” ခွာမဲ ” (စ/ဆုံး)
==========================
ပြောပြရရင်တော့ အံ့သြစရာဗျ။ ကျုပ်တို့ရွာက ခွာမဲလို့ခေါ်တဲ့
ကရင်လေးကအခုအသက်ရှစ်နှစ်ရှိပြီ ။ဒီကောင်ခွာမဲ မွေး
ကတည်းက သရဲမြင်ရတဲ့ကောင်ဗျ။ဒီိကောင်က ၅နှစ်သား
လောက်ကတည်းက သူ့မိဘတွေကို ပြောတာဗျ။ပထမတော့
သူ့မိဘတွေက ခွာမဲ ပြောတာကိုနားမလည်ဘူးဗျ။ ခွာမဲ
ကလည်းသရဲဆိုတာမသိဘူးလေဗျာ။
” အမိုး ညက ရွာထဲကို အရူးမကြီး၀င်လာတယ်။ခွေးတွေ
၀ိုင်းဟောင်တော့မှထွက်ပြေးသွားတယ် ဗျ ”
“ဖိုးခွား မဟုတ်ဘူး ၊ ဒီရွာမှာ အရူးမမရှိဘူး၊ ခွေးတွေဟောင်
တာက ဟိုးမြောက်ပိုင်းက ခွေးတွေနယ်ကျော်လာလို့
ဟောင်တာပါ ၊ မကြောက်နဲ့ မကြောက်နဲ့ ”
“အမိုး.. ..ဖိုးခွားမကြောက်ပါဘူး။ ဒါပေမဲ့ ခွေးမဟုတ်ဘူးဗျ ၊
အရူးမကြီးလာတာ၊ ဖိုးခွားသေသေချာချာမြင်ရတယ် ”
ခွာမဲကတော့ ပြောရှာသားဗျ။ ဒါပေမဲ့ သူ့မိဘတွေကမယုံကြ
ဘူး။ဒီအကြောင်းကို သူ့အဖေ သူ့အမေကိုရယ်စရာလိုသဘော
ထားပြီး လူစုံရင် ပြောပြောပြီး ရယ်ကြသဗျ။ တစ်ခါကျတော့
ခွာမဲကပြောသဗျ။
” အမိုး ညကလာတဲ့ အရူးမက ကြောက်စရာကြီးဗျ။
ဆံပင်ဖားလျား ကြီးနဲ့ မျက်လုံးကြီးတွေကပြူးထွက်နေတာ။
ပြီးတော့အဲ့ဒီ့အရူးမက အ၀တ်အစား မပါဘူး။ကိုယ်လုံးတီး
ကြီးဗျ။လူတွေလို လမ်းလျှောက် တာမဟုတ်ဘူးဗျ။
ဖင်ထိုင်လျက်ကြီးသွားတာ လက်နှစ်ဖက်ထောက်ပြီး ပြေး
တာများ လွှတ်မြန်တာအမိုး ရဲ့ ”
” ဖိုးခွားရဲ့ အရူးမကြီးလာရင် ခွေးတွေဟောင်မှာပေါ့၊ညက
ခွေးဟောင်သံတွေ အမိုးတော့မကြားပါလား ”
” အမိုး ဒီရွာက ခွေးတွေက အရင်လာတဲ့ အရူးမတွေကိုပဲ
ဟောင်ရဲတာအမိုးရဲ့ ၊ ညကလာတဲ့ အရူးမကြီးကိုကျတော့
ကြောက်လို့ ဟောင်ဖို့နေနေသာသာ အိမ်အောက်မှာ
အီ အီ နဲ့အော်ပြီး ပုန်းနေကြတာ အမြီးတောင် မလှုပ်ရဲဘူးဗျ”
ခွာမဲက အဲ့လို မကြာမကြာ ပြောနေပေမဲ့ဘယ်သူကမှ
အလေးအနက်မထားကြဘူးပေါ့ဗျာ။နောက်တော့ခွာမဲစကား
တွေက နည်းနည်းထူးဆန်းလာတယ်ဗျ။ ရွာထဲမှာ လူသေသွား
တဲ့အခါမျိုးမှာ အမြဲမဟုတ်ပေမဲ့ တစ်ခါတစ်ခါမှာ ပြောတယ်ဗျ။
” အမိုးရေ ရွာမြောက်ပိုင်းက ကြက်တောဆိုတဲ့ လူကြီး
သေသွားတာ အရူးကြီးဖြစ်သွားတာဗျ။ ညက ကျုပ်တို့ဝိုင်း
ရှေ့ကနေ ဆံပင်ဘုတ်သိုက်ကြီးနဲ့ လျှောက်သွားနေတာကျုပ်
တွေ့လိုက်တယ်။ ကျုပ်တို့ ဝိုင်းထဲက ခွေးတွေ ဝိုင်းဟောင်လို့
ရွာနောက်ပိုင်းကို ထွက်ပြေး သွားတာဗျ ”
ပထမတော့ ခွာမဲပြောတဲ့ အဓိပ္ပါယ် ကိုကျုပ်တို့ရွာမှာနားမလည်
ဘူးဗျ၊ ကလေးပြောတဲ့ စကားဆိုတော့ သိပ်လည်းမပျံ့နှံ့ဘူး
ပေါ့ဗျာ။ နောက်တော့ ဒီသတင်းက ကျုပ်နားထဲရောက်လာရော
ကျုပ်ကတော့ ဒီသတင်းကြားတာနဲ့ ချက်ချင်း သဘောပေါက်
လာတယ်လေဗျာ။ကျုပ်က ခွာမဲကို ခေါ်ပြီး တိတ်တိတ်လေး
မေးကြည့်တာဗျို့။
” ခွာမဲ မင်းက ညဘက်ကို အရူးမတွေ အရူးတွေ ရွာထဲ
၀င်လာတာတွေ့တယ်ဆို ဟုတ်လား ”
” ဟုတ်တယ်ဗျ။ ကိုကြီး တာတေရ ၊ ကျုပ်အရူးမကြီးတွေကို
မြင်ရတယ်။ ဖထီးတို့ အမိုးတို့က မမြင်ကြဘူးဗျ။ အဲ့ဒါဘာဖြစ်
လို့တုံး ကိုကြီးတာတေ သိလား ”
” ခွာမဲ အရူးဆိုတာလူတိုင်းမြင်ကြတယ်။ လူတိုင်းမမြင်တာက
အရူးမဟုတ်လို့ပေါ့ကွ ”
” အရူးမဟုတ်ရင် ဘာတုံး ၊ ကျုပ်မြင်ပါတယ်ဆိုကိုကြီးတာတေ
မယုံပြန်ဘူး ”
” ဟာ …ယုံပါတယ် ခွာမဲရ ၊ ပြိ်းတော့ ကိုကြီးတာတေပြောပြ
မှာပေါ့ ”
” ကျုပ်ပြောမယ် ကိုကြီးတာတေ ၊ ဒီရွာက လူတွေသေသွား
ရင် ကိုကြီးတာတေတို့ သေတဲ့လူကို ဘယ်ယူသွားတာတုံးဗျ”
” ဟာ…ခွာမဲရ ၊ သင်္ချိ ုင်းကုန်းကို ယူသွားပြီး သင်္ဂြိ ုလ်ရတာ
ပေါ့ကွ ”
” ဘာတုံးဗျ အဲ့ဒီ့ဟာ ဘာကိုပြောတာတုံး ”
” ဒီလိုကွာ ၊ သဂြိုလ်တယ်ဆိုတာကမြေကြီးမှာ ကျင်းကြီး
မှာ ကျင်းကြီးတူးပြီး သေတဲ့လူကို မြေကျင်းထဲထည့်ပြီး
အပေါ်ကမြေကြီးတွေ အပြည့် ပြန်ဖို့လိုက်တာပေါ့ကွ ”
“ဟာ ဒါဆို သေတဲ့လူက ရွာကို
ဘယ်လိုလုပ်ပြီးပြန်လာမှာတုံး”
” အေး ပေါ့ကွ ခွာမဲရ ၊ ပြန်လာလို့ ဘယ်ရမတုံး ”
ခွာမဲဆိုတဲ့ ကောင်က ပုတိုတိုလေးဗျ။ ကတုံးပြောင်လေးနဲ့
မျက်လုံးကပြူးပြူးလေးဗျ။စကားပြောရင်လည်းကရင်သံ
၀ဲဝဲလေးနဲ့ ချစ်စရာလေး ပါဗျာ။ကျုပ်ပြောတာကို သေသေချာ
ချာ နားထောင်ပြ်ီးမှ ဒီကောင်က ကျုပ်မျက်နှာကို စေ့စေ့
ကြည့်ပြောတာဗျ။
” ကိုကြီးတာတေ ခဗျားပြောတာမှားတယ်ဗျ ”
“ဟေ့ ဘာဖြစ်လို့တုံးကွ ခွာမဲရ ”
“ကိုကြီးတာတေတို့ မြေကျင်းထဲမှာ မြှုပ်ထားတဲ့ လူသေတွေက
ရွာထဲကို ပြန်လာနိုင်တယ်ဗျ။ဒီအတိုင်းပြန်လာတာတော့
မဟုတ်ဘူးဗျ။ အရူးဖြစ်ပြီး ပြန်လာတာဗျ ”
” ဟေ ဟုတ်လား ကွ ခွာမဲရ ၊ ဒီအရူးတွေကိုမင်းမြင်ရတာပေါ့
ဟုတ်လား ”
” ကျုပ်မြင်ရတယ် ကိုကြီးတာတေ ရ ”
“ခွာမဲ မင်းကို ငါပြောမယ်၊ မင်းသရဲဆိုတာကြားဖူးလား”
” ဟာ…ကြားဖူးတာပေါ့ ကိုကြီးတာတေရ ၊ သရဲဆိုတာလူတွေ
ကို လန့်သွားအောင် ခြောက်တာဗျ။ကျုပ်တွေ့တာက သရဲ
မဟုတ်ဘူးဗျ။သူတို့ဟာ လူလိုပဲ လျှောက်သွားနေတာဗျ။
ခွေးတောင်ဟောင်ရင် ကြောက်လို့ ထွက်ပြေး သေးတယ်”
ကျုပ်ပြောတာကို ဒီကောင်မယုံဘူးဗျ။ဒါနဲ့ ကျုပ်လည်း ဘာမှ
ထပ်မပြောတော့ဘဲ သူပြောတဲ့အတိုင်းအရူးလို့ပဲထားလိုက်
ရတာပေါ့ဗျာ။
ဘာလိုလိုနဲ့ ခွာမဲတောင် ရှစ်နှစ် ကိုးနှစ်အရွယ် ရောက်လာပြီ
ဗျ။ကျုပ်နဲ့တွေ့ရင်တော့…
” ခွာမဲ မင်းအရူးတွေ တွေ့သေးလား ”
လို့ ကျုပ်ကမေးရင် ခွာမဲက…
” ဟာ…တွေ့တာပေါ့ ကိုကြီး တာတေရ။ ဟိုတလောက
ကျုပ် ဖထီးနဲ့ ယာထဲလိုက်သွားတာထိန်ပင်ကြီးပေါ်မှာ ထိုင်
နေတဲ့ အရူးမကြီး တစ်ယောက် တွေ့ခဲ့သေးသဗျ။အရူးမကြီး
က ဆံပင်ဖားလျားကြီးချပြီး ထိုင်နေတာဗျ။ဟိုးရွာမြောက်ဘက်
က ထန်းပင်တွေ ကို လှမ်းကြည့်နေတာဗျ။ဖထီးနဲ့ ကျုပ်နဲ့
အဲ့ဒီ့ ထိန်ပင်ကြီးအောက်က ဖြတ်ပြီး လှည်းမောင်းလာတာ
တောင် ကျုပ်တို့လှည်းကိုငုံ့မကြည့်ဘူးဗျ ”
” သြော် ခွာမဲရယ် ၊ အဲ့ဒီ့မိန်းမကြီးက မင်းပြောသလို ရူးနေတာ
ဆိုရင် သူကြည့်ချင်ရာတွေ ကြည့်နေမှာပေါ့ကွ ”
” ဟုတ်တယ်ဗျ ၊ ဟုတ်တယ် ”
” ဒါနဲ့ နေဦးကွ ခွာမဲရ ၊ ထူးထူးခြားခြား အရူးတွေ အရူးမတွေ
တွေ့ရင် ကိုကြီးတာတေကို ပြောဦးနော် ခွာမဲ ”
” ပြောမယ် ပြောမယ် ”
ခွာမဲက သူပြောထားတဲ့အတိုင်း ကျုပ်ကို တကယ်ပြော
တာဗျို့။
” ကိုကြီးတာတေ ၊ ကိုကြ်ီးတာတေ ”
ကျုပ်ဝိုင်းထဲမှာ အမေ့ကို ကူပြီး မြေပဲတွေ လှမ်းနေတာဗျ။
၀ိုင်း၀ကနေ ကျုပ်ကို လှမ်းခေါ်တာ ဘယ်သူတုံးလို့ ကျုပ်
လှည့်ကြည့်ကြည့် လိုက်တယ်။ အမေတောင်ကျုပ်လိုပဲ
လှည့်ကြည့် သဗျ
” ဟဲ့ တာတေ ဒါ ဘယ်သူ့ခလေးတုံး ၊ နင့်ကိုသိနေပါလား”
” တောင်ပိုင်းက စောသာအေးသေးလေးပါဗျ ”
” သြော် ကရင်မသား ခွာမဲလေးလား ”
” ဟုတ်တယ် ဟုတ်တယ် ခွာမဲလာကွာ။ ၀င်ခဲ့ ၀င်ခဲ့ ”
” ဟဲ့ ခွာမဲ နင့်အမေ ကရင်မ နေကောင်းလား ”
” ကောင်းတယ်ဗျ အရီးရဲ့ ၊ ဒီနေ့ဖထီးနဲ့ ယာထဲလိုက်သွား
တယ် ”
” သြော်….အေးအေး ခဏ နေဦးနော်၊ အရီးအိမ်ပေါ်မှာ
ငှက်ပျော်သီး သွားယူလိုက်ဦးမယ်၊ ဘန့်ဘွေးကုန်းက ပုမ
တို့လာရောင်းလို့၀ယ်ထားလိုက်တာ ၊လွှတ်ချိုတာ ”
အမေက ပြောရင်းအိမ်ပေါ်တက်ပြီး ခွာမဲစားဖို့ ငှက်ပျောသီး
သွားယူတယ်။
“ခွာမဲ မင်းငါ့ဆီ အလည်လာတာလား။မင်းက ငါ့ဆီ
မလာစဖူးလာလည်တော့ ကိုကြီးတာတေက အံ့သြ
သွားတာ ခွာမဲ ရ”
” ကျုပ်ကိုကြီးတာတေကို ပြောစရာရှိလို့ဗျ။ကိုကြီးတာတေက
ကျုပ်ကိုပြောထားတယ်မို့လား ၊ ထူးခြားတဲ့အရူးမတွေ၊
အရူးတွေ တွေ့ရင်ပြောပါလို့လေ ”
” အေးလေ ကိုကြီးတာတေ ခွာမဲကိုပြောထားတယ်လေ”
” ကျုပ်အဲ့ဒီ့ကိစ္စလာတာဗျ ”
” ဟေ ဟုတ်လား ကွ ခွာမဲရ ၊ မင်းခုတလော ထူးထူးခြားခြား
အရူးတွေ့လို့လားကွ ”
အမေလာပေးတဲ့ ရခိုင်ငှက်ပျော်သီးကို လှမ်းယူပြီး ခွာမဲက
ချက်ချင်း စားတာဗျ။ ခွာမဲတို့ ကရင်တွေက ပွင့်လင်းတယ်
ဆိုတာ ကျုပ်သိပြီးသားပါဗျာ။ ဟန်ဆောင်ပန်ဆောင် ဘယ်
တော့မှ မလုပ်ကြဖူးဗျ ။
” ကိုကြီးတာတေ ဟိုတလောက မီးတွင်းထဲမှာ သေသွား
တဲ့ အနောက်ပိုင်းက မရွှေစိန်ကို သိတယ်မို့လားဗျ ”
“ဟာ မသိဘဲ နေမလားကွ ခွာမဲရ ငါသိတာပေါ့ ”
” အဲ့ဒီ မရွှေစ်ိန် သေတုန်းက မြေကျင်းတူးပြီး မြှုပ်တဲ့လူတွေ
ထဲမှာ ကိုကြီး တာတေပါလားဗျ ”
” ဟ ခွာမဲရ ကိုကြီးတာတေ က ဦးဆောင်ပြီး လုပ်တာပဲလေ
ကြာ ”
“ဒါဆိုရင်တော့ သွားပြီဗျ ”
” ဟေ ဘာဖြစ်လို့တုံးခွာမဲရ ”
” ကိုကြီးတာတေတို့ မြေကျင်းကို ဖုံးတာမလုံလို့ ဖြစ်မှာပေါ့ဗျ ”
” ဟေ ဟုတ်လားကွ၊ ဘာဖြစ်လို့တုံးကွ ”
” ဘာဖြစ်ရမှာတုံးဗျ။ သေသွားတဲ့ မရွှေစိန်ကြီး ရွာထဲကို
ပြန်ရောက်လာလို့ပေါ့ဗျ ”
” ဟေ…ဟုတ်လား ”
“ဟုတ်ပါ့ဗျာ..၊ တစ်ကိုယ်လုံး ဆနွင်းတွေဝါထိန်လို့”
” ဟေ ဟုတ်လားကွ ခွာမဲရ၊ သူလည်း ရူးနေတာပဲလားကွ
ခြာမဲရ ”
“ရူးနေတာပေါ့ဗျ။ ဆံပင်ကြီး ဖားလျားချလို့ဗျာ၊ နေဦးဗျ ကျုပ်
ပြောဦးမယ်။ မရွှေစိန်က ရွာထဲကို သူတစ်ယောက်တည်း
လာတာမဟုတ်ဘူး ကိုကြီးတာတေ ရ ”
” ဟေ ဟုတ်လား ။သူနဲ့တူတူတခြားဘယ်သူပါလာလို့တုံးကွ”
“အရူးမကြီးတစ်ယောက်ပါလာတယ်ဗျ။အဲ့ဒီအရူးမကြီးက
လွှတ်ကြောက်စရာကောင်းတယ်ဗျ။ဆံပင်ဖားလျားကြီးနဲ့
မျက်လုံးပြူးပြူးကြီးဗျ။ သူ့မျက်လုံးကြီးက နီရဲနေတာ
ကိုကြီးတာတေရ ။ မတ်တတ်ရပ် ပြီးမသွားနိုင်ဘူးဗျ။ဒူးကြီး
နှစ်လုံးထောင်ပြီး လက်နှစ်ဖက်ထောက်သွားတာဗျ။ပြီးတော့
အ၀တ်အစား လည်းမပါဘူးဗျ။ အဲပြောရဦးမယ်။ အဲ့ဒီ့အရူး
မကြီးက သစ်ပင်တတ်တာ တော်တော် ကျွမ်းကျင်တယ်ဗျ။
သစ်ပင်ပေါ်တက်ရင် ကုန်းကုန်းကြီးတက်သွားတာ၊
လှစ်ခနဲ လှစ်ခနဲ နေတာ ပြန်ဆင်းရင်လည်းဇောက်ထိုးကြီး
ဆင်းလာတာဗျို့။ မြန်ချက်တော့ဗျာ ”
” အဲ့ဒီ့သရဲမ၊ အဲ…အဲ့အရူးမကြီးက မရွှေစ်ိန်နဲ့လိုက်လာ
ကြာလား ”
” ဟုတ်တယ်ဗျ။ မရွှေစိန်နောက်ကလိုက်လာတာ၊ သစ်ပင်
အမြင့်ကြီးတွေတွေ့ရင် လှစ်ကနဲ လှစ်ကနဲ တက် လိုက်၊
ပြန်ဆင်းလိုက်လုပ်နေတာဗျ ”
” မင်း ဘယ်တုန်းက တွေ့တာလဲ ခွာမဲ ”
” ကျုပ်တွေ့တာ နှစ်ညရှိပြီဗျ။ ဒီညလည်း လာဦးမယ်ထင်တယ်”
ခွာမဲပြောတာကို ကျုပ်ခေါင်းညိတ်လိုက်တယ်။ပြီးတော့
စဉ်းစားတယ်။ ချက်ချင်းသဘောပေါက်သွားတယ်။မရွှေစိန်က
မီးတွင်းထဲမှာ သေတာဆိုတော့ ကလေးကျန်ရစ်ခဲ့တယ်ဗျ။
သူ့ကလေးကို သူ့ဆီခေါ်ချင်လို့ လာလာကြည့်တာဖြစ်မယ်ဗျ။
အဲ့ဒါ ကို တစ္ဆေ ဘ၀မှာတွေ့တဲ့ သရဲမကြီးတစ်ယောက်က
မရွှေစိန်ကိုကူညီဖို့ လိုက်လာတာဖြစ်မယ်ဗျ။ ကလေးရဲ့
၀ိညာဉ် ကိုမရွှေစိန်က ရအောင်မနှုတ်တတ်ရင်တောင်
သူနဲ့ပါလာတဲ့ သစ်ပင်ပေါ်ကနေ ဇောက်ထိုးဆင်းနိုင်တဲ့
သရဲမကြီးကတော့ ကလေးဝိညာဉ်ကို ရအောင်နှုတ်မှဗျ။
ခွာမဲက ကျုပ်နဲစကားပြောပြီး ပြန်သွားတယ်။
ညဆယ်တစ်နာရီလောက်မှာ ရွာထဲက ခွေးသံတွေ ကြား
ရရောဗျ။ ကျုပ်လည်းမျက်ကွင်းဆေးကွင်းပြီး ရွာထဲကိုထွက်ခဲ့
တယ်။ ဆေးလွယ်အိတ်လည်းလွယ်လို့ပေါ့ဗျာ။
ကျုပ်က မရွှေစ်ိန် တို့ဝိုင်းဘက်က်ိုထွက်ခဲ့တယ်။ မရွှေစ်ိန်တို့
၀ိုင်းနဲ့ မျက်နှာချင်းဆိုင်က ဘိုးတင်ရွှေတို့ ဝိုင်းထဲက၀င်ပြီး
အခြေအနေကို စောင့်ကြည့်နေလိုက်တယ်။
” ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး ”
ဟော….ခွေးတွေအူပြီဗျို့။ ဟော ဟော ခွာမဲပြောတဲ့
သရဲမကြီးဗျို့။ ဆံပင်ဖားလျားနဲ့ ကိုယ်လုံးတီးကြီးဗျာ။ မတ်တပ်
ရပ်သွားတာမဟုတ်ဘူးဗျ။ မျောက်တွေ မြေကြီးပေါ်မှာ
ခုန်သွားသလို သွားတာဗျ။ မြန်လိုက်တာမှ ရိပ်ခနဲ ရိပ်ခနဲ
နေတာပဲ။ဟော….သူ့နောက်ခပ်လှမ်းလှမ်းမှာ မရွှေစ်ိန်ဗျ။
ဆနွင်းရောင်ဝါ၀ါကြီးဗျို့။
အံ့ရောဗျာ ၊ ခွာမဲဆိုတဲ့ ကလေးက ဒီသရဲတွေကို ဒီအတိုင်း
မြင်နေရတာဗျ။ သရဲကို သရဲမှန်းမသိဘဲ အရူးတွေကြီးဘဲ
ပြောနေတာဗျို့။မရွှေစ်ိန်ရော ၊ သရဲမကြီးရော မရွှေစိန်တို့
အိမ်ရှေ့မှာရပ်ပြီး အိမ်ကို စိုက်ကြည့်နေတဲ့ပုံပဲဗျ။ကျုပ်စိုးရိမ်
သွားတာအိမ်ထဲမှာရှိတဲ့ မရွှေစိန်ရဲ့ ကလေးအတွက် ကျုပ်
တော်တော် ကို စိုးရိမ်သွားတာဗျို့။
ကျ ုပ်ဘာလုပ်ရင် ကောင်းမလဲလို့ တွေးနေမိတယ်။ည ရှစ်နာရီ
လောက်ရှိတော့ မရွှေစိန်ရော သရဲမကြီးရော ပြန်ထွက်သွား
ကြရောဗျ။ ကလေးတော့ ဘာမှမဖြစ်လောက်ဘူးထင်ရတာပဲဗျ
အဲ့ဒီညအိမ်ရောက်တော့ ကျုပ်အိပ်ရာမ၀င်ခင် မဖဲဝါ ကျ ုပ်ကို
ပေးထားတဲ့ ကိုယ်ခွဲရုပ်ကို ကိုင်ပြ်ီး မဖဲဝါ ကိုပင့်လိုက်တယ်။
” သင်္ချိ ုင်းရှင်မ မဖဲဝါ ခဗျာ။ ကျုပ်တို့ထနောင်းကုန်းမှာ မကြာခင်
က မရွှေစိန်ဆိုတဲ့ မိန်းမတစ်ယောက် ကလေးမီးဖွားရင်း
မီးတွင်းမှာ သေသွားတယ် ဗျ။အခု မရွှေစိန် သရဲမနဲ့
ကြောက်စရာကောင်းတဲ့ အခြားသရဲမကြီးတစ်ယောက်
ညတိုင်း ကျုပ်တို့ရွာထဲ ၀င်လာပြီး မရွှေစ်ိန်ရဲ့ ကလေးကို
၀ိညာဉ် နှုတ်ဖို့ လုပ်နေလို့ဗျ။ အဲ့ဒီ့ကိစ္စကို မဖဲဝါ ကူညီပေးပါ။
ကလေးအတွက်ကျုပ်စိတ်ထဲမှာ အတော်ကိုစိုးရိမ်နေလို့ပါ ”
အိပ်ပျော်သွားတာနဲ့ကျုပ်အိမ်မက်မက်တော့တာပဲဗျို့။
လေတွေ တဝီးဝီးတိုက်နေတဲ့ကြားမှာ အရွက်လေးတစ်ရွက်
တောင် မလှုပ်တဲ့ ဆယ်နှစ်ရာသီအဝါပင်ကြီးအောက်မှာ
မဖဲဝါရပ်နေတယ်။ ကျုပ်ကိုအိမ်မက်ပေးတဲ့အတိုင်း မဖဲဝါက
ကျုပ်နဲ့ ရွယ်တူ ကောင်မလေးပုံစံ ဖန်ဆင်း ပြီး ပြနေကျဗျ။
“တာတေ ၊ မရွှေစ်ိန်က ကလေးကိုရအောင်ခေါ်ဖို့ လုပ်နေတာ
သူ့မှာ အစွမ်းမရှိဘူးဟဲ့ ၊ ဒါကြောင့်မီးလောင်ကုန်းသင်္ချိ ုင်းထဲ
က ဘန့်ဘွေးပင်သရဲမကို အကူအညီတောင်းတာ၊ ဒါပေမဲ့
အိမ်ထဲကို သူတို့၀င်လို့မရသေးဘူး။၀င်သွားတာနဲ့ ကလေးကို
၀ိညာဉ် နှုတ်လိုက်မယ်။ နင်သွားပြီး အိမ်ကို စည်းသေသေချာ
ချာ ချထားလိုက်။ မနက်ဖြန် ညကျရင် ဒီကောင်မတွေကို
ငါရွာပြင်ကနေ လှမ်းခေါ်ပြီး ကောင်းကောင်းဆုံးမလိုက်မယ်”
အိမ်မက်လည်းဆုံး ၊ ကျုပ်လည်းနိုး ၊ မိုးလည်းလင်းတာပါပဲ
ကျုပ်မရွှေစိန်တို့အိမ်ကို သွားပြီး သူ့ယောက်ျားကိုမှိန်ကိုယ
အကျိုးမကြောင်းပြောလိုက်တယ်။ကိုမှိန်ဆိုတာ ကျုပ်ပြောတာ
ကို ကြားတော့ ငိုလိုက်တာဗျ။
” ဖြစ်မှ ဖြစ်ရလေ မရွှေစိန်ရယ်၊ ငါဘာလုပ်ရမှာတုံးတာတေ
ရယ် ”
” မရွှေစိန် အတွက် ဆွမ်းထပ်သွပ်ဗျ။ ကလေးအတွက်တော့
ကိုကြီးမှိန် မစိုးရိမ်နဲ့ ၊ ဒီည မဖဲဝါကိုယ်တိုင် လိပ်ပြာခွဲပေး
လိုက်မယ် ”
ကျုပ်က သစ်စုန်း ဆေးတောင့်ကို အပ်ကလေးနဲ့ခြစ်ပြီး
ရေပုံးထဲမှာ ဖျော်လိုက်တယ်။ ပြီးတော့ခွက်ကလေးနဲ့့
ဆေးတော်ရည်ကိုခပ်ပြီး ဝိုင်းကိုစည်းချလိုက်တယ်။အိမ်ကို
လည်းစည်းချတယ်။ အဲ့ဒီညတော့ ကျုပ်ကိုမှိန်တော့ အိမ်ထဲက
ပဲ ၀င်ပြီးတော့ စောင့်ကြည့်တာပေါ့ဗျာ။ညသန်းခေါင်ကျော်
တော့ လာတာပဲဗျို့။ ခွေးတွေလည်းအူလိုက်တာမပြောပါနဲ့
တော့ဗျာ။
” ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး ”
ဟော…ရောက်လာကြာပြီဗျို့။မျောက်လိုခုန်ခုန်သွားတဲ့
သရဲမကြီးရော ၊တစ်ကိုယ်လုံး ဆနွင်းလို ဝါထိန်သွားတဲ့သရဲမ
မရွှေစိန် ရော ဝိုင်းရှေ့မှာရပ်ပြီးအိမ်ကို ကြည့်နေကြတာဗျ။
ကျုပ်ကဆေးလွယ်အိတ်ထဲက မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေး
ကို ထုတ်ယူပြီးမဖဲဝါကို ပင့်လိုက်တယ်
“သင်္ချိ ုင်းရှင်မကြီးဗျာ။သရဲမရွှေစိန်နဲ့ဟိုသရဲမကြီး ရောက်နေ
ပါပြီဗျာ။ ထနောင်းကုန်းက ကျုပ်တာတေ အကြောင်းကြား
ပါတယ်ဗျာ ”
ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေး
ဆတ်ကနဲ တုန်သွားတယ်ဗျ။
” အီး ၊ အီး ၊ အီး ၊ အား ၊ အား ”
ဟော…မဖဲဝါရဲ့ အသံကြီးဗျ။ ရွာပြင်က ကြားရတာ။ဟာ…
သရဲမကြီးချာကနဲ လှည့်ပြီးပြေးပြီဗျို့။ဟော…သရဲမမရွှေစိန်
လည်း လိုက်သွားတယ်ဗျ။
” အီး ၊ အီး ၊ အား ၊ အား ၊ အီး ၊ အား အား ”
ဟာ…မဖဲဝါလည်းရွာပြင်က အော်ခေါ်နေပြီဗျို့။
သွားပြီဗျို့။သွားပြီ။ ကလေးအတွက်တော့ လုံး၀စိတ်ချသွား
ရပြီပေါ့ဗျာ။ ခဏနေတော့ ကလေးကိုရင်ခွင်ထဲမှာ ပွေ့ထားပြ်ိး
မအိပ်နိုင်အောင်ဖြစ်နေတဲ့ ကိုမှိန်ကကျုပ်ကိုမေးတယ်ဗျ။
“တာတေ ဘယ်လိုတုံး ညီလေးရဲ့ ”
” ကိုကြီးမှိန်ရေ သွားပြီဗျ။မဖဲဝါကြီးခေါ်သွားပြီ ၊ ကလေးကို
လိပ်ပြာခွဲပေးလိုက်ပြီ။ မရွှေစိန် အတွက်သာအလှူအတန်း
လုပ်ပြီး အမျှဝေလိုက်ပေတော့ဗျာ။။
တစ်ညလုံးမအိပ်ခဲ့ရတော့ အိမ်ရောက်တာနဲ့ ကျုပ်လည်းအိပ်
တော့တာပေါ့ဗျာ။အိပ်မပျော်ခင်မှာ မွေးကတည်းက သရဲမြင်
တဲ့ ခွာမဲ ဆိုတဲ့ကောင်လေးကို သတိရလိုက်သေးတယ်ဗျာ။…..
ပြီးပါပြီ
ရေးသားသူ-ဆရာတာေတ
#တာတေ
#crd