“ကြွေးဟောင်း” (စဆုံး)

Unicode Verion

“ကြွေးဟောင်း” (စဆုံး)
—————————-
၁၉၉၀ ခုနှစ်ဝန်းကျင်ခန့်ကဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ၊ ရွှေလင်ပန်းကျေးရွာတွင် ဘုရားထီးတင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေချိန်ဖြစ်သည်။ မိုးဦးကျကာလမို့ မိုးက တဖွဲဖွဲရွာနေသည့်တိုင် အလှူရှင်များနှင့် ဘုရားပွဲလာ ပရိတ်သတ်များက မိုးထဲရေထဲတွင် စောင့်မျှော်နေလျှက်ရှိသည်။ မကြာခင် ဆရာတော် အရှင် အာစာရ ကဦးဆောင်ကာ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ဘုရားအားလက်ယာရစ် လှည့်ပတ်သယ်ဆောင်ပြီးနောက် ဘုရားငြမ်းမှတဆင့် စိန်ဖူးတော်တင်လှူပူဇော်ကြသည်။ ထို့နောက် ထုံးစံအတိုင်း ရတနာရွှေမိုးငွေမိုးများအဖြစ် ပိုက်ဆံများကို ကြဲချကြသည်။ ပိုက်ဆံများမှာ မိုးသက်လေနှင့်အတူ အောက်မှ လူပရိတ်သတ်များအပေါ်သို့ တလွင့်လွင့်ဖြင့် ကျဆင်းသွားကြတော့သည်။
ဘုရားဘွဲ့အမည်ကို ရွှေရင်အေး စေတီတော်ဟု အမည်ပေးထားပြီး ဉာဏ်တော် ၁၈ တောင်မြင့်သည့် စေတီကလေးဖြစ်သည်။ စေတီတွင် မုခ်လေးခုရှိပြီး ဘုရားဆင်းတုတော်လေးဆူကို ထုလုပ်ပူဇော်ထားလေသည်။ စေတီတော်အတွင်း တန်ဆောင်းတစ်ခုနှင့် စကြံနတ်လမ်းတစ်ခုရှိပြီး စေတီဝန်းကျင် ရင်ပြင်တော်ကို သံမံတလင်းခင်းထားသည်။ ဆရာတော် အရှင် အာစာရ ကရွာခံဆရာတော်မဟုတ်ဘဲ နယ်လှည့်သာသနာပြုဆရာတော်ဖြစ်သည်။ ယခုလဲ ရွှေရင်အေး စေတီကို ဆရာတော်က ဦးဆောင်၍ ရွာခံများဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်သည်။
“ဆရာတော်ဘုရား ထူးဆန်းတာ တစ်ခုဖြစ်နေပါတယ် လာကြည့်ပါဦးဘုရား”
ကျေးရွာလူကြီးက ခေါ်သဖြင့် ဆရာတော်လဲ တန်ဆောင်းထဲမှထွက်လာခဲ့သည်။ စေတီလေး၏ မြောက်ဘက်ထောင့်တွင် လူများက စုရုံးပြီး အုံခဲနေကြသည်ကို တွေ့လိုက်ရသဖြင့် ဆရာတော်ကလဲ ထူးဆန်းတာ တစ်ခုခုဖြစ်နေပြီဟု ထင်မှတ်လိုက်သည်။ ဆရာတော်နှင့် လူကြီးများ ရောက်လာတော့ လူအုပ်ကြီးက ဆရာတော်ကို လမ်းဖယ်ပေးလိုက်ကြသည်။
“အလို”
ဆရာတော်လဲ အံ့သြပြီး ရေရွတ်လိုက်မိသည်။ ကျွဲကြီးတစ်ကောင်က ဘုရားရင်ပြင်တွင် ဝပ်နေပြီး ဘုရားကို ဦးတိုက်နေသည်။ ထိုကျွဲကြီး၏ မျက်လုံးများမှလဲ မျက်ရည်များက တသွင်သွင် စီးကျနေသည်။
“ကျွဲကြီးက ဘုရားလာဖူးတာဟေ့”
“ဟုတ်ပ မျက်ရည်တွေလဲ ကျလို့တော်”
“နတ်တွေကများဖန်ဆင်းပြီးလာသလားမသိဘူး”
ဝိုင်းကြည့်နေကြသည့် ပရိတ်သတ်မှ တစ်ယောက်တစ်မျိုးဖြင့် ထင်ကြေးဝိုင်းပေးနေကြသည်။ ဆရာတော်ကတော့ ကျွဲကြီးကိုကြည့်ပြီး ဂရုဏာသက်မိသွားကာ ကျွဲကြီးအနားသို့ ကပ်သွားလိုက်သည်။ ထို့နောက် ကျွဲကြီး၏ ချို(ဂျို) အလယ်နေရာကို လက်ဖြင့်အသာလေး သပ်ပေးလိုက်သည်။ ကျွဲကြီးမှာ ခွေးငယ်ကလေးပမာ ဆရာတော်၏ လက်ဖြင့် ပွတ်ပေးမှုကို ခေါင်းငုံ့ခံနေပြီးနောက် မျက်ရည်များလဲ တသွင်သွင်စီးကျလာပြန်သည်။
“ကျွဲကြီးရေ မင်းဘာကြောင့် ဒီလိုဖြစ်နေရတာလဲတော့ ဆရာတော်မသိဘူး၊ ဒါပေမယ့် ရွှေရင်အေးစေတီကို လာရောက်ဖူးမျှော်ရတဲ့ အကျိုးကြောင့် မင်းခံစားနေရတဲ့ အပူတွေငြိမ်းပြီး ရင်အေးနိုင်ပါစေလို့ ဆရာတော် ဆုတောင်းပေးလိုက်ပါတယ်”
ဆရာတော် ပြောလိုက်တော့ ကျွဲကြီးက ခေါင်းကိုမြေကြီးနှင့် ထိအောင် ကပ်လိုက်ပြီး ဦးချသည့်ပုံစံပြုလုပ်လိုက်သည်။ ထို့နောက် ကျွဲကြီးက ထရပ်လိုက်ပြီးနောက် ပရိတ်သတ်များကြားမှ လယ်ကွင်းများအတွင်းသို့ လေးလံသော ခြေလှမ်းများနှင့် တစ်လှမ်းခြင်းထွက်သွားလေတော့သည်။
ထိုနေ့ည
“အရှင်ဘုရား . . . အရှင်ဘုရား”
ဆရာတော်လဲ ခေါ်သံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ အချိန်က ညည့်သန်းခေါင်ယံဖြစ်နေပြီး ညည့်နက်နေပြီဖြစ်သည်။ ဆရာတော်ကြည့်လိုက်တော့ အဝတ်အစားနွမ်းနွမ်းနှင့် လူတစ်ယောက် ဆောင့်ကြောင့်ကလေးထိုင်နေသည်ကိုတွေ့ရသည်။
“ဘယ်သူတုန်းဟဲ့”
“မှန်ပါ၊ လက်ပံရွာက သိန်းတန်ပါဘုရား”
ဆရာတော်က မျက်မှောင်ကြုတ်လိုက်သည်။
“ငါလဲ မသိပါလား”
ထိုအခါ ထိုသူက ဆရာတော်ကို ပြုံးပြလိုက်သည်။
“ဆရာတော် နေ့လည်က တွေ့ခဲ့တဲ့ ကျွဲကြီးပါ”
“ဟေ”
ဆရာတော်က အံ့သြပြီး ရေရွတ်လိုက်လေသည်။
“ကျွဲကြီးက ဘယ်လိုလုပ် လူဖြစ်သွားသလဲကွဟေ”
“တင်ပါ့။ ကွင်းပိုင်ကြီးဆီ ခွင့်တောင်းပြီး ဆရာတော့်ကို ပြောစရာရှိလို့ လာတွေ့ရခြင်းဖြစ်ပါတယ်”
ဆရာတော်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
“ကဲ ပြောပါဦး၊ ဘာပြောစရာရှိလဲ”
“တပည့်တော်ကို ဆရာတော် ကယ်တင်ပေးပါဘုရား”
“ဆရာတော်က ခုနှစ်ရက်သားသမီးတွေ အားလုံးကို ကယ်တင်နိုင်တယ်ဆိုရင် ကယ်တင်ပေးပါတယ်၊ မင်းက ဘာအခက်အခဲဖြစ်နေလို့လဲကွ”
“မှန်ပါ တပည့်တော် ကြွေးဟောင်းတစ်ခုကြောင့် ကျွဲဖြစ်ပြီး ကြွေးပြန်ဆပ်နေရလို့ပါဘုရား”
“မင်းပြောတာ အဆန်းပါလား၊ ဘယ်လိုအကြွေးဟောင်းကြောင့်လဲ”
ထိုအခါ လက်ပံရွာက ဦးသိန်းတန်ခေါ်ကျွဲကြီးသည် သူ့အဖြစ်အပျက်များကို ဆရာတော်အား ပြောပြလေတော့သည်။
(မှတ်ချက်၊ ဦးသိန်းတန်က အမြန်အတိုချုံ့ပြီးပြောသော်လည်း ရသမြောက်စေရန် စီကာပတ်ကုံး ပြန်လည်ရေးသားပါမည်)
(၂)
လက်ပံရွာ။ ရွှေလင်ပန်းရွာနှင့် ရွာချင်းကပ်ဖြစ်သည်။ လက်ပံရွာတွင် ဦးသိန်းတန်နှင့် မိသားစုနေထိုင်လေသည်။ ဦးသိန်းတန်ထံတွင် ဦးစံရွှေဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိသည်။ ဦးသိန်းတန်ကော ဦးစံရွှေပါ လယ်သမားများဖြစ်ကြသည်။ ဘိုးစဉ်ဘောင်ဆက် ထိုရွာတွင် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသူများဖြစ်သည်။ ဦးသိန်းတန်နှင့် ဦးစံရွှေမှာ ငယ်သူငယ်ချင်းတွေလဲဖြစ်ပြန်၊ လယ်နီးချင်းတွေလဲ ဖြစ်သဖြင့် အလွန်ခင်မင်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ဘယ်လိုပြောပြော၊ ဘယ်လိုဆိုဆို စိတ်မဆိုးကြ။
တစ်နေ့တော့ ဦးသိန်းတန်နှင့် ဦးစံရွှေ ကျိုက်လတ်သို့ ထွက်ခဲ့ကြသည်။ စပါးဈေး စုံစမ်းရန်ဖြစ်သည်။ ကျိုက်လတ်ရောက်တော့ ဦးသိန်းတန်တို့ စုံစမ်းသင့်သည်များ စုံစမ်းပြီး ကျိုက်လတ်ဈေးသို့ ဝင်ကာ လိုအပ်သည့် ပစ္စည်းကိရိယာများကို ဝယ်ယူကြသည်။ အစက ပစ္စည်းဝယ်ရန် မစီစဉ်ထားသော်လည်း ပစ္စည်းများမှာ အရည်အသွေးကောင်းပြီး ထိုပစ္စည်းမျိုးရခဲသည်မို့ နှစ်ဦးသား တစ်ခါတည်းဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ဦးသိန်းတန်မှာ ငွေများများစားစားမပါ။ လယ်ယာသုံး ကိရိယာကလဲ ပစ္စည်းကောင်းတုန်း၊ ဈေးတန်တုန်း၊ ကြုံတုန်းဝယ်ထားတာ တော်ကာကျမည်ဖြစ်သည်။ သို့နှင့် ဦးစံရွှေထံ ငွေချေးရတော့သည်။
“စံရွှေ၊ မင်းမှာ သုံးရာလောက်လွယ်သလား”
“အေးကွ သိန်းတန်ရ၊ မင်းလိုလို့လား”
“အေးကွာ၊ မင်း အဲ့ဒီ သုံးရာ ငါ့ကို ခဏချေးထားပါကွာ၊ ငါစပါးရောင်းပြီးတော့ မင်းကိုပြန်ဆပ်ပါ့မယ်”
“အချင်းချင်းတွေပဲကွာ ပြောစရာလိုသေးလို့လား၊ ရော့ သုံးရာ”
သို့နှင့် သူငယ်ချင်းနှစ်ယောက် အတူတူ ပစ္စည်းများကို ဝယ်ယူကာ ပြန်ခဲ့ကြသည်။
(ထိုခေတ်က သုံးရာမှာ ယခုခေတ် သုံးသောင်းလောက်နှင့် ညီမျှသည်)
သို့သော် စပါးရောင်းပြီးတော့ ဦးသိန်းတန်မှာ ထိုအကြွေးကို မဆပ်ဖြစ်။ သတိမရသောကြောင့်ဖြစ်သည်။ ဦးစံရွှေကလဲ သူငယ်ချင်းဦးသိန်းတန်ကို ငွေလေးသုံးရာလောက်နှင့် မတောင်းတော့။ ဒီတော့ ကြာတော့ ဦးသိန်းတန်လဲ ထိုသုံးရာကို မေ့လာသည်။ ဦးစံရွှေကလဲ ပြန်မတောင်းတော့။
သို့နှင့် လေးငါးနှစ်ခန့်အကြာတွင် ဦးသိန်းတန်တစ်ယောက် ကြမ္မာငင်လေပြီ။ ဦးစံရွှေနှင့် နှစ်ယောက်သား ရွာလယ်က အလှူပွဲသို့သွုားကြလေသည်။ စပါးပေါ်ချိန်တွင် ကျင်းပသည့် ရှင်ပြုပွဲဖြစ်သည်။ ရှင်ပြုပွဲတွင် ဒံပေါက်ကျွေးသည်။ ထိုခေတ်က ဒံပေါက်မှာ ကျေးလက်နေပြည်သူများ စားရခဲသည်။ မြို့ကြီး ပြကြီးများတွင်သာ စားလို့ရနိုင်ပေသည်။ ထို့ကြောင့် ဦးသိန်းတန်တို့ ဒံပေါက်များကို အပီစားသောက်ကြတော့သည်။
ဦးသိန်းတန်မှာ ဒံပေါက်လဲ အလွန်ကြိုက်သည်။ မြို့တက်တော့မှ တစ်ခါ နှစ်ခါ စားဖူးသည်မို့ အခု ရွာရှိအလှူတွင်အလကားကျွေးသော ဒံပေါက်ကို အလွန်ကြိုက်နှစ်သက်နေသည်။ ဒံပေါက်နှင့် ကြက်သားဟင်းသည် ဟင်းခတ်အမွှေးအကြိုင်များများဖြင့် အလွန်စားကောင်းလေသည်။ ဦးသိန်းတန်က ဒံပေါက်ကို သုံးပွဲခန့် အဝစားသောက်လိုက်သည်။ ထို့နောက် စားပြီးသောက်ပြီးတော့ ဦးစံရွှေနှင့်အတူ ပြန်လာကြသည်။
ရွာလယ်လမ်းအရောင် ဦးသိန်းတန် ခေါင်းတွေ မူးလာလေသည်။ ချွေးစေးတွေလဲ ထွက်လာသည်။ အတူလာသည့် ဦးစံရွှေက ဦးသိန်းတန်အခြေအနေကို သိသဖြင့် လက်ကိုဖမ်းဆွဲထားရသည်။
“သိန်းတန်၊ ဟေ့ကောင် ဘာဖြစ်တာလဲ”
“ခေါင်း . . . ခေါင်းတွေတအားမူးပြီး ချာချာလည်နေလို့ကွ”
ထို့နောက် အလွန်ပြင်းထန်လှသည့် အားတစ်ခုက ဦးသိန်းတန်ကို မြေပြင်ပေါ်မှနေ၍ တွန်းတင်လိုက်သလို ခံစားလိုက်ရပြီး ဦးသိန်းတန် အမှောင်ထုထဲ ရောက်သွားလေတော့သည်။ စင်စစ်မှာ သွေးတိုးရှိသော ဦးသိန်းတန်သည် သွေးတိုးလွန်ပြီး ဦးနှောက်သွေးကြောပြတ်ကာ ဦးစံရွှေလက်ထဲတွင်ပင် သေဆုံးသွားပြီဖြစ်သည်။
“သိန်းတန်၊ သူငယ်ချင်း . . . သိန်းတန်”
ဦးစံရွှေ၏ ခေါ်သံ သဲ့သဲ့ကို နားထဲကြားနေမိသည်။ ထို့နောက် ချက်ချင်းဆိုသလို မျက်လုံးထဲ အလင်းရောင်များကတိုးဝင်လာလေသည်။
“ညွှံ့ . . . ညွှံ့”
ကျွဲအော်သံများကိုလဲ ကျယ်လောင်စွာကြားနေရသဖြင့် ဦးသိန်းတန် မျက်လုံးများကို အတင်းဖွင့်ကြည့်လိုက်သည်။ ထိုအခါ ကျွဲမကြီးတစ်ကောင်ကို မြင်လိုက်ရပြီးနောက် ကျွဲမကြီးက ဦးသိန်းတန်ကို ကြမ်းတမ်းသည့် လျှာကြီးဖြင့် လျှက်နေလေသည်။
“အလို ငါဘာဖြစ်နေပါလိမ့်”
မျက်လုံးများမှာ အလင်းရောင်ကိုမြင်ရသော်လည်း ဝေဝါးနေသည်။ ဦးသိန်းတန်လဲ အားယူပြီး ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သည်။ သူက တင်းကုပ်တစ်ခုထဲတွင် ရောက်နေခြင်းဖြစ်သည်။ ထိုအခါ ဦးသိန်းတန်လဲ လန့်သွားပြီး သူ့လက်တွေကို ကြည့်မိလိုက်သည်။ မည်းနက်သည့် အသားအရေနှင့် ခွာတွေကိုတွေ့လိုက်ရသည်။
“ဟာ . . . . ငါကျွဲဖြစ်နေပြီပဲ”
(၃)
ဟုတ်ပါသည်။ ဦးသိန်းတန်တစ်ယောက် ရွာထဲရှိ ဦးစိန်၏ ကျွဲမကြီးထံတွင် သွားပေါက်လေသည်။ ထို့နောက် ကျွဲအဖြစ်နှင့် နေထိုင်ရတော့သည်။ တစ်ခုရှိတာက ဦးသိန်းတန်က ဘဝကူးတာမြန်သဖြင့် အရင်ဘဝကို မှတ်မိနေခြင်းဖြစ်သည်။ ဦးစိန်ထံတွင် နှစ်နှစ်ခန့်နေထိုင်ပြီးနောက် တစ်နေ့ ဦးစံရွှေ ဦးစိန်ဆီသို့ရောက်လာသည်။
“ပြော၊ စံရွှေ ဘာကိစ္စ”
“ဒီနှစ် မြေရိုင်းတွေ လုပ်မလားလို့၊ ကျွဲလေးတစ်ကောင်လောက် ဝယ်မယ်”
“ဒါဆိုရင် တနှစ်ကပေါက်တဲ့ ကျွဲထီးလေးကို ကြည့်ပါလား၊ နောက်ဆိုရင် ခိုင်းကောင်းတော့မှာ”
ဦးစံရွှေက ကျွဲတင်းကုပ်ထဲဝင်လာသည်။ ထိုအခါ ဦးသိန်းတန်ကို တွေ့သွားပြီး ကျေနပ်သွားတော့သည်။
“ယူမယ်ဗျာ၊ ဒီကောင်လေးကို ကျုပ်ကြိုက်တယ်”
ငွေချေပြီးတော့ ဦးစံရွှေက ကျွဲကလေးကို မောင်းလာခဲ့သည်။ လမ်းလျှောက်ရင်း ဘာရယ်မဟုတ်ဘဲ ကျွဲကလေးကို ကြိမ်လုံးကြီးဖြင့် တင်ပါးကို ခဏခဏရိုက်လေသည်။
ထို့နောက် တစ်သက်လုံး ဦးစံရွှေနှင့်အတူ ဦးသိန်းတန်က ကျွဲအဖြစ်နှင့် ရုန်းရတော့သည်။ ဦးစံရွှေကလဲ ဦးသိန်းတန်ကို ကျွဲရိုက်နွားရိုက် ရိုက်လေသည်။ ရုန်းရတာလဲ အလွန်ပင်ပန်းလေသည်။ မြေရိုင်းများမှာ ထွန်ယက်ရန် အလွန်ခက်ခဲလေသည်။ ကျွဲမှာ နွားထက်ကြံ့ခိုင်ပြီး ကရိကထလဲ နည်းသဖြင့် အများစုမှာ ကျွဲဖြင့် ထွန်ယက်ကြလေသည်။ ဦးသိန်းတန်မှာ သူချေးခဲ့သည့် ငွေသုံးရာအတွက် ဘဝနှင့်ရင်းပြီး ပင်ပန်းဆင်းရဲစွာဖြင့် ကျွဲအဖြစ်ဆပ်ရလေပြီ။
“ဒါဆို မင်းကျွဲဖြစ်ပြီး စံရွှေဆီမှာ လုပ်နေတာ ဘယ်လောက်ကြာပြီလဲ”
“တပည့်တော်လဲ သေချာမသိတော့ပါဘူးဘုရား၊ ခန့်မှန်းခြေ လေးငါးဆယ်နှစ်လောက် ရှိရောပေါ့ဘုရား”
“အင်း . . . အကြွေး . . . အကြွေး သိပ်ပြီးကြောက်စရာကောင်းပါလား၊ ဒါနဲ့လေ စံရွှေက မင်းဆီက ပြန်မှမတောင်းတာ၊ မင်းအကြွေးတွေက မကျေဘူးလား”
“မကျေပါဘုရား၊ အကြွေးဆိုတာ ပြန်ဆပ်မှ ကျေပါတယ်တဲ့”
“အင်း၊ ဒါဆိုဒီလိုလုပ်လေ၊ မင်းချေးခဲ့တဲ့ အကြွေးကို ငါစံရွှေဆီသွားပြီး ဆပ်ပေးမယ်ဆိုရင်ကော”
ထိုအခါ ဦးသိန်းတန်က ခေါင်းခါလေသည်။
“မရပါဘုရား၊ အကြွေးယူတဲ့သူကိုယ်တိုင်ဆပ်မှ ရမှာပါ”
ဆရာတော်လဲ ကတုံးကို လက်ဖြင့်ပွတ်လိုက်လေသည်။
“ဒါဖြင့် ဘယ်လိုလုပ်ပေးရမလဲ”
“တပည့်တော် ပြောသလိုသာ စီစဉ်ပေးပါဘုရား”
သို့နှင့် ဆရာတော် တစ်ယောက် ရန်ကုန်မပြန်ဖြစ်သေးဘဲ လက်ပံရွာသို့ ခရီးဆက်ခဲ့ရပြန်သည်။ ရွှေလင်ဗန်းမှ ဒါယိကာများက လှည်းဖြင့် လိုက်ပို့ပေးကြသည်။ ရွှေလင်ဗန်းရောက်တော့ ဦးစံရွှေအိမ်သို့ စုံစမ်းပြီး သွားရတော့သည်။ ဦးစံရွှေက ထိုနေ့က လယ်ထဲမသွား၊ အသက်အရွယ်လဲ ရလာပြီဖြစ်သဖြင့် သားသမီးများကို လုပ်ကိုင်စေသည်။ ဆရာတော် ရုတ်တရက်ကြွလာတော့ ဦးစံရွှေက အံ့သြသွားလေသည်။
“ဆရာတော်က ဘာအတွက်ကြောင့် ကြွလာတာလဲဘုရား”
ထိုအခါ ဆရာတော်က ဦးစံရွှေကို ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။ ဦးစံရွှေကလဲ ယုံတစ်ဝက် မယုံတစ်ဝက်နှင့်။ သို့သော် ပြောပြသည့် ဆရာတော်ကလဲ နယ်လှည့်သာသနာပြု ဆရာတော်ဖြစ်နေသဖြင့် ယုံလိုက်ရလေသည်။
” ဟုတ်တော့ ဟုတ်မယ် ဆရာတော်ရဲ့၊ ဒီကျွဲကလေးကို တပည့်တော် မြင်ကတည်းက ဘယ်လိုရိုက်ချင်မှန်းကိုမသိဘူး၊ စိတ်ထဲမှာ အလကားနေရင်း ရိုက်နှက်ချင်စိတ်တွေပေါ်လာတယ်၊ နောက်ပြီး ကျွဲလေးကလဲ ခိုင်းကောင်းတော့ သူ့ချည်းပဲ ဒိုင်ခံ ခိုင်းနေမိတာ”
ပြောနေရင်း ဦးစံရွှေမှာ မျက်ရည်တွေစို့လာသည်။ ထိုအခါ ဆရာတော်က ဦးစံရွှေကို ထီလတ်မှတ် သုံးစောင်ထုတ်ပေးလိုက်သည်။ ဦးစံရွှေက ထီလက်မှတ်များကို ယူလိုက်လေသည်။
“ဘာလုပ်တာလဲ အရှင်ဘုရား”
“မင်းသူငယ်ချင်း သိန်းတန်မှာတဲ့အတိုင်း ငါလုပ်ပေးတာပဲ”
ဆရာတော်ကထိုသို့ပြောပြီး ကျွဲတင်းကုပ်ကို ဆင်းကြည့်သည်။ ဦးစံရွှေလဲ နောက်ကနေလိုက်လာလေသည်။ ဆရာတော်ကို မြင်သည်နှင့် ဦးသိန်းတန်ကျွဲကြီးက အမေတွေ့သည့် ကလေးလေးတစ်ယောက်လို ဆရာတော်အနားရောက်သည်နှင့် ဆရာတော်ကိုခေါင်းဖြင့် ပွတ်သပ်နေလေသည်။ ထို့နောက် ဦးစံရွှေက ကျွဲခေါင်းကို ပွတ်သပ်ပေးနေလေသည်။
“ငါတောင်းပန်ပါတယ်၊ သူငယ်ချင်းရာ၊ မင်းမှန်းမသိလို့ ငါရိုက်မိခဲ့ ခိုင်းမိခဲ့ပါတယ်၊ ငါ့ကို ခွင့်လွှတ်ပါကွာ”
ပြောရင်း ဦးစံရွှေ၏ မျက်ဝန်းများမှာ မျက်ရည်များ စီးကျလာလေသည်။ ကျွဲကြီး၏ မျက်ဝန်းမှလဲ မျက်ရည်များ စီးကျနေလေသည်။
(၄)
ဆရာတော်က ခြောက်လကျော်မှ ရန်ကုန်ရှိ ဘုန်းကြီးကျောင်းသို့ ပြန်ရောက်တော့သည်။ အထက်အညာဒေသသို့ နယ်လှည့်သာသနာပြု ခရီးစဉ်တွေ ထွက်နေရသဖြင့် ကျောင်းကိုအခုမှပဲပြန်ရောက်သည်။ ကျောင်းတွင် သုံးရက်ခန့်နားပြီးသော် ကျောင်းကိုရောက်နေသည့် စာများကို ဖွင့်ဖောက်ကြည့်ရသည်။ စာများမှာ ဆရာတော်၏ လက်ထောက်ဆရာတော်များက ဖွင့်ဖောက်ဖတ်ပြီး စာပြန်သင့်သည်များ၊ အလှူကိစ္စ၊ သာသနာရေးနှင့်ဆိုင်သည့် ကိစ္စများကို စီမံပြီဖြစ်သည်။ ကျန်သည့်စာများမှာ အနယ်နယ်အရပ်ရပ်မှ လူပုဂ္ဂိုလ်များ၊ မိတ်ဆွေများမှ ပို့ထားသည့် စာများဖြစ်သည်။
အတန်ကြာစာဖတ်ပြီးနောက် စာအိတ်ကလေးတစ်စောင်ကိုတွေ့လိုက်ရသည်။
“မှ ဦးစံရွှေ၊ လက်ပံရွာ၊ ကျိုက်လတ်မြို့နယ်”
ထိုလိပ်စာကလေးကို ဖတ်လိုက်ရသဖြင့် လွန်ခဲ့သော ခြောက်လကျော်က ဖြစ်ခဲ့သည့် အဖြစ်အပျက်ကလေးကို ပြန်သတိရသွားပြီး သိချင်စိတ်ဖြင့် စာကိုအမြန်ဖွင့်ဖတ်လိုက်တော့သည်။
“သို့ ဆရာတော် အာစာရ
ဆရာတော် ပေးခဲ့တဲ့ ထီလက်မှတ်ကလေးက ထီ ၃ သောင်းဆုပေါက်ပါတယ်ဘုရား၊ ဆရာတော်ပြန်သွားပြီးကတည်းက တပည့်တော်လဲ ဦးသိန်းတန်ကျွဲကို အလုပ်မခိုင်းတော့ပဲ ကောင်းကောင်းမွန်မွန် ကျွေးမွေးပါတယ်ဘုရား၊ ထီပေါက်ပြီးတော့ တပည့်တော်လဲ အဲဒီကျွဲကြီးကို ဦးချိုအဖြားမှာ ရွှေချပြီးတော့ ဘေးမဲ့လွှတ်ပေးလိုက်ပါတယ်ဘုရား၊
အရှင်ဘုရား နောက်တစ်ခါ ရွှေရင်အေးစေတီကိုရောက်ရင် စေတီအနီးတစ်ဝိုက်မှာ ဘေးမဲ့ကျက်စားနေတဲ့ ဦးသိန်းတန် တဖြစ်လဲ ကျွဲကြီးကို မြင်တွေ့ရမှာပါဘုရား၊ ဆရာတော်ဘုရား အသက်ရှည်ကျန်းမာပြီး သာသနာ့တာဝန်တွေကို ထမ်းဆောင်နိုင်ပါစေလို့ တပည့်တော့ ဆုတောင်းပေးနေပါတယ်ဘုရား။
စံရွှေ
လက်ပံရွာ”
ဟု မညီမညာရေးသားထားသည့် စာလုံးများကို ဆရာတော်က ဖတ်ပြီးပြုံးလိုက်မိသည်။ ဆရာတော်၏ ရင်တွင် သူတစ်ပါးကို ကူညီကယ်တင်လိုက်ရသည့် ပီတိတစ်မျိုးဖြစ်ပေါ်သွားလေသည်။ ထို့နောက်ဆရာတော်သည် စာကိုစာအိတ်ကလေးထဲ ပြန်ထည့်လိုက်ပြီး စဉ်းစားနေလိုက်မိသည်။ ဆရာတော် စဉ်းစားနေသည်မှာ အလွန်ကြောက်စရာကောင်းသည့် အကြွေးဟူသော စကားကိုပင်ဖြစ်သည်။
နှစ်လုံးတည်းနှင့် အလွန်ကြောက်စရာကောင်းလှသည်။ ကြွေးရှင်က ပြန်မတောင်းသည့်တိုင်အောင် ကြွေးမဆပ်နိုင်သရွေ့ အကြွေးမကျေသေးဘဲ ဖြစ်လေရာဘ၀ ထိုအကြွေးကို လိုက်ဆပ်ရသည့် ဦးသိန်းတန်၏ အဖြစ်ကိုလဲ သံဝေဂရမိသည်။ အကြွေးဟူသည် ပမာဏ နည်းသည် များသည်မဟုတ် ပြန်မဆပ်နိုင်လျှင် ဘဝခြားသည့်တိုင် ပေးဆပ်နေရသည့် ကြောက်စရာ ဝဋ်ကြွေးတစ်ခုပါတကား။
ဖြစ်ရပ်မှန်ဖြစ်ပါသည်။ စာရေးသူ မေးသမျှကို ပြန်လည်ဖြေကြားပေးသည့် ဆရာတော်အားလဲ လက်အုပ်ချီမိုး ရှိခိုးအပ်ပါသည်။ နေရပ်ဒေသ အမှန်ဖြစ်သော်လည်း ရွာအမည်များနှင့် လူအမည်များ ပြောင်းလဲထားခြင်းဖြစ်ပါသည်။ ဆရာတော်အိပ်မက်မက်ခြင်းဖြစ်သော်လည်း ဖတ်ကောင်းစေရန်အတွက် ကျွဲကြီးက လာပြောပြနေသည့်သဖွယ် ရေးသားထားခြင်းဖြစ်ပါသည်။
ကြိုးစားပါဦးမည်
အဂ္ဂဇော်

Zawgyi Version

“ေႂကြးေဟာင္း” (စဆုံး)
—————————-
၁၉၉၀ ခုႏွစ္ဝန္းက်င္ခန႔္ကျဖစ္သည္။
ဧရာဝတီတိုင္းေဒသႀကီး၊ က်ိဳက္လတ္ၿမိဳ႕နယ္ရွိ၊ ေ႐ႊလင္ပန္းေက်း႐ြာတြင္ ဘုရားထီးတင္ပြဲကို ၿခိမ့္ၿခိမ့္သဲသဲ က်င္းပေနခ်ိန္ျဖစ္သည္။ မိုးဦးက်ကာလမို႔ မိုးက တဖြဲဖြဲ႐ြာေနသည့္တိုင္ အလႉရွင္မ်ားႏွင့္ ဘုရားပြဲလာ ပရိတ္သတ္မ်ားက မိုးထဲေရထဲတြင္ ေစာင့္ေမွ်ာ္ေနလွ်က္ရွိသည္။ မၾကာခင္ ဆရာေတာ္ အရွင္ အာစာရ ကဦးေဆာင္ကာ ဘုရားထီးေတာ္၊ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္တို႔ကို ဘုရားအားလက္ယာရစ္ လွည့္ပတ္သယ္ေဆာင္ၿပီးေနာက္ ဘုရားျငမ္းမွတဆင့္ စိန္ဖူးေတာ္တင္လႉပူေဇာ္ၾကသည္။ ထို႔ေနာက္ ထုံးစံအတိုင္း ရတနာေ႐ႊမိုးေငြမိုးမ်ားအျဖစ္ ပိုက္ဆံမ်ားကို ႀကဲခ်ၾကသည္။ ပိုက္ဆံမ်ားမွာ မိုးသက္ေလႏွင့္အတူ ေအာက္မွ လူပရိတ္သတ္မ်ားအေပၚသို႔ တလြင့္လြင့္ျဖင့္ က်ဆင္းသြားၾကေတာ့သည္။
ဘုရားဘြဲ႕အမည္ကို ေ႐ႊရင္ေအး ေစတီေတာ္ဟု အမည္ေပးထားၿပီး ဉာဏ္ေတာ္ ၁၈ ေတာင္ျမင့္သည့္ ေစတီကေလးျဖစ္သည္။ ေစတီတြင္ မုခ္ေလးခုရွိၿပီး ဘုရားဆင္းတုေတာ္ေလးဆူကို ထုလုပ္ပူေဇာ္ထားေလသည္။ ေစတီေတာ္အတြင္း တန္ေဆာင္းတစ္ခုႏွင့္ စႀကံနတ္လမ္းတစ္ခုရွိၿပီး ေစတီဝန္းက်င္ ရင္ျပင္ေတာ္ကို သံမံတလင္းခင္းထားသည္။ ဆရာေတာ္ အရွင္ အာစာရ က႐ြာခံဆရာေတာ္မဟုတ္ဘဲ နယ္လွည့္သာသနာျပဳဆရာေတာ္ျဖစ္သည္။ ယခုလဲ ေ႐ႊရင္ေအး ေစတီကို ဆရာေတာ္က ဦးေဆာင္၍ ႐ြာခံမ်ားျဖင့္ တည္ထားကိုးကြယ္ျခင္းျဖစ္သည္။
“ဆရာေတာ္ဘုရား ထူးဆန္းတာ တစ္ခုျဖစ္ေနပါတယ္ လာၾကည့္ပါဦးဘုရား”
ေက်း႐ြာလူႀကီးက ေခၚသျဖင့္ ဆရာေတာ္လဲ တန္ေဆာင္းထဲမွထြက္လာခဲ့သည္။ ေစတီေလး၏ ေျမာက္ဘက္ေထာင့္တြင္ လူမ်ားက စု႐ုံးၿပီး အုံခဲေနၾကသည္ကို ေတြ႕လိုက္ရသျဖင့္ ဆရာေတာ္ကလဲ ထူးဆန္းတာ တစ္ခုခုျဖစ္ေနၿပီဟု ထင္မွတ္လိုက္သည္။ ဆရာေတာ္ႏွင့္ လူႀကီးမ်ား ေရာက္လာေတာ့ လူအုပ္ႀကီးက ဆရာေတာ္ကို လမ္းဖယ္ေပးလိုက္ၾကသည္။
“အလို”
ဆရာေတာ္လဲ အံ့ၾသၿပီး ေရ႐ြတ္လိုက္မိသည္။ ကြၽဲႀကီးတစ္ေကာင္က ဘုရားရင္ျပင္တြင္ ဝပ္ေနၿပီး ဘုရားကို ဦးတိုက္ေနသည္။ ထိုကြၽဲႀကီး၏ မ်က္လုံးမ်ားမွလဲ မ်က္ရည္မ်ားက တသြင္သြင္ စီးက်ေနသည္။
“ကြၽဲႀကီးက ဘုရားလာဖူးတာေဟ့”
“ဟုတ္ပ မ်က္ရည္ေတြလဲ က်လို႔ေတာ္”
“နတ္ေတြကမ်ားဖန္ဆင္းၿပီးလာသလားမသိဘူး”
ဝိုင္းၾကည့္ေနၾကသည့္ ပရိတ္သတ္မွ တစ္ေယာက္တစ္မ်ိဳးျဖင့္ ထင္ေၾကးဝိုင္းေပးေနၾကသည္။ ဆရာေတာ္ကေတာ့ ကြၽဲႀကီးကိုၾကည့္ၿပီး ဂ႐ုဏာသက္မိသြားကာ ကြၽဲႀကီးအနားသို႔ ကပ္သြားလိုက္သည္။ ထို႔ေနာက္ ကြၽဲႀကီး၏ ခ်ိဳ(ဂ်ိဳ) အလယ္ေနရာကို လက္ျဖင့္အသာေလး သပ္ေပးလိုက္သည္။ ကြၽဲႀကီးမွာ ေခြးငယ္ကေလးပမာ ဆရာေတာ္၏ လက္ျဖင့္ ပြတ္ေပးမႈကို ေခါင္းငုံ႔ခံေနၿပီးေနာက္ မ်က္ရည္မ်ားလဲ တသြင္သြင္စီးက်လာျပန္သည္။
“ကြၽဲႀကီးေရ မင္းဘာေၾကာင့္ ဒီလိုျဖစ္ေနရတာလဲေတာ့ ဆရာေတာ္မသိဘူး၊ ဒါေပမယ့္ ေ႐ႊရင္ေအးေစတီကို လာေရာက္ဖူးေမွ်ာ္ရတဲ့ အက်ိဳးေၾကာင့္ မင္းခံစားေနရတဲ့ အပူေတြၿငိမ္းၿပီး ရင္ေအးႏိုင္ပါေစလို႔ ဆရာေတာ္ ဆုေတာင္းေပးလိုက္ပါတယ္”
ဆရာေတာ္ ေျပာလိုက္ေတာ့ ကြၽဲႀကီးက ေခါင္းကိုေျမႀကီးႏွင့္ ထိေအာင္ ကပ္လိုက္ၿပီး ဦးခ်သည့္ပုံစံျပဳလုပ္လိုက္သည္။ ထို႔ေနာက္ ကြၽဲႀကီးက ထရပ္လိုက္ၿပီးေနာက္ ပရိတ္သတ္မ်ားၾကားမွ လယ္ကြင္းမ်ားအတြင္းသို႔ ေလးလံေသာ ေျခလွမ္းမ်ားႏွင့္ တစ္လွမ္းျခင္းထြက္သြားေလေတာ့သည္။
ထိုေန႔ည
“အရွင္ဘုရား . . . အရွင္ဘုရား”
ဆရာေတာ္လဲ ေခၚသံၾကားသျဖင့္ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ အခ်ိန္က ညည့္သန္းေခါင္ယံျဖစ္ေနၿပီး ညည့္နက္ေနၿပီျဖစ္သည္။ ဆရာေတာ္ၾကည့္လိုက္ေတာ့ အဝတ္အစားႏြမ္းႏြမ္းႏွင့္ လူတစ္ေယာက္ ေဆာင့္ေၾကာင့္ကေလးထိုင္ေနသည္ကိုေတြ႕ရသည္။
“ဘယ္သူတုန္းဟဲ့”
“မွန္ပါ၊ လက္ပံ႐ြာက သိန္းတန္ပါဘုရား”
ဆရာေတာ္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။
“ငါလဲ မသိပါလား”
ထိုအခါ ထိုသူက ဆရာေတာ္ကို ၿပဳံးျပလိုက္သည္။
“ဆရာေတာ္ ေန႔လည္က ေတြ႕ခဲ့တဲ့ ကြၽဲႀကီးပါ”
“ေဟ”
ဆရာေတာ္က အံ့ၾသၿပီး ေရ႐ြတ္လိုက္ေလသည္။
“ကြၽဲႀကီးက ဘယ္လိုလုပ္ လူျဖစ္သြားသလဲကြေဟ”
“တင္ပါ့။ ကြင္းပိုင္ႀကီးဆီ ခြင့္ေတာင္းၿပီး ဆရာေတာ့္ကို ေျပာစရာရွိလို႔ လာေတြ႕ရျခင္းျဖစ္ပါတယ္”
ဆရာေတာ္က ေခါင္းတဆတ္ဆတ္ ညိတ္လိုက္သည္။
“ကဲ ေျပာပါဦး၊ ဘာေျပာစရာရွိလဲ”
“တပည့္ေတာ္ကို ဆရာေတာ္ ကယ္တင္ေပးပါဘုရား”
“ဆရာေတာ္က ခုႏွစ္ရက္သားသမီးေတြ အားလုံးကို ကယ္တင္ႏိုင္တယ္ဆိုရင္ ကယ္တင္ေပးပါတယ္၊ မင္းက ဘာအခက္အခဲျဖစ္ေနလို႔လဲကြ”
“မွန္ပါ တပည့္ေတာ္ ေႂကြးေဟာင္းတစ္ခုေၾကာင့္ ကြၽဲျဖစ္ၿပီး ေႂကြးျပန္ဆပ္ေနရလို႔ပါဘုရား”
“မင္းေျပာတာ အဆန္းပါလား၊ ဘယ္လိုအေႂကြးေဟာင္းေၾကာင့္လဲ”
ထိုအခါ လက္ပံ႐ြာက ဦးသိန္းတန္ေခၚကြၽဲႀကီးသည္ သူ႔အျဖစ္အပ်က္မ်ားကို ဆရာေတာ္အား ေျပာျပေလေတာ့သည္။
(မွတ္ခ်က္၊ ဦးသိန္းတန္က အျမန္အတိုခ်ဳံ႕ၿပီးေျပာေသာ္လည္း ရသေျမာက္ေစရန္ စီကာပတ္ကုံး ျပန္လည္ေရးသားပါမည္)
(၂)
လက္ပံ႐ြာ။ ေ႐ႊလင္ပန္း႐ြာႏွင့္ ႐ြာခ်င္းကပ္ျဖစ္သည္။ လက္ပံ႐ြာတြင္ ဦးသိန္းတန္ႏွင့္ မိသားစုေနထိုင္ေလသည္။ ဦးသိန္းတန္ထံတြင္ ဦးစံေ႐ႊဆိုသည့္ သူငယ္ခ်င္းတစ္ေယာက္ရွိသည္။ ဦးသိန္းတန္ေကာ ဦးစံေ႐ႊပါ လယ္သမားမ်ားျဖစ္ၾကသည္။ ဘိုးစဥ္ေဘာင္ဆက္ ထို႐ြာတြင္ လယ္ယာလုပ္ငန္းမ်ားကို လုပ္ကိုင္ၾကသူမ်ားျဖစ္သည္။ ဦးသိန္းတန္ႏွင့္ ဦးစံေ႐ႊမွာ ငယ္သူငယ္ခ်င္းေတြလဲျဖစ္ျပန္၊ လယ္နီးခ်င္းေတြလဲ ျဖစ္သျဖင့္ အလြန္ခင္မင္ၾကသည္။ တစ္ေယာက္ႏွင့္ တစ္ေယာက္ ဘယ္လိုေျပာေျပာ၊ ဘယ္လိုဆိုဆို စိတ္မဆိုးၾက။
တစ္ေန႔ေတာ့ ဦးသိန္းတန္ႏွင့္ ဦးစံေ႐ႊ က်ိဳက္လတ္သို႔ ထြက္ခဲ့ၾကသည္။ စပါးေဈး စုံစမ္းရန္ျဖစ္သည္။ က်ိဳက္လတ္ေရာက္ေတာ့ ဦးသိန္းတန္တို႔ စုံစမ္းသင့္သည္မ်ား စုံစမ္းၿပီး က်ိဳက္လတ္ေဈးသို႔ ဝင္ကာ လိုအပ္သည့္ ပစၥည္းကိရိယာမ်ားကို ဝယ္ယူၾကသည္။ အစက ပစၥည္းဝယ္ရန္ မစီစဥ္ထားေသာ္လည္း ပစၥည္းမ်ားမွာ အရည္အေသြးေကာင္းၿပီး ထိုပစၥည္းမ်ိဳးရခဲသည္မို႔ ႏွစ္ဦးသား တစ္ခါတည္းဝယ္ရန္ ဆုံးျဖတ္လိုက္ၾကသည္။
သို႔ေသာ္ ဦးသိန္းတန္မွာ ေငြမ်ားမ်ားစားစားမပါ။ လယ္ယာသုံး ကိရိယာကလဲ ပစၥည္းေကာင္းတုန္း၊ ေဈးတန္တုန္း၊ ႀကဳံတုန္းဝယ္ထားတာ ေတာ္ကာက်မည္ျဖစ္သည္။ သို႔ႏွင့္ ဦးစံေ႐ႊထံ ေငြေခ်းရေတာ့သည္။
“စံေ႐ႊ၊ မင္းမွာ သုံးရာေလာက္လြယ္သလား”
“ေအးကြ သိန္းတန္ရ၊ မင္းလိုလို႔လား”
“ေအးကြာ၊ မင္း အဲ့ဒီ သုံးရာ ငါ့ကို ခဏေခ်းထားပါကြာ၊ ငါစပါးေရာင္းၿပီးေတာ့ မင္းကိုျပန္ဆပ္ပါ့မယ္”
“အခ်င္းခ်င္းေတြပဲကြာ ေျပာစရာလိုေသးလို႔လား၊ ေရာ့ သုံးရာ”
သို႔ႏွင့္ သူငယ္ခ်င္းႏွစ္ေယာက္ အတူတူ ပစၥည္းမ်ားကို ဝယ္ယူကာ ျပန္ခဲ့ၾကသည္။
(ထိုေခတ္က သုံးရာမွာ ယခုေခတ္ သုံးေသာင္းေလာက္ႏွင့္ ညီမွ်သည္)
သို႔ေသာ္ စပါးေရာင္းၿပီးေတာ့ ဦးသိန္းတန္မွာ ထိုအေႂကြးကို မဆပ္ျဖစ္။ သတိမရေသာေၾကာင့္ျဖစ္သည္။ ဦးစံေ႐ႊကလဲ သူငယ္ခ်င္းဦးသိန္းတန္ကို ေငြေလးသုံးရာေလာက္ႏွင့္ မေတာင္းေတာ့။ ဒီေတာ့ ၾကာေတာ့ ဦးသိန္းတန္လဲ ထိုသုံးရာကို ေမ့လာသည္။ ဦးစံေ႐ႊကလဲ ျပန္မေတာင္းေတာ့။
သို႔ႏွင့္ ေလးငါးႏွစ္ခန႔္အၾကာတြင္ ဦးသိန္းတန္တစ္ေယာက္ ၾကမၼာငင္ေလၿပီ။ ဦးစံေ႐ႊႏွင့္ ႏွစ္ေယာက္သား ႐ြာလယ္က အလႉပြဲသို႔သြဳားၾကေလသည္။ စပါးေပၚခ်ိန္တြင္ က်င္းပသည့္ ရွင္ျပဳပြဲျဖစ္သည္။ ရွင္ျပဳပြဲတြင္ ဒံေပါက္ေကြၽးသည္။ ထိုေခတ္က ဒံေပါက္မွာ ေက်းလက္ေနျပည္သူမ်ား စားရခဲသည္။ ၿမိဳ႕ႀကီး ျပႀကီးမ်ားတြင္သာ စားလို႔ရႏိုင္ေပသည္။ ထို႔ေၾကာင့္ ဦးသိန္းတန္တို႔ ဒံေပါက္မ်ားကို အပီစားေသာက္ၾကေတာ့သည္။
ဦးသိန္းတန္မွာ ဒံေပါက္လဲ အလြန္ႀကိဳက္သည္။ ၿမိဳ႕တက္ေတာ့မွ တစ္ခါ ႏွစ္ခါ စားဖူးသည္မို႔ အခု ႐ြာရွိအလႉတြင္အလကားေကြၽးေသာ ဒံေပါက္ကို အလြန္ႀကိဳက္ႏွစ္သက္ေနသည္။ ဒံေပါက္ႏွင့္ ၾကက္သားဟင္းသည္ ဟင္းခတ္အေမႊးအႀကိဳင္မ်ားမ်ားျဖင့္ အလြန္စားေကာင္းေလသည္။ ဦးသိန္းတန္က ဒံေပါက္ကို သုံးပြဲခန႔္ အဝစားေသာက္လိုက္သည္။ ထို႔ေနာက္ စားၿပီးေသာက္ၿပီးေတာ့ ဦးစံေ႐ႊႏွင့္အတူ ျပန္လာၾကသည္။
႐ြာလယ္လမ္းအေရာင္ ဦးသိန္းတန္ ေခါင္းေတြ မူးလာေလသည္။ ေခြၽးေစးေတြလဲ ထြက္လာသည္။ အတူလာသည့္ ဦးစံေ႐ႊက ဦးသိန္းတန္အေျခအေနကို သိသျဖင့္ လက္ကိုဖမ္းဆြဲထားရသည္။
“သိန္းတန္၊ ေဟ့ေကာင္ ဘာျဖစ္တာလဲ”
“ေခါင္း . . . ေခါင္းေတြတအားမူးၿပီး ခ်ာခ်ာလည္ေနလို႔ကြ”
ထို႔ေနာက္ အလြန္ျပင္းထန္လွသည့္ အားတစ္ခုက ဦးသိန္းတန္ကို ေျမျပင္ေပၚမွေန၍ တြန္းတင္လိုက္သလို ခံစားလိုက္ရၿပီး ဦးသိန္းတန္ အေမွာင္ထုထဲ ေရာက္သြားေလေတာ့သည္။ စင္စစ္မွာ ေသြးတိုးရွိေသာ ဦးသိန္းတန္သည္ ေသြးတိုးလြန္ၿပီး ဦးေႏွာက္ေသြးေၾကာျပတ္ကာ ဦးစံေ႐ႊလက္ထဲတြင္ပင္ ေသဆုံးသြားၿပီျဖစ္သည္။
“သိန္းတန္၊ သူငယ္ခ်င္း . . . သိန္းတန္”
ဦးစံေ႐ႊ၏ ေခၚသံ သဲ့သဲ့ကို နားထဲၾကားေနမိသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို မ်က္လုံးထဲ အလင္းေရာင္မ်ားကတိုးဝင္လာေလသည္။
“ၫႊံ႕ . . . ၫႊံ႕”
ကြၽဲေအာ္သံမ်ားကိုလဲ က်ယ္ေလာင္စြာၾကားေနရသျဖင့္ ဦးသိန္းတန္ မ်က္လုံးမ်ားကို အတင္းဖြင့္ၾကည့္လိုက္သည္။ ထိုအခါ ကြၽဲမႀကီးတစ္ေကာင္ကို ျမင္လိုက္ရၿပီးေနာက္ ကြၽဲမႀကီးက ဦးသိန္းတန္ကို ၾကမ္းတမ္းသည့္ လွ်ာႀကီးျဖင့္ လွ်က္ေနေလသည္။
“အလို ငါဘာျဖစ္ေနပါလိမ့္”
မ်က္လုံးမ်ားမွာ အလင္းေရာင္ကိုျမင္ရေသာ္လည္း ေ၀ဝါးေနသည္။ ဦးသိန္းတန္လဲ အားယူၿပီး ပတ္ဝန္းက်င္ကို ေသခ်ာၾကည့္လိုက္သည္။ သူက တင္းကုပ္တစ္ခုထဲတြင္ ေရာက္ေနျခင္းျဖစ္သည္။ ထိုအခါ ဦးသိန္းတန္လဲ လန႔္သြားၿပီး သူ႔လက္ေတြကို ၾကည့္မိလိုက္သည္။ မည္းနက္သည့္ အသားအေရႏွင့္ ခြာေတြကိုေတြ႕လိုက္ရသည္။
“ဟာ . . . . ငါကြၽဲျဖစ္ေနၿပီပဲ”
(၃)
ဟုတ္ပါသည္။ ဦးသိန္းတန္တစ္ေယာက္ ႐ြာထဲရွိ ဦးစိန္၏ ကြၽဲမႀကီးထံတြင္ သြားေပါက္ေလသည္။ ထို႔ေနာက္ ကြၽဲအျဖစ္ႏွင့္ ေနထိုင္ရေတာ့သည္။ တစ္ခုရွိတာက ဦးသိန္းတန္က ဘဝကူးတာျမန္သျဖင့္ အရင္ဘဝကို မွတ္မိေနျခင္းျဖစ္သည္။ ဦးစိန္ထံတြင္ ႏွစ္ႏွစ္ခန႔္ေနထိုင္ၿပီးေနာက္ တစ္ေန႔ ဦးစံေ႐ႊ ဦးစိန္ဆီသို႔ေရာက္လာသည္။
“ေျပာ၊ စံေ႐ႊ ဘာကိစၥ”
“ဒီႏွစ္ ေျမ႐ိုင္းေတြ လုပ္မလားလို႔၊ ကြၽဲေလးတစ္ေကာင္ေလာက္ ဝယ္မယ္”
“ဒါဆိုရင္ တႏွစ္ကေပါက္တဲ့ ကြၽဲထီးေလးကို ၾကည့္ပါလား၊ ေနာက္ဆိုရင္ ခိုင္းေကာင္းေတာ့မွာ”
ဦးစံေ႐ႊက ကြၽဲတင္းကုပ္ထဲဝင္လာသည္။ ထိုအခါ ဦးသိန္းတန္ကို ေတြ႕သြားၿပီး ေက်နပ္သြားေတာ့သည္။
“ယူမယ္ဗ်ာ၊ ဒီေကာင္ေလးကို က်ဳပ္ႀကိဳက္တယ္”
ေငြေခ်ၿပီးေတာ့ ဦးစံေ႐ႊက ကြၽဲကေလးကို ေမာင္းလာခဲ့သည္။ လမ္းေလွ်ာက္ရင္း ဘာရယ္မဟုတ္ဘဲ ကြၽဲကေလးကို ႀကိမ္လုံးႀကီးျဖင့္ တင္ပါးကို ခဏခဏ႐ိုက္ေလသည္။
ထို႔ေနာက္ တစ္သက္လုံး ဦးစံေ႐ႊႏွင့္အတူ ဦးသိန္းတန္က ကြၽဲအျဖစ္ႏွင့္ ႐ုန္းရေတာ့သည္။ ဦးစံေ႐ႊကလဲ ဦးသိန္းတန္ကို ကြၽဲ႐ိုက္ႏြား႐ိုက္ ႐ိုက္ေလသည္။ ႐ုန္းရတာလဲ အလြန္ပင္ပန္းေလသည္။ ေျမ႐ိုင္းမ်ားမွာ ထြန္ယက္ရန္ အလြန္ခက္ခဲေလသည္။ ကြၽဲမွာ ႏြားထက္ႀကံ့ခိုင္ၿပီး ကရိကထလဲ နည္းသျဖင့္ အမ်ားစုမွာ ကြၽဲျဖင့္ ထြန္ယက္ၾကေလသည္။ ဦးသိန္းတန္မွာ သူေခ်းခဲ့သည့္ ေငြသုံးရာအတြက္ ဘဝႏွင့္ရင္းၿပီး ပင္ပန္းဆင္းရဲစြာျဖင့္ ကြၽဲအျဖစ္ဆပ္ရေလၿပီ။
“ဒါဆို မင္းကြၽဲျဖစ္ၿပီး စံေ႐ႊဆီမွာ လုပ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ”
“တပည့္ေတာ္လဲ ေသခ်ာမသိေတာ့ပါဘူးဘုရား၊ ခန႔္မွန္းေျခ ေလးငါးဆယ္ႏွစ္ေလာက္ ရွိေရာေပါ့ဘုရား”
“အင္း . . . အေႂကြး . . . အေႂကြး သိပ္ၿပီးေၾကာက္စရာေကာင္းပါလား၊ ဒါနဲ႔ေလ စံေ႐ႊက မင္းဆီက ျပန္မွမေတာင္းတာ၊ မင္းအေႂကြးေတြက မေက်ဘူးလား”
“မေက်ပါဘုရား၊ အေႂကြးဆိုတာ ျပန္ဆပ္မွ ေက်ပါတယ္တဲ့”
“အင္း၊ ဒါဆိုဒီလိုလုပ္ေလ၊ မင္းေခ်းခဲ့တဲ့ အေႂကြးကို ငါစံေ႐ႊဆီသြားၿပီး ဆပ္ေပးမယ္ဆိုရင္ေကာ”
ထိုအခါ ဦးသိန္းတန္က ေခါင္းခါေလသည္။
“မရပါဘုရား၊ အေႂကြးယူတဲ့သူကိုယ္တိုင္ဆပ္မွ ရမွာပါ”
ဆရာေတာ္လဲ ကတုံးကို လက္ျဖင့္ပြတ္လိုက္ေလသည္။
“ဒါျဖင့္ ဘယ္လိုလုပ္ေပးရမလဲ”
“တပည့္ေတာ္ ေျပာသလိုသာ စီစဥ္ေပးပါဘုရား”
သို႔ႏွင့္ ဆရာေတာ္ တစ္ေယာက္ ရန္ကုန္မျပန္ျဖစ္ေသးဘဲ လက္ပံ႐ြာသို႔ ခရီးဆက္ခဲ့ရျပန္သည္။ ေ႐ႊလင္ဗန္းမွ ဒါယိကာမ်ားက လွည္းျဖင့္ လိုက္ပို႔ေပးၾကသည္။ ေ႐ႊလင္ဗန္းေရာက္ေတာ့ ဦးစံေ႐ႊအိမ္သို႔ စုံစမ္းၿပီး သြားရေတာ့သည္။ ဦးစံေ႐ႊက ထိုေန႔က လယ္ထဲမသြား၊ အသက္အ႐ြယ္လဲ ရလာၿပီျဖစ္သျဖင့္ သားသမီးမ်ားကို လုပ္ကိုင္ေစသည္။ ဆရာေတာ္ ႐ုတ္တရက္ႂကြလာေတာ့ ဦးစံေ႐ႊက အံ့ၾသသြားေလသည္။
“ဆရာေတာ္က ဘာအတြက္ေၾကာင့္ ႂကြလာတာလဲဘုရား”
ထိုအခါ ဆရာေတာ္က ဦးစံေ႐ႊကို ျဖစ္ေၾကာင္းကုန္စင္ကို ေျပာျပလိုက္ေလသည္။ ဦးစံေ႐ႊကလဲ ယုံတစ္ဝက္ မယုံတစ္ဝက္ႏွင့္။ သို႔ေသာ္ ေျပာျပသည့္ ဆရာေတာ္ကလဲ နယ္လွည့္သာသနာျပဳ ဆရာေတာ္ျဖစ္ေနသျဖင့္ ယုံလိုက္ရေလသည္။
” ဟုတ္ေတာ့ ဟုတ္မယ္ ဆရာေတာ္ရဲ႕၊ ဒီကြၽဲကေလးကို တပည့္ေတာ္ ျမင္ကတည္းက ဘယ္လို႐ိုက္ခ်င္မွန္းကိုမသိဘူး၊ စိတ္ထဲမွာ အလကားေနရင္း ႐ိုက္ႏွက္ခ်င္စိတ္ေတြေပၚလာတယ္၊ ေနာက္ၿပီး ကြၽဲေလးကလဲ ခိုင္းေကာင္းေတာ့ သူ႔ခ်ည္းပဲ ဒိုင္ခံ ခိုင္းေနမိတာ”
ေျပာေနရင္း ဦးစံေ႐ႊမွာ မ်က္ရည္ေတြစို႔လာသည္။ ထိုအခါ ဆရာေတာ္က ဦးစံေ႐ႊကို ထီလတ္မွတ္ သုံးေစာင္ထုတ္ေပးလိုက္သည္။ ဦးစံေ႐ႊက ထီလက္မွတ္မ်ားကို ယူလိုက္ေလသည္။
“ဘာလုပ္တာလဲ အရွင္ဘုရား”
“မင္းသူငယ္ခ်င္း သိန္းတန္မွာတဲ့အတိုင္း ငါလုပ္ေပးတာပဲ”
ဆရာေတာ္ကထိုသို႔ေျပာၿပီး ကြၽဲတင္းကုပ္ကို ဆင္းၾကည့္သည္။ ဦးစံေ႐ႊလဲ ေနာက္ကေနလိုက္လာေလသည္။ ဆရာေတာ္ကို ျမင္သည္ႏွင့္ ဦးသိန္းတန္ကြၽဲႀကီးက အေမေတြ႕သည့္ ကေလးေလးတစ္ေယာက္လို ဆရာေတာ္အနားေရာက္သည္ႏွင့္ ဆရာေတာ္ကိုေခါင္းျဖင့္ ပြတ္သပ္ေနေလသည္။ ထို႔ေနာက္ ဦးစံေ႐ႊက ကြၽဲေခါင္းကို ပြတ္သပ္ေပးေနေလသည္။
“ငါေတာင္းပန္ပါတယ္၊ သူငယ္ခ်င္းရာ၊ မင္းမွန္းမသိလို႔ ငါ႐ိုက္မိခဲ့ ခိုင္းမိခဲ့ပါတယ္၊ ငါ့ကို ခြင့္လႊတ္ပါကြာ”
ေျပာရင္း ဦးစံေ႐ႊ၏ မ်က္ဝန္းမ်ားမွာ မ်က္ရည္မ်ား စီးက်လာေလသည္။ ကြၽဲႀကီး၏ မ်က္ဝန္းမွလဲ မ်က္ရည္မ်ား စီးက်ေနေလသည္။
(၄)
ဆရာေတာ္က ေျခာက္လေက်ာ္မွ ရန္ကုန္ရွိ ဘုန္းႀကီးေက်ာင္းသို႔ ျပန္ေရာက္ေတာ့သည္။ အထက္အညာေဒသသို႔ နယ္လွည့္သာသနာျပဳ ခရီးစဥ္ေတြ ထြက္ေနရသျဖင့္ ေက်ာင္းကိုအခုမွပဲျပန္ေရာက္သည္။ ေက်ာင္းတြင္ သုံးရက္ခန႔္နားၿပီးေသာ္ ေက်ာင္းကိုေရာက္ေနသည့္ စာမ်ားကို ဖြင့္ေဖာက္ၾကည့္ရသည္။ စာမ်ားမွာ ဆရာေတာ္၏ လက္ေထာက္ဆရာေတာ္မ်ားက ဖြင့္ေဖာက္ဖတ္ၿပီး စာျပန္သင့္သည္မ်ား၊ အလႉကိစၥ၊ သာသနာေရးႏွင့္ဆိုင္သည့္ ကိစၥမ်ားကို စီမံၿပီျဖစ္သည္။ က်န္သည့္စာမ်ားမွာ အနယ္နယ္အရပ္ရပ္မွ လူပုဂၢိဳလ္မ်ား၊ မိတ္ေဆြမ်ားမွ ပို႔ထားသည့္ စာမ်ားျဖစ္သည္။
အတန္ၾကာစာဖတ္ၿပီးေနာက္ စာအိတ္ကေလးတစ္ေစာင္ကိုေတြ႕လိုက္ရသည္။
“မွ ဦးစံေ႐ႊ၊ လက္ပံ႐ြာ၊ က်ိဳက္လတ္ၿမိဳ႕နယ္”
ထိုလိပ္စာကေလးကို ဖတ္လိုက္ရသျဖင့္ လြန္ခဲ့ေသာ ေျခာက္လေက်ာ္က ျဖစ္ခဲ့သည့္ အျဖစ္အပ်က္ကေလးကို ျပန္သတိရသြားၿပီး သိခ်င္စိတ္ျဖင့္ စာကိုအျမန္ဖြင့္ဖတ္လိုက္ေတာ့သည္။
“သို႔ ဆရာေတာ္ အာစာရ
ဆရာေတာ္ ေပးခဲ့တဲ့ ထီလက္မွတ္ကေလးက ထီ ၃ ေသာင္းဆုေပါက္ပါတယ္ဘုရား၊ ဆရာေတာ္ျပန္သြားၿပီးကတည္းက တပည့္ေတာ္လဲ ဦးသိန္းတန္ကြၽဲကို အလုပ္မခိုင္းေတာ့ပဲ ေကာင္းေကာင္းမြန္မြန္ ေကြၽးေမြးပါတယ္ဘုရား၊ ထီေပါက္ၿပီးေတာ့ တပည့္ေတာ္လဲ အဲဒီကြၽဲႀကီးကို ဦးခ်ိဳအျဖားမွာ ေ႐ႊခ်ၿပီးေတာ့ ေဘးမဲ့လႊတ္ေပးလိုက္ပါတယ္ဘုရား၊
အရွင္ဘုရား ေနာက္တစ္ခါ ေ႐ႊရင္ေအးေစတီကိုေရာက္ရင္ ေစတီအနီးတစ္ဝိုက္မွာ ေဘးမဲ့က်က္စားေနတဲ့ ဦးသိန္းတန္ တျဖစ္လဲ ကြၽဲႀကီးကို ျမင္ေတြ႕ရမွာပါဘုရား၊ ဆရာေတာ္ဘုရား အသက္ရွည္က်န္းမာၿပီး သာသနာ့တာဝန္ေတြကို ထမ္းေဆာင္ႏိုင္ပါေစလို႔ တပည့္ေတာ့ ဆုေတာင္းေပးေနပါတယ္ဘုရား။
စံေ႐ႊ
လက္ပံ႐ြာ”
ဟု မညီမညာေရးသားထားသည့္ စာလုံးမ်ားကို ဆရာေတာ္က ဖတ္ၿပီးၿပဳံးလိုက္မိသည္။ ဆရာေတာ္၏ ရင္တြင္ သူတစ္ပါးကို ကူညီကယ္တင္လိုက္ရသည့္ ပီတိတစ္မ်ိဳးျဖစ္ေပၚသြားေလသည္။ ထို႔ေနာက္ဆရာေတာ္သည္ စာကိုစာအိတ္ကေလးထဲ ျပန္ထည့္လိုက္ၿပီး စဥ္းစားေနလိုက္မိသည္။ ဆရာေတာ္ စဥ္းစားေနသည္မွာ အလြန္ေၾကာက္စရာေကာင္းသည့္ အေႂကြးဟူေသာ စကားကိုပင္ျဖစ္သည္။
ႏွစ္လုံးတည္းႏွင့္ အလြန္ေၾကာက္စရာေကာင္းလွသည္။ ေႂကြးရွင္က ျပန္မေတာင္းသည့္တိုင္ေအာင္ ေႂကြးမဆပ္ႏိုင္သေ႐ြ႕ အေႂကြးမေက်ေသးဘဲ ျဖစ္ေလရာဘ၀ ထိုအေႂကြးကို လိုက္ဆပ္ရသည့္ ဦးသိန္းတန္၏ အျဖစ္ကိုလဲ သံေဝဂရမိသည္။ အေႂကြးဟူသည္ ပမာဏ နည္းသည္ မ်ားသည္မဟုတ္ ျပန္မဆပ္ႏိုင္လွ်င္ ဘဝျခားသည့္တိုင္ ေပးဆပ္ေနရသည့္ ေၾကာက္စရာ ဝဋ္ေႂကြးတစ္ခုပါတကား။
ျဖစ္ရပ္မွန္ျဖစ္ပါသည္။ စာေရးသူ ေမးသမွ်ကို ျပန္လည္ေျဖၾကားေပးသည့္ ဆရာေတာ္အားလဲ လက္အုပ္ခ်ီမိုး ရွိခိုးအပ္ပါသည္။ ေနရပ္ေဒသ အမွန္ျဖစ္ေသာ္လည္း ႐ြာအမည္မ်ားႏွင့္ လူအမည္မ်ား ေျပာင္းလဲထားျခင္းျဖစ္ပါသည္။ ဆရာေတာ္အိပ္မက္မက္ျခင္းျဖစ္ေသာ္လည္း ဖတ္ေကာင္းေစရန္အတြက္ ကြၽဲႀကီးက လာေျပာျပေနသည့္သဖြယ္ ေရးသားထားျခင္းျဖစ္ပါသည္။
ႀကိဳးစားပါဦးမည္
အဂၢေဇာ္