ချစ်သူကျိန်စာ

*ချစ်သူ့ကျိန်စာ*📖📖📖(စ/ဆုံး)

********************************

မောင် ကားမှောက်လို့ ဒီပြန်ခေါ်လာပြီး ဆေးရုံ တင်ထားရတော့နေခြည်လိုက်သွားရင်
သူ့အတွက်
မျှော်လင့်ချက်ရှိတယ်တဲ့။ နေခြည်တို့နှစ်ယောက် တွေ့ဆုံခဲ့ရသော ဆိုးရွားတဲ့ကံကြမ္မာရေစက်ဆိုး တွေလား၊ မောင့်ဆီ မသွားနိုင်ပေမဲ့ စိုးရိမ်ပူပန်စိတ် တွေအမြဲရှိနေမှာပါ။
နေခြည်နဲ့မောင် … … … ပေါင်းဖက်လို့ မရတဲ့ . အကြောင်းတွေကမိသားစုကိုပြိုကွဲအောင်လုပ်ပြီး ဖေဖေနဲ့ယူခဲ့သောဒေါ်မာလာရဲ့မောင်နှမတော်စပ်မှု ဒီတစ်သက်ပြောင်းလဲလို့ မရတဲ့အရာပဲ။ နာကြည်း ခြင်းအဖြစ်အပျက်တွေ မေ့နိုင်ပြီဆိုရင် မောင်တို့ ပြန်ဆုံခွင့်ရှိမယ် မဟုတ်လားတဲ့။

မောင်ခေါ်တဲ့နောက်ကိုလိုက်ခဲ့ရင်နေခြည်မုန်းသောဒေါ်မာလာနဲ့
အမျိုးတော်ရပြီးမေမေလည်းတစ်သက်လုံးစိတ်ချမ်းသာမှာမဟုတ်ဘူး။ အချစ်နဲ့အမုန်းတွေကနေ နေခြည်ဆီ ဘာလို့များ တစ်ပြိုင်နက်တည်း
ရောက်လာတာလဲ။
ဝမ်းနည်းငိုချင်စိတ်ကို ရင်ထဲမှာ သိမ်းထားပြီး တိတ်ဆိတ်သော အခန်းတွင်စာတိုက်ကနေခြည်ပို့ခဲ့သောမောင့်စာကိုနာရီပေါင်းများစွာ ပြန်ဖတ်လိုက်သည်။ နေခြည့်ကိုမြင်ရင် မောင့်စိတ်တွေ မထိန်းနိုင်ပဲ ရူး သွားမလားလို့ ထင်မိတယ်။ မောင်နဲ့ အဝေးဆုံးမှာ နေချင်တယ်ဆိုတဲ့ အတွက် အဝေးကို ထွက်သွားခဲ့ပြီး ကျေနပ်ပါတော့နော်။ နေခြည် – မောင့်ကို မမေ့ဘူးဆိုရင်ပျော်နေမှာပါ။
ဖောက်ပြန်ခဲ့သော ဖေဖေ့ရဲ့အကျိုးဆက်တွေကြောင့် သမီးနှလုံး သားတွေနာကျင်ဝမ်းနည်းခဲ့ရပြီ။နေကြည့်ရင်ထဲဘယ်လောက်ပဲနာကျင်
နေပါစေ၊ အေးချမ်းသောဘဝလေး စိတ်ဆင်းရဲအောင်လုပ်ခဲ့သော ဒေါ်မာလာကိုသေတဲ့အထိ ခွင့်မလွှတ်နိုင်ပဲ မုန်းနေဦးမှာ။ “သမီး-ဧည့်သည်ရောက်နေတယ်”
နေခြည်-အပြင်ထွက်ကြည့်လိုက်တော့တစ်ချိန်ကဖေဖေကိုရပြီ
ဆိုတဲ့မျက်နှာနဲ့ မော်ကြွားပြုံးခဲ့သော မျက်ဝန်းတစ်စုံက မျက်ရည်တွေ
ပြည့်လျက် မြင်နေရတယ်။
တစ်ခဏတာ အပျော်မဟုတ်ဘဲ တစ်ဘဝလုံး ပိုင်ဆိုင်ခဲ့သော ဒေါ်မာလာကိုမြင်လိုက်တော့နေခြည်ရင်ထဲဒေါသတွေပူလောင်လျက်
တစ်ကိုယ်လုံးတုန်လာသည်။သေသည့်အထိမမေ့နိုင်သောနာကျင်မှုပဲ
စကားမပြောချင်လို့ နေခြည်အခန်းထဲ ပြန်ဝင်သွားတာကို လက်လှမ်း ဆွဲပြီးပြောခဲ့သည်။
“တို့မောင်လေးအတွက် မင်းအဖေကို ကွာရှင်းလိုက်ပြီ။ တို့အမှား တွေအတွက် တစ်သက်လုံး နောင်တရနေမှာပါ။ မောင်လေးက မင်းကို

တမ်းတနေတယ်။ အသေဖြောင့်ပါစေလား။ မင်းကို မမြင်ရမချင်း နောက် ဆုံးအချိန် ပင်ပန်းတကြီးစောင့်နေရမှာတို့လည်းစိတ်ဆင်းရဲနေပါပြီ”
နေခြည်တို့သားအမိရင်တွေ ဘယ်လောက်နာကျင်ခံစားရမလဲဆိုတာ
ကိုကိုယ်ချင်းမစာတတ်သောဒေါ်မာလာသူ့မောင်အတွက်သောကရောက် နေပြီပေါ့။စိတ်တိုလာပြီးမျက်လုံးထဲဘာမှမမြင်တော့ဘဲဆွဲထားသောလက်
ကိုတွန်းပစ်လိုက်တယ်။
“သမီး- လူကြီးကို မရိုင်းနဲ့။ ဒီလောက်တောင်းပန်နေတဲ့လူရဲ့ဆန္ဒကို လိုက်လျောပေးပါ။ ဖေဖေ့အပေါ်စိတ်နာတာမှန်ပေမယ့် နေပိုင်က သမီး ချစ်ခဲ့ဖူးတဲ့လူ မဟုတ်လား”
သမီးတို့သားအမိတွေရင်ထဲ နာကျင်ခံစားရတာကို လှည့်မကြည့်ဘဲ ဖေဖေချစ်တဲ့မိန်းမဒေါ်မာလာဝမ်းနည်းနေတာကိုမမြင်ရက်ဘူးပေါ့။တကယ် လို့များ နေခြည့်ကို မတွေ့လိုက်ပဲ မောင်သေသွားခဲ့ရင် ရင်နာမဆုံး ဖြစ်ရမှာ
လား။
မောင်ကိုမြင်ရင် ဒေါ်မာလာမျက်နှာ မြင်ယောင်လာပြီး အမုန်းတွေ ပိုမိ မှာစိုးတယ်။ ဖေဖေတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် နေခြည်တို့ နှစ်ယောက် ချစ်လျက်နဲ့ ဝေးကွာပြီး နောက်ဆုံးသေကွဲခွဲရတော့မယ်။ “မေမေကတော့ – အဲဒီ့မိန်းမဆီမှာ အရင်ဘဝ ကြွေးဟောင်းရှိခဲ့လို့ သဘောထားတယ်။ သမီး- တွေဝေမနေနဲ့။ နေပိုင်မှာအပြစ်မရှိဘူး။ ပြီးခဲ့တာ တွေပြီးပါစေတော့ – သွားတွေ့လိုက်ပါ”
ဆေးရုံရောက်တော့နေခြည်ကိုစောင့်နေသည့်မောင်ကဆေးရည်ပိုက်
တွေနှာခေါင်းပိုက်ကြိုးသွယ်တန်းထားတဲ့ကြားမှာ နှစ်ခြိုက်စွာအိပ်ပျော်နေ သလိုပဲ မောင်မျက်နှာ ဖြူစင်သန့်စင်းမှုတွေမရှိဘဲ မျက်ကွင်းကျပြီး ခေါင်းမှ ပတ်တီးစည်းလျက်။
စက်အကူအညီဖြင့် အသက်ဆက်ရသော မောင့်နှလုံးခုန်သံတွေ မြန် ဆန်မှုမရှိတာမြင်ရတော့ နေခြည် ကျိန်စာ တကယ်ဖြစ်လာပြီပေါ့။ မိသားစု ပြိုကွဲပြီး စိတ်ဆင်းရဲအောင်လုပ်ခဲ့သောဒေါ်မာလာကို သူချစ်သော မောင်

ထာဝရဆုံးရှုံးပါစေလို့ကျိန်ခဲ့မိတယ်။ ခုတင်ဘေးမှငိုနေသောမောင့်အမေက နေခြည့်လက်ကိုကိုင်ပြီး ပြောလိုက်တယ်။
“သမီးတို့သားအမိတွေ နာကျင်ခံစားခဲ့သော အန်တီသမီးအမှားတွေ ကြောင့် သား ထိခိုက်ဒဏ်ရာရပြီး ဝဋ်လည်တာပဲ” နေခြည်-စိတ်မကောင်းလို့အမုန်းတွေမေ့ထားပြီးအနားကပ်မောင့်ကို သူတွေ့ချင်သောချစ်သူအသံကိုစိတ်ထဲကြားရတော့မျက်
ခေါ်လိုက်မိတယ်။
လုံးတွေကို အားယူဖွင့်ကြည့်လိုက်တယ်။ သတိရလာပြီး ငေးစိုက်ပြောနေ သော မောင့်မျက်ဝန်းက အချစ်တွေကို နေခြည် မသိချင်ယောင်ဆောင်ခဲ့မိ တယ်။
“အစ်မနဲ့ပတ်သက်ပြီး မောင့်ကို မုန်းခဲ့တာတွေရှိရင် ဒီဘဝမှာပဲကျေပါ စေ။နေခြည့်ကိုတစ်ရက်မှမမေ့ပါဘူး။ မောင်သေဆုံးသွားလည်းနေခြည်ကို ချစ်တဲ့အချစ်တွေအမြဲရှင်သန်နေမှာပါ။ နောင်ဘဝမှဆုံနိုင်မယ်ဆိုရင်နောင် ဘဝထိစောင့်ပါ့မယ်”
ရက်စက်တယ်လို့မထင်ပါနဲ့ – မောင်ရယ်။ နေခြည်ကိုစိတ်ရင်းနဲ့ချစ်တာ သိသော်လည်းရင်ထဲအမုန်းဒဏ်ရာတွေမပျောက်သရွေ့ဘယ်ဘဝရောက် နေပါစေ၊ မဆုံချင်ဘူး။ သူ- မျက်လုံးတွေ ဝါးလာပြီး စကားတွေ ပြောချင်ပေ မယ့် အသက်ရှူရတာ ပင်ပန်းလာတယ်။
သတိမလွတ်အောင် ထိန်းထားသောမောင့်ကို ခဏနားပါဦး- နေခြည် မပြန်သေးဘူးလို့ ပြောလိုက်တော့မှ အိပ်ပျော်သွားခဲ့သောမောင် တစ်ဖန် ပြန်လည်နိုးလာနိုင်ပါ့မလား။ တစ်ချိန်က နေခြည်တို့နှစ်ယောက်ရဲ့ ပုံရိပ် ဟောင်းလေးဆီသို့ တမ်းတလျက်…။

“ကိုကို-မာလာကိုချစ်တယ်။ သူ့ဘဝကိုလည်းတာဝန်ယူစောင့်ရှောက် မယ်လို့ကတိပေးထားပြီ။ခွင့်လွှတ်ပါ – ခင်လေးရယ်။ကိုယ်တို့ကွဲသွားပေမယ့် သမီးကိုတော့ ပြန်ကြည့်မှာပါ”
တခြားမိန်းမကိုချစ်တယ်ဆိုတဲ့စကားဖေဖေမို့နေခြည်တို့သားအမိရှေ့ မှာ ပြောထွက်ရက်ပြီး ရက်စက်သောစကားလုံးတွေနဲ့ ရင်ကို မမေ့ပျောက် နိုင်သော စူးချက်သွင်းလိုက်သလိုပဲ။ နှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့ မေမေ ခံစားချက်မျက်ရည်တွေက ဖေဖေ့အတွက် အရေးမပါတော့တာလား။ ဒေါ်မာလာနဲ့ ယူသွားသောအဖေကြောင့် မေမေ အထီးကျန်ခဲ့ရပြီး နေခြည်လည်းသူငယ်ချင်းတွေကြားမှာမျက်နှာငယ်ရတယ်။ အရင်ကပျော် စရာကောင်းတဲ့အိမ်လေးရယ်မောသံတွေပျောက်ဆုံးကုန်ပြီ။ တစ်ခါတလေ အိမ်လာခဲ့ရင် နေခြည်သုံးဖို့ပိုက်ဆံပေးသောအဖေကို ကြာလာတော့ စိတ် နာတာကြောင့် ပြောလိုက်မိတယ်။
“မေမေ့အပေါ်အားနာတဲ့စိတ်လေးရှိရင်နောက်ထပ်အိမ်ကိုမလာပါနဲ့။ သမီးကို လမ်းတွေ့ခဲ့ရင် သူစိမ်းလိုသဘောထားပြီး မသိချင်ယောင် ဆောင် ပေးပါ။ အဖေ့ဆီကပိုက်ဆံနဲ့ ဘာအကူအညီကိုမှ မလိုချင်ဘူး”
နေခြည် – ကုမ္ပဏီအလုပ်ဝင်ပြီး သားအမိနှစ်ယောက်တည်း ပတ်ဝန်း ကျင်သစ်မှာ အဖေ့ကိုလည်း အဆက်အသွယ်မလုပ်ခဲ့ဘူး။ ချစ်လို့ ယူခဲ့ကြ သောမေမေတို့အိမ်ထောင်ရေး မတည်မြဲတာကိုကြည့်ပြီး သစ္စာမရှိ ဖောက် ပြန်တတ်တဲ့လူကိုတွေ့မှာ ကြောက်မိတယ်။
တစ်ချိန်ချိန်မှာ အချစ်ဆိုတာကို ကြုံရဦးမယ်ဆိုတဲ့စကားအတိုင်း နေခြည့်နှလုံးသားထဲတစ်ယောက်သောသူနှင့်တွေ့ဆုံခဲ့ရတယ်။ ရုံးသွားရုံး ပြန်ချိန်တွေ သိပ်မလှမ်းကွာသည့် တစ်နေရာမဟုတ် တစ်နေရာမှာ ရောက် ရှိလာပြီးနေခြည်ကိုတွေ့ရင်ပြုံးကြည့်နေတတ်သောသူ့ကိုအမြဲလိုတွေ့မြင်
လာမိတယ်။
သူကဘာစကားမှမပြော၊အနားမကပ်ရဲသော်လည်းနေခြည့်အတွက်
တော့ စိတ်အနှောင့်အယှက်တစ်ခုပဲ။ အချိန်ကြာလာတော့ – သူ ဒီထက် ပိုနီးစပ်အောင် မလုပ်ခဲ့သည်မို့ စိတ်သက်သာနှင့် မေ့ထားမည်ဟု ကြံစည် သည့်တစ်နေ့…

ရုံးဆင်းတော့ – အမေ့အတွက် မုန့်ဝင်ဝယ်နေခိုက် ဘယ်အချိန်ရောက်
နေမှန်းမသိ၊ အမြဲတွေ့ရသောသူကနေခြည့်ကိုခုမှပြန်ရတာလားတဲ့။ သူ့ကို “မိန်းကလေးတစ်ယောက်ကို တမင်သက်သက် နှောင့်ယှက်နေတာလား။ ဘယ်လိုလူလဲမသိဘူး။ နောက်တစ်ခါလိုက်လာရင် နေခြည့်ကိုအဆိုးမဆို နဲ့”လို့ ပြောပြီးထွက်သွားခဲ့တယ်။
ကိုယ့်ကို အရေးမစိုက်ချင်သည့်မိန်းကလေး၏အရိပ်ကို မြင်ရုံဖြင့် သူ့ ရင်တွေ ခုန်နေပြီ။ အချိန်တိုင်း မြင်တွေ့ချင်တဲ့ ရင်ထဲကခံစားချက်ကို ထိန်း ချုပ်လို့မရပါ။ သူ့ကိုတွေ့တိုင်း ရန်သူလို သဘောထားနေတော့ ရှေ့ဆက်ဖို့ အခွင့်အရေး ရှိပါ့မလား။
ပြောခွင့်ကြုံမယ့်တစ်ချိန်ကျရင် နေခြည်ကို သူ ချစ်တယ်ဆိုတဲ့ အကြောင်းပြောချင်သေးတယ်။ အိမ်ပြန်လာတော့ခြံရှေ့ရပ်ထားတဲ့ကားထဲ မှာ ထိုင်စောင့်သော ထိုလူကိုမြင်တာကြောင့် သူ မတွေ့ချင်သော အစ်မ ရောက်နေပြီဆိုတာ သိလိုက်တယ်။
ပြန်လှည့်ထွက်သွားရကောင်းမလား။ အစ်မကို -ပြီးတော့ – မိသားစု ရှိလျက် ဖောက်ပြန်ခဲ့သည့် ထိုလူနှစ်ယောက်စလုံး စကားမပြောဘဲ အိမ် တောင်မလာနဲ့လို့ ပြောခဲ့သည့်အစ်မကိုမြင်ရင် သူ့ဒေါသထွက်ပြီး ပြဿနာ မဖြစ်ချင်တာကြောင့် တံခါးဝမှာ ရပ်နေသော်လည်း အမေ့အသံ အပြင်က ကြားနေရတယ်။
“သူ့အမှားကိုသိလို့ပိုတောင်ပိုက်ဆံထောက်ပံ့ဖြည့်ဆည်းပေးနေတာ
ပဲ။ သူတို့ရဲ့အခွင့်အရေး ဘာမှမဆုံးရှုံးပါဘူး”
အမေ-ဘယ်လိုပဲပြောနေပါစေ-အစ်မကတော့စကားနားမထောင်ခဲ့ ပါ။ စိန်နားကပ် တဖျတ်ဖျတ်ဝတ်ထားသော အစ်မဟာ အကောင်းကြိုက်ပြီး အဆင့်အတန်းမြင့်နဲ့နေချင်တော့ပိုက်ဆံချမ်းသာသော်လည်းအိမ်ထောင်ရှိ
တဲ့လူနှင့် လက်မှတ်ထိုးယူခဲ့ကြတယ်။
အဲဒီလူသားသမီးတွေ ဘယ်လိုခံစားရမလဲဆိုတာကို ထည့်မစဉ်းစား ပေးသော အစ်မရဲ့ တဇွတ်ထိုးစိတ်ဓာတ် ကြောက်စရာကောင်းလှတယ်။

ကိုယ့်ကောင်းစားရေးအတွက် ကိုယ်ကျင့်တရားဆိုတာကို အလေးမထား သည့်အစ်မနဲ့ထိုလူ့မျက်နှာကိုထပ်မမြင်ချင်တော့ အိမ်ထဲဝင်ပြီးပြောလိုက်
တယ်။
“ဒီကိုဘာလာလုပ်တာလဲ။အရှက်မရှိတဲ့အစ်မယောက်ျားကိုခေါ်ပြီးပြန်
တော့။ ကြာရင် – ကျွန်တော်တစ်ခုလုပ်မိလိမ့်မယ်”
“နင် – သိပ်ရိုင်းပါလား- နေပိုင်။ နင့်ထက် အသက်ကြီးတဲ့လူကို ရိုသေ လေးစားမှု ရှိမှာပေါ့။ ငါ့ဘဝ အကောင်းအဆိုးကို ဘယ်သူမှ လာပြောစရာ မလိုဘူး။ မောင်နှမတွေကြား သံယောဇဉ်ပြတ်အောင် မလုပ်နဲ့”
ရုတ်တရက် အမေက အစ်မကို ထရိုက်ပြီး ဝယ်လာတဲ့ သစ်သီးတွေ လွှင့်ပစ်လိုက်ရင်း“နင့်မျက်နှာ ငါ မမြင်ချင်ဘူး – မာလာ”လို့ ပြောခဲ့သည်။ စိတ်ဓာတ်ပြင်းသော အစ်မကလည်း ဘာစကားမှ ဆက်မပြောပဲ ချက်ချင်း ထပြန်သွားတော့တယ်။

သူ့ကိုအရင်တစ်ခါပြောဆိုခဲ့တာတောင် နေခြည့်နောက်မလှမ်းမကမ်း နေရာမှာ လိုက်ပါတုန်းပဲ။ ရုံးဆင်းချိန်ဆို – တံခါးပေါက် မယောင်မလည် ရောက်လာတတ်သော သူ့ကို သူငယ်ချင်းတွေကဝိုင်းပြီး“နေခြည်ရေ-နင့် ကိုယ်ရံတော် အချိန်မှန်လာစောင့်နေပါလား”တဲ့။
သူ့ရဲ့မျက်ဝန်းတွေက ရိုးသားပြီး ချစ်တတ်တဲ့လူလို့ ပြောကြပေမယ့် နေခြည်ကတော့ မျက်လုံးချင်း မဆုံမိအောင် နေခဲ့တယ်။ သူ့ကိုမြင်ရင် မျက် နှာလွှဲတတ်သောသူမရဲ့စိတ်ထဲမှာဘယ်လိုစိတ်သဘောထားရှိတယ်ဆိုတာ
နားလည်ဖို့ ခက်ခဲလိုက်တာ။
နေ့၊လ၊ရက်တွေပြောင်းသွားတာတောင် သူကတော့နေခြည်အိမ်ပြန် တဲ့အထိ ပါလာစမြဲ။ ခုတလော – ကံပဲ ဆိုးနေတာလားမသိ။ ရုံးဆင်းတော့ သူငယ်ချင်းတွေနဲ့ မှတ်တိုင်မှာ ရပ်နေခိုက် ဟိုဘက်လမ်းမကြီးနံဘေး ကား

ပေါ်က ဆင်းလာသော ဖေဖေနှင့် ဒေါ်မာလာကို အဝေးက လှမ်းမြင်လိုက်
တာ။
နေခြည်တို့သားအမိကိုမေ့ပြီးနောက်မိန်းမနဲ့မျက်နှာကပြုံးပျော်နေလို့ ပါလား။ မုန်းနေပါတယ်ဆိုတဲ့ဖေဖေနဲ့ထိုမိန်းမကိုဘာကြောင့်များတိုက်ဆိုင် စွာတွေ့နေရတာလဲ။ ဒေါ်မာလာ့မျက်နှာကမာယာများနဲ့ မောက်မာဟန်ရှိပြီး
ယောက်ျားတွေကိုလှည့်စားနိုင်တဲ့ရုပ်မျိုးပဲ။
ပလက်ဖောင်းအစပ်မှာ ရပ်နေသောနေခြည်ကို မမြင်သော ဖေဖေက တော့ ခဏကြာ – ဒေါ်မာလာနဲ့ အတူတွဲလာပြီး ကားမောင်းထွက်သွားတာ ကြည့်ရင်းရင်ထဲဒေါသတွေမျိုသိပ်ထားရတယ်။ အိမ်ပြန်လမ်းမှာစိတ်တွေ
ရှုပ်နေတာကြောင့် သူငယ်ချင်းစကားပြောတာကိုမကြားနိုင်တော့ပါ။ မှတ်တိုင်ဆင်းတော့ – စိတ်နဲ့ကိုယ် မကပ်နိုင်အောင် ကားဟွန်းသံကို သတိမထားမိဘဲ လမ်းကွေ့ထဲ ဖြတ်လျှောက်လိုက်သည့်အခိုက်အတန့်မှာ ခန္ဓာကိုယ် တစ်စုံတစ်ရာနှင့် ပြင်းထန်စွာတိုက်မိပြီး တွန်းထုတ်ခံလိုက်ရ တယ်။
ကတ္တရာလမ်းအစပ်မှာလဲပြိုကျသွားတုန်းကားဘရိတ်အုပ်သံနှင့်အတူ
တိုက်မိလို့ အော်ဟစ်သံကြား တစ်စုံတစ်ယောက်သွေးစက်တွေလိမ့်လျက် ထိတ်လန့်ချောက်ချား နာကျင်မှုများကြား အားယူထကြည့်တော့ နေခြည် အမြဲတွေ့ရတဲ့သူပါလား။
လမ်းမပေါ်ခွေလဲကျနေသည့် သူ့ဆီ ရွေ့သွားမိပြီး သွေးတွေ စီးကျနေ သောသူ့လက်တွေကိုနေခြည်ယောင်ယမ်းဆုပ်ကိုင်ထားမိသည်။ နေခြည့်
အတွက် သူ့ရဲ့အသက်မနှမြောပဲ ပေးဆပ်အနစ်နာခံဖို့လိုအပ်လား။ နေခြည်ကတော့ပွန်းပဲ့ဒဏ်ရာလေးရပြီး သတိမေ့မြောနေသောသူ့ကို ဆေးရုံပို့လိုက်ကြတယ်။ သူလုပ်တဲ့ ကုမ္ပဏီကနေ အိမ်ဖုန်းနံပါတ်တောင်း ဆက်တော့ မကြာခင်မှာ သူ့အမေရောက်လာခဲ့တယ်။
နံရံမှာမှီလျက်လက်တွေ့အေးစက်တုန်ယင်စွာဖြင့်ထိုင်စောင့်နေသော
နေခြည်ကို သူ့အမေက အပြစ်မပြောတဲ့အပြင် “သားအတွက် မစိုးရိမ်ပါနဲ့

ဘာမှမဖြစ်လောက်ဘူး။ သတိရလာရင်ဖုန်းဆက်လိုက်မယ် – သမီးကြည့်ရ
တာပင်ပန်းနေသလိုပဲ-အိမ်ပြန်နားပါလား”တဲ့။
ညနေခင်းဆီကအဖြစ်အပျက်တွေခဏလေးဆိုပေမယ့်နေခြည်တော့
လန့်ဖျားချင်နေတယ်။ အိမ်ပြန်ရောက်သော်လည်း သူ ဘယ်လိုများနေမှာ ပါလိမ့်။ နာကျင်ခံစားရမှာလား၊ ထိခိုက်မှုတွေကပုံမှန်အတိုင်း သွားလာလှုပ် ရှားနိုင်ပါ့မလား။
ဖေဖေနှင့်ဒေါ်မာလာကိုနေ့ခင်းတုန်းကမြင်လို့ရင်ထဲဒေါသတွေဖြစ်နေ တာတွေ မေ့သွားပြီး သူ့အတွက် စိုးရိမ်ပူပန်စိတ်ကြောင့် တစ်ညလုံး အိပ် မပျော်ခဲ့ပါ။ မနက်ရောက်တော့ သူ့အမေက နေခြည်ဆီကို သူ သတိရလာ ပြီလို့ ဖုန်းဆက်ပြောခဲ့တယ်။

ဆေးရုံသွားကြည့်တော့ခြေထောက်နှင့်လက်တွေမှာကျောက်ပတ်တီး
စည်းထားပြီး မလှုပ်ရှားနိုင်တဲ့သူက နေခြည်ကိုမြင်တော့ ထိခိုက်သွားသေး လားတဲ့။ သူ့ဒဏ်ရာအခြေအနေကိုနေခြည်ရုံးဆင်းချိန်ဆိုအမြဲလိုသွားကြည့် ဖြစ်တယ်။
နံဘေးတွင် သူရှိနေသည့်နေ့ရက်တွေ ကြာလာတော့ ခင်မင်ရင်းနှီးမှု သံယောဇဉ်ထက်ပိုပြီး နှလုံးသားထဲက ရင်ခုန်သံတွေနှင့်အတူ သူ့ကို ချစ်တယ်ဆိုတဲ့အကြောင်း သိအောင်ဖွင့်ပြောလိုက်မိတယ်။
“နေခြည့်ကို ကျွန်တော် စတွေ့မြင်ကတည်းက ရင်ထဲ သဘောကျချစ် နေခဲ့တာကြာပြီ။ ဘယ်အချိန်ပဲ ဖြစ်ပါစေ၊ နေခြည့်ဆီကအချစ်ကို စောင့် နေခွင့် ရှိတယ်မဟုတ်လား”
သူ့ရဲ့ပြုံးရိပ်သမ်းနေသည့်မျက်ဝန်းကို ကြည့်လိုက်ရုံဖြင့် နေခြည်ပေါ် ထားရှိတဲ့အချစ်တွေကို သိမြင်ခံစားလို့ရတယ်။ ကြိုမမြင်နိုင်တဲ့ ကံတရား တွေကြောင့် ဖေဖေလို ဖောက်ပြန်သွားမလားဆိုတဲ့ သံသယစိတ်နဲ့ လူတစ် ယောက်ကို ယုံကြည်စွာ မချစ်ရဲတော့။ နေခြည်တို့ သူငယ်ချင်းအဖြစ်ပဲ ခင်မင်ကြတာပေါ့။
သူငယ်ချင်းဆိုတာ လမ်းမှာဆုံလျှင် ပြုံးပြနှုတ်ဆက်ပြီး အကူအညီလို ရင် လုပ်ပေးတဲ့ ရင်ခုန်သံမပါသည့် ဖြူစင်ခြင်းသက်သက်ပဲ။ ဆေးရုံဆင်း တော့ လမ်းလျှောက်လို့ မရသေးတာမို့ အိမ်မှာနေပေမယ့် နေခြည့်ကို တွေ့ ချင်နေမိတယ်။
ရုံးဆင်းတိုင်းအမြဲတွေ့နေကျသူ့ကိုရက်ပိုင်းလောက်မမြင်ရတော့နေမှ ကောင်းရဲ့လားလို့ စိတ်ထဲတွေးပူပြီး သတိရမိတယ်။ ရက်လတွေကြာတော့ သူ့ရင်ထဲကချစ်ခြင်းကို နေခြည်နှလုံးသား ခံစားချစ်တတ်လာခဲ့ပြီ။

မျှော်လင့်မထားတဲ့နှင်းတွေဝေနေသည့်ဒီဇင်ဘာနံနက်ခင်းရဲ့နေ့တစ်
နေ့မှာနေခြည့်ဆီကအချစ်ကိုရရှိခဲ့တယ်။ ရုံးဆင်းရုံးတက်ချိန်တိုင်းချစ်သူကို စောင့်ကြိုခွင့်ရသော ကျွန်တော့်အတွက်တော့ ရင်ခုန်စရာ နေ့ရက်တွေပဲ။
မောင့်အမေရဲ့ ပြည့်ဝတဲ့စိတ်ရင်းနှင့် နေခြည့်မေမေကလည်း သဘော တူခဲ့တာကြောင့် ပျော်ရွှင်ရမယ်လို့ ယုံကြည်ထားတယ်။ လက်ထပ်ဖို့ ရည် ရွယ်ပြီးချစ်တယ်ဆိုသောမောင်ဟာ သူ့မိသားစုအကြောင်းနေခြည်ကိုပြော
ပြခဲ့တယ်။
အစ်မတစ်ယောက်ရှိပေမယ့် အိမ်ထောင်ရှိသောလူနဲ့ ယူသွားတာ ကြောင့်စကားမပြောတဲ့မောင့်စိတ်ကိုနားလည်တယ်။ ဘာဖြစ်လို့လည်းဆို တော့ နေခြည့်အဖေတောင် နောက်အိမ်ထောင်သစ် ထူသွားလို့ စိတ်နာပြီး မခေါ်ပဲနေလာကြတယ်မဟုတ်လား။
ကောင်းကင်လို ကြည်လင်ရှင်းနေခဲ့သည့် ကျွန်တော်တို့နှစ်ယောက်ရဲ့ အနာဂတ်ဘဝထဲ ဆိုးရွားလှသော အကျိုးဆက်ကိုဖန်တီးသူကတော့ မမနဲ့ သူ့ယောက်ျားဦးရဲထွန်းပဲပေါ့။ နေခြည်နဲ့ ချစ်သူတွေဆိုတာသိတဲ့အစ်မဟာ အိမ်ကိုရောက်လာခဲ့တယ်။
လောကကြီးမှာ မပတ်သက်ချင်ဆုံး အစ်မယောက်ျားရဲ့ တစ်ဦးတည်း သောသမီးကကျွန်တော့်ချစ်သူနေခြည်ဖြစ်နေတယ်။ မဖြစ်နိုင်ဘူးပြောရင်း နံရံကို လက်ဖြင့် ထိုးပြီး သွေးထွက်လာတာကိုမြင်တဲ့အစ်မလည်း မျက်ရည် တွေကျပြောခဲ့တယ်။
“အစ်မရဲ့မောင်မှန်းသိရင် သူ့အမေက သဘောတူမှာ မဟုတ်ဘူး။ နေခြည်ကိုယ်တိုင်ကလည်းမောင်လေးကိုဆက်ချစ်နိုင်ပါ့မလား။ လက်ထပ်
ဖို့မစဉ်းစားတော့နဲ့။ ပတ်ဝန်းကျင်မှာလည်းပြောစရာဖြစ်မယ်။မောင်လေးကို ဒီထက်ပိုမခံစားစေချင်လို့ လမ်းခွဲလိုက်ပါလား”
“ဆက်မပြောတော့နဲ့။ ကျွန်တော့်ရင်ကို ကြေမွအောင်ခွဲပြီး နင်းချေပစ် လိုက်ပြီလား။ အစ်မဘဝအတွက် နောက်ထပ် ဘာတွေပေးဆပ်ရဦးမှာလဲ။

နေခြည့်ကိုကျွန်တော့်အသက်ထက်ပိုချစ်ခဲ့တာ။ အရူးတစ်ယောက်လိုခံစား နေရတာကိုအစ်မမြင်ရင်စိတ်ချမ်းသာနိုင်တယ်ပေါ့။ သေတဲ့အထိအစ်မကို
ကျွန်တော်မတွေ့ချင်ဘူး”
နေခြည်နဲ့
ကျွန်တော့်ကြားရှေ့ဆက်အချစ်ဆိုတာမရှိပဲဝေးကြရတော့
မယ်။ ချစ်သူကိုတွေ့ရဖို့ ကျွန်တော့်မှာ သတ္တိမရှိတာကြောင့် မတွေ့မိအောင် ကြိုးစားရင် အလွမ်းတွေနဲ့ ကုန်ဆုံးခဲ့တယ်။
မောင်တစ်ယောက်နေခြည့်ဆီကိုဖုန်းလည်းမဆက်၊ ရုံးဆင်းရင် အရင်
လိုလာမစောင့်တာကြာပြီ။ ကမ္ဘာကြီးကကျဉ်းမြောင်းလွန်းအောင်မမြင်ချင် ဆုံးသောဖေဖေနဲ့သူ့မိန်းမတို့တစ်နေ့ အိမ်ရောက်လာတာကိုမေမေဒေါသ တကြီးထပြောလိုက်သည်။
“အရှက်မရှိ ဖောက်ပြန်ပြီး ဘယ်လိုမျက်နှာနဲ့ လာကြတာလဲ။ နင်နဲ့ငါ ကွာရှင်းပြီးသား သူစိမ်းတွေပဲ။ နင်တို့နှစ်ယောက်စလုံး ငါ့မျက်စိရှေ့ကနေ ထွက်သွား”
“စိတ်အေးအေးထားပါ – ခင်လေးရယ်။ ငါ – ဒီနေ့လာတာ သမီးဆန္ဒကို လာမေးတာပါ။ မောင်နေပိုင်က မာလာ့မောင်ဆိုတော့ သူတို့နှစ်ယောက် ဘယ်လိုလုပ်ရင်ကောင်းမလဲတိုင်ပင်ချင်လို့”
ရှုပ်ထွေးပြီးလက်ခံလို့မရသောစကားကိုကြားလိုက်တော့ဝမ်းနည်းမှုနဲ့
မျက်ရည်တွေ ကျလာခဲ့တယ်။ ဒါဆို – မောင်က သူ့အစ်မကိစ္စ သိသွားလို့ နေခြည်ကို ရှောင်နေပြီး လာမတွေ့တာပေါ့။ တိုက်ဆိုင်မှုကြောင့် မဟုတ်ရင် ရေစက်ဆိုးတွေပဲလား။
“မောင်လေး – နာကျင်ခံစားရမှာကို မလိုလားတော့ -နေခြည် ကျေနပ် အောင်ဘာလုပ်ပေးရမလဲ။ ဖြစ်နိုင်ရင်နှစ်ယောက်သားလက်ထပ်ပြီးအဝေး မှာ သွားနေလိုက်ပါလား”
“ငါ့ခင်ပွန်းကိုလည်း မင်းယူခဲ့ပြီးပြီ။ အခု – ငါ့သမီးကို မင်းရဲ့မောင်နဲ့ ပေးစားရဦးမယ်ပေါ့။ နင်တို့ လူမှ ဟုတ်သေးလား။ ငါ့အသက်ရှင်နေသရွေ့ သဘောမတူနိုင်ဘူးဆိုတာ မှတ်ထား”

“ရှင့်ရဲ့အရိပ်ကိုတောင် နေခြည်မမြင်ချင်လောက်အောင် မုန်းနေတာ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ အဖေ့မိန်းမကို သမီး စိတ်ညစ်အောင်လုပ်မှာ။ ပြီးတော့ – ရှင့်ရဲ့မောင် အသည်းကွဲခံစားရတာကို ကိုယ်တိုင်စောင့်ကြည့် လိုက်”
ရင်တွေတုန်ပြီးစကားပြောနေရင်းမျက်လုံးထဲဝိုးတဝါးနဲ့မောပန်းလဲကျ သွားခဲ့တယ်။မောင့်အပေါ်ထားရှိတဲ့နေခြည်အချစ်တွေကဒေါ်မာလာကြောင့်
ရင်ထဲ အမုန်း ဖြစ်လာမိတယ်။ တည်ငြိမ်နေသောကန်ရေပြင်ကို ငေးကြည့် ရင်း စကားမပြောဘဲ ထိုင်နေသော ချစ်သူမျက်နှာ အရင်လို အပြုံးတွေ မရှိ တော့ပေ။
လမ်းခွဲပြီး နေခြည်နဲ့ မမြင်ကွယ်ရာ အဝေးဆုံးမှာ သွားနေပေးပါ။ ကျွန် တော့်နှလုံးသား နာကျင်ခံစားမှုကို ချစ်သူမသိနိုင်တာလား။ တစ်သက်တာ ဝေးရမယ်ဆိုရင်ကောင်းတဲ့အမှတ်တရတွေနဲ့ ရင်ထဲရှိစေချင်ပါတယ်။
ကျွန်တော် အလုပ်ကထွက်ပြီး ချစ်သူနှင့်ဝေးရာ တောင်ပေါ်မြို့လေးမှာ သွားနေပေမယ့် နေ့တိုင်း သတိရလွမ်းလျက်။ အစ်မနဲ့ မတွေ့ချင်လို့ ပြန် မလာချင်သော်လည်း အမေနေမကောင်းတာကြောင့် အိမ်ပြန်တဲ့လမ်းခရီး မှာကားမှောက်သွားခဲ့တယ်။

သေခြင်းတရားကိုခုချိန်မှာကျွန်တော်ဟာရင်ဆိုင်ရုန်းကန်နေရတယ်။ ချစ်သူ့မျက်နှာကို နောက်ထပ်မြင်ချင်ပြီးစကားတွေလည်းအများကြီးပြော စရာရှိသေးတယ်။ကြောက်လန့်ဖွယ်အမှောင်ကမ္ဘာထဲမှာတစ်ယောက်တည်း မောပန်းစွာ ကူးခတ်ရင်း အသက်ရှင်ဖို့ ကြိုးစားခဲ့ရတယ်။
ကျွန်တော့်အပေါ်မုန်းနေတဲ့ချစ်သူနဲ့ဒီဘဝမှာ ဆုံစည်းခွင့်မရနိုင်တော့။ တကယ်လို့များ သေသွားခဲ့ရင် လိပ်ပြာလေးအဖြစ် အနားမှာ အမြဲနေချင်

တယ်လို့တွေးတောလျက်။
ပိတ်ထားသည့်မျက်ခွံတွေတဖန်ပြန်လည်၍ဖွင့်
မရတော့။ အလင်းရောင်နည်းနည်းမှာမမြင်ရဘဲ မှောင်မိုက်သွားခဲ့တယ်။

အိပ်ပျော်နေသည့်မောင်ထပ်မနိုးလာဘဲနှလုံးခုန်သံတွေရပ်တန့်သွား
တာကို ငေးကြည့်ရင်း မငိုအောင် စိတ်တင်းထားပေမယ့် မျက်ရည်ကျလာမိ တယ်။ အချိန်တွေမြန်ဆန်လိုက်တာ။ မောင်ဆုံးပြီး သိပ်မကြာခင် ခြံထဲစိုက် ထားသောနှင်းဆီပင်မှာ အဝါရောင်လိပ်ပြာလေးတစ်ကောင် နေခြည့်ပခုံး ပေါ်လာနားတော့ ဘာကြောင့်မှန်းမသိ စိတ်ထဲဝမ်းနည်းသလိုခံစားရတယ်။
ထူးဆန်းတာက တခြားနေရာ ပျံမသွားဘဲ ခြံထဲပန်းပင်မှာ အမြဲနားနေ သော လိပ်ပြာလေး ဘယ်ကလာတာပါလိမ့်။ နေခြည်လည်း မတွေးတတ် သလို ဘယ်သူ့မှလည်း သိနိုင်မယ်လို့မထင်ဘူး။ တစ်နေ့နေ့မှာတော့ လိပ် ပြာလေး ပျောက်ကွယ်သွားရင် ရင်ထဲ စိတ်မကောင်းဖြစ်ကျန်ခဲ့မှာ သေချာတယ်။
ဒါပေမဲ့ – ဘယ်အရာကိုမှ ဘယ်သူမှ တားဆီးမရသောကံတရားတွေ ပါပဲ။ နေပိုင်ကိုကောင်းသောဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။