ကိုသိန်း(စ/ဆုံး)
—————-
ဤဇာတ်လမ်းလေအဖြစ်အပျက်လေးကတော့ ဧရာဝတီတိုင်း ဖျာပုံဘက်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပင်ဖြစ်သည်
ကိုသိန်း ဆိုသူဟာ အရွယ်ရောက်ပြီမို့ အိမ်ထောင်ပြုကာ သူ၏မိန်းမ နေတဲ့ နေရပ်သို့လိုက်ကာသွားခဲ့သည်
ကိုသိန်းဟာ အလုပ်အင်မတန်ကြိုးစားသူတစ်ယောက်ဖြစ်သည်
ကိုသိန်းမှာ သားသမီး ၃ယောက်လဲရှိသည်
မိသားစုဝမ်းစာရေးအတွက် နေ့မအားညမအားအလုပ်တွေကြိုးစားနေတဲ့သူတစ်ယောက်လဲဖြစ်သည်
ကိုသိန်းဟာ နေ့ဘက်ဆို စပါးရိတ်၊ ငါးရှာ ၊ ကြုံရာကိုလိုက်လုပ်သူဖြစ်ပြီး
ညဘက်မှာဆိုရင်တော့ စပါးထမ်းတဲ့အလုပ်လဲ လုပ်ကိုင်သူဖြစ်သည်
**မောင်သိန်းရေ**
*ဗျာ အဖေ*
**ဒေါ်ပုတို့အလှူမှာ ငါပဇ္ဇင်းတတ်မှာ အဲ့တာမင်းရောတတ်မှာလား**
*မတတ်တော့ပါဘူးအဖေရာ ရှင်လောင်းလှည့်တဲ့နေ့မှာ အဖေ့ကိုထီးပဲဆောင်းပေးတော့မယ်လေဗျာ*
**အေးပါကွာ မင်းသဘောမင်းသဘော**
*ကျုပ်ကတော့ ဘုန်းကြီးလဲမဝတ်နိုင်သေးပါဘူးဗျာ
ကျုပ်သားတွေသမီးတွေအတွက် အလုပ်ကလုပ်ရအုံးမယ် *
ကိုသိန်းဟာ ပြောပြောဆိုဆိုနဲ့ ငါးရှာမယ်ဆိုပြီး ဘတ်ထရီအိုးကိုယူကာထွက်လို့သွားခဲ့သည်
ဧရာဝတီဘက်ဆိုတော့ မြစ်တွေချောင်းတွေကပေါသား•••
ကိုသိန်းဟာ ငါးဖမ်းဘတ်ထရီ အိုးလေးကိုလွယ်ကာ ငါးဖမ်းကျင်စက်နဲ့ လိုက်ကာဖမ်းနေခဲ့သည်
ကိုသိန်းရဲ့ ကံတရားကြီးကပဲရက်စက်တယ်လို့ပြောရမလား၊
သေနေ့စေ့လို့ပဲပြောရမလား၊
ကိုသိန်း လွယ်ထားတဲ့ဘတ်ထရီမှာ ဗို့အားပြင်းကာပေါက်ကွဲလို့သွားခဲ့သည်
ရေထဲမှာ ငါးရှာနေတဲ့တန်းလန်းကြီး ကို ဗို့အားပြင်းစွာ ပေါက်ကွဲသွားသည်မို့ ကိုသိန်းတစ်ယောက် အဲ့ဒီနေရာမှာတင် ဆုံးပါး၍သွားခဲ့သည်
ကိုသိန်းပြန်မလာသေးသည်မို့ မိန်းမဖြစ်သူက စိတ်ပူလို့နေလေသည်
°ကိုသိန်း တစ်ယောက်လဲဘယ်ထိတောင်ငါးသွားရှာနေတာလဲမသိဘူး အခုထိကိုပြန်မလာသေးဘူး
နေတောင်ဝင်တော့မယ်°
ထိုအချိန်•••••••••••
°တင်မေ ရေ တင်မေ °
အိမ်ရှေ့ကနေ အလောတကြီးခေါ်နေတဲ့အသံကြောင့် တင်မေတစ်ယောက် အိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်
°ကိုကြီး ဖိုးတေ ဘာများဖြစ်လို့ ဒီလောက်တောင် အော်ခေါ်နေရတာလဲ°
°°နင် နင့် ယောကျာ်းကိုသိန်း မြစ်ထဲမှာ သေနေပြီဟ ဘတ်ထရီအိုးလဲပေါက်ထားတာလဲတွေ့တယ်
အမြန်လိုက်ခဲ့ချေ°°
°ရှင် •••••°
တင်မေတစ်ယောက် ယောကျာ်းသေပြီလို့အသံကိုကြားပေမယ့် ရှင်တစ်လုံးထဲသာထူးနိုင်တော့သည်
ယောကျာ်းဖြစ်သူရှိရာသို့ရောက်သွားသော်အခါ
မြစ်ထဲမှာတင် တစ်ကိုယ်လုံးမဲပြာပြီးသေနေတဲ့ ကိုသိန်းကို တွေ့လိုက်ရသည်
ရွာသူရွာသားတွေကလဲ ဝိုင်းအုံကြည့်လို့နေကြသည်
°ကိုသိန်း ယောကျာ်း ရှင် ကျုပ်တို့ကိုအစောကြီးဘာလို့ထားသွားရတာလဲ
ရှင် ကျုပ်ကိုစနေတာများလား ကိုသိန်းရယ်
ရှင် ကျုပ်တို့သားအမိတွေကိုမထားခဲ့ပါနဲ့ အီးးဟီးးဟီးးးးး°
တင်မေတစ်ယောက် ရှုံးမွဲကျအော်ဟစ်ငိုကြေးနေပါတော့သည်
ရွာထဲက အကြီးအကဲတွေလဲ လုပ်စရာရှိတာကို ဆက်၍လုပ်ဆောင်ပေးခဲ့ကြသည်
ကိုသိန်းတို့အိမ်နေရာလေးဟာ ဟိုဘက်ရွာနဲ့ဒီရွာကို ချောင်းကူးတံတားလေးနဲ့ဆက်ထားသည့့်နေရာပင်ဖြစ်သည်
ကိုသိန်း ရဲ့ အလောင်းကို တံတားဘေးတစ်ဝိုက်နားမှာပဲ အခေါင်းလုပ်ကာနေရာချထားကြသည်
ညဘက်ရောက်သည်မို့ဖဲဝိုင်းကလဲ စလို့နေပြီ•••••
အချိန်ကား ည၈နာရီခန့်ပင် ရှိလို့နေသေးသည်
**ဟေ့ကောင် မင်ညီ ရေ**
တင်မေရဲ့အဖေက မင်ညီ ဆိုတဲ့ ကောင်လေးကိုခေါ်လိုက်ခြင်းဖြစ်သည်
×ဗျားးးးဦးလေး×
°ဦးလေးကို ဆေးပေါလိပ်လေး သွားဝယ်ပေးပါအုံး အစည်းလိုက်လေး ဝယ်လာပေးချေ°
×ဟုတ်ဟုတ် ဦးလေး သွားဝယ်ပေးမယ်လေ×
× သားရီး မင်းပါလိုက်ခဲ့ကွာ ငမျိုးရာ×
××အိုခေ သားရီး အတူတူသွားကြတာပေါ့××
မင်းညီ နဲ့ ငမျိုးဟာ ဆေးပေါလိပ်ဝယ်ဖို့တွက် တံတားလေးကိုဖြတ်ကျော် သွားရပေမည်
ငမျိုး က အရှေ့ကသွားသည်
မင်းညီက အနောက်ကလိုက်ုက်သည်
ထိုအချိန်
×ဂျွတ် ဂျွတ် ဂျွမ်းးးးးဂျွမ်းးးးးးးးးး×
တံတားကျိုးကြသည့်အသံပင်ဖြစ်သည်
မင်းညီတစ်ယောက် အနောက်ကို ဇတ်ခနဲ လှည့်ကြည့်ရာ
တံတားဟာ မူလအတိုင်းပင် ၊
××ဟျောင့် မင်းညီ မြန်မြန်လာလေ ဘာလုပ်နေတာလဲကွ××
×အေးအေး သားရီ လာပြီ×
မင်းညီက အရှေ့သို့ခြေလှမ်းနင်းသွားတိုင်း
အနောက်ကနေ တံတားတွေက လိုက်ကျိုးသံထွက်လေ
လှည့်ကြည့်ရင် မူလအတိုင်းပင်ဖြစ်လို့နေပြန်သည်
မင်းညီလဲ သူ၏စိတ်ခြောက်ခြားနေမှာပါဆိုပြီး
စိတ်ကိုပြန်ဖြေခဲ့သည်
ထိုသို့ဖြစ်ခဲ့သည်ကို မင်းညီတစ်ယောက် ဘယ်သူ့ကိုမှမပြောပြခဲ့ချေ
အသုဘကိစ္စအကုန်ပြီးစီးတဲ့နောက်မှာ တင်မေတို့မိသားစုလဲ ခဏတာ အိမ်ထဲမှာ နားနေခဲ့ကြသည်
ဖဲရိုက်သည့်လူတွေ ကတော့အနည်းငယ်တော့ရှိလို့နေသည်
~~~အူးးးးးးးးးးးဝူးးးးးးးးးးအူးးးးးးးဝူးးးးးးးးးးးး~~
ည၏အမှောင်ကို ပို၍ခြောက်ခြားဖွယ် ဖြစ်နေသည့် ခွေးအူသံများပင်~~~~
××××ဂလောင့် ~~~~~ဂလောင့်××××ဂလော×××
အိမ်ခေါင်မိုးပေါ်သို့ ကြက်စာခဲများဖြင့် တစ်ယောက်ယောက်ပြစ်နေခြင်းဖြစ်သည်
ဖဲဆော့နေသည့်သူများလဲ အနည်းငယ် လန့်သွားကြသည်
ခဏအကြာတွင် အသံများတိတ်လို့သွားခဲ့သည်
ထိုအချိန်တွင်~~~~
××ဂလုံ××××× ဂွက် ××××ဂလုံ ဂလုံးးးးးး××
အိမ်နောက်ဖေးမီးဖိုချောင်မှ အိုးတွေကို ပြစ်ချနေသည့်အသံပင်ဖြစ်သည်
တင်မေတစ်ယောက် ချက်ချင်းပင် မီးဖိုချောင်သို့ သွားခဲ့သည်
ဘာတစ်ခုမှမရှိ ပစ္စည်းတွေအကုန်လုံးဟာ မူလအတိုင်းပင်ဖြစ်နေသည်
တင်မေ လဲ ကြောင်တွေ များလဲ စိတ်ထဲရေရွတ်လိုက်သည်
တင်မေရဲ့အဖေဟာ ဘဲတွေ မွေးမြူရေးကိုလုပ်ကိုင်သူဖြစ်သည်
ဘဲကြောင်းဘာညာကတော့ ကိုသိန်းပဲ နေ့တိုင်းကြောင်းပေးသည်
သေပြီး ၄ရက်မြောက်နေ့ ညနေတွင် ဘဲတွေဟာ ရေစီးလေးအတိုင်း တန်းစီစွာအိပ်တန်းပြန်တတ်လာကြသည်
နောက်တစ်နေ့လဲ ထိုအတိုင်းပင်
တစ်ယောက်ယောက်က ကြောင်းပေးနေသလိုမျိုးပင်၊
ဒါကိုလဲ တိုက်ဆိုင်မှုတစ်မျိုးပဲဆိုပြီး အကုန်လုံးဟာအမှုမဲ့အမှတ်မဲ့ထားလိုက်ကြသည်
××ဟျောင့် မင်းညီ ××
×ဘာလဲငမျိုးရ ×
××ကိုသိန်းကြီး ရှိရင် ဒီချိန်ဆို စပါးထမ်းနေမှာနော်××
×ဟုတ်ပကွာ သူ့သားသမီးတွေအတွက်ဆို နေ့မအားညမအားအလုပ်လုပ်တာကွ×
××ဟျောင့် မင်းညီ
ကိုသိန်းကရက်မလည်ရသေးဘူးတော့ ဒီမှာများ ရှိနေမလားမသိဘူးနော်××
×မင်းကတော့ကွာ ပေါက်ကရတွေမပြောနဲ့ကွ ငါကြောက်တယ်×
××မင်းကလဲ ကွာ အသဲနုနေပြန်ပြီ××
×လာပါကွာ အလုပ်ဆက်လုပ်ရအောင်
စပါးတေအိတ်တွေ မပေးရအုံးမှာ×
မင်းညီဟာ စပါးကို မပေးတဲ့နေရာမှာလုပ်သည်
စုစုပေါင်း ၇ယောက်ရှိသည်
လူအရေတွက်နဲ့ အခေါက်ရေကို မင်းညီကမှတ်နေရသည်
ထူးဆန်းတာက ၇ယောက်ထဲမှ အရှေ့ဆုံးတစ်ယောက် ဟာ တစ်ပြိုင်ထဲ ၂ခေါက်ဖြစ်ဖြစ်နေသည်
×ဟင် အရှေ့လူက ဘာလို့အရမ်းမြန်နေရတာလဲ အလှည့်ကျစီသွားနေရတာကို ×
မင်းညီ တစ်ယောက်တွေးတောလို့နေလေသည်
ပိုက်ဆံရှင်းတော့မှ အခေါက်ရည်ကို ကြည့်တော့ အရှေ့ကလူကြီးက အများတန်းတူ အခေါက်ရေတူတူပဲဖြစ်လို့နေလေသည်
မင်းညီ တစ်ယောက် ရင်ထဲဒိန်းခနဲဖြစ်သွားခဲ့သည်
ကိုသိန်း ဖြစ်နိုင်သည်ဟု တွေးခဲ့သည်
ရက်လည်တဲ့နေ့ ၇မြောက်နေ့တွင်
တစ်ခြားရွာမှ ကောင်မလေးတစ်ယောက်ဟာ မြစ်ကြောင်းလေးအတိုင်းလှေလေးစီးကာ လာခဲ့သည်
ကိုသိန်းသေဆုံးခဲ့သည့့်နေရာသို့အရောက်တွင်
ကောင်မလေးစီးလာသည့့်လှေကို မည်သူမှမရှိပဲနဲ့ လှေကို ဆွဲခါထုတ်ကာ လှေကိုမှောက်ချပစ်လိုက်သည်
ထိုအဖြစ်အပျက်ကလဲ ရွာလုံးသတင်းမွှေးသွားခဲ့သည်
နေ့ရက်တိုင်းလိုလို ကိုသိန်းဟာ သူသေဆုံးခဲ့သည့့် နေရာကို မည်သူပဲလာလာ ခြောက်လှန့်လွှတ်နေပါတော့သည်
ကိုသိန်း၏ယောက္ခထီး ပဇ္ဇင်းတတ်မည့်ရက်သို့အရောက်တွင်ရွှေထီးဟာ မည်သူမျှဖွင့်လို့မရခဲ့ချေ
ကိုသိန်းမသေခင် အလှူနေ့ရောက်ရင် သူ့ယောက္ခထီးကို ကိုယ်တိုင် ထီးဆောင်းမယ်လို့ပြောခဲ့တာကြောင့်လဲ ထီးကမပွင့်နိုင်တာမျိုးလဲ ဖြစ်နိုင်သည်ဟု တစ်ချို့ကယူဆခဲ့ကြသည်
ကိုသိန်းဟာသူကျင်လည်လုပ်ကိုင်ခဲ့သည့်နေရာတိုင်းလိုလိုမှာပင် ခြောက်လန့်မှုတွေကို ဆက်တိုက်လုပ်နေခဲ့ပါတော့သည်
အခုဆို ကိုသိန်းဟာ တကယ်ပဲ မကျွတ်လွတ်တာလား
ဒါမှမဟုတ် ကျွတ်လွတ်သွားခဲ့တာလားဆိုတာတော့ ယခုထိ မည်သူမျှ အသေချာမသိဖြစ်နေပါတော့သည်။
ပြီးပါပြီ။
နှောင်းနွေ (ကိုယ်တိုင်ရေး)