ဦးပဉ္စင်းနှင့်ထူးဆန်းသောရသေ့ (စ/ဆုံး)

Unicode Version

ဦးပဉ္စင်းနှင့်ထူးဆန်းသောရသေ့ (စ/ဆုံး)
———————————————-
ကိုကျော်အသက်ကလေးနည်းနည်းရလာသည်နှင့်အမျှဘုရားတရားအလုပ်ကိုနည်းနည်းစိတ်ဝင်စားလာ၏

အချိန်ရလျှင်ရသလိုတရားနာတတ်လာကာအားသည့်အခါတိုင်းတရားစာအုပ်များဖတ်ကာလေ့လာဖြစ်သည်။

တရားသဘောကိုအတော်ကလေးတီးမိခေါက်မိရှိလာသည့်အခါညစဉ်နာရီဝက်တစ်နာရီလောက်တရားအားထုတ်ဖြစ်သည်။

ကိုကျော်ကအိမ်ထောင်ရှင်ဆိုတော့အချိန်လု၍မိသားစုစားဝတ်နေရေအတွက်အလုပ်လုပ်နေရသေးသည်။

တစ်နေ့တွင်ကိုယ်ကျော်နှင့်မိန်းမဖြစ်သူတို့အကြီးအကျယ်စကားများ၍အိမ်ပေါ်ကအဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်ဆင်းလာသည်။

သားသမီးများလည်းပညာစုံ၍အရွယ်ရောက်ပြီဆိုတော့သ့ူအတွက်အရာရာနောက်ဆံတင်းစရာမလိုတော့ပေ

ပထမတော့အမေနှင့်အတူနေတော့မည်စိတ်ကူးပေမဲ့အမေကိုဒုက္ခပေးမည်စိုး၍ဘုန်းကြီးဝတ်ရန်ဆုံးဖြတ်လိုက်သည်။

ကိုကျော်တို့မောင်နှမများသည်အမေအားအလွန်ချစ်ခင်ကြသည့်သားလိမ္မာများဖြစ်ကြသည်။

ကိုကျော်ကဘယ်လောက်ပဲအလုပ်များများအမေအိမ်တော့တစ်နေ့တစ်ခေါက်ရောက်စမြဲအမေလိုအပ်တာအကုန်လုပ်ပေးတတ်သောသားတစ်ယောက်ပင်ဖြစ်သည်။

ခင်ပွန်းကောင်းဖြစ်ချင်မှဖြစ်မည်ဆိုပေမဲ့မုဆိုးမအမေအတွက်တော့သားကောင်းဖြစ်တာသေချာသည်ထို့ကြောင့်အမေကိုခွင့်တောင်းကာ

အသိတစ်ယောက်လမ်းညွန်မှု့ဖြင့်မွန်ပြည်နယ်ထဲကတောင်တစ်တောင်ပေါ်သို့ရောက်သွား၏

တောင်ပေါ်တွင်ဘုရားတစ်ဆူလည်းရှိကာသဘာဝပတ်ဝန်းကျင်လည်းအလွန်သာယာသဖြင့်ကိုကျော်သဘောကျသွားသည်။

ကျောင်းထိုင်ဆရာတော်ကဖော်ရွေစွာလက်ခံပြီးကျောင်းမှာနေသောဘုန်းကြီးများနှင့်မိတ်ဆက်ပေး၏

””’ကိုယ်တော်ကအခုမှဝတ်ကာစဆိုတော့အခက်အခဲရှိရင်ပြောပါ””’

””’ဒီတောင်ကအစောင့်အရှောက်တော့နည်းနည်းရှိတယ်ဒါပေမဲ့တရားသမားတွေအတွက်တော့ကိစ္စမရှိပါဘူး””’

ကျောင်းကကိုယ်တော်များစကားကြားတော့ဦးပဉ္စင်းနည်းနည်းတော့လန့်သွားပေမဲ့ဟန်ကိုယ်ဖို့ဆိုတဲ့အတိုင်း

””’တပည့်တော်ကမကြောက်တတ်ပါဘူးဘုရား—သာသနာ့အာဇာနည်တွေအကုန်လုံးကြောက်တာမတွေ့ဖူးပါဘူး”

ဦးပဉ္စင်းစကားကြောင့်ရှိသမျှကိုယ်တော်များအဓိပ္ဖါယ်ပါပါပြုံးသွားကြတာကြောင့်စိတ်ထဲတစ်ခုခုတော့တစ်ခုခုပဲလို့ထင်မိလေသည်။

ဘာပဲဖြစ်ဖြစ်ဘာမည့်ဘေးပြေးတွေ့ရမည်ဟုစိတ်ကူးကာတောင်ပေါ်တက်လာသူများအားစုံစမ်းအုံးမယ်စိတ်ကူးထား၏

သို့ပေမဲ့တောင်ကနည်းနည်းမြင့်၍တော်ရုံလူများတောင်ပေါ်သို့သိပ်မရောက်ကြပေ

ဆွမ်းကွမ်းကိစ္စလည်းတောင်ခြေနားကရွာတွင်ဆွမ်းခံကြွရန်ကျောင်းထိုင်ဘုန်းကြီးကညွန်ပြထား၍အဆင်ပြေသည်။

တောင်ပေါ်ဆိုတော့အသံဆူညံမှု့မရှိပေကျေးဌက်သာရကာအသံများကလွဲ၍ပကတိတိတ်ဆိတ်လှ၏

ရောက်ခါစဆိုတော့ကာလံဒေသံကိုကြည့်နေရသဖြင့်နေရာတကာမစပ်စုရဲပေ

ကျောင်းထိုင်ဆရာတော်ကလည်းသဘောကောင်း၍အဆင်ပြေလောက်သည်ဟုထင်မိ၏

ဦးပဉ္စင်းစိတ်ထဲပျော်ရင်တစ်သက်လုံးဝတ်မည်ဟုခံယူထားသည်ဝတ်ကာစဆိုတော့နေသားတော့မကျသေးပေ

ညဘက်များတွင်တော့ထူးဆန်းသောအသံပလံများကြားရပေမဲ့ဦးပဉ္စင်းကကြောက်သည့်စိတ်မရှိပေ

ဒီတောင်ပေါ်တွင်သူတစ်ပါးတည်းနေသည်မဟုတ်ဘုန်းကြီးတွေအများကြီးဆိုတဲ့စိတ်ကိုတွေးကာကိုယ်တရားကိုယ်လုပ်နေလိုက်သည်။

ခဲနှင့်ပစ်သံ-လမ်းရှောက်သံနှင့်ရိုးတိုးရိပ်တိတ်လောက်ကတော့စာမဖွဲ့လောက်ပေဦးပဉ္ဇင်းကလက်တွေ့သမားဖြစ်သည်။

စိတ်ထဲမှာလည်းတောင်ပေါ်ကကိုယ်တော်တွေပြောတာဒီအသံတွေခြောက်တာဖြစ်မည်ဟုထင်မိကာတွေးလိုက်မိသည်။

””ဒီကကိုယ်တော်တွေများကြောက်တတ်ရန်ကောအသံပလံလေးကြားတာများဘာဖြစ်တာမှတ်လို့—အကြီးအကျယ်ခြောက်လှန့်တာကြနေတာပဲ—-အတော်ရီစရာကောင်းတဲ့ကိုယ်တော်တွေ ””

ဟုတစ်ပါးတည်းတွေးကာပြုံးမိသွားသေးသည်ဦးပဉ္စင်းကသရဲမြင်ဖူးသူမဟုတ်ပေမဲ့ဒီလောက်ကြောက်မယ်မထင်

တစ်နေ့တွင်ညနေစောင်းအချိန်ဦးပဉ္စင်းတစ်ပါးတည်းဘုရားပေါ်တွင်တရားထိုင်နေ၏တရားထိုင်ပြီး၍ထမည်ပြင်လိုက်ချိန်တွင်

”’အရှင်ဘုရားအဖူးခံတော်မူပါအုံးဘုရား””’

လူသုံးဦးသည်ဦးပဉ္စင်းအားလာကန်တော့ကြ၏ထိုသူသုံးယောက်ကိုကြည့်လိုက်ရာအနည်းငယ်ထူးဆန်းသည်ဟုထင်မိလိုက်၏

သူတို့၏အဝတ်အစားများသည်မျက်မှောက်ခေတ်နှင့်ဆန့်ကျင်၍ရှေးဆန်သောအဝတ်အစားများဝတ်ထားသည်ကိုတွေ့ရသည်။

ဦးပဉ္စင်းတွေးမိတာကတော့ဘုရင်ခေတ်ကနန်းဝတ်နန်းစားများနှင့်ခပ်ဆင်ဆင်တူနေသည်ဟုထင်သည်။

ဦးပဉ္စင်းကဘုရားရင်ပြင်တော်ပေါ်တွင်ပြန်ထိုင်လိုက်သည့်အခါထိုလူသုံးယောက်ကရင်ပြင်၏အောက်တစ်ဆင့်နိမ့်သောနေရာတွင်ထိုင်လိုက်ကြသဖြင့်

ဦးပဉ္စင်းကအားနာသွား၍စကားဆိုလိုက်သည်။

””ဒကာကြီးတို့ရင်ပြင်တော်ပေါ်မှာထိုင်လို့ရပါတယ်ဦးပဉ္စင်းကအခုမှဘုန်းကြီးစဝတ်ကာစပဲရှိပါသေးတယ်ဝါတွေဘာတွေမရှိသေးပါဘူး’—ဒီကကျောင်းထိုင်ဆရာတော်လည်းအပြင်ကြွသွားပါတယ်—–ဦးပဉ္စင်းကဧည့်သည်ပါ””’

””’အကျွန်တို့ကဒီနေရာကပဲကန်တော့ပါရစေ—အရှင်ဘုရားဆီလာတာပါ—–ဝါကြီးတာငယ်တာအရေးမကြီးပါဘူး___အကျွန်တို့ထက်တော့မြတ်ပါတယ်ဘုရား ”’

သူတို့စကားများသည်လည်းရှေးဆန်သည့်စကားများနှင့်တူနေပြန်သည်ဦးပဉ္စင်းစိတ်ထဲဒီနီးနားတဝှိက်တွင်

ဒီလိုရှေးဆန်သည့်ရွာများရှိသလားထင်မိ၏ပြီးတော့သူတွင်အသိမိတ်ဆွေမရှိသေးဒီနေရာသို့အခုမှရောက်ဖူးတာဆိုတော့လူမှားပြီးလာတွေ့တယ်ထင်မိလိုက်သည်။

ဦးပဉ္စင်းလည်းဘာမှပြန်မပြောတော့ပဲထိုသူသုံးဦးကန်တော့သည်ကိုလက်ခံ၍ဆုများပေးလိုက်သည်။

ထိုလူစိမ်းသုံးဦးသည်ဦးပဉ္စင်းအားကန်တော့ပြီးပြန်မော့လိုက်သည့်အချိန်တွင်

အလွန်မယုံနိုင်ဖွယ်မြင်တွေ့လိုက်ရသည်ထိုသူသုံးယောက်စလုံး၏မျက်နှာသွင်ပြင်များသည်

ကြီးသွားလိုက်-ရှည်သွားလိုက်–ပုသွားလိုက်-ဝိုင်းသွားလိုက်-သေးသွားလိုက်-ချွန်သွားလိုက်ဖြင့်ပုံစံမျိူ းစုံဖြစ်နေသည်ကိုအဆန်းတကြယ်တွေ့လိုက်ရ၍

ဦးပဉ္စင်းကြောင်၍သွား၏ညနေစောင်းနေဝင်ခါနီးမို့သူ့မျက်လုံးတွေများဝါးသလားထင်၍မျက်လုံးကိုလက်ကသင်္ကန်းစနှင့်ပွတ်လိုက်၍ပြန်ကြည့်လိုက်သည်။

သို့ပေမဲ့ပုံစံတွေကအမျိူ းမျိူးအဖုံဖုံပြောင်းလည်းနေတာကိုမရပ်မနားတွေ့လိုက်ရ၍3Dရုပ်ရှင်ကားကြည့်နေရသလိုဖြစ်နေသည့်အခါ

ရင်ထဲတွင်ဟာတာတာကြီးဖြစ်ကာခေါင်းပင်ချာချာလည်မူးချင်သလိုလိုဖြစ်သွား၏ဘာမှန်းတော့မသိ

ကြက်သီးများမထစဖူးထ၍သွားကာထိုင်ရမလိုထရမလိုဖြစ်နေတုန်းထိုသူသုံးယောက်သည်မူလပုံစံပြန်ဖြစ်သွားကာ

””အရှင်ဘုရား( ) တောင်ကိုကြွပြီးတရားဆက်လက်အားထုတ်ပါ–ဒီတောင်ထက်ပိုပြီးအေးချမ်းမှာပါ’—-တပည့်တော်တို့ကိုသွားခွင့်ပြုတော်မူပါဘုရား””

ထိုလူသုံးယောက်ကဦးပဉ္စင်းအားလျှောက်ကာနောက်ပြန်လက်အုပ်ချီပြီးပြန်သွားကြတာမျက်စိအောက်ကပျေက်သွားကြလေသည်။

ဒီအခါမှဦးပဉ္စင်းလည်းဒီလူတွေဟာလူတွေမဖြစ်နိုင်ဘူးလို့တွေးကာနဖူးတွေ့ဒူးတွေ့မြင်ဖူးလိုက်သည့်မိမိအဖြစ်အောင်အယုံနိုင်အောင်ဖြစ်နေမိ၏

ဦးပဉ္စင်းဘုရားရင်ပြင်တော်ပေါ်ကပြန်မကြွသေးပဲသူအားလာဖူးသောထူးဆန်းသည့်လူများအကြောင်းတွေးနေမိသည်။

ဒိအချိန်မှာပဲကျောင်ထိုင်ဘုန်းကြီးသည်အပြင်ကပြန်ကြွလာကာဦးပဉ္စင်းအားမိန့်လိုက်၏

””ငါ့ကိုယ်တော်ကထူးတဲ့ကိုယ်တော်ပဲဟေ့ရောက်တာမကြာသေးပေမဲ့တောင်စောင့်တွေလာကန်တော့သွားတယ်ဆိုတာတော်ရုံတော့မဟုတ်ပေဖူးပဲ””

ကျောင်းထိုင်ဘုန်းကြီးစကားကြားတော့ဦးပဉ္စင်းအလွန်အံ့သြသွားပြန်သည်။

””အရှင်ဘုရားကဘယ်လိုလုပ်သိတာပါလည်းဘုရား””

””သူတို့ကိုမကြာခဏတွေ့နေရလို့ပါကိုယ်တော်””’

””ကိုယ်တော်ကိုလူသုံးယောက်လာဖူးတယ်မဟုတ်လားကျူပ်မြင်လိုက်ရတယ်လေအဲဒါဒီတောင်ကတောင်စောင့်သုံးယောက်ပါပဲသူတို့ကတော်ရုံဘုန်းကြီးကိုလာတွေ့ခဲပါတယ်ကိုယ်တော်ကံကောင်းလို့တွေ့ရတယ်မှတ်ပါ””’

ဦးပဉ္စင်းတွေးမိသည်ကကျောင်းထိုင်ဆရာတော်လည်းသာမန်တော့မဟုတ်လောက်ဘူးဟုထင်မိသည်။

ဦးပဉ္စင်းထိုအဖြစ်အပျက်ကိုဖြစ်ပြီးသည့်နောက်တောင်စောင့်သုံးယောက်ပြောသည့်တောင်သို့ကြွချင်စိတ်များတဖွားဖွားပေါ်လာ၏

ထိုတောင်သို့ကြွရန်စိတ်ဆုံးဖြတ်လိုက်လေသည်။

ဦးပဉ္စင်းလည်းတောင်စောင့်သုံးယောက်ပြောသောတောင်ကိုဆက်၍ကြွချင်သဖြင့်ကျောင်းတိုင်ဆရာတော်အားခွင့်တောင်း၍( )တောင်သို့ဆက်၍ကြွသွားသည်။

ထိုတောင်သည်လည်းမွန်ပြည်နယ်အတွင်းမှာပဲရှိတာဖြစ်သောကြောင့်ခရီးမဝေးလှပေ

တောင်၏ပတ်ဝန်းကျင်တွင်ရေတံခွန်လည်းရှိရာပထမတောင်ထက်များစွာသာယာလှပကာရှု့ခင်းများကစိမ်းစိုနေ၍စိတ်ကိုလန်းဆန်းသွားစေသည်။

တောင်အောက်ကလူများပြောလိုက်သောစကားများလည်းပြန်၍ကြားယောင်နေမိပြန်သည်။

””’ဦးပဉ္စင်းကဒီတောင်မှာနေဖို့လာတာလား–ဒီတောင်ပေါ်ကကျောင်းထိုင်ကအရမ်းအပေါက်ဆိုးတာ—-တော်ရုံဘုန်းကြီးတွေတော့မနေနိုင်ဘူး””

””’ကျောင်ထိုင်ဘုန်းကြီးကြောင့်မဟုတ်ပေမဲ့လည်းဒီတောင်ပေါ်ကဆင်းပြေးသွားတဲ့ဘုန်းကြီးတွေကအများသားဘာဖြစ်တယ်တော့အသေအချာမသိပေမဲ့ဘုန်းကြီးမမြဲတာတော့သေချာတယ်ဘုရား””’

ဘယ်သို့ဆိုစေကာမူဦးပဉ္စင်းကတော့လေ့လာစူးစမ်းချင်စိတ်ကများနေတာရယ်တောင်စောင့်တွေကဘာလို့ဒီတောင်ကိုလွှတ်တာပါလိမ့်လို့သိချင်နေမိသည်

ဦးပဉ္စင်းတောင်ပေါ်ရောက်တော့သဘာဝပတ်ဝန်းကျင်အလှအပများကိုကြည့်ကာအတော်သာယာသည့်တောင်ဟုမှတ်ချက်ချလိုက်မိသည်။

ကျောင်းထိုင်ဘုန်းကြီးကလည်းသိပ်မဆိုးလှပါဦးပဉ္စင်းအားကြည်ကြည်ဖြူဖြူလက်ခံ၍နေရာထိုင်ခင်းပေးရန်အနားတွင်ရှိသောရသေ့တစ်ပါးအားမိန့်လိုက်သည်။

””’ကဲကိုယ်တော်ဒီကရသေ့နှင့်လိုက်သွားပါကိုယ်တော်နေရမဲ့အဆောင်လိုက်ပို့ပေးပါလိမ့်မယ်””’

ဦးပဉ္စင်းလည်းရသေ့နောက်ကလိုက်သွားရာတောင်ပေါ်တွင်အဆောင်ငယ်များစွာရှိနေသညိကိုတွေ့လိုက်ရ၏

အဆောင်အားလုံးသပ်သပ်ရပ်ရပ်ရှိရာနေချင်စဖွယ်ဖြစ်သည်ဦးပဉ္စင်းနေရမည့်အဆောင်သည်တောင်အနောက်ဘက်အာက်သိုအနည်းငယ်ဆင်းရသည်ဖြစ်ကာအုတ်လှေကားများခင်းပေးထားသည်။

ထိုအချိန်တွင်ပိတောက်ပန်းများပွင့်သောအချိန်ဖြစ်သဖြင့်လှေကားဘေးကပိတောက်ပင်ကပိတောက်ပွင့်များကြွေထားသဖြင့်ရုတ်တရက်ကြည့်ပါကပန်းခင်းသောလမ်းဖြစ်၍နေသည်။

””ဟငါ့ကိုယ်တော်ကတယ်ထူးပါလားကိုယ်တော်အတွက်ပန်းခင်းလမ်းဖြစ်အောင်ဖန်တီးပေးထားတာထူးတယ်ဟေ့””’

လိုက်ပို့သောရသေ့ကအားရဝမ်းသာပြောလိုက်၍ဦးပဉ္စင်းစိတ်ထဲတွေးလိုက်တာက

””’ဒီရသေ့ကလည်းပန်းကသူ့ဘာသာကြွေထားတာများအဆန်းလုပ်နေပြန်ပြီလာပြီးအခြောက်တိုက်မြှောက်နေပြန်ပြီ””’

”’ မြောက်တာမဟုတ်ဘူးကိုယ်တော်တပည့်တော်ဒီတောင်ပေါ်မှာနေလာတာကြာပြီတစ်ခါမှဒီလိုပန်းကြွေတာမမြင်ဖူးဘူး””

ရသေ့စကားကြောင့်ဦးပဉ္စင်းနည်းနည်းတော့လန့်သွား၏ဒီရသေ့စိတ်ထဲကပြောတာဘယ်လိုသိပါလိမ့်လို့တွေးမိကာတိုက်ဆိုင်တာပဲဖြစ်မည်ဟုထင်လိုက်မိသည်။

ရသေ့ကဦးပဉ္စင်းအားနေရန်တိုက်ခန်းကလေးအားတံခါးဖွင့်ပေး၏တိုက်ခန်းထဲတွင်ရေချိူ းခန်းအိမ်သာပါတွဲရက်ပါသဖြငိ့အဆင်ပြေလှပေသည်။

ရသေ့ကလိုအပ်သည်များလုပ်ဆောင်ပေးကာပြန်ခါနီးစကားဆန်းပြောသွားပြန်သည်။

””ဦးပဉ္စင်းအေးအေးလူလူတရားအားထုတ်ပေတော့လိုအပ်တာရှိရင်တပည့်တော်ကိုပြောပါညရေးညတာမှာအပြင်ကဘာသံကြားကြားထွက်မကြည့်နဲ့””’

ရသေ့စကားကြောင့်ဦးပဉ္စင်းရင်ထဲခိုးလိုးခုလုဖြစ်၍သွားသည်စိတ်ထဲမှလည်းမတင်မကျဖြစ်ကာတွေးလိုက်မိ၏

””ဒီရသေ့ကတော့ခြောက်သွားပြန်ပြီ-”””

ရောက်သည့်ရက်တွင်တော့မထူးခြားနောက်ရက်များတွင်တံခါးလာလာခေါက်၏

ထ၍ဖွင့်ကြည့်သောအခါလည်းဘာမှမတွေ့ရလူရိပ်လူယောင်မရှိပေနောက်တော့ဦးပဉ္စင်းလည်းလူသံမကြားမချင်းထ၍မဖွင့်တော့

နောက်ရက်တွင်တံခါးလာခေါက်သံကြားကာခေါ်သံပါကြားသဖြင့်တံခါးဖွင့်လိုက်ရာရသေ့အားတံခါးဝတွင်တွေ့လိုက်ရသည်ရသေ့ကနောက်လှည့်၍လက်ခါပြကာ

””’သွားကြ—သွားကြ-လာမရှုတ်ကြနဲ့””’

ဦးပဉ္စင်းကတော့ရသေ့နောက်တွင်ဘာမှမမြင်ရပေသို့ပေမဲ့လမ်းရှောက်သွားသည့်ခြေသံများအားအတိုင်းသားကြားလိုက်ရသည်မှာထူးဆန်းနေ၏

””’ကိုယ်တော်ညဘက်အိပ်ပျော်ရဲ့လား—နောက်တော့လည်းသိလာမှာပါ””’

””ရသေ့ကဒီမှာဘာတွေရှိတာသိနေတာလား””

””’ကိုယ်တော်ရယ်နေရာဒေသတိုင်းမှာအစောင့်အရှောက်တွေမြင်အပ်မမြင်အပ်တွေများသားလားနောက်တော့လဲရိုးသွားမှာပါ—မေတ္တာပို့အမျှဝေတာလိုချင်ကြတာပါ””

ဟုပြောကာပြန်သွား၏ရသေ့စကားကြောင့်ဦးပဉ္စင်းစိတ်ထဲဒီရသေ့ကအကုန်လုံးသိနေတာပဲဟုသတိထားလိုက်မိကာနည်းနည်းတော့ထူးသည်ဟုထင်မိသည်။

ဦးပဉ္စင်းအတွက်တော့နေရတာသိပ်အံ့ဝင်ခွင်ကျမဖြစ်သေးပေအဆိုးဆုံးကတော့တောင်ခြေနားကရွာတွေကိုဆွမ်းခံထွက်ရသည့်အချိန်ဖြစ်သည်။

ဦးပဉ္စင်းလိုမြေပြန်ဒေသမှာမွေးပြီးရန်ကုန်မှာကြီးပြင်းလာသူဆိုတော့တစ်နေရာမှတစ်နေရာသို့ကားစီးသွားကြတာကများသည့်အတွက်

တောင်တက်တောင်ဆင်းဆွမ်းခံကြွရသည်ကိုအမောမခံနိုင်ပေအလွန်ပင်ပန်းလှသည်ထင်၏

ဆွမ်းခံကြွပြီးတောက်ပေါ်ပြန်တက်လျှင်မော၍နားရသေး၏အဆောင်ပြန်ရောက်တိုင်းဒူးတွေနာလာသဖြင့်ဆေးလိမ်းနေရသည်

ဦးပဉ္စင်းဆွမ်းခံကြွပြီးအပြန်နားနေသည့်အချိန်တွင်ရသေ့သည်အနားကဖြတ်သွားရင်းအားပေးစကားပြောသွား၏

””ဘယ်လိုလဲကိုယ်တော်မောနေပြီလားအကျင့်မရသေးလို့ပါနောက်တော့အဆင်ပြေသွားမှာပါအားမလျှော့နဲ့”’ ‘

ရသေ့ကတောင်ပေါ်သို့လွှားကနဲလွှားကနဲတက်သွားသည်မှာအလွန်မြန်လှပေရာကြည့်နေရင်းမျက်စိရှေ့တွင်ပင်ပျောက်သွား၏

ရသေ့အားကြည့်ရသည်မှာမြေကြီးနှင့်ခြေထောက်ထိသည်ဟုပင်မထင်အလွန်ပေါ့ပါးသွက်လက်နေသည်ကိုအံ့မခန်းတွေ့လိုက်ရသည်။

ဦးပဉ္စင်းရသေ့နှင့်ခင်မင်လာသောအခါရသေ့အားအတော်စိတ်ဝင်စားသွာ၏ရသေ့တွင်ထူးခြားမှု့များရှိနေသည်ကိုတွေ့နေရသည်

””ရသေ့ကြီးကဘာလို့ဘုန်းကြီးမဝတ်ပဲရသေ့ဝတ်နေရတာလဲ””

””’တပည့်တော်ကကောင်းကင်မှာပျံနိုင်တဲ့ဈန်ရတဲ့ဝိဇ္ဇာဖြစ်ချင်တာလေ–ဘုန်းကြီးဝတ်ရင်ငရဲကြီးတာတွေလုပ်ဖြစ်မှာစိုးတယ်ရသေ့ဝတ်ဆိုတော့ဘုန်းကြီးထက်စာရင်ဝိနည်းထိန်းရတာနည်းတယ်လေ””’

””တပည့်တော်ကလူဘဝကသသူဌေးတစ်ယောက်ပေါ့အိမ်တွေကားတွေရှိပါတယ်ရာဘာခြံတွေလည်းဧကအများကြီးပိုင်တာပေါ့—အဲဒါတွေအကုန်စွန့်ပြီးရသေ့လာဝတ်နေတာကြိုးစားအားထုတ်နေတာပေါ့””’

ရသေ့စကားကြောင့်ဦးပဉ္စင်းစိတ်ထဲဒီရသေ့တော့မသိတဲ့သူကိုအခြောက်တိုက်လာကြွားနေပြန်ပြီလို့တွေးလိုက်မိသည်။

ထိုအခါရသေ့သည်ဦးပဉ္စင်းမျက်နှာအားအသေအချာကြည့်၍ပြောလိုက်သည်

””’ကြွားနေတာမဟုတ်ဘူးကိုယ်တော်—မယုံရင်တပည့်တော်အကြောင့်စုံစမ်းကြည့်နိုင်တယ်—ဒီနီးနားတဝှိက်နဲ့ဒီနားမြို့တွေမှာတော့ရသေ့ကိုအတော်များများသိကြပါတယ်””

ရသေ့ကဦးပဉ္စင်းစိတ်ထဲဖြစ်ပေါ်နေသောမနောကိုသိနေသည့်အတွက်နည်းနည်းတော့ဖြုံသွားသည်ဒီရသေ့သည်သာမန်ရသေ့တော့မဖြစ်နိုင်အစွမ်းရှိမည်ဟုထင်ကာစကားကိုဆင်ခြင်၍ပြောရန်သတိထားနေရသည်။

တစ်ရက်တွင်ရသေ့သည်ဦးပဉ္စင်းအခန်းသို့ရောက်လာ၏ဦးပဉ္စင်းလည်းရေချိူးရန်ပြင်နေ၍ရသေ့အားခဏစောင့်ခိုင်းထား၍ရေချိူ းခန်းထဲဝင်သွား၏

ရေချိူးခန်းမျက်နှာကြက်တွင်အလွန်ကြီးသောတောက်တဲ့ကြီးနှစ်ကောင်ကိုမြင်ရာလန့်၍သွား၏ခါတိုင်းမတွေ့ပေအခုမှဘယ်လိုရောက်လာသည်မသိ

ိတောက်တဲ့နှစ်ကောင်ကိုကြည့်လိုက်သည့်အခါတောက်တဲ့မျက်လုံးတွေသည်အရောင်တလက်လက်ထွက်နေသလိုထင်ရကာတဖြည်းဖြည်းကြီးလာသလိုမြင်ရ၏

ရေချိူးခန်းအပေါ်ဘက်လေသာမှန်တံခါးတွေပိတ်ထားပါရက်ဘယ်လိုရောက်လာမှန်းမသိဘာလားညာလားစဉ်းစားကာရေချိူးခန်းထဲကပြန်ထွက်ကာရသေ့အားပြောလိုက်သည်။

””ရသေ့ကြီးရေဦးပဉ္စင်းအခန်းထဲအပေါက်မရှိပဲရေချိူ းခန်းထဲတောက်တဲ့ကြီးနှစ်ကောင်ရောက်နေတယ်ထုတ်ပေးပါအုံး””

”’ကိုယ်တော်ကလည်းတောက်တဲ့ကသူဘာသာနေတာဘာဖြစ်လို့လဲ ””

””ဟာမဟုတ်ဘူးရသေ့တောက်တဲ့ကသာမန်မဟုတ်ဘူးလို့ဦးပဉ္စင်းထင်တယ်””

””ကောင်ပြီကိုယ်တော်စိတ်ရှင်းသွားအောင်ထုတ်ကြည့်တာပေါ့””

ရသေ့ကထိုသို့ပြောကာရေချိူ းခန်းအပေါက်ဝရပ်ကာသွားဆိုသည့်ပုံစံဖြင့်လက်ဟန်ပြလိုက်သည်

”’ကဲမရှိတော့ဘူး””

ဦးပဉ္စင်းလည်းမယုံ၍နောက်နေသည်ထင်ကာရေချိူ းခန်းထဲကြည့်လိုက်တော့ဘာမှမရှိတော့အားလုံးရှင်းလင်းနေသည်။

ထိုအခါရသေ့ကထပ်၍ပြောလိုက်သည်

””ကဲ–ကိုယ်တော်ဘာမှမရှိတော့ဘူး—ရှိစေချင်လည်းပြန်ခေါ်လို့ရတယ်နော်””

””’နေပါစေရသေ့အစွမ်းလည်းသိပါပြီ—””

ဒီလိုနှင့်ရသေ့သည်ဘာတွေကျင့်ကြံအားထုတ်ခဲ့သည်မသိရပေမဲ့ထူးခြားချက်များများစွာရှိနေသည်ကတော့အမှန်ပေ

ဦးပဉ္စင်းကလူဘဝကနေဘုန်းကြီးဘဝပြောင်းတာစိတ်ချမ်းသာမည်ထင်ထားပေမဲ့တစ်ကယ်တန်းတော့ဘုန်းကြီးဘဝသည်မလွယ်လှသည်ကိုတဖြေးဖြေးသိလာရကာ

လူထွက်မည်စိတ်ကူးမိ၏ရသေ့ကတော့ဦးပဉ္စင်းအားလူမထွက်ရန်အမျိူးမျိူ းတားပေမဲ့နောက်ဆုံးတော့

ထိုတောင်မှလူထွက်ကာအမေ့ဆီသို့အပြီးပြန်လာခဲ့လေသည်။

ကိုကျော်ထင်ပါသည်ဘုန်းကြီးဝတ်စဉ်ခဏဆွမ်းကိစ္စအဝဝ
နှင့်အားလုံးအဆင်ပြေခြင်းသည်ငယ်စဉ်ကတည်းကအမေအပေါ်သိတတ်လိမ္မာခဲ့သောကျေးဇူးကြောင့်ဟုထင်ပါသည်။

ခဏတာဆုံတွေ့ခဲ့ရသောထူးဆန်းသောရသေ့အားအမြဲသတိရနေမှာအမှန်ပင်ဖြစ်သည်။

တစ်ချို့အကြောင်းအရာများသည်ကာယကံရှင်များသက်ရှိထင်ရှားရှိနေ၍ရေးသားရန်မသင့်တော်သဖြင့်ဒီလောက်နှင့်ပဲဗဟုသုတအဖြစ်တင်ပေးလိုက်ပါသည်။

ပြီး

D Moe Moe

Zawgyi Version

ဦးပၪၥင္းႏွင့္ထူးဆန္းေသာရေသ့ (စ/ဆံုး)
———————————————-
ကိုေက်ာ္အသက္ကေလးနည္းနည္းရလာသည္ႏွင့္အမွ်ဘုရားတရားအလုပ္ကိုနည္းနည္းစိတ္ဝင္စားလာ၏

အခ်ိန္ရလွ်င္ရသလိုတရားနာတတ္လာကာအားသည့္အခါတိုင္းတရားစာအုပ္မ်ားဖတ္ကာေလ့လာျဖစ္သည္။

တရားသေဘာကိုအေတာ္ကေလးတီးမိေခါက္မိရွိလာသည့္အခါညစဥ္နာရီဝက္တစ္နာရီေလာက္တရားအားထုတ္ျဖစ္သည္။

ကိုေက်ာ္ကအိမ္ေထာင္ရွင္ဆိုေတာ့အခ်ိန္လု၍မိသားစုစားဝတ္ေနေရအတြက္အလုပ္လုပ္ေနရေသးသည္။

တစ္ေန႔တြင္ကိုယ္ေက်ာ္ႏွင့္မိန္းမျဖစ္သူတို႔အႀကီးအက်ယ္စကားမ်ား၍အိမ္ေပၚကအဝတ္တစ္ထည္ကိုယ္တစ္ခုျဖင့္ဆင္းလာသည္။

သားသမီးမ်ားလည္းပညာစုံ၍အ႐ြယ္ေရာက္ၿပီဆိုေတာ့သ့ူအတြက္အရာရာေနာက္ဆံတင္းစရာမလိုေတာ့ေပ

ပထမေတာ့အေမႏွင့္အတူေနေတာ့မည္စိတ္ကူးေပမဲ့အေမကိုဒုကၡေပးမည္စိုး၍ဘုန္းႀကီးဝတ္ရန္ဆုံးျဖတ္လိုက္သည္။

ကိုေက်ာ္တို႔ေမာင္ႏွမမ်ားသည္အေမအားအလြန္ခ်စ္ခင္ၾကသည့္သားလိမၼာမ်ားျဖစ္ၾကသည္။

ကိုေက်ာ္ကဘယ္ေလာက္ပဲအလုပ္မ်ားမ်ားအေမအိမ္ေတာ့တစ္ေန႔တစ္ေခါက္ေရာက္စၿမဲအေမလိုအပ္တာအကုန္လုပ္ေပးတတ္ေသာသားတစ္ေယာက္ပင္ျဖစ္သည္။

ခင္ပြန္းေကာင္းျဖစ္ခ်င္မွျဖစ္မည္ဆိုေပမဲ့မုဆိုးမအေမအတြက္ေတာ့သားေကာင္းျဖစ္တာေသခ်ာသည္ထို႔ေၾကာင့္အေမကိုခြင့္ေတာင္းကာ

အသိတစ္ေယာက္လမ္းၫြန္မႈ႕ျဖင့္မြန္ျပည္နယ္ထဲကေတာင္တစ္ေတာင္ေပၚသို႔ေရာက္သြား၏

ေတာင္ေပၚတြင္ဘုရားတစ္ဆူလည္းရွိကာသဘာဝပတ္ဝန္းက်င္လည္းအလြန္သာယာသျဖင့္ကိုေက်ာ္သေဘာက်သြားသည္။

ေက်ာင္းထိုင္ဆရာေတာ္ကေဖာ္ေ႐ြစြာလက္ခံၿပီးေက်ာင္းမွာေနေသာဘုန္းႀကီးမ်ားႏွင့္မိတ္ဆက္ေပး၏

””’ကိုယ္ေတာ္ကအခုမွဝတ္ကာစဆိုေတာ့အခက္အခဲရွိရင္ေျပာပါ””’

””’ဒီေတာင္ကအေစာင့္အေရွာက္ေတာ့နည္းနည္းရွိတယ္ဒါေပမဲ့တရားသမားေတြအတြက္ေတာ့ကိစၥမရွိပါဘူး””’

ေက်ာင္းကကိုယ္ေတာ္မ်ားစကားၾကားေတာ့ဦးပၪၥင္းနည္းနည္းေတာ့လန႔္သြားေပမဲ့ဟန္ကိုယ္ဖို႔ဆိုတဲ့အတိုင္း

””’တပည့္ေတာ္ကမေၾကာက္တတ္ပါဘူးဘုရား—သာသနာ့အာဇာနည္ေတြအကုန္လုံးေၾကာက္တာမေတြ႕ဖူးပါဘူး”

ဦးပၪၥင္းစကားေၾကာင့္ရွိသမွ်ကိုယ္ေတာ္မ်ားအဓိပၹါယ္ပါပါၿပဳံးသြားၾကတာေၾကာင့္စိတ္ထဲတစ္ခုခုေတာ့တစ္ခုခုပဲလို႔ထင္မိေလသည္။

ဘာပဲျဖစ္ျဖစ္ဘာမည့္ေဘးေျပးေတြ႕ရမည္ဟုစိတ္ကူးကာေတာင္ေပၚတက္လာသူမ်ားအားစုံစမ္းအုံးမယ္စိတ္ကူးထား၏

သို႔ေပမဲ့ေတာင္ကနည္းနည္းျမင့္၍ေတာ္႐ုံလူမ်ားေတာင္ေပၚသို႔သိပ္မေရာက္ၾကေပ

ဆြမ္းကြမ္းကိစၥလည္းေတာင္ေျခနားက႐ြာတြင္ဆြမ္းခံႂကြရန္ေက်ာင္းထိုင္ဘုန္းႀကီးကၫြန္ျပထား၍အဆင္ေျပသည္။

ေတာင္ေပၚဆိုေတာ့အသံဆူညံမႈ႕မရွိေပေက်းဌက္သာရကာအသံမ်ားကလြဲ၍ပကတိတိတ္ဆိတ္လွ၏

ေရာက္ခါစဆိုေတာ့ကာလံေဒသံကိုၾကည့္ေနရသျဖင့္ေနရာတကာမစပ္စုရဲေပ

ေက်ာင္းထိုင္ဆရာေတာ္ကလည္းသေဘာေကာင္း၍အဆင္ေျပေလာက္သည္ဟုထင္မိ၏

ဦးပၪၥင္းစိတ္ထဲေပ်ာ္ရင္တစ္သက္လုံးဝတ္မည္ဟုခံယူထားသည္ဝတ္ကာစဆိုေတာ့ေနသားေတာ့မက်ေသးေပ

ညဘက္မ်ားတြင္ေတာ့ထူးဆန္းေသာအသံပလံမ်ားၾကားရေပမဲ့ဦးပၪၥင္းကေၾကာက္သည့္စိတ္မရွိေပ

ဒီေတာင္ေပၚတြင္သူတစ္ပါးတည္းေနသည္မဟုတ္ဘုန္းႀကီးေတြအမ်ားႀကီးဆိုတဲ့စိတ္ကိုေတြးကာကိုယ္တရားကိုယ္လုပ္ေနလိုက္သည္။

ခဲႏွင့္ပစ္သံ-လမ္းေရွာက္သံႏွင့္႐ိုးတိုးရိပ္တိတ္ေလာက္ကေတာ့စာမဖြဲ႕ေလာက္ေပဦးပၪၨင္းကလက္ေတြ႕သမားျဖစ္သည္။

စိတ္ထဲမွာလည္းေတာင္ေပၚကကိုယ္ေတာ္ေတြေျပာတာဒီအသံေတြေျခာက္တာျဖစ္မည္ဟုထင္မိကာေတြးလိုက္မိသည္။

””ဒီကကိုယ္ေတာ္ေတြမ်ားေၾကာက္တတ္ရန္ေကာအသံပလံေလးၾကားတာမ်ားဘာျဖစ္တာမွတ္လို႔—အႀကီးအက်ယ္ေျခာက္လွန႔္တာၾကေနတာပဲ—-အေတာ္ရီစရာေကာင္းတဲ့ကိုယ္ေတာ္ေတြ ””

ဟုတစ္ပါးတည္းေတြးကာၿပဳံးမိသြားေသးသည္ဦးပၪၥင္းကသရဲျမင္ဖူးသူမဟုတ္ေပမဲ့ဒီေလာက္ေၾကာက္မယ္မထင္

တစ္ေန႔တြင္ညေနေစာင္းအခ်ိန္ဦးပၪၥင္းတစ္ပါးတည္းဘုရားေပၚတြင္တရားထိုင္ေန၏တရားထိုင္ၿပီး၍ထမည္ျပင္လိုက္ခ်ိန္တြင္

”’အရွင္ဘုရားအဖူးခံေတာ္မူပါအုံးဘုရား””’

လူသုံးဦးသည္ဦးပၪၥင္းအားလာကန္ေတာ့ၾက၏ထိုသူသုံးေယာက္ကိုၾကည့္လိုက္ရာအနည္းငယ္ထူးဆန္းသည္ဟုထင္မိလိုက္၏

သူတို႔၏အဝတ္အစားမ်ားသည္မ်က္ေမွာက္ေခတ္ႏွင့္ဆန႔္က်င္၍ေရွးဆန္ေသာအဝတ္အစားမ်ားဝတ္ထားသည္ကိုေတြ႕ရသည္။

ဦးပၪၥင္းေတြးမိတာကေတာ့ဘုရင္ေခတ္ကနန္းဝတ္နန္းစားမ်ားႏွင့္ခပ္ဆင္ဆင္တူေနသည္ဟုထင္သည္။

ဦးပၪၥင္းကဘုရားရင္ျပင္ေတာ္ေပၚတြင္ျပန္ထိုင္လိုက္သည့္အခါထိုလူသုံးေယာက္ကရင္ျပင္၏ေအာက္တစ္ဆင့္နိမ့္ေသာေနရာတြင္ထိုင္လိုက္ၾကသျဖင့္

ဦးပၪၥင္းကအားနာသြား၍စကားဆိုလိုက္သည္။

””ဒကာႀကီးတို႔ရင္ျပင္ေတာ္ေပၚမွာထိုင္လို႔ရပါတယ္ဦးပၪၥင္းကအခုမွဘုန္းႀကီးစဝတ္ကာစပဲရွိပါေသးတယ္ဝါေတြဘာေတြမရွိေသးပါဘူး’—ဒီကေက်ာင္းထိုင္ဆရာေတာ္လည္းအျပင္ႂကြသြားပါတယ္—–ဦးပၪၥင္းကဧည့္သည္ပါ””’

””’အကြၽန္တို႔ကဒီေနရာကပဲကန္ေတာ့ပါရေစ—အရွင္ဘုရားဆီလာတာပါ—–ဝါႀကီးတာငယ္တာအေရးမႀကီးပါဘူး___အကြၽန္တို႔ထက္ေတာ့ျမတ္ပါတယ္ဘုရား ”’

သူတို႔စကားမ်ားသည္လည္းေရွးဆန္သည့္စကားမ်ားႏွင့္တူေနျပန္သည္ဦးပၪၥင္းစိတ္ထဲဒီနီးနားတဝွိက္တြင္

ဒီလိုေရွးဆန္သည့္႐ြာမ်ားရွိသလားထင္မိ၏ၿပီးေတာ့သူတြင္အသိမိတ္ေဆြမရွိေသးဒီေနရာသို႔အခုမွေရာက္ဖူးတာဆိုေတာ့လူမွားၿပီးလာေတြ႕တယ္ထင္မိလိုက္သည္။

ဦးပၪၥင္းလည္းဘာမွျပန္မေျပာေတာ့ပဲထိုသူသုံးဦးကန္ေတာ့သည္ကိုလက္ခံ၍ဆုမ်ားေပးလိုက္သည္။

ထိုလူစိမ္းသုံးဦးသည္ဦးပၪၥင္းအားကန္ေတာ့ၿပီးျပန္ေမာ့လိုက္သည့္အခ်ိန္တြင္

အလြန္မယုံႏိုင္ဖြယ္ျမင္ေတြ႕လိုက္ရသည္ထိုသူသုံးေယာက္စလုံး၏မ်က္ႏွာသြင္ျပင္မ်ားသည္

ႀကီးသြားလိုက္-ရွည္သြားလိုက္–ပုသြားလိုက္-ဝိုင္းသြားလိုက္-ေသးသြားလိုက္-ခြၽန္သြားလိုက္ျဖင့္ပုံစံမ်ိဴ းစုံျဖစ္ေနသည္ကိုအဆန္းတၾကယ္ေတြ႕လိုက္ရ၍

ဦးပၪၥင္းေၾကာင္၍သြား၏ညေနေစာင္းေနဝင္ခါနီးမို႔သူ႔မ်က္လုံးေတြမ်ားဝါးသလားထင္၍မ်က္လုံးကိုလက္ကသကၤန္းစႏွင့္ပြတ္လိုက္၍ျပန္ၾကည့္လိုက္သည္။

သို႔ေပမဲ့ပုံစံေတြကအမ်ိဴ းမ်ိဴးအဖုံဖုံေျပာင္းလည္းေနတာကိုမရပ္မနားေတြ႕လိုက္ရ၍3D႐ုပ္ရွင္ကားၾကည့္ေနရသလိုျဖစ္ေနသည့္အခါ

ရင္ထဲတြင္ဟာတာတာႀကီးျဖစ္ကာေခါင္းပင္ခ်ာခ်ာလည္မူးခ်င္သလိုလိုျဖစ္သြား၏ဘာမွန္းေတာ့မသိ

ၾကက္သီးမ်ားမထစဖူးထ၍သြားကာထိုင္ရမလိုထရမလိုျဖစ္ေနတုန္းထိုသူသုံးေယာက္သည္မူလပုံစံျပန္ျဖစ္သြားကာ

””အရွင္ဘုရား( ) ေတာင္ကိုႂကြၿပီးတရားဆက္လက္အားထုတ္ပါ–ဒီေတာင္ထက္ပိုၿပီးေအးခ်မ္းမွာပါ’—-တပည့္ေတာ္တို႔ကိုသြားခြင့္ျပဳေတာ္မူပါဘုရား””

ထိုလူသုံးေယာက္ကဦးပၪၥင္းအားေလွ်ာက္ကာေနာက္ျပန္လက္အုပ္ခ်ီၿပီးျပန္သြားၾကတာမ်က္စိေအာက္ကေပ်က္သြားၾကေလသည္။

ဒီအခါမွဦးပၪၥင္းလည္းဒီလူေတြဟာလူေတြမျဖစ္ႏိုင္ဘူးလို႔ေတြးကာနဖူးေတြ႕ဒူးေတြ႕ျမင္ဖူးလိုက္သည့္မိမိအျဖစ္ေအာင္အယုံႏိုင္ေအာင္ျဖစ္ေနမိ၏

ဦးပၪၥင္းဘုရားရင္ျပင္ေတာ္ေပၚကျပန္မႂကြေသးပဲသူအားလာဖူးေသာထူးဆန္းသည့္လူမ်ားအေၾကာင္းေတြးေနမိသည္။

ဒိအခ်ိန္မွာပဲေက်ာင္ထိုင္ဘုန္းႀကီးသည္အျပင္ကျပန္ႂကြလာကာဦးပၪၥင္းအားမိန႔္လိုက္၏

””ငါ့ကိုယ္ေတာ္ကထူးတဲ့ကိုယ္ေတာ္ပဲေဟ့ေရာက္တာမၾကာေသးေပမဲ့ေတာင္ေစာင့္ေတြလာကန္ေတာ့သြားတယ္ဆိုတာေတာ္႐ုံေတာ့မဟုတ္ေပဖူးပဲ””

ေက်ာင္းထိုင္ဘုန္းႀကီးစကားၾကားေတာ့ဦးပၪၥင္းအလြန္အံ့ၾသသြားျပန္သည္။

””အရွင္ဘုရားကဘယ္လိုလုပ္သိတာပါလည္းဘုရား””

””သူတို႔ကိုမၾကာခဏေတြ႕ေနရလို႔ပါကိုယ္ေတာ္””’

””ကိုယ္ေတာ္ကိုလူသုံးေယာက္လာဖူးတယ္မဟုတ္လားက်ဴပ္ျမင္လိုက္ရတယ္ေလအဲဒါဒီေတာင္ကေတာင္ေစာင့္သုံးေယာက္ပါပဲသူတို႔ကေတာ္႐ုံဘုန္းႀကီးကိုလာေတြ႕ခဲပါတယ္ကိုယ္ေတာ္ကံေကာင္းလို႔ေတြ႕ရတယ္မွတ္ပါ””’

ဦးပၪၥင္းေတြးမိသည္ကေက်ာင္းထိုင္ဆရာေတာ္လည္းသာမန္ေတာ့မဟုတ္ေလာက္ဘူးဟုထင္မိသည္။

ဦးပၪၥင္းထိုအျဖစ္အပ်က္ကိုျဖစ္ၿပီးသည့္ေနာက္ေတာင္ေစာင့္သုံးေယာက္ေျပာသည့္ေတာင္သို႔ႂကြခ်င္စိတ္မ်ားတဖြားဖြားေပၚလာ၏

ထိုေတာင္သို႔ႂကြရန္စိတ္ဆုံးျဖတ္လိုက္ေလသည္။

ဦးပဥၥင္းလည္းေတာင္ေစာင့္သံုးေယာက္ေျပာေသာေတာင္ကိုဆက္၍ႀကြခ်င္သျဖင့္ေက်ာင္းတိုင္ဆရာေတာ္အားခြင့္ေတာင္း၍( )ေတာင္သို့ဆက္၍ႀကြသြားသည္။

ထိုေတာင္သည္လည္းမြန္ျပည္နယ္အတြင္းမွာပဲရွိတာျဖစ္ေသာေႀကာင့္ခရီးမေဝးလွေပ

ေတာင္၏ပတ္ဝန္းက်င္တြင္ေရတံခြန္လည္းရွိရာပထမေတာင္ထက္မ်ားစြာသာယာလွပကာရႈ႕ခင္းမ်ားကစိမ္းစိုေန၍စိတ္ကိုလန္းဆန္းသြားေစသည္။

ေတာင္ေအာက္ကလူမ်ားေျပာလိုက္ေသာစကားမ်ားလည္းျပန္၍ႀကားေယာင္ေနမိျပန္သည္။

””’ဦးပဥၥင္းကဒီေတာင္မွာေနဖို့လာတာလား–ဒီေတာင္ေပၚကေက်ာင္းထိုင္ကအရမ္းအေပါက္ဆိုးတာ—-ေတာ္ရုံဘုန္းႀကီးေတြေတာ့မေနႏုိင္ဘူး””

””’ေက်ာင္ထိုင္ဘုန္းႀကီးေႀကာင့္မဟုတ္ေပမဲ႔လည္းဒီေတာင္ေပၚကဆင္းေျပးသြားတဲ႔ဘုန္းႀကီးေတြကအမ်ားသားဘာျဖစ္တယ္ေတာ့အေသအခ်ာမသိေပမဲ႔ဘုန္းႀကီးမျမဲတာေတာ့ေသခ်ာတယ္ဘုရား””’

ဘယ္သို့ဆိုေစကာမူဦးပဥၥင္းကေတာ့ေလ့လာစူးစမ္းခ်င္စိတ္ကမ်ားေနတာရယ္ေတာင္ေစာင့္ေတြကဘာလို႕ဒီေတာင္ကိုလႊတ္တာပါလိမ့္လို့သိခ်င္ေနမိသည္

ဦးပဥၥင္းေတာင္ေပၚေရာက္ေတာ့သဘာဝပတ္ဝန္းက်င္အလွအပမ်ားကိုႀကည့္ကာအေတာ္သာယာသည့္ေတာင္ဟုမွတ္ခ်က္ခ်လိုက္မိသည္။

ေက်ာင္းထိုင္ဘုန္းႀကီးကလည္းသိပ္မဆိုးလွပါဦးပဥၥင္းအားႀကည္ႀကည္ျဖဴျဖဴလက္ခံ၍ေနရာထိုင္ခင္းေပးရန္အနားတြင္ရွိေသာရေသ႔တစ္ပါးအားမိန့္လိုက္သည္။

””’ကဲကိုယ္ေတာ္ဒီကရေသ႔ႏွင့္လိုက္သြားပါကိုယ္ေတာ္ေနရမဲ႔အေဆာင္လိုက္ပို့ေပးပါလိမ့္မယ္””’

ဦးပဥၥင္းလည္းရေသ႔ေနာက္ကလိုက္သြားရာေတာင္ေပၚတြင္အေဆာင္ငယ္မ်ားစြာရွိေနသညိကိုေတြ႔လိုက္ရ၏

အေဆာင္အားလံုးသပ္သပ္ရပ္ရပ္ရွိရာေနခ်င္စဖြယ္ျဖစ္သည္ဦးပဥၥင္းေနရမည့္အေဆာင္သည္ေတာင္အေနာက္ဘက္အာက္သိုအနည္းငယ္ဆင္းရသည္ျဖစ္ကာအုတ္ေလွကားမ်ားခင္းေပးထားသည္။

ထိုအခ်ိန္တြင္ပိေတာက္ပန္းမ်ားပြင့္ေသာအခ်ိန္ျဖစ္သျဖင့္ေလွကားေဘးကပိေတာက္ပင္ကပိေတာက္ပြင့္မ်ားေႀကြထားသျဖင့္ရုတ္တရက္ႀကည့္ပါကပန္းခင္းေသာလမ္းျဖစ္၍ေနသည္။

””ဟငါ့ကိုယ္ေတာ္ကတယ္ထူးပါလားကိုယ္ေတာ္အတြက္ပန္းခင္းလမ္းျဖစ္ေအာင္ဖန္တီးေပးထားတာထူးတယ္ေဟ့””’

လိုက္ပို့ေသာရေသ႔ကအားရဝမ္းသာေျပာလိုက္၍ဦးပဥၥင္းစိတ္ထဲေတြးလိုက္တာက

””’ဒီရေသ႔ကလည္းပန္းကသူ့ဘာသာေႀကြထားတာမ်ားအဆန္းလုပ္ေနျပန္ျပီလာျပီးအေျခာက္တိုက္ေျမွာက္ေနျပန္ျပီ””’

”’ ေျမာက္တာမဟုတ္ဘူးကိုယ္ေတာ္တပည့္ေတာ္ဒီေတာင္ေပၚမွာေနလာတာႀကာျပီတစ္ခါမွဒီလိုပန္းေႀကြတာမျမင္ဖူးဘူး””

ရေသ႔စကားေႀကာင့္ဦးပဥၥင္းနည္းနည္းေတာ့လန္႕သြား၏ဒီရေသ့စိတ္ထဲကေျပာတာဘယ္လိုသိပါလိမ့္လို့ေတြးမိကာတိုက္ဆိုင္တာပဲျဖစ္မည္ဟုထင္လိုက္မိသည္။

ရေသ႔ကဦးပဥၥင္းအားေနရန္တိုက္ခန္းကေလးအားတံခါးဖြင့္ေပး၏တိုက္ခန္းထဲတြင္ေရခ်ိဴ းခန္းအိမ္သာပါတြဲရက္ပါသျဖငိ့အဆင္ေျပလွေပသည္။

ရေသ႔ကလိုအပ္သည္မ်ားလုပ္ေဆာင္ေပးကာျပန္ခါနီးစကားဆန္းေျပာသြားျပန္သည္။

””ဦးပဥၥင္းေအးေအးလူလူတရားအားထုတ္ေပေတာ့လိုအပ္တာရွိရင္တပည့္ေတာ္ကိုေျပာပါညေရးညတာမွာအျပင္ကဘာသံႀကားႀကားထြက္မႀကည့္နဲ႔””’

ရေသ႔စကားေႀကာင့္ဦးပဥၥင္းရင္ထဲခိုးလုိးခုလုျဖစ္၍သြားသည္စိတ္ထဲမွလည္းမတင္မက်ျဖစ္ကာေတြးလိုက္မိ၏

””ဒီရေသ႔ကေတာ့ေျခာက္သြားျပန္ျပီ-”””

ေရာက္သည့္ရက္တြင္ေတာ့မထူးျခားေနာက္ရက္မ်ားတြင္တံခါးလာလာေခါက္၏

ထ၍ဖြင့္ႀကည့္ေသာအခါလည္းဘာမွမေတြ႔ရလူရိပ္လူေယာင္မရွိေပေနာက္ေတာ့ဦးပဥၥင္းလည္းလူသံမႀကားမခ်င္းထ၍မဖြင့္ေတာ့

ေနာက္ရက္တြင္တံခါးလာေခါက္သံႀကားကာေခၚသံပါႀကားသျဖင့္တံခါးဖြင့္လိုက္ရာရေသ့အားတံခါးဝတြင္ေတြ႔လိုက္ရသည္ရေသ႔ကေနာက္လွည့္၍လက္ခါျပကာ

””’သြားႀက—သြားႀက-လာမရႈတ္ႀကနဲ႔””’

ဦးပဥၥင္းကေတာ့ရေသ႔ေနာက္တြင္ဘာမွမျမင္ရေပသို့ေပမဲ႔လမ္းေရွာက္သြားသည့္ေျခသံမ်ားအားအတိုင္းသားႀကားလိုက္ရသည္မွာထူးဆန္းေန၏

””’ကိုယ္ေတာ္ညဘက္အိပ္ေပ်ာ္ရဲ႔လား—ေနာက္ေတာ့လည္းသိလာမွာပါ””’

””ရေသ႔ကဒီမွာဘာေတြရွိတာသိေနတာလား””

””’ကိုယ္ေတာ္ရယ္ေနရာေဒသတိုင္းမွာအေစာင့္အေရွာက္ေတြျမင္အပ္မျမင္အပ္ေတြမ်ားသားလားေနာက္ေတာ့လဲရုိးသြားမွာပါ—ေမတၱာပို့အမ်ွေဝတာလိုခ်င္ႀကတာပါ””

ဟုေျပာကာျပန္သြား၏ရေသ႔စကားေႀကာင့္ဦးပဥၥင္းစိတ္ထဲဒီရေသ႔ကအကုန္လံုးသိေနတာပဲဟုသတိထားလိုက္မိကာနည္းနည္းေတာ့ထူးသည္ဟုထင္မိသည္။

ဦးပဥၥင္းအတြက္ေတာ့ေနရတာသိပ္အံ႕ဝင္ခြင္က်မျဖစ္ေသးေပအဆိုးဆံုးကေတာ့ေတာင္ေျခနားကရြာေတြကိုဆြမ္းခံထြက္ရသည့္အခ်ိန္ျဖစ္သည္။

ဦးပဥၥင္းလိုေျမျပန္ေဒသမွာေမြးျပီးရန္ကုန္မွာႀကီးျပင္းလာသူဆိုေတာ့တစ္ေနရာမွတစ္ေနရာသို့ကားစီးသြားႀကတာကမ်ားသည့္အတြက္

ေတာင္တက္ေတာင္ဆင္းဆြမ္းခံႀကြရသည္ကိုအေမာမခံႏုိင္ေပအလြန္ပင္ပန္းလွသည္ထင္၏

ဆြမ္းခံႀကြျပီးေတာက္ေပၚျပန္တက္လ်ွင္ေမာ၍နားရေသး၏အေဆာင္ျပန္ေရာက္တိုင္းဒူးေတြနာလာသျဖင့္ေဆးလိမ္းေနရသည္

ဦးပဥၥင္းဆြမ္းခံႀကြျပီးအျပန္နားေနသည့္အခ်ိန္တြင္ရေသ႔သည္အနားကျဖတ္သြားရင္းအားေပးစကားေျပာသြား၏

””ဘယ္လိုလဲကိုယ္ေတာ္ေမာေနျပီလားအက်င့္မရေသးလို့ပါေနာက္ေတာ့အဆင္ေျပသြားမွာပါအားမေလ်ွာ့နဲ႔”’ ‘

ရေသ့ကေတာင္ေပၚသို့လႊားကနဲလႊားကနဲတက္သြားသည္မွာအလြန္ျမန္လွေပရာႀကည့္ေနရင္းမ်က္စိေရွ့တြင္ပင္ေပ်ာက္သြား၏

ရေသ႔အားႀကည့္ရသည္မွာေျမႀကီးႏွင့္ေျခေထာက္ထိသည္ဟုပင္မထင္အလြန္ေပါ့ပါးသြက္လက္ေနသည္ကိုအံ႕မခန္းေတြ႔လိုက္ရသည္။

ဦးပဥၥင္းရေသ့ႏွင့္ခင္မင္လာေသာအခါရေသ႔အားအေတာ္စိတ္ဝင္စားသြာ၏ရေသ႔တြင္ထူးျခားမႈ႕မ်ားရွိေနသည္ကိုေတြ႔ေနရသည္

””ရေသ႔ႀကီးကဘာလို့ဘုန္းႀကီးမဝတ္ပဲရေသ႔ဝတ္ေနရတာလဲ””

””’တပည့္ေတာ္ကေကာင္းကင္မွာပ်ံႏုိင္တဲ႔စ်န္ရတဲ႔ဝိဇၨာျဖစ္ခ်င္တာေလ–ဘုန္းႀကီးဝတ္ရင္ငရဲႀကီးတာေတြလုပ္ျဖစ္မွာစိုးတယ္ရေသ႔ဝတ္ဆိုေတာ့ဘုန္းႀကီးထက္စာရင္ဝိနည္းထိန္းရတာနည္းတယ္ေလ””’

””တပည့္ေတာ္ကလူဘဝကသသူေဌးတစ္ေယာက္ေပါ့အိမ္ေတြကားေတြရွိပါတယ္ရာဘာျခံေတြလည္းဧကအမ်ားႀကီးပိုင္တာေပါ့—အဲဒါေတြအကုန္စြန့္ျပီးရေသ႔လာဝတ္ေနတာႀကိဳးစားအားထုတ္ေနတာေပါ့””’

ရေသ႔စကားေႀကာင့္ဦးပဥၥင္းစိတ္ထဲဒီရေသ့ေတာ့မသိတဲ႔သူကိုအေျခာက္တိုက္လာႀကြားေနျပန္ျပီလို့ေတြးလိုက္မိသည္။

ထိုအခါရေသ႔သည္ဦးပဥၥင္းမ်က္ႏွာအားအေသအခ်ာႀကည့္၍ေျပာလိုက္သည္

””’ႀကြားေနတာမဟုတ္ဘူးကိုယ္ေတာ္—မယံုရင္တပည့္ေတာ္အေႀကာင့္စံုစမ္းႀကည့္ႏုိင္တယ္—ဒီနီးနားတဝွိက္နဲ႔ဒီနားျမို့ေတြမွာေတာ့ရေသ႔ကိုအေတာ္မ်ားမ်ားသိႀကပါတယ္””

ရေသ႔ကဦးပဥၥင္းစိတ္ထဲျဖစ္ေပၚေနေသာမေနာကိုသိေနသည့္အတြက္နည္းနည္းေတာ့ျဖံဳသြားသည္ဒီရေသ႔သည္သာမန္ရေသ႔ေတာ့မျဖစ္ႏုိင္အစြမ္းရွိမည္ဟုထင္ကာစကားကိုဆင္ျခင္၍ေျပာရန္သတိထားေနရသည္။

တစ္ရက္တြင္ရေသ႔သည္ဦးပဥၥင္းအခန္းသို့ေရာက္လာ၏ဦးပဥၥင္းလည္းေရခ်ိဴးရန္ျပင္ေန၍ရေသ႔အားခဏေစာင့္ခိုင္းထား၍ေရခ်ိဴ းခန္းထဲဝင္သြား၏

ေရခ်ိဴးခန္းမ်က္ႏွာႀကက္တြင္အလြန္ႀကီးေသာေတာက္တဲ႔ႀကီးႏွစ္ေကာင္ကိုျမင္ရာလန့္၍သြား၏ခါတိုင္းမေတြ႔ေပအခုမွဘယ္လိုေရာက္လာသည္မသိ

ိေတာက္တဲ႔ႏွစ္ေကာင္ကိုႀကည့္လိုက္သည့္အခါေတာက္တဲ႔မ်က္လံုးေတြသည္အေရာင္တလက္လက္ထြက္ေနသလိုထင္ရကာတျဖည္းျဖည္းႀကီးလာသလိုျမင္ရ၏

ေရခ်ိဴးခန္းအေပၚဘက္ေလသာမွန္တံခါးေတြပိတ္ထားပါရက္ဘယ္လိုေရာက္လာမွန္းမသိဘာလားညာလားစဥ္းစားကာေရခ်ိဴးခန္းထဲကျပန္ထြက္ကာရေသ႔အားေျပာလိုက္သည္။

””ရေသ႔ႀကီးေရဦးပဥၥင္းအခန္းထဲအေပါက္မရွိပဲေရခ်ိဴ းခန္းထဲေတာက္တဲ႔ႀကီးႏွစ္ေကာင္ေရာက္ေနတယ္ထုတ္ေပးပါအံုး””

”’ကိုယ္ေတာ္ကလည္းေတာက္တဲ႔ကသူဘာသာေနတာဘာျဖစ္လို့လဲ ””

””ဟာမဟုတ္ဘူးရေသ႔ေတာက္တဲ႔ကသာမန္မဟုတ္ဘူးလို့ဦးပဥၥင္းထင္တယ္””

””ေကာင္ျပီကိုယ္ေတာ္စိတ္ရွင္းသြားေအာင္ထုတ္ႀကည့္တာေပါ့””

ရေသ႔ကထိုသို့ေျပာကာေရခ်ိဴ းခန္းအေပါက္ဝရပ္ကာသြားဆိုသည့္ပံုစံျဖင့္လက္ဟန္ျပလိုက္သည္

”’ကဲမရွိေတာ့ဘူး””

ဦးပဥၥင္းလည္းမယံု၍ေနာက္ေနသည္ထင္ကာေရခ်ိဴ းခန္းထဲႀကည့္လိုက္ေတာ့ဘာမွမရွိေတာ့အားလံုးရွင္းလင္းေနသည္။

ထိုအခါရေသ႔ကထပ္၍ေျပာလိုက္သည္

””ကဲ–ကိုယ္ေတာ္ဘာမွမရွိေတာ့ဘူး—ရွိေစခ်င္လည္းျပန္ေခၚလို့ရတယ္ေနာ္””

””’ေနပါေစရေသ႔အစြမ္းလည္းသိပါျပီ—””

ဒီလိုႏွင့္ရေသ႔သည္ဘာေတြက်င့္ႀကံအားထုတ္ခဲ႔သည္မသိရေပမဲ႔ထူးျခားခ်က္မ်ားမ်ားစြာရွိေနသည္ကေတာ့အမွန္ေပ

ဦးပဥၥင္းကလူဘဝကေနဘုန္းႀကီးဘဝေျပာင္းတာစိတ္ခ်မ္းသာမည္ထင္ထားေပမဲ႔တစ္ကယ္တန္းေတာ့ဘုန္းႀကီးဘဝသည္မလြယ္လွသည္ကိုတေျဖးေျဖးသိလာရကာ

လူထြက္မည္စိတ္ကူးမိ၏ရေသ႔ကေတာ့ဦးပဥၥင္းအားလူမထြက္ရန္အမ်ိဴးမ်ိဴ းတားေပမဲ႔ေနာက္ဆံုးေတာ့

ထိုေတာင္မွလူထြက္ကာအေမ့ဆီသို့အျပီးျပန္လာခဲ႔ေလသည္။

ကိုေက်ာ္ထင္ပါသည္ဘုန္းႀကီးဝတ္စဥ္ခဏဆြမ္းကိစၥအဝဝ
နွင့္အားလံုးအဆင္ေျပျခင္းသည္ငယ္စဥ္ကတည္းကအေမအေပၚသိတတ္လိမၼာခဲ႔ေသာေက်းဇူးေႀကာင့္ဟုထင္ပါသည္။

ခဏတာဆံုေတြ႔ခဲ႔ရေသာထူးဆန္းေသာရေသ့အားအျမဲသတိရေနမွာအမွန္ပင္ျဖစ္သည္။

တစ္ခ်ိဳ႕အေႀကာင္းအရာမ်ားသည္ကာယကံရွင္မ်ားသက္ရွိထင္ရွားရွိေန၍ေရးသားရန္မသင့္ေတာ္သျဖင့္ဒီေလာက္ႏွင့္ပဲဗဟုသုတအျဖစ္တင္ေပးလိုက္ပါသည္။

ျပီး

D Moe Moe