မြင့်ဆောင် နှင့် ကျတ်ပိုင်ဝါးတော
(စာစဉ်-၃၁)
(၁)
မိုးတဖြောက်ဖြောက်နှင့် လှည်းမြီးတိုအောက် ကောက်ရိုးခင်းပြီး အိပ်ရသည့် အရသာမှာလည်း တမျိုးပင်ကောင်းနေပြီး ထိုသို့ အိပ်ရဖို့ကိုလည်း လုပ်ယူ၍မရ လှည်းအောက်ဝင်ပြီး ကောက်ရိုးခင်းအိပ်ဖို့ ကလွယ်ပေမဲ့ အခုလို လူသူမနီးေတာကြီးမျက်မဲထဲမှာဖြင့် အိပ်နိုင်ဖို့ကတော့ ခက်ပေလိမ့်မည့် အခုလည်း ကိုပြူးဒီလိုအိပ်နေသည်မှာလည်း အိပ်ချင်လွန်း၍တော့မဟုတ် သူတို့ဝါးတောတက်လာရင်း ညမှောင်နေပြီဖြစ်၍ ဤနေရာတွင်စခန်းချကာ လှည်းမြီးတိုအောက်၌ နွားကျွေးရန်တင်လာသော ကောက်ရိုးများခင်းပြီးအိပ်နေချင်းဖြစ်သည်။
သူ ထိုသို့ အိပ်ပျော်နေတုန်း မိုးတဖြောက်ဖြောက်ကြလာပြီး သူလည်းနေရာရွှေ့ရမှာပျင်းတာနှင့် ပေအိပ်နေချင်းဖြစ်သည်။
ဒါပေမဲ့ မိုးေပါက်စိတ်လာ၍ သူလည်းဆက်အိပ်လို့မရတော့ပဲ ထထိုင်လိုက်ရသည်။နောက်ပြီး သူနှင့် ခပ်းလှမ်းလှမ်းရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် မီးဖို၍ ဝိုင်းဖွဲ့ထိုင်နေကြသော ကိုမြင့်ဆောင် ကိုလှသောင်းနဲ့ငတူးတို့သုံးေယာက် ဆီသို့သွားလိုက်ပြီး
“ဒီမိုးနဲကွာ အိပ်ကောင်းမလို့ရှိသေးတယ် တပေါက်ပေါက်လာကြနေရတယ်လို့”
ကိုပြူး ထိုသို့ပြောပြီး မီးဖိုဘေးတွင် ဝင်ထိုင်လိုက်သည် ထိုအခါ ကိုလှသောင်းက
“မင်းကို ငါ မပြောဘူးလားကွ မြင်မြင်ထင်ထင်ကတည်းက မိုးခိုတဲလေးတစ်လုံးဆောက်ရအောင်ဆိုတာ မင်းပဲမိုးမရွာဘူးဆို”
ကိုလှသောင်း ထိုသို့ပြောလိုက်တော့ ကိုပြူးက
“ငါလည်း အဲ့ဒီတုန်းကတော့ မိုးမရွာဘူးထင်တာကိုကွ အခုမှ မပြောမဆိုနဲ့ထရွာတာကို”
“ဒါဆိုလည်း ဆက်ပြီးပေးအိပ်နေလိုက်ပြီးတာပဲကွာ အိပ်နေရင်းရေချိုးပြီးသားဖြစ်တာပေါ့”
ကိုလှသောင်း ထိုသို့ပြောလိုက်ပေမဲ့ ကိုပြူးဘာမှပြန်မပြောတော့ပဲ မီးဖိုဘေးရေနွေးကြမ်းအိုထဲမှ ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်လိုက်ပြီး
“ဒို့တစ်ညလုံး ဒီအတိုင်းပဲ နေကြတော့မှာလားကွ”
ကိုပြူးလည်း သူအိပ်ပျော်နေတုန်း မိုးတဖြောက်ဖြောက်ကြလာ၍ စိတ်ညစ်ညစ်ဖြစ် ပြောလိုက်ချင်းဖြစ်ပြီး ကိုလှသောင်းက
“မင်းက ဒီအတိုင်းမနေလို့ ဘယ်လိုနေချင်လို့တုန်း”
“ဘယ်လိုနေရမှာတုန်းကွ ဒီအနီးအနားမှာ တဲလေးဘာလေးရှိမရှိ လိုက်ကြည့်ရမှာပေါ့ တကယ်လို တဲလေးဘာလေးတွေ့တော့လည်း အဲ့ဒီတဲသွားပြီး မိုးခိုကြတာပေါ့”
ကိုပြူး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က
“ဒီအနီးအနားမှာ တဲရှိပါ့မလားကွ ဒို့လည်း ဒီဘက်ကို တစ်ခေါက်မှရောက်ဖူးတာမဟုတ်ဘူး”
“အဲ့ဒါကြောင့် ပြောတာပေါ့ကွ ကံကောင်းရင် ဒို့မသိတဲ့ တဲလေးဘာလေးတွေ့နိုင်တာပေါ့ နောက်ပြီး ဝါးခုတ်ရမယ့်နေရာလည်း ရောက်မှမရောက်သေးတာ”
ကိုပြူး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်လည်း
“အေးကွာ ဒါဆိုလည်း သွားရအောင် တဲမတွေ့တော့လည်း ဝါးခုတ်လို့ရမယ့်နေရာအထိရောက်အောင် မောင်းသွားတာပေါ့ ဟိုရောက်မှပဲ တဲတစ်လုံးထိုးပြီး တစ်ခါတည်း နားလိုက်ရအောင်”
ကိုမြင့်ဆောင် ထို့သို့ပြောပြီး မီးဖိုနားမှထွက်ခဲ့လိုက်သည် ထို့နောက် နွားကြီးနှစ်ကောင်ကို လှည်းတွင်ကောက်၍ ကိုပြူးခင်းအိပ်ထားေသာကောက်ရိုးများကိုပြန်တင်၍ ထိုနေရာမှမောင်းထွက်လာခဲ့တော့သည်။ကိုလှသောင်းနှင့်ငတူးလည်း သူတို့လှည်းကိုကောက်ကာ ကိုမြင့်ဆောင်လှည်းနောက်မှ ကပ်လိုက်လာခဲ့သည်။
သူတို့လှည်းနှစ်စီး ဤနေရာသို့ ဝါးခုတ်ရန်ရောက်လာကြချင်းဖြစ်ပြီးနှစ်စဥ်နှစ်တိုင်း လယ်ယာအလုပ်များ ပြီးသွာပါက ဤကဲ့သို့ဝါးတောတက်ကြမြဲဖြစ်သည် ဝါးတောတက်သည်ဆိုသည်မှာ အိမ်၌အသုံးပြုရန် အတွက် ဝါးကြီးဝါကောင်းများ လာေရာက်ခုတ်ယူကြချင်းဖြစ်ပြီး ဝါး တောတစ်ခါတက်လျှင် နှစ်ရက်သုံးရက်မျှကြာတတ်သည်။
ဤကဲ့သို့ဝါးတောတက်ရာ၌လည်း နှစ်စဉ် မိမိခုတ်နေကြဝါးတော၌သာ ခုတ်ကြမြဲဖြစ်သော်လည်း ယခုတစ်ခါတော့ သူတို့အလာနောက်ကြ၍ ထိုဝါးတော၌ ဝါးမရှိတော့ပဲ ထိုထက်ဝေးသော ဤနေရာသစ်ကို ရောက်လာခဲ့ကြချင်းဖြစ်သည်။
ထိုသို့ဖြစ် သူတိုလှည်းနှစ်စီး ညမှောင်မှောင် မိုးတဖြောက်ဖြောက်ကြားမှာ စမ်းတဝါးဝါးမောင်းလာကြရင်း သူတို့ရှေ့တည့်တည့်၌ မီးရောင်တစ်လက်လက်ဖြင့် တဲတစ်လုံးကိုမြင်လိုက်ရသည်။ဒါကြောင့် သူတိုလည်း လှည်းကို ထိုနေရာသို့ ရောက်အောင်မောင်းလာခဲ့ပြီး
“တဲရှင်တို့ တဲရှင်တို့”
ကိုပြူးထိုးသို့ လှည်းပေါ်မှလှမ်းအော်လိုက်တော့ တဲအတွင်းမှနေပြီး လူတစ်ယောက်က
“ဘယ်သူတွေတုန်းကွ ဒီအချိန်ကြီး ဘာလာလုပ်တာတုန်း”
“ကျုပ်တို့ ဝါးခုတ်တဲ့သူတွေပါဗျာ့ ညကြီးမင်းကြီး မိုးရွာနေလို့ အဲ့ဒါ ဒီတဲမှာများခဏလောက် တည်းလို့ရမလားလို့ လာမေးကြည့်တာ”
ကိုပြူး ထိုသို့မေးလိုက်တော့ တဲအတွင်းမှလူက
“အေး တည်းလိုရပါတယ်ကွ လာခဲ့ကြလေကွာ”
တဲရှင် ထိုသို့ခေါ်လိုက်တော့ သူတိုလည်း လှည်းနှစ်စီးကို မြေပြောင်ပြောင်နေရာလေးမှာ ဖြုတ်ထားခဲ့ပြီး တဲအတွင်းသို့ဝင်သွားကြသည်။ထိုအခါ တဲအတွင်း၌ သားအမိသားအဖဖြစ်ဟန်တူသော လူသုံးယောက်ထိုင်နေကြပြီး အမျိုးသမီးနှစ်ယောက်နှင့် အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ယောက်ဖြစ်သည်။ထိုလူကြီးက သူတို့တဲအတွင်းကိုရောက်တော့
“မင်းတို့ ဘယ်ကနေလာကြတာတုန်းကွ”
ထိုအခါ ကိုမြင့်ဆောင်က
“ကျုပ်တို့က သလဲကုန်းရွာကပါဗျာ့ ဝါးလာခုတ်ရင်း ခုတ်နေကြဝါးတောထဲမှာ ဝါးမရှိတော့လို့ ဒီဘက်ကိုရောက်လာတာ အဲ့ဒါ မိုးရွာနေတာနဲ့ပဲ ဦးကြီးတို့တဲမှာ မိုးခိုဖို့အကူအညီတောင်းရတာပါ”
“ရပါတယ်ကွာ ဒါနဲ့မင်းတို့လူဘယ်နှစ်ယောက်တုန်းကွ”
တဲပိုင်ရှင် လူကြီးက ထိုသို့ သူတို့ကို စေ့စေ့ကြည့်ပြီးမေးလိုက်တော့ ကိုမြင့်ဆောင်လည်း ထိုအဖိုးကြီး၏အကြည့်ကို မြင်လိုက်ပြီး စိတ်ထဲ၌ တစ်ခုခုကိုခံစားလိုက်ရသည် ဒါပေမဲ့ ဘာမှမဖြစ်သလိုနေရင်း
“ကျွန်တော်တို့ လေးယောက်တည်းပါဗျာ့ ဘာများဖြစ်လိုတုန်းမသိဘူး”
“ဘာမှမဖြစ်ပါဘူးကွ လေးယောက်ဆိုလည်း လေးယောက်ပေါ့ ဒါပေမဲ့မင်းတို့ ဒီအောက်မှာတော့ နေလိုမရဘူးကွ ဟိုအပေါ်မှာတက်နေမှဖြစ်မှာ”
တဲပိုင်ရှင် လူကြီး ပြောလိုက်တော့ သူတို့လေးယောက်လည်း အပေါ်ကိုမော့ကြည့်လိုက်သည် ထိုအခါ တဲထုပ်တန်းများပေါ်၌ ဝါးလုံးများခင်းထာတာကိုမြင်လိုက်ရပြီး ထိုအပေါ်၌ သူတို့လေးယောက်ကို တက်နေခိုင်းချင်းဖြစ်သည်။ထိုအခါ ကိုမြင့်ဆောင်ကလည်း
“ရပါတယ်ဗျာ ဘယ်မှာနေရနေရ အစဉ်ပြေပါတယ်”
“အေး ဒါဆိုလည်း တက်ကြတော့ကွာ”
တဲပိုင်ရှင် လူကြီးထိုသို့ပြောလိုက်တော့ သူတို့လည်း တဲအပြင်ဘက်မှထောင်ထားသည့် ဝါးလှေကားအတိုင်း ထုပ်တန်းပေါ်သို့ တက်ခဲ့ကြသည်။သူတို့ေလးေယာက် ထုပ်တန်းပေါ်ရောက်တော့ ကိုမြင့်ေဆာင်က ကိုပြူးကို အသာလက်ကုပ်၍ မျက်ရိပ်ပြလိုက်သည်။
ထိုအခါကိုပြူးက သဘာပေါက်ပြီး သူတို့နှစ်ယောက် မအိပ်ပဲ ထုပ်တန်းအပြည့် ခင်ထားသည့် ဝါးလုံးများပေါ်တွင် ထိုင်နေလိုက်ကြသည်။ကိုလှသောင်းနှင့်ငတူးကတော့ ထုပ်တန်းပေါ်ရောက်သည်နှင့် သူတို့ယူလာသော အင်္ကျီ ပုဆိုးထုပ်များကို ခေါင်းအုံး၍ ဝါးလုံးခင်းပေါ်၌ အိပ်လိုက်ကြပြီဖြစ်သည်။
(၂)
ဒီလိုနဲ့ ကိုမြင့်ဆောင်နဲ့ကိုပြူးတို့နှစ် မအိပ်ပဲ ဝါးလုံးခင်းပေါ်၌ထိုင်နေကြရင်း ညသန်းခေါင်အချိန်လောက်ရောက်တော့
“အိပ်ကြပြီလားကွ”
တဲပိုင်ရှင် လူကြီး၏ တဲအောက်မှနေပြီး မေးလိုက်သံကိုကြားေတာ့ ကိုမြင့်ဆောင်က
“ဟုတ်ကဲ့ အိပ်တော့မှာပါ”
“အေအေး အိပ်ကြတော့ကွာ တော်ကြာမိုးလင်းသွားရင် မကောင်းဘူး”
“ဟုတ်ကဲ့ပါ ကျွန်တော်တို့ အိပ်တော့မှာပါ”
ကိုမြင့်ဆောင်လည်း ထိုသို့ပြောပြီး အသာပြန်ညိမ်နေလိုက်သည်။ထိုအခါ ကိုပြူးက
“မြင့်ဆောင် ဒါဘာတွေတုန်းကွ”
ကိုပြူး၏အမေးကို ကိုမြင့်ဆောင်ပြန်မဖြေပဲ အောက်သို့ငုံ့ကြည့်ရန်း ဝါးလုံးနှစ်လုံးကြားကို လက်ညှိုးထိုးပြလိုက်သည်။ထိုအခါ ကိုပြူးက အောက်သို့ငုံ့ကြည့်လိုက်ပြီး
“ဟာ ကျတ်တွေပဲကွ”
ကိုပြူးအသံ နည်နည်းကျယ်သွာ၍ ဖြစ်မည်ထင်သည်
“မင်းတို့ မအိပ်သေးဘူးလားကွ”
“ဟုတ်ကဲ အိပ်တော့မှာပါ ဦးကြီး”
ကိုမြင့်ဆောင်လည်း ပါးစပ်က ထိုသို့ပြောလိုက်ပြီး လူကတော့ ဝါးလုံးနှစ်လုံးကြားမှေနပြီးအောက်ကို ငုံကြည့်လိုက်သည်။
ထိုအခါ သူတို့တက်ထိုင်နေသည့် ထုပ်တန်းပေါ်သို မော့ကြည့်နေသော မိန်းမကြီးတစ်ယောက်၏ မျက်နှာကိုမြင်လိုက်ရပြီး သူပါးစပ်မှ သွားစွယ်ချွန်ချွန်များထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းမကြီးသည် သူတို့အိပ်ပျော်လားမပျော်လားဆိုတာကို အောက်မှလာကြည့်နေသည့်ပုံရှိပြီး အကယ်၍ သူတို့အိပ်ပျာ်သွားလျှင် မည့်ကဲ့သို့လုပ်မည်ကိုမပြောတတ် ထို့ကြောင့် ကိုမြင့်ဆောင်လည်း သူတို့ကို မအိပ်သေးဘူးလားဟု ခဏခဏ မေးနေသည့် တဲပိုင်ရှင် လူကြီးကို လိုက်ရှာကြည့်လိုက်သည်။
ထိုအခါ ထိုလူကြီးသည် သူတို့၏ခြေရင်းဘက်အခန်း မြေကြီးပေါ်၌ တုံးလုံးကြီးလှဲ၍ အိပ်နေတာကိုမြင်လိုက်ရပြီး သူ၏အရပ်ကြီးသည် တဲအခန်းနှစ်ခန်းကိုပင် ပြည့်နေသည်။ နောက်ထပ် မိန်းမကြီးတစ်ယောက်ကတော့ ထမိန်ရင်လျှားကြီးဖြင့် ငုတ်တုတ်ကြီးထိုင်ကာ ရှေ့တည့်တည့်ကိုသာ ကြည့်နေသည်။ထိုသို့ သူကြည့်နေသောနေရာသည် ထုပ်တန်းပေါ်တက်သည့် ဝါးလုံးလှေကားနှင့်တန်းနေသည်။
ကိုမြင့်ဆောင်လည်း သူတို့သုံးယောက် ထုပ်တန်းပေါ်တက်လာရင် မည်သို့လုပ်ရမည်ကို စဉ်းစားနေလိုက်သည်။ထိုအချိန် တဲအောက်မှနေပြီး မအိပ်ကြသေးဘူးလာကွ ဆိုတဲအသံကို ထပ်ကြားလိုက်ရပြန်သည်
ဒီတစ်ခါတော့ ကိုမြင့်ဆောင် ဘာမှပြန်မဖြပဲ အသာညိမ်နေလိုက်သည်။သူထိုသို့ ညိမ်နေပြီး တအောင့်လောက်ကြာတော့
“ကဲရပြီ တက်တော့”
သူထိုသို့ ပြောလိုက်သည်နှင့် သူ့ဘေးမှာထိုင်နေသော မိန်းမကြီးက ဆတ်ကနဲထလာပြီး ဝါးလှေကားဆီသို့သွားနေတာကို ဝါးလုံးနှစ်ကြားမှနေပြီး ချောင်းကြည့်နေသောသူတို့နှစ်ယောက် မြင်လိုက်ရသည်။ထိုအခါ ကိုပြူးက ထိုမိန်မကြီး တက်လာမည့် ဝါးလှေကားထိပ်နားမှာစောင့်နေရင်း ထိုမိန်းမကြီး တက်လာပါက ကန်ချရန်ပြင်ထားသည်။ကိုမြင့်ဆောင်ကတော့ ဝါးလုံးကြားမှနေပြီး ခြေတံရှည်ကျတ်တေစ္ဆကြီးနှင့် သူတို့ကိုမော့ကြည့်နေသော တစ္ဆေမကြီး ဘာဆက်လုပ်မည်ကိုစောင့်ကြည့်နေလိုက်သည်။
သူထိုသို့ ကြည့်နေတုန်းမှာပဲ သူတို့တက်ထိုင်နေသော တဲထုပ်တန်းသည် လှုပ်လာပြီး ဝါးလှေကားမှတက်လာသည့် ကျတ်တစ္ဆေမကြီး၏ခေါင်းကိုပါ မြင်လိုက်ရသည်။ထိုအခါ အသင့်နေရာယူထားသော ကိုပြူးက ထိုကျတ်တစ္ဆေမကြီး၏ခေါင်းကို ခြေထောက်ဖြင့် ဆောင်ကန်ချလိုက်သည်။
တစ္ဆေမကြီးလည်း နောက်သို့ပက်လက်လန်ကာ ဝါးလှေးကားပေါ်မှပြုတ်ကြသွားသည်။ထိုတစ္ဆေမကြီး အောက်ပြုတ်ကြသွားသည့်နှင့် တဲအတွင်းမှ မောကြည့်နေသော ကျတ်တစ္ဆေမကြီးနှင့် တုံးလုံလှဲနေေသာကျတ်တေစ္ဆကြီးနှစ်ေကာင် အပြင်သို့ ပြေးထွက်လာကြပြီးကျတ်တစ္ဆေကြီး မတ်တတ်ရပ်လိုက်သည်နှင့် ဝါးလုံးကြမ်းခင်းကို ဆောင်မိတော့သည်။ထိုအခါ ကိုလှသောင်းနဲ့ငတူးလည်း လန့်နိုးလာကြပြီး
“ဘာဖြစ်တာတုန်းကွ”
ကိုလှသောင်း ပြူးပြူးပြာပြာဖြင့်မေးလိုက်တော့ ကိုပြုးက
“ကျတ်တေွကွ ကျတ်တွေ မင်းတို့အောက်မဆင်းနဲ့”
ကိုပြူး ပါးစပ်မှ ကျတ်တွေဟူသော စကားကိုကြားလိုက်သည်နှင့် ကိုလှသောင်းနဲ့ငတူးလည်း အံ့ဩထိတ်လန့်သွားပြီး သူတို့နောက်ကို ဝင်ကပ်လိုက်ကြသည်။ထိုအချိန် တဲအတွင်းမှ ပြေးထွက်သွားသော ကျတ်တစ္ဆေမကြီးနှင့်တစ္ဆေကြီးက အပြင်ကိုရောက်ရှိသွားကြပြီး တစ္ဆေမကြီးက ဝါးလှေးကားမှ တက်ရန်ပြင်နေသည်။ တစ္ဆေကြီးကတော့ သူ့ရဲ့ရှည်လျှားလှသော အရပ်ကြီးဖြင့် တဲထုပ်တန်းပေါ်မှသူတို့ကို ကြည့်နေသည်။ထိုအခါ သူ၏အရပ်ကြီးသည် တဲခေါင်တိုင်နီးနီးမျှမြင့်မားလှပြီး ကိုမြင့်ဆောင်နဲ့ကိုပြူးလည် သူတို့ယူလာသော ဝါးခုတ်ဓါးများကို ကိုင်ဆောင်ထားကြပြီး ထုပ်တန်းပေါ်တက်လာပါက ခုတ်ရန်အသင်ပြင်ထားကြသည် ထို့နောက် ဝါးလှေကားကိုပါ အပေါ်မှနေပြီး လှန်ချပစ်လိုက်သည် သူတို့နှစ်ယောက် ထိုသို့မကြောက်မရွံ့ရှိနေကြတာကိုမြင်တော့ ကျတ်တေစ္ဆတွေလည်း ဆက်မေခြာက်တော့ပဲ တဲအောက်သိုပြန်ဝင်ကာ ပျောက်ကွယ်သွားကြသည်။သူတို့ပျောက်ကွယ်သွားသည်နှင့် ဝါးအခင်းလည်းမရှိ တဲလည်းမရှိတော့ပဲ သူတို့လေးလည်းရောက်လည်း ခြုံနွယ်ပင်နွယ်ကြိုးများပေါ်သို့ ရောက်ရှိနေကြတာကိုတွေ့လိုက်ရသည်။
သူတို့ ရောက်ရှိနေသောနွယ်ပင်များသည် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တွယ်တက်နေကြပြီး တုတ်ခိုင်ကြီးမားလှကာ သူတို့၏အောက်၌ တောင်ဘို့ကြီးတစ်လုံးရှိနေတာကို သိလိုက်ရပြီး ထိုတောင်ဘို့မှာနေသည့် ကျတ်တစ္ဆေများ ခြောက်လှန့်ခြင်းဖြစ်ကြောင်းကိုသိလိုက်ရသည်။ထို့ကြောင့် ကိုမြင့်ဆောင်က
“လာကွာ ဒီနားဆက်မနေတော့နဲ့ လှည်းဆီသွားရအောင်”
ကိုမြင်ဆောင် ထိုသို့ပြောပြီး သူတို့လှည်းဖြုတ်ထားရာနေရာသို့ ခြုံနွယ်ပင်များကို တိုးဝှေ့ပြီးထွက်ခဲ့လိုက်သည်။ထိုအခါ သူတို့၏လှည်းများသည်လည်း ညကရပ်ထားခဲ့သည့် မြေကွက်လပ်ပေါ်မှာမဟုတ်တော့ပဲ ခြုံနွယ်ပုတ်များထူထပ်စွာပေါက်ရောက်နေသည့် ခြုံပုတ်တော၏အလည်မှာ ရောက်ရှိနေကြောင်းကို သိရှိလိုက်ရတော့သည်။
ဒါပေမဲ့ ထိုခြုံပုတ်တော၏ တစ်ခြားတစ်ဖက်မှတော့ ဝါးတောတစ်ခုကိုတွေမြင်လိုက်ရပြီး သူတို့လည်း အဆိုးထဲကအကောင်းဟုပင်သတ်မှတ်ကာ ခြံပုတ်တောအလည်ရှိ လှည်းများဆီကို ရောက်အောင်လာခဲ့ကြပြီး လေးယောက်သား လုံးလှည်းပေါ်မှာပင် တစ်ညလုံး တက်ထိုင်နေလိုက်ကြသည်။
(၃)
ဒီလိုနဲ့ နောက်နေ့မနက် အာရုံပျို့လာသည်နှင့် သူတို့လည်း လှည်းဘေးရှိခြုံပုတ်များကို ခုတ်ထွင်ရှင်းလင်းပြီး လှည်းများကို ဝါတောအတွင်း မြေပြောင်ပြောင်နေရာသို့ရောက်အောင် မောင်းလာခဲ့ကြသည်။ထိုနေရာသို့ရောက်တော့ လှည်းများကိုဖြုတ်လိုက်ကြပြီး ဝါးခုတ်ဖို့ ဝါးများကို လိုက်ကြည့်လိုက်သည်။
ထိုအခါ အင်မတန်ကောင်းမွန်သော ဝါးများဖြစ်နေပြီး အကွက်များပင်လည်နေပြီဖြစ်သည် ထို့ကြောင့် ဤနေရာသည် ဝါးခုတ်သမားများ မေရာက်သောနေရာတစ်ခုဖြစ်မှန်းသိလိုက်ပြီး သူတို့လည်း ထိုဝါးတောထဲမှာ စိတ်ကြိုက်ဝါးများကို ရွေးပြီး ခုတ်ယူလိုက်ကြသည်။
ထို့နောက် ခုတ်ပြီးသားဝါးများကို လှည်းနားသို့ဆွဲ၍ စုပုံထားလိုက်ပြီး ထိုဝါးများကို ညနေကြမှ လှည်းပေါ်သို့တင်ကြမည်ဖြစ်သည်။ယခုတော့ သူတို့လည်း နေလည်းအတော်မြင့်လာပြီဖြစ်၍ အလုပ်ကိုနားကာ လှည်းနားမှာပင် ထမင်းချက်ပြုတ် စားသောက်လိုက်ကြသည်။
သူတို့ ယခုခုတ်ယူနေေသာ ဝါးတောနေရာသည် ညတုန်းကသူတို့ အခြောက်ခံလိုက်ရသည့် ကျတ်တစ္ဆေများနေသည့် တောင့်ဘို့နေရာနှင့် သိပ်မဝေး ဒါကြောင့် အချို့လူများဆိုလျှင် ဤဝါးတောထဲမှ ဝါး
များကို ခုတ်ယူရဲကြတော့မည် မဟုတ်ပေ ဒါပေမဲ့ ကိုမြင့်ဆောင်နှင့်ကိုပြူးတို့နှစ်ယောက်ကေတာ့ ကျတ်တစ္ဆေများကို ကြောက်လန့်သူများမဟုတ်၍ ခုတ်ယူနေကြချင်းဖြစ်ကြပြီး ကိုလှသောင်းနှင့်ငတူးကေတာ့ သူတို့အားကိုးနှင်ခုတ်နေကြချင်းဖြစ်သည်။
ဒါေပမဲ့ သူတို့နှစ်ေယာက်ေတာ့ သိပ်ဝေးဝေးလံလံမသွားရဲပဲ လှည်းဘေးအနီးအနားရှိ ဝါးပင်မှ ဝါးများကိုသာ ခုတ်ယူနေကြချင်းဖြစ်ပြီး ထိုဝါးများသည်လည်း ဝါးခုတ်သမားများ အရောက်အပေါက်နည်းသည့် နေရာဖြစ်သောကြောင့် ကောင်းမွန်လှပေသည်။
ထိုသိုဖြင့် သူတို့ေလးေယာက်လည်း ထမင်းစားသောက်ပြီး ခဏတဖြုတ်နားေနကြရင်း ညကကျတ်တစ္ဆေများ ခြောက်သည့်အကြောင်းကိုပြန်ပြောနေကြသည်။
ထိုသို့ ပြောဆိုနေရာတွင် ကှိလှသောင်းနှင့်ငတူးတို့နှစ်ယောက်ကတော့ ပြောရင်းပင် ကြက်သီးများထလာပြီး ဆက်မပြောရဲတော့ ဒါတောင် သူတို့နှစ်ယောက် ကျတ်တစ္ဆေများကို ခဏတဖြုတ်သာ တွေ့လိုက်ရပြီး ကိုမြင့်ဆောင်တို့ကဲ့သို့ အချိန်အတော်ကြာကြာ မြင်တွေ့နေရပါက တဲထုပ်တန်းပေါ်မှာ ဆက်မနေရဲတော့ ခုန်ချ၍ ထွက်ပြေးမည်ဆိုတာကတော့ အမှန်ပင်ဖြစ်ပြီး ထိုသို့ထွက်ပြေးလျှင် ကျတ်တစ္ဆေများ၏ အကြိုက်ပင်ဖြစ်ပေတော့မည်။
ယခုလည်း ကိုမြင့်ဆောင်တို့ ပါနေ၍သာ ဤကဲ့သို့ဆက်နေရဲချင်းဖြစ်ပြီး သူတို့သာမရှိဘူးဆိုပါက ညတွင်းချင်းပင် လှည့်ပြန်ကြမည်ဖြစ်သည်။
ထိုသို့ဖြင့် နေနည်းနည်းအေးတော့ သူတို့လည်း လှည်းေဘးနားမှာ ပုံထားသောဝါးများကို လှည်းပေါ်သို့တင်လိုက်ကြသည်။ ထို့နောက် နွားများကိုလှည်းတွင်ကောက်၍ ဝါးတောထဲမှ ထွက်မည်အပြု ရုတ်တရက် ဝါးတော့အတွင်းမှ ဆူဆူညံညံ အသံများကိုကြားလိုက်ရပြီး
“မထွက်စေနဲ့ဟေ့ ဝိုင်းထားကြ တစ်ယောက်မှမလွတ်စေနဲ့”
ထိုသို့ အော်ပြေ့ာသံများနှင့်အတူ ဝါးတောတစ်ခုလုံး မှောင်ကြသွားသည် ထိုအခါ ကိုမြင့်ဆောင်လည်း လှည်းအောက်သို့ ကပျာကယာဆင်းကာ
“ငပြူး ဝါးရွက်တွေကို မီးရှို့လိုက်ကွာ”
ကိုပြူးလည်း ကိုမြင့်ဆောင်ပြောသည့်အတိုင်း ဝါးရွက်များကို မီးရှို့လိုက်သည် ကိုလှသောင်းနှင့်ငတူးလည်း သူတို့လုပ်နေတာကိုကြည့်ပြီးကိုပြူးကဲ့သို့ပင် ဝါးရွက်များကို မီးရှို့ကာ တဖြည်းဖြည်းနှင့် လှည်းနှစ်စီးကို မီးကွင်းဖြစ်ကာထားသလို လုပ်ထားလိုက်သည်။ထိုအခါ
“ပူတယ်ဟေ့ ပူတယ် ဘေးကနေဝိုင်းထားကြ အနားမကပ်ကြနဲ့”
သူတို့အချင်းချင်း သတိပေးသံကိုကြားလိုက်ရပြီး သူတို့လှည်းဘေး ခပ်လှမ်းလှမ်းမှနေပြီး ဝါးရွက်ခြောက်များပေါ်သို့ တဖြောက်ဖြောက်နင်းနေသည့်ခြေသံများကို ကြားလိုက်ရသည်။ထိုအခါ ကိုလှသောင်းက
“မြင့်ဆောင် ဒို့ဘယ်လိုလုပ်မတုန်းကွ ဝါးတွေထားခဲ့ပြီး လှည်းပဲမောင်းသွားရအောင်ကွာ”
ကိုလှသောင်း ထိုသို့ စိုးရိမ်းတကြီး ပြောလိုက်တော့ ကိုမြင့်ဆောင်က
“နေပါဦးကွာ အခြေအနေကြည့်ပါဦး ဒီကောင်တွေ ဒို့ကိုကြောက်မလားလို့ ခြောက်ကြည့်နေတာကွ တော်ကြာနေရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ”
ကိုမြင့်ဆောင်လည်း ထိုသို့ပြောပြီး လှည်းဘေးခပ်လှမ်းလှမ်းမှ ပတ်သွားနေသည့် ခြေသံများကို လိုက်ကြည့်ေနမိသည် ထိုအခါ လူလေးငါးဆယ်ယောက်လောက် သူတို့လှည်းနှစ်စီးကို ဝိုင်းထားတာမြင်လိုက်ရပြီး ထိုသူများသည် မီးပုံများကိုကြောက်၍ ရှေ့ဆက်မတိုးရဲပဲဖြစ်ေနကြပြီး ကျတ်တစ္ဆေတွေဖြစ်မှန်းသိလိုက်သည်။ထိုအခါ ကိုမြင့်ဆောင်က ဝါးအခြောက်များကိုစုစည်း၍ ထိပ်တွင်ခပ်ဖွားဖွားလုပ်ကာ မီးတုတ်များဖြစ်အောင် လုပ်လိုက်သည် ထို့နောက် သူနှင့်ကိုပြူးက ဝါးမီးတုတ်များကိုကိုင်ပြီး လှည်းေဘးမှလိုက်၍ ကိုလှသောင်းနှင့်ငတူးကို လှည်းမောင်းခိုင်းပြီး ဝါးတောထဲမှ ထွက်လာခဲ့သည် သူတို့လှည်းနှစ်စီးသည်လည်း ဝါးတောအတွင်းထိမရောက်ပဲ ကလနားခပ်ကြကြတွင် ရပ်ထားကြ၍ ခဏနှင့်ပင်ဝါးတောထဲမှ ထွက်လာနိုင်ပြီး သူတို့ဝါးတော အပြင်ရောက်သည်နှင့် အလင်းရောင်ကို ပြန်မြင်ရပြီဖြစ်သည်။
ထိုအခါ သူတို့လည်း လှည်းနှစ်စီး ထိုနေရာမှ ခပ်သုပ်သုပ်မောင်းထွက်လာကြသည် ဒါပေမဲ့ သိပ်မကြာခင် နောက်မှညာသံပေး၍ လိုက်လာသည့်အသံများကို ပြန်ကြားလိုက်ရပြီး သူတို့လည်း နောက်ကိုလှည့်ကြည့်လိုက်ကြသည်။ထိုအခါ စောစောက သူတို့ကို ဝိုင်းပတ်ထားသည့် ကျတ်တစ္ဆေများဖြစ်ကြပြီး လှည်းနောက်သို့ တန်းတန်းမတ်မတ် ပြေးလိုက်လာကြတာကို မြင်လိုက်ရပြီး ကိုလှသောင်းက သူ၏နွားများကို တဘုန်းဘုန်းဖြင့် ရိုက်မောင်းနေသည် သူ၏ နွားနှစ်ေကာင်သည်လည်း တရှုးရှုးဖြင်လန့်နေကြပြီး ကိုမြင့်ဆောင်က
“ဟေ့ကောင် လှသောင်းနွားတွေကို အဲ့လောက်ကြီး ရိုက်မနေနဲ့ တော်ကြာလှည်းမှောက်လို့ အကုန်ဒုက္ခရောက်ကုန်မယ်”
ကိုမြင်ဆောင် ထိုသို့ပြောလိုက်တော့မှ ကိုလှသောင်းလည်း နွားတွေကို သိပ်မရိုက်တော့ သူ၏နွားနှစ်ကောင်သည် ကိုမြင့်ဆောင်၏ နွားပြာကြီးနှစ်ကောင်လိုမဟုတ်ပဲ လန့်ဖြတ်နေကြပြီး ထိုသို့ လန့်နေသည့်နွားများကို မတရားရိုက်နေပါက ရွတ်ဆွဲသွားမည်ဆိုး၍ ပြောလိုက်ချင်းဖြစ်ပြီး သည်။ ကိုပြူးကလည်း ဝါးခုတ်ဓါးကိုကိုင်ပြီး လှည်းနောက်သို့လှည့်ပြီး
“လာစမ်း မင်းတို့ကောင်တွေ ကိုယ်လည်းဘာမှလုပ်လို့မရပဲ သူများယူတော့မကြိုက်ဘူး လာခဲ့စမ်းဒီနားရောက်အောင် အကုန်လုံးဝါးပိုင်းသလို ပိုင်းပြစ်လိုက်မယ်”
ကိုပြူး ထိုသို့ကျုံးဝါးလိုက်တော့မှ ကျတ်တစ္ဆေများလည်း လှည်းနားကိုမကပ်ရဲပဲ ခပ်လှမ်းမှနေပြီး တောက်တစ်ခေါက်ခေါက်ဖြစ် လိုက်နေကြသည် သူတို့သည်လည်း ထိုသို့မကြောက်မလန့်ပါမှ တော်ကာကြပြီး တယ်လို့ကြောက်ကြောက်လန့်လန့်ဖြင့် လှည်းကိုစွတ်မောင်းပါက နောက်ကလိုက်လာပြီး လှည်းကိုဆွဲမှောက်တတ်ကြလေသည်။ထိုအခါ လူရောနွားရောဒုက္ခရောက်တတ်ပြီး ယခုလည်း ထိုသို့လုပ်ရန်နောက်ကလိုက်လာကြချင်းဖြစ်သည် ဒါပေမဲ့ ကိုပြူးက မကြောက်မလန့်ဖြင့်ရှိနေတာမြင်တော့ သူတို့လည်း အနားသို့မကပ်ရဲပဲ သူတို့ပိုင်နက်လွန်သည်နှင့် တက်တခေါက်ခေါက်ဖြင့် ရပ်ပြီးကျန်နေခဲ့တော့သည်။
ထိုအခါမှ သူတို့လည်း လှည်းကိုအေးအေးဆေးဆေး မောင်လာကြပြီး မနေ့ညအစောပိုင်းက သူတို့လှည်းရပ်နားခဲ့သောနေရာသို့ရောက်တော့ ဝါးလှည်းများကိုဖြုတ်၍ ထိုနေရာ၌ နားလိုက်ကြသည်။
(၄)
သူတို့ ထိုနေရာသို့ရောက်တော့ မိုးလည်းချုပ်နေပြီဖြစ်ကာ ကိုလှသောင်းက
“ဒီနားမှာနားလို့ ကောင်းပါ့မလားကွ အောက်ကရွာရောက်အောင် တစ်ခါတည်းမောင်းရအောင်ကွာ”
“ရပါတယ်လှသောင်းရ မိုးလင်းမှပဲ ဆက်ထွက်ရအောင် မင်းနွားတွေ လည်း ပင်ပန်းနေပြီ”
ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ကိုလှသောင်း ဘာမှပြန်မပြောတော့ပဲ သူ့နွားနှစ်ကောင်၏ကျောကို သွားပြီးပွပ်သပ်ပေနေသည်။ထို့ေနာက် နွားကျောပေါ်မှ အစင်းရာကြီးများကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိပြန်သည်။
ထိုသို့ဖြစ် သူတို့လည်း ထိုနေရာသို့ရောက်မှ ညစာချက်ပြုတ်စားသောက်လိုက်ပြီး ဝါးလှည်းများပေါ်မှာပင် အိပ်စက်လိုက်ကြသည်။ထိုသို့ အိပ်စက်သည် ဆိုရာ၌လည်း ကောင်းကောင်းမွန်မွန် အိပ်မပျော်ပဲ တုန်းလုံးလှဲနေရုံသာဖြစ်သည်။
ထိုသို့ သူတို့ ဝါးလှည်းများပေါ်၌ တုန်းလုံးလှဲနေစဉ် နွားခလောက်ကိုတတောက်တောက်ခေါက်ပြီး သူတိုဘက်ကို တရွေ့ရွေ့လာနေသော အသံကိုကြားလိုက်ရသည်။ထိုအခါ သူတိုလည်း လှည်းပေါ်တွင် ငုတ်တုတ်ထထိုင်လိုက်ကြပြီး
“အောက်ဘက်ရွာကလူတွေ ငှက်ပစ်လာကြတာထင်တယ်တယ်ကွ”
ကိုလှသောင်း ထိုသို့ပြောလိုက်တော့ ကိုပြူးက
“ဟုတ်လောက်တယ်ကွ ဒီလူတွေ ဒို့ခုတ်တဲ့ဝါးတောထဲ ငှက်သွားပစ်ရဲပါ့မလားမသိဘူး အဲ့ဒီဝါးတောထဲသွားပစ်ရင်ေတာ့ ငှက်တော်တော်ရမှာကွ”
ကိုပြူးလည်း သူဝါးလိုက်ခုတ်ရင်း တွေ့ခဲ့သော ငှက်အိပ်တန်များကို သတိရမိပြီး ပြောလိုက်ချင်းဖြစ်ပြီး ကိုလှသောင်းက
“သူတို့က ဒီအနီးအနားရွာက လူတွေဆိုတော့ သွားပစ်ရဲရင်ပစ်ရဲမှာကွ ဒို့ကိုသာ အဝေးကလာတဲ့သူတွေမို့ ခြောက်လွှတ်လိုက်တာနေမယ်”
“အေးကွာဒီဘက်ရောက်လာရင်တော့ အဲ့ဒီဝါးတောထဲမှာ ငှက်အိပ်တန်းတွေ တွေ့ခဲ့တဲ့အကြောင်း ပြောလိုက်ဦးမှပဲ”
ကိုပြူးနဲ့ကိုလှသောင်း ထိုသို့ပြောဆိုနေကြစဉ် သူတို့အောက်ဖက်လျှိုထဲမှေနပြီး ဓါတ်မီးတဝင်းဝင်းဖြင့်တက်လာသော လူနှစ်ယောက်ကို မြင်လိုက်ရပြီး ထိုလူနှစ်ယောက်က
“ဝါးခုတ်တဲ့ လှည်းတွေကွ”
“အေးဟုတ်တယ် ကောင်းလှချည်းလားကွ ဝါးတွေက”
ထိုလူနှစ်ယောက်လည်း သူတို့လှည်းပေါ်မှ ဝါးများကိုကြည့်ရင်း အချင်းချင်း ပြောဆိုနေကြသည်။ထိုသို့ ဒီအနီးအနားမှလူများပင် သူတို့ခုတ်လာသည့် ဝါးများကို ကောင်းသည်ဟုပြေနေ၍ ကိုလှသောင်းတစ်ယောက် လှည်းပေါ်မှာထိုင်ရင်း ပြုံးစိစိဖြင့်သဘောကြနေသည်။ ထိုလူနှစ်ယောက် သူတို့လှည်းနှင့်ခပ်နီးနီးသို့ရောက်လာတော့ ကိုပြူးက
“ခင်ဗျားတို့ ငှက်ပစ်လာကြတာလားဗျာ့”
“ဟုတ်တယ်ဗျာ့ ဒီနားမှာ ငှက်အိပ်တန်းလေးဘာလေးတွေ့ရင် ပြောစမ်းပါဦးဗျာ့ ခင်ဗျာတို့က ဝါးခုတ်လာကြတာဆိုတော့ ငှက်အိပ်တန်းလေးများတွေ့ခဲ့မလားလို့”
ထိုအခါ ကိုပြူးလည်း သူပြောချင်နေတာနှင့်အံကိုက်ဖြစ်သွားပြီး
“တွေ့ခဲ့တာပေါ့ဗျာ့ ဒီနောက်ဘက် ကုန်းကျောအတိုင်းသွားလိုက်ရင် ရှေ့ခပ်လှမ်းလှမ်းမှာ ဝါးတောတစ်တောရှိတယ်ဗျာ့ အဲ့ဒီဝါးတောထဲမှာ ငှက်အိပ်တန်းတွေ ပေါမှပေါ့ပဲ”
ကိုပြူးထိုသို့ပြောလိုက်တော့ ထိုလူနှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ကိုပြူးကိုပြန်ကြည့်ကာ
“ခင်ဗျားပြောတာ ကျတ်တောကိုပြောတာလားဗျာ့”
“အဲ့ဒါတော့ ကျုပ်လည်းမသိဘူး အဲ့ဒီဝါးတောထဲမှာတော့ ငှက်အိပ်တန်းတွေ တွေ့ခဲတာပဲ”
“ဟုတ်ပါတယ်ဗျာ ခင်ဗျားပြောတာ ကျတ်တောကိုပြောနေတာပါ အဲ့ဒီနေရာကို ညမပြောနဲ့ နေ့ခင်းဘက်တောင်လူတွေမသွားရဲဘူးဗျာ့”
“ဟုတ်လားဗျာ့ ဘာဖြစ်လို့တုန်း”
“ဘာဖြစ်ရမှာတုန်းဗျာ အဲ့ဒီဝါးတောက ကျတ်တွေပိုင်တဲ့ဝါးတောဗျာ့ ဘယ်သူမှ သွားမခုတ်ရဲဘူး အခုခင်ဗျားတို့ခုတ်လာတာ အဲ့ဒီဝါးတောထဲကလား”
“ဟုတ်တယ်လေဗျာ”
ကိုပြူး ထိုသို့ပြောလိုက်တော့ အဲ့ဒီလူနှစ်ယောက် အံ့ဩတကြီးကြည့်ပြီး
“ခင်ဗျားတို့ကို ဘာမှမလုပ်လိုက်ဘူးလား”
“လုပ်တာပေါ့ဗျာ”
ကိုပြူးလည်း ထိုသို့အစချည်ပြီး သူတို့တွေ့ကြုံခဲ့ရသည်များကို ပြန်ပြောပြလိုက်သည်။ထိုအခါ ထိုသူနှစ်ဦးက
“ခင်ဗျားတို့မိုလို့ဗျာ မကြောက်မရွံ့သွားခုတ်ရဲတာ ဒီနားကလူတွေတောင် အဲ့ဒီဝါးတောထဲ သွားမခုတ်ရဲဘူးဗျာ”
“ဟုတ်လားဗျာ့ ကျုပ်တို့လည်း မသိဘူးလေးဗျ့ာ အရင်ခုတ်နေကြနေရာမှာ ဝါးမရှိတော့လို့ အဲ့ဒီဘက်ရောက်သွားတာ”
ကိုပြူးထိုသို့ပြောလိုက်တော့ ထိုလူက
“ဒါနဲ့ နေပါဦးဗျာ့ ခင်ဗျားတို့က ဘယ်ရွာကနေ ဝါးလာခုတ်ကြတာတုန်း”
“သလဲကုန်းကဗျာ့ ဘာဖြစ်လို့တုန်”
“ဘာမှမဖြစ်ပါဘူးဗျာ ကျုပ်တို့လည်း နောက်တစ်ခါဝါးလိုရင် ခင်ဗျာတို့နဲ့လိုက်ပြီး အဲဒီဝါးတောထဲ ဝါးသွားခုတ်ရအောင်လို့ဗျာ့ ဒါမှဝါးကောင်ကောင်းရမှ”
ထိုသူနှစ်ယောက်လည်း သူတို့၏ဝါးလှည်းနှစ်စီးကိုကြည့်ကာ ထိုသို့ေပြာပြီး တခြားတစ်ဖက်ကို ထွက်သွားကြတော့သည်။ထိုအခါမှသူတို့လည်း ဤအနီးအနားရွာက လူများပင်မခုတ်ရဲသော ကျတ်ပိုင်ဝါးတောကိုမှ သွားခုတ်မိလျှက်သား ဖြစ်နေကြောင်းသိလိုက်ရသည်။ဒါပေမဲ့ သူတို့လည်း ဝါးကောင်းကောင်းရ၍ ကျေနပ်နေမိကြပြီး ထိုသို့မဟုတ်ပါက တကူးတကကြီး လာပြီးမှ မကောင်းမကန်းဝါးများကိုသာ ခုတ်သွားရမည်ဖြစ်သည်။
ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ သူတိုလည်း ဝါလည်းများကိုကောက်ကာ ရွာသိုပြန်လာခဲ့ကြတော့သည် ထိုသို့ပြန်လာခဲ့ရာ၌လည်း လမ်းတလျှောက်ရှိ တွေ့သမျှလူများက သူတို့လှည်းပေါ်မှဝါးများကိုကြည့်ပြီး ဝါးကောင်းကြောင်းကိုသာ ချီးမွမ်းနေကြပြီး မည်သို့အန္တရယ်များကြုံခဲ့ရသည်ကိုတော့ သူတို့မသိကြ ဒါပေမဲ့ တစ်ချို့လူများကတော့
“ဒီလောက်ကောင်းတဲ့ဝါး ကျတ်တောထဲက ဝ့ါးတွေပဲဖြစ်ရမယ်ကွ”
သူတို့အချင်းချင်းထိုသို့ပြောပြီး လှည်းပေါ်မှလိုက်ပါလာသည့် ကိုမြင့်ဆောင်တို့ကို့ ပြုံးကြည့်နေကြသည်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့တောင် မခုတ်ရဲသော ကျတ်တောထဲမှဝါးများကို ခုတ်လာ၍သူတို့ကိုတော့ ထူးထူးဆန်းဆန်းဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
ဒီလိုနဲ့ သူတိုဝါးလှည်းနှစ်စီးရွာပြန်ရောက်တော့လည်း သူတို့အရင်ဝါးတောတက်ထားသည့်လူများက
“မင်းတို့ကောင်တွေ ဘယ်ဝါးတောများသွားခုတ်တာတုန်းကွ နောက်တခါသွားရင် ငါတို့ကိုခေါ်ပါဦး”
သူတို့လည်း ဝါးကောင်းကောင်းလိုချင်၍ ထိုသို့မေးလိုက်ချင်းဖြစ်ပြီး
ကိုပြူးက
“အေးမင်းတို့ ဝါးကောင်းကောင်းလိုချင်ရင်တော့ ကျတ်ပိုင်တဲ့ဝါးတောကို သွားခုတ်ချေကွာ အဲ့ဒီမှာဒီလိုမျိုးဝါးတွေတအားပဲ”
“ဟုတ်လားကွ ကျတ်ပိုင်တဲ့ဝါးတောဆိုတာ ဘာတုန်းကွ”
“ကျတ်ပိုင်တဲ့ဝါးတောဆိုမှတော့ ကျတ်တွေပိုင်တဲ့ဝါးတောပေါ့ကွ သိချင်ရင်သွားကြည့်ကြ အဲ့ဒီဝါးတောထဲမှာ ကျတ်တစ္ဆေေတွတအားပဲ”
ကိုပြူး ထို့သို့ပြောလိုက်တော့ သူတို့လည်း
“တော်ပါပြီကွာ ဝါးကောင်းကောင်းမရရင်နေပါစေ မင်းတို့လိုေတာ့ကျတ်တစ္ဆေတွေခြောက်တာကို မခံရဲဘူးကွ”
ထိုသူများလည်း ထိုသို့ပြောပြီး ဝါးခုတ်လိုက်မည့် အကြောင်းကို မပြောရဲကြတောေပ ကိုမြင့်ဆောင် ကိုပြူးတို့နှစ်ယောက်ကတော့ ဤနှစ်အတွက် အိမ်သုံးဝါးကောင်းကောင်းရလိုက်၍ ကျေနပ်နေကြပြီး နောက်နှစ်လည်း ထိုဝါးတောသို့ပင်ဝါးသွားခုတ်ရန် တေးထားလိုက်ကြတော့သည်။
စာစဉ်(၃၂) ကို မကြာမီ တင်ဆက်ပါမည်။
အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်
စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။