” ၀မ်းတွင်းစုန်းမွေးတဲ့သရဲ ” (စ/ဆုံး)

” ၀မ်းတွင်းစုန်းမွေးတဲ့သရဲ ” (စ/ဆုံး)

===============================

မူးနွယ်ရွာကအိမ်ခြေငါးရာခန့်ရှိရွာကြီး
တစ်ရွာဖြစ်၏။
ရွာသားအများစုမှာလယ်ယာ၊ကိုင်းကျွန်း၊ဥယျာဉ်ခြံ
အလုပ်များလုပ်ကိုင်ကြသူများဖြစ်သည်။

ဥယျာဉ်ခြံများမှာ လူစောင့်အချိန်ပြည့်မနေနိူင်
သောခြံများမှာ သူခိုးသူဝှက်များခိုးယူမူခံကြရ၏။

ငှက်ပျောသီးခိုင်များ၊နာနတ်၊သရက်၊လိမ္မ်ာများမှာ
မရင့်မှည့်မှီအချိန်ကပင်သူခိုးများခိုးသောကြောင့်လူစောင့်တစ်ယောက်နေရ၏ ။

သို့ရာတွင် ရွာနဲ့နီးပြီးငှက်ပျော၊ သရက်၊ပိနွဲ၊လိမ္မ်ာမာလကာကျွဲကောကဲ့သို့အပင်များနဲ့အတူတစ်ခြားသောသီးနှံပင်များစိုက်ပျိုးထားသော ဧကတစ်ရာကျော်ခြံကြီးမှာရွာအပြင်အနောက်အရပ်တွင်ရှိနေ၏ ။

ရွာသချို င်္င်းက
ထိုဥယျာဉ်ခြံကြီးနဲ့မနီးမဝေးတွင်ရှိကာ၊ မူးနွယ်ချောင်းမှာဥယျာဉ်ခြံနဲ့မလှမ်းမကမ်းတွင်ရှိနေပါသည်။

သုံးရာသီပတ်လုံးရာသီပေါ်အသီးအနှံများဖူးပွင့်နေ
သောထိုခြံမှ အသီးအနှံများကိုမည်သည့်သူခိုးမျမခိုး
ဝံ့ကြပေ။

သရက်သီးကင်းလေးတစ်လုံးကိုမျအောက်တွင်ကြွေ
ကျ၍ကောက်ဝံ့သူမရှိ။

လက်ဆော့၊ခြေဆော့ခလေးများလည်းခြံအနားမကပ်ဝံ့သောနေရာ
တစ်ခုဖြစ်၏ ။

ထိုဥယျာဉ်ခြံမှအသီးအနှံများကိုဘာကြောင့်သူခိုးများ
မခိုးယူဝံ့ကြသလဲဆိုတဲ့ အကြောင်းအရင်းရှိနေပါ၏ ။

ဒေါ်မြစိန် ..။

အသက် ခြောက်ဆယ်သို့ ချည်းနင်း
ဝင်ရောက်နေသောအရွယ်၊ဆံပင်များတစ်ခေါင်းလုံး
ဖြူဖွေးပြီး၊ခါးကုန်းနေ၏ ။

မျက်ပေါက်မှေးမှေး ၊ ကျိုးပြီးဟိုတစ်ချောင်း၊ဒီတစ်ချောင်းသွားများက ကွမ်းချေးတက်နေသေး၏ ။

ရုပ်ရည်မှာညအချိန်ရုတ်တရက်မြင်တွေ့ပါကကြောက်
လန့်ကြမည်မှာ မလွဲပေ။

ရုပ်ဆိုးသည်သာမက ပါးစပ်ကကြမ်းသေး၏ ။

စကားပြောလျှင်အဆဲလေးပါမှပြောတတ်သလို ၊

သူစိတ်အလိုမကျပါက ကျိန်ဆဲတတ်သေးသည်။

ဥယျာဉ်ခြံက ဒေါ်မြစိန် ပိုင်ဆိုင်သော ဥယျာဉ်ခြံ

ဖြစ်ပြီး ခြံအလယ်တွင်

သစ်သားနှစ်ထပ်အိမ်ကြီးတစ်လုံးရှိနေပါသည်။

အိမ်တွင်ဒေါ်မြစိန်တစ်ယောက်သာနေထိုင်ပြီး

အသီးအနှံလာဝယ်သော

မြို့မှသစ်သီးကုန်သည်များနဲ့သာမလွဲမရှောင်သာမို့

စကားပြောဆက်ဆံသော်လည်း ရွာမှလူများနဲ့

အပြောအဆို အဆက်အဆံမရှိသူဖြစ်၏ ။

သူခိုးများကအဘွားကြီးတစ်ယောက်တည်းနေသောခြံမို့ ဥယျာဉ်ခြံအတွင်းဝင်၍သစ်သီးဝလံများခိုးယူဖူး

ကြသူများရှိသည်။

သူခိုးများမှာလူခြေတိတ်၊

သက်ကြီးခေါင်းချချိန်ခြံဝင်းအတွင်းဝင်၍ အသီးအနှံ

ခိုးယူရန်ဝင်ရောက်လာချိန်တွင် ကိုင်သူကိုမမြင်ရသော

တုတ်တစ်ချောင်းကလေပေါ်တွင်ဝဲလာပြီး သူခိုးများကို

အဆက်မပြတ်လိုက်ရိုက်ပါတော့သည်။

သူခိုးများမှာ လူမမြင်ရပဲ

တုတ်ဖြင့်အရိုက်ခံနေရသောကြောင့်

ကြောက်လန့်နေသည့်အပြင် ။

တုတ်ဖြင့်အရိုက်ခံရသောကြောင့်နာကျင်လွန်းသော

ကြောင့်အော်ဟစ်၍ပြေးကြရာတုတ်ကနောက်မှလိုက်

ရိုက်နေသောကြောင့် ရွာအနီးရောက်ပြီး ရွာသားများ

ရောက်လာမှတုတ်က ဥယျာဉ်ခြံဖက်သို့ ပြန်သွားတော့၏ ။

မူးနွယ်ရွာလူကြီးမှာ ညအချိန် အော်ဟစ်သံများ

ကြားရလျှင်ထိတ်တုံးကိုအဆင်သင့်ပြင်ထားတော့၏ ။

ထိုအသံများကြားလျှင်

ဒေါ်မြစိန်ခြံတွင်းဝင်ခိုးသောသူခိုးများအော်သံဖြစ်

ကြောင်းသိနေပြီဖြစ်သည်။

ခိုးဝှက်တတ်သူများမှာနောက်ပိုင်းတွင်ဒေါ်မြစိန်ခြံအနား

သို့ပင်ခြေလှမ်းမသီဝံ့ကြတော့ပေ။

သရက်သီးကင်းလေးများကျနေ၍

ဒေါ်မြစိန်ထံခွင့်ပြုချက်မတောင်းပဲကောက်ယူပြီးစား

သောက်မိသူများမှာ စားပြီးမကြာမှီအချိန်မှာပင်

ဗိုက်အောင့်သည်ဆိုကာ လူးလှိမ့်နေတတ်ကြ၏ ။

ထိုအချိန်မျိုးတွင်

ဒေါ်မြစိန်မှာအိမ်ရှေ့သို့ကြိုသိနေသူအလားရောက်လာ

တတ်ပြီး သောက်ရေအိုးမှရေတစ်ခွက်ခပ်၍

မန်းမူတ်ပြီး သောက်ခိုင်းရာ ရေသောက်ပြီးသည်နဲ့

ဗိုက်အောင့်ဝေဒနာမှာ ယူပစ်သည်အလား

ပျောက်ကွယ်သွားတတ်သည်….။

ဒေါ်မြစိန်က ရွာသားများနဲ့ မရောနှောသော်လည်း

ရွာသားများ ဒုက္ခရောက်လျှင်တော့ကူညီတတ်သည် ။

တစ်ခါက နွားကျောင်းသား ငမိုးတစ်ယောက်

ညနေစောင်းအချိန် နွားကျောင်းရာမှပြန်အလာတွင်

မြေဂမူတစ်ခုကို ခလုတ်တိုက်ပြီး ခြေခေါက်လဲကာ

တငိုငိုတရီရီဖြင့် ပါးစပ်မှပြောချင်ရာပြောကာ အသိ

စိတ်ပျောက်နေသောကြောင့် မိဘများမှာ ဒေါ်မြစိန်ကို

သွားခေါ်ကြရာ ရောက်လာသည်နဲ့ အိမ်ပေါ်မတက်ခင်

မြေကြီးကိုဖနောင့်တစ်ချက်ပေါက်လိုက်သည်။

”…ဟိတ်..အကောင်…မြေဖုတ်ဘီလူး.. နင်ဒီလောက်တောင် ငတ်နေလား ခလေးကိုဒုက္ခ
ပေးပြီးဖမ်းစားတာ၊ ခု..ထွက်မလား ၊ မထွက်ဘူးလား
ခုမထွက်ဘူးဆိုရင် နင်ဆီငနက်ကျော်ကို ငါလွတ်လိုက်မယ်…. ”

ဒေါ်မြစိန်မှာအိမ်ပေါ်သို့မတက်ပဲ အောက်မှကြိမ်းဝါး

လိုက်ရာ

ခနအကြာတွင်အကောင်းပကတိအခြေအနေရောက်

သွားသည်ကအံ့သြစရာပင်ဖြစ်၏ ။

ဒေါ်မြစိန်ခြံဘေးမှဖြတ်သွားဖြတ်လာတစ်ချို့မှာ

ဒေါ်မြစိန်ခြံဝိုင်းအတွင်းမရဲတရဲချောင်းကြည့်ကြရာ

အရပ်ဆယ့်နှစ်တောင်ခန့် မျှအမြင့်ရှိသော လူဝံပုံစံ

ကြောက်လန့်စရာသရဲကြီးတစ်ကောင်ကို ဒေါ်မြစိန်က

အသားများကျွေးမွေးနေတာ

မြင်ခဲ့ရကြောင်းပြောကြသလို ။ တစ်ချို့လူများက

ဒေါ်မြစိန်ခြံ ဥယျာဉ် ခြံ

ထောင့်လေးထောင့်တွင်စိုက်ပျိုးထားသော

စပါးလင်ပင်များအပေါ် ကြက်အရှင်ကိုလည်ပင်းလှီးပြီး

ထွက်လာသောသွေးများလောင်းချနေကြောင်း

ပြောလာကြသည် ။

မူးနွယ်ရွာမှ လူကြီးများပြောပြချက်အရ စပါးလင်ပင်

များက အညှီအဟောက်များကို ကြိုက်နှစ်သက်ကာ

အညှီအဟောက် အနံ့အသက်ပြင်းသော

အသားဟင်းများတွင်စပါးလင်ထည့်ချက်ပါက

အညှီနံ့များကိုစပါးလင်ပင်မှစုတ်ယူသွား၍ဟင်းချက်ရာ

တွင်သုံးကြကြောင်း။

ဖုတ်သရဲမွေးသော အောက်လမ်း ဆရာများမှာ

ဖုတ်သရဲမွေးမြူရန်စပါးလင်ပင်ကိုကြားခံအဖြစ်အသုံးချ

၍ မွေးမြူတတ်ကြကြောင်းဆိုလာသည်။

စပါးလင်ပင်အကြောင်းအရာနဲ့ဆက်စပ်၍

မူးနွယ်ရွာတွင်ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်

ပျက်ဖူး၏ ။

ထွန်းနိူင်မှာမူးနွယ်ရွာတွင်သားသတ်လိုင်စင်ယူထား

သူဖြစ်၏ ။

နွား၊ဝက်များကို ဝယ်ပြီး ကိုယ်တိုင်သတ်ဖြတ်ကာ

ဇနီးဖြစ်သူက

မူးနွယ်ရွာစျေးတွင်ဆိုင်ခင်းရောင်းချသည်။

ထွန်းနိူင်အလုပ်သောနေရာမှာ ရွာနဲ့ခပ်လှမ်းလှမ်း

အရပ်တွင် တဲထိုးပြီးသူ့အကုသိုလ်အလုပ်များကို

မနက်စောစောသုံးနာရီလေးနာရီအချိန့်ခန့်ကပင်သတ်

ဖြတ်ခုတ်ထစ်ကာ မိုးလင်းစျေးဖွင့်ချိန်အမှီ လုပ်ထား၏ ။

ထွန်းနိူင်တစ်ယောက်တစ်ယောက်နေမကောင်း၍

အလုပ်တပတ်ခန့်နားလိုက်ရသည်။

တခြားသောအလုပ်များဆိုပါက ပိုင်ရှင်မအားသောအခါ

လူငှါးခေါ်၍ရသော်လည်း ယခုလိုအလုပ်မျိုးကို

လူငှါးရှာမရသောကြောင့် ထွန်းနိူင်နေမကောင်းချိန်

တပတ်အတွင်းနားထားရသည် ။

နေကောင်းလာချိန်တွင်ထွန်းနိူင်မှာအလုပ်မလုပ်ဖြစ်

တာကြာ၍ဝင်ငွေထိခိုက်

နေပြီမို့မြိုးမြိုးမျက်မျက်ရအောင်နွားတစ်ကောင်ဝယ်၍

မနက်သုံးနာရီခန့်သူ့လုပ်ငန်းစတင်နေပါတော့သည်။

ရေနံဆီမီးအိမ်ကြီးကိုထုတ်တန်းပေါ်တွင်ချိတ်ထားရာ

မီးရောင်ကမြေစိုက်တဲအတွင်းဖျာကျနေ၏ ။

မြိနေအောင်သွေးထားသော

သားခုတ်ဓားတစ်ချောင်းကို ကိုင်၍ နွားတစ်ကောင်လုံး

ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ထွန်းနိူင်တစ်ယောက်

ကျွမ်းကျင်၊ကျင်လည်စွာဖြတ်တောက်

လျှက်ရှိနေသည် ။

အသားများခုတ်ဖြတ်နေသောနေရာမှ

သွေးများကျနေရာသွေးကိုတဲအတွင်းအိုင်မထွန်းနေစေ

ရန် မြောင်းတစ်ခုဖောက်ထား၏ ။

ထွန်းနိူင်နွားခုတ်ရာနေရာမှသွေးများမှာ

ထိုမြောင်းအတိုင်း ရေစီးသလို

စီးကျနေလျှက်ရှိနေသည် ။

”…မင်းငါ့ကိုမကျွေးမမွေးပစ်ထားတယ်…ဒီရက်တွေထဲ ငါအတော်ဆာနေတာကွ…”

…….ဟာ……..

သြရှရှလည်ချောင်းသံကြားလိုက်ရပြီး တဆက်တည်း

တဲအတွင်းလှမ်းဝင်လာသူတစ်ယောက်ကြောင့်

ထွန်းနိူင်မှာအလုပ်တွင်အာရုံရောက်နေရာမှဆတ်ခနဲ

မော့ကြည့် လိုက်မိသည်။

…ပျပ်…ပျပ်….ပလပ်….ပလပ်……

တဲအတွင်းဝင်လာသူမှာ တခေါင်းလုံးပြောင်နေ၏ ။

မျက်လုံးမှာ မျက်ခွံ၊မျက်ရစ်မပါသောကြောင့် ပြူး၍

အပြင်သို့ပြုတ်ထွက်ကျမလိုဖြစ်နေကာ၊

ပါးစပ်မှာနားရွက်နားရောက်သည်အထိအထိပြဲလန်ကာ

နူတ်ခမ်းမပါသောကြောင့်အကျဲသားပေါ်

နေသောချွန်မြ၍ ငါးမန်းသွားလို

သွားချွန်များပါးစပ်အပြည့်ရှိနေ၏ ။

တစ်ကိုယ်လုံးသွေးများဖြင့်ရေချိုးထားသလို

သွေးများချွဲနစ်ကာ

အဝတ်အစားမပါသောကိုယ်တွင်

ယောက်ကျား၊မိန်းမ လိင်အင်္ဂါမပါ

သောသူတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့်

ထွန်းနိူင်တစ်ယောက် ကြောက်လန့်စိတ်ဖြင့်

ကြောင်၍ကြည့်နေမိသည်။

ကြောက်လန့်စရာအသွင်အပြင်ရှိသောထိုအကောင်ကြီး

မှာတဲအတွင်းဝင်လာရင်း ဘာကိုမှဂရုစိုက်ဟန်မရှိပဲ

ထွန်းနိူင်အကြမ်းခုတ်၍ ပုံထားသော အသားပုံအနီး

ဆောင့်ကြောင့်ထိုင်ပြီး အသားတုံးများကိုအားရပါးရစား

ကိုက်ဖဲ့စားနေမိပါတော့သည်။

…အား….အောင်မလေး…..သရဲ….သရဲ……

ထွန်းနိူင်တစ်ယောက်တဲပြင်သို့မည်သို့မည်ပုံရောက်လာ

မှန်းမသိလိုက်ကြောက်လန့်ဇောက ငယ်ထိပ်ကို

ခုန်တက်ဖောက်ထွက်တော့မလားခံစားနေပြီမို့အ

သံကုန်ခြစ်အော်ပြီးရွာသို့ပြေးပါလေတော့သည် ။

မနက်စောစောတစ်ကိုယ်လုံးသွေးသံတရဲရဲ၊

အမဲခုတ်ဓားကြီးလက်မှကိုင်။

ပါးစပ်မှဝူးဝူးဝါးဝါးအော်ပြီး ရွာထဲပြေးလာသူထွန်းနိူင်ကို

ရွာသားများမှာရုတ်တရက်တွေ့ရချိန်ဘာဖြစ်လို့

ပြေးလာမှန်းမသိတာမို့ ဝင်မဆွဲရဲမတားရဲကြပေ။

ရွာလယ်လမ်းတွင်အမောဖောက်ပြီးပါးစပ်မှ

အမြုတ်တစီစီထွက်ကာ

ထွန်းနိူင်သတိလစ်လဲကျသွား

ချိန်ကျမှအိမ်သို့ပို့လိုက်ကြ၏ ။

ထွန်းနိူင်မှာ သတိရလာသောအခါပါးစပ်မှဝူးဝူးဝါးဝါး

အော်၍
ကုန်းရုန်းထပြေးမလိုလုပ်နေတာကြောင့်အားကောင်းမောင်းသန်ယောက်ကျားကြီးနှစ်ယောက်ဝိုင်းချုပ်ထားရ၏။

နောက်တော့မှငြိမ်ကျသွားပြီး သူကြုံခဲ့ရသော

အမဲသားလာစားသောကြောက်လန့်စရာမကောင်းဆိုး

ဝါးအကြောင်းပြောပြလာသည်။

ရွာသားများမှာ

ထွန်းနိူင်ပြောစကားကြောင့်ထွန်းနိူင်သားသတ်တဲသို့

သွားကြည့်ကြရာ အမဲဖျက်သောနေရာတွင်သွေးများ

သာတွေ့ရပြီးနွားတစ်ကောင်လုံးပျောက်ဆုံးသွား

ကြောင်းတွေ့လိုက်ကြရတော့၏ ။

အားလုံးမှာထွန်းနိူင်အဖြစ်အပျက်ကိုအံ့သြကုန်ကြတော့၏။

အချိန်တိုအတွင်းနွားတစ်ကောင်လုံးအစရှာမရ

ပျောက်သွားခြင်းကအားလုံးအတွက်အံ့သြသင့်စရာပင်။

ထွန်းနိူင်တစ်ယောက်သားသတ်ခြင်းလုပ်ငန်းကို

ရက်အကန့်အသတ်မရှိရပ်နားလိုက်တော့သည်။

ကြောက်လန့်စရာမြင်ကွင်းမြင်ခဲ့ရသောကြောင့်

လန့်ဖျားပြီး ဆေးကုနေရသေး၏.. ။

ထွန်းနိူင်ဇတ်လမ်းကထိုနေရာတွင်မရပ်သေးပေ။

ထွန်းနိူင်အလုပ်မဆင်း၍သားသတ်လုပ်ငန်းမလုပ်ပဲ

လေးငါးရက်ခန့်အကြာတွင် ရွာထဲမှဝက်မွေးထားသော

ကိုသောင်းဟန်တစ်ယောက်ညအချိန်

ဝက်များကြောက်လန့်တကြားအော်ဟစ်ဆူညံနေသံ

အောက်သို့ဆင်းကာ ဝက်ခြံရှိရာ လက်နှိပ်ဓာတ်မီးဖြင့်

ထွန်းကြည့်လိုက်ရာရုန်းကန်အော်ဟစ်နေသော

ဝက်ကိုပခုံးပေါ်

ထမ်းထားသူတစ်ယောက်

တွေ့လိုက်ရသည် ။

…ဟေ့ကောင်..ဝက်သူခိုး..ဝက်ကိုအခုချလိုက်စမ်း..

အရေးပေါ်ပါကဘေးဆီးရန်ကာသဘောမျိုးအိမ်ဘေး

တွင်ထားသော

ပျဉ်းသားအနှစ်လက်တကိုင်စာတုတ်ကိုကိုင်ပြီးကြိမ်းမောင်း
ရင်းတဆက်တည်း ဝက်သူခိုးအနီးပြေးသွားကာ

ရှေ့မှပိတ်ရပ်လိုက်၏ ။

..အတော်အတင့်ရဲတဲ့အကောင်ငါ့ဝက်အခုချလိုက်စမ်း…သူခိုး….

..ဟာ…အောင်မလေး…သ…သရဲ…..

ဒေါသစိတ်ဇောကပ်နေသည်မို့ဝက်သူခိုးကိုသတိထား

မကြည့်မိပဲပြောချင်ရာပြောနေသော

ကိုသောင်းဟန်မှာ

ကိုယ်လုံးတီးဖြင့်သွေးများတကိုယ်လုံးရွဲနေသော

ကြောက်လန့်စရာရုပ်သွင်ပိုင်ရှင်ကိုတွေ့လိုက်ရ

သောအခါ

ပြောလက်စ စကားများရပ်ကုန်ပြီး

ကြောက်လန့်တကြားအော်ဟစ်လိုက်ပါတော့သည်။

ကြောက်လန့်စရာသရဲကြီးမှာ ဝက်ကြီးကိုထမ်းပြီး

အမှောင်အတွင်းတိုးဝင်ပျောက်ကွယ်သွားတော့သည်။

သောင်းဟန်အဖြစ်အပျက်အပြီးသုံးလေးရက်အကြာ

မှာပင်ဆိတ်မွေးသော မြင့်နိူင်တစ်ယောက် သူ့ဆိတ်ကို

လာခိုးသော သရဲကြီးနဲ့ ကြုံရပြန်သည်။

နောက်ထပ်ရက်ခြားဆိုသလို နွားပေါက်နေသော

ဦးမြအေးနွားပေါက်လေးကို

သရဲကြီးဖမ်းယူသွားပြန်၏ ။

သရဲမှာတစ်ရွာလုံးမွှေနှောက်ကာ

မွေးထားသောအကောင်များဖမ်းစားနေခြင်းကြောင့်

ရွာလူကြီးကိုပြသာနာကိုပြောပြ၍တိုင်တန်းကြရာ

ရွာလူကြီးမှာအရေးပေါ်အစည်းအဝေးလုပ်ရပါတော့သည်။

”..ကျုပ်တို့ရွာမှာခုလိုမျိုးတခါမှ သရဲကရွာက

အိမ်မွေးတိရိစ္ဆာန်တွေဖမ်းစားတာ မကြုံဖူးတော့

ဘာလုပ်လို့ ဘာကိုင်ရမယ်မသိတော့ဘူး…..”

”…ကျုပ်ကတော့ဗျာ ဒီကိစ္စဟိုမကောင်းဆိုးဝါးမကြီး

လက်ချက်ထင်တယ်…….”

”..ဘယ်သူများလဲဗျ…မကောင်းဆိုးဝါးမကြီးက…”

” ဒေါ်မြစိန်လေဗျာ သူပဲတစ်ယောက်ရှိတာ…”

”….ဖြစ်နိူင်ပါ့မလားဗျာ…သူက ရွာနဲ့အဆက်အဆံ
လုပ်တာလည်းမဟုတ်ဘူး….နောက်ပြီးရွာကလူတွေကိုလည်း ဒုက္ခမပေးဖူးဘူး….”

”…အဲတာတော့ဟုတ်တယ်…သူ့ခြံကပစ္စည်းတွေခိုးဝှက်သူတွေကိုသာဆုံးမတာ ဒါပေမယ့် ကျိုးပဲ့အောင်
လုပ်တာမျိုးတခါမှမရှိဘူး..နောက်မလုပ်ရဲအောင်ပဲ
ပုံစံပြဆုံးမတာ…”

”…သူမလုပ်ဖူးဆိုပေမယ့်.. သူသရဲမွေးထားတာရွာက

မြင်တဲ့လူတွေမြင်တယ်…
ခုကသူမွေးထားတဲ့သရဲတွေကိုအစာမကျွေးနိူင်လို့

ရွာထဲကမွေးထားတဲ့ အကောင်

တွေဝင်စားတာဖြစ်ရမယ်..”

”..ဟုတ်တယ်သူကြီးအဲတာ ဖြစ်နိူင်တယ်
သူကြီးဒီအတိုင်းကြည့်နေတော့မှာလား ကြာရင်
တိရိစ္ဆာန်တင်မကပဲလူပါအန္တရယ်ရှိလာနိူင်တယ်နော်….”

”….ငါကဘာလုပ်ရမှာတုန်းဟ…”

”..ဘာလုပ်ရမှာလဲ ဒေါ်မြစိန်ကိုသွားသတိပေးရမှာပေါ့….”

”…ဟေ….”

သူကြီးနဲ့ ရပ်ရွာလူကြီးများရပ်ရွာပြသာနာကိုဆွေးနွေး

တိုင်ပင်ကြရင်းနောက်ဆုံးယခုပြသာနာမှာဒေါ်မြစိန်

ကြောင့်ဟုကောက်ချက်ချပြီးဒေါ်မြစိန်ကိုသတိပေးစကား
ပြောရန် သူကြီးကိုဝိုင်းပြောကြရာ သူကြီးတစ်ယောက်

လန့်ဖျတ်၍ အာမေဋိတ်သံထွက်သွားပါတော့၏ ။

သူကြီးနဲ့ရပ်ရွာလူကြီးများမှာခြံရှေ့တွင်တွန့်ဆုတ်၊

တွန့်ဆုတ်ဖြစ်နေကြ၏ ။

ဒီအတိုင်းဝင်သွားလျှင်ဒေါ်မြစိန်က

သူကြီးသောဘာသောမရှောင်ဆဲဆိုလွတ်ပါက

ရပ်ရွာတွင်သိက္ခာကျမည့်အရေးမို့သူကြီးလည်းတွန့်

ဆုတ်နေခြင်းပင်။

”..ခြံရှေ့ မှာရစ်သီ၊ရစ်သီနဲ့ သူခိုးတွေလားဟဲ့…

မြစိန် အကြောင်းမသိဘူးထင်တယ်…..”

ခြံရှေ့မှသူကြီးတို့လူစုမှာအိမ်အတွင်းဒေါ်မြစိန်လှမ်း

အော်သံကြောင့် ကျောတွန့်သွားကြတော့၏ ။

”…မမြစိန်…ကျွန်တော်ကျော်အောင်ပါ…ခြံထဲ ဝင်လာလို့ရမလား….”

” ..အမလေးလေး….ငါ့အိမ်ကိုမလာစဖူး. အလာထူး
ရွာလူကြီးတောင်လာလို့ပါလား ခြံတခါးဖွင့်ထားတယ်
ဝင်လာလို့ရတယ် ခြံထဲခွေးလည်းမရှိကျားလည်းမရှိဘူး
သရဲတော့ရှိတယ်နော်….ဟင်း….ဟင်း ……..ဟင်း…”

”..သူကြီး ကျုပ်တို့ဒီကစောင့်နေမယ် ဘာမှမကြောက်နဲ့သွား…”

”…ဟုတ်တယ် သူကြီးတစ်ခုခုဖြစ်ရင် ကျုပ်တို့ကြည့်
မနေပါဘူး….”

”.နင့်မေကြီးတော်တခုခုဖြစ်ရမလား ဖွဟဲ့..လွဲပါစေဖယ်ပါစေ….”

ဒေါ်မြစိန်ကသူ့အိမ်တွင်သူရဲရှိကြောင်းပြောပြီးသဘောကျစွာရယ်နေသံကြောင့် တခြားသူများက သူတို့မလိုက်ပဲသူကြီးကိုသာ ခြံထဲဝင်ခိုင်းနေခြင်းကြောင့် သူကြီးမှာဒေါကန်ကာ
ဆဲလိုက်ရင်းမဝံ့မရဲခြေလှမ်းများနဲ့ ခြံထဲဝင်ပြီး
အိမ်အနီးရပ်နေလိုက်သည်။

”….အဲမှာပဲ ရပ်နေတော့မှာလားကျော်အောင်
အိမ်ပေါ်မတက်တော့ဘူးလား…”

… ဟုတ်..ဟုတ်…

သူကြီးအိမ်အောက်ရပ်နေစဉ်အိမ်ပေါ်မှဒေါ်မြစိန်ခေါ်သံကြားလိုက်ရတာကြောင့် သူကြီးလည်းအိမ်ပေါ်တက်လာခဲ့တော့သည်။

အိမ်ဧည့်ခန်းမှာပြတင်းတခါးများပိတ်ထားခြင်းကြောင့်

အလင်းရောင်အားနည်းနေ၏ ။

သူကြီးက အခန်းအတွင်းဝေ့ကြည့်ရာ

အိမ်ဗုဒ္ဓဟူးထောင့်တွင် ဘုရားစင်ကိုမတွေ့ရပဲ

ဘုရားစင်အစား လင်းတ ရုပ်တုကြီးတစ်ခုနဲ့အတူ၊

ထမီရင်လျှား၀တ်ပြီးတောင်ဝှေးထောက်ရပ်နေသော

အဘွားကြီးအရုပ်ကိုစင်ပေါ်တွင်တင်ထားသည်ကို

တွေ့ရသည်။

ဆံပင်ကိုခေါင်းတွင်ဖုလုံးလေးထုံးလျက်

အရိုးခေါင်းတောင်ဝှေးကိုထောက်ကာ

စူးရှရှမျက်လုံးများဖြင့်ရှိနေသော ရုပ်ထုက မနှစ်

မြို့စရာကောင်းသော်လည်း အသက်ဝင်ပီပြင်စွာ

ရှိနေ၏ ။

လင်းတရုပ်နဲ့ အဘွားအိုရုပ်ရှေ့တွင်

ဖယောင်းတိုင်များအစီရီမီးထွန်းထားသလို၊

အမွေးတိုင်များမီးရှို့ထားရာမှမီးခိုးတလူလူက

အခန်းအတွင်းဝေ့ဝဲစွာပျံ့လွင့်နေသည်။

”…ဘာကိစ္စလဲပြော
ကျော်အောင်.နင်တို့ရွာကသရဲကိစ္စလာတာဆိုရင်တော့

ငါလုပ်တာမဟုတ်ဘူး..ငါနဲ့မဆိုင်ဘူး….”

…ဗျာ……

ခန်းရင်းခန်းတွင်အနက်ရောင်ဝတ်စုံကိုထက်အောက်

ဆင်တူဝတ်ထားသော ဒေါ်မြစိန်ကိုရုတ်တရက်မမြင်

ပဲ အခန်းအတွင်းမှထူးဆန်းသောရုပ်ထုနှစ်ခုကို

ိုငေးကြည့်နေမိသောသော ရွာလူကြီးကျော်အောင်မှာ

ဒေါ်မြစိန်ကစပင်မစရသေးသောစကားကိုအပိတ်ပြော

လိုက်သောစကားကြောင့်ဘာဆက်ပြော

ရမည်မသိအောင်ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည် ။

သို့ရာတွင်လည်း ရွာရွာအရေးကိစ္စမို့ရွာလူကြီးဖြစ်သော

သူ့တွင်တာဝန်ရှိသောကြောင့် ပြောမည့်စကားလုံးများ.

ရွေးချယ်နေမိ၏ ။

”…ဟို..ဟို..ရွာမှာအခုတလောသရဲတကောင်

ကရွာထဲဝင်ပြီးသောင်းကျန်းနေတာ ဖြစ်နိူင်ရင်

ကူညီပေးပါလို့ အကူအညီ တောင်းချင်ပါတယ်….”

”…ဟင်း…ဟင်း…ဟင်း…

မြစိန်တို့များ တစ်ရွာလုံးက အဖက်မလုပ်ချင်ကြတ

အခုကျတော့

အရေးတယူနဲ့ရွာလူကြီးကတောင်ခေါ်လို့….”

”…ဆရာတော်ပင့်ပြီးရွာမှာ ပရိတ်လည်းရွတ်ပြီးပါပြီ

ရွတ်တဲ့တစ်ညပဲမလာဘူး ၊နောက်ရက်တွေကျဆက်

လာနေလို့ ကြာရင်လူတွေအန္တရယ်ဖြစ်လာနိူင်တယ်

ဖြစ်နိူင်ရင်ကူညီပေးပါမမြစိန်.. ”

ဒေါ်မြစိန်လှောင်ရယ်သွေးကာပြောလာသောစကားကို

ရွာလူကြီးကျော်အောင်က သည်းခံနားထောင်
ပေးနေသည်။

”…နင်တို့ပရိတ်ရွတ်လို့မရတဲ့သရဲက

ရိုးရိုးသရဲမဟုတ်ဘူး မွေးထားပြီးဖြစ်လာတဲ့သရဲပဲ

ဒါကြောင့်မို့ ပရိတ်ရွတ်ချိန်ခနပဲ မလာနိူင်တာ…”

”.. ဗျာ…မွေးထားတဲ့သရဲဟုတ်လား….”

”..အဲအကြောင်းတွေ နင့်ကိုရှင်းပြလို့ နင်သိမှာ

မဟုတ်ပါဘူး ညဆယ်နာရီ နင်တို့ရွာသားသတ်

တဲအနားမှာ ငါအဲဒီသရဲကိုဆုံးမပြီး နှင်ပေးမယ်….

သရဲဘာလဲသိချင်ရင်ဘယ်သူမဆိုလာကြည့်နိူင်တယ်

သရဲမြင်လို့

လန့်ပြီးသေကြရင်ငါတာဝန်မဟုတ်ဘူးနော်…”

ရွာလူကြီးကျော်အောင်တစ်ယောက်ယခုမှသက်ပြင်း

မောကြီးချလျှက်ဒေါ်မြစိန်ကိုနူတ်ဆက်ပြီးပြန်လာ

ရာ စိုးရိမ်တကြီးခြံဝမှစောင့်ကြည့်နေသူများကိုပြုံးပြီး

လက်မထောင်ပြလိုက်တော့မှအားလုံးလည်းအခြေနေ

ကောင်းမှန်းသိလိုက်ရတော့၏ ။

ရွာလူကြီးမှာဒေါ်မြစိန်သရဲနှင်မည့်အကြောင်းရွာသား

များညဖက်အပြင်မထွက်ရန်မှာကြားထားသည်။

ဒေါ်မြစိန်တစ်ယောက် ညဆယ်နာရီထိုး ခါးနီးအချိန်ထွန်းနိူင်သားသတ်တဲအနီးရောက်ရှိနေ၏ ။

သတ္တိကောင်းသောရွာသားတစ်ချို့မှာ ရွာဖက်အခြမ်း
ခြုံပုတ်များ၊သစ်ပင်များကြားတွင်ပုန်းအောင်းပြီး ဒေါ်မြစိန်သရဲနှင်မည့်သရဲနှင်ပွဲကိုစောင့်ကြည့်နေကြ၏။

လပြည့်ညလရောင်အောက်တွင်ဒေါ်မြစိန်တစ်ယောက်
သားသတ်တဲမနီးမဝေးတွင်ရပ်နေသည်။

… ငါ့နယ်မှာလာပြီး သောင်းကျန်းနေတဲ့ သရဲ

အခုထွက်လာစမ်း…

တိတ်ဆိတ်သောညတွင်ဒေါ်မြစိန်၏အသံစူးစူးကငှက်ဆိုးထိုးသံအလား ထွက်ပေါ်လာသည်။

…တယ်..မြစိန်အကြောင်းမသိဘူးထင်တယ်
အခုလာစမ်းဟဲ့….

ဒေါ်မြစိန်မှာခနမျှစောင့်ကြည့်ပြီးအခြေအနေမထူးသောကြောင့်မြေပြင်ကိုဖနောင့်သုံးချက်
ပေါက်၍နောက်တကြိမ်ဒေါသ
သံဖြင့်ခေါ်လိုက်ရာစောင့်ကြည့်နေသူများမှာဘာဆက်ဖြစ်မလဲဟုရင်တဖိုဖို စောင့်ကြည့်နေကြချိန်။

သားသတ်ရုံအနီးခြုံပုတ်မှာလူပ်လူပ်ရွရွဖြစ်လာပြီး
အကောင်ကြီးတစ်ကောင်ထွက်လာသည်။

တကိုယ်လုံးသွေးများဖြင့်ဖုံးလွမ်းနေသောသော
အကောင်ကြီးမှာ ဒေါ်မြစိန်ထံ တဟုန်ထိုးပြေးဝင်လာ
ရာစောင့်ကြည့်နေသူများမှာဒေါ်မြစိန်အတွက်စိတ်ပူသွားကြသော်လည်း ဒေါ်မြစိန်တစ်ယောက်နေရာမှ
တစ်လက်မပင်မရွေ့ပေ…။

..ဝုန်း..

ဒေါ်မြစိန်ထံပြေးလာသောအကောင်ကြီးမှာ ဒေါ်မြစိန်အနီးမရောက်မှီ လမ်းခုလတ်တွင်
ဘယ်ကရောက်လာမှန်းမသိသောလူဝံကဲ့သို့အ
ကောင်ကြီးတစ်ကောင်က ဝင်လုံးလိုက်ပါတော့သည်။

ပုန်းအောင်းကြည့်နေသူများမှာ ပထသရဲကြီးနဲ့
နောက်ရောက်လာသော သရဲကြီးသတ်ပုတ်ရာမှ
တဖုန်းဖုန်းတခွပ်ခွပ်ထိုးကြိတ်သံများကိုပင်
ကြားနေကြရသည် ။

ပုန်းအောင်းကြည့်နေကြသူများမှာ သရဲကြီးနှစ်ကောင်သတ်နေသောနေရာနဲ့ အတန်ငယ်ဝေးနေသောကြောင့် သရဲကြီးရုပ်သွင်များ
ကိုသေချာတော့မမြင်နိူင်ကြပေ။

မကြာမှီအချိန်အတွင်းနောက်လုံးထွေးနေကြသော
သရဲကြီးနှစ်ကောင်မှနောက်ရောက်လာသော လူဝံကဲ့သို့အကောင်ကြီးက အကောင်လည်းပိုကြီးအားလည်း
ပိုသာသည်မို့အပေါ်မှရောက်သွားပြီး တဖုန်းဖုန်းတခွပ်ခွပ်ထိုးကြိတ်လျှက်ရှိနေသည် ။

…သားကြီး..ငနက်ကျော်.. တော်ပြီ…

တချိန်လုံးရပ်ကြည့်နေသောဒေါ်မြစိန်ထံမှတားမြစ်သံထွက်ပေါ်လာသည် ။

နောက်မှရောက်လာသောလူဝံပုံစံအမွေးစုတ်ဖွားသရဲကြီးမှာဒေါ်မြစိန်ဟန့်တားသံကြောင့်ထိုးကြိတ်ရာကိုရပ်လိုက်ပြီးအောက်မှသရဲကိုဂုတ်ကိုဆွဲကိုင်ကာထလိုက်သည်။

ဒေါ်မြစိန်မှာသရဲနှစ်ကောင်အနီးသို့လျှောက်သွားပြီး
သူ့တောင်ဝှေးဖြင့် သွေးများတစ်ကိုယ်လုံးဖုံးနေသော
သရဲခေါင်းကိုခတ်ဆတ်ဆတ်ခေါက်လိုက်ရင်း..

…နင့်ကိုနောက်တခါ ငါ့နယ်မှာတွေ့ရင် တခါတည်း
အသေသတ်လိုက်မယ် ခုပထမဆုံးအကြိမ်မို့
ခွင့်လွတ်လိုက်မယ် သွားတော့….

ဒေါ်မြစိန်က အံ့ကြိတ်ကြိမ်းဝါးသံဖြင့်သတိပေးရင်း
ငနက်ကျော်ဆိုသောသရဲကြီးမှဂုတ်မှကိုင်ထားသောလက်ကိုလွတ်လိုက်ရာသရဲကြီးမှာထိုနေရာမှတရှိန်ထိုးပြေးလွားထွက်ခွာသွားသည်ကိုစောင့်ကြည့်နေသူများတွေ့လိုက်ကြရ၏ ။

….ရွာသားတွေနင်တို့ရွာလူကြီးကိုပြောလိုက်

ဒီအနားက စပါးလင်ခြုံကိုအမြစ်ပါမကျန်ရှင်းပြီး

မီးရိူ့လိုက်ဖို့ မြစိန်က မှာခဲ့တယ်လို့..

ငါပြောတာမလုပ်လို့နောက်သရဲတစ်ကောင်ပေါ်လာ

ရင်ငါ့ကိုလာမခေါ်နဲ့လို့ပြောလိုက်ကြ…

ရွာသားများပုန်းအောင်းကြည့်နေရာဖက်သို့ လှည့်ကြည့်
ရင်းဒေါ်မြစိန်ကအသံကျယ်ကျယ်နဲ့ ပြောဆိုလိုက်ပြီး
တောင်ဝှေးတဒေါက်ဒေါက်ထောက်၍ထွက်ခွာသွားတော့၏ ။

လူဝံပုစံသရဲကြီးမှာ ဒေါ်မြစိန်နောက်မှလိုက်ပါသွား
သည်ကိုရွာသားများတွေ့လိုက်ကြရပါတော့သည်။

ဒေါ်မြစိန်သရဲနှင်လ်ုက်သောသတင်းမှာ မိုးမလင်းခင်
ညတွင်းချင်းပင် မူးနွယ်ရွာအတွင်းပျံ့နှံ့သွားတော့၏ ။

ဒေါ်မြစိန်မွေးထားသောသရဲကြီးနဲ့ ရွာကိုဒုက္ခပေးနေသောသရဲကြီးသတ်ပုတ်ကြပုံများ၊ဒေါ်မြစိန်ကမကြောက်မရွံ့ရပ်ကြည့်ပြီးသူတို့နယ်မှ
သရဲကြီးကိုနှင်လိုက်ပုံများကို မအိပ်ပဲအခြေအနေ
စောင့်နားထောင်နေသူများကိုသွားကြည့်လာသူများကရင်သပ်ရူမောဖွယ်ရာတခမ်းတနားပြောပြနေကြပါတော့သည်။

ဒေါ်မြစိန်တစ်ယောက် အရင်ကရိုးရိုးနေမကောင်းလည်းဒေါ်မြစိန်ပြုစား၍
လေရောဂါဖြင့်ဗိုက်အောင့်လည်းဒေါ်မြစိန်ပြုစားထားသည်ဟုစွတ်စွဲပြောဆိုခဲ့ကြသမျ ယခုတကြိမ်တွင်ရွာကယ်တင်ရှင်သူရဲကောင်းကြီးအဖြစ်အမွမ်းတင်ပြောဆိုနေကြတော့၏ ။

နောက်တနေ့ဒေါ်မြစိန်အမှာစကားအရ ရွာလူကြီးကျော်အောင်နဲ့ ရွာသားတချို့မှာ ထွန်းနိူင်သားသတ်
တဲအနီးတဝိုက်ချုံပင်များကြားတွင်ရှာကြည့်ကြရာ
ဖျာတစ်ချပ်စာ တောထပေါက်နေသော စပါးလင်
ပင်များကိုတွေ့လိုက်ရပါတော့သည်။

အသားများခုတ်ထစ်ရာမှသွေးများအိုင်မနေစေရန်
ဖောက်ထားသောမြောင်းမှာမြေအနိမ့်ပိုင်းနေရာတွင်အိုင်ထွန်းလျှက်ရှိနေကာ
ထိုနေရာတွင်စပါးလင်ပင်များပေါက်နေခြင်းဖြစ်၏ ။

စပါးလင်ပင်များကို ဒေါ်မြစိန်စကားအတိုင်းခုတ်ထွင်
တူးဆွကြရာအံ့သြစရာအခြေအနေမျိုးကြုံတွေ့လိုက်ကြရတော့သည်။

စပါးလင်ပင်များကိုဓားဖြင့်ခုတ်ဖြတ်ရာတွင်သွေးကဲ့သို့နီရဲသောအရောင်များထွက်လာခြင်း။

ပေါက်တူးဖြင့်အမြစ်များကိုတူးဖော်ကြည့်ရာတွင်ပုတ်အက်အက်အနံ့များမခံရပ်နိူင်စွာရပြီးဆက်တူးကြည့်ရာတွင်တိရိစ္ဆာန်အရိုး
များထွက်လာသည်ကိုတွေ့လိုက်ကြရ၏။

ထွန်းနိူင်သရဲစတွေ့သောနေ့ကအစရှာမရပျောက်သွားသောနွားအရိုးနဲ့အတူ ရွာထဲမှဆိတ်၊ဝက်၊နွားပေါက်အရိုး
များဆက်တိုက်တွေ့လိုက်ရတော့၏ ။

” ဒီစပါးလင်ပင်တွေကထူးဆန်းတယ် အပင်တိုင်းငါလိုက်ခုတ်ကြည့်တာ သွေးလိုအရည်တွေပဲထွက်လာတယ်….”

”…ထွန်းနိူင်ပျောက်သွားတဲ့ နွားရဲ့အရိုးတွေရော
ရွာထဲကသရဲဖမ်းသွားတဲ့ တိရိစ္ဆာန်အရိုးတွေကော ဒီမှာလာစုနေပါလား…”

”..ဒေါ်မြစိန်ကြီးက ဒီအပင်တွေကိုရှင်းခိုင်းတာ
အကြောင်းတော့ရှိမယ်…”

” ..တကယ်လို့ ဒီစပါးလင်ပင်တွေကိုမရှင်းရင်
နောက်ထပ်သရဲလာနိူင်တယ်ပြောတာဘာသဘောလဲ..”

ရွာသားများမှာစပါးလင်ပင်များကိုတူးဆွပြီးအမြစ်များ
ဖယ်ထုတ်ရင်းတစ်ယောက်တပေါက်ပြောဆိုနေကြ၏ ။

ရွာထဲမှ အတော်အတန်ဗဟုသုတပြည့်စုံပုံရသော
အဖိုးကြီးတစ်ယောက်မှတွေးတွေးဈဟန်ဖြင့်…..

”…မြစိန်ကဒီနေရာမှာဘာလို့သရဲခိုနေလဲ သူသိတယ်ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ကသရဲတစ္ဆေတွေနဲ့
ပတ်သက်နေသူဆိုတော့သရဲအကြောင်းသိတာမဆန်းပါဘူး။

နှစ်ရှည်လများ သွေးတွေစီးကျနေတဲ့ ဒီနေရာမှာတိုက်တိုက်ဆိုင်ဆိုင်စပါးလင်ပင်တွေရှိနေတော့သွေးတိုက်ထားသလိုဖြစ်နေတယ် ။

အောက်လမ်းသမားသရဲမွေးသူတွေကစပါးလင်ပင်ကိုသွေးတိုက်ပြီး သရဲတစ္ဆေမွေးတတ်ကြတယ် ။

ခုဟာက မတော်တဆ ထွန်းနိူင်က သရဲမွေးမိသလိုဖြစ်နေတာ ။

ထွန်းနိူင်အလုပ်မဆင်းနိူင်တဲ့ရက်တွေသွေးမသောက်ရတော့ အလုပ်ပြန်လုပ်တော့ အကောင်အထည်ပြပြီးအသားလာစားတာဖြစ်မရယ် ။

ဒီလိုနဲ့ထွန်းနိူင်ကကြောက်ပြီး အလုပ်ဆက်မလုပ်တော့စပါးလင်ပင်မှာကပ်နေတဲ့သရဲဟာ ရွာထဲဝင်မွေသောင်းကျန်းတော့တာပါပဲ ။

မြစိန်ကဒါတွေအားလုံးကိုသိနေပုံပဲ၊ ဒါကြောင့်စပါး
လင်ပင်တွေကိုရှင်းခိုင်းလိုက်တာပဲ။..”

အဖိုးကြီးရှင်းပြလိုက်တော့မှရွာသားများမှာအခြေအနေကိုနားလည်သဘောပေါက်သွားကြတော့၏ ။

စပါးလင်ပင်များကိုတစ်ပင်မှမကျန်စေရန်အမြစ်မှသေချာတူးဆွ၍မီးရိူ့လိုက်ကြတော့သည်။

ထိုနေ့ထိုအချိန်မှစ၍ ရွာတွင်းဝင်ရောက်သောင်းကျန်းနေသောသရဲမှာလည်းတခါတည်းပျောက်သွားပါတော့သည်..။

ဒေါ်မြစိန်အောက်လမ်းအတတ်ပညာများကိုတတ်မြောက်သူဖြစ်သော်လည်း ရွာသူရွာသားများကို ဒုက္ခမပေးပဲကူပင်ကူညီသူဖြစ်၏ ။

တကယ်ကဒေါ်မြစိန်မှာအစပထမတွင်ဝမ်းတွင်းစုန်း
တစ်ယောက်အဖြစ်မွေးလာသူဖြစ်၏ ။

ငယ်စဉ်ကပင်သူကိုစိတ်ဆိုးအောင်၊
ထိခိုက်နာကျင်အောင်လုပ်သူများကိုဒေါသဖြစ်ပြီး
ကျိန်ဆဲလိုက်ရာသူကျိန်ဆဲသည့်အတိုင်းဖြစ်သောကြောင့်
မြစိန်ကိုစုန်းမအဖြစ်ကြောက်လန့်စွာရှောင်ကြသည်

မြစိန်မှာအရွယ်ရောက်လာသောအခါ သူ့ကိုလူ
များကရှောင်သလို၊သူကိုယ်တိုင်ကလည်းလူကြားထဲ
မဝင်ပဲအေးဆေးစွာတစ်ယောက်တည်းဘုရားတရားလုပ်၍နေရှာသည်။

ရုပ်ရည်မှာလည်းယခုလိုဆိုးရွားသောပုံစံမဟုတ်ပဲ
ချောမောလှပသူလေးတစ်ယောက်ဖြစ်၏ ။

ချောမောပေမယ့်မြစိန်ကိုဘယ်သူမှမကြိုက်ဝံ့ကြပေ။

ူအောင်နိူင်ဆိုတာကလူရိုး၊လူအေး မှန်တယ်ထင်ပါကဘယ်သူ့ကိုမှဂရုမစိုက်တတ်သူတစ်ယောက်လည်းဖြစ်၏ ။

မြစိန်အတန်တန်ငြင်းနေသည့်ကြားမှအောင်နိူင်တစ်ယောက်မြစိန်ကိုချစ်ခွင့်ပန်ရင်း ။

အောင်နိူင်၏မလျှော့သောဇွဲကြောင့် နဂိုကပင်အောင်နိူင်ကိုသဘောကျနေသော မြစိန်တို့ချစ်သူဘဝမှတဆင့်အိမ်ထောင်ရှင်များအဖြစ်သို့ကူးပြောင်းလိုက်ကြသည်။

အဖေ၊အမေမရှိအဒေါ်အိမ်ကပ်နေရသောမြစိန်နဲ့ မိဘမဲ့တစ်ကောင်ကြွက်အောင်နိူင်တို့လင်မယား
နှစ်ယောက်ရွာအပြင်တွင်ခြံစိုက်ရင်းနှစ်ကိုယ်တူချစ်
တိုင်းပြည်တည်ဆောက်နေကြပါတော့သည်။

ထိုသို့ဖြင့်သူတို့ဘဝလေးထဲသို့ မိသားစုဝင်တစ်ဦးထပ်တိုးလာခဲ့သည်။

သမီးလေးတစ်ယောက်မြစိန်မွေးဖွားကာ သူတို့မိသားစုဘဝလေးပို၍ပျော်စရာကောင်းလာတော့သည်။

သို့ရာတွင် မြစိန်ချစ်သောအေါင်နိူင်တစ်ယောက်သမီးဖြစ်သူဆယ်နှစ်အရွယ်တွင်အပျင်းဖျားရာမှဆုံးပါးသွားတော့သည်။

မြစိန်မှာအောင်နိူင်သေဆုံးရခြင်းအတွက်ဖြေမဆည်နိူင်ဝမ်းနည်းအားငယ်စိတ်ဖြစ်ရသော်လည်းသမီးဖြစ်သူရှိနေသေးသောကြောင့်အားငယ်စိတ်ကိုဖျောက်၍အောင်နိူင်ရှိစဉ်ကစိုက်ပျိုးခဲ့ရာယခုအသီးများစသီးနေပြီဖြစ်သောခြံထွက်သီးနှံများရောင်းချ၍သားအမိနှစ်ယောက်နေလာရင်း မြစိန်သမီးလေးမြနှစ်ပင်ဆယ့်ရှစ်နှစ်အရွယ်ရောက်လာတော့၏ ။

ဇေယျာလင်းဆိုတာက ဒီနယ်တကြောကအသီးအနှံထွက်သမျခြံတွေကိုအကုန်လိုက်ဝယ်သူ။

ရုပ်ချောပြီး၊လေအေးလေးနဲ့စကားပြောတတ်ကာ လူကြီးသူမများကိုလည်းရိုသေလေးစားစွာပြောဆိုတတ်သူဖြစ်သည်။

ဒေါ်မြစိန်တို့ခြံသို့အသီးအနှံကိစ္စဝင်ထွက်သွားလာရင်းမြနှစ်နဲ့ချစ်သူဘဝသို့မကြာမှီရောက်ရှိသွားတော့သည်။

ဒေါ်မြစိန်မှာလည်း ဇေယျာလင်းလို စီးပွားရေးလုပ်တတ်ပြီး အသောက်အစားကင်းသူ၊လောင်းကစားကင်းသူမို့သမီးဖြစ်သူနဲ့သဘောတူ၍
လွတ်ပေးထားမိ၏ ။

ထိုကဲ့သို့အပေါ်ယံအမြင်နဲ့လူတစ်ယောက်ကိုယုံကြည်မိခြင်းက၀မ်းနည်းစရာအဖြစ်အပျက်များစတင်မြစ်ဖျားခံပေါ်ပေါက်လာစရာအကြောင်း
အစဖြစ်ပါတော့သည်။

မြနှစ်နဲ့ဇေယျာလင်းလက်ထပ်ပြီးတလအကြာ
မြို့မှဇေယျာလင်းမယားကြီးရောက်လာပြီးပြသာနာ
တက်ကြတော့သည်။

ဇေယျာလင်းတစ်ယောက်မြနှစ်ကိုချန်ထား၍မယားကြီးခေါ်ရာ
နောက်ကောက်ကောက်ပါအောင်လိုက်သွားတော့၏ ။

ဒေါ်မြစိန်နဲ့မြနှစ်မှာ လူအများတံတွေးခွက်ပက်လက်မျောရသောအခြေအနေတွင် မြနှစ်တစ်ယောက်ပတ်ဝန်းကျင်ဝေဖန်မူကို
ရင်မဆိုင်ဝံ့စွာမိမိကိုယ်ကိုအဆုံးစီရင်သွားတော့သည်။

မြနှစ်သေဆုံး၍အသုဘချရာတွင်ဒေါ်မြစိန်လုံးဝမငိုပဲအံ့တင်းတင်းကြိတ်ထားခြင်းကြောင့်ရွာသားများအံ့သြသင့်ကြရသေးသည်။

သို့ရာတွင်ထိုအရာမှာပေါက်ကွဲခါနီးမီးတောင်တစ်လုံးမပေါက်ကွဲမှီခနငြိမ်သက်ခြင်းဟုမည်သူမျမတွေးမိကြပေ။

ဒေါ်မြစိန်မြို့တက်၍ဇေယျာလင်းအိမ်လိပ်စာစုံစမ်းကာအရောက်သွားသည်။

ဇေယျာလင်းကိုသမီးဖြစ်သူသေကြောင်းပြောပြရာဇေယျာလင်းက အရေးမထားဟန်စကားပြောလာရာ
ဒေါ်မြစိန်တစ်ယောက်ဇေယျာလင်းကိုနာကျည်းမုန်း
တီးစွာကြည့်ရင်းကျိန်စာတိုက်စကားဆိုပြီးပြန်လာခဲ့သည်။

” ငါတို့သားအမိခံစားရသလိုနင်လည်းခံစားရပြီး အသေဆိုးနဲ့သေပါစေ…”..

တိုက်ဆိုင်မူလား ဒေါ်မြစိန်ကျိန်စာကြောင့်လားမဆိုနိူင်
ဇေယျာလင်းဇနီးနဲ့သမီးမှာ ကားတိုက်ခံရကာပွဲချင်း
ပြီးဆုံးသွားသည်။

ဇေယျာလင်းတစ်ယောက်အရက်ကိုနေ့ညသောက်ရင်း
ပူဆွေးသောကနဲ့ လူမှန်းသူမှန်းမသိမူးနေချိန် ဝါယာရှော့ဖြစ်ပြီးအိမ်မီးလောင်ရာအရှင်လတ်လတ်မီးထဲပါသွားတော့သည်။

ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းဒေါ်မြစိန်တစ်ယောက်
ဘယ်သူ့ကိုမှမယုံတော့သလို ဘယ်သူနဲ့မှလည်း
အဆက်အဆံမလုပ်တော့ပေ။

အောက်လမ်းစုန်းပညာရပ်များထုတ်သုံးခြင်းအကျိုး
ရလဒ်အဖြစ် ဒေါ်မြစိန်ရုပ်ရည်မှာလည်းကြောက်စရာအသွင်သို့တဖြည်းဖြည်းပြောင်းလဲသွားပါတော့သည်။

အထက်ဖော်ပြပါအကြောင်းအရာများမှာဒေါ်မြစိန်ဘဝသမိုင်းကြောင်းပင်ဖြစ်ပါသည်။

နိဂုံး…။

ဒေါ်မြစိန်တစ်ယောက်ခြံအတွင်းလဲကျနေကြောင်း
ဖြတ်သွားဖြတ်လာတစ်ယောက်မြင်တွေ့၍ရွာလူကြီးကျော်အောင်ဆီသတင်းပို့လာရာ..။

ရွာလူကြီးနဲ့ ရွာသားများရောက်သွားချိန် ဂုတ်ကျိုး၍မချိမဆန့်ဝေဒနာခံစားရဟန်ဖြင့်သေ
ဆုံးနေသောဒေါ်မြစိန်ကိုတွေ့လိုက်ရပါတော့သည်။

ဒေါ်မြစိန်သေဆုံးခြင်းကိုတစ်ယောက်တစ်မျိုးစိတ်ထင်
ရာပြောဆိုနေကြ၏ ။

မွေးထားသောသရဲများမှာ ခိုင်းသမျှလုပ်ရင်းနှစ်ကြာလာလေ
အကုသိုလ်ပိုကြီးလာလေဖြစ်ကာ ကျွေးမွေး၍ဝသည်ဟူ၍
မရှိပဲအမြဲတမ်းအစာကိုပိုတောင်းတတ်ကာ၊ ကျွေးမွေးရန်ပျက်
ကွက်ပါကမွေးထားသူကိုပြန်သတ်တတ်ကြောင်း လူကြီးသူမ
များက ဒေါ်မြစိန်အဖြစ်ကိုဥပမာထားပြီးလူငယ်များကိုဆုံးမစကား
ပြောတတ်ကြသည်။

ဒေါ်မြစိန်အလောင်းဘေးတွင်ကြီးမားသောခြေရာကြီးနှစ်ခုလည်းရှိနေရာ
ဒေါ်မြစိန်မွေးထားသောသရဲကြီးငနက်ကျော်မှဒေါ်မြစိန်ကိုသတ်သွား
ခြင်းမှာမကျွေးမွေးနိူင်၍မွေးထားသောသရဲက ပြန်သတ်သွားခြင်းဟု
ဟုကောက်ချက်ချပြောဆိုကြ၏။

ဒေါ်မြစိန်သေသွားတာနှစ်အတန်ကြာခဲ့ပြီဖြစ်၏ ။
ဒါပေမယ့်ဒေါ်မြစိန်အကြောင်းကိုတော့ မူးနွယ်ရွာသားများယခုအချိန်အထိ မှတ်မှတ်ရရ ပြောဆိုနေကြရင်းရှိနေပါတော့သတည်း…။

======================

ပြီးပါပြီ

ရေးသားသူ- မြူခိုးအလင်္ကာ

#crd