ခင်ခင်ထားနှင့်အိမ်အိုကြီး၏နောက်ကွယ်

ခင်ခင်ထားနှင့်အိမ်အိုကြီး၏နောက်ကွယ်(စ/ဆုံး)

———————————————–

“”ကလင်..ကလင်..! ကလင်

hello..သမီးခင်ထားလား?..ဟုတ်တယ်အဖေ သမီး စာမေးပွဲ ပြီးပြီ

ဆိုတော့ အဖေ့ဆီကို ပြန်လာတော့မို့..ိ့ု ဒါနဲ့ အဖေအိမ်နဲ့ခြံ

၀ယ်ထားတယ် ဆို သမီးတို့ အဲ့မှာ နေရမှာလား အဖေ?

ခင်ခင်ထား သူ့အဖေ့ကို မေးလိုက်လေသည်..

“ဟုတ်တယ်သမီး..အဖေတုိ့ အဲ့မှာနေရမှာ ဒါနဲ့ သမီးက ဒီနေ့စာမေး

ပွဲဖြေပြီးတာဆိုတော့ မနက်ဖြန် အဖေ့ဆီကိုပြန်လာမှာမလား?

ဟုတ်..အဖေလာချင်တာကတော့ အခုလာလို့မရလို့သာအဖေ့

ကိုလည်း အရမ်းတွေ့ချင်တယ် ” ခင်ထားက့ အဖေတစ်ခုသမီး

တစ်ခုလေးပေါ့..ခင်ထားအမေကတော့ ခင်ထားငယ်ငယ်လေးကတည်း

ကဆုံးသွားရှာတာတယ်..

“သမီးရယ် အဖေလည်း သမီးကို တွေ့ချင်နေတာပါ အဖေ့မှာ သမီးဆို

လို့ တစ်ယောက်တည်းရှိတာပါ..ပညာမတတ်ရင် အခုခေတ်ကလူရာမ

၀င်ဘူး သမီးရဲ့ သမီးနောင်ရေးအတွက်သာ အဖေမြို့ကျောင်းမှာထား

ရတာပါ..မနက်ဖြန်တွေ့တော့မှာပဲနော် သမီးလေး..”

“သမီးမြို့ကနေ ကားစီးလာခဲ့အဖေလာကြိုမယ်”

“ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ ဖေဖေ အဲ့ဒါဆို ဒါပဲနော် အဖေ”

“အေးအေးသမီး”

“ခင်ထားအဖေကတော့ တပ်ကြပ်အငြိမ်းစားကြီးပေါ့..

“ခင်ထားက မြို့ကျောင်းမှာ တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်တယ်..

“စာမေးပွဲပြီးတာနဲ့သူ့အဖေရှိတဲ့ မြို့လေးကို ပြန်လာခဲ့လေတယ်..

“မြို့ကနေ Express ကားနဲ့ ပြန်ခဲ့ရာ..ကားဂိတ်ရောက်မှ

ခင်ထားအဖေက ကိုယ်ပိုင်ဂျစ်ကားလေးနဲ့ လာကြိုတာပေါ့..

“သမီးခင်ထား အဖေဒီမှာ..”ခင်ထားအဖေက လက်လှမ်းပြလိုက်တယ်

ခင်ထား ကားပေါ်က အဆင်း” “အဖေ ရောက်နေတာ ကြာပြီလား?

“မကြာသေးပါဘူး သမီးရယ်” “ငါ့သမီးက ပိုချောလာပါလား?

“အဖေကလည်း သားဖချင်း မြောက်နေပြန်ပြီ”

“၁နှစ်လုံးလုံး ခွဲခွာထားရတာမို့ အိမ်တောင်မပြန်နိုင်သေးပဲ ကားဂိတ်မှာ

တင် သားဖ၂ယောက် အလွမ်းသယ်နေလေတယ်”..

“ကဲ..ကဲ..ငါ့သမီးလေးလည်း ပင်ပန်းလာပြီဆိုတော့ အဖေတုိ့အိမ်ပြန်

ကြရအောင် ကားပေါ်တတ်.” “ဟုတ်ကဲ့အဖေ”..

“ခင်ထားတို့လည်း အိမ်သို့ ပြန်လာခဲ့ကြလေသည်”..

“ခင်ထားတို့ အိမ်ကြီးကတော့ မြို့စွန်ဖျား နည်းနည်းကျတယ်..

“ဘေးမှာက သစ်တောတွေဝုိင်းနေလေတဲ့ အိမ်ကြီးဖြစ်လေတယ်..

“ခင်ထားတို့ အိမ်နားရောက်ခါနီးတော့…

“အဖေ! အဖေ! ကားရပ်! ကားရပ်!

“ခင်ထား သူ့အဖေကို အသံကျယ်လောင်စွာဖြင့် ဘေးမှပြောလိုက်လေ

သည်”

“ခင်ထားတစ်ယောက် ကားပေါ်မှဆင်းပြီး ကားရှေ့သို့ထွက်ကာ

တစ်စုံတစ်ရာကို ရှာနေဟန် ဖြင့်”

“သမီးခင်ထား..ဘာဖြစ်လို့လဲ” ခင်ထားအဖေမေးလိုက်လေသည်.

“အဖေစောနက မတွေ့ဘူးလား.သမီးတို့ကားနဲ့တိုက်မိတော့မလို့ လူတစ်

ယောက် ကားလမ်းမှာ ရပ်နေတာလေ” ခင်ထားသူမြင်လိုက်ပုံကို သူ့

အဖေအား ပြောပြနေလေသည်”

“သမီးရယ်..အဖေကတော့ ဘာမှမတွေ့ပါဘူး..ခုကြည့်ဘယ်မှာတွေ့

လို့လည်း သမီး ပင်ပန်းလာလို့ နေမှာပါ ကားပေါ်တတ် ရှေ့နားဆို အဖေ

တို့အိမ်ရောက်ပြီ” အိမ်သို့ထွက်ခွာလာခဲ့လေသည်”

“ကဲ သမီးခင်ထားရေ ဒါအဖေတုိ့နေရမယ့် အိမ်ပဲ ဘယ်လိုလဲ

ငါသမီး ကြိုက်လား?

“ခင်ထား တစ်ယောက် အိမ်ကြီးကို မြင်သည်နှင့်

“ဝါးးးးး! ! အိမ်ကြီးက အကြီးကြီးပဲဖေဖေ သမီးကြုက်တယ်

“ငါ့သမီးလေး ကြိုက်ရင် အဖေ၀မ်းသာပါတယ် အဖေကသမီးလေ နေ

မှနေရဲမလားလို့ တွေးပူနေတာ အိမ်ကြီးကကြီးတော့ ခြံကြီးကလည်း

အကျယ်ကြီး ခြံထဲမှာ ရေကန်တောင်ရှိသေးတယ် သမီးခင်ထား..

“ခင်ထားအဖေက ခြံအကြောင်းကိုပြောပြလေတယ်”

“အဖေ သမီးပိုကြိုက်သွားပြီ ဖေဖေကိုကျေးဇူးအရမ်းတင်တာပဲ”

“သမီးစိတ်ချမ်းရင် အဖေလည်း စိတ်ချမ်းသာပါတယ်”

“ကဲ..အခုသမီးအိမ် ဖြစ်သွားပြီပဲ အေးဆေးအနားယူတော့

ငါ့သမီးလေးလည်း ပင်ပန်းလာပြီပဲ” ညနေလည်းစောင်းနေပြီ

မနက်ဖြန်မှ သမီးစားချင်တာ သွားချင်တဲ့နေရာတွေ အကုန်အဖေမြို့

အနှံ့လိုက်ပို့မယ် အခုတော့ နားတော့နော်..သမီးနေဖို့ အဖေအခန်းလိုက်

ပြမယ်”

“ဟုတ်ကဲ့ဖေဖေ”

“ခင်ထားလည်း ပင်ပန်းလာသည်မို့ အခန်းထဲတွင် အိပ်ယာပေါ်သို့

ကျောလေးခင်းကာ အိပ်ပျော်သွားလေသည်”

“ခင်ထားအဖေက တော့လူကြီးဆိုတော့ စောစောစီးစီးအိပ်တာပေါ့”

“ခင်ထား တစ်ရေးနှိုးလာလေသည်… အချိန်ကား မနက်၃နာရီလောက်

ကြီးဖြစ်လေတယ်”..ထိုစဉ်….

“ဗွမ်း…ဗွမ်း..ဗွမ်း..

“ခြံထဲတွင်ရှိသော ရေကန်မှ ရေချိုးနေသောအသံများက ခင်ထား၏

နားသို့ ကြားနေရလေသည်”

“ဒီအချိန်ကြီး ဘယ်သူလာရေချိုးတာပါလိမ့်”

“အဖေများလား? မဖြစ်နိုင်ပါဘူးလေ..

“ငါသွားကြည့်တာ ပိုကောင်းတယ်..သွားမယ်”

“ခင်ထား ဓာတ်မီးလေးယူပြီး ခြံထဲကိုသို့ ဆင်းလာလေသည်..

“ရေကန်နားသို့ တဖြည်းဖြည်း ရောက်သွားစဉ် စောနသူကြားနေရသော

အသံတွေကား တိတ်ဆိတ်ငြိမ်သက်နေသလို ဘာမှထပ်မကြား”

“ဟင်…စောနက ငါသေသေချာချာကြားလိုက်တာပါ..

အခုကျတော့ ရေလှိုင်းခတ်သံတောင်မတွေ့ရပါလား?

“ခင်ထားတစ်ယောက် စ်ိတ်ထဲတွင် ဇဝေဇဝါဖြစ်နေလေသည်…

“ရေကန်သည်ကား ရေကူးကန်မဟုတ် ရိုးရိုးရေပတ်လေဝုိင်းနေသော

ရေကန်ဖြစ်လေတယ်”

“ခင်ထား ရေကန်ထဲသို့ ဓာတ်မီးဖြင့်ထိုးကြည့်လိုက်သောအခါ

ရေကန်အောက်တွင် လူလိုလို အရိပ်ယောင်တစ်ခုတွေ့လိုက်သည်

“ဟိတ်…ရေကန်ထဲကဘယ်သူလည်း..ပြောနေတယ်လေ ရေကန်ထဲ

ကဘယ်သူလည်း?

“ခင်ထားပြောနေသော်လည်း..အရိပ်ယောင်က ဘာမှပြန်မတုန့်ပြန်

“ထိုစဉ်…..

“ခင်ထား၏နောက်ကျောဘက်မှ

“အမလေး လန့်လိုက်တာ အသံမပေးဘာမပေးနဲ့

“နင်ကဘယ်သူလည်း မိန်းကလေး..

“ခင်ထား…မျက်လုံးတွင်ပုဝါအဖြူစီးထားပြီး တုတ်ကောက်လေးနဲ့

ကောင်မလေးတစ်ယောက်ကို တွေ့လိုက်လေတယ်”

“ငါမေးနေတယ်လေ..ခင်ထားမေးသော်လည်း ဘာမှပြန်မပြော

“အဲ့ကောင်မလေးက အိမ်ကြီး၏အနောက်ဘက်သို့ ခင်ထားအား လက်

ယက် ခေါ်သွား လေသည်”..

“ခင်ထားလည်း နောက်ကနေလိုက်သွားမိတယ်..

“ကောင်မလေးက ခင်ထားတို့အိမ်ကြီးနောက်တွင် ရှိသော တဲလေးထဲ

သို့ခေါ်သွားရာ…

“ဟင်…အဲ့ဒါဘယ်သူတွေလည်း ကောင်မလေး…

“ခင်ထား မေးလိုက်တော့မှ မျက်လုံး မမြင်ရသော ကောင်မလေးက

ပြန်ဖြေလေတယ်..

“အဲ့ဒါက သမီးမေမေပါ..ဒီဘက်က သမီးအစ်ကိုကြီးပါ”

“ခင်ထား ပြန်စဉ်းစားမိလေသည်..ကောင်မလေး အစ်ကုိက သူပြန်လာ

တုန်းက ကားနဲ့တိုက်မိမလို ဖြစ်သော သူနဲ့တူနေလေသည်”

“ခေါင်းရှုပ်ရှုပ်နဲ့ မစဉ်းစားတော့ပဲ မေးကြည့်တာပေါ့”

“သူတို့မိသားစုအကြောင်းကို”

“သမီး…မျက်လုံးက မမြင်ရဘူးလားသမီး?

“ဟုတ်အမ…မမြင်ရဘူး”

“သမီးမျက်လုံးက ဘာဖြစ်တာလည်း အမကိုပြောပြပါလား..

“ခင်ထား..အဲ့မေးခွန်းကို မေးလိုက်သောအခါ

“ဘေးမှ ကြည့်နေသော ကောင်မလေး အစ်ကိုနဲ့အမေက မျက်နှာပျက်

ပြီး ခင်ထားကို စိုက်ကြည့် နေလေသည်”

“ခင်ထားလည်း အကဲခတ်မိတယ် စပ်စုတာမကြိုက်ဘူး ထင်ပြီး”

“သမီး မပြောပြချင်ရင် အမ မမေးတော့ပါဘူး”

“သမီးတို့ ဒီမှာ နေရာကြာပြီးလား?

“ခင်ထား မေးခွန်း အဆုံးတွင် ဘေးနားမှ အဖွားကြီးက အသံနက်ကြီး

ဖြင့် “”နင်တို့ဒီအိမ်ကိုမရောက်ခင်ကတည်းက ငါတို့ရှိနေတာ”ဟု

ပြောလိုက်သည့်အချိန်တွင် ခင်ထား အနည်းငယ်လန့်သွား နည်းနည်း

ရောက်သွားလေတယ်…သူတို့သားမိပုံစံက တစ်ခုခုကုိ အခဲမကျေဖြစ်

နေသလို မျက်နှာတွေက တင်းမာနေလေသည်…

“ကောင်မလေးကတော့ သနားစရာလေးပေါ့ဗျာ”

“ခင်ထားလည်း သမီး အမသွားလိုက်အုံးမယ်နော် အမအဖေပျောက်

လို့ လိုက်ရှာနေမှာစိုးလို့”

“ဟုတ်ကဲ့ပါ အမ”

“နောက်လည်း လာလည်နော်…”

“အေးပါ..အမလာလည်မှာပါနေ့တိုင်း..အန်တီသွားအုံးမယ်နော်”

“ခင်ထားလည်း အိမ်အနောက်ဘက်တောစပ်ကနေ အိမ်သို့ ပြန်လာ

ခဲ့လေသည်”

“မနက်ခင်းလင်းတော့…

“သမီးခင်ထား ထတော့လေ၈နာရီထိုးနေပြီ..

“ခင်ထားနာရီကြည့်လိုက်သည့်အချိန်မှာ ၈နာရီထိုးနေလေသည်”

“ဟုတ်ကဲ့အဖေ…သမီးထပြီ..

“ခင်ထား တစ်ယောက် ညကတွေ့မြင်ခဲ့သောမိသားစုကို အိမ်မက်

အလား တွေးတောနေတော့လေသည်”..

“သမီးခင်ထား အဖေသမီးစားဖို့ မုန့်သွား၀ယ်လိုက်အုံးမယ်နော်”

“ဟုတ်ကဲ့အဖေ…အဖေစားချင်တာသာ၀ယ်ခဲ့ သမီးကဂျီမများပါဘူး”

“ခင်ထား အဖေအပြင်သို့ မုန့်သွား၀ယ်နေစဉ်

“ခင်ထား…သူညက ဖြစ်ဖျက်ခဲ့သော အရာကို အိမ်မက်ဟုတ်မဟုတ်

သိရအောင် အိမ်အနောက်သို့ ထွက်သွားလေသည်”

“တောစပ်နား ရောက်တော့ သူညကမြင်တွေ့ရသော တဲလေးကိုတွေ့

၍ အထဲ၀င်ကြည့်အရာ တစ်စုံတစ်ရာမတွေ့ စုတ်ပြတ်ဟောင်းနွမ်းနေ

သော အ၀တ်အစုတ်များပင်တွေ့လေသည်”

“ဟင် ဘယ်သူမှလည်း မရှိပါလား…ဘယ်များသွား နေကြတာပါလိမ့်”

ခင်ခင်ထား တွေဝေကာ အိမ်ဘက်ပြန်လာခဲ့သည်”

“သူ့အဖေနဲ့ တိုးတော့တာပါပဲ..

“သမီး ဘယ်တွေသွားနေတာလည်း သမီးကိုအဲ့တောစပ်တွေဘက်

မသွားစေချင်ဘူး..ကြားလား သမီးဖေ့ဖေ့ စကားနားထောင်နော်”

ခင်ထားအဖေက ခင်ထားအား တောစပ်ဘက်တွေမသွားရန် တားမြစ်

တာပေါ့”

“ကဲ…သမီး မုန့်စားရအောင် အိမ်ပေါ်သွားမယ်”

“ဟုတ်ကဲ့အဖေ”

“ခင်ထားလည်း မုန့်စားရင်း သူ့အဖေကို မေးခွန်းတစ်ခု မေးလိုက်လေ

တယ်”

“အဖေ ကိုတစ်ခုလောက်မေးချင်လို့”

“မေးလေသမီး ဘာမေးမို့လည်း”

“သမီးတို့ အိမ်ကြီးနောက်မှာ လူတွေဘာတွေနေလား သမီးဒီကိုမလာခင်

ရယ် အခုရယ်”

“ခင်ထားအဖေလည်း ကြောင်သွားတာပေါ့”

“သမီးကလည်း ပေါက်ပေါက်ရှာရှာ အဖေဒီအိမ်ကို စ၀ယ်ကတည်းက

ဘာလူမှမရှိပါဘူး သမီးရယ် အနီးနားပတ်၀န်းကျင်ကလည်း ငါ့သမီး

မြင်တဲ့အတိုင်းပဲလေ တောတွေဝုိင်းနေတာ”

“ခင်ထား သူ့အဖေပြောသော စကားအရ အိမ်နောက်ကတောစပ်က

နေသော မိသားစုအကြောင်းကို စဉ်းစားမိလေသည်”

“သူ့အဖေကို ဘာမှမပြောပဲ စိတ်ထဲတွင်ထား ပြီး သူတွေ့မြင်ခဲ့သော

မိသားစုအကြောင်းကို တွေးတောနေလေရာ…သူ့အဖေပြောသော

စကားများကိုပင်မကြားနိုင်တော့လေသည်”

“သမီး..သမီး…သမီးခင်ထား…

“အမလေး…..အဖေကလည်းးလန့်လိုက်တာ ဖြည်းဖြည်းခေါ်ပါ”

“ငါ့သမီးကမှ မကြားတာ”

“ငါ့သမီး ဘာတွေ တွေးနေတာလည်း”

“ဘာမှမတွေးပါ ဘူး ဖေဖေ”

“ပြီးရော..ဘာမှ မတွေးရင်လည်း…အဲ့ဒါဆို သမီးဒီနေ့ဘယ်သွားချင်

လည်း ဖေဖေ အကုန်လိုက်ပို့ပေးမယ်” ခင်ထားအဖေမေးလိုက်ရာ..

“အဖေ သမီးဒီနေ့ ဘယ်မှမသွားချင်ဘူး..အိမ်ထဲမှာပဲ နေချင်တယ်”

ခင်ထားတစ်ယောက် ဟိုမိသားစုအကြောင်း စိတ်၀င်စား၍ ဘယ်မှကို

သွားချင် စိတ် မရှိပေ”

“ငါ့သမီးသဘောပါ..အိမ်မှာနေချင်တယ်ဆိုလည်း နေပါနေပါ..

ဖေဖေ မနှောက်ယှက်တော့ပါဘူး”

“ခင်ထားလည်း တောစပ်ကအိမ်လေးဆီသို့ ခဏခဏ သွားကြည့်

ပေမယ့် ဘယ်သူမှမတွေ့ တစ်နေသာ ကုန်သွားတယ်”..

“ည၁၁နာရီလောက် ခင်ခင်ထား သူ့အဖေမသိခင် ခြံထဲသို့ ခိုးဆင်းခဲ့

လေရာ…ရေကန်၏နံဘေးတွင် မနေ့က သူတွေ့ခဲ့သော ကောင်မလေး

ရှိုက်ကြီးတငင်ငင်နဲ့ငိုနေလေသည်”

“ခင်ခင်ထား လည်း အနားသို့ သွားပြီး”

“ညီမလေး..ညီမလေး…ဘာဖြစ်လို့ငိုနေတာလည်း ဘာဖြစ်လို့လည်း

“ခင်ခင်ထား ငိုနေသောကောင်မလေးကို ကြည့်မိရာ”

“ပတ်တီးစီးထားသေားမျက်လုံးအတွင်း မှ သွေးများ ရိုစိမ့်ကျလာလေ

သည်”

“ဟင်…သွေးတွေ.သွေးတွေ”

“မိန်းကလေး မျက်နှာမူနေသော ရေကန်ဘက်သို့ ခင်ထား ကြည့်မိရာ

သူ့အမေနဲ့ အစ်ကို ရေပေါ်တွင် ပေါလော ပေါ်နေသော ရုပ်အလောင်း”

“ခင်ခင်ထားလည်း ထိုမြင်ကွင်းများကို မြင်တွေ့လိုက်ရ၍ နှလုံးသွေး

ရပ်မတက်ဖြစ်သွားလေသည်”

“ခင်ထားလည်း ကြောက်လန့်ပြီး ပြေးရန် အနောက်အလှည့် သူပြေးမဲ့

လမ်းတွင် ပိတ်ရပ်နေလေသည် ရေထဲမှအလောင်း၂လောင်း က

ခင်ထား ရေထဲကြည့်မိသောအခါ ထိုအလောင်း၂လောင်းမတွေ့ရ သူ့

ရှေ့တွင်ရပ်နေလေသည်”

“ကျွန်မကို မခြောက်ပါနဲ့ ကျွန်မ ဘာမှမလုပ်ပါဘူး တောင်းပန်ပါတယ်

ကျွန်မကို မခြောက်ပါနဲ့ ကျွန်မရှေ့က ဖယ်ပေးပါ”

“ခင်ထား လည်း သရဲတွေမှန်း သိသွားသဖြင့် ကြောက်လန့်စွာ ပြောဆို

နေလေသည်”

“မိန်းကလေး..အန်တီတို့က သမီးကို ဒုက္ခမပေးပါဘူး အန်တီတို့မိသား

စုကို ငါ့သမီးကူညီ မှရတော့မှာမလို့ပါ”

“အန်တီတို့ မိသားစု ၃ယောက်က ဒီခြံကြီးထဲမှာ ကျိန်စာတိုက်ခံရထား

ရတယ်” “ဒီလိုည၁၁နာရီချိန်ဆို အန်တီတို့သား မိဟာ ဟိုရေကန်ကြီး

ထဲကို ခုန်ချပြီး ကိုယ်ကိုကို အဆုံးစီရင်ရတယ်..ဒီက အန်တီသမီးလေး

က ဘေးကနေထိုင်ကြည့်ပြီး မျက်လုံးထဲက သွေးများယိုဆင်းရတယ်”

“အန်တီတို့ကိုကူညီပါ ကူညီပါ ကူညီပါ”သရဲမိသားစု စကားအဆုံးတွင်

ခင်ခင်ထား ကြောက်စိတ်များပင် မရှိသလောက် ပျောက်သွား၍

မျက်၀န်းမှ မျက်ရည်များ ဝဲလာကာ…

“အန်တီ..ကျွန်မကူညီပါ့မယ်ဘယ်လိုကူညီရမှာလည်း

ကျွန်မကို ပြောပါ…” ခင်ခင်ထား ကူညီရန် မေးလိုက်လေသည်

“ဒီအိမ်ကြီးမှာ မြေအောက်ခန်းရှိတယ်..အဲ့အောက်ကို အန်တီတို့၀င်မရ

ဘူး…မြေအောက်အခန်းထဲမှာ အရုပ်၃ရုပ်ရှိတယ် အဲ့အရုပ်တွေကို

အောက်လမ်းဆရာ တစ်ယောက်က အန်တီတို့အိမ်ကြီးကို သိမ်းပိုက်

ပြီး အန်တီသမီးလေးကို မျက်လုံးကိုဖောက်ပြီး အန်တီတို့သားမိကို

ရေနစ်သတ်ပြီး ကျိန်စာ တိုက်ခဲ့တယ်”…ပြီးတော့ သမီးအဖေကို ဒီခြံ

နဲ့ အိမ်ကြီးကို ရောင်းခဲ့တာပါပဲ..အန်တီတို့မှာ ဆွေမျိုးလည်းမရှိပါဘူး

မိသားစု၃ယောက်ပဲရှိတာပါ..အောက်လမ်းဆရာက အန်တီတို့ကိုအယုံ

သွင်းပြီးဒီလိုလုပ်ခဲ့တာပါ..

.”သရဲမ ကဖြစ်ပျက်ခဲ့သော အကြောင်း

အရာများကို ခင်ခင်ထားအားပြောပြလေသည်…

“သမီး အန်တီတို့ကို မြေအောက်ခန်းထဲမှာ ရှိသောအရုပ်၃ရုပ်ကိုယူပြီး

ဒီရေကန်ကြီးရှေ့မှာ မီးရှို့ပေးပါလား? သရဲမိသားစု၃ယောက်က

ခင်ခင်ထားကို အသနားခံ အကူအညီတောင်းနေလေသည်”

“ခင်ခင်ထားလည်း သနားသွားပြီး…

“အန်တီ ကျွန်မကူညီပါမယ်..ကျွန်မအခု အရုပ်သွားယူလိုက်မယ်နော်

စိတ်ချပါ ကျွန်မကူညီမှာပါ..

“ခင်ခင်ထားး အိမ်ထဲသို့၀င်လာခဲ့ မြေအောက်ခန်း ကိုလိုက်ရှာလေရာ

မီးဖိုချောင်ဘေးတွင် သော့ခက်ထားသောတံခါးတစ်ချပ်ကို တွေ့ရာ

ခင်ခင်ထား သော့ကိုရိုက်ဖြတ်ပြီး အထဲသုိ့၀င်သွားခဲ့သည်”

“ဓာတ်မီးလေး တ၀င်း၀င်းဖြင့် မှောင်မဲနေသော မြေအောက်ခန်းထဲသို့

တဖြည်းဖြည်း၀င်လာခဲ့လေသည်…အခန်းကြီးကလည်း ကျယ်၀န်းလိုက်

တာ…အောက်သို့ ခင်ခင်ထားရောက်သွားရာ အရုပ်ကိုလိုက်ရှာတော့

တာပေါ့…”

“အရုပ်ကို ဘယ်မှာများ ထားသလဲ..မူးနောက်နေအောင်ရှာသော်လည်း

ခင်ခင်ထား မတွေ့ နောက်ဆုံး မတွေ့တော့ စိတ်ညစ်ညစ်ဖြင့် ခြေ

ထောက်စောင့်လိုက်ရာ ခင်ထားခြေထောက် ကြမ်းကျွံသွားလေသည်

ကြမ်းကျွံနေသော သူ့ခြေထောက်ကို ဆွဲထုတ်ရာ သူ့ခြေထောက်အောက်

တွင် ပလပ်တစ်ထုပ်ကို တွေ့သွားလေသည်”

“ဟာ…ဒါဘာအိတ်ကြီးလဲ…”

“ဖွင့်ကြည့်ရာ”

“မျက်လုံးမပါသော အရုပ်တစ်ရုပ်နှင့် အခြားအရုပ်၂ရုပ်ကို တွေ့သွားရာ

ငါရှာနေတာ တွေ့ပြီတွေ့ပြီ ခင်ခင်ထားလည်း ၀မ်းသားအားရအပေါ်

သို့ပြန်တတ်ပြီး ရေကန်ဘေးသို့ အရုပ်နဲ့အတူ ရောက်သွားလေသည်”

“သရဲမိသားစုပြောသည့် အတိုင်းရေကန်ကြီးဘေးတွင်

အရုပ်၃ရုပ်ကို ထုတ်၍ ခင်ခင်ထား မျက်ရည်ဝဲစွာဖြင့် မီးရှို့လိုက်

လေရာ…ရေကန်အတွင်းမှ သရဲမိသားစု ၃ယောက်ဟာ ခင်ခင်ထား

ကို လက်ကလေးတွေပြ၍ ကောင်ကင်ထက်သို့တက်ကာ ပျောက်ကွယ်

သွားတော့လေသည်”

TheEnd…

ပညာရှင်မဟုတ်သော ဝါသနာရှင်တစ်ယောက်ပါ#
အမှားပါရင်ခွင့်လွတ်ပါ#
#copy

Credit – Htoo Htoo Aung

Via-SMT