ငရဲခန်း

ငရဲခန်း(စ/ဆုံး)

———–
ကားပေါ်ကဆင်းပြီး ခြေချလိုက်တာနဲ့
အရအားလုံးက. အားမာန် အတွက် စိမ်းလို့
နေသည်။ ဒီနယ်စပ်မြို့လေးကို ရောက်ဖူးတာ
သူ့အတွက် ဒါပထမ။ဘယ်ကိုသွားရမှန်းလည်း
မသိ။ထိုစဉ် အားမာန် အနားသို့ လူတစ်ယောက်
ရောက်လာပြီး
“ဘယ်သွားမလို့လဲ ညီ ကားငှါးချင်ရတယ်နော်
ကိုယ်က တက္ကစီ သမားပါ”
“ဟို..ဟို.. ကျနော် “‘
အူကြောင်ကြောင် ဖြစ်နေတဲ့ အားမာန်ကို
တက္ကစီ သမားက
“ခုမှ နယ်စပ်ကို ရောက်ဖူးတာလားညီ”
“ဟုတ်ပါတယ် အစ်ကို”
“ဒါဆို မင်းဘယ်သွားမလဲ အသိရော ရှိလား”
ထိုအခါ အားမာန် က
“ဒီမှာ ကျနော့် အသိမရှိပါဘူးအစ်ကို
ကျနော် လူတစ်ယောက်ကို လာရှာတာ”
“ဒါဆိုရင် အဲဒီလူ လိပ်စာ မင်းသိလား”
“ဗျာ”
“မင်းလာရှာတဲ့လူ နေတဲ့ နေရာကို သိလား
လို့မေးတာ”
တက္ကစီ သမား၏စကား ကြားတော့
အားမာန် မျက်နှာလေးငယ်ပြီး ခေါင်းငုံ့
သွားသည်။ဒါကို တက္ကစီသမားက ကြည့်ပြီး
“ဒီပုံစံ အတိုင်းဆို မင်းမှာ ဝတ်စရာ
အဝတ်အစား မကျန်အောင်ကို
အဖုတ်ခံရတော့မှာပဲ”
ဟုပြောကာ ခေါင်းရမ်း၍နေ၏။
“ကဲလာပါကွာ ဟိုလ္ဘက်ရည်ဆိုင်မှာ ထိုင်
ပြောကျတာပေါ့။
ခေါင်းကြီးငိုက်စိုက်ကျနေတဲ့ အားမာန်ကို
ပခုံးကိုပုတ်၍ တက္ကစီသမားက ခေါ်သည်။
ဆိုင်ထဲ ထိုင်မိကျတော့
“မင်းက ဘယ်သူ့ကိုလာရှာတာလဲ ညီ”
“ကျနော့် မိန်းမကို လာရှာတာပါ အစ်ကို”
“မင့် မိန်းမ ဟုတ်လား”
တက္ကစီ သမားက အံ့ဩသလိုထပ်မေးသည်။
အားမာန်က ခေါင်းညိတ်၍ဖြေသည်။
သူ့မျက်လုံးမှာ မျက်ရည်က ဝဲနေသည်။
ကောင်လေးကိုကြည့်၍ တက္ကစီ သမား
စိတ်မကောင်းဖြစ်ရသည်။ ထို့ကြောင့် အတက်
နိူင်ဆုံး ကူညီ ဖို့ သူဆုံးဖြတ်လိုက်သည်။
“ဘယ်လိုဖြစ်လို့ ညီ့မိန်းမကဒီကိုရောက်လာတာလဲ
အစ်ကို့ ကိုပြောပြ အစ်ကိုကူညီမယ်”
ထိုစကားကိုကြားသောအခါ အားမာန် မှာ
ခေါင်းပြန်မော့လာပြီး တက္ကစီသမား၏
လက်နှစ်ဖက်ကို သူ့လက်ဖြင့်ဆုပ်၍
“တကယ်လားအကို ကျနော် ကျေးဇူး တင်ပါ
တယ်ဗျာ။ကျနော့်မိန်းမ နာမည်က အညို တဲ့
အစ်ကို။ ကျနော့်တို့လက်ထပ်ပြီးလို့
တစ်ပတ်လောက်ကြာတော့ အညို
ထွက်သွားတာ၊ကျနော်တို့ နှစ်ယောက်လုံးက
အညာကပါ။တနေ့ ရွာကို မမမြိုင်ဆိုတဲ့
အမျိုးသမီးတစ်ယောက် ရောက်လာတယ်။
သူဟာတရုတ်ပြည်ကို ပို့ပြီး အလုပ်ကောင်း
ကောင်း ရှာပေးနိူင်တဲ့အကြောင်း။
ခုဆို သူပို့ပေးလိုက်တဲ့ လူတွေ ဟိုမှာ အဆင်
ပြေနေကြောင်းတွေပြောတယ်အကို။
ဒီတင်ကျနော့်အသစ်စက်စက်ဇနီးလေး
အညို က
“အားမာန် တို့နှစ်ယောက် တရုတ်နိူင်ငံထဲ
အလုပ်သွားလုပ်ရအောင်”
“ဘာလို့သွားချင်နေတာလဲ အညိုရယ်
မိဝေးဖဝေးနဲ့ကွာ ဒီမှာလဲ လုပ်ရင်ရတာပဲ”
ထိုစကားကိုကြားသောအခါ အညို က
နုတ်ခမ်းစူ၍
“အားမာန်နော် ခုမှညားတာ ၃ရက်ရှိသေးတယ်
အလိုမလိုက်တော့ဘူးပေါ့လေ၊ငါ မမမြိုင်ကို
မေးလာပြီးပြီ လင်မယားနှစ်ယောက်စလုံး
လိုက်လို့ရတယ် ။ဟိုမှာ စက်ရုံတစ်ခုတည်း
အလုပ်အတူတူ သွင်းပေးမယ်တဲ့။
အခုတရုတ်ငွေစျေးကလည်း ကောင်းနေတာ
ဆိုတော့ ညီမလေးတို့ လင်မယားဆို
စားပြီးသောက်ပြီး တစ်လ ဆယ့်လေး ငါးသိန်း
ကျန်တယ်တဲ့ အားမာန်ရဲ့ လိုက်ရအောင်နော်”
“ဒါနဲ့ ငါ့ညီက ခေါင်းညိမ့်လိုက်တယ်ဆိုပါတော့”
တက္ကစီ သမားက ဖြတ်မေးသည်၊
“ဟုတ်ပါတယ် အစ်ကို အညိုစိတ်ချမ်းသာပါ
စေဆိုပြီး ကျနော်လိုက်လျောလိုက်တာ”
“အင်း..ဆက်ပါအုံးကွာ”
“နောက်တစ်ရက်လောက်နေတော့ မမမြိုင်
ဆိုတဲ့ အမျိုးသမီး ကျနော်တို့ အိမ်ကိုရောက်
လာတယ်။နောက်ပြီးသူပြောတာက
“မောင်လေးနဲ့ ညီမလေးတို့ရေ ခုပဲ မမအဆက်
သွယ်ဆီက ဖုန်းလာတယ် ဒီနေ့ပဲ တရုတ်ကို
တက်မယ်တဲ့”
“ဟုတ်လားမမ”
ဆိုပြီး အညို ကပျော်နေတယ်။
“ဟုတ်တယ်ကွဲ့ ဒါပေမဲ့ ညီမလေးပဲလိုက်လို့
ရအုံးမှာ ဟိုမှာလူကပြည့်သွားလို့တဲ့”
“အဲတာဆိုရင် တော့ ကျနော်တို့ မလိုက်တော့
ဘူးဗျာ နှစ်ယောက်အတူသွားရမှ လိုက်မယ်”
ထိုအခါ မမမြိုင် က
“ဒါတော့ မောင်လေးတို့သဘောလေ
အတူမသွားရပေမဲ့ နောက်တသုတ်က တစ်ပတ်
လောက်ပဲကွာမှာ ခုတစ်ခေါက်ပဲ မမက
တစ်ယောက် သုံးသိန်းနဲ့ ပို့ပေးနိူင်မှာ။
နောက်ဆိုမပို့ပေးနိူင်တော့ဘူး။ခုလည်း လိုနေတဲ့
တစ်ယောက်နေရာ တခြားလူတွေလိုက်ချင်
နေတာမှအများကြီး ဒီက ညီမလေး အညို ကို
မမက ခင်လို့ ဦးစားပေးလိုက်တာ။”
ထိုအခါ အညိုက အားမာန် လက်ကိုကိုင်၍
“အားမာန် ရယ် နောက်ဆိုလွယ်မှာမဟုတ်ဖူး
နင်လည်း တစ်ပတ် လောက်ကြာရင် လိုက်လာ
ရမှာပဲလေ ။ငါလိုက်သွားနှင့်မယ်နော်။”
သူသိပ်ချစ်တဲ့မိန်းမကို အားမာန် အလျော့ပေး
လိုက်သည်။ သူ့ကြောင့် အညို စိတ်မချမ်း
မသာဖြစ်မှာ သူမလိုလား။
“ဟို ရောက်ရောက်ချင်း ဖုန်းဆက်နော် အညို ”
“အင်းပါ အားမာန် ရယ် သိပ်ချစ်တယ် ”
ဒီလိုနဲ့ အညို မမမြိုင် ခေါ်တဲ့နောက် လိုက်သွား
ခဲ့သည်။ သုံးရက်မြောက်တဲ့ နေ့အထိ ဘာအ
ဆက်သွယ်မှ အညို ဆီကမလာ။
အားမာန် သူချစ်ရတဲ့ မိန်းမ အတွက် စိတ်ပူ
မိသည်။ခုလည်း ည၁၂နာရီ လောက်အထိ
သူအိပ်မရ။အညိုအိပ်ရာလေးကိုကြည့်ပြီး
ချစ်လှစွာသော သူ့မိန်းမကို လွမ်းနေမိသည်။
ထိုစဉ် သူ့ဖုန်းမြည်သံကြောင့် လန့်သွားမိသည်။
သူ့မိန်းမဆီကလားဆိုပြီး အားမာန် ပျော်သွား၏
“မင်းမိန်းမ အညို ဆီကဖုန်းလား”
တက္ကစီ သမားက မေးတော့ အားမာန် က
“ဟုတ်တယ်အကို ဒါပေမဲ့”
တက္ကစီ သမား အားမာန် ပြောလာမဲ့စကား
ကိုစိတ်ဝင်တစား နားစွင့်နေသည်။
“ကျနော် ဖုန်းကိုင်လိုက်တော့ သူပြောတာက”
“အားမာန် ငါထင်သလိုမဟုတ်ဘူး”
ဆိုတဲ့စကားလေးပဲပြောလိုက်ရပြီး
ယောက်ျား တစ်ယောက်ရဲ့အသံ ၊ ကျနော်က
တော့ တရုတ်စကားထင်တာပဲ၊အော်ဟစ်ပြီး
ဖျန်းကနဲ့ ရိုက်လိုက်သံလည်းကြားတယ်။
အညို ရဲ့နာကျင်ပြီး အားမာန် ရေ လို့
အော်လိုက်သံလည်း ဖုန်းထဲမှာ ကြားရတယ်”
“အဲဒီဖုန်းနံပါတ်မင်းဆီရှိသေးလား”
တက္ကစီ သမားကတော့ အားမာန် က
“ရှိတယ်အစ်ကို”
ဆိုပြီး ဖုန်းလေးကို ပြသည်။
“ဒါဟိုဘက်က ဖုန်းနံပါတ်တွေ မင်းမိန်းမ
ဒီနယ်စပ်မြို့မှာမရှိတော့ဘူး တရုတ်ပြည်ဖက်
ရောက်သွားပြီ”
“ဗျာ..ဒါဆို အညို ကို ရှာလို့မရတော့ဘူးလား
အစ်ကို ”
“ကံကောင်းရင်တော့ ပြည်မကြီးထိမရောက်ပဲ
ဒီဘက် နယ်စပ်မြို့တွေမှာ ရှိနိုင်တယ်။
ညီမိန်းမ ပုံရှိရင် အကို့ပြ”
ထိုအခါ အားမာန်က သူ၏ဖုန်းထဲမှ အညို ၏
ပုံများကို ပြလေ၏။
အညို က အသားလေး ညိုစိမ့်စိမ့်နှင့် မျက်လုံး
မျက်ခုံး အင်မတန်လှပြီး နုတ်ခမ်းထူထူလေးက
မို့မို့ဖောင်းဖောင်း ပါးပြင်လေးနှင့် လွန်စွာ
လိုက်ဖက်သည်။စင်းနေသောနှာတံလေးနှင့်
ရယ်မော၍ရိုက်ထားသော ပုံလေးမှာ
ညီညာပြီး စီတန်းနေတဲ့ သွားဖြူဖြူလေးတွေ
ပေါ်နေတာက ချစ်စရာ။
ခြုံ၍ပြောရလျင် အညိုသည် ကိုယ်လုံးကိုယ်
ပေါက်မှအစ အပြစ်ပြောဖွယ်မရှိအောင်
လှပသည်ဟု တက္ကစီ သမားက ကောက်ချက်
ချသည်။အညိုရဲ့ ရုပ်ဆင်းကိုကြည့်၍ ယခု
သူမဘယ်လိုနေရာ ရောက်နေနိူင်သည်
ဟု သူအတက်တွေးလိုက်မိသည်။
ထိုနောက် သက်ပြင်းတစ်ချက်ချ၍
“ကိုယ့်နာမည်က လူမော်ပါညီ၊ဒီနယ်စပ်မြို့လေးမှာ အလုပ်လုပ်ရင်း
အိမ်ထောင်ကျတာ အနှစ်၂၀ရှိပြီ။အလုပ်ကိစ္စနဲ့ ဟိုဘက်ကိုလည်း ဧည့်သည်တွေ မကြာမကြာ
လိုက်ပို့ဖူးတယ်။ပြောချင်တာ ဒီရေဒီမြေနဲ့
ဒီကလူတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဘာဝကို
အစ်ကိုက ကောင်းကောင်းနားလည်နေပြီ။
အဲဒီတော့ ငါ့ညီမိန်းမ ရောက်နေနိူင်တဲ့နေရာ
အစ်ကိုခန့်မှန်းမိပြီ။အညိုရုပ်ရည်အရဆိုရင်
အညို ဟာ….”
လူမော်က ပြောသင့်မပြောသင့် တုန့်ဆိုင်း
နေမိသည်။ ဒါကို အားမာန်က သိချင်ဇောဖြင့်
“ဘယ်နေရာမှာ ရှာရမလဲအကို ပြောပါဗျာ”
“ဇိမ်ခန်း အနှိပ်ခန်း တွေမှာ ရှာရလိမ့်မယ် ညီ”
“ဗျာ”
ထို့နောက် လူမော်က အားမာန် ပခုံးကိုပုတ်၍
“ဒီနေ့တော့ နားလိုက်အုံးကွာ မနက်ဖြန်
ကျမှ မင်းနဲ့ငါ ဟိုဘက်ကူးပြီး အညိုကိုရှာတာပေါ့”
********************************
နောက်တစ်နေ့ ရောက်တာနှင့် တရုတ်ပြည်
ဘက်ကူး၍ အားမာန် နင့်လူမော် အညိုကိုရှာဖွေ
ကြလေ၏။လူမော်သည်နယ်စပ်ဒေသ၌အနေ
ကြာလာသောကြောင့် တရုတ်စကားကို ကောင်းမွန်
စွာပြောဆိုတက်၏။
“ဟေး ဒီမြို့မှာ အနှိပ်ခန်း ရှိတဲ့ ပျော်ပွဲရုံ
ဘယ်နှစ်ခုလောက်ရှိလဲ”
ထိုအခါ တရုတ်အငှါးကားမောင်းသမားက
“နာမည်ကြီး တဲ့နေရာနှစ်ခုရှိတယ် ချွတ်တီး
ချွတ်ချက်တွေကတော့အများကြီး”
“ဒါဆိုနာမည်ကြီးတဲ့ အနှိပ်ခန်း ပို့ကွာ”
လူမော်က သူနှင့်တရုတ်ကားမောင်းသမားတို့
ပြောဆိုသည်များကို အားမာန် အား
ပြန်လည်ပြောပြ၏။
စည်းစိမ် ဟူသော ပျော်တော်ဆက် အဆောက်အဦး ကြီးရှေ့ ကားကရပ်လိုက်၏။
ထိုနောက် ကားပေါ်ကဆင်းပြီးအတွင်းမဝင်ခင်
လူမော်က အားမာန်အား ခုလိုမှာ၏။
“ဟိုထဲရောက်လို့ တကယ်လို့များ မင်းအညို
ကိုတွေ့ရင် လုံးဝ မျက်နှာမပျက်နဲ့နော်
မသိသလိုနေ သူနဲ့ပတ်သတ်တဲ့သူ
လိုက်လာတယ်ဆိုတာသိရင် မင်းနဲ့ငါ
ဒုက္ခ ရောက်ကုန်လိမ့်မယ် အားမာန် ”
“စိတ်ချပါ အစ်ကို ကျနော် စိတ်ထိန်းပါ့မယ်ဗျာ”
ထိုသို့ပြော၍ အဆောက်အဦး ထဲသို့
ဝင်ခဲ့၏။ အဆောက်အဦး၏မြေညီထပ်ကို
အရက်ဘီယာ မျိုးစုံနှင့် စားသောက်ခန်းပုံစံ
ခင်းကျင်းထား၏။သူတို့နှစ်ယောက်ထိုင်
လိုက်တာနဲ့ ဝိတ်တာကောင်လေးက
အနားလာပြီး
“ဘာသုံးဆောင်မလဲ”
“ငါတို့ ကောင်မလေး တွေနဲ့ပျော်ချင်တယ်”
ဟုလူမော်က ပြောလိုက်ရာ တရုတ်လူငယ်က
အပေါ်ထပ်သို့ ၎င်းတို့ နှစ်ယောက် အားခေါ်
ဆောင်သွားလေ၏။
အပေါ်ထပ် ခန်းမကျယ်ထဲ၌ တရုတ်လူဝကြီး
တစ်ယောက် ကို မိန်းမငယ်တစ်ဦးက
ဦးခေါင်း အား နှိပ်နယ် ပေးနေ၏။
လူမော်နှင့်အားမာန် ထိုင်လိုက်တာနှင့်
တရုတ်လူဝကြီး က ဓာတ်ပုံ အယ်လ်ဘမ်
တစ်ခုအား သူတို့ရှေ့သို့ပစ်ချပေးလိုက်၏။
ထိုအခါလူမော်က အားမာန်အနားကပ်၍
“ဒီထဲက ကြိုက်တဲ့ပုံကိုကြည့်ရွေးခိုင်းတာ
အညိုပါလား ရှာကြည့်”
အားမာန် ဓာတ်ပုံ အယ်လ်ဘမ် လေးကို
ကိုင်လိုက်တာနဲ့ လက်တွေက တုန်လာ၏။
အညိုကိုတွေ့ချင်ပေမဲ့ ဒီလိုနေရာမျိုးမှာမတွေ့
စေချင်။စိတ်လှုပ်ရှားစွာဖြင့် အယ်လ်ဘမ်
လေးစဖွှင့်လိုက်၏။အညိုမဟုတ်။
နောက်တပုံ၊မဟုတ်။ ဓာတ်ပုံ အယ်လ်ဘမ် လေး
ကို တစ်ပုံလှန်တိုင်း အားမာန် ရင်တွေ
တဒိုင်းဒိုင်းခုန်နေ၏။ ခုလှန်ရမဲ့ပ၊ုံ တစ်ပုံသာ
ကျန်တော့၏။နောက်ဆုံးတစ်ပုံကို ကြည့်ဖို့
အားမာန် တုန်လှုပ် နေရှာသည်။
ထိုနောက် ဓာတ်ပုံ အယ်လ်ဘမ် ကို
လူမော်ဆီအား ထိုးပေးလိုက်ပြီး
“အဲဒီတစ်ပုံ အစ်ကိုကြည့်ပေးပါ”
ဟူးးး
လေပူ တစ်ချက်မှုတ်၍ လူမော်က အယ်လ်ဘမ်
အားယူလိုက်၏။ သူကိုယ်၌ပင် စိတ်လှုပ်ရှား
နေမိ၏။ အားမာန်က လူမော်၏မျက်နှာအား
မမှိတ်မသုန် ကြည့်နေ၏။ လူမော်နောက်ဆုံး
ပုံတစ်ပုံအား ဖျက်ခနဲ့ လှန်ချလိုက်၏။
ထို့နောက် အားမာန်အား ခေါင်းရမ်းပြလိုက်၏။
“သာကော ဒီကောင်မလေးတွေ ကျနော်တို့
မကြိုက်ဖူး”
“ဒီလောက်လှတဲ့ ငါ့အရုပ်ကလေးတွေ
မကြိုက်တာ မင်းတို့နှစ်ယောက်ပဲရှိတယ်”
ဟုပြောကာ တရုတ်လူဝကြီး က ငြီးညူလေ၏။
“နောက်ထပ် ရှိသေးလား သာကော”
ထိုအခါ တရုတ်လူဝကြီးက သူ့တပည့်တစ်ယောက်အား
“ဟေ့ ကောင် လုရီ အသစ်ရောက်လား”
“ရောက်ပါတယ် ဘော့စ် သုံးယောက်ပါ”
“ခေါ်ခဲ့ကွာ သုံးယောက်လုံး’i”
မကြာမီ ကောင်မလေး နှစ်ယောက် သူတို့ရှေ့
ရောက်လာ၏။
“သုံးယောက်ဆိုကွ”
“တစ်ယောက်က ဧည့်သည်ရှိနေလို့ပါ ဘော့စ်”
တရုတ်လူဝကြီး ကသူ့တပည့်အား ခေါင်းညိတ်
ပြီး လူမော်တို့ဘက်လှည့်ကာ
“ဒါလေးတွေရော”
ခုမှခက်ပြီ ဒီနှစ်ယောက်လည်း အညိုမဟုတ်။
အကယ်၍မကြိုက်ဘူးပြောလျှင် သူတို့ကို
သံသယဝင်ပြီး ဖက်တီးက ပြဿနာရှာတော့မည်။
“ဟို သာကော ဧည့်သည်နဲ့တွေ့နေတဲ့တစ်ယောက်
ပဲကျနော်တို့ကပျော်ချင်တာ”
“အမ်”
တရုတ်လူဝကြီး က အံ့ဩသလိုပြု၏။
“ဟို သိပ်မထန်တော့တဲ့ ကောင်မလေး မျိုးပေါ့”
“ဟားဟား ခဏစောင့်”
တော်တော် ကြာတော့ သူတို့ရှေ့သို့
ကောင်မလေး တစ်ယောက် ရောက်လာ၏။
ထိုကောင်မလေးမှာ သူ့ကိုယ်သူ မက်တပ်ရပ်
ဖို့ရန်ပင် မနည်းအားယူထိန်းနေရ၏။
ထိုမိန်းကလေးအားမြင်၍ အားမာန်အံဩတုန်လှုပ်သွား၏။
“အညို ”
ဆိုပြီး နှုတ်က တိုးညင်းစွာခေါ်မိ၏။
အညိုဘာမှမပြောနိူင်မီ တရုတ်ကြီးက
“ဟေ့ ဧည့်သည်ကိုခေါ်သွားစမ်း”
ဆိုပြီး အော်ဟစ်ငေါက်ငမ်း၏။
ထိုအခါ အညို က ယိုင်နဲ့နဲ့ ့ခြေလှမ်းများဖြင့်
အားမာန်ဆီလျှောက်လာပြီး သူမလက်အား
အားမာန်ထံကမ်းပေးလေ၏။
အညို ကမ်းသောလက်လက်ကိုကိုင်၍ အားမာန်
အညိုခေါ်ဆောင်ရာ အခန်းထဲသို့ လိုက်ခဲ့၏။
အခန်းထဲသို့ ရောက်လျင်
“အညို ”
“အားမာန် ”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်
ဖက်၍ ငိုမိကြ၏။”နင့်ကိုငါ လိုက်ရှာနေတာအညို”
“ငါ တကယ့် ငရဲခန်း ထဲရောက်နေတာ
ကာမဘီလူးတွေ နှိပ်စက်တဲ့ အဆိုးဆုံး
ငရဲခန်းကို ငါရောက်နေတာ အားမာန်
တခါတလေ ယောက်က်ျားနှစ်ယောက်က
တပြိုင်တည်း ငါ့ကို ဆက်ဆံကျတယ်။
တချို့ယောက်ျားတွေကျတော့လဲ သူတို့
စိတ်ကြိုက် ပုံစံအမျိုးမျိုးနဲ့ နေပေးခိုင်းတယ်။
ငါကနေမပေးရင် ပါးရိုက်နားရိုက်လုပ်ကျတယ်
ဒီကိုရောက်လာတဲ့ ကောင်တိုင်းက ကာမစိတ်
တွေမွှန်ထူနေတဲ့ ဘီလူးတွေချည့်ပဲ။”
အညို ပြောတာတွေကြားတော့ အားမာန်
ဆက်နားမထောင်ရက်
“တော်ပါတော့ အညို ရယ် ငါမကြားပရစေ
တော့နဲ့ဟာ”
ထိုအခါ အညိုက ကျလာသောမျက်ရည်
များကို ခပ်ကြမ်းကြမ်းသုတ်ရင်း
“ဒါတွေဘာလို့ငါ နင့်ကိုပြောနေလည်း သိလား
အားမာန် နင်ငါ့ကို စိတ်ကုန် သွားအောင်
ပြောနေတာ ငါက ဖာ ဖြစ်နေပါပြီအားမာန်””ိ
“အညို နင် ယောက်ျား တစ်ထောင် နဲ့ အိပ်ထား
အိပ်ထား ငါနင့်အပေါ်စိတ်မပြောင်းဘူး
လူတစ်ယောက်ကို တကယ်ချစ်ရင်
အဲ့ဒါ တွေမလိုတော့ပါဘူးဟာ
ငါနင့်ကို ဒီက ရအောင်ခေါ်ထုတ်မယ် အညို ”
ထိုအခါ အညိုက ထိတ်လန့်တကြားဖြင့်
“မရဘူး နင်သေလိမ့်မယ် ငါကိုထားခဲ့ပါ
တော့ အားမာန် ငါကစုတ်ပျက်သတ်နေပါပြီ”
“ကိုချစ်လို့ယူထားတဲ့မိန်းမကို ငရဲခန်းထဲ
ငါကထားခဲ့ရမှာလား နင်ကရော
နေနိူင်လားပြောလအညို”
ထိုအခါ အညိုက နာကျင်လေဟန်ဖြင့်
“အခွင့်ရေးရတာနဲ့ ငါ့ကိုယ်ငါ သတ်သေမှာ”
“အညို ငါတို့ဒီကနေ ရွာကိုပြန်ကျမယ်။
ရွာပြန်ရောက်ရင် ငါက ခြံလုပ်ငန်းလုပ်မယ်
နင်ကလေ အိမ်ကနေ ကြက်ကလေး ၊ဝက်
ကလေး တွေမွေးပြီး မွေးမြူရေးလုပ်နော်။
နောက်ပြီး ငါ့အတွက် ကလေးငယ်ငယ်လေး
တွေမွေးပေးလေ။ပျော်စရာတအားကောင်းမှာဟ။
ငါတို့ဒီကနေ ရအောင်ထွက်ကျမယ်နော်
အညို ”
ထိုသို့ အားမာန်ကပြောသောအာခါ
အညို မှာ များစွာဝမ်းနည်းရ၏။
“ငါတောင်းပန်ပါတယ် အားမာန်ခုလိုဖြစ်ရတာ
ငါ့ကြောင့်ပါ။ငါအမှန်တိုင်းပြောပါ့မယ်ဟာ
နေ့တိုင်းနင့်ကို ငါမျှော်နေမိတာပါ။
နင်မဟုတ်တဲ့ တခြားယောက်ျားတွေ
ငါ့ကို နှီးနှောစပ်ယှက်ကျတိုင်း သူတို့
နှိပ်စက်လို့ နာကျင်ရတာထက် နင်မျက်နှာကို
မြင်ပြီး နင့်ကိုငါ သေလောက်ျအောင်
သနားနေခဲ့တာပါ””
“ထားလိုက်ပါတော့ အညို ရယ်
နောက်ဆို ဒါတွေ နင်မေ့သွားမှာပါ
မပြောတော့နဲ့နော် ချစ်”
အညို က ခေါင်းလေးငြိမ့်၍ တသိမ့်သိမ့်
ရှိုက်ငိုရင်း အားမာန်ကို အားကိုးတကြီး
ဖက်တွယ်၍ထားလေ၏။
ထိုစဉ် အခန်းတံခါး ခေါက်သံကြား၍ဖွှင့်ပေး
လိုက်ရာ လူမော်ဖြစ်၍နေလေ၏။
လူမော်က အခန်းတွင်းသို့ဝင်၍ အားမာန် အား
“အားမာန် မင်းဘယ်လိုလုပ်မယ်စ်ိတ်ကူးလဲ”
ထိုအခါ အားမာန် က လက်သီးကိုကျစ်ကျစ်ပါ
အောင်ဆုပ်၍
“ဒီငရဲခန်းကနေ အညိုကို ကျနော်ရအောင်
ကယ်မယ်အစ်ကို”
“ငါလေ့လာပြီးပြီ အားမာန် ဒီကောင်တွေက
ညဘက်ဆို လက်နက်အပြည့်စုံနဲ့
အစောင့်တွေချတယ်။မင်းလွတ်အောင်
မရုန်းနိူင်ရင်တော့ ဒီကောင်တွေက သတ်မှာ”
အားမာန် နှင့် လူမော်ပြောတာတာတွေကြားတော့
အညိုက အားမာန် အတွက် စိုးရိမ်၍
“ငါ့ကိုထားခဲ့ပါ အားမာန် ရယ် နင်ဒုက္ခ
ရောက်လိမ့်မယ် ။အစ်ကို ၊ အားမာန် ကို
ပြန်ခေါ်သွားပါနော်။
“တော်စမ်း အညို ငါကနင့်ယောက်ျားပါဟ
နင်ဒုက္ခ ရောက်နေတာကြီးကို ဒီတိုင်းထားပြီး
ငါကဘယ်လို စိတ်မွေးပြီးပြန်ရမှာလဲ။
ယောက်ျားကောင်းမှန်ရင် ဘယ်တော့မှ
တကိုယ်ကောင်းမဆန်ဘူး အညို ၊
ငါနင့်ရှေ့ကနေ မားမားမက်မက်ကာကွယ်မယ်။
တကယ်လို့ နင့်ကိုခေါ်မထုတ်နိူင်ခဲ့ရင်သာ
ငါကိုခွင့်လွှတ်”
အားကိုးရတဲ့ ခင်ပွန်း အတွက် အညို
ကျေနပ်ရသည်။
“ငါတို့ အတူတူ သေမယ်အားမာန်”
ထိုနောက် အားမာန်သည် လူမော်အားထိုင်လျက်
လက်အုပ်ချီ ပြီး
“ဘာမှသွေးမတော်သားမစပ်ပဲ ခုလိုကူညီ
ခဲ့တဲ့ အစ်ကိုလူမော် ကို ကျနော် ကျေးဇူး တင်လို့ပါ၊
တဖက်သားဘာဖြစ်ဖြစ် ငါ့မိသားစုအဆင်ပြေ
ရင်ပြီးရောဆိုတဲ့ ကိုယ့်အဖို့ကိုကြည့်တဲ့
မမမြိုင် တို့လို တကိုယ်ကောင်းဆန်ပြီး
ယုတ်မာပက်စက်တဲ့ လူစားမျိုးတွေရှိသလို
အစ်ကိုတို့လို သနားကြင်နာတက်တဲ့လူတွေလည်း
ရှိပါသေးလားဆိုပြီး ဝမ်းသာရပါတယ်အကို၊
ဒီလောက်ကူညီရင် ပြည့်စုံပါပြီအစ်ကို
အစ်ကိုဒီကနေအမြန်ဆုံးထွက်သွားပါတော့၊
ကျနော်တို့ မသေလို့ပြန်တွေ့ကျရင် အစ်ကိုလူမော်ကို လေးစားချစ်ခင်ရိုသေပါ့မယ်။
ကျနော်တို့ လင်မယား ကန်တော့လိုက်ပါတယ်အစ်ကို”
သူ့ကိုကန်တော့နေတဲ့ အားမာန်းနဲ့အညိုကိုကြည့်ပြီး လူမော်ရင်တွင်း
ဆို့နင့်နေမိသည်။ဒီကလေးနှစ်ယောက်မလွတ်
နိူင်လောက်ဖူးဆိုတာလည်း သူကကြိုပြီး
ခံစားမိနေသည်။လက်အုပ်ချီပြီးထိုင်နေတဲ့
အားမာန်ကို ဆွဲထူလိုက်ပြီး ပွေ့ဖက်အားပေး
မိသည်။
“တကယ်ပါ ညီလေးအားမာန်အစ်ကို့မှာသာ
မိသားစုမရှိခဲ့ရင် မင်းတို့နဲ့အတူ သေအတူ
ရှင်မကွာ နေပေးပါတယ်ညီ ၊ခု…အစ်ကို့မှာ
“ကျနော် နားလည်ပါတယ် ဗျာ အကိုလူမော်
ပြန်တော့၊ကျနော်တို့နှစ်ယောက် ဟိုဘက်ပြန်
ရောက်လာရင် အစ်ကိုတို့မိသားစု အညာကို
အလည်လိုက်ခဲ့ရမယ်နော်”
လူမော်က. ပြုံးရင်းခေါင်းငြိမ့်သည်။
“အေးပါကွာ ငါမင်းတို့ကို နယ်စပ်ဂိတ်ကစောင့်နေမယ် အန္တရာယ်ကင်း
ကင်းနဲ့ ပြန်ခဲ့ကျ။
ထိုသို့ပြောဆို၍ လူမော်သည် မိန်းကလေးများ
၏အသွေးအသားများကို ရောင်းစားနေသော
ကာမငရဲခန်းကြီးကထွက်ခွာခဲ့လေ၏။
ဤသို့ဖြင့် ညသည် တဖြည်းဖြည်း နက်လာ၏
ထိုအခါ အားမာန်က အညို ၏လက်ကို
တင်းတင်းဆွဲ၍ အဆောက်အဦး ၏နောက်ဖေး
ပေါက်မှ ခြံအတွင်းသို့ထွက်ခဲ့၏။
အိမ်သို့ရောက်သည်နှင့် လူမော်သည်
ဘုရားခန်း၌ ဆီမီးများကိုပူဇော်၍ ရိုသေစွာ
ရှိခိုးကန်တော့၏။ထို့နောက် ဗုဒ္ဓ မြတ်စွာဘုရား
ထံ၌ “သနားစရာ ကောင်းတဲ့ကလေးနှစ်
ဘေးမသီရန်မခပဲ အန္တရာယ်ကင်း စွာနဲ့
ပြန်လာနိူင်ပါစေဘုရား”ဟု ဆုတောင်းလေ၏။
နောက်ဖေးဘက်တွင် ခြံအပြင်သို့ထွက်ရန်
မလွယ်ပေါက်တစ်ခုရှိကြောင်း အညိုသိ၏။
သူတို့နှစ်ယောက်အပြင်ထွက်ဖို့ပြင်လိုက်သည်
နှင့် ။ဟေ့••••
လက်ထဲ နံပါတ်တုတ်တစ်ချောင်းကိုင်ထားသော
လူတစ်ယောက်က သူတို့အနားရောက်လာ၏။
“မင်းတို့ဘာလုပ်တာလဲ”
မြန်မာစကားကို ထိုလူထံမှ ပီပီသသ ကြီး
ကြားလိုက်ရ၍ အားမာန် အားတက်သွား၏။
“အစ်ကိုက မြန်မာလူမျိုးလား”
ထိုလူကခေါင်းညိမ့်ပြ၏။
“ကျနော်တို့ကိုလွှတ်ပေးပါဗျာ ဒါကကျနော့်
မိန်းမ ပါအကို အပျက်မဟုတ်ပါဘူး။
အညာခံရတာပါ။မိကောင်းဖခင်သားသမီးပါ
အစ်ကို၊ကျနော်တို့သွားပါရစေနော်။”
ထိုအခါ အစောင့်က
“ပြန်ဝင်သွားလိုက်ပါကောင်လေး၊ငါဒီနေ့
မတိုက်ခိုက်ချင်ဘူး”
အစောင့်သည်ထိုသို့ပြောဆို၍ သူ၏လက်နှစ်ဖက်အား ဆုပ်ချည်ဖြန့်ချည်လုပ်၍နေလေ၏။
တောင်းပန်၍မရတော့မှန်းသိသည်နှင့်
အားမာန်သည် အနားတွင်တွေ့ရသော
အသားတိုအားဖျက်ခနဲ့ကောက်၍ အစောင့်၏
မျက်ခွက်အားပစ်ထည့်လိုက်၏။
မထင်မှတ်ပဲ တိုက်ခိုက်ခံလိုက်ရ၍ မရှောင်နိုင်
တော့ပဲ အသားတိုက အစောင့်၏မျက်ခွက်ကို
ဖျောင်း ဆိုထိ၏။ ထိုအခါ အစောင့်မှာ
အား….ကနဲ့အော်၍မျက်နှာကိုအုပ်ကာ
ဖင်ထိုင်လဲကျသွား၏။
ထိုအခါ အားမာန်ကဒေါသတကြီး အစောင့်၏
အပေါ်ခွ၍စိတ်ရှိလက်ရှိ ထိုးကျိတ်လေတော့၏။
“ဒါလားမြန်မာလူမျိုးတွေကကြင်နာတက်တယ်
ဆိုတာ ခဗျားတို့လိုကောင်မျိုးတွေကြောင့်
နာမည်ပျက်တာ၊ကိုယ်ကောင်းစားဖို့ပဲ
ကြည့်တက်တဲ့ တရုတ်ကျွန်ခွေးကြီး
သေစမ်း.ခွပ်..ခွပ်…
တကယ်က အားမာန်လို ကောင်လေး တစ်ယောက်ကထိုသို့ တိုက်ခိုက်ရဲမည်မထင်၍
ခံလိုက်ရသောအစောင့်သည်များစွာဒေါသ
ထွက်၍ အားမာန်းအား သူ၏ကိုယ်ပေါ်မှ
တွန်းဖယ်လိုက်ပြီး အားမာန်အပေါ်ပြန်ခွ၍
ဒေါသတကြီးထိုးကျိတ်ပြန်၏။
“ငါမှာမိသားစုရှိတယ် မင်းတို့လိုဘာမဟုတ်တဲ့
ကောင်တွေလွှတ်ပေးလိုက်ရင် ငါဒုက္ခရောက်
မှာပေါ့ခွေးသားရဲ့ ၊ခွပ်…ခွပ်”
ထိုသို့လုံးလားထွေးလားဖြစ်နေစဉ်
အစောင့်၏ခါးကြားမှ ပြုတ်ကျလာသော
ဓားမြှောင်အားကောက်၍ အညိုသည်
အားမာန် အားထိုးကျိတ်နေသည့်အစောင့်၏
လည်ပင်းအား ဓားမြှောင်ဖြင့်ထိုးစိုက်လိုက်
လေ၏။ထိုအခါအစော့်၏လည်ပင်းမှ သွေးများ
ငေါက်ခနဲ ပန်းထွက် လာပြီး အသံပင်မထွက်ပဲ
ဘုန်းဆို လန်ကျသွားလေ၏။
“နှမချင်းမစာနာတဲ့ စောက်ကောင်ကြီး
သေစမ်း ”
ဓားမြှောင်အားကိုင်၍ အညိုက နာကြည်း စွာ
ကျိန်းဝါး၏။ထိုနောက်အားမာန်နှင့်အညိုတို့
သည် နောက်ဖေးပေါက်မှထွက်၍ ကားလမ်း
မကြီးအတိုင်း တစ်ယောက်လက်တစ်ယောက်
ဆွဲ၍ပြေးကြလေ၏။

“ဒီကောင် တွေမကြာခင်သိပြီးလိုက်လာမှာပဲ
အညို ငါတို့ဒီတိုင်းတော့မလွတ်နိူင်ဘူး”

“ဟုတ်တယ် မလွတ်နိူင်ဘူး။အားမာန်ဟိုမှာ
ကြည့်စမ်း”

လမ်းဘေး၌ဆိုင်ကယ်ကိုရပ်၍ တရုတ်လူငယ်
ကသစ်ပင်တစ်ပင်အား အပေါ့ဖြင့်မတ်တက်ရပ်၍
ပန်းနေ၏။ တရုတ်လူငယ်သည် ၎င်း၏ ငယ်ပါ
အားကိုင်၍ စိမ်ပြေနပြေ သီချင်း လေးငြီးရင်း
ပင်နေလိုက်သေး၏။ထိုစဉ် ဝူး..ဝူးးး
ဆိုသောဆိုင်ကယ်လီဗာပုတ်သံကြားမှ
အလန့်တကြား ကြည့်လိုက်မှ လူနှစ်ယောက်
သူ့ဆိုင်ကယ်အား မောင်းယူထွက်ပြေး
သွားမှန်းသိလေတော့၏။
“ဟေးး ဟေးးး
တရုတ်လူငယ်က တဟေးဟေးအော်ရင်း
အယုတ်တအနတ္တဆဲ၍ကျန်ခဲ့၏။
ထိုနောက် သူ၏လက်ကိုင်ဖုန်းအားထုတ်၍
မိမိဆိုင်ကယ်အားလူနှစ်ယောက် ခိုးယူ
ထွက်ပြေးသွားကြောင်း နိးစပ်ရာ ရဲစခန်း သို့
ဖုန်းဆက်တိုင်ကြားလေ၏။
ဆိုင်ကယ်အားspeed ကုန်အောင်မောင်း၍
အားမာန် တို့နှစ်ယောက် နယ်စပ်ကို
ပြေးလာခဲ့၏။

“အညို ငါ့ခါးကိုတင်းတင်းဖက်ထား နယ်စပ်ဂိတ်
ရောက်ရင် တရုတ် ရဲတွေက တို့ကိုဟိုဘက်
ပြန်ပို့ပေးမှာ မကြောက်နဲ့နော်”

အညိုက အားမာန် ခါးကိုတင်းတင်းဖက်ရင်း
လိုက်လာခဲ့သည်။လမ်းမထက်၌ ညနက်လာသည်နှင့် ကားအသွားလာကမရှိ
သလောက်ဖြစ်နေ၏။ အမြန်နှုန်းမြင့်မောင်းနေသော ဆိုင်ကယ်သံက
လမ်းမထက်မှာ ဆူညံစွာထွက်ပေါ်နေ၏။
ထိုအချိန်၌ အမိုးဖွှင့်ထားသောကားတစ်စီး
သတုိူ့နောက်သို့ တလမန်းကြမ်းမောင်းပြီိး
လိုက်လာသည်ကို ဆိုင်ကယ်နောက်ကအညို
မြင်လိုက်ရ၏။

“အားမာန် သူတို့လိုက်လာပြီ”

ကားပေါ်ကလူများမှာ တစ်ယောက်ကကား
မောင်း၍ ကျန်နှစ်ယောက်မှာ အမိုးဖွှင့်ထား
သောကားနောက်ပိုင်းမှ မက်တက်ရပ်၍
သေနတ် များကိုကိုင်ကာလိုက်လာကျ၏။
ရှေ့မှဆိုင်ကယ်ပစ်ကွင်းနီးသည်နှင့်
၎င်းတို့ယူဆောင်လာသောသေနတ်များဖြင့်
ပစ်ခက်လေတော့၏။ကျည်ဆံများသည်
အားမာန်နှင့်အညိုတို့၏ဘေးမှ တဝီဝီဖြင့်
ပွတ်ကပ်သွားနေကျ၏။အားမာန်သည်
ဆိုင်ကယ်အား မြွေ လိမ်မြွေကောက်မောင်း၍
ကျည်ဆံများမထိစေရန်မောင်းလေ၏။
ကားသံ ဆိုင်ကယ်သံ သေနတ် သံတို့ဖြင့်
လမ်းမထက်၌ ဆူညံ့ပွက်ကလောရိုက်၍
ကမ္ဘာပျက်နေ၏။မကြာမီညသည် လုံးဝ
အကြည်းတန် အရုပ်ဆိုးတော့မည့်နိမိတ်။
ဒိုင်းးး ဒိုင်းးး ဒိုင်းးး

“အားမာန် ငါကြောက်တယ်”

အားမာန်၏ခါးကိုတင်းကျပ်စွာဖတ်ရင်း
အညိုကပြောရှာသည်။

“သိပ်မလိုတော့ပါဘူးအညို နယ်စပ်ဂိတ်
ရောက်တော့မယ်၊အဲဒီအထိဒီကောင်တွေမလိုက်
ရဲပါဘူး မကြောက်နဲ့နော်”

ထိုစဉ် အားမာန်၏ ညာဘက်ပါးက ပူခနဲ့
ဖြစ်သွားပြီး သွေးများဖြာဆင်းလာ၏။
နောက်ကပစ်လိုက်သောကျည်က
ပွတ်ဆွဲသွားခြင်းဖြစ်၏။
နောက်ကလိုက်လာသောကားသည်
ဆိုင်ကားအားတစစ ပို၍နီးလာ၏။
ရှေ့က လူနှစ်ယောက်အားထိအောင်မပစ်
နိူင်၍ သူ့လူများအား ကားမောင်းနေသူက
အော်ဟစ်ဆဲဆိုနေလေ၏။
အားမာန်သည် မိမိ ကိုဖတ်ထားသောအညို
လက်ကလေး ပြေလျော့သွားသည်ကို
သတိထားမိလိုက်ပြီး

“အညို တင်းတင်းဖတ်ထား.•••

ပြောစကားပင်ဆုံး။ဖွှဲအိတ်တစ်အိတ်လိုဆိုင်ကယ်
ပေါ်မှ ဘုန်းကနဲ့ အညိုက ပြုတ်ကျသွား၏။
speed ကုန်မောင်းနေသောဆိုင်ကယ်က
ပေသုံးဆယ်လောက်အကွာရောက်မှ
တုန့်ခနဲ့အရှိန်သပ်၍ရ၏။ဆိုင်ကယ်ကို
ဂငယ်ကွေ့ပြန်ကွေ့၍ နောက်လှည့်အညိုကို
ကြည့်လိုက်တော့

“အညို ”
‘”အညို “•••••••••

နောက်ကပစ်လိုက်သောကျည်က အညို
ကျောပြင်ကိုထိ၍ သွေးအလိမ်းလိမ်းဖြင့်
သူ့ဆီပြန်လှည့်မလာဖို့ လက်ကလေးရမ်း၍
အားမာန်အားပြနေရှာ၏။ထိုအချိန်တွင်
နောက်မှလိုက်လာသောကားက
အညို၏ မသေမရှင် ခန္ဓာကိုယ်လေးအား
ရက်စက်စွာ ဖြတ်ကျိတ်လိုက်၏။
ခေါင်းကိုအကြိတ်ခံလိုက်ရ၍ ဒုတ် °°°ု
ဆိုတဲ့အသံကြီးက ကျယ်လောင် စွာထွက်လာ၏။
ဆု ိင်ကယ်မီးရေ၊ာင်အောက်၌ ခေါင်းတစ်ခုလုံး
ကြေမွ၍ရက်စက်စွာအသတ်ခံလိုက်ရတဲ့
သူ့ဇနီး အညိုကို ကြည့်၍ အားမာန်သွေးပျက်
တုန်လှုပ် သွားမိ၏။ကားပေါ်ကကောင်တွေကို
လည်းတစစီဆွဲဖြဲပစ်ချင်လာ၏။လက်က
ဆိုင်ကယ် လီိဗာကို အသားကုန်ဖြဲရင်း

“ခွေးစားတောင်းစားတွေမင်းတို့လဲ သေစမ်း”

ဗြီးးး ဗြီးးး
သူတို့ဆီသို့ တည့်တည့်ကြီး အရှိန်ပြင်းစွာ
ပြန်လှည့်လာသော အားမာန်ကိုမြင်၍
ကားမောင်း သမားကသူ့လူများအားသေနတ်ဖြင့်
ပစ်ခတ်ရန်အော်ဟစ်ကြိမ်းမောင်း၏။
အထိတ်ထိတ်အလန့်လန့်ဖြစ်နေသော
သေနတ် သမားနှစ်ယောက်မှာပစ်မှတ်ကိုမထိ
ပဲအယာင်ယောင်အမှားမှားဖြစ်ရင်း အားမာန်ကိုသာ ျ မျက်လုံးပြူး မျက်ဆံပြူးဖြင့်
ကြည့်နေကျ၏။ကားရှေ့လက်တကမ်းအလိုထိရောက်လာသော ဆိုင်ကယ် ကို ကားမောင်းသမား
ကလည်းတုန်လှုပ်ခြောက် ခြားစွာ ဖြင့် ကြောင်
၍ကြည့်နေ၏။အားမာန်သည် ဆိုင်ကယ်
လက်ကိုင်အား ကားမောင်းသူထံတည်၍
ကားရှေ့ရောက်သည်နှင့် အားကုန်မြှောက်၍
တိုက်လိုက်၏ ဆိုင်ကယ်သည် အထက်သို့
မြှောက်တက်သွား၍ ကားစက်ဖုံးကိုကျော်၍
ကားရှေ့မှန်ကိုတိုက်ခါ ကားမောင်းသူ၏
မျက်ခွက်အား ဒုန်းကနဲ့ဝင်ဆောင့်ပစ်၏။်
ကားသည်ဦးတည်ရာမဲ့ဘေးသို့ဆွဲချသွားပြီး
သစ်ပင် တစ်ပင်အားဝင်၍တိုက်လေ၏။
ထိုအချိန်တွင်အချက်ပေး ဥဩသံများ
ဆူညံစွာပေးလျှက် တရုတ်ရဲကားများ
ထိုနေရာသို့ရောက်လာကြလေတော့သည်။
××±××××××××××××××××××××
နှစ်နိူင်ငံနယ်စပ်ဂိတ်မှ လူတစ်ယောက် သည်
တရုတ်ဖက်ခြမ်းကိုကြည့်၍ တစ်ယောက်ယောက်
အလာကိုမျှော်နေ၏။ထိုစဉ်သတင်းစာရောင်း
ရောင်းသောလူငယ်တစ်ယောက်သူ့အနားရောက်လာ၏။ထိုလူသည် လူငယ်ထံမှတရုတ်သတင်းစာ
တစ်စောင်အားဝယ်ယူလိုက်၏။
သတင်းစာ ၏ မျက်နှာဖုံးသတင်း၌
[မြန်မာလူငယ်စုံတွဲ ဆိုင်ကယ်ခိုး၍
လိုက်လံဖမ်းဆီးသူများအားပြန်လည်တိုက်ခိုက်
ဖမ်းဆီး သူသုံးဦးနှင့် ၎င်းတို့နှစ်ဦး နယ်စပ်ဂိတ်
အသွား ဝမ်တိန်ကားလမ်းမပေါ်တွင်သေဆုံး]

“ဆိုင်ကယ် သူခိုးစုံတွဲတဲ့လား ဖြစ်မှဖြစ်ရလေ
ညီလေး နဲ့ ညီမလေး ရယ်”

လေးလံသောခြေလှမ်းများဖြင့် နယ်စပ်ဂိတ် မှ
ထွက်ခွာလာရင်း
“နောက်နောင် အားမာန် နဲ့အညိုတို့လို
အဖြစ်မျိုးမဖြစ်ကျပါစေနဲ့။အသွေးအသားကို
ရောင်းစားခံရတဲ့ အိနြေ္ဒသိက္ခာကြီးပြီး
ရိုးသားတဲ့မြန်မာမလေးတွေ ဒီလို လိမ်လည်လှည့်ဖျား လူကုန်ကူး ခံရတာတွေ
ကနေကင်းဝေးကျပါစေလို့ ဆန္ဒပြုရင်း•••••••
ဒီဇာက်လမ်းနှင့်ပတ်သတ်၍လွတ်လပ်စွာ
ပြောဆို ဝေဖန်နိူင်ပါတယ်[ပီယ]

၁၈•၆•၂၀၂၂နေ့လည် ၂:၂၅]