေတာ့သည္ ၊ စုတ္ျပတ္ေနေသာ အဝတ္အစား ႏွင့္ ျဖဴဖက္ေနေသာ မ်က္ႏွာမွာ မ်က္လုံးေနရသည္က ေဟာက္ပဲ့ျဖစ္ေန၏ ၊ ထိုလူသည္ ေျခာက္ကပ္ေနေသာ အသံျဖစ္ ေမာင္ဘိုးထင္အား စကားဆိုလာသည္
“ေကာင္ေလး ငါ့အုတ္ဂူေပၚထိုင္စားေနၿပီ ငါ့ကိုမေကြၽးဘူးလား ”
ထိုအသံေၾကာင့္ ေမာင္ဘိုးထင္ ေခါင္းေထာင္ၿပီးၾကည့္လိုက္သည္ ၊ အက်ည္းတန္ေသာ ထိုသူ၏ ႐ုပ္ကို ျမင္သည္ ႏွင့္ လူမဟုတ္တာ တန္းသိသည္ ၊ လူ႔ဘဝကို စိတ္နာေနေသာ ေမာင္ဘိုးထင္ အေဖျဖစ္သူက ေန႔တိုင္းေသေစခ်င္ေနသည့္မို႔ လူ႔ဘဝက္ိုမခင္တြယ္ ထို႔ေၾကာင့္ ေၾကာက္သည္ဆိုတာ ဘယ္အရာ လန႔္သည္ဆိုတာ ဘယ္အရာမွန္းေတာင္ မသိေခ်ၿပီ ၊ ဒီလိုျဖစ္ေအာင္လည္း အေဖျဖစ္သူ ႏွင့္ အေဒၚျဖစ္သူတို႔က ျပဳလုပ္ေပးလိုက္သည္ဟု ေျပာရမည္ျဖစ္သည္ ၊ လူမွန္းသိတက္စအ႐ြယ္ကတည္းက သူမ်ားကေလးမ်ားနည္းတူ သားေလး ငါ့သားေလး အေဖ့သားေလး အေမ့သားေလး ဟူေသာ ၾကင္နာစကားမဆိုထားႏွင့္ ေကာင္ေလး လူေလးဆိုတဲ့ စကားေတာင္ မေျပာ အေဒၚျဖစ္သူက ဘိုးထင္ ဟု ေခၚသလို အေဖျဖစ္သူက ၿဂိဳလ္ေကာင္ေလးဟူေခၚသည္ ၊ ထမင္းခ်ိဳင့္ကို ဆြဲနိင္ေလာက္သည္ အ႐ြယ္ကစၿပီး ေနဝင္မိုးခ်ဳပ္ သခ်ႋဳင္းကို ေက်ာ္ၿပီး ေတာင္ယာထဲ အေဒၚျဖစ္သူက အၿမဲတမ္းထမင္းပို႔ခိုင္းၿမဲျဖစ္သည္ ၊ အေဒၚျဖစ္သူ၏ သားမ်ားသည္ပင္ ဆယ္ေက်ာါသက္အ႐ြယ္ေရာက္ေနေပမဲ့ လူမမယ္ ေမာင္ဘိုးထင္ပိုသာ ခိုင္းၿမဲျဖစ္သည္၊ အေဖျဖစ္သူသည္လည္း အေဒၚထက္ပိုဆိုးသည္ အရက္မရွိရင္ သန္းေခါင္ေက်ာ္တာေတြဘာေတြမသိ ေမာင္ဘိုးထင္ကို ႏိုးၿပီးသြားဝယ္ခိုင္းတက္သည္ ၊ ထိုသို႔ေသာ ေလာကဒဏ္ကို ခံစားရေသာ ေမာင္ဘိုးထင္ လူျဖစ္ေနသည္မွာ ထမင္းစားဖို႔တခုနဲ႔ ေသဖို႔အတြက္ေစာင့္ေနသည္ဟု စိတ္ပိုင္းျဖတ္ကာထားသည့္မို႔ မည္သို႔ေသာ ေၾကာက္စိတ္မွမရွိေတာ့ေပ၊ ၾကင္နာမႈ႕မရေသာ ကေလးဘဝကို ျဖတ္သန္းခဲ့ရေသာ ေမာင္ဘိုးထင္ ေရွ႕တြင္ ေရာက္ေနေသာ သရဲကို မေၾကာက္တာမဆန္းးေတာ့ပါ ၊ ေသမွာကိုေတာင္ နည္းနည္းမွ မေၾကာက္ေတာ့ေသာ ေမာင္ဘိုးထင္အတြက္ သရဲေျခာက္သည္ဆိုတာက ရယ္စရာဟုထင္ေကာင္းထင္ေနမည္ျဖစ္သည္ ။ယခုလည္း သူ၏ေရွ႕တြင္ ထမင္းေတာင္းစား မည့္သေဘာရွိေသာ သရဲတေကာင္က သူ႔အားစကားဆိုလာေလၿပီျဖစ္သည္၊ ထိုအခါ ေမာင္ဘိုးထင္သည္ ထိုသရဲေကာင္အားေသခ်ာၾကည့္ကာ
“ဒီအုတ္ဂူက ခင္ဗ်ား အုတ္ဂူလား ”
“ဟုတ္တယ္ မင္းေန႔တိုင္းထိုင္တာ ငါသိတယ္ မင္းစားေနတဲ့ အမဲသားငါ့ကိုေကြၽး ”
“ေနဦးဗ် က်ဳပ္စဥ္းစားေနတာ ”
“မင္း ငါ့ကို မေၾကာက္ဘူးလား ”
သရဲႀကီး၏ မေၾကာက္ဘူးလားဟု အေမးစကားၾကားခ်ိန္ ေမာင္ဘိုးထင္သည္ ဟားတိုက္ရယ္ေမာလိုက္ၿပီး
“ေၾကာက္ခ်င္တာေပါ့ဗ်ာ အေမက်ေနာ့္ကို ကယ္ပါဦးလို႔ ေအာ္ၿပီး အေမ့ဆီေျပးခ်င္ခဲ့ဘူးတာေပါ့ ၿပီးေတာ့ အေဖ က်ေနာ္ေၾကာက္တယ္လို႔ေျပာၿပီး အေဖက မေၾကာက္နဲ႔ငါ့သားလို႔ ေျပာတာ လိုခ်င္ခဲ့ဘူးတာေပါ့ ဒါေပမဲ့ က်ဳပ္က ေၾကာက္လန႔္ ငိုယိုေနလည္း က်ဳပ္ကို ဘယ္သူကေခ်ာ့ ဘယ္သူက မငိုနဲ႔လို႔ေျပာမွာ မွမဟုတ္တာ အဲ့ေတာ့ ေၾကာက္တယ္ဆိုတာ ဘာလဲလို႔ေတာင္ ေမးရမလို႔ပဲ”
သရဲေကာင္ႀကီးသည္ အုတ္ဂူႀကီး၏ ေရွ႕မွာ မားမားရပ္ၿပီးသာ လက္ကိုျဖန႔္ၿပီးေတာင္ေနပါသည္ ၊ ဘိုးထင္ေျပာသည္ကို သူနားလည္ပုံမေပၚပါ ထိုအခါမွ ေမာင္ဘိုးထင္သည္ အမဲသား တဖက္ကို သရဲႀကီးရပ္ေနေသာ အုတ္ဂူ အစြန္းကို ပစ္ေပးလိုက္ပါေတာ့သည္၊ သရဲႀကီးသည္ ေမာင္ဘိုးထင္ ပစ္ေပးလိုက္ေသာ အမဲသားတုံးအားေကာက္ယူၿပီး စားေနသည္ ၊ ကုန္သြားေသာ အခါေနာက္ထပ္လက္အား ျပန္ျဖန႔္ၿပီးေတာင္ေနျပန္သည္ ၊ ေမာင္ဘိုးထင္လည္း ထပ္ၿပီးခ်ေပးလိုက္ၿပီး ထမင္းကိုသာစားေန၏ ၊ ခဏၾကာေသာအခါ ဗိုက္ျပည့္သြားၿပီမို႔ က်န္ေသာ ထမင္းႏွင့္ဟင္းမ်ားကို အုတ္ဂူအစြန္းတြင္ စုပုံၿပီးေပးလိုက္ေတာ့သည္ ၊ ထိုအခါ သရဲႀကီးသည္ ေမာင္ဘိုးထင္ပုံေပးေသာ ဟင္းက်န္ ထမင္းက်န္မ်ားကို အားရပါးရ စားေသာက္ေနပါေတာ့သည္ ၊စားေသာက္ေနေသာ သရဲႀကီးကို ေမာင္ဘိုးထင္ၾကည့္ၿပီးေနာက္ စကားဆိုလိုက္သည္
“ခင္ဗ်ား အုတ္ဂူေပၚထိုင္ေနၾကမို႔ က်ဳပ္ေကြၽး တာေနာ္ ေၾကာက္လို႔ေကြၽးတာ မဟုတ္ဘူး သိလား”
“သိပါတယ္ကြာ ေက်းဇူးတင္ပါတယ္ ငါမင္းကို ဘာကူညီရမလဲ ငါ့နာမည္ ငနက္ပါ ”
“မကူညီပါနဲ႔ အကူညီေတာင္းမိရင္ ေန႔တိုင္းေကြၽးေနရမွာ မဟုတ္လား ”
“မဟုတ္ပါဘူကြ မင္းခိုင္းခ်င္တာ ခိုင္းပါ မင္းေကြၽးလည္းရတယ္ မေကြၽးလည္းရတယ္ ”
ေမာင္ဘိုးထင္ သရဲႀကီးစကားေၾကာင့္ ေခတၱေတြးလိုက္၏ ၊သူ႔စိတ္ထဲတြင္ ႂကြက္သူခိုးျမင္ႏိုင္ကို ျမင္ေယာင္လာသည္ ၊ေမာင္ဘိုးထင္တခ်က္ၿပဳံးလိုက္ၿပီး စိတ္ထဲတြင္ေတာ့ ဒီငနာေတြ ေတြ႕ၿပီေပါ့ကြာဟု ႀကိမ္းဝါးလိုက္ကာ
“အဲ့တာဆို တခု ကူညီ ဗ်ာ ”
“ေျပာပါ ေကာင္ေလး”
“က်ဳပ္ႂကြက္ကပ္ဘိေတြကို ႐ြာကေကာင္ေတြ ႏွစ္ေယာက္ ေဖာ္ေဖာ္ၿပီး ႂကြက္ေတြယူယူသြားတယ္ အဲ့ေကာင္ေတြကို ေျခာက္ေပးဗ်ာ ”
“ေသေအာင္လုပ္ရမွာလား ေကာင္ေလး ”
“ဟာ ေသေအာင္ေတာ့ မလုပ္ပါနဲ႔ဗ်ာ ေနာက္တခါ မခိုးရဲေအာင္သာလုပ္ ”
“စိတ္ခ်ေကာင္ေလး မင္းဒီမွာအိပ္မွာလား ”
“ဟုတ္တယ္ အဲ့ေကာင္ လာမေဖာ္ခင္ သန္းေခါင္ေက်ာ္ တခါေဖာ္မယ္ ႂကြက္မိရင္ ျပန္ေထာင္ၿပီး မနက္တခါထပ္ေဖာ္မလို႔ ဒီမွာ ေစာင့္အိပ္မွဗ်”။
“အဲ့တာဆို မင္းအိပ္ ငါအဲ့ဒီေကာင္ေတြကိုေျခာက္လႊတ္မယ္ ”
“အဲ့တာဆိုေတာ့လည္းေကာင္းတာေပါ့ဗ်ာ က်ဳပ္အိပ္ေနတုန္း က်ဳပ္ကိုေတာ့ ဂုတ္မခ်ိဳးပါဘူးေနာ္ ”
“ဘာလဲ အခုေတာ့ မင္းေၾကာက္ေနၿပီလား ”
“မဟုတ္ပါဘူး ဘာမသိညာမသိပဲမေသခ်င္လို႔ပါ ခ်ိဳးခ်င္ရင္ အခုက်ဳပ္ဂုတ္ကိုခ်ိဳးဗ်ာ”
ေမာင္ဘိုးထင္ ခပ္တည္တည္ႏွင့္ေျပာလိုက္ေပမဲ့ သရဲႀကီးသည္ သူ၏ ျမင္ကြင္းထဲမွ တရိပ္ရိပ္ႏွင့္ ေပ်ာက္ကြယ္လို႔သြားပါေတာ့သည္။
▪️အခန္း-၄
ေမာင္ဘိုးထင္း ထမင္းစားၿပီးေသာအခါ အုတ္ဂူႀကီးေပၚတြင္ ပက္လက္အိပ္လိုက္သည္ ၊ သူ၏ မ်က္လုံးထဲတြင္ေတာ့ မျမင္ဘူးေသာ သူ၏ မိခင္ျဖစ္သူကိုပုံေဖာ္ၾကည့္ေနသည္ ၊ အရပ္ထဲက သေဘာေကာင္းေသာ အေဒၚႀကီးမ်ားသည္ သူ၏ မိခင္၏ ႐ုပ္ပုံအားေျပာျပေသာအခါ ေမာင္ဘိုးထင္ေငး၍နားေထာင္ခဲ့ဘူးသည္၊ သူ၏ စိတ္ထဲတြင္ေတာ့ အေမသည္ ႐ြာဘုရားပြဲတြင္ ကျပဘူးေသာ အၿငိမ့္မင္းသမီးလို႔ေလးဟု ေတြးထားခဲ့သည္မဟုတ္ပါလား ၊ သူ႔ကိုေမြးေပးေသာ အရပ္လက္သည္ ေဒၚငယ္ေလးကို သူ႔အေမအေၾကာင္းသြားေမးဖူးသည္ သေဘာေကာင္းေသာ အေမႀကီးက သူ႔အားစိတ္ရွည္လက္ရွည္ ေျပာျပေနသည္ကို ယခု အုတ္ဂူေပၚအိပ္ရင္းေတြးေနမိသည္။
“အေမႀကီးေဒၚငယ္ေလး က်ေနာ့္အေမက ဘယ္လိုပုံစံလဲဗ်”
“ေမာင္ဘိုးထင္နဲ႔ နည္းနည္းဆင္တယ္ အပ်ိဳတုန္းက နင့္အေမက ပန္းေတာင္ကိုင္ေတာ့ ”
“ပန္းေတာင္ကိုင္ဆိုေတာ့ အမခင္ေမ တို႔လိုလား အေမႀကီး”
“အဲ့ ထက္ေတာင္ လွေသးပါတယ္ေတာ္ ခင္ေမတို႔လွတယ္ဆိုတာ ျမခင္ လွတာကို မမွီပါဘူး”
“ဟုတ္လား က်ေနာ္ျမင္ဖူးခ်င္လိုက္တာဗ်ာ ”
“ေအးဟယ္ နင္ေျပာမွ ျမခင္ကိုေတာင္ သတိရလာတယ္ ”
အေမႀကီးေဒၚငယ္ေလးမွ ေျပာင္းဖူးေဆးလိပ္ႀကီးကို ဖြာရင္း အိမ္ေရွ႕မွ ဝါးကပ္ၿခံစည္း႐ိုးကိုေငးၿပီးေျပာေနသည္၊ ေမာင္ဘိုးထင္သည္ သူ၏မိခင္ျဖစ္သူမွ ႐ြာကအလွဆုံးေသာပန္းေတာင္ကိုင္ထက္ လွသည္ဟု ေဒၚငယ္ေလးမွေျပာေသာအခါ မ်ားစြာပီတိျဖစ္ေနၿပီး မိခင္၏ ပုံရိပ္ကို စိတ္ထဲ၌ေဖာ္ၾကည့္ေနပါေလေတာ့သည္။
ယခုသခ်ႋဳင္းထဲက အုတ္ဂူႀကီးေပၚတြင္ အိပ္ေနေသာ ေမာင္ဘိုးထင္အား မိခင္သာျမင္ရင္ ရင္က်ိဳးမွာဧကန္ပင္ျဖစ္သည္ ၊ အခုေတာ့ စိတ္ပူသူမရွိ ၾကင္နာသူမရွိေသာ ေမာင္ဘိုးထင္တေယာက္ အုတ္ဂူေပၚတြင္ အေတြးေပါင္းမ်ားစြာႏွင့္ အိပ္ေပ်ာ္သြားပါေလေတာ့သည္။
▪️အခန္း-၅
ေမာင္ဘိုးထင္ အုတ္ဂူေပၚတြင္ အိပ္ေန၏၊အကင္းပါး အိပ္ေရးဆက္ေသာ ေမာင္ဘိုးထင္၏ နားထဲသို႔ သစ္႐ြက္ သစ္ကိုင္းမ်ားကို နင္းသံၾကားရ၍ ထထိုင္လိုက္၏ အိပ္မႈံဝိုးတဝါးျဖစ္ေနေသာ ေမာင္ဘိုးထင္၏ မ်က္လံုးသည္ ခ်က္ခ်င္းမပြင့္ေသးေပ လက္ႏွင့္ ပြတ္လိုက္မွ အတန္အသင့္ ပြင့္လာၿပီး မီးအိမ္အလင္းေရာင္တခုက သူအနားကပ္ကပ္လာ၏ ထိုအခါ ေမာင္ဘိုးထင္သည္ လြယ္အိတ္ထဲမွ ေလးဂြကိုထုတ္ၿပီး ေလာက္စာကိုအသင့္ျပင္ထားသည္၊ ေမာင္ဘိုးထင္ သရဲ တေစၦေတြကိုမေၾကာက္ပါ ၊ ႐ြာနီးခ်ဳပ္စပ္တြင္ ႏြားမ်ားေပ်ာက္သည္ဟု သတင္းၾကားေသာေၾကာင့္ ႏြားသူခိုးမ်ားျဖစ္ေနရင္ ပစ္မည္လို႔ေတြးထားခ်င္ျဖစ္သည္ ၊ အတန္ၾကာေသာ အခါ မီးအိမ္၏ အလင္းေရာင္ေၾကာင့္ သူအနားလာေသာသူကို ေသခ်ာေတြ႕လိုက္ရသည္ ။ သူ၏ အေဖ ႏွင့္ အသက္မတိမ္းမယိမ္းရွိဟန္တူေသာ လူႀကီးတေယာက္ ေပါက္တူးႏွင့္ ေဂၚျပားကို ႏွစ္လက္ပူးထမ္းလာၿပီး လက္တဖက္မွ မီးအိမ္ကို ကိုင္လာခ်င္းျဖစ္သည္ ၊ အုတ္ဂူေပၚအိပ္ေနေသာ ေမာင္ဘိုးထင္ကိုေတြ႕ေသာအခါ ထိုလူးႀကီး အံဩသြားၿပီး ေမာင္ဘိုးထင္ကိုစကားဆိုလာသည္
“ေကာင္ေလး ဘာလုပ္ေနတာလဲ အခ်ိန္မေတာ္ႀကီး သခ်ႋဳင္းထဲမွာ ”
“အိပ္ေနတာေလဗ်ာ ခင္ဗ်ားကေကာ ဘာလုပ္တာလဲ ”
“ငါ့မေမးနဲ႔ မင္းနဲ႔ဘယ္သူအေဖာ္ပါလဲ ”
“ဘယ္သူမွ မပါဘူး က်ဳပ္ေမးတာေျဖဦး ခင္ဗ်ားက က်ဳပ္တို႔႐ြာက မဟုတ္ဘူး”
“ဟုတ္တယ္ လုပ္စရာရွိလို႔လာတာ ”
“ဒီခ်ိန္ႀကီး ဘာမဟုတ္တာလာလုပ္တာလဲဗ် ”
“ေကာင္ေလး မင္းကအလာသားပဲ ဒီအခ်ိန္ႀကီးမင္းက သခ်ႋဳင္းထဲ တေယာက္ထဲ အိပ္ရဲတယ္ဆိုေတာ့မေခဘူးကြ မင္းဘာလာလုပ္တာလဲ အမွန္တိုင္းေျပာကြာ ”
“က်ဳပ္က ႂကြက္လာေထာင္တာဗ် ”
“မင္းႂကြက္ေထာင္လို႔ရရင္ အဲ့ႂကြက္ေတြကို ေရာင္းတာလား ”
“ဟုတ္တယ္ေလဗ်ာ ေရာင္းတာေပါ့ ”
“ေအး ေငြဘယ္ေလာက္ရလဲ ”
“တေကာင္ကို ျပားငါးဆယ္ေလာက္ေတာ့ရတယ္ ”
“ဒီည မင္းငါ့ကို ကူညီရင္ ငါးဆယ္ ေပးမယ္ကြာ ဘယ္သူမွေတာ့ ေလွ်ာက္မေျပာရဘူး ဘယ္လိုလဲ ”
ေမာင္ဘိုးထင္ ေခတၱစဥ္းစားလိုက္သည္ ၊ ႂကြက္အႀကီးစား တေကာင္ရမွ ျပားငါးဆယ္ရတာ ၊တေန႔ ငါးက်ပ္ရဖို႔ ႂကြက္ႀကီးဆယ္ေကာင္မိမွ ရသည္ ၊ ယခု ဒီလူႀကီးသည္ တညထဲ ငါးဆယ္ေပးမည္ဆိုေတာ့ ေမာင္ဘိုးထင္ လိုခ်င္မိသည္ ၊သူစဥ္းစားေနခ်ိန္ ထိုလူႀကီးသည္ ထပ္ၿပီးစကားဆိုလာျပန္သည္
“ေကာင္ေလး မင္းၾကည့္ရတာ အေၾကာက္အလန႔္ရွိပုံမေပၚလို႔ငါေခၚတာေနာ္ ငါးဆယ္ဆိုတာ နည္းတဲ့ ပမာန မဟုတ္ဘူး ”
“ေအးဗ်ာ လုပ္မယ္ ”
“ကဲ ဒီလိုမွေပါ့ ဒါနဲ႔ မင္းဘယ္သူမွ ေလွ်ာက္ေျပာလို႔ေတာ့ မရဘူးေနာ္ ေျပာရင္ မင္းကို ေသေအာင္သတ္မွ ၾကားလား ”
သရဲ မေၾကာက္ေသာ ေမာင္ဘိုးထင္ပင္ ထိုလူႀကီးေသခ်ာၾကည့္ၿပီးေျပာေသာ စကားေၾကာင့္ ၾကက္သီးပင္ထသြားမိသည္ ၊ ထိုေနာက္ ေမာင္ဘိုးထင္သည္ ထိုလူႀကီးအားေသခ်ာၾကည့္ကာ
“စိတ္ခ်ပါ ဘိုးထင္ဆိုတဲ့ က်ဳပ္က ကတိတည္ပါတယ္ဗ်”
“ႀကိဳက္တယ္ကြာ လာခဲ့ ဒီမီးအိမ္ယူ မင္းတို႔႐ြာက မေန႔က ေသသြားတဲ့ မိန္းကေလးတေယာက္ျမႇဳပ္ထားတာ ရွိတယ္ မဟုတ္လား ”
“အင္း ရွိတယ္ က်ဳပ္ေန႔လယ္က ငွက္လာျပစ္ေနတုန္းက လာျမႇဳပ္ေနၾကတယ္ ဟိုဘက္မွာ ”
“အုတ္ဂူလား ”
“မဟုတ္ပါဘူး ေျမပုံပဲ ႐ြာလယ္က အမႏြယ္ဝင္း ပိုးထိၿပီးေသတာ ”
“အပ်ိဳမဟုတ္လား ”
“ဟုတ္တယ္ ဗ်”
“ငါကို လိုက္ျပကြာ ”
ေမာင္ဘိုးထင္သည္ မီးအိမ္ကိုယူၿပီး ေန႔လယ္က ျမႇဳပ္ထားေသာ အမ်ိဳးသမီး၏ ေျမပုံကိုရွာလိုက္ေတာ့သည္ ၊ အခ်ိန္သိပ္ၾကာၾကာမရွာလိုက္ရပါ ခ်ဳံေတာမ်ားအား ရွင္းလင္းထားေသာ ေနရာတြင္ ေျမပုံအသစ္တခုေတြရသည္ ထိုေျမပုံ၏ထိပ္တြင္ သစ္သားျပားကို နာမည္စာေရးထိုးထားသည့္ မႏြယ္ဝင္း အသက္၂၃ ႏွစ္ ဟုမွတ္တိုင္ေလးအား ေမာင္ဘိုးထင္ လက္တြင္ကိုင္ထားေသာ မီးအိမ္အလင္းေရာင္ေၾကာင့္ အတိုင္းသားျမင္ေနရသည္ ၊ ထိုေျမပုံအနားေရာက္ေသာ အခါ ေမာင္ဘိုးထင္ေနာက္မွ လိုက္လာေသာ လူႀကီးသည္ ေပါက္တူးႏွင့္ေဂၚျပားကို ေအာက္သို႔ပစ္ခ်လိုက္ၿပီး ပုဆိုးကို တိုတိုဝတ္ကာ ပစ္ခ်ထားေသာ ေပါက္တူး ႏွင့္ ေဂၚျပား အနက္ ေပါက္တူးကိုယူလိုက္ၿပီး ေျမပုံအားတူလိုက္ရာ ေမာင္ဘိုးထင္မ်က္လုံးျပဴးသြားၿပီး အလ်င္အျမန္ တားလိုက္ေတာ့သည္။
“ေဟ့လူႀကီး ဘာလုပ္တာလဲဗ် ”
“တူးမလို႔ေလကြာ ”
“ခင္ဗ်ားက လူေသအေလာင္းကို ဘာလုပ္မလို႔လဲ ”
“မင္းမသိပါဘူးကြာ ဘာေျခရာလက္ရမွ မပ်က္ေစရဘူး မင္းလူသြားလူလာေစာင့္ေပး ”
“ဒီအခ်ိန္ ဘယ္သူမွေတာ့မလာဘူး အုန္းေမာင္းေခါက္ရင္ေတာ့ ဟိုငနာေတြလာလိမ့္မယ္ ”
“အဲ့အခ်ိန္ထိေတာ့မၾကာေလာက္ပါဘူးကြာ ”
“က်ဳပ္ကိုေငြေပးဖို႔သာ မေမ့နဲ႔ ”
“ေအးပါကြာ ဒီေကာင္ေလး မလြယ္ဘူးေဟ့ “,
“ေနဦးခင္ဗ်ား နာမည္က ဘယ္သူလဲ ”
“ဦးအုန္း လို႔သာ မွတ္ထားကြာ စကားမမ်ားေတာ့နဲ႔ ငါျမန္ျမန္အေလာင္းေဖာ္လိုက္ဦးမယ္ ”
အခ်ိန္အေတာ္ၾကာ္ ဦးအုန္းေပါက္တူးတလွည့္ေဂၚျပားတလွည့္ႏွင့္ အေလာင္းအားတူေဖာ္ေနရာ အခ်ိန္ေတာ္ေတာ္ၾကာၿပီးခ်ိန္တြင္ေတာ့ အေလာင္းထည့္ထားေသာ အေခါင္းအား ေပါက္တူးႏွင့္ ေပါက္မိၿပီျဖစ္၏
“ဒုတ္”
“ေကာင္ေလးေရ အေခါင္းေတာ့ေပၚၿပီကြ လာလာ ဒီဘက္တိုးၿပီး မီးျပ ”
“ေအးပါဗ် ”
ေမာင္ဘိုးထင္သည္ မီးအိမ္ကို ယူၿပီး က်င္းျပန္ျဖစ္သြားေသာ ေျမပုံအနားတြင္ ထိုင္လိုက္ၿပီး အတြင္းသို႔ျမင္ႏိုင္ရန္ မီးအိမ္ကိုျပလိုက္သည္ ၊ဦးအုန္းသည္ သစ္သားအေခါင္းေပၚတင္ေနေသာ ေျမမ်ားကို ေဂၚႏွင့္ထိုးၿပီး အေပၚသို႔တင္လိုက္ၿပီး ေဂၚႏွင့္ထိုး၍မရေသာ ေျမမ်ားကို လက္ျဖစ္ေဘးသို႔သပ္ခ်လိုက္ကာ ေပါက္တူးႏွင့္ အေခါင္းအနားစ သံ႐ိုက္ထားေသာေနရာမ်ားကို ကန႔္လန္႔ၿပီး ဖြင့္ေနသည္ ၊ ထိုေနာက္ ပြင့္သြားၿပီျဖစ္ေသာ အေခါင္းဖုံးကို အေပၚသို႔ မ တင္လိုက္ေတာ့သည္ ၊ ထိုေနာက္ ဦးအုန္သည္ အေခါင္းထဲတြင္ ေသဆုံးေနၿပီျဖစ္ေသာ မႏြယ္ဝင္း၏ အေလာင္ႀကီးအား ေမာင္ဘိုးထင္ဆီမွ မီးအိမ္ကိုယူၿပီးေသခ်ာၾကည့္ေနသည္ ၊ ထိုေနာက္ ဦးအုန္းသည္ အေလာင္းေပၚမွ လႊားထားေသာ အက်ႌအပိုကို ယူၿပီးေခါက္ေနသည္ ၊ ေခါက္ၿပီးေသာအခါ ေမာင္ဘိုးထင္ကို ေပးလိုက္ကာ
“ေဘးမွ ခဏ ခ်ထားေပး ေကာင္ေလး ”
“ခင္ဗ်ားကလည္း ဘာေတြလုပ္ေနမွန္းမသိဘူးဗ်ာ ေပးေပး”
ေမာင္ဘိုးထင္သည္ ေငြငါးဆယ္ မ်က္ႏွာ ျဖစ္ အက်ႌကိုယူၿပီး ေဘးလြတ္ရခ်ထားေပးလိုက္သည္၊ ဦးအုန္းသည္ ေနာက္ထပ္ အေလာင္းေကာင္မွ ဆံပင္ေမႊးမ်ားကို ဆြဲႏုတ္ၿပီး ခါးပိုက္ထဲသို႔ထည့္ေနသည္ ၊ ထို႔ေနာက္ အေလာင္းေကာင္၏ ေျခမႏွစ္ခုအား ပူးခ်ီထားေသာ အပ္ခ်ည္က်ိဳးအားျဖဳတ္ယူေနျပန္သည္ ၊ေနာက္ထပ္ အေလာင္းေကာင္၏ ထမိန္စမ်ားကိုလည္း ေပါက္တူးသြားႏွင့္ ျဖတ္ၿပီးယူေနေသးသည္ ၊ ဦးအုန္းသည့္ အေလာင္းေကာင္၏ မ်က္ႏွာနားသို႔ မီးအိမ္ကို တိုးကပ္လိုက္၏ မီးအိမ္၏အလင္းေရာင္သည္က က်င္းအတြင္းရွိ အေခါင္းထဲ၌ရွိေသာ အေလာင္းေကာင္၏ မ်က္ႏွာကို ရွင္းလင္းစြာျမင္ေနရသည္ ၊ ဦးအုန္းသည္ အေလာင္း၏ ဦးေခါင္းကို လက္ႏွင့္ထိလိုက္ၿပီး
“ႏြယ္ဝင္းဆိုတဲ့ ေကာင္မ ဒီနားရွိရင္ နင့္ကိုယ္ထဲ ခဏဝင္စမ္း ”
ဦးအုန္းေျပာလိုက္သည္ႏွင့္ ႏြယ္ဝင္း၏ အေလာင္းသည္ မ်က္းစိဖြင့္လာေတာ့သည္ ၊ထိုအခါ မ်က္စိဖြင့္လာေသာ အေလာင္းကိုၾကည့္ၿပီး ဦးအုန္းၿပဳံးလိုက္ၿပီး
“ကဲ နင္က မေကာင္းစိုးဝါးျဖစ္ေနၿပီ ငါနင္ကို ပိုင္တယ္ ငါ့ကို ဂလန္ဂဆန္လုပ္ရင္ မီးေလာင္တိုက္သြင္းျပစ္မယ္ ၾကားလား ငါနင့္ရဲ႕ အဝတ္အစားနဲ႔ နင္ဆံပင္ကို ငါတေနရာမွာ ထားမယ္ နင္အဲ့ေနရာမွာသြားေနရမယ္ ၾကားလား ”
အေလာင္းေကာင္ႀကီးသည္ မ်က္လုံးဖြင့္လိုက္ပိတ္လိုက္ လုပ္၍သာေနေန၏ ၊ ထို႔ေနာက္ ဦးအုန္းသည္အေလာင္း၏ဦးေခါင္းကို ကိုင္ထားေသာ သူ၏ လက္လႊတ္လိုက္မွ အေလာင္းေကာင္ႀကီး၏ မ်က္စိမ်ားပိတ္သြားေတာ့သည္ ၊ ေမာင္ဘိုးထင္သည္ ထူးဆန္းလြန္း၍ မ်က္ေတာင္မခက္ပင္ၾကည့္ေနေလသည္ ၊ ဦးအုန္းသည္ သူလုပ္ရမည့္ကိစၥမ်ားၿပီးၿပီမို႔ အေလာင္းထည့္ထားေသာ အေခါင္း၏ အဖုံးကိုပိတ္လိုက္ၿပီးေနာက္ က်င္းေပၚသို႔ျပန္တက္လာကာ ေဂၚျဖစ္ တူးထားေသာေျမမ်ားအားျပန္ဖို႔ေလေတာ့သည္ ။ အခ်ိန္အေတာ္ၾကာေသာအခါ မႏြယ္ဝင္းအားျမႇဳပ္ႏွံထားေသာ ေျမပုံေလးသည္ မူလပံုစံအတိုင္းျပန္ျဖစ္သြားေတာ့သည္ ။ ထိုအခါမွ ဦးအုန္းသည္ ေမာင္ဘိုးထင္ကိုေပးထားေသာ အေလာင္းမွာ လႊားထားေသာ အက်ႌကိုေတာင္းလိုက္ၿပီး ခါးပိုက္ထဲထည့္ကာ ေျမပုံေဘးတြင္ ေျချပစ္လက္ျပစ္ထိုင္လိုက္ၿပီး
“ေကာင္ေလး မင္းကေတာ့ အာဂပဲကြ မင္းမေၾကာက္ဘူးလား”။
“ေၾကာက္ပါဘူးဗ်ာ ”
“မင္းက ဒီသစ္စိမ့္႐ြာကပဲလား ”
“ဟုတ္တယ္ ဗ်”
“မင္းအေဖ နဲ႔ အေမနာမည္က ဘာတဲ့လဲ ”
“အေဖနာမည္က ဦးေကာင္း အေမကေတာ့ မရွိေတာ့ဘူး နာမည္က ေဒၚျမခင္”
“ေအာ္ ေအးေအး မင္းကိုေတာ့သေဘာက်သြားၿပီကြာ ေရာ့ေငြငါးဆယ္ ”
ေမာင္ဘိုးထင္သည္ ဦးအုန္းေပးေသာ ငါးက်ပ္တန္ ဆယ္႐ြက္ကိုယူလိုက္ၿပီး လြယ္အိတ္ထဲထည့္ကာ
“ဒီေန႔ကေတာ့ တြက္ေျခအကိုက္လြန္သြားၿပီဗ်ာ ဒါနဲ႔ ခင္ဗ်ားက ဒါေတြဘာအတြက္ လုပ္တာလဲဗ် ”
“ငါက ေအာက္လမ္းဆရာေလကြာ သြားၿပီေကာင္ေလးေရ ”
ဦးအုန္းသည္ ေျပာေျပာဆိုဆို မီးအိမ္ကိုယူၿပီး လာတုန္းကအတိုင္း ေပါက္တူးႏွင့္ေဂၚကို ပူး၍ ပုခုံးမွာ ထမ္းၿပီး ျပန္သြားပါေလေတာ့သည္ ၊ ေမာင္ဘိုးထင္လည္း အုတ္ဂူနားသို႔ျပန္သြားလိုက္ၿပီး သူ၏မီးအိမ္ကိုယူကာ ႂကြက္ေထာင္ထားေသာ ကပ္ဘိမ်ားဆီသို႔ထြက္သြားပါေလေတာ့သည္။
▪️အခန္း-၆
ေမာင္ဘိုးထင္ ဦးအုန္းႏွင့္ေတြ႕ၿပီးတာ သုံးရက္မွ်ၾကာသြားၿပီျဖစ္သည္ ဦးအုန္းေပးခဲ့ေသာ ပိုက္ဆံႏွင့္ အေဖျဖစ္သူ၏ အရက္ဖိုးမ်ားကို လိုက္ဆပ္ေပးလိုက္သည္ ၊ ယခု ဦးစိုးႀကီးဆိုင္သို႔ေရာက္လာ၏ အေဖ့အတြက္ အရက္တလုံးဝယ္မည္ျဖစ္သည္ ၊ ဦးစိုးႀကီးသည္ ေမာင္ဘိုးထင္ကို ျမင္သည္ႏွင့္
“ဘိုးထင္ မင္းအေဖ မင္းကိုလိုက္ရွာေနတယ္ ငါ့ဆီေတာင္ေရာက္လာေသးတယ္ ”
“ဘာလို႔လဲဗ် ထူးထူးဆန္းဆန္း ”
“မသိဘူးေဟ့ ဘိုးထင္ ႂကြက္ေလး ရရင္ လာပို႔ဦး လုပ္ပါဦးကြ ”
“ခင္ဗ်ားေကာင္ ျမင့္ႏိုင္တို႔ေကာ လာမေရာင္းဘူးလား “,
“အဲ့ေကာင္ေတြအေၾကာင္းမေျပာစမ္းပါနဲ႔ကြာ ႂကြက္ေဖာ္သြားရင္ သရဲေျခာက္ခံရလို႔ ဖ်ားေနတယ္တဲ့ကြာ တကယ့္ေကာင္ေတြ”
“ဟုတ္လားဗ် က်ဳပ္သြားၿပီဗ်ိဳ႕ ”
ေမာင္ဘိုးထင္သည္ အရက္တလုံးကိုယူကာ ဆိုင္အျပင္သို႔ထြက္သြားေတာ့သည္ ၊သူ၏မ်က္ႏွာတြင္ ၿပဳံးေနသည္ ၊ သူ အမဲသားေကြၽးေသာသရဲႀကီးက ကတိတည္ပါလားဟုလည္းေတြးေနမိသည္။ သူအိမ္သို႔ျပန္ေရာက္ခ်ိန္ ဖခင္ျဖစ္သူက ပုဆိုးႏွင့္ထုပ္ထားေသာ အထုပ္တထုပ္ကို အိမ္ေပၚမွ ယူလာၿပီး ေမာင္ဘိုးထင္ အရက္ပုလင္းကို ကြပ္ျပစ္ေရွ႕ခ်လိုက္ၿပီးသည္ႏွင့္ ပုဆိုးထုပ္ကို ပစ္ေပးလိုက္ကာ
“ေဟ့ေကာင္ မင္းေပပင္႐ြာကို လူငွားသြားလုပ္ေတာ့ မင္းကိုခဏေနလာေခၚလိမ့္မယ္ မင္းကိုစပါးႏွစ္ဆယ္ေပးတယ္ မင္းက အဲ့ေလာက္ေတာင္တန္တာလားကြ ငါစပါးအစား ေငြထုပ္ခဲ့ၿပီ”
ေမာင္ဘိုးထင္ ပုဆိုးႏွင့္ ထုပ္ထားေသာ သူ၏ အဝတ္ထုပ္ကို ကိုင္ရင္း ေၾကာင္အမ္းအမ္းႏွင့္ ရပ္၍သာေနေလပါေတာ့သည္။
▪️ေအာက္လမ္းဘိုးထင္ ႏွင့္ ဘဝအစ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ လက္ဦးဆရာ ဟူေသာ ဇတ္လမ္းအား တင္ဆက္ေပးပါမည္။
📝ေမာင္တင္ဆန္း
#mgtinsan