ကြီးမားသည့်မေတ္တာ

ကြီးမားသည့်မေတ္တာ(စ/ဆုံး)

————————-

“မိတုတ်ရေ မိတုတ် လာလာ
ထမင်းစားတော့”

“တောက်တောက် တောက်တောက်”

ဆရာတော်ဦးဂုဏ ရဲ့ခေါ်သံကို
မိတုတ်ကြားပြီး ထင်းပုံအောက်မှ
အမြှီးနှံ့ကာပြေးလာလေသည်။

“မိတုတ် နင်ဟင်းချည်းပဲရွေး
မစားနဲ့၊ထမင်းလည်းကုန်အောင်စား
ကြားလား မိတုတ်”

“အုဝူ အု”

မိတုတ်က ဆရာတော်ဦးဂုဏ
ပြောသည့်စကားအား နားလည်သည့်
ဟန်ဖြင့်အမြှီးလေးရမ်းကာ
ထမင်းပန်းကန်အား စားနေတော့သည်။

“အေး လိမ္မာတယ် စားစား”

“မိတုတ်”

ဆရာတော်ဦးဂုဏ ကထပ်မံခေါ်
လိုက်သဖြင့်အစာစားနေရာမှ
ခေါင်းလေးမော့ကာကြည့်လေသည်။

“မိတုတ် နင်အဲ့ဒီထင်းပုံကြီးအောက်မှာ
သွားသွားအိပ်မနေနဲ့။
ထင်းတွေတင်ထားတဲ့ တိုင်တွေကလည်းယိုင်နဲ့နေပြီ
တော်ကြာပြိုကျလို့ နင်ပိနေလိမ့်မယ်
ငါ့ကျောင်းထဲလာအိပ်လှည့်
ကြားလား”

“အုဝူ အုအု”

“ဘာလဲ နင်ကမနေချင်ဘူးလား
ငါကနင်တစ်ခုခုဖြစ်မှာစိုးလို့ပြောနေတာ
မနေချင်ရင်လည်း နင့်သဘောပဲ။

“ကဲငါသွားတော့မယ် မိတုတ်
စားစား”

ဆရာတော်ဦးဂုဏ ကမိတုတ်၏
ခေါင်းလေးအားအသာပုတ်ကာ
ကျောင်းပေါ်သို့ တက်သွားလေသည်။

သုခနိဗ္ဗာန်ကျောင်းတိုက်
ဆီသို့ခွေးမလေးမိတုတ် ရောက်လာပုံက
ဆန်းကြယ်လေသည်။
တစ်နေ့ ဆရာဦးဂုဏ ဆွမ်းခံကြွရင်း
လမ်းဘေးတစ်နေရာတွင်
ခွေးပေါက်လေးတစ်ကောင်အား
ဆရာတော်ဦးဂုဏ တွေ့လိုက်လေသည်။

ခွေးပေါက်လေးက ဟိုကြည့်သည်ကြည့်ကာ သနားစရာ့
အမူအယာဖြင့်လမ်းမပေါ်၌
လူများကိုလိုက်လံကြည့်နေလေသည်။

“အင်း…ဒီခွေးပေါက်လေးကြည့်ရတာ
ခွေးမိခင်ကြီးမရှိလို့ ကူရာကယ်ရာ
မဲ့နေပုံပဲ ”

“ဟေ့ ကတောက်တောက်တောက်”

ဆရာတော်ဦးဂုဏ ၏ခေါ်သံအား
ခွေးပေါက်လေးကကြားကာ
ချစ်စဖွယ်ကောင်းအောင် ပြေးလွှားပြီး
ရောက်လာလေသည်။

“ခွေးပေါက်လေး နေစရာထိုင်စရာ
မရှိလို့အားငယ်နေတာလား။
ဦးဇင်းနဲ့လိုက်ခဲ့မလား ဦးဇင်းကျောင်းမှာ
ခွေးတွေအများကြီးရှိသေးတယ်
လိုက္ခဲ့မလား”

“ဝုတ် ဝုတ်”

ခွေးပေါက်လေးက ချစ်ဖို့ကောင်းသည့်အသံပေါက်စလေး
ဖြင့်သဘောတူထောက်ခံနေလေသည်။

“ကဲ…ဒါဖြင့်ရင် ဦးဇင်းနဲ့
လိုက်ခဲ့ပေတော့ လာသွားကြမယ်”

ထိုနေ့ကတည်းက ဆရာတော်ဦးဂုဏ
ခေါ်ယူမွေးလိုက်သည့် ခွေးပေါက်လေး
မှာယခုဝဝဖီးဖီးကြီးဖြင့် ချစ်စဖွယ်ကောင်းနေသည့် ခွေးမလေး မိတုတ်ဖြစ်လာခဲ့တော့သည်။

===========

တဖြည်းဖြည်းနှင့်မိတုတ်
ထံ၌သန္ဓေတည်လာခဲ့လေသည်။
ထို့ကြောင့် ဆရာတော်ဦးဂုဏလည်းမိတုတ်ကို
အရင်ကထက်ပိုပြီး ဂရုတစိုက်ဖြင့်ပြုစုစောင့်ရှောက်ခဲ့လေ
သည်။

မိုးဦးကျသည့်အချိန်ရောက်တော့
မိတုတ်လည်း သူနေနေကျဖြစ်သည့် အုတ်တံတိုင်းအနီးမှထင်းပုံကြီး
အောက်တွင်သားပေါက်၄ကောင်ကျခဲ့
လေသည်။

“မိတုတ်ရေ မိတုတ်”

“မိတုတ်ရေ မိတုတ် ”

“ဒီလောက်ခေါ်နေတာ
မိတုတ်မကြားဘူးလားမသိဘူး…”

“အရှင်ဘုရား မိတုတ်က
မနေ့ညကကျွေးထားတဲ့ထမင်းတွေ
လည်းမစားဘူး ဘုရား
ဘာဖြစ်လို့လဲမသိဘူး”

“ဟုတ်လား ကိုရင်တို့က
သူနေတဲ့ထင်းပုံအောက်သွားမကြည့်
ကြဘူးလား”

“တပည့်တော်တို့လည်း
သွားကြည့်ဖို့မေ့သွားတာဘုရား”

“အေးအေး ရှိစေတော့
ငါ့ဟာငါပဲ သွားပြီးကြည့်လိုက်တော့မယ်”

ဆရာတော်ဦးဂုဏလည်း
မိတုတ်နေသည့်ထင်းပုံအနီးသို့
ရောက်လာခဲ့သည်။

“ဟာ…မိတုတ် နင်သားကျထားတာလား။
ကြည့်စမ်းပါဦး ဘယ်နှကောင်ပါလိမ့်”

“တစ် နှစ် ဟာလေးကောင်ကျတာပါလား
နင့်ကလေးတွေကို နို့တိုက်နေလို့
ဦးဇင်းခေါ်တာမလာတာကိုး”

“အုဝူဝု”

“အေးအေး နင့်ကလေးတွေကိုသာ
နင်ဂရုစိုက် ငါနင်စားဖို့
ထမင်းပန်းကန်နောက်ပြီးကြ
လာပို့ပေးမယ် ဟုတ်ပြီလား……”

မိတုတ်ကဆရာတော်ဦးဂုဏ
အားအမြှီးနှံ့ပြလေသည်။

============

“အရှင်ဘုရားမိတုတ်ကို
တွေ့ခဲ့လား ”

“တွေ့ခဲ့တယ် မိတုတ် သားကျနေလို့
ထွက်မလာတာ”

“ဟာဟုတ်လား ဘုရား
ဘယ်နှကောင်ကျတာလဲဘုရား”

“လေးကောင်တည်းကျတာ
ပြီးရင်သူစားဖို့ထမင်းပို့ပေးရဦးမယ်
မနေ့ကတည်းက ဘာမှမစားရသေးတော့သူလည်းဆာနေရှာမှာ”

“နေနေ တပည့်တော်သွားပို့
လိုက်မယ်ဘုရား။
ခွေးပေါက်လေးတွေလည်း
ကြည့်ရင်းနဲ့ပေါ့”

“အေး…ဒါဖြင့်ဆွမ်းဟင်းကျန်တာ
လေးနဲ့နယ်ပြီးသွားကျွေးလိုက်စမ်း
ကိုရင်”

“တင်ပါ့ဘုရား”

============

သားကျပြီး၇ရက်မြောက်သည့်
ညတွင်တော့မိုးကြီးလေကြီးများ
ကျရောက်ခဲ့လေသည်။

“ဂျိန်း ဂလိမ်း”

“ဝေါ ဝေါဝေါ ”

“ဂျွတ်ဂျွတ် ဖြောင်း”

“အုံး”

လေပြင်းများကြောင့် သစ်ပင်ကြီးများ
ကျိုးကျကြလေသည်။

“ဒုက္ခပါပဲ မိုးတွေလေတွေကလည်း
ကြမ်းလှပါဘိ။
မိတုတ်ကလည်း ကျောင်းတိုက်ထဲလာနေခိုင်းလည်း
ဘယ်လိုမှပြောမရ ကလေးတွေတော့
အအေးပက်သေကုန်တော့မှာပဲ”

“အရှင်ဘုရားအဲ့သလောက်လည်း
စိုးရိမ်မနေပါနဲ့ ဘုရား။
မိတုတ်ကအဲ့ဒီထင်းပုံအောက်မှာ
နေလာတာဘယ်လောက်ကြာပြီလဲ၊တစ်ခါမှဖျားတာနာတာမျိုး
မဖြစ်ဖူးပါဘူးဘုရား”

“အဲ့ဒါအရင်ကလေ…
အခုဟာကသားပေါက်လေးတွေနဲ့
သားကျထားတာမှ၇ရက်ပဲ
ရှိသေးတာမလား ဦးဇင်းက
စိုးရိမ်လို့ပြောတာပါ……”

“တပည့်တော်သွားခေါ်လိုက်ရမလား
ဘုရား”

“နေပါစေတော့ မိုးလေတွေဒီလောက်
ကြမ်းနေတာ ဘာမှတော့ မဖြစ်လောက်ပါဘူး”

“ဝေါ ဝေါ ဝေါ”

“ဝုန်း”

မိုးများသည်းထန်စွာရွာသွန်း
မှုကြောင့်မြေသားများပျော့အိကာ
သုခနိဗ္ဗာန်ကျောင်းတိုက်ကြီး
၏ ဆွေးမြေ့နေသော အုတ်တံတိုင်းမှာ
ပြိုလဲကျသွားတော့သည်။

=============

“အ အ အအ”

“က်လိ က်လိ က်လိ”

မနက်လင်းတော့နေရောင်က
ပတ်ဝန်းကျင်သို့ထိုးဖောက်ကာ
ဝင်ရောက်လာခဲ့လေသည်။

“အရှင်ဘုရား အရှင်ဘုရား”

ကျောင်းတိုက်ထဲသို့
အပြေးအလွှားရောက်လာသည့်
ကိုရင်လေးကြောင့် ဆရာတော်ဦးဂုဏ
ဘုရားကန်တော့ခြင်းမှ
ရပ်တန့်သွားရလေသည်။

“ကိုရင် ဘာများလဲကွယ့်
အလန့်တကြားရှိလိုက်တာ”

“အရှင်ဘုရား မိ မိတုတ်လေ”

“မိတုတ် ဘာဖြစ်လဲ”

“မိတုတ်နေတဲ့ ထင်းပုံကြီးအပေါ်ကို
အုတ်တံတိုင်းကြီးပြိုကျပြီး အောက်မှာ
မိတုတ်ပိနေတယ်ဘုရား”

“ဟေ…မဖြစ်ဘူး မဖြစ်ဘူး
မြန်မြန်သွားကြည့်ဦးမှ”

“ဒုက္ခပါပဲ”

ဆရာတော်ဦးဂုဏလည်း
ကိုရင်လေးနဲ့အတူမိတုတ်နေသည့်ထင်းပုံကြီးဆီသို့ ရောက်လာခဲ့လေသည်။

“ဘုရားဘုရား မနေ့ညက
မိုးတွေလေတွေကြီးပြီး အုတ်တံတိုင်း
ပြိုကျသွားပုံပဲ။
ကိုရင်တခြားကိုရင်တွေနဲ့ ဦးပဇ္ဇင်းတွေကိုပါ သွားခေါ်လာခဲ့
မြန်မြန်”

“တင်ပါ့ဘုရား”

ကိုရင်လေးထွက်သွားတော့
ဆရာတော်ဦးဂုဏလည်း ပြိုကျနေသည့်
အုတ်များအားဖယ်ရှားရှင်းလင်း
နေသည်။

မကြာမီကျောင်းတိုက်အတွင်းမှ
သံဃာများရောက်လာကြပြီး
ပြိုကျပျက်စီးနေသည့် အုတ်ပုံများအား
ဖယ်ရှားလိုက်ကြလေသည်။

ထင်းတုံးကြီးများကိုလည်း
ခက်ခက်ခဲခဲဖယ်ကာမိတုတ်အား
ရှာဖွေကြလေသည်။

“တွေ့ပြီ အရှင်ဘုရား ဒီမှာ”

“ဟင်…”

“ဟာ…x

“အလိုလေး ဘုရားဘုရား
မိတုတ်ခန္ဓာကိုယ်တစ်ခုလုံးလည်း
သွေးအလိမ်းလိမ်းထွက်နေပါလား
ခွေးပေါက်လေးတွေရော
မတွေ့ပါလား……”

“ဟာ…မိတုတ်အောက်မှာ
လှုပ်လှုပ်လှုပ်လှုပ်နဲ့ ခွေးလေးတွေ
ထင်တယ်ဘုရား”

“ဟေ…မှန်းစမ်း”

ဆရာတော်လည်းမိတုတ်၏
အောက်သို့လှန်ကြည့်လိုက်သည်။

“ဟင်.”

“ဟာ”

မိတုတ်၏အောက်တွင် ခွေးပေါက်လေး
လေးကောင်အားအသက်ရှင်လျက်
တွေ့လိုက်ကြရသည်။

“အင်း…အင်မတန်မှကြီးမားတဲ့
မေတ္တာပါလား။
သူ့အသက်ကိုတောင်မငဲ့ပဲ
သာသမီးအပေါ်မှာ အသက်နဲ့လဲပြီး
ကာကွယ်စောင့်ရှောက်သွားတဲ့
မိခင်မေတ္တာပါလား……”

“ဒါဆိုမိတုတ်က ကလေးတွေ
အပေါ်ကနေအုပ်မိုးပြီး သူကအသေခံ
သွားကာကွယ်သွားတာပေါ့ ဘုရား”

“ဟုတ်တယ် ကိုရင်
ဒါဟာကြီးမားတဲ့မေတ္တာတရားပဲ။
သားသမီးကိုမိုးဒဏ်လေဒဏ်က
ကာကွယ်ပေးရင်း သူကိုယ်တိုင်က
အသက်နဲ့ရင်းပြီး ကာကွယ်သွားတာပဲ
မိခင်ဆိုတာသားသမီးကို အသက်နဲ့ရင်းပြီး မွေးဖွားခဲ့ကြသလို
ဟောအခုကြည့်လိုက် သားသမီးကို
အသက်နဲ့ရင်းပြီး ကာကွယ်သွားတာပဲမဟုတ်လား”

“မိတုတ်အဖြစ်ကဆိုးလိုက်တာ
အရှင်ဘုရား”

“အင်း…ဒါဟာလည်းအကျိုးကြောင့်
အကြောင်းတရားဖြစ်လာရတာပဲ။
သူ့ကံကိုကအခုလိုဖြစ်ဖို့ ပါလာတာကိုး
ဦးဇင်းတို့ ဘယ်တတ်နိုင်ပါ့မလဲလေ။
မိတုတ်ကိုမြေမြှုပ်ဖို့ပဲ လုပ်ကြတာပေါ့”

“တင်ပါ့ဘုရား…”

သားသမီးကိုအသက်နဲ့ရင်းကာ
ကာကွယ်သွားသည့်ခွေးမိခင်ကြီး
မိတုတ်အားသုခနိဗ္ဗာန်ကျောင်းတိုက်ကြီးရဲ့မြေနေရာအတွင်းမှာပင်
မြေမြှုပ်လိုက်ကြတော့သည်။

ခွေးပေါက်ကလေး၄ကောင်ကိုတော့
ဆရာတော်ဦးဂုဏ၏ ကျောင်းတိုက်
အတွင်း၌ကောင်းကောင်းမွန်မွန်
စောင့်ရှောက်ခဲ့ကြတော့သည်။

ရှယ်ပေးသွားကြပါအုံးနော်။

ပြီးပါပြီ…
#အောင်ဓူဝံ