” ကုတင်အောက်က ရယ်သံ ” (စ/ဆုံး)

Unicode Version

” ကုတင်အောက်က ရယ်သံ ” (စ/ဆုံး)
———————————————-
(ဖြစ်ရပ်မှန်)
ကျုပ်နာမည် ထွန်းဦးကို။

ကျုပ် အသက် ၃၁ နှစ်ထိ မကြုံစဖူး အကြုံထူးခဲ့ရတဲ့

” မွေတော်ကိုးဆူ” ဘုရားပွဲသွားတုန်းက
ကြုံခဲ့ရတာကိုပြောပြချင်လို့ပါ။

၂၀၀၅ လား ၂၀၀၆ လား တော့မေ့တေ့တေ့ဖြစ်နေပေမဲ့
အဲတုန်းကကြုံခဲ့ရတာကိုတော့ ပြန်တွေးတိုင်း
ကြက်သီးတွေတဖျန်းဖျန်းထတုန်းပါ။

အဲဒီတုန်းက ကျုပ်ရယ် ကျုပ်သူငယ်ချင်း ဝေလင်းမြိုင်ရယ် မိုးဆန်းနိုင်ရယ် ကျုပ်ရဲ့ တစ်ဝမ်းကွဲညီ အောင်ချမ်းရယ်
လေးယောက်သွားခဲ့ကြတာ။

ဘုရားပွဲကတော့ စည်လိုက်တာ ကျိတ်ကျိတ်တိုးလို့ဗျ။
“ပန်းတော်ဝင်” ဆိုတဲ့ဇာတ်သဘင်တောင်ပါသေးတယ်။
ပွဲကတော့ ၃ ရက်တည်းပါ။

အဲရွာမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပါတယ်။
တစ်ကျောင်းက ” ဇေတဝန်စံဦးကျောင်း” ဖြစ်ပြီး

နောက်တစ်ကျောင်းက
ရွာဦး သဒ္ဓိကာရုံကျောင်း ဖြစ်ပါတယ်။
************************

ကျုပ်တို့တည်းတာက ရွာဦးသဒ္ဓိကာရုံကျောင်း မှာပါ။
အဲကျောင်းက ဆရာတော်ဘုရားဟာ မိုးဆန်းနိုင် ရဲ့
ဘကြီးတော်ပါ။

ကျုပ်တို့ နေရတဲ့အဆောင်က မကြာသေးမီကမှဆောက်
လုပ်ပြီးစီးဟန်ရှိတဲ့
“အာယုပါလ” ကျောင်းသင်္ခန်းမှာပါ။

ပထမနေ့ဆိုတော့ ခရီးပန်းလာတာကြောင့်
ကျုပ်တို့လေးယောက်
နည်းနည်းပါးပါးပဲပွဲလည် ဖြစ်ပြီး စောစောစီးစီးအိပ်ရာ
ဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။

အိပ်ရတာကတော့ ကုတင် နဲ့ပါ။
အဲအဆောင်မှာ ကုတင် ငါးလုံးရှိပါတယ်။
ကျုပ်တို့က လေးယောက်ဆိုတော့ တလုံးပိုနေတာပေါ့။

ကျုပ်တို့မအိပ်မီ ကိုရင်ကြီးတစ်ပါး မီးအိမ်ကလေးကိုင်ပြီး
ရောက်လာတယ်။

ပြီးတော့ “ဘုရားကို အာရုံပြုရှိခိုးပြီးမှအိပ်ကြ”ဟု
မှာကြားတော့
ကျုပ်တို့လဲ ဘုရားရှိခိုးပြီးမှ အိပ်ကြတယ်။

ကျုပ်တို့နေတဲ့အဆောင်မှာတော့ ဆောက်လုပ်လို့ပြီးခါစမို့လားမသိ
ဘုရားဆင်းတုတွေဘာတွေမရှိသေးဘူးဗျ။

အဲ၊ ဘုရားပုံတော် ကားချပ်တစ်ခုနဲ့
မှိန်ပျပျ မီးလုံးလေးတစ်လုံးပဲရှိပါတယ်။

အဆောင်က တံခါးမကြီးတော့ရှိပေမဲ့ တစ်ချို့ပြူတင်း
တွေကိုမတပ်ဆင်ရသေးဘူး၊ တစ်ချို့ကိုတော့
တပ်ဆင်ထားပြီးပါပြီ။

ကျုပ်တို့လဲ ခရီးပန်းလာတော့ ခပ်မြန်မြန်ပဲ
အိပ်ပျော်သွားခဲ့ကြတယ်။
**********************

” အဟိ ဟိဟိ ဟိ”
သန်းခေါင်ကျော်ခါနီးလောက်မှာ ရယ်သံတစ်ခုသဲသဲကွဲကွဲ ထွက်ပေါ်လာတာကြောင့်ကျုပ်လန့်နိုးသွားခဲ့တယ်။

ကျုပ်ရဲ့ ယာဘက်မှာ အိပ်နေတဲ့ မိုးဆန်းနိုင်က
ယောင်တတ်တဲ့ အကျင့် ရှိတော့ သူယောင်ယမ်းနေတာ
ထင်တာနဲ့ ၊

” မိုးဆန်းနိုင် ” မယောင်နဲ့ကွာ အိပ်ရေးပျက်တယ် ” ဆိုပြီး ပြောလိုက်မိတယ်။

ဒါပေမဲ့ ရယ်သံကတိတ်မသွားတဲ့အပြင် ပိုမိုကျယ်လောင်စွာထွက်ပေါ်လာတော့ ကျုပ်လည်း စိတ်တိုတို နဲ့ ဝုန်းကနဲထထိုင်ပြီး စိတ်တိုတိုနဲ့

ဆဲမယ်ကြံတုန်း ရယ်သံက ထပ်မံထွက်ပေါ်လာပြန်ရော။
ဒါတောင်မကသေး ကျုပ်အိပ်နေတဲ့ ကုတင်တောင်
လှုပ်ရမ်းသွားသလိုခံစားလိုက်ရတာဗျ။

ကျုပ်က သိပ်မကြောက်တတ်တဲ့လူစားမျိုးပါ။
လုံးဝ မကြောက်တာတော့မဟုတ်ဘူးပေါ့။

ကျုပ် ဟိုအကောင်တွေကို ကြည့်လိုက်တော့
သုံးယောက်လုံး
ကုလားသေ ကုလားမော အိပ်မောကျလို့။

ဒါနဲ့ ဘယ်သူရယ်နေတာပါလိမ့် ဆိုတဲ့ အတွေးနဲ့
ကုတင်အောက်ကို
ငုံ့ကြည့်ပြန်တော့လည်း ဘယ်သူမှမရှိပြန်။

ကျုပ်လည်း စိတ်ထင်တာ နေမှာပါ ဆိုတဲ့အတွေးနဲ့
ပြန်အိပ်မယ်လုပ်တော့ ကျုပ် ခေါင်းရင်းတည့်တည့်က “အဟိဟိ ဟိ ဟိ” ဆိုပြီးရယ်ပါလေရော။

ဒီမှာတင် ကျုပ် ကြက်သီးတွေတဖျန်းဖျန်းထပြီးတော့
ချက်ချင်း ဖျားချင်သလိုလို ဖြစ်သွားတာဗျို့။

ဟိုကောင်တွေကို နှိုးတော့ သူတို့စိတ်တိုတို နဲ့နိုးလာပြီး “ဘာဖြစ်တာလဲကွာ” တဲ့။

အဲဒီအချိန်မှာပဲ အစွန်ဆုံးမှာအိပ်နေတဲ့ အောင်ချမ်းက သူ့ဘေးမှာအိပ်နေတဲ့ ဝေလင်းမြိုင် ကို

” ဝေလင်း၊ဟိုကုတင်မှာ အိပ်နေတာ ဘယ်သူ
လဲ”တဲ့။

ဝေလင်းမြိုင်ကလည်း
” ငါတို့လို ဘုရားပွဲလာတဲ့သူတစ်ယောက်ပဲနေမှာပါ
ကွာ” လို့ပြောပြီး ပြန်အိပ်တယ်။

ဒီမှာတင် မိုးဆန်းနိုင်က ရုတ်တရက် ဝုန်းကနဲထပြီး

” ဟေ့ ကောင်တွေ၊ ဒီအဆောင်မှာ ငါတို့လေးယောက်ပဲရှိတာဟ၊ တံခါးမကို ငါကိုယ်တိုင် ဂျက်ထိုးထားတာ”
လို့ ပြောလိုက်တော့ သုံးယောက်လုံး ကျုပ်ကုတင်အပေါ်
တတ်ပြေးလာပါလေရော။

တစ်ခါမှ မကြောက်ဖူးတဲ့ ကျုပ်တောင်
ခေါင်းနားပမ်းတွေကြီးသွားသလို ဖြစ်သွားတာဗျ။

ဒီမှာ တစ်ခုမေးစရာ ရှိတာက
” တံခါးရွတ် မတတ်ရသေးတဲ့ ပြူတင်းပေါက်
တွေက ဝင်ရောက်လာတဲ့သူကော မဖြစ်နိုင်ဘူးလား” ဆိုတဲ့မေးခွန်းပါပဲ။

ဟုတ်ပါတယ်၊ အစကတော့ ကျုပ်လည်း အဲလိုတွေးမိပါ
တယ်။

ဒါပေမဲ့ ပြူတင်း တွေက လူတစ်ယောက် ဝင်ဆံ့လောက်တဲ့ ပမာဏမရှိဘူးဗျ။

ဟို အိပ်နေတဲ့အကောင် ကလည်း စောင်ကို ခေါင်းမြီးခြုံပြီး အိပ်နေတာ၊
ဟောက်တောင် ဟောက်နေသေးတာဗျ။

အိပ်နေတဲ့ပုံစံကတော့ ဘေးတစ်စောင်းပါ။
ကျုပ်တို့ဘက်ကို ကျောလှည့်ထားတယ်။

အောင်ချမ်း က
” ကိုထွန်း ကျုပ်တို့ ကို သရဲခြောက်နေတာလားမသိဘူး
” တဲ့။

ကျုပ်လည်း
” နေစမ်းပါကွာ၊ ဘုန်ကြီးကျောင်းထဲ ဘယ်သရဲရှိမှာလည်း၊
ငါသွားကြည့်လိုက်မယ်” လို့ပြောတော့၊

အောင်ချမ်း က ” ကိုထွန်း ဖြစ်ပါ့မလား၊ မကြည့်တာ
ကောင်းမယ်ထင်တယ်၊ တော်ကြာ သရဲဖြစ်နေရင်
ဘယ်လို လုပ်မလဲ” တဲ့။

မိုးဆန်းနိုင် နဲ့ ဝေလင်းမြိုင် တို့ကလည်း မကြည့်စေ
ချင်ဘူး။

ဒါပေမဲ့ ကျုပ်ကတော့ မရဘူး၊ သွားကြည့်ဖြစ်အောင်
ကြည့်လိုက်သေးတယ်။
ကျုပ်ချက်ချင်း နောင်တရသွားတယ်ဗျ။

ဘာလို့လဲဆိုတော့
အိပ်နေတဲ့ သူအနားသို့ ကျုပ်သွားပြီး ” ဟေ့လူ ဟေ့လူ ” လို့သွားနှိုးတော့ ဟောက်သံတော့ တိတ်သွားတယ်၊
ဒါပေမဲ့ ဘာမှမတုန့်ပြန်ဘူးဗျ။

ခဏကြာ နှိုးသည့်တိုင် ဘာမှမတုန့်ပြန်တော့ ကျုပ်လည်း
နည်းနည်းဒီပျက်ရှင်ဝင်လာတာနဲ့ ၊

“ဟေ့ လူ ” လို့အော်ပြီး စောင်ကိုဆွဲလိုက်
တော့ စောင်အောက်မှာ ဘယ်သူမှ ရှိမနေဘူးဗျို့။

” ဟာ၊ ဘယ် ဘယ်သူမှ မ မရှိဘူး၊ ကိုထွန်း အဲဒါ သ သ
သရဲ ” ဝေလင်းမြိုင်က စကားတောင်မပီတော့ပဲ
အထစ်ထစ် အငေါ့ငေါ့နဲ့ပြောတော့၊

ကျုပ်တို့လည်း လန့်လည်းလန့်၊ ကြက်သီးလည်းထနဲ့
အဆောင်ထဲက ထွက်ပြေးကြတာပေါ့ဗျာ။

ဒီကြားထဲ တံခါးမ က ဖွင့်မရဖြစ်နေသေးတာဗျ။

ကျုပ်တို့တံခါးမကို ဖွင့်ဖို့ကြိုးစားနေတုန်း
“အဟိ ဟိ ဟိ ဟိ” ဆိုတဲ့
အသံက ဟိန်းပြီးထွက်လာသလို ကျုပ်အိပ်ခဲ့တဲ့ကုတင်ကို
အားပါးတရလှုပ်ယမ်းနေတာဗျို့။

ကျုပ်တို့လည်း
” ကိုရင်ဘုရား၊ ဦးဇင်းဘုရား ကယ်ပါအုန်းဘုရား” နဲ့
အော်ဟစ်အကူအညီတောင်းပေမဲ့ ဘယ်သူမှ မကြားကြဘူးထင်ပါရဲ့။

အော်လည်းအော်၊ တံခါးကိုလည်း ကန်လိုကန်၊
ဆောင့်တွန်းလိုတွန်းနဲ့ တွန်းလိုက်တော့ ကံကောင်း
ထောက်မလို့ တံခါးကပွင့်သွားတယ်ဗျ၊

ကျုပ်တို့လည်း ဝမ်းသာအားရနဲ့ အဲအဆောင်နဲ့ ဝေးရာ
သို့ ပြေးမယ်လုပ်တော့မှ မိုးဆန်းနိုင် ပါမလာပဲ၊
သုံးယောက်တည်းဖြစ်နေတာကို သတိထားမိသွားတယ်၊

ပထမတုန်းက လောလော လောလောနဲ့ အကြောက်လွန်
ပြီး ထွက်ပြေးမယ်လုပ်တုန်းက မိုးဆန်းနိုင် မပါလာတာ
ကို သတိမထားမိဘူးလေ။

” ဝေလင်းမြိုင်၊ အောင်ချမ်း၊ မိုးဆန်းနိုင်ကော၊ မိုးဆန်းနိုင်
ဘယ်မှာတုန်း ” လို့မေးတော့မှ အဲနှစ်ကောင်လည်း တစ်
ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းခါတယ်။

ကျုပ်တို့လည်း ထွက်ပြေးရမလိုလို အဆောင်ထဲပြန်ဝင်ပြီး
ရှာရမလိုလို ဖြစ်နေတုန်း၊

” ဟေ့ကောင်တွေ၊ ငါ ဒီမှာဟ ” ဆိုပြီး မိုးဆန်းနိုင် က
ငိုမဲ့မဲ့နဲ့ပြောတာဗျ။

ကျုပ်တို့လည်း ကုတင်တွေရဲ့အနားသို့ မသွားရဲတာနဲ့

” ဟေ့ကောင်၊ မိုးဆန်နိုင်၊ ဆင်းခဲ့လေ၊ ဘာလုပ်နေတာ
လဲ ” လို့ အော်ပြောကြတော့၊ သူက

” ဟေ့ကောင်တွေ၊ ငါ ဆင်းလို့မရဘူးဟ၊ ငါ့ ခြေထောက်
ကြွတတ်နေတယ် လှုပ်လို့မရတော့ဘူး၊ ပြီးတော့
ကုတင်ကို မြှောက်ထားတာကို မင်းတို့မတွေ့ဘူးလား၊
ငါက ဘယ်လိုလုပ်ဆင်းလို့ရမှာလဲ ” ဆိုပြီး အော်ပြော
တော့တာပါပဲ။

သူ့ခြေ ကြွတတ်လား မတတ်လား ကျုပ်မသိပေမဲ့၊
သူ့ကုတင်ကတော့ ဘာမှမဖြစ်ပဲ ဒီအတိုင်းလေးပဲ ရှိနေတာ
ကိုမြင်နေရတယ်။

သူကတော့ လေပေါ်မှာ မြောက်နေတယ်တဲ့၊
သရဲက သူ့ကိုပဲခြောက်နေတာလားဘာလားတော့မသိ
ဘူးလေ။

” ကျုပ်တို့ကလည်း ရှေ့မတိုးရဲ၊ မိုးဆန်းနိုင်ကလည်း
အကြောက်အကန်အော်နဲ့ ” ပွတ်လောရိုက်နေတုန်း
ကိုရင်ကြီးတွေ မီးအိမ်ကိုယ်စီကိုင်ပြီး ရောက်လာကြတော့
မှ မိုးဆန်းနိုင်ကို ကုတင်ပေါ်က ချီပြီးချရတာဗျ၊

ကိုရင်ကြီးတွေရောက်လည်းရောက်ရော ဘာမှ မဖြစ်ခဲ့တဲ့
အတိုင်းပဲ အကုန်လုံးငြိမ်သက်နေရောဗျ။

ကိုရင်ကြီးတွေ ရောက်လာလို့ တော်သေးတာပေါ့ဗျာ။
နို့ မဟုတ်ရင် မတွေးရဲစရာပါ။

ပြီးတော့ အဲဒီနေ့ က ဆရာတော်ဘုရားလည်းမရှိဘူးဗျ။

ကျုပ်တို့လေးယောက်လဲ ဘယ်သူမှပြန်မအိပ်ရဲတော့ပဲ
ငုတ်တုတ်ကြီးထိုင်ပြီးမိုးလင်သွားတယ်ဗျ။

ကျုပ်တို့သရဲ အခြောက်ခံရတာကို ကိုရင်ကြီးနဲ့
ဘုန်းကြီးကျောင်းသားတွေကို ပြောပြတော့ ဘယ်သူမှ
သိပ်မအံ့သြကြဘူးဗျ။

ဘာလို့လဲဆိုတော့ အဲအဆောင်မှာ သရဲခဏခဏ
ခြောက်လို့တဲ့ဗျ။

အဲအဆောင်က ကုတင် တွေဟာ
ရပ်ထဲရွာထဲက လူတစ်ယောက်ယောက်သေရင်
သေသွားသူ အိပ်ခဲ့တဲ့ကုတင်ကို မိသားစုဝင်တွေက
အသုံးမပြုတော့ပဲ ဘုန်းကြီးကျောင်းမှာလာလှူကြပါသတဲ့ဗျ။

အဆိုးဆုံးကတော့ ကျုပ်အိပ်ခဲ့တဲ့ကုတင်ပါ။
အဲကုတင်က တချို့ ကုတင်မရှိတဲ့လူတွေ၊ သေတဲ့အခါ

ဒါမှမဟုတ်ကုတင်တို့ အလောင်းစင်တို့ လုပ်ဖို့
အချိန်မမှီတော့တာဖြစ်ဖြစ်၊ ဆင်းရဲနွမ်းပါးလို့ မတတ်နိုင်
တဲ့ အဖြစ်မျိုးတွေနဲ့ ကြုံရတဲ့အခါ ( အရှင်းဆုံးကတော့ )

အလောင်းတင်စရာကုတင် မရှိရင် အဲကုတင် ( ကျုပ်အိပ်ခဲ့တဲ့ကုတင်)ကိုလာငှားလေ့ရှိကြပါသတဲ့။

ကုတင်အကြောင်းကို သိလည်းသိရော ထိုင်ငိုချင်စိတ်
တောင်ပေါက်သွားတာဗျ။

ကျုပ်တို့ကို ခြောက်တဲ့သရဲကတော့ ဘယ်ကုတင်ကပါလာတာမသိဘူးတဲ့။

အမြဲတမ်း တရားသံတွေ အမျှဝေသံတွေ ကို ကြားနေရပေမဲ့ ခုထိမကျွတ်လွတ်နိုင်သေးတာ သူ့မှာလည်း
မပြီးပြတ်နိုင်သေးတာတခုခုရှိလို့ နေမှာပေါ့ဗျာ။

ဒါမှမဟုတ် သူ့အကုသိုလ်တွေမကုန်သေးလို့နေမှာပေါ့။

ကျုပ်တို့လဲ ဒုတိယ ည မရောက်မီမှာပဲ ဌာနီကို ပြန်ခဲ့ကြ
တယ်။

နောက်ထပ်သရဲ အခြောက်မခံချင်တော့ဘူးလေဗျာ နော။
**************************

( ဖြည့်စွက် )

( ၁ – ၃ – ၂၀၂၀ ) နေ့မှာ စိတ်မကောင်းစွာနဲ့
ရွာဦးသိဒ္ဓိကာရုံကျောင်း ဆရာတော်ဘုရား ပျံလွန်တော်
မူတယ်လို့ ကြားသိရတာကြောင့်၊ ကျုပ် ဆရာတော့်ရဲ့
စျာပနသို့ မိုးဆန်းနိုင်နဲ့အတူ သွားခဲ့ပါသေးတယ်၊

အောင်ချမ်း နဲ့ ဝေလင်းမြိုင်ကတော့ အဝေးရောက်နေ
ကြတာမို့ အတူပါမလာခဲ့။

အဲရောက်တော့ အယုပါလ အဆောင်ကြီးလည်း ပြီးစီး
ရုံမကလို့၊ မြင်တာနဲ့ စိတ်ချမ်းသာစရာကို ကောင်းနေရော၊

ပြီးတော့ ကျုပ်တို့အိပ်ခဲ့တဲ့ ကုတင်တွေလည်း မရှိတော့ဘူး
ဗ်။
ကျုပ်တို့နဲ့ သိခဲ့တဲ့ ကိုရင်ကြီးတွေလည်း ဦးဇင်းတွေ
ဖြစ်လို့၊ အရာရာပြောင်းလဲ ကုန်တယ်ပေါ့ဗျာ။

ဦးဇင်းကို
” အာယုပါလ ” အဆောင်က သရဲခြောက်သေးလား
ဘုရား၊ ကုတင်တွေက ဘယ်ရောက်သွားတာလဲ ဘုရား”
လို့ မေးလျှောက်တော့၊

ဦးဇင်းက
” ဘုရားပွဲပြီးတာနဲ့ အဆောင်ဆောက်လုပ်ရေးပြန်စတော့
လက်သမားဆရာ၊ ပန်းရံဆရာတွေကို နေ့ခင်းဘက်ရော
ညဘက်တွေပါ အမျိုးမျိုးခြောက်လှန့်နေတာကြောင့်

ဆရာတော်ဘုရားက ကျောင်းဝင်းထဲမှာပဲ
အဆောင်ကလေး သီးသန့်ဆောက်ပြီးထားချင်ပေမဲ့
ရွာသားတွေက

မလိုလားတဲ့ အန္တရာယ်တွေဖြစ်မှာစိုးလို့
ဖျတ်ဆီးပြီး မီးရှို့လိုက်ကြသတဲ့လေ။

အဲကတည်းက ခြောက်လှန့်တာတွေမရှိတော့ဘူးတဲ့။

တကယ်တော့လေ လူတွေက သက်ရှိထင်ရှားရှိနေတုန်း
သာ ” ချစ်လှပါတယ်၊ ကြိုက်လှပါတယ် ” နဲ့ လျှာရိုးမရှိ
တိုင်းပြောနေကြတာဗျ။

တကယ်တမ်း အဲဒါတွေအကုန်လုံးက အလိမ်အညာတွေ
ချည်းပါပဲ။

ကျုပ် ဒီလိုပြောလို့ ကျုပ်ကို
“ဘာလို့ဒီလိုပြောရတာလည်း ခင်ဗျားကော မချစ်တတ်ဘူး
လား ” မေးကြပါလိမ့်မယ်။

ဟုတ်ပါတယ်၊ ကျုပ်လည်း အဲဒီလူတွေထဲက
လူတစ်ယောက်ပါပဲ။
ကျုပ်လည်း အာသဝေါ ကုန်ခန်းနေတာမှမဟုတ်တာ။

ဒါနဲ့များ ဘာလို့ ဒီလိုပြောရတုန်းဆိုတော့ ၊

ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ။
သက်ရှိထင်ရှားရှိနေတုန်းက ဘယ်လောက်ပဲ ချစ်တယ်
ပြောပြော ဟော သေသွားရင်တော့ ဘယ်သူမှ

သေသူရဲ့ အလောင်းကို ” ဒါ ငါချစ်တဲ့လူ ၊ သူ့ကို မခွဲနိုင်
ဘူးဆိုပြီး သိမ်းမထားကြဘူးလေနော၊

အလောင်းကိုထားအုန်း၊
လူတစ်ယောက် သေသွားကြည့်၊ သေသူရဲ့
အသုံးအဆောင် အဝတ်အစားတွေကိုတောင် မထားရဲကြ၊
ဘယ်မှာလဲ ချစ်တယ်ဆိုတာ၊

ခုကြည့် သေသူအိပ်ခဲ့တဲ့ ကုတင်မို့ ကျောင်းကိုလာလှူ
သတဲ့လေ၊
ပြီးတော့ ရှိသေး တစ်ချို့ဆို သေသူရဲ့ အဝတ်အစား
တွေကို အိမ်မှာထားရင် ခိုက်တတ်တယ်ဆိုပြီး ကန့်လန့်ကာ
အဖြစ်ချုပ် ဘုန်းကြီးကျောင်းကို လာလှူပစ်ရော။

ခင်ဗျားတို့တော့မသိ၊ ကျုပ်တော့ အဲလိုလုပ်တာတွေကို
နည်းနည်းလေးမှ သဘောမတွေ့ဘူး။

ဒါပေမဲ့ ကျုပ်က ဘာတတ်နိုင်မှာတဲ့လဲ။

ဝါးဖောင်ကြီးတစ်ခုကို ဝါးလုံးလေးတစ်လုံးနဲ့ကန်ရင်
ပန်ပင်းရုံသာပေါ့။

ဒီလိုပါပဲ၊ ကျုပ်က ဒါမကောင်းဘူး မလုပ်ကြနဲ့လို့
သွားပြောကြည့်ပါလား၊ ပါးတောင် အချခံရအုန်းမယ်။

ထားပါလေ။

ဘာပဲဖြစ်ဖြစ်၊ ရွာဦးသဒ္ဓိကာရုံကျောင်းမှာ အဲဒီကုတင်တွေ
မရှိတော့တာကိုတော့ ကျုပ် တကယ်ပဲ ဝမ်းသာမိပါတယ်။

( စကားချပ် ။ ။ မိတ်ဆွေတို့လည်း ကုတင်နဲ့အိပ်ရင် သတိ
ထားကြအုန်း၊ တော်ကြာ ကုတင်အောက်က
ရယ်သံတွေကြားနေရမှာစိုးလို့ 😁😁)
***** ***** ***** ****** ******

ပြီးပါပြီ။
* * * * * * * * * * * * * * * * * * * * *

Zawgyi Version

” ကုတင္ေအာက္က ရယ္သံ ” (စ/ဆုံး)
———————————————-
(ျဖစ္ရပ္မွန္)
က်ဳပ္နာမည္ ထြန္းဦးကို။

က်ဳပ္ အသက္ ၃၁ ႏွစ္ထိ မႀကဳံစဖူး အႀကဳံထူးခဲ့ရတဲ့

” ေမြေတာ္ကိုးဆူ” ဘုရားပြဲသြားတုန္းက
ႀကဳံခဲ့ရတာကိုေျပာျပခ်င္လို႔ပါ။

၂၀၀၅ လား ၂၀၀၆ လား ေတာ့ေမ့ေတ့ေတ့ျဖစ္ေနေပမဲ့
အဲတုန္းကႀကဳံခဲ့ရတာကိုေတာ့ ျပန္ေတြးတိုင္း
ၾကက္သီးေတြတဖ်န္းဖ်န္းထတုန္းပါ။

အဲဒီတုန္းက က်ဳပ္ရယ္ က်ဳပ္သူငယ္ခ်င္း ေဝလင္းၿမိဳင္ရယ္ မိုးဆန္းႏိုင္ရယ္ က်ဳပ္ရဲ႕ တစ္ဝမ္းကြဲညီ ေအာင္ခ်မ္းရယ္
ေလးေယာက္သြားခဲ့ၾကတာ။

ဘုရားပြဲကေတာ့ စည္လိုက္တာ က်ိတ္က်ိတ္တိုးလို႔ဗ်။
“ပန္းေတာ္ဝင္” ဆိုတဲ့ဇာတ္သဘင္ေတာင္ပါေသးတယ္။
ပြဲကေတာ့ ၃ ရက္တည္းပါ။

အဲ႐ြာမွာ ဘုန္းႀကီးေက်ာင္းႏွစ္ေက်ာင္းရွိပါတယ္။
တစ္ေက်ာင္းက ” ေဇတဝန္စံဦးေက်ာင္း” ျဖစ္ၿပီး

ေနာက္တစ္ေက်ာင္းက
႐ြာဦး သဒၶိကာ႐ုံေက်ာင္း ျဖစ္ပါတယ္။
************************

က်ဳပ္တို႔တည္းတာက ႐ြာဦးသဒၶိကာ႐ုံေက်ာင္း မွာပါ။
အဲေက်ာင္းက ဆရာေတာ္ဘုရားဟာ မိုးဆန္းႏိုင္ ရဲ႕
ဘႀကီးေတာ္ပါ။

က်ဳပ္တို႔ ေနရတဲ့အေဆာင္က မၾကာေသးမီကမွေဆာက္
လုပ္ၿပီးစီးဟန္ရွိတဲ့
“အာယုပါလ” ေက်ာင္းသခၤန္းမွာပါ။

ပထမေန႔ဆိုေတာ့ ခရီးပန္းလာတာေၾကာင့္
က်ဳပ္တို႔ေလးေယာက္
နည္းနည္းပါးပါးပဲပြဲလည္ ျဖစ္ၿပီး ေစာေစာစီးစီးအိပ္ရာ
ဝင္ဖို႔ဆုံးျဖတ္လိုက္ၾကတယ္။

အိပ္ရတာကေတာ့ ကုတင္ နဲ႔ပါ။
အဲအေဆာင္မွာ ကုတင္ ငါးလုံးရွိပါတယ္။
က်ဳပ္တို႔က ေလးေယာက္ဆိုေတာ့ တလုံးပိုေနတာေပါ့။

က်ဳပ္တို႔မအိပ္မီ ကိုရင္ႀကီးတစ္ပါး မီးအိမ္ကေလးကိုင္ၿပီး
ေရာက္လာတယ္။

ၿပီးေတာ့ “ဘုရားကို အာ႐ုံျပဳရွိခိုးၿပီးမွအိပ္ၾက”ဟု
မွာၾကားေတာ့
က်ဳပ္တို႔လဲ ဘုရားရွိခိုးၿပီးမွ အိပ္ၾကတယ္။

က်ဳပ္တို႔ေနတဲ့အေဆာင္မွာေတာ့ ေဆာက္လုပ္လို႔ၿပီးခါစမို႔လားမသိ
ဘုရားဆင္းတုေတြဘာေတြမရွိေသးဘူးဗ်။

အဲ၊ ဘုရားပုံေတာ္ ကားခ်ပ္တစ္ခုနဲ႔
မွိန္ပ်ပ် မီးလုံးေလးတစ္လုံးပဲရွိပါတယ္။

အေဆာင္က တံခါးမႀကီးေတာ့ရွိေပမဲ့ တစ္ခ်ိဳ႕ျပဴတင္း
ေတြကိုမတပ္ဆင္ရေသးဘူး၊ တစ္ခ်ိဳ႕ကိုေတာ့
တပ္ဆင္ထားၿပီးပါၿပီ။

က်ဳပ္တို႔လဲ ခရီးပန္းလာေတာ့ ခပ္ျမန္ျမန္ပဲ
အိပ္ေပ်ာ္သြားခဲ့ၾကတယ္။
**********************

” အဟိ ဟိဟိ ဟိ”
သန္းေခါင္ေက်ာ္ခါနီးေလာက္မွာ ရယ္သံတစ္ခုသဲသဲကြဲကြဲ ထြက္ေပၚလာတာေၾကာင့္က်ဳပ္လန္႔ႏိုးသြားခဲ့တယ္။

က်ဳပ္ရဲ႕ ယာဘက္မွာ အိပ္ေနတဲ့ မိုးဆန္းႏိုင္က
ေယာင္တတ္တဲ့ အက်င့္ ရွိေတာ့ သူေယာင္ယမ္းေနတာ
ထင္တာနဲ႔ ၊

” မိုးဆန္းႏိုင္ ” မေယာင္နဲ႔ကြာ အိပ္ေရးပ်က္တယ္ ” ဆိုၿပီး ေျပာလိုက္မိတယ္။

ဒါေပမဲ့ ရယ္သံကတိတ္မသြားတဲ့အျပင္ ပိုမိုက်ယ္ေလာင္စြာထြက္ေပၚလာေတာ့ က်ဳပ္လည္း စိတ္တိုတို နဲ႔ ဝုန္းကနဲထထိုင္ၿပီး စိတ္တိုတိုနဲ႔

ဆဲမယ္ႀကံတုန္း ရယ္သံက ထပ္မံထြက္ေပၚလာျပန္ေရာ။
ဒါေတာင္မကေသး က်ဳပ္အိပ္ေနတဲ့ ကုတင္ေတာင္
လႈပ္ရမ္းသြားသလိုခံစားလိုက္ရတာဗ်။

က်ဳပ္က သိပ္မေၾကာက္တတ္တဲ့လူစားမ်ိဳးပါ။
လုံးဝ မေၾကာက္တာေတာ့မဟုတ္ဘူးေပါ့။

က်ဳပ္ ဟိုအေကာင္ေတြကို ၾကည့္လိုက္ေတာ့
သုံးေယာက္လုံး
ကုလားေသ ကုလားေမာ အိပ္ေမာက်လို႔။

ဒါနဲ႔ ဘယ္သူရယ္ေနတာပါလိမ့္ ဆိုတဲ့ အေတြးနဲ႔
ကုတင္ေအာက္ကို
ငုံ႔ၾကည့္ျပန္ေတာ့လည္း ဘယ္သူမွမရွိျပန္။

က်ဳပ္လည္း စိတ္ထင္တာ ေနမွာပါ ဆိုတဲ့အေတြးနဲ႔
ျပန္အိပ္မယ္လုပ္ေတာ့ က်ဳပ္ ေခါင္းရင္းတည့္တည့္က “အဟိဟိ ဟိ ဟိ” ဆိုၿပီးရယ္ပါေလေရာ။

ဒီမွာတင္ က်ဳပ္ ၾကက္သီးေတြတဖ်န္းဖ်န္းထၿပီးေတာ့
ခ်က္ခ်င္း ဖ်ားခ်င္သလိုလို ျဖစ္သြားတာဗ်ိဳ႕။

ဟိုေကာင္ေတြကို ႏႈိးေတာ့ သူတို႔စိတ္တိုတို နဲ႔ႏိုးလာၿပီး “ဘာျဖစ္တာလဲကြာ” တဲ့။

အဲဒီအခ်ိန္မွာပဲ အစြန္ဆုံးမွာအိပ္ေနတဲ့ ေအာင္ခ်မ္းက သူ႔ေဘးမွာအိပ္ေနတဲ့ ေဝလင္းၿမိဳင္ ကို

” ေဝလင္း၊ဟိုကုတင္မွာ အိပ္ေနတာ ဘယ္သူ
လဲ”တဲ့။

ေဝလင္းၿမိဳင္ကလည္း
” ငါတို႔လို ဘုရားပြဲလာတဲ့သူတစ္ေယာက္ပဲေနမွာပါ
ကြာ” လို႔ေျပာၿပီး ျပန္အိပ္တယ္။

ဒီမွာတင္ မိုးဆန္းႏိုင္က ႐ုတ္တရက္ ဝုန္းကနဲထၿပီး

” ေဟ့ ေကာင္ေတြ၊ ဒီအေဆာင္မွာ ငါတို႔ေလးေယာက္ပဲရွိတာဟ၊ တံခါးမကို ငါကိုယ္တိုင္ ဂ်က္ထိုးထားတာ”
လို႔ ေျပာလိုက္ေတာ့ သုံးေယာက္လုံး က်ဳပ္ကုတင္အေပၚ
တတ္ေျပးလာပါေလေရာ။

တစ္ခါမွ မေၾကာက္ဖူးတဲ့ က်ဳပ္ေတာင္
ေခါင္းနားပမ္းေတြႀကီးသြားသလို ျဖစ္သြားတာဗ်။

ဒီမွာ တစ္ခုေမးစရာ ရွိတာက
” တံခါး႐ြတ္ မတတ္ရေသးတဲ့ ျပဴတင္းေပါက္
ေတြက ဝင္ေရာက္လာတဲ့သူေကာ မျဖစ္ႏိုင္ဘူးလား” ဆိုတဲ့ေမးခြန္းပါပဲ။

ဟုတ္ပါတယ္၊ အစကေတာ့ က်ဳပ္လည္း အဲလိုေတြးမိပါ
တယ္။

ဒါေပမဲ့ ျပဴတင္း ေတြက လူတစ္ေယာက္ ဝင္ဆံ့ေလာက္တဲ့ ပမာဏမရွိဘူးဗ်။

ဟို အိပ္ေနတဲ့အေကာင္ ကလည္း ေစာင္ကို ေခါင္းၿမီးၿခဳံၿပီး အိပ္ေနတာ၊
ေဟာက္ေတာင္ ေဟာက္ေနေသးတာဗ်။

အိပ္ေနတဲ့ပုံစံကေတာ့ ေဘးတစ္ေစာင္းပါ။
က်ဳပ္တို႔ဘက္ကို ေက်ာလွည့္ထားတယ္။

ေအာင္ခ်မ္း က
” ကိုထြန္း က်ဳပ္တို႔ ကို သရဲေျခာက္ေနတာလားမသိဘူး
” တဲ့။

က်ဳပ္လည္း
” ေနစမ္းပါကြာ၊ ဘုန္ႀကီးေက်ာင္းထဲ ဘယ္သရဲရွိမွာလည္း၊
ငါသြားၾကည့္လိုက္မယ္” လို႔ေျပာေတာ့၊

ေအာင္ခ်မ္း က ” ကိုထြန္း ျဖစ္ပါ့မလား၊ မၾကည့္တာ
ေကာင္းမယ္ထင္တယ္၊ ေတာ္ၾကာ သရဲျဖစ္ေနရင္
ဘယ္လို လုပ္မလဲ” တဲ့။

မိုးဆန္းႏိုင္ နဲ႔ ေဝလင္းၿမိဳင္ တို႔ကလည္း မၾကည့္ေစ
ခ်င္ဘူး။

ဒါေပမဲ့ က်ဳပ္ကေတာ့ မရဘူး၊ သြားၾကည့္ျဖစ္ေအာင္
ၾကည့္လိုက္ေသးတယ္။
က်ဳပ္ခ်က္ခ်င္း ေနာင္တရသြားတယ္ဗ်။

ဘာလို႔လဲဆိုေတာ့
အိပ္ေနတဲ့ သူအနားသို႔ က်ဳပ္သြားၿပီး ” ေဟ့လူ ေဟ့လူ ” လို႔သြားႏႈိးေတာ့ ေဟာက္သံေတာ့ တိတ္သြားတယ္၊
ဒါေပမဲ့ ဘာမွမတုန္႔ျပန္ဘူးဗ်။

ခဏၾကာ ႏႈိးသည့္တိုင္ ဘာမွမတုန္႔ျပန္ေတာ့ က်ဳပ္လည္း
နည္းနည္းဒီပ်က္ရွင္ဝင္လာတာနဲ႔ ၊

“ေဟ့ လူ ” လို႔ေအာ္ၿပီး ေစာင္ကိုဆြဲလိုက္
ေတာ့ ေစာင္ေအာက္မွာ ဘယ္သူမွ ရွိမေနဘူးဗ်ိဳ႕။

” ဟာ၊ ဘယ္ ဘယ္သူမွ မ မရွိဘူး၊ ကိုထြန္း အဲဒါ သ သ
သရဲ ” ေဝလင္းၿမိဳင္က စကားေတာင္မပီေတာ့ပဲ
အထစ္ထစ္ အေငါ့ေငါ့နဲ႔ေျပာေတာ့၊

က်ဳပ္တို႔လည္း လန္႔လည္းလန္႔၊ ၾကက္သီးလည္းထနဲ႔
အေဆာင္ထဲက ထြက္ေျပးၾကတာေပါ့ဗ်ာ။

ဒီၾကားထဲ တံခါးမ က ဖြင့္မရျဖစ္ေနေသးတာဗ်။

က်ဳပ္တို႔တံခါးမကို ဖြင့္ဖို႔ႀကိဳးစားေနတုန္း
“အဟိ ဟိ ဟိ ဟိ” ဆိုတဲ့
အသံက ဟိန္းၿပီးထြက္လာသလို က်ဳပ္အိပ္ခဲ့တဲ့ကုတင္ကို
အားပါးတရလႈပ္ယမ္းေနတာဗ်ိဳ႕။

က်ဳပ္တို႔လည္း
” ကိုရင္ဘုရား၊ ဦးဇင္းဘုရား ကယ္ပါအုန္းဘုရား” နဲ႔
ေအာ္ဟစ္အကူအညီေတာင္းေပမဲ့ ဘယ္သူမွ မၾကားၾကဘူးထင္ပါရဲ႕။

ေအာ္လည္းေအာ္၊ တံခါးကိုလည္း ကန္လိုကန္၊
ေဆာင့္တြန္းလိုတြန္းနဲ႔ တြန္းလိုက္ေတာ့ ကံေကာင္း
ေထာက္မလို႔ တံခါးကပြင့္သြားတယ္ဗ်၊

က်ဳပ္တို႔လည္း ဝမ္းသာအားရနဲ႔ အဲအေဆာင္နဲ႔ ေဝးရာ
သို႔ ေျပးမယ္လုပ္ေတာ့မွ မိုးဆန္းႏိုင္ ပါမလာပဲ၊
သုံးေယာက္တည္းျဖစ္ေနတာကို သတိထားမိသြားတယ္၊

ပထမတုန္းက ေလာေလာ ေလာေလာနဲ႔ အေၾကာက္လြန္
ၿပီး ထြက္ေျပးမယ္လုပ္တုန္းက မိုးဆန္းႏိုင္ မပါလာတာ
ကို သတိမထားမိဘူးေလ။

” ေဝလင္းၿမိဳင္၊ ေအာင္ခ်မ္း၊ မိုးဆန္းႏိုင္ေကာ၊ မိုးဆန္းႏိုင္
ဘယ္မွာတုန္း ” လို႔ေမးေတာ့မွ အဲႏွစ္ေကာင္လည္း တစ္
ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ေခါင္းခါတယ္။

က်ဳပ္တို႔လည္း ထြက္ေျပးရမလိုလို အေဆာင္ထဲျပန္ဝင္ၿပီး
ရွာရမလိုလို ျဖစ္ေနတုန္း၊

” ေဟ့ေကာင္ေတြ၊ ငါ ဒီမွာဟ ” ဆိုၿပီး မိုးဆန္းႏိုင္ က
ငိုမဲ့မဲ့နဲ႔ေျပာတာဗ်။

က်ဳပ္တို႔လည္း ကုတင္ေတြရဲ႕အနားသို႔ မသြားရဲတာနဲ႔

” ေဟ့ေကာင္၊ မိုးဆန္ႏိုင္၊ ဆင္းခဲ့ေလ၊ ဘာလုပ္ေနတာ
လဲ ” လို႔ ေအာ္ေျပာၾကေတာ့၊ သူက

” ေဟ့ေကာင္ေတြ၊ ငါ ဆင္းလို႔မရဘူးဟ၊ ငါ့ ေျခေထာက္
ႂကြတတ္ေနတယ္ လႈပ္လို႔မရေတာ့ဘူး၊ ၿပီးေတာ့
ကုတင္ကို ေျမႇာက္ထားတာကို မင္းတို႔မေတြ႕ဘူးလား၊
ငါက ဘယ္လိုလုပ္ဆင္းလို႔ရမွာလဲ ” ဆိုၿပီး ေအာ္ေျပာ
ေတာ့တာပါပဲ။

သူ႔ေျခ ႂကြတတ္လား မတတ္လား က်ဳပ္မသိေပမဲ့၊
သူ႔ကုတင္ကေတာ့ ဘာမွမျဖစ္ပဲ ဒီအတိုင္းေလးပဲ ရွိေနတာ
ကိုျမင္ေနရတယ္။

သူကေတာ့ ေလေပၚမွာ ေျမာက္ေနတယ္တဲ့၊
သရဲက သူ႔ကိုပဲေျခာက္ေနတာလားဘာလားေတာ့မသိ
ဘူးေလ။

” က်ဳပ္တို႔ကလည္း ေရွ႕မတိုးရဲ၊ မိုးဆန္းႏိုင္ကလည္း
အေၾကာက္အကန္ေအာ္နဲ႔ ” ပြတ္ေလာ႐ိုက္ေနတုန္း
ကိုရင္ႀကီးေတြ မီးအိမ္ကိုယ္စီကိုင္ၿပီး ေရာက္လာၾကေတာ့
မွ မိုးဆန္းႏိုင္ကို ကုတင္ေပၚက ခ်ီၿပီးခ်ရတာဗ်၊

ကိုရင္ႀကီးေတြေရာက္လည္းေရာက္ေရာ ဘာမွ မျဖစ္ခဲ့တဲ့
အတိုင္းပဲ အကုန္လုံးၿငိမ္သက္ေနေရာဗ်။

ကိုရင္ႀကီးေတြ ေရာက္လာလို႔ ေတာ္ေသးတာေပါ့ဗ်ာ။
ႏို႔ မဟုတ္ရင္ မေတြးရဲစရာပါ။

ၿပီးေတာ့ အဲဒီေန႔ က ဆရာေတာ္ဘုရားလည္းမရွိဘူးဗ်။

က်ဳပ္တို႔ေလးေယာက္လဲ ဘယ္သူမွျပန္မအိပ္ရဲေတာ့ပဲ
ငုတ္တုတ္ႀကီးထိုင္ၿပီးမိုးလင္သြားတယ္ဗ်။

က်ဳပ္တို႔သရဲ အေျခာက္ခံရတာကို ကိုရင္ႀကီးနဲ႔
ဘုန္းႀကီးေက်ာင္းသားေတြကို ေျပာျပေတာ့ ဘယ္သူမွ
သိပ္မအံ့ၾသၾကဘူးဗ်။

ဘာလို႔လဲဆိုေတာ့ အဲအေဆာင္မွာ သရဲခဏခဏ
ေျခာက္လို႔တဲ့ဗ်။

အဲအေဆာင္က ကုတင္ ေတြဟာ
ရပ္ထဲ႐ြာထဲက လူတစ္ေယာက္ေယာက္ေသရင္
ေသသြားသူ အိပ္ခဲ့တဲ့ကုတင္ကို မိသားစုဝင္ေတြက
အသုံးမျပဳေတာ့ပဲ ဘုန္းႀကီးေက်ာင္းမွာလာလႉၾကပါသတဲ့ဗ်။

အဆိုးဆုံးကေတာ့ က်ဳပ္အိပ္ခဲ့တဲ့ကုတင္ပါ။
အဲကုတင္က တခ်ိဳ႕ ကုတင္မရွိတဲ့လူေတြ၊ ေသတဲ့အခါ

ဒါမွမဟုတ္ကုတင္တို႔ အေလာင္းစင္တို႔ လုပ္ဖို႔
အခ်ိန္မမွီေတာ့တာျဖစ္ျဖစ္၊ ဆင္းရဲႏြမ္းပါးလို႔ မတတ္ႏိုင္
တဲ့ အျဖစ္မ်ိဳးေတြနဲ႔ ႀကဳံရတဲ့အခါ ( အရွင္းဆုံးကေတာ့ )

အေလာင္းတင္စရာကုတင္ မရွိရင္ အဲကုတင္ ( က်ဳပ္အိပ္ခဲ့တဲ့ကုတင္)ကိုလာငွားေလ့ရွိၾကပါသတဲ့။

ကုတင္အေၾကာင္းကို သိလည္းသိေရာ ထိုင္ငိုခ်င္စိတ္
ေတာင္ေပါက္သြားတာဗ်။

က်ဳပ္တို႔ကို ေျခာက္တဲ့သရဲကေတာ့ ဘယ္ကုတင္ကပါလာတာမသိဘူးတဲ့။

အၿမဲတမ္း တရားသံေတြ အမွ်ေဝသံေတြ ကို ၾကားေနရေပမဲ့ ခုထိမကြၽတ္လြတ္ႏိုင္ေသးတာ သူ႔မွာလည္း
မၿပီးျပတ္ႏိုင္ေသးတာတခုခုရွိလို႔ ေနမွာေပါ့ဗ်ာ။

ဒါမွမဟုတ္ သူ႔အကုသိုလ္ေတြမကုန္ေသးလို႔ေနမွာေပါ့။

က်ဳပ္တို႔လဲ ဒုတိယ ည မေရာက္မီမွာပဲ ဌာနီကို ျပန္ခဲ့ၾက
တယ္။

ေနာက္ထပ္သရဲ အေျခာက္မခံခ်င္ေတာ့ဘူးေလဗ်ာ ေနာ။
**************************

( ျဖည့္စြက္ )

( ၁ – ၃ – ၂၀၂၀ ) ေန႔မွာ စိတ္မေကာင္းစြာနဲ႔
႐ြာဦးသိဒၶိကာ႐ုံေက်ာင္း ဆရာေတာ္ဘုရား ပ်ံလြန္ေတာ္
မူတယ္လို႔ ၾကားသိရတာေၾကာင့္၊ က်ဳပ္ ဆရာေတာ့္ရဲ႕
စ်ာပနသို႔ မိုးဆန္းႏိုင္နဲ႔အတူ သြားခဲ့ပါေသးတယ္၊

ေအာင္ခ်မ္း နဲ႔ ေဝလင္းၿမိဳင္ကေတာ့ အေဝးေရာက္ေန
ၾကတာမို႔ အတူပါမလာခဲ့။

အဲေရာက္ေတာ့ အယုပါလ အေဆာင္ႀကီးလည္း ၿပီးစီး
႐ုံမကလို႔၊ ျမင္တာနဲ႔ စိတ္ခ်မ္းသာစရာကို ေကာင္းေနေရာ၊

ၿပီးေတာ့ က်ဳပ္တို႔အိပ္ခဲ့တဲ့ ကုတင္ေတြလည္း မရွိေတာ့ဘူး
ဗ္။
က်ဳပ္တို႔နဲ႔ သိခဲ့တဲ့ ကိုရင္ႀကီးေတြလည္း ဦးဇင္းေတြ
ျဖစ္လို႔၊ အရာရာေျပာင္းလဲ ကုန္တယ္ေပါ့ဗ်ာ။

ဦးဇင္းကို
” အာယုပါလ ” အေဆာင္က သရဲေျခာက္ေသးလား
ဘုရား၊ ကုတင္ေတြက ဘယ္ေရာက္သြားတာလဲ ဘုရား”
လို႔ ေမးေလွ်ာက္ေတာ့၊

ဦးဇင္းက
” ဘုရားပြဲၿပီးတာနဲ႔ အေဆာင္ေဆာက္လုပ္ေရးျပန္စေတာ့
လက္သမားဆရာ၊ ပန္းရံဆရာေတြကို ေန႔ခင္းဘက္ေရာ
ညဘက္ေတြပါ အမ်ိဳးမ်ိဳးေျခာက္လွန္႔ေနတာေၾကာင့္

ဆရာေတာ္ဘုရားက ေက်ာင္းဝင္းထဲမွာပဲ
အေဆာင္ကေလး သီးသန္႔ေဆာက္ၿပီးထားခ်င္ေပမဲ့
႐ြာသားေတြက

မလိုလားတဲ့ အႏၲရာယ္ေတြျဖစ္မွာစိုးလို႔
ဖ်တ္ဆီးၿပီး မီးရႈိ႕လိုက္ၾကသတဲ့ေလ။

အဲကတည္းက ေျခာက္လွန္႔တာေတြမရွိေတာ့ဘူးတဲ့။

တကယ္ေတာ့ေလ လူေတြက သက္ရွိထင္ရွားရွိေနတုန္း
သာ ” ခ်စ္လွပါတယ္၊ ႀကိဳက္လွပါတယ္ ” နဲ႔ လွ်ာ႐ိုးမရွိ
တိုင္းေျပာေနၾကတာဗ်။

တကယ္တမ္း အဲဒါေတြအကုန္လုံးက အလိမ္အညာေတြ
ခ်ည္းပါပဲ။

က်ဳပ္ ဒီလိုေျပာလို႔ က်ဳပ္ကို
“ဘာလို႔ဒီလိုေျပာရတာလည္း ခင္ဗ်ားေကာ မခ်စ္တတ္ဘူး
လား ” ေမးၾကပါလိမ့္မယ္။

ဟုတ္ပါတယ္၊ က်ဳပ္လည္း အဲဒီလူေတြထဲက
လူတစ္ေယာက္ပါပဲ။
က်ဳပ္လည္း အာသေဝါ ကုန္ခန္းေနတာမွမဟုတ္တာ။

ဒါနဲ႔မ်ား ဘာလို႔ ဒီလိုေျပာရတုန္းဆိုေတာ့ ၊

ခင္ဗ်ားတို႔ပဲ စဥ္းစားၾကည့္ဗ်ာ။
သက္ရွိထင္ရွားရွိေနတုန္းက ဘယ္ေလာက္ပဲ ခ်စ္တယ္
ေျပာေျပာ ေဟာ ေသသြားရင္ေတာ့ ဘယ္သူမွ

ေသသူရဲ႕ အေလာင္းကို ” ဒါ ငါခ်စ္တဲ့လူ ၊ သူ႔ကို မခြဲႏိုင္
ဘူးဆိုၿပီး သိမ္းမထားၾကဘူးေလေနာ၊

အေလာင္းကိုထားအုန္း၊
လူတစ္ေယာက္ ေသသြားၾကည့္၊ ေသသူရဲ႕
အသုံးအေဆာင္ အဝတ္အစားေတြကိုေတာင္ မထားရဲၾက၊
ဘယ္မွာလဲ ခ်စ္တယ္ဆိုတာ၊

ခုၾကည့္ ေသသူအိပ္ခဲ့တဲ့ ကုတင္မို႔ ေက်ာင္းကိုလာလႉ
သတဲ့ေလ၊
ၿပီးေတာ့ ရွိေသး တစ္ခ်ိဳ႕ဆို ေသသူရဲ႕ အဝတ္အစား
ေတြကို အိမ္မွာထားရင္ ခိုက္တတ္တယ္ဆိုၿပီး ကန္႔လန္႔ကာ
အျဖစ္ခ်ဳပ္ ဘုန္းႀကီးေက်ာင္းကို လာလႉပစ္ေရာ။

ခင္ဗ်ားတို႔ေတာ့မသိ၊ က်ဳပ္ေတာ့ အဲလိုလုပ္တာေတြကို
နည္းနည္းေလးမွ သေဘာမေတြ႕ဘူး။

ဒါေပမဲ့ က်ဳပ္က ဘာတတ္ႏိုင္မွာတဲ့လဲ။

ဝါးေဖာင္ႀကီးတစ္ခုကို ဝါးလုံးေလးတစ္လုံးနဲ႔ကန္ရင္
ပန္ပင္း႐ုံသာေပါ့။

ဒီလိုပါပဲ၊ က်ဳပ္က ဒါမေကာင္းဘူး မလုပ္ၾကနဲ႔လို႔
သြားေျပာၾကည့္ပါလား၊ ပါးေတာင္ အခ်ခံရအုန္းမယ္။

ထားပါေလ။

ဘာပဲျဖစ္ျဖစ္၊ ႐ြာဦးသဒၶိကာ႐ုံေက်ာင္းမွာ အဲဒီကုတင္ေတြ
မရွိေတာ့တာကိုေတာ့ က်ဳပ္ တကယ္ပဲ ဝမ္းသာမိပါတယ္။

( စကားခ်ပ္ ။ ။ မိတ္ေဆြတို႔လည္း ကုတင္နဲ႔အိပ္ရင္ သတိ
ထားၾကအုန္း၊ ေတာ္ၾကာ ကုတင္ေအာက္က
ရယ္သံေတြၾကားေနရမွာစိုးလို႔ 😁😁)
***** ***** ***** ****** ******

ၿပီးပါၿပီ။
* * * * * * * * * * * * * * * * * * * * *