ကံကြီးထိုက်သူများ

ကံကြီးထိုက်သူများ(စ/ဆုံး)

————————-

“သာဓု သာဓု သာဓုပါ ဒကာကြီး
ယခုလိုဘုရားကြီးပြန်လည်မွမ်းမံနိုင်ဖို့
အတွက်ပါဝင်လှူဒါန်းပေးတာ ဘုန်းဘုန်းတော့
အင်မတန်ဝမ်းမြောက်မိတယ်ကွယ်”

“တပည့်တော်လည်း အရှင်ဘုရားလိုပါပဲဘုရား
အခုလိုအရှင်ဘုရားတည်ထားကိုးကွယ်တဲ့ရှေး
ဟောင်းဘုရားကြီးကိုပြန်လည်မွမ်းမံတဲ့နေရာမှာ
ပါဝင်ခွင့်ရလို့ အင်မတန်မှဝမ်းသာမိပါတယ်ဘုရား
တပည့်တော်ရဲ့နောင်သံသရာအဆက်ဆက်
ဤကုသိုလ်ထူးကထပ်ကြပ်မကွာပါရစေသား”

“သာဓု သာဓု သာဓု ပါဒကာ”

ရှေးဟောင်းဘုရားကြီးပြန်လည်ပြုပြင်မွမ်းမံ
ရန်အတွက် ဆရာတော်ဝိဝေကာစာရ တစ်ပါး
အလွန်ပင်ကြိုးစားအားထုတ်လျှက်ရှိနေသလို
ရွာမှအလှူရှင်များရပ်ဝေးရပ်နီးမှအလှူရှင်များ
လာရောက်လှူဒါန်းကြလေသည်။

ရွာ၏ရှေးဟောင်းဘုရားဆင်းတုတော်ကြီးမှာလည်း
အလွန်ပင်ကြည်ညိုဖွယ်ရာအတိပင်
ဖူးမြင်ရသူအပေါင်းစိတ်နှလုံးအေးချမ်းစေတာ
အမှန်ပင်ဖြစ်သည်။

အများသူငှာ စေတနာသဒ္ဒါပွားများ၍
လှူဒါန်းနေချိန် မကောင်းကြံသည့်လူဆိုးလူမိုက်
တို့ကလည်းရှိနေပြန်သေးသည်။

“ဟေ့ကောင် လှမင်း”

“ဘာလဲ မြင့်မောင်”

“ငါတို့အခုတလော ဘိုင်ပျက်နေပြီကွ
ဂွင်လေးတစ်ခုလောက်ဖန်ရအောင်”

“ဘာဂွင်လဲ မင်းမှာအစီအစဉ်ရှိလို့လား”

“ရှိတာပေါ့ကွ မရှိပဲမင်းကိုငါကပြောပါ့မလား”

“အင်း လုပ်စမ်းပါဦး ဘာအစီအစဉ်လဲ”

“အေး ဒီလိုကွ”

လှမင်းနှင့်မြင့်မောင်တို့နှစ်ယောက်အရက်ဆိုင်မှာ
အရက်သောက်နေရင်း လှမင်းကသူလုပ်မည့်
အစီအစဉ်အားပြောပြလိုက်လေသည်။
လှမင်းကမြင့်မောင်၏ နား အနားသို့အသာကပ်၍
တီးတိုးပြောလိုက်လေသည်။

“မင်းဟာကဖြစ်ပါ့မလားကွ လှမင်းရ”

“ဖြစ်တာပေါ့ကွ ဖြစ်တာမှသိပ်ဖြစ်
ဝယ်မည့်သူတွေနဲ့လည်းငါချိတ်ဆက်ထားပြီးသား
မင်းနဲ့ငါကပစ္စည်းကိုယူသွားပေးရုံပဲ
ဘယ်နှယ့်လဲ မြင့်မောင်”

“လုပ်လိုက်လေ ကြာသလားလို့
မြင့်မောင်တို့ကငွေသာရမယ်ဆို
ဘာမဆိုလုပ်တတ်တာမင်းအသိဆုံးပါ
လှမင်းရာ”

“သိတာပေါ့ကွာ ဒါကြောင့်လည်း
ငါလုပ်တဲ့အလုပ်တိုင်းမင်းကိုပဲ
တိုင်ပင်ပြီးလုပ်နေတာပဲလေ ဟား ဟား ဟား”

====================

အခန်း(2)

ဆရာတော်ဝိဝေကာစာရ တစ်ပါးဘုရားရှိခိုး
ပုတီးစိပ်အပြီးကြိမ်းချင်လာသဖြင့်သူ၏
ကျောင်းဆောင်လေးသို့ ကြွရောက်လာလေသည်
ကပ္ပိယကြီးနှင့်ကျောင်းသားလေးများလည်း
အခုအချိန်ဆိုအိပ်နေကြပြီဖြစ်သည်။

ဆရာတော်တစ်ပါးတည်းကျောင်းဆောင်လေးထဲ
တွင်ကြိမ်းလေသည်။
ဆရာတော်၏ကျောင်းဆောင်နှင့်မလှမ်းမကမ်းတွင်
ရှေးဟောင်းမြတ်စွာဘုရားဆင်းတုတော်တည်ရှိ
လေသည်။
မကြာမီဤရှေးဟောင်းဘုရားကြီးအားပြန်လည်
ပြုပြင်မွမ်းမံနိုင်တော့မည်ဖြစ်သည့်အတွက်
ဆရာတော်ဝမ်းသာပီတိဖြစ်၍နေသည်။

အခန်း(3)

ညသည်အလွန်မှောင်မည်းတိတ်ဆိတ်နေပြီး
ညဉ့်အကောင်လေးများ၏အော်မည်သံသည်သာ
တလောကလုံးဖုံးလွှမ်း၍နေပေသည်။

ယခုလို ညဉ့်သန်းခေါင်ယံအချိန်ထက်
အမိုက်မှောင်မှောင်နေသူ၂ယောက်ကတော့
ဘုန်းကြီးကျောင်းဝန်းရှိရှေးဟောင်းဘုရားကြီး
အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာကြပေပြီ။

“မြင့်မောင် မင်းကအိတ်ကိုကိုင်ထား
ငါကဆင်းတုတော်ကိုမပြီးထည့်ပေးမယ်”

“မြန်မြန်တော့လုပ် တော်ကြာ ဘုန်းကြီးနဲ့ကပ္ပိယတွေ
နိုးလာရင်မလွယ်ဘူး လှမင်း”

“ငါသိပါတယ် မင်းကလည်း ကြောက်တတ်လိုက်တာလွန်ရော”

မှန်ပေသည် လှမင်းနှင့်မြင့်မောင်တို့၂ယောက်
ရှေးဟောင်းပစ္စည်းများမှောင်ခိုကူးသည့်
ဒုစရိုက်ဂိုဏ်းတစ်ခုနှင့်ပူးပေါင်းကာရွာက
အထွဋ်အမြတ်ထားသည့်ရှေးဟောင်းဆင်းတုတော်အားရောင်းစားကြတော့မည်ဖြစ်သည်။

အခန်း(4)

“အရှင်ဘုရားထတော်မူပါဦး အရှင်ဘုရား
ရှေးဟောင်းဘုရားဆင်းတုတော်ကို
လူယုတ်မာ၂ယောက်ကလာပြီးခိုးနေကြပါတယ်
အရှင်ဘုရား”

ဆရာတော်ဝိဝေကာစာရ တစ်ပါးကြိမ်းနေရာမှ
အိပ်မက်လိုလိုတကယ်လိုလို အသံတစ်ခုက
လာရောက်သတိပေးသွားသဖြင့် ရုတ်တရက်
ကြိမ်းနေရာမှနိုးလာလေသည်။

“အင်း အကြောင်းအရင်းမရှိပဲနဲ့တော့
ဒီဘုရားစောင့်တဲ့ပုဂ္ဂိုလ်တွေကလာပြီး
အသိပေးမှာမဟုတ်ဘူးငါသွားကြည့်မှပဲ”

ဆရာတော်လည်း ကပ္ပိယကြီးနှင့်ကျောင်းသားလေး
များအားမနှိုးရက်လေတော့ တစ်ပါးတည်းသာ
ရှေးဟောင်းဘုရားကြီးဆီသို့ကြွလာခဲ့လေသည်။

ဆရာတော်ကြီး ဘုရားကြီးနားရောက်လာသည်
နှင့်အသံသဲ့သဲ့အားကြားနေရလေသည်။

“ရပြီမလား သွားကြရအောင် လှမင်း”

“နေစမ်းပါဦး ဟိုမှာမြင်လား အလှူခံပုံးထဲက
ငွေတွေကျန်သေးတယ် ခဏလေးစောင့်”

“ဒကာကြီးတို့ အပါယ်လားမယ့်အလုပ်တွေကို
ရပ်တန်းကရပ်လိုက်ပါ ”

“ဟင်”

“ဟာ”

ဆရာတော်ဝင်လာသည်ကိုမြင်ပြီး
လှမင်းနှင့်မြင့်မောင်အလွန်ပင်ထိတ်လန့်သွား
သည်။

“ဒကာကြီးတို့ မမိုက်ချင်စမ်းပါနဲ့
အခုလိုလုပ်တာသံသရာအတွက်လည်း
မကောင်းသလိုယခုပစ္စုပ္ပန်မှာလည်း
မကောင်းတဲ့ဒဏ်ကိုခံစားရလိမ့်မယ်ဒကာတို့
လောကသုံးခွင်အတုမရှိတဲ့ဘုရားကိုတော့
ဒကာတို့မပြစ်မှားပါဘူးကွယ်”

“ဘာတွေလာပြောနေတာလဲ ဘုန်းကြီး
ကျုပ်တို့လမ်းကနေအခုဖယ်ပေး”

မြင့်မောင်ကဆရာတော်အားအော်ငေါက်
ပြောလိုက်ခြင်းပင်။

“ဘုန်းဘုန်းမေတ္တာရပ်ပါတယ် ဒီဆင်းတုတော်ကို
ပြန်ပေးပါဒကာတို့”

“ဟာ ပြောနေကြာတယ်ကွာ ကဲ”

“ဝုန်း ”

လှမင်းကပြောပြောဆိုဆို ရှေ့မှာပိတ်ရပ်နေသော
ဆရာတော်အားစောင့်တွန်းလိုက်ပြီးဘုရားကြီး
အတွင်းမှထွက်ပြေးသွားကြလေတော့သည်။

(အခန်း၅)

ဆရာတော်လည်းလဲကျသွားတာ
သိပ်မပြင်းသည့်အတွက်လဲနေရာမှ
ပြန်ထပြီးကပ္ပိယကြီးအားသွားနိုးလေတော့သည်။

“ကပိၸယျကီး ထဦး ကပိၸယျကီး”

“အရှင်ဘုရား ဒီအချိန်ကြီးဘာဖြစ်လို့လဲဘုရား

ကပ္ပိယကြီးလည်းဆရာတော်ခေါ်သဖြင့်
ရေးကြီးသုတ်ပြာထလာပြီးမေးလိုက်သည်။

“အေး အခုလေးတင်ပဲ ရှေးဟောင်းဘုရားကြီးကို
သူခိုးတွေခိုးသွားကြပြီ ငါ့ကိုတောင်တွန်းထုတ်သွားပြီးထွက်ပြေး
သွားကြတယ်”

“တောက် တော်တော်လူမဆန်တဲ့ကောင်တွေကွာ
တွေ့လို့ကတော့ အရှင်မထားဘူး”

“စိတ်ကိုလျှော့မှပေါ့ သွားသွား ရွာထဲကို
အကျိုးအကြောင်းအားလုံးပြောပြပြီး
ဘုရားဆင်းတုတော်ကိုပြန်ရအောင်
လုပ်ရမယ်”

“တင်ပါ့ဘုရား ”

ကပ္ပိယကြီးလည်းဆရာတော်အားကျောင်းသား
လေးများနှင့်ထားခဲ့ပြီးရွာထဲသို့ပြေးလာကာ
ရွာလူကြီးအားအကျိုးအကြောင်းအားလုံးရှင်းပြ
လိုက်လေသည်။

“ဒါဆိုမြန်မြန်လိုက်မှဖြစ်မှာပေါ့ လုပ်လုပ်
လူစုပြီးလိုက်ကြစို့ သူတို့တွေဝေးဝေးရောက်
ဦးမှာမဟုတ်ဘူး”

“ဟုတ်ကဲ့ သူကြီးကျွန်တော်တို့လိုက်သွား
လိုက်ပါ့မယ်သူကြီး”

“အေးအေး မင်းတို့လည်းလိုက်တော့
ကောင်းတာပေါ့ကွာ”

သူကြီး၏တပည့်တော်၂ယောက်လည်း
လိုက်ပါလာလေသည်။

တစ်ရွာလုံးရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး
ဒေါသအလိပ်လိပ်ထွက်ကုန်ကြလေသည်။

ရွာသားတွေလည်း တုတ်ဆွဲသူဆွဲ ဓားကိုင်သူ
ကိုင်နှင့်လိုက်ကြလေသည်။

(အခန်း၆)

လှမင်းနှင့်မြင့်မောင်တို့ ၂ယောက်
ဘုရားဆင်းတုတော်ထည့်ထားသောအိတ်ကြီးကို
တစ်လှည့်စီထမ်းကာပြေးနေရသည့်အတွက်
ကြောင့်ခရီးကရှေ့မရောက်နိုင်ပဲဖြစ်နေသည်။

“ပြေးထား မြင့်မောင် မြို့ ကိုရောက်ရင်
ဝယ်မည့်သူကအရံသင့်စောင့်နေမှာကွ
နောက်ကရွာသားတွေလိုက်လာနေမှာ
မှီလာခဲ့ရင်ငါတို့တော့မလွယ်ဘူး”

နောက်ကိုကြည့်လိုက်တော့ မီးရောင်တဝင်းဝင်းနှင့်
လိုက်လာသည့်လူအုပ်ကြီးအားမြင်လိုက်ရသည်

“ဟင် ရွာသားတွေငါတို့နောက်မှာပါလာကြပြီ
လှမင်း”

“မြန်မြန်ပြေး ရွာသားတွေငါတို့ကိုမှီလို့
ရိုက်သတ်ရင်အကုန်မသာပေါ်ကုန်မှာ”

လှမင်းနှင့်မြင့်မောင်တို့၂ဦး ခြေကုတ်သုတ်ကာ
ပြေးလာကြသည်မှာ
မြို့ ကိုသွားသည့်
တောလမ်းလေးကြားထဲပင်ရောက်လာလေသည်။

“ရွှီး”

“ဖောက်”

“အား”

“ဘာဖြစ်တာလဲ မြင့်မောင်”

“ငါ့ကိုမြွေကိုက်သွားပြီထင်တယ်
ငါ့ကိုကယ်ပါဦးလှမင်း”

“ဟာ မင်းကိုကယ်နေရင်ငါပါသေမှာပေါ့
နောက်မှာရွာသားတွေလိုက်လာနေပြီကွ
မင်းကိုငါထားခဲ့မှဖြစ်မယ်”

“မင်း မင်းတစ်ကိုယ်ကောင်းဆန်လွန်းတဲ့
ကောင်ပဲ ”

“အ အင်း ”

မြင့်မောင်အဆိပ်တက်သည့်ဝေဒနာကို
ပြင်းစွာခံစားရကာနောက်ဆုံးအသက်ပါသွားလေသည်။

လှမင်းလည်း ဘုရားဆင်းတုတော်ထည့်သော
အိတ်ကိုထမ်းကာတစ်ယောက်တည်းပြေးတော့
သည်။

လူယုတ်မာတစ်ယောက်တော့ အသေဆိုးဖြင့်
သေကာအပါယ်ငရဲသို့ဆင်းသွားရပြီမဟုတ်ပါလား

“လိုက်ဟေ့ လိုက်ကြ မှီကာနီးနေပြီဟေ့

“ဟုတ်တယ်ဟေ့ ဟိုရှေ့မှာမြင်နေရပြီ
အလွတ်မပေးကြနဲ့ဟေ့”

“မိလို့ကတော့ သေပြီသာမှတ်”

ပြေးရင်းလွှားရင်းရွာသားများတစ်ယောက်
တစ်မျိုးကြိမ်းမောင်းပြီးလိုက်ကြလေသည်။

တောလမ်းနံဘေးကအလောင်းကိုလည်း
ရပ်ကြည့်နေချိန်မရသည့်အတွက်
ကျော်ကာခွကာကျန်ရှိနေသောသူခိုးနောက်အား
လိုက်ကြလေသည်။

“ဟင်း ဟင်း ဟွန်း ဟူး”

လှမင်းတစ်ယောက်နောက်ကိုလှည့်ကြည့်လိုက်
ပြေးလိုက်နှင့်ရှေ့မှာမြို့ ကိုရောက်တော့မည့်
ကားလမ်းအားမြင်နေရသည့်အတွက်
အားကုန်ပြေးလေသည်။
ရွာသားတွေကလည်းဇွဲမလျှော့နောက်ကနေ
အတင်းပြေးလိုက်ကြလေသည်။

လှမင်းလည်းနောက်ကိုသာဂရုစိုက်ပြီး
ပြေးနေတုန်းမြို့ ပေါ်ကားလမ်းပေါ်သို့
အရောက်ကုန်တင်ကားကြီးအလာနှင့်ကွက်တိကြကာကားကဝင်တိုက်သွားကာ
လူကကတ္တရာလမ်းပေါ် ၂ပတ် ၃ပတ်ခန့်
လိမ့်သွားပြီးသေသွားလေသည်။

ကားသမားလည်းတိုက်ပြီးထွက်ပြေးသွားလေသည်
ရွသားတွေလည်းဖြစ်ပျက်သမျှအကုန်မြင်လိုက်
ကြရပြီး လမ်းပေါ်ရောက်လာကာသူခိုး၏အလောင်း
နားရောက်လာကြလေသည်။

“ဟေ့ ဘုရားဆင်းတုတော်ကိုရှာကြ
အလောင်းကိုပဲရပ်ကြည့်မနေကြနဲ့ဦး”

ရွာသားတစ်ယောက်ကပြောလိုက်တော့မှ
ဘုရားဆင်းတုတော်အားရှာလေရာ
သူခိုးအားကားဖြင့်တိုက်လိုက်သည့်အရှိန်ကြောင့်
လမ်းဘေးခြုံပုတ်လေးဘေးတွင်
ရောက်နေသောဘုရားဆင်းတုတော်အားထည့်ထားသော
အိတ်ကြီးတစ်လုံးအားတွေ့လေသည်။

“တွေ့ ပြီဟေ့ တွေ့ပြီ ”

ပြောပြောဆိုဆိုအိတ်ကိုဖွင့်ကြည့်လိုက်ရာ
ရှေးဟောင်းမြတ်စွာဘုရားဆင်းတုတော်အား
ထိုင်တော်မူလျှက်နှင့်ဖူးမြင်လိုက်ကြရလေသည်။

ရွာသားတို့လည်း ဘုရားအားပြန်လည်ပင့်ဆောင်
နိုင်ခဲ့သည့်အတွက်အလွန်ပင်ဝမ်းသာနေကြလေ
သည်။

(အခန်း၇)

“အင်း အခုလိုဘုန်းဘုန်းတို့ရွာရဲ့
အထွဋ်အမြတ်ထားကိုးကွယ်တဲ့
ရှေးဟောင်းဘုရားကြီးကိုပြန်လည်ပင့်ဆောင်
နိုင်ခဲ့တာဘုန်းဘုန်းတော့ အင်မတန်မှဝမ်းသာမိပါတယ်
ဒကာ ဒကာမတို့ ”

“တပည့်တော်တို့တွေလည်း ဒီရွာရဲ့
ကျက်သရေဆောင်ဘုရားကြီးကို
နဂိုမူလနေရာဌာနကိုပြန်လည်ပင့်ဆောင်နိုင်ခဲ့လို့
ကျေနပ်မိပါတယ်ဘုရား”

“အရှင်ဘုရားလောကမှာအပါယ်ငရဲမကြောက်ပဲ
ဘုရားစော်ကား သံဃာပြစ်မှားတဲ့
လူတွေလည်းရှိနေကြတာအလွန်အံ့သြမိပါတယ်
ဘုရား”

“အင်း အဲ့လိုဘုရားစော်ကား သံဃာပြစ်မှားလို့
လည်းသူတို့အမိုက်ဇာတ်ထုပ်သူတို့သိမ်းခဲ့ကြပြီ
မဟုတ်လား ဒကာကြီးတို့ ဘယ်သူမပြုမိမိမှုတဲ့
မိမိကိုယ်တိုင်ကကောင်းတာလုပ်ရင်
မိမိကိုယ်တိုင်ကိုင်ကပဲကောင်းတာဖြစ်မယ်
ဟောအခုလို မကောင်းတာလုပ်သွားတဲ့လူတွေကိုကြည့်လေ
သူတို့ကိုယ်တိုင်ကမကောင်းတော့
သူတို့သည်သာလျှင်ကံကြီးထိုက်မသွားရဘူးလား
ဒီအဖြစ်အပျက်ကိုနမူနာယူပြီးသင်ခန်းစာ
ယူကြလော့ ဒကာကြီး ဒကာမကြီးတို့ ”

“သာဓု သာဓု သာဓု ပါဘုရား”

ပြီးပါပြီ………[October.9.10.2022]

#လောကမှာကံမကောင်းလို့စိတ်မညစ်ကြနဲ့
ကံကြီးထိုက်သူမဖြစ်ဖို့ပဲလိုတယ်
#အောင်ဓူဝံ