ကျိန်စာမိသူများ(စ/ဆုံး)

Unicode Version

ကျိန်စာမိသူများ(စ/ဆုံး)
——————————
စာရေးသူရှမ်းပြည်မှာနေတုန်းကခြံစောင့်လင်မယားပြောပြသောဖြစ်ရပ်မှန်ကလေးပါနေရာအတိအကျတော့ထည့်မထားပါဘူးသူတို့အရင်နေခဲ့တဲ့ရွာကလေးကိုသိက္ခါမကျစေချင်ပေ
တကယ့်ဖြစ်ရပ်မှန်တွေကစိတ်ဝင်စားစရာအလွန်ကောင်းသလိုအကြောင်းအရာတွေကစုံလွန်းတာကြောင့်လက်လှမ်းမှီသ၍တင်ပေးလိုက်ပါသည်
စာကအမြဲတမ်းရေးဖို့မသေချာတာကြောင့်ရေးနိုင်တုန်းရေးပေးထားပါတယ်မနက်ဖန်ဆိုတာလူသားတိုင်းအတွက်မသေချာဘူးမဟုတ်လား
///////-////////
ရှမ်းပြည်နယ်တောင်ပိုင်းနယ်စပ်ကရွာလေးတစ်ရွာတွင်အမှန်တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကလေးပါ
သာယာလှပသည့်တောင်ပေါ်ရွာကလေးတွင်ရှမ်းလူမျိုးတောင်ပေါ်သားများသာမကအခြားလူမျိုးအနည်ငယ်လည်းနေထိုင်ကြ၏
ထိုဒေသကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သောကြောင့်တရားစီရင်ရာတွင်အလွန်ပြတ်သားရက်စက်သောဒေသဖြစ်သည်။
ထိုရွာကလေးထဲမှာနေသောစိုင်းမှန်ဆိုသောဘိန်းစားတစ်ယောက်ရှိကာလက်ကျောမတင်းသောအိမ်ထောင်သည်တစ်ယောက်ဖြစ်၏
စာဝတ်နေရေးအတွက်မိန်းမဖြစ်သူကယာလုပ်ငန်းတွေဦးစီးလုပ်ကိုင်ရကာသူကတော့ဘိန်းကလေးယောင်ယောင်ဆေးခြောက်ကလေးယောင်ယောင်နှင့်ယောင်ခြောက်ဆယ်လုပ်နေ၏
သူတို့ဒေသတွင်တောင်ယာလုပ်ငန်းနှင့်မီးသွေးဖုတ်သည့်လုပ်ငန်းကိုအများဆုံးလုပ်ကိုင်ကြပေသည်။
စိုင်းမှန်ကအိမ်မှာအနေများသူဆိုတော့သူ့အိမ်မျက်စောင်းထိုးကနန်းလှဆိုသောအမျိုးသမီးနှင့်ဘာလိုလိုဖြစ်နေကြ၏
နန်းလှယောကျ်ားကစီးပွားရှာကောင်းသူဖြစ်ကာဒိုင်နာကားစုတ်တစ်စီးထောင်ကာရသမျှကုန်တွေတင်ပြီးကားအဌားလိုက်မောင်းစားသူဆိုတော့ခရီးထွက်တာများ၍အိမ်မှာမရှိတာများတာကြောင့်သူတို့နှစ်ယောက်အဆင်ပြေနေ၏
ဒါကိုပတ်ဝန်းကျင်ကပြောမှသူတို့အိမ်ထောင်ဘက်များကသိကြ၍စိတ်ကြီးသောစိုင်းမှန်မိန်းမကသူတို့ဒေသကအုပ်ချုပ်သူများကိုတိုင်လိုက်၏
ထိုအခါစိုင်းမှန်နှင့်နန်းလှကိုခေါ်ကာလူအများရှေ့မှာဟုတ်မဟုတ်မေး၏
စိတ်ဝင်စားသူများကလည်းမနည်းပေဘာတွေဖြစ်ကြမလည်းလို့သူများအကြောင်းသိချင်ကြတာကလူ့သဘာဝပင်
သက်သေများရှိပေမဲ့လက်ဆုတ်လက်ကိုင်မပြနိုင်သည့်အတွက်ကာယကံရှင်နှစ်ဦးလုံးကအတွင်တွင်ငြင်းနေတာကြောင့်
အုပ်ချုပ်သူများကသူတို့ရွာထိပ်ကဘုန်းကြီးကျောင်းသို့ခေါ်သွားကာရှေးဟောင်းဘုရားရှေ့တွင်သစ္စာရေသောက်ကာသစ္စာဆိုခိုင်း၏
ထိုအခါနှစ်ယောက်စလုံးကလောလောဆယ်အရှက်ကွဲ၍အပစ်ပေးမခံရအောင်မိုက်ရူးရဲစွာကျိန်ဆိုကြ၏
ပထမဆုံးစိုင်းမှန်ကသစ္စာရေသောက်ကာကျိန်လိုက်သည်
“ကျွန်နုပ်ဖောက်ပြန်တာမှန်ခဲ့ရင်အရှင်လတ်လတ်မီးလောင်သေပြီးအကယ်၍သားသမီးရလာပါကကိုယ်အဂ်ါချွတ်ယွင်းပါစေဗျာ”
အားလုံးကစိုင်းမှန်ကျိန်စာကြား၍လန့်သွားတုန်းရှိသေးနန်းလှကအားကျမခံကျိန်ဆိုလိုက်ပြန်သည်။
“အကယ်၍ကျွန်မဖောက်လွဲဖောက်ပြန်လုပ်ခဲ့ပါကမွေးလာတဲ့ကလေးလူစဉ်မမှီပါစေနဲ့ရှင်””
သူတို့နှစ်ဦးကျိန်စာကြားတော့ရွာသူရွာသားများတအံ့တသြဖြစ်ကုန်ကြသလိုဘုန်းကြီးကတော့ခေါင်းတရမ်းရမ်းဖြစ်ကာစိတ်မသက်သာဟန်ဖြစ်နေ၏
သူတို့အိမ်ထောင်ဖက်များလည်းကြောက်စရာကျိန်စာကြောင့်မပြောသာတော့ပဲဟုတ်မှာပါလေဆိုပြီးလက်ခံလိုက်ကြပေသည်
သို့ပေမဲ့ကျိန်စာ၏ဆိုးကျိုးသည်သူတို့နစ်ယောက်ကိုမကြာခင်အကျိုးပေးလာပေသည်မကောင်းမှု့သည်ဆိတ်ကွယ်ရာမရှိပါ
နေ့ကိုလစားလကိုနှစ်စားလာပြီးအချိန်ကာလတစ်ခုရောက်လာသည့်အခါလူတွေစိတ်ဝင်းစားစရာအကောင်းဆုံးအကြောင်းပေါ်လာပေသည်။
သူတို့နှစ်ဦးတွင်ရှေ့ဆင့်နောက်ဆင့်ကလေးမွေးလာရာစိုင်းမှန်သားကလေးကနားရွတ်နှစ်ဖက်တိုနေကာနှုတ်ခမ်းကွဲ၍မွေးလာသလို
နန်းလှသမီးကတော့လက်နှစ်ဖက်မပါလာပေထိုအခါရွာထဲအုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
အဖြေကရှင်းနေပေပြီသူတို့ဖောက်ပြန်နေတာအားလုံးသိသွားကြ၏
ထိုသတင်းကတောမီးလောင်သလိုအရှိန်အဟုန်ပြင်းစွာအလျှင်အမြန်ကူးကစက်၍တမဟုတ်ချင်းကျယ်ပြန်သွားသည့်အတွက်သူတို့နှစ်ယောက်ခေါင်းမဖော်ဝံ့ကြတော့ပေ
ဒီမှာတင်စိုင်းမှန်ကဖြစ်လာမှတော့မထူးတော့ဟုဆုံးဖြတ်ကာနန်းလှကိုခေါ်ပြီးတစ်ခြားဒေသထွက်ပြေးရန်အကြံပေါ်လာ၏
ခက်တာကသူ့တို့လက်ထဲပိုက်စံမရှိနောက်ဆုံးအမိုက်မှောင်ဖုံးကာမကြံစည်အပ်တာကိုကြံလိုက်၏
ရွာဦးကျောင်းကရှေးဟောင်းဘုရားကိုခိုးကာနယ်စပ်တွင်ရောင်းစားရန်အတွက်သူ့လိုပဲဘိန်းစားတစ်ဦးနှင့်တိုင်ပင်ကာ
ဘုန်းကြီးကျောင်းထဲဝင်ခိုး၏သို့ပေမဲ့ကံဆိုးထီးသွားရာမုန်တိုင်းကြီးလိုက်လာသလိုပင်ကုသိုလ်ကံမကောင်းချင်တော့
ခိုးထုတ်ခိုးထည်နှင့်မိသွားရာသူတို့ဒေသအုပ်ချုပ်သူများကနောက်လူတွေမလုပ်ရဲအောင်စံပြအနေနဲ့သူတို့နှစ်ယောက်အားမီးသွေးဖုတ်သည့်ကျင်းထဲထည့်ကာအရှင်လတ်လတ်သတ်ပစ်လိုက်ကြပေသည်။
စိုင်းမှန်ကသူကျိန်သလိုတသွေမတိမ်းသေသွားရခြင်းဖြစ်တာကိုသိသွားသလားမသွားသလားမပြောတတ်ပေမဲ့မချိမဆန့်သေသွား၏
နန်းလှကိုတော့ရွာပြင်ထွက်နေစေ၏ရွာသူရွာသားများကတော့မကျိန်သင့်သောကျိန်စာကိုကျိန်မိသည့်အတွက်ကျိန်စာမိသည်ဟုပြောစမှတ်တွင်သွား၏
ကျိန်စာ၏အကျိုးပေးပုံကိုလည်းထိုရွာကလူတွေအသေကြောက်သွားကြ၏
တိမ်လွှာမိုး

Zawgyi Version

က်ိန္စာမိသူမ်ား(စ/ဆံုး)
——————————
စာေရးသူရွမ္းျပည္မွာေနတုန္းကၿခံေစာင့္လင္မယားေျပာျပေသာျဖစ္ရပ္မွန္ကေလးပါေနရာအတိအက်ေတာ့ထည့္မထားပါဘူးသူတို႔အရင္ေနခဲ့တဲ့႐ြာကေလးကိုသိကၡါမက်ေစခ်င္ေပ
တကယ့္ျဖစ္ရပ္မွန္ေတြကစိတ္ဝင္စားစရာအလြန္ေကာင္းသလိုအေၾကာင္းအရာေတြကစုံလြန္းတာေၾကာင့္လက္လွမ္းမွီသ၍တင္ေပးလိုက္ပါသည္
စာကအၿမဲတမ္းေရးဖို႔မေသခ်ာတာေၾကာင့္ေရးႏိုင္တုန္းေရးေပးထားပါတယ္မနက္ဖန္ဆိုတာလူသားတိုင္းအတြက္မေသခ်ာဘူးမဟုတ္လား
///////-////////
ရွမ္းျပည္နယ္ေတာင္ပိုင္းနယ္စပ္က႐ြာေလးတစ္႐ြာတြင္အမွန္တကယ္ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ကေလးပါ
သာယာလွပသည့္ေတာင္ေပၚ႐ြာကေလးတြင္ရွမ္းလူမ်ိဳးေတာင္ေပၚသားမ်ားသာမကအျခားလူမ်ိဳးအနည္ငယ္လည္းေနထိုင္ၾက၏
ထိုေဒသကကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္ေသာေၾကာင့္တရားစီရင္ရာတြင္အလြန္ျပတ္သားရက္စက္ေသာေဒသျဖစ္သည္။
ထို႐ြာကေလးထဲမွာေနေသာစိုင္းမွန္ဆိုေသာဘိန္းစားတစ္ေယာက္ရွိကာလက္ေက်ာမတင္းေသာအိမ္ေထာင္သည္တစ္ေယာက္ျဖစ္၏
စာဝတ္ေနေရးအတြက္မိန္းမျဖစ္သူကယာလုပ္ငန္းေတြဦးစီးလုပ္ကိုင္ရကာသူကေတာ့ဘိန္းကေလးေယာင္ေယာင္ေဆးေျခာက္ကေလးေယာင္ေယာင္ႏွင့္ေယာင္ေျခာက္ဆယ္လုပ္ေန၏
သူတို႔ေဒသတြင္ေတာင္ယာလုပ္ငန္းႏွင့္မီးေသြးဖုတ္သည့္လုပ္ငန္းကိုအမ်ားဆုံးလုပ္ကိုင္ၾကေပသည္။
စိုင္းမွန္ကအိမ္မွာအေနမ်ားသူဆိုေတာ့သူ႔အိမ္မ်က္ေစာင္းထိုးကနန္းလွဆိုေသာအမ်ိဳးသမီးႏွင့္ဘာလိုလိုျဖစ္ေနၾက၏
နန္းလွေယာက်္ားကစီးပြားရွာေကာင္းသူျဖစ္ကာဒိုင္နာကားစုတ္တစ္စီးေထာင္ကာရသမွ်ကုန္ေတြတင္ၿပီးကားအဌားလိုက္ေမာင္းစားသူဆိုေတာ့ခရီးထြက္တာမ်ား၍အိမ္မွာမရွိတာမ်ားတာေၾကာင့္သူတို႔ႏွစ္ေယာက္အဆင္ေျပေန၏
ဒါကိုပတ္ဝန္းက်င္ကေျပာမွသူတို႔အိမ္ေထာင္ဘက္မ်ားကသိၾက၍စိတ္ႀကီးေသာစိုင္းမွန္မိန္းမကသူတို႔ေဒသကအုပ္ခ်ဳပ္သူမ်ားကိုတိုင္လိုက္၏
ထိုအခါစိုင္းမွန္ႏွင့္နန္းလွကိုေခၚကာလူအမ်ားေရွ႕မွာဟုတ္မဟုတ္ေမး၏
စိတ္ဝင္စားသူမ်ားကလည္းမနည္းေပဘာေတြျဖစ္ၾကမလည္းလို႔သူမ်ားအေၾကာင္းသိခ်င္ၾကတာကလူ႔သဘာဝပင္
သက္ေသမ်ားရွိေပမဲ့လက္ဆုတ္လက္ကိုင္မျပႏိုင္သည့္အတြက္ကာယကံရွင္ႏွစ္ဦးလုံးကအတြင္တြင္ျငင္းေနတာေၾကာင့္
အုပ္ခ်ဳပ္သူမ်ားကသူတို႔႐ြာထိပ္ကဘုန္းႀကီးေက်ာင္းသို႔ေခၚသြားကာေရွးေဟာင္းဘုရားေရွ႕တြင္သစၥာေရေသာက္ကာသစၥာဆိုခိုင္း၏
ထိုအခါႏွစ္ေယာက္စလုံးကေလာေလာဆယ္အရွက္ကြဲ၍အပစ္ေပးမခံရေအာင္မိုက္႐ူးရဲစြာက်ိန္ဆိုၾက၏
ပထမဆုံးစိုင္းမွန္ကသစၥာေရေသာက္ကာက်ိန္လိုက္သည္
“ကြၽန္ႏုပ္ေဖာက္ျပန္တာမွန္ခဲ့ရင္အရွင္လတ္လတ္မီးေလာင္ေသၿပီးအကယ္၍သားသမီးရလာပါကကိုယ္အဂ္ါခြၽတ္ယြင္းပါေစဗ်ာ”
အားလုံးကစိုင္းမွန္က်ိန္စာၾကား၍လန္႔သြားတုန္းရွိေသးနန္းလွကအားက်မခံက်ိန္ဆိုလိုက္ျပန္သည္။
“အကယ္၍ကြၽန္မေဖာက္လြဲေဖာက္ျပန္လုပ္ခဲ့ပါကေမြးလာတဲ့ကေလးလူစဥ္မမွီပါေစနဲ႔ရွင္””
သူတို႔ႏွစ္ဦးက်ိန္စာၾကားေတာ့႐ြာသူ႐ြာသားမ်ားတအံ့တၾသျဖစ္ကုန္ၾကသလိုဘုန္းႀကီးကေတာ့ေခါင္းတရမ္းရမ္းျဖစ္ကာစိတ္မသက္သာဟန္ျဖစ္ေန၏
သူတို႔အိမ္ေထာင္ဖက္မ်ားလည္းေၾကာက္စရာက်ိန္စာေၾကာင့္မေျပာသာေတာ့ပဲဟုတ္မွာပါေလဆိုၿပီးလက္ခံလိုက္ၾကေပသည္
သို႔ေပမဲ့က်ိန္စာ၏ဆိုးက်ိဳးသည္သူတို႔နစ္ေယာက္ကိုမၾကာခင္အက်ိဳးေပးလာေပသည္မေကာင္းမႈ႕သည္ဆိတ္ကြယ္ရာမရွိပါ
ေန႔ကိုလစားလကိုႏွစ္စားလာၿပီးအခ်ိန္ကာလတစ္ခုေရာက္လာသည့္အခါလူေတြစိတ္ဝင္းစားစရာအေကာင္းဆုံးအေၾကာင္းေပၚလာေပသည္။
သူတို႔ႏွစ္ဦးတြင္ေရွ႕ဆင့္ေနာက္ဆင့္ကေလးေမြးလာရာစိုင္းမွန္သားကေလးကနား႐ြတ္ႏွစ္ဖက္တိုေနကာႏႈတ္ခမ္းကြဲ၍ေမြးလာသလို
နန္းလွသမီးကေတာ့လက္ႏွစ္ဖက္မပါလာေပထိုအခါ႐ြာထဲအုတ္ေအာ္ေသာင္းတင္းျဖစ္သြားေလသည္။
အေျဖကရွင္းေနေပၿပီသူတို႔ေဖာက္ျပန္ေနတာအားလုံးသိသြားၾက၏
ထိုသတင္းကေတာမီးေလာင္သလိုအရွိန္အဟုန္ျပင္းစြာအလွ်င္အျမန္ကူးကစက္၍တမဟုတ္ခ်င္းက်ယ္ျပန္သြားသည့္အတြက္သူတို႔ႏွစ္ေယာက္ေခါင္းမေဖာ္ဝံ့ၾကေတာ့ေပ
ဒီမွာတင္စိုင္းမွန္ကျဖစ္လာမွေတာ့မထူးေတာ့ဟုဆုံးျဖတ္ကာနန္းလွကိုေခၚၿပီးတစ္ျခားေဒသထြက္ေျပးရန္အႀကံေပၚလာ၏
ခက္တာကသူ႔တို႔လက္ထဲပိုက္စံမရွိေနာက္ဆုံးအမိုက္ေမွာင္ဖုံးကာမႀကံစည္အပ္တာကိုႀကံလိုက္၏
႐ြာဦးေက်ာင္းကေရွးေဟာင္းဘုရားကိုခိုးကာနယ္စပ္တြင္ေရာင္းစားရန္အတြက္သူ႔လိုပဲဘိန္းစားတစ္ဦးႏွင့္တိုင္ပင္ကာ
ဘုန္းႀကီးေက်ာင္းထဲဝင္ခိုး၏သို႔ေပမဲ့ကံဆိုးထီးသြားရာမုန္တိုင္းႀကီးလိုက္လာသလိုပင္ကုသိုလ္ကံမေကာင္းခ်င္ေတာ့
ခိုးထုတ္ခိုးထည္ႏွင့္မိသြားရာသူတို႔ေဒသအုပ္ခ်ဳပ္သူမ်ားကေနာက္လူေတြမလုပ္ရဲေအာင္စံျပအေနနဲ႔သူတို႔ႏွစ္ေယာက္အားမီးေသြးဖုတ္သည့္က်င္းထဲထည့္ကာအရွင္လတ္လတ္သတ္ပစ္လိုက္ၾကေပသည္။
စိုင္းမွန္ကသူက်ိန္သလိုတေသြမတိမ္းေသသြားရျခင္းျဖစ္တာကိုသိသြားသလားမသြားသလားမေျပာတတ္ေပမဲ့မခ်ိမဆန္႔ေသသြား၏
နန္းလွကိုေတာ့႐ြာျပင္ထြက္ေနေစ၏႐ြာသူ႐ြာသားမ်ားကေတာ့မက်ိန္သင့္ေသာက်ိန္စာကိုက်ိန္မိသည့္အတြက္က်ိန္စာမိသည္ဟုေျပာစမွတ္တြင္သြား၏
က်ိန္စာ၏အက်ိဳးေပးပုံကိုလည္းထို႐ြာကလူေတြအေသေၾကာက္သြားၾက၏
တိမ္လႊာမိုး