ကျိန်စာမျက်လုံး(စ/ဆုံး)
——————–
တစ်နေ့လုံး သူရနဲ့ သီဟ. တောထဲ တွင် ဆေးပင်ရှာလာခဲ့ရာ ခုထိ သူတို့လိုအပ်သော ဆေးပင်ကို မတွေ့သေး နစ်ယောက်စလုံးလည်း ချွေးတွေ ကိုယ်စီဖြင့် ပင်ပန်းနေကြသည်။ သူတို့အတွက် ဤဆေးပင်သည် မည်မျှ အရေးကြီးသနည်း ။အကြောင်းကား သူတို့ ကို ရွာရှိ ရွာသူရွာသားအားလုံးက. အသက်တခင်တမျှ လေးစားကြသော ဆေးဆရာကြီးဦးကန်ဆိုင်မု ရှာဖွေခိုင်းလိုက်သောကြောင့်ပင်။
ဆရာကြီးမု ရှာခိုင်းသော ဆေးပင်ကား လွယ်လွယ်နက်မရသဖြင့် တောကျွမ်းကျင်သော သီဟနဲ့ သူရကို ရှာခိုင်းစေသဖြင့် ယခုကဲ့သို့ တောထဲရောက်နေခြင်းပင် ။
ဟေ့ကောင် သူရ. ဆရာကြီးပြောတဲ့ ဆေးပင်ကရှိကော ရှိရဲ့လားဟ. တစ်နေကုန်ရှာတာတောင် မတွေ့ဘူးဆိုတော့
အေးကွာ သီဟ. ငါလည်းစဥ်းစားနေတာ ငါတို့ရှာတာလည်း ကြာလှပေါ့ ခုထိမတွေ့ဘူးဆိုတော့ စဥ်းစားရတာတောင် ခေါင်းခဲလာပီ
သူရ ငါတစ်ခုတော့စဥ်းစားမိတယ် ဂန်ဝါသ တောထဲ မှာ သွားရှာရင် ကောင်းမလား
သူရ. ရုတ်တရက်ဆိုသလို ကြောက်လန့်သွားသည်။
မကြောက်နိုင်ရိုးပါလား ဂန်ဝါသတောသည် စိမ်းစိုအို့မှိုင်းပြီး သားကောင်များစွာပျော် စံရာတောဖြစ်ပြီး လှပသည့်တောဖြစ်သော်လည်း လွန်ခဲ့သည့် 5နှစ်က အဖြစ်အပျက်ကြောင့် ထင်းရှာသူပင်မရှိအောင် ဖြစ်ခဲ့ ရသည့်တောဖြစ်သည်။ ရတနာသိုက်စာ ရသည်ဆိုသည် ဆရာတစ်စု နက် ဂန်ဝါသတောထဲ သို့ တောပြအနေဖြင့်လိုက်ပါ သွားသော သူရတို့ရွာသား ၅ယောက် မာ တစ်ယောက်သာ ပြန်ရောက်လာပြီး ကြောင့်ပင်။ ရောက်သည့်ရွာသားမာလည်း သက်ဆိုးမရှည်လှ ။ ရွာရောက်ပြီးနောက်တစ်နေ့မာပင် ကွယ်လွန်သွားသောကြောင့်ဖြစ်သည်။သေခါနီးတွင်လည်း ဂန်ဝါသတောမု နတ်ဆိုးများ လာသတ်နေပီဟု စိတ်ဖောက်ပြန်သလို အမူရာဖြင့် အော်ကြွေးဟစ်ကာ သေသွားသောကြောင့်ပင်။
ထိုကတည်းက နတ်ဆိုး များနေထိုင်သည်ဟု မှတ်ယူကာ ဂန်ဝါသတော သို့ လာရဲသွားရဲပင် မရှိလောက်အောင်ပင်ဖြစ်ခဲ့ရသည်
ထို့ကြောင့် သူရကတုန်လှုပ်ကြောက်ခြားခြင်းဖြစ်သည်
တခြားအကြံလေးတေမရှိဘူးလားဟ. သီဟရ. မင်းမို့လို့ အဲ့တောကို သွားဖို့ပြောတာ
သီဟလည်း မခန့်သော ဟန်ဖြင့် ဟေ့ကောင် ဘာလဲ ဆရာကြီး ရှာခိုင်းတာ မရှာချင်တာလား မဟုတ်လဲ ကြောက်နေတာမလား မင်းယောကျာ်းမဟုတ်လား ကွာ ဆိုရာ
သူရလည်း ကြောက်သော်ညားလည်း သီဟစနောက်ခြင်းကို ဒေါသထွက်လာကာ
ငါလည်း ယောကျာ်းပဲ ကြောက်စရာလား ဆရာကြီးရှာခိုင်းတဲ့ ဆေးပင်ကို ရအောင်ရှာချင်တာပေါ့ ခုတော့ မိုးချုပ်ခါ နီးနေပီ မို့ ပြောတာပါ ဟ သီဟရာ
သီဟလည်း မိမိအကွက်တွင် သူရဝင်နေပီကို ရိပ်မိသဖြင့် ဒါဆို မင်းမကြောက်လည်း ယောကျာ်းစစ်တယ်ဆိုရင် မိုးချူပ်ခါနီးနေပီ ဘာတေညာတေ လုပ်မနေနက် ဂန်ဝါသတောကို ခုချက်ချင်း သွားရှာမလား ။
စိန်လိုက်လေ ခုချက်ချင်းအဲ့တောကိုသွားရအောင် သီဟ
သီဟကလည်း
အေး ဒါမုပေါ့ ကဲသွားရအောင်
နာရီဝက်ခန့်အကြာ နှစ်ယောက်သား ဂန်ဝါသတောထဲသို့ ရောက်လာခဲ့သည် ။
တောထဲရောက်တော့ သူတို့နှစ်ယောက်ကပင် တောကြီးကလည်း စိမ်းလန်း အေးချမ်းနေတာပဲ အရင်ကလို အဖြစ်အပျက်တေ နတ်ဆိုးတေမရှိလူးလို့ သာ ကြားရရင်ကောင်းမာပဲဟုပင် နှစ်ယောက်စလုးံ တွေးမိလိုက်ကြသည်။
ဆေးပင်ကို ဆက်ရှာ ကြရာ ညပင်ရောက်လာခဲ့သည် ။ သီဟ. ညတော့ရောက်လာပီ သတိလေးထားဥိီး တော်ကြာနေ ဟင်းကောင်နက်တွေ့နေမု ဆေးပင်မရဘဲ ဘဝကူးနေမယ် သူရက သတိပေးလိုက်သည်။ သီဟလည်း ငါလည်း သတိထားနေပါတာ်ဟ. ဟု ပြန်ပြောလိုက်လေသည်။ ဟင်းကောင်မာ သူရတို့ အရပ်ဓလေ့ ဖြင့်ပြောပုံဖြစ်သည်။ ဟင်းကောင်သည် အမှန်အားဖြင့် ကျားဖြစ်သော်လည်း ကျားဟု မခေါ်ကြပေ။ သူတို့ဘိုးဘေးများမု ဤတောများတွင် ကျားကို ကျားဟုအမှန်တိုင်း မခေါ်သင့်ကြောင်း တောစောင့်နတ်မကြိုက်ချင် ကျားတိုက် တိုက်သတ်သည်ဟု အယူရှိသဖြင့် ဟင်းကောင်ဟု ခေါ် ကြခြင်းပင်။ သီဟနဲ့ သူရကလည်း ဆေးပင်ကို ဆက်ရှာရန် တာမစူသေးပေ။ညက လပြည့်ညပင်ဖြစ်သော်လည်းတစ်နေကုန် ရှာလာပီ ဖြစ်ရာ နှစ်ယောက်လုံး ပင်ပန်းနေပီ ဖြစ်သည်။
သူရရေ မီးခြစ်လေး ထုတ် ပါဟ. ဒီည. မီးဖိုပြီး အိပ်မု ဖြစ်မာ မီးဖိုမု တောကောင် တို့နားမကပ်နိုင်မာ
သူရ မိမိ အိတ်ထဲသို့ အတန်ကြာရှာမိနေလေသည်
သို့ရာတွင် မီးခြစ်က မတွေ့ သောအခါ စဥ်းစားမရဖြစ်သွားလေသည် နောက်မှ တောထဲသို့ လာခါနီးတွင် ရွာဦးကျောင်းဆွမ်းပို့ ပြန်လာသော နန်းခင်ဦးကို မတွေ့မည်စိုး သဖြင့် ကဗျာကယာ ထွက်လာသဖြင့် မပါခဲ့ခြင်းပင်။
တောင်းပန်ပါတယ် ကွာ သီဟ. ငါဒီနေ့ နန်းခင်ဦး ကို မတွေ့ရမာစိုးလို့ ကဗျာကယာထွက်လာတာ မီးခြစ်က. မပါခဲ့ဘူးကော
ဟာကွာ မင်းက ပြသနာ တစ်မျိူး မီးခြစ်မပါဘူးဆိုတော့ မြင့်တဲ့အပင်ရှာပြီး တက်အိပ်ရတော့မာပေါ့ကွာ
သီဟမှာ သူရမီးခြစ်မပါသည်ကို အပြစ်တင်ရခက် မတင်ရခက် ဖြစ်ကာ အောင့်သက်သက် ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် သူလည်း မေ့ချင်စရာပင် သူရပြောသော နန်းခင်ဥိီး မာ ရွာရှိ အလှပဆုးံ ကွမ်းတောင်ကိုင် တစ်ယောက်ဖြစ်ကာ အနေထိုင်ကလည်း သိမ်မွေ့လှသည်။တော်ရုံအပြင်ကိုထွက်လေ့မရှိ မျက်ခုံး မျက်လုံး များက သမင်မျက်စိကဲ့သို့ လှပနေကာ အပြစ်မရှိလောက်အောင်ပင် လှနေသည်။�ကိုယ်လုံးကိုယ်ပေါက်ကလည်း ကျစ်လစ်နေကာ ရွှေရင်အစုံမာ ဖွင့်ထွားကာ ခါးမှာလည်း ရွှေရင်ခါးသေး ဆင်မယဥ်သာ ကြည့်ရှူစွဲမက်စရာ ပင်။ တကယ်နတ်သမီးလိုလှတာ မရှိပါဘူးပြောသော အပြောကြီး သည့် မြို့သားများပင် နန်းခင်ဦးကို မြင်မိပါက. စွဲမက်ကာ မြို့ ပင် မပြန်ချင်အောင် တမ်းတကာရူးသလိုြ ဖစ်ကုန်သဖြင့် သူငယ်ချင်း မီးခြစ်မပါသည်ကို မပြောရက်တော့ ပေ။ သီဟလည်း အပြစ်ဆိုမသာတော့ သူရ. သစ်ပင် မြင့်မြင့်နက် ကိုင်းများတာလေး ရှာကွာ ဒါမု ငါတို့ လုံခြုံမာကွ အိပ်တာလည်း သပ်သာမှာပြောလိုက်ရာ
သူရ မှာလည်းမိမိအပြစ်ရှိသဖြင့် ရှာလေတော့သည်။ရှာရင်း ဂါဝန်သတော လယ်ပိုင်း၌ ကြီးမားပြီး ကိုင်းခက်များပြားသော သရက်ပင်ကြီးတစ်ပင်ကိုတွေ့ရလိုက်လေသည်။
ဟေ့ကောင် သီဟ ဒီအပင်တော့ မဆိုးပါဘူး ကောင်းတယ်ဟ
အေးဟုတ်တယ် သူရ ငါတို့ အ့ဲအပင်မာ တစ်ညလောက် နားကြတာပေါ့ ကွာ ဟုပြောဆိုကာ
အပင်ပေါ်တက် ကြလေသည် တက်ပြီး အကိုင်းကောင်းကောင်းနေရာ၌ နေကာ အသင့်ယူလာသော ဝါးကျည်တောက်မု ထမင်းခြောက်ကို ရေဖြင့် ဝမ်းစာဖြည့်လိုက်ကြလေသည်။ ထိုနောက် အိပ်စက်ရန် ပြင်ဆင်ကြလေသည်။ထိုအချိန်၌ သူရတွေးမိနေလေသည်
သူရနဲ့ သီဟ သည် ခုမု သိကြသည်မဟုတ်ငယ်ကတည်းကပင်ကလေးကတည်း ဆိုးဖော်ကောင်းဖက် ခင်မင်လာသူများဖြစ်သည်။ ဆော့လဲအတူစားလဲအတူဖြစ်သည် ငယ်ကတည်းက တော၌ကျင်လည်လာသဖြင့် ဆေးဆရာကြီးက သူတို့ကို ဆေးရှာစေခိုင်းခြင်းပင် ။ သီဟ ဘယ်မျက်စိတစ်ဖက်သည် သာမန်မျှ ကြည့်ပါက. မထူးခြားသော်လည်း ကျိန်စာတစ်ခုရှိနေကြောင်းသီဟ အဖေပြောပြထား၍သာ သိရသည်။ကျိန်စာမာလည်း သာမန်မျှ မဟုတ် အလွန်ကြီးမားသော စွမ်းအင်များ ပြည့်နက်နေသော ကျိန်စာဖြစ်သည်။ငယ်က သူတို့နစ်ယောက် ညတစ်ညရွာအနီး၌ဆော့ကစားသည်ကို တခြားကလေးတစ်သိုက်က လာအနိုင်ကျင့် လာရာ သူတို့နစ်ယောက်မှာ ကူသူမရှိခံကြရသည် ။အနိုင်ကျင့်ခံရသောအခါ သီဟ မျက်လုံးမှ အနီရောင် အဝါရောင်များ ပြောင်းလဲ၍ ကျားကဲသို့ အစွယ်များထွက်လာကာ ဘေးရှိ အနိုင်ကျင့်လာသော ကလေး တစ်ယောက်ကို ရိုက်မိရာ တစ်တောင်ခန့်မျှ လွင့်စင်သွားလေသည် နောက်ကလေးတစ်ယောက်ကိုလည်း လက်ဖြင့် ရိုက်လိုက်ရာ ကျားကုတ်သကဲ့သို့ အစင်းကြောင်း ထင်လာကာ ထိုကလေး လက်မှာ သွေးများ ဖြာထွက်လာကာ ထိုကလေး မေ့မြောသွားသေး၏။ထိုကတည်း မု သီဟ မိဘတို့သည် သူရမှ မဟုတ်လျှင် ကျန်သော သူများနက် ဆော့ကစားစေခြင်း မပြုခိုင်းပေ ။ဒေါသ ထွက်လျင် ကျိန်စာ အစွမ်းပြသဖြင့် မည်သူမျှသူကို မစနောက်ကြပေ။ သူရ. စဥ်းစားရင်း ဟသစ်ပင်ကိုင်းခက်ကြား၌ အိပ်နေသော သီဟကို ကြာ့်မိလေသည်။ ထိုကတည်းမု ခုထိ ကျိန်စာ အစွမ်းမပြသဖြင့် ပျောက်ကင်းနေပြီးဟုပင် ထင်မိလေသည်။ရုတ်တရက် ဘေးဘီဝဲယာကို ကြည့်မိရာ သူရ များစွာပျော်မိလေသည်
အဘယ်ကြောင့်ဆိုသော် သူတို့ရှာနေသော ဆေးပင်ကို လရောင်အောက်တွင် ထင်ရှားစွာမြင်နေရသောကြောင့်ပင်
ဆေးပင်မှာ ၂ပေခန့်သာမြင့်ပြီး တစ်နစ်တွင်တစ်ကြိမ်ပေါက်ပြီး တစ်လသာရှင်သန်သည်။ပန်းပွင့်မှာ တစ်ပင်လုးံတွင် ၂ပွင့်သာပွင့်လေ့ရှိသည် ထိုအပင် ဆေးဘက်တွင် အသုးံပြုပါက ၉၆ပါးသော ရောဂါ များကို ကုသပျောက်ကင်းစေနိုင်ကြောင်း ဆေးဆရာကြီး ပြောကြားထားသောကြောင့် ပင် ။
ထိုနောက် အိပ်ပျော်နေသော သီဟကို လှမ်းခေါ်မိတော့သည်။ ဟေ့ကောင် သီဟ. ထဟ ထ တော့
ဘာလဲကွာ ညကြီးကြောင်တောင် ဘာလို့ ခေါ် နေတာလဲဟ. သူရ. ရ.
နေဦး သီ ဟရ. ငါပြတ့ဲနေရာကို သေချာကြည့်လိုက်ဥိီးလေ
ထိုအခါမု သီဟ ကြည့်လိုက်ရာ
ဟာ ဒါ ဆေးဆရာပြောတ့ဲ အပင်ပဲ တွေ့နေရပီပဲ ဝမ်းသာလိုက်တာ ကျေးဇူးကွာ သူရ. မင်းကြောင့်မို့. ငါတွေ့တော့တယ်
မလိုပါဘူး ကွာ သီဟရာ အချင်းချင်းပဲ မင်းနေခဲ့အပင်မာ ငါဆင်းပြီး သွားယူလိုက်မယ် ပြောပြောဆိုဆိုနက် သူရတစ်ယောက် အပင်ပေါ် မှာ ဆင်းလာခဲ့ သည်။ ထိုဆေးပင်အနား ရောက်ခါနီးတွင်
ဝုန်း ဝုန်း ဝုန်း
ကြီးမားသော မီးလုးံကြီးတစ်လုးံ က ဆေးပင် အနားရောက်လာလေတော့သည်။
ဟင် သူရ. ဘာကြီးလဲဟ
ငါလဲ မသိဘူးလေ
ထိုအချိန်၌ မီးလုးံကြီးမု ရုတ်တရက်ကြီး မိန်းမပျိူ အဖြစ်သို့ပြောင်းလဲသွားကာ ရှင်တို့က. ဒီတောထဲ ဘာလာလုပ်တာလဲ
ဆေးပင်လိုချင်လို့ လာတာပါ အမိ
မိန်းမပျိူမှ ရှင်တို့ နှစ်ယောက်လုးံက ချောချောလေးတေပါလား နစ်ယောက် လုံးရဲ့ အသက်ဝိညဥ်နှုတ်ပြီး ကျမ သက်တန်းရှည်အောင် လုပ်ရမာပေါ့
အော် သီဟ. သူက ဒီတောမှာနေပြီး လူတေကို အသက်တေစုတ်ယူတ့ဲ စုန်းမကြီးဟ.ဟု ပြောရာ သီဟမှလည်း သူကြောင့် လူတေမလာတော့တာကို တော်တော်အကျင့်ယုတ်တ့ဲ စုန်းမပဲကို ပြန်ပြောလိုက်ရာ
စုန်းမမိန်းမပျိုမာ အလွန်ဒေါသထွက်လာကာ
ကဲ နှစ်ယောက်လုံးသေပေ တော့ ဟုပြောကာ စက်ဖြင့် ပစ်လေသည်။
ဝှီး ဝှီး
တော်သေးသည်။ သူရကော သီဟ ပါ အရှောင်မြန်အဖြငိ့သာတော်သေးသည်။ စက်မှာ ထိမိပါက အလွန်ပြင်းထန်ရာ သူတို့နားခဲ့သော အပင်ကိုထိမှန်လေရာ လောင်မီးကျကာ ပြာဖြစ်လေတော့သည်။
မင်းတို့နှစ်ယောက် လုံးကို အသေသတ်မယ်ကွာ စုံကာ စက်၈ပါးထုတ်ကာ ပစ်လေသည်။ သူရမှာ မိမိအိတ်ထဲမှာ ပါလာသော ဖျက်စက်ပြက် အင်းဖြင့် ပေါက်လိုက်ရာ စက်များပျက်ေလတော့သည်။ ထိုအချိန် ရုတ်တရက် စုန်းမမု သီဟကို စက်ကြိုးဖြင့် ပစ်လေသည်။ ဟေ့ကောင် သီဟရှောင် ဟု ပြောဆိုကာ သူရကိုယ်တိုင် ခုခံဂါထာပါအင်းဖြင့် သီဟရှေ့သို့ ပြေးကာ ကာလေသည်။သို့သော် စက်ကြိုးမှာ အလွန်မြင့်မားသော ပညာရပ်ဖြစ်လေရာ မတားဆီးနိုင်ပဲ သူရမှာ လွင့်စင်ကာ မေ့မြောလေတော့သည်။စုန်းမက. သနားပါတယ် သူပြီး တော့ ရှင် အလှည့်ပေါ့ ဆိုကာ စက်ပစ်ရန်ပြင်လေသည်။ ထိုအချိန်၌ သီဟက. အလွန်ဒေါသထွက်လာပြီး ငါ့သူငယ်ချင်းကို လုပ်တ့ဲကောင်(�ဘာလုပ်တာလည်း သိဘူး)သေဖို့ ပြင်ပေတေါ့ဟု အော်လေသည်။ ထိုနောက် ကြာနေပီဖြစ်သော သီဟဘယ်မျက်လုးံမှ ရုတ်တရက် အနက်ရောင် သာမန်မှ အနီရောင် အဝါရောင် အဖြစ်သို့ပြောင်းလဲကာ မျက်စိပါမက. တစ်ကိုယ်လုံးပါ ပြောင်းလဲလေတော့သည်။စုန်းမပင် ပြောင်းလဲသွားသော သီဟကို အံ့သြနေလေသည်။ မျက်စိမု စကာ သီဟ တစ်ကိုယ်လုးံပြောင်းလဲလေတော့သည်။ ဒေါသထွက်လေ ကျိန်စာအစွမ်းပြလေဖြစ်သဖြင့် တစ်ကိုယ်လုံး ကြီးမားလာကာ ခြေလက်များလည်း ကျားက့ဲသို့ ချွန်ထက်လာလေသည် သွားများလည်း ကျားကဲ့သို့ ရှည်ကာချွန်ထွက်လာလေသည်။ ကျောမုလည်း နဂါးအတောင်ပေါက်လာကာ မြွေမြီး ရှည်ထွက်လာပြီး သီဟ ပုံစံပင်မရှိတော့ချေ။
ဝေါင်း ဝေါင်း
စုန်းမ ငါမင်းကို သတ်မယ် ဆိုကာ စုန်းမထံသို့ ပြေးသွားလေတော့သည်။ စုန်းမကလည်း ငါရှင်သန်လာတာအသက်လေးရာပြည့်တော့မယ် ခုမု ကျိန်စာ သင့် လူသားကိုမြင်ရတော့တယ် ကဲ ကျိန်စာသင့်ကောင်လည်း သေပေတေါ့ဆိုကာ စက်ဖြင့်ပစ်လေသည်။ ကျိန်စာများပြည့်နေသော သီဟမှ စက်ကို မရှောင် လက်ဖြင့် ပုတ်လိုက်ရာ စက်ပျက်လေတော့သည်။ စုန်းမလည်း ထိတ်လန့် ကာ အစွမ်းကုန် စက်ကြိုးများဖြင့် ပစ်လေသည်။ သိီဟမု အလွန်လျင်မြန်စွာဖြင့်
ကျိန်စာ သေမင်းမျက်လုးံ ဟု အသံနက်ကြီးဖြင့် အော်ကာ စက်ကိုကြည့်လေရာ တစစီ ပျက်လေတော့သည်။ စုန်းမလည်း မိမိမနိုင်မုန်းသိသဖြင့် စက်ကြိုးဆင်ကာ ကောင်းကင်သို့ တက်ကာပြေးလေသည်။သို့သော် နောက်ကျလေပြီ။ နဂါးအတောင်ဖြင့် မြန်စွာပျံကာ စုန်းမကို ဖမ်းဆီးလိုက်ပြီး ကျားလက်သည်းများဖြင့် စုန်းမလက်များကို ငါ့သူငယ်ချင်းကို ထိခိုက်အောင် လုပ်တ့ဲ လက် ကဲကွာ ဆိုပြီး ရိုက်ချိူးလေသည်။ စုန်းမ မှာ လွန်စွာနာကျင်လေသည်။
အား အား အား
အမလေး နာလိုက်တာရှင့်
ခုမု နာတယ်ဟုတ်လား ဆိုကာ စုန်းမကို မြေသို့ ပစ်လွင့်လိုက်လေသည်။ ထိုနောက် ကျိန်စာသေမင်းငင်သံ အစွမ်းကို သုးံ ကာစုန်းမ ကို ငရဲသို့ ပို့လိုက်လေသည်။ စုန်းမမာ ငရဲ သို့ရောက်ရျိလေသည်။ထိုနောက်မု မနက်ခင်းရောက်ခါနီးသဖြင့် ကျိန်စာမာ အစွမ်း ပြေပျောက်လေတော့သည်။ထိုအခါမု သီဟအသိစိတ်ဝင်လာကာေမ့နေေသရေကို. သူရ. သူရ. သူရ ထပါကွာပြောရာ
သူရမှာ သတိပြန်လည်လာတော့သည်။ သူရမု ဟိုစုန်းမကော ပြောရာ သီဟမု မသိဘူး ငါလည်း သတိရလို့ကြည့်တော့ မရှိတော့ဘူး ဒါပေ့မယ် ဘယ်မျက်လုံးက. အောင့်နေတယ် ကျိန်စာ က. အသက်ဝင်လာသေးတယ်ထင်တယ် ပြောရာ သူရမု ဟုတ်မာ ပေါ့ မျက်စိအောင့် နေတယ်ဆိုတော့ ကဲ လောဆယ် ငါတို့လည်း ဆေးပင်ခူးပြီး ရွာြပန်ရအောင်
အေးအေး ဟုတ်တယ် သူရ. ငါတို့ကို မျှော်နေလောက်ပီ ဆရာကြီးက.
အပြန်လမ်းတွင် သူတို့နှစ်ယောက် လက်ထဲတွင် ဆေးပင်ကို ကိုင်ကာ ရွှင်လန်းသော မျက်နှာဖြင့်။
ပြီးပါပြီ