ချစ်သိုက်နန်းရှင်

ချစ်သိုက်နန်းရှင်(စ/ဆုံး)

————————-

ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ကရင်ပြည်နယ် ကော့ဂွန်းရွာ၌ သီတင်းသုံးနေသော ဆရာတော်
ဦးဇဝနတွင် မောင်အောင်မြတ်ဆိုသော တပည့်
ရင်းတစ်ယောက်ရှိသည်။ ဆရာတော်က ကော့
ဂွန်းရွာ ဇာတိမဟုတ်၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်
မှနေ၍ ကော့ဂွန်းရွာရှိ ဆရာတော်အသိ ဒကာ
တစ်ယောက်က လွန်ခဲ့သော သုံးနှစ်ခန့်က ပင့်
ဆောင်ခဲ့သဖြင့် ကော့ဂွန်းရွာသို့ ရောက်လာ
ခြင်းဖြစ်သည်။

ကော့ဂွန်းရွာ ဘုန်းကြီးကျောင်းတွင် ကျောင်း
ထိုင်ဆရာတော်မရှိတော့သည်မှာ တစ်နှစ်ခန့်
ရှိသွားပြီ၊ ထို့ကြောင့် ထိုရွာမှ ဦးစံဖေက မိမိ
၏ ဆရာတော်ကို တောင်းပန်ပြီး ကျောင်းသို့
ပင့်ဆောင်ခဲ့သည်။

ဆရာတော်နှင့်အတူ ဝေယျာကိစ္စလုပ်ရန်
မောင်အောင်မြတ်ကိုလည်း ဆရာတော်က
ခေါ်ခဲ့သည်။ ငယ်စဥ်ကတည်းက မိဘများ
မရှိတော့သဖြင့် ဆရာတော်ထံမှာသာ
ကျောင်းအိပ်ကျောင်းစားနေခဲ့သူဖြစ်သည်။

အသက်က နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ၊ ရဟန်း
ခံပေးမည့်သူ မရှိ၍ ရဟန်းအဖြစ် မရောက်
သေး၊ ဆရာတော်လည်း ကော့ဂွန်းရွာသို့
ရောက်သည်နှင့် ကျောင်းအပ်ခြင်းကို လက်
ခံကာ ကျောင်းထိုင်ခဲ့သည်။

ထိုရွာမှာ ကရင်လူမျိုးအများစု နေထိုင်ပြီး
ဗမာလူမျိုး အနည်းငယ်သာ ရှိသော်လည်း
ဗုဒ္ဓဘာသာကရင် အများစုရှိနေသဖြင့် ဆ
ရာတော် မပူမပင် မကြောင့်မကျ သီတင်း
သုံးနိုင်ခဲ့သည်။

မောင်ကောင်းမြတ်က ဆရာတော် ဆွမ်းခံ
ကြွရာနောက်မှ ဆွမ်းဟင်းချိုင့်ကို ဆွဲပြီး
နေ့စဥ်လိုက်ပါခဲ့သည်။ ဆရာတော်၏
နောက်မှလိုက်ရင်း ရွာတွင်းက လောင်း
လှူသမျှ ဆွမ်းဟင်းများကို ချိုင့်ထဲထည့်
သည်။ ကော့ဂွန်းရွာ အစွန်သို့ရောက်လျှင်
ဆရာတော်က ကျောင်းသို့ လှည့်ပြန်သည်။

ထိုအချိန် ဆရာတော်အတွက် ဆွမ်း၊ ဆွမ်း
ဟင်းများ ပြည့်စုံလုံလောက်စွာ ရပြီဖြစ်
သည်။ ရွာ၏အစွန်ဆုံး အိမ်တစ်အိမ်မှ
အသက်ဆယ့်ရှစ်နှစ်ခန့် မိန်းခလေးတစ်
ယောက် နေ့စဥ်ပုံမှန် သစ်သီးဆွမ်းများ
ထွက်ကပ်လေ့ရှိသည်။

အသင့်အတင့်ရှိသည်။ အဝတ်အစားက
မသစ်လွင်သော်လည်း သန့်သန့်ပြန့်ပြန့်
ရှိသည်။ အောင်မြတ်လည်း ထိုမိန်းက
လေးကို နေ့စဥ်တွေ့နေရခြင်းကြောင့်
စိတ်ဝင်စားလာသည်။ အောင်မြတ်နည်း
တူ မိန်းကလေးကလည်း စိတ်ဝင်စား
နေသည်။ ဆရာတော်ကလည်း တပည့်
အောင်မြတ်နှင့် မိန်းကလေးတို့၏ အ
ခြေအနေကို အနည်းငယ် ရိပ်စား
မိနေသည်။

ပြီးတော့ မိန်းကလေးအား ဆရာတော်ကြီး
စတွေ့စဥ်ကတည်းက အကဲခတ်မိသည်။
ဆရာတော်က အင်း၊ အိုင်၊ လက်ဖွဲ့၊ မန္တန်
တတ်သော ဆရာတော်ဖြစ်သဖြင့် မိန်းခ
လေးက ဘယ်အမျိုးအနွယ် ဘယ်သူဖြစ်
သည်ကို သိသည်။နေ့စဥ် ဆွမ်းလာလောင်း
လှူနေသော မိန်းခလေးသည် လူသားစစ်
စစ် မဟုတ်၊ ဥစ္စာစောင့်တစ်ယောက်မှန်း
ဆရာတော် မြင်မြင်ချင်း သိလိုက်သည်။

နေ့တိုင်း ဆွမ်းလာလောင်းနေသော မိန်း
ကလေးသည် လူသားမဟုတ်ဟု အောင်
မြတ်အား အစွဲအလန်း မရှိစေရန်၊ ဆရာ
တော် အသိပေးသည့်အနေဖြင့် ပြောပြ
လိုက်သည်။

ဆရာတော်က ဥစ္စာစောင့်ဟု ပြောလိုက်သည့်
အချိန်မှစပြီး အောင်မြတ်တစ်ယောက် ကိုရင်၊ ကျောင်းသား၊ ဦးပဥ္ဇင်းများနှင့် ရောရောနှော
နှော မနေတော့ဘဲ တစ်ယောက်တည်းသာ
ငေးငိုင်နေတော့သည်။

တစ်ခါ တစ်ခါ ကျောင်းမှ ပျောက်သွားသည်
ဆရာတော်နှင့် မျက်နှာချင်းဆိုင်မှု သိပ်မရှိ
တော့ဘဲ ကျောင်းမှ နေ့ရော ညပါ တစ်ခါ
တစ်ခါ ပျောက်နေတတ်သည်။ ကော့ဂွန်းရွာ
ကျောင်းနောက်ဘက်တွင် ကျောက်ဆောင်
ကျောက်တုန်းများ များပြားစွာ ရှိသလို
ကော့ဂွန်းဂူကလည်း နာမည်ကြီးလှသည်။

ထိုကျောက်ဆောင်ကျောက်စွယ်ကြားမှာ
အစာငတ်ခံကာ သွား၍ ထိုင်နေတတ်ကြောင်း
တစ်ယောက်တည်း စကားပြောနေတတ်
ကြောင်း ကျောင်းသားတချို့ ပြန်လျှောက်
ကြသဖြင့် …

တစ်ရက် အောင်မြတ်ကျောင်းမှ ပျောက်သွား
သည်နှင့် ဆရာတော်က နောက်မှလိုက်ပြီး အ
ခြေအနေကို အကဲခတ်ကြည့်သည်။ ဆရာတော်
တွေ့လိုက်ရသည်က ဆရာတော်ထင်ထားသည့်
မိန်းခလေးနှင့် စကားပြောနေသည်ကို တွေ့
လိုက်ခြင်းဖြစ်သည်။ ကျောင်းသားလေးများ
ပြောသကဲ့သို့ တစ်ယောက်တည်း စကားပြော
နေခြင်း မဟုတ်ဘဲ ဆရာတော်ကြီး၏ သီလ
သမာဓိစွမ်းအားကြောင့် အနားမှာ ထိုင်နေ
သော ဥစ္စာစောင့်မိန်းခလေးကို တွေ့လိုက်
သည်။ ထိုသို့ သွားရောက်ကြည့်ရှုခဲ့ပြီး
နောက်နေ့ရောက်သော် အောင်မြတ်အား
ဆရာတော်ကြီးက ခေါ်လိုက်သည်။

“ကဲ…ငါ့တပည့် ဆရာတော်ကို အမှန်အတိုင်း
ပြောစမ်း၊ မင်းက ဟိုသစ်သီးဆွမ်းလောင်း
တဲ့ မိန်းခလေးကို တွေ့ပြီးကတည်းက မူ
ပျက်နေတာ၊ အခု အဲဒီမိန်းခလေးနဲ့ ဘာ
လိုလို ဖြစ်နေတယ် မဟုတ်လား”

“မဟုတ်ပါဘူး၊ တပည့်တော် ကျောင်းသား
တွေနဲ့ စကားမပြောချင်လို့ အပြင်မှာ သွား
နေတာပါဘုရား”

ထိုသို့ လျှောက်လေလျှင် ဆရာတော်က…

“ငါ့တပည့် ဆရာတော်ကို မလိမ်နဲ့၊ ဆရာ
တော် မနေ့က ငါ့တပည့်ရှိတဲ့နေရာအထိ
ရောက်ခဲ့ပြီးပြီ၊ ဆရာတော်အားလုံး မြင်
ပြီးပြီ”

ထိုသို့ ဆရာတော်ကြီးက ပြောလိုက်သည့်
အခါမှာတော့ အောင်မြတ် ဘာမှ မပြော
တော့ဘဲ ခေါင်းကြီးငုံ့သွားသည်။တပည့်
ဖြစ်သူ အနေအထိုင် ခက်နေသည့်ကို သိ
သဖြင့် ဆရာတော်ကြီးက စကားဆက်
သည်။

“ဃရာဝါသော၊ ဗဟုကိစ္စော”လို့ ဆိုထားတယ်
မဟုတ်လား၊ အိမ်ထောင်ပြုခြင်းကိစ္စဟာ ဆင်း
ရဲတွင်းနက်တဲ့ ညွံ့ဗွက်နဲ့ မခြားဘူးကွယ့်၊ ဒီလို
ကြောက်စရာကောင်းတဲ့ အပြုအမူကို ဒကာ
လေးအနေနဲ့ အသိခေါက်ခေါက် အဝင်မနက်
စေချင်လို့ ဘုန်းကြီးပြောတာ”

အောင်မြတ်လည်း ဆရာတော်အား ဘာမှ
မလျှောက်တင်ဘဲ ငြိမ်ပြီးနေသည်။ မျက်နှာ
မကောင်းပုံ ရသဖြင့် ဆရာတော်ကြီးက…

“ဒီမှာ ဒကာလေး ဘုန်းကြီး အခုလို ပြောရတာ
မင်းတို့ အခုလို ချစ်ကြိုက်နေကြတာကို ဘာမှ
မပြောလိုပါဘူး၊ ခွဲဖို့လည်း မစဥ်းစားပါဘူး၊
ဒကာလေးအနေနဲ့ စဥ်းစားပိုင်းဖြတ်ပြီး ရှေ့
ဆက်မတိုးဘဲ နောက်ဆုတ်လိုက နောက်ဆုတ်
နိုင်ရန် ဆရာတော်က အသိပေး လမ်းညွှန်
ရတာဖြစ်တယ်”

ထိုသို့ မိန့်ဆိုလိုက်တော့မှ အောင်မြတ်လည်း
စိုးရိမ်စိတ်လျော့ပါးသွားပြီး ဆရာတော်အား
ဖြစ်ပျက်သမျှအကြောင်းစုံကို တင်ပြလျှောက်
ထားလိုက်သည်။

ဥစ္စာစောင့်မလေး မနန်းနှင့် တွေ့ဆုံမိကတည်း
က စိတ်ဝင်စားခဲ့သလို သူရှိရာ ကျောင်းအနီး
သို့ နန်းကလာရောက်တွေ့ဆုံကြရာမှ ချစ်သူ
ဘဝသို့ ရောက်ခဲ့ကြောင်း လျှောက်တင်လိုက်
သည်။ တပည့်တော်အနေနဲ့ ထိုမိန်းကလေး
ကို ဥစ္စာစောင့်မှန်း သိသော်လည်း လုံးဝမခွဲ
နိုင်တော့ပါကြောင်း လျှောက်ထားလေတော့
သည်။ အောင်မြတ်က ထိုသို့ လျှောက်ကြား
လိုက်သောအခါ ဆရာတော်က တပည့်အ
တွက် စဥ်းစာရ ကြပ်သွားခဲ့သည်။

ဥစ္စာစောင့်မက နာနာဘာဝ၊ ငါ့တပည့်က
လူသား ဓာတ်သဘာဝအရ ဘဝခြားနေတဲ့
သူတို့နှစ်ဦးကို ဘယ်ကဲ့သို့ ကြံဖန်ပေါင်းစပ်
ပေးရမည်မသိ၊ စဥ်းစားရခက်နေသည်။

“ကဲ…ကဲ၊ ဆရာတော်အနေနဲ့ မင်းတို့ချစ်ခြင်း
ကို မခွဲခြားလိုပါဘူး၊ ဒါပေမဲ့ ဒီကိစ္စအတွက်
တပည့်ကြီးဘက်က ဆရာတော်မသိဘဲ ဘာ
မှ မလုပ်စေချင်ဘူး၊ ကဲ…ကဲ သွား”

အောင်မြတ်လည်း ဆရာတော်ကြီးအား
ဦးချပြီး အနားက ထသွားသည်။ အောင်
မြတ်ထွက်သွားတော့ ဆရာတော်က အောင်
မြတ်၏ နောက်ကျောကို ကြည့်ပြီး စဥ်းစား
မိသည်။

“အင်း…ငါတပည့်ပုံစံ ကြည့်ရတာ သူ့ချစ်သူနဲ့
ဖြတ်ခိုင်းလို့ ရမယ့်ပုံ မမြင်ဘူး၊ ငါလည်း အ
တင်းမခွဲလိုပါဘူး။ ဒီလိုကိစ္စမျိုးတွေမှာ ငါဝင်
ပါလို့လည်း မသင့်တော်ပေဘူး၊ သထုံက ငါ
ရဲ့ တပည့် ရှမ်းဆရာကြီးကို လှမ်းမှာပြီး မောင်
အောင်မြတ်ကိစ္စ ကြည့်ရှု စီစဥ်ခိုင်းရတော့မှာပဲ”

ထိုကဲ့သို့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သထုံ
မြို့တွင် ပယောဂကိစ္စများ ကုသရာတွင် နာ
မည်ကြီးနေသော ရှမ်းဆရာကြီးကို ဆရာ
တော်ကျောင်းကို လာခဲ့ရန် လူကြုံနဲ့ အကြောင်း
ကြားလိုက်လေသည်။

မကြာသောရက်အတွင်း သထုံမြို့မှ ရှမ်းဆ
ရာကြီး ရောက်လာသည်။ ထိုရှမ်းဆရာကြီး
က တစ်ချိန်က ဆရာတော်ထံမှ အင်း၊ အိုင်၊
မန္တန်များ သင်ခဲ့ပြီး နယ်တကာလှည့်၍ ဆေး
ကုသနေသူဖြစ်သည်။

အဂ်လိပ်အုပ်စိုးစဥ်ကာလဖြစ်၍ တောကြောင်
များ ပုန်ကန်ထကြွနေသူများကြောင့် နေရာအ
တည်တကျ မရှိ။ ရှမ်းဆရာကြီးလည်း သထုံ
မြို့မှာ အခြေချ နေထိုင်ဆေးကုစဥ် မိမိကို
ပညာသင်ပေးသော ဆရာတော် ကော့ဂွန်း
ရွာမှာ သီတင်းသုံးနေသည့် သတင်းကြားသိ
၍ တစ်ခါတစ်ခေါက် လာရောက်ဖူးမြော်ခဲ့
သည်။ ယခု ဆရာတော်က ကျောင်းသို့ခတ္တ
လာပါရန် အကြောင်းကြားသဖြင့် ရက်မဆိုင်း
ဘဲ ဆရာတော်ထံ လာရောက်ဖူးမြော်လေ
သည်။ ဆရာတော်ကြီးက တပည့်ရှမ်းဆ
ရာကြီးအား ခရီးရောက်မဆိုက်ပင် ခေါ်
လိုက်ရခြင်းအကြောင်းကို ရှင်းပြသည်။

“ဆရာတော် ဒီကိစ္စ ဘာမှ မစိုးရိမ်၊ မကြောင့်
ကြပါနှင့်၊ တပည့်တော် တာဝန်ယူပေးပါမယ်၊
မောင်အောင်မြတ်ရဲ့ ကိစ္စကို ဆရာတော်ရဲ့
သဘောထားအတိုင်း မခွဲမခြား နေနိုင်အောင်
တပည့်တော် စီစဥ်ပေးပါ့မယ်ဘုရား”

“အေး…အေး၊ ဘယ်လိုမှ ခွဲမရလို့ စီစဥ်ပေး
ခိုင်းတာပဲ၊ သူတို့ဘဝ၊ သူတို့ကုသိုလ်ကံ
ကောင်းခဲ့ရင်လည်း စံကြပေါ့၊ ကုသိုလ်အ
ကျိုးပေးနည်းခဲ့လို့ ဆင်းဆင်းရဲရဲ နေရလည်း
သူတို့ခါးစည်းခံလိမ့်မပေါ့”

“မှန်လှပါ… သူတို့အတွက် ဘာမှ ကြောင့်ကြ
မနေပါနဲ့ အဆိုးကြီးမဖြစ်အောင် တပည့်တော်
အစီအမံတွေ စီမံပေးခဲ့ပါ့မယ်ဘုရား”

“နေ့ဆွမ်းကပ်ကြတော့မယ်၊ ဘုန်းကြီးဆွမ်း
စားပြီးရင် ဒကာကြီးကို ခေါ်ခိုင်းလိုက်မယ်
နေ့လယ်စာ စားသောက်ပြီးမှ လုပ်စရာရှိတာ
လုပ်ပေါ့”

“မှန်ပါ ညနေပိုင်းမှ စီရင်ပေးပါ့မယ် တပည့်
တော် အမြန်ပြန်ဖို့ မလိုပါဘူး၊ မနက်ဖြန်မှ
ပြန်မှာပါ၊ အချိန်ရပါသေးတယ်ဘုရား”

သို့ဖြင့် ရှမ်းဆရာကြီးလည်း နေ့လယ်စာ စား
ပြီးသည်နှင့် စီရင်စရာရှိသည်များကို စီရင်
နေလိုက်သည်။ ညနေသုံးနာရီခန့်ရောက်တော့
စီရင်ပြီးပြီဖြစ်၍ မောင်အောင်မြတ်အား ဆ
ရာကြီးက ရှေ့သို့ ခေါ်လိုက်သည်။

“ကဲ မောင်အောင်မြတ်၊ ဆရာတော်ကတော့
မင်းရဲ့ အကြောင်းစုံကို ဆရာ့ကို ပြောပြပြီး
မင်းကရော အဲဒီမိန်းခလေးကို မခွဲနိုင်တာ
သေချာလား၊ မင်း သူ့ကို နှစ်နှစ်ကာကာ
ချစ်လား”

“ဟုတ်ကဲ့ ဆရာကြီး၊ ကျတော် နန်းနဲ့ မဝေး
ချင်တော့ဘူး”

“မင်းက သူ့ကို ယူမယ်ဆိုရင် သူက မင်းကို
လက်ခံမယ်ဆိုတာ ဆရာကြီးကို အာမခံနိုင်
လား”

“သူက ကျနော်နဲ့ အတူတူနေချင်တဲ့အကြောင်း
ပြောတာ ကြာပါပြီ၊ ဘဝချင်းမတူလို့ ဆရာ
တော်က ခွင့်မပြုမှာစိုးလို့ ဒီအချိန်ထိ ကြာနေ
တာပါ၊ ဆရာတော်က ခွင့်ပြုခဲ့ရင် ကျတော်
တို့ အတူတူနေဖို့ ဆုံးဖြတ်ပြီးသားပါ”

“အင်း…အချစ်ကလွဲရင် ဘာမှ မမြင်နိုင်တော့
ဘူး ဆိုပါတော့၊ ကဲ…ဆရာကြီးပြောတဲ့ စကား
သေသေချာချာ မှတ်ထား၊ အဲဒီမိန်းကလေး
နဲ့ ဘယ်အချိန်မှာ တွေ့တတ်လဲ”

“ကျနော် သူ့ကို အချိန်မရွေး တွေ့နိုင်ပါတယ်”

“အေး…ဒါဆို၊ သူနဲ့ မတွေ့ခင် မင်းရွတ်ဆိုရ
မယ့် မန္တန်ကို ဆရာသင်ပေးမယ် အဲဒီ မန္တန်
ကို အလွတ်ရအောင် မှတ်ထား”

မန္တန်က သိပ်မရှည်သဖြင့် သုံးခေါက်မျှ ရွတ်
ပြရုံနှင့် မောင်အောင်မြတ် အလွတ်ရသွားပြီ
ဖြစ်သည်။

“မန္တန်ကို ရပြီးပြီဆိုရင် ရော့….ဟောဒီ ခေါင်း
ပါတဲ့ အပ်သုံးချောင်းယူထား၊ မိန်းကလေး
နဲ့ တွေ့တဲ့အချိန် မန္တန်ကို ရွတ်ပြီး ဒီအပ်သုံး
ချောင်းကို ခေါင်းမှာ မြုပ်အောင် စိုက်လိုက်
ပေတော့”

“အလွယ်စိုက်လို့ ရပါ့မလား ဆရာကြီး”

“သူ့ကို အာရုံလွှဲတဲ့အနေနဲ့ စကားတွေ အ
များကြီးပြောပေါ့၊ သူ အမှတ်တမဲ့ ဖြစ်တုန်း
ခေါင်းပေါ်တည့်တည့် အပ်ကို တစ်ချက်
တည်းဝင်အောင် အားကုန်စိုက်လိုက်၊ အပ်
တစ်ချောင်း ဝင်သွားပြီးရင် သူသတိမေ့
သလို ဖြစ်သွားလိမ့်မယ်၊ အဲဒီအခါကျရင်
ကျန်အပ်နှစ်ချောင်းကို အလွယ်စိုက်လိုက်
လို့ရပြီ”

အောင်မြတ်လည်း ဆရာကြီးက နှစ်ဦးသား
ပေါင်းစပ်နိုင်ရေး စီရင်ပေးနေမှန်းသိတော့
အတိုင်းမသိ ဝမ်းသာပြီး ဆရာမှာသည့်အ
တိုင်း ဖြစ်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်
လိုက်သည်။

“မောင်အောင်မြတ်…အခု ညနေနဲ့ ညပိုင်း မင်း
ရဲ့မိန်းခလေးကို မတွေ့နဲ့ဦး။ မနက်ဖြန်မှ ဆရာ
မှာတဲ့အတိုင်း မလွဲအောင်လုပ် ကြားလား ”

“အခု ညနေပိုင်း စီရင်လို့ မရဘူးလား ဆရာ
ကြီး၊ ကျတော်ကတော့ သူ့ခေါင်းမှာ အပ်
စိုက်ချင်နေပြီ”

“ဆရာ… ကိုယ်ချင်းစာပါတယ် အခု ညနေ
ပိုင်း အပ်စိုက်လိုက်ပါပြီတဲ့ မိန်းခလေးက
သူ့သိုက်နန်း ပြန်လို့မရဘူးဆိုရင် မင်းတို့
နေဖို့ ထိုင်ဖို့ ညကြီးအချိန်မတော် ဆရာ
တော်က စီစဥ်ပေးရတော့မယ်။ ဒါကြောင့်
နောက်နေ့အထိ စောင့်ဖို့ ပြောတာ”

ဆရာကြီး ပြောလိုက်မှ အောင်မြတ်သဘော
ပေါက်သွားသည်။ သို့ကြောင့် မိမိဆန္ဒကို
မြိုသိပ်လိုက်ရသည်။ နောက်နေ့ အာရုံဆွမ်း
ကပ်ပြီးသည်နှင့် အောင်မြတ်ကျောင်းမှ
ပျောက်သွားသည်။

ချိန်းတွေ့နေကျ ကျောက်ဆောင်နောက်သို့
သွားပြီး သူချစ်သော နန်းအား ခေါ်လိုက်သည်၊
မကြာခင် မိန်းခလေး ရောက်လာသည်။
အောင်မြတ်နှင့် နန်းတို့ စကားတွေ တဝကြီး
ပြောကြသည်။ ရီလိုက် မောလိုက်နှင့် မောင်
အောင်မြတ်၏ အပြောကို သဘောတွေ့နေ
သည်။ ထိုအချိန် အောင်မြတ်လည်း အပ်သုံး
ချောင်းကို ကိုင်ကာ မန္တန်ကို ရွတ်လိုက်သည်။

မန္တန်ဆုံးသည်နှင့်အပ်တစ်ချောင်းကို ခေါင်း
ပေါ် အားစိုက်ပြီး ထိုးသွင်းလိုက်သည်။ အပ်
က ခေါင်းအတွင်း ထိုးစိုက်သွားသည်။ အပ်
မှာ ခေါင်းပါသဖြင့် အပ်ခေါင်းက ဦးရေမှာ
ကပ်လျက်ရှိနေသည်။

ခေါင်းမှာ အပ်စိုက်ခြင်း ခံလိုက်ရ၍ နာကျင်
ထိတ်လန့်သွားပြီး ရုတ်တရက် သတိလစ်
သွားသည်။ ထိုအခါ ဆရာကြီးမှာသည့်အ
တိုင်း ကျန်အပ်နှစ်ချောင်း ပထမအပ်အနီး
မှာ ထိုးစိုက်လိုက်သည်။ ဆယ့်ငါးမိနစ်ခန့်
ကြာမှ နန်းလည်း သတိရလာသည်။

သူတို့နှစ်ယောက် ကျောက်ဆောင်နောက်မှာ
တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ထိုင်
နေကြစဥ်….

ဆရာတော်ကြီးနှင့် ရှမ်းဆရာကြီးတို့အနီး ရောက်လာသဖြင့် လက်များကို ရုတ်လိုက်
ပြီး ကိုယ်ကို ပြင်ထိုင်လိုက်ကာ လက်အုပ်
ချီထားကြသည်။ ရှမ်းဆရာကြီးက စကား
စလိုက်သည်။

“မောင်အောင်မြတ် ဆရာမှာတဲ့ကိစ္စ ပြီးပြီ
လား”

“ဆရာကြီး ခိုင်းတဲ့အတိုင်း ဆောင်ရွက်
ပြီးပါပြီ”

ထိုအခါ ဆရာတော်ကြီးက မောင်အောင်မြတ်
အား မိန့်မှာလေသည်။

“မောင်အောင်မြတ် ဒကာလေးဟာ အခုအ
ချိန်မှာ ကျောင်းသားမဟုတ်တော့ဘူး၊ ကြင်
ယာနှင့်ဖြစ်နေပြီ၊ ဒီမိန်းခလေးကို ကျောင်း
မှာ ခဏထားခဲ့၊ ရွာထဲက ဒကာစံဖေကို
ဆရာတော် ခေါ်နေတယ်ဆိုပြီး သွားခေါ်ခဲ့
ဒကာမလေးက ကျောင်းကို လိုက်ခဲ့”

“တင့်ပါဘုရား”

အောင်မြတ်က ဆရာတော်ကို ဦးချပြီး ထွက်
သွားသလို နန်းလည်း ဆရာတော်နှင့် ရှမ်းဆ
ရာကြီးတို့နောက်မှ လိုက်သွားခဲ့သည်။မကြာ
ခင်မှာပင် အောင်မြတ်နှင့် ဦးစံဖေတို့ ကျောင်း
သို့ ရောက်လာကြသည်။ ဆရာတော်အား
ဦးချပြီး ထိုင်လိုက်ကြသည်။

“ကဲ…ဒကာကြီးစံဖေရေ..ကိစ္စအထူးရှိလို့ ခေါ်
လိုက်တာပဲ၊ ဒကာကြီးတို့မှာ မိသားစုနည်း
တယ်ဆိုတော့ အိမ်ရဲ့ခြေရင်းခန်းကို ကန့်
ပြီး မောင်အောင်မြတ်တို့ ဇနီးမောင်နှံကို
အငှားသဘောမျိုးနဲ့ ထားပေးဖို့ ဆရာတော်
မေတ္တာရပ်ခံပါတယ်”

“တောင်းပန်စရာ မလိုပါဘူး ဘုရား၊ တပည့်
တော်ခြံထဲမှာ သားနဲ့ ဇနီး ကွဲသွားလို့ လူမနေ
တော့တဲ့ အိမ်လေးတစ်လုံး ရှိနေပါတယ်ဘု
ရား၊ သူတို့ဇနီးမောင်နှံကို တပည့်တော် နေ
ဖို့ ပေးထားပါ့မယ်”

“အေး….အေး…၊ သာဓု၊ သာဓု…သာဓု”

“ကဲ မောင်စံလွင်တို့ ဒကာကြီး ဦးစံဖေပြန်
သွားရင် လိုက်သွားကြပေတော့၊ ကျောင်း
မှာရှိတဲ့ မင်းရဲ့ ပစ္စည်းတွေ ယူပြီး သွားကြ”

ဆရာတော် မိန့်ပြီးသည်နှင့် မောင်အောင်
မြတ်တို့လည်း ဆရာတော်ကြီးအား ကန်
တော့ပြီး ရှမ်းဆရာကြီးကိုပါ ဆက်၍
ကန်တော့လိုက်သည်။

ထိုနောက် ဦးစံဖေခေါ်ရာနောက်သို့ လိုက်သွား
ကြတော့သည်။ ဦးစံဖေ၏ အိမ်ခြေရင်းမှာ
အသင့်ဆောက်ထားသော အိမ်လေးမှာ လင်
မယားနှစ်ယောက်ကို နေရာချပေးခဲ့သည်။

ဦးစံဖေ၏ အိမ်ခြေရင်းမှာ အသင့်ဆောက်
ထားသော အိမ်လေးမှာ လင်မယားနှစ်
ယောက်ကို နေရာချပေးခဲ့သည်။

“မောင်အောင်မြတ်…ဘယ်နှယ်လဲ၊ အိမ်ကို
သဘောကျရဲ့လား”

“ဟုတ်ကဲ့ သဘောကျပါတယ် ကျေးဇူးလည်း
အထူးတင်ပါတယ် ခင်ဗျား”

ကော့ဂွန်းရွာဝန်းကျင်မှာ လယ်ယာများရော
ဥယျာဥ်ခြံများရော ရှိနေသည်။ ထို့ကြောင့်
တစ်ဝမ်းတစ်ခါးအတွက် အောင်မြတ်တို့
လင်မယားအား ဥယျာဥ်ခြံမှာ နေ့စားအလုပ်
ရအောင် ကူညီဆောင်ရွက်ပေးသည်။

ထိုမှရသော လုပ်အားခနှင့် လင်မယားနှစ်
ယောက် စားဝတ်နေရေး ဖြေရှင်းနိုင်ခဲ့ကြ
သည်။ အိမ်ထောင်သက် “၂”နှစ်သို့ အရောက်
သမီးဦးလေး တစ်ယောက် ရခဲ့သည်။ သမီး
ကြီးမြမြကို မွေးပြီး နောက်တစ်နှစ်ခွဲအကြာ
မောင်ကျော်စွာ ဆိုသော သားလေးကို မွေး
ဖွားခဲ့သည်။

သားလေးကျော်စွာပင် ခြောက်နှစ်အကျော်
သို့ ရောက်ခဲ့ပြီ၊ ရွာမှ စီးပွားရှာရသည်မှာ
တစ်နေ့ရသော လုပ်စာ၊ တစ်နေ့ဖြေရှင်းနေ
ရသည်မှာ တစ်နေ့ရသော လုပ်စာ၊ တစ်နေ့
ဖြေရှင်းနေရသဖြင့် ပိုပိုလျှံလျှံ မဖြစ်လာခဲ့။

မနန်းက ဥယျာဥ်ခြံအတွင်း ရရာအလုပ် ဝင်
လုပ်သလို ကိုးနှစ်အရွယ်သို့ ရောက်လာသော
မြမြလေးလည်း မိခင်နှင့်အတူ နိုင်သော
အလုပ်ကို ဝင်လုပ်ကိုင်ကြသည်။

ကိုအောင်မြတ်လည်း တစ်ခုစဥ်းစားသည်။
သားဖြစ်သူ မောင်ကျော်စွာက ခြောက်နှစ်
ကျော် ခုနှစ်နှစ်အတွင်းသို့ပင် ရောက်နေပြီ၊

သားကို ရှင်ပြုရန် မိဘတို့မှာ တာဝန်ရှိသည်။
ထို့ကြောင့် သားရှင်ပြုနိုင်ရန် ငွေကို အလုံး
အရင်းလိုက် ရနိုင်ရန် ကြိုးစားမည်ဟု အသိ
ဝင်လာသည်။ ထို့နောက် တစ်ရွာတည်းနေ
သူ ကိုလှကြိုင်၊ စောဖိုးထူးတို့က အောင်မြတ်
အား သူတို့နှင့်အတူ ပဲခူးတွင် ဆောက်လုပ်
ရေး အလုပ်များ ရှိသည်။

လုပ်လိုက လိုက်ခဲ့ရန်ခေါ်သည်။အဂ်လိပ်အ
စိုးရမှ ဆောက်လုပ်နေသော ရုံးအဆောက်
အဦးများတွင် အကြမ်းလုပ်သား နေ့စားအ
လုပ် သွားလုပ်ရန် ဇနီးဖြူသူအား တစ်နှစ်
တန်သည် နှစ်နှစ်တန်သည် သားအမိသုံး
ယောက် ချွေချွေတာတာ သုံးပြီး နေထိုင်
ကြရန် မှာကြားသည်။

ဦးစံဖေတို့အား ဇနီးနှင့် သားသမီးတို့ကို အပ်
ပြီး သုံးယောက်သား ပဲခူးသို့ ထွက်ခဲ့ကြသည်။
ပဲခူးရောက်တော့ ပဲခူးတွင် အလုပ် အဆင်
မပြေသဖြင့် မန္တလေးသို့ ထွက်ခဲ့သည်။
မန္တလေးရောက်တော့ အဂ်လိပ်အစိုးရ၏
ဆောက်လက်စ ရုံးအဆောက်အဦးများ
အများအပြားရှိသဖြင့် အလွယ်တကူ
အလုပ်ရခဲ့သည်။

xxxx

ရွာမှာ ကျန်ခဲ့သော မနန်းနှင့် ကလေးနှစ်
ယောက်က မိမိတို့၏ ရရှိသော လုပ်အား
ကလေးများနှင့် စားဝတ်နေရေး ဖြေရှင်း
နေထိုင်ခဲ့ကြသည်။

အချိန်က ၂ နှစ်နီးပါး ကြာသွားပြီ၊ ယောကျ်ား
ဖြစ်သူထံက ပိုက်ဆံလည်း ရောက်မလာ၊ သ
တင်းလည်း မကြား၊ မိသားစုအားလုံး စိတ်ပူ
နေကြရသည်။ လုပ်နိုင်ကိုင်နိုင်သော အရွယ်
မို့ ငတ်ပြတ်ခြင်းတော့ မရှိခဲ့ကြပါ။ အချိန်က
ကြာသွားသည်နှင့်အမျှ မြမြလေးက ဆယ့်
တစ်နှစ်အတွင်းသို့ပင် ဝင်လာပြီ၊

အိမ်၏ ချက်ရေးပြုတ်ရေးကို နိုင်နင်းစွာ ချက်
ပြုတ်နိုင်ပြီဖြစ်သည်။ တစ်ရက် အလုပ်မှ နေ့
ခင်းထမင်းစား ပြန်ခဲ့သည်။ စားသောက်ပြီး
တစ်နာရီခွဲခန့် နားချိန်ရသည့်အတွက် မနန်း
က သမီးမှမှအား….

“သမီးရေ… မီးဖိုထဲမှာ သိမ်းလို့ ပြီးပြီလား”

“ဟုတ်ကဲ့… ပြီးပါပြီ၊ ဘာခိုင်းဦးမလို့လဲ”

“ပြီးရင် အမေ့ခေါင်းက ယားလို့ ခေါင်းမှာ
သန်း ခဏလောက် ရှာပေးပါလား၊ အခုတ
လော ခေါင်းမလျှော်ဖြစ်လို့ ခေါင်းမှာ သန်း
တွေ များလာတယ် ထင်တယ်”

“သမီးက တစ်ခါမှ သန်းမှ မရှာဘူးတာ”

“သမီး ဆံပင်က တိုတိုလေးဆိုတော့ သန်း
မရှိပေမယ့် အမေတို့လို ဆံပင်ရှည်ရင်
သန်းက ရောက်လာရော”

“ကဲ….သမီးရှာပေးမယ် ခေါင်းရင်းအိမ်က
အရီးနန်းမူတို့ သန်းရှာနေတာ တွေ့ဖူးတယ်”

ခဏကြာတော့ မြမြလည်း မိခင်မနန်းခေါင်း
မှ သန်းများကို စိတ်ဝင်တစား ရှာပေးနေလေ
သည်။ သန်းရှာနေရင်း တစ်နေရာတွင် မြမြ
လည်း တစ်စုံတစ်ခုကို မြင်တွေ့သွားသည်။
မိခင်၏ ခေါင်းထိပ် အလယ်တည့်တည့်အ
ရောက် အထူးအဆန်းတစ်ခုကို မြင်တွေ့သွား
သည့်အလား မိခင်တို့၏ အခြေအနေကို
မသိဘဲ….

“ဟင်…. အမေ ၊ အမေ့ခေါင်းမှာ သံချောင်း
အသေးလေး သုံးချောင်းတောင် စိုက်ဝင်
နေတယ် အမေ မသိဘူးလား”

“မသိပါဘူး သမီးရယ်၊ အဲဒီဆူးတွေကြောင့်
များ ခေါင်းယားနေတာလား မသိဘူး၊ကဲ..
.သမီး၊ နှုတ်လို့ရရင် နှုတ်ပစ်လိုက်စမ်းပါ”

မနန်းကိုယ်တိုင်လည်း ဥစ္စာစောင့်အဖြစ်မှ
လူ့ဘဝကူးပေါင်းလာရခြင်းမှာ ဤအပ်သုံး
ချောင်းကြောင့်ဟု သိမထားပါ။ ကိုအောင်
မြတ်ကလည်း ပြောပြမထားပါ။ မြမြလေး
လည်း အကြောင်းမသိ၊ သံချောင်းတကယ်
ပင် စူးဝင်နေသည်ထင်ပြီး တစ်ချောင်းချင်း
ဆွဲနှုတ်နေသည်။

အပ်သုံးချောင်းကို ဆွဲနှုတ်လိုက်ပြီးသည်နှင့်
မနန်းလည်း လူစိတ်ပျောက်သွားလေတော့
သည်။ မူလဥစ္စာစောင့်တို့၏ စိတ်က ပြန်လည်
ဝင်ရောက်လာတော့သည်။

ထိုအခါ သားသမီး၊ လင်သံယောဇဥ်ထက်
ဥစ္စာစောင့်ဆိုသော အသိကြောင့် နေရပ်ပြန်
ရန်သာ စိတ်မှာ ဆန္ဒဖြစ်ပေါ်နေတော့သည်။
မနန်းက သမီးမြမြလေးအား…

“သမီး..အမေက လူသားစင်စစ် မဟုတ်ဘူး
သမီး၊ အမေက နောင်ပွင့်မယ့် မြတ်စွာဘုရား
ရဲ့ ကျောင်းတော်တွေ ဆောက်ရန်အတွက်
စုဆောင်းထားတဲ့ ပစ္စည်းတွေကို စောင့်ရှောက်
နေရတဲ့ ဥစ္စာစောင့် တစ်ယောက်ဖြစ်တယ်၊

ဒါကြောင့် အမေက သားနဲ့သမီးတို့အနီးမှာ
မနေနိုင်တော့ဘူး၊ သမီးတို့အဖေ ပြန်လာတဲ့
အထိလည်း အမေ မစောင့်နိုင်တော့ဘူး၊
သိုက်ထဲက ထွက်လာတဲ့အချိန်ကလည်း
ကြာခဲ့ပြီ၊ သမီးတို့အဖေ သားရှင်ပြုဖို့
ငွေရှာထွက်သွားတာ ကြာချင်လည်း ကြာ
ဦးမှာပဲ၊

အမေ့မှာ ဘုရားပစ္စည်းတွေ စောင့်ရှောင်ရင်း
အမေပိုင်တဲ့ ငွေလေးရာလောက်တော့ စုထား
တာ ရှိတယ်၊ သားနဲ့သမီး လိုက်ပြီး ယူကြ၊
အဲဒီငွေကို အဘဦးစံဖေဆီမှာ အပ်ထား၊

သမီးတို့အဖေ ပြန်လာရင် သူရလာတဲ့ငွေနဲ့
ပေါင်းပြီး သားရှင်ပြုပွဲလုပ်ကြ၊ အလှူလုပ်
ရင် အမေ့အတွက်လည်း ရည်စူးပြီး ရေ
စက်ချ အမျှဝေပေးပါ၊ အမျှရရင် ဒီဘဝ
က ကျွတ်လွတ်ချင်လည်း ကျွတ်လွတ်
သွားမှာပဲ၊ အလှူမှာ အမျှရလို့ သာဓုခေါ်
နိုင်ရန် အမေ့နေရာအတွက် ဥစ္စာစောင့်
တစ်ယောက် ရောက်လာရင် အမေ ကျွတ်
လွတ်ရမှာပဲ”

အမေ၏ မှာကြားချက်များကို မောင်နှမ
နှစ်ယောက်လည်း မျက်ရည်စက်လက်
နှင့် နားထောင်နေကြသည်။

“ကဲ…အမေနဲ့ လိုက်ခဲ့ကြ၊ အချိန်ရှိတုန်း
သွားလိုက်ကြရအောင်”

တစ်နာရီသို့ရောက်သောအခါ မနန်းက
ရပ်လိုက်သည်။

“ကဲ သမီးနဲ့ သားတို့ ဒီက စောင့် ဟုတ်လား၊
သိုက်ထဲကို လူစိမ်းတွေ ခေါ်လာလို့ မရဘူး၊
အမေအခုပဲ ပြန်လာခဲ့မယ်”

တိုက်ကြီးတစ်လုံးရှေ့မှာ မနန်းက သားနှင့်
သမီးတို့ကို ထားခဲ့ကာ တိုက်အတွင်းသို့ ဝင်
သွားသည်။ ခဏအတွင်းမှာပင် ပြန်ထွက်
လာသည်။ ထွက်လာတော့ ဝင်သွားတုန်းက
အဝတ်အစား မဟုတ်၊ နန်းဝတ်နန်းစား အ
ဝတ်အစားမျိုး ဝတ်ကောင်းစားလှများနှင့်
ဖြစ်လာသည်။

“ရော့ ဒီပိုက်ဆံကို ယူသွားကြ၊ အဲဒီပိုက်ဆံ
ကို အလှူမှာ ထည့်သုံးကြ ဟုတ်လား”

“အမေ သားတို့နဲ့ တကယ် ခွဲသွားတော့မှာလား”

“အမေ သမီးတို့နှစ်ယောက်ကို စိတ်ချပြီး
ထားခဲ့ပြီလား၊ အမေ မသွားပါနဲ့… ဟီး..
ဟီး…..ဟီး…”

“ဝမ်းမနည်းပါနဲ့ သမီးရယ်၊ ဘယ်လိုမှ မဖြစ်
နိုင်တော့ပါဘူး၊ အမေတို့နဲ့ ဘဝခြင်း မတူဘဲ
လောကသားတစ်ယောက် ဖြစ်သွားပြီ၊ ဒါ
ကြောင့် သားနဲ့သမီးကို မခွဲချင်ပေမယ့် ရင်
ထဲက နာနာနဲ့ပဲ ခွဲလာခဲ့ရတာပါ”

“ဟေ့…. မလာသေးဘူးလား၊ တစိမ်းတွေကို
ပြန်လွှတ်လိုက်”

တိုက်ကြီးအဝမှ အရုပ်ဆိုးဆိုးလူကြီး၏
လှမ်းအော်လိုက်သည့်အသံကို ကြားသည်နှင့်…

“ကဲ…သမီးတို့၊ သားတို့ သွားကြတော့၊ အမေ
အထဲဝင်တော့မယ်”

ထိုသို့ပြောပြီးသည်နှင့် တိုက်ထဲဝင်သွားသည်။
သူတို့မောင်နှမ မျက်စိအောက်မှာပင် ထန်းသုံး
ပင်နှင့် တိုက်ကြီး ပျောက်သွားသည်။ မောင်နှ
မနှစ်ယောက်လည်း ထိုနေရာမှ ပြန်ခဲ့ကြပြီး
ပါလာသော ငွေများကို ဦးစံဖေအား အပ်ထား
လိုက်သည်။ ဦးစံဖေလည်း မြမြပြောပြ၍
မနန်းအကြောင်းစုံကို သိသွားတော့သည်။

“အင်း….ဒီကိစ္စတွေကို ဆရာတော်ကြီး သိမှာ
ပဲ၊ ငါဆရာတော်ကျောင်းသွားပြီး မောင်အောင်
မြတ်နဲ့ မနန်းတို့သိုက်နန်းရှင်နဲ့ လူ ပေါင်းစပ်
တဲ့အကြောင်း သွားစုံစမ်းကြည့်ဦးမှပဲ”

သို့ဖြင့် အလုပ်အားသည်နှင့် ဦးစံဖေလည်း ဆရာတော်အား ဆက်ကပ်ရန် ခြံထွက်အသီး
အနှံများ တောင်းဖြင့်ထည့်ပြီး ကျောင်းသို့
ထွက်လာသည်။

ကျောင်းသို့ ရောက်လာသောအခါ ဆရာတော်
ကို သစ်သီးတောင်း ဆက်ကပ်၍ မနန်း သိုက်
အတွင်းသို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း
လျှောက်ထားလိုက်ပြီး သူသိချင်သော အ
ကြောင်းအရာများကို တင်ပြ လျှောက်ထား
လိုက်သည်။

“အခု မောင်အောင်မြတ်နဲ့ မနန်းတို့ အိမ်ထောင်
သက် ဆယ့်သုံးနှစ်ကျော်မှာ တစ်စစီ ပြိုကွဲသွား
ပါပြီဘုရား”

“ဟဲ့ ဘယ်လို ဖြစ်ကြတာလဲ၊ စိတ်သဘောချင်း
မတိုက်ဆိုင်ကြတော့လို့လား စီးပွားရေး မပြေ
လည်လို့ လမ်းခွဲလိုက်ကြတာလား”

“မဟုတ်ပါဘူး ဘုရား၊ ဥစ္စာစောင့်ဘဝက လာ
တာဆိုပြီး ဥစ္စာစောင့် ပြန်ဖြစ်သွားလို့ သားအ
ဖသုံးယောက် ကျန်ခဲ့ပါတယ်ဘုရား”

“ဟေ…ဘယ်လိုကြောင့် ဥစ္စာစောင့်ဘဝ ပြန်
ရောက်သွားရတာလဲ၊ ပြန်ရောက်စရာအ
ကြောင်း မရှိပါဘူး”

“မနန်းရဲ့ခေါင်းက အပ်သုံးချောင်းကို သူ့သမီး
သန်းရှာရင်း တွေ့သွားပြီး ဆွဲနှုတ်ပစ်လိုက်တာ
အပ်သုံးချောင်းလည်း နှုတ်ပြီးရော လူစိတ်
ပျောက်ပြီး ဥစ္စာစောင့်အဖြစ် ပြန်ရောက်သွား
တော့တာပါပဲဘုရား”

“သြော်….အပ်သုံးချောင်းကို နှုတ်ပစ်လိုက်ကြ
တာကို၊ အေးလေ သူတို့အားလုံးရဲ့ ရေစက်က
ဒီလောက်ပဲ ပါကြတာပဲ”

“ဆရာတော် ဒီကိစ္စကိုသိရင် တပည့်တော်
သိပါရစေလားဘုရား”

“အင်း…ဒီကိစ္စ ဆရာတော်မှာလည်း တာဝန်
မကင်းပေဘူးကွယ့်၊ သူတို့နှစ်ယောက် ဥစ္စာ
စောင့်နဲ့ လူ၊ ခွဲလို့မရအောင် ချစ်ကြိုက်နေကြ
တာ၊ ဆရာတော်ကလည်း အကြောင်းအမျိုး
မျိုး ပြပြီး ၊ မဖြစ်နိုင်ကြောင်း ပြောတာ၊ ဘယ်
လိုမှ ဖြတ်ခိုင်းလို့ မရတဲ့အတွက် ဘုန်းကြီး
ရဲ့ တပည့် ရှမ်းဆရာကြီးကို တာဝန်ပေး
လိုက်မိတယ်၊ ရှမ်းဆရာရဲ့ အစီအမံနဲ့
သိုက်ကိုချုပ်တဲ့ ဂါတာစုတ်ပြီး အပ်သုံး
ချောင်းကို ခေါင်းမှာ စိုက်ပေးခဲ့တယ်။
ဥစ္စာစောင့်မိန်းခလေးက လူသားစိတ်
ဝင်ပြီး သူတို့ ပေါင်းသင်းနေနိုင်ကြတာပေါ့။
အခု အပ်သုံးချောင်းကို နှုတ်ပစ်လိုက်ပြီ
ဆိုတော့လည်း သိုက်ကို ချုပ်ထားတာ
ပျက်ပျယ်သွားတဲ့အတွက် ဘဝဟောင်း
ကို ပြန်သွားတာပေါ့ စံဖေ”

“တပည့်တော် သိပါပြီဘုရား၊ မောင်အောင်
မြတ်ရဲ့ သားကို ဆရာတော်ကျောင်းမှာ အပ်
ပါရစေ၊ သူ့အဖေလာရင် ရှင်ပြုပေးဖို့ အ
ဆင်သင့် ဖြစ်နေတာပေါ့ဘုရား၊ အကြီးသမီး
လေးကိုတော့ တပည့်တော် ဇနီးရယ်၊ သမီး
ငယ်တို့နဲ့အတူ ထားပါ့မယ် ဘုရား၊ သမီး
အငယ်ဆုံးလေးကလည်း အခုမှ ဆယ့်သုံး
နှစ်ပဲ ရှိတာဆိုတော့ သူတို့ချင်း အရွယ်တူ
အဖော်ရတာပေါ့ဘုရား”

“ဒကာကြီးစံဖေ စီစဥ်တဲ့အတိုင်း ကောင်းပါ
တယ်၊ မောင်အောင်မြတ်ရဲ့သားကို မနက်ဖြန်
ကျောင်းမှာ လာပို့ထားလိုက်ပါ၊ မောင်အောင်
မြတ်က သူ့သားရှင်ပြုမလို့ စီးပွားထွက်ရှာ
နေတယ်၊ ပြန်လာလို့ မိန်းမ မရှိတော့တာ သိ
ရင် အတော်ခံစားရမှာ၊ အစကတည်းက ဘုန်း
ကြီးတယ်”ဃရာဝါသ ပြုက ဆင်းရဲမည်”လို့
မိန့်ခဲ့ပြီးပြီ။ သူတို့က ဒီနွံဗွက်အတွင်း အတင်း
ဆင်းချင်ကြတာကိုး။ ကဲ….ကဲ သူပြန်လာရင်
အလှူဖြစ်မြောက်အောင် ဝိုင်းကူညီလိုက်ကြပါ”

“တင့်ပါဘုရား၊ တပည့်တော်ကို ခွင့်ပြုပါဦး”

“အေး…အေး”

ဦးစံဖေ ဆရာတော်ကြီးအား ဝတ်ဖြည့်ပြီး
အိမ်သို့ ပြန်လာခဲ့သည်။ ဦးစံဖေ၏ မိသားစု
ကြောင့် တစ်ရွာလုံးနီးပါး ကိုအောင်မြတ်နှင့်
ဥစ္စာစောင့်တို့ ဆုံဆည်းကြသည့်အကြောင်း
တစ်ရွာလုံး သိသွားကြတော့သည်။

မနန်း သိုက်နန်းသို့ ပြန်သွားပြီး သုံးလခန့်အ
ကြာမှာ စီးပွားထွက်ရှာသော ကိုအောင်မြတ်
သားရှင်ပြုရန် ငွေထုပ်ပိုက်ပြီး ပြန်လာတော့
သည်။ အိမ်သို့ရောက်တော့ သားက ဘုန်း
ကြီးကျောင်း ရောက်နေသည်။ သမီးက
မျက်နှာမကောင်း၊ မနန်းကို မတွေ့သဖြင့်
ရင်ထဲ ထိတ်သွားရသည်။

“အမေ…အမေ မရှိတော့ဘူး.. ဟီး….ဟီး..
အဖေက အခုမှ ပြန်လာတယ်၊ သမီးတို့
မောင်လေးတို့ နှစ်ယောက်တည်း ရှိတော့
တယ်…ဟီး…ဟီး”

အိမ်အောက်မှ လူသံများ ကြားသဖြင့် ဦး
စံဖေ အိမ်ပေါ်က ဆင်းလာခဲ့သည်။

ဦးစံဖေ ရှင်းပြလိုက်သဖြင့် အပျော်နှင့်လာခဲ့
သော ကိုအောင်မြတ်လည်း အရုပ်ကျိုးပြတ်
ဖြစ်နေသည်။

ဆရာတော်ကြီး ပြောခဲ့သော “ဃရာဘုံရှုပ်
ဤအလုပ်ကို မစက်ဆုတ်ဘူးလား”မိန့်ခဲ့
သော စကားသံကို ကြားလာသည်။

တပည့်တော် ဆရာ့တော်စကား နားမထောင်
မိတာ မှားမှန်းသိပါပြီဟု ပြောရင်း မျက်ရည်
များ စီးကျလာတော့သည်။

သို့ဖြင့် မကြာခင်မှာပင် ရှင်ပြုအလှူကို အောင်
မြင်စွာ ပြုလိုက်နိုင်သည်။ အလှူရေစက်ချရင်း
ဥစ္စာစောင့် မနန်းနှင့် တကွ ဝေနေယျသတ္တဝါ
တို့အား အမျှပေးဝေခဲ့ပါသည်။

ထိုအောင်မြတ်လည်း သမီးအား ဦးစံဖေ
လင်မယားကို မွေးစားရန် ပေးခဲ့ပြီး သာ
သနာဘောင်သို့ အပြီးတိုင် ဝင်ခဲ့လေ
တော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက္ကံ)

credit

မဖဲဝါနဲ့ စောက်ထိုးဆွဲသရဲ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။