၀မ်းတွင်းသန္ဓေဆိုး(စ/ဆုံး)

Unicode Version

၀မ်းတွင်းသန္ဓေဆိုး(စ/ဆုံး)
——————————–
“ကျွန်တော့်ကိုဝင်ခွင့်ပြုပါ – ဆရာ”
ရုပ်ရည်သနားကမားရှိသော လူငယ်တစ်ယောက် ကျွန်တော့်အိမ်သို့ ရောက်လာပြီး အထက်ပါအတိုင်း ဝင်ခွင့်တောင်းပါသည်။ ထိုလူငယ်သည် ကျွန်တော့်အတွက် လူစိမ်းသက်သက် ဖြစ်ရုံသာမက နယ်ဒေသမှ ဖြစ်ဖို့ရာ များပါသည်။
“ထိုင်ပါ-ထိုင်ပါ”
ကျွန်တော်ကလည်း ကြိုဆိုလိုက်ပါသည်။ ကျွန်တော့်၏ ဖော်ရွေစွာ ကြိုဆိုမှုကို လက်ခံရရှိပြီးတော့ သူသည် ကုလားထိုင်လွတ်တစ်နေရာတွင် ဝင်ထိုင်လိုက်ပါသည်။
“သော်-ကျွန်တော့်နာမည်ကစောလူးသယ်ပါ။နေတာကပျားစွဲတောင်
ရွာကလေးကကရင်လူငယ်ပါ။အဲ-အဲ- ပျားစွဲတောင်ဆိုတာကကျိုက်ထီးရိုး
တောင်ရှိတဲ့ပေါင်းလောင်းတောင်ရဲ့အရှေ့ဘက်အစွန်းမှာရှိတာပါ။ ဒါဆိုရင်
ဆရာ သိလောက်ပြီပေါ့နော်”

ပျားစွဲတောင်ကိုကျွန်တော်ကောင်းကောင်းကြီးသိပါသည်။ ထိုတောင် ၏ အစွန်းတွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလည်း ရှိပါသေးသည်။ ထိုကျောင်းတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ်ကို လည်းရေနွေးကြမ်းသောက်ရင်းအဆာပြေစားခဲ့ဖူးပါသည်။ တောင်ခြေမှာတော့ကရင်ရွာကလေးတွေရှိပါသည်။ သူတို့သည်ရာသီ
စာအဖြစ် ငှက်ပျော၊ သခွား၊ ဘူး၊ ဖရုံတို့ကို စိုက်ပါသည်။ နှစ်ရှည်သီးနှံအဖြစ် ဒူးရင်း၊ ကွမ်း၊ ကွမ်းသီး၊ အုန်း၊ ငရုတ်ကောင်းတို့ကို စိုက်ပျိုးပါသည်။ “ဒါနဲ့ – ဘာကိစ္စနဲ့ ရောက်လာရတာလဲ”
“ဟုတ်ကဲ့ – ကျွန်တော် – ဆရာ့ရဲ့ လျှို့ဝှက်စုံထောက်ဝတ္ထုတွေကို ဖတ် ဖူးပါတယ် – ဆရာ”
ကျွန်တော် ခုတလော လျှို့ဝှက်စုံထောက်ဝတ္ထုတွေကို အရေးများပါ သည်။ တကယ်အားသန်ပြီး အရေးများခဲ့တာက ရသစာပေဝတ္ထုများ ဖြစ်ပါ ၏။ သို့သော် ကျွန်တော် ပင်စင်ယူပြီး အရေးများလာတာကတော့ လျှို့ဝှက် စုံထောက်ဝတ္ထုသာ ဖြစ်၏။
အကြောင်းမှာလျှို့ဝှက်စုံထောက်၊ဂမ္ဘီရ၊ဘာသာရေးစသောအကြောင်း
အရာများကို ဦးစားပေးဖော်ပြသော မဂ္ဂဇင်းတွေ၊ စာစောင်တွေ တိုးပွားများ ပြားလာခြင်းကြောင့် ဖြစ်သည်။ ထိုအထဲတွင် ဂမ္ဘီရစာပေကိုတော့ ကိုယ့် ဘဝခံယူချက်နှင့် ကိုက်ညီမှုမရှိ၍ မရေးဖြစ်ပါ။ ဒါကြောင့် ကျွန်တော်၏ လျှို့ဝှက်စုံထောက်ဝတ္ထုတွေကို သူ ဖတ်ဖူးသည်မှာ မဆန်းပါ။
“ဆူလွယ်၊ နပ်လွယ် ရေးရတာပါကွာ…”
ကျွန်တော်အမှန်အတိုင်းဝန်ခံလိုက်ပါသည်။ကျွန်တော့်ပင်ကိုယ်စရိုက်
အနေနှင့်ကတော့ကလိမ်ကကျစ်ဇာတ်လမ်းမျိုး၊ သွေးညှီတွေလွှမ်းနေသည့်
ဇာတ်လမ်းမျိုး၊မိန်းမနှင့်ယောက်ျားအိမ်ထောင်ရေးဖောက်ပြန်တာမျိုး၊အဓမ္မ
ကိစ္စမျိုး၊ တစ်ဦးနှင့်တစ်ဦး လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေသည့်
ဇာတ်လမ်းမျိုးကို မရေးချင်ပါ။

လောကသဘာဝ၊ လောကအလှ ဘဝကြီးထဲမှာ လှလှပပနှင့် လှုပ်ရှား ရုန်းကန်နေသည့် ဘဝသရုပ်ဖော်အကြောင်းတွေကိုသာ ရေးချင်ပါသည်။ သို့ပါသော်လည်း ယခုလို လျှို့ဝှက်စုံထောက်တွေကို ရေးနေရတာကတော့ ယနေ့အချိန်အခါအခြေအနေကြောင့်ပါ။
“ထားပါတော့လေ။ ဆရာ့အကြောင်းနဲ့ ဆရာပေါ့။ ဒါပေမဲ့- ကျွန်တော် ဆရာ့ဆီမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကအကူညီတောင်းထားလို့ပါ” “အကူအညီ – ဟုတ်လား”
ကျွန်တော့်မှာ လူတစ်ဖက်သားကို ကူညီနိုင်လောက်သည့် အရည် အချင်းမရှိပါ။ယခင်ဝန်ထမ်းဘဝမှာဆိုလျှင်တော့လုပ်ငန်းခွင်နှင့်ပတ်သက်
ပြီး ကူညီနိုင်ကောင်း ကူညီနိုင်လိမ့်မည် ထင်ပါသည်။ ယခုလို ပင်စင်စား၊ မည်သည့်အဆက်အသွယ်လည်းမရှိ။တစ်ကိုယ်တည်းအေးအေးလူလူနေ ပြီး စာတွေချည်း ရေးနေသည့်အခါမို့ ဘာအကူညီမှ ပေးနိုင်တော့မည် မဟုတ်ပါ။
“အကူညီ မဟုတ်တောင်မှ အကြံဉာဏ်လေးများပေါ့ – ဆရာ”
သူကဈေးဆစ်သည့်အနေနှင့် စကားကိုလျှော့ချလာပြန်သည်။ အကြံ ဉာဏ်ပါတဲ့။ ကျွန်တော်လည်း ဘာပဲပြောပြော သူ့စကားကိုတော့ သဘော ကျပါသည်။
“ဘာအကြံဉာဏ်လဲဗျာ။ ဒါထက်- ဘယ်ပုဂ္ဂိုလ်ကများအကူညီတောင်း ခံထားလို့လဲ”
“ဒီလိုပါ- ဆရာ။ ကျွန်တော်တို့ပျားစွဲတောင်မှာဦးသိဒ္ဓိဆိုတဲ့ရသေ့ကြီး ရှိပါတယ်။ သူ – အဲဒီဒေသကိုရောက်တာ ငါးနှစ်လောက်ရှိပြီ။ ကျွန်တော်တို့ ဒေသက လူတွေနှင့် ဆရာဒကာအရင်းတွေ ဖြစ်နေပါပြီ။ ရသေ့မဖြစ်ခင်က တော့ အမှုထမ်း။ ပြီးတော့ – ဆရာ့စာဖတ်ပရိသတ်တစ်ဦးပေါ့”
သူ့စကားကိုကြားမိတော့ ဦးသိဒ္ဓိကားတောထွက်ပုဂ္ဂိုလ်ကြီးဟုသိလိုက် ပါတော့သည်။ လူဆိုတာကျွတ်ချိန်တန်တော့ တရားတွေရပြီး ဘာသာရေး၊ သာသနာရေးကို လိုက်စားတာပဲဟု လွယ်လွယ်နှင့် ကောက်ချက်ချမိ သည်။

ဆရာ”
“သူ့မိသားစုကော …”
“မရှိဘူး – ဆရာ။ သူကလူပျိုကြီးပါ” “သံယောဇဉ်အနှောင်အဖွဲ့မရှိတော့လဲ…”
“မဟုတ်ဘူး- ဆရာ။ သူ – ရသေ့ဖြစ်တာ သံယောဇဉ်နှင့် မဆိုင်ဘူး
“ဟုတ်လား ဘယ်လိုအကြောင်းများပါလိမ့်”
ကျွန်တော်တအံ့တသြနှင့်မေးယူရပါတော့၏။ကျွန်တော်နားလည်ထား တာကဘဝမှာစိတ်ပျက်စရာတွေ၊ နာကြည်းစရာတွေ၊ သံဝေဂရစရာတွေကို တွေ့ မြင်မိပါက လက်ရှိသံယောဇဉ်တွေကို ပယ်ဖြတ်ပြီး တရားဘာဝနာ ဘောင်သို့ ကူးသွားသည်ဟု နားလည်ထားပါ၏။
“သူ့အဖြစ်က မယုံကြည်စရာ ဂမ္ဘီရဆန်နေတာမို့ ဆရာ့ဆီ အကြံဉာဏ် တောင်းရတာပါ – ဆရာ”
အောက်တန်းစာရေးလေး ကိုမောင်မြင့်သည် မြေနီကုန်းရပ်ကွက်ရှိ ဗိုလ်မိုးလမ်းထဲသို့အပတ်စဉ်ရုံးအားရက်တိုင်းရောက်လေ့ရှိပါသည်။ထိုရပ် ကွက်ထဲတွင် ကျောင်းဆရာလေး ကိုလှတင် ရှိပါသည်။ ထိုကိုလှတင်သည် သူ့သူငယ်ချင်းဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးလည်း ဖြစ်သည်။ သူ့ဇနီးသည် အမီနာနှင့်လည်း ရင်းနှီးပါသည်။
သူ ရောက်ရှိလာရခြင်းကား ကိုလှတင်တို့လင်မယားအား မျောက်ပြ ဆန်တောင်းရုံမျှသာဖြစ်၏။ တကယ်တမ်း သူ့ရည်ရွယ်ချက်ကားကိုလှတင် တို့အိမ်နှင့်မျက်နှာချင်းဆိုင်အိမ်မှထွေးထွေးကိုမြင်တွေ့လိုခြင်းကြောင့်ဖြစ်
သည်။
ကောင်မကလေးကား ကိုးတန်း(ဟိုက်စကူးဖိုင်နယ်)နှစ်ခါကျ စနစ် ကြောင့် ကျောင်းမှ ထွက်ထားသူ ဖြစ်သည်။ ထွေးထွေးသည် မိန်းကလေး ပီသသည်။ ဣန္ဒြေရှိသည်။ရှင်းရှင်းဆိုရသော်ကျက်သရေရှိလှသူဖြစ်သည်။

အထင်အရှားဆုံးက နဖူးပြင်အထက်ရှိ ဆံစနေရာတွင်မှ မှဲ့နက်တစ်လုံး ထင်ရှားစွာ ရှိနေသည်။ ထိုမှဲ့သည်ပင် မျက်နှာအလှကျက်သရေ တိုးပါစေ သည်ဟုကိုမောင်မြင့် ထင်နေပါ၏။
ထွေးထွေးကို မြင်မြင်ချင်း ချစ်ကြိုက်မိသည်ဖြစ်၍ ရွှေစွန်ညိုပမာ လာရစ်ဝဲနေပါသည်။ သူ ရွှေစွန်ညို ဖြစ်နေသည်ကိုလည်း ထွေးထွေး သိပါ သည်။ထွေးထွေးနှင့်သူသည်မေးပြော၊ခေါ်ထူးသည့်အဆင့်သို့ရောက်သည့် တိုင်အောင်တစ်ဦးအပေါ်တစ်ဦးရင်တွင်းစကားကိုဖွင့်မပြောဖြစ်ပါ။တစ်နေ့
မှာတော့ ကိုလှတင်ဇနီးအမီနာက သူ့ကို ဖိတ်စာတစ်ခုကမ်းပေးပါသည်။ “ဘာလဲ-အမီနာ”
“ထွေးထွေး – အင်ဂျင်နီယာတစ်ယောက်နဲ့ လက်ထပ်တော့မယ်တဲ့”
အမီနာပြောစကားနှင့်ပင် ဖတ်စရာ မလိုတော့အောင်ပင် လုံလောက် သွားပြီဖြစ်၏။ သူ့ရင်ထဲတွင် တစ်စုံတစ်ရာသည် ကြေမွကွဲအက်သွားသလို ခံစားလိုက်ရပါတော့သည်။ သူ အလိုလားဆုံး အရာဝတ္ထုတစ်ခု လက်ကြမ်း ကြီးနှင့် အလုခံရသလို ဖြစ်နေပါ၏။ တမြည့်မြည့် တလှိုက်လှိုက် ခံစားနေရ ပါ၏။
သူ့ကိုယ်သူလည်း ဖြေတွေးလေး တွေးနေပါ၏။ မတတ်သာသည့် အရေးမို့ ဘဝပေးသမျှနှင့် ကျေနပ်လိုက်ရပါ၏။ တကယ်တမ်းဆို သူက အောက်တန်းစာရေးလေး ဟိုက်စကူးဖိုင်နယ်အောင်အဆင့်သာ ရှိသည်။ ထိုသူက မိမိထက် ပညာအရည်အချင်းမြင့်သော အင်ဂျင်နီယာအရာရှိဆို တော့ အရာရာနိမ့်ပါးသူဖြစ်၏။ ဘာပဲဖြစ်ဖြစ် ချစ်သူကောင်းစားရေးဟု သဘောထားကာ ကျေနပ်လိုက်ပါတော့သည်။
ထွေးထွေးတို့လည်းလက်ထပ်ပြီးသူ့ဘဝကိုလည်းမြှင့်တင်သည့်အနေ နှင့်ဆယ်တန်း(မက်ထရစ်)စာမေးပွဲကိုဝင်ဖြေသည်။အောင်တော့လုပ်သား များကောလိပ်သို့တက်ပြီး ဌာနဆိုင်ရာမှာလည်း ရာထူးတွေ အဆင့်ဆင့် တိုးလာခဲ့သည်။ ထွေးထွေးကိုလည်းမေ့ထားတာကြာပြီဖြစ်၏။ အိမ်ထောင် မရှိ၊ တစ်ကိုယ်တည်း ရှိနေဆဲ ဖြစ်၏။

တစ်ခါမှာတော့ သူ မန်နေဂျာလုပ်နေသောဌာနသို့ အသစ်ရောက်ရှိ လာသူ အထက်အရာရှိတစ်ဦးက သူ့နေရာမှာ သူ့လူကို အစားထိုးချင်၍ ရမည်ရှာပြီး သူ့ကို ပြောင်းလိုက်ပါသည်။ ထိုအခါမှ အထက်အရာရှိအသစ် နှင့် ဆရာတပည့် ပေါင်းသွားလေတော့၏။

သူကတော့ စိတ်မကောင်းစွာနှင့်ပင် ဘေးထွက်သွားရတော့၏။ သူ ဘေးထွက်ပြီးတစ်ပတ်လောက်ကြာတော့အသစ်ရောက်လာသော
အထက်
အရာရှိလည်း တစ်နေရာသို့ ပြောင်းသွားပြန်တော့၏။ သူ့နေရာသို့ အရာရှိ တစ်ဦး ရောက်လာပြန်၏။ အသစ်ရောက်လာသူ အရာရှိရောက်လာခါမှ နိုင်ငံခြား ခဏခဏသွားရသော လုပ်ငန်းတွေ ပေါ်ပေါက်လာပါတော့၏။ ကိုမောင်မြင့်အားပြောင်းရွှေ့အောင်လုပ်သောအရာရှိလည်းစိတ်မကောင်း
ဖြစ်ကာကျန်ရစ်နေတော့၏။
ကိုမောင်မြင့်သည် အောက်လက်ဝန်ထမ်းများအား အစဉ်ညှာတာသူ ဖြစ်၏။ ဌာနဆိုင်ရာတွင် ကြီးသောအမှု သေးစေ၊ သေးသောအမှု ပ.ပျောက် စေရန် အမြဲတမ်း ဖုံးဖုံးဖိဖိလုပ်ထား၏။
တစ်ခါတွင်ပျက်ကွက်မကြာမကြာလုပ်တတ်ပြီးစည်းကမ်းပျက်သော ဝန်ထမ်းတစ်ဦးအား အထက်မှ ပြောင်းရွှေ့ပစ်လိုက်သည်။ ပြောင်းရွှေ့ခံရ သော ဝန်ထမ်းကလည်း မသွားချင်ပဲ ဖြစ်နေသည်။ ထိုအခါ သူက ကိုမောင် မြင့်အား တစ်ပတ်မျှ စာရွက်စာတမ်း သိမ်းဆည်းရန်အတွက် နေခွင့်ပြုပါရန် တောင်းခံ၏။ သူကလည်း နောက်ဆုံးအခွင့်အရေး ပေးသည့်အနေနှင့် သူ့ အားလက်ခံထားလိုက်၏။
ဤသို့ ပြုရကောင်းလားဟုဆိုကာ အထက်ကပုဂ္ဂိုလ်က ကိုမောင်မြင့် အား ဆူကြိမ်း ကြိမ်းပါ၏။ ကြိမ်းမောင်းတာမှ အမိန့်ကို အာခံမှု၊ အထက်ကို မလေးစားမှု၊ ဤကိစ္စအတွက် ထုချေလွှာတင်ပါ။ နောက်အပတ် အစည်း အဝေးမှာ ဌာနပြောင်းရွေ့သည်အထိ အရေးယူမည်ဟု ပြောကြားပါသည်။ ဤအခါလည်း ကိုမောင်မြင့်တစ်ယောက် စိတ်မကောင်းကြီးစွာ ဖြစ်ရပြန် သည်။
သူ အကြောက်ဆုံးက သူ့အား ဌာနပြောင်းရွှေ့ခြင်းပင် ဖြစ်သည်။ သို့ သော်ဌာနပြောင်းရွှေ့မှုတော့မပြုလုပ်ရပါ။ အကြောင်းမှာသူ့အားဌာနပြောင်း
ရွှေ့ရန်လုပ်နေဆဲမှာပင်ထိုအရာရှိကြီးသည်ဆေးဝါးကုသခံယူရနေပါတော့ ၏။ အဖြေကတော့ ကင်ဆာဟု သိလိုက်ရပြီး မကြာမီမှာပင် ကွယ်လွန်သွား ပါတော့သည်။

တစ်ခါမှာတော့ကိုမောင်မြင့်သည်ရုံးအားရက်ကြုံ၍ပြည်တစ်ဖက်ကမ်း
ထုံးဘိုသို့ အဖော်ကောင်းသည်နှင့် လိုက်သွားပါသည်။ ကားကလည်း ဌာန ဆိုင်ရာ ကားဖြစ်၍ အကောက်တောင် ဘုရားသို့ ဘုရားဖူးသွားခြင်း ဖြစ်
သည်။
သူကဘုရားဖူးသက်သက်ဘာတာဝန်မှမပါပါ။ကားပေါ်မှာဌာနဆိုင်ရာ ပစ္စည်းတွေကဘာကိုဘာကြောင့်အရေးကြီးနေရတာကိုလည်းသူမသိပါ။ ပြည်တစ်ဖက်ကမ်း နံဘေးရောက်တော့မှ (ထိုစဉ်က တံတားမဆောက်ရ သေးပါ)ပစ္စည်းက အရေးကြီးကြောင်း သိရပါသည်။
ထို့ကြောင့် တာဝန်ရှိသူများက ပြည်ဖက်ကမ်းအထိ လိုက်လာကြပါ သည်။ ပြီး – မျက်နှာလို မျက်နှာရလုပ်ပြီး အဆင့်မြင့် လူကြီးတစ်ယောက်က သူ့ကို လှိမ့်ဟောက်ပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ကိုမောင်မြင့်ကို သူက ပစ္စည်းတာဝန်ခံဟု ထင်နေခြင်းကြောင့် ဖြစ်သည်။ ကိုမောင်မြင့်ကလည်း သူ တာဝန်ခံမဟုတ်ကြောင်း၊ ခရီးကြုံလိုက်လာကြောင်းပြောတော့ ထိုသူ သည်ဒေါသထွက်နေရာမှ အရှက်ပါရလာလေသည်။ ထို့ကြောင့် ရှက်ယမ်း ယမ်းပြီး –
“မင်းမှာ ခရီးသွား ဝရမ်းပါလား” “မပါပါဘူး”
“မပါဘဲ ခရီးထွက်လာရသလား။ ဝန်ထမ်းလုပ်လာတာ နှစ်ပေါင်းသုံး ဆယ်ရှိပြီ။ ဒါတောင် – မသိဘူးလား။ မင်းကို အရေးယူမယ်”
စသည်ဖြင့် အထက်လူကြီး ရှေ့မှောက်မှာ ဘီလူးကြိမ်း ကြိမ်းပါလေ တော့၏။ ရှိသမျှ အာဏာပါဝါတွေ ပြနေပါ၏။ ထိုအမှုသည် ထိုမှာပင် အဆုံး သတ်ရတော့မလိုပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထိုပြဿနာတွေကြုံ ရပြီး ထိုတစ်ဖွဲ့လုံးသည် ငွေကြေးအရှုပ်အထွေးတစ်ခုကြောင့် အလုပ်မှ ရပ် နားလိုက်ကြရ၏။
ထိုအဖြစ်အပျက်များ ဆင့်ကာဆင့်ကာဖြစ်ပေါ်လာပြီးနောက်ကိုမောင် မြင့် အသိတရားတစ်ခု သိရှိလာပါတော့သည်။ သူ့အား လုပ်ငန်းခွင်မှာ ထိခိုက်ပုတ်ခတ်ကြသောသူများအကြောင်းပင် ဖြစ်၏။

ဦးစွာ သူ့အား မန်နေဂျာအဆင့်မှ အခြားနေရာသို့ ပြောင်းရွှေ့လိုက် သောသူသည် တခြားအရေးမပါသည့်နေရာသို့ ရောက်သွားရသည်။ ထို့ နောက် ရွှေ့ပြောင်းခံရသော ဝန်ထမ်းအား ငဲ့ညှာခြင်းကြောင့် သူ့အား ကြိမ်း မောင်းအပြစ်ဆိုသူပုဂ္ဂိုလ်သည် ကင်ဆာဖြစ်ပြီး သေသွားသည်။ ထို့ပြင် သူ့ အစားမန်နေဂျာဖြစ်လာသူသည်ကိုမောင်မြင့်ကိုအဆုံးတိုင်အရေးယူမည်
ဆိုသည့်သဘောနှင့် အထက်ကို ကတုံးကတိုက်လုပ်ခြင်းကြောင့် သေဆုံး
သွားသည်။ယခုနောက်ဆုံးငွေကြေးရှုပ်သူများအထိအကြောင်းအရာပါနေ
ပါ၏။
ထိုသို့ သူတို့တစ်တွေအတိဒုက္ခရောက်ရသည်မှာ ဆန်းနေပါ၏။ တိုက် ဆိုင်မှုဆိုလျှင်လည်းတစ်ကြိမ်တစ်ခါ တိုက်ဆိုင်မှဖြစ်ပါကမဆိုသာပါသော် လည်းအကြိမ်တွေထပ်ကာထပ်ကာ ပွားနေခြင်းကြောင့်စဉ်းစားရကြပ်လာ ပါသည်။ ထို့ပြင် သူတို့ကိုယ်စား မိသားစုများကိုလည်း သနားနေမိသည်။ ဤအတိုင်း မှန်နေပါက သူ အပြစ်မှ လွတ်ပါရဲ့လား။ သူက ကိုယ်ထိလက် ရောက် အပြစ်မကျူးလွန်ပေမဲ့ သူ့ကို ချိုးဖဲ့ပြောဆိုရုံနှင့် အပြစ်ဖြစ်သည် ဆိုတော့ သူကော အပြစ်ကင်းရဲ့လား။ သူ့ခန္ဓာကိုယ်မှာတော့ ဘာအစောင့် တွေဝင်နေပြီး ဘယ်ပုဂ္ဂိုလ်တွေစီးနေလို့လဲ။
သူသာ အများနှင့်သက်ဆိုင်သည့် အလုပ်ခွင့်တွင် ရှိနေပါက သူလည်း အပြစ်မကင်းရာဖြစ်မည်။ ခံရသူလည်းကိုယ်စိတ်နှလုံးဆင်းရဲရမည်ကိုသိ၍ ပင်စင်ယူကာ ရသေ့ဝတ်ခဲ့သည်။ ခုအခါ ငါးနှစ်ကျော်ပါပြီ။
“အဲသလိုပါပဲ – ဆရာ။ အဖြစ်တွေက ဂမ္ဘီရဆန်နေတယ် – ဆရာ” “သူက ခုမှ ဘာကြောင့် မေးရကောင်းမှန်းသိလာတာလဲ” ကျွန်တော်မေးသင့်မေးထိုက်သည့်မေးခွန်းဟုထင်ပါသည်။သည်အဖြစ် အပျက်တွေကဟိုးနှစ်ပေါင်းများစွာကတည်းကအဖြစ်အပျက်တွေ။ ပြီး- သူ

ရသေ့ဖြစ်နေတာကလည်း(၅)နှစ်ရှိပြီ။ခုမှဘာအတွက်ကြောင့်ဘာစိတ်ကူး
ပေါက်လို့ကျွန်တော့်ကိုလာမေးရသလဲ။
“ဘာကြောင့်လဲဆိုတော့ ဦးသိဒ္ဓိရသေ့ကြီးတစ်နေ့တော့ ဘုရားပေါ်မှာ သီလရှင်ဆရာကြီးတစ်ပါးကို တွေ့ရှိသတဲ့ – ဆရာ။ နှစ်တွေ ဘယ်လောက် ကြာကြာ စွဲလမ်းဖူးတဲ့အရာ၊ ဒါမှမဟုတ်လျှင် လူပုဂ္ဂိုလ်ရဲ့ ထူးခြားချက် တစ်ခုခုကိုတော့ မှတ်မိတယ်ဆိုရင် ဆရာ ယုံမှာလား”
သူကပင် ကျွန်တော့်အား သက်သေသက္ကာယအဖြစ် ဆွဲထည့်နေပါ သည်။ ကျွန်တော်ကလည်း မယုံတစ်ဝက် ယုံတစ်ဝက်မို့ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
“အဲဒါက – ဆရာကြီး၏ သီလတရားကြောင့် အရွယ်တင်တာရယ်၊ အသားအရေတွေကကြည်လင်လန်းဆန်းနေတာရယ်။ပြီးတော့- သူ့နဖူးပြင် အလယ်တည့်တည့်ဆံစမှာရှိတဲ့မှဲ့နက်ကလေးကြောင့်ဦးသိဒ္ဓိဟာထွေးထွေး
မှန်း သိတော့တယ်”
“သိတော့ – ဘာဖြစ်သလဲ”
“ဘာဖြစ်ရမှာလဲ – ဆရာရယ်။ သူတို့လိုနေဝင်ချိန်ရောက်နေတဲ့ပုဂ္ဂိုလ် များမှာတော့ တရားဘာဝနာ အများကြီးပွားနိုင်ကြပါစေလို့ ဆုတောင်းရုံက လွဲပြီး ဘာပြောရမှာလဲ – ဆရာ။ ဪ – သူ သီလရှင်ဝတ်တာ နှစ်ပေါင်း လေးဆယ်ကျော်ပြီတဲ့။ လက်ထပ်ပြီး နှစ်လအကြာမှာ သူ့ယောက်ျား ကားမှောက်လို့ သေသွားကတည်းက ဆိုပါတော့ – ဆရာရယ်”
ကျွန်တော် အံ့ဩသွားရပါတော့သည်။ သူနှင့် ပတ်သက်သော ကြမ္မာ ဆိုးက ထွေးထွေးအပေါ်လည်း ကျရောက်သွားသေးသည်ဟု ယူဆလိုက် သည်။ဂမ္ဘီရဆန်သော အဖြစ်ဆိုးများက ထိုကတည်းက စတင်လိုက်တာဟု ထင်နေ၏။ တစ်ဖန်နဖူးတည့်တည့်ဆံစအောက်မှာမှဲ့နက်ရှိနေတာကလည်း ကျွန်တော် သိပ်ဘဝင်မကျပါ။ အယူသည်းတာတော့ မဟုတ်။
မှဲ့သျှတ္တရကျမ်းအလိုအရဆိုလျှင် ထိုသို့ မှဲ့ရှိနေသူ အမျိုးသမီးအတွက် လင်ယောက်ျားဖြစ်သူအား ခိုက်တတ်သည်ဟု ဆိုထားခြင်းကြောင့်

ကျွန်တော် ဘဝင်မကျရခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်များတွေ့ကြုံရခြင်း ကြောင့် ဦးသိဒ္ဓိသည် စောလူးသယ်အားလွှတ်ကာ အကူညီတောင်းခြင်း ဖြစ်သည်။
ထို ဦးသိဒ္ဓိတစ်ဖြစ်လဲ ကိုမောင်မြင့်၏ အဖြစ်အပျက်သည် ဂမ္ဘီရနယ်မှ အမေရင်၏အဖြစ်အပျက်နှင့် တူနေသည်ဟု ကျွန်တော် ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော်အမေရင်သည် ရိုးရိုးလူပုဂ္ဂိုလ်ဟုသူ့ကိုယ်သူထင် ထားသလို ပတ်ဝန်းကျင်ကလည်း သိထားပါသည်။ တကယ်ဆိုတော့ သူ သည်ဝမ်းတွင်းစုန်းဟု ဖတ်ဖူးလေ့လာဖူးပါသည်။
သူ့မိဘများသည် နန်းတွင်းအမှုတော်ထမ်းများဖြစ်သလို သူ့အစ်ကို သည်လည်း တံခါးမှူးတစ်ဦးဖြစ်သည်။ သူကိုယ်တိုင်လည်း နန်းအတွင်းသို့ ဝင်ထွက်သွားလာနေသူဖြစ်သည်။ တစ်နေ့မှာတော့ သူ့အစ်ကိုအားတာဝန် ဝတ္တရားပျက်ကွက်မှုနှင့် ကြိမ်ဒဏ်စီရင်ချက် ချကြပါသည်။ “အေး-ငါ့အစ်ကိုကိုရိုက်ရဲရင် ရိုက်ကြည့်။ နင်တို့လက်ကိုချိုးပစ်လိုက်
မယ်”
သူ့အစ်ကိုကို ရိုက်မည့်နေရာသို့လာရင်း လမ်းခရီးမှာ ကြုံးဝါးသွား၏။ ထိုနေရာသို့ရောက်သောအခါ အာဏာသားများမှာ ရုတ်တရက် လက်တွေ နာကျင်ကိုက်ခဲလာခြင်းကြောင့်လက်မှိုင်ချကာထိုင်နေတာကိုတွေ့ရသည်။ နောက်တစ်ခါဘုရားဆွမ်းကပ်ရန်အပင်ပေါ်မှာထားရှိသောမာလကာ
သီးပျောက်သွားတော့သူဒေါသထွက်သွားသည်။ စားသူများဝမ်းကိုက်ဝမ်း နာ ဖြစ်ကြပါစေဟု ကျိန်ဆဲလိုက်တာ ခိုးစားသူမှာ ခဏချင်းအတွင်းမှာပင် အံမယ်လေး – အဘလေးအော်ကာ ဗိုက်နှိပ်နေရပါတော့၏။
ထိုအဖြစ်အပျက်များ ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေကြခြင်းကြောင့် မှူးမတ်များသူတို့မောင်နှမကိုမထိရဲ၊ မကိုင်ရဲဖြစ်နေပါ၏။ ထို့ကြောင့် သူတို့ မောင်နှမအား စုန်းဟူ၍ ဘုရင်ကြီးထံ သံတော်ဦး တင်ကြသည်။ ဘုရင်ကြီး ကလည်း မယုံကြည်တာကြောင့် သူတို့ယူဆောင်လာသည့် ပစ္စည်းမှန်သမျှ ကိုစစ်ဆေးရန် အမိန့်ပေးထား၏။

တစ်နေ့မှာတော့ သူတို့မောင်နှမနှစ်ယောက်သည် ဘုရင့်ထံ ဆက်သ
မည့်ရိက္ခာကို ထမ်းကာ ယူဆောင်လာခဲ့သည်။ မှူးမတ်များကလည်း အမိန့် တော် ရထားပြီမို့ စစ်ဆေးပါသည်။ သူတို့ကလည်း နေမပူပင် ခစားရမှာမို့ အလျင်လိုကြောင်း ပြော၏။ မှူးမတ်များကလည်း အမိန့်အရဆိုပြီး ရိက္ခာ ထုပ်ကို အတင်းရှာကြသည်။ သည်တော့ စိတ်တိုတိုဖြင့် အမေရင်ဖြစ်လာ မည့်သူက-
“ပြောမရ၊ ဆိုမရနဲ့ ရှာချင်တယ်ဆိုရင်ရှာ။ မြွေပဲ တွေ့မယ်”
ဟုပြောလိုက်ရာတကယ်မြွေဖြစ်နေပြီးဘုရင့်ကိုအကြောင်းစုံလျှောက် လိုက်၏။ သည်တော့ ဘုရင်လည်း သူတို့မောင်နှမကို အဆုံးစီရင်လိုက်ရာ အမေရေရင် ဖြစ်သွားပါလေတာ့၏။
ကျွန်တော်ဖတ်ဖူးမှတ်ဖူးသမျှစုန်းအမျိုးအစား၊ တိမ်ညွန့်စား၊ အထက် တန်းစားစုန်းတွေမှ အနိမ့်ဆုံးချေးစားစုန်းတွေ ပါဝင်သည်။ ထိုအထဲတွင် ဝမ်းတွင်းစုန်းလည်း ပါနေပါ၏။ မိမိကိုယ်မိမိ မသိပေမဲ့ မည်သူမျှ ပြုပြင် ဖန်တီးမှုမရှိပဲ စုန်းဖြစ်နေတာကိုဝမ်းတွင်းစုန်းဟုခေါ်ကြမည်ဖြစ်၏။ ကျွန်တော်သည် ထိုအဖြစ်အပျက်ကို ရှင်းပြလိုက်ပါမှ စောလူးသယ် ပြန်သွားပါလေတော့၏။
> မုဒုံသုမွန်

Zawgyi Version

၀မ္းတြင္းသေႏၶဆိုး(စ/ဆုံး)
——————————–
“ကြၽန္ေတာ့္ကိုဝင္ခြင့္ျပဳပါ – ဆရာ”
႐ုပ္ရည္သနားကမားရွိေသာ လူငယ္တစ္ေယာက္ ကြၽန္ေတာ့္အိမ္သို႔ ေရာက္လာၿပီး အထက္ပါအတိုင္း ဝင္ခြင့္ေတာင္းပါသည္။ ထိုလူငယ္သည္ ကြၽန္ေတာ့္အတြက္ လူစိမ္းသက္သက္ ျဖစ္႐ုံသာမက နယ္ေဒသမွ ျဖစ္ဖို႔ရာ မ်ားပါသည္။
“ထိုင္ပါ-ထိုင္ပါ”
ကြၽန္ေတာ္ကလည္း ႀကိဳဆိုလိုက္ပါသည္။ ကြၽန္ေတာ့္၏ ေဖာ္ေ႐ြစြာ ႀကိဳဆိုမႈကို လက္ခံရရွိၿပီးေတာ့ သူသည္ ကုလားထိုင္လြတ္တစ္ေနရာတြင္ ဝင္ထိုင္လိုက္ပါသည္။
“ေသာ္-ကြၽန္ေတာ့္နာမည္ကေစာလူးသယ္ပါ။ေနတာကပ်ားစြဲေတာင္
႐ြာကေလးကကရင္လူငယ္ပါ။အဲ-အဲ- ပ်ားစြဲေတာင္ဆိုတာကက်ိဳက္ထီး႐ိုး
ေတာင္ရွိတဲ့ေပါင္းေလာင္းေတာင္ရဲ႕အေရွ႕ဘက္အစြန္းမွာရွိတာပါ။ ဒါဆိုရင္
ဆရာ သိေလာက္ၿပီေပါ့ေနာ္”

ပ်ားစြဲေတာင္ကိုကြၽန္ေတာ္ေကာင္းေကာင္းႀကီးသိပါသည္။ ထိုေတာင္ ၏ အစြန္းတြင္ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းလည္း ရွိပါေသးသည္။ ထိုေက်ာင္းတြင္ နံနက္စာအျဖစ္ ေကာက္ညႇင္းေပါင္းႏွင့္ ငါးေျခာက္ဖုတ္ကို လည္းေရေႏြးၾကမ္းေသာက္ရင္းအဆာေျပစားခဲ့ဖူးပါသည္။ ေတာင္ေျခမွာေတာ့ကရင္႐ြာကေလးေတြရွိပါသည္။ သူတို႔သည္ရာသီ
စာအျဖစ္ ငွက္ေပ်ာ၊ သခြား၊ ဘူး၊ ဖ႐ုံတို႔ကို စိုက္ပါသည္။ ႏွစ္ရွည္သီးႏွံအျဖစ္ ဒူးရင္း၊ ကြမ္း၊ ကြမ္းသီး၊ အုန္း၊ င႐ုတ္ေကာင္းတို႔ကို စိုက္ပ်ိဳးပါသည္။ “ဒါနဲ႔ – ဘာကိစၥနဲ႔ ေရာက္လာရတာလဲ”
“ဟုတ္ကဲ့ – ကြၽန္ေတာ္ – ဆရာ့ရဲ႕ လွ်ိဳ႕ဝွက္စုံေထာက္ဝတၳဳေတြကို ဖတ္ ဖူးပါတယ္ – ဆရာ”
ကြၽန္ေတာ္ ခုတေလာ လွ်ိဳ႕ဝွက္စုံေထာက္ဝတၳဳေတြကို အေရးမ်ားပါ သည္။ တကယ္အားသန္ၿပီး အေရးမ်ားခဲ့တာက ရသစာေပဝတၳဳမ်ား ျဖစ္ပါ ၏။ သို႔ေသာ္ ကြၽန္ေတာ္ ပင္စင္ယူၿပီး အေရးမ်ားလာတာကေတာ့ လွ်ိဳ႕ဝွက္ စုံေထာက္ဝတၳဳသာ ျဖစ္၏။
အေၾကာင္းမွာလွ်ိဳ႕ဝွက္စုံေထာက္၊ဂမၻီရ၊ဘာသာေရးစေသာအေၾကာင္း
အရာမ်ားကို ဦးစားေပးေဖာ္ျပေသာ မဂၢဇင္းေတြ၊ စာေစာင္ေတြ တိုးပြားမ်ား ျပားလာျခင္းေၾကာင့္ ျဖစ္သည္။ ထိုအထဲတြင္ ဂမၻီရစာေပကိုေတာ့ ကိုယ့္ ဘဝခံယူခ်က္ႏွင့္ ကိုက္ညီမႈမရွိ၍ မေရးျဖစ္ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္၏ လွ်ိဳ႕ဝွက္စုံေထာက္ဝတၳဳေတြကို သူ ဖတ္ဖူးသည္မွာ မဆန္းပါ။
“ဆူလြယ္၊ နပ္လြယ္ ေရးရတာပါကြာ…”
ကြၽန္ေတာ္အမွန္အတိုင္းဝန္ခံလိုက္ပါသည္။ကြၽန္ေတာ့္ပင္ကိုယ္စ႐ိုက္
အေနႏွင့္ကေတာ့ကလိမ္ကက်စ္ဇာတ္လမ္းမ်ိဳး၊ ေသြးညႇီေတြလႊမ္းေနသည့္
ဇာတ္လမ္းမ်ိဳး၊မိန္းမႏွင့္ေယာက္်ားအိမ္ေထာင္ေရးေဖာက္ျပန္တာမ်ိဳး၊အဓမၼ
ကိစၥမ်ိဳး၊ တစ္ဦးႏွင့္တစ္ဦး ေလာဘ၊ ေဒါသ၊ ေမာဟေတြ ဖုံးလႊမ္းေနသည့္
ဇာတ္လမ္းမ်ိဳးကို မေရးခ်င္ပါ။

ေလာကသဘာဝ၊ ေလာကအလွ ဘဝႀကီးထဲမွာ လွလွပပႏွင့္ လႈပ္ရွား ႐ုန္းကန္ေနသည့္ ဘဝသ႐ုပ္ေဖာ္အေၾကာင္းေတြကိုသာ ေရးခ်င္ပါသည္။ သို႔ပါေသာ္လည္း ယခုလို လွ်ိဳ႕ဝွက္စုံေထာက္ေတြကို ေရးေနရတာကေတာ့ ယေန႔အခ်ိန္အခါအေျခအေနေၾကာင့္ပါ။
“ထားပါေတာ့ေလ။ ဆရာ့အေၾကာင္းနဲ႔ ဆရာေပါ့။ ဒါေပမဲ့- ကြၽန္ေတာ္ ဆရာ့ဆီမွာ ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ကအကူညီေတာင္းထားလို႔ပါ” “အကူအညီ – ဟုတ္လား”
ကြၽန္ေတာ့္မွာ လူတစ္ဖက္သားကို ကူညီႏိုင္ေလာက္သည့္ အရည္ အခ်င္းမရွိပါ။ယခင္ဝန္ထမ္းဘဝမွာဆိုလွ်င္ေတာ့လုပ္ငန္းခြင္ႏွင့္ပတ္သက္
ၿပီး ကူညီႏိုင္ေကာင္း ကူညီႏိုင္လိမ့္မည္ ထင္ပါသည္။ ယခုလို ပင္စင္စား၊ မည္သည့္အဆက္အသြယ္လည္းမရွိ။တစ္ကိုယ္တည္းေအးေအးလူလူေန ၿပီး စာေတြခ်ည္း ေရးေနသည့္အခါမို႔ ဘာအကူညီမွ ေပးႏိုင္ေတာ့မည္ မဟုတ္ပါ။
“အကူညီ မဟုတ္ေတာင္မွ အႀကံဉာဏ္ေလးမ်ားေပါ့ – ဆရာ”
သူကေဈးဆစ္သည့္အေနႏွင့္ စကားကိုေလွ်ာ့ခ်လာျပန္သည္။ အႀကံ ဉာဏ္ပါတဲ့။ ကြၽန္ေတာ္လည္း ဘာပဲေျပာေျပာ သူ႔စကားကိုေတာ့ သေဘာ က်ပါသည္။
“ဘာအႀကံဉာဏ္လဲဗ်ာ။ ဒါထက္- ဘယ္ပုဂၢိဳလ္ကမ်ားအကူညီေတာင္း ခံထားလို႔လဲ”
“ဒီလိုပါ- ဆရာ။ ကြၽန္ေတာ္တို႔ပ်ားစြဲေတာင္မွာဦးသိဒၶိဆိုတဲ့ရေသ့ႀကီး ရွိပါတယ္။ သူ – အဲဒီေဒသကိုေရာက္တာ ငါးႏွစ္ေလာက္ရွိၿပီ။ ကြၽန္ေတာ္တို႔ ေဒသက လူေတြႏွင့္ ဆရာဒကာအရင္းေတြ ျဖစ္ေနပါၿပီ။ ရေသ့မျဖစ္ခင္က ေတာ့ အမႈထမ္း။ ၿပီးေတာ့ – ဆရာ့စာဖတ္ပရိသတ္တစ္ဦးေပါ့”
သူ႔စကားကိုၾကားမိေတာ့ ဦးသိဒၶိကားေတာထြက္ပုဂၢိဳလ္ႀကီးဟုသိလိုက္ ပါေတာ့သည္။ လူဆိုတာကြၽတ္ခ်ိန္တန္ေတာ့ တရားေတြရၿပီး ဘာသာေရး၊ သာသနာေရးကို လိုက္စားတာပဲဟု လြယ္လြယ္ႏွင့္ ေကာက္ခ်က္ခ်မိ သည္။

ဆရာ”
“သူ႔မိသားစုေကာ …”
“မရွိဘူး – ဆရာ။ သူကလူပ်ိဳႀကီးပါ” “သံေယာဇဥ္အေႏွာင္အဖြဲ႕မရွိေတာ့လဲ…”
“မဟုတ္ဘူး- ဆရာ။ သူ – ရေသ့ျဖစ္တာ သံေယာဇဥ္ႏွင့္ မဆိုင္ဘူး
“ဟုတ္လား ဘယ္လိုအေၾကာင္းမ်ားပါလိမ့္”
ကြၽန္ေတာ္တအံ့တၾသႏွင့္ေမးယူရပါေတာ့၏။ကြၽန္ေတာ္နားလည္ထား တာကဘဝမွာစိတ္ပ်က္စရာေတြ၊ နာၾကည္းစရာေတြ၊ သံေဝဂရစရာေတြကို ေတြ႕ ျမင္မိပါက လက္ရွိသံေယာဇဥ္ေတြကို ပယ္ျဖတ္ၿပီး တရားဘာဝနာ ေဘာင္သို႔ ကူးသြားသည္ဟု နားလည္ထားပါ၏။
“သူ႔အျဖစ္က မယုံၾကည္စရာ ဂမၻီရဆန္ေနတာမို႔ ဆရာ့ဆီ အႀကံဉာဏ္ ေတာင္းရတာပါ – ဆရာ”
ေအာက္တန္းစာေရးေလး ကိုေမာင္ျမင့္သည္ ေျမနီကုန္းရပ္ကြက္ရွိ ဗိုလ္မိုးလမ္းထဲသို႔အပတ္စဥ္႐ုံးအားရက္တိုင္းေရာက္ေလ့ရွိပါသည္။ထိုရပ္ ကြက္ထဲတြင္ ေက်ာင္းဆရာေလး ကိုလွတင္ ရွိပါသည္။ ထိုကိုလွတင္သည္ သူ႔သူငယ္ခ်င္းျဖစ္ၿပီး အိမ္ေထာင္ရွင္တစ္ဦးလည္း ျဖစ္သည္။ သူ႔ဇနီးသည္ အမီနာႏွင့္လည္း ရင္းႏွီးပါသည္။
သူ ေရာက္ရွိလာရျခင္းကား ကိုလွတင္တို႔လင္မယားအား ေမ်ာက္ျပ ဆန္ေတာင္း႐ုံမွ်သာျဖစ္၏။ တကယ္တမ္း သူ႔ရည္႐ြယ္ခ်က္ကားကိုလွတင္ တို႔အိမ္ႏွင့္မ်က္ႏွာခ်င္းဆိုင္အိမ္မွေထြးေထြးကိုျမင္ေတြ႕လိုျခင္းေၾကာင့္ျဖစ္
သည္။
ေကာင္မကေလးကား ကိုးတန္း(ဟိုက္စကူးဖိုင္နယ္)ႏွစ္ခါက် စနစ္ ေၾကာင့္ ေက်ာင္းမွ ထြက္ထားသူ ျဖစ္သည္။ ေထြးေထြးသည္ မိန္းကေလး ပီသသည္။ ဣေျႏၵရွိသည္။ရွင္းရွင္းဆိုရေသာ္က်က္သေရရွိလွသူျဖစ္သည္။

အထင္အရွားဆုံးက နဖူးျပင္အထက္ရွိ ဆံစေနရာတြင္မွ မွဲ႔နက္တစ္လုံး ထင္ရွားစြာ ရွိေနသည္။ ထိုမွဲ႔သည္ပင္ မ်က္ႏွာအလွက်က္သေရ တိုးပါေစ သည္ဟုကိုေမာင္ျမင့္ ထင္ေနပါ၏။
ေထြးေထြးကို ျမင္ျမင္ခ်င္း ခ်စ္ႀကိဳက္မိသည္ျဖစ္၍ ေ႐ႊစြန္ညိဳပမာ လာရစ္ဝဲေနပါသည္။ သူ ေ႐ႊစြန္ညိဳ ျဖစ္ေနသည္ကိုလည္း ေထြးေထြး သိပါ သည္။ေထြးေထြးႏွင့္သူသည္ေမးေျပာ၊ေခၚထူးသည့္အဆင့္သို႔ေရာက္သည့္ တိုင္ေအာင္တစ္ဦးအေပၚတစ္ဦးရင္တြင္းစကားကိုဖြင့္မေျပာျဖစ္ပါ။တစ္ေန႔
မွာေတာ့ ကိုလွတင္ဇနီးအမီနာက သူ႔ကို ဖိတ္စာတစ္ခုကမ္းေပးပါသည္။ “ဘာလဲ-အမီနာ”
“ေထြးေထြး – အင္ဂ်င္နီယာတစ္ေယာက္နဲ႔ လက္ထပ္ေတာ့မယ္တဲ့”
အမီနာေျပာစကားႏွင့္ပင္ ဖတ္စရာ မလိုေတာ့ေအာင္ပင္ လုံေလာက္ သြားၿပီျဖစ္၏။ သူ႔ရင္ထဲတြင္ တစ္စုံတစ္ရာသည္ ေၾကမြကြဲအက္သြားသလို ခံစားလိုက္ရပါေတာ့သည္။ သူ အလိုလားဆုံး အရာဝတၳဳတစ္ခု လက္ၾကမ္း ႀကီးႏွင့္ အလုခံရသလို ျဖစ္ေနပါ၏။ တျမည့္ျမည့္ တလႈိက္လႈိက္ ခံစားေနရ ပါ၏။
သူ႔ကိုယ္သူလည္း ေျဖေတြးေလး ေတြးေနပါ၏။ မတတ္သာသည့္ အေရးမို႔ ဘဝေပးသမွ်ႏွင့္ ေက်နပ္လိုက္ရပါ၏။ တကယ္တမ္းဆို သူက ေအာက္တန္းစာေရးေလး ဟိုက္စကူးဖိုင္နယ္ေအာင္အဆင့္သာ ရွိသည္။ ထိုသူက မိမိထက္ ပညာအရည္အခ်င္းျမင့္ေသာ အင္ဂ်င္နီယာအရာရွိဆို ေတာ့ အရာရာနိမ့္ပါးသူျဖစ္၏။ ဘာပဲျဖစ္ျဖစ္ ခ်စ္သူေကာင္းစားေရးဟု သေဘာထားကာ ေက်နပ္လိုက္ပါေတာ့သည္။
ေထြးေထြးတို႔လည္းလက္ထပ္ၿပီးသူ႔ဘဝကိုလည္းျမႇင့္တင္သည့္အေန ႏွင့္ဆယ္တန္း(မက္ထရစ္)စာေမးပြဲကိုဝင္ေျဖသည္။ေအာင္ေတာ့လုပ္သား မ်ားေကာလိပ္သို႔တက္ၿပီး ဌာနဆိုင္ရာမွာလည္း ရာထူးေတြ အဆင့္ဆင့္ တိုးလာခဲ့သည္။ ေထြးေထြးကိုလည္းေမ့ထားတာၾကာၿပီျဖစ္၏။ အိမ္ေထာင္ မရွိ၊ တစ္ကိုယ္တည္း ရွိေနဆဲ ျဖစ္၏။

တစ္ခါမွာေတာ့ သူ မန္ေနဂ်ာလုပ္ေနေသာဌာနသို႔ အသစ္ေရာက္ရွိ လာသူ အထက္အရာရွိတစ္ဦးက သူ႔ေနရာမွာ သူ႔လူကို အစားထိုးခ်င္၍ ရမည္ရွာၿပီး သူ႔ကို ေျပာင္းလိုက္ပါသည္။ ထိုအခါမွ အထက္အရာရွိအသစ္ ႏွင့္ ဆရာတပည့္ ေပါင္းသြားေလေတာ့၏။

သူကေတာ့ စိတ္မေကာင္းစြာႏွင့္ပင္ ေဘးထြက္သြားရေတာ့၏။ သူ ေဘးထြက္ၿပီးတစ္ပတ္ေလာက္ၾကာေတာ့အသစ္ေရာက္လာေသာ
အထက္
အရာရွိလည္း တစ္ေနရာသို႔ ေျပာင္းသြားျပန္ေတာ့၏။ သူ႔ေနရာသို႔ အရာရွိ တစ္ဦး ေရာက္လာျပန္၏။ အသစ္ေရာက္လာသူ အရာရွိေရာက္လာခါမွ ႏိုင္ငံျခား ခဏခဏသြားရေသာ လုပ္ငန္းေတြ ေပၚေပါက္လာပါေတာ့၏။ ကိုေမာင္ျမင့္အားေျပာင္းေ႐ႊ႕ေအာင္လုပ္ေသာအရာရွိလည္းစိတ္မေကာင္း
ျဖစ္ကာက်န္ရစ္ေနေတာ့၏။
ကိုေမာင္ျမင့္သည္ ေအာက္လက္ဝန္ထမ္းမ်ားအား အစဥ္ညႇာတာသူ ျဖစ္၏။ ဌာနဆိုင္ရာတြင္ ႀကီးေသာအမႈ ေသးေစ၊ ေသးေသာအမႈ ပ.ေပ်ာက္ ေစရန္ အၿမဲတမ္း ဖုံးဖုံးဖိဖိလုပ္ထား၏။
တစ္ခါတြင္ပ်က္ကြက္မၾကာမၾကာလုပ္တတ္ၿပီးစည္းကမ္းပ်က္ေသာ ဝန္ထမ္းတစ္ဦးအား အထက္မွ ေျပာင္းေ႐ႊ႕ပစ္လိုက္သည္။ ေျပာင္းေ႐ႊ႕ခံရ ေသာ ဝန္ထမ္းကလည္း မသြားခ်င္ပဲ ျဖစ္ေနသည္။ ထိုအခါ သူက ကိုေမာင္ ျမင့္အား တစ္ပတ္မွ် စာ႐ြက္စာတမ္း သိမ္းဆည္းရန္အတြက္ ေနခြင့္ျပဳပါရန္ ေတာင္းခံ၏။ သူကလည္း ေနာက္ဆုံးအခြင့္အေရး ေပးသည့္အေနႏွင့္ သူ႔ အားလက္ခံထားလိုက္၏။
ဤသို႔ ျပဳရေကာင္းလားဟုဆိုကာ အထက္ကပုဂၢိဳလ္က ကိုေမာင္ျမင့္ အား ဆူႀကိမ္း ႀကိမ္းပါ၏။ ႀကိမ္းေမာင္းတာမွ အမိန႔္ကို အာခံမႈ၊ အထက္ကို မေလးစားမႈ၊ ဤကိစၥအတြက္ ထုေခ်လႊာတင္ပါ။ ေနာက္အပတ္ အစည္း အေဝးမွာ ဌာနေျပာင္းေ႐ြ႕သည္အထိ အေရးယူမည္ဟု ေျပာၾကားပါသည္။ ဤအခါလည္း ကိုေမာင္ျမင့္တစ္ေယာက္ စိတ္မေကာင္းႀကီးစြာ ျဖစ္ရျပန္ သည္။
သူ အေၾကာက္ဆုံးက သူ႔အား ဌာနေျပာင္းေ႐ႊ႕ျခင္းပင္ ျဖစ္သည္။ သို႔ ေသာ္ဌာနေျပာင္းေ႐ႊ႕မႈေတာ့မျပဳလုပ္ရပါ။ အေၾကာင္းမွာသူ႔အားဌာနေျပာင္း
ေ႐ႊ႕ရန္လုပ္ေနဆဲမွာပင္ထိုအရာရွိႀကီးသည္ေဆးဝါးကုသခံယူရေနပါေတာ့ ၏။ အေျဖကေတာ့ ကင္ဆာဟု သိလိုက္ရၿပီး မၾကာမီမွာပင္ ကြယ္လြန္သြား ပါေတာ့သည္။

တစ္ခါမွာေတာ့ကိုေမာင္ျမင့္သည္႐ုံးအားရက္ႀကဳံ၍ျပည္တစ္ဖက္ကမ္း
ထုံးဘိုသို႔ အေဖာ္ေကာင္းသည္ႏွင့္ လိုက္သြားပါသည္။ ကားကလည္း ဌာန ဆိုင္ရာ ကားျဖစ္၍ အေကာက္ေတာင္ ဘုရားသို႔ ဘုရားဖူးသြားျခင္း ျဖစ္
သည္။
သူကဘုရားဖူးသက္သက္ဘာတာဝန္မွမပါပါ။ကားေပၚမွာဌာနဆိုင္ရာ ပစၥည္းေတြကဘာကိုဘာေၾကာင့္အေရးႀကီးေနရတာကိုလည္းသူမသိပါ။ ျပည္တစ္ဖက္ကမ္း နံေဘးေရာက္ေတာ့မွ (ထိုစဥ္က တံတားမေဆာက္ရ ေသးပါ)ပစၥည္းက အေရးႀကီးေၾကာင္း သိရပါသည္။
ထို႔ေၾကာင့္ တာဝန္ရွိသူမ်ားက ျပည္ဖက္ကမ္းအထိ လိုက္လာၾကပါ သည္။ ၿပီး – မ်က္ႏွာလို မ်က္ႏွာရလုပ္ၿပီး အဆင့္ျမင့္ လူႀကီးတစ္ေယာက္က သူ႔ကို လွိမ့္ေဟာက္ပါသည္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုေမာင္ျမင့္ကို သူက ပစၥည္းတာဝန္ခံဟု ထင္ေနျခင္းေၾကာင့္ ျဖစ္သည္။ ကိုေမာင္ျမင့္ကလည္း သူ တာဝန္ခံမဟုတ္ေၾကာင္း၊ ခရီးႀကဳံလိုက္လာေၾကာင္းေျပာေတာ့ ထိုသူ သည္ေဒါသထြက္ေနရာမွ အရွက္ပါရလာေလသည္။ ထို႔ေၾကာင့္ ရွက္ယမ္း ယမ္းၿပီး –
“မင္းမွာ ခရီးသြား ဝရမ္းပါလား” “မပါပါဘူး”
“မပါဘဲ ခရီးထြက္လာရသလား။ ဝန္ထမ္းလုပ္လာတာ ႏွစ္ေပါင္းသုံး ဆယ္ရွိၿပီ။ ဒါေတာင္ – မသိဘူးလား။ မင္းကို အေရးယူမယ္”
စသည္ျဖင့္ အထက္လူႀကီး ေရွ႕ေမွာက္မွာ ဘီလူးႀကိမ္း ႀကိမ္းပါေလ ေတာ့၏။ ရွိသမွ် အာဏာပါဝါေတြ ျပေနပါ၏။ ထိုအမႈသည္ ထိုမွာပင္ အဆုံး သတ္ရေတာ့မလိုပင္ျဖစ္၏။ အဘယ္ေၾကာင့္ဆိုေသာ္ထိုျပႆနာေတြႀကဳံ ရၿပီး ထိုတစ္ဖြဲ႕လုံးသည္ ေငြေၾကးအရႈပ္အေထြးတစ္ခုေၾကာင့္ အလုပ္မွ ရပ္ နားလိုက္ၾကရ၏။
ထိုအျဖစ္အပ်က္မ်ား ဆင့္ကာဆင့္ကာျဖစ္ေပၚလာၿပီးေနာက္ကိုေမာင္ ျမင့္ အသိတရားတစ္ခု သိရွိလာပါေတာ့သည္။ သူ႔အား လုပ္ငန္းခြင္မွာ ထိခိုက္ပုတ္ခတ္ၾကေသာသူမ်ားအေၾကာင္းပင္ ျဖစ္၏။

ဦးစြာ သူ႔အား မန္ေနဂ်ာအဆင့္မွ အျခားေနရာသို႔ ေျပာင္းေ႐ႊ႕လိုက္ ေသာသူသည္ တျခားအေရးမပါသည့္ေနရာသို႔ ေရာက္သြားရသည္။ ထို႔ ေနာက္ ေ႐ႊ႕ေျပာင္းခံရေသာ ဝန္ထမ္းအား ငဲ့ညႇာျခင္းေၾကာင့္ သူ႔အား ႀကိမ္း ေမာင္းအျပစ္ဆိုသူပုဂၢိဳလ္သည္ ကင္ဆာျဖစ္ၿပီး ေသသြားသည္။ ထို႔ျပင္ သူ႔ အစားမန္ေနဂ်ာျဖစ္လာသူသည္ကိုေမာင္ျမင့္ကိုအဆုံးတိုင္အေရးယူမည္
ဆိုသည့္သေဘာႏွင့္ အထက္ကို ကတုံးကတိုက္လုပ္ျခင္းေၾကာင့္ ေသဆုံး
သြားသည္။ယခုေနာက္ဆုံးေငြေၾကးရႈပ္သူမ်ားအထိအေၾကာင္းအရာပါေန
ပါ၏။
ထိုသို႔ သူတို႔တစ္ေတြအတိဒုကၡေရာက္ရသည္မွာ ဆန္းေနပါ၏။ တိုက္ ဆိုင္မႈဆိုလွ်င္လည္းတစ္ႀကိမ္တစ္ခါ တိုက္ဆိုင္မွျဖစ္ပါကမဆိုသာပါေသာ္ လည္းအႀကိမ္ေတြထပ္ကာထပ္ကာ ပြားေနျခင္းေၾကာင့္စဥ္းစားရၾကပ္လာ ပါသည္။ ထို႔ျပင္ သူတို႔ကိုယ္စား မိသားစုမ်ားကိုလည္း သနားေနမိသည္။ ဤအတိုင္း မွန္ေနပါက သူ အျပစ္မွ လြတ္ပါရဲ႕လား။ သူက ကိုယ္ထိလက္ ေရာက္ အျပစ္မက်ဴးလြန္ေပမဲ့ သူ႔ကို ခ်ိဳးဖဲ့ေျပာဆို႐ုံႏွင့္ အျပစ္ျဖစ္သည္ ဆိုေတာ့ သူေကာ အျပစ္ကင္းရဲ႕လား။ သူ႔ခႏၶာကိုယ္မွာေတာ့ ဘာအေစာင့္ ေတြဝင္ေနၿပီး ဘယ္ပုဂၢိဳလ္ေတြစီးေနလို႔လဲ။
သူသာ အမ်ားႏွင့္သက္ဆိုင္သည့္ အလုပ္ခြင့္တြင္ ရွိေနပါက သူလည္း အျပစ္မကင္းရာျဖစ္မည္။ ခံရသူလည္းကိုယ္စိတ္ႏွလုံးဆင္းရဲရမည္ကိုသိ၍ ပင္စင္ယူကာ ရေသ့ဝတ္ခဲ့သည္။ ခုအခါ ငါးႏွစ္ေက်ာ္ပါၿပီ။
“အဲသလိုပါပဲ – ဆရာ။ အျဖစ္ေတြက ဂမၻီရဆန္ေနတယ္ – ဆရာ” “သူက ခုမွ ဘာေၾကာင့္ ေမးရေကာင္းမွန္းသိလာတာလဲ” ကြၽန္ေတာ္ေမးသင့္ေမးထိုက္သည့္ေမးခြန္းဟုထင္ပါသည္။သည္အျဖစ္ အပ်က္ေတြကဟိုးႏွစ္ေပါင္းမ်ားစြာကတည္းကအျဖစ္အပ်က္ေတြ။ ၿပီး- သူ

ရေသ့ျဖစ္ေနတာကလည္း(၅)ႏွစ္ရွိၿပီ။ခုမွဘာအတြက္ေၾကာင့္ဘာစိတ္ကူး
ေပါက္လို႔ကြၽန္ေတာ့္ကိုလာေမးရသလဲ။
“ဘာေၾကာင့္လဲဆိုေတာ့ ဦးသိဒၶိရေသ့ႀကီးတစ္ေန႔ေတာ့ ဘုရားေပၚမွာ သီလရွင္ဆရာႀကီးတစ္ပါးကို ေတြ႕ရွိသတဲ့ – ဆရာ။ ႏွစ္ေတြ ဘယ္ေလာက္ ၾကာၾကာ စြဲလမ္းဖူးတဲ့အရာ၊ ဒါမွမဟုတ္လွ်င္ လူပုဂၢိဳလ္ရဲ႕ ထူးျခားခ်က္ တစ္ခုခုကိုေတာ့ မွတ္မိတယ္ဆိုရင္ ဆရာ ယုံမွာလား”
သူကပင္ ကြၽန္ေတာ့္အား သက္ေသသကၠာယအျဖစ္ ဆြဲထည့္ေနပါ သည္။ ကြၽန္ေတာ္ကလည္း မယုံတစ္ဝက္ ယုံတစ္ဝက္မို႔ ေခါင္းညိတ္ကာ သေဘာတူလိုက္သည္။
“အဲဒါက – ဆရာႀကီး၏ သီလတရားေၾကာင့္ အ႐ြယ္တင္တာရယ္၊ အသားအေရေတြကၾကည္လင္လန္းဆန္းေနတာရယ္။ၿပီးေတာ့- သူ႔နဖူးျပင္ အလယ္တည့္တည့္ဆံစမွာရွိတဲ့မွဲ႔နက္ကေလးေၾကာင့္ဦးသိဒၶိဟာေထြးေထြး
မွန္း သိေတာ့တယ္”
“သိေတာ့ – ဘာျဖစ္သလဲ”
“ဘာျဖစ္ရမွာလဲ – ဆရာရယ္။ သူတို႔လိုေနဝင္ခ်ိန္ေရာက္ေနတဲ့ပုဂၢိဳလ္ မ်ားမွာေတာ့ တရားဘာဝနာ အမ်ားႀကီးပြားႏိုင္ၾကပါေစလို႔ ဆုေတာင္း႐ုံက လြဲၿပီး ဘာေျပာရမွာလဲ – ဆရာ။ ဪ – သူ သီလရွင္ဝတ္တာ ႏွစ္ေပါင္း ေလးဆယ္ေက်ာ္ၿပီတဲ့။ လက္ထပ္ၿပီး ႏွစ္လအၾကာမွာ သူ႔ေယာက္်ား ကားေမွာက္လို႔ ေသသြားကတည္းက ဆိုပါေတာ့ – ဆရာရယ္”
ကြၽန္ေတာ္ အံ့ဩသြားရပါေတာ့သည္။ သူႏွင့္ ပတ္သက္ေသာ ၾကမၼာ ဆိုးက ေထြးေထြးအေပၚလည္း က်ေရာက္သြားေသးသည္ဟု ယူဆလိုက္ သည္။ဂမၻီရဆန္ေသာ အျဖစ္ဆိုးမ်ားက ထိုကတည္းက စတင္လိုက္တာဟု ထင္ေန၏။ တစ္ဖန္နဖူးတည့္တည့္ဆံစေအာက္မွာမွဲ႔နက္ရွိေနတာကလည္း ကြၽန္ေတာ္ သိပ္ဘဝင္မက်ပါ။ အယူသည္းတာေတာ့ မဟုတ္။
မွဲ႔သွ်တၱရက်မ္းအလိုအရဆိုလွ်င္ ထိုသို႔ မွဲ႔ရွိေနသူ အမ်ိဳးသမီးအတြက္ လင္ေယာက္်ားျဖစ္သူအား ခိုက္တတ္သည္ဟု ဆိုထားျခင္းေၾကာင့္

ကြၽန္ေတာ္ ဘဝင္မက်ရျခင္းျဖစ္သည္။ ထိုအျဖစ္အပ်က္မ်ားေတြ႕ႀကဳံရျခင္း ေၾကာင့္ ဦးသိဒၶိသည္ ေစာလူးသယ္အားလႊတ္ကာ အကူညီေတာင္းျခင္း ျဖစ္သည္။
ထို ဦးသိဒၶိတစ္ျဖစ္လဲ ကိုေမာင္ျမင့္၏ အျဖစ္အပ်က္သည္ ဂမၻီရနယ္မွ အေမရင္၏အျဖစ္အပ်က္ႏွင့္ တူေနသည္ဟု ကြၽန္ေတာ္ ထင္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္အေမရင္သည္ ႐ိုး႐ိုးလူပုဂၢိဳလ္ဟုသူ႔ကိုယ္သူထင္ ထားသလို ပတ္ဝန္းက်င္ကလည္း သိထားပါသည္။ တကယ္ဆိုေတာ့ သူ သည္ဝမ္းတြင္းစုန္းဟု ဖတ္ဖူးေလ့လာဖူးပါသည္။
သူ႔မိဘမ်ားသည္ နန္းတြင္းအမႈေတာ္ထမ္းမ်ားျဖစ္သလို သူ႔အစ္ကို သည္လည္း တံခါးမႉးတစ္ဦးျဖစ္သည္။ သူကိုယ္တိုင္လည္း နန္းအတြင္းသို႔ ဝင္ထြက္သြားလာေနသူျဖစ္သည္။ တစ္ေန႔မွာေတာ့ သူ႔အစ္ကိုအားတာဝန္ ဝတၱရားပ်က္ကြက္မႈႏွင့္ ႀကိမ္ဒဏ္စီရင္ခ်က္ ခ်ၾကပါသည္။ “ေအး-ငါ့အစ္ကိုကို႐ိုက္ရဲရင္ ႐ိုက္ၾကည့္။ နင္တို႔လက္ကိုခ်ိဳးပစ္လိုက္
မယ္”
သူ႔အစ္ကိုကို ႐ိုက္မည့္ေနရာသို႔လာရင္း လမ္းခရီးမွာ ႀကဳံးဝါးသြား၏။ ထိုေနရာသို႔ေရာက္ေသာအခါ အာဏာသားမ်ားမွာ ႐ုတ္တရက္ လက္ေတြ နာက်င္ကိုက္ခဲလာျခင္းေၾကာင့္လက္မႈိင္ခ်ကာထိုင္ေနတာကိုေတြ႕ရသည္။ ေနာက္တစ္ခါဘုရားဆြမ္းကပ္ရန္အပင္ေပၚမွာထားရွိေသာမာလကာ
သီးေပ်ာက္သြားေတာ့သူေဒါသထြက္သြားသည္။ စားသူမ်ားဝမ္းကိုက္ဝမ္း နာ ျဖစ္ၾကပါေစဟု က်ိန္ဆဲလိုက္တာ ခိုးစားသူမွာ ခဏခ်င္းအတြင္းမွာပင္ အံမယ္ေလး – အဘေလးေအာ္ကာ ဗိုက္ႏွိပ္ေနရပါေတာ့၏။
ထိုအျဖစ္အပ်က္မ်ား ဆက္တိုက္ဆိုသလို ျဖစ္ပ်က္ေနၾကျခင္းေၾကာင့္ မႉးမတ္မ်ားသူတို႔ေမာင္ႏွမကိုမထိရဲ၊ မကိုင္ရဲျဖစ္ေနပါ၏။ ထို႔ေၾကာင့္ သူတို႔ ေမာင္ႏွမအား စုန္းဟူ၍ ဘုရင္ႀကီးထံ သံေတာ္ဦး တင္ၾကသည္။ ဘုရင္ႀကီး ကလည္း မယုံၾကည္တာေၾကာင့္ သူတို႔ယူေဆာင္လာသည့္ ပစၥည္းမွန္သမွ် ကိုစစ္ေဆးရန္ အမိန႔္ေပးထား၏။

တစ္ေန႔မွာေတာ့ သူတို႔ေမာင္ႏွမႏွစ္ေယာက္သည္ ဘုရင့္ထံ ဆက္သ
မည့္ရိကၡာကို ထမ္းကာ ယူေဆာင္လာခဲ့သည္။ မႉးမတ္မ်ားကလည္း အမိန႔္ ေတာ္ ရထားၿပီမို႔ စစ္ေဆးပါသည္။ သူတို႔ကလည္း ေနမပူပင္ ခစားရမွာမို႔ အလ်င္လိုေၾကာင္း ေျပာ၏။ မႉးမတ္မ်ားကလည္း အမိန႔္အရဆိုၿပီး ရိကၡာ ထုပ္ကို အတင္းရွာၾကသည္။ သည္ေတာ့ စိတ္တိုတိုျဖင့္ အေမရင္ျဖစ္လာ မည့္သူက-
“ေျပာမရ၊ ဆိုမရနဲ႔ ရွာခ်င္တယ္ဆိုရင္ရွာ။ ေႁမြပဲ ေတြ႕မယ္”
ဟုေျပာလိုက္ရာတကယ္ေႁမြျဖစ္ေနၿပီးဘုရင့္ကိုအေၾကာင္းစုံေလွ်ာက္ လိုက္၏။ သည္ေတာ့ ဘုရင္လည္း သူတို႔ေမာင္ႏွမကို အဆုံးစီရင္လိုက္ရာ အေမေရရင္ ျဖစ္သြားပါေလတာ့၏။
ကြၽန္ေတာ္ဖတ္ဖူးမွတ္ဖူးသမွ်စုန္းအမ်ိဳးအစား၊ တိမ္ၫြန႔္စား၊ အထက္ တန္းစားစုန္းေတြမွ အနိမ့္ဆုံးေခ်းစားစုန္းေတြ ပါဝင္သည္။ ထိုအထဲတြင္ ဝမ္းတြင္းစုန္းလည္း ပါေနပါ၏။ မိမိကိုယ္မိမိ မသိေပမဲ့ မည္သူမွ် ျပဳျပင္ ဖန္တီးမႈမရွိပဲ စုန္းျဖစ္ေနတာကိုဝမ္းတြင္းစုန္းဟုေခၚၾကမည္ျဖစ္၏။ ကြၽန္ေတာ္သည္ ထိုအျဖစ္အပ်က္ကို ရွင္းျပလိုက္ပါမွ ေစာလူးသယ္ ျပန္သြားပါေလေတာ့၏။
> မုဒုံသုမြန္