Unicode Version
ဦးဖိုးဝေနှင့်ကျားဆိုးရွာ(စ/ဆုံး)
——————————–
ကျားဆိုးရွာတွင် ရှိသော ကဝေပျံခင်မေသည် သူ၏ ချစ်လှစွာသော ယောက်ျားဖြစ်သူ ဦးမုတ်ဆိတ် ဟုအများအခေါ် ဦးသာအေး ပြန်မလာသောကြောင့် ဒေါသပုန်ထနေသည်။ကဝေပျံခင်မေသည် သူ့အား လာကျွေးသော အစားအသောက် ပန်းကန်များကို လွှင့်ပစ်ပြီး
“ငါ့ယောက်ျားကို မတွေ့သေးဘူးလား အခု ငါ့ယောက်ျားကို ရှာပေးစမ်း ”
“သခင်မကြီး စိတ်လျှော့ပါ ကျမတို့ ရှာနေပါတယ် ”
“နင်တို့ ရှာလို့ မရရင် ငါကိုယ်တိုင်ရှာမယ် ငါ့ယောက်ျားကို ဝှက်ထားတဲ့ သူတွေကို အ သေသတ်ပစ်မယ် ”
ကဝေပျံခင်မေသည် ဦးသာအေးအား အင်မတန်ချစ်မြတ်နိုးသူ ဖြစ်သည်။အဘယ်မျှ ချစ်မြတ်နိုးသလဲ ဆိုလျှင် ဦးသာအေး အား သူမ၏ မိခင်ကြီးတားနေသည့်ကြားမှ အစဉ် အလာများကို ဖျက်ကာ ရွာသို့ခေါ်ပြီး သူမနှင့် လက်ထပ်ကာ ရွာလူကြီးလုပ်ခိုင်းထားသည် မဟုတ်ပါလား။ဦးသာအေးမှာ တိုက်ကြက်မွေးရသည်ကို သဘောကျလွန်းသူဖြစ်ရာ သူ၏ တိုက်ကြက်များကို ရန်ပြုနေသည့် သူမ ငယ်ငယ် ကတည်းက မွေးထားသည့် ကျားကြီးကို ပင် တောထဲ စွန့်ပစ်လိုက်သည် အထိ ဦးသာအေးကို အချစ်ပိုခဲ့သူ၊ယခုတော့ ဦးသာအေး သူမဆီ ပြန်မလာသည် မှာ ရက်အတော်အတန်ကြာပြီ ဖြစ်သည်။အရင်က ကြက်တိုက်သွားသည့်အခါ အကြာဆုံးမှ တပတ်သာဖြစ်သည် အဲ့ဒီထက်ကြာအောင် တခါမှ မနေဘူးပေ၊ထို့ကြောင့် ဒေါသူပုန်ထနေချင်းဖြစ်သည်၊၊ မိန်းမပျိုလေးများသည် ကဝေပျံ ခင်မေ အား ထိန်း၍ မရသော အခါ ရွာတွင် သူမအားထိန်းနိုင်မည့် သူမ၏ မိခင်ကြီးအား သွားခေါ်ကြလေ၏။အမယ်ကြီးသည် တောင်ဝှေး တချောင်း နှင့် မကြာသော အချိန်တွင် ကဝေပျံခင်မေ ၏ အိမ်သို့ ရောက်လာကာ
“ဟဲ့ လင်တရူးမ နင့် မြစ် အရွယ်လေးကို ယူပြီး ဘာဖြစ်နေတာလဲ နင်လုပ်လို့ ငါတို့ ရွာလည်း နာမည်ပျက်နေပြီ နင်က အခုထိ ယောက်ျား တယောက် အတွက် ရူးနေတုန်းလား ”
တောင်ဝှေးအား လှေကား နှင့် တတောက်တောက် ခေါက်သံ နှင့်အတူ စကားသံအချို့ကြောင့် သူမ၏ မိခင်ကြီး ရောက်လာပြီဆိုတာ သိ၍ စိတ်ကို ပြန်ထိန်းကာ အိမ်ကြီးပေါ်ရှိ ထိုင်ခုံတွင် ထိုင်ချလိုက်သည် ။အမယ်ကြီးသည် သူမ၏ တောင်ဝှေးကို တတောက် တောက် နှင့် ထောက်ပြီး လွတ်နေသော ခုံတွင် ထိုင်လိုက်ကာ သူမ၏ နောက်မှ ပါလာသော မိန်းမပျို လေးများအား တချက်ကြည့်လိုက်ကာ
“ဟဲ့ကောင်မတွေ လင်တရူးမ ဖွထားတဲ့ ဟာတွေကို ရှင်းပြီး အိမ်ပေါ်က ဆင်းတော့ ”
“ဟုတ်ကဲ့ပါ အမေကြီး ”
မိန်းမပျိုလေးများသည် တွန်းထုတ်ထားသော ထမင်းပန်းကန်၊ ဟင်းပန်းကန်များကို သိမ်းဆည်းပြီးနောက် ခေါင်းလေးများငုံ့ကာ အိမ်ပေါ်မှ ဆင်းသွားကြသည် ။ မိန်းမပျိုလေးများ အိမ်အောက် သို့ ရောက်သည် နှင့် တံခါးမကြီးသည် သူ့အလိုလို ပိတ်သွားသလို ပြုတင်း တံခါးများသည် လည်း ပိတ်သွားကာ အိမ်ကြီးပေါ်တွင် မှောင်မဲသွား၏။ထိုစဉ် အိမ်တိုင်မှ စိုက်ထားသော ကညင်ဆီ မီးတိုင်များသည် ရုတ်တရက် မီးတောက်များ တောက်ကာ လင်းလာပြီး အိမ်ပေါ်တွင် ရှင်းရှင်း လင်းလင်း ပြန်ဖြစ်သွားသည် ။ခုံပေါ်တွင် ထိုင်နေသောအမယ်ကြီး သည် သူမ ၏ သမီးဖြစ်သူ ကဝေပျံ ခင်မေကို ကြည့်ကာ
“ခင်မေ နင် ဘာဖြစ်နေတာလဲ ငါတို့ ရဲ့ ကျားဆိုးရွာလည်း နင် ယောကျာ်းတယောက်ကို စွဲလမ်းရာ ကနေ အပျက်တွေဘဲ ဖြစ်နေပြီ၊ ပထမ နင်ကသာ ကျားဆိုးရွာရဲ့ တရားဝင်ရွာလူကြီး နင့်လင်ကို ရွာလူကြီး တင်ခွင့်မရှိဘူး နောက်တခု နင့်အိမ်မှာ ရှိတဲ့ ကျားကြီးကို နင့်စွန့်ပစ်တာ အတော်ကို မှားတယ် နင်ရဲ့ စိတ်ဓာတ်က ဒီလောက်တောင် ပျော့ညံ့ရလား နင့်ရဲ့ ရုပ်သွင်က ဘယ်လောက် နုပျိုနေနေ နင့်ရဲ့ အသက်ကို တော့ နင်ညာလို့မရဘူး မဟုတ်လား ”
“အိုး အမေရယ် အသက်က အဓိက မဟုတ်ပါဘူး ကျမ အမြဲတန်း နုပျိုနေတာ သူက ဘာကြောင့် စိတ်ပျက်ရမှာလည်း စိတ်ပျက်ရင်း ပျက် ကျမက စိတ်ပျက်ရမှာပါတော့၊အခုက သူ့ကို တခြားသူတွေ အနိုင်ကျင့်ပြီး တခုခု ဖြစ်နေသလား ဒါမှ မဟုတ် ကျမကို ပဲ စိတ်ကုန်လို့ ထားသွားတာလား ကျမကတော့ နှစ်မျိုး လုံး စိတ်ပူနေရတယ် ”
“ခင်မေ နင်က တော်ရုံ မအိုတော့မဲ့ ကဝေပျံ၊နင့်အကောင်က နင့်မြစ်လောက်ရှိတာတောင်အခု အိုနေပြီ နောက်ဆို သူက သေရမှာ အဲ့ အချိန် နင်ဘယ်လို လုပ်မလဲ ”
“အမေ ကျမ ပုံမှန်လူတွေလိုနေချင်တယ်၊ကျမ ချစ်ခင်ရတဲ့ သူတွေသေတာကို ကျမ အကြာကြီး ကြည့်နေရတယ် ကျမ ရထားတဲ့ အသက်ရှည်၊အဆင်းလှ ခြင်းတွေ က အခုအချိန်မှာ တော့ ကျိန်စာ တခုလို ဖြစ်နေပြီ အမေ၊အမေနဲ့ ကျမ အသက် ၁၈ နှစ်လောက်ပဲကွာတယ် အမေက ဇရာထောင်းနေပြီ ဒါပေမဲ့ ကျမက အခုထိ ငယ်ရွယ်နေတုန်း ကျမလည်း အမေ့လို အိုချင်ပြီ ”
“ဟဲ့ ခင်မေ နင်ပေါက်ကရတွေ ပြောမနေနဲ့ နင်ရထားတဲ့ အရာက တခြားသူတွေ ငမ်းငမ်းတက် လို ချင်တဲ့ အရာ ဟဲ့ ”
“သူတို့တွေက မကြုံဖူးလို့ နေမှာပါ ကျမကတော့ မလိုချင်ဘူး၊ သာမာန်ဘဝ လေးနဲ့ ပဲ ကျမ ချစ်တဲ့ သူနဲ့ အေးအေးဆေးဆေး ပဲ ဖြတ်သန်း သွားချင်တယ် ”
အမေကြီး သည် သမီးဖြစ်သူ ကဝေပျံခင်မေ၏ မျက်နှာကို ငေးကြည့်နေမိသည်။မာကျော ခက်ထန်လှသော သူမ၏ သမီးသည် ပေပင်ရွာသား သာအေးဆိုသော သူနှင့် အတွေ့မှာ အတော်ကို ပြောင်းလဲသွားပြီဖြစ်သည်။သာအေးသည် အသက် သုံးဆယ် ဝန်းကျင် အချိန်တွင် သူတို့ဆီရောက်လာသည် ၊၊ သနားကမား ရုပ်လေးနှင့် လောကဓံကို အတော် ခံထားရဟန်ရှိသော သူဖြစ်နေသည်ကြောင့် သူမ နှင့် အတူ သူမ၏ သမီးသည်လည်းသနားခဲ့ရသည် ။ထို့နောက် ခင်မေ နှင့် ချစ်ကျွမ်းဝင်ကာ ရွာကိုပင် အုပ်ချုပ်ခိုင်းစေသည် အထိ သာအေးအား ယုံကြည်လာသည်။ကဝေပျံခင်မေသည် တရွာလုံးတွင်မှ ယောက်ျားသား ဟူသည် သူမ၏ ယောက်က်ျားသာ ရှိသည်မို့ ရွာမှ ပညာသည် မလေးများအား အိမ်ထဲသို့ အဝင်မခံတော့သည့် အထိ သဝန်တိုလေ၏ ။ ယခုတော့ ကဝေပျံခင်မေသည် သမုဒယ မီးတောက် တောက်လောင်နေရပြီဖြစ်သည် ၊၊ သူမအား ထားခဲ့ခြင်းလော သို့တည်းမဟုတ် အန္တရာယ် တခုခု နှင့် ကြုံလေသလော ဟု တွေးကာ သူမ၏ ရွာမှ ပညာသည်များကို စုံစမ်း စေသော်လည်း သတင်းအစ အန မှ မရချေ၊ထို့ကြောင့် ထမင်းလည်းမစား သူမ၏ ချစ်လှစွာသော ယောက်ျားဖြစ်သူအပေါ် ဂရုဏာဒေါ်သများ တောက်လောင် နေရခြင်းဖြစ်၏ ။ထိန်းမရသည့် အဆုံး ရွာထဲရှိစက်အကြီးဆုံးသော သူမ ၏မိခင်ကြီး ကိုခေါ်ကာ ဆုံးမ စေခြင်းဖြစ်သည်၊၊ သို့ပါသော်လည်း မိခင်ကြီး သည် သမီးဖြစ်သူ ၏ ဝေဒနာမီးကို မြင်သော အခါ အပြစ်ပြောမည်ဟု တွေးထားသော် လည်း အပြစ် ထပ်ပြီး မဆိုသာတော့ပဲ
“ကဲ ခင်မေ နင်က ဘယ်လို လုပ်ချင်လဲ ငါ့ကို ပြောစမ်း ”
“သူဘာလို့ ရွာကို ပြန်မလာတာလဲဆိုတာ သိချင်တယ် ”
“နေပါဦး သူက နင့်ကိုစွန့်သွားတယ် ဆို နင်ဘယ်လို လုပ်မလဲ ”
“အဲ့ အဲ့လိုတော့ ကျမ မတွေးထားဘူး အမေ သူ ကြက်တိုက်ရင်း ရန်တွေ ဘာတွေဖြစ်ပြီး အချုပ်တွေ ဘာတွေ ကျနေတာပဲ ဖြစ်မှာ ပါ ”
“အေးပါ ငါမေးတာကို ပဲ ဖြေပါ နင့်ကို ထား ခဲ့တယ် ဆိုရင် နင် ဘယ်လို လုပ်မလဲ ”
“ကျ ကျမ အဲ့လို မတွေးထားဘူး အမေ”
“အင်း နင်တွေး နေတဲ့ အတွေးကို ငါသိပါတယ် နင်က အပြင်မှာသာ စိတ်က မာနေချင်ရောင် ယောင် ဆောင်နေပေမဲ့ နင့်ရဲ့ စိတ်က နူးညံ့တယ် ဆိုတာ ငါသိတာပေါ့ ငါ နင့်ကို သာအေးနဲ့ ဘာလို့ သဘော မတူတာ လဲ နင်သိလား ”
အမေကြီး မှ မေးသော အခါ ကဝေပျံ ခင်မေသည် ခေါင်းကို ခါယမ်း ပြလေသည်။ထိုအခါ အမေကြီးသည် သက်ပြင်းကို တချက်ချကာ
“သာအေးက လူကောင်းမို့ နင် နဲ့ သဘောမတူတာပဲ ငါတားလို့ မရခဲ့ ဘူး ဘယ်ရမှာလဲ နင်က ဒီရွာမှာ အာဏာ အရှိဆုံးလေ ”
“အမေရယ် အတိတ်က အကြောင်းတွေ ပြန်ပြောမနေပါနဲ့တော့ သူ့ကို ဘယ်လို ပြန်ခေါ်ရမလဲ ဆိုတာ တွေးပေးပါ ”
“နင်မသိခင် ငါရဲ့ တပည့်မ နှစ်ယောက်ကို စုံစမ်းခိုင်းထားတယ် သူတို့ပြောပုံအရ နင့်ယောက်ျားကိုနောက်ဆုံး တွေ့ရတာတော့ မြစ်သား ရွာမှာ လို့ပြောတယ် ဘိုးတော် တယောက်နဲ့ ပါသွားတယ် တဲ့ ကျန်တာတော့ ဆက်စုံစမ်းလို့ မရဘူး ”
“ဘိုးတော် ဘယ်ကဘိုးတော်လဲ အမေ သူတို့ ဘယ်သွားကြတာလဲ ‘
“ငါလည်း မသိဘူး စုံစမ်းခိုင်းထားတုန်းပဲ နင့်ကောင်မကတွေ ရောသတင်း ပြန်မပို့ဘူးလား ”
“သူတို့ကို တော့ ပေပင်ရွာ ဝန်းကျင်ကို စုံစမ်းခိုင်းထားတယ် ”
ကဝေပျံခင်မေ သည် အတန်ကြာအောင် စကားများပြောနေရင်း သူမ၏ အာရုံတွင် တခုခု ကိုရသည့် အတွက်ကြောင့် မျက်လုံးကို မှိတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အိမ် ပြုတင်းတံခါးများ နှင့် တံခါးမကြီးတို့သည် ပွင့်၍သွားကုန်ကြပါလေတော့သည် ။
◾အခန်း (၂)
အမယ်ကြီး နှင့် ကဝေပျံခင်မေတို့သည် ပွင့်သွားသော တံခါးမကြီးအား ကြည့်နေကြသည်။ ထိုအချိန် လျင်မြန်သည် အရှိန်ဖြင့် အရိပ်နှစ်ခုသည် အိမ်တံခါးမကြီး ထံ တိုးဝင်လာပြီး ဝေ့လည်နေရင်းမှ လူရုပ်သွင်သည် ပီပြင်လာ၏။သာမာန်တောသူမ ပုံစံ ဝတ်ဆင်ထားသော အသက် လေးဆယ် ခန့် မိန်းမကြီးနှင့် ချောမောပြေပြစ်သော မိန်းမပျိုလေးတို့ဖြစ် လေသည်။ထိုအမျိုးသမီးနှစ်ယောက် သည် ကဝေပျံ ခင်မေ နှင့် အမယ်ကြီးကို ဦးညွတ်လိုက်ပြီး
“သခင်မကြီး နဲ့ အမေကြီး သတင်းထူး ရှိပါတယ် ”
“အေး မြန်မြန်ပြောစမ်း ”
“သခင်မကြီး ရဲ့ခင်ပွန်းက သူရဲ့ ငယ်သူချင်းနောက် လိုက်သွားတာပါ ”
“ဘာပြောတယ် သူရဲ့ ငယ်သူငယ်ချင်း ဟုတ်စ ဘယ်သူများလဲ ”
“သူတို့ငယ်ငယ် တုန်းက မိုးကြိုးစက်တောင်ဝှေး လာယူတဲ့ ကလေး တွေပါ ”
“မောင်လေး အုန်းရဲ့ မွေးစားသား လား”
“ဟုတ်ပါတယ် သူ့ဆီသွားနေတာပါ ဘုန်းကြီးကျောင်း တခုကို ပါ သခင်မကြီး ”
“ဘာပြောတယ် နင်တို့ငါ့ကို သေချာရှင်းပြစမ်း ဘယ်လိုတွေ လဲဆိုတာ ”
ကဝေပျံခင်မေသည် နေရင်းထိုင်ရင်း ဒေါသထွက်လာကာ မျက်လုံးများမှာ နီရဲလာပြီး ကောင်းမွန်သော ဆံပင်တို့က လေမှာ ဝဲပျံနေလေရာ သတင်းလာပို့သည့် ပညာသည် နှစ်ယောက် အတော်ကို ကြောက်လန့်လာကာ စကားပင် မပြောနိုင်အောင် တုန်ယင်နေလေသည်။ထိုအချင်းအရာကို သိသော အမယ်ကြီးသည် သူမ၏ သမီးကို သေချာကြည့်ကာ
“ဟဲ့ ခင်မေ နင့်ဒေါသကို လျော့စမ်း နင်လုပ်တာနဲ့ မိဝိုင်းတို့ တောင် ဘာပြောရမှန်းမသိတော့ဘူး ဖြစ်ရော့မယ် နင်က သာအေး နဲ့ ပတ်သက် ရင် ပိုကို ပိုလွန်းတယ် ”
မိခင်ကြီး၏ စကားကြားမှ ဒေါသဖြစ်နေသော ခင်မေသည် သူ၏ ဒေါသကို မျက်လုံး မှိတ်ပြီး ထိန်းချုပ်လိုက်သောအခါမှသာ ပျံဝဲနေသော ဆံပင်တို့သည် လည်း ပကတိအတိုင်း လှပ ကျော့ရှင်းစွာ ရှိနေလေသည် ၊၊ထို့နောက် ကဝေပျံ ခင်မေသည် သူမ၏ အသံကို အကောင်းဆုံး ဖြစ်အောင်ထိန်းချုပ်ပြီး
“မိဝိုင်း ငါ့ကို သေချာ ပြောပြစမ်းဟယ် ”
“ဟုတ်ကဲ့ပါ သခင်မကြီး သခင်ကြီးက မြစ်သားရွာမှာ ကြက်တိုက်ပါတယ် မြစ်သားရွာသားတွေက သခင်ကြီးကို ကြက်ညစ်တိုက်ပါတယ် ”
“ဘာ အဲ့ဒီရွာသားတွေကို အကုန် သတ်ပစ်စမ်း ရာရာ စစ ”
“ဟဲ့ ခင်မေ စကားကို ဆုံးအောင်နားထောင်စမ်း နင်နဲ့ လည်း ခက်ပါတယ် မိဝိုင်းဆက်ပြော ”
“ဟုတ်ကဲ့ ပါ အမေကြီး အဲ့လိုလုပ်တာကို သခင်ကြီးက မကျေနပ်တော့ သူတို့တရွာလုံးကို အောက်လမ်းနဲ့တိုက်ပါတယ် မြစ်သားရွာမှာ ရှိတဲ့ အိမ်မွေးတိရိစ္ဆန်တွေ တော်တော် များများ သေကုန်ကြပါတယ် ။ လူတွေအလှည့် ရောက်ကာနီးမှာ အထက်လမ်း ဆရာတွေ က ဝင်ကူညီတယ်လို့ မြစ်သားရွာသားတွေ က ပြောပါတယ် သခင်မကြီး ”
“ဘာ ငါယောကျာ်းကို တားရဲတဲ့ အထက်လမ်း ဆရာရှိသေးတယ် လား၊ကျားဆိုးရွာက ပညာသည်တွေ ရဲ့ အစွမ်းကို ဒီအထက်လမ်း ဆရာ မသိရော့လား ဒါနဲ့ ဘယ်လို ဖြစ်ပြီး သူ့ငယ် သူငယ်ချင်းတွေ နောက်ပါသွားတာလဲ မရှင်းဘူး သေချာပြောစမ်း ”
“ဟုတ်ကဲ့ သခင်မကြီး ဟိုလေ အထက်လမ်း ဆရာတွေထဲက တယောက်က သခင်ကြီး ရဲ့ ငယ်သူငယ်ချင်းလို့ပြောပါဝာယ်၊ သခင်ကြီးက သူနောက် လိုက်သွားပြီး ကျန်တဲ့ အထက်လမ်း ဆရာ နှစ်ယောက်က ဒီရိုးမ တောဘက် တက်လာတယ် လို့ စုံစမ်း သိရှိရပါတယ် ”
“အေး ငါသိပြီ နင်တို့ လူစုပြီး နင်တို့ ရဲ့ ပညာတွေကို ပြန်လေ့ကျင့်နေကြ၊အခုတခါ လူသတ်သင့်ရင် သတ်ရမယ် ကြားလား ”
“ဟုတ် ကဲ့ပါ သခင်မကြီး ”
ကဝေပျံ ခင်မေ နှင့် အမေကြီးကို နှုတ်ဆက်ကာ ပညာသည် နှစ်ယောက်သည် အောက်သို့ ဆင်းသွားပြီ ဖြစ်၏။ထိုအခါ အမေကြီးသည် သူမ၏ သမီးဖြစ်သူကို ကြည့်ကာ
“ကဲခင်မေ နင်ယောက်ျားပြဿနာက သေးသေးလေးတော့ မဟုတ်ဘူး ငါတို့ ရွာကို ပါ ထိခိုက်တော့မဲ့ အာရုံ ရနေတယ်။အဲ့တော့ ငါတို့တွေ အဲ့ဒီ အထက်လမ်း ဆရာ နှစ်ယောက်ကို လမ်းမှာတားကြတာပေါ့၊နင့်ကောင်သာအေး ပေးတဲ့ ဒုက္ခ နင်တင် မကဘူး ငါတို့ တရွာလုံးပါ ထိနေပြီ လင်တာရူးမ ရဲ့ ”
အမေကြီးသည် သူမ၏ သမီးဖြစ်သူကို မဲ့ကာ ရွဲ့ကာ ပြောလိုက်ပြီး တောင်ဝှေးကြီးကို တတောက်တောက် နှင့် ထောက်လို့ အိမ်အောက်သို့ ဆင်းသွားပါလေတော့သည်။
◾အခန်း (၃)
ဦးဖိုးဝေ နှင့် သူရိယသည် ဦးသာအေးကို မနှောက်ယှက်ရန် ကျားဆိုးရွာမှ ပညာသည် များကို သွားရောက် မေတ္တာရပ်ခံမည့် ခရီးစဉ် စထွက်လာရာ အတော်ကိုခရီးရောက်လာပြီးဖြစ်သည်။ မကြာသော အချိန်တွင် ဦးဖိုးဝေ နှင့် သူရိယသည် ရိုးမတောင် ခြေမှ ရွာတရွာကို ရောက်လာကြသည် ။ထိုရွာသည် လူတယောက်မှ အရိပ်အယောင်မမြင်ရဘဲ တိတ်ဆိတ်လွန်းနေသည်။ သူတို့လည်း ထိုရွာလမ်းအတိုင်း လမ်းလျှောက်နေစဉ် ငယ်ရွယ်ပြီး ချောမော လှပသော မိန်းမပျို နှစ်ယောက် သူတို့၏ အနားသို့ ရောက်လာကာ
“ဒီက ဦးကြီး နဲ့ မောင်လေးက ခရီးသွားတွေ ထင်တယ်၊ ဘယ်ကိုများသွားကြမှာလဲရှင် ”
“ကျုပ်တို့က ကျားဆိုး ရွာကို သွားမှာပါ ”
“ဝေးသေးတာပဲ ကျားဆိုးရွာကို ပြီးမှ သွားပါ ကျမတို့ ဦးကြီးတို့ကို ဧည့်ဝတ်ပြုချင်လို့ပါ ”
“သင်တို့ကလည်း ယခု မှ မြင်ဖူးတဲ့ သူတွေကို တန်းပြီး ဧည့်ဝတ်ပြုချင်နေတာလား ကျုပ်တို့ ရဲ့ မျက်လုံးကို သေချာကြည့်ပြီးမှ ဧည့်ခံပေါ့ ”
ဦးဖိုးဝေ၏ စကားကြားသောအခါ မိန်းမပျို နှစ်ဦးသည် ဦးဖိုးဝေတို့၏ မျက်လုံးများကို စူးစိုက်ကြည့်နေသည် ၊၊ ထို့နောက် သူမတို့ သည် မယုံကြည်နိုင်အောင် အံ့ဩ တုန်လှုပ်သွားကာ
“နင် နင်တို့ ဘာ ဘာတွေ လဲ ”
“ကဲ နင်တို့ ဧည့်ခံ ချင်သေးလား ”
မိန်းမပျို နှစ်ယောက် အဖြစ်မှာ တဖြည်းဖြည်း အိုမင်းရင့်ရော်ပြီး အရုပ်ဆိုး၊အကျည်း တန်လှသော အဖွားအိုများ အဖြစ်ပြောင်းသွားလေသည်။ သူမတို့သည် ဦးဖိုးဝေ၏ အမေးအား ခေါင်းခါပြီး ငြင်းလိုက်ကာ
“ငါတို့က နင်တို့ကို အထက်လမ်း ဆရာတွေ မှန်းမသိလို့ပါ။ငါတို့ကို သွားခွင့်ပြုပါ ”
“ကောင်းပါပြီ သင်တို့သွားနိုင်ပါတယ်။အသိတရားတွေရပြီး ကာမ တဏှာကို အမြန်ဆုံး ပယ်နိုင်အောင် ကြိုးစားဦး သင်တို့ရဲ့ ဘဝက မတွေးရဲစရာပဲ အပယ်ဘုံလည်း မဟုတ် လူလည်း မဟုတ် ”
အကျည်းတန်သော အဖွားအို နှစ်ယောက် သည် ဦးဖိုးဝေ၏ စကားကို အသိအမှတ်ပြုပြီးခေါင်းညိတ်ကာ ရွာလယ်လမ်းအတိုင်း ဦးဖိုးဝေတို့ နှင့် ဆန့်ကျင်ဘက်သို့ ထွက်ခွာသွားပါတော့သည်။ထိုအခါ မှ ဦးဖိုးဝေ နှင့် သူရိယ တို့သည်လည်း ရိုးမတောင် ပေါ်သို့ စတင် တက်လိုက်ကြပါလေတော့သ်ည။
◾အခန်း (၄)
ဦးဖိုးဝေ နှင့် သူရိယ တို့သည် ရိုးမတောင် ပေါ်သို့တက်လာခဲ့သည်။သစ်ရိပ် ဝါးရိပ်များမှာ အတော်ပင် ကြီးမားသည့် အတွက် နေရောင်ပင် ထိုးမဖောက်နိုင် အောင်ရှိလေသည် ။တောင်ပေါ် လမ်းအတိုင်း လမ်းလျှောက်လာရသည့်အတွက် မောပန်းဟန် ရှိသော ဦးဖိုးဝေအား သူရိယ မှ
“အဘ အတော်မော နေတာပဲဗျ၊နေလို့ရောကောင်းရဲ့လား ”
“နေလို့ကတော့ကောင်းပါတယ် လူက ဇရာထောင်းလာပြီ မဟုတ်လား ”
“ကဲ အဘ မောရင်လည်း ခဏ နားမယ်ဗျာ ကျနော် ရေဘူးထည့် လာတယ် သောက်လိုက်ဦး ”
သူရိယသည် သူ၏ လွယ်အိတ် ထဲထည့်လာသော ဘူးသီးခြောက် ရေဘူးလေးအား ဦးဖိုးဝေကို ပေးလိုက်သည်။ ထိုအခါဦးဖိုးဝေသည် ရေအားမော့ သောက်လိုက်ပြီးလျှင်ဦ ကျွန်းပင် တပင်ကို ကျောမှီပြီးအမောဖြေနေသည် ။ သူရိယသည် သစ်ပင် ကြီးများကို လိုက်ကြည့်ရင်း
“အဘ ဒီဘက်က တောအတော်ကြီးသေးတာပဲဗျ ထင်းခုတ်တဲ့ သူတွေတောင် လာပုံမပေါ်ဘူးနော် ”
“အော် လူလေးရယ် ကျားဆိုး နယ်ထဲကို ဘယ်သူ ထင်းခုတ်သမားက လာရဲမှာလဲ ”
“ဟုတ်ပ အဘရယ် ကျနော် သတိမထားမိဘူး ဒါနဲ့ ကျနော်တို့က ကျားဆိုးရွာက ပညာသည်တွေ အကုန်လုံးနဲ့ တိုက်ခိုက်ရမှာလား ”
“မတိုက်ခိုက်ပါဘူးကွာ ကျားဆိုးရွာက ပညာသည်တွေ ဒုက္ခပေးလို့ ဒုက္ခ ရောက်တဲ့သူရယ်လို့ အဘ မကြားမိပါဘူး သွားပြီး မေတ္တာ ရပ်ခံမှာပါ အင်း အဘ အထင်တော့ သူတို့က လွယ်လွယ် နဲ့တော့ ပြောလို့ရမှာ မဟုတ်လောက်ဘူး”
“ဘယ်တတ်နိုင်မလဲ အဘရယ် အမှောင်ကနေ အလင်းသွားတဲ့ သူကို စိတ်ဖြောင့်ဖြောင့်သွားဖို့ အတွက် ကျနော်တို့ မှာ တာဝန်ရှိတယ် မဟုတ်လား ”
“မတတ်သာ ရင် တော့ပညာရပ်တွေ သုံးကွယ် အတတ်နိုင်ဆုံးတော့ မေတ္တာ နဲ့ ပဲ လုပ်ငန်းအောင်မြင်အောင် စွမ်းဆောင်ကြတာပေါ့ ”
ဦးဖိုးဝေသည် သူရိယအား သေချာစွာ ရှင်းပြနေစဉ်သူ မှီထားသော ကျွန်းပင် ၏ ပင်စည်ကို ရစ်ပတ်ထားသော မြွေကြီးသည် ဦးဖိုးဝေအား ရန်ပြုရန် အသင့်အနေထားဖြစ်နေလေရာ သူရိယမှာ လှမ်းအော်သတိပေးလိုက်လေသည် ။
“အဘ အဘခေါင်းပေါ်မှာ မြွေကြီး ”
“လူလေးရေ သာမာန် မြွေတော့ မဟုတ်ဘူးကွဲ့ ”
ထို့နောက် ဦးဖိုးဝေသည် ထိုင်နေရာမှ ထလိုက်ပြီး မြွေကြီးအား လက်ညိုးထိုးရင်း
“ဟဲ့ ”
ဟဲ့ ဆိုသော တချက်ဖြင့် မြွေကြီး အဖြစ်မှ နွယ်ကြိုးကြီးအဖြစ်သို့ ပြောင်းလဲ သွား၏။ထိုအခါမှ ဦးဖိုးဝေ သည် အပင်အောက် ပင်စည်ခြေရင်းတွင် ပြန်ထိုင်လိုက်ပြီး
“လူလေးရေ ပညာသည်တွေကတော့ အစွယ်တွေ ထုတ်ပြနေပြီကွဲ့ အတတ်နိုင်ဆုံးတော့ မေတ္တာ ထားကြတာပေါ့ နှစ်ဦး နှစ်ဖက် အကျိုး မရှိတဲ့ အသက်သေဆုံးခြင်းကို တော့ မလွဲမသွေ ရှောင်ရမယ်ဆိုတာ သတိထားပါ လူလေး ”
“ဟုတ်ကဲ့ အဘ ”
“ကဲ နားနေက မသင့်ပေဘူး အချို့ကိစ္စတွေက အချိန်ဆွဲ လို့ကောင်းတာ မဟုတ်ဘူး ”
“ဟုတ်ကဲ့ ပါ အဘ ဒါဆိုလည်း ခရီးဆက်ကြတာပေါ့”
ဦးဖိုးဝေ နှင့် သူရိယသည် ထိုင်နေရမှ ထ၍ တောင်ပေါ်သို့ ဆက်၍ တက်သွားလေပါတော့သည် ။
◾အခန်း (၅)
ဦးဖိုးဝေနှင့် သူရိယ တောင်ပေါ်တက်သော လမ်းတလျှောက်ရှိ သစ်ပင်များပေါ်တွင် ကူးလူးနေသော အရိပ်မဲမဲများ သည် ဦးဖိုးဝေ နှင့် သူရိယ ၏ ဦးခေါင်းပေါ်သို့ ထိုးစိုက် ချလာက တိုက်ခိုက်ကြကုန်၏။သို့ပေမဲ့ အဆင့်ခြင်းမှာ မိုး နှင့် မြေလောက် ကွာခြားနေသည် မို့ ပညာသည်များမှာ ဦးဖိုးဝေတို့၏ အနားသို့ပင်ကပ် မရချေ၊ အော်ညည်းပြီးသာ ပြန်ပြေးသွားကြရလေသည် ။ထို အရိပ်မဲ များ နှောက်ယှက်ခြင်း မရှိတော့ သောအခါ ဦးဖိုးဝေသည် သူရိယအား
“လူလေးရေ ကျားဆိုးရွာက နီးလာပြီ ထင်တယ် ကွဲ့ အနှောက် အယှက်တွေ ပိုများလာသလားလို့ ”
“ဟုတ်ပ အဘရယ် သာမာန် လူဆို ကျားဆိုးရွာ မပြောနဲ့ သူတို့ နယ်နိမိတ်တောင် ကပ်ဖို့ လွယ်မယ် မထင်ဘူး”
“အင်း ဇော်ဂနီ အဆင့် အနိမ့်ဆုံးနေကြတယ် ဆိုတော့ လည်း ဒီလောက်တော့ ရှိမှာ ပေါ့ ”
“ဟုတ်အဘ သူတို့တွေရွာက ရောက်ဖို့ နီးပြီလား အဘ ”
“အင်း အဘလည်း တခေါက်မှတော့ မရောက်ဖူးဘူး ဒီနေရာ မှာ ဘုံမ္မစိုးကို ခေါ်ဖို့လည်း မဖြစ်နိုင်ဘူး အဲ့တော့ ”
ဦးဖိုးဝေသည် စကားပြောနေရင်းမှ ဘေးတွင်ရှိသော သစ်ရွက် တရွက်ကို ခူးလိုက်ကာ လက်ဝါးပေါ်တင်ပြီး လေ နှင့် အသာအယာ မှုတ်လိုက်လေသည်။ထိုအခါ သူ၏လက်ပေါ်မှ သစ်ရွက်လေးသည် ရွှေရောင် တောက်နေသော လိပ်ပြာလေးအဖြစ် ပြောင်းသွားကာ တောင်ပံတဖျပ်ဖျပ်ခတ်ရင်း ဦးဖိုးဝေတို့ရှေ့မှ နေ၍ ပျံသန်းသွားလေသည်။ထိုအခါ မှ ဦးဖိုးဝေသည်
“ကဲ လူလေးရေ ခရီးဆက်ကြဦးစို့ ”
ဦးဖိုးဝေ နှင့် သူရိယသည် ရွှေရောင်လိပ်ပြာလေးအနောက်သို့ လိုက်သွားရာ သူတို့၏ ရှေ့တည့်တည့် တွင် အစွယ်များ ဖွေးဖြူနေသော တောဝက်ကြီး နှစ်ကောင်သည် အရှိန်ပြင်းစွာနှင့် တိုးဝင်လာလေ၏။ထိုအခါ ဦးဖိုးဝေသည် တောက်တချက်ကို ခေါက်ကာ
“တောက် ဒင်းတို့က အသေတိုက်နေတာပါလား မူလပြန်စမ်း ”
ဦးဖိုးဝေ၏ စကားဆုံးသည် နှင့် အစွယ်များကားနေပြီး ကြီးမားသည့် တောဝက်ကြီးသည် တဖြည်းဖြည်း သေးငယ် သွားပြီး အိမ်မွေးဝက်ပေါက်လေး နှစ်ကောင် အဖြစ်ပြောင်းလဲကာ မိခင်ဝက်မကြီးကို တွေရန်အလို့ငှာ အော်မြည်ပြီး သူတို့ နှင့် ဆန့်ကျင်ဘက်သို့ ပြန်ပြေးသွား လေတော့သည် ။
“ကဲ လူလေးရေ ကျားဆိုးရွာတော့ ရောက်ပြီ ထင်တယ် ”
“ဘာဖြစ်လို့ လဲ အဘ ”
“ဟို မှာ ကြည့်စမ်းပါဦး ”
ထိုအခါ မှ သူရိယသည် ဦးဖိုးဝေ လက်ညှိုးညွှန်သော နေရာကို ကြည့်လိုက်မိသည်။သာမာန် ရွာသူများပုံစံ ဝတ်ဆင်ထားသော အရွယ်စုံလှသော အမျိုးသမီး အုပ်ကြီးသည် ဦးဖိုးဝေ တို့ကို ကြည့်ကာ အံတကြိတ်ကြိတ် တောက် တခေါက်ခေါက် လုပ် နေသည် ။သူတို့၏ မျက်လုံးများသည်က ဒေါသ အပြည့်ဖြင့် ရဲရဲ နီနေသည်။ဆံပင်များသည်လည်း ဖားလျားချထားရာ လေအနည်းငယ် တိုက်ပေမဲ့ သူတို့ ၏ ဆံပင်များသည်လည်း ဝဲပျံလျက်ရှိ၏။ထို့နောက် ရှေ့ဆုံးမှ ရှိသော ပညာသည် မိန်းမကြီးသည် တောက် တချက်ကို ပျင်းစွာခေါက်ပြီး ခါးကိုထောက်၊ မျက်စောင်းကို ထိုးရင်းမှ ဦးဖိုးဝေတို့အား စကားဆိုလာလေသည်။
“တောက် ငါတို့က ဘယ်သူကိုမှ ဒုက္ခမပေးချင်လို့ ဒီတောထဲမှာ ရွာတည်နေတာ နင်တို့က ငါတို့ကို ဘာကြောင့် ဒုက္ခပေးဖို့ ရောက်လာရတာ လဲ ပြောစမ်း အထက်လမ်းဆရာတွေ ”
“ငါတို့က ဒုက္ခပေးဖို့ မဟုတ်ပါဘူး နင်တို့ရဲ့ ခေါင်းဆောင်ကို မေတ္တာရပ်ခံချင်လို့ပါ ”
“တော်စမ်း ငါတို့ကို အသေသတ် ပြီးတော့ မှပဲ သခင်မကြီးဆီသွားလို့ ရနိုင်မယ် ”
“ငါက နင်တို့ကို မတိုက်ခိုက်ချင်ဘူး နင်တို့ရဲ့ သခင်မ နဲ့တွေ့ခွင့်ပြုပါ ”
“ငါတို့ ရဲ့ကျားဆိုးရွာကို မဖိတ်ခေါ်ပဲ နဲ့လွယ်လွယ် လေးနဲ့ ရွာထဲ ဝင်လို့ရမယ် ထင်လား ”
ထို့နောက် ပညာသည် အမျိုးသမီးများသည် သူတို့၏ ဦးခေါင်းမှ ဆံပင်များကို ဆွဲနှုတ်ကာ သူတို့၏ လက်ဖဝါးပေါ် တင်ပြီး ဦးဖိုးဝေနှင့်သူရိယ ရှိရာ ဘက်သို့ လေနှင့် မှုတ်လိုက်ရာ ဆံပင်များသည် တဖြည်းဖြည်း ကြီးမားလာကာ မဲနက်နေသော မြွေဟောက်များ သဏ္ဍန် တဖြည်းဖြည်း ပြောင်းလဲလာကာ ပါးပျဉ်းများထောင် လျက် ဦးဖိုးဝေတို့ နှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာသည် ။ထိုအခါ ဦးဖိုးဝေ နှင့် သူရိယသည် မျက်လုံးကို ခေတ္တ မှိတ်လို့ ပြန်ဖွင့်လိုက်ကာ သူတို့ ဆီသို့ ဆံပင်အဖြစ်မှ မြွေ အဖြစ်ပြောင်းပြီး ပျံဝဲလာသော ပညာသည်များ၏ တိုက်မြွေများအား လက်ညှိုးထိုးလိုက်ပြီး
“လောင်မီးကျစေ ”
“လောင်မီးကျစေ”
ဦးဖိုးဝေ နှင့် သူရိယ တို့၏ အာဏာစက်အောက်တွင် ပညာသည်များ၏ တိုက်မွေများသည် မြေပေါ်မရောက်မှီ မီးဟုန်းဟုန်းတောက်ကာ တဖြည်းဖြည်း လောင်မီးကျသွားပြီး ပြာမှုန့်များအဖြစ်သို့ လွင့်ပျံသွားကြကုန်သည် ။ထို့အချင်းအရာကို တွေ့ သော ပညာသည်များထံမှ တောက်ခေါက်သံများ ညံစီအောင် ထွက်လာပြီး
‘တော်တော် အစွမ်း ထက်နေတယ်ပေါ့လေ ”
တချို့တလေသည် ထိုသို့သော စကားကိုပြောကာ သူတို့၏ ရှေ့ တွင် ရှိသော သစ်ရွက်များကို ကောက်ကာ ဦးဖိုးဝေ နှင့် သူရိယတို့ ထံ ထပ်မံ ပြီး ပစ်လွှတ်လိုက်ရာ ထိုသစ်ရွက်များသည် အရှိန်ပြင်းစွာ ပျံဝင်လာသော ပျားကောင် ကြီးများ၊ပတူကောင်ကြီးများ နှင့် ပိတုန်းကောင် များအဖြစ် ပြောင်းကာ ဦးဖိုးဝေနှင့် သူရိယ တို့ထံ ချဉ်းကပ်လာလေသည်။ထိုအခါတွင်လည်း ဦးဖိုးဝေသည်
“ဟဲ့ မူလပြန်စေ ”
ထိုမျှသော စကားလေးပြောရုံဖြင့် ပညာသည်များ၏ အာဏာစက်ဖြစ်တည်နေသော ပျား၊ပတူ နှင့် ပိတုန်းများသည် ဦးဖိုးဝေ၏ အာဏာစက်ကို မယှဉ်သာ ပဲ သစ်ရွက်များအဖြစ်သို့ ပြန်ပြောင်းပြီး မြေပြင်သို့ တဖြည်းဖြည်း ပြန်ကျသွားလေတော့ သည်။ပညာသည်များသည် သူတို့ မယှဉ်နိုင်သည်ကို ရိပ်စားမိဟန်ရှိသည်ထင်၏။တချို့သည် အရိပ်သဏ္ဍန်အဖြစ်ပြောင်းကာ ထိုနေရာမှ ပြေးထွက်သွားသလို တချို့သည်လည်း လင်းတ များ နှင့် ငှက်ဆိုးများ သဏ္ဍန်ပြောင်းကာ ထိုနေရာမှ ပျံသန်းပြီး ထွက်ပြေးကုန်တော့သည်။ထိုအခါ မှ ဦးဖိုးဝေသည်
“လူလေးရေ ပညာသည်တွေက သူတို့ ရွာကို သိမှာ စိုးလို့ ရွာမရှိတဲ့ နေရာကို ပြေးပြတာပဲ ”
“ဘာလို့လဲအဘ ”
“ဟော ဟိုမှာ အဘတို့ ရဲ့ လိပ်ပြာက ဒီဘက်ကို ပျံနေတယ်လေ ”
“ဟုတ်တယ်နော် အဘ ”
“ကဲကဲ လူလေးရေ ကျားဆိုးရွာကို သွားကြစို့ ”
ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် ရွှေရောင်လိပ်ပြာလေး ပျံသန်းရာနောက်သို့ လိုက်ပါသွားပါလေတော့သည် ။
◾အခန်း (၆)
ဦးဖိုးဝေ နှင့် သူရိယသည် ရွှေလိပ်ပြာလေး၏ လမ်းပြမှုဖြင့် ကျားဆိုး ရွာထဲ ရောက်ရှိလာပြီ ဖြစ်သည်၊ရွာထဲ ရောက်သော် လူရိပ် လူယောင် သည်က တခုမှ မတွေ့ ရပေ။ရွှေရောင် လိပ်ပြာလေးသည် လည်း ပျံသန်းနေသည်ကို မရပ်နားသေးပဲ ရွာလယ်လမ်း အတိုင်း သူတို့ နှင့် မလှမ်း မကမ်း မှ ပျံသန်းနေသေးရာ ဦးဖိုးဝေ နှင့် သူရိယ သည်လည်း ထိုလိပ်ပြာလေးနောက် လိုက်လာကြသည်၊၊အတန်ကြာသောအခါ လိပ်ပြာလေးသည် အိမ်ကြီး တလုံးတည်းရှိသော အိမ်ဝိုင်းရှေ့အရောက် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည် ၊၊ထိုအခါ မှ ဦးဖိုးဝေသည်
“လူလေးရေ ကျားဆိုးရွာ လူကြီး နေတဲ့ အိမ်ဖြူမယ်ပဲ ကဲ ကောင်းကောင်း မွန်မွန် ပြောဆိုကြဦးစို့”
ဦးဖိုးဝေသည် သူရိယအား ထိုသို့ပြောပြီး အိမ်ဝိုင်းပေါက်မှ နေ၍
“အိမ်ရှင်တို့ အိမ်ရှင်တို့ ”
ဦးဖိုးဝေ အတန်ကြာ အော်ခေါ်သော်လည်း အိမ်ထဲ မှတုန့်ပြန်သံ မကြားရပေ၊ သို့ပေမဲ့ အိမ်ဝိုင်းပေါက်ကို ကာရန်ထားသော ဝါးလုံးတန်းများသည် သူ့အလိုလို ပြုတ်ကျပြီး ပွင့်သွားသည့်အခါ ဦးဖိုးဝေနှင့် သူရိယသည် အိမ်ဝိုင်းထဲ ဝင်လိုက်လေသည်။ ထို့နောက် အိမ်ကြီး လှေကားခြေရင်းတွင် ရပ်နေစဉ် အိမ်တံခါးမကြီးသည် ပွင့်လာပြန်သည်။တံခါးမကြီးပွင့်လာသည် နှင့် ဦးဖိုးဝေသည် ရှေ့မှ တက်သွားရာ သူရိယသည်လည်း နောက်မှ တက်လိုက်လေသည် ။ သူတို့ နှစ်ယောက် တံခါးမကြီး မှတဆင့် အိမ်ထဲ သို့ ဝင်လိုက်သည် နှင့် ပွင့်နေသော တံခါးမကြီးသည် ပိတ်၍သွားပြီး အိမ်ထဲတွင် မှောင်မဲလာနှင့်တပြိုင်နက် ချက်ခြင်းဆိုသလို ကညင်ဆီ မီးတိုင်များ ဟိုမှ သည်မှ လင်းလက်လာကာ မီးရောင်အောက်တွင် အသက်တဆယ့်ရှစ်နှစ် အရွယ်သာသာ ရှိမည်ဖြစ်သည့် မိန်းမလှလေးတယောက်သည် ဦးဖိုးဝေ နှင့် သူရိယအား နီရဲသော မျက်လုံးအစုံတို့ ဖြင့် ခါးထောက် ကြည့်နေလေသည်။သူမ၏ ဘေးတွင်တော့ အသက် အရွယ် ကြီးရင့် နေပြီး ဖြစ်သော အမယ်အို မှာ ကျွန်းထိုင်ခုံကြီးတွင် ထိုင်နေသည်။ထို့နောက် ထိုအမယ်အိုကြီးသည် သူမတို့ နှင့် မလှမ်း မကမ်း ရှိ လွတ်နေသော ထိုင်ခုံကို လက်ညှိုး ညွှန်ပြကာ
“ဧည့်သည်တို့ အဲ့ ဒီထိုင်ခုံမှာထိုင်နိုင်ပါတယ် ”
ဦးဖိုးဝေ နှင့် သူရိသည် မည်သည် စကားမျှ ပြန်မပြောပဲ အမယ်အို ညွှန်ပြသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ထို့နောက် ဦးဖိုးဝေသည် ခါးထောက်ပြီး သူတို့အား နီရဲသည့် မျက်လုံးအစုံ ဖြင့်ကြည့်နေသော မိန်းမလှလေးအား တချက် ကြည့်လိုက်ပြီးမှ
“ဦးသာအေးရဲ့ ဇနီးသည်က ဘယ်သူများလဲ ”
“ငါပဲ နင်တို့က ငါ့အိမ်ပေါ်ထိ လာပြီး ငါ့ကို တောင် ဂရုမစိုက်ပဲ နေဝံ့တယ်ပေါ့ ”
“ခင်မေ ဒေါသ လျှော့စမ်း၊နင့် ရှေ့မှာ ရောက်နေတာ စေတလုံးပိုင်တွေဆိုတာ ရွာက ဟာမတွေ ပြောလို့ နင်လည်း သိနေပြီမဟုတ်လား နင် နဲ့ငါ တိုက်လည်း ဒီဆရာတွေကို မနိုင်တာ နင်သိတယ်”
“အိုး ကျမက ကျားဆိုးရွာလူကြီး သူတို့က စေတလုံး မက လို့ နှစ်လုံး ပိုင်ပိုင် ကျမက ကြောက်နေရမှာ လား ”
“နင်က တော်တော် ပြောရခက်တာ ပဲ နင့် ဘာသာနင် ကြိုက်သလို လုပ် ငါ ဘာမှ ဝင်မပါတော့ဘူး ”
အမယ်အို ကြီးသည် စိတ်ပျက်စွာငြီးငြူနေလေ၏။သူမ၏ သမီးဖြစ်သူ ကဝေပျံ ခင်မေသည်က ဦးဖိုးဝေအား စူးစိုက်ကြည့်နေရင်းမှ သူမ၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း အရိပ်တခုပမာ ဖြစ်လာပြီး ဦးဖိုးဝေ ထံသို့ လျင်မြန်စွာ တိုးဝင်လာလေသည် ။ထိုအခါ ဦးဖိုးဝေသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ဆီတိုးဝင်လာသော ကဝေပျံခင်မေ၏ အရိပ်သည် ရှေ့သို့မတိုးနိုင်ပဲ ရှိနေလေ၏။ထို့နောက် ဦးဖိုးဝေသည် ထိုအရိပ်ကို လက်ညှိုးထိုးကာ
“ချုပ်စေ ”
ထိုမျှသော စကားတခွန်းသာ ပြောလိုက်ချိန် အရိပ်သဏ္ဍန်ဖြစ်နေသော ကဝေပျံခင်မေသည် သူမမူလ ရပ်နေသော နေရာတွင် ဒူးထောက် ကျသွားပြီး လက်ကို နောက်ပစ်လျက် အနေအထားဖြင့် အချုပ်ခံထားရလေတော့သည် ။ ထို့နောက် ဦးဖိုးဝေသည် ကဝေပျံ ခင်မေကို ကြည့်ကာ
“ကဝေပျံ နင် အသိတရားရစမ်းပါ နင့်ထက်ငယ်တဲ့ လူယောက်ျား တယောက်အတွက် နဲ့ နင်တို့ရဲ့ ရွာကို ပျက်စီး စေချင်နေတာလား နင် ရဲ့ အခု လုပ်ရပ်တွေကြောင့် နင်တို့ရဲ့ ကျားဆိုးရွာကြီး ပျက်စီးနိုင်တယ် ဆိုတာ မသိရော့လား”
“မသိဘူး ငါ့ ယောကျာ်းကို ငါ့ပြန်ပေး ”
“ဟဲ့ ကဝေပျံ နင့်ယောက်ျားက နင်တို့ နဲ့ မနေချင် လို့ သူတိုင်းသူ ကောင်းတဲ့ အလုပ် လုပ်မယ်ဆိုပြီး လိုက်သွားတာ လေ ”
“မသိ ဘူး ”
“ကဝေပျံ သတိထားပါ နင့်ယောက်ျား ကို နင်တကယ် ချစ် ရော ချစ်ရဲ့ လား ”
“ငါ့ရဲ့ အသက်ထက်ကို သူ့ကို ပိုချစ်တယ် ”
“နင်ချစ်တယ် ဆိုရင် သူကောင်းစားသွားတာ လိုလားရမှာပေါ့ နင်တို့ နဲ့ ဆက်နေရင် သူကသေလွန်တဲ့အခါ ငရဲသွားရမှာ အခု သူက ကောင်းမွန်တဲ့ အလုပ်ကို လုပ်ပြီး သူ့ရဲ့ နောက်ဘဝ အတွက် ကောင်းမွန်တဲ့ အထောက်အပံ့ ရှာနေတာ နင်ခွင့်ပြုသင့်တာပေါ့ ”
ဦးဖိုးဝေ ၏ စကားကြာင့် ကဝေပျံခင်မေ တွေဝေနေ၏။ထိုစဉ် ဦးဖိုးဝေမှ ဆက်ပြီး
“ကျားဆိုးရွာသခင်မ သေချာစဉ်းစားပါ နင့်ရဲ့ ယောက်ျားက အသက်တွေ ကြီးရင့်ပြီး သူသေတာကို နင် မြင်ရတော့မယ်။ သေလွန်ပြီးရင်လည်း သူက ငရဲ ကျခံရဦးမယ် နင်နဲ့ တူတူ ရှိနေတာ သူ့အတွက် လည်း မကောင်းဘူး နင့်အတွက်လည်း ကောင်းတာမရှိဘူး နင်တို့ရဲ့ နာမည်ပျက် မရှိတဲ့ ကျားဆိုးရွာ အတွက်လည်းမကောင်းဘူး ဘယ်သူအတွက် မှ မကောင်းတဲ့ အရာကို ဆက်ပြီး မမိုက်ချင်ပါတော့နဲ့ ”
ကဝေပျံခင်မေသည် ဦးဖိုးဝေစကားကို နားထောင် ပြီး သူမ၏ မိခင်ကြီးကို ကြည့်လိုက်လေသည်။ထိုအခါ သူမရဲ့ မိခင်ကြီးသည် လည်း
“ဒီဆရာကြီးပြောတာ မှန်တယ် ခင်မေ နင်ထပ်ပြီး မမိုက်ပါတော့နဲ့ ”
ထို့နောက် ကဝေပျံခင်မေသည် သက်ပြင်းအရှည်ကြီးကို ချကာ
“ကျမ နားလည်ပါပြီ ကျမ စွန့်လွှတ်လိုက်ပါတော့မယ် နောက် နောင် မနှောက်ယှက် တော့ပါဘူးလို့ကတိပေးပါတယ် ”
ကဝေပျံ ခင်မေဆီမှ ထိုစကားကြားရသောအခါ အားလုံး ဝမ်းသာသွားကြသည် ။ကဝေပျံခင်မေသည်က ထိုမျှသောစကားကိုသာ ဆိုပြီး အိမ်ခန်းထဲ ဝင်သွားတော့သည် ။ဦးဖိုးဝေတို့လည်း အားလုံးအဆင်ပြေပြီမို့ ကျားဆိုးရွာမှ ပြန်ထွက်ရန် ဟန်ပြင်နေစဉ် အမယ်ကြီး မှ စကားဆိုလာသည် ။
“ဒီက ဆရာကြီးကို ကျမ အကူအညီ တခုတောင်းပါရစေ ”
“ပြောပါ ”
“ဒီနယ် ထဲမှာ ကျတ်လယ် ဆိုတဲ့ လယ်တွေရှိတယ် ဆရာကြီး အဲ့ဒီလယ်ပိုင်ရှင်တွေက သူတို့ လယ်တွေထဲမှာ မကောင်းဆိုးဝါးတွေ ရှိနေတာကို ဘာမှမဆိုင် တဲ့ ကျမတို့ ကျားဆိုးရွာက တိုက်တယ် ပဲ ပြောနေကြပါတယ် အဲ့တာလေးပါ ဖြေရှင်းပေးခဲ့ပါဦးလို့ မေတ္တာ ရပ်ခံပါတယ် ”
“အင်း ကျုပ်တို့ ကူညီလိုက်ပါမယ် အခုတော့ အချိန်လည်း လင့်ပြီမလို့ ခွင့်ပြုပါဦး ”
“ကောင်းပါပြီ ဆရာကြီးတို့ ”
ဦးဖိုးဝေ နှင့် သူရိယ ပြန်ရန် မတ်တတ်ရပ်လိုက်သည် နှင့် အိမ်တံခါးမကြီး၊ပြတင်း ပေါက်များသည် သူ့အလိုလို ပွင့်ကုန်ကြသည် ။ ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် အိမ်ကြီးပေါ်မှ ဆင်းပြီး ကျားဆိုးရွာမှ ထွက်ခွာသွားကြပါလေတော့သည် ။
▪️ဦးဖိုးဝေ နှင့် ကျားဆိုးရွာ သည်က ဤမျှသာ၊မကြာမီ ဦးဖိုးဝေ နှင့် ကျတ်လယ် ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားပေးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Zawgyi Version
ဦးဖိုးေဝႏွင့္က်ားဆိုး႐ြာ(စ/ဆံုး)
——————————–
က်ားဆိုး႐ြာတြင္ ရွိေသာ ကေဝပ်ံခင္ေမသည္ သူ၏ ခ်စ္လွစြာေသာ ေယာက္်ားျဖစ္သူ ဦးမုတ္ဆိတ္ ဟုအမ်ားအေခၚ ဦးသာေအး ျပန္မလာေသာေၾကာင့္ ေဒါသပုန္ထေနသည္။ကေဝပ်ံခင္ေမသည္ သူ႔အား လာေကြၽးေသာ အစားအေသာက္ ပန္းကန္မ်ားကို လႊင့္ပစ္ၿပီး
“ငါ့ေယာက္်ားကို မေတြ႕ေသးဘူးလား အခု ငါ့ေယာက္်ားကို ရွာေပးစမ္း ”
“သခင္မႀကီး စိတ္ေလွ်ာ့ပါ က်မတို႔ ရွာေနပါတယ္ ”
“နင္တို႔ ရွာလို႔ မရရင္ ငါကိုယ္တိုင္ရွာမယ္ ငါ့ေယာက္်ားကို ဝွက္ထားတဲ့ သူေတြကို အ ေသသတ္ပစ္မယ္ ”
ကေဝပ်ံခင္ေမသည္ ဦးသာေအးအား အင္မတန္ခ်စ္ျမတ္ႏိုးသူ ျဖစ္သည္။အဘယ္မွ် ခ်စ္ျမတ္ႏိုးသလဲ ဆိုလွ်င္ ဦးသာေအး အား သူမ၏ မိခင္ႀကီးတားေနသည့္ၾကားမွ အစဥ္ အလာမ်ားကို ဖ်က္ကာ ႐ြာသို႔ေခၚၿပီး သူမႏွင့္ လက္ထပ္ကာ ႐ြာလူႀကီးလုပ္ခိုင္းထားသည္ မဟုတ္ပါလား။ဦးသာေအးမွာ တိုက္ၾကက္ေမြးရသည္ကို သေဘာက်လြန္းသူျဖစ္ရာ သူ၏ တိုက္ၾကက္မ်ားကို ရန္ျပဳေနသည့္ သူမ ငယ္ငယ္ ကတည္းက ေမြးထားသည့္ က်ားႀကီးကို ပင္ ေတာထဲ စြန႔္ပစ္လိုက္သည္ အထိ ဦးသာေအးကို အခ်စ္ပိုခဲ့သူ၊ယခုေတာ့ ဦးသာေအး သူမဆီ ျပန္မလာသည္ မွာ ရက္အေတာ္အတန္ၾကာၿပီ ျဖစ္သည္။အရင္က ၾကက္တိုက္သြားသည့္အခါ အၾကာဆုံးမွ တပတ္သာျဖစ္သည္ အဲ့ဒီထက္ၾကာေအာင္ တခါမွ မေနဘူးေပ၊ထို႔ေၾကာင့္ ေဒါသူပုန္ထေနခ်င္းျဖစ္သည္၊၊ မိန္းမပ်ိဳေလးမ်ားသည္ ကေဝပ်ံ ခင္ေမ အား ထိန္း၍ မရေသာ အခါ ႐ြာတြင္ သူမအားထိန္းႏိုင္မည့္ သူမ၏ မိခင္ႀကီးအား သြားေခၚၾကေလ၏။အမယ္ႀကီးသည္ ေတာင္ေဝွး တေခ်ာင္း ႏွင့္ မၾကာေသာ အခ်ိန္တြင္ ကေဝပ်ံခင္ေမ ၏ အိမ္သို႔ ေရာက္လာကာ
“ဟဲ့ လင္တ႐ူးမ နင့္ ျမစ္ အ႐ြယ္ေလးကို ယူၿပီး ဘာျဖစ္ေနတာလဲ နင္လုပ္လို႔ ငါတို႔ ႐ြာလည္း နာမည္ပ်က္ေနၿပီ နင္က အခုထိ ေယာက္်ား တေယာက္ အတြက္ ႐ူးေနတုန္းလား ”
ေတာင္ေဝွးအား ေလွကား ႏွင့္ တေတာက္ေတာက္ ေခါက္သံ ႏွင့္အတူ စကားသံအခ်ိဳ႕ေၾကာင့္ သူမ၏ မိခင္ႀကီး ေရာက္လာၿပီဆိုတာ သိ၍ စိတ္ကို ျပန္ထိန္းကာ အိမ္ႀကီးေပၚရွိ ထိုင္ခုံတြင္ ထိုင္ခ်လိုက္သည္ ။အမယ္ႀကီးသည္ သူမ၏ ေတာင္ေဝွးကို တေတာက္ ေတာက္ ႏွင့္ ေထာက္ၿပီး လြတ္ေနေသာ ခုံတြင္ ထိုင္လိုက္ကာ သူမ၏ ေနာက္မွ ပါလာေသာ မိန္းမပ်ိဳ ေလးမ်ားအား တခ်က္ၾကည့္လိုက္ကာ
“ဟဲ့ေကာင္မေတြ လင္တ႐ူးမ ဖြထားတဲ့ ဟာေတြကို ရွင္းၿပီး အိမ္ေပၚက ဆင္းေတာ့ ”
“ဟုတ္ကဲ့ပါ အေမႀကီး ”
မိန္းမပ်ိဳေလးမ်ားသည္ တြန္းထုတ္ထားေသာ ထမင္းပန္းကန္၊ ဟင္းပန္းကန္မ်ားကို သိမ္းဆည္းၿပီးေနာက္ ေခါင္းေလးမ်ားငုံ႔ကာ အိမ္ေပၚမွ ဆင္းသြားၾကသည္ ။ မိန္းမပ်ိဳေလးမ်ား အိမ္ေအာက္ သို႔ ေရာက္သည္ ႏွင့္ တံခါးမႀကီးသည္ သူ႔အလိုလို ပိတ္သြားသလို ျပဳတင္း တံခါးမ်ားသည္ လည္း ပိတ္သြားကာ အိမ္ႀကီးေပၚတြင္ ေမွာင္မဲသြား၏။ထိုစဥ္ အိမ္တိုင္မွ စိုက္ထားေသာ ကညင္ဆီ မီးတိုင္မ်ားသည္ ႐ုတ္တရက္ မီးေတာက္မ်ား ေတာက္ကာ လင္းလာၿပီး အိမ္ေပၚတြင္ ရွင္းရွင္း လင္းလင္း ျပန္ျဖစ္သြားသည္ ။ခုံေပၚတြင္ ထိုင္ေနေသာအမယ္ႀကီး သည္ သူမ ၏ သမီးျဖစ္သူ ကေဝပ်ံ ခင္ေမကို ၾကည့္ကာ
“ခင္ေမ နင္ ဘာျဖစ္ေနတာလဲ ငါတို႔ ရဲ႕ က်ားဆိုး႐ြာလည္း နင္ ေယာက်ာ္းတေယာက္ကို စြဲလမ္းရာ ကေန အပ်က္ေတြဘဲ ျဖစ္ေနၿပီ၊ ပထမ နင္ကသာ က်ားဆိုး႐ြာရဲ႕ တရားဝင္႐ြာလူႀကီး နင့္လင္ကို ႐ြာလူႀကီး တင္ခြင့္မရွိဘူး ေနာက္တခု နင့္အိမ္မွာ ရွိတဲ့ က်ားႀကီးကို နင့္စြန႔္ပစ္တာ အေတာ္ကို မွားတယ္ နင္ရဲ႕ စိတ္ဓာတ္က ဒီေလာက္ေတာင္ ေပ်ာ့ညံ့ရလား နင့္ရဲ႕ ႐ုပ္သြင္က ဘယ္ေလာက္ ႏုပ်ိဳေနေန နင့္ရဲ႕ အသက္ကို ေတာ့ နင္ညာလို႔မရဘူး မဟုတ္လား ”
“အိုး အေမရယ္ အသက္က အဓိက မဟုတ္ပါဘူး က်မ အၿမဲတန္း ႏုပ်ိဳေနတာ သူက ဘာေၾကာင့္ စိတ္ပ်က္ရမွာလည္း စိတ္ပ်က္ရင္း ပ်က္ က်မက စိတ္ပ်က္ရမွာပါေတာ့၊အခုက သူ႔ကို တျခားသူေတြ အႏိုင္က်င့္ၿပီး တခုခု ျဖစ္ေနသလား ဒါမွ မဟုတ္ က်မကို ပဲ စိတ္ကုန္လို႔ ထားသြားတာလား က်မကေတာ့ ႏွစ္မ်ိဳး လုံး စိတ္ပူေနရတယ္ ”
“ခင္ေမ နင္က ေတာ္႐ုံ မအိုေတာ့မဲ့ ကေဝပ်ံ၊နင့္အေကာင္က နင့္ျမစ္ေလာက္ရွိတာေတာင္အခု အိုေနၿပီ ေနာက္ဆို သူက ေသရမွာ အဲ့ အခ်ိန္ နင္ဘယ္လို လုပ္မလဲ ”
“အေမ က်မ ပုံမွန္လူေတြလိုေနခ်င္တယ္၊က်မ ခ်စ္ခင္ရတဲ့ သူေတြေသတာကို က်မ အၾကာႀကီး ၾကည့္ေနရတယ္ က်မ ရထားတဲ့ အသက္ရွည္၊အဆင္းလွ ျခင္းေတြ က အခုအခ်ိန္မွာ ေတာ့ က်ိန္စာ တခုလို ျဖစ္ေနၿပီ အေမ၊အေမနဲ႔ က်မ အသက္ ၁၈ ႏွစ္ေလာက္ပဲကြာတယ္ အေမက ဇရာေထာင္းေနၿပီ ဒါေပမဲ့ က်မက အခုထိ ငယ္႐ြယ္ေနတုန္း က်မလည္း အေမ့လို အိုခ်င္ၿပီ ”
“ဟဲ့ ခင္ေမ နင္ေပါက္ကရေတြ ေျပာမေနနဲ႔ နင္ရထားတဲ့ အရာက တျခားသူေတြ ငမ္းငမ္းတက္ လို ခ်င္တဲ့ အရာ ဟဲ့ ”
“သူတို႔ေတြက မႀကဳံဖူးလို႔ ေနမွာပါ က်မကေတာ့ မလိုခ်င္ဘူး၊ သာမာန္ဘဝ ေလးနဲ႔ ပဲ က်မ ခ်စ္တဲ့ သူနဲ႔ ေအးေအးေဆးေဆး ပဲ ျဖတ္သန္း သြားခ်င္တယ္ ”
အေမႀကီး သည္ သမီးျဖစ္သူ ကေဝပ်ံခင္ေမ၏ မ်က္ႏွာကို ေငးၾကည့္ေနမိသည္။မာေက်ာ ခက္ထန္လွေသာ သူမ၏ သမီးသည္ ေပပင္႐ြာသား သာေအးဆိုေသာ သူႏွင့္ အေတြ႕မွာ အေတာ္ကို ေျပာင္းလဲသြားၿပီျဖစ္သည္။သာေအးသည္ အသက္ သုံးဆယ္ ဝန္းက်င္ အခ်ိန္တြင္ သူတို႔ဆီေရာက္လာသည္ ၊၊ သနားကမား ႐ုပ္ေလးႏွင့္ ေလာကဓံကို အေတာ္ ခံထားရဟန္ရွိေသာ သူျဖစ္ေနသည္ေၾကာင့္ သူမ ႏွင့္ အတူ သူမ၏ သမီးသည္လည္းသနားခဲ့ရသည္ ။ထို႔ေနာက္ ခင္ေမ ႏွင့္ ခ်စ္ကြၽမ္းဝင္ကာ ႐ြာကိုပင္ အုပ္ခ်ဳပ္ခိုင္းေစသည္ အထိ သာေအးအား ယုံၾကည္လာသည္။ကေဝပ်ံခင္ေမသည္ တ႐ြာလုံးတြင္မွ ေယာက္်ားသား ဟူသည္ သူမ၏ ေယာက္က္်ားသာ ရွိသည္မို႔ ႐ြာမွ ပညာသည္ မေလးမ်ားအား အိမ္ထဲသို႔ အဝင္မခံေတာ့သည့္ အထိ သဝန္တိုေလ၏ ။ ယခုေတာ့ ကေဝပ်ံခင္ေမသည္ သမုဒယ မီးေတာက္ ေတာက္ေလာင္ေနရၿပီျဖစ္သည္ ၊၊ သူမအား ထားခဲ့ျခင္းေလာ သို႔တည္းမဟုတ္ အႏၲရာယ္ တခုခု ႏွင့္ ႀကဳံေလသေလာ ဟု ေတြးကာ သူမ၏ ႐ြာမွ ပညာသည္မ်ားကို စုံစမ္း ေစေသာ္လည္း သတင္းအစ အန မွ မရေခ်၊ထို႔ေၾကာင့္ ထမင္းလည္းမစား သူမ၏ ခ်စ္လွစြာေသာ ေယာက္်ားျဖစ္သူအေပၚ ဂ႐ုဏာေဒၚသမ်ား ေတာက္ေလာင္ ေနရျခင္းျဖစ္၏ ။ထိန္းမရသည့္ အဆုံး ႐ြာထဲရွိစက္အႀကီးဆုံးေသာ သူမ ၏မိခင္ႀကီး ကိုေခၚကာ ဆုံးမ ေစျခင္းျဖစ္သည္၊၊ သို႔ပါေသာ္လည္း မိခင္ႀကီး သည္ သမီးျဖစ္သူ ၏ ေဝဒနာမီးကို ျမင္ေသာ အခါ အျပစ္ေျပာမည္ဟု ေတြးထားေသာ္ လည္း အျပစ္ ထပ္ၿပီး မဆိုသာေတာ့ပဲ
“ကဲ ခင္ေမ နင္က ဘယ္လို လုပ္ခ်င္လဲ ငါ့ကို ေျပာစမ္း ”
“သူဘာလို႔ ႐ြာကို ျပန္မလာတာလဲဆိုတာ သိခ်င္တယ္ ”
“ေနပါဦး သူက နင့္ကိုစြန႔္သြားတယ္ ဆို နင္ဘယ္လို လုပ္မလဲ ”
“အဲ့ အဲ့လိုေတာ့ က်မ မေတြးထားဘူး အေမ သူ ၾကက္တိုက္ရင္း ရန္ေတြ ဘာေတြျဖစ္ၿပီး အခ်ဳပ္ေတြ ဘာေတြ က်ေနတာပဲ ျဖစ္မွာ ပါ ”
“ေအးပါ ငါေမးတာကို ပဲ ေျဖပါ နင့္ကို ထား ခဲ့တယ္ ဆိုရင္ နင္ ဘယ္လို လုပ္မလဲ ”
“က် က်မ အဲ့လို မေတြးထားဘူး အေမ”
“အင္း နင္ေတြး ေနတဲ့ အေတြးကို ငါသိပါတယ္ နင္က အျပင္မွာသာ စိတ္က မာေနခ်င္ေရာင္ ေယာင္ ေဆာင္ေနေပမဲ့ နင့္ရဲ႕ စိတ္က ႏူးညံ့တယ္ ဆိုတာ ငါသိတာေပါ့ ငါ နင့္ကို သာေအးနဲ႔ ဘာလို႔ သေဘာ မတူတာ လဲ နင္သိလား ”
အေမႀကီး မွ ေမးေသာ အခါ ကေဝပ်ံ ခင္ေမသည္ ေခါင္းကို ခါယမ္း ျပေလသည္။ထိုအခါ အေမႀကီးသည္ သက္ျပင္းကို တခ်က္ခ်ကာ
“သာေအးက လူေကာင္းမို႔ နင္ နဲ႔ သေဘာမတူတာပဲ ငါတားလို႔ မရခဲ့ ဘူး ဘယ္ရမွာလဲ နင္က ဒီ႐ြာမွာ အာဏာ အရွိဆုံးေလ ”
“အေမရယ္ အတိတ္က အေၾကာင္းေတြ ျပန္ေျပာမေနပါနဲ႔ေတာ့ သူ႔ကို ဘယ္လို ျပန္ေခၚရမလဲ ဆိုတာ ေတြးေပးပါ ”
“နင္မသိခင္ ငါရဲ႕ တပည့္မ ႏွစ္ေယာက္ကို စုံစမ္းခိုင္းထားတယ္ သူတို႔ေျပာပုံအရ နင့္ေယာက္်ားကိုေနာက္ဆုံး ေတြ႕ရတာေတာ့ ျမစ္သား ႐ြာမွာ လို႔ေျပာတယ္ ဘိုးေတာ္ တေယာက္နဲ႔ ပါသြားတယ္ တဲ့ က်န္တာေတာ့ ဆက္စုံစမ္းလို႔ မရဘူး ”
“ဘိုးေတာ္ ဘယ္ကဘိုးေတာ္လဲ အေမ သူတို႔ ဘယ္သြားၾကတာလဲ ‘
“ငါလည္း မသိဘူး စုံစမ္းခိုင္းထားတုန္းပဲ နင့္ေကာင္မကေတြ ေရာသတင္း ျပန္မပို႔ဘူးလား ”
“သူတို႔ကို ေတာ့ ေပပင္႐ြာ ဝန္းက်င္ကို စုံစမ္းခိုင္းထားတယ္ ”
ကေဝပ်ံခင္ေမ သည္ အတန္ၾကာေအာင္ စကားမ်ားေျပာေနရင္း သူမ၏ အာ႐ုံတြင္ တခုခု ကိုရသည့္ အတြက္ေၾကာင့္ မ်က္လုံးကို မွိတ္ၿပီး လက္ကို ေဝွ႔ယမ္းလိုက္ရာ အိမ္ ျပဳတင္းတံခါးမ်ား ႏွင့္ တံခါးမႀကီးတို႔သည္ ပြင့္၍သြားကုန္ၾကပါေလေတာ့သည္ ။
◾အခန္း (၂)
အမယ္ႀကီး ႏွင့္ ကေဝပ်ံခင္ေမတို႔သည္ ပြင့္သြားေသာ တံခါးမႀကီးအား ၾကည့္ေနၾကသည္။ ထိုအခ်ိန္ လ်င္ျမန္သည္ အရွိန္ျဖင့္ အရိပ္ႏွစ္ခုသည္ အိမ္တံခါးမႀကီး ထံ တိုးဝင္လာၿပီး ေဝ့လည္ေနရင္းမွ လူ႐ုပ္သြင္သည္ ပီျပင္လာ၏။သာမာန္ေတာသူမ ပုံစံ ဝတ္ဆင္ထားေသာ အသက္ ေလးဆယ္ ခန႔္ မိန္းမႀကီးႏွင့္ ေခ်ာေမာေျပျပစ္ေသာ မိန္းမပ်ိဳေလးတို႔ျဖစ္ ေလသည္။ထိုအမ်ိဳးသမီးႏွစ္ေယာက္ သည္ ကေဝပ်ံ ခင္ေမ ႏွင့္ အမယ္ႀကီးကို ဦးၫြတ္လိုက္ၿပီး
“သခင္မႀကီး နဲ႔ အေမႀကီး သတင္းထူး ရွိပါတယ္ ”
“ေအး ျမန္ျမန္ေျပာစမ္း ”
“သခင္မႀကီး ရဲ႕ခင္ပြန္းက သူရဲ႕ ငယ္သူခ်င္းေနာက္ လိုက္သြားတာပါ ”
“ဘာေျပာတယ္ သူရဲ႕ ငယ္သူငယ္ခ်င္း ဟုတ္စ ဘယ္သူမ်ားလဲ ”
“သူတို႔ငယ္ငယ္ တုန္းက မိုးႀကိဳးစက္ေတာင္ေဝွး လာယူတဲ့ ကေလး ေတြပါ ”
“ေမာင္ေလး အုန္းရဲ႕ ေမြးစားသား လား”
“ဟုတ္ပါတယ္ သူ႔ဆီသြားေနတာပါ ဘုန္းႀကီးေက်ာင္း တခုကို ပါ သခင္မႀကီး ”
“ဘာေျပာတယ္ နင္တို႔ငါ့ကို ေသခ်ာရွင္းျပစမ္း ဘယ္လိုေတြ လဲဆိုတာ ”
ကေဝပ်ံခင္ေမသည္ ေနရင္းထိုင္ရင္း ေဒါသထြက္လာကာ မ်က္လုံးမ်ားမွာ နီရဲလာၿပီး ေကာင္းမြန္ေသာ ဆံပင္တို႔က ေလမွာ ဝဲပ်ံေနေလရာ သတင္းလာပို႔သည့္ ပညာသည္ ႏွစ္ေယာက္ အေတာ္ကို ေၾကာက္လန႔္လာကာ စကားပင္ မေျပာႏိုင္ေအာင္ တုန္ယင္ေနေလသည္။ထိုအခ်င္းအရာကို သိေသာ အမယ္ႀကီးသည္ သူမ၏ သမီးကို ေသခ်ာၾကည့္ကာ
“ဟဲ့ ခင္ေမ နင့္ေဒါသကို ေလ်ာ့စမ္း နင္လုပ္တာနဲ႔ မိဝိုင္းတို႔ ေတာင္ ဘာေျပာရမွန္းမသိေတာ့ဘူး ျဖစ္ေရာ့မယ္ နင္က သာေအး နဲ႔ ပတ္သက္ ရင္ ပိုကို ပိုလြန္းတယ္ ”
မိခင္ႀကီး၏ စကားၾကားမွ ေဒါသျဖစ္ေနေသာ ခင္ေမသည္ သူ၏ ေဒါသကို မ်က္လုံး မွိတ္ၿပီး ထိန္းခ်ဳပ္လိုက္ေသာအခါမွသာ ပ်ံဝဲေနေသာ ဆံပင္တို႔သည္ လည္း ပကတိအတိုင္း လွပ ေက်ာ့ရွင္းစြာ ရွိေနေလသည္ ၊၊ထို႔ေနာက္ ကေဝပ်ံ ခင္ေမသည္ သူမ၏ အသံကို အေကာင္းဆုံး ျဖစ္ေအာင္ထိန္းခ်ဳပ္ၿပီး
“မိဝိုင္း ငါ့ကို ေသခ်ာ ေျပာျပစမ္းဟယ္ ”
“ဟုတ္ကဲ့ပါ သခင္မႀကီး သခင္ႀကီးက ျမစ္သား႐ြာမွာ ၾကက္တိုက္ပါတယ္ ျမစ္သား႐ြာသားေတြက သခင္ႀကီးကို ၾကက္ညစ္တိုက္ပါတယ္ ”
“ဘာ အဲ့ဒီ႐ြာသားေတြကို အကုန္ သတ္ပစ္စမ္း ရာရာ စစ ”
“ဟဲ့ ခင္ေမ စကားကို ဆုံးေအာင္နားေထာင္စမ္း နင္နဲ႔ လည္း ခက္ပါတယ္ မိဝိုင္းဆက္ေျပာ ”
“ဟုတ္ကဲ့ ပါ အေမႀကီး အဲ့လိုလုပ္တာကို သခင္ႀကီးက မေက်နပ္ေတာ့ သူတို႔တ႐ြာလုံးကို ေအာက္လမ္းနဲ႔တိုက္ပါတယ္ ျမစ္သား႐ြာမွာ ရွိတဲ့ အိမ္ေမြးတိရိစၦန္ေတြ ေတာ္ေတာ္ မ်ားမ်ား ေသကုန္ၾကပါတယ္ ။ လူေတြအလွည့္ ေရာက္ကာနီးမွာ အထက္လမ္း ဆရာေတြ က ဝင္ကူညီတယ္လို႔ ျမစ္သား႐ြာသားေတြ က ေျပာပါတယ္ သခင္မႀကီး ”
“ဘာ ငါေယာက်ာ္းကို တားရဲတဲ့ အထက္လမ္း ဆရာရွိေသးတယ္ လား၊က်ားဆိုး႐ြာက ပညာသည္ေတြ ရဲ႕ အစြမ္းကို ဒီအထက္လမ္း ဆရာ မသိေရာ့လား ဒါနဲ႔ ဘယ္လို ျဖစ္ၿပီး သူ႔ငယ္ သူငယ္ခ်င္းေတြ ေနာက္ပါသြားတာလဲ မရွင္းဘူး ေသခ်ာေျပာစမ္း ”
“ဟုတ္ကဲ့ သခင္မႀကီး ဟိုေလ အထက္လမ္း ဆရာေတြထဲက တေယာက္က သခင္ႀကီး ရဲ႕ ငယ္သူငယ္ခ်င္းလို႔ေျပာပါဝာယ္၊ သခင္ႀကီးက သူေနာက္ လိုက္သြားၿပီး က်န္တဲ့ အထက္လမ္း ဆရာ ႏွစ္ေယာက္က ဒီ႐ိုးမ ေတာဘက္ တက္လာတယ္ လို႔ စုံစမ္း သိရွိရပါတယ္ ”
“ေအး ငါသိၿပီ နင္တို႔ လူစုၿပီး နင္တို႔ ရဲ႕ ပညာေတြကို ျပန္ေလ့က်င့္ေနၾက၊အခုတခါ လူသတ္သင့္ရင္ သတ္ရမယ္ ၾကားလား ”
“ဟုတ္ ကဲ့ပါ သခင္မႀကီး ”
ကေဝပ်ံ ခင္ေမ ႏွင့္ အေမႀကီးကို ႏႈတ္ဆက္ကာ ပညာသည္ ႏွစ္ေယာက္သည္ ေအာက္သို႔ ဆင္းသြားၿပီ ျဖစ္၏။ထိုအခါ အေမႀကီးသည္ သူမ၏ သမီးျဖစ္သူကို ၾကည့္ကာ
“ကဲခင္ေမ နင္ေယာက္်ားျပႆနာက ေသးေသးေလးေတာ့ မဟုတ္ဘူး ငါတို႔ ႐ြာကို ပါ ထိခိုက္ေတာ့မဲ့ အာ႐ုံ ရေနတယ္။အဲ့ေတာ့ ငါတို႔ေတြ အဲ့ဒီ အထက္လမ္း ဆရာ ႏွစ္ေယာက္ကို လမ္းမွာတားၾကတာေပါ့၊နင့္ေကာင္သာေအး ေပးတဲ့ ဒုကၡ နင္တင္ မကဘူး ငါတို႔ တ႐ြာလုံးပါ ထိေနၿပီ လင္တာ႐ူးမ ရဲ႕ ”
အေမႀကီးသည္ သူမ၏ သမီးျဖစ္သူကို မဲ့ကာ ႐ြဲ႕ကာ ေျပာလိုက္ၿပီး ေတာင္ေဝွးႀကီးကို တေတာက္ေတာက္ ႏွင့္ ေထာက္လို႔ အိမ္ေအာက္သို႔ ဆင္းသြားပါေလေတာ့သည္။
◾အခန္း (၃)
ဦးဖိုးေဝ ႏွင့္ သူရိယသည္ ဦးသာေအးကို မေႏွာက္ယွက္ရန္ က်ားဆိုး႐ြာမွ ပညာသည္ မ်ားကို သြားေရာက္ ေမတၱာရပ္ခံမည့္ ခရီးစဥ္ စထြက္လာရာ အေတာ္ကိုခရီးေရာက္လာၿပီးျဖစ္သည္။ မၾကာေသာ အခ်ိန္တြင္ ဦးဖိုးေဝ ႏွင့္ သူရိယသည္ ႐ိုးမေတာင္ ေျခမွ ႐ြာတ႐ြာကို ေရာက္လာၾကသည္ ။ထို႐ြာသည္ လူတေယာက္မွ အရိပ္အေယာင္မျမင္ရဘဲ တိတ္ဆိတ္လြန္းေနသည္။ သူတို႔လည္း ထို႐ြာလမ္းအတိုင္း လမ္းေလွ်ာက္ေနစဥ္ ငယ္႐ြယ္ၿပီး ေခ်ာေမာ လွပေသာ မိန္းမပ်ိဳ ႏွစ္ေယာက္ သူတို႔၏ အနားသို႔ ေရာက္လာကာ
“ဒီက ဦးႀကီး နဲ႔ ေမာင္ေလးက ခရီးသြားေတြ ထင္တယ္၊ ဘယ္ကိုမ်ားသြားၾကမွာလဲရွင္ ”
“က်ဳပ္တို႔က က်ားဆိုး ႐ြာကို သြားမွာပါ ”
“ေဝးေသးတာပဲ က်ားဆိုး႐ြာကို ၿပီးမွ သြားပါ က်မတို႔ ဦးႀကီးတို႔ကို ဧည့္ဝတ္ျပဳခ်င္လို႔ပါ ”
“သင္တို႔ကလည္း ယခု မွ ျမင္ဖူးတဲ့ သူေတြကို တန္းၿပီး ဧည့္ဝတ္ျပဳခ်င္ေနတာလား က်ဳပ္တို႔ ရဲ႕ မ်က္လုံးကို ေသခ်ာၾကည့္ၿပီးမွ ဧည့္ခံေပါ့ ”
ဦးဖိုးေဝ၏ စကားၾကားေသာအခါ မိန္းမပ်ိဳ ႏွစ္ဦးသည္ ဦးဖိုးေဝတို႔၏ မ်က္လုံးမ်ားကို စူးစိုက္ၾကည့္ေနသည္ ၊၊ ထို႔ေနာက္ သူမတို႔ သည္ မယုံၾကည္ႏိုင္ေအာင္ အံ့ဩ တုန္လႈပ္သြားကာ
“နင္ နင္တို႔ ဘာ ဘာေတြ လဲ ”
“ကဲ နင္တို႔ ဧည့္ခံ ခ်င္ေသးလား ”
မိန္းမပ်ိဳ ႏွစ္ေယာက္ အျဖစ္မွာ တျဖည္းျဖည္း အိုမင္းရင့္ေရာ္ၿပီး အ႐ုပ္ဆိုး၊အက်ည္း တန္လွေသာ အဖြားအိုမ်ား အျဖစ္ေျပာင္းသြားေလသည္။ သူမတို႔သည္ ဦးဖိုးေဝ၏ အေမးအား ေခါင္းခါၿပီး ျငင္းလိုက္ကာ
“ငါတို႔က နင္တို႔ကို အထက္လမ္း ဆရာေတြ မွန္းမသိလို႔ပါ။ငါတို႔ကို သြားခြင့္ျပဳပါ ”
“ေကာင္းပါၿပီ သင္တို႔သြားႏိုင္ပါတယ္။အသိတရားေတြရၿပီး ကာမ တဏွာကို အျမန္ဆုံး ပယ္ႏိုင္ေအာင္ ႀကိဳးစားဦး သင္တို႔ရဲ႕ ဘဝက မေတြးရဲစရာပဲ အပယ္ဘုံလည္း မဟုတ္ လူလည္း မဟုတ္ ”
အက်ည္းတန္ေသာ အဖြားအို ႏွစ္ေယာက္ သည္ ဦးဖိုးေဝ၏ စကားကို အသိအမွတ္ျပဳၿပီးေခါင္းညိတ္ကာ ႐ြာလယ္လမ္းအတိုင္း ဦးဖိုးေဝတို႔ ႏွင့္ ဆန္႔က်င္ဘက္သို႔ ထြက္ခြာသြားပါေတာ့သည္။ထိုအခါ မွ ဦးဖိုးေဝ ႏွင့္ သူရိယ တို႔သည္လည္း ႐ိုးမေတာင္ ေပၚသို႔ စတင္ တက္လိုက္ၾကပါေလေတာ့သ္ည။
◾အခန္း (၄)
ဦးဖိုးေဝ ႏွင့္ သူရိယ တို႔သည္ ႐ိုးမေတာင္ ေပၚသို႔တက္လာခဲ့သည္။သစ္ရိပ္ ဝါးရိပ္မ်ားမွာ အေတာ္ပင္ ႀကီးမားသည့္ အတြက္ ေနေရာင္ပင္ ထိုးမေဖာက္ႏိုင္ ေအာင္ရွိေလသည္ ။ေတာင္ေပၚ လမ္းအတိုင္း လမ္းေလွ်ာက္လာရသည့္အတြက္ ေမာပန္းဟန္ ရွိေသာ ဦးဖိုးေဝအား သူရိယ မွ
“အဘ အေတာ္ေမာ ေနတာပဲဗ်၊ေနလို႔ေရာေကာင္းရဲ႕လား ”
“ေနလို႔ကေတာ့ေကာင္းပါတယ္ လူက ဇရာေထာင္းလာၿပီ မဟုတ္လား ”
“ကဲ အဘ ေမာရင္လည္း ခဏ နားမယ္ဗ်ာ က်ေနာ္ ေရဘူးထည့္ လာတယ္ ေသာက္လိုက္ဦး ”
သူရိယသည္ သူ၏ လြယ္အိတ္ ထဲထည့္လာေသာ ဘူးသီးေျခာက္ ေရဘူးေလးအား ဦးဖိုးေဝကို ေပးလိုက္သည္။ ထိုအခါဦးဖိုးေဝသည္ ေရအားေမာ့ ေသာက္လိုက္ၿပီးလွ်င္ဦ ကြၽန္းပင္ တပင္ကို ေက်ာမွီၿပီးအေမာေျဖေနသည္ ။ သူရိယသည္ သစ္ပင္ ႀကီးမ်ားကို လိုက္ၾကည့္ရင္း
“အဘ ဒီဘက္က ေတာအေတာ္ႀကီးေသးတာပဲဗ် ထင္းခုတ္တဲ့ သူေတြေတာင္ လာပုံမေပၚဘူးေနာ္ ”
“ေအာ္ လူေလးရယ္ က်ားဆိုး နယ္ထဲကို ဘယ္သူ ထင္းခုတ္သမားက လာရဲမွာလဲ ”
“ဟုတ္ပ အဘရယ္ က်ေနာ္ သတိမထားမိဘူး ဒါနဲ႔ က်ေနာ္တို႔က က်ားဆိုး႐ြာက ပညာသည္ေတြ အကုန္လုံးနဲ႔ တိုက္ခိုက္ရမွာလား ”
“မတိုက္ခိုက္ပါဘူးကြာ က်ားဆိုး႐ြာက ပညာသည္ေတြ ဒုကၡေပးလို႔ ဒုကၡ ေရာက္တဲ့သူရယ္လို႔ အဘ မၾကားမိပါဘူး သြားၿပီး ေမတၱာ ရပ္ခံမွာပါ အင္း အဘ အထင္ေတာ့ သူတို႔က လြယ္လြယ္ နဲ႔ေတာ့ ေျပာလို႔ရမွာ မဟုတ္ေလာက္ဘူး”
“ဘယ္တတ္ႏိုင္မလဲ အဘရယ္ အေမွာင္ကေန အလင္းသြားတဲ့ သူကို စိတ္ေျဖာင့္ေျဖာင့္သြားဖို႔ အတြက္ က်ေနာ္တို႔ မွာ တာဝန္ရွိတယ္ မဟုတ္လား ”
“မတတ္သာ ရင္ ေတာ့ပညာရပ္ေတြ သုံးကြယ္ အတတ္ႏိုင္ဆုံးေတာ့ ေမတၱာ နဲ႔ ပဲ လုပ္ငန္းေအာင္ျမင္ေအာင္ စြမ္းေဆာင္ၾကတာေပါ့ ”
ဦးဖိုးေဝသည္ သူရိယအား ေသခ်ာစြာ ရွင္းျပေနစဥ္သူ မွီထားေသာ ကြၽန္းပင္ ၏ ပင္စည္ကို ရစ္ပတ္ထားေသာ ေႁမြႀကီးသည္ ဦးဖိုးေဝအား ရန္ျပဳရန္ အသင့္အေနထားျဖစ္ေနေလရာ သူရိယမွာ လွမ္းေအာ္သတိေပးလိုက္ေလသည္ ။
“အဘ အဘေခါင္းေပၚမွာ ေႁမြႀကီး ”
“လူေလးေရ သာမာန္ ေႁမြေတာ့ မဟုတ္ဘူးကြဲ႕ ”
ထို႔ေနာက္ ဦးဖိုးေဝသည္ ထိုင္ေနရာမွ ထလိုက္ၿပီး ေႁမြႀကီးအား လက္ညိဳးထိုးရင္း
“ဟဲ့ ”
ဟဲ့ ဆိုေသာ တခ်က္ျဖင့္ ေႁမြႀကီး အျဖစ္မွ ႏြယ္ႀကိဳးႀကီးအျဖစ္သို႔ ေျပာင္းလဲ သြား၏။ထိုအခါမွ ဦးဖိုးေဝ သည္ အပင္ေအာက္ ပင္စည္ေျခရင္းတြင္ ျပန္ထိုင္လိုက္ၿပီး
“လူေလးေရ ပညာသည္ေတြကေတာ့ အစြယ္ေတြ ထုတ္ျပေနၿပီကြဲ႕ အတတ္ႏိုင္ဆုံးေတာ့ ေမတၱာ ထားၾကတာေပါ့ ႏွစ္ဦး ႏွစ္ဖက္ အက်ိဳး မရွိတဲ့ အသက္ေသဆုံးျခင္းကို ေတာ့ မလြဲမေသြ ေရွာင္ရမယ္ဆိုတာ သတိထားပါ လူေလး ”
“ဟုတ္ကဲ့ အဘ ”
“ကဲ နားေနက မသင့္ေပဘူး အခ်ိဳ႕ကိစၥေတြက အခ်ိန္ဆြဲ လို႔ေကာင္းတာ မဟုတ္ဘူး ”
“ဟုတ္ကဲ့ ပါ အဘ ဒါဆိုလည္း ခရီးဆက္ၾကတာေပါ့”
ဦးဖိုးေဝ ႏွင့္ သူရိယသည္ ထိုင္ေနရမွ ထ၍ ေတာင္ေပၚသို႔ ဆက္၍ တက္သြားေလပါေတာ့သည္ ။
◾အခန္း (၅)
ဦးဖိုးေဝႏွင့္ သူရိယ ေတာင္ေပၚတက္ေသာ လမ္းတေလွ်ာက္ရွိ သစ္ပင္မ်ားေပၚတြင္ ကူးလူးေနေသာ အရိပ္မဲမဲမ်ား သည္ ဦးဖိုးေဝ ႏွင့္ သူရိယ ၏ ဦးေခါင္းေပၚသို႔ ထိုးစိုက္ ခ်လာက တိုက္ခိုက္ၾကကုန္၏။သို႔ေပမဲ့ အဆင့္ျခင္းမွာ မိုး ႏွင့္ ေျမေလာက္ ကြာျခားေနသည္ မို႔ ပညာသည္မ်ားမွာ ဦးဖိုးေဝတို႔၏ အနားသို႔ပင္ကပ္ မရေခ်၊ ေအာ္ညည္းၿပီးသာ ျပန္ေျပးသြားၾကရေလသည္ ။ထို အရိပ္မဲ မ်ား ေႏွာက္ယွက္ျခင္း မရွိေတာ့ ေသာအခါ ဦးဖိုးေဝသည္ သူရိယအား
“လူေလးေရ က်ားဆိုး႐ြာက နီးလာၿပီ ထင္တယ္ ကြဲ႕ အေႏွာက္ အယွက္ေတြ ပိုမ်ားလာသလားလို႔ ”
“ဟုတ္ပ အဘရယ္ သာမာန္ လူဆို က်ားဆိုး႐ြာ မေျပာနဲ႔ သူတို႔ နယ္နိမိတ္ေတာင္ ကပ္ဖို႔ လြယ္မယ္ မထင္ဘူး”
“အင္း ေဇာ္ဂနီ အဆင့္ အနိမ့္ဆုံးေနၾကတယ္ ဆိုေတာ့ လည္း ဒီေလာက္ေတာ့ ရွိမွာ ေပါ့ ”
“ဟုတ္အဘ သူတို႔ေတြ႐ြာက ေရာက္ဖို႔ နီးၿပီလား အဘ ”
“အင္း အဘလည္း တေခါက္မွေတာ့ မေရာက္ဖူးဘူး ဒီေနရာ မွာ ဘုံမၼစိုးကို ေခၚဖို႔လည္း မျဖစ္ႏိုင္ဘူး အဲ့ေတာ့ ”
ဦးဖိုးေဝသည္ စကားေျပာေနရင္းမွ ေဘးတြင္ရွိေသာ သစ္႐ြက္ တ႐ြက္ကို ခူးလိုက္ကာ လက္ဝါးေပၚတင္ၿပီး ေလ ႏွင့္ အသာအယာ မႈတ္လိုက္ေလသည္။ထိုအခါ သူ၏လက္ေပၚမွ သစ္႐ြက္ေလးသည္ ေ႐ႊေရာင္ ေတာက္ေနေသာ လိပ္ျပာေလးအျဖစ္ ေျပာင္းသြားကာ ေတာင္ပံတဖ်ပ္ဖ်ပ္ခတ္ရင္း ဦးဖိုးေဝတို႔ေရွ႕မွ ေန၍ ပ်ံသန္းသြားေလသည္။ထိုအခါ မွ ဦးဖိုးေဝသည္
“ကဲ လူေလးေရ ခရီးဆက္ၾကဦးစို႔ ”
ဦးဖိုးေဝ ႏွင့္ သူရိယသည္ ေ႐ႊေရာင္လိပ္ျပာေလးအေနာက္သို႔ လိုက္သြားရာ သူတို႔၏ ေရွ႕တည့္တည့္ တြင္ အစြယ္မ်ား ေဖြးျဖဴေနေသာ ေတာဝက္ႀကီး ႏွစ္ေကာင္သည္ အရွိန္ျပင္းစြာႏွင့္ တိုးဝင္လာေလ၏။ထိုအခါ ဦးဖိုးေဝသည္ ေတာက္တခ်က္ကို ေခါက္ကာ
“ေတာက္ ဒင္းတို႔က အေသတိုက္ေနတာပါလား မူလျပန္စမ္း ”
ဦးဖိုးေဝ၏ စကားဆုံးသည္ ႏွင့္ အစြယ္မ်ားကားေနၿပီး ႀကီးမားသည့္ ေတာဝက္ႀကီးသည္ တျဖည္းျဖည္း ေသးငယ္ သြားၿပီး အိမ္ေမြးဝက္ေပါက္ေလး ႏွစ္ေကာင္ အျဖစ္ေျပာင္းလဲကာ မိခင္ဝက္မႀကီးကို ေတြရန္အလို႔ငွာ ေအာ္ျမည္ၿပီး သူတို႔ ႏွင့္ ဆန္႔က်င္ဘက္သို႔ ျပန္ေျပးသြား ေလေတာ့သည္ ။
“ကဲ လူေလးေရ က်ားဆိုး႐ြာေတာ့ ေရာက္ၿပီ ထင္တယ္ ”
“ဘာျဖစ္လို႔ လဲ အဘ ”
“ဟို မွာ ၾကည့္စမ္းပါဦး ”
ထိုအခါ မွ သူရိယသည္ ဦးဖိုးေဝ လက္ညႇိဳးၫႊန္ေသာ ေနရာကို ၾကည့္လိုက္မိသည္။သာမာန္ ႐ြာသူမ်ားပုံစံ ဝတ္ဆင္ထားေသာ အ႐ြယ္စုံလွေသာ အမ်ိဳးသမီး အုပ္ႀကီးသည္ ဦးဖိုးေဝ တို႔ကို ၾကည့္ကာ အံတႀကိတ္ႀကိတ္ ေတာက္ တေခါက္ေခါက္ လုပ္ ေနသည္ ။သူတို႔၏ မ်က္လုံးမ်ားသည္က ေဒါသ အျပည့္ျဖင့္ ရဲရဲ နီေနသည္။ဆံပင္မ်ားသည္လည္း ဖားလ်ားခ်ထားရာ ေလအနည္းငယ္ တိုက္ေပမဲ့ သူတို႔ ၏ ဆံပင္မ်ားသည္လည္း ဝဲပ်ံလ်က္ရွိ၏။ထို႔ေနာက္ ေရွ႕ဆုံးမွ ရွိေသာ ပညာသည္ မိန္းမႀကီးသည္ ေတာက္ တခ်က္ကို ပ်င္းစြာေခါက္ၿပီး ခါးကိုေထာက္၊ မ်က္ေစာင္းကို ထိုးရင္းမွ ဦးဖိုးေဝတို႔အား စကားဆိုလာေလသည္။
“ေတာက္ ငါတို႔က ဘယ္သူကိုမွ ဒုကၡမေပးခ်င္လို႔ ဒီေတာထဲမွာ ႐ြာတည္ေနတာ နင္တို႔က ငါတို႔ကို ဘာေၾကာင့္ ဒုကၡေပးဖို႔ ေရာက္လာရတာ လဲ ေျပာစမ္း အထက္လမ္းဆရာေတြ ”
“ငါတို႔က ဒုကၡေပးဖို႔ မဟုတ္ပါဘူး နင္တို႔ရဲ႕ ေခါင္းေဆာင္ကို ေမတၱာရပ္ခံခ်င္လို႔ပါ ”
“ေတာ္စမ္း ငါတို႔ကို အေသသတ္ ၿပီးေတာ့ မွပဲ သခင္မႀကီးဆီသြားလို႔ ရႏိုင္မယ္ ”
“ငါက နင္တို႔ကို မတိုက္ခိုက္ခ်င္ဘူး နင္တို႔ရဲ႕ သခင္မ နဲ႔ေတြ႕ခြင့္ျပဳပါ ”
“ငါတို႔ ရဲ႕က်ားဆိုး႐ြာကို မဖိတ္ေခၚပဲ နဲ႔လြယ္လြယ္ ေလးနဲ႔ ႐ြာထဲ ဝင္လို႔ရမယ္ ထင္လား ”
ထို႔ေနာက္ ပညာသည္ အမ်ိဳးသမီးမ်ားသည္ သူတို႔၏ ဦးေခါင္းမွ ဆံပင္မ်ားကို ဆြဲႏႈတ္ကာ သူတို႔၏ လက္ဖဝါးေပၚ တင္ၿပီး ဦးဖိုးေဝႏွင့္သူရိယ ရွိရာ ဘက္သို႔ ေလႏွင့္ မႈတ္လိုက္ရာ ဆံပင္မ်ားသည္ တျဖည္းျဖည္း ႀကီးမားလာကာ မဲနက္ေနေသာ ေႁမြေဟာက္မ်ား သ႑န္ တျဖည္းျဖည္း ေျပာင္းလဲလာကာ ပါးပ်ဥ္းမ်ားေထာင္ လ်က္ ဦးဖိုးေဝတို႔ ႏွင့္ မလွမ္းမကမ္းသို႔ ေရာက္ရွိလာသည္ ။ထိုအခါ ဦးဖိုးေဝ ႏွင့္ သူရိယသည္ မ်က္လုံးကို ေခတၱ မွိတ္လို႔ ျပန္ဖြင့္လိုက္ကာ သူတို႔ ဆီသို႔ ဆံပင္အျဖစ္မွ ေႁမြ အျဖစ္ေျပာင္းၿပီး ပ်ံဝဲလာေသာ ပညာသည္မ်ား၏ တိုက္ေႁမြမ်ားအား လက္ညႇိဳးထိုးလိုက္ၿပီး
“ေလာင္မီးက်ေစ ”
“ေလာင္မီးက်ေစ”
ဦးဖိုးေဝ ႏွင့္ သူရိယ တို႔၏ အာဏာစက္ေအာက္တြင္ ပညာသည္မ်ား၏ တိုက္ေမြမ်ားသည္ ေျမေပၚမေရာက္မွီ မီးဟုန္းဟုန္းေတာက္ကာ တျဖည္းျဖည္း ေလာင္မီးက်သြားၿပီး ျပာမႈန႔္မ်ားအျဖစ္သို႔ လြင့္ပ်ံသြားၾကကုန္သည္ ။ထို႔အခ်င္းအရာကို ေတြ႕ ေသာ ပညာသည္မ်ားထံမွ ေတာက္ေခါက္သံမ်ား ညံစီေအာင္ ထြက္လာၿပီး
‘ေတာ္ေတာ္ အစြမ္း ထက္ေနတယ္ေပါ့ေလ ”
တခ်ိဳ႕တေလသည္ ထိုသို႔ေသာ စကားကိုေျပာကာ သူတို႔၏ ေရွ႕ တြင္ ရွိေသာ သစ္႐ြက္မ်ားကို ေကာက္ကာ ဦးဖိုးေဝ ႏွင့္ သူရိယတို႔ ထံ ထပ္မံ ၿပီး ပစ္လႊတ္လိုက္ရာ ထိုသစ္႐ြက္မ်ားသည္ အရွိန္ျပင္းစြာ ပ်ံဝင္လာေသာ ပ်ားေကာင္ ႀကီးမ်ား၊ပတူေကာင္ႀကီးမ်ား ႏွင့္ ပိတုန္းေကာင္ မ်ားအျဖစ္ ေျပာင္းကာ ဦးဖိုးေဝႏွင့္ သူရိယ တို႔ထံ ခ်ဥ္းကပ္လာေလသည္။ထိုအခါတြင္လည္း ဦးဖိုးေဝသည္
“ဟဲ့ မူလျပန္ေစ ”
ထိုမွ်ေသာ စကားေလးေျပာ႐ုံျဖင့္ ပညာသည္မ်ား၏ အာဏာစက္ျဖစ္တည္ေနေသာ ပ်ား၊ပတူ ႏွင့္ ပိတုန္းမ်ားသည္ ဦးဖိုးေဝ၏ အာဏာစက္ကို မယွဥ္သာ ပဲ သစ္႐ြက္မ်ားအျဖစ္သို႔ ျပန္ေျပာင္းၿပီး ေျမျပင္သို႔ တျဖည္းျဖည္း ျပန္က်သြားေလေတာ့ သည္။ပညာသည္မ်ားသည္ သူတို႔ မယွဥ္ႏိုင္သည္ကို ရိပ္စားမိဟန္ရွိသည္ထင္၏။တခ်ိဳ႕သည္ အရိပ္သ႑န္အျဖစ္ေျပာင္းကာ ထိုေနရာမွ ေျပးထြက္သြားသလို တခ်ိဳ႕သည္လည္း လင္းတ မ်ား ႏွင့္ ငွက္ဆိုးမ်ား သ႑န္ေျပာင္းကာ ထိုေနရာမွ ပ်ံသန္းၿပီး ထြက္ေျပးကုန္ေတာ့သည္။ထိုအခါ မွ ဦးဖိုးေဝသည္
“လူေလးေရ ပညာသည္ေတြက သူတို႔ ႐ြာကို သိမွာ စိုးလို႔ ႐ြာမရွိတဲ့ ေနရာကို ေျပးျပတာပဲ ”
“ဘာလို႔လဲအဘ ”
“ေဟာ ဟိုမွာ အဘတို႔ ရဲ႕ လိပ္ျပာက ဒီဘက္ကို ပ်ံေနတယ္ေလ ”
“ဟုတ္တယ္ေနာ္ အဘ ”
“ကဲကဲ လူေလးေရ က်ားဆိုး႐ြာကို သြားၾကစို႔ ”
ထို႔ေနာက္ ဦးဖိုးေဝ ႏွင့္ သူရိယသည္ ေ႐ႊေရာင္လိပ္ျပာေလး ပ်ံသန္းရာေနာက္သို႔ လိုက္ပါသြားပါေလေတာ့သည္ ။
◾အခန္း (၆)
ဦးဖိုးေဝ ႏွင့္ သူရိယသည္ ေ႐ႊလိပ္ျပာေလး၏ လမ္းျပမႈျဖင့္ က်ားဆိုး ႐ြာထဲ ေရာက္ရွိလာၿပီ ျဖစ္သည္၊႐ြာထဲ ေရာက္ေသာ္ လူရိပ္ လူေယာင္ သည္က တခုမွ မေတြ႕ ရေပ။ေ႐ႊေရာင္ လိပ္ျပာေလးသည္ လည္း ပ်ံသန္းေနသည္ကို မရပ္နားေသးပဲ ႐ြာလယ္လမ္း အတိုင္း သူတို႔ ႏွင့္ မလွမ္း မကမ္း မွ ပ်ံသန္းေနေသးရာ ဦးဖိုးေဝ ႏွင့္ သူရိယ သည္လည္း ထိုလိပ္ျပာေလးေနာက္ လိုက္လာၾကသည္၊၊အတန္ၾကာေသာအခါ လိပ္ျပာေလးသည္ အိမ္ႀကီး တလုံးတည္းရွိေသာ အိမ္ဝိုင္းေရွ႕အေရာက္ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေလသည္ ၊၊ထိုအခါ မွ ဦးဖိုးေဝသည္
“လူေလးေရ က်ားဆိုး႐ြာ လူႀကီး ေနတဲ့ အိမ္ျဖဴမယ္ပဲ ကဲ ေကာင္းေကာင္း မြန္မြန္ ေျပာဆိုၾကဦးစို႔”
ဦးဖိုးေဝသည္ သူရိယအား ထိုသို႔ေျပာၿပီး အိမ္ဝိုင္းေပါက္မွ ေန၍
“အိမ္ရွင္တို႔ အိမ္ရွင္တို႔ ”
ဦးဖိုးေဝ အတန္ၾကာ ေအာ္ေခၚေသာ္လည္း အိမ္ထဲ မွတုန႔္ျပန္သံ မၾကားရေပ၊ သို႔ေပမဲ့ အိမ္ဝိုင္းေပါက္ကို ကာရန္ထားေသာ ဝါးလုံးတန္းမ်ားသည္ သူ႔အလိုလို ျပဳတ္က်ၿပီး ပြင့္သြားသည့္အခါ ဦးဖိုးေဝႏွင့္ သူရိယသည္ အိမ္ဝိုင္းထဲ ဝင္လိုက္ေလသည္။ ထို႔ေနာက္ အိမ္ႀကီး ေလွကားေျခရင္းတြင္ ရပ္ေနစဥ္ အိမ္တံခါးမႀကီးသည္ ပြင့္လာျပန္သည္။တံခါးမႀကီးပြင့္လာသည္ ႏွင့္ ဦးဖိုးေဝသည္ ေရွ႕မွ တက္သြားရာ သူရိယသည္လည္း ေနာက္မွ တက္လိုက္ေလသည္ ။ သူတို႔ ႏွစ္ေယာက္ တံခါးမႀကီး မွတဆင့္ အိမ္ထဲ သို႔ ဝင္လိုက္သည္ ႏွင့္ ပြင့္ေနေသာ တံခါးမႀကီးသည္ ပိတ္၍သြားၿပီး အိမ္ထဲတြင္ ေမွာင္မဲလာႏွင့္တၿပိဳင္နက္ ခ်က္ျခင္းဆိုသလို ကညင္ဆီ မီးတိုင္မ်ား ဟိုမွ သည္မွ လင္းလက္လာကာ မီးေရာင္ေအာက္တြင္ အသက္တဆယ့္ရွစ္ႏွစ္ အ႐ြယ္သာသာ ရွိမည္ျဖစ္သည့္ မိန္းမလွေလးတေယာက္သည္ ဦးဖိုးေဝ ႏွင့္ သူရိယအား နီရဲေသာ မ်က္လုံးအစုံတို႔ ျဖင့္ ခါးေထာက္ ၾကည့္ေနေလသည္။သူမ၏ ေဘးတြင္ေတာ့ အသက္ အ႐ြယ္ ႀကီးရင့္ ေနၿပီး ျဖစ္ေသာ အမယ္အို မွာ ကြၽန္းထိုင္ခုံႀကီးတြင္ ထိုင္ေနသည္။ထို႔ေနာက္ ထိုအမယ္အိုႀကီးသည္ သူမတို႔ ႏွင့္ မလွမ္း မကမ္း ရွိ လြတ္ေနေသာ ထိုင္ခုံကို လက္ညႇိဳး ၫႊန္ျပကာ
“ဧည့္သည္တို႔ အဲ့ ဒီထိုင္ခုံမွာထိုင္ႏိုင္ပါတယ္ ”
ဦးဖိုးေဝ ႏွင့္ သူရိသည္ မည္သည္ စကားမွ် ျပန္မေျပာပဲ အမယ္အို ၫႊန္ျပေသာ ထိုင္ခုံတြင္ ထိုင္လိုက္သည္။ထို႔ေနာက္ ဦးဖိုးေဝသည္ ခါးေထာက္ၿပီး သူတို႔အား နီရဲသည့္ မ်က္လုံးအစုံ ျဖင့္ၾကည့္ေနေသာ မိန္းမလွေလးအား တခ်က္ ၾကည့္လိုက္ၿပီးမွ
“ဦးသာေအးရဲ႕ ဇနီးသည္က ဘယ္သူမ်ားလဲ ”
“ငါပဲ နင္တို႔က ငါ့အိမ္ေပၚထိ လာၿပီး ငါ့ကို ေတာင္ ဂ႐ုမစိုက္ပဲ ေနဝံ့တယ္ေပါ့ ”
“ခင္ေမ ေဒါသ ေလွ်ာ့စမ္း၊နင့္ ေရွ႕မွာ ေရာက္ေနတာ ေစတလုံးပိုင္ေတြဆိုတာ ႐ြာက ဟာမေတြ ေျပာလို႔ နင္လည္း သိေနၿပီမဟုတ္လား နင္ နဲ႔ငါ တိုက္လည္း ဒီဆရာေတြကို မႏိုင္တာ နင္သိတယ္”
“အိုး က်မက က်ားဆိုး႐ြာလူႀကီး သူတို႔က ေစတလုံး မက လို႔ ႏွစ္လုံး ပိုင္ပိုင္ က်မက ေၾကာက္ေနရမွာ လား ”
“နင္က ေတာ္ေတာ္ ေျပာရခက္တာ ပဲ နင့္ ဘာသာနင္ ႀကိဳက္သလို လုပ္ ငါ ဘာမွ ဝင္မပါေတာ့ဘူး ”
အမယ္အို ႀကီးသည္ စိတ္ပ်က္စြာၿငီးျငဴေနေလ၏။သူမ၏ သမီးျဖစ္သူ ကေဝပ်ံ ခင္ေမသည္က ဦးဖိုးေဝအား စူးစိုက္ၾကည့္ေနရင္းမွ သူမ၏ ကိုယ္ခႏၶာသည္ တျဖည္းျဖည္း အရိပ္တခုပမာ ျဖစ္လာၿပီး ဦးဖိုးေဝ ထံသို႔ လ်င္ျမန္စြာ တိုးဝင္လာေလသည္ ။ထိုအခါ ဦးဖိုးေဝသည္ လက္ကို ေဝွ႔ယမ္းလိုက္ရာ သူ႔ဆီတိုးဝင္လာေသာ ကေဝပ်ံခင္ေမ၏ အရိပ္သည္ ေရွ႕သို႔မတိုးႏိုင္ပဲ ရွိေနေလ၏။ထို႔ေနာက္ ဦးဖိုးေဝသည္ ထိုအရိပ္ကို လက္ညႇိဳးထိုးကာ
“ခ်ဳပ္ေစ ”
ထိုမွ်ေသာ စကားတခြန္းသာ ေျပာလိုက္ခ်ိန္ အရိပ္သ႑န္ျဖစ္ေနေသာ ကေဝပ်ံခင္ေမသည္ သူမမူလ ရပ္ေနေသာ ေနရာတြင္ ဒူးေထာက္ က်သြားၿပီး လက္ကို ေနာက္ပစ္လ်က္ အေနအထားျဖင့္ အခ်ဳပ္ခံထားရေလေတာ့သည္ ။ ထို႔ေနာက္ ဦးဖိုးေဝသည္ ကေဝပ်ံ ခင္ေမကို ၾကည့္ကာ
“ကေဝပ်ံ နင္ အသိတရားရစမ္းပါ နင့္ထက္ငယ္တဲ့ လူေယာက္်ား တေယာက္အတြက္ နဲ႔ နင္တို႔ရဲ႕ ႐ြာကို ပ်က္စီး ေစခ်င္ေနတာလား နင္ ရဲ႕ အခု လုပ္ရပ္ေတြေၾကာင့္ နင္တို႔ရဲ႕ က်ားဆိုး႐ြာႀကီး ပ်က္စီးႏိုင္တယ္ ဆိုတာ မသိေရာ့လား”
“မသိဘူး ငါ့ ေယာက်ာ္းကို ငါ့ျပန္ေပး ”
“ဟဲ့ ကေဝပ်ံ နင့္ေယာက္်ားက နင္တို႔ နဲ႔ မေနခ်င္ လို႔ သူတိုင္းသူ ေကာင္းတဲ့ အလုပ္ လုပ္မယ္ဆိုၿပီး လိုက္သြားတာ ေလ ”
“မသိ ဘူး ”
“ကေဝပ်ံ သတိထားပါ နင့္ေယာက္်ား ကို နင္တကယ္ ခ်စ္ ေရာ ခ်စ္ရဲ႕ လား ”
“ငါ့ရဲ႕ အသက္ထက္ကို သူ႔ကို ပိုခ်စ္တယ္ ”
“နင္ခ်စ္တယ္ ဆိုရင္ သူေကာင္းစားသြားတာ လိုလားရမွာေပါ့ နင္တို႔ နဲ႔ ဆက္ေနရင္ သူကေသလြန္တဲ့အခါ ငရဲသြားရမွာ အခု သူက ေကာင္းမြန္တဲ့ အလုပ္ကို လုပ္ၿပီး သူ႔ရဲ႕ ေနာက္ဘဝ အတြက္ ေကာင္းမြန္တဲ့ အေထာက္အပံ့ ရွာေနတာ နင္ခြင့္ျပဳသင့္တာေပါ့ ”
ဦးဖိုးေဝ ၏ စကားၾကာင့္ ကေဝပ်ံခင္ေမ ေတြေဝေန၏။ထိုစဥ္ ဦးဖိုးေဝမွ ဆက္ၿပီး
“က်ားဆိုး႐ြာသခင္မ ေသခ်ာစဥ္းစားပါ နင့္ရဲ႕ ေယာက္်ားက အသက္ေတြ ႀကီးရင့္ၿပီး သူေသတာကို နင္ ျမင္ရေတာ့မယ္။ ေသလြန္ၿပီးရင္လည္း သူက ငရဲ က်ခံရဦးမယ္ နင္နဲ႔ တူတူ ရွိေနတာ သူ႔အတြက္ လည္း မေကာင္းဘူး နင့္အတြက္လည္း ေကာင္းတာမရွိဘူး နင္တို႔ရဲ႕ နာမည္ပ်က္ မရွိတဲ့ က်ားဆိုး႐ြာ အတြက္လည္းမေကာင္းဘူး ဘယ္သူအတြက္ မွ မေကာင္းတဲ့ အရာကို ဆက္ၿပီး မမိုက္ခ်င္ပါေတာ့နဲ႔ ”
ကေဝပ်ံခင္ေမသည္ ဦးဖိုးေဝစကားကို နားေထာင္ ၿပီး သူမ၏ မိခင္ႀကီးကို ၾကည့္လိုက္ေလသည္။ထိုအခါ သူမရဲ႕ မိခင္ႀကီးသည္ လည္း
“ဒီဆရာႀကီးေျပာတာ မွန္တယ္ ခင္ေမ နင္ထပ္ၿပီး မမိုက္ပါေတာ့နဲ႔ ”
ထို႔ေနာက္ ကေဝပ်ံခင္ေမသည္ သက္ျပင္းအရွည္ႀကီးကို ခ်ကာ
“က်မ နားလည္ပါၿပီ က်မ စြန႔္လႊတ္လ္ိုက္ပါေတာ့မယ္ ေနာက္ ေနာင္ မေႏွာက္ယွက္ ေတာ့ပါဘူးလို႔ကတိေပးပါတယ္ ”
ကေဝပ်ံ ခင္ေမဆီမွ ထိုစကားၾကားရေသာအခါ အားလုံး ဝမ္းသာသြားၾကသည္ ။ကေဝပ်ံခင္ေမသည္က ထိုမွ်ေသာစကားကိုသာ ဆိုၿပီး အိမ္ခန္းထဲ ဝင္သြားေတာ့သည္ ။ဦးဖိုးေဝတို႔လည္း အားလုံးအဆင္ေျပၿပီမို႔ က်ားဆိုး႐ြာမွ ျပန္ထြက္ရန္ ဟန္ျပင္ေနစဥ္ အမယ္ႀကီး မွ စကားဆိုလာသည္ ။
“ဒီက ဆရာႀကီးကို က်မ အကူအညီ တခုေတာင္းပါရေစ ”
“ေျပာပါ ”
“ဒီနယ္ ထဲမွာ က်တ္လယ္ ဆိုတဲ့ လယ္ေတြရွိတယ္ ဆရာႀကီး အဲ့ဒီလယ္ပိုင္ရွင္ေတြက သူတို႔ လယ္ေတြထဲမွာ မေကာင္းဆိုးဝါးေတြ ရွိေနတာကို ဘာမွမဆိုင္ တဲ့ က်မတို႔ က်ားဆိုး႐ြာက တိုက္တယ္ ပဲ ေျပာေနၾကပါတယ္ အဲ့တာေလးပါ ေျဖရွင္းေပးခဲ့ပါဦးလို႔ ေမတၱာ ရပ္ခံပါတယ္ ”
“အင္း က်ဳပ္တို႔ ကူညီလိုက္ပါမယ္ အခုေတာ့ အခ်ိန္လည္း လင့္ၿပီမလို႔ ခြင့္ျပဳပါဦး ”
“ေကာင္းပါၿပီ ဆရာႀကီးတို႔ ”
ဦးဖိုးေဝ ႏွင့္ သူရိယ ျပန္ရန္ မတ္တတ္ရပ္လိုက္သည္ ႏွင့္ အိမ္တံခါးမႀကီး၊ျပတင္း ေပါက္မ်ားသည္ သူ႔အလိုလို ပြင့္ကုန္ၾကသည္ ။ ထို႔ေနာက္ ဦးဖိုးေဝ ႏွင့္ သူရိယသည္ အိမ္ႀကီးေပၚမွ ဆင္းၿပီး က်ားဆိုး႐ြာမွ ထြက္ခြာသြားၾကပါေလေတာ့သည္ ။
▪️ဦးဖိုးေဝ ႏွင့္ က်ားဆိုး႐ြာ သည္က ဤမွ်သာ၊မၾကာမီ ဦးဖိုးေဝ ႏွင့္ က်တ္လယ္ ဇာတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။
🙏🙏🙏အပန္းမႀကီးဘူးဆိုရင္ ကြၽန္ေတာ့္ရဲ႕ Page ေလးကို Follow ႏွိပ္ၿပီး အားေပးသြားၾကပါဦး ၊ ကြၽန္ေတာ္တို႔စာေရးသူေတြအတြက္ ေနာက္ထပ္ေရးမဲ့ ဇတ္လမ္းေတြအတြက္ အားျဖစ္ရလို႔ပါ။🙏🙏🙏
📝ေမာင္တင္ဆန္း