” အောင်မြတ်သာနှင့်ကြာပန်းရတနာသိုက် “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်ကြာပန်းရတနာသိုက် “(စ/ဆုံး)
—————————————————————–

ကြာဖူးကြာပွင့်တွေ ဝေဝေဆာဆာပွင့်နေကြတဲ့ ရေကန်တစ်ခုရဲ့အလယ်မှာ ကျွန်တော်မတ်တပ်ရပ်နေခဲ့ပေမယ့် ရေက ခြေမျက်စိအောက်မှာသာရှိနေခဲ့တာမို့ ကိုယ့်ကိုယ်ကို အံ့အားသင့်စွာငုံ့ကြည့်လ်ုက်မိတယ်။

ရေကန်ရဲ့ ဘေးပတ်ပတ်လည်မှာတော့ အလေ့ကျပေါက်နေတဲ့ အပင်ငယ်လေးတွေက ခြံစည်းရိုးသဖွယ်ဖြစ်နေပြီး ရေကန်ရဲ့ထိပ်မှာတော့ အများသူငှာရေခပ်လို့ရအောင် ဆောက်ထားပေးတဲ့ ရေခပ်စင်တစ်ခုရှိနေတာကိုလဲ သတိထားမိခဲ့တယ်။

ကျွန်တော်ရေပေါ်မှာလမ်းလျောက်လို့ရပါ့မလား၊‌ ခြေထောက်လှုပ်လိုက်တာနဲ့ ကန်ထဲမြုပ်သွားမလားဆိုတဲ့အတွေးကြောင့် ရပ်နေတဲ့နေရာကနေ တစ်လက်မတောင် မရွေ့မိအောင် သတိထားနေခဲ့မိတယ်။

အဲဒီအချိန် ရေခပ်စင်အောက်ခြေကနေ ရေပွက်တွေထလာပြီး ကန်ရေပြင်အလယ်ကနေ ထက်ခြမ်းကွဲထွက်သွားတာကို မြင်လိုက်ရတယ်။

ကျွန်တော် ကိုယ့်မျက်လုံးကိုယ်ပြန်ပွတ်ပြီး သေချာကြည့်လိုက်ရာ ရေခပ်စင်အောက်မှာ ကြေးနီးနဲ့ပြုလုပ်ထားတဲ့တံခါးနှစ်ချပ်။

“ ရှေ့တိုးလာခဲ့… ရှေ့ကိုတိုးလာခဲ့”

လေးဘက်လေးတန်ကနေ ကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ခြေလှမ်းတွေ ရှေ့ကိုမရဲတရဲလှမ်းလိုက်မိတယ်။

“ ဟင်… ငါ ငါ ရေပေါ်မှာ လမ်းလျောက်နေပါလား”

ကိုယ့်ကိုကိုယ် တအံ့တဩရေရွတ်ပြီး တံခါးနှစ်ချပ်ရှိရာကို လျောက်လာခဲ့လိုက်တယ်။ ဘေးမှာလဲ နောက်ထပ်လူရိပ်တစ်ခုပါလာတာကို သတိထားမိခဲ့တယ်။ရေခပ်စင်အောက်ခြေကိုရောက်တော့ ကြေးတံခါးကိုလက်နဲ့ထိကိုင်လိုက်ရာ စက်ဝိုင်းပုံစံသော့ခလောက်က အတွင်းရစ်လည်ပြီး တစ်ဖြေးဖြေးပွင့်ထွက်လာခဲ့တဲ့အချိန်…

“ ဘုန်းပြည့်… အခုထိမထသေးဘူးလား…” ဆိုတဲ့အသံနဲ့အတူ မတ်တပ်ရပ်နေတဲ့ ရေကန်အဖြစ်ကနေ ဖျာကြမ်းခင်းထားတဲ့ အိပ်ယာအဖြစ်ပြောင်းလဲသွားခဲ့တယ်။

“ ငါ ငါ အိမ်မက်မက်နေပြန်ပီ…”

ကျွန်တော် တီးတိုးရေရွတ်လိုက်ပြီး အိပ်ယာကနေထကာ မျက်နှာသစ်ဖို့ထွက်လာခဲ့လိုက်တယ်။
+++++

တစ်မနက်ခင်းလုံး အမေနဲ့ ဈေးကူရောင်းပေးနေပေမယ့် အတွေးကတော့ အိမ်မက်ထဲမှာမြင်ရတဲ့အရာတွေဆီကိုရောက်နေခဲ့တယ်။ ဒီလိုအိမ်မက်မျိုးမက်တာ အခု‌ဆို ဆယ်ကြိမ်မကျတော့ပေမယ့် တံခါးအထဲမှာ ဘာရှိတယ်ဆိုတာ တစ်ခါမှမတွေ့ရ၊ အကြောင်းတစ်ခုခုကြောင့် လန့်နိုးခဲ့ရတာကြီးပဲ၊ နောက်တစ်ခေါက်မြင်အောင်ကိုကြည့်ဦးမယ်။

“ ဘုန်းပြည့်… ကြက်သွန် ငါးဆယ်သား ထည့်လေ…”

အမေအသံကြောင့် တွေးနေတဲ့အတွေးစတွေ လွင့်ပျယ်သွားပြီး

“ ဟုတ် ဟုတ်ကဲ့အမေ”

“ ဒီကောင်လေး စိတ်နဲ့လူနဲ့မကပ်ဘူးထင်တယ်… ဘာလဲ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ပြောထားလို့လား”

“ မဟုတ်ပါဘူး…”

အမေက ကျွန်တော်ကို မျက်စောင်းတစ်ချက်ထိုးကာကြည့်လိုက်ပြီး ဆိုင်ရှေ့မှာခင်းထားတဲ့ ဟင်းသီးဟင်းရွက်တွေပေါ်ကို ရေနဲ့လိုက်ဖြန်းနေခဲ့တယ်။

“ နောင် ဝေ ဝေ ဝေ”

အလွန်သာယာတဲ့ကြေးစည်သံနဲ့အတူ ဆိုင်ရှေ့ကို ဒေါက်ချာဆောင်းထားတဲ့ ရသေ့တစ်ပါး မတ်တပ်လာရပ်တာကိုမြင်လိုက်ရတယ်။

“ အမေ အလှူခံရောက်နေတယ်”

“ အဆင်ပြေတာ တစ်ခုခုလှူလိုက်လေ…”

ကျွန်တော်လဲ ဆိုင်မှာချိတ်ထားတဲ့ မုန့်ထုပ်ကိုဖြုတ်ပြီး ပိုက်ထားတဲ့ ကြိမ်ခြင်းထဲ ထည့်ပေးလိုက်တဲ့အချိန်
“ အလုပ်အားတဲ့အချိန် မြို့ပြင်က ရပ်တော်မူဘုရားကိုလာခဲ့” လို့ပြောပြီး ကြေးစည်ကို တနောင်နောင်ထုကာ ထွက်သွားခဲ့တယ်။

ဒီရသေ့က ကျွန်တော်ကိုသိနေတာလား၊ ဘာလို့သူရှိတဲ့နေရာကိုခေါ်တာလဲဆိုတဲ့အတွေးကပါ ဝင်လာခဲ့တယ်။ ဒါကြောင့် နေ့လည်အလုပ်ပါးတဲ့အချိန် တစ်ယောက်ထဲ ရပ်တော်မူဘုရားရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။

ရပ်တော်မူဘုရားက မြို့ပြင်က ကုန်းမြေပေါ်မှာ တည်ထားတဲ့ဘုရားဖြစ်ပြီး ဘုရားရဲ့အနောက်လျှိုထဲမှာတော့ ဂျပန်တွေထွက်မပြေးခင် မြုပ်နှံသွားတဲ့ လက်နက်တွေရှိတယ်လို့ လူကြီးတွေပြောတာကြားဖူးတယ်။အဲဒီလျှိုထဲမှာ ထင်းသွားခုတ်တဲ့ ဦးသံချောင်းက သံချေးတက်နေတဲ့ ကင်ဒိုဓါးနှစ်လက်ရခဲ့တဲ့အကြောင်း အခုထိပြောလို့မဆုံး။

တစ်ယောက်ထဲ အတွေးပေါင်းများစွာနဲ့ လျောက်လာခဲ့တာ ရပ်တော်မူဘုရားရှိတဲ့ဆီကို ရောက်လာခဲ့တယ်။ ဘုရားပေါ်ရောက်တော့ အရိပ်ရတဲ့နေရာတစ်ခုမှာ ထိုင်နေတဲ့ ရသေ့ကြီးကိုမြင်လိုက်ရတယ်။

“ ဟေ့ကောင်လေး… ဒီကိုလာခဲ့”

ရသေ့ကြီးက အရပ်တကာလှည့်ပြီး အလှူခံရလို့ထင်တယ်၊နေလောင်ထားတဲ့အသားအရည်တွေကအညိုရောင်ဘက်ကိုကူးပြောင်းနေတာသတိထားမိခဲ့တယ်။

“ ငါအသားမဲလို့ အနားမလာချင်တာလား”

“ မ မဟုတ်ပါဘူး”

စိတ်ထဲတွေးနေတာသိနေသယောင်ယောင်ပြောလိုက်တာကြောင့် ကျွန်တော် နည်းနည်းဖြုံသွားပြီး အနားကို‌လျောက်သွားခဲ့လိုက်တယ်။

“ မင်း အခုတစ်လော ရေကန်တစ်ခုကိုအိမ်မက်မက်နေတယ်မဟုတ်လား”

ဒီတစ်ခါတော့ ကျွန်တော် မအံ့ဩပဲ မနေနိုင်တော့ပေ။ ဘာလို့လဲဆိုတော့ အိမ်မက်အကြောင်းကို မိဘတွေကိုတောင် မပြောပြခဲ့တာ ဒီရသေ့က ဘယ်လိုသိနေတာလဲ။

“ ကောင်လေး.. မင်းအတွေးတွေအရမ်းများနေပြီ… လိုက်စဉ်းစားရင် ရူးသွားလိမ့်မယ်၊ ဒီတော့ ငါမေးတာကိုပဲဖြေ”

“ ရသေ့ကြီးပြောတာဟုတ်တယ်… ကျွန်တော် ကြာတွေဖူးပွင့်နေတဲ့ရေကန်တစ်ခုကို အိမ်မက်နေတာ တစ်ပတ်လောက်ရှိပြီ”

ကျွန်တော်စကားကြောင့် ရသေ့ကြီးက လက်မကို လက်ညိုး၊လက်ခလယ်နဲ့ထိပြီး တစ်ခုခုကိုတွက်ချက်နေသလိုလုပ်ရင်း

“ မင်းအသက် ၁၈ပြည့်ပြီးပြီမဟုတ်လား”

“ လွန်ခဲ့တဲ့ဆယ်ရက်လောက်က‌မှပြည့်ပြီးတာ”

ရသေ့ကြီးက ကြိမ်ခြင်းထဲမှာရှိတဲ့ အိတ်ရှုံ့တစ်ခုကိုထုတ်ယူလိုက်ပြီး

“ မင်း အိမ်မက်က ဘယ်တော့မှ မပြီးဆုံးခဲ့ဘူးမဟုတ်လား”

“ ဟုတ်တယ်ဗျ… တံခါးနားရောက်ရင် တစ်ခုခုကြောင့်လန့်နိုးလာရော.. ကျွန်တော်က အထဲမှာဘာရှိလဲသိချင်နေတာ”

“ ဒီအရာတွေက ကိုယ်မြင်ချင်တိုင်း မြင်လို့မရနိုင်ဘူး… မင်းအနေနဲ့ မြင်ရမယ့်ကုသိုလ်နည်းနေသေးတာလဲဖြစ်နိုင်တယ်”

“ ကျွန်တော် ဘယ်လိုလုပ်ရင် မြင်နိုင်မှာလဲ”

“ အိမ်း… ငါပြောတဲ့အတိုင်းလုပ်ရင်တော့ မြင်ရနိုင်တယ်… ဒါပေမယ့် မင်းလုပ်နိုင်မယ် မထင်ပါဘူး”

ကျွန်တော်လဲ ကိုယ့်ကိုနှိမ်ပြောသလိုဖြစ်သွားတဲ့အတွက် ရသေ့ကြီးရဲ့မျက်နှာကိုစိုက်ကြည့်ပြီး

“ ကျွန်တော်လုပ်နိုင်တယ်… ဘာလုပ်ရမယ်ဆိုတာကိုပဲပြော”

“ မနက်ဖြန်ကစပြီး သက်သက်လွတ်ကိုးရက်တိတိစားရမယ်၊ နေ့တိုင်း တရော်ကင်မွန်းနဲ့ခေါင်းလျော်ရမယ်၊ ငါးပါးသီလကို ထိန်းနိုင်သမျှ နိုင်အောင်ထိန်းရမယ်၊ ဘယ်လိုလဲ လုပ်နိုင်ပါ့မလား”

“ လုပ်နိုင်အောင်ကြိုးစားမယ်…အဲလိုလုပ်ရင် မြင်ရပြီလား”

“ အရင်အောင်မြင်အောင်လုပ်စမ်းပါ… ပြီးရင် ဒီကိုပြန်လာခဲ့”

ကျွန်တော်လဲ ရသေ့ကြီးပြောတဲ့အတိုင်း လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့ရာ ကိုးရက်တိတိပြည့်တဲ့နေ့ရောက်လာခဲ့တယ်။

ထူးဆန်းတာက ရသေ့ကြီးပြောတဲ့အတိုင်းလုပ်တဲ့အချိန်အတွင်း အိမ်မက်လုံးဝမမက်တော့တာပဲ။ ကိုးရက်ပြည့်တဲ့နေ့အရောက်မှာတော့ ရသေ့ကြီးမှာထားတဲ့အတိုင်း ရပ်တော်မူဘုရားဆီကို ထွက်လာခဲ့လိုက်တယ်။ ဘုရားပေါ်ရောက်တော့ အထုပ်အပိုးတွေကို သိမ်းဆည်းနေတဲ့ ရသေ့ကြီးကိုမြင်လိုက်ရတယ်။

“ ဟေ့ကောင်လေး… မင်းကိုစောင့်နေတာကွ”

“ ကျွန်တော်ကိုစောင့်တယ်ဟုတ်လား…”

“ မင်းကိုထူးဆန်းတာတစ်ခုပြမလို့…”

ရသေ့ကြီးက ကျွန်တော်လက်ကိုဆွဲပြီး ဘုရားအနောက်ဘက်က လျှိုထဲကိုခေါ်သွားခဲ့တယ်။ မြေသားတွေကို လှေကားထစ်သဖွယ်ပြုလုပ်ထားတဲ့ လူသွားလမ်းကနေ နာရီဝက်‌ခန့်ဆင်းလာပြီးချိန်မှာတော့ အုတ်ရိုးအကျိုးအပျက်တွေတစ်ပိုင်းတစ်စပေါ်နေတဲ့ နေရာတစ်ခုကိုမြင်လိုက်ရတယ်။

“ ဒီနေရာက ဘာကြီးလဲ”

“ မင်းသိချင်ရင် အထဲကိုကြည့်လိုက်”

ကျွန်တော်လဲ အုတ်ကျိုးအပိုင်းအစတွေရှိရာကို အနီးကပ်သွားကြည့်လိုက်ရာ ထင်းရှူးသေတ္တာအလုံးပေါင်းများစွာကိုတွေ့လိုက်ရပြီး အချို့သေတ္တာတွေထဲကနေ ဟောင်းနွမ်းနေတဲ့ ပိုက်ဆံတွေ အပြင်ကိုထွက်ကျနေခဲ့တယ်။

“ ဘာပိုက်ဆံတွေလဲ… တစ်ခါမှလဲ မမြင်ဖူးဖူးဗျ”

“ ဘယ်မြင်ဖူမလဲ ဒါတွေက ဂျပန်ခေတ်မှာသုံးတဲ့ပိုက်ဆံတွေလေ…”

“ ဟုတ်လား… ဒါဆို ဦးသံချောင်းပြောတာမှန်နေတာပေါ့… သူကလဲ လျှိုထဲကနေ ကင်ဒိုဓါးနှစ်လက်ရခဲ့ဖူးတယ်”

ကျွန်တော်စကားကြောင့် ရသေ့ကြီးက သဘောကျစွာရယ်ပြီး ဆွေးမြေ့နေတဲ့ ထင်းရှူးသေတ္တာတစ်လုံးကို ခြေထောက်နဲ့ ကန်ချလိုက်ရာ အထဲကနေ ကတ္တီပါအစနဲ့ပတ်ထားတဲ့ ဓါးတစ်လက်ထွက်လာခဲ့တယ်။

“ ဒီဓါးအနှောင့်မှာ ပတ္တမြားမြုပ်ထားတာကွ… တွေ့လား”

ကျွန်တော်လဲ ဓါးလက်ကိုင်အနောက်ကိုကြည့်လိုက်ရာ ကြက်သွေးရောင်လိုနီရဲနေတဲ့ ငုံးဥအရွယ်ခန့်ရှိတဲ့ ပတ္တမြားတစ်လုံးကိုမြင်လိုက်ရတယ်။

“ ဒါတွေက တန်ဖိုးမရှိတဲ့အရာတွေ… ခဏနေ ဒီထက်ပိုတန်ဖိုးရှိတာတွေ့ရလိမ့်မယ်”

ရသေ့ကြီးက အုတ်ကျိုးပျက်တွေနဲ့ရံထားတဲ့နေရာကို ကျော်ပြီးအရှေ့ကိုဆက်သွားခဲ့ရာ ကန်သင်းရိုးလိုမို့မောက်နေတဲ့ မြေနေရာတစ်ခုဆီကိုရောက်လာခဲ့တယ်။

“ ကောင်လေး… ဒီနေရာကိုသိလား”

ရသေ့ကြီးစကားကြောင့် ကျွန်တော်လဲ မြေဖို့ထားသလိုဖြစ်နေတဲ့ဘေးပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ရာ ပြိုကျလုဆဲဆဲဖြစ်နေတဲ့ စင်တစ်ခုကိုမြင်လိုက်ရတယ်။

“ ရေခပ်စင်… အိမ်မက်ထဲမှာမြင်ရတဲ့ ရေခပ်စင်နဲ့တူနေပါလား…”

“ တူနေတာမဟုတ်ဘူး ကောင်ကလေး… ဒီနေရာက မင်းအိမ်မက်မက်နေတဲ့နေရာပဲ”

“ မဖြစ်နိုင်ဘူးထင်တယ်နော်… ကျွန်တော်အိမ်မက်ထဲက ရေခပ်စင်အောက်မှာ ကြေးတံခါးနှစ်ချပ်ရှိတယ်၊ ဒီမှာဘာမှမရှိဘူးလေ”

ကျွန်တော်စကားအဆုံးမှာရသေ့ကြီးက လက်ကိုဆွဲပြီး ဆွေ့မြေ့ကာပြိုကျလုဆဲဆဲဖြစ်နေတဲ့ ရေခပ်စင်ဆီကိုခေါ်သွားခဲ့တယ်။ အဲဒီအချိန် လမ်းလျောက်နေတဲ့မြေကြီးတွေက ပက်ကြားအက်သလို အကွဲကြောင်းတွေဖြစ်လာပြီး အထဲကနေ ရေတွေပန်းထွက်လာခဲ့တယ်။

ရသေ့ကြီးက ရေတွေထွက်လာတာမြင်တော့ ဖနောင့်နဲ့မြေကြီးကိုပေါက်ချလိုက်ပြီး တောက်ခတ်လိုက်ရာ ပန်းထွက်နေတဲ့ရေတွေ ချက်ချင်းရပ်သွားပါလေရော။

“ နင်တို့နေရာ နင်တို့နေစမ်း… ငါ့ကိုလာစမ်းလို့ကတော့ အကုန်ပြာကျသွားမယ်”

ရသေ့ကြီးက ဌာန်နဲ့မာန်နဲ့ကြိမ်းမောင်းပြီး ကျွန်တော်လက်ကိုကိုင်ကာ ရေခပ်စင်အောက်ခြေတည့်တည့်ကို လျောက်သွားခဲ့တယ်။

“ ကောင်ကလေး… မင်းကိုယ်တိုင် ဒီဖယောင်းတိုင်ကို ထွန်းလိုက်”

ရသေ့ကြီးက လေးထောင့်အင်းကွက်တွေရေးဆွဲထားတဲ့စက္ကူနဲ့ပတ်ထားတဲ့ဖယောင်းတိုင်ကို ကမ်းပေးပြီး ထွန်းခိုင်းခဲ့တယ်။ ကျွန်တော်လဲ ပြောတဲ့အတိုင်း ဖယောင်းတိုင်ကိုမီးညှိလိုက်တဲ့အချိန် ရေခပ်စင်အောက်မှာရှိတဲ့မြေသားတွေ တစ်လွှာချင်းကွာကျလာကာ အထဲကနေ ကြေးနီရောင်တံခါးနှစ်ချပ်ပေါ်လာခဲ့တယ်။

“ လက်နှစ်ဖက်နဲ့ကြေးတံခါးကိုထိလိုက်…”

ကျွန်တော်လဲ လက်ဝါးနှစ်ဖက်ကိုကြေးတံခါးနဲ့ထိကပ်လိုက်ရာ ညာဘက်လက်က အေးခနဲဖြစ်သွားပြီး ဘယ်ဘက်လက်ကမီးခဲကိုကိုင်ရသလိုပူခနဲဖြစ်သွားခဲ့တယ်။

“ အား… ပူတယ်… ပူတယ်ဗျ”

“ မဖြစ်နိုင်တာ… တံခါးကပွင့်ရတော့မှာလေ.. ဟိုကောင်လေး နောက်တစ်ခါ ထပ်ကပ်စမ်း”

“ လက်မှာအရည်ကြည်ဖုတောင်ထလာတာလေ‌ဗျာ၊ ထပ်မလုပ်ရဲတော့ဘူး”

ကျွန်တော်စကားကြောင့် ရသေ့ကြီးက ထိုင်ချလိုက်ပြီး

“ မင်းငါ့ကို မပြောပဲချန်ထားတာဘာရှိသေးလဲ”

“ မရှိပါဘူး… အမှန်တိုင်းပြောပြခဲ့တာပဲလေ”

“ မဟုတ်ဘူး… မင်းက ညာဘက်တံခါးကိုပဲ ဖွင့်လို့ရတယ်၊ ဘယ်ဘက်တံခါးဖွင့်မယ့်လူ လိုနေသေးတယ်… ဟာကွာ”

ရသေ့ကြီးက ဒေါသတစ်ကြီးနဲ့ မြေပြင်ကို လက်ဝါးနဲ့ရိုက်ချလိုက်ရာ လက်မောင်းအရင်းကနေ နီရဲနေတဲ့ အလင်းတွေဖြာထွက်လာခဲ့တယ်။

“ ထစမ်း… တံခါးဖွင့်မယ့်နောက်တစ်ယောက်မရသေးသရွေ့ မင်းငါ့ဆီကနေ ဘယ်မှထွက်သွားဖို့မစဉ်းစားနဲ့”

“ ဘရသေ့ … ကျွန်တော်ထွက်မပြေးပါဘူး… အိမ်ကိုတော့ပြန် .. ရ….”

ကျွန်တော်စကားမဆုံးခင်မှာပဲ မျက်ခွံတွေလေးလံလာပြီး တစ်ကိုယ်လုံးပျော့ခွေသွားတာကို နောက်ဆုံးသတိရလိုက်တယ်။
++++++++

လကွယ်နေ့ည

မဟူရာရောင်ပိန်းထနေတဲ့ ညအချိန်အခါမှာ လူတစ်ယောက် ရွာလမ်းမကြီးအတိုင်း လျောက်ဝင်လာခဲ့တယ်။

“ အူး ဝူး ဝူး ဝူး”

ရွာထိပ်ဇရပ်အောက်မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ရဲ့ စွဲစွဲငင်ငင်အူသံကြောင့် လမ်းလျောက်လာတဲ့သူက တောက်တစ်ချက်ခတ်ပြီး ‌ဖနောင့်ပေါက်လိုက်ရာ အူနေတဲ့ခွေးက အမြှီးကုပ်ကာ ဇရပ်အောက်ထဲကို ပြန်ဝင်သွားခဲ့တယ်။

အမှောင်ထုထဲမှာ လမ်းလျောက်လာတဲ့သူက အိမ်တစ်အိမ်ရှေ့ကိုရောက်တော့ ရှေ့ဆက်မသွားတော့ပဲရပ်လိုက်ပြီး ခြံစည်းရိုးကိုတွန်းဖွင့်ကာ ဝင်လာခဲ့လိုက်တယ်။

လှေကားရင်းကိုရောက်တော့ မင်းတုန်းချထားတဲ့ တံခါးရှေ့မှာရပ်ပြီး မန္တာန်တစ်ခုကိုရွတ်ဖတ်လိုက်ရာ “ ချောက်” ဆိုတဲ့အသံနဲ့အတူ တံခါးမကြီးကအလိုလိုပွင့်ထွက်သွားခဲ့တယ်။

အိမ်ထဲမှာတော့ ရေနံဆီမီးအိမ်အလင်းရောင် မှိန်ပြပြထွက်ပေါ်နေပြီး လင်မယားနှစ်ယောက် အိပ်မောကျနေတာကိုမြင်တွေ့လိုက်ရတယ်။

“ အခုချိန်ကစပြီး နင်တို့နှစ်ယောက်က ငါမေးတာကို အမှန်တိုင်းဖြေကြ… ကဲ ထကြတော့ ထကြတော့”

ရှည်လျားတဲ့လက်ညိုးသွယ်သွယ်နဲ့ ထိုးပြီးပြောလိုက်ရာ အိပ်ပျော်နေတဲ့ လင်မယားနှစ်ယောက် ငူငူငိုင်ငိုင်နဲ့ ခြင်ထောင်အပြင်ကို ထွက်လာခဲ့ကြတယ်။

“ နင်တို့မှာ သားသမီး ဘယ်နှစ်ယောက်ရှိလဲ”

“ နှစ်ယောက်ရှိပါတယ်”

“ ငါမြင်တာ တစ်ယောက်ပဲရှိတယ်.. နောက်တစ်ယောက်ကဘယ်မှာလဲ”

“ မသိပါဘူး”

“ ဘာကိစ္စမသိရတာလဲ ကိုယ့်ကလေး ဘယ်မှာဆိုတာ မသိတဲ့မိဘရှိသေးလို့လား”

“ သားကြီးက သုံးနှစ်အရွယ်မှာ ပွဲခင်းထဲပျောက်သွားခဲ့တာ အခုထိပြန်မတွေ့ဘူး”

“ ကလေးတွေက အမွှာလား”

“ ဟုတ်ပါတယ်”

“ အခုကစပြီး နင်တို့ရဲ့ သားငယ်ကို ငါခဏခေါ်ထားတယ်…အချိန်တန်ရင်ပြန်လွှတ်ပေးလိုက်မယ် စိတ်ပူမနေနဲ့”

မုတ်ဆိတ်ကျင်စွယ်တွေရှည်လျားစွာပေါက်နေတဲ့ လူက ရှေ့မှာထိုင်နေတဲ့ လင်မယားနှစ်ယောက်ရဲ့ မျက်နှာကို လက်နဲ့သပ်ချပြီး အိမ်ပေါ်ကနေ ပြန်ဆင်းသွားခဲ့တယ်။

+++++

“ အ.အ.အ.အ”

ခေါင်းပေါ်ကနေ အော်မြည်နေတဲ့ ကျီးအာသံကြောင့် အောင်မြတ်သာတစ်ယောက် ခေါင်းမော့ကာ လှမ်းကြည့်လိုက်တယ်။

“ ဘာအရေးကိစ္စပေါ်ပြန်ပီလဲမသိဘူး…”

ခွန်းလှက တိရိစ္ဆာန်တွေရဲ့ သဘောသဘာဝကို အတန်သင့်နားလည်တာကြောင့် ဘေးမှာထိုင်နေတဲ့ မောင်ကောင်းကို တီးတိုးလှမ်းပြောလိုက်တယ်။ ခဏနေတော့ အောင်မြတ်သာက ထိုင်ရာကနေ ထလာပြီး

“ ခုနကလာတဲ့လမ်းမှာ ညောင်မုတ်ဆိတ်ပင်တစ်ပင်ကို သတိထားမိတယ်မဟုတ်လား”

“ အလယ်မှာ လူတစ်ကိုယ်ဝင်ပေါက်ရှိတဲ့ ညောင်ပင်ကိုပြောတာလားဆရာ”

“ ဟုတ်တယ်.. အဲဒီညောင်ပင်မှာ ဖိုးကြာပန်းဆိုတဲ့ ပုဂ္ဂိုလ်တစ်ပါးစောင့်နေတယ်လို့ စကားပါးလိုက်တယ်၊ ဘာကိစ္စလဲမသိပေမယ့် အရေးကြီးမယ့်ပုံပဲ”

အောင်မြတ်သာတို့လဲ ရှေ့ကိုလှမ်းနေတဲ့ခြေလှမ်းတွေကိုပြန်ရုတ်ပြီး ညောင်ပင်ရှိရာအရပ်ကို ပြန်လာခဲ့လိုက်တယ်။

အတန်ကြာလျောက်လာပြီးချိန်မှာတော့ လူနှစ်ဖက်စာမျှကြီးမားတဲ့ ညောင်မုတ်ဆိတ်ပင်အောက်ကိုရောက်လာခဲ့ကြတယ်။

အဲဒီအချိန် ဆွတ်ဆွတ်ဖြူနေတဲ့ဆံပင်ကို သျောင်တစ်စောင်းထုံးထားပြီး နွယ်တွေရစ်ပတ်နေတဲ့ တုတ်တစ်ချောင်းကိုင်ထားတဲ့ အဖိုးအိုတစ်ယောက် ညောင်ပင်အနောက်ကနေ ထွက်လာခဲ့တယ်။

“ သင်က ဖိုးကြာပန်းလား”

“ ဟုတ်ပါတယ်ဆရာ… အဖိုးက ဒီညောင်ပင်ကနေ ဘယ်မှသွားလို့မရတာကြောင့် ဆရာတို့ဆီမလိုက်လာနိုင်တာ ခွင့်လွှတ်ပေးပါ”

“ ဒါနဲ့ ဘာအရေးကိစ္စရှိလို့လဲ”

“ အကူအညီတောင်းမလို့ပါဆရာ”

“ ကျုပ်တို့ကူညီနိုင်ရင် ကူညီပေးပါ့မယ်… ဘယ်လိုကိစ္စလဲဆိုတာပြောပြပါ”

“ အရမ်းအစွမ်းထက်တဲ့ဆရာတစ်ယောက်ကြောင့် ကြာပန်းရတနာသိုက်တံခါးပွင့်တော့မယ်၊ သူအကြံအစည်မအောင်မြင်‌နိုင်ဖို့ ဆရာတို့ ကူညီပေးပါလို့ တောင်းဆိုပါတယ်”

“ ကြာပန်းရတနာသိုက် ဟုတ်လား…”

“ ဟုတ်ပါတယ်… လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အဖိုးကိုယ်‌တိုင်စောင့်ကြပ်ခဲ့တဲ့ရတနာသိုက်တစ်ခုပါ ဆရာ”

“ အဖိုးက သိုက်မှာရှိမနေပဲ ဘယ်လိုကြောင့် ဒီညောင်ပင်ဆီရောက်နေရတာလဲ”

“ ဆရာတို့နားလည်အောင်ပြောရရင် သိုက်ထဲကနေ လူ့ပြည်ကိုသွားလည်ချင်တဲ့ ညီအစ်ကိုနှစ်ယောက်ကို အလိုလိုက်ခဲ့မိလို့ သိုက်ချုပ်အဖိုးက ဒီနေရာမှာနေဖို့ အပြစ်ဒဏ်ချထားခဲ့တာ”

“ အခုရော သိုက်တံခါးပွင့်သွားပြီလား”

“ မပွင့်သေးဘူးဆရာ… ကြာပန်းရတနာသိုက်က လူ့ပြည်ကိုရောက်နေတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ လက်နဲ့ထိမှပွင့်မှာပါ၊ ဒါပေမယ့် သိုက်ဆရာဆီမှာ ညီဖြစ်သူရှိနေတယ်၊ မကြာခင် အကိုဖြစ်သူလဲ သူ့ဆီရောက်ရတော့မယ်လို့ သိရတယ်၊ ညီအစ်ကိုနှစ်ယောက်လုံးသူ့ဆီရောက်သွားရင် သိုက်ထဲမှာရှိတဲ့ ပတ္တမြားမျက်ရှင်က မသမာသူလက်ထဲပါသွားတော့မှာ”

“ ပတ္တမြားမျက်ရှင်ကိုလိုချင်လို့ သူက သိုက်တံခါးကိုဖွင့်မယ်လို့ဆိုလိုတာလား”

“ ဟုတ်တယ် ဆရာ… ပတ္တမြားမျက်ရှင်ကို ငုံထားရင် မြေလျှိုးမိုးပျံနိုင်တဲ့အစွမ်းရှိတယ်”

“ ဒါဖြင့် ကျုပ်တို့က သိုက်တံခါးမပွင့်အောင် ဘယ်လိုကူညီပေးရမလဲ”

“ ညီအစ်ကိုနှစ်ယောက်ထဲက အကိုဖြစ်သူကို သိုက်ဆရာလက်ထဲမပါအောင် စောင့်ရှောက်ပေးပါ၊ သူရှိတဲ့နေရာကိုလဲ အဖိုး လမ်းညွှန်ပေးပါမယ်”

ဖိုးကြာပန်းစကားကြောင့် အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကို ချကာ ခေါင်းညိမ့်ပြလိုက်တယ်။
+++++++

နေက ခြစ်ခြစ်တောက် ပူပြင်းနေတဲ့အချိန် စပါးတွေတင်လာတဲ့ ကားတစ်စီး ဂိုဒေါင်ရှေ့ကို ဆိုက်ရောက်လာခဲ့တယ်။

“ စပါးကားရောက်ပီဟေ့… နားနေတဲ့သူတွေ လာကြဟ”

အလုပ်သမားခေါင်းဆောင်ဖြစ်သူရဲ့အသံကြောင့် စပါးခွံအိတ်ပေါ်မှာ အိပ်နေတဲ့ မောင်ကံတစ်ယောက် လူးလဲထလိုက်တယ်။

“ ကိုအံ့ကြီး စပါးကားက ဒီတစ်စီးနောက်ဆုံးပဲလား”

“ နောက်ဆုံးထင်တာပဲ… ဘာဖြစ်လို့လဲ”

“ အိမ်မှာ အဖေနေမကောင်းဘူးဗျ… ဒါကြောင့် အရမ်းနောက်ကျမှာစိုးလို့”

“ ဒါနောက်ဆုံးပဲ… နောက်မကျဘူးစိတ်ချ”

မောင်ကံလဲ ကိုအံ့ကြီး ပင့်ပေးတဲ့ စပါးအိတ်ကို ပခုံးပေါ်ထမ်းတင်ပြီး ဂိုဒေါင်ထဲဝင်သွားခဲ့လိုက်တယ်။

“ မောင်ကံ…”

“ ဗျာ… ဆရာ”

“ ခြံရှေ့မှာ အလှူခံရောက်နေတယ်ထင်တယ်… ဆန်သွားလောင်းလိုက်ဦး”

ဆိုင်ရှင်ဖြစ်သူရဲ့စကားကြောင့် ဆန်အချို့ကိုကော်ခွက်နဲ့ခပ်ပြီး ခြံရှေ့ကိုထွက်လာခဲ့ရာ ဆံပင်ရှည်ရှည် ညှင်းသိုးသိုးရုပ်ပေါက်နေတဲ့ ရသေ့တစ်ပါးကိုမြင်လိုက်ရတယ်။

“ မောင်ရင်နာမည်က မောင်ကံလား”

“ ဟုတ်ပါတယ်… ကျွန်တော်ကိုသိနေတာလား”

မောင်ကံ စကားကြောင့် ရသေ့က အနည်းငယ်ပြုံးလိုက်ပြီး

“ မောင်ရင် သိတာထက်ပိုသိပါတယ်… ဒီရက်ပိုင်းထဲ ကြာဖူးကြာပွင့်တွေနဲ့လှပနေတဲ့ ရေကန်တစ်ခုအကြောင်း အိမ်မက်မက်တယ် မဟုတ်လား”

“ ဟ… အဲဒါလဲ သိပြန်ပြီလား… မဟုတ်မှလွဲရော အကြားအမြင်များရနေတဲ့ ရသေ့များလား”

“ မောင်ရင်နဲ့ပတ်သတ်တာတွေထဲ အခြားသိချင်တာများရှိရင် ဈေးရှေ့က ကင်းတဲကိုလာခဲ့၊ ဘရသေ့ အကုန်ပြောပြမယ်”

မောင်ကံလဲ ကြေးစည်ကို တနောင်နောင်ထုကာ ထွက်သွားတဲ့ ရသေ့ရဲ့နောက်ကျောကို အံ့ဩစွာ‌ငေးကြည့်နေခဲ့မိတယ်။

အဆိုပါမြင်ကွင်းကို မလှမ်းမကမ်းမှာရှိတဲ့ အကြော်တဲထဲကနေ လူသုံးယောက်လှမ်းကြည့်နေတာကိုတော့ မောင်ကံတစ်ယောက် သတိမထားမိခဲ့ပေ။
+++++++

ညနေအလုပ်သိမ်းတာစောတာမို့ မောင်ကံလဲ အိမ်ကိုမပြန်သေးပဲ ဈေးရှေ့က ကင်းတဲရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။ ကင်းတဲရှေ့ကိုရောက်တော့ ဒေါက်ချာကိုဘေးမှာ ချပြီးထိုင်နေတဲ့ ရသေ့ကိုမြင်တွေ့လိုက်ရတယ်။

“ မောင်ရင်လာမယ်ဆိုတာ သိနေလို့ အလှူခံထားတဲ့ထဲက အချိုရည်ဘူးတွေချန်ထားပေးတယ်.. ရော့ အမောပြေသောက်လိုက်”

မောင်ကံလဲ ကမ်းပေးလာတဲ့ အချိုရည်ဘူးကို ဖွင့်ကာမော့သောက်လိုက်ပြီး

“ ဘရသေ့က ကျုပ်အိမ်မက်မက်တာ ဘယ်လိုသိနေတာလဲ”

“ လူတစ်ယောက်အကြောင်းသိဖို့က ဘရသေ့အတွက် မခက်ပါဘူး…အခု မင်းအိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ပါတယ်ဆိုတာပြောပြရမလား”

“ တယ်ဟုတ်ပါလား… ဒါဆိုလဲပြောပြဗျာ”

“ အိမ်း… ငါးဆယ်တန်က နှစ်ရွက်၊ နှစ်ရာတန်က တစ်ရွက်၊ ငါးရာတန်က နှစ်ရွက်၊ နေဦး နှစ်ဆယ်တန်အပြဲလေးတစ်ရွက်ပါသေးတယ်”

မောင်ကံလဲ အိတ်ကပ်ထဲကပိုက်ဆံတွေကို ထုတ်ကြည့်လိုက်ရာ ဘရသေ့ပြောတဲ့အတိုင်း မှန်နေတာကိုမြင်လိုက်ရတယ်။

“ ကွက်တိပဲဗျို့… ဘရသေ့က တကယ်ဆို ဗေဒင်တွက်ရမှာ”

မောင်ကံ စကားအဆုံးမှာ ခေါင်းထဲမိုက်ခနဲဖြစ်လာပြီး အရှေ့မှာထိုင်နေတဲ့ ရသေ့ဆီကနေ မန္တာန်လိုလို ဂါထာလိုလိုရွတ်ဖတ်သံကြားလိုက်ရတယ်။

“ ဘရသေ့… ကျွန်တော် ဘာဖြစ်တာလဲ… ခေါင်းတွေချာချာလည်နေတယ်ဗျ”

မောင်ကံ အနေနဲ့ သူ့ကိုခပ်ပြုံးပြုံးစိုက်ကြည့်နေတဲ့ ဘရသေ့မျက်နှာကို နောက်ဆုံးမြင်လိုက်ရပြီး ကင်းတဲပေါ်မှာ သတိလစ်လဲကျသွားခဲ့တယ်။

မကြာခင် မောင်ကံ တစ်ယောက် ကင်းတဲကနေ ကြေးစည်ထုပြီး ထွက်သွားခဲ့သလို သူ့အနောက်မှာတော့ ဒေါက်ချာဆောင်းထားပြီး ခြင်းတစ်လုံးပိုက်ထားတဲ့ရသေ့တစ်ပါး လိုက်ပါသွားခဲ့တယ်။

ဒီအဖြစ်အပျက်ကိုမြင်တဲ့ မောင်ကောင်းက

“ ဆရာ … ဟိုကောင်လေးကို သွားမကယ်ဘူးလား”

“ အခုနေ ရုပ်လုံးထွက်ပြရင် ကျန်တဲ့တစ်ယောက်ကို ဘယ်တော့မှတွေ့ရမှာမဟုတ်တော့ဘူး၊ မင်းတို့နှစ်ယောက် သူ့အနောက်ကနေ မသိမသာလိုက်သွား… မကြာခင် ငါလိုက်လာခဲ့မယ်”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် သာမန်ခရီးသွားတွေလို ဟန်ဆောင်ပြီး အနောက်ကနေ လိုက်လာခဲ့ကြရာ ညသန်းခေါင်အချိန်ကိုရောက်လာခဲ့တယ်။

“ ဆရာက ဘယ်ရောက်သွားတာလဲမသိဘူး”

“ ကိစ္စရှိလို့နေမှာပေါ့ကွာ… အကြောင်းမဲ့တော့ သွားမှာမဟုတ်ဘူး”

မောင်ကောင်းက ပြောနေရင်း အနောက်ဘက်ကို မျက်စပစ်ပြလိုက်တဲ့အတွက် ခွန်းလှကမသိမသာလှည့်ကြည့်လိုက်ရာ အမွှေးရှည်တွေကျိုးတိုးကျဲတဲပေါက်နေတဲ့သရဲတစ်ကောင်ကိုမြင်လိုက်ရတယ်။

မကြာခင်အချိန်တွင်းမှာပဲ ဇရပ်ပေါ်မှာ နားနေတဲ့ရသေ့က မောင်ကောင်းတို့ရှိတဲ့ဘက်ကို တစ်ချက်မျှ စောင်းငဲ့ကြည့်လိုက်ပြီး ကြိမ်ခြင်းတောင်းထဲကနေ လက်တစ်ဆစ်သာသာရှိတဲ့ အရုပ်နှစ်ရုပ်ကို ထုတ်ယူကာ ဇရပ်ကြမ်းပြင်ပေါ်မှာ ချထားလိုက်တယ်။

“ ဒီလူ ဘာတွေလုပ်နေပြန်ပီလဲမသိဘူး”

မောင်ကောင်းက တီးတိုးရေရွတ်ပြီး စောင့်ကြည့်နေတဲ့အချိန်

“ ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့သူတွေကို ဂုတ်ကနေဆွဲပြီး ခေါ်လာစမ်း”ဆိုတဲ့အသံနဲ့အတူ အရုပ်နှစ်ရုပ်က တစ်ဖြေးဖြေးကြီးလာပြီး ကုန်းထလာခဲ့တယ်။

“ အကို… ဟိုလူသိသွားပြီထင်တယ်”

“ အေး… ငါလဲ အဲလိုပဲထင်တယ်”

“ ဒါဆိုလဲ ခြင်ကိုက်ခံပြီးမနေတော့ဘူး … အပြင်ထွက်တော့မယ်”

ခွန်းလှက ပုန်းနေရာကနေ ဝုန်းခနဲထရပ်လိုက်တော့ မောင်ကောင်းပါမနေသာတော့ပဲ ရှေ့ကိုထွက်လာရတော့တယ်။

အဲဒီအချိန် ဇရပ်ပေါ်ကနေ ဆင်းလာတဲ့ ဘီလူးလိုလို တစ္ဆေလိုလိုနှစ်ကောင်က မောင်ကောင်းတို့ကိုမြင်တော့ ‌ကြောက်မယ်ဖွယ်အော်သံပေးပြီး ပြေးဝင်လာခဲ့တယ်။

“ ဒီကောင်တွေမို့ အကြောက်အလန့်မရှိကွာ”

မောင်ကောင်းကစုတ်တစ်ချက်သပ်ပြီး လက်ညိုးထိုးကာ ဘေးကို ဆွဲဖယ်လိုက်တဲ့အချိန် တစ္ဆေနှစ်ကောင် ဝုန်းခနဲလွင့်ထွက်သွားခဲ့တယ်။

“ မင်းတို့ပညာကမသေးဘူးပဲ… ငါ့တပည့်နှစ်ကောင်ကို လက်ညိုးနဲ့ဆွဲပစ်နိုင်တာကိုတော့ ချီးကျူးရမယ်”ဆိုတဲ့အသံနဲ့အတူ ဇရပ်ပေါ်ကနေ ဆင်းလာတဲ့ ရသေ့ကိုမြင်လိုက်ရတယ်။

“ ဟေ့လူ.. ခင်ဗျားက ဖန်ရည်ဆိုးသင်္ကန်းနဲ့မတန်ဘူး ချွတ်ပစ်လိုက်စမ်းပါဗျာ”

“ ဟက်ဟက်… ငါရသေ့မဟုတ်မှန်းလဲသိနေပါရောလား၊ ဒါနဲ့ မင်းတို့က ဘာကိစ္စနဲ့ ငါ့အနောက်ကို လိုက်နေရတာလဲ”

“ ခင်ဗျား လုပ်ရပ်တွေကို တားဖို့လို့ပြောရမလားပဲ”

“ မင်းတို့က ငါ့ကိုတားမယ်ပေါ့… ဒါဖြင့် ရအောင် တားကြ ဟက်ဟက်ဟက်”

ရသေ့အဖြစ်ဟန်ဆောင်ထားတဲ့သူက ဖားလျားကျနေတဲ့ဆံပင်ကို ထုံးလိုက်ပြီး သင်္ကန်းစကိုဆွဲဖယ်လိုက်ရာ တစ်ကိုယ်လုံး အင်းစမတွေစာနီတွေရေးထိုးထားတာကိုမြင်လိုက်ရတယ်။

“ ခွန်းလှ … ငါတစ်ခုခုဖြစ်ရင် မင်းတော့ လွတ်အောင်ပြေး… ကြားလား”

“ ဘာလို့ပြေးရမှာလဲ… နှစ်ယောက်တူတူရင်ဆိုင်ကြမယ်လေဗျာ”

“ ငါတို့က နှစ်ယောက် သူကတစ်ယောက်ဆို ဘယ်မျှတပါ့မလဲ… ငါတို့က မျှတပြီးသမာသမတ်ကျတဲ့သူတွေမဟုတ်လား”

မောင်ကောင်းစကားကြောင့် ခွန်းလှက အနောက်ကိုဆုတ်လိုက်တဲ့အချိန် အနားမှာရှိတဲ့ ခြုံပုတ်ထဲကနေ အမွှေးရှည်တွေ ကျိုးတိုးကျဲတဲပေါက်နေတဲ့ လက်တစ်ဖက်ထွက်လာတာကြောင့်

“ မင်းလား သတင်းပေးတဲ့ကောင်”ဆိုပြီး ဖနောင့်နဲ့ပေါက်ချလိုက်ရာ ဟိုကောင်ခဗျာ ငယ်သံပါအောင်အော်ပြီး အမှောင်ထဲဝင်ပြေးသွားခဲ့တယ်။

မောင်ကောင်းကတော့ မတ်တပ်ရပ်နေတဲ့ နေရာမှာပဲ စည်းတားလိုက်ပြီး မိမိကိုယ်ကိုအရင်ကာကွယ်ထားလိုက်တယ်။

“ ဟေ့ကောင်လေး… အားလုံးပြီးရင်ပြော… ငါ့ကလေးတွေက အသင့်ဖြစ်နေပြီ”

“ ကျုပ်က အဆင်သင့်ပဲ… ခင်ဗျား မွေးထားတဲ့ကောင်တွေ လွှတ်လို့ရပြီ”

“ ဒါဆိုရင် လာပြီနော်… သတိ‌ထားတော့”

အပေါ်ပိုင်းဗလာကျင်းထားတဲ့လူက မြေကြီးပေါ်တံတွေးထွေးပြီး ဖနောင့်နဲ့ပေါက်ချလိုက်ရာ လူရိုးနှစ်ချောင်းကို တစ်ဖက်စီကိုင်ထားတဲ့ လူဝံလိုလို မျောက်ဝံလိုလိုကောင်ပေါ်လာခဲ့တယ်။

“ အဖေ့သားကြီး… အရှေ့မှာရပ်နေတဲ့ ဆရာပေါက်စရဲ့လည်ချောင်းသွေးကိုဖောက်ထုတ်ပစ်စမ်း” လို့ပြောလိုက်ရာ မဲမဲဝဝအကောင်ကြီးက လက်ထဲကိုင်ထားတဲ့အရိုးနဲ့ ဝင်ရိုက်ပါလေရော။

ဒါပေမယ့် အနားကိုမရောက်ခင်မှာပဲ လူတစ်ယောက်ခန့်ရှိတဲ့ မီးတောက်တွေထွက်လာတာကြောင့် အနောက်ကိုပြန်ဆုတ်သွားခဲ့တယ်။

“ အရှေ့ကိုတိုးစမ်း… ဒီကောင်က မင်းကြောက်အောင် လှန့်နေတာ”

“ ဟေ့လူ ခင်ဗျားမွေးထားတဲ့ကောင်ကလဲ ပေါတောတောကြီးဗျာ… တကယ်ဆို အခုလိုဖြစ်နေရမှာဗျ”

မောင်ကောင်းက ဂုမ္ဘာန်အင်းကို လက်ဝါးပေါ်ရိုက်ချပြီး အသက်သွင်းလိုက်ရာ မာန်ထန်အပြည့်ပါတဲ့ရုပ်သွင်နဲ့ ဂုမ္ဘာန်တစ်ကောင် ခုန်ထွက်လာခဲ့တယ်။

ဆွတ်ဆွတ်ဖြူနေတဲ့အစွယ်၊ပြူးကျယ်တဲ့မျက်လုံး၊ တုတ်ခိုင်တဲ့ခန္ဓာကိုယ်ပါတဲ့ အင်းစောင့်ဂုမ္ဘာန်က လူရိုးနှစ်ချောင်းကိုင်ထားတဲ့ကောင်ကို ခြေထောက်ကနေ ဆွဲကိုင်ပြီး ဘေးမှာရှိတဲ့ သစ်ပင်နဲ့ဆွဲဖွတ်ပါလေရော။

“ အောင်မလေး သေပါပြီဗျ… ဆရာ .. ကူညီပါဦး”

ငယ်သံပါအောင်အော်ပြီး အကူအညီတောင်းတဲ့အသံကြောင့် လက်ထဲကိုင်ထားတဲ့ ဆေးနီလုံးနဲ့ပေါက်လိုက်ရာ ဂုမ္ဘာန်ကြီးလဲ ဝုန်းခနဲ လွင့်ထွက်ပြီး အနားမှာရှိတဲ့ သစ်ပင်ခြေရင်းမှာ ဒူးထောက်လျက်လဲကျသွားခဲ့တယ်။

အဲဒီအချိန် ခွန်းလှရဲ့ ကျောဘက်ကနေ လမ်းလျောက်လာတဲ့ ခြေသံကြောင့် လှည့်ကြည့်လိုက်ရာ ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။

“ ဆရာ… ဘယ်ကနေ ဘယ်လို”

“ မင်းတို့နဲ့ သူ့ကိုအာရုံလွှဲထားမှ ဖမ်းထားတဲ့ လူငယ်ကို ကယ်လို့ရမှာမဟုတ်လား”

“ တော်သေးတာပေါ့ဗျာ… ဒါနဲ့ ဟိုလူကို ဆရာဆုံးမမှရမယ်ထင်တယ်”

“ မောင်ကောင်းက ဒီလမ်းကိုရွေးထားတာမို့ သူစတဲ့ဇာတ် သူနိုင်အောင်ကပါလိမ့်မယ်”

ခွန်းလှလဲ ဆရာဖြစ်သူစကားကြောင့် မောင်ကောင်းရှေ့မှာရပ်နေတဲ့သူကိုကြည့်လိုက်ရာ သူ့ရဲ့မျက်လုံးနှစ်လုံးက မီးကျီခဲလိုရဲရဲနီလာပြီး မျက်လုံးထဲကနေ အခိုးငွေ့တွေထွက်လာတာကိုမြင်လိုက်ရတယ်။ အဲဒီအချိန် သူ့ပါးစပ်ကနေ ဂါထာတစ်ပုဒ်ကို ဌာန်နဲ့မာန်နဲ့ရွတ်ဆိုလိုက်ရာ မြေကြီးထဲကနေ ခေါင်းမှာအမောက်ပါတဲ့ လူနီလေးတစ်ယောက် ခုန်ထွက်လာပြီး မျက်စိရှေ့မှာတင် အရပ်ကတစ်ဖြေးဖြေးရှည်ထွက်လာခဲ့တာ ပေနှစ်ဆယ်လောက်ထိမြင့်တက်လာခဲ့တယ်။

မောင်ကောင်းလဲ အကာအကွယ်အနေနဲ့ ဂိုဏ်းအောက်နတ်ဖြစ်တဲ့ ခြေဖဝါးသုံးတောင်ကိုပင့်ဖိတ်လိုက်ရာ “ဝုန်း”ဆိုတဲ့အသံနဲ့အတူ ထန်းပင်တစ်ပင်အမြင့်လောက်ရှိတဲ့ လူထွားကြီးတစ်ယောက် ပေါ်လာကာ အမောက်ပါတဲ့လူနီနီကြီးကို ခြေထောက်နဲ့ဖိနင်းထားလိုက်တယ်။

“ ဟေ့လူ အရှုံးပေးပြီလား”

မောင်ကောင်းရဲ့စကားသံကြောင့် ဒေါသူပုန်ထနေတဲ့ ဆရာဖြစ်သူက လက်ခမောင်းကို ဖြောင်းခနဲမြည်အောင်ခတ်လိုက်ပြီး ခုန်လိုက်ရာ ဆယ်ပေလောက်မြင့်တက်သွားခဲ့တယ်။

“ ဒီလူ အာဠာဝကလဲအောင်ထားပါလား”

မောင်ကောင်း တအံ့တဩရေရွတ်လိုက်တဲ့အချိန် ဆေးထနေတဲ့လူက ဖျတ်ခနဲအနားကိုရောက်လာပြီး လည်ပင်းကိုဆုပ်ကိုင်လိုက်ပေမယ့် မီးကျီခဲကိုကိုင်ရသလိုပူလောင်လာသလို မမြင်ရတဲ့တွန်းကန်အားတစ်ခုက အပြင်ကို တွန်းထုတ်တာခံလိုက်ရတယ်။

“ အခုထိအရှုံးမပေးသေးဘူးလား”

“ မပေးဘူး… ပညာချင်းမနိုင်ရင် လူချင်းတိုက်မယ်”

“ ခင်ဗျားက အတော်ခေါင်းမာတဲ့လူပဲ…”

မောင်ကောင်းတစ်ယောက် စိတ်ပျက်စွာရေရွတ်လိုက်တဲ့အချိန် အမှောင်ထုထဲကနေကြည့်နေတဲ့ အောင်မြတ်သာ ရှေ့ကိုထွက်လာပြီး

“ ဒီလူရဲ့ ပညာစဉ်တွေကို ဖျက်စီးမှရတော့မယ်… ဒီလူက ငါတို့ခွင့်လွှတ်ပေးလို့ရတဲ့လူစားမဟုတ်ဘူး” လို့ပြောလိုက်တာကြောင့် မောင်ကောင်း မျက်နှာ ဝင်းခနဲဖြစ်သွားခဲ့တယ်။

“ ဆရာ… ရောက်နေတာကြာပီလား”

“ မင်းတို့ ပညာစပြိုင်ထဲကဆိုပါတော့…”

“ အခု ဒီလူကိုဘယ်လိုလုပ်ရမလဲ”

မောင်ကောင်း စကားကြောင့် အောင်မြတ်သာက ပညာဖျက်အင်းကို အသက်သွင်းပြီး ဒူးထောက်လျက်သားဖြစ်နေတဲ့လူရဲ့ငယ်ထိပ်မှာ ဖိကပ်လိုက်ရာ ခန္ဓာကိုယ်ထဲကနေ ညိုညစ်ညစ်အခိုးငွေ့တွေထွက်လာပြီး မျက်ဖြူလန်ကာ လဲကျသွားခဲ့တယ်။

အောင်မြတ်သာတို့ ဇရပ်ပေါ်ရောက်တော့ ကြိမ်ခြင်းထဲမှာရှိတဲ့ ဆေးဝါးအင်းအိုင်ရုပ်ထုတွေကို အမိန့်နဲ့သိမ်းယူပြီး မောင်ကံကို မူလအတိုင်းဖြစ်အောင် ပြန်လုပ်ပေးခဲ့တယ်။

“ ကောင်လေး… သတိရပြီလား”

“ ကျွန်တော် ဘယ်ကိုရောက်နေတာလဲ… ခင်ဗျားတို့ကရော ဘယ်သူတွေလဲ”

“ မင်းကို ဒီဇရပ်ပေါ်မှာသတိလစ်နေတာတွေ့လို့ ကူညီပေးထားတာ”

“ ဟိုရသေ့ရော… ကျွန်တော်သူနဲ့စကားပြောနေတာတော့မှတ်မိတယ်”

“ အဲဒါတွေအသာထား… မင်းအဖေစိတ်ပူနေတော့မယ် အိမ်အမြန်ပြန်လိုက်ဦး”

မောင်ကံလဲ အောင်မြတ်သာစကားကြောင့် ဇရပ်ပေါ်ကနေဆင်းလာတဲ့အချိန် ခြုံပုတ်တွေကြားထဲကနေ ထွက်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ ထိုသူက မောင်ကံကိုမြင်တော့ ရယ်ပြပြီး ဇရပ်ပေါ်ကိုတက်သွားခဲ့တယ်။

“ ဆရာ… ဟိုကောင်လေးကို သူ့မိဘ‌အရင်းတွေအကြောင်းမပြောပြတော့ဘူး လား”

“ ပြောပြလဲ ဘာမှမထူး‌ဘူးလေ… နောက်နှစ်ရက်ဆို သူတို့နေရာဟောင်းကိုပြန်သွားရတော့မှာ”

“ ဟင်…”

“ ဟုတ်တယ်… သူတို့အသက် ၁၈နှစ်ပြည့်ရင် သိုက်နန်းကိုပြန်မယ်လို့ကတိပေးထားကြတယ်တဲ့၊ မိဘတွေအနေနဲ့ သားနှစ်ယောက်လုံး ထွက်ခွာသွားတာကို ဘယ်မြင်ချင်ပါ့မလဲ”

အောင်မြတ်သာစကားအဆုံးမှာ ခပ်ဝေးဝေးကနေ ထွက်ပေါ်လာတဲ့ လင်းကြက်တွန်သံကိုကြားလိုက်ရတယ်။
+++++++

အရှေ့ဘက်ကနေ ထွက်ပေါ်လာတဲ့
နေရောင်နုနုလေးတွေက ရပ်တော်မူဘုရားပေါ်ကို အတိုင်းအဆမရှိဖြာကျနေခဲ့တယ်။

“ ဒီနေရာလေးက သာယာလိုက်တာဗျာ”

ခွန်းလှရဲ့စကားကို မောင်ကောင်းက ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြလိုက်တယ်။

“ မောင်ကောင်း၊ ခွန်းလှ”

“ဗျာ ဆရာ”

“ မင်းတို့ကို ခေါ်သွားဖို့တစ်နေရာရှိတယ် လိုက်ခဲ့ကြ”လို့ပြောပြီး ဘုရားအနောက်က လျှိုထဲကိုဆင်းသွားခဲ့တယ်။ ကျောက်တုံးကျောက်ခဲတွေနဲ့ ဖုထစ်နေတဲ့ လျှိုထဲကိုနာရီဝက်လောက်ဆင်းလာပြီးချိန်မှာတော့ အုတ်ကျိုးပျက်တွေပြန့်ကျဲနေတဲ့ နေရာတစ်ခုကိုမြင်လိုက်ရတယ်။

“ ဒီနေရာက ဘာလုပ်တဲ့နေရာလဲဆရာ”

“ ဂျပန်တွေ စစ်ရှုံးရင်းပြေးလွှားတဲ့အချိန်
သူတို့ရဲ့လက်နက်တွေသိမ်းခဲ့တဲ့နေရာလို့ထင်တယ်၊ အခုထိ အထဲမှာ လက်နက်သေတ္တာတွေရှိနေသေးတယ်”

“ ထင်းရှူးသေတ္တာတွေတောင်ဆွေးနေပြီဆိုတော့ နှစ်အတော်ကြာလောက်ပြီထင်တယ်၊ ဒါနဲ့ဆရာက ဒီကိုဘယ်တုန်းကရောက်ဖူးတာလဲ”

“ မင်းတို့နဲ့ ဟိုလူကို အာရုံလွှဲထားတဲ့အချိန် ဒီကိုလာခဲ့တာ။ ငါရောက်တော့ ဒီနေရာမှာ အငယ်ကောင်လေးကို ဖမ်းထားတာလေ၊ ရှေ့ကိုနည်းနည်းဆက်သွားလိုက်ကြ”

မောင်ကောင်းတို့လဲ မြင်နေရတဲ့လမ်းအတိုင်း ဆက်သွားခဲ့ရာ အတန်သင့်ကျယ်ဝန်းတဲ့ လေးထောင့်ကန်တစ်ခုကိုမြင်လိုက်ရတယ်။

“ ဒါက ကြာပန်းရေကန်ပဲ…”

“ ဒီလိုနေရာမှာ ဘယ်သူကရေကန်ဆောက်ထားတာလဲဆရာ”

“ ကျွန်တော်ကိုယ်တိုင်ဆောက်ထားတာပါဆရာ”

“ ဟင် ဖိုးကြာပန်း… ဘယ်လိုဖြစ်ပြီး ဒီကိုပြန်ရောက်နေတာလဲ”

“ ဒီကဆရာရဲ့ ကျေးဇူးကြောင့်လေ…ဆရာက သိုက်ချုပ်အဖိုးကို ပြောပေးလို့ ကိုယ့်နေရာကိုယ်ပြန်ရောက်လာတာ”

“ ဒါဆိုရင် ရေကန်အကြောင်းပြောပြပါဦး”

“ ဒီနေရာက လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀)လောက်က မြို့ဟောင်းတစ်ခုဖြစ်ခဲ့ဖူးတယ်၊ မြို့က အခြားတိုင်းပြည်ရဲ့ အစပ်မှာဖြစ်နေလို့ မကြာခဏဆိုသလို စစ်ပွဲတွေဖြစ်ပွားခဲ့တယ်၊ ဒါကြောင့် ကျွန်တော်ကို ရေကန်တစ်ခုပြုလုပ်ခိုင်းပြီး ရေကန်ရဲ့အောက်ခြေမှာ ရတနာပစ္စည်းတွေထားဖို့ နေရာလုပ်ခိုင်းခဲ့တာ၊ အဲဒီကနေ ကလေးတွေက ရတနာသိုက်ကိုစိတ်စွဲပြီး မကျွတ်လွတ်တဲ့ဘဝရောက်လာခဲ့တာပဲ”

“ ဒါကြောင့် ဟိုလူက ကလေးနှစ်ယောက်ကို ရှာပြီး သိုက်တံခါးဖွင့်ဖို့ကြိုးစားတာကိုး”

“ ဆရာတို့ကျေးဇူးကြောင့် ဘာမှမဖြစ်ခဲ့တာပါ”

ဖိုးကြာပန်းစကားအဆုံးမှာ ရေကန်အောက်ခြေကနေ တူရိယာတီးခတ်သံ၊ သီချင်းဆိုသံတွေကိုကြားလိုက်ရတယ်။

“ ဒီအသံတွေက ဘယ်ကထွက်လာတာလဲအဖိုး”

“မကြာခင် သခင်လေးတွေပြန်လာတော့မှာဆိုတော့ သိုက်ထဲမှာရှိတဲ့သူတွေ ပျော်ရွှင်နေကြတာပါ”

“ ဒါဆိုရင် ကျွန်တော်တို့ကို ခွင့်ပြုပါဦး”

“ ကောင်းပါပြီဆရာ…ကျုပ်လိုက်ပို့ပေးပါမယ်”

အောင်မြတ်သာတို့လဲ ကြာပန်းရတနာသိုက်တည်ရှိရာရေကန်ကနေ ဘုရားပေါ်ပြန်တက်လာတဲ့အချိန် လျှိုထဲကနေ ပျော်ရွှင်စွာအော်ဟစ်တဲ့အသံတွေကိုကြားလိုက်ရတယ်။

“ တစ်ဖက်မှာ ပျော်ရွှင်နေပေမယ့် တစ်ဖက်မှာတော့ ကြေကွဲနေရှာမှာပဲနော်ဆရာ”

မောင်ကောင်းစကားကို အောင်မြတ်သာက ဘာမှပြန်မဖြေပဲ ခပ်လှမ်းလှမ်းမှာမြင်ရ‌တဲ့ သစ်ပင်လေးတွေကိုသာငေးကြည့်နေခဲ့တယ်။
++++++

အောင်မြတ်သာတို့လဲ ရပ်တော်မူဘုရားမှာ တစ်ရက်နေခဲ့ပြီး ခြေဦးတည့်ရာအရပ်ဆီကို ထွက်ခွာလာခဲ့ကြတယ်။

ဒီတစ်ခါခရီးစဉ်မှာတော့ စိတ်ထားယုတ်ညံ့တဲ့သူတစ်ဦးကြောင့် တစ်မိသားစုလုံးဒုက္ခရောက်နေရတာကို ကူညီပေးခဲ့ရတဲ့အကြောင်းကိုတော့ “အောင်မြတ်သာနှင့် ဘီလူးလက်ပြတ်”ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
‌ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ၾကာပန္းရတနာသိုက္ “(စ/ဆုံး)
—————————————————————–

ၾကာဖူးၾကာပြင့္ေတြ ေဝေဝဆာဆာပြင့္ေနၾကတဲ့ ေရကန္တစ္ခုရဲ႕အလယ္မွာ ကြၽန္ေတာ္မတ္တပ္ရပ္ေနခဲ့ေပမယ့္ ေရက ေျခမ်က္စိေအာက္မွာသာရွိေနခဲ့တာမို႔ ကိုယ့္ကိုယ္ကို အံ့အားသင့္စြာငုံ႔ၾကည့္လ္ုက္မိတယ္။

ေရကန္ရဲ႕ ေဘးပတ္ပတ္လည္မွာေတာ့ အေလ့က်ေပါက္ေနတဲ့ အပင္ငယ္ေလးေတြက ၿခံစည္း႐ိုးသဖြယ္ျဖစ္ေနၿပီး ေရကန္ရဲ႕ထိပ္မွာေတာ့ အမ်ားသူငွာေရခပ္လို႔ရေအာင္ ေဆာက္ထားေပးတဲ့ ေရခပ္စင္တစ္ခုရွိေနတာကိုလဲ သတိထားမိခဲ့တယ္။

ကြၽန္ေတာ္ေရေပၚမွာလမ္းေလ်ာက္လို႔ရပါ့မလား၊‌ ေျခေထာက္လႈပ္လိုက္တာနဲ႔ ကန္ထဲျမဳပ္သြားမလားဆိုတဲ့အေတြးေၾကာင့္ ရပ္ေနတဲ့ေနရာကေန တစ္လက္မေတာင္ မေ႐ြ႕မိေအာင္ သတိထားေနခဲ့မိတယ္။

အဲဒီအခ်ိန္ ေရခပ္စင္ေအာက္ေျခကေန ေရပြက္ေတြထလာၿပီး ကန္ေရျပင္အလယ္ကေန ထက္ျခမ္းကြဲထြက္သြားတာကို ျမင္လိုက္ရတယ္။

ကြၽန္ေတာ္ ကိုယ့္မ်က္လုံးကိုယ္ျပန္ပြတ္ၿပီး ေသခ်ာၾကည့္လိုက္ရာ ေရခပ္စင္ေအာက္မွာ ေၾကးနီးနဲ႔ျပဳလုပ္ထားတဲ့တံခါးႏွစ္ခ်ပ္။

“ ေရွ႕တိုးလာခဲ့… ေရွ႕ကိုတိုးလာခဲ့”

ေလးဘက္ေလးတန္ကေန ၾကားလိုက္ရတဲ့အသံေၾကာင့္ ကြၽန္ေတာ္ေျခလွမ္းေတြ ေရွ႕ကိုမရဲတရဲလွမ္းလိုက္မိတယ္။

“ ဟင္… ငါ ငါ ေရေပၚမွာ လမ္းေလ်ာက္ေနပါလား”

ကိုယ့္ကိုကိုယ္ တအံ့တဩေရ႐ြတ္ၿပီး တံခါးႏွစ္ခ်ပ္ရွိရာကို ေလ်ာက္လာခဲ့လိုက္တယ္။ ေဘးမွာလဲ ေနာက္ထပ္လူရိပ္တစ္ခုပါလာတာကို သတိထားမိခဲ့တယ္။ေရခပ္စင္ေအာက္ေျခကိုေရာက္ေတာ့ ေၾကးတံခါးကိုလက္နဲ႔ထိကိုင္လိုက္ရာ စက္ဝိုင္းပုံစံေသာ့ခေလာက္က အတြင္းရစ္လည္ၿပီး တစ္ေျဖးေျဖးပြင့္ထြက္လာခဲ့တဲ့အခ်ိန္…

“ ဘုန္းျပည့္… အခုထိမထေသးဘူးလား…” ဆိုတဲ့အသံနဲ႔အတူ မတ္တပ္ရပ္ေနတဲ့ ေရကန္အျဖစ္ကေန ဖ်ာၾကမ္းခင္းထားတဲ့ အိပ္ယာအျဖစ္ေျပာင္းလဲသြားခဲ့တယ္။

“ ငါ ငါ အိမ္မက္မက္ေနျပန္ပီ…”

ကြၽန္ေတာ္ တီးတိုးေရ႐ြတ္လိုက္ၿပီး အိပ္ယာကေနထကာ မ်က္ႏွာသစ္ဖို႔ထြက္လာခဲ့လိုက္တယ္။
+++++

တစ္မနက္ခင္းလုံး အေမနဲ႔ ေဈးကူေရာင္းေပးေနေပမယ့္ အေတြးကေတာ့ အိမ္မက္ထဲမွာျမင္ရတဲ့အရာေတြဆီကိုေရာက္ေနခဲ့တယ္။ ဒီလိုအိမ္မက္မ်ိဳးမက္တာ အခု‌ဆို ဆယ္ႀကိမ္မက်ေတာ့ေပမယ့္ တံခါးအထဲမွာ ဘာရွိတယ္ဆိုတာ တစ္ခါမွမေတြ႕ရ၊ အေၾကာင္းတစ္ခုခုေၾကာင့္ လန႔္ႏိုးခဲ့ရတာႀကီးပဲ၊ ေနာက္တစ္ေခါက္ျမင္ေအာင္ကိုၾကည့္ဦးမယ္။

“ ဘုန္းျပည့္… ၾကက္သြန္ ငါးဆယ္သား ထည့္ေလ…”

အေမအသံေၾကာင့္ ေတြးေနတဲ့အေတြးစေတြ လြင့္ပ်ယ္သြားၿပီး

“ ဟုတ္ ဟုတ္ကဲ့အေမ”

“ ဒီေကာင္ေလး စိတ္နဲ႔လူနဲ႔မကပ္ဘူးထင္တယ္… ဘာလဲ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဖို႔ေျပာထားလို႔လား”

“ မဟုတ္ပါဘူး…”

အေမက ကြၽန္ေတာ္ကို မ်က္ေစာင္းတစ္ခ်က္ထိုးကာၾကည့္လိုက္ၿပီး ဆိုင္ေရွ႕မွာခင္းထားတဲ့ ဟင္းသီးဟင္း႐ြက္ေတြေပၚကို ေရနဲ႔လိုက္ျဖန္းေနခဲ့တယ္။

“ ေနာင္ ေဝ ေဝ ေဝ”

အလြန္သာယာတဲ့ေၾကးစည္သံနဲ႔အတူ ဆိုင္ေရွ႕ကို ေဒါက္ခ်ာေဆာင္းထားတဲ့ ရေသ့တစ္ပါး မတ္တပ္လာရပ္တာကိုျမင္လိုက္ရတယ္။

“ အေမ အလႉခံေရာက္ေနတယ္”

“ အဆင္ေျပတာ တစ္ခုခုလႉလိုက္ေလ…”

ကြၽန္ေတာ္လဲ ဆိုင္မွာခ်ိတ္ထားတဲ့ မုန႔္ထုပ္ကိုျဖဳတ္ၿပီး ပိုက္ထားတဲ့ ႀကိမ္ျခင္းထဲ ထည့္ေပးလိုက္တဲ့အခ်ိန္
“ အလုပ္အားတဲ့အခ်ိန္ ၿမိဳ႕ျပင္က ရပ္ေတာ္မူဘုရားကိုလာခဲ့” လို႔ေျပာၿပီး ေၾကးစည္ကို တေနာင္ေနာင္ထုကာ ထြက္သြားခဲ့တယ္။

ဒီရေသ့က ကြၽန္ေတာ္ကိုသိေနတာလား၊ ဘာလို႔သူရွိတဲ့ေနရာကိုေခၚတာလဲဆိုတဲ့အေတြးကပါ ဝင္လာခဲ့တယ္။ ဒါေၾကာင့္ ေန႔လည္အလုပ္ပါးတဲ့အခ်ိန္ တစ္ေယာက္ထဲ ရပ္ေတာ္မူဘုရားရွိတဲ့ဘက္ကိုထြက္လာခဲ့လိုက္တယ္။

ရပ္ေတာ္မူဘုရားက ၿမိဳ႕ျပင္က ကုန္းေျမေပၚမွာ တည္ထားတဲ့ဘုရားျဖစ္ၿပီး ဘုရားရဲ႕အေနာက္လွ်ိဳထဲမွာေတာ့ ဂ်ပန္ေတြထြက္မေျပးခင္ ျမဳပ္ႏွံသြားတဲ့ လက္နက္ေတြရွိတယ္လို႔ လူႀကီးေတြေျပာတာၾကားဖူးတယ္။အဲဒီလွ်ိဳထဲမွာ ထင္းသြားခုတ္တဲ့ ဦးသံေခ်ာင္းက သံေခ်းတက္ေနတဲ့ ကင္ဒိုဓါးႏွစ္လက္ရခဲ့တဲ့အေၾကာင္း အခုထိေျပာလို႔မဆုံး။

တစ္ေယာက္ထဲ အေတြးေပါင္းမ်ားစြာနဲ႔ ေလ်ာက္လာခဲ့တာ ရပ္ေတာ္မူဘုရားရွိတဲ့ဆီကို ေရာက္လာခဲ့တယ္။ ဘုရားေပၚေရာက္ေတာ့ အရိပ္ရတဲ့ေနရာတစ္ခုမွာ ထိုင္ေနတဲ့ ရေသ့ႀကီးကိုျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ေလး… ဒီကိုလာခဲ့”

ရေသ့ႀကီးက အရပ္တကာလွည့္ၿပီး အလႉခံရလို႔ထင္တယ္၊ေနေလာင္ထားတဲ့အသားအရည္ေတြကအညိဳေရာင္ဘက္ကိုကူးေျပာင္းေနတာသတိထားမိခဲ့တယ္။

“ ငါအသားမဲလို႔ အနားမလာခ်င္တာလား”

“ မ မဟုတ္ပါဘူး”

စိတ္ထဲေတြးေနတာသိေနသေယာင္ေယာင္ေျပာလိုက္တာေၾကာင့္ ကြၽန္ေတာ္ နည္းနည္းၿဖဳံသြားၿပီး အနားကို‌ေလ်ာက္သြားခဲ့လိုက္တယ္။

“ မင္း အခုတစ္ေလာ ေရကန္တစ္ခုကိုအိမ္မက္မက္ေနတယ္မဟုတ္လား”

ဒီတစ္ခါေတာ့ ကြၽန္ေတာ္ မအံ့ဩပဲ မေနႏိုင္ေတာ့ေပ။ ဘာလို႔လဲဆိုေတာ့ အိမ္မက္အေၾကာင္းကို မိဘေတြကိုေတာင္ မေျပာျပခဲ့တာ ဒီရေသ့က ဘယ္လိုသိေနတာလဲ။

“ ေကာင္ေလး.. မင္းအေတြးေတြအရမ္းမ်ားေနၿပီ… လိုက္စဥ္းစားရင္ ႐ူးသြားလိမ့္မယ္၊ ဒီေတာ့ ငါေမးတာကိုပဲေျဖ”

“ ရေသ့ႀကီးေျပာတာဟုတ္တယ္… ကြၽန္ေတာ္ ၾကာေတြဖူးပြင့္ေနတဲ့ေရကန္တစ္ခုကို အိမ္မက္ေနတာ တစ္ပတ္ေလာက္ရွိၿပီ”

ကြၽန္ေတာ္စကားေၾကာင့္ ရေသ့ႀကီးက လက္မကို လက္ညိဳး၊လက္ခလယ္နဲ႔ထိၿပီး တစ္ခုခုကိုတြက္ခ်က္ေနသလိုလုပ္ရင္း

“ မင္းအသက္ ၁၈ျပည့္ၿပီးၿပီမဟုတ္လား”

“ လြန္ခဲ့တဲ့ဆယ္ရက္ေလာက္က‌မွျပည့္ၿပီးတာ”

ရေသ့ႀကီးက ႀကိမ္ျခင္းထဲမွာရွိတဲ့ အိတ္ရႈံ႕တစ္ခုကိုထုတ္ယူလိုက္ၿပီး

“ မင္း အိမ္မက္က ဘယ္ေတာ့မွ မၿပီးဆုံးခဲ့ဘူးမဟုတ္လား”

“ ဟုတ္တယ္ဗ်… တံခါးနားေရာက္ရင္ တစ္ခုခုေၾကာင့္လန႔္ႏိုးလာေရာ.. ကြၽန္ေတာ္က အထဲမွာဘာရွိလဲသိခ်င္ေနတာ”

“ ဒီအရာေတြက ကိုယ္ျမင္ခ်င္တိုင္း ျမင္လို႔မရႏိုင္ဘူး… မင္းအေနနဲ႔ ျမင္ရမယ့္ကုသိုလ္နည္းေနေသးတာလဲျဖစ္ႏိုင္တယ္”

“ ကြၽန္ေတာ္ ဘယ္လိုလုပ္ရင္ ျမင္ႏိုင္မွာလဲ”

“ အိမ္း… ငါေျပာတဲ့အတိုင္းလုပ္ရင္ေတာ့ ျမင္ရႏိုင္တယ္… ဒါေပမယ့္ မင္းလုပ္ႏိုင္မယ္ မထင္ပါဘူး”

ကြၽန္ေတာ္လဲ ကိုယ့္ကိုႏွိမ္ေျပာသလိုျဖစ္သြားတဲ့အတြက္ ရေသ့ႀကီးရဲ႕မ်က္ႏွာကိုစိုက္ၾကည့္ၿပီး

“ ကြၽန္ေတာ္လုပ္ႏိုင္တယ္… ဘာလုပ္ရမယ္ဆိုတာကိုပဲေျပာ”

“ မနက္ျဖန္ကစၿပီး သက္သက္လြတ္ကိုးရက္တိတိစားရမယ္၊ ေန႔တိုင္း တေရာ္ကင္မြန္းနဲ႔ေခါင္းေလ်ာ္ရမယ္၊ ငါးပါးသီလကို ထိန္းႏိုင္သမွ် ႏိုင္ေအာင္ထိန္းရမယ္၊ ဘယ္လိုလဲ လုပ္ႏိုင္ပါ့မလား”

“ လုပ္ႏိုင္ေအာင္ႀကိဳးစားမယ္…အဲလိုလုပ္ရင္ ျမင္ရၿပီလား”

“ အရင္ေအာင္ျမင္ေအာင္လုပ္စမ္းပါ… ၿပီးရင္ ဒီကိုျပန္လာခဲ့”

ကြၽန္ေတာ္လဲ ရေသ့ႀကီးေျပာတဲ့အတိုင္း လုပ္မယ္ဆိုတဲ့စိတ္နဲ႔ ႀကိဳးစားခဲ့ရာ ကိုးရက္တိတိျပည့္တဲ့ေန႔ေရာက္လာခဲ့တယ္။

ထူးဆန္းတာက ရေသ့ႀကီးေျပာတဲ့အတိုင္းလုပ္တဲ့အခ်ိန္အတြင္း အိမ္မက္လုံးဝမမက္ေတာ့တာပဲ။ ကိုးရက္ျပည့္တဲ့ေန႔အေရာက္မွာေတာ့ ရေသ့ႀကီးမွာထားတဲ့အတိုင္း ရပ္ေတာ္မူဘုရားဆီကို ထြက္လာခဲ့လိုက္တယ္။ ဘုရားေပၚေရာက္ေတာ့ အထုပ္အပိုးေတြကို သိမ္းဆည္းေနတဲ့ ရေသ့ႀကီးကိုျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ေလး… မင္းကိုေစာင့္ေနတာကြ”

“ ကြၽန္ေတာ္ကိုေစာင့္တယ္ဟုတ္လား…”

“ မင္းကိုထူးဆန္းတာတစ္ခုျပမလို႔…”

ရေသ့ႀကီးက ကြၽန္ေတာ္လက္ကိုဆြဲၿပီး ဘုရားအေနာက္ဘက္က လွ်ိဳထဲကိုေခၚသြားခဲ့တယ္။ ေျမသားေတြကို ေလွကားထစ္သဖြယ္ျပဳလုပ္ထားတဲ့ လူသြားလမ္းကေန နာရီဝက္‌ခန႔္ဆင္းလာၿပီးခ်ိန္မွာေတာ့ အုတ္႐ိုးအက်ိဳးအပ်က္ေတြတစ္ပိုင္းတစ္စေပၚေနတဲ့ ေနရာတစ္ခုကိုျမင္လိုက္ရတယ္။

“ ဒီေနရာက ဘာႀကီးလဲ”

“ မင္းသိခ်င္ရင္ အထဲကိုၾကည့္လိုက္”

ကြၽန္ေတာ္လဲ အုတ္က်ိဳးအပိုင္းအစေတြရွိရာကို အနီးကပ္သြားၾကည့္လိုက္ရာ ထင္းရႉးေသတၱာအလုံးေပါင္းမ်ားစြာကိုေတြ႕လိုက္ရၿပီး အခ်ိဳ႕ေသတၱာေတြထဲကေန ေဟာင္းႏြမ္းေနတဲ့ ပိုက္ဆံေတြ အျပင္ကိုထြက္က်ေနခဲ့တယ္။

“ ဘာပိုက္ဆံေတြလဲ… တစ္ခါမွလဲ မျမင္ဖူးဖူးဗ်”

“ ဘယ္ျမင္ဖူမလဲ ဒါေတြက ဂ်ပန္ေခတ္မွာသုံးတဲ့ပိုက္ဆံေတြေလ…”

“ ဟုတ္လား… ဒါဆို ဦးသံေခ်ာင္းေျပာတာမွန္ေနတာေပါ့… သူကလဲ လွ်ိဳထဲကေန ကင္ဒိုဓါးႏွစ္လက္ရခဲ့ဖူးတယ္”

ကြၽန္ေတာ္စကားေၾကာင့္ ရေသ့ႀကီးက သေဘာက်စြာရယ္ၿပီး ေဆြးေျမ့ေနတဲ့ ထင္းရႉးေသတၱာတစ္လုံးကို ေျခေထာက္နဲ႔ ကန္ခ်လိုက္ရာ အထဲကေန ကတၱီပါအစနဲ႔ပတ္ထားတဲ့ ဓါးတစ္လက္ထြက္လာခဲ့တယ္။

“ ဒီဓါးအေႏွာင့္မွာ ပတၱျမားျမဳပ္ထားတာကြ… ေတြ႕လား”

ကြၽန္ေတာ္လဲ ဓါးလက္ကိုင္အေနာက္ကိုၾကည့္လိုက္ရာ ၾကက္ေသြးေရာင္လိုနီရဲေနတဲ့ ငုံးဥအ႐ြယ္ခန႔္ရွိတဲ့ ပတၱျမားတစ္လုံးကိုျမင္လိုက္ရတယ္။

“ ဒါေတြက တန္ဖိုးမရွိတဲ့အရာေတြ… ခဏေန ဒီထက္ပိုတန္ဖိုးရွိတာေတြ႕ရလိမ့္မယ္”

ရေသ့ႀကီးက အုတ္က်ိဳးပ်က္ေတြနဲ႔ရံထားတဲ့ေနရာကို ေက်ာ္ၿပီးအေရွ႕ကိုဆက္သြားခဲ့ရာ ကန္သင္း႐ိုးလိုမို႔ေမာက္ေနတဲ့ ေျမေနရာတစ္ခုဆီကိုေရာက္လာခဲ့တယ္။

“ ေကာင္ေလး… ဒီေနရာကိုသိလား”

ရေသ့ႀကီးစကားေၾကာင့္ ကြၽန္ေတာ္လဲ ေျမဖို႔ထားသလိုျဖစ္ေနတဲ့ေဘးပတ္ပတ္လည္ကို လိုက္ၾကည့္လိုက္ရာ ၿပိဳက်လုဆဲဆဲျဖစ္ေနတဲ့ စင္တစ္ခုကိုျမင္လိုက္ရတယ္။

“ ေရခပ္စင္… အိမ္မက္ထဲမွာျမင္ရတဲ့ ေရခပ္စင္နဲ႔တူေနပါလား…”

“ တူေနတာမဟုတ္ဘူး ေကာင္ကေလး… ဒီေနရာက မင္းအိမ္မက္မက္ေနတဲ့ေနရာပဲ”

“ မျဖစ္ႏိုင္ဘူးထင္တယ္ေနာ္… ကြၽန္ေတာ္အိမ္မက္ထဲက ေရခပ္စင္ေအာက္မွာ ေၾကးတံခါးႏွစ္ခ်ပ္ရွိတယ္၊ ဒီမွာဘာမွမရွိဘူးေလ”

ကြၽန္ေတာ္စကားအဆုံးမွာရေသ့ႀကီးက လက္ကိုဆြဲၿပီး ေဆြ႕ေျမ့ကာၿပိဳက်လုဆဲဆဲျဖစ္ေနတဲ့ ေရခပ္စင္ဆီကိုေခၚသြားခဲ့တယ္။ အဲဒီအခ်ိန္ လမ္းေလ်ာက္ေနတဲ့ေျမႀကီးေတြက ပက္ၾကားအက္သလို အကြဲေၾကာင္းေတြျဖစ္လာၿပီး အထဲကေန ေရေတြပန္းထြက္လာခဲ့တယ္။

ရေသ့ႀကီးက ေရေတြထြက္လာတာျမင္ေတာ့ ဖေနာင့္နဲ႔ေျမႀကီးကိုေပါက္ခ်လိုက္ၿပီး ေတာက္ခတ္လိုက္ရာ ပန္းထြက္ေနတဲ့ေရေတြ ခ်က္ခ်င္းရပ္သြားပါေလေရာ။

“ နင္တို႔ေနရာ နင္တို႔ေနစမ္း… ငါ့ကိုလာစမ္းလို႔ကေတာ့ အကုန္ျပာက်သြားမယ္”

ရေသ့ႀကီးက ဌာန္နဲ႔မာန္နဲ႔ႀကိမ္းေမာင္းၿပီး ကြၽန္ေတာ္လက္ကိုကိုင္ကာ ေရခပ္စင္ေအာက္ေျခတည့္တည့္ကို ေလ်ာက္သြားခဲ့တယ္။

“ ေကာင္ကေလး… မင္းကိုယ္တိုင္ ဒီဖေယာင္းတိုင္ကို ထြန္းလိုက္”

ရေသ့ႀကီးက ေလးေထာင့္အင္းကြက္ေတြေရးဆြဲထားတဲ့စကၠဴနဲ႔ပတ္ထားတဲ့ဖေယာင္းတိုင္ကို ကမ္းေပးၿပီး ထြန္းခိုင္းခဲ့တယ္။ ကြၽန္ေတာ္လဲ ေျပာတဲ့အတိုင္း ဖေယာင္းတိုင္ကိုမီးညႇိလိုက္တဲ့အခ်ိန္ ေရခပ္စင္ေအာက္မွာရွိတဲ့ေျမသားေတြ တစ္လႊာခ်င္းကြာက်လာကာ အထဲကေန ေၾကးနီေရာင္တံခါးႏွစ္ခ်ပ္ေပၚလာခဲ့တယ္။

“ လက္ႏွစ္ဖက္နဲ႔ေၾကးတံခါးကိုထိလိုက္…”

ကြၽန္ေတာ္လဲ လက္ဝါးႏွစ္ဖက္ကိုေၾကးတံခါးနဲ႔ထိကပ္လိုက္ရာ ညာဘက္လက္က ေအးခနဲျဖစ္သြားၿပီး ဘယ္ဘက္လက္ကမီးခဲကိုကိုင္ရသလိုပူခနဲျဖစ္သြားခဲ့တယ္။

“ အား… ပူတယ္… ပူတယ္ဗ်”

“ မျဖစ္ႏိုင္တာ… တံခါးကပြင့္ရေတာ့မွာေလ.. ဟိုေကာင္ေလး ေနာက္တစ္ခါ ထပ္ကပ္စမ္း”

“ လက္မွာအရည္ၾကည္ဖုေတာင္ထလာတာေလ‌ဗ်ာ၊ ထပ္မလုပ္ရဲေတာ့ဘူး”

ကြၽန္ေတာ္စကားေၾကာင့္ ရေသ့ႀကီးက ထိုင္ခ်လိုက္ၿပီး

“ မင္းငါ့ကို မေျပာပဲခ်န္ထားတာဘာရွိေသးလဲ”

“ မရွိပါဘူး… အမွန္တိုင္းေျပာျပခဲ့တာပဲေလ”

“ မဟုတ္ဘူး… မင္းက ညာဘက္တံခါးကိုပဲ ဖြင့္လို႔ရတယ္၊ ဘယ္ဘက္တံခါးဖြင့္မယ့္လူ လိုေနေသးတယ္… ဟာကြာ”

ရေသ့ႀကီးက ေဒါသတစ္ႀကီးနဲ႔ ေျမျပင္ကို လက္ဝါးနဲ႔႐ိုက္ခ်လိုက္ရာ လက္ေမာင္းအရင္းကေန နီရဲေနတဲ့ အလင္းေတြျဖာထြက္လာခဲ့တယ္။

“ ထစမ္း… တံခါးဖြင့္မယ့္ေနာက္တစ္ေယာက္မရေသးသေ႐ြ႕ မင္းငါ့ဆီကေန ဘယ္မွထြက္သြားဖို႔မစဥ္းစားနဲ႔”

“ ဘရေသ့ … ကြၽန္ေတာ္ထြက္မေျပးပါဘူး… အိမ္ကိုေတာ့ျပန္ .. ရ….”

ကြၽန္ေတာ္စကားမဆုံးခင္မွာပဲ မ်က္ခြံေတြေလးလံလာၿပီး တစ္ကိုယ္လုံးေပ်ာ့ေခြသြားတာကို ေနာက္ဆုံးသတိရလိုက္တယ္။
++++++++

လကြယ္ေန႔ည

မဟူရာေရာင္ပိန္းထေနတဲ့ ညအခ်ိန္အခါမွာ လူတစ္ေယာက္ ႐ြာလမ္းမႀကီးအတိုင္း ေလ်ာက္ဝင္လာခဲ့တယ္။

“ အူး ဝူး ဝူး ဝူး”

႐ြာထိပ္ဇရပ္ေအာက္မွာ အိပ္ေနတဲ့ ေခြးတစ္ေကာင္ရဲ႕ စြဲစြဲငင္ငင္အူသံေၾကာင့္ လမ္းေလ်ာက္လာတဲ့သူက ေတာက္တစ္ခ်က္ခတ္ၿပီး ‌ဖေနာင့္ေပါက္လိုက္ရာ အူေနတဲ့ေခြးက အျမႇီးကုပ္ကာ ဇရပ္ေအာက္ထဲကို ျပန္ဝင္သြားခဲ့တယ္။

အေမွာင္ထုထဲမွာ လမ္းေလ်ာက္လာတဲ့သူက အိမ္တစ္အိမ္ေရွ႕ကိုေရာက္ေတာ့ ေရွ႕ဆက္မသြားေတာ့ပဲရပ္လိုက္ၿပီး ၿခံစည္း႐ိုးကိုတြန္းဖြင့္ကာ ဝင္လာခဲ့လိုက္တယ္။

ေလွကားရင္းကိုေရာက္ေတာ့ မင္းတုန္းခ်ထားတဲ့ တံခါးေရွ႕မွာရပ္ၿပီး မႏၲာန္တစ္ခုကို႐ြတ္ဖတ္လိုက္ရာ “ ေခ်ာက္” ဆိုတဲ့အသံနဲ႔အတူ တံခါးမႀကီးကအလိုလိုပြင့္ထြက္သြားခဲ့တယ္။

အိမ္ထဲမွာေတာ့ ေရနံဆီမီးအိမ္အလင္းေရာင္ မွိန္ျပျပထြက္ေပၚေနၿပီး လင္မယားႏွစ္ေယာက္ အိပ္ေမာက်ေနတာကိုျမင္ေတြ႕လိုက္ရတယ္။

“ အခုခ်ိန္ကစၿပီး နင္တို႔ႏွစ္ေယာက္က ငါေမးတာကို အမွန္တိုင္းေျဖၾက… ကဲ ထၾကေတာ့ ထၾကေတာ့”

ရွည္လ်ားတဲ့လက္ညိဳးသြယ္သြယ္နဲ႔ ထိုးၿပီးေျပာလိုက္ရာ အိပ္ေပ်ာ္ေနတဲ့ လင္မယားႏွစ္ေယာက္ ငူငူငိုင္ငိုင္နဲ႔ ျခင္ေထာင္အျပင္ကို ထြက္လာခဲ့ၾကတယ္။

“ နင္တို႔မွာ သားသမီး ဘယ္ႏွစ္ေယာက္ရွိလဲ”

“ ႏွစ္ေယာက္ရွိပါတယ္”

“ ငါျမင္တာ တစ္ေယာက္ပဲရွိတယ္.. ေနာက္တစ္ေယာက္ကဘယ္မွာလဲ”

“ မသိပါဘူး”

“ ဘာကိစၥမသိရတာလဲ ကိုယ့္ကေလး ဘယ္မွာဆိုတာ မသိတဲ့မိဘရွိေသးလို႔လား”

“ သားႀကီးက သုံးႏွစ္အ႐ြယ္မွာ ပြဲခင္းထဲေပ်ာက္သြားခဲ့တာ အခုထိျပန္မေတြ႕ဘူး”

“ ကေလးေတြက အမႊာလား”

“ ဟုတ္ပါတယ္”

“ အခုကစၿပီး နင္တို႔ရဲ႕ သားငယ္ကို ငါခဏေခၚထားတယ္…အခ်ိန္တန္ရင္ျပန္လႊတ္ေပးလိုက္မယ္ စိတ္ပူမေနနဲ႔”

မုတ္ဆိတ္က်င္စြယ္ေတြရွည္လ်ားစြာေပါက္ေနတဲ့ လူက ေရွ႕မွာထိုင္ေနတဲ့ လင္မယားႏွစ္ေယာက္ရဲ႕ မ်က္ႏွာကို လက္နဲ႔သပ္ခ်ၿပီး အိမ္ေပၚကေန ျပန္ဆင္းသြားခဲ့တယ္။

+++++

“ အ.အ.အ.အ”

ေခါင္းေပၚကေန ေအာ္ျမည္ေနတဲ့ က်ီးအာသံေၾကာင့္ ေအာင္ျမတ္သာတစ္ေယာက္ ေခါင္းေမာ့ကာ လွမ္းၾကည့္လိုက္တယ္။

“ ဘာအေရးကိစၥေပၚျပန္ပီလဲမသိဘူး…”

ခြန္းလွက တိရိစာၦန္ေတြရဲ႕ သေဘာသဘာဝကို အတန္သင့္နားလည္တာေၾကာင့္ ေဘးမွာထိုင္ေနတဲ့ ေမာင္ေကာင္းကို တီးတိုးလွမ္းေျပာလိုက္တယ္။ ခဏေနေတာ့ ေအာင္ျမတ္သာက ထိုင္ရာကေန ထလာၿပီး

“ ခုနကလာတဲ့လမ္းမွာ ေညာင္မုတ္ဆိတ္ပင္တစ္ပင္ကို သတိထားမိတယ္မဟုတ္လား”

“ အလယ္မွာ လူတစ္ကိုယ္ဝင္ေပါက္ရွိတဲ့ ေညာင္ပင္ကိုေျပာတာလားဆရာ”

“ ဟုတ္တယ္.. အဲဒီေညာင္ပင္မွာ ဖိုးၾကာပန္းဆိုတဲ့ ပုဂၢိဳလ္တစ္ပါးေစာင့္ေနတယ္လို႔ စကားပါးလိုက္တယ္၊ ဘာကိစၥလဲမသိေပမယ့္ အေရးႀကီးမယ့္ပုံပဲ”

ေအာင္ျမတ္သာတို႔လဲ ေရွ႕ကိုလွမ္းေနတဲ့ေျခလွမ္းေတြကိုျပန္႐ုတ္ၿပီး ေညာင္ပင္ရွိရာအရပ္ကို ျပန္လာခဲ့လိုက္တယ္။

အတန္ၾကာေလ်ာက္လာၿပီးခ်ိန္မွာေတာ့ လူႏွစ္ဖက္စာမွ်ႀကီးမားတဲ့ ေညာင္မုတ္ဆိတ္ပင္ေအာက္ကိုေရာက္လာခဲ့ၾကတယ္။

အဲဒီအခ်ိန္ ဆြတ္ဆြတ္ျဖဴေနတဲ့ဆံပင္ကို ေသ်ာင္တစ္ေစာင္းထုံးထားၿပီး ႏြယ္ေတြရစ္ပတ္ေနတဲ့ တုတ္တစ္ေခ်ာင္းကိုင္ထားတဲ့ အဖိုးအိုတစ္ေယာက္ ေညာင္ပင္အေနာက္ကေန ထြက္လာခဲ့တယ္။

“ သင္က ဖိုးၾကာပန္းလား”

“ ဟုတ္ပါတယ္ဆရာ… အဖိုးက ဒီေညာင္ပင္ကေန ဘယ္မွသြားလို႔မရတာေၾကာင့္ ဆရာတို႔ဆီမလိုက္လာႏိုင္တာ ခြင့္လႊတ္ေပးပါ”

“ ဒါနဲ႔ ဘာအေရးကိစၥရွိလို႔လဲ”

“ အကူအညီေတာင္းမလို႔ပါဆရာ”

“ က်ဳပ္တို႔ကူညီႏိုင္ရင္ ကူညီေပးပါ့မယ္… ဘယ္လိုကိစၥလဲဆိုတာေျပာျပပါ”

“ အရမ္းအစြမ္းထက္တဲ့ဆရာတစ္ေယာက္ေၾကာင့္ ၾကာပန္းရတနာသိုက္တံခါးပြင့္ေတာ့မယ္၊ သူအႀကံအစည္မေအာင္ျမင္‌ႏိုင္ဖို႔ ဆရာတို႔ ကူညီေပးပါလို႔ ေတာင္းဆိုပါတယ္”

“ ၾကာပန္းရတနာသိုက္ ဟုတ္လား…”

“ ဟုတ္ပါတယ္… လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာထဲက အဖိုးကိုယ္‌တိုင္ေစာင့္ၾကပ္ခဲ့တဲ့ရတနာသိုက္တစ္ခုပါ ဆရာ”

“ အဖိုးက သိုက္မွာရွိမေနပဲ ဘယ္လိုေၾကာင့္ ဒီေညာင္ပင္ဆီေရာက္ေနရတာလဲ”

“ ဆရာတို႔နားလည္ေအာင္ေျပာရရင္ သိုက္ထဲကေန လူ႔ျပည္ကိုသြားလည္ခ်င္တဲ့ ညီအစ္ကိုႏွစ္ေယာက္ကို အလိုလိုက္ခဲ့မိလို႔ သိုက္ခ်ဳပ္အဖိုးက ဒီေနရာမွာေနဖို႔ အျပစ္ဒဏ္ခ်ထားခဲ့တာ”

“ အခုေရာ သိုက္တံခါးပြင့္သြားၿပီလား”

“ မပြင့္ေသးဘူးဆရာ… ၾကာပန္းရတနာသိုက္က လူ႔ျပည္ကိုေရာက္ေနတဲ့ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ လက္နဲ႔ထိမွပြင့္မွာပါ၊ ဒါေပမယ့္ သိုက္ဆရာဆီမွာ ညီျဖစ္သူရွိေနတယ္၊ မၾကာခင္ အကိုျဖစ္သူလဲ သူ႔ဆီေရာက္ရေတာ့မယ္လို႔ သိရတယ္၊ ညီအစ္ကိုႏွစ္ေယာက္လုံးသူ႔ဆီေရာက္သြားရင္ သိုက္ထဲမွာရွိတဲ့ ပတၱျမားမ်က္ရွင္က မသမာသူလက္ထဲပါသြားေတာ့မွာ”

“ ပတၱျမားမ်က္ရွင္ကိုလိုခ်င္လို႔ သူက သိုက္တံခါးကိုဖြင့္မယ္လို႔ဆိုလိုတာလား”

“ ဟုတ္တယ္ ဆရာ… ပတၱျမားမ်က္ရွင္ကို ငုံထားရင္ ေျမလွ်ိဳးမိုးပ်ံႏိုင္တဲ့အစြမ္းရွိတယ္”

“ ဒါျဖင့္ က်ဳပ္တို႔က သိုက္တံခါးမပြင့္ေအာင္ ဘယ္လိုကူညီေပးရမလဲ”

“ ညီအစ္ကိုႏွစ္ေယာက္ထဲက အကိုျဖစ္သူကို သိုက္ဆရာလက္ထဲမပါေအာင္ ေစာင့္ေရွာက္ေပးပါ၊ သူရွိတဲ့ေနရာကိုလဲ အဖိုး လမ္းၫႊန္ေပးပါမယ္”

ဖိုးၾကာပန္းစကားေၾကာင့္ ေအာင္ျမတ္သာက သက္ျပင္းရွည္တစ္ခ်က္ကို ခ်ကာ ေခါင္းညိမ့္ျပလိုက္တယ္။
+++++++

ေနက ျခစ္ျခစ္ေတာက္ ပူျပင္းေနတဲ့အခ်ိန္ စပါးေတြတင္လာတဲ့ ကားတစ္စီး ဂိုေဒါင္ေရွ႕ကို ဆိုက္ေရာက္လာခဲ့တယ္။

“ စပါးကားေရာက္ပီေဟ့… နားေနတဲ့သူေတြ လာၾကဟ”

အလုပ္သမားေခါင္းေဆာင္ျဖစ္သူရဲ႕အသံေၾကာင့္ စပါးခြံအိတ္ေပၚမွာ အိပ္ေနတဲ့ ေမာင္ကံတစ္ေယာက္ လူးလဲထလိုက္တယ္။

“ ကိုအံ့ႀကီး စပါးကားက ဒီတစ္စီးေနာက္ဆုံးပဲလား”

“ ေနာက္ဆုံးထင္တာပဲ… ဘာျဖစ္လို႔လဲ”

“ အိမ္မွာ အေဖေနမေကာင္းဘူးဗ်… ဒါေၾကာင့္ အရမ္းေနာက္က်မွာစိုးလို႔”

“ ဒါေနာက္ဆုံးပဲ… ေနာက္မက်ဘူးစိတ္ခ်”

ေမာင္ကံလဲ ကိုအံ့ႀကီး ပင့္ေပးတဲ့ စပါးအိတ္ကို ပခုံးေပၚထမ္းတင္ၿပီး ဂိုေဒါင္ထဲဝင္သြားခဲ့လိုက္တယ္။

“ ေမာင္ကံ…”

“ ဗ်ာ… ဆရာ”

“ ၿခံေရွ႕မွာ အလႉခံေရာက္ေနတယ္ထင္တယ္… ဆန္သြားေလာင္းလိုက္ဦး”

ဆိုင္ရွင္ျဖစ္သူရဲ႕စကားေၾကာင့္ ဆန္အခ်ိဳ႕ကိုေကာ္ခြက္နဲ႔ခပ္ၿပီး ၿခံေရွ႕ကိုထြက္လာခဲ့ရာ ဆံပင္ရွည္ရွည္ ညႇင္းသိုးသိုး႐ုပ္ေပါက္ေနတဲ့ ရေသ့တစ္ပါးကိုျမင္လိုက္ရတယ္။

“ ေမာင္ရင္နာမည္က ေမာင္ကံလား”

“ ဟုတ္ပါတယ္… ကြၽန္ေတာ္ကိုသိေနတာလား”

ေမာင္ကံ စကားေၾကာင့္ ရေသ့က အနည္းငယ္ၿပဳံးလိုက္ၿပီး

“ ေမာင္ရင္ သိတာထက္ပိုသိပါတယ္… ဒီရက္ပိုင္းထဲ ၾကာဖူးၾကာပြင့္ေတြနဲ႔လွပေနတဲ့ ေရကန္တစ္ခုအေၾကာင္း အိမ္မက္မက္တယ္ မဟုတ္လား”

“ ဟ… အဲဒါလဲ သိျပန္ၿပီလား… မဟုတ္မွလြဲေရာ အၾကားအျမင္မ်ားရေနတဲ့ ရေသ့မ်ားလား”

“ ေမာင္ရင္နဲ႔ပတ္သတ္တာေတြထဲ အျခားသိခ်င္တာမ်ားရွိရင္ ေဈးေရွ႕က ကင္းတဲကိုလာခဲ့၊ ဘရေသ့ အကုန္ေျပာျပမယ္”

ေမာင္ကံလဲ ေၾကးစည္ကို တေနာင္ေနာင္ထုကာ ထြက္သြားတဲ့ ရေသ့ရဲ႕ေနာက္ေက်ာကို အံ့ဩစြာ‌ေငးၾကည့္ေနခဲ့မိတယ္။

အဆိုပါျမင္ကြင္းကို မလွမ္းမကမ္းမွာရွိတဲ့ အေၾကာ္တဲထဲကေန လူသုံးေယာက္လွမ္းၾကည့္ေနတာကိုေတာ့ ေမာင္ကံတစ္ေယာက္ သတိမထားမိခဲ့ေပ။
+++++++

ညေနအလုပ္သိမ္းတာေစာတာမို႔ ေမာင္ကံလဲ အိမ္ကိုမျပန္ေသးပဲ ေဈးေရွ႕က ကင္းတဲရွိရာဘက္ကိုထြက္လာခဲ့လိုက္တယ္။ ကင္းတဲေရွ႕ကိုေရာက္ေတာ့ ေဒါက္ခ်ာကိုေဘးမွာ ခ်ၿပီးထိုင္ေနတဲ့ ရေသ့ကိုျမင္ေတြ႕လိုက္ရတယ္။

“ ေမာင္ရင္လာမယ္ဆိုတာ သိေနလို႔ အလႉခံထားတဲ့ထဲက အခ်ိဳရည္ဘူးေတြခ်န္ထားေပးတယ္.. ေရာ့ အေမာေျပေသာက္လိုက္”

ေမာင္ကံလဲ ကမ္းေပးလာတဲ့ အခ်ိဳရည္ဘူးကို ဖြင့္ကာေမာ့ေသာက္လိုက္ၿပီး

“ ဘရေသ့က က်ဳပ္အိမ္မက္မက္တာ ဘယ္လိုသိေနတာလဲ”

“ လူတစ္ေယာက္အေၾကာင္းသိဖို႔က ဘရေသ့အတြက္ မခက္ပါဘူး…အခု မင္းအိတ္ထဲမွာ ပိုက္ဆံဘယ္ေလာက္ပါတယ္ဆိုတာေျပာျပရမလား”

“ တယ္ဟုတ္ပါလား… ဒါဆိုလဲေျပာျပဗ်ာ”

“ အိမ္း… ငါးဆယ္တန္က ႏွစ္႐ြက္၊ ႏွစ္ရာတန္က တစ္႐ြက္၊ ငါးရာတန္က ႏွစ္႐ြက္၊ ေနဦး ႏွစ္ဆယ္တန္အၿပဲေလးတစ္႐ြက္ပါေသးတယ္”

ေမာင္ကံလဲ အိတ္ကပ္ထဲကပိုက္ဆံေတြကို ထုတ္ၾကည့္လိုက္ရာ ဘရေသ့ေျပာတဲ့အတိုင္း မွန္ေနတာကိုျမင္လိုက္ရတယ္။

“ ကြက္တိပဲဗ်ိဳ႕… ဘရေသ့က တကယ္ဆို ေဗဒင္တြက္ရမွာ”

ေမာင္ကံ စကားအဆုံးမွာ ေခါင္းထဲမိုက္ခနဲျဖစ္လာၿပီး အေရွ႕မွာထိုင္ေနတဲ့ ရေသ့ဆီကေန မႏၲာန္လိုလို ဂါထာလိုလို႐ြတ္ဖတ္သံၾကားလိုက္ရတယ္။

“ ဘရေသ့… ကြၽန္ေတာ္ ဘာျဖစ္တာလဲ… ေခါင္းေတြခ်ာခ်ာလည္ေနတယ္ဗ်”

ေမာင္ကံ အေနနဲ႔ သူ႔ကိုခပ္ၿပဳံးၿပဳံးစိုက္ၾကည့္ေနတဲ့ ဘရေသ့မ်က္ႏွာကို ေနာက္ဆုံးျမင္လိုက္ရၿပီး ကင္းတဲေပၚမွာ သတိလစ္လဲက်သြားခဲ့တယ္။

မၾကာခင္ ေမာင္ကံ တစ္ေယာက္ ကင္းတဲကေန ေၾကးစည္ထုၿပီး ထြက္သြားခဲ့သလို သူ႔အေနာက္မွာေတာ့ ေဒါက္ခ်ာေဆာင္းထားၿပီး ျခင္းတစ္လုံးပိုက္ထားတဲ့ရေသ့တစ္ပါး လိုက္ပါသြားခဲ့တယ္။

ဒီအျဖစ္အပ်က္ကိုျမင္တဲ့ ေမာင္ေကာင္းက

“ ဆရာ … ဟိုေကာင္ေလးကို သြားမကယ္ဘူးလား”

“ အခုေန ႐ုပ္လုံးထြက္ျပရင္ က်န္တဲ့တစ္ေယာက္ကို ဘယ္ေတာ့မွေတြ႕ရမွာမဟုတ္ေတာ့ဘူး၊ မင္းတို႔ႏွစ္ေယာက္ သူ႔အေနာက္ကေန မသိမသာလိုက္သြား… မၾကာခင္ ငါလိုက္လာခဲ့မယ္”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ႏွစ္ေယာက္ သာမန္ခရီးသြားေတြလို ဟန္ေဆာင္ၿပီး အေနာက္ကေန လိုက္လာခဲ့ၾကရာ ညသန္းေခါင္အခ်ိန္ကိုေရာက္လာခဲ့တယ္။

“ ဆရာက ဘယ္ေရာက္သြားတာလဲမသိဘူး”

“ ကိစၥရွိလို႔ေနမွာေပါ့ကြာ… အေၾကာင္းမဲ့ေတာ့ သြားမွာမဟုတ္ဘူး”

ေမာင္ေကာင္းက ေျပာေနရင္း အေနာက္ဘက္ကို မ်က္စပစ္ျပလိုက္တဲ့အတြက္ ခြန္းလွကမသိမသာလွည့္ၾကည့္လိုက္ရာ အေမႊးရွည္ေတြက်ိဳးတိုးက်ဲတဲေပါက္ေနတဲ့သရဲတစ္ေကာင္ကိုျမင္လိုက္ရတယ္။

မၾကာခင္အခ်ိန္တြင္းမွာပဲ ဇရပ္ေပၚမွာ နားေနတဲ့ရေသ့က ေမာင္ေကာင္းတို႔ရွိတဲ့ဘက္ကို တစ္ခ်က္မွ် ေစာင္းငဲ့ၾကည့္လိုက္ၿပီး ႀကိမ္ျခင္းေတာင္းထဲကေန လက္တစ္ဆစ္သာသာရွိတဲ့ အ႐ုပ္ႏွစ္႐ုပ္ကို ထုတ္ယူကာ ဇရပ္ၾကမ္းျပင္ေပၚမွာ ခ်ထားလိုက္တယ္။

“ ဒီလူ ဘာေတြလုပ္ေနျပန္ပီလဲမသိဘူး”

ေမာင္ေကာင္းက တီးတိုးေရ႐ြတ္ၿပီး ေစာင့္ၾကည့္ေနတဲ့အခ်ိန္

“ ခိုးေၾကာင္ခိုးဝွက္လုပ္ေနတဲ့သူေတြကို ဂုတ္ကေနဆြဲၿပီး ေခၚလာစမ္း”ဆိုတဲ့အသံနဲ႔အတူ အ႐ုပ္ႏွစ္႐ုပ္က တစ္ေျဖးေျဖးႀကီးလာၿပီး ကုန္းထလာခဲ့တယ္။

“ အကို… ဟိုလူသိသြားၿပီထင္တယ္”

“ ေအး… ငါလဲ အဲလိုပဲထင္တယ္”

“ ဒါဆိုလဲ ျခင္ကိုက္ခံၿပီးမေနေတာ့ဘူး … အျပင္ထြက္ေတာ့မယ္”

ခြန္းလွက ပုန္းေနရာကေန ဝုန္းခနဲထရပ္လိုက္ေတာ့ ေမာင္ေကာင္းပါမေနသာေတာ့ပဲ ေရွ႕ကိုထြက္လာရေတာ့တယ္။

အဲဒီအခ်ိန္ ဇရပ္ေပၚကေန ဆင္းလာတဲ့ ဘီလူးလိုလို တေစၦလိုလိုႏွစ္ေကာင္က ေမာင္ေကာင္းတို႔ကိုျမင္ေတာ့ ‌ေၾကာက္မယ္ဖြယ္ေအာ္သံေပးၿပီး ေျပးဝင္လာခဲ့တယ္။

“ ဒီေကာင္ေတြမို႔ အေၾကာက္အလန႔္မရွိကြာ”

ေမာင္ေကာင္းကစုတ္တစ္ခ်က္သပ္ၿပီး လက္ညိဳးထိုးကာ ေဘးကို ဆြဲဖယ္လိုက္တဲ့အခ်ိန္ တေစၦႏွစ္ေကာင္ ဝုန္းခနဲလြင့္ထြက္သြားခဲ့တယ္။

“ မင္းတို႔ပညာကမေသးဘူးပဲ… ငါ့တပည့္ႏွစ္ေကာင္ကို လက္ညိဳးနဲ႔ဆြဲပစ္ႏိုင္တာကိုေတာ့ ခ်ီးက်ဴးရမယ္”ဆိုတဲ့အသံနဲ႔အတူ ဇရပ္ေပၚကေန ဆင္းလာတဲ့ ရေသ့ကိုျမင္လိုက္ရတယ္။

“ ေဟ့လူ.. ခင္ဗ်ားက ဖန္ရည္ဆိုးသကၤန္းနဲ႔မတန္ဘူး ခြၽတ္ပစ္လိုက္စမ္းပါဗ်ာ”

“ ဟက္ဟက္… ငါရေသ့မဟုတ္မွန္းလဲသိေနပါေရာလား၊ ဒါနဲ႔ မင္းတို႔က ဘာကိစၥနဲ႔ ငါ့အေနာက္ကို လိုက္ေနရတာလဲ”

“ ခင္ဗ်ား လုပ္ရပ္ေတြကို တားဖို႔လို႔ေျပာရမလားပဲ”

“ မင္းတို႔က ငါ့ကိုတားမယ္ေပါ့… ဒါျဖင့္ ရေအာင္ တားၾက ဟက္ဟက္ဟက္”

ရေသ့အျဖစ္ဟန္ေဆာင္ထားတဲ့သူက ဖားလ်ားက်ေနတဲ့ဆံပင္ကို ထုံးလိုက္ၿပီး သကၤန္းစကိုဆြဲဖယ္လိုက္ရာ တစ္ကိုယ္လုံး အင္းစမေတြစာနီေတြေရးထိုးထားတာကိုျမင္လိုက္ရတယ္။

“ ခြန္းလွ … ငါတစ္ခုခုျဖစ္ရင္ မင္းေတာ့ လြတ္ေအာင္ေျပး… ၾကားလား”

“ ဘာလို႔ေျပးရမွာလဲ… ႏွစ္ေယာက္တူတူရင္ဆိုင္ၾကမယ္ေလဗ်ာ”

“ ငါတို႔က ႏွစ္ေယာက္ သူကတစ္ေယာက္ဆို ဘယ္မွ်တပါ့မလဲ… ငါတို႔က မွ်တၿပီးသမာသမတ္က်တဲ့သူေတြမဟုတ္လား”

ေမာင္ေကာင္းစကားေၾကာင့္ ခြန္းလွက အေနာက္ကိုဆုတ္လိုက္တဲ့အခ်ိန္ အနားမွာရွိတဲ့ ၿခဳံပုတ္ထဲကေန အေမႊးရွည္ေတြ က်ိဳးတိုးက်ဲတဲေပါက္ေနတဲ့ လက္တစ္ဖက္ထြက္လာတာေၾကာင့္

“ မင္းလား သတင္းေပးတဲ့ေကာင္”ဆိုၿပီး ဖေနာင့္နဲ႔ေပါက္ခ်လိုက္ရာ ဟိုေကာင္ခဗ်ာ ငယ္သံပါေအာင္ေအာ္ၿပီး အေမွာင္ထဲဝင္ေျပးသြားခဲ့တယ္။

ေမာင္ေကာင္းကေတာ့ မတ္တပ္ရပ္ေနတဲ့ ေနရာမွာပဲ စည္းတားလိုက္ၿပီး မိမိကိုယ္ကိုအရင္ကာကြယ္ထားလိုက္တယ္။

“ ေဟ့ေကာင္ေလး… အားလုံးၿပီးရင္ေျပာ… ငါ့ကေလးေတြက အသင့္ျဖစ္ေနၿပီ”

“ က်ဳပ္က အဆင္သင့္ပဲ… ခင္ဗ်ား ေမြးထားတဲ့ေကာင္ေတြ လႊတ္လို႔ရၿပီ”

“ ဒါဆိုရင္ လာၿပီေနာ္… သတိ‌ထားေတာ့”

အေပၚပိုင္းဗလာက်င္းထားတဲ့လူက ေျမႀကီးေပၚတံေတြးေထြးၿပီး ဖေနာင့္နဲ႔ေပါက္ခ်လိုက္ရာ လူ႐ိုးႏွစ္ေခ်ာင္းကို တစ္ဖက္စီကိုင္ထားတဲ့ လူဝံလိုလို ေမ်ာက္ဝံလိုလိုေကာင္ေပၚလာခဲ့တယ္။

“ အေဖ့သားႀကီး… အေရွ႕မွာရပ္ေနတဲ့ ဆရာေပါက္စရဲ႕လည္ေခ်ာင္းေသြးကိုေဖာက္ထုတ္ပစ္စမ္း” လို႔ေျပာလိုက္ရာ မဲမဲဝဝအေကာင္ႀကီးက လက္ထဲကိုင္ထားတဲ့အ႐ိုးနဲ႔ ဝင္႐ိုက္ပါေလေရာ။

ဒါေပမယ့္ အနားကိုမေရာက္ခင္မွာပဲ လူတစ္ေယာက္ခန႔္ရွိတဲ့ မီးေတာက္ေတြထြက္လာတာေၾကာင့္ အေနာက္ကိုျပန္ဆုတ္သြားခဲ့တယ္။

“ အေရွ႕ကိုတိုးစမ္း… ဒီေကာင္က မင္းေၾကာက္ေအာင္ လွန႔္ေနတာ”

“ ေဟ့လူ ခင္ဗ်ားေမြးထားတဲ့ေကာင္ကလဲ ေပါေတာေတာႀကီးဗ်ာ… တကယ္ဆို အခုလိုျဖစ္ေနရမွာဗ်”

ေမာင္ေကာင္းက ဂုမာၻန္အင္းကို လက္ဝါးေပၚ႐ိုက္ခ်ၿပီး အသက္သြင္းလိုက္ရာ မာန္ထန္အျပည့္ပါတဲ့႐ုပ္သြင္နဲ႔ ဂုမာၻန္တစ္ေကာင္ ခုန္ထြက္လာခဲ့တယ္။

ဆြတ္ဆြတ္ျဖဴေနတဲ့အစြယ္၊ျပဴးက်ယ္တဲ့မ်က္လုံး၊ တုတ္ခိုင္တဲ့ခႏၶာကိုယ္ပါတဲ့ အင္းေစာင့္ဂုမာၻန္က လူ႐ိုးႏွစ္ေခ်ာင္းကိုင္ထားတဲ့ေကာင္ကို ေျခေထာက္ကေန ဆြဲကိုင္ၿပီး ေဘးမွာရွိတဲ့ သစ္ပင္နဲ႔ဆြဲဖြတ္ပါေလေရာ။

“ ေအာင္မေလး ေသပါၿပီဗ်… ဆရာ .. ကူညီပါဦး”

ငယ္သံပါေအာင္ေအာ္ၿပီး အကူအညီေတာင္းတဲ့အသံေၾကာင့္ လက္ထဲကိုင္ထားတဲ့ ေဆးနီလုံးနဲ႔ေပါက္လိုက္ရာ ဂုမာၻန္ႀကီးလဲ ဝုန္းခနဲ လြင့္ထြက္ၿပီး အနားမွာရွိတဲ့ သစ္ပင္ေျခရင္းမွာ ဒူးေထာက္လ်က္လဲက်သြားခဲ့တယ္။

အဲဒီအခ်ိန္ ခြန္းလွရဲ႕ ေက်ာဘက္ကေန လမ္းေလ်ာက္လာတဲ့ ေျခသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ ဆရာျဖစ္သူကိုျမင္လိုက္ရတယ္။

“ ဆရာ… ဘယ္ကေန ဘယ္လို”

“ မင္းတို႔နဲ႔ သူ႔ကိုအာ႐ုံလႊဲထားမွ ဖမ္းထားတဲ့ လူငယ္ကို ကယ္လို႔ရမွာမဟုတ္လား”

“ ေတာ္ေသးတာေပါ့ဗ်ာ… ဒါနဲ႔ ဟိုလူကို ဆရာဆုံးမမွရမယ္ထင္တယ္”

“ ေမာင္ေကာင္းက ဒီလမ္းကိုေ႐ြးထားတာမို႔ သူစတဲ့ဇာတ္ သူႏိုင္ေအာင္ကပါလိမ့္မယ္”

ခြန္းလွလဲ ဆရာျဖစ္သူစကားေၾကာင့္ ေမာင္ေကာင္းေရွ႕မွာရပ္ေနတဲ့သူကိုၾကည့္လိုက္ရာ သူ႔ရဲ႕မ်က္လုံးႏွစ္လုံးက မီးက်ီခဲလိုရဲရဲနီလာၿပီး မ်က္လုံးထဲကေန အခိုးေငြ႕ေတြထြက္လာတာကိုျမင္လိုက္ရတယ္။ အဲဒီအခ်ိန္ သူ႔ပါးစပ္ကေန ဂါထာတစ္ပုဒ္ကို ဌာန္နဲ႔မာန္နဲ႔႐ြတ္ဆိုလိုက္ရာ ေျမႀကီးထဲကေန ေခါင္းမွာအေမာက္ပါတဲ့ လူနီေလးတစ္ေယာက္ ခုန္ထြက္လာၿပီး မ်က္စိေရွ႕မွာတင္ အရပ္ကတစ္ေျဖးေျဖးရွည္ထြက္လာခဲ့တာ ေပႏွစ္ဆယ္ေလာက္ထိျမင့္တက္လာခဲ့တယ္။

ေမာင္ေကာင္းလဲ အကာအကြယ္အေနနဲ႔ ဂိုဏ္းေအာက္နတ္ျဖစ္တဲ့ ေျခဖဝါးသုံးေတာင္ကိုပင့္ဖိတ္လိုက္ရာ “ဝုန္း”ဆိုတဲ့အသံနဲ႔အတူ ထန္းပင္တစ္ပင္အျမင့္ေလာက္ရွိတဲ့ လူထြားႀကီးတစ္ေယာက္ ေပၚလာကာ အေမာက္ပါတဲ့လူနီနီႀကီးကို ေျခေထာက္နဲ႔ဖိနင္းထားလိုက္တယ္။

“ ေဟ့လူ အရႈံးေပးၿပီလား”

ေမာင္ေကာင္းရဲ႕စကားသံေၾကာင့္ ေဒါသူပုန္ထေနတဲ့ ဆရာျဖစ္သူက လက္ခေမာင္းကို ေျဖာင္းခနဲျမည္ေအာင္ခတ္လိုက္ၿပီး ခုန္လိုက္ရာ ဆယ္ေပေလာက္ျမင့္တက္သြားခဲ့တယ္။

“ ဒီလူ အာဠာဝကလဲေအာင္ထားပါလား”

ေမာင္ေကာင္း တအံ့တဩေရ႐ြတ္လိုက္တဲ့အခ်ိန္ ေဆးထေနတဲ့လူက ဖ်တ္ခနဲအနားကိုေရာက္လာၿပီး လည္ပင္းကိုဆုပ္ကိုင္လိုက္ေပမယ့္ မီးက်ီခဲကိုကိုင္ရသလိုပူေလာင္လာသလို မျမင္ရတဲ့တြန္းကန္အားတစ္ခုက အျပင္ကို တြန္းထုတ္တာခံလိုက္ရတယ္။

“ အခုထိအရႈံးမေပးေသးဘူးလား”

“ မေပးဘူး… ပညာခ်င္းမႏိုင္ရင္ လူခ်င္းတိုက္မယ္”

“ ခင္ဗ်ားက အေတာ္ေခါင္းမာတဲ့လူပဲ…”

ေမာင္ေကာင္းတစ္ေယာက္ စိတ္ပ်က္စြာေရ႐ြတ္လိုက္တဲ့အခ်ိန္ အေမွာင္ထုထဲကေနၾကည့္ေနတဲ့ ေအာင္ျမတ္သာ ေရွ႕ကိုထြက္လာၿပီး

“ ဒီလူရဲ႕ ပညာစဥ္ေတြကို ဖ်က္စီးမွရေတာ့မယ္… ဒီလူက ငါတို႔ခြင့္လႊတ္ေပးလို႔ရတဲ့လူစားမဟုတ္ဘူး” လို႔ေျပာလိုက္တာေၾကာင့္ ေမာင္ေကာင္း မ်က္ႏွာ ဝင္းခနဲျဖစ္သြားခဲ့တယ္။

“ ဆရာ… ေရာက္ေနတာၾကာပီလား”

“ မင္းတို႔ ပညာစၿပိဳင္ထဲကဆိုပါေတာ့…”

“ အခု ဒီလူကိုဘယ္လိုလုပ္ရမလဲ”

ေမာင္ေကာင္း စကားေၾကာင့္ ေအာင္ျမတ္သာက ပညာဖ်က္အင္းကို အသက္သြင္းၿပီး ဒူးေထာက္လ်က္သားျဖစ္ေနတဲ့လူရဲ႕ငယ္ထိပ္မွာ ဖိကပ္လိုက္ရာ ခႏၶာကိုယ္ထဲကေန ညိဳညစ္ညစ္အခိုးေငြ႕ေတြထြက္လာၿပီး မ်က္ျဖဴလန္ကာ လဲက်သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔ ဇရပ္ေပၚေရာက္ေတာ့ ႀကိမ္ျခင္းထဲမွာရွိတဲ့ ေဆးဝါးအင္းအိုင္႐ုပ္ထုေတြကို အမိန႔္နဲ႔သိမ္းယူၿပီး ေမာင္ကံကို မူလအတိုင္းျဖစ္ေအာင္ ျပန္လုပ္ေပးခဲ့တယ္။

“ ေကာင္ေလး… သတိရၿပီလား”

“ ကြၽန္ေတာ္ ဘယ္ကိုေရာက္ေနတာလဲ… ခင္ဗ်ားတို႔ကေရာ ဘယ္သူေတြလဲ”

“ မင္းကို ဒီဇရပ္ေပၚမွာသတိလစ္ေနတာေတြ႕လို႔ ကူညီေပးထားတာ”

“ ဟိုရေသ့ေရာ… ကြၽန္ေတာ္သူနဲ႔စကားေျပာေနတာေတာ့မွတ္မိတယ္”

“ အဲဒါေတြအသာထား… မင္းအေဖစိတ္ပူေနေတာ့မယ္ အိမ္အျမန္ျပန္လိုက္ဦး”

ေမာင္ကံလဲ ေအာင္ျမတ္သာစကားေၾကာင့္ ဇရပ္ေပၚကေနဆင္းလာတဲ့အခ်ိန္ ၿခဳံပုတ္ေတြၾကားထဲကေန ထြက္လာတဲ့ လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။ ထိုသူက ေမာင္ကံကိုျမင္ေတာ့ ရယ္ျပၿပီး ဇရပ္ေပၚကိုတက္သြားခဲ့တယ္။

“ ဆရာ… ဟိုေကာင္ေလးကို သူ႔မိဘ‌အရင္းေတြအေၾကာင္းမေျပာျပေတာ့ဘူး လား”

“ ေျပာျပလဲ ဘာမွမထူး‌ဘူးေလ… ေနာက္ႏွစ္ရက္ဆို သူတို႔ေနရာေဟာင္းကိုျပန္သြားရေတာ့မွာ”

“ ဟင္…”

“ ဟုတ္တယ္… သူတို႔အသက္ ၁၈ႏွစ္ျပည့္ရင္ သိုက္နန္းကိုျပန္မယ္လို႔ကတိေပးထားၾကတယ္တဲ့၊ မိဘေတြအေနနဲ႔ သားႏွစ္ေယာက္လုံး ထြက္ခြာသြားတာကို ဘယ္ျမင္ခ်င္ပါ့မလဲ”

ေအာင္ျမတ္သာစကားအဆုံးမွာ ခပ္ေဝးေဝးကေန ထြက္ေပၚလာတဲ့ လင္းၾကက္တြန္သံကိုၾကားလိုက္ရတယ္။
+++++++

အေရွ႕ဘက္ကေန ထြက္ေပၚလာတဲ့
ေနေရာင္ႏုႏုေလးေတြက ရပ္ေတာ္မူဘုရားေပၚကို အတိုင္းအဆမရွိျဖာက်ေနခဲ့တယ္။

“ ဒီေနရာေလးက သာယာလိုက္တာဗ်ာ”

ခြန္းလွရဲ႕စကားကို ေမာင္ေကာင္းက ဟုတ္မွန္ေၾကာင္း ေခါင္းညိမ့္ျပလိုက္တယ္။

“ ေမာင္ေကာင္း၊ ခြန္းလွ”

“ဗ်ာ ဆရာ”

“ မင္းတို႔ကို ေခၚသြားဖို႔တစ္ေနရာရွိတယ္ လိုက္ခဲ့ၾက”လို႔ေျပာၿပီး ဘုရားအေနာက္က လွ်ိဳထဲကိုဆင္းသြားခဲ့တယ္။ ေက်ာက္တုံးေက်ာက္ခဲေတြနဲ႔ ဖုထစ္ေနတဲ့ လွ်ိဳထဲကိုနာရီဝက္ေလာက္ဆင္းလာၿပီးခ်ိန္မွာေတာ့ အုတ္က်ိဳးပ်က္ေတြျပန႔္က်ဲေနတဲ့ ေနရာတစ္ခုကိုျမင္လိုက္ရတယ္။

“ ဒီေနရာက ဘာလုပ္တဲ့ေနရာလဲဆရာ”

“ ဂ်ပန္ေတြ စစ္ရႈံးရင္းေျပးလႊားတဲ့အခ်ိန္
သူတို႔ရဲ႕လက္နက္ေတြသိမ္းခဲ့တဲ့ေနရာလို႔ထင္တယ္၊ အခုထိ အထဲမွာ လက္နက္ေသတၱာေတြရွိေနေသးတယ္”

“ ထင္းရႉးေသတၱာေတြေတာင္ေဆြးေနၿပီဆိုေတာ့ ႏွစ္အေတာ္ၾကာေလာက္ၿပီထင္တယ္၊ ဒါနဲ႔ဆရာက ဒီကိုဘယ္တုန္းကေရာက္ဖူးတာလဲ”

“ မင္းတို႔နဲ႔ ဟိုလူကို အာ႐ုံလႊဲထားတဲ့အခ်ိန္ ဒီကိုလာခဲ့တာ။ ငါေရာက္ေတာ့ ဒီေနရာမွာ အငယ္ေကာင္ေလးကို ဖမ္းထားတာေလ၊ ေရွ႕ကိုနည္းနည္းဆက္သြားလိုက္ၾက”

ေမာင္ေကာင္းတို႔လဲ ျမင္ေနရတဲ့လမ္းအတိုင္း ဆက္သြားခဲ့ရာ အတန္သင့္က်ယ္ဝန္းတဲ့ ေလးေထာင့္ကန္တစ္ခုကိုျမင္လိုက္ရတယ္။

“ ဒါက ၾကာပန္းေရကန္ပဲ…”

“ ဒီလိုေနရာမွာ ဘယ္သူကေရကန္ေဆာက္ထားတာလဲဆရာ”

“ ကြၽန္ေတာ္ကိုယ္တိုင္ေဆာက္ထားတာပါဆရာ”

“ ဟင္ ဖိုးၾကာပန္း… ဘယ္လိုျဖစ္ၿပီး ဒီကိုျပန္ေရာက္ေနတာလဲ”

“ ဒီကဆရာရဲ႕ ေက်းဇူးေၾကာင့္ေလ…ဆရာက သိုက္ခ်ဳပ္အဖိုးကို ေျပာေပးလို႔ ကိုယ့္ေနရာကိုယ္ျပန္ေရာက္လာတာ”

“ ဒါဆိုရင္ ေရကန္အေၾကာင္းေျပာျပပါဦး”

“ ဒီေနရာက လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၂၀၀)ေလာက္က ၿမိဳ႕ေဟာင္းတစ္ခုျဖစ္ခဲ့ဖူးတယ္၊ ၿမိဳ႕က အျခားတိုင္းျပည္ရဲ႕ အစပ္မွာျဖစ္ေနလို႔ မၾကာခဏဆိုသလို စစ္ပြဲေတြျဖစ္ပြားခဲ့တယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္ကို ေရကန္တစ္ခုျပဳလုပ္ခိုင္းၿပီး ေရကန္ရဲ႕ေအာက္ေျခမွာ ရတနာပစၥည္းေတြထားဖို႔ ေနရာလုပ္ခိုင္းခဲ့တာ၊ အဲဒီကေန ကေလးေတြက ရတနာသိုက္ကိုစိတ္စြဲၿပီး မကြၽတ္လြတ္တဲ့ဘဝေရာက္လာခဲ့တာပဲ”

“ ဒါေၾကာင့္ ဟိုလူက ကေလးႏွစ္ေယာက္ကို ရွာၿပီး သိုက္တံခါးဖြင့္ဖို႔ႀကိဳးစားတာကိုး”

“ ဆရာတို႔ေက်းဇူးေၾကာင့္ ဘာမွမျဖစ္ခဲ့တာပါ”

ဖိုးၾကာပန္းစကားအဆုံးမွာ ေရကန္ေအာက္ေျခကေန တူရိယာတီးခတ္သံ၊ သီခ်င္းဆိုသံေတြကိုၾကားလိုက္ရတယ္။

“ ဒီအသံေတြက ဘယ္ကထြက္လာတာလဲအဖိုး”

“မၾကာခင္ သခင္ေလးေတြျပန္လာေတာ့မွာဆိုေတာ့ သိုက္ထဲမွာရွိတဲ့သူေတြ ေပ်ာ္႐ႊင္ေနၾကတာပါ”

“ ဒါဆိုရင္ ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦး”

“ ေကာင္းပါၿပီဆရာ…က်ဳပ္လိုက္ပို႔ေပးပါမယ္”

ေအာင္ျမတ္သာတို႔လဲ ၾကာပန္းရတနာသိုက္တည္ရွိရာေရကန္ကေန ဘုရားေပၚျပန္တက္လာတဲ့အခ်ိန္ လွ်ိဳထဲကေန ေပ်ာ္႐ႊင္စြာေအာ္ဟစ္တဲ့အသံေတြကိုၾကားလိုက္ရတယ္။

“ တစ္ဖက္မွာ ေပ်ာ္႐ႊင္ေနေပမယ့္ တစ္ဖက္မွာေတာ့ ေၾကကြဲေနရွာမွာပဲေနာ္ဆရာ”

ေမာင္ေကာင္းစကားကို ေအာင္ျမတ္သာက ဘာမွျပန္မေျဖပဲ ခပ္လွမ္းလွမ္းမွာျမင္ရ‌တဲ့ သစ္ပင္ေလးေတြကိုသာေငးၾကည့္ေနခဲ့တယ္။
++++++

ေအာင္ျမတ္သာတို႔လဲ ရပ္ေတာ္မူဘုရားမွာ တစ္ရက္ေနခဲ့ၿပီး ေျခဦးတည့္ရာအရပ္ဆီကို ထြက္ခြာလာခဲ့ၾကတယ္။

ဒီတစ္ခါခရီးစဥ္မွာေတာ့ စိတ္ထားယုတ္ညံ့တဲ့သူတစ္ဦးေၾကာင့္ တစ္မိသားစုလုံးဒုကၡေရာက္ေနရတာကို ကူညီေပးခဲ့ရတဲ့အေၾကာင္းကိုေတာ့ “ေအာင္ျမတ္သာႏွင့္ ဘီလူးလက္ျပတ္”ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
‌ေဇယန(ရာမည)