အောင်မြတ်သာနှင့်ရည်စူးကုသိုလ်

အောင်မြတ်သာနှင့်ရည်စူးကုသိုလ်

 

” ဟိုကလေးမ ထစမ်း … ဒါနင့်နေရာမဟုတ်ဘူး”

 

ခြောက်ကပ်ကပ် အက်ကွဲကွဲအသံကြောင့်သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ ခင်မှုန် တစ်ယောက် ကုန်းရုန်းထဖို့ကြိုးစားလိုက်တဲ့အချိန်

ခေါင်းထဲမှာ ပိုးကောင်ပေါင်းများစွာ ကိုက်နေကြသလို တစ်ဆစ်ဆစ်ဖြစ်နေတာကိုစတင်ခံစားလိုက်ရပြီးဘေးပတ်ဝန်းကျင်မှာ ဆူညံပွက်လောရိုက်နေတဲ့အသံအချို့ကိုလဲ ကြားလိုက်ရတယ်။

 

” ငါ ငါဘယ်ရောက်နေတာပါလဲ .. ဒီအသံတွေကို ငါတစ်ခါမှလဲမကြားဖူးပါလား.. စဉ်းစားစမ်း ငါဘာဖြစ်သွားခဲ့တာလဲ”

 

ဝေဝါးနေတဲ့အမြင်တွေကိုလက်ခုံနဲ့ပွတ်ပြီး ကြည့်လိုက်တော့ ထဘီကိုရင်လျားလျက်ဝတ်ထားတဲ့မိန်းမတစ်ယောက်ကို ကျောပေးလျက်အနေအထားနဲ့မြင်တွေ့လိုက်ရတယ်။

 

မိန်းမကြီးနဲ့မလှမ်းမကမ်းမှာတော့ မျက်လုံးနှစ်လုံးက အပြင်ဘက်ကိုပြူးထွက်နေတဲ့ကလေးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်နေတာကိုလဲမြင်လိုက်ရတယ်။

 

” ဒါ ဒါ ဘယ်နေရာလဲ…”

 

ခင်မှုန်အသံကြောင့် ကျောပေးရပ်နေတဲ့မိန်းမကြီးရဲ့ မျက်နှာက ကျောကုန်းဘက်ကို ရုတ်တရက်လှည့်လာတာမြင်တော့ ကြောက်လန့်တစ်ကြားထပြေးဖို့အလုပ်

 

” နင်ကိုနင် လူဘဝမှာရှိနေတယ် ထင်နေတာလား ..ဟမ်… ”

 

” ဟုတ်တယ်လေ ခင်မှုန် ခုနက ကောက်စိုက်သွားဖို့အိမ်ကထွက်လာတာမဟုတ်လား”

 

” မဟုတ်ဘူး နင်က သေသွားပြီ … အခုနင်က မကျွတ်မလွတ်တဲ့နာနာဘာဝတစ်ကောင် ဖြစ်နေပြီဆိုတာ မှတ်ထားလိုက်တော့”

 

” ခင်မှုန် မသေသေးပါဘူး .. ဒီမှာခြေတွေလက်တွေ အကောင်းတိုင်းရှိသလို အိမ်ကလူတွေ၊ ရွာက လူတွေကိုလဲ မှတ်မိပါသေးတယ်”

 

” တယ် စကားအတော်ရှည်တဲ့ မိန်းမပါလား… သွား သွား နင့်ဘာသာ ဘယ်လိုဖြစ်ဖြစ် ငါတို့သားအမိနေတဲ့ နေရာကနေ အမြန်ဆုံးထွက်သွား”

 

မျက်နှာက ကျောကုန်းဘက်ကိုရောက်နေတဲ့ မိန်းမကြီးစကားကြောင့် ခင်မှုန် ကမန်းကတမ်း မတ်တပ်ထရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဇရပ်အိုတစ်ခုအပြင် နှစ်ချို့သစ်ပင်အချို့ကိုလဲမြင်တွေ့လိုက်ရတယ်။ သစ်ပင်တွေရဲ့အကိုင်းအခက်တွေမှာတော့ ကြောက်လန့်စရာကောင်းတဲ့ရုပ်အသွင်ရှိတဲ့ နာနာဘာဝတွေက နေရာလပ်မရှိအောင် နေရာယူထားပြီး ခင်မှုန်ကို ထွက်သွားဖို့ မောင်းထုတ်ကြပါလေရော။

 

ပုံမှန်ဆိုရင် ဒီလိုမျိုးရုပ်သွင်တွေကိုမြင်တာနဲ့ သတိလစ်မတတ်ကြောက်လန့်တတ်တဲ့ ခင်မှုန်တစ်ယောက် အခုကျတော့ အနည်းငယ်သာ ကြောက်စိတ်ဝင်နေခဲ့မိတယ်။

 

” ငါ ဘယ်ဘဝရောက်နေတာလဲ .. နေရာတိုင်းမှာလဲ ‌အပ်ချစရာမရှိလောက်အောင်ပြည့်နှက်နေပါလား… ငါဘယ်ကိုသွားရမလဲ”

 

တစ်ယောက်ထဲရေရွတ်ရင်း မြေနီလမ်းလေးအတိုင်းလျောက်လာခဲ့တာ ခရီးအတော်ပေါက် လာခဲ့တယ်။ လမ်းတစ်လျောက်မှာလဲ ရေတစ်ပေါက်သောက်ဖို့တောင်မတွေ့တဲ့အပြင် အရိပ်ဝင်ခိုမယ့်သစ်ပင်တစ်ပင်ကိုတောင် မတွေ့မြင်ခဲ့ဘူး။

 

” ငါ့ရင်တွေ ပူလိုက်တာ.. ဒီအချိန် ရေတစ်ပေါက်လောက်သောက်လိုက်ရရင် အရမ်းကောင်းမှာပဲ” လို့တွေးလိုက်တဲ့အချိန် မလှမ်းမကမ်းမှာ ခြောက်ကပ်နေတဲ့ထန်းရွက်တွေနဲ့မိုးထားတဲ့ ရေအိုးစင်တစ်ခုရုတ်တရက်ပေါ်လာခဲ့တယ်။

 

ခင်မှုန်လဲ ရေအိုးစင်တွေ့တာနဲ့ ကမန်းကတမ်းသွားပြီး ကြည့်လိုက်တော့ ရေဆိုလို့ တစ်ပေါက်မှမရှိ။

 

” ငါအတော်ကံဆိုးတာပဲ ရေအိုးစင်တွေ့တာတောင် သောက်စရာရေတစ်ပေါက်မှမရှိပါလား “ဆိုပြီးတွေးနေတဲ့အချိန် ဘေးနားမှာ ငှက်နှစ်ကောင်က ကျလိ ကျလိနဲ့အော်မြည်ပြီး ရေအိုးစင်အပေါ်မှာ နားနေတာမြင်တော့

 

” ဒီငှက်လေးတွေကို ငါမြင်ဖူးသလိုပဲ… ငါရင်းရင်းနှီးနှီးမြင်ဖူးပါတယ်.. စဉ်းစားစမ်း စဉ်းစားစမ်း…. ဟာ .. ငါရေတိုက်ခဲ့ဖူးတဲ့ ငှက်လေးတွေပဲ။ ဟုတ်တယ် ဟုတ်တယ် .. ငါသောက်မယ့်ရေကို မြေအိုးကွဲနဲ့ထည့်ပြီး တိုက်ခဲ့ဖူးတာပဲ”

 

ခင်မှုန်အတွေးထဲမှာ ပြုလုပ်ခဲ့တဲ့ အရိပ်တွေပေါ်လာတဲ့အချိန် ရေအိုးစင်ထဲမှာရှိနေတဲ့ မြေအိုးထဲကနေ ကြည်လင်အေးမြနေတဲ့ ရေတွေအပေါ်ကိုလျှံကြလာခဲ့တယ်။ အဲဒီတော့မှ ရေကြည်ကို ဝမ်းသာအားရနဲ့အငမ်းမရသောက်လိုက် မျက်နှာနဲ့ဇက်ပိုးကို ဆွတ်လိုက်လုပ်နေတဲ့အချိန်

 

” ကလေးမ နင်ရွာကိုပြန်မယ့်အချိန်ရောက်ပြီ .. အမြန်မပြန်ရင် ဒီဘဝမှာပဲ တစ်ဝဲလည်လည်ဖြစ်နေလိမ့်မယ် အမြန်သွားတော့” ဆိုတဲ့အသံကို ကြားလို့လိုက်ကြည်ပေမယ့် ဘယ်သူ့ကိုမှမတွေ့။

 

” အခုချက်ချင်း အရှေ့စူးစူးကိုသွားရင် မွန်းမတည့်ခင် ရွာထိပ်ကိုရောက်လိမ့်မယ် ဟိုမှာ အမျှဝေမယ့်သူတွေ နင့်ကိုစောင့်နေကြတယ်” ဆိုတဲ့အသံထပ်ကြားတော့မှ ခင်မှုန်အသိဝင်လာပြီး အရှေ့စူးစူးကို အလောတစ်ကြီးထွက်သွားခဲ့တယ်။

 

နေကလဲပူ ဖိနပ်ကလဲ မပါတဲ့အတွက် လမ်းခရီးက လိုသလိုမပေါက်ဖြစ်နေခဲ့သလို လမ်းဘေးတစ်လျောက်မှာလဲ ဒူးဆစ်လောက်ရှိတဲ့ဆူးပင်တွေကလွဲပြီး သက်ရှိတစ်ကောင်တစ်လေကိုမှ မတွေ့ရဘူး။ နေကလဲ ခေါင်းတည့်တည့်ကနေ ထိုးထားသလို ပူလောင်နေတဲ့အတွက် ခင်မှုန်ကိုယ်ထဲမှာရှိတဲ့အားတွေကုန်သလောက်ဖြစ်နေခဲ့ပြီး လမ်းတောင်မလျောက်နိုင်အောင် ပျော့ခွေနေခဲ့တယ်။ဒါပေမယ့်လည်း ရှိသမျှခွန်အားတွေကို စုစည်းပြီး လျောက်လာခဲ့တာ မွန်းမတည့်ခင်အချိန်မှာ မှတ်တိုင်တွေ ကျိုးတိုးကျဲတဲဖြစ်နေတဲ့ သင်္ချိုင်းတစ်ခုကိုအဝေးကနေ လှမ်းမြင်လိုက်ရတယ်။

 

” ဒါ ဒါ ငါနေတဲ့ရွာ သင်္ချိုင်းပဲ… ငါရွာကိုပြန်ရောက်ပြီ ရွာကိုပြန်ရောက်ပြီ” လို့ရေရွတ်ကာ ပြေးသွားတဲ့အချိန် ဇရပ်ပေါ်ကနေ သာဓုခေါ်သံအချို့ထွက်လာတာကိုကြားလိုက်ရတယ်။

 

” မဟုတ်ဘူးလေ အမေ…. သမီး သာဓုမခေါ်ရသေးဘူးလေ … အမေ….”

 

ခင်မှုန်တစ်ယောက် ငိုကြီးချက်မနဲ့ အော်ဟစ်ပြောလိုက်ပေမယ့် ဇရပ်ပေါ်ကလူတွေကတော့ ဘာမှမကြားတဲ့ဟန်နဲ့ အခေါင်းနားကိုစုပြုံသွားနေခဲ့ကြတယ်။ ခင်မှုန်လဲ လူတွေစုနေတဲ့အခေါင်းနားကိုတိုးပြီးကြည့်လိုက်တော့ နှုတ်လမ်းတစ်ခုလုံးပြာနှမ်းပြီး အသက်ကင်းမဲ့နေတဲ့ မိမိခန္ဓာကိုယ်ကိုမြင်လိုက်ရတယ်။

 

” အမလေး သမီးရယ် အမေတို့ကို အစောကြီး ထားသွားခဲ့ပါလား… အမေတစ်ခု သမီးတစ်ခုဘဝပဲရှိတာကို ကံတရားကဘာလို့ရက်စက်တာလဲ အဟီးဟီး”

 

အမေရဲ့ငိုသံတွေကိုကြားတော့ ခင်မှုန် ဟန်မဆောင်နိုင်တော့ပဲ အခေါင်းဘေးမှာထိုင်ချပြီး မျက်နှာကိုလက်နဲ့အုပ်ကာ ငိုချပြစ်လိုက်တယ်။

 

” သွားလေသူစိတ်မဖြောင့်အောင် မလုပ်ပါနဲ့ မခင်မျိုးရယ်… စိတ်လျော့လိုက်တော့.. ချက်ကြီးနဲ့ ထွန်းခင် အလောင်းကိုသင်္ဂြိုလ်ဖို့လုပ်တော့”

 

ဘကြီးသောင်းစိန်ကပြောရင်းဆိုရင်း ခင်မှုန်ထိုင်နေတဲ့နားကနေအလောင်ကိုသယ်ထုတ်ပြီး ထင်းပုံပေါ်တင်ကာ မီးရှို့လိုက်ကြတယ်။ အားလုံးပြီးစီးသွားတော့ အသုဘလာပို့တဲ့သူတွေ အားလုံးအလျှိုလျှိုနဲ့ရွာထဲပြန်ဝင်သွားခဲ့သလို ခင်မှုန်ကလဲ ရွာသားတွေနဲ့ရောပြီး လိုက်သွားခဲ့တာ ရွာထိပ်လဲရောက်ရော ကျွဲချိုလေးခွကို ခါးကြားမှာထိုးပြီး ငှက်ကြီးတောင်ဓါးကိုကိုင်ထားတဲ့ သျောင်တစ်စောင်းနဲ့လူတစ်ယောက်ထွက်လာပြီး

 

” နင်ရွာထဲကိုဝင်လို့မရဘူး” ဆိုပြီး တားပါလေရော။ ခင်မှုန်လဲ သူ့ကိုရွာထဲပေးဝင်ဖို့ အတန်ကြာအောင် ငိုယိုတောင်းပန်တော့မှ ဝင်ခွင့်ပေးခဲ့တယ်။ ရွာထဲရောက်တော့လဲ အရင်ထဲကရှိနေတဲ့ နာနာဘာဝတွေက ခင်မှုန်ကို သူတို့နေရာမလာဖို့ မောင်းထုတ်ကြပြန်ရော။

 

” ခင်မှုန်ရေ သမီးရေ … သမီးကြိုက်တဲ့ ဝက်သားဟင်းလေးအမေချက်ထားတယ် ထစားပါဦး” ဆိုပြီး‌ပြောသံကြောင့် အိမ်ရှေ့အလောင်းစင်နားကိုကြည့်လိုက်တာ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက်က သူ့အတွက်ချထားပေးတဲ့ ထမင်းဟင်းတွေကို အငမ်းမရစားသောက်နေတာမြင်လိုက်ရတယ်။

 

ခင်မှုန်လဲ သူစားမယ့်ထမင်းကို အခြားတစ်ယောက်ကလုစားနေတာမြင်တော့ စိတ်တိုသွားပြီး အလောင်းစင်နားသွားကာ

 

” နင်ကဘာလို့ ငါ့ကိုကျွေးတဲ့ထမင်းကို လုစားနေတာလဲ…အခုချက်ချင်းငါ့အလောင်းစင်ပေါ်ကနေ ဆင်းစမ်း” လို့ပြောလိုက်တော့ ဆံပင်ဖားလျားချပြီး ဆောင့်ကြောင့်ထိုင်ကာ ထမင်းတွေကြုံးစားနေတဲ့မိန်းမက ခင်မှုန်ကိုမျက်စောင်းထိုးကြည့်ကာ

” ငါ့နာမည်လဲ ခင်မှုန်ပဲ သူတို့ကျွေးတုန်းက ခင်မှုန်‌စားဖို့ဆိုပြီးကျွေးတာ ဒါကြောင့် ငါတက်စားတာ အဟီးအဟီး ဟက်ဟက်”

 

” မဟုတ်ဘူးလေ ငါကိုသူတို့ကျွေးတာပါ.. ငါထမင်းမစားရတာ ရက်အတော်ကြာနေပြီ .. ငါ့ကိုနည်းနည်းလောက်ကျွေးပါလား”

 

” မရဘူး … ဒီထမင်းနည်းနည်းလေးကို ငါစားလို့တောင်မဝတာ နင့်ကိုဘာလို့ကျွေးရမှာလဲ”

 

မျက်နှာတစ်ခုလုံးဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ မိန်းမရဲ့စကားကြောင့် ခင်မှုန်စိတ်ပျက်သွားပြီး အိမ်ပေါ်တက်ဖို့လုပ်တော့ ပေါင်မှာထိုးကွင်းမှင်ကြောင်တွေထိုးထားတဲ့ပုဂ္ဂိုလ်က မတက်ဖို့ထပ်တားပြန်ရော။

 

အဲဒီအချိန် အလောင်းစင်ပေါ်မှာ စားသောက်ပြီးတဲ့မိန်းမက ခင်မှုန်ကို လက်ညိုးထိုးကာ လှောင်ပြောင်ရယ်မောပြီး အမှောင်ထဲကိုထွက်သွားခဲ့တယ်။

 

နောက်တစ်နေ့ရောက်တော့လဲ အလောင်းစင်ပေါ်မှာတင်ထားတဲ့အစားအသောက်တွေကို ခင်မှုန်ဆိုပြီးနာမည်တွင်တဲ့ နာနာဘာဝတွေက လာရောက်စားသောက်သွားပြန်လေရော။ ရက်လည်ဆွမ်းသွပ်တဲ့အချိန်မှာလဲ ခင်မှုန်ဆိုတဲ့နာမည်ကိုခေါ်ပြီး အမျှဝေပေမယ့် နာမည်တူနဲ့နာနာဘာဝတွေက အံလိုက်ကျင်းလိုက်ရောက်လာပြီး အနိုင်ကျင့်မောင်းထုတ်ကြတဲ့အတွက် အမျှအတန်းမရခဲ့ပေ။

 

ရက်လည်ပြီးတဲ့အချိန်ထိ အစာရေဆာဝဝလင်လင်မစားရတဲ့အတွက် အိမ်အနီးအနားမှာရှိတဲ့ လူအချို့ကိုအသိပေးဖို့ကြိုးစားရာကနေ ခင်မှုန်က အခြောက်အလှန့်ကြမ်းတယ်။ အခုထိမကျွတ်ပဲ အိမ်ကိုစွဲနေတယ်ဆိုတဲ့သတင်းက တစ်ရွာလုံးပျံ့သွားခဲ့တယ်။

 

တစ်ရက်မှာတော့ ခင်မှုန်တစ်ယောက် ကံအကြောင်းလှစွာနဲ့ မိခင်ဖြစ်သူရဲ့အိမ်မက်ထဲမှာ တွေ့ဆုံခွင့်ရခဲ့တယ်။ တွေ့ခွင့်ရတယ်ဆိုရုံလေးသာဖြစ်လို့ အမျှတန်းမရတဲ့အကြောင်း၊ အလှူအတန်းလုပ်ပြီးအမျှဝေချိန်မှာ မခင်မှုန်၊ အသက်(၂၃)နှစ်ဆိုတာထည့်ပြောဖို့ မိခင်ဖြစ်သူကို ငိုယိုပြောပြခဲ့တယ်။

 

‌မိခင်ဖြစ်သူလဲအိမ်မက်ကနိုးလာတာနဲ့ သူ့သမီးမကျွတ်လွတ်တာသေချာမှန်းသိတော့ ရည်စူးအလှူလုပ်ဖို့ပြင်ဆင်ခဲ့တယ်။ ခင်မှုန်ကတော့ ဒီတစ်ခါ သူ့အတွက်အမျှအတန်းရတော့မယ်ဆိုပြီး ဝမ်းသာစွာနဲ့ အိမ်နားတစ်ဝိုက်မှာလှည့်ပတ်သွားလာနေတုန်း ငှက်ကြီးတောင်ဓါးကိုင်ထားတဲ့ သူရောက်လာပြီး

 

” ဟေ့ ဟေ့ နင်ရွာထဲမှာနေလို့မရဘူး … အပြင်ထွက်နေ”

 

” ခဏပါပဲရှင် အမျှတန်းဝေပြီးတာနဲ့ ကျွန်မသွားပါ့မယ်”

 

” မရဘူး ဒါကရွာစည်းကမ်းပဲ.. နင်အတွက်ရည်စူးပြီးလုပ်တဲ့အလှူဆိုရင် ရွာထိပ်မှာ နင့်ကိုလာခေါ်လိမ့်မယ် အဲဒီတော့မှ နင်လိုက်သွားရမယ် အခုချက်ချင်းရွာပြင်ပြန်ထွက်ပါ။ မထွက်ဘူးဆိုရင် ငါကညှာမှာမဟုတ်ဘူးနော်”

 

ငှက်ကြီးတောင်ဓါးကိုဝင့်ကာပြောလိုက်တဲ့ သူရဲ့စကားကြောင့် ခင်မှုန်တစ်ယောက်မျက်နှာငယ်စွာနဲ့ရွာအပြင်ကိုထွက်လာခဲ့လိုက်တယ်။ ရွာပြင်လဲရောက်ရော မိမိနဲ့အသက်အရွယ်တူ မိန်းကလေးပေါင်းများစွာကိုမြင်တော့ အံ့ဩသွားခဲ့တယ်။

 

” ဟိုကောင်မ အခုမှရောက်ပြီး အရှေ့မှာနေလို့မရဘူး ..အနောက်မှာလာတန်းစီ” ဆိုပြီးပြောတဲ့အသံကိုကြည့်လိုက်တော့ ဗိုက်တစ်ခုလုံး ပေါက်ပြဲပြီး အူတွေအခွေလိုက်ကျနေတဲ့ မိန်းမတစ်ယောက်က ခင်မှုန်ကို ခါးထောက်ပြီးပြောနေတာမြင်လိုက်ရတယ်။

 

” ရှင်ကဘယ်သူလဲ… ဘာကြောင့် ကျွန်မကိုအနောက်မှာတန်းစီခိုင်းတာလဲ”

 

” ဟဲ့ စကားပြောဆင်ခြင်စမ်း ကောင်မ… ငါက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်ထဲက ရွာထိပ်မှာ ကျွဲခတ်လို့သေသွားတဲ့ ငွေမှုန်ပဲ… အားလုံးထဲမှာ သက်ကြီးဝါကြီးမို့လို့ နေရာမကျော်အောင် ပြောနေရတာ ။ ဘာလဲ နင်ကမကျေနပ်ဘူးလား”

 

သွေးမရှိတဲ့မျက်နှာ၊ ပြူးကျယ်နေတဲ့မျက်လုံးအစုံနဲ့ပြောလိုက်တဲ့မိန်းမရဲ့စကားကြောင့် ခင်မှုန် အနည်းငယ်ကြောက်လန့်သွားပြီး ခပ်လှမ်းလှမ်းက သရက်ပင်အောက်မှာ ငုတ်တုတ်ထိုင်စောင့်နေခဲ့လိုက်တယ်။

 

မကြာခင် ရွာထဲကနေ လူတစ်ယောက်ထွက်လာပြီး သစ်ကိုင်းခက်ကို လေမှာယမ်းကာ

” မခင်မှုန်၊ အသက်(၂၃)နှစ်အတွက် ကောင်းမှုကုသိုလ်လုပ်ပေးဖို့ရှိတယ်။ ဒါကြောင့် ကျုပ်ပြောတဲ့စကားကြားရင် သစ်ကိုင်းခက်ကို ကိုင်ပြီး အနောက်ကနေလိုက်ခဲ့ပါ” ဆိုပြီးပြောတော့ သရက်ပင်အောက်မှာထိုင်နေတဲ့ ခင်မှုန်က ဝမ်းသာအားရထကာကြည့်လိုက်တော့ လာခေါ်တဲ့ သစ်ကိုင်းကို ကိုင်ကာ ရွာထဲကိုလိုက်သွားဖို့ လုယက်နေကြတဲ့ မိန်းကလေးပေါင်းများစွာကို တွေ့လိုက်ရတယ်။

 

” အဲလိုမလုပ်နဲ့ သူလာခေါ်တာ ကျွန်မကိုပါ .. ကျွန်မလိုက်ပါရစေ”

 

ခင်မှုန်ရဲ့သနားဖွယ်စကားသံကြောင့် အနားမှာတိုးဝှေ့နေကြတဲ့သူတွေထဲက ဝမ်းဗိုက်မှာ ဓါးမြောင်တစ်ချောင်းစိုက်နေတဲ့မိန်းမက

” ဟိုက နာမည်နဲ့အသက်ပဲခေါ်တော့ နင်နဲ့နာမည်တူ အသက်တူမိန်းမတွေက အလုအယက်လိုက်ကြတာပေါ့.. နင်တော့ဒီပုံစံအတိုင်းဆို ကျွတ်မယ်မထင်ပါဘူး”လို့ပြောကာ ခေါ်တဲ့သူအနောက်ကို ပြေးလိုက်ဖို့ကြိုးစားနေခဲ့တယ်။

 

ခင်မှုန်လဲ လာခေါ်တဲ့သူအနောက်ကို လိုက်ဖို့အစွမ်းကုန်ကြိုးစားပေမယ့် မရေမတွက်နိုင်အောင် များပြားတဲ့ နာမည်တူ၊ အသက်တူ နာနာဘာဝတွေရဲ့တွန်းထိုးမှုကို မခံနိုင်ပဲ ရွာပြင်မှာ ကျန်ခဲ့ရတယ်။

 

ဒီတစ်ကြိမ်မှာလဲအမျှတန်းမရခဲ့တဲ့ ခင်မှုန်တစ်ယောက် စိတ်ပျက်စွာနဲ့ သရက်ပင်အောက်မှာထိုင်နေတဲ့အချိန် နားထဲမှာ ဂုဏ်တော်ရွတ်ပွားသံ သဲ့သဲ့ကို ကြားလိုက်ရတယ်။

 

” ဒါဒါ ဘုရားရှိခိုးတဲ့အသံပဲ.. အသံလေးက နားထဲအေးမြလိုက်တာ”ဆိုပြီးတွေးမိတဲ့အချိန် သရက်ပင်ပေါ်ကနေ အဖိုးအိုတစ်ယောက် လမ်းလျောက်ဆင်းလာခဲ့ပြီး

 

” ဟိတ် ကလေးမ ငါ့အနောက်ကို လိုက်ခဲ့” ဆိုကာ ခေါ်ဆောင်သွားခဲ့တယ်။

 

ခင်မှုန်လဲ အဖိုးအိုရဲ့ အနောက်ကနေထပ်ချပ်မကွာ လိုက်လာတဲ့အချိန် ကန်သင်းရိုးတွေပေါ်မှာ ပိုးလိုးပက်လက်အိပ်နေကြတဲ့ နာနာဘာ‌ဝတွေက သူတို့ဆီမလာဖို့မောင်းထုတ်ကြသလို၊ ဖုန်းဆိုးမြေတွေပေါ်မှာ ငုတ်တုတ်ထိုင်နေကြတဲ့ သူတွေကလဲ သူတို့ဆီပို့မယ်ထင်ပြီး အသံနက်ကြီးတွေနဲ့ အော်ဟစ်မောင်းထုတ်နေကြတာကို မြင်‌တွေ့လိုက်ရတယ်။

 

အဘိုးအိုကတော့ ဘာတစ်ခွန်းမှမပြောပဲ ခေါ်ဆောင်လာခဲ့တာ သင်္ချိုင်းပျက်တစ်ခုရှေ့ကို ရောက်လာခဲ့တယ်။

 

” ကလေးမ နင်က ဒီဇရပ်မှာခဏနေရဦးမယ်.. နင် နေဖို့ထိုင်ဖို့အတွက် ဇရပ်စောင့်မယ်ဖုန်ကို ငါခွင့်တောင်းပေးမယ်” ဆိုပြီးပြောကာ ဇရပ်လှေကားကို တောင်ဝှေးနဲ့သုံးချက်ခေါက်လိုက်တဲ့ အချိန်မှာဝောာ့ ခေါင်မိုးပေါ်ကနေ ပုတ်လောက်ကြီးတဲ့ ခေါင်းတစ်လုံးပြူထွက်လာပြီး

 

” အဘိုးကြီး ကျုပ်ကိုဘာဒုက္ခပေးဦးမလို့လဲ”

 

” မယ်ဖုန် နင့်ကိုအကူအညီတစ်ခုလာတောင်းတာ.. အောက်ဆင်းခဲ့ဦး”

 

“အားနေ ကျုပ်ကိုပဲ ဒုက္ခလာလာပေးနေတယ်.. အခုလဲဘယ်သူကိုခေါ်လာပြန်ပြီလဲမသိဘူး”

 

ဇရပ်ခေါင်မိုးထိပ်ကနေ ဗျစ်တောက်ဗျစ်တောက်ပြောဆိုသံအပြီးမှာ တိုင်လုံးတွေကို တွယ်ဖက်ပြီး ဇောက်ထိုးဆင်းလာတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်ရတယ်။

 

ခန္ဓာကိုယ်က ကျွဲတစ်ကောင်နီးပါးရှိပြီး ခေါင်းက ပုတ်လောက်ကြီးနေတဲအပြင် ခန္ဓာကိုယ်တစ်ခုလုံး အမွှေးကြမ်းတွေဖုံးအုပ်ထားတဲ့ မိန်းမကြီးက

ခင်မှုန်ကိုကြည့်ပြီး

 

” ဒီမိန်းမကို ငါ့ဆီလာအပ်မလို့လား”

 

” အေး ဟုတ်တယ် ဒီကလေးမကို လောလောဆယ် နင့်ဇရပ်မှာ နေရာပေးထားလိုက်ပါ.. သိပ်မကြာလောက်ပါဘူး”

 

” မကြာဘူးဆိုရင်လဲပြီးရော ငါဇရပ်မှာနေရင် ငါပြောတဲ့အတိုင်းလိုက်နာရမယ် …နင်ကလိုက်နာနိုင်ပါ့မလား”

 

” ဟုတ် ဟုတ်ကဲ့ လိုက်နာပါမယ်”

 

” မယ်ဖုန်ရေ နင့်ကိုငါအပ်ခဲ့ပြီနော် … ”

 

အဘိုးအိုက မယ်ဖုန်ဆိုတဲ့မိန်းမလက်ထဲအပ်ပြီး ပြန်မထွက်ခင် ခင်မှုန်အနားကိုကပ်ကာ

 

” နင်ဒီမှာ ခဏနေ‌လိုက်ဦး.. မကြာခင် နင်ကို ကူညီမယ့်သူတွေရောက်လာလိမ့်မယ်” ဆိုပြီးပြောကာ ပြန်ထွက်သွားခဲ့တယ်။

 

ခင်မှုန်လဲ အဘိုးအိုထွက်သွားတော့ ဇရပ်ပေါ်ကိုတက်ကြည့်လိုက်ရာ ခေါင်းကြီးကိုယ်သေး နာနာဘာ‌ဝတွေ၊ ပါးစပ်တစ်ခုလုံးလောက်တွေ တစ်ဖွားဖွားကျနေတဲ့နာနာဘာဝတွေ၊ ကိုယ့်အသားကို ကိုယ်ပြန်ဖဲ့ပြီး ဝါးစားနေရတဲ့ နာနာဘာဝတွေအပြင် အခြားမသတီစရာကောင်းတဲ့ နာနာဘာဝတွေက ဇရပ်တစ်ခုလုံးနေရာလပ်မရှိအောင်ပြည့်နှက်နေတာကိုမြင်တွေ့လိုက်ရတယ်။

 

” ဟဲ့ကောင်မ … ဘာလဲ ငါ့ဇရပ်ကိုကြည့်ပြီး ရွံနေတာလား”

 

” မ..မ..မဟုတ်ပါဘူး”

 

” အေး နင်ကိုတောင် ဟိုအဘိုးကြီးကြောင့် လက်ခံလိုက်တာ.. လာခဲ့ နင့်အတွက်နေရာလုပ်ပေးမယ်”

 

မယ်ဖုန်က ခင်မှုန်ကိုခေါ်ပြီး ဇရပ်ပေါ်တက်လာတော့ လှုပ်လှုပ်ရွရွဖြစ်နေတဲ့သူတွေအားလုံး ငြိမ်သက်သွားကြတယ်။

 

” ဟို ငနက်တူတို့မိသားစု နင်တို့က ပေါက်ကျော်မတို့နေတဲအပင်ပေါ်ခဏပြောင်းနေလိုက် ကြားလား”

 

မယ်ဖုန်စကားကိုကြားတော့ တစ်ကိုယ်လုံးမီးသွေးခဲလိုမဲနက်ပြီး ပါးစပ်ပေါက်သေးသေးလေးတစ်ခုသာပါတဲ့ အကောင်ကြီးက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြီး ဘုစုခလုကလေးငယ်တွေကို ပခုံးပေါ်ကောက်တင်ကာ ဇရပ်ပေါ်ကနေဆင်းသွားခဲ့တယ်။

 

” ဒီနေရာက နင့်နေရာပဲ … တစ်ခုခုသွားချင်လာချင်တာဆိုရင် ငါ့ကိုပြော… ငါခွင့်ပြုမှသွားလို့ရမယ်။ အေး… ငါ့ကိုမပြောပဲသွားလို့ကတော့ ဇရပ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရမယ်မှတ် ကြားလား”

 

ခင်မှုန်လဲ ကြောက်လန့်စွာနဲ့ ခေါင်းကိုညိမ့်ပြလိုက်တော့ မယ်ဖုန်က ကျေနပ်သွားတဲ့ဟန်နဲ့ ဇရပ်ခေါင်မိုးပေါ်ကိုပြန်တက်သွားခဲ့တယ်။ အခြားသူတွေနဲ့မတူပဲ ဇရပ်စောင့်မိန်းမကိုယ်တိုင် နေရာချထားပေးသူမို့ ခင်မှုန်ကို အခြား နာနာဘာဝတွေအားလုံး ရန်မပြုရဲပဲ အလေးထားဆက်ဆံခဲ့ကြတယ်။ ခင်မှုန်လဲ အစပိုင်းမှာနေရခက်ပေမယ့် နောက်ပိုင်းကြာလာတော့ နေသားကျလာခဲ့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဇရပ်ပေါ်မှာရှိတဲ့ နာနာဘာ‌ဝတွေထဲက အချို့က နေထိုင်လို့မရအောင် ပူလောင်မှုဒဏ်ကိုခံစားလာခဲ့ရတယ်။

 

မယ်ဖုန်လဲ သူ့ဇရပ်ထဲမှာဖြစ်ပျက်နေတာကိုမြင်တော့ နှစ်ချို့နာနာဘာဝဖြစ်တဲ့အတွက် အခြေအနေကို သဘောပေါက်သွားပြီး

 

” နေမရတဲ့သူတွေအားလုံး သင်္ချိုင်းထဲက ကြိုက်တဲ့နေရာမှာ သွားနေကြ … ညကျရင် ဇရပ်ပေါ်ကို အရှုပ်ထုပ်တွေရောက်လာဦးမယ်ထင်တယ်” လို့ပြောကာ ခြေထောက်ဆောင့်ပြီး သင်္ချိုင်းထဲကို ထွက်သွားခဲ့တယ်။

 

ခင်မှုန်ကတော့ ဘာမှမဖြစ်တဲ့အတွက် မိမိနေတဲ့ နေရာမှာ ထိုင်နေရင်း ရွေ့ပြောင်းနေကြတဲ့ နာနာဘာဝတွေကို ငေးကြည့်နေခဲ့တယ်။ သိပ်မကြာဘူး ခင်မှုန်တစ်ကိုယ်လုံး မီးပုံဘေးမှာထိုင်နေရသလို တစ်ဖိန်းဖိန်းတစ်ရှိန်းရှိန်းဖြစ်လာခဲ့တယ်။ ငါပဲဖြစ်တာလားဆိုပြီးဘေးဘီဝဲယာကို ကြည့်လိုက်တော့ သူ့လိုပဲ ဇရပ်ပေါ်မှာကျန်နေတဲ့ သူတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြတာကို မြင်လိုက်ရတယ်။

 

” အားလုံး ဒီနေရာက ထွက်ကြဟေ့ မထွက်ရင် ဒီထက်ပိုပူလောင်လာလိမ့်မယ်”

 

အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ဗိုက်ပူပူပါးစပ်ပြဲပြဲ လူကြီးရဲ့အော်သံအဆုံးမှာ ခင်မှုန်အပါအဝင် အခြားနာနာဘာ‌ဝတွေအားလုံး ဇရပ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်။

 

မကြာခင် ဥပဓိရုပ်ကောင်းကောင်းနဲ့ လူတစ်ယောက်က ဇရပ်ပေါ်ကိုဦးစွာတက်လာပြီး အနောက်မှာပါလာတဲ့လူနှစ်ယောက်ကတော့ ပတ်ဝန်းကျင်ကိုအကဲခတ်နေတဲ့အလား ‌ဝေ့ဝိုက်ကြည့်ရှုနေခဲ့ကြတယ်။

 

ခင်မှုန်လဲ ဒီလူတွေက သာမန်လူတွေမဟုတ်လောက်ဘူးဆိုတာရိပ်မိပြီး ဟောင်းနွမ်းနေပြီဖြစ်တဲ့ အုတ်ဂူအနောက်ကနေ အခြေအနေကို အကဲခတ်နေခဲ့တယ်။

 

ဘယ်ကလာမှန်းမသိတဲ့ခရီးသွားတွေကတော့ ဇရပ်ပေါ်မှာနေရာယူပြီး ‌တည်ငြိမ်စွာနေနေပေမယ့် မတည်ငြိမ်သူတစ်ယောက်တော့ရှိနေခဲ့တယ်။

 

သူကတော့ ” မယ်ဖုန်”

 

သူ့ဇရပ်မှာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြတဲ့ ခရီးသွားတွေကို အသံပေးလိုက်၊ အနံ့ပေးလိုက်နဲ့ နှောက်ယှက်နေပေမယ့် ဟိုက ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ပဲ နေပြတော့ မယ်ဖုန် တစ်ယောက် ဒေါသပိုထွက်လာခဲ့တယ်။

 

ညဘက်ရောက်တော့ မှောင်မဲနေတဲ့သင်္ချိုင်းဇရပ်ပေါ်ကနေ မှိန်ပြပြဖယောင်းတိုင်အလင်းရောင် အချို့ထွက်ပေါ်လာခဲ့တယ်။ အလင်းရောင်ထွက်ပေါ်လာပြီး မကြာခင်မှာ ဘုရားရှိခိုးသံသဲ့သဲ့က လေအဝေ့မှာ တစ်ချက်တစ်ချက် လွင့်ပျံ့လာခဲ့တယ်။

 

“ယဿာနုဘာဝတော ယက္ခာ

နေ၀ ဒေဿန္တိ ဘီသနံ

ယဥှိ စေဝါနုယုဉ္ဇန္တော

ရတ္တိန္ဒိ၀ မတန္ဒိတော”

” ဒါ ဒါမေတ္တာသုတ်ရွတ်ဖတ်နေတဲ့အသံပဲ”

 

ခင်မှုန်ရဲ့အသိစိတ်ထဲမှာ အခုမှ ဘုရားတရားဆိုတဲ့အကြောင်းတွေးမိလာခဲ့တယ်။ အဲဒီအချိန် ဇရပ်ခေါင်မိုးပေါ်မှာ တစ်ဒုန်းဒုန်းနဲ့ မယ်ဖုန် သောင်းကျန်းပါလေရော။

 

ခရီးသွားသုံးယောက်ကလဲ ပရိတ်ကြီး၁၁သုတ်ကိုပြီးဆုံးအောင်ရွတ်ဖတ်နေခဲ့တာ အာဋာနာဋိယသုတ်လဲရောက်ရော မယ်ဖုန်တစ်ယောက် ငယ်သံပါအောင် အော်ပြီး သင်္ချိုင်းထဲဝင်ပြေးပါလေရော။ သူ့အနောက်မှာတော့ ပြောင်လက်နေတဲ့ တင်းပုတ်တွေကို ကိုင်ထားတဲ့ ယက္ခနှစ်ကောင်က ထုရိုက်မယ့်ဟန်နဲ့ အတင်းထိုးလိုက်နေတာမြင်လိုက်ရတယ်။

 

မယ်ဖုန်လဲပြေးရော သူ့ကိုအမှီပြုပြီးနေတဲ့ နာနာဘာဝတွေအားလုံး ကြောက်လန့်တစ်ကြား ထွက်ပြေးကြပြန်ရော။ ခင်မှုန်လဲ သူများပြေးတော့ လိုက်ပြေးဖို့အလုပ် ရင်စည်းအနီ ခါးစည်းအနီဝတ်ထားတဲ့ ဘီလူးကြီးက သူ့ရဲ့ကြီးမားတဲ့ လက်နဲ့ တားလိုက်ပြီး

 

” မေတ္တာသုတ်ကိုလိုက်ရွတ်နေတာ သင်မဟုတ်လား” လို့မေးတော့ ခင်မှုန်က ကြောက်လန့်တစ်ကြားနဲ့ ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကာ ဟုတ်မှန်ကြောင်းပြောလိုက်တော့ လူကောင်ထွားထွားယက္ခက ဇရပ်ပေါ်ကိုလက်ညိုးထိုးကာ

 

” သင့်ကုသိုလ်ကံက ဒီနေရာမှာနေရမယ့်သူမဟုတ်ဘူး .. သူတို့က သင့်ကိုကူညီပေးလိမ့်မယ်” လို့ပြောကာ ပျောက်ကွယ်သွားခဲ့တယ်။

 

ခင်မှုန်လဲ ယက္ခတွေပြောစကားကြောင့် ဇရပ်အနားကိုမဝံ့မရဲနဲ့ချဉ်းကပ်လာတဲ့အချိန်

” အမိ သင့်မှာဘယ်လိုဒုက္ခတွေကြုံနေလို့ ဒီလိုနေရာကိုရောက်နေရတာလဲ” ဆိုတဲ့အသံထွက်လာခဲ့တယ်။

 

ခင်မှုန်လဲ သူ့ကိုပြောတာမှန်းလဲသိရော သူ့အတွက်အမျှအတန်းပေးတဲ့အခါ အခြားသူတွေရရသွားတဲ့အကြောင်းတွေကို ပြောပြဖြစ်ခဲ့တယ်။ ခရီးသွားတွေကလဲ ခင်မှုန်ပြောတဲ့စကားတွေကို အလေးထားနားထောင်ပြီး

 

” သင် ကျုပ်တို့ထွက်သွားတာနဲ့ ရွာထိပ်မှာစောင့်နေပါ .. သင်ကျွတ်လွတ်အောင် ကူညီပေးပါ့မယ်” လို့ပြောလိုက်တော့မှ ခင်မှုန်တစ်ယောက် ထခုန်မတတ်ဝမ်းသာသွားခဲ့တယ်။

 

နောက်တစ်နေ့ နံနက်အရုဏ်တက်လဲရောက်ရော ခရီးသွားတွေက ပါလာတဲ့အထုပ်အပိုးတွေကို ယူကာ ခင်မှုန်တို့ရွာဘက်ကို ထွက်လာခဲ့ကြတယ်။ ခင်မှုန်ကတော့ အနောက်ကနေ လိုက်လာပြီး ရွာထိပ်လဲရောက်ရော ထုံးစံအတိုင်း ငှက်ကြီးတောင်ဓါးကိုင်ထားတဲ့သူက မဝင်ဖို့တားပါလေရော။

 

ခရီးသွားတွေကလဲ ခင်မှုန်အဖြစ်ကိုသိတဲ့ဟန်နဲ့ အနောက်ကိုလှည့်ကြည့်ကာ

” ရွာပြင်မှာ ကျုပ်တို့လာအခေါ်ကိုစောင့်နေပါ”ဆိုပြီးပြောကာ ရွာထဲကိုဝင်သွားခဲ့ကြတယ်။

 

ထမင်းအိုးတစ်လုံးကျက်ခန့်ကြာတော့ ငှက်ကြီးတောင်ဓါးကိုင်ထားတဲ့သူရောက်လာပြီး

 

” နင့်ကိုခေါ်နေတယ် သွား သွား အမြန်သွား” ဆိုပြီးပြောတော့ ဝမ်းသာအားရနဲ့ ရွာထဲကိုအပြေးသွားကာ အိမ်ရှေ့ရောက်တော့ အသားနီနီ၊ အရပ်မြင့်မြင့်နဲ့လူကြီးက

” မြန်မြန်တက်သွား ဟိုမှာ နင့်ကိုခေါ်နေတယ်” ဆိုပြီးပြောပြန်ရော။

 

ခင်မှုန်လဲ အိမ်ပေါ်ကိုရောက်တော့ အနောက်ကနေ တစ်စုံတစ်ယောက်တွန်းချလိုက်တဲ့အရှိန်ကြောင့် အရှေ့မှာထိုင်နေတဲ့ မိန်းမလျာလှသောင်းရဲ့ကိုယ်ပေါ်ကိုပြုတ်ကျသွားခဲ့တယ်။

 

” အမေ… အမေ…”

 

” သမီး ခင်မှုန်လား… သမီးလေးရယ် အဖြစ်ဆိုးလိုက်တာကွယ်”

 

လှသောင်းတစ်ဖြစ်လဲ ခင်မှုန်ကို ဖက်ပြီးငိုနေတဲ့ မိခင်ဖြစ်သူကိုမြင်တော့ စိတ်မကောင်းဖြစ်သွားခဲ့တယ်။

 

” သမီး ပိုးထိပြီးဆုံးတဲ့နေ့ထဲက အမေအိပ်မရခဲ့တာ ၊ သမီးလေးအတွက် အလှူတွေလုပ်ပေးခဲ့တာ၊ အမျှအတန်းတွေပေးခဲ့တာ မရဘူးလား”

 

” မရဘူးအမေ ၊ သမီးအခုရောက်နေတဲ့လောကမှာ နာမည်တူ။အသက်တူတွေအများကြီးမှ အများကြီးပဲ နောက်တစ်ခါ သမီးအတွက် ရည်စူးပြီးအလှူလုပ်ရင်လေ သေတဲ့နေရာ၊ သေတဲ့နေ့၊ သေတဲ့အချိန်၊ နောက်ပြီး သမီးရဲ့ခန္ဓာကိုယ်ကအမှတ်အသားတစ်ခုခုပါထည့်ပြီးခေါ်ပေးပါနော်၊ ဒါမှ သမီး အမေတို့နောက်ကိုလိုက်လာလို့ရမှာ”

 

ခင်မှုန်စကားအဆုံးမှာ ဘေးနားမှာရှိနေတဲ့သူတွေဆီကနေ ငိုရှိုက်သံအချို့ထွက်ပေါ်လာခဲ့တယ်။

 

” ဟိုကောင်မလေး ထွက်တော့ အချိန်ပြည့်ပြီ”

 

အိမ်ပေါက်ဝမှာ မတ်တပ်ရပ်စောင့်နေတဲ့ လူနီနီကြီးရဲ့စကားအဆုံးမှာ ခင်မှုန်ရဲ့ဝိဉာဉ်က လှသောင်းကိုယ်ထဲက‌နေ ခွာပြီး ရွာအပြင်ကို ပြန်ရောက်သွားခဲ့တယ်။

 

နေ့ထန်းတစ်ဖျားလောက်လဲရောက်ရော ညက ဇရပ်ပေါ်မှာတည်းသွားတဲ့ လူသုံးယောက်ထဲက တစ်ယောက်က သစ်ကိုင်းတစ်ခုကို ကိုင်ကာရောက်လာပြီး

 

” ပြာသိုလဆန်း၃ရက်၊ နံနက်၉နာရီအချိန် ပိုးထိပြီး ဆုံးပါးသွားတဲ့ မခင်မှုန်၊ လည်ပင်းမှာအညိုကွက်အမှတ်ပါတဲ့ခင်မှုန်… ငါ့ကိုင်ထားတဲ့ သစ်ကိုင်းခြောက်ကို မလွတ်တမ်းစွဲကိုင်ပြီး လိုက်လာခဲ့ပါ ၊ သင့်အတွက်ရည်စူးပြီး ပြုလုပ်မယ့် အလှူမှာ သာဓုခေါ်ဆိုဖို့ လိုက်လာခဲ့ပါ” ဆိုပြီးသုံးကြိမ်တိတိခေါ်တော့ နာမည်တူ နာနာဘာဝတွေက ခင်မှုန်ကို ကြည့်ပြီး

 

” ဟိုကောင်မ နင့်ကိုခေါ်နေတာလေ … ဘာလုပ်နေတာလဲ အမြန်လိုက်သွား” လို့ပြောတော့ ခင်မှုန်က သစ်ကိုင်းအဖျားကို ကိုင်ကာရွာထဲကိုလိုက်လာခဲ့တယ်။ အိမ်ရှေ့ရောက်တော့ သံဃာတော်တွေကို လှူဖွယ်ဝတ္တုတွေလှူဒါန်းနေတဲ့ မိခင်ဖြစ်သူအပြင် ငယ်သူငယ်ချင်းအပေါင်းအသင်းတွေကိုပါမြင်လိုက်ရတယ်။

 

သံဃာတော်တွေကတော့ သေဆုံးတဲ့ရက်၊လတွေအပြင် ခန္ဓာကိုယ်မှာပါတဲ့အမှတ်အသားကိုပါသိမြင်အောင်ပြောပြီး အမျှပေးဝေတော့မှ ခင်မှုန်တစ်ယောက် ဝမ်းသာအားရ သာဓုအကြိမ်ကြိမ်ခေါ်ဆိုနိုင်ခဲ့တယ်။

 

သာဓု ခေါ်ဆိုအပြီးမှာတော့ မျက်လုံးအရှေ့မှာရှိနေတဲ့ အရာတွေအားလုံးပျောက်ကွယ်သွားပြီး နီစပ်စပ်မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုကို စတင်မြင်လိုက်ရတယ်။ ဘေးနားမှာတော့ နူးညံ့နေတဲ့ကတ္တီပါစလို အရာတွေရှိပြီး အဲဒီအရာတွေကိုခြေထောက်နဲ့ထိုးကန်လိုက်တဲ့အချိန် အလွှာတစ်ခုရဲ့အပြင်ဘက်ကနေ လူအချို့ရဲ့ရယ်မောသံကိုကြားလိုက်ရတယ်။

+++++++++++++

” ဆရာ… ဒါဆို ခင်မှုန်ဆိုတဲ့မိန်းကလေးက ကောင်းတဲ့ဘဝကိုရောက်သွားတာပေါ့”

 

” ဟုတ်တာပေါ့ သက်ခိုင်၊ သူ့အတွက်ရည်စူးပြီးပြုခဲ့တဲ့ကောင်းမှုအစုစုကိုရသွားခဲ့တဲ့အတွက် ဘဝသစ်တစ်ခုကိုချက်ချင်းရောက်သွားခဲ့တာ”

 

ဆရာတပည့်နှစ်ယောက် စကားပြောလိုက် လမ်းလျောက်လိုက်လုပ်နေတဲ့အချိန်

 

” ဆရာ ဆရာ … ဟိုမှာ ရသေ့တစ်ပါး သတိလစ်နေပါတယ်” ဆိုတဲ့တောက်ရရဲ့အသံကြောင့် ကြည့်လိုက်ရာ ဒေါက်ချာတစ်ခြား လူတစ်‌ခြားဖြစ်နေတဲ့ ရသေ့တစ်ပါးကိုမြင်လိုက်ရတယ်။

 

‌” ရသေ့လေး ရသေ့လေး သတိထားပါဦး… သက်ခိုင် ငါ့ကိုလွယ်အိတ်ထဲက အာယုဒီကဆေးမြစ် ပေးစမ်း”

 

သက်ခိုင်လဲ လွယ်အိတ်ထဲမှာထည့်ထားတဲ့ ဆေးမြစ်ကိုထုတ်ပေးလိုက်တော့ အောင်မြတ်သာက သတိလစ်နေတဲ့ ရသေ့ရဲ့ နှာခေါင်းထိပ်ဝကို တေ့ပြီးပေးရှုလိုက်တယ်။

 

ခဏကြာတော့ သတိပြန်လည်လာပြီး အောင်မြတ်သာတို့ကိုကြည့်ကာ

” ကျုပ်ကို ဟိုကလေးနှစ်ကောင် တောင်ပေါ်က ကန်ချလိုက်တယ်ဗျာ”

 

” ဘယ်က ကလေးလဲဗျ…”

 

” သင်တို့ကခရီးသွားတွေထင်တယ်..ဒါကြောင့် ဒီတောင်ကြောတစ်ဝိုက်အကြောင်းမသိတာကိုး”

 

” ဒီတောင်ကြောကဘာဖြစ်လို့လဲပြောပြပါဦး”

 

” ဒီတောင်ကို ဂွေလှိမ့်တောင်လို့ခေါ်တယ်။ လပြည့်လကွယ်နေ့တွေဆိုရင် တောင်စောင့်ကလေးနှစ်ပါးက တောင်ရိုးတစ်လျောက်ကို ဂွေလှိမ့်တမ်းက‌စားလေ့ရှိတယ်။ ဒီနေ့က သူတို့ကစားတဲ့နေ့မှန်းမသိပဲ တောင်ပေါ်တက်သွားခဲ့မိတာ အခုလိုကန်ချခံလိုက်ရတာပဲ”

 

” ဒီလိုဆိုရင် အတော်ကိုဆိုးတာပဲ”

 

” ဟုတ်တယ် … အလောင်းမင်းတရားရဲ့ သားတော် နောင်တော်ကြီးမင်းကိုယ်တောင် အပိုင်စားပေးထားတာဖြစ်လို့ တော်ရုံတောင်စောင့်နတ်တွေ အနားမကပ်ရဲကြဘူး”

 

” ဒီကလေးတွေအကြောင်း စိတ်ဝင်စားသွားပြီဗျာ.. ဖြစ်နိုင်ရင်အကြောင်းစုံပြောပြပေးလို့ရမလား”

 

” ရတာပေါ့ဗျာ ပြောပြရမှာအချိန်ကြာမှာဆိုတော့ ကျုပ်နေတဲ့ နေရာကိုသာလိုက်ခဲ့ကြ”

 

ရသေ့က အောင်မြတ်သာကို သစ်ခေါင်းပေါက်လိုဖြစ်နေတဲ့ ညောင်ပင်အပေါက်ထဲကိုခေါ်သွားခဲ့တယ်။ အထဲရောက်တော့ ကညင်တိုင်မီးကို ထွန်းထားတဲ့ အခန်းကျယ်တစ်ခုကိုမြင်တွေ့လိုက်ရတယ်။

 

” ဒီနေရာက ရသေ့လေး နေတဲ့နေရာလား”

 

” ဟုတ်တယ်လေ ကျုပ်က ဒီအပင်မှာနေတဲ့ရသေ့ပါ”

 

ဒီလိုနဲ့ ညောင်ပင်စောင့်ရသေ့ပြောပြတဲ့ တောင်စောင့်ကလေးနှစ်ယောက်အကြောင်းကို ခရေစေ့တွင်းကျနားထောင်ခဲ့ရတော့တယ်။

 

ရသေ့လေးပြောပြတဲ့အကြောင်းအရာတွေအပြင် အောင်မြတ်သာတို့ကိုယ်တိုင်ဘယ်လိုရင်ဆိုင်ကြရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်သိဒ္ဓိညီနောင်နှစ်ပါးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

 

လေးစားစွာဖြင့်

ဇေယန(ရာမည)

ေအာင္ျမတ္သာႏွင့္ရည္စူးကုသိုလ္

” ဟိုကေလးမ ထစမ္း … ဒါနင့္ေနရာမဟုတ္ဘူး”

ေျခာက္ကပ္ကပ္ အက္ကြဲကြဲအသံေၾကာင့္သတိရတစ္ခ်က္မရတစ္ခ်က္ျဖစ္ေနတဲ့ ခင္မႈန္ တစ္ေယာက္ ကုန္း႐ုန္းထဖို႔ႀကိဳးစားလိုက္တဲ့အခ်ိန္
ေခါင္းထဲမွာ ပိုးေကာင္ေပါင္းမ်ားစြာ ကိုက္ေနၾကသလို တစ္ဆစ္ဆစ္ျဖစ္ေနတာကိုစတင္ခံစားလိုက္ရၿပီးေဘးပတ္ဝန္းက်င္မွာ ဆူညံပြက္ေလာ႐ိုက္ေနတဲ့အသံအခ်ိဳ႕ကိုလဲ ၾကားလိုက္ရတယ္။

” ငါ ငါဘယ္ေရာက္ေနတာပါလဲ .. ဒီအသံေတြကို ငါတစ္ခါမွလဲမၾကားဖူးပါလား.. စဥ္းစားစမ္း ငါဘာျဖစ္သြားခဲ့တာလဲ”

ေဝဝါးေနတဲ့အျမင္ေတြကိုလက္ခုံနဲ႔ပြတ္ၿပီး ၾကည့္လိုက္ေတာ့ ထဘီကိုရင္လ်ားလ်က္ဝတ္ထားတဲ့မိန္းမတစ္ေယာက္ကို ေက်ာေပးလ်က္အေနအထားနဲ႔ျမင္ေတြ႕လိုက္ရတယ္။

မိန္းမႀကီးနဲ႔မလွမ္းမကမ္းမွာေတာ့ မ်က္လုံးႏွစ္လုံးက အျပင္ဘက္ကိုျပဴးထြက္ေနတဲ့ကေလးႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ စေနာက္က်ီစယ္ေနတာကိုလဲျမင္လိုက္ရတယ္။

” ဒါ ဒါ ဘယ္ေနရာလဲ…”

ခင္မႈန္အသံေၾကာင့္ ေက်ာေပးရပ္ေနတဲ့မိန္းမႀကီးရဲ႕ မ်က္ႏွာက ေက်ာကုန္းဘက္ကို ႐ုတ္တရက္လွည့္လာတာျမင္ေတာ့ ေၾကာက္လန႔္တစ္ၾကားထေျပးဖို႔အလုပ္

” နင္ကိုနင္ လူဘဝမွာရွိေနတယ္ ထင္ေနတာလား ..ဟမ္… ”

” ဟုတ္တယ္ေလ ခင္မႈန္ ခုနက ေကာက္စိုက္သြားဖို႔အိမ္ကထြက္လာတာမဟုတ္လား”

” မဟုတ္ဘူး နင္က ေသသြားၿပီ … အခုနင္က မကြၽတ္မလြတ္တဲ့နာနာဘာဝတစ္ေကာင္ ျဖစ္ေနၿပီဆိုတာ မွတ္ထားလိုက္ေတာ့”

” ခင္မႈန္ မေသေသးပါဘူး .. ဒီမွာေျခေတြလက္ေတြ အေကာင္းတိုင္းရွိသလို အိမ္ကလူေတြ၊ ႐ြာက လူေတြကိုလဲ မွတ္မိပါေသးတယ္”

” တယ္ စကားအေတာ္ရွည္တဲ့ မိန္းမပါလား… သြား သြား နင့္ဘာသာ ဘယ္လိုျဖစ္ျဖစ္ ငါတို႔သားအမိေနတဲ့ ေနရာကေန အျမန္ဆုံးထြက္သြား”

မ်က္ႏွာက ေက်ာကုန္းဘက္ကိုေရာက္ေနတဲ့ မိန္းမႀကီးစကားေၾကာင့္ ခင္မႈန္ ကမန္းကတမ္း မတ္တပ္ထရပ္လိုက္ၿပီး ေဘးပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ ေဟာင္းႏြမ္းေဆြးေျမ့ေနတဲ့ ဇရပ္အိုတစ္ခုအျပင္ ႏွစ္ခ်ိဳ႕သစ္ပင္အခ်ိဳ႕ကိုလဲျမင္ေတြ႕လိုက္ရတယ္။ သစ္ပင္ေတြရဲ႕အကိုင္းအခက္ေတြမွာေတာ့ ေၾကာက္လန႔္စရာေကာင္းတဲ့႐ုပ္အသြင္ရွိတဲ့ နာနာဘာဝေတြက ေနရာလပ္မရွိေအာင္ ေနရာယူထားၿပီး ခင္မႈန္ကို ထြက္သြားဖို႔ ေမာင္းထုတ္ၾကပါေလေရာ။

ပုံမွန္ဆိုရင္ ဒီလိုမ်ိဳး႐ုပ္သြင္ေတြကိုျမင္တာနဲ႔ သတိလစ္မတတ္ေၾကာက္လန႔္တတ္တဲ့ ခင္မႈန္တစ္ေယာက္ အခုက်ေတာ့ အနည္းငယ္သာ ေၾကာက္စိတ္ဝင္ေနခဲ့မိတယ္။

” ငါ ဘယ္ဘဝေရာက္ေနတာလဲ .. ေနရာတိုင္းမွာလဲ ‌အပ္ခ်စရာမရွိေလာက္ေအာင္ျပည့္ႏွက္ေနပါလား… ငါဘယ္ကိုသြားရမလဲ”

တစ္ေယာက္ထဲေရ႐ြတ္ရင္း ေျမနီလမ္းေလးအတိုင္းေလ်ာက္လာခဲ့တာ ခရီးအေတာ္ေပါက္ လာခဲ့တယ္။ လမ္းတစ္ေလ်ာက္မွာလဲ ေရတစ္ေပါက္ေသာက္ဖို႔ေတာင္မေတြ႕တဲ့အျပင္ အရိပ္ဝင္ခိုမယ့္သစ္ပင္တစ္ပင္ကိုေတာင္ မေတြ႕ျမင္ခဲ့ဘူး။

” ငါ့ရင္ေတြ ပူလိုက္တာ.. ဒီအခ်ိန္ ေရတစ္ေပါက္ေလာက္ေသာက္လိုက္ရရင္ အရမ္းေကာင္းမွာပဲ” လို႔ေတြးလိုက္တဲ့အခ်ိန္ မလွမ္းမကမ္းမွာ ေျခာက္ကပ္ေနတဲ့ထန္း႐ြက္ေတြနဲ႔မိုးထားတဲ့ ေရအိုးစင္တစ္ခု႐ုတ္တရက္ေပၚလာခဲ့တယ္။

ခင္မႈန္လဲ ေရအိုးစင္ေတြ႕တာနဲ႔ ကမန္းကတမ္းသြားၿပီး ၾကည့္လိုက္ေတာ့ ေရဆိုလို႔ တစ္ေပါက္မွမရွိ။

” ငါအေတာ္ကံဆိုးတာပဲ ေရအိုးစင္ေတြ႕တာေတာင္ ေသာက္စရာေရတစ္ေပါက္မွမရွိပါလား “ဆိုၿပီးေတြးေနတဲ့အခ်ိန္ ေဘးနားမွာ ငွက္ႏွစ္ေကာင္က က်လိ က်လိနဲ႔ေအာ္ျမည္ၿပီး ေရအိုးစင္အေပၚမွာ နားေနတာျမင္ေတာ့

” ဒီငွက္ေလးေတြကို ငါျမင္ဖူးသလိုပဲ… ငါရင္းရင္းႏွီးႏွီးျမင္ဖူးပါတယ္.. စဥ္းစားစမ္း စဥ္းစားစမ္း…. ဟာ .. ငါေရတိုက္ခဲ့ဖူးတဲ့ ငွက္ေလးေတြပဲ။ ဟုတ္တယ္ ဟုတ္တယ္ .. ငါေသာက္မယ့္ေရကို ေျမအိုးကြဲနဲ႔ထည့္ၿပီး တိုက္ခဲ့ဖူးတာပဲ”

ခင္မႈန္အေတြးထဲမွာ ျပဳလုပ္ခဲ့တဲ့ အရိပ္ေတြေပၚလာတဲ့အခ်ိန္ ေရအိုးစင္ထဲမွာရွိေနတဲ့ ေျမအိုးထဲကေန ၾကည္လင္ေအးျမေနတဲ့ ေရေတြအေပၚကိုလွ်ံၾကလာခဲ့တယ္။ အဲဒီေတာ့မွ ေရၾကည္ကို ဝမ္းသာအားရနဲ႔အငမ္းမရေသာက္လိုက္ မ်က္ႏွာနဲ႔ဇက္ပိုးကို ဆြတ္လိုက္လုပ္ေနတဲ့အခ်ိန္

” ကေလးမ နင္႐ြာကိုျပန္မယ့္အခ်ိန္ေရာက္ၿပီ .. အျမန္မျပန္ရင္ ဒီဘဝမွာပဲ တစ္ဝဲလည္လည္ျဖစ္ေနလိမ့္မယ္ အျမန္သြားေတာ့” ဆိုတဲ့အသံကို ၾကားလို႔လိုက္ၾကည္ေပမယ့္ ဘယ္သူ႔ကိုမွမေတြ႕။

” အခုခ်က္ခ်င္း အေရွ႕စူးစူးကိုသြားရင္ မြန္းမတည့္ခင္ ႐ြာထိပ္ကိုေရာက္လိမ့္မယ္ ဟိုမွာ အမွ်ေဝမယ့္သူေတြ နင့္ကိုေစာင့္ေနၾကတယ္” ဆိုတဲ့အသံထပ္ၾကားေတာ့မွ ခင္မႈန္အသိဝင္လာၿပီး အေရွ႕စူးစူးကို အေလာတစ္ႀကီးထြက္သြားခဲ့တယ္။

ေနကလဲပူ ဖိနပ္ကလဲ မပါတဲ့အတြက္ လမ္းခရီးက လိုသလိုမေပါက္ျဖစ္ေနခဲ့သလို လမ္းေဘးတစ္ေလ်ာက္မွာလဲ ဒူးဆစ္ေလာက္ရွိတဲ့ဆူးပင္ေတြကလြဲၿပီး သက္ရွိတစ္ေကာင္တစ္ေလကိုမွ မေတြ႕ရဘူး။ ေနကလဲ ေခါင္းတည့္တည့္ကေန ထိုးထားသလို ပူေလာင္ေနတဲ့အတြက္ ခင္မႈန္ကိုယ္ထဲမွာရွိတဲ့အားေတြကုန္သေလာက္ျဖစ္ေနခဲ့ၿပီး လမ္းေတာင္မေလ်ာက္ႏိုင္ေအာင္ ေပ်ာ့ေခြေနခဲ့တယ္။ဒါေပမယ့္လည္း ရွိသမွ်ခြန္အားေတြကို စုစည္းၿပီး ေလ်ာက္လာခဲ့တာ မြန္းမတည့္ခင္အခ်ိန္မွာ မွတ္တိုင္ေတြ က်ိဳးတိုးက်ဲတဲျဖစ္ေနတဲ့ သခ်ႋဳင္းတစ္ခုကိုအေဝးကေန လွမ္းျမင္လိုက္ရတယ္။

” ဒါ ဒါ ငါေနတဲ့႐ြာ သခ်ႋဳင္းပဲ… ငါ႐ြာကိုျပန္ေရာက္ၿပီ ႐ြာကိုျပန္ေရာက္ၿပီ” လို႔ေရ႐ြတ္ကာ ေျပးသြားတဲ့အခ်ိန္ ဇရပ္ေပၚကေန သာဓုေခၚသံအခ်ိဳ႕ထြက္လာတာကိုၾကားလိုက္ရတယ္။

” မဟုတ္ဘူးေလ အေမ…. သမီး သာဓုမေခၚရေသးဘူးေလ … အေမ….”

ခင္မႈန္တစ္ေယာက္ ငိုႀကီးခ်က္မနဲ႔ ေအာ္ဟစ္ေျပာလိုက္ေပမယ့္ ဇရပ္ေပၚကလူေတြကေတာ့ ဘာမွမၾကားတဲ့ဟန္နဲ႔ အေခါင္းနားကိုစုၿပဳံသြားေနခဲ့ၾကတယ္။ ခင္မႈန္လဲ လူေတြစုေနတဲ့အေခါင္းနားကိုတိုးၿပီးၾကည့္လိုက္ေတာ့ ႏႈတ္လမ္းတစ္ခုလုံးျပာႏွမ္းၿပီး အသက္ကင္းမဲ့ေနတဲ့ မိမိခႏၶာကိုယ္ကိုျမင္လိုက္ရတယ္။

” အမေလး သမီးရယ္ အေမတို႔ကို အေစာႀကီး ထားသြားခဲ့ပါလား… အေမတစ္ခု သမီးတစ္ခုဘဝပဲရွိတာကို ကံတရားကဘာလို႔ရက္စက္တာလဲ အဟီးဟီး”

အေမရဲ႕ငိုသံေတြကိုၾကားေတာ့ ခင္မႈန္ ဟန္မေဆာင္ႏိုင္ေတာ့ပဲ အေခါင္းေဘးမွာထိုင္ခ်ၿပီး မ်က္ႏွာကိုလက္နဲ႔အုပ္ကာ ငိုခ်ျပစ္လိုက္တယ္။

” သြားေလသူစိတ္မေျဖာင့္ေအာင္ မလုပ္ပါနဲ႔ မခင္မ်ိဳးရယ္… စိတ္ေလ်ာ့လိုက္ေတာ့.. ခ်က္ႀကီးနဲ႔ ထြန္းခင္ အေလာင္းကိုသၿဂႋဳလ္ဖို႔လုပ္ေတာ့”

ဘႀကီးေသာင္းစိန္ကေျပာရင္းဆိုရင္း ခင္မႈန္ထိုင္ေနတဲ့နားကေနအေလာင္ကိုသယ္ထုတ္ၿပီး ထင္းပုံေပၚတင္ကာ မီးရႈိ႕လိုက္ၾကတယ္။ အားလုံးၿပီးစီးသြားေတာ့ အသုဘလာပို႔တဲ့သူေတြ အားလုံးအလွ်ိဳလွ်ိဳနဲ႔႐ြာထဲျပန္ဝင္သြားခဲ့သလို ခင္မႈန္ကလဲ ႐ြာသားေတြနဲ႔ေရာၿပီး လိုက္သြားခဲ့တာ ႐ြာထိပ္လဲေရာက္ေရာ ကြၽဲခ်ိဳေလးခြကို ခါးၾကားမွာထိုးၿပီး ငွက္ႀကီးေတာင္ဓါးကိုကိုင္ထားတဲ့ ေသ်ာင္တစ္ေစာင္းနဲ႔လူတစ္ေယာက္ထြက္လာၿပီး

” နင္႐ြာထဲကိုဝင္လို႔မရဘူး” ဆိုၿပီး တားပါေလေရာ။ ခင္မႈန္လဲ သူ႔ကို႐ြာထဲေပးဝင္ဖို႔ အတန္ၾကာေအာင္ ငိုယိုေတာင္းပန္ေတာ့မွ ဝင္ခြင့္ေပးခဲ့တယ္။ ႐ြာထဲေရာက္ေတာ့လဲ အရင္ထဲကရွိေနတဲ့ နာနာဘာဝေတြက ခင္မႈန္ကို သူတို႔ေနရာမလာဖို႔ ေမာင္းထုတ္ၾကျပန္ေရာ။

” ခင္မႈန္ေရ သမီးေရ … သမီးႀကိဳက္တဲ့ ဝက္သားဟင္းေလးအေမခ်က္ထားတယ္ ထစားပါဦး” ဆိုၿပီး‌ေျပာသံေၾကာင့္ အိမ္ေရွ႕အေလာင္းစင္နားကိုၾကည့္လိုက္တာ ဆံပင္ဖားလ်ားခ်ထားတဲ့ မိန္းမတစ္ေယာက္က သူ႔အတြက္ခ်ထားေပးတဲ့ ထမင္းဟင္းေတြကို အငမ္းမရစားေသာက္ေနတာျမင္လိုက္ရတယ္။

ခင္မႈန္လဲ သူစားမယ့္ထမင္းကို အျခားတစ္ေယာက္ကလုစားေနတာျမင္ေတာ့ စိတ္တိုသြားၿပီး အေလာင္းစင္နားသြားကာ

” နင္ကဘာလို႔ ငါ့ကိုေကြၽးတဲ့ထမင္းကို လုစားေနတာလဲ…အခုခ်က္ခ်င္းငါ့အေလာင္းစင္ေပၚကေန ဆင္းစမ္း” လို႔ေျပာလိုက္ေတာ့ ဆံပင္ဖားလ်ားခ်ၿပီး ေဆာင့္ေၾကာင့္ထိုင္ကာ ထမင္းေတြႀကဳံးစားေနတဲ့မိန္းမက ခင္မႈန္ကိုမ်က္ေစာင္းထိုးၾကည့္ကာ
” ငါ့နာမည္လဲ ခင္မႈန္ပဲ သူတို႔ေကြၽးတုန္းက ခင္မႈန္‌စားဖို႔ဆိုၿပီးေကြၽးတာ ဒါေၾကာင့္ ငါတက္စားတာ အဟီးအဟီး ဟက္ဟက္”

” မဟုတ္ဘူးေလ ငါကိုသူတို႔ေကြၽးတာပါ.. ငါထမင္းမစားရတာ ရက္အေတာ္ၾကာေနၿပီ .. ငါ့ကိုနည္းနည္းေလာက္ေကြၽးပါလား”

” မရဘူး … ဒီထမင္းနည္းနည္းေလးကို ငါစားလို႔ေတာင္မဝတာ နင့္ကိုဘာလို႔ေကြၽးရမွာလဲ”

မ်က္ႏွာတစ္ခုလုံးျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနတဲ့ မိန္းမရဲ႕စကားေၾကာင့္ ခင္မႈန္စိတ္ပ်က္သြားၿပီး အိမ္ေပၚတက္ဖို႔လုပ္ေတာ့ ေပါင္မွာထိုးကြင္းမွင္ေၾကာင္ေတြထိုးထားတဲ့ပုဂၢိဳလ္က မတက္ဖို႔ထပ္တားျပန္ေရာ။

အဲဒီအခ်ိန္ အေလာင္းစင္ေပၚမွာ စားေသာက္ၿပီးတဲ့မိန္းမက ခင္မႈန္ကို လက္ညိဳးထိုးကာ ေလွာင္ေျပာင္ရယ္ေမာၿပီး အေမွာင္ထဲကိုထြက္သြားခဲ့တယ္။

ေနာက္တစ္ေန႔ေရာက္ေတာ့လဲ အေလာင္းစင္ေပၚမွာတင္ထားတဲ့အစားအေသာက္ေတြကို ခင္မႈန္ဆိုၿပီးနာမည္တြင္တဲ့ နာနာဘာဝေတြက လာေရာက္စားေသာက္သြားျပန္ေလေရာ။ ရက္လည္ဆြမ္းသြပ္တဲ့အခ်ိန္မွာလဲ ခင္မႈန္ဆိုတဲ့နာမည္ကိုေခၚၿပီး အမွ်ေဝေပမယ့္ နာမည္တူနဲ႔နာနာဘာဝေတြက အံလိုက္က်င္းလိုက္ေရာက္လာၿပီး အႏိုင္က်င့္ေမာင္းထုတ္ၾကတဲ့အတြက္ အမွ်အတန္းမရခဲ့ေပ။

ရက္လည္ၿပီးတဲ့အခ်ိန္ထိ အစာေရဆာဝဝလင္လင္မစားရတဲ့အတြက္ အိမ္အနီးအနားမွာရွိတဲ့ လူအခ်ိဳ႕ကိုအသိေပးဖို႔ႀကိဳးစားရာကေန ခင္မႈန္က အေျခာက္အလွန႔္ၾကမ္းတယ္။ အခုထိမကြၽတ္ပဲ အိမ္ကိုစြဲေနတယ္ဆိုတဲ့သတင္းက တစ္႐ြာလုံးပ်ံ႕သြားခဲ့တယ္။

တစ္ရက္မွာေတာ့ ခင္မႈန္တစ္ေယာက္ ကံအေၾကာင္းလွစြာနဲ႔ မိခင္ျဖစ္သူရဲ႕အိမ္မက္ထဲမွာ ေတြ႕ဆုံခြင့္ရခဲ့တယ္။ ေတြ႕ခြင့္ရတယ္ဆို႐ုံေလးသာျဖစ္လို႔ အမွ်တန္းမရတဲ့အေၾကာင္း၊ အလႉအတန္းလုပ္ၿပီးအမွ်ေဝခ်ိန္မွာ မခင္မႈန္၊ အသက္(၂၃)ႏွစ္ဆိုတာထည့္ေျပာဖို႔ မိခင္ျဖစ္သူကို ငိုယိုေျပာျပခဲ့တယ္။

‌မိခင္ျဖစ္သူလဲအိမ္မက္ကႏိုးလာတာနဲ႔ သူ႔သမီးမကြၽတ္လြတ္တာေသခ်ာမွန္းသိေတာ့ ရည္စူးအလႉလုပ္ဖို႔ျပင္ဆင္ခဲ့တယ္။ ခင္မႈန္ကေတာ့ ဒီတစ္ခါ သူ႔အတြက္အမွ်အတန္းရေတာ့မယ္ဆိုၿပီး ဝမ္းသာစြာနဲ႔ အိမ္နားတစ္ဝိုက္မွာလွည့္ပတ္သြားလာေနတုန္း ငွက္ႀကီးေတာင္ဓါးကိုင္ထားတဲ့ သူေရာက္လာၿပီး

” ေဟ့ ေဟ့ နင္႐ြာထဲမွာေနလို႔မရဘူး … အျပင္ထြက္ေန”

” ခဏပါပဲရွင္ အမွ်တန္းေဝၿပီးတာနဲ႔ ကြၽန္မသြားပါ့မယ္”

” မရဘူး ဒါက႐ြာစည္းကမ္းပဲ.. နင္အတြက္ရည္စူးၿပီးလုပ္တဲ့အလႉဆိုရင္ ႐ြာထိပ္မွာ နင့္ကိုလာေခၚလိမ့္မယ္ အဲဒီေတာ့မွ နင္လိုက္သြားရမယ္ အခုခ်က္ခ်င္း႐ြာျပင္ျပန္ထြက္ပါ။ မထြက္ဘူးဆိုရင္ ငါကညႇာမွာမဟုတ္ဘူးေနာ္”

ငွက္ႀကီးေတာင္ဓါးကိုဝင့္ကာေျပာလိုက္တဲ့ သူရဲ႕စကားေၾကာင့္ ခင္မႈန္တစ္ေယာက္မ်က္ႏွာငယ္စြာနဲ႔႐ြာအျပင္ကိုထြက္လာခဲ့လိုက္တယ္။ ႐ြာျပင္လဲေရာက္ေရာ မိမိနဲ႔အသက္အ႐ြယ္တူ မိန္းကေလးေပါင္းမ်ားစြာကိုျမင္ေတာ့ အံ့ဩသြားခဲ့တယ္။

” ဟိုေကာင္မ အခုမွေရာက္ၿပီး အေရွ႕မွာေနလို႔မရဘူး ..အေနာက္မွာလာတန္းစီ” ဆိုၿပီးေျပာတဲ့အသံကိုၾကည့္လိုက္ေတာ့ ဗိုက္တစ္ခုလုံး ေပါက္ၿပဲၿပီး အူေတြအေခြလိုက္က်ေနတဲ့ မိန္းမတစ္ေယာက္က ခင္မႈန္ကို ခါးေထာက္ၿပီးေျပာေနတာျမင္လိုက္ရတယ္။

” ရွင္ကဘယ္သူလဲ… ဘာေၾကာင့္ ကြၽန္မကိုအေနာက္မွာတန္းစီခိုင္းတာလဲ”

” ဟဲ့ စကားေျပာဆင္ျခင္စမ္း ေကာင္မ… ငါက လြန္ခဲ့တဲ့ ႏွစ္ငါးဆယ္ေလာက္ထဲက ႐ြာထိပ္မွာ ကြၽဲခတ္လို႔ေသသြားတဲ့ ေငြမႈန္ပဲ… အားလုံးထဲမွာ သက္ႀကီးဝါႀကီးမို႔လို႔ ေနရာမေက်ာ္ေအာင္ ေျပာေနရတာ ။ ဘာလဲ နင္ကမေက်နပ္ဘူးလား”

ေသြးမရွိတဲ့မ်က္ႏွာ၊ ျပဴးက်ယ္ေနတဲ့မ်က္လုံးအစုံနဲ႔ေျပာလိုက္တဲ့မိန္းမရဲ႕စကားေၾကာင့္ ခင္မႈန္ အနည္းငယ္ေၾကာက္လန႔္သြားၿပီး ခပ္လွမ္းလွမ္းက သရက္ပင္ေအာက္မွာ ငုတ္တုတ္ထိုင္ေစာင့္ေနခဲ့လိုက္တယ္။

မၾကာခင္ ႐ြာထဲကေန လူတစ္ေယာက္ထြက္လာၿပီး သစ္ကိုင္းခက္ကို ေလမွာယမ္းကာ
” မခင္မႈန္၊ အသက္(၂၃)ႏွစ္အတြက္ ေကာင္းမႈကုသိုလ္လုပ္ေပးဖို႔ရွိတယ္။ ဒါေၾကာင့္ က်ဳပ္ေျပာတဲ့စကားၾကားရင္ သစ္ကိုင္းခက္ကို ကိုင္ၿပီး အေနာက္ကေနလိုက္ခဲ့ပါ” ဆိုၿပီးေျပာေတာ့ သရက္ပင္ေအာက္မွာထိုင္ေနတဲ့ ခင္မႈန္က ဝမ္းသာအားရထကာၾကည့္လိုက္ေတာ့ လာေခၚတဲ့ သစ္ကိုင္းကို ကိုင္ကာ ႐ြာထဲကိုလိုက္သြားဖို႔ လုယက္ေနၾကတဲ့ မိန္းကေလးေပါင္းမ်ားစြာကို ေတြ႕လိုက္ရတယ္။

” အဲလိုမလုပ္နဲ႔ သူလာေခၚတာ ကြၽန္မကိုပါ .. ကြၽန္မလိုက္ပါရေစ”

ခင္မႈန္ရဲ႕သနားဖြယ္စကားသံေၾကာင့္ အနားမွာတိုးေဝွ႔ေနၾကတဲ့သူေတြထဲက ဝမ္းဗိုက္မွာ ဓါးေျမာင္တစ္ေခ်ာင္းစိုက္ေနတဲ့မိန္းမက
” ဟိုက နာမည္နဲ႔အသက္ပဲေခၚေတာ့ နင္နဲ႔နာမည္တူ အသက္တူမိန္းမေတြက အလုအယက္လိုက္ၾကတာေပါ့.. နင္ေတာ့ဒီပုံစံအတိုင္းဆို ကြၽတ္မယ္မထင္ပါဘူး”လို႔ေျပာကာ ေခၚတဲ့သူအေနာက္ကို ေျပးလိုက္ဖို႔ႀကိဳးစားေနခဲ့တယ္။

ခင္မႈန္လဲ လာေခၚတဲ့သူအေနာက္ကို လိုက္ဖို႔အစြမ္းကုန္ႀကိဳးစားေပမယ့္ မေရမတြက္ႏိုင္ေအာင္ မ်ားျပားတဲ့ နာမည္တူ၊ အသက္တူ နာနာဘာဝေတြရဲ႕တြန္းထိုးမႈကို မခံႏိုင္ပဲ ႐ြာျပင္မွာ က်န္ခဲ့ရတယ္။

ဒီတစ္ႀကိမ္မွာလဲအမွ်တန္းမရခဲ့တဲ့ ခင္မႈန္တစ္ေယာက္ စိတ္ပ်က္စြာနဲ႔ သရက္ပင္ေအာက္မွာထိုင္ေနတဲ့အခ်ိန္ နားထဲမွာ ဂုဏ္ေတာ္႐ြတ္ပြားသံ သဲ့သဲ့ကို ၾကားလိုက္ရတယ္။

” ဒါဒါ ဘုရားရွိခိုးတဲ့အသံပဲ.. အသံေလးက နားထဲေအးျမလိုက္တာ”ဆိုၿပီးေတြးမိတဲ့အခ်ိန္ သရက္ပင္ေပၚကေန အဖိုးအိုတစ္ေယာက္ လမ္းေလ်ာက္ဆင္းလာခဲ့ၿပီး

” ဟိတ္ ကေလးမ ငါ့အေနာက္ကို လိုက္ခဲ့” ဆိုကာ ေခၚေဆာင္သြားခဲ့တယ္။

ခင္မႈန္လဲ အဖိုးအိုရဲ႕ အေနာက္ကေနထပ္ခ်ပ္မကြာ လိုက္လာတဲ့အခ်ိန္ ကန္သင္း႐ိုးေတြေပၚမွာ ပိုးလိုးပက္လက္အိပ္ေနၾကတဲ့ နာနာဘာ‌ဝေတြက သူတို႔ဆီမလာဖို႔ေမာင္းထုတ္ၾကသလို၊ ဖုန္းဆိုးေျမေတြေပၚမွာ ငုတ္တုတ္ထိုင္ေနၾကတဲ့ သူေတြကလဲ သူတို႔ဆီပို႔မယ္ထင္ၿပီး အသံနက္ႀကီးေတြနဲ႔ ေအာ္ဟစ္ေမာင္းထုတ္ေနၾကတာကို ျမင္‌ေတြ႕လိုက္ရတယ္။

အဘိုးအိုကေတာ့ ဘာတစ္ခြန္းမွမေျပာပဲ ေခၚေဆာင္လာခဲ့တာ သခ်ႋဳင္းပ်က္တစ္ခုေရွ႕ကို ေရာက္လာခဲ့တယ္။

” ကေလးမ နင္က ဒီဇရပ္မွာခဏေနရဦးမယ္.. နင္ ေနဖို႔ထိုင္ဖို႔အတြက္ ဇရပ္ေစာင့္မယ္ဖုန္ကို ငါခြင့္ေတာင္းေပးမယ္” ဆိုၿပီးေျပာကာ ဇရပ္ေလွကားကို ေတာင္ေဝွးနဲ႔သုံးခ်က္ေခါက္လိုက္တဲ့ အခ်ိန္မွာေဝာာ့ ေခါင္မိုးေပၚကေန ပုတ္ေလာက္ႀကီးတဲ့ ေခါင္းတစ္လုံးျပဴထြက္လာၿပီး

” အဘိုးႀကီး က်ဳပ္ကိုဘာဒုကၡေပးဦးမလို႔လဲ”

” မယ္ဖုန္ နင့္ကိုအကူအညီတစ္ခုလာေတာင္းတာ.. ေအာက္ဆင္းခဲ့ဦး”

“အားေန က်ဳပ္ကိုပဲ ဒုကၡလာလာေပးေနတယ္.. အခုလဲဘယ္သူကိုေခၚလာျပန္ၿပီလဲမသိဘူး”

ဇရပ္ေခါင္မိုးထိပ္ကေန ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာဆိုသံအၿပီးမွာ တိုင္လုံးေတြကို တြယ္ဖက္ၿပီး ေဇာက္ထိုးဆင္းလာတဲ့ မိန္းမတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။

ခႏၶာကိုယ္က ကြၽဲတစ္ေကာင္နီးပါးရွိၿပီး ေခါင္းက ပုတ္ေလာက္ႀကီးေနတဲအျပင္ ခႏၶာကိုယ္တစ္ခုလုံး အေမႊးၾကမ္းေတြဖုံးအုပ္ထားတဲ့ မိန္းမႀကီးက
ခင္မႈန္ကိုၾကည့္ၿပီး

” ဒီမိန္းမကို ငါ့ဆီလာအပ္မလို႔လား”

” ေအး ဟုတ္တယ္ ဒီကေလးမကို ေလာေလာဆယ္ နင့္ဇရပ္မွာ ေနရာေပးထားလိုက္ပါ.. သိပ္မၾကာေလာက္ပါဘူး”

” မၾကာဘူးဆိုရင္လဲၿပီးေရာ ငါဇရပ္မွာေနရင္ ငါေျပာတဲ့အတိုင္းလိုက္နာရမယ္ …နင္ကလိုက္နာႏိုင္ပါ့မလား”

” ဟုတ္ ဟုတ္ကဲ့ လိုက္နာပါမယ္”

” မယ္ဖုန္ေရ နင့္ကိုငါအပ္ခဲ့ၿပီေနာ္ … ”

အဘိုးအိုက မယ္ဖုန္ဆိုတဲ့မိန္းမလက္ထဲအပ္ၿပီး ျပန္မထြက္ခင္ ခင္မႈန္အနားကိုကပ္ကာ

” နင္ဒီမွာ ခဏေန‌လိုက္ဦး.. မၾကာခင္ နင္ကို ကူညီမယ့္သူေတြေရာက္လာလိမ့္မယ္” ဆိုၿပီးေျပာကာ ျပန္ထြက္သြားခဲ့တယ္။

ခင္မႈန္လဲ အဘိုးအိုထြက္သြားေတာ့ ဇရပ္ေပၚကိုတက္ၾကည့္လိုက္ရာ ေခါင္းႀကီးကိုယ္ေသး နာနာဘာ‌ဝေတြ၊ ပါးစပ္တစ္ခုလုံးေလာက္ေတြ တစ္ဖြားဖြားက်ေနတဲ့နာနာဘာဝေတြ၊ ကိုယ့္အသားကို ကိုယ္ျပန္ဖဲ့ၿပီး ဝါးစားေနရတဲ့ နာနာဘာဝေတြအျပင္ အျခားမသတီစရာေကာင္းတဲ့ နာနာဘာဝေတြက ဇရပ္တစ္ခုလုံးေနရာလပ္မရွိေအာင္ျပည့္ႏွက္ေနတာကိုျမင္ေတြ႕လိုက္ရတယ္။

” ဟဲ့ေကာင္မ … ဘာလဲ ငါ့ဇရပ္ကိုၾကည့္ၿပီး ႐ြံေနတာလား”

” မ..မ..မဟုတ္ပါဘူး”

” ေအး နင္ကိုေတာင္ ဟိုအဘိုးႀကီးေၾကာင့္ လက္ခံလိုက္တာ.. လာခဲ့ နင့္အတြက္ေနရာလုပ္ေပးမယ္”

မယ္ဖုန္က ခင္မႈန္ကိုေခၚၿပီး ဇရပ္ေပၚတက္လာေတာ့ လႈပ္လႈပ္႐ြ႐ြျဖစ္ေနတဲ့သူေတြအားလုံး ၿငိမ္သက္သြားၾကတယ္။

” ဟို ငနက္တူတို႔မိသားစု နင္တို႔က ေပါက္ေက်ာ္မတို႔ေနတဲအပင္ေပၚခဏေျပာင္းေနလိုက္ ၾကားလား”

မယ္ဖုန္စကားကိုၾကားေတာ့ တစ္ကိုယ္လုံးမီးေသြးခဲလိုမဲနက္ၿပီး ပါးစပ္ေပါက္ေသးေသးေလးတစ္ခုသာပါတဲ့ အေကာင္ႀကီးက ေခါင္းတစ္ဆတ္ဆတ္ညိမ့္ၿပီး ဘုစုခလုကေလးငယ္ေတြကို ပခုံးေပၚေကာက္တင္ကာ ဇရပ္ေပၚကေနဆင္းသြားခဲ့တယ္။

” ဒီေနရာက နင့္ေနရာပဲ … တစ္ခုခုသြားခ်င္လာခ်င္တာဆိုရင္ ငါ့ကိုေျပာ… ငါခြင့္ျပဳမွသြားလို႔ရမယ္။ ေအး… ငါ့ကိုမေျပာပဲသြားလို႔ကေတာ့ ဇရပ္ေပၚကေန ေခါင္းနဲ႔ဆင္းရမယ္မွတ္ ၾကားလား”

ခင္မႈန္လဲ ေၾကာက္လန႔္စြာနဲ႔ ေခါင္းကိုညိမ့္ျပလိုက္ေတာ့ မယ္ဖုန္က ေက်နပ္သြားတဲ့ဟန္နဲ႔ ဇရပ္ေခါင္မိုးေပၚကိုျပန္တက္သြားခဲ့တယ္။ အျခားသူေတြနဲ႔မတူပဲ ဇရပ္ေစာင့္မိန္းမကိုယ္တိုင္ ေနရာခ်ထားေပးသူမို႔ ခင္မႈန္ကို အျခား နာနာဘာဝေတြအားလုံး ရန္မျပဳရဲပဲ အေလးထားဆက္ဆံခဲ့ၾကတယ္။ ခင္မႈန္လဲ အစပိုင္းမွာေနရခက္ေပမယ့္ ေနာက္ပိုင္းၾကာလာေတာ့ ေနသားက်လာခဲ့တယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ ဇရပ္ေပၚမွာရွိတဲ့ နာနာဘာ‌ဝေတြထဲက အခ်ိဳ႕က ေနထိုင္လို႔မရေအာင္ ပူေလာင္မႈဒဏ္ကိုခံစားလာခဲ့ရတယ္။

မယ္ဖုန္လဲ သူ႔ဇရပ္ထဲမွာျဖစ္ပ်က္ေနတာကိုျမင္ေတာ့ ႏွစ္ခ်ိဳ႕နာနာဘာဝျဖစ္တဲ့အတြက္ အေျခအေနကို သေဘာေပါက္သြားၿပီး

” ေနမရတဲ့သူေတြအားလုံး သခ်ႋဳင္းထဲက ႀကိဳက္တဲ့ေနရာမွာ သြားေနၾက … ညက်ရင္ ဇရပ္ေပၚကို အရႈပ္ထုပ္ေတြေရာက္လာဦးမယ္ထင္တယ္” လို႔ေျပာကာ ေျခေထာက္ေဆာင့္ၿပီး သခ်ႋဳင္းထဲကို ထြက္သြားခဲ့တယ္။

ခင္မႈန္ကေတာ့ ဘာမွမျဖစ္တဲ့အတြက္ မိမိေနတဲ့ ေနရာမွာ ထိုင္ေနရင္း ေ႐ြ႕ေျပာင္းေနၾကတဲ့ နာနာဘာဝေတြကို ေငးၾကည့္ေနခဲ့တယ္။ သိပ္မၾကာဘူး ခင္မႈန္တစ္ကိုယ္လုံး မီးပုံေဘးမွာထိုင္ေနရသလို တစ္ဖိန္းဖိန္းတစ္ရွိန္းရွိန္းျဖစ္လာခဲ့တယ္။ ငါပဲျဖစ္တာလားဆိုၿပီးေဘးဘီဝဲယာကို ၾကည့္လိုက္ေတာ့ သူ႔လိုပဲ ဇရပ္ေပၚမွာက်န္ေနတဲ့ သူေတြအားလုံး လႈပ္လႈပ္ရွားရွားျဖစ္ေနၾကတာကို ျမင္လိုက္ရတယ္။

” အားလုံး ဒီေနရာက ထြက္ၾကေဟ့ မထြက္ရင္ ဒီထက္ပိုပူေလာင္လာလိမ့္မယ္”

အေတြ႕အႀကဳံရွိၿပီးသားျဖစ္တဲ့ ဗိုက္ပူပူပါးစပ္ၿပဲၿပဲ လူႀကီးရဲ႕ေအာ္သံအဆုံးမွာ ခင္မႈန္အပါအဝင္ အျခားနာနာဘာ‌ဝေတြအားလုံး ဇရပ္ေပၚကေန ဆင္းေျပးခဲ့ရတယ္။

မၾကာခင္ ဥပဓိ႐ုပ္ေကာင္းေကာင္းနဲ႔ လူတစ္ေယာက္က ဇရပ္ေပၚကိုဦးစြာတက္လာၿပီး အေနာက္မွာပါလာတဲ့လူႏွစ္ေယာက္ကေတာ့ ပတ္ဝန္းက်င္ကိုအကဲခတ္ေနတဲ့အလား ‌ေဝ့ဝိုက္ၾကည့္ရႈေနခဲ့ၾကတယ္။

ခင္မႈန္လဲ ဒီလူေတြက သာမန္လူေတြမဟုတ္ေလာက္ဘူးဆိုတာရိပ္မိၿပီး ေဟာင္းႏြမ္းေနၿပီျဖစ္တဲ့ အုတ္ဂူအေနာက္ကေန အေျခအေနကို အကဲခတ္ေနခဲ့တယ္။

ဘယ္ကလာမွန္းမသိတဲ့ခရီးသြားေတြကေတာ့ ဇရပ္ေပၚမွာေနရာယူၿပီး ‌တည္ၿငိမ္စြာေနေနေပမယ့္ မတည္ၿငိမ္သူတစ္ေယာက္ေတာ့ရွိေနခဲ့တယ္။

သူကေတာ့ ” မယ္ဖုန္”

သူ႔ဇရပ္မွာ ေနခ်င္သလိုေန လုပ္ခ်င္သလိုလုပ္ေနၾကတဲ့ ခရီးသြားေတြကို အသံေပးလိုက္၊ အနံ႔ေပးလိုက္နဲ႔ ေႏွာက္ယွက္ေနေပမယ့္ ဟိုက ဖုတ္ေလတဲ့ငပိ ရွိတယ္လို႔ေတာင္မထင္ပဲ ေနျပေတာ့ မယ္ဖုန္ တစ္ေယာက္ ေဒါသပိုထြက္လာခဲ့တယ္။

ညဘက္ေရာက္ေတာ့ ေမွာင္မဲေနတဲ့သခ်ႋဳင္းဇရပ္ေပၚကေန မွိန္ျပျပဖေယာင္းတိုင္အလင္းေရာင္ အခ်ိဳ႕ထြက္ေပၚလာခဲ့တယ္။ အလင္းေရာင္ထြက္ေပၚလာၿပီး မၾကာခင္မွာ ဘုရားရွိခိုးသံသဲ့သဲ့က ေလအေဝ့မွာ တစ္ခ်က္တစ္ခ်က္ လြင့္ပ်ံ႕လာခဲ့တယ္။

“ယႆာႏုဘာဝေတာ ယကၡာ
ေန၀ ေဒႆႏၲိ ဘီသနံ
ယဥွိ ေစဝါႏုယုၪၨေႏၲာ
ရတၱိႏၵိ၀ မတႏၵိေတာ”
” ဒါ ဒါေမတၱာသုတ္႐ြတ္ဖတ္ေနတဲ့အသံပဲ”

ခင္မႈန္ရဲ႕အသိစိတ္ထဲမွာ အခုမွ ဘုရားတရားဆိုတဲ့အေၾကာင္းေတြးမိလာခဲ့တယ္။ အဲဒီအခ်ိန္ ဇရပ္ေခါင္မိုးေပၚမွာ တစ္ဒုန္းဒုန္းနဲ႔ မယ္ဖုန္ ေသာင္းက်န္းပါေလေရာ။

ခရီးသြားသုံးေယာက္ကလဲ ပရိတ္ႀကီး၁၁သုတ္ကိုၿပီးဆုံးေအာင္႐ြတ္ဖတ္ေနခဲ့တာ အာဋာနာဋိယသုတ္လဲေရာက္ေရာ မယ္ဖုန္တစ္ေယာက္ ငယ္သံပါေအာင္ ေအာ္ၿပီး သခ်ႋဳင္းထဲဝင္ေျပးပါေလေရာ။ သူ႔အေနာက္မွာေတာ့ ေျပာင္လက္ေနတဲ့ တင္းပုတ္ေတြကို ကိုင္ထားတဲ့ ယကၡႏွစ္ေကာင္က ထု႐ိုက္မယ့္ဟန္နဲ႔ အတင္းထိုးလိုက္ေနတာျမင္လိုက္ရတယ္။

မယ္ဖုန္လဲေျပးေရာ သူ႔ကိုအမွီျပဳၿပီးေနတဲ့ နာနာဘာဝေတြအားလုံး ေၾကာက္လန႔္တစ္ၾကား ထြက္ေျပးၾကျပန္ေရာ။ ခင္မႈန္လဲ သူမ်ားေျပးေတာ့ လိုက္ေျပးဖို႔အလုပ္ ရင္စည္းအနီ ခါးစည္းအနီဝတ္ထားတဲ့ ဘီလူးႀကီးက သူ႔ရဲ႕ႀကီးမားတဲ့ လက္နဲ႔ တားလိုက္ၿပီး

” ေမတၱာသုတ္ကိုလိုက္႐ြတ္ေနတာ သင္မဟုတ္လား” လို႔ေမးေတာ့ ခင္မႈန္က ေၾကာက္လန႔္တစ္ၾကားနဲ႔ ေခါင္းတစ္ဆတ္ဆတ္ညိမ့္ကာ ဟုတ္မွန္ေၾကာင္းေျပာလိုက္ေတာ့ လူေကာင္ထြားထြားယကၡက ဇရပ္ေပၚကိုလက္ညိဳးထိုးကာ

” သင့္ကုသိုလ္ကံက ဒီေနရာမွာေနရမယ့္သူမဟုတ္ဘူး .. သူတို႔က သင့္ကိုကူညီေပးလိမ့္မယ္” လို႔ေျပာကာ ေပ်ာက္ကြယ္သြားခဲ့တယ္။

ခင္မႈန္လဲ ယကၡေတြေျပာစကားေၾကာင့္ ဇရပ္အနားကိုမဝံ့မရဲနဲ႔ခ်ဥ္းကပ္လာတဲ့အခ်ိန္
” အမိ သင့္မွာဘယ္လိုဒုကၡေတြႀကဳံေနလို႔ ဒီလိုေနရာကိုေရာက္ေနရတာလဲ” ဆိုတဲ့အသံထြက္လာခဲ့တယ္။

ခင္မႈန္လဲ သူ႔ကိုေျပာတာမွန္းလဲသိေရာ သူ႔အတြက္အမွ်အတန္းေပးတဲ့အခါ အျခားသူေတြရရသြားတဲ့အေၾကာင္းေတြကို ေျပာျပျဖစ္ခဲ့တယ္။ ခရီးသြားေတြကလဲ ခင္မႈန္ေျပာတဲ့စကားေတြကို အေလးထားနားေထာင္ၿပီး

” သင္ က်ဳပ္တို႔ထြက္သြားတာနဲ႔ ႐ြာထိပ္မွာေစာင့္ေနပါ .. သင္ကြၽတ္လြတ္ေအာင္ ကူညီေပးပါ့မယ္” လို႔ေျပာလိုက္ေတာ့မွ ခင္မႈန္တစ္ေယာက္ ထခုန္မတတ္ဝမ္းသာသြားခဲ့တယ္။

ေနာက္တစ္ေန႔ နံနက္အ႐ုဏ္တက္လဲေရာက္ေရာ ခရီးသြားေတြက ပါလာတဲ့အထုပ္အပိုးေတြကို ယူကာ ခင္မႈန္တို႔႐ြာဘက္ကို ထြက္လာခဲ့ၾကတယ္။ ခင္မႈန္ကေတာ့ အေနာက္ကေန လိုက္လာၿပီး ႐ြာထိပ္လဲေရာက္ေရာ ထုံးစံအတိုင္း ငွက္ႀကီးေတာင္ဓါးကိုင္ထားတဲ့သူက မဝင္ဖို႔တားပါေလေရာ။

ခရီးသြားေတြကလဲ ခင္မႈန္အျဖစ္ကိုသိတဲ့ဟန္နဲ႔ အေနာက္ကိုလွည့္ၾကည့္ကာ
” ႐ြာျပင္မွာ က်ဳပ္တို႔လာအေခၚကိုေစာင့္ေနပါ”ဆိုၿပီးေျပာကာ ႐ြာထဲကိုဝင္သြားခဲ့ၾကတယ္။

ထမင္းအိုးတစ္လုံးက်က္ခန႔္ၾကာေတာ့ ငွက္ႀကီးေတာင္ဓါးကိုင္ထားတဲ့သူေရာက္လာၿပီး

” နင့္ကိုေခၚေနတယ္ သြား သြား အျမန္သြား” ဆိုၿပီးေျပာေတာ့ ဝမ္းသာအားရနဲ႔ ႐ြာထဲကိုအေျပးသြားကာ အိမ္ေရွ႕ေရာက္ေတာ့ အသားနီနီ၊ အရပ္ျမင့္ျမင့္နဲ႔လူႀကီးက
” ျမန္ျမန္တက္သြား ဟိုမွာ နင့္ကိုေခၚေနတယ္” ဆိုၿပီးေျပာျပန္ေရာ။

ခင္မႈန္လဲ အိမ္ေပၚကိုေရာက္ေတာ့ အေနာက္ကေန တစ္စုံတစ္ေယာက္တြန္းခ်လိုက္တဲ့အရွိန္ေၾကာင့္ အေရွ႕မွာထိုင္ေနတဲ့ မိန္းမလ်ာလွေသာင္းရဲ႕ကိုယ္ေပၚကိုျပဳတ္က်သြားခဲ့တယ္။

” အေမ… အေမ…”

” သမီး ခင္မႈန္လား… သမီးေလးရယ္ အျဖစ္ဆိုးလိုက္တာကြယ္”

လွေသာင္းတစ္ျဖစ္လဲ ခင္မႈန္ကို ဖက္ၿပီးငိုေနတဲ့ မိခင္ျဖစ္သူကိုျမင္ေတာ့ စိတ္မေကာင္းျဖစ္သြားခဲ့တယ္။

” သမီး ပိုးထိၿပီးဆုံးတဲ့ေန႔ထဲက အေမအိပ္မရခဲ့တာ ၊ သမီးေလးအတြက္ အလႉေတြလုပ္ေပးခဲ့တာ၊ အမွ်အတန္းေတြေပးခဲ့တာ မရဘူးလား”

” မရဘူးအေမ ၊ သမီးအခုေရာက္ေနတဲ့ေလာကမွာ နာမည္တူ။အသက္တူေတြအမ်ားႀကီးမွ အမ်ားႀကီးပဲ ေနာက္တစ္ခါ သမီးအတြက္ ရည္စူးၿပီးအလႉလုပ္ရင္ေလ ေသတဲ့ေနရာ၊ ေသတဲ့ေန႔၊ ေသတဲ့အခ်ိန္၊ ေနာက္ၿပီး သမီးရဲ႕ခႏၶာကိုယ္ကအမွတ္အသားတစ္ခုခုပါထည့္ၿပီးေခၚေပးပါေနာ္၊ ဒါမွ သမီး အေမတို႔ေနာက္ကိုလိုက္လာလို႔ရမွာ”

ခင္မႈန္စကားအဆုံးမွာ ေဘးနားမွာရွိေနတဲ့သူေတြဆီကေန ငိုရႈိက္သံအခ်ိဳ႕ထြက္ေပၚလာခဲ့တယ္။

” ဟိုေကာင္မေလး ထြက္ေတာ့ အခ်ိန္ျပည့္ၿပီ”

အိမ္ေပါက္ဝမွာ မတ္တပ္ရပ္ေစာင့္ေနတဲ့ လူနီနီႀကီးရဲ႕စကားအဆုံးမွာ ခင္မႈန္ရဲ႕ဝိဉာဥ္က လွေသာင္းကိုယ္ထဲက‌ေန ခြာၿပီး ႐ြာအျပင္ကို ျပန္ေရာက္သြားခဲ့တယ္။

ေန႔ထန္းတစ္ဖ်ားေလာက္လဲေရာက္ေရာ ညက ဇရပ္ေပၚမွာတည္းသြားတဲ့ လူသုံးေယာက္ထဲက တစ္ေယာက္က သစ္ကိုင္းတစ္ခုကို ကိုင္ကာေရာက္လာၿပီး

” ျပာသိုလဆန္း၃ရက္၊ နံနက္၉နာရီအခ်ိန္ ပိုးထိၿပီး ဆုံးပါးသြားတဲ့ မခင္မႈန္၊ လည္ပင္းမွာအညိဳကြက္အမွတ္ပါတဲ့ခင္မႈန္… ငါ့ကိုင္ထားတဲ့ သစ္ကိုင္းေျခာက္ကို မလြတ္တမ္းစြဲကိုင္ၿပီး လိုက္လာခဲ့ပါ ၊ သင့္အတြက္ရည္စူးၿပီး ျပဳလုပ္မယ့္ အလႉမွာ သာဓုေခၚဆိုဖို႔ လိုက္လာခဲ့ပါ” ဆိုၿပီးသုံးႀကိမ္တိတိေခၚေတာ့ နာမည္တူ နာနာဘာဝေတြက ခင္မႈန္ကို ၾကည့္ၿပီး

” ဟိုေကာင္မ နင့္ကိုေခၚေနတာေလ … ဘာလုပ္ေနတာလဲ အျမန္လိုက္သြား” လို႔ေျပာေတာ့ ခင္မႈန္က သစ္ကိုင္းအဖ်ားကို ကိုင္ကာ႐ြာထဲကိုလိုက္လာခဲ့တယ္။ အိမ္ေရွ႕ေရာက္ေတာ့ သံဃာေတာ္ေတြကို လႉဖြယ္ဝတၱဳေတြလႉဒါန္းေနတဲ့ မိခင္ျဖစ္သူအျပင္ ငယ္သူငယ္ခ်င္းအေပါင္းအသင္းေတြကိုပါျမင္လိုက္ရတယ္။

သံဃာေတာ္ေတြကေတာ့ ေသဆုံးတဲ့ရက္၊လေတြအျပင္ ခႏၶာကိုယ္မွာပါတဲ့အမွတ္အသားကိုပါသိျမင္ေအာင္ေျပာၿပီး အမွ်ေပးေဝေတာ့မွ ခင္မႈန္တစ္ေယာက္ ဝမ္းသာအားရ သာဓုအႀကိမ္ႀကိမ္ေခၚဆိုႏိုင္ခဲ့တယ္။

သာဓု ေခၚဆိုအၿပီးမွာေတာ့ မ်က္လုံးအေရွ႕မွာရွိေနတဲ့ အရာေတြအားလုံးေပ်ာက္ကြယ္သြားၿပီး နီစပ္စပ္မွိန္ေဖ်ာ့ေဖ်ာ့အလင္းေရာင္တစ္ခုကို စတင္ျမင္လိုက္ရတယ္။ ေဘးနားမွာေတာ့ ႏူးညံ့ေနတဲ့ကတၱီပါစလို အရာေတြရွိၿပီး အဲဒီအရာေတြကိုေျခေထာက္နဲ႔ထိုးကန္လိုက္တဲ့အခ်ိန္ အလႊာတစ္ခုရဲ႕အျပင္ဘက္ကေန လူအခ်ိဳ႕ရဲ႕ရယ္ေမာသံကိုၾကားလိုက္ရတယ္။
+++++++++++++
” ဆရာ… ဒါဆို ခင္မႈန္ဆိုတဲ့မိန္းကေလးက ေကာင္းတဲ့ဘဝကိုေရာက္သြားတာေပါ့”

” ဟုတ္တာေပါ့ သက္ခိုင္၊ သူ႔အတြက္ရည္စူးၿပီးျပဳခဲ့တဲ့ေကာင္းမႈအစုစုကိုရသြားခဲ့တဲ့အတြက္ ဘဝသစ္တစ္ခုကိုခ်က္ခ်င္းေရာက္သြားခဲ့တာ”

ဆရာတပည့္ႏွစ္ေယာက္ စကားေျပာလိုက္ လမ္းေလ်ာက္လိုက္လုပ္ေနတဲ့အခ်ိန္

” ဆရာ ဆရာ … ဟိုမွာ ရေသ့တစ္ပါး သတိလစ္ေနပါတယ္” ဆိုတဲ့ေတာက္ရရဲ႕အသံေၾကာင့္ ၾကည့္လိုက္ရာ ေဒါက္ခ်ာတစ္ျခား လူတစ္‌ျခားျဖစ္ေနတဲ့ ရေသ့တစ္ပါးကိုျမင္လိုက္ရတယ္။

‌” ရေသ့ေလး ရေသ့ေလး သတိထားပါဦး… သက္ခိုင္ ငါ့ကိုလြယ္အိတ္ထဲက အာယုဒီကေဆးျမစ္ ေပးစမ္း”

သက္ခိုင္လဲ လြယ္အိတ္ထဲမွာထည့္ထားတဲ့ ေဆးျမစ္ကိုထုတ္ေပးလိုက္ေတာ့ ေအာင္ျမတ္သာက သတိလစ္ေနတဲ့ ရေသ့ရဲ႕ ႏွာေခါင္းထိပ္ဝကို ေတ့ၿပီးေပးရႈလိုက္တယ္။

ခဏၾကာေတာ့ သတိျပန္လည္လာၿပီး ေအာင္ျမတ္သာတို႔ကိုၾကည့္ကာ
” က်ဳပ္ကို ဟိုကေလးႏွစ္ေကာင္ ေတာင္ေပၚက ကန္ခ်လိုက္တယ္ဗ်ာ”

” ဘယ္က ကေလးလဲဗ်…”

” သင္တို႔ကခရီးသြားေတြထင္တယ္..ဒါေၾကာင့္ ဒီေတာင္ေၾကာတစ္ဝိုက္အေၾကာင္းမသိတာကိုး”

” ဒီေတာင္ေၾကာကဘာျဖစ္လို႔လဲေျပာျပပါဦး”

” ဒီေတာင္ကို ေဂြလွိမ့္ေတာင္လို႔ေခၚတယ္။ လျပည့္လကြယ္ေန႔ေတြဆိုရင္ ေတာင္ေစာင့္ကေလးႏွစ္ပါးက ေတာင္႐ိုးတစ္ေလ်ာက္ကို ေဂြလွိမ့္တမ္းက‌စားေလ့ရွိတယ္။ ဒီေန႔က သူတို႔ကစားတဲ့ေန႔မွန္းမသိပဲ ေတာင္ေပၚတက္သြားခဲ့မိတာ အခုလိုကန္ခ်ခံလိုက္ရတာပဲ”

” ဒီလိုဆိုရင္ အေတာ္ကိုဆိုးတာပဲ”

” ဟုတ္တယ္ … အေလာင္းမင္းတရားရဲ႕ သားေတာ္ ေနာင္ေတာ္ႀကီးမင္းကိုယ္ေတာင္ အပိုင္စားေပးထားတာျဖစ္လို႔ ေတာ္႐ုံေတာင္ေစာင့္နတ္ေတြ အနားမကပ္ရဲၾကဘူး”

” ဒီကေလးေတြအေၾကာင္း စိတ္ဝင္စားသြားၿပီဗ်ာ.. ျဖစ္ႏိုင္ရင္အေၾကာင္းစုံေျပာျပေပးလို႔ရမလား”

” ရတာေပါ့ဗ်ာ ေျပာျပရမွာအခ်ိန္ၾကာမွာဆိုေတာ့ က်ဳပ္ေနတဲ့ ေနရာကိုသာလိုက္ခဲ့ၾက”

ရေသ့က ေအာင္ျမတ္သာကို သစ္ေခါင္းေပါက္လိုျဖစ္ေနတဲ့ ေညာင္ပင္အေပါက္ထဲကိုေခၚသြားခဲ့တယ္။ အထဲေရာက္ေတာ့ ကညင္တိုင္မီးကို ထြန္းထားတဲ့ အခန္းက်ယ္တစ္ခုကိုျမင္ေတြ႕လိုက္ရတယ္။

” ဒီေနရာက ရေသ့ေလး ေနတဲ့ေနရာလား”

” ဟုတ္တယ္ေလ က်ဳပ္က ဒီအပင္မွာေနတဲ့ရေသ့ပါ”

ဒီလိုနဲ႔ ေညာင္ပင္ေစာင့္ရေသ့ေျပာျပတဲ့ ေတာင္ေစာင့္ကေလးႏွစ္ေယာက္အေၾကာင္းကို ခေရေစ့တြင္းက်နားေထာင္ခဲ့ရေတာ့တယ္။

ရေသ့ေလးေျပာျပတဲ့အေၾကာင္းအရာေတြအျပင္ ေအာင္ျမတ္သာတို႔ကိုယ္တိုင္ဘယ္လိုရင္ဆိုင္ၾကရမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္သိဒၶိညီေနာင္ႏွစ္ပါးဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#ညမဖတ္ရ