ကျွန်တော်နှင့် ကန်တော်အရှင်မ

ကျွန်တော်နှင့် ကန်တော်အရှင်မ(စ/ဆုံး)

—————————————–

၁၉ရဝ ခုနှစ် မတ်လဆန်းကဖြစ်ပါသည်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အသုံးလုံးလုပ်အားပေးရန် အတွက် ရန်ကုန်ဘူတာကြီးမှ အထူးရထားဖြင့် ခရီးထွက်ခဲ့ကြပါသည်။ မုံရွာမြို့တွင် စုရပ်ဖြစ်ပြီး မုံရွာမှတစ်ဆင့် တာဝန်ကျသော ဘုတလင်မြို့သို့ ကားဖြင့် ဆက်လက်၍ ခရီးထွက်ရပါသည်။ ဘုတလင်မြို့မှတစ်ဆင့် မြို့ပေါ်
ရွာကြီးသို့ ကားများဖြင့် ထပ်မံ၍ သွားရပြန်ပါသည်။ မြို့ပေါ်ရွာကြီးမှာ ထိုအချိန်က တောမြို့ငယ်လေးဟု ဆိုနိုင်ပါသည်။ ထင်ရှားသော တောင်ရွာ ကြီး ဇီးတောကြီးရွာတို့နှင့် နီးပါသည် ။
မြို့ပေါ်မှာ မူလတန်းကျောင်းတွင် စခန်းချ အိပ်စက်ရပြီး အသုံးလုံးကော်မတီမှ နေရာထိုင်ခင်းများနှင့် အစားအသောက် များကို စီစဉ်ပေးပါသည်။ လူငယ် လူလွတ်များဖြစ်၍လည်း အပေါင်းအသင်းများ
ဖြင့် အလွန်ပျော်ရွှင်မိပါသည်။ ညဘက်တွင် အသုံးလုံး ကော်မတီမှ တာဝန်ထမ်းဆောင်ရမည့်ရွာများအား လူခွဲရာ၊ ကျွန်တော်နှင့် သူငယ်ချင်း ဖြစ်သူ ကိုတင်ရွှေမှ အများမသွားလိုသည့် ဝေးလံခေါင်းပါးသောရွာများသို့ ..
သွားကြရန် အဆိုပြုလိုက်ပါသည်။
” နောက်တစ်နေ့မနက်တွင် ဘုတလင်မြို့နယ် အစွန်ဆုံးတွင်ရှိသည့် ထူးကြီးရွာနှင့် မုံထူးရွာများသို့ သွားရောက်တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း အကြောင်းကြားပါသည်။ ယောက်ျားလေးများဖြစ်ပြီး အဝတ် အစားထည့်သည့် အိတ်တစ်လုံးစီသာ ပါသဖြင့် အချိန်မရွေး ခရီးထွက်နိုင်
ကြောင်း သတင်းပို့လိုက်ပါသည်။
မနက်ပိုင်းတွင် နီးစပ်ရာရွာအသီးသီးမှ လှည်းယာဉ်များဖြင့်
ဆရာ၊ ဆရာမများအား လာရောက်ခေါ်ဆောင်ကြရာ ပွဲတော်ကြီးတစ် စည်ကားလှပါသည်းကျောင်းသား ကျောင်းသူ (၁၀)ကျော်ဖြင့် တစ်မနက်ခင်းလုံး ဆူညံပျော်ရွှင်နေကြပါသည်။
နေ့လည် (၁၂)နာရီခန့်တွင် မြို့ပေါ်ရွာမူလတန်းကျောင်း စုရပ်၌ ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ ကိုတင်ရွှေသာ ကျန်ခဲ့ပါတော့သည်။ နေ့လည်စာ ထမင်းစားသောက်ကြအပြီးတွင် လှည်းတစ်စီး ရောက်ရှိလာပါ သည်။ ထူးကြီးရွာမှ ကိုအေးသိန်းဆိုသူ မောင်းနှင်သည့် လှည်းကလေး ဖြစ်ပါသည်။ နွားနှစ်ကောင်မှာလည်း ပိန်းချုံးလှပါသည်။ အစာရေစာ ရှားပါးသော ဒေသမှ ဖြစ်ပုံရပါသည်။ သူများမသွားချင်သော အဝေးဆုံး နေရာသို့သွားပြီး စေတနာဖြူစင်စွာ ပညာဒါန စွန့်ကျဲပါမှ သူများထက်ပို၍ ကုသိုလ်ရမည်ဟု ကျွန်တော်တို့ ခံယူထားပါသည်။ အသုံးလုံးကော်မတီ၊
အား သတင်းပို့ပြီးနောက် ကျွန်တော်တို့နှစ်ဦး နွားပိန်ဆွဲသည့် ချိနဲ့သော နွားလှည်းကလေးဖြင့် အညာနေပူပူထဲတွင် ဖုန်တထောင်းထောင်းဖြင့် ခရီးထွက်ခဲ့ကြပါတော့သည်။
လှည်းဆရာက ပြောသည်။ ‘
“ကျွန်တော်တို့ ထူးကြီးရွာက မြို့နယ်အစွန်ကျပြီး၊ ခေါင်တယ်။ နေ့ဝက်ခရီးလောက် သွားရပါတယ်။ နွားတွေဆိုရင် ဒီရာသီမှာ
ထန်းသီးခွံနဲ့ ထန်းနို့ခြောက်ပဲ စားရလို့ ပိန်ပါတယ်။ ရွာမှာတော့ ထန်းပင် ပေါလို့ ထန်းလျက်နဲ့ ထန်းရည်တော့ ပေါပါတယ်။ ဒီနှစ် မိုးခေါင်ပြီး
ရေရှားတော့ ပိုဆိုးပါတယ်။ ဒါပေသိ ဆရာလေးတို့ စိတ်မပျက်စေရပါဘူး၊ ရွာသူရွာသားတွေက စေတနာကြပါတယ် မိန်းကလေးဆရာမတွေကို တော့ မခေါ်ခဲ့နဲ့လို့ ကျွန်တော့်အဖေ သူကြီးက မှာလိုက်ပါတယ်”
လှည်းဆရာ စကားအဆုံးတွင် ကျွန်တော်က- ,
“ကျွန်တော့်နာမည် မောင်သိန်းဝင်းပါ၊ ဒီကဆရာလေးက ကိုတင်ရွှေတဲ့။ ကျွန်တော်တို့နှစ်ဦးစလုံး သူဌေးသားတွေ မဟုတ်ကြပါ ဘူး။ ဖြစ်သလို စားတတ်နေတတ်ပါတယ် ကိုအေးသိန်းတို့ရွာကိုလည်း ကျွန်တော်တို့သဘောနဲ့ ကျွန်တော်တို့ ရွေးချယ်ခဲ့တာပါ၊ ဘာမှ အားနာစရာ . မရှိပါဘူး” . .
“ကောင်းပါလေရဲ့ ဆရာတို့ရယ်။ ကျွန်တော် အလွန်ဝမ်းသာ မိပါတယ်။ အဖေနဲ့ ရွာသူရွာသားတွေလည်း လွှတ်ဝမ်းသာကြမှာပါ” .
သို့နှင့် အညာနွေ နေပူကျဲကျဲတွင် ဖုန်တစ်ထောင်းထောင်းဖြင့် လှည်းဆွဲရာသို့ လိုက်ခဲ့ကြရာ လမ်းတစ်လျှောက်လုံး တမာပင် တဇောင်းပင်နဲ့ဆူးချုံများသာ အတွေ့များပြီး အပင်ကြီးကြီးဆို၍ ထန်းပင်များကိုသာ တွေ့ရပါသည်။ တောင်ကတုံး(ခေါင်းတုံး)များအား ဖြတ်ကျော်၍လည်း ကောင်း၊ ကျောက်တောင်ကြားလမ်းမှ ဖြတ်သန်း၍လည်းကောင်း လှမ်းခဲ့ ကြရာ ညနေ(၆)နာရီခန့်တွင် ထူးကြီး ရွာကလေးအား ပျပျကလေး မြင်ရပါတော့သည်။ ထန်းပင်စုစုနှင့် ကျောက်တောင်ကတုံးပေါ်တွင် တည်ထားသော ရွာကလေး ဖြစ်ပါသည်။ နွေရာသီဖြစ်၍ ညနေစောင်း သော်လည်း နေမဝင်သေးပါ။ ပူတုန်းအိုက်တုန်းပင် ဖြစ်ပါသည်။ .
ကိုတင်ရွေမှ“ကိုအေးသိန်းရေး ကျွန်တော်တို့ ဖုံအလူးလူးနဲ့ လာကြတာ၊ ရွာမှာ ရေချိုးဖို့ရော ရေရှိရဲ့လားဗျ”
ကျွန်တော်မှကြားဖြတ်၍ ‘ကိုတင်ရွှေရယ်၊ အားနာစရာဗျာ မနက်က မြို့ပေါ်ရွာမှာ ရေချိုးလာပြီးပြီဘဲဗျာ၊ ခြေလေးလက်လေး ဆေးကြော မျက်နှာသစ်ရရင် တော်ရောပေါ့ဗျာ၊ အားနာစရာ “ဟု တိုးတိုး ပြောမိပါသည်။
` ကိုအေးသိန်းက “အားနာစရာမရှိပါဘူး ဆရာလေးတို့ရယ်၊ ရွာလူကြီး အစီအစဉ် မုံတူးရွာဘုန်းကြီးကျောင်းက တွင်းရေကို ရေစည် လှည်းနဲ့ တိုက်ထားပါတယ် `ပူစရာမလိုပါဘူးခင်ဗျာ” :
ည(၈)နာရီခန့်တွင် တာဝန်ကျသည့် ထူးကြီးရွာသို့ ရောက် လာပါသည်။ နေဝင်ဆည်းဆာချိန်မို့ ကျောက်တောင်ကုန်းပေါ်မှ ထူးကြီး ရွာကလေးမှာ ထန်းပင်အုပ်ဆိုင်းဆိုင်းဖြင့် သာယာလှပါသည်။ ရွာလယ်ရှိ သူကြီးအိမ်သို့ရောက်သော် အိမ်ဝိုင်းအတွင်း၌ တစ်ရွာလုံးနီးနီး လာရောက် ကြိုဆိုနေကြပါသည်။
ရွာသူကြီးဦးအုန်မောင်မှ
“ဆရာလေးတို့ရောက်လာကြပြီး ခဏ နားပြီးရေမိုးချိုးကြပါ။ ပြီးရင်ထမင်းစားရအောင်၊ လှည်းကို မနက်(၆)နာရီ ထဲကပဲ အကြိုလွှတ်လိုက်တာ၊ အခုမှပဲရောက်တော့တယ်။ ကျုပ်တို့ရွာဟာ ခေါင်သဗျ၊ ဟဲ့ သမီးတို့၊ မီးခွက်နဲ့ မီးတိုင်တွေ ထွန်းကြ၊ ဆရာလေးတို့ ထမင်းစားဖို့လည်း တစ်ခါတည်းပြင်ကြ”
” ကျွန်တော်နှင့် ကိုတင်ရွှေတို့ ခေတ္တနားယူအပန်းဖြေကြပြီး ရေချိုးကြပါသည်။ တွင်းရေ အေးမြလှပါသည်။
ရေချိုးအပြီး ညစာထမင်းဝိုင်းတွင် သူကြီးဦးအေးမောင်နှင့် အတူ ထမင်းစားကြပါသည်။ ဟင်းမှာ စုံလင်လှပါသည်။ ဆင်းရဲသောရွာဖြစ်သော်လည်း ဖွယ်ဖွယ်ရာရာရှိပါသည်။ ပဲကြီးနှပ် ညောင်ချည်ဖူးသုတ်
ကြက်သားဟင်း၊ ခြံစည်းရိုးဟင်းချို (သူတို့ အခေါ်) ခွေးတောက်ရွက်နှင့် ကင်းပုံရွက်ဟင်းချိုတို့ ဖြစ်ပါသည်။ ဆီရွှဲရွှဲဖြင့် ငရုတ်သီးထောင်း ကလေးလည်း ပါပါသည်။ စား၍မြိန်လှပါသည်။ ထမင်းဝိုင်းဘေးမှလည်း
တစ်ရွာလုံးနီးနီးထိုင်ကြည့်နေကြပါသည်။ ခရီးပန်းပြီး ဗိုက်ဆာဆာဖြင့် ထမင်းနှစ်ပန်းကန်စီလောက် စားကြရာ သူကြီးကတော်မှး “ဆရာလေးတို့ ထမင်းထပ်ထည့်ပါဦး၊ ဟင်းတွေလည်း အများကြီးကျန်သေးတယ်၊ အားမနာပါနဲ့။
“ဟုတ်ကဲ့ ဝပါပြီဒေါ်လေး၊ ကျွန်တော်တို့ အရမ်းစားကောင်းပါတယ်”
သမီးများမှ “ထပ်ထည့်ပါဦး အစ်ကိုတို့ရယ်၊ အဲ ဆရာလေး တို့ရယ်၊ ကျွန်မတို့က အဝစားမှကြိုက်တာ၊ နောက်ရက်တွေမှာဆို တစ်အိမ်
တစ်နပ်နှုန်းနဲ့ တစ်ခြားအိမ်တွေကိုလိုက်စားကြရမှာ၊ အညာထုံးစံအရ ဆိုတော့ ကျွန်မတို့အိမ် အတော်နဲ့ အလှည့်ရောက်မှာ မဟုတ်ဘူးတော့” .
ကျွန်တော် “ကျေးဇူးတင်ပါတယ်ညီမတို့ရယ်၊ အစ်ကိုတို့ ဝပါပြီ” ဆိုစဉ် အမျိုးသမီးတစ်ယောက် ထိုင်ရာကထလာပြီး- .
“သူကြီးရှင့် မနက်ဖြန် ကျွန်မတို့အိမ်က ကျွေးမှာနော်” . ဒုတိယအမျိုးသမီးတစ်ဦးကလည်း
“မဟုတ်ပါဘူး သူကြီး၊ ကျွန်မတို့အိမ်က ကျွေးမှာပါ၊ ဆိတ်သား တောင် စီစဉ်ပြီးပါပြီရှင့်” , , , . ပထမအမျိုးသမီးက
“ခင်ဦး ညည်း အဲ့သလိုတော့ မလုပ်ပါနဲ့အေ၊ ငါက အစောဆုံး ၊ ပြောတာ၊ သူကြီး ကျွန်မတို့အိမ်က ကြက်သားနဲ့ ကျွေးမှာပါရှင့်” .
“ကဲ ကဲ ညည်းတို့တော်ကြတော့၊ လူကြီးတွေမှာထားလို့သာ တစ်နပ်တစ်အိမ် စီစဉ်ကြရတာ၊ ဆရာလေးတို့ နှစ်ယောက်တည်းပဲ .. နေ့တိုင်း ငါ့အိမ်မှာ ကျွေးချင်တာပ၊ ဒါပေမယ့် တစ်ရွာလုံးနဲ့ ရင်းနှီးအောင် ၊ ထစ်နပ်တစ်အိမ် စီစဉ်ရတာပါ ဆရာလေးတို့ စားမကောင်းရင်လည်း
ငါ့အိမ်က နေ့တိုင်း ပိုချက်ထားမှာပါ။ ကဲ အဲဒီတော့ ညည်းတို့နှစ်ယောက် စကားကို နားထောင်ကြ အရင်ပြောတဲ့ မိဂျမ်းတို့အိမ်က မနက်ဖြန် မေန့လည်စာကျွေး၊ နောက်ပြောတဲ့ ခင်ဦးတို့အိမ်က ညစာကျွေး” တစ်နေ့တည်းဘဲ .ကျေနပ်ရဲ့မဟုတ်လား၊ နောက်နေ့တွေတော့ တစ်ရက်ကြိုပြီး စီစဉ်ပေးမယ်။ မကျွေးနိုင်တဲ့အိမ်ရှိရင်လည်း အခုကပဲ ပြောကြ ကြားလား” . . . .
ရွာသူရွာသားများ “ကျွန်တော် ကျွန်မတို့အားလုံး ကျွေးနိုင် ကြပါတယ်။ သူကြီးပဲ အလှည့်ကြစီစဉ်ပေးပါ။ ဟင်းမကောင်းလို့ ဆရာလေး တို့ မစားနိုင်မှာစိုးရိမ်ပါတယ်”
ကျွန်တော်မှ “ကျွန်တော်တို့ ယောက်ျားလေးတွေပါ၊ ဟင်း ကောင်းမကောင်း ကိစ္စမရှိပါဘူးခင်ဗျ၊ သူကြီးတို့ရွာမှာ ပဲပေါ်ပြီးသားပဲ။ . ပဲကြီးနှပ်ရယ် သူကြီးတို့ပြောတဲ့ ခြံစည်းရိုးဟင်းချိုတစ်ခွက်ရယ် ငရုတ်သီး စပ်ထောင်းလေးရယ် ပါရင်တောင် စားနိုင်ပါတယ် ခင်ဗျာ”
ထိုစဉ် ခေါင်းတုံးနှင့် လူကြီးတစ်ဦး ထိုင်ရာမှထ၍- .
“အဲ့သဟာဆိုရင် ကျွန်တော်တို့အိမ်ကို အရင်ကြွပါလား။ ဆရာလေးတို့ရယ် ပဲကြီးနှပ်နဲ့ ခြံစည်းရိုးဟင်းချို၊ ငရုတ်သီးစပ်ထောင်းနဲ့ ကျွေးချင်လွန်းလို့ပါဗျာ”
‘ ဟား ဟား ဟား” .”
‘ တစ်ရွာလုံး တစ်ဝေါဝေါ ဝိုင်းရယ်ကြပါသည်။
သူကြီးဖြစ်သူမှ “ဟဲ ဟဲ အဲသလို မရယ်ကြနဲ့လေ၊ စုံထွန်း ပြောတာမှန်တယ်။ သူ့ခင်ဗျာ ဒီရွာမှာအဆင်းရဲဆုံး၊ ယာမရှိ နွားမရှိ ဒါပေမယ့် သူ့စေတနာက မဆင်းရဲဘူး။ သူ့အိမ်ကျွေးတဲ့ နေ့ကျရင် အဆင်ပြေတဲ့အိမ်က ဟင်းကောင်းလေးများချက်ရင် ပို့ပေးကြပေါ့နော့
`တစ်ရွာလုံး “ဟုတ်ကဲ့ပါသူကြီး”
“ကဲ ကဲ ဆရာလေးတို့လည်း ခရီးပန်းလာကြတယ်။ နားချင်ကြရောပေါ့၊ ကဲ ပြန်ကြတော့၊ ငါတို့လည်း ဆရာလေးတို့ အသုံးလုံး ကိစ္စ ခဏ စကားပြောကြရဦးမယ်” , . . .
“ဟုတ်ကဲ့ပါသူကြီး” ဟု ဆိုကာ တစ်ရွာလုံးထပြန်သွားပါသည်
“သူကြီးစကားနားထောင်၍ ဆင်းရဲသော်လည်း စေတနာဖြူစင်သည့် , အလွန်စည်းလုံးညီညွတ်သောရွာသားများ ဖြစ်ကြပါသည်။
သူကြီးက
“ဆရာလေးတို့ရေ ဒီရွာမှာ အိမ်ကြီးအိမ်ကောင်းလည်း မရှိတော့ စာသင်ကြားရေးအတွက် နေရာအခက်အခဲရှိနေတယ်”
ကိုတင်ရွှေမှ
“သူကြီးအိမ်ဝိုင်းကြီးက အကျယ်ကြီးပဲဥစ္စာ၊ အဆောက်အဦးမလိုပါဘူးဗျား ဒီအိမ်ရှေ့ကွက်လပ်မှာ သင်ရင်လည်း ရပါ တယ်။ ဒါနဲ့ စာသင်သားက ဘယ်နှစ်ယောက်ရှိသလဲ သူကြီး”
ကျုပ်တို့ထူးကြီးရွာနဲ့ မုံထူးရွာပေါင်းရင် စာသင်သား(၅၀) ယောက်ရှိတယ် ဆရာလေး”
`ထိုစဉ် ကျွန်တော်မှ
“မုံထူးရွာက ဘယ်လောက်ဝေးသလဲ
“ဒီကနေ တစ်တိုင်လောက်တော့ရှိမယ် ဆရာလေး”
“မုံထူးရွာက ဘယ်နှစ်ယောက်ရှိမလဲ”
“မုံထူးရွာက ရွာငယ်လေးမို့ စာသင်သား(၁၀)ယောက်လောက် ဘဲ ရှိပါတယ်။ ကျုပ်တို့ရွာကများတယ်။ (၄၀)လောက်ရှိတယ်”
“ဒါဆို ဒီလိုလုပ်မယ်သူကြီး။ ဒီရွာကလူတွေကို သူကြီးအိမ် ရှေ့မှာသင်မယ်၊ မနက်စောစောနဲ့ ညပိုင်းပေါ့။ မုံထူးရွာကို နေ့လည်ပိုင်း သွားပြီးသင်မယ်၊ ဖြစ်တယ်မဟုတ်လား သူကြီး”
““ဖြစ်တော့ဖြစ်ပါတယ် ဆရာလေးတို့ရယ်၊ ဆရာလေးတို့ ပင်ပန်းမှာပေါ့။ လှည်းက နေ့တိုင်းစီစဉ်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ထန်းရာသီဆိုတော့ အလုပ်ရှိတယ်။ ကျွဲနွားကျွေးဖို့ တာဝန်လည်းရှိ သေးတယ်။ ရေစည်တိုက်ရမှာလည်း ရှိပါသေးတယ်”
“ကိစ္စမရှိပါဘူး သူကြီး၊ မုံထူးရွာက တစ်တိုင်ခရီးဆိုတော့ နှစ်မိုင်လောက်ပဲရှိတာ ကျွန်တော်တို့ လမ်းလျှောက်နိုင်ပါတယ်”
‘ သူကြီးက
“မုံထူးရွာက အတော်ဆင်းရဲတာ ဆရာလေးတို့ နွေးကြမ်းဝိုင်းတောင် အမြီးစုံမှာမဟုတ်ဘူး၊ ဆရာလေးတို့ပင်ပန်း မှာလည်း စိုးပါတယ်။ ..
“အစားအသောက်တွေအတွက် မပူပါနဲ့ သူကြီးရယ်၊ ကျွန်တော် တို့ ဖြစ်သလိုနေတတ်ပါတယ်”
ဒါဆိုလည်း ပြီးရောပေါ့ဆရာလေးတို့ရယ်၊ နေ့လည်စာ အတွက် ကျွန်တော်တို့ရွာကပဲ စီစဉ်ပြီးပို့ပေးပါ့မယ်၊ ကျုပ်က နှစ်ရွာ အုပ်သူကြီးဆိုတော့ ကျုပ်တာဝန်ပဲ ထားလိုက်ပါ” . .
“ကောင်းလှပါပြီသူကြီးခင်ဗျာ” . .
ထိုစဉ် လှည်းဆရာသူကြီးသား ကိုအေးသိန်းရောက်ရှိလာပြီး
“ဆရာလေးတို့ ထမင်းစားပြီးကြပြီလား၊ ကျွန်တော်နောက်ကျ သွားတယ်၊ နွားစာစဉ်း၊ နွားစာကျွေးရတာနဲ့ အခုမှအားတော့တယ် ဗျာ၊ ဒီကနေ့တော့ နွားရောလူပါ အတော်ပင်ပန်းသွားတယ်”
“ကဲ ကိုအေးသိန်းလည်း ရေမိုးချိုးပြီး ထမင်းစားတော့ပေါ့”
“မစားသေးဘူး ဆရာလေးတို့ရေ ကျွန်တော် နွားရေတိုက်ရင်း ရေတော့ချိုးပြီးပါပြီ ကနေ ပင်ပန်းလာလို့ ပင်ကျရေလေး နည်းနည်းမှီဝဲ လိုက်ဦးမယ်။ ဆရာလေးတို့ သောက်တတ်သလားမသိ၊ ကျွန်တော် မမေးလိုက်မိဘူးဗျာ” . . .
“ကိစ္စမရှိပါဘူး။ ကိုအေးသိန်း၊ ကျွန်တော်တို့ နှစ်ယောက်စလုံး မသောက်တတ်ကြပါဘူး။ ကွမ်းလည်း မစားတတ်ဘူး။ ဆေးလိပ်လည်း မသောက်တတ်ပါဘူး ခင်ဗျာ”
“ပင်ကျရည်က အရက်မှမဟုတ်ဘဲ ဆရာလေးတို့ရယ် သဘာဝ ကျောက်တောင်တွေပေါ်မှပေါက်တဲ့ ထန်းပင်ကထွက်တဲ့အရည်ပါ။ ကျွန်တော်တို့ရွာမှာ လူကြီး ကလေး သောက်ကြတာများပါတယ်။ အသက် လည်း ရှည်ကြပါတယ် ဒီရွာမှာ အသက်(၉၀)ကျော်အရွယ် ယောက်ျား မိန်းမ (၂၀)ယောက် ရှိတယ်။ ရောဂါလည်း အဖြစ်နည်းပါတယ်။ ထန်း (ပင်ကျရည်)က နေ့လည်ဆို ချိုပြင်းလေး၊ ညနေဆို ငှက်ခါးတောင် ပြာလဲ့လဲ့အရောင်ကလေးနဲ့ ချို့ခါးလေးပေါ့ ဆရာတို့ရယ်” .
ကိုတင်ရွှေမှ “ကိုအေးသိန်းရေ ခင်ဗျား ပင်ကျရည် သောထားပါဦး၊ အခု လောလောဆယ် အရေးကြီးတာက အပေါ့အပါး ဘယ်နေရာသွားရသလဲ အရင်ပြောပါ။ ကျွန်တော် ရွာရောက်ကတည်းက အိမ်သာလိုက်ကြည့်တာ မတွေ့လို့ အောင့်ထားရတယ်” ဟု တိုးတိုးကလေး ပြောပါသည်။
““အော် ဒါများ ဆရာလေးရယ်၊ ညနေခင်းတော့ ခြံဝိုင်း အနောက်ဘက် သွားပေါ့၊ နေ့ပိုင်းတော့ ရွာအပြင် ချုံကောင်းကောင်းမှာ တောထိုင်ပေါ့ဗျာ” .
အညာထုံးစံအတိုင်း သူကြီးနှင့် အိမ်သားများကလည်း ည(၉) အရီခန့်တွင်ပင် အိပ်ရာဝင်ကြပါပြီ။ ကျွန်တော်တို့နှစ်ဦးလည်း ခြံဝိုင်းနား အောက်တွင် အပေါ့အပါးသွားပြီး မျက်နှာသစ်၊ ခြေလက်ဆေးကာ ဘုရား ဝတ်ပြု၍ စီစဉ်ပေးထားသော အိပ်ရာများသို့ဝင်ကာ နားနေအိပ်စက် ပါတော့သည်။ ခြင်ထောင်မရှိပါ။ သို့သော် ခြင်လည်းမကိုက်ပါ။ ကျောက်တောင်ကုန်းပေါ်တည်ထားသော ရွာဖြစ်သဖြင့် လေဝင်လေထွက်ကောင်းပြီး အေးချမ်းလှပါသည်။ နေ့ခင်းပူသလောက် ညဘက်တွင် ချမ်းလှပါသည်။
နောက်တစ်နေ့မနက်ခင်းတွင် မနက်စောစော ထမင်းကြမ်းနှင့် ပဲသုပ် မြေပဲကြော်နှင့် ရေနွေးကြမ်း စားသောက်ကြပြီးသူကြီးဦးအုန်းမောင် ကိုယ်တိုင် ရွာအား လှည့်ပတ်ပြသပါသည်။ ထူးကြီးရွာမှာ အိမ်ခြေနှစ်ရာကျော်ခန့်ရှိပြီး ထန်းလက်မိုး ထန်းရွက်ကာတဲ ကလေးများက အများစုဖြစ်သည်။ အိမ်ပိုင်းရှေ့တွင် ဧည့်သည်များအတွက် ခုံတန်းရှည်နှင့် စားပွဲရှည် ခြားချထားပြီး အတန်ငယ်ချမ်းသာသူများအိမ်မှာသာ ဧည့်ဆောင်သီးသန့် ထားရှိပါသည်။ ချမ်းသာသူများအိမ်ဆိုရာ၌လည်း မြေစိုက်အိ
သာဖြစ်ပြီး ကုတင်များချထားကာ ဝါးထရံကာ ဝါးကပ်မိုးအိပ်များ သည်။ အုတ်တိုက်မဆိုထားနှင့် ပျဉ်ထောင်သွပ်မိုးအိမ်ပင် တစ်ရွာလုံးတွင် မရှိပါ။ :
ထူးကြီးရွာအား တစ်ပတ်ပတ်ပြီးနောက် မုံထူးရွာဘက်သို့ လျှောက်ခဲ့ကြပါသည်။ တစ်မိုင်ခန့် ယာခင်းဟောင်းများအား ကျော်၍
လျှောက်ပြီးနောက် ရေခန်းနေသော ရေကန်အတွင်း လက်ယက်တွင် များတူး၍ ရေခပ်နေကြသော ရွာသူအပျိုကလေးများအား တွေ့ရပါသည် ရေကန်နှင့် ပေ(၁ဝဝ)ခန့်အကွာတွင် စိမ်းစိုနေသော သစ်ပင်များ ဝေဆာ
က သီးပွင့်နေသည့် ရွာဘုန်းကြီးကျောင်းအား တွေ့ရပါသည်း မြင်ကွင်းမှာ မနက်ခင်းဖြစ်၍ အလွန်အေးချမ်းလှပါသည်။
‘ သူကြီးက
“ဒီကန်ကြီးဟာ ကန်တော်အရှင်မ ကန်ကြီးပါ ။ . ဆောင်းဆို ရေမပြတ်ပါဘူး။ ကျုပ်တို့ရွာနှစ်ရွာစလုံး သောက်သုံးရေလုံလောက်ပါတယ်။ နွေမှာတော့ ကန်ထဲမှာ ရေမရှိပေမယ့် လက်ယက်တွင်းလုပ်
ခပ်ရင် တစ်နွေလုံး သုံးနိုင်ပါတယ်။ ကန်ကြီးအောက်မှာ လျှိုကြီးတစ်ခုရှိပြီး
တစ်နွေလုံး ရေမပြတ်ပါဘူး၊ ဒီလထဲမှာ ကန်တော်ဆယ်ပွဲ ရှိပါတယ် . . ပျော်စရာအင်မတန် ကောင်းပါတယ်။ အိမ်တိုင်းစေ့ ကလေးမကျန် ကန်တော်ကိုမြေတူး၊ မြေသယ် လုပ်ကြတာပါ။ အိမ်တိုင်းကလည်း နိုင်သလောက် ကျွေးမွေးကြလို့ စတုဒီသာပွဲလည်း ဖြစ်ပါတယ်။ ဆရာလေးတို့
ကြုံကြမှာပါ။ ထူးဆန်းတာတွေလည်း တွေ့ရမှာပါ။ ဒီနေရာ ကန်တော်အရှင်မ သိုက်နန်းဖြစ်လို့ ကန်ဆယ်သူတွေ နှစ်စဉ်နှစ်တိုင်
ရွှေစ၊ ငွေစ တွေ့ရတတ်ပါတယ်။ ကန်တော်အရှင်မကိုယ်တိုင်လည်း လူယောင်ဆောင်ပြီး ဆရာလေးတို့ အခုခေတ်အပြောနဲ့ ပြောရရင် လုပ်အားပေးပါတယ်” .
ကျွန်တော်လည်း အံ့သြစွာဖြင့်
“ဟုတ်ရဲ့လား သူကြီး၏ သူကြီးကိုယ်တိုင်ရော မြင်ဖူးလို့လား”
သူကြီးက
“ကျုပ်ငယ်စဉ်က ကိုယ်တိုင် ကြုံဖူးပါတယ်၊ နှစ် စဥ်နှစ်တိုင်း ကန်ဖော်ရင် တစ်ယောက်မဟုတ်တစ်ယောက် ကြုံတာပါ
ယောက်ျားလေးတွေနဲ့ ကြုံတာများတယ်။ ကန်တော်အရှင်မက ယောက်ျားလေးတွေကို ပိုချစ်တယ်။ ဆရာလေးတို့ ဒီရွာရောက်တာ မကြာသေးလို့ .
သတိမထားမိတာပါ။ ဒီရွာမှာ ယောက်ျားလေးတိုင်းလိုလို အသားဖြူကြတယ် မိန်းမတိုင်းလိုလို အသားညိုကြပါတယ်”
ကိုတင်ရွှေကလည်း
“အဲဒါတော့ ဟုတ်တယ်ဗျ။ ကျွန်တော် သတိထား မိသလောက် သူကြီးတို့ မိသားစုကိုယ်တိုင်ကိုပဲကြည့်၊ သူကြီးနဲ့ ကိုအေးသိန်းကတော့ အသားဖြူတယ်။ သူကြီးကတော်နဲ့ သမီးနှစ်ယောက် က အသားညိုကြတယ်ဗျ”
ကျွန်တော်က
“ အို ဟုတ်ရဲ့လားဗျာ ကျွန်တော်လည်း အခုမှ ဘဲ သတိထားမိတော့တယ်၊ အဲဒါ ဘာဖြစ်လို့လဲ သူကြီးခင်ဗျာ”
သူကြီး အဲသဟာတော့ ရှေးဘိုးစဉ်ဘောင်ဆက် ပြောကြတာပဲ ကန်တော်အရှင်မ ကျိန်စာတိုက်ထားတာတဲ့၊ ယောက်ျားလေးတွေကို နေပူထဲထန်းတက်၊ တောင်ယာစိုက်၊ ရေစည်လှည်း တိုက်ကြပေမယ့် အသားဖြူတယ်ဗျာ” ..
ကိုတင်ရွှေ “ဘာဖြစ်လို့ ကျိန်စာတိုက်ရတာလဲ သူကြီး ခင်ဗျာ”
သူကြီး
“ဟိုး ကန်တော်အောက်လျှိုထဲမှာ ကျောက်ဖျာကြီး ရှိပါတယ်။ အဲဒီ ကျောက်ဖျာကြီးတွေအောက်ဖက်မှာ နွေ၊ မိုး၊ ဆောင်း မခန်းတဲ့အိုင်ကြီး ရှိတယ်။ ကျောက်ဖျာကြီးတွေ ပတ်ဝန်းကျင်မှာ ” တတိုင်းမွှေးပန်းရိုင်းပင်တွေ အလိုလိုပေါက်ပြီး မွှေးကြူ၊ နေတာပဲ၊ အဲဒီ
တွေကို မိန်းမတွေက ကန်တော်ရှင်မထံ ခွင့်မတောင်းဘဲ ခူးယူပန်ကြလို့ပဲ ကျိန်စာတိုက်တာလို့ အဆိုရှိတာဘဲ၊ အခုတော့ ဘယ်သူမှ မခူးရဲ တော့ပါဘူး..။
ကျွန်တော် “သူကြီး အဲဒီပန်းတွေကို အခုသွားကြည့်လို့ရလား ကျွန်တော် မခူးးပါဘူး နမ်းကြည့်ရုံပါ”
သူကြီး“ရပါတယ်၊ ဆရာလေးက အသားညိုပြီးသားဆိုတော့ ခူးမိရင်တောင် အသားဖြူချင်ဖြူလာဦးမယ်”
“ဟား ဟား ဟား” ကျွန်တော်တို့ ဝိုင်းရယ်မိကြပါသည်။
သို့နှင့် ကျွန်တော်တို့ ရေကန်ကြီးအောက်ဘက်ရှိ ကျောက် ဖျာချပ်များအား သွားရောက်ကြည့်ရှုကြပါသည်။ ကျောက်ဖျာများမှာ သင်ပုန်းကျောက်အမျိုးအစားဖြစ်ပြီး မြေတွင်စိုက်ဝင်၍ ဒေါင်လိုက်လည်း
ကောင်း၊ အလျားလိုက်ခင်း၍လည်းကောင်း ထူးဆန်းသော ပုံစံများ မြင်တွေ့ရပါသည်။ ကျောက်ဖျာတစ်ချပ်၏ အကျယ်အဝန်းမှာ ၁၀’×၁၅’ ပေခန့် ရှိပါသည်။ အစီအရီ ညီညီညာညာရှိပြီး အညာနေပူဒဏ်ကြောင့် မည်းနက်ပြောင်လက်နေပါသည်။ လေရေ တိုက်စားထားသဖြင့် ပြောင်ချောနေပြီး အစဉ် အမြဲ တစ်ယောက်ယောက်က ပွတ်တိုက်ထားသလို
သန့်ရှင်း၍နေပါသည်။ ကျောက်ဖျာများအောက်ဘက်တွင် အိုင်ကြီးတစအိုင်် ရှိပြီး အတော်နက်ပုံရပါသည်။ ချိုင့်အတွင်း အမှောင်ကျနေသဖြင့် – ရေအနက်ကိုတော့ မမှန်းဆနိုင်သေးပါ။
ကိုတင်ရွှေ
“သူကြီး၊ ဒီချောက်ထဲ ရေဆင်းကူးလို့ရသလား။ သူကြီး
“ရပါတယ်၊ မိန်းမတွေသာ မရတာပါ”
ကိုတင်ရွှေ
“ကြုံတဲ့နေမှ ကိုအေးသိန်း ခေါ်ပြီး ရေလာကူဦးမယ်ဗျာ”
ကျွန်တော်အနေဖြင့်တော့ ကျောက်ဖျာအနီးပတ်ဝန်းကျင်တွင် အလေ့ကျပေါက်နေသော တတိုင်းမွှေး အရိုင်းပန်းပင်များအား လှည့်ပတ် ငေးကြည့်ရှုပြီး နမ်းကြူမိပါသည်။ အမွှေးနံ့မှာ စကားဝါပန်းနံ့လို မွှေးကြိုင်နေပြီး ရင်ထဲအေးမြသွားပါသည်။
သူကြီး “ကဲ ဆရာလေးတို့ နေမပူခင် ဘုန်းတော်ကြီးကျောင်းဝင်ပြီး ကျောင်းထိုင်ဘုန်းကြီးကို မိတ်ဆက်ရင်း ကန်တော့ကြရအောင် “..
ကန်တော်အား ပတ်၍ စိမ်းလန်းစိုပြေနေသော ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ခဲ့ကြရာ ကြက်များ အကောင်(၃၀)ခန့် အုပ်လိုက်ပျံသွားသည်ကို တွေ့ရပါသည်။
ကျွန်တော် “သူကြီး၊ တောကြက်တွေလား ခင်ဗျာ”
သူကြီး “မဟုတ်ပါဘူး၊ ဆရာလေး။ ကြက်တိန်ညင်တွေပါ။ ဘေးမဲ့ လှူဒါန်းထားတဲ့ ကြက်တွေပါ။ အရိုင်းစိတ်ဝင်နေလို့ လူတွေ့ပြီး ပျံကြတာပါ။
ကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးတည်းသာရှိပြီး ကျောင်းသားလေးနှစ်ဦးဖြင့် တဲကျောင်းကလေးတွင် သီတင်း သုံးနေခြင်း ပါသည်။ .
“လာကြ၊ လာကြ ကျောင်းဆရာလေးတို့ မှတ်တယ်၊ ခုံတန်း မှာ ထိုင်ကြကွယ့်”
“တင်ပါဘုရား၊ တပည့်တော်တို့ ဦးတင်ပါတယ် ဘုရား”
ကျွန်တော်တို့ မထိုင်မီ ဘုန်းကြီးအား ဝတ်ပြုကြပါသည်။
“ထိုင်ကြ ကျောင်းသားတွေ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် သုပ်ကြစမ်းကွဲ့”
“မှန်ပါဘုရား၊ တပည့်တော်တို့ စားသောက်ပြီးမှ ထွက်လာ တာပါ ဘုရား” . .
ဘုန်းတော်ကြီးနှင့် အလာပ သလာပ ပြောဆိုပြီးနောက် ဝတ်ဖြည့်၍ မုံထူးရွာဘက်သို့ ထွက်ခဲ့ကြပါတော့သည်။
မုံထူးရွာမှာ အိမ်ခြေ(၃၀)ခန့်ရှိသော ရွာကလေးဖြစ်ပါသည် . . .ထန်းပင်၊ ထနောင်းပင်နှင့် တမာပင်ကလေးများသာ ရှိပြီး အညာနွေ ကျဲကျဲ မနက်ခင်း နေရောင်အောက်၌ပင် အတော်ပူပြင်းစပြုနေပါပြီး ကြီး ဦးအုန်းမောင်မှ ဆင့်ထားဟန်တူပါသည်။ ဆယ်အိမ်ခေါင်း၏ တဲကလေးရှေ့တွင် လူသုံးလေးဆယ်ခန့် စုရုံးရောက်ရှိနေပါသည်။
ဆယ်အိမ်ခေါင်း ““ကြွပါ သူကြီးနဲ့ ဆရာလေးတို့၊ ကျုပ် ဆယ်အိမ်ခေါင်း မောင်ကြွက်ပါ။ ဒီခုံတန်းလျားမှာ ထိုင်ကြပါ။ ရေနွေးကြမ်းနဲ့
ထန်းလျက်ဖြူဆုပ် သုံးဆောင်ကြပါ ခင်ဗျား”
ကျွန်တော် “ဟုတ်ကဲ့ သူကြီး ပြောထားသလားတော့ မသိ ဘူး၊ ကျွန်တော်တို့ ထူးကြီးရွာနဲ့ မုံထူးရွာကို တာဝန်ကျပါတယ်၊ အဲဒီ သူကြီးက နှစ်ယောက်စလုံးကို ထူးကြီးရွာမှာပဲ နေစေပြီး မုံထူးရွာ နေ့လည်ဘက်မှာ စာလာသင်ဖို့ပါ။ ဦးလေးတို့ရွာလည်း အပန်းမကြီးအောင်ပါ”…
ဆယ်အိမ်ခေါင်း “ဟုတ်ကဲ့ သူကြီး ပြောပြထားလို့ ကျုပ်တို့ သိထားပြီးပါပြီး ဆရာလေးတို့ ကောင်းသလိုစီစဉ်ကြပါ ခင်ဗျာ”
သို့နှင့် အစီအစဉ်အတိုင်း ကျွန်တော်တို့ အသုံးလုံး ဆရာနှစ်ဦး ကျေးရွာနှစ်ရွာအား ဖိဖိစီးစီး စာလာသင်ကြသည်မှာ တစ်ပတ်ခန့်ရှိသောအခါ ရွာနှစ်ရွာစလုံးမှ ရွာသူရွာသားများနှင့် ခင်မင်ရင်းနှီးနေကြပါပြီ။ နေထိုင်စားသောက်ရေးလည်း အဆင်ပြေပါသည်။ အဆင်မပြေသည်မှာ အညစ်အကြေးစွန့်ရန်ကိစ္စ ဖြစ်ပါသည်။ ကျေးရွာနှင့် ရင်းနှီးကာစ အသုံးလုံးကော်မီတီမှ မှာကြားလိုက်သော ယင်လုံအိမ်သာဆောက်ရန် ကိစ္စအား အကောင်အထည်မဖော်နိုင်သေးဘဲ တောထိုင်နေရခြင်းဖြစ်ပါသည်။
တစ်နေ့ မနက်စောစောတွင် ကျွန်တော် ပဲစားတာများ၍ ဗိုက်အလွန်နာသဖြင့် နီးစပ်ရာရွာအနောက်တောသို့ ပြေးဝင်ခဲ့ပါသည်။ အနောက်တောဆိုသော်လည်း သစ်ပင်ကြီးများရှိသည် မဟုတ်ပါ။ ဆီးပင် မိုးနှံဆူးချုံနှင့် တဇောင်းပင်များသာရှိသော နေရာဖြစ်ပါသည်။ မိုးနှံချုံ တစ်ခုအနီး အပြေးအဝင်တွင် အလျင်ရောက်ရှိနေသော အမျိုးသမီးတစ်ဦးမှ ဆရာလေး ကန်တော့ ကန်တော့၊ ဆရာလေးတို့ ယောကျ်ားလေးတွေက အရှေ့တောကို သွားရမှာ နေရာမှားလာပြီရှင့်”
“ဟုတ်ကဲ့၊ တောင်းပန်ပါတယ်ခင်ဗျာ၊ နေရာမှားလား အရင်နေ့တွေကတော့ အိပ်ရာထနောက်ကျလို့ ကြုံတဲ့တောသွား အခုတော့သိပါပြီ။ ခွင့်လွှတ်ပါခင်ဗျား”
ရှက်ရှက်နဲ့တောင်းပန်ပြီး အရှေ့တောသို့ ပြေးရပါတော့သည်။
ကိစ္စဝိစ္စပြီး၍ သူကြီးအိမ်ပြန်အရောက် မနက်စာရေနွေးကြမ်းဝိုင်းတွင် အကျိုးအကြောင်းပြောပြရာ တစ်အိမ်သားလုံး ဝိုင်းရယ်ကြပါတော့သည် ။ ကျွန်တော်မှ “သူကြီးခင်ဗျား၊ အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်
တို့ကို အသုံးလုံးကော်မတီက လူကြီးများမှာလိုက်တဲ့စကား ရှိပါတယ် တစ်အိမ်ကို ယင်လုံအိမ်သာတစ်လုံးစီ ဆောက်ဖို့ဖြစ်ပါတယ်။ ခုလောလောဆယ်တော့ တစ်ရွာလုံးမဆောက်သေးဘဲ သူကြီးအိမ်က စံပြအနေနဲ့ ဆောက်စေချင်ပါတယ် ကျွန်တော်တို့ အခက်အခဲကြောင့် ဟုတ်ပါဘူး။ ကြုံတုန်း ပြောရခြင်းဖြစ်ပါတယ်” .
. သူကြီး “မြို့စာတတ်မြောက်ရေး အစည်းအဝေးတုန်းက ကျုပ်’ လည်းပြောဖူးပါတယ်။ ဒါပေမယ့် ရွာမှာ စည်းရုံးလို့မရဘူး၊ ဘိုးစဉ် င်ဆက်အစွဲရှိနေတယ်။ အဲဒါကြောင့် ဆရာလေးတို့ ကြိုက်သလို ပါ “ဒီရွာမှာ ထန်းလက်ထန်းသား ပေါပါတယ်”,
သို့နှင့် နောက်တစ်နေ့မနက်တွင် သူကြီးအိမ်ပိုင်းအနောက် ၌ ကျွန်တော်နှင့် ကိုတင်ရွှေတို့ကိုယ်တိုင် ကျင်းတူး၍ ကိုယ်တိုင် ဆောက်ရာသူကြီးသားကိုအေးသိန်းမှ ထန်းသားနှင့် ဝါးအချို့ကို လှည်းဖြင့် တိုက်ပေးပါသည်။ နေ့လည်စာမစားမီ ပြီးစီးသွားပါသည်။ အိမ်သားအားလုံး ကိုလည်း အသုံးပြုရန်တိုက်တွန်းရာ အကျင့်မရှိ မသွားတတ်ကြောင်း ပြောကြပါသည်။ ညရေးညတာ အရေးပေါ်ကိစ္စများတွင် အသုံးပြုရန် လွယ်ကူကြောင်းပြောရာ ဆရာလေးတို့ပဲ သွားကြပါဟု ပြောပါသည်။ ကျွန်တော်တို့ အပေါ့အလေးသွားရာ၌လည်း အိမ်သားများနှင့် ခြံဝိုင်းနီးချင်း များပါမကျန် ဝိုင်းကြည့်နေကြသဖြင့် ကျွန်တော်တို့လည်း အရေးပေါ်ကိစ္စ မှလွဲ၍ မသွားရဲကြတော့ဘဲ တောထိုင်ခြင်းဓလေ့ကိုသာ ဆက်ကျင့်သုံးရပါတော့သည်။ အခြားရွာများတွင် တာဝန်ကျသည့် ဆရာ၊ ဆရာမလေးများမှာတော့ မည်သို့နေထိုင်လုပ်ကိုင်ကြသည်ကို မသိတော့ပါ။ . .
ကျွန်တော်တို့ရွာသို့ရောက်ပြီး သုံးပတ်ခန့်အကြာ တပေါင်းလပြည့်ညတွင် ကန်တော်ဆယ်ပွဲကျင်းပပါသည်။ ထူးကြီးရွာသာမက မုံထူးရွာကလည်း ရွာလုံးကျွတ် လာရောက်လုပ်အားပေးကြပါသည်။
ယောက်ျားများက မြေပေါက်၊ ကလေးများ မိန်းမများက မြေသယ်ကြသည်။ ကန်တွင်းရှိ နုံးမြေများအား ကန်ဘောင်ပေါ် ဆယ်တင်ခြင်းဖြစ်ပါ သည်။ နှစ်ရွာပေါင်း လူ(၅၀၀)ခန့် တစ်ပိုင်တစ်နိုင် လုပ်အားပေးကြခြင်း ဖြစ်ပါသည်။ သက်ကြီးရွယ်အို အဖိုးအဘွားများနှင့် အချို့ မိန်းမများ ကန်အတွင်း ခုံခင်း၍ ရေနွေးကြမ်းနှင့် မုန့်မျိုးစုံအား လုပ်အားပေးသူ အား တပျော်တပါး ကျွေးမွေးကြသည်မှာ ဘုရားပွဲတစ်မျှ စည်ကားလှသည်။
ကျွန်တော်နှင့် ကိုတင်ရွှေတို့သည်လည်း ပေါက်တူး တစ်ယောက်တစ်လက်စီဖြင့် မြေပေါက်ပေးကြပြီး အမျိုးသမီးများရွက်သည့်
တောင်းထဲထည့်ပေးခြင်း၊ တောင်းများအားပင့်ပေးခြင်းဖြင့် တပျော်တပါး ဝင်ရောက်ဆင်နွှဲလျှက်ရှိပါသည်။ မနက်စောစောကတည်းက စလိုက် သည်မှာ နေထန်းတစ်ဖျားခန့်ရောက်တော့ မောလာကြပါသည်။ ရေနွေးကြမ်းသောက်၍ ခေတ္တအမောဖြေရန် ကြံရွယ်စဉ် အမျိုးသမီးတစ်ယောက်မှမြေကြီးတောင်းမပေးရန် အကူအညီတောင်းသောကြောင့် ကျွန်တော် ပင့်ပေးရပါသည်။ တောင်းမစဉ် ရုတ်တရက်ကြည့်မိရာ အမျိုးသမီးသည်
ယခင်မြင်တွေ့နေကျ ရွာသူများလိုမဟုတ်ဘဲ အစိမ်းရောင်အထက်အောက် ဝတ်စုံဖြင့် ထူးခြားနေပါသည်။ ခံစားဖူးသော အမွှေးနံ့တစ်မျိုးကိုလည်းရသဖြင့် အမျိုးသမီး၏ ဆံပင်များကို ကြည့်မိရာ တတိုင်းမွှေးပန်းအားဝေနေအောင်ပန်ထားကြောင်းတွေ့ရပါသည်။ ၎င်းကပြုံးချိုစွာ . “ကျေးဇူးတင်ပါတယ် ဆရာလေး၊ ခေတ္တအနားယူပါဦး၊ ဟိုနားမှာ ကျွန်မအထိန်းတော်ကြီး အဲဟုတ်ပေါင် ကျွန်မ အဒေါ်ကြီး မုန့်ပျားသလက်များ လှူဒါန်းကျွေးမွေးနေပါတယ်၊ သွားရောက်သုံးဆောင်လိုက်ပါဦးရှင်” ဟု ပြောဆိုကာ လက်ညှိုးညွှန်ပြကာ လူအုပ်ကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားပါသည်။ ကျွန်တော် အတော်အံ့သြမိပါသည်။ ယင်းမိန်းကလေးမှာ တော်တော်အသားဖြူပါသည်။ ချောမောလှပပြီး အစိမ်းရောင်ဝတ်စုံ လေးဖြင့် အတော်လိုက်ဖက်ပါသည်။ ဤရွာသူတော့ မဟုတ်နိုင်ပါ။ ဧည့်သည်ပဲဖြစ်နိုင်ပါသည်။ တတိုင်းမွှေးပန်းများကို ပန်ဆင်ထားခြင်းကလည်း ရွာသူမဟုတ်ကြောင်း ထင်ရှားနေပါသည်။ အလွန်ထူးခြားနေပါသည်။
ကိုတင်ရွှေအားခေါ်ယူ၍ ခေတ္တနားရန် အချက်ပြကာ အမျိုးသမီး ညွှန်ပြသောခဲ့သော နေရာသို့သွားကြရာ အဒေါ်ကြီးတစ်ဦးမှ ကျွန်တော်တို့
လာမည်ကို ကြိုသိနေသည့်အတိုင်း ရေနွေးကြမ်းနှင့် မုန့်များကို အသင့်ပြင်ဆင်ထားပြီး “ဆရာလေးတို့ ကြွကြပါ။ အဝသုံးဆောင်ကြပါ” ဟု ပြောဆို သည်။ ကျွန်တော်တို့လည်း ဆာဆာနှင့် မုန့်ဆီကြော် မုန့်ပျားသလက် ကို စားကြရာ မုန့်များအတွင်း ပျားရည်ထည့်ထားဟန်တူပါသည်။
အီ၍ မွှေးနေပါသည်။ ရေနွေးကြမ်းသောက်ကြရာ၌လည်း ရှမ်းပြည်နယ်ဘက်မှလာသည့် စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်ခတ်ထားသလို
မွေးကြိုင်ပြီး အရသာရှိလှပါသည်။ ကိုတင်ရွှေမှ “အဒေါ်ကြီးက ဒီရွာကဘဲလား အတော်ကောင်းတာပဲဗျာ မုန့်တွေက ကျွန်တော်တို့ စားဖူးတဲ့ မုန့်တွေနဲ့ကို မတူဘူး၊ အတော်အရသာထူးခြားတာဘဲ” .
“ပျားရည်နဲ့ လုပ်ထားတာရှင့်၊ ကျွန်မတို့က ဒီရွာကပါပဲ၊ အထူးပြုလုပ်ထားတဲ့ မုန့်တွေပါရှင်၊ တစ်နှစ်တစ်ခါပဲ ကျွေးဖြစ်ပါတယ်ရှင်” ,
“အဒေါ်ကို ကျွန်တော်တို့ တစ်ခါမှ မတွေ့ဘူးလို့ပါ”
“ဆရာလေးတို့ အိမ်မစေ့သေးလို့ပါ။ အဲဒီအခါတော့ ဒီထက်ကောင်းတဲ့ အစားအစာတွေနဲ့ ဧည့်ခံမှာပါရှင်” . .
“ဟုတ်ကဲ့ အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ” . . သို့နှင့် စားသောက်ပြီးနောက် ‘ ဆက်လက်မြေတူးကြရာ
ကျွန်တော် မြေလက်ကောက်တစ်ရံကို ရရှိပါသည်။ ခေါင်းပေါ်လည်း နေရောက်ရှိနေပြီဖြစ်သဖြင့် နေ့လည် (၁၂)နာရီခန့် ရှိပါပြီ။ ကန်အတွင်း အရိပ်မရှိသဖြင့် တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ရွှဲစိုနေပါတော့သည်။
“ကိုတင်ရွှေရေ နားကြရအောင်ဗျာ၊ ခင်ဗျား ဘာတွေ့ လဲ. . . .
“ဘာမှ မတွေ့ပါဘူး ဘာဖြစ်လို့လဲ”
“ရွှေတိုရွှေစတွေ ကောက်ရတတ်တယ်လို့ သူကြီးက ပြော တာပဲ၊ ကျွန်တော်က မြေတူးရင်း လက်ကောက်တစ်ရံ ကောက်ရ တယ်ဗျ။ ခြူးပန်းခြူးနွယ်တွေနဲ့ ပုဂံခေတ်ကလက်ရာ ထင်ပါရဲ့၊ ရွှေဆိုင် ပြရင်တော့ အတော်တန်ဘိုးကြီးမှာ ဒီမှာကြည့်ပါဦး” , , ,
. “အာ ဟုတ်ပါရဲ့ ပုဂံခေတ်က မြေဆေးတံတွေလိုပဲနော် ပန်းကနုတ်တွေနဲ့ အတော်လှတာပဲ၊ ဒါပေမယ့် အမည်းရောင် မြေ လက်ကောက်ကြီးဖြစ်နေတာ အတော်ဆိုးသဗျာ” .:
“မြေလက်ကောက်လည်း ဘာဖြစ်သလဲ ကျောင်းပြန်ရောက် ရင် အမှတ်တရအနေနဲ့ သမိုင်းဌာနကို လှူလိုက်ရုံပေါ့”
ထို့နောက် ကျွန်တော်တို့ သူကြီးအိမ်သို့ ပြန်ခဲ့ကြပြီး ခေတ္တနား ရေမိုးချိုး၍ နေ့လည်စာထမင်း စားကြပါသည်။ ရွာသူရွာသားများကတော့ တစ်နေကုန် ကန်ဆည်နေကြမည်ဖြစ်ပါသည်။
ညမိုးချုပ်တွင် သူကြီးသား ကိုသိန်းအေး ထန်းရည်အိုးများ ဖြင့် ရောက်ရှိလာပါသည်။
“ဆရာလေးတို့ ဒီနေ့ ပင်ပန်းကြတယ်၊ ထန်းရည်ခါးသောက် ပဲကြီးလှော်ဝါးရင်း အပန်းဖြေကြပါဦး၊ ကျွန်တော်တို့ တစ်ရွာလုံးလည်းအတော်ပင်ပန်းကြတယ်။ ပင်ပန်းပေမယ့် ပျော်စရာကောင်းဗျား၊ မုန့်စားလိုက် ရေနွေးကြမ်းသောက်လိုက်နဲ့ ထမင်းကို လွတ်ရောဗျား”
“ကျွန်တော်တို့လည်း မသောက်တတ်သောက်တတ်ဖြင့် သောက် ၊ ကြည့်ရာ အလွန်ခါးပြီးမူးလှသဖြင့် ဆက်မသောက်ရဲကြတော့ဘဲ ပဲကြီး လှော်သာ ထိုင်ဝါးနေရပါတော့သည်။ ကိုအေးသိန်းမှာတော့ အညာဓလေ့ အတိုင်း တစ်ခွက်ပြီးတစ်ခွက် သောက်နိုင်ပါသည်။
ထိုစဉ် သူကြီးဦးအုန်းမောင် ရောက်ရှိလာပြီး- , –
“ဆရာလေးတို့ အတော်ပင်ပန်းသွားကြပြီလား၊ ဟဲ့သား ဆရာလေးတို့ကို ထန်းရည်တိုက်နေတာလား၊ အမြီးလေးဘာလေး စုံစေ့အောင် လုပ်ဦးမှပေါ့ကွယ်။
“အဖေရေ ကျွန်တော်လည်း တစ်နေ့လုံးပင်ပန်းလာလို့ ဘာမှ လုပ်နိုင်တော့ဘူးဗျ၊ အဖေ့သမီးတွေလည်း ချက်ပြုတ်လို့ မပြီးကြသေးဘူး”
“အော် ဒါနဲ့ ဆရာလေးတို့ ကန်ဆယ်ပွဲမှာ ထူးဆန်းတာ ဘာတွေ့သေးလဲ ရွာထဲမှာတော့ နှစ်ဦးသုံးဦး ရွှေစလေးတွေ ကောက်ကြတယ်။ မုံထူးရွာက ဦးသောင်းတော့ ရွှေဆွဲကြိုးလေးတစ်ကုံး ကောက်ရတယ်ကြားတယ်” ‘
“ကျွန်တော် ကျွန်တော်လည်း ကောက်ရပါတယ် သူကြီးရယ်၊ လက်ကောက်နှစ်ကွင်းတောင်မှဗျ” : ”
“အယ် အဟုတ်လား ဆရာလေးရဲ့ ပြစမ်းပါဦး” ”
“ကိုတင်ရွှေရေ သူကြီးကို ပြလိုက်စမ်းပါဦးဗျာ၊ ကျွန်တော် တော့ လူခိုးခံရမှာစိုးလို့ ကိုတင်ရွှေကို လုံလုံခြုံခြုံ သိမ်းခိုင်းထားရတယ် ။
ထိုစဉ် ကိုတင်ရွှေမှ ရေမိုးဆေးကြော၍ လက်ကိုင်ပုဝါဖြင့်ချည်ထားသော လက်ကောက်နှစ်ကွင်းအား ထုတ်ပြလိုက်ပါသည်။
သူကြီး “အယ် အဟုတ်မှတ်လို့ ဆရာလေးတို့ရယ်၊ ဒါပုံဂံခေတ်က လက်ကောက်တွေဘဲ၊ ရွှေဆိုရင်တော့ တန်ဖိုး အဆမတန်ကြီးမှာ မှန်းစမ်း တစ်ကွင်းကို ငါးကျပ်သားလောက်ရှိမယ်။ ပန်းကံနုတ်ကလည်း အတော်လှသဗျား” . .
“ဒါနဲ့ သူကြီး ကန်ဆယ်ပွဲမှာ အသားဖြူဖြူ ခပ်ချောချော ထမီအင်္ကျီအစိမ်းရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ လိုက်ရသလားခင်ဗျာ ခေါင်းမှာလည်း တတိုင်းမွှေးပန်းတွေ ဝေနေတာဘဲ”
““ကြံကြီးစည်ရာ ဆရာလေးရယ်၊ အသားဖြူတဲ့မိန်းကလေး၊ I ဒီရွာမှာမရှိပါဘူး၊ တစ်စိမ်းဧည့်သည်လည်း မရှိပါဘူး၊ ဒီရွာသူတွေ ဘယ်၌ မိန်းကလေးမှ တတိုင်းမွှေးပန်းကို မပန်ရဲပါဘူး၊ တန်တော့ ဆရာလေးတို့ ကန်တော်အရှင်မနဲ့ တွေ့ခဲ့ပြီထင်တယ်။ ဆရာလေး ကိုတင်ရွှေရော အဲဒီမိန်းကလေးကို မြင်လိုက်သေးလား”
“ကျွန်တော် မတွေ့ခဲ့ပါဘူး” . ”
“နောက်တစ်ခု ရှိသေးတယ် သူကြီးရဲ့၊ အဲဒီမိန်းကလေးညွှန်ပြ လို့ ကျွန်တော်နဲ့ ကိုတင်ရွှေ ခဏနားပြီး မုန့်သွားစားကြတာ အဒေါ်ကြီး တစ်ယောက်က မုန့်ဆီကြော်နဲ့ မုန့်ပျားသလက်တွေ ကျွေးလိုက်သေးတယ် ပျားရည်နဲ့လုပ်ထားတာ စားကောင်းလိုက်တာဗျာ၊ ချိုစိမ့်နေတာပဲ” .
ကိုတင်ရွှေ “ဟုတ်တယ် သူကြီးရ၊ ကျွန်တော်လည်း စားခဲ့ ရတယ်။ နတ်သုဒ္ဒါကျနေတာပဲ ကောင်းလိုက်တာဗျာ၊ ရေနွေးကြမ်းက လည်းဗျာ ရှမ်းပြည်နယ်ထွက် စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက် ခတ်ထားသလိုပဲ အရသာရှိလိုက်တာဗျာ”
သူကြီး “ဟုတ်ရဲ့လား ဆရာလေးတို့ရယ်၊ ကျုပ်လည်း ကန် အတွင်းနေရာအနှံ့ ရောက်ပါတယ်။ အဲဒီမုန့်ဆီကြော်နဲ့ မုန့်ပျားသလက်ချကျွေးတဲ့နေရာကို မတွေ့ခဲ့ပါဘူး” . .
ကျွန်တော် “ကိုတင်ရွှေရေ သေချာပြီဗျ၊ သူကြီးပြောစကားအရဆိုရင်တော့ ကန်တော်အရှင်မပဲ ဖြစ်ရမယ်။ ခင်ဗျားတောင် ကျွန်တော်နဲ့လိုက်ခဲ့လို့ မုန့်ဆီကြော်နဲ့ မုန့်ပျားသလက် စားရတာ ကံ . ကောင်းတယ်မှတ်ပါ”
ကိုတင်ရွှေ “ဟုတ်ပါ့ ကိုသိန်းဝင်းရယ်၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော် (၁၀)ပေလောက်ပဲအကွာ မြေပေါက်နေကြတာ ကျွန်တော် ကန်တော်အရှင်မကို မမြင်လိုက်ရဘူးဗျား။ . . .
သို့နှင့် ညစာအား သူကြီးအိမ်မှ အထူးချက်ပြုတ်ထားသော . သတ်သတ်လွတ်ဟင်းနှင့် ထမင်းစားကြပါသည်။ တပေါင်း လပြည့်နေ့ဖြစ် ၍ တစ်ရွာလုံးလည်း သတ်သတ်လွတ်ဟင်းသာ ချက်စားကြကြောင်း သိရပါသည်။ စားသောက်ကြပြီးနောက် မောမောဖြင့် စောစီးစွာ အိပ်ရာ ဝင်ကြပါတော့သည်။ . . ။
နောက်တစ်နေ့မနက်ခင်းတွင် ကျွန်တော်တို့ နံနက်စောစော စားသောက်နေကြစဉ် မုံထူးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းသားလေး
တစ်ဦး ရောက်လာသည်။
“သူကြီးမင်းခင်ဗျား၊ ဆရာတော်က ကျောင်းဆရာတွေကို ခေါ်ခိုင်းလိုက်ပါတယ်၊ သူကြီးမင်းလည်း ကြွခဲ့ပါတဲ့”
“ဟဲ့ ဘာကိစ္စများတုန်း၊ မောင်ကျောင်းသားရဲ့”
“ကျောင်းရောက်မှ ပြောမယ်လို့ ဆရာတော်က မှာလိုက် တယ် ခင်ဗျာ”
“အေး အေး ကဲဆရာလေးတို့ ဘုန်းကြီးက ဘာအမိန့်ရှိ ချင်လို့လဲ မသိ၊ သွားလိုက်ကြရအောင်”
ကျွန်တော်တို့အုပ်စု မုံထူးဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ပင် သင်းပျံ့သောအမွှေးနံ့ကို ခံစားရပါသည်။ ကျွန်တော်နှင့် ရင်းနှီးနေပြီဖြစ်
သော တတိုင်းမွှေးပန်းရိုင်းနံ့ဖြစ်ပါသည်။ ပတ်ဝန်းကျင်များ လှည့်လည်ကြည့်ရှုရာ သီးပင်စားပင်များသာရှိပြီး ပန်းပင် မရှိပါ။
ကျွန်တော် “သူကြီး ဒါ တတိုင်းမွှေးပန်းနံ့ မဟုတ်လား”
သူကြီး“ဟုတ်တယ် ဆရာလေး၊ ဆရာကိုတင်ရွှေရော ပန်းနံ့ ရသလား” . . ။
ကိုတင်ရွှေ “ရပါတယ် သူကြီး၊ ဒီကျောင်းဝိုင်းထဲမှာလည်း ပန်းပင်မရှိပါဘူး၊ သရက်ပင်နဲ့ တမာပင်တွေ ဖူးပွင့်နေတာပဲ ရှိပါတယ် ထူးဆန်းလိုက်တာဗျာ”
ထိုစဉ် ဆရာတော်မှ “လာကြ လာကြ ဒကာတို့ ဒီနေရာ မှာ ထိုင်ကြ”
သူကြီး “အမိန့်ရှိပါ ဆရာတော်ဘုရား၊ ကိစ္စထူးများ ရှိပါ သလား”
ဆရာတော်အား ကျွန်တော်တို့ ဝတ်ဖြည့်ပြီး ထိုင်ခုံရှည်များ ပေါ်တွင် ထိုင်ကြပါသည်။
. ဆရာတော် “ရှိပြီလား ဒကာကြီးရယ်၊ မနေ့ကကန်ဆယ်ပွဲ မှာ ကျောင်းဆရာလေးတစ်ယောက် လက်ကောက်တစ်ရံကောက် ရသွားတယ်ဆို”
သူကြီး “ဟုတ်ပါတယ် ဘုရား၊ ဒါပေမယ့် အဖိုးတန် ရွှေ လက်ကောက်တော့ မဟုတ်ပါဘူး ဘုရား။ မြေလက်ကောက်ကြီးပါ ဘုရား” . ဆရာတော် “အေး အေး ဘာပဲဖြစ်ဖြစ်၊ သူကတော့ ရွှေလက်
ကောက်လို့ ပြောနေတယ်၊ . ပုဂံခေတ်လက်ရာ ကနုတ်ပန်းတွေနဲ့ဆို အလေးချိန် ငါးကျပ်သားစီ ရှိတယ်တဲ့”
သူကြီးနှင့် ကျွန်တော်တို့ပါ မျက်လုံးပြူးသွားကြပါသည်။ အဖိုးတန်မဟုတ်သဖြင့် ညကမှ သူကြီးအား ပြောပြမိရာ အခြားလူစိမ်း
တစ်ဦးဦးလည်း ကြားသိသွားရန် အကြောင်းမရှိနိုင်ပါ။
သူကြီး “အရှင်ဘုရားကို ဘယ်သူ လျှောက်ထားပါသလဲ ဘုရား”
“ပိုင်ရှင်ပေါ့ ဒကာကြီးရဲ့ ကန်တော်အရှင်မလေ” “ခင်ဗျာ” ,
ကျွန်တော်တို့အားလုံး အံ့ဩသွားကြပါသည်။
ဆရာတော် “ညက ဘုန်းကြီးကို အိမ်မက်ပေးတယ်၊ အစိမ်း ရောင်ဝတ်စုံနဲ့ အသားဖြူဖြူ မိန်းကလေးတစ်ယောက်ပဲ၊ ခေါင်းမှာလည်း တတိုင်းမွှေးပန်းတွေ ဝေနေအောင် ပန်ထားတယ်။ သူက ပြောတယ်။ တစ်ခြားသူတွေကို ရွှေတိုရွှေစ သူပေးပါတယ်တဲ့ ကျောင်းဆရာလေး
တော့ မပေးဘဲရသွားတယ်တဲ့ သူ့ဟာ ပန်းကနုတ်တွေနဲ့ ရွှေလက်ကောက် တဲ့။ အဲဒါ ပေးရမယ့်ပစ္စည်းမဟုတ်လို့ သူ့နေရာသူ ပြန်ထားပေးပါတဲ့” …
သူကြီး “တင်ပါဘုရား၊ ကျောင်းဆရာလေးတို့က တပည့်တော်ကို ပြပါတယ် ဘုရား၊ ဘာပဲဖြစ်ဖြစ် တပည့်တော်တို့ သူ့နေရာသူ ..ပြန်ထားလိုက်ပါ့မယ် ဘုရား” . . ။
“အိမ်း အိမ်း သာဓု သာဓု သာဓု .
ဆရာတော်မှ သာဓုခေါ်သံအဆုံးတွင် ကျောင်းဝင်းတစ်ခုလုံး တိုင်းမွှေးပန်းရနံ့ မွှေးပျံ့၍သွားပါတော့သည်။ ကျွန်တော်တို့အားလုံးလည်း အံ့အားသင့်၍သွားပါတော့သတည်း။

ထောင်မှူးကြီးသိန်းဝင်း
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၆

စာပိုင်ရှင် ထောင်မှူးကြီးသိန်းဝင်းအား ဂါဝရပြုပါသည်။
စာစီ – မီးမီး