ကျွန်တော်နဲ့သရဲမှော်

ကျွန်တော်နဲ့သရဲမှော် (စ/ဆုံး)

—————————

ကျုပ်ဆီကို ပန်းညိုရွာက ကိုနေမင်းထွန်းရောက်လာတယ်ဗျ ကျုပ်ကိုလာရှာတာတဲ့
ကျုပ်ကအိမ်မှာမရှိဘူးဗျို့ လယ်ထဲရောက်နေတာ အဘက လူကြုံပါးလိုက်လို့
ကပြာကယာ ထွန်ဖြုတ်ပြီး အိမ်ကိုပြန်ခဲ့
တယ် အိမ်ရောက်တော့ ကိုနေမင်းထွန်းက
အဘနဲ့စကားထိုင်ပြောနေတယ်ဗျ ကျုပ်လဲ
ရောက်နေတာကြာပြီလားလို့ မေးလိုက်တော့
ကိုနေမင်းထွန်းက မကြာသေးဘူးအကိုရဲ့
ကျုပ်လဲ ကိစ္စရှိလို့လား ငါ့ညီရ မေးလိုက်တော့ ကိုနေမင်းထွန်းက ကိစ္စက ရှ်ိလိုက်တာမှ ကိစ္စကြီးအကိုရ ကျုပ်လဲ ဆိုစမ်းပါဦးကွ
စကားလမ်းကြောင်းခင်းပေးလိုက်တော့
ကိုနေမင်းထွန်းက ဒီလိုအကို‌ရဲ့ ကျွန်တော်တို့
ရွာအနောက်ကထိပ်ပင်သချိုင်းမှာ ‌အသက်
က၅၀ဆယ်ကျော်လောက်တော့ရှိမယ်
သျှောင်ထုံးကြီးနဲ့ ဆရာကြီးတစ်ယောက်နဲ့
အသက်၃၀ဆယ်ကျော် လူလတ်ပိုင်းတစ်ယောက်ရောက်လာတယ်ဗျ ရွာကလူတွေလလူစိမ်းတွေဆိုတော့ ရပ်မိရပ်ဖတွေက
သွားရောက်ပြီး မေးကျတော့ ခရီးလွန်နေလို့
သချိုင်းမှာ ခဏလေးနေဖို့ပါတဲ့ ဒါနဲ့လူကြီး
တွေက ဘုန်းကြီးကျောင်းမှာ တည်းဖို့ပြော
တော့ အားနာသလိုနဲ့ သချိုင်းကဇရပ်မှာပဲ
နေပါ‌ရစေလို့ ခွင့်တောင်းတော့လဲ
သဘောတူပေးလိုက်တယ် နောက်နေ့မနက်
ရောက်တော့ ထိုလူနှစ်ယောက်လဲမရှိကျ
တော့တဲ့အပြင် မအေးမြ အသက်၃၂နှစ်ဆို
တဲ့ မြေပုံကို တူးသွားတယ် အဲ့ဒါနဲ့ လူကြီး‌
တွေလဲ မြေပုံကိုလာရောက်စစ်ဆေးကျတော့
အရိုးစုတွေက ဦးခေါင်းခွံတစ်ခုပျောက်ဆုံး
သွားတယ်ဗျ အဲ့လိုနဲ့ စုံစမ်းကြည့်တော့
အနီးက ၀င်းကတတ်ရွာ ဆယ်အိမ်စု
မန်ကျည်းကိုးပင် ညောင်ပင်ပြီးရွာ
လက်ပံတန်းရွာတို့က သချိုင်းတွေမှာလဲ
ဒီလူတွေက မြေပုံတွေ လိုက်တူးပြီး
ဦးခေါင်းခွံတွေလိုက်ယူနေတဲ့ အောက်လမ်း
‌ဆရာကြီးဦးဘစံတို့ဆရာတပည့်တွေတဲ့
ဒီလူကြီးက သရဲမှော်ကျင့်စဉ်ကို အောင်မြင်
အောင်ကျင့်ပြီး လူတွေကို ဒုက္ခပေးဖို့
ကြံစည်နေတာတဲ့ သူ့ရဲ့သရဲမှော်အကျင့်ကို
အောင်မြင်ဖို့ ဦးခေါင်းခွံတစ်ခုပဲကျန်တော့
တာတဲ့ ကျွန်တော်တို့စုံစမ်းရသလောက်
ဒီလူက ကျွဲမင်းကုန်းရွာက ဓနိတောသချိုင်းကဦးခေါင်းခွံကိုအသုံးပြုပြီး အဲ့ဒီသချိုင်းမှာ
ဒီည သရဲမှော် အောင်မြင်အောင် လုပ်တော့
မှာတဲ့ အဲ့ဒီမိစ္ဆာကြီးရဲ့ယုတ်မာတဲ့ အကျင့်
တွေကို ကျုပ်တို့တားကျရအောင်ဗျာ
ကိုနေမင်းထွန်းက အကြောင်းစုံကို
ကျုပ်ကိုရှင်းပြနေတယ် ကျုပ်လဲတားတာ
တော့ တားရမှာပေါ့ အောက်လမ်းဆရာကြီး
ရဲ့ သရဲမှော်အကြောင်းကို ကပ္ပိယကြီး
ဦးရွှေမိုးဆီသွားမေးရမယ်ဦးမယ်
ကိုယ့်ရန်သူရဲ့အကြောင်းကိုသေချာသိမှ
ရင်ဆိုင်ရတာပိုလွယ်ကူမှာပေါ့ ကျုပ်နဲ့အတူ
ကိုနေမင်းထွန်းလဲလိုက်လာပြီး ရွာဦးကျောင်းက ကပ္ပိယကြီး ဦးရွှေမိုးဆီသွားခဲ့ကျတယ် ဟိုရောက်တော့ ကပ္ပိယကြီးက
အဂ္ဂိယထိုးနေတယ်ဗျ ကပ္ပိယကြီးက
ကျုပ်ဆိုလွတ်ခင်တာဗျို့ ကျုပ်တို့ကို
မြင်မြင်ချင်း အားရ၀မ်းသာနဲ့ မောင်သိန်း
တို့ပါလား လာကျလေကွာ ကျုပ်လဲ
ဟုတ် ကပ္ပိယကြီးလို့ပြောပြီး ကွပ်ပျစ်လေး
ပေါ်မှာထိုင်ရင်း ကပ္ပိယကြီးက စကားစတယ်
ဗျ မင်းတောင်မလာတာကြာပြီပဲမောင်သိန်း
ကျုပ်လဲ ဟုတ်တယ်ကပ္ပိယကြီးရေ
ကျုပ်လဲအခုတစ်လော လယ်ထဲမှာ အလုပ်ရှတ်နေလို့ ကပ္ပိယကြီးဆီ မရောက်ဖြစ်တာပါ
သူကတော့ ပန်းညိုရွာက ကိုနေမင်းထွန်းပါ
ကျုပ်နဲ့ညီအကိုလိုခင်ကျတာ အခုလာတာ
ကပ္ပိယကြီးကို မေးစရာရှိလို့ဗျ ကပ္ပိယကြီးက ဘာမေးမို့လဲ မေးပါ ကျုပ်လဲ ကပ္ပိယကြီး
သရဲ‌မှော်သွင်းတာကို သိလားဗျ ကျုပ်စကား
ကြားတာနဲ့ ကပ္ပိယကြီးရဲ့မျက်လုံးတွေက
အံ့အားသင့်သွားတယ်ဗျ ပြီးတော့ မောင်သိန်း မင်းကဒီကိစ္စကိုဘာလို့သိချင်ရတာလဲ
ကျုပ်လဲ ကိုနေမင်းထွန်းပြောပြတဲ့အကြောင်းတွေကို ကပ္ပိယကြီးကို အတိုချုံး
ပြောပြလိုက်တော့မှ ကပ္ပိယကြီးခေါင်းတညိတ်ညိတ်နဲ့နားထောင်ပြီ ဒီလိုကွ မောင်သိန်းရဲ့ သရဲမှော်သွင်းတာဟာ သချိုင်းတွေက
အစိမ်းသေ သေထားတဲ့မိန်းကလေးဦးခေါင်းခွံတွေကို စုစည်းပြီး‌ခြောက်ပေ
လောက်ရှိတဲ့ မြေကြွင်းထဲမှာ မှော်သွင်းမဲ့
သူက အခေါင်းထဲမှာအစိမ်းသေ သေထားတဲ့
မိန်းကလေးဦးခေါင်းခွံတွေနဲ့အတူ ၀င်အိပ်နေ
ရတယ် ဆရာလုပ်သူက တွင်းပေါ်မှာနေပြီ
စည်းတားပြီး စည်းအတွင်းကနေ ကြတ်ဖိုနဲ့
ကြတ်မရဲ့လည်ချောင်းသွေးကို ယစ်ပူဇော်ပြီး အခေါင်းကြီးကိုပက်ပြန်းပြီး မြေဖို့ရတယ် ဖို့ပြီးတာနဲ့ ကန်တော်ပွဲကိုပေးပြီး
သချိုင်းထဲက နှစ်ချို့သရဲကြီးတွေရဲ့ဝိညဉ်နဲ့
အထဲကအစိမ်းသရဲမတွေရဲ့ဝိညာဉ်နဲ့ပူးပေါင်းပြီး မှော်သွင်းတဲ့သူရဲ့ကိုယ်ထဲကို
ထည့်လိုက်တယ် အကယ်ရဲ့အောင်မြင်သွားရင်သူဖနောင့်တစ်ချက် ပေါက်လိုက်ရုံနဲ့
မြေကြွင်းထဲက သရဲမှော်သွင်းထားတဲ့ကောင်က ကြွင်း၀မှာဆုန်ရပ်နေနိုင်ရမယ် ဒီလိုဆို
အစီရင်အောင်မြင်ပြီကွ ကျုပ်လဲ အစီရင်
အောင်မြင်ရင်အကျိုးအမြတ်က ဘာထူးခြား
မှာမို့လို့လဲ ကပ္ပိယကြီးရဲ့ ကပ္ပိယကြီးက
ထူးခြားတာပေါ့မောင်သိန်းရဲ့ သရဲမှော်
အောင်တာနဲ့ သရဲမှော်အောင်ထားသူရဲ့
အမိန့်ကို သရဲကြီးတွေမဆိုထားနဲ့
မဖဲဝါကိုယ်တိုင်တောင် လိုက်နာရတာ
ဒါပေမဲ့လူတစ်ရာမှာ တစ်ယောက်
အောင်ဖို့ခတ်တယ် ဘာကြောင့်လဲဆိုတော့
ကန်တော့ပွဲက ဖယောင်းတိုင်မကုန်ခင်အပြီး
လုပ်ရတဲ့အပြင် လုပ်နေရင်းဖယောင်းတိုင်း
မီးငြိမ်းသွားရင် အထဲကကောင်က သေရင်
သေ မသေရင် ရူးနှမ်းသွားတယ်ကွဲ့
ဒီကောင်တွေ အောင်သွားရင်တော့၇ရက်
သားသမီးတွေကို ဘယ်လောက်တောင်
ဒုက္ခပေးဦးမလဲမသိဘူး ကျုပ်လဲအဲ့လိုတော့
ဖြစ်မှာမဟုတ်ဘူး ဒီညကျုပ်တို့တွေ
ကျွဲမင်းကုန်းရွာက ဓနိတော သချိုင်းကိုသွား
ပြီး ဒီမိစ္ဆာကောင်တွေကိုတားမှာ ကပ္ပိယကြီး
ရဲ့ ကပ္ပိယကြီးက မင်းအတွက်အန္တရယ်ကြီး
တယ်နော် မောင်သိန်း ကျုပ်လဲ ကပ္ပိယကြီး
လဲသိရဲ့သားနဲ့ ကျုပ်ကဒီလိုကိစ္စမျိုးကို
စွန့်စားရတာကိုက ဝါသနာဗျ မင်းလုပ်ရပ်
ကကောင်းပါတယ် ဒါပေမဲ့ သတိတော့
ကြီးကြီးထား အောက်လမ်းကောင်ကြီးကို
စိတ်ချပါကပ္ပိယကြီး မင်းဒီညသွားမယ်ဆို
ငါမလိုက်နိုင်ပေမဲ့ မင်းကိုပစ္စည်းလေးတစ်ခု
ငှါးပေးလိုက်မယ် ဟုတ်ကပ္ပိယကြီး
ကပ္ပိယကြီးက အလျှင်အမြန်ကျောင်းပေါ်ကို
တက်သွားပြီး ပစ္စည်းလေးတစ်ခုယူလာတယ်ဗျ ကျုပ်ကြည့်လိုက်တော့တစ် လက်မလောက်ရှိတဲ့ ဆင်ရုပ်လေးဗျ ထူးခြားတာက အရုပ်လေးက အသက်ရှိဆင်လေးလို အစွယ်တွေ
နှာမောင်းတွေ မျက်လုံးတွေက အသက်၀င်
လိုက်တာဗျ တစ်ကောင်လုံးအနက်ဗျ
ကပ္ပိယကြီးက မောင်သိန်း ဒါကဂန္ဓာရီ
အတက်တွေနဲ့ ပြုလုပ်ထားတဲ့ရေဆင်အနက်ကွ အောက်လမ်းပညာရပ် တော်တော်များ
များကိုနိုင်နင်းတယ် မင်းယူသွား အသုံး၀င်လိုက်မယ် ကျုပ်လဲ ဟုတ်ကပ္ပိယကြီးလို့
ပြောပြီး ကပ္ပိယကြီးကိုနုတ်ဆက်ပြီး
ထွက်လာခဲ့တယ် ကျုပ်လဲအိမ်မှာရေချိုး
ထမင်းစားပြီး ကိုနေမင်းထွန်းနဲ့အတူ
နွားလှည်းနဲ့ ကျွဲမင်းကုန်းရွာကို
ထွက်ခဲ့ကျတယ် ဟိုရောက်တော့
ကျွဲမင်းကုန်းရွာက သူကြီးအိမ်မှာတည်းပြီး
အကျိုးအကြောင်းပြောပြပြီး ကျုပ်တို့
ည၇နာရီလောက် ကျုပ်ရယ်ကိုနေမင်းထွန်း
ရယ် ကျွဲမင်းကုန်းရွာသား လေးငါးယောက်ရယ်ဓနိတော သချိုင်းဘတ်ထွက်ခဲ့ကျတယ်
လူရိပ်သူရိပ်မတွေ့သေးလို့ ကုက္ကိုလ်ပင်ကြီး
နားကွယ်ပြီး အခြေအနေကို စောင့်ကြည့်နေ
လိုက်တယ် ခဏနေတော့ နွားလှည်းသံတွေကြားတယ် ကျုပ်ကြည့်လိုက်တော့ အောက်လမ်းဆရာကြီးဦးဘစံက သျှောင်ထုံးကြီးနဲ့ သူ့တပည့်နဲ့အတူ အခေါင်း
ကြီး‌တစ်လုံးကိုယူပြီး သချိုင်းထဲကို၀င်လာ
တယ်ဗျ သူ့တပည့်လှည်းပေါ်က အရိုးခေါင်းတွေပြည့်နေတဲ့ ပုန်းတစ်လုံးကိုထမ်းယူနေ
နေတယ် မြေတူးဖို့ပေါက်တူးတွေ ဂေါ်ပြား
တွေလဲပါတယ် ကန်တော့်ပွဲကို အုတ်ဂူပေါ်
တငိပြီး ပွဲအရှေ့ကရွှေချထားတဲ့ အရိုးခေါင်းခွံကြီးတစ်ခုပေါ် ဆေးဖယောင်းတိုင်တစ်တိုင်
ထွန်းပြီး အခုလိုပြောတယ်ဗျ သူ့တပည့်ကို အောင်ကြီး ငါတို့အစီရင်ကို ဖျက်စီးမဲ့ကောင်တွေဒီသချိုင်းထဲကိုရောက်‌နေပြီတဲ့ပြောပြီး
သူ့အသံခပ်အော်အော်ကြီးနဲ့ ဟားးးးဟားးး
ဆိုပြီးရီနေတယ် ပြီးတော့ကျုပ်တို့ဘတ်ကို
ကြည့်ပြီးမလောက်လေး မလောက်စားကောင်
တွေ သေချင်နေပြီလား အခုထွက်ခဲ့စမ်းတဲ့
ကျုပ်တို့တွေလဲ ထွက်လာပြီး ကျုပ်က
ဟေ့လူ့မိစ္ဆာကောင်ကြီး ၇ရက်သားသမီးတွေ
ကိုဒုက္ခပေးမဲ့ ခဗျားအစီရင်တွေကိုတားဖို့
ကျုပ်တို့ရောက်လာခဲ့တာပဲ ပြောလိုက်တော့
အောက်လမ်းဆရာကြီးက မင်းတို့တွေကများ ငါ့ကိုတားချင်သေးလားဆိုပြီး စိန်ကုလားကြီးရေ ဒီ‌ကောင်တွေကို သေရွာကို
ပို့ပေးလိုက်စမ်းတဲ့ အမိန့်ပေးလိုက်တယ်ဗျ
ဟုတ်ပဗျာ နည်းတဲ့သရဲကြီးလား အရပ်ကြီးက၁၀ပေလောက်ရှ်ိမယ် အမွေးဖွားဖွားနဲ့
မည်းမည်းအကောင်ကြီး ကျုပ်တို့အရှေ့ရပ်
နေတယ်ဗျ မျက်လုံးနီနီကြီးတစ်လုံးတစ်လုံးက ရေချိုးတဲ့ဖလားခွက်လောက်ရှိမယ်
အစွယ်ကြီးက ကောက်နေတာတောင် အရှေ့ကို တစ်မိုက်လောက်ချွန်ထွက်နေတယ်
ကိုယ်လုံးကြီးက တစ်နွေစာလောက်လှောင်
ထားတဲ့စပါးထည့်တဲ့ပုပ်ကြီးလောက်ရှိတယ်
ဗိုက်အိုးကြီးက မိုးပြဲဒယ်ကြီးလောက်ရှိတယ်
ကျုပ်တို့ဆီကိုလာနေပြီဗျို့ ကျုပ်လဲအလျင်မြန် ကပ္ပိယကြီးပေးလိုက်တဲ့ ရေဆင်အနက်
အရုပ်လေးကို ယူပြီး သရဏဂုံသုံးပါးကို
ရွတ်ပြီးမြက်ခင်းပေါ် ပစ်ချလိုက်တယ်
အရောင်းတစ်၀င်း၀င်းလင်းလတ်ပြီး
၉ထောင်ကျော်လောက်ရှိတဲ့ ဆင်နက်ကြီး
ဖြစ်သွားတယ်ဗျ ကျုပ်ကြည့်နေဆင်မှာပဲ
သရဲကြီးစိန်ကုလားကို နှာမောင်းနဲ့ရစ်ပတ်ပြီး
တက်နင်းချလိုက်တယ် ဂျွတ် းးး ဂျွတ်ဆိုတဲ့
အသံကြီးက နားထဲကိုစူးနေလို့ဗျို့
အောက်လမ်းဆရာကြီး ဉီးဘစံက ငိုသံပါကြီးနဲ့ ငါ့သားကြီးသေပြီ ငါအနှစ်နှစ်
အလ လက ပြုစုမွေးထားတဲ့ ငါ့သားကြီးသေ
ပြီ မင်းတို့တွေလဲ အသေဆိုးနဲ့သေအောင်
ငါလုပ်ပြမယ်ဆိုပြီး လက်ကြီးတွေက
ကောက်ကွေးလာပြီး လည်ပင်းကအကျောကြီး
တွေကထောင်လို့ မျက်လုံးကြီးကပြူးပြီး
မျက်ဖြူကြီးတွေကလန်လို့ ‌ကျုပ်တို့ဘတ်ကို
ကြည့်ပြီး ပါးစပ်ဟလိုက်တယ်ဗျ အမလေး
ဘုရား အောက်လမ်းစက်တွေဗျ ကွမ်းသီးလုံးလောက်ရှိတဲ့ အရောင်စုံအလုံးလေးတွေက တစ်လျက်လျက်နဲ့ ကျုပ်တို့ဘက်ကို
အလျှင်မြန်ပဲ လွတ်ထုတ်လိုက်တယ်ဗျ
ထိုအခါကပ္ပိယကြီးရဲ့ရေဆင်အနက်က
အောက်လမ်းစက်တွေကို ပြေးခံလိုက်ပြီး
ပျောက်သွားတယ် ကျုပ်ကြည့်လိုက်တော့
မြက်ခင်းမှာ ဆင်ရုပ်လေးပြန်ဖြစ်သွားတယ်
အောက်လမ်းဆရာကြီးက နောက်ထပ်စက်
တွေကို ထပ်ထုတ်နေတယ်ဗျ အဲ့ဒီအချိန်မှာ
ပဲ အားလုံးမထင်မှတ်တာတစ်ခုထဖြစ်သွား
လေတယ် ဖုန်းးးဖုန်းးးးဆိုတဲ့လက်ဝါရိုက်သံ
ကြီးက ကျယ်လောင်စွာကြားရတယ်ဗျ
ကျုပ်ကြည့်လိုက်တော့ အောက်လမ်းဆရာကြီးဦးဘစံရဲ့အနောက်မှာ အရပ်ကြီးက၁၂ပေလောက်ရှိတဲ့ ဆံပင်ဖျားလျားကြီးနဲ့
သရဲမကြီးက သူ့လက်ဝါးကြီး အောက်လမ်းဆရာကြီးကျောကုန်းကို ဆင့်ရိုက်နေတာဗျို့
‌ဒါကျုပ်သိလိုက်လေပြီ သချိုင်းရှင်မ မဖဲဝါ
ကရိုက်နေတယ်ဆိုတာ ထိုအခါဦးဘစံရဲ့
ပါးစပ်ထဲကသွေးတွေထွက်လာပြီး သူ့တပည့် အောင်ကြီးကိုကြည့်ပြီး ပြေးးးးး
ဆိုတဲ့အသံအနက်ကြီးနဲ့အားကုန်အော်ပြီး
ဇက်ကြီးကျိုးကျပြီးသေဆုံးသွားတယ်
အောင်ကြီးလဲ ဖိနပ်တောင်မပါဘူး
သချိုင်းထဲကထွက်ပြေးသွားတယ်
မဖဲဝါလဲ အောက်လမ်းဆရာကြီးသေသွားမှ
အုတ်ဂူတွေပေါ်ကနေ တရိပ်ရိပ်နဲ့
ပျောက်ကွယ်သွားတယ် ကျုပ်တို့လဲ
အောက်လမ်းဆရာကြီးကို ညတွင်းခြင်းပဲ
မီးသဂြိုလ်ပြီး ကျွဲမင်းကုန်းရွာသူကြီးကို
နုတ်ဆက်ခဲ့ပြီး ကျုပ်နဲ့ကိုနေမင်းထွန်းနဲ့
ရွာကိုအတူပြန်ခဲ့ကျတာပေါ့ဗျာ။

စာဖတ်သူများအား ကျေးဇူးအထူးတင်ရှိပါသည်။

နောက်လဲများများရေးပေးမှာမို့ကျုပ်ကိုလဲ
အားပေးခဲ့ကျပါဦး။

စာရေးသူကိုလေးစားစွာဖြင့်
#credit