ဦးမင်းအောင်နှင့်စည်းဖောက်သူများ(စ/ဆုံး)
—————————————-
မနက်ဝေလီဝေလင်းအချိန်။
အဝေးပြေးလမ်းမဘေးရှိရွာလေးတစ်ရွာ။
`လုပ်ကြပါဦး `
`ကားလမ်းမပေါ်အလောင်းတလောင်းတွေ့လို့`
မနက်စောစောတစ်ဖက်ရွာသို့သွားသော
နွားကျောင်းသားပေတိုး၏အသံကတရွာလုံးကို
လှုပ်နှိုးလိုက်သလိုဖြစ်သွားလေ၏။
`ဘယ်သူလဲ`
`ဘယ်လိုဖြစ်တာလဲ`
`တောင်ပိုင်းကမိအေးရဲ့သားဝင်းစိုးလေ`
`ညကမိုးအေးအေးနဲ့ကားလမ်းမဘေးဖားရိုက်
ထွက်တာကားတိုက်ခံရတယ်နဲ့တူတယ်`
`ဟယ်`
`သနားပါတယ်`
`ဟုတ်ပါ့ သူ့ခမျာအမေမုဆိုးမကြီးရှာကျွေးနေတာ`
တစ်ယောက်တစ်ပေါက်နိုးလာပြီးမေးသံအဆုံး
အလောင်းအားသွားကြည့်သူတချို့မှအတည်ပြု မှတ်
ချက်ချသံ။
`အမလေး သားရယ်အဖြစ်ဆိုးလှချည်လား`
ကားတိုက်ခံရပြီးသေဆုံးသွားသူဝင်းစိုး၏မိခင်ကြီး
မှအော်ဟစ်ငိုယ်ိုသံကမနက်ခင်းတွင်စိတ်ဆင်းရဲ
စရာအတိဖြင့်ပေါ်ထွက်လာလေတော့၏
——————————————————-
အခန်း( ၂ )
`ဟေ့ကောင် မြန်မြန် မ ပါကွ`
`မ နေတာဘဲ`
`မင်းဒီလောက်တောင်အားမရှိဘူးလား`
`ဟဲ့ကောင်မင်းဘယ်လိုဖြစ်နေတာလဲ လူမမြင်
အောင်လည်းမနေရသေးတယ်`
`တော်ကြစမ်းပါကွာ`
`မင်းတို့ကလဲအချင်းချင်းအလကားစကားများနေ
တယ်`
ညနေ။
နေဝင်ရီတရောအချိန်။
လူသုံးယောက်။
တိတိကျကျပြောရလျှင်ကောင်လေးသုံးယောက်။
မင်းထိုက် မိုးလေး နိုင်ဝင်း။
သူငယ်ချင်းသုံးယောက်သားကားလမ်းမဘေး
ချုံပုတ်ကြားသို့ထမင်းစားစားပွဲခုံတစ်လုံးအား
ပုန်းလျိုးကွယ်လျှိုးဖြင့်မလာလေ၏
တစ်ယောက်တစ်ပေါက်အချင်းများလာရာမှ
လမ်းမဘေးခပ်လှမ်းလှမ်းရှိအပင်ကြီးတစ်ပင်
အောက်တွင်ချလိုက်၏
ရွာဘက်မှအမှတ်တမဲ့လှမ်းကြည့်လိုက်ရင်
၎င်းတို့အားအလွယ်တကူမမြင်ရ
အပင်ကြီး၏ပင်စည်နှင့်ကွယ်နေလေ၏
`ဟေ့ကောင်မိုးလေး ခုံဖိနပ်ကော`
`ရော့ဒီမှာ`
မိုးလေးမှာ၎င်း၏ခါးကြားထဲထိုးထား
သောခုံဖိနပ်တစ်ရံအားပစ်ပေးလိုက်လေ၏
`ခုံအောက်မှာ ခု လိုက်`
`ဘယ်လိုခုရမလဲ`
မင်းထိုက်အားမေးလိုက်ရာ
`ခုံကိုမပေးမယ်ကန့်လန့်ဖြတ်ခုလိုက်`
`ဟိုဘက်တဖက်ဒီဘက်တဖက်လွတ်နေမှာပေါ့`
`အေးလေ`
`မင့်ဟာကဟုတ်ရဲ့လား`
`တိတ်တိတ်နေ ဟုတ်တယ်`
`နောက်မှကြောက်ပြီးမပြေးနဲ့`
` မပြေးပါဘူး `
၎င်းတို့သုံးယောက်မှာကားတိုက်၍ သေဆုံးသွား
သောသူငယ်ချင်းဖြစ်သူဝင်းစိုး၏
ဝိညာဉ်အားခေါ်ရန်ကြံစည်နေခြင်းပင်။
`ကဲစားပွဲပေါ်လက်ဝါးဖြန့်ပြီးတင်`
`ဖွဖွလေးတင်နော်`
`အေး ဟုတ်ပြီ တယောက်လက်တစ်ယောက်ထိပြီး
စက်ဝိုင်းပုံဖြစ်နေရမယ်`
`ဟုတ်ပြီ ရပြီ`
အားလုံးလက်များထိပြီးသည်နှင့်မင်းထိုက်မှ
`ငါခုခေါ်တော့မယ်`
`ကြောက်ရင်မလုပ်နဲ့ ခုကတည်းကဖျက်လိုက်
ခေါ်ပြီးတော့မှမပြေးနဲ့နော်`
`စည်းပေါက်ရင်အားလုံးသေကုန်မယ်ကြားလား`
`အေးပါဟ မပြေးဘူး ခေါ်မဲ့သာခေါ်ကွာ`
အားလုံးသဘောတူပြီးသည်နှင့်မင်းထိုက်မှ
`သူငယ်ချင်းဝင်းစိုးမင်းကိုငါတို့တွေအရမ်းသတိရ
လို့စကားပြောချင်တယ်ကွာ ငါတို့ဆီလာခဲ့ပါ`
ပတ်ဝန်းကျင်ကပို၍တိတ်ဆိတ်သွားသလိုလို။
`ဂီး `
`အမလေး`
`ဟိတ်ကောင်တိတ်တ်ိတ်နေပါ ဆိုမှ`
အပင်ပေါ်မှညဉ့်ဌက်တကောင်ပျံသွားသံကြောင့်
နိုင်ဝင်းမှလန့်အော်လိုက်သောကြောင့်လှမ်းဟန့်
လိုက်ပြီးလျင်မင်းထိုက်မှ..
`သူငယ်ချင်း မင်းရောက်လာရင်ခုံကိုသုံးချက်ပုတ်ပြ
ကြာ`
သိပ်မကြာ။
`ဘုန်း ဘုန်း ဘုန်း`
`အား`
`ဟေ့ကောင်မအော်ပါနဲ့ဆို`
`မင်းကလဲကွာ လန့်တာပေါ့`
ခုံအားသုံးချက်ပုတ်ပြသည်ကိုတွေ့လိုက်ရလေ၏
`နေဦး သေချာအောင်မေးလိုက်မယ်`
`ခုရောက်လာတာယောက်ျားလားမိန်းမလား?
ယောက်ျားဆိုညာဘက်ကိုသုံးခါလှုပ်ပြ
မိန်းမဆိုဘယ်ဘက်ကိုသုံးခါလှုပ်ပြ`
`ဒုတ် ဒုတ် ဒုတ်`
`ညာဘက်ကွ သေချာပြီ ဝင်းစိုးဘဲ`
`မေးကြည့်လိုက်မယ် `
`ခုရောက်လာတာငါတို့သူငယ်ချင်းဝင်းစိုးဆိုတာ
သေချာရင်ခုံကို…`
စကားမှာမဆုံးသေး…
`မီး မီး မီး`
`မီးလောင်လို့`
`ဟာ ဟေ့ကောင်တွေ မီးတဲ့`
`အေး ဟုတ်တယ် ရွာထဲက`
`အမြန်သွားမှဘဲ ပြေး ပြေး ရွာထဲကို`
မင်းထိုက်မေးနေဆဲ…
ရွာဘက်ဆီမှမီးခိုးလုံးကြီးများရုတ်တရက်တက်လာ
ကာအော်ဟစ်သံများကြောင့်၎င်းတို့သုံးယောက်မှာ
စိုးရိမ်စိတ်များကြောင့်သတိလက်လွတ်ဖြစ်ကာ
အပင်အောက်မှရွာဘက်ဆီသို့ပြေးသွားကြလေ
တော့သည်။
—————————————————–
အခန်း ( ၃ )
`အမလေးနော်ငါ့မှာသားလေးတယောက်မွေးထားပါ
တယ် ဘယ်မှာသွားသေနေလဲ ပြော`
`ခလေးအငယ်တဖက်နဲ့နဲနဲပါးပါးကူညီ
မယ်မစဉ်းစားဘူး မီးလန့်မှဘဲပြေးလာဖော်ရတော့
တယ် အငြှိမ်းမြန်လို့တော်သေး မဟုတ်ရင်တစ်
ရွာလုံးပြာကျတော့မလို့`
မိခင်ဖြစ်သူ၏ဖျစ်တောက်ဖျစ်တောက်ဆူပူသံ
ကြောင့်မင်းထိုက်တစ်ယောက်ဘာမှမပြောရဲဘဲ
ငြိမ်ကုတ်၍ထိုင်နေဆဲ..
`ဟဲ့ သွား နင့်ဦးလေးအမဲသားရလာလို့တဲ့
ငါ့ကိုလာယူခိုင်းထားတယ် ဒီမှာထမင်းအိုးတန်းလန်း
နဲ့မယူဖြစ်တာ နင်သွားယူခဲ့`
`ဟာ အမေကလဲဒီအချိန်ကြီး`
`ဒီအချိန်မယူလို့ဘယ်အချိန်ယူမလဲ နင့်ကိုအစော
ကြီးထဲကရှာနေတာ ညစာမရှိဘူး နင့်အဖေပြန်
လာရင်ပွက်နေဦးမယ် သွားယူခဲ့`
` ပြီးရောဗျာ`
မိခင်စကားအားမလွန်ဆန်ဝံ့၍မင်းထိုက်တစ်ယောက်
ရွာထိပ်ရှိဦးလေးအိမ်သို့အမဲသားယူရန်ထွက်လာ
ခဲ့လေတော့၏
—————————————————–
အခန်း ( ၄ )
`ဝုန်း ဒုန်း ဒရုန်း`
`ဒုန်း ဒေါက် ဒေါက်`
`ဟေ့ကောင်တွေဘယ်သူလဲကွ`
`အိမ်အမိုးပေါ်ခဲနဲ့ပစ်တာ`
အမိုးပေါ်သို့ခဲလုံးများဖြင့်ပစ်ခတ်မှုကြောင့်
နိုင်ဝင်း၏ဖခင်ဖြစ်သူဦးမြင့်နိုင်မှလှမ်းအော်လိုက်
သော်လည်းခဲကျသံများမှာမရပ်သွားဘဲပို၍ပြင်းထန်
လာလေ၏
`ဝုန်း ဒုံး ဒုန်း`
`တောက်`
`ခွေးမသားတွေ အဲလောက်ပြောနေတာ`
`မြင့်နိုင်အကြောင်းသိစေရမယ်`
`အဖေ စိတ်မတိုပါနဲ့ သားထွက်ကြည့်လိုက်မယ်`
ဖခင်ဖြစ်သူ၏ဒေါသအားသိသောကြောင့်နိုင်ဝင်း
မှအပြင်သို့ထွက်ကြည့်လိုက်ရာ
`ဟီး ဟီး ငါလာပြီလေ`
`ငါ့ကိုခေါ်ပြီးဘာလို့ထားခဲ့တာလဲ`
`ဟီး ဟီးဟီး`
`အမလေး အဖေ အဖေ လုပ်ပါဦး`
`ဘာဖြစ်တာလဲ`
န်ိုင်ဝင်း၏အော်သံကြောင့်ဖခင်ဖြစ်သူမှမေးလိုက်ရာ
နိုင်ဝင်းမှ..
`ဟ …ဟိုမှာ အဖေ ဟိုမှာ မည်းမည်း ကြီး
အမလေး သား သား ကိုခေါ်နေပြီ အဖေ
ကြောက်တယ် ကြောက်တယ်`
`ဟဲ့ သား သား လုပ်ပါဦး ကိုမြင့်နိုင်`
ဖခင်အားခြံရှေ့အပင်ပေါ်သို့လက်ညှိုးညွှန်ပြနေ
ရာမှနိုင်ဝင်းမှာအသားများတဆတ်ဆတ်တုန်လာ
ပြီး ပါးစပ်မှအမြှု ပ်များထွက်လာကာတက်သွား
လေတော့၏
—————————————————–
အခန်း ( ၅ )
`ဟီး ဟီး အီး အီး
ကြောက်တယ် ကြောက်တယ် အမေရေ
သားကြောက်တယ်`
`ဘာဖြစ်တာလဲ မိုးလေးရယ် မင်းမလဲ အကောင်း
ကြီးကနေဘာဖြစ်တာလဲ `
`အား ချမ်းတယ် အမေ ချမ်းတယ်`
`စောင် စောင်ခြုံ ပေးပါ`
`အေး အေး ခြုံပေးထားတယ်လေ `
`မှန်းစမ်း `
`ဟင် ကိုယ်တွေခြစ်ခြစ်တောက်ပူလို့ပါလား`
`သမီးရေ လမ်းထိပ်ကကုန်စုံဆိုင်မှာဆရာမောင်
ဆေးနီမှုန့်တစ်ထုတ်အမြန်ပြေးဝယ်စမ်းကွယ်
သမီးအကိုအဖျားကြီးပြီးကယောင်ကတန်းတွေပြော
နေလို့`
`ဟုတ်ကဲ့ အမေ`
မိုးလေး၏မိခင်ဖြစ်သူမှာသားဖြစ်သူအချမ်းတက်ကာ
ဖျားနေသောကြောင့်သမီးလုပ်သူအားခိုင်းလိုက်
လေ၏
—————————————————-
အခန်း ( ၆ )
`ဟဲ့ ငထိုက် အမဲသားတွဲကြီးဆွဲပြီ း ဘာရပ်လုပ်
နေတာတုံး လာပေးစမ်းငါ့ကို`
မင်းထိုက်၏မိခင်ဖြစ်သူမှာအမဲသားတွဲအားကိုင်ကာ
ခြံပြင်တွင်ခေါင်းကြီးငိုက်စိုက်ဖြင့်ရပ်နေသော
သားဖြစ်သူအားလှမ်းအော်လိုကိရာ..
`ဟီး ဟီး ဟီး`
`မပေးဘူး ငါ့အမဲသားတွဲ`
`ငါစားမလို့`
`ဘုရားရေ..ကိုဘမောင် လာပါဦးတော့
တော့်သား ဘာဖြစ်လာလဲမသိဘူး`
အလုပ်မှပြန်လာကာကုလားထိုင်တွင်ထိုင်ကာအ
မောဖြေနေသောခင်ပွန်းဖြစ်သူအားလှမ်းပြော
လိုက်ရာဦးဘမောင်မှာအိမ်ပေါ်မှဆင်းလာကာမင်း
ထိုက်နားလျှောက်လာလေတော့၏
`သား ဘာဖြစ်`
`သြား လာမယူနဲ့`
`ဝုန်း`
`အား`
`အမလေး ကိုဘမောင်သေပါပြီ`
လက်ထဲမှအမဲသားတွဲအားလာလုသည်အထင်ဖြင့်
မင်းထိုက်မှာမိမိလက်အားလာကိုင်လိုက်သော
ဖခင်ဖြစ်သူ၏လက်အားဖယ်၍နောက်သို့ဆောင့်
တွန်းလိုက်ရာကိုဘမောင်မှာနောက်ပြန်လဲကျသွား
လေတော့၏
`ဟီး ဟီး ဟီး`
`စားမယ် စားမယ် မစားရတာကြာပြီ`
`ဂျစ် ဂျ ရစ်`
`ဟား ဟား ဟီးဟီး`
`အမလေး အရပ်ကတို့ရေကယ်ကြပါဦး`
`အီး ဝါး ဝါး `
ှုဦးဘမောင်လဲကျသွားသည်နှင့်မင်းထိုက်ထံမှအော်
ဟစ်ရယ်မောသံကြီးထွက်လာပြီးလျှငအိမ်နံရံအား
လက်သည်းဖြင့်ကုတ်ခြစ်၍အိမ်ခေါင်မိုး
ပေါ်သို့တွယ်တက်သွား၍ထုတ်တန်းပေါ်တွင်ခွထိုင်ကာအမဲသားတွဲအားအစိမ်းလိုက်စားနေလေတော့၏
၎င်း၏ပုံစံအားကြည့်၍မိခင်ဖြစ်သူမှာပတ်ဝန်းကျင်
အားအကူအညီတောင်းလိုက်ရာလေးနှစ်အရွယ်
မင်းထိုက်၏ညီမလေးမှာလည်းမိခင်ရင်ခွင်ထဲသို့
ပြေး ဝင်ကာစူးစူးဝါးဝါးအော်ဟစ်ငိုယ်ိုလေတော့၏
`ဟာ`
`မရဘူး`
`အပမှီနေတာ ဆရာတော်ဘုရားဆီအမြန်ပြေး`
`နင်ကလဲ ဒီအချိန်အမဲသားယူခိုင်းစရာလား
ခလေးကို`
`ကျမယူခိုင်းနေကြဘဲတော့် တခါမှမဖြစ်ဖူးဘူး`
ရွာသားများမှာမင်းထိုက်ခြံထဲတွင်တရုန်းရုန်းဖြင့်
တစ်ယောက်တစ်ပေါက်ဆူညံနေဆဲ..
`လမ်းဖယ်ကြဟေ့`
`ဆရာကြွလာပြီ`
`ဟင်`
`ဘယ်ကဆရာလဲ`
`ဆရာတော်ကိုသွားပင့်တာမဟုတ်ဘူးလား`
`အဲဒါဆရာတော့်ဆီကိုရောက်နေတဲ့ ဆရာဘဲ
ှုဦးမင်းအောင်တဲ့ ညနေကမှရွာမြောက်ပိုင်းက
ဒေါ်ဆုံကိုဆေးကုဖို့လာတာ`
`ဟာ`
`ဆေးကုတဲ့ဆရာ ရပါ့မလား ဒီမှာသရဲပူးနေတာကို`
`ဆရာတော်ထည့်ပေးလိုက်တာဘဲ ရလို့နေမှာပေါ့`
သိပ်မကြာ။
ရွာလမ်းမတလျှောက်မီးတုတ်များကိုင်ဆောင်
ထားသူများအလယ်တွင်ရှပ်အကျီအဖြူ ၊ယောပုဆိုး
ရှားရောင်၊လွယ်အိတ်အညို ရောင်တစ်လုံးအား
လွယ်ထားသောလူတစ်ဦးတည်ငြိမ်အေးဆေးစွာ
လမ်းလျှောက်လာလေ၏
၎င်းမှာဘေးဘီဝဲယာအားဂရုမစိုက်။
အရေးလုပ်ခြင်းမရှိ။
မင်းထိုက်တို့ခြံထဲသို့တန်းတန်းမတ်မတ်
အကြောက်အရွံ့မရှိဝင်လာ၏
၎င်းဝင်လာသည်နှင့်အသံများတိတ်ဆိတ်သွားကာ
ငြိမ်သက်သွားလေ၏
အိမ်နားသို့ရောက်သည်နှင့်၎င်းမှ..
`ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေ
ဒီခြံထဲကထွက်ကြပါ တယောက်မှမနေပါနဲ့`
`ပေတိုး မီးပြပေးစမ်း`
မီးတုတ်ကိုင်ဆောင်ထားသူတစ်ယောက်အား
ခိုင်းလိုက်ရာ၎င်းမှာဦးမင်းအောင်နားရောက်သည်
နှင့်ဦးမင်းအောင်မှာလွယ်အိတ်ထဲမှပုလင်းတလုံး
အားထုတ်ယူအဖုံးဖွင့်လိုက်ပြီးလျှင်ပုလင်းထဲမှအဖြူ
ရောင်အမှုန့်များအားအိမ်ဘေးပတ်လည်တွင်စည်း
ဝိုင်းသဖွယ်တားလိုက်လေတော့၏
`တယောက်မှစည်းနားမကပ်နဲ့ စည်းထဲမဝင်နဲ့
ပေတိုး မင်းစောင့်ကြည့်`
`ဟုတ်ကဲ့ ဆရာကြီး`
`သာဒွန်းငါနဲ့လိုက်ခဲ့`
၎င်းနောက်ဦးမင်းအောင်မှာတပည့်တယောက်အားလှမ်းခေါ်ကာအိမ်ပေါ်သို့တက်သွားလေတော့၏
`ဟီးဟီး ဟီး`
`အီး အီးအီ ….ဟီးဟီး `
`ဘုတ်`
ထုတ်တန်းပေါ်တွင်အမဲသားများစားနေသော
မင်းထိုက်မှာဦးမင်းအောင်အားတွေ့လိုက်သည်နှင့်
ပုံစံပြောင်းသွားကာလက်ထဲမှအမဲသားထုတ်အား
အောက်သို့ပစ်ချလိုက်လေ၏..
မင်းထိုက်နှင့်မျက်နှာချင်းဆိုင်မိသည်နှင့်ဦးမင်းအောင်
မှလွယ်အိတ်ထဲမှပုတီးအည်ိုရောင်လေးအားထုတ်ပြ
လိုက်ရာကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး
လျှင်ထုတ်တန်းပေါ်မှအောက်သို့ဝုန်းခနဲခုန်ဆင်း
လာလေ၏
`အားးးး`
`ဝုန္း`
` မင်းဘယ်သူလဲ `
`ဂီး..အီး.ဟီးဟီးဟီး`
`မေးနေတယ်လေ မဖြေဘူးလား`
`ဟီးဟီးဟီး`
မိမိအမေးအားမဖြေသောကြောင့်ဦးမင်းအောင်မှ
လွယ်အိတ်ထဲမှဆန်စေ့များအားယူ၍၎င်း၏မျက်နှာအားပစ်ပေါက်လိုက်ရာကြောက်လန့်တကြားပြော
လေတော့၏။
`အားးးး မပေါက်ပါနဲ့`
`သူတို့ခေါ်လာတာ`
`ဘယ်သူတွေလဲ`
`ဟိုကောင်သုံးကောင်လေ ငါ့ကိုလာခေါ်တာ
ခေါ်ပြီးဘာမှလဲမကျွေးဘူး ထားပစ်ခဲ့တယ်`
`မင်းဘယ်သူလဲ`
`ဘယ်မှာနေတာလဲ`
`ကျုပ်နာမည်ဘဒင်`
ရွာထိပ်ကအပင်ကြီးမှာနေတာ
ကျုပ်ကိုကောင်လေးသုံးယောက်ခေါ်လို့`
`ဟာ`
`ဘဒင်တဲ့`
`အမလေးတကယ့်လူဆိုးကြီး`
`အေးလေ မနှစ်ကဖဲဝိုင်းမှာသူများသတ်လို့သေ
သွားတာ`
`သူ့ကိုခေါ်လို့ဆိုဘဲ`
`ဟုတ်တယ်အမေ`
`သားတွေ့တယ်`
`ကိူကြီးမင်းထိုက်ရယ် က်ိုမိုးလေးရယ် ကိုန်ိုင်ဝင်းရယ်
ညနေပိုင်း ကခုံကြီးတစ်လုံးမပြီးရွာပြင်ထွက်သွား
တာတွေ့တယ်`
`တောက်`
`ဒီကောင်တွေ တော်တော်ဆိုးတာဘဲ`
`ခဏ ပါးစပ်ပိတ်ထား ကြပါ`
`ဒီမှာ ဆရာမေးနေလို့ပါ`
တစ်ယောက်တစ်ပေါက်ပြောဆိုနေသည်များ
ကြောင့်ဦးမင်းအောင်၏တပည့်တစ်ဦးမှလှမ်းတား
လိုက်သည်တွင်အသံများတ်ိတ်ဆိတ်သွားလေ၏
`မင်းအခုစားချင်တာစားပြီးပြီမှတ်လား
ဒီကလေးကိုယ်ထဲကထွက်ပါ`
`မထွက်ဘူး `
`ခင်ဗျားကဘာမို့လို့အမိန့်ပေးနေတာလဲ`
`မင်းကိုငါကညှာတာနဲ့အနေနဲ့
အေးဆေးထွက်ခိုင်းတာ ငါထုတ်ရင်မင်းပိုနာမယ်`
`ဟားဟား ဟား
ကျုပ်ကိုထွက်စေချင်ရင်အမဲသား
ထပ်ကျွေးရမယ်`
`အဲဒါဆိုစဉ်းစားမယ် မဟုတ်ရင်ဒီကလေးရဲ့အသက်ကိုယူသွားမယ်`
`ဟိုနှစ်ယောက်လဲငါ့လက်ထဲမှာဘဲ….ဟီးဟီး …..`
`ဘုရား ဘုရား ဘယ်လိုလုပ်ကြမလဲ
အသက်နှုတ်မယ်တဲ့`
ဘဒင်၏စကားကြောင့်ရွာသားများမှာကြောက်ရွံ့
သွားကြလေ၏
`တိတ္စမ္း`
`မင်းကများရာရာစစ`
ဦးမင်းအောင်မှာမာကျောတင်းမာသောအသံဖြင့်
အော်လိုက်ရင်းမိမိအားစိန်ခေါ်လိုက်သောသရဲထံ
သို့အကြောက်အရွံ့မရှိတန်းတန်းမတ်မတ်လျှောက်
သွားလေတော့၏
ထိုသို့လျှောက်သွားရာတွင်နှုတ်မှအောင်မြင်ခံ့ညား
သောအသံဖြင့်ဂါထာအားမရပ်မနားရွတ်ဖတ်သွား
လေတော့၏
`အားးးး`
`ပူတယ် ပူတယ်`
`မလာနဲ့`
ဦးမင်းအောင်အနားသို့နီးကပ်လာလေလေ
၎င်းမှာနောက်ဆုတ်ပြေးလေလေဖြစ်နေရာမှ
လက်တကမ်းအကွာတွင်မျက်နှာကြက်ပေါ်သို့
ပြေးတက်ဟန်ပြင်လိုက်ရာ…
`မပြေးနဲ့`
ဦးမင်းအောင်မှ၎င်းအားသူ၏သန်မာသော
လက်နှစ်ဖက်ဖြင့်ဆွဲကိုင်ထားလိုက်ပြီးလျှင်
လက်ထဲရှိကြေးပြားလေးဖြင့်နဖူးအလယ်တည့်တည့်
အားဖိထားလိုက်ရာ၎င်းကြေးပြားလေးမှာဦးမင်း
အောင်လက်ထဲတွင်အဝါရောင်ကြေးပြားလေးဖြစ်
သော်လည်းမင်းထိုက်၏နဖူးတွင်ထိကပ်လိုက်သည်
နှင့်မီးခဲနှင့်ထိလိုက်သကဲ့သိူ့နီရဲသွားကာရှဲခနဲ
မြည်သွားပြီးလျှင်မင်းထိုက်ထံမှအလွန်အမင်းနာ
ကျင်မှုကြောင့်အော်ဟစ်လိုက်သောအသံအားကြား
လိုက်ရလေ၏…
`အားးးးး`
၎င်းနောက်လူဆိုးလူမိုက်ဘဒင်၏ဝိညာဉ်ဝင်ပူးနေ
သောမင်းထိုက်၏ကိုယ်မှာပျော့ခွေကာဦးမင်းအောင်
၏ခြေရင်းတွင်လဲကျသွားလေ၏
လဲကျသွားသောမင်းထိုက်၏ကိုယ်ထဲမှမီးခိုးငွေ့တန်း
တခုထွက်လာရာဦးမင်းအောင်မှာသူ၏လွယ်အိတ်ထဲ
မှထုံးဘူးအရွယ်သံဗူးလေးတခုအားထုတ်ယူ၍အဖုံး
ဖွင့်လ်ိုက်ရာ၎င်းအငွေ့တန်းမှာထိုဘူးလေးထဲသို့
ဝင်ရောက်သွားလေတော့၏
အငွေ့တန်းလေးဘူးထဲရောက်သွားသည်နှင့်
ဦးမင်းအောင်မှာအဖုံးပိတ်လိုက်ပြီးလျှင်ဂါထာရွတ်
ဖတ်ခြင်းအားရပ်တန့်လိုက်လေတော့၏
ပြီးနောက်ထိုဘူးလေးအားဦးမင်းအောင်မှာ
သူ၏လွယ်အိတ်ကြီးထဲသို့ထည့်လိုက်၍
ခြေရင်းတွင်သတိလစ်နေသောမင်းထိုက်၏
မျက်နှာအားရေမန်းဖြင့်ဖြန်းလိုက်ရာသတိရလာ
လေတော့၏
`ရွာထဲကနောက်ကလေးနှစ်ယောက်လဲသွားခေါ်ခဲ့ပါ
ရေမန်းနဲ့ပရိတ်ကြိုးချည်ပေးခဲ့မယ်`
`ဟုတ်ကဲ့ဆရာကြီး`
ဦးမင်းအောင်မှမင်းထိုက်ကိုယ်ထဲ
ဝင်နေသောသရဲအားဖမ်းချုပ်လိုက်သည်နှင့်
အဖျားကြီးကာကယောင်ကတန်းအော်နေသော
မိုးလေးမှာသက်သာသွားသည့်အပြင်
နိုင်ဝင်းအိမ်ပေါ်သို့ပစ်ချနေသောခဲလုံးများလည်း
ရပ်တန့်ကာကြောက်ရွံ့၍တက်သွားကာသတိလစ်
နေသောနိုင်ဝင်းမှာလည်းသတိပြန်လည်လာလေ
တော့သည်။
ဦးမင်းအောင်ခေါ်လွှတ်သောကြောင့်ရောက်လာ
သောနိုင်ဝင်း မိုးလေးနှင့်စိုးထိုက်အားဦးမင်းအောင်
မှရေမန်းနှင့်ပရိတ်ကြိုးများချည်ပေး၍
`နောက်ကိုအဲလိုမလုပ်နဲ့ကြားလား
ဆရာမနိုင်တဲ့သရဲနဲ့တွေ့ရင်မင်းတ်ုိ့အသက်ပါသွား
လိမ့်မယ်`
`ဟုတ်ကဲ့ပါဆရာကြီး
ကျနော်တို့ကကျနော်တို့ရဲ့သူငယ်ချင်းကားတိုက်ပြီး
သေသွားတဲ့ဝင်းစ်ိုးကိုခေါ်တာပါ`
`မင်းတို့ခေါ်တဲ့ဝင်းစိုးလာတာမဟုတ်ဘူး
ခုကတခြားဆိုးသွမ်းတဲ့ဝိညာဉ်ဝင်လာတာ`
`ဟုတ်`
`နောက်တခုကသရဲဆိုတာခေါ်ပြီးပြန်ပို့ရတယ်
မင်းတို့ကစည်းဖောက်တာကိုး`
`ခေါ်တာလည်းကိုယ့်လူ ဟုတ်မဟုတ်သေချာ
မသိတဲ့အပြင်ခေါ်ပြီးပြန်မပို့တော့မင်းတို့နောက်လိုက်လာတာပေါ့ နောက်ကိုဆင်ခြင်ကြပါကွယ်
ကိုယ်နဲ့မအပ်စပ်တာတွေမလုပ်ကြပါနဲ့`
`ဟုတ်ကဲ့ပါဆရာကြီး`
`သတိထားကြပေတော့`
ို့ပြောဆိုဆုံးမပြီးသည်နှင့်ဦးမင်းအောင်မှာ
သူ၏ဆေးလွယ်အိတ်ကြီးအားလွယ်ကာ
တပည့်နှစ်ယောက်ခြံရံလျက်ရွာလမ်းမတ
လျှောက်ခြေလှမ်းမှန်မှန်ဖြင့်အေးဆေးတည်ငြိမ်စွာ
ဖြင့်ပြန်သွားလေတော့သည်။
၎င်းထွက်သွားရာသို့ရွာသားများမှာရိုသေ
လေးစားအထင်ကြီးစွာလက်အုပ်ချီလျက်ကြည့်
ရင်းကျန်ရစ်ခဲ့ကြလေတော့သည်။
ဆက်လက်ကြိုးစားပါဦးမည်။
ပန်သုငယ်
၁၀.၈.၂၀၁၇
#Credit