Unicode Version
ငရဲဘုံမှလာသူ(စ/ဆုံး)
—————————–
မိဘတိုင်းက သားသမီးကို ချစ်ကြသလို မည်မျှပင် ဆိုးသွမ်းစေကာမူ
မေတ္တာကတော့ မပျက်ကြစမြဲ။ ထို့အတူ မမွေးခင် ကိုယ်ဝန်ဆောင် စဉ်ကတည်းကလည်းမိခင်ရောဖခင်ပါအချစ်ပို၍ဂရုတစိုက်ရှိတတ်စမြဲပင်
ဖြစ်သည်။
အစကတော့ ကိုလှိုင်ဘွားလည်း ထို့အတူပင် ချစ်ဇနီးခင်ခင်သွယ်၏ ဗိုက်ထဲမှရင်သွေးလေးကိုမျှော်မှန်း၍အပျော်ကြီးပျော်နေခဲ့သည်။ သားသား လေးလား၊ မီးမီးလေးလားဟု ရင်ခုန်ရန် အာထရာဆောင်းပင်မရိုက်ဘဲ မျှော်လင့်ချက်ကြီးစွာ ပျော်နေခဲ့သည်။ ပြီးတော့ မွေးဖွားလာမည့်ရက်ကို တွက်ရင်းရက်ကောင်းရက်မြတ် ဖြစ်ပါစေဟုလည်း ဆုတောင်းနေခဲ့သည်။ သို့သော်-ယနေ့ညနေရုံးမှပြန်လာသည်။ ခင်ခင်သွယ်ကလေးမွေးဖွားလိုက် ပြီဟု သိလိုက်ရသလိုဖြင့် တစ်ပြိုင်နက် မီးနေခန်းတွင်းသို့ ဝင်လိုက်မိသော
အခါ၌မူ မိမိအိပ်မက်များ မြောင်းထဲရောက်သွားလေ၏။ ထို့အတူ မိမိကိုယ် တိုင် လည်းကမ္ဘာတစ်ဖက်သို့ထွက်ပြေးသွားချင်စိတ်များပေါ်လေသည်။ ခင်ခင်သွယ် မွေးသောကလေး၏ရုပ်သွင်မှာ လူပုံမဟုတ်ပဲ ဘီလူးငယ် တစ်ကောင်နှင့်တူလေ၏။ မျက်လုံးများနေရာတွင်ဖန်ဂေါ်လီနီရဲရဲနှစ်လုံးပြူး
ထွက်နေသကဲ့သို့ရှိပြီးခေါင်းမှာသာမန်ကလေးများထက်(၂)ဆခန့်ကြီးကာ ပါးစပ်မှာငါးတစ်ကောင်ပါးစပ်ကဲ့သို့ဖြစ်၏။လျှာသည်ခပ်တိုတိုဖြစ်ကာနား ရွက်နှစ်ဖက်မှာလည်း ဂြိုဟ်သားကဲ့သို့ရှည်မျောမျော ရှိလေသည်။ အောက် ပိုင်းကိုကြည့်သော် လက်ချောင်းလေးများမှာ ပလွေသကဲ့သို့ မဲညစ်ညစ်ရှိပြီး ခြေဖဝါးနှစ်ဖက်သည် သိမ်၍နေကာ လက်များက သစ်မြစ်သဏ္ဌန် ရှိလေ သည်။ တစ်ကိုယ်လုံးရှိ အရေပြားများမှာတင်းမာ၍ အချို့နေရာများကား ပြာလျက်ရှိ၏။
ခင်ခင်သွယ်သည် ကလေးကိုကြည့်ရင်း ငိုနေရှာ၏။ ကလေးမှာ မိခင်နို့ မစို့နိုင်သဖြင့် သူ၏ ပြဲကွဲထွက်နေသော ပါးစပ်အတွင်းသို့ နိုဘူးဖြင့် တိုက် ထည့်ပေးရလေသည်။ မီးဖွားပေးသော လက်သည်ဒေါ်စိန်အုန်းကို ကိုလှိုင် ဘွားကငွေပိုပေး၍နှုတ်ပိတ်ကာပြန်လွှတ်လိုက်ရ၏။ သူသည်အိမ်ရှေ့လှေ ကား၌ထိုင်ရင်းအကြီးအကျယ်စိတ်ညစ်နေရှာသည်။ သူစိတ်ညစ်နေသည် ကို ခင်ခင်သွယ်က အားပေးစကားဆိုရန် အခန်းထဲမှ ထွက်လာ၍…
“ဘာမှ စိတ်ဓာတ်မကျနေပါနဲ့ – အစ်ကိုရယ်။ ဒီကလေးရဲ့ကံလို့ပဲမှတ် လိုက်ပါ။ ဘာတတ်နိုင်မှာလဲ”
ဟု ပြောရာ ကိုလှိုင်ဘွားမှာ ဝုန်းခနဲထရပ်ပြီး အသံခပ်အုပ်အုပ်ဖြင့် “တော်စမ်း၊ အဲဒါ – မင်းကြောင့်၊ မင်းအသုံးမကျလို့ ဖြစ်ရတာ။ မင်းကိုငါဒီငါး ရောင်းတဲ့အကုသိုလ်အလုပ်တွေကိုရပ်ပါတော့လို့ပြောခဲ့တာဘယ်လောက် ကြာပြီလဲ။ ငါလည်း ရှာဖွေကျွေးမွေးနေရက်သားနဲ့ မင်း ငါးရောင်းတယ်။ ငါး
တွေကိုခေါင်းထုခဲ့တာတွေ မင်းမှတ်မိလား..”
ဟူ၍ ပြောလိုက်သည်။ ခင်ခင်သွယ်မှာ ကိုလှိုင်ဘွားစကားကြောင့် မျက်မှောင်ကိုကြုတ်လိုက်ပြီး ပြန်ချေပလေ၏။
“ဘာမှမဆိုင်ပါဘူး- ကိုလှိုင်ဘွားရယ်၊ ဒီငါးစိမ်းရောင်းတဲ့အလုပ်က ကျွန်မ အမေလည်း လုပ်ခဲ့တာပဲ၊ ဒီအလုပ်ကြောင့်သာဆိုရင် ကျွန်မလည်း ဒီကလေးလိုပဲ ဖြစ်လာပါတော့လား။ ရှင်က အယူကို သီးလွန်းတယ်” “ဘာကွ-မင်းကငါ့ကိုစော်ကားတယ် ဟုတ်လား၊ ကဲကွာ “”
“ဖြန်း.
ကိုလှိုင်ဘွား၏လက်ဝါးတစ်ချက်ကခင်ခင်သွယ်ပါးပြင်ပေါ်ရောက်သွား
သည်တွင် ခင်ခင်သွယ်မှာ ကြမ်းပြင်ပေါ်လဲကျသွားရှာ၏။
“ဟေ့ – မင်းမှတ်ထား ခင်သွယ်၊ ငါက ဗုဒ္ဓဘာသာစစ်စစ်ကွ။ ကံ, ကံရဲ့ အကျိုးကို ယုံတယ်ကွ။ မင်း အကုသိုလ်လုပ်လို့ အဲဒီ့အကျိုးတွေကို ပြန်ခံရ တာပဲကွ။ ဒီကလေးဟာ အတိတ်ဘဝက ဘယ်လောက်ပဲ အကုသိုလ် လုပ်ခဲ့ လုပ်ခဲ့ ငါတို့သာ ကုသိုလ်တွေလုပ်ရင် ဘာမျှလာဆုံစရာအကြောင်း မရှိဘူး။ မင်းက အခုချိန်ထိ ငါးတစ်ကောင်သတ်တာကို အပြစ်သိပ်မရှိဘူး ထင်နေသေးသကိုး …”
ကိုလှိုင်ဘွား၏အဆက်မပြတ်စကားများကြောင့်ခင်ခင်သွယ်မှာပါးစပ် အဟောင်းသားဖြစ်ရင်း မျက်ရည်သုတ်မိတော့၏။ ဟုတ်တော့လည်းဟုတ် သည်။ ခင်ခင်သွယ်သည် ငါးစိမ်းရောင်းသောအလုပ်ကို နှစ်ရှည်လများ ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့သလို ငါးတစ်ကောင်၏ခေါင်းကို ပိဿာလေးဖြင့် ထုရမည်ကိုဝန်မလေးခဲ့။ ငရဲဆိုတာကိုလည်းမသိခဲ့။ ယခုဤကလေးသည် အလွန်ပင်ကံကြမ္မာဆိုး၍မိမိကိုယ်ထဲဝင်စားခဲ့ခြင်းသာဖြစ်၏။ သနားတော့ လည်း သနားသည်။ ဒါက မိဘမေတ္တာပေကိုး။ ကိုလှိုင်ဘွားကမူ မိမိသိက္ခာ အရှက်တရားတို့ကိုသာတွေးရင်း မွှန်ထူနေပေလိမ့်မည်။ သူ့ဘက်က ကြည့်တော့လည်းဟုတ်သည်။
ဤကလေးကိုယ်ဝန်ဆောင်စဉ်ကတည်းက ကုမ္ပဏီမှ အထက်လူကြီး
ကလေးအတွက်
များကိုဖားယားပြီးကလေးစရိတ်လေးရအောင်တောင်းရ၊ တစ်လတစ်ခါရွှေတိဂုံရှိသားဆုပန်နတ်မင်းကြီးထံတွင်သွား၍သားကောင်း ရတနာမွေးရန် ဆုတောင်းရဖြင့်ကြိုးပမ်းခဲ့သည်။ ထို့ပြင်ခင်ခင်သွယ်ဗိုက်နာ
ပြီဆိုသည်နှင့်
သူ၏ကုမ္ပဏီမှလူကြီးများမိခင်ဆွေမျိုးများကဝိုင်း၍ငွေကြေး
ထောက်ပံ့ကြ၊ ပစ္စည်းများဝယ်ပေးကြခြင်းဖြင့် ကူညီခဲ့ကြသည်။ ကိုလှိုင်ဘွား
၏နားထဲတွင် အသံပေါင်းစုံ ပြန်ကြားနေရ၏။
“ကိုလှိုင်ဘွားမိန်းမမွေးပြီလားဗျ၊ ကိုလှိုင်ဘွားနဲ့တူရင် ခန့်မှာဗျ၊ မိန်းမနဲ့
တူရင်တော့ ချောမှာပေါ့ဗျာ”
“ကိုလှိုင်ဘွားမိန်းမသားလေးမွေးရင်ကောင်းမယ်နော်။ သမီးလေးမွေး လည်း ချစ်ဖို့ကောင်းမှာပါ။ ဖအေနဲ့မအေက ချောပြီးသားပဲ၊ ဟာ – ဟင်း –
ဟင်း”
လူတို့၏လောကဝတ်စကားတို့သည်ယခုအခါခါးသီးနေသည်။ကလေး မှာ မိန်းကလေးဖြစ်သလို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမွေးသဖြင့် ရာဟုသမီးဟု မှတ်ရပေမည်။သည်တော့- ဤကလေးမှာဘယ်လိုမျှအကျိုးမပေးနိုင်ရုံမက မသေလျှင်ပင် ကံကောင်းဟု ယူဆမိ၏။ ကလေးကို မမြင်ဘူးကြသေး။ ထို့ကြောင့်လင်မယားနှစ်ယောက်စလုံး ဘာဆက်လုပ်ရမည်ကိုစဉ်းစားနေ
ကြ၏။
“ကိုလှိုင်ဘွား – ရှင် ဒီကလေးနဲ့ ပတ်သက်လို့ မကျေနပ်ဘူးလား။ ကျွန်မ ဘာလုပ်ပေးရမလည်း အဝေးကိုထွက်သွားရမလား”
“မလိုပါဘူး- မင်းထွက်သွားရင်ငါကတစ်ခုလပ်ဆိုတဲ့နာမည်နဲ့ကျန်ခဲ့ မှာပေါ့။ အဲဒီ့အပြင် မိန်းမကိုကလေးတစ်ယောက်နဲ့ပစ်သွားတဲ့ကောင်ဆိုပြီး အရပ်ကကဲ့ရဲ့ကြမှာပေါ့”
“ဪ-ရှင်က ရှင့်သိက္ခာကိုထိမှာကြောက်တယ်ပေါ့။ ဒါဆိုရင် – ဘာ ဖြစ်ချင်တာလဲ”
ခင်ခင်သွယ်၏ မေးခွန်းကြောင့် ကိုလှိုင်ဘွား မချိပြုံးကလေး ပြုံးလိုက် သည်။
“အဲဒီကလေးကို မြို့ပြင်မှာ သွားစွန့်ပစ်လိုက်၊ လင်းတထိုးထိုး ခွေးပဲ စားစား ငါတို့နဲ့ မဆိုင်တော့ဘူး”
“ရှင်”
ခင်ခင်သွယ်သည် ကြမ်းပြင်ပေါ် ဖင်ထိုင်လျက် လဲကျသွားတော့၏။ နားထဲတွင် သံရည်ပူနှင့်လောင်းသကဲ့သို့ ခံစားလိုက်ရပြီးမျက်ရည်များပိုးပိုး ပေါက်ပေါက် ကျရလေပြီ။ တကယ်တော့ ဤကလေးနှင့် ပတ်သက်၍ သူမ တွင်အပြစ်များစွာရှိသည်ကို သူမ နားလည်နေ၏။ ဤကလေးကို ကြည့်
လိုက်ရာတွင် လွန်ခဲ့သော တစ်နှစ်ခန့်က အဖြစ်အပျက်တစ်ခုကို ပြန်မြင် ယောင်မိနေ၏။ယခုပြဿနာများသည်ထိုဖြစ်ရပ်များကြောင့်ဟုဆိုကလည်း မမှားချေ။ဘာသာရေးအရကြည့်လျှင် မှန်နေသည်။
ထိုနေ့က ဈေးထဲတွင် ငါးရောင်းရင်း ငါးခူမသေတသေများကို တုတ် ဖြင့် ထုနေမိ၏။ ထိုအခိုက် သူ့ထဲတွင် တစ်ခါတစ်ရံသာ လာဝယ်တတ်သော မမိုးဆိုသည့်မိန်းမ ထိုနေ့မှ ထူးထူးခြားခြား ငါး (၂)ပိဿာ လာဝယ်၏။ ခင်ခင်သွယ်လည်းချိုချိုသာသာဖြင့်ပင်ချိန်၍ထည့်ပေး၏။ သို့သော်ပြဿနာ စလာသည်မှာ အလေးခိုးတယ်ဟု အပြောခံရခြင်းပင်တည်း။ “ရှင့်အလေးက သိပ်မပြည့်ဘူး၊ သမာဓိချိန်ခွင်နဲ့ ချိန်ရမလား” “ဘာ – သမာဓိချိန်ခွင်နဲ့ ချိန်ရအောင် ငါက အလေးခိုးနေလို့လား။ နင် စကားပြောတာကြည့်ပြော၊ ဒါညောင်ပင်လေးဈေးကဝယ်တဲ့အလေးတွေပဲ
ဟဲ့”
“အေး- အဲဒါကြောင့်မယုံတာဟေ့။ ငါလည်းအိမ်ရှေ့မှာကုန်စုံဆိုင်ဖွင့် တာပါအေ၊ ညောင်ပင်လေးဈေးက အလေးတချို့တွေက မပြည့်မှန်းသိလို့ သုံးကိုမသုံးဘူး”
“ဟဲ့-နင်မသုံးချင်မသုံးနဲ့၊ ဒါအခွန်လွတ်ဈေးမဟုတ်ဘူးဟဲ့။ ဆိုင်ခန်းခ နဲ့ သန့်ရှင်းရေးခွန်နဲ့ပေးမှ ရောင်းရတာ။ မကျေနပ်ရင် သွားတိုင်”
ဤသို့ဖြင့် စကားများပြီး ဝယ်သူမမိုးကစ၍ ပါးရိုက်၏။ သည်တော့ ခင်ခင်သွယ်က (၅ဝ)သားအလေးဖြင့် ကောက်ထုရာ ထိုအလေးမှာ မမိုးကို မထိပဲဈေးထဲဆွမ်းခံကြွသည့် ကိုရင်လေးတစ်ပါးကို သွားထိလေတော့၏။ “အား-လာကြပါဦး”
ဈေးသူဈေးသားများဝိုင်း၍ဖျန်ဖြေကြကိုရင်လေးကိုဆေးခန်းပို့ကြဖြင့်
အလုပ်ရှုပ်ကုန်၏။ ခင်ခင်သွယ်တို့လည်း ရုံးရောက်ကုန်ကြ၏။ နောက်တော့ လည်းငွေဖြင့်ရှင်းလိုက်ရာကိစ္စပြီးသွားသလိုမပြီးသည်မှာ ဆွမ်းခံကြွသော
ကိုရင်လေးမှာ နဖူးမှ အလေးထုခံရသော ဒဏ်ရာကြောင့် အငယ်တန်း စာမေးပွဲကိုမဖြေနိုင်ဘဲ အပျင်းဖျားသွားခြင်းပင်တည်း။ ထိုကိုရင်လေးမှာ လည်းကျောင်း၌ဆွမ်းကွမ်းမပြည့်စုံသဖြင့်ဈေးထဲသိကျွမ်းရာဒကာ၊ဒကာမ များထဲ၌ ရသမျှလေး အလှူခံနေခြင်း ဖြစ်သည်။ ခင်ခင်သွယ်၏ လုပ်ရပ် ကြောင့် ကိုရင်လေးခမျာ စာမေးပွဲတစ်နှစ်အောက်ရပေပြီ။ ကိုလှိုင်ဘွားမှာ လည်း ခင်ခင်သွယ်ကို ဆူ၍မဆုံး။ သို့သော်- အချိန်ကြာတော့လည်း မေ့ပျောက်သွားကြသည်။
ယခုမူ ထိုအကျိုးဆက်ကြောင့်ပင် ဆိုရမည်လားမသိ။ လင်မယား နှစ် ယောက်စလုံး သောကများနေကြရပေပြီ။ ဤကလေးကို မည်သူမျှမသိခင် အမှိုက်ပုံ၌စွန့်ပစ်ရန်လုံးဝမလွယ်။ပတ်ဝန်းကျင်ကသိလျှင်လည်းမကောင်း။ ထို့ပြင် နောင်ဘဝ၌လည်း မကောင်းပါချေ။ ဤအကြံမျိုးကိုမှ ကိုလှိုင်ဘွား ရွေးရက်ပေသည်။ ထိုည၌ မိုးသည် သဲကြီးမဲကြီး ရွာလျက်ရှိသဖြင့် ခင်ခင် သွယ်မှာ သူမ၏ကလေးကို ရင်ဝယ်ပိုက်ချော့သိပ်ရင်း မီးနေခန်းအတွင်း၌ မှိန်းနေလေ၏။ ကိုလှိုင်ဘွားမှာ စိတ်ညစ်သည်ဟုဆိုကာ အရက်ဆိုင်သို့ သွားလေ၏။ ခင်ခင်သွယ်သည် ည (၁၁)နာရီ ထိုးသည့်အထိ ကိုလှိုင်ဘွား ပြန်အလာကိုစောင့်ရင်း မှေးခနဲဖြစ်သွားသည်။ ထိုစဉ် –
“ဒေါက် – ဒေါက် – ဒေါက်”
“ဘယ်သူလဲ”
အိမ်ရှေ့မှ တံခါးခေါက်သံကြားသဖြင့် မေးလေရာ ပြန်ထူးသံကို မကြား ရချေ။ ထပ်မံ၍ လေးငါးခါ မေးပြန်သော်လည်း မကြားရသဖြင့် ကိုလှိုင်ဘွား အမူးလွန်ပြီး ပြန်လာလေပြီလားဟုတွေးပြီး ကိုယ်တိုင်ထကာ ကလေးကို စောင်ခြုံပေးပြီး တံခါးဖွင့်လိုက်လေ၏။
မိမိအိမ်ပေါက်ဝ၌လာသူမှာကိုလှိုင်ဘွားမဟုတ်ပါချေ။ထမိန်ရင်လျား
အရုပ်ဆိုးဆိုး မိန်းမကြီးတစ်ယောက်နှင့် အလွန်တရာမျှ ထွားကျိုင်းသော ခန္ဓာကိုယ်ဖြင့် ခက်ထန်သောရုပ်ရှိသည့် ယောက်ျားကြီးတစ်ဦးပင်တည်း။
ထိုသူနှစ်ယောက်ကိုတစ်ကြိမ်တစ်ခါမျှမသိသလိုရပ်ကွက်ထဲ၌လည်းမမြင်
ဘူးပါချေ။ ထိုသူနှစ်ယောက်က ခင်ခင်သွယ်အား မျက်လုံးစိမ်းကြီးများဖြင့်
ကြည့်ရင်း –
“မင်းနာမည် ခင်ခင်သွယ်မဟုတ်လား။ ငါတို့ သမီးကိုငါတို့ပြန်လာခေါ် တာကွ။ မင်းတို့က ဒီကလေးကို စွန့်ပစ်ဖို့ ကြံစည်နေကြတယ်ဆို” ဟုပြောရာခင်ခင်သွယ်မှာမျက်လုံးများပြူး၍အံ့အားသင့်ခြင်းကြောက်
ရွံ့ခြင်းများဖြင့် အတွေးတစ်ခုပေါက်သွားလေသည်။
“ရှင် – ရှင်တို့က ဒီကလေးနဲ့ ဘယ်လိုပတ်သက်သလဲ။ ကျွန်မက သူ့ အမေပဲလေ။ ရှင်တို့ ခေါ်ချင်တိုင်းခေါ်လို့ရမလား”
“ဘာပြောတယ်-ဟဲ့ကောင်မ၊နင်သေချင်လို့လားငါတို့လောကသားကို လည်းနင်ကခေါ်ထားသေးတယ်။ ပြီးတော့ – စွန့်ပစ်ဖို့လည်းကြံသေးတယ်။ နင့်ယောက်ျား အခု ဘယ်မှာလည်းခေါ်ပေးစမ်း”
ထဘီရင်လျားမိန်းမကြီးသည် ခင်ခင်သွယ်အား အထက်ပါအတိုင်း ရိုင်းစိုင်းစွာပြောရင်း အိမ်ပေါ်သို့ အတင်းတက်လေ၏။ ခင်ခင်သွယ်က တား ဆီးသောအခါ လူသန်ကြီးက သူ၏ ကြီးမားသော လက်ဝါးကြီးဖြင့် ရိုက်ချ လိုက်လေတော့သည်။
“ဖျန်း”
“အမယ်လေး”
ခင်ခင်သွယ်သည် ကြမ်းပြင်ပေါ် လဲကျသွားလေ၏။ ပြန်၍ ကုန်းရုန်း ထမည်ကြံသော် နားထဲတွင် အသံတစ်သံကြားရပြန်၏။
“ခင်ခင်သွယ် – ခင်ခင်သွယ်-မင်းဘာတွေအော်နေတာလဲ” ကိုလှိုင်ဘွား၏ အသံကြားရသောအခါ သူမသည် အိပ်မက်ဆိုးများ မက်နေကြောင်း သိရလေ၏။ တစ်ကိုယ်လုံးလည်း ဇောချွေးများပြန်ကာ ကြက်သီးမွေးညင်းများထနေလေ၏။ ပြီးတော့-ငိုယိုပြီးကိုလှိုင်ဘွားကိုဖက်
g…
“ကိုလှိုင်ဘွားရယ်ရှင် ဘယ်တွေလျှောက်သွားနေတာလဲ။ ကျွန်မအိပ် မက်ဆိုးတွေ မက်တယ်ရှင့်”
ဟု ပြောရာ ကိုလှိုင်ဘွားက ဘုရားကျောင်းဆောင်မှ ပရိတ်ရေကို ယူပြီး တိုက်လေသည်။ ပြီးနောက်တွင် ခင်ခင်သွယ်သည် သူ့အိပ်မက်ထဲမှ အကြောင်းအရာများကိုအစအဆုံးပြန်ပြောပြလိုက်လေ၏။ကိုလှိုင်ဘွားကား လွန်စွာအံ့သြ၍နေကာ အခြေအနေကို သုံးသပ်ကြည့်လေသည်။
“ဒါဆိုရင် ဒီကလေးဟာ ငရဲဘုံလို့ခေါ်တဲ့ပြိတ္တာတို့အသူရကာယ်တို့လို
ဟာမျိုးကနေလာတာဖြစ်မယ်ကွ။ငါတို့ကအမှိုက်ပုံမှာစွန့်ပစ်မယ်ဆိုလို့သူရဲ့ ဟိုဘဝက အမေနဲ့အဖေက လာပြန်ခေါ်တာပဲ။ အင်း – ကြောက်စရာကြီးပါ
လား-”
ကိုလှိုင်ဘွားသည်တွေးရင်းတွေးရင်းကလေးကိုကြည့်မိလေ၏။ ခင်ခင် သွယ်လည်းကလေးကိုနို့တိုက်ရန်စောင်ကိုဖယ်၍ကောက်ကိုင်လိုက်သည်။
ထိုအခါ၌မူ …
“ဟင်-တစ်ကိုယ်လုံးအေးစက်တောင့်နေပါလား။ အသက်- အသက် မရှိတော့ဘူးထင်တယ်။ အီး – ဟီး – ဟီး – လုပ်ပါဦးရှင်”
ဟုတ်သည်၊ ကလေးမှာ လုံးဝသွေးခုန်နှုန်းမရှိတော့ပဲ သက်တမ်းမဲ့ သွားချေပြီတည်း။ ကိုလှိုင်ဘွားသည် အံ့ဩခြင်း၊ ကြောက်လန့်ခြင်းများဖြင့် ငေးကြည့်နေမိသည်။ ခင်ခင်သွယ်မှာ ကလေးကိုပွေ့ရင်း ငိုယိုနေရှာ၏။
“ဧကန္တ – ကလေးကို သူတို့ ပြန်ခေါ်သွားပြီ ထင်ပါတယ်ရှင်။ ကျွန်မ တို့နဲ့ ပဋ္ဌာန်းဆက်ပါသလောက်ကလေးပဲနေသွားရရှာတာပါ”
လင်မယားနှစ်ယောက်စလုံး ခေါင်းချင်းဆိုင်၍ စိတ်မကောင်းရုံမှအပ ဘာမှ မတတ်နိုင်ပါချေ။ လူ့လောကတွင် တစ်ရက်သာနေသွားသော သမီး လေးကို မီးသင်္ဂြိုဟ်ရန် စီစဉ်ရဦးပေမည်။
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် တစ်လမျှအကြာတွင် ငရဲဘုံမှလာသော ကလေးနှင့်ပတ်သက်၍ မည်သူမျှမသိခဲ့သော်လည်း ကာယကံရှင် ခင်ခင်သွယ်မှာထူးဆန်းသောအိပ်မက်တစ်ခုမြင်မက်လေ၏။ အိပ်မက်ထဲတွင် ရုပ်ရည်ခပ်သန့်သန့် အသက် (၃၀)အရွယ် မိန်းကလေး တစ်ဦးသည် သူမအား ပြုံး၍ကြည့်နေလေ၏။ ပြီးသော် – စကားပြော၏။ “အမေ – သမီးကို မမှတ်မိဘူးလား။ အမေ့ဗိုက်ထဲမှာ (၉)လ နေခဲ့ပြီး လူ့လောကမှာ တစ်ရက်သာနေသွားတဲ့ သမီးလေ”
“ဟင် – သ-သမီးလေး၊ အခု – ဘယ်မှာနေသလဲ”
သမီးကအခုအရင်မိဘတွေနဲ့ပဲနေတယ်လေ။ အရင်ကတော့နေစရာ မရှိပါဘူး။ အခုတော့ အမေတို့သမီးအတွက် အသုဘမှာ အမျှဝေပေးလို့ ကုသိုလ်ကံတိုးပြီး ဘုရားတစ်ဆူမှာ ရောက်နေပြီလေ။ အဲဒါ အမေတို့ကို ဆင်းရဲတွင်းက လွတ်မြောက်စေချင်လို့ လာကယ်တာပဲ။ အမေ့ကို သမီး အောင်ဘာလေထီဂဏန်းပေးမယ်။ မင်္ဂလာစုံတွဲထိုးပါ။ သမီးအတွက်လည်း အလှူလုပ်ပါ- အမေ”
ထိုသို့ပြောပြီးသည်နှင့် ပျောက်ကွယ်သွားတော့သည်။ ခင်ခင်သွယ် သည် မိမိအိပ်မက်အား ကိုလှိုင်ဘွားကို ပြန်ပြောပြပြီး အိပ်မက်ထဲမှ ပေးခဲ့ သောထီဂဏန်းကိုရွာ၌ထိုးစေ၏။ ထူးထူးခြားခြားပင် ထီနံပါတ်ဂဏန်းအား ၎င်းတို့နေသောလမ်းထိပ်ထီဆိုင်၌ပင်ထိုး၍ရလေသည်။ အကျဉ်းအားဖြင့်ဆိုရပါမူကိုလှိုင်ဘွားတို့လင်မယားသိန်း(၅ဝဝ)ထီပေါက်လေ၏။လင်မယား
နှစ်ယောက်ဝမ်းသာလိုက်ကြသည့်ဖြစ်ခြင်း။ကတိအတိုင်းပင်သေသွားသော
သမီးကလေးမှာရောက်ရာဘုံ၌ပင်သာဓုခေါ်နေပေလိမ့်မည်။ထိုအချိန်မှစ၍
ခင်ခင်သွယ်လည်းငါးစိမ်းမရောင်းတော့သလိုကိုလှိုင်ဘွားမှာလည်းသာရေး နာရေးကိစ္စများ၌သာ အေးချမ်းနေတော့၏။
တကယ်တော့အကုသိုလ်ပြုခဲ့သူသည်သူ့အကုသိုလ်ကံကိုသူပြန်ခံရင်း
ဇာတ်သိမ်းသွားခဲ့ခြင်းသာတည်း။ ပဋ္ဌာန်းဆက်ရှိခဲ့သူများကတော့ ကြုံရ ဆုံရခိုက် လူ့လောကဝယ် မေတ္တာတရားပေးဝေရုံမျှတစ်ပါး အခြားမရှိပါ
ချေ။
Zawgyi Version
ငရဲဘုံမွလာသူ(စ/ဆုံး)
—————————–
မိဘတိုင္းက သားသမီးကို ခ်စ္ၾကသလို မည္မွ်ပင္ ဆိုးသြမ္းေစကာမူ
ေမတၱာကေတာ့ မပ်က္ၾကစၿမဲ။ ထို႔အတူ မေမြးခင္ ကိုယ္ဝန္ေဆာင္ စဥ္ကတည္းကလည္းမိခင္ေရာဖခင္ပါအခ်စ္ပို၍ဂ႐ုတစိုက္ရွိတတ္စၿမဲပင္
ျဖစ္သည္။
အစကေတာ့ ကိုလႈိင္ဘြားလည္း ထို႔အတူပင္ ခ်စ္ဇနီးခင္ခင္သြယ္၏ ဗိုက္ထဲမွရင္ေသြးေလးကိုေမွ်ာ္မွန္း၍အေပ်ာ္ႀကီးေပ်ာ္ေနခဲ့သည္။ သားသား ေလးလား၊ မီးမီးေလးလားဟု ရင္ခုန္ရန္ အာထရာေဆာင္းပင္မ႐ိုက္ဘဲ ေမွ်ာ္လင့္ခ်က္ႀကီးစြာ ေပ်ာ္ေနခဲ့သည္။ ၿပီးေတာ့ ေမြးဖြားလာမည့္ရက္ကို တြက္ရင္းရက္ေကာင္းရက္ျမတ္ ျဖစ္ပါေစဟုလည္း ဆုေတာင္းေနခဲ့သည္။ သို႔ေသာ္-ယေန႔ညေန႐ုံးမွျပန္လာသည္။ ခင္ခင္သြယ္ကေလးေမြးဖြားလိုက္ ၿပီဟု သိလိုက္ရသလိုျဖင့္ တစ္ၿပိဳင္နက္ မီးေနခန္းတြင္းသို႔ ဝင္လိုက္မိေသာ
အခါ၌မူ မိမိအိပ္မက္မ်ား ေျမာင္းထဲေရာက္သြားေလ၏။ ထို႔အတူ မိမိကိုယ္ တိုင္ လည္းကမာၻတစ္ဖက္သို႔ထြက္ေျပးသြားခ်င္စိတ္မ်ားေပၚေလသည္။ ခင္ခင္သြယ္ ေမြးေသာကေလး၏႐ုပ္သြင္မွာ လူပုံမဟုတ္ပဲ ဘီလူးငယ္ တစ္ေကာင္ႏွင့္တူေလ၏။ မ်က္လုံးမ်ားေနရာတြင္ဖန္ေဂၚလီနီရဲရဲႏွစ္လုံးျပဴး
ထြက္ေနသကဲ့သို႔ရွိၿပီးေခါင္းမွာသာမန္ကေလးမ်ားထက္(၂)ဆခန႔္ႀကီးကာ ပါးစပ္မွာငါးတစ္ေကာင္ပါးစပ္ကဲ့သို႔ျဖစ္၏။လွ်ာသည္ခပ္တိုတိုျဖစ္ကာနား ႐ြက္ႏွစ္ဖက္မွာလည္း ၿဂိဳဟ္သားကဲ့သို႔ရွည္ေမ်ာေမ်ာ ရွိေလသည္။ ေအာက္ ပိုင္းကိုၾကည့္ေသာ္ လက္ေခ်ာင္းေလးမ်ားမွာ ပေလြသကဲ့သို႔ မဲညစ္ညစ္ရွိၿပီး ေျခဖဝါးႏွစ္ဖက္သည္ သိမ္၍ေနကာ လက္မ်ားက သစ္ျမစ္သဏၭန္ ရွိေလ သည္။ တစ္ကိုယ္လုံးရွိ အေရျပားမ်ားမွာတင္းမာ၍ အခ်ိဳ႕ေနရာမ်ားကား ျပာလ်က္ရွိ၏။
ခင္ခင္သြယ္သည္ ကေလးကိုၾကည့္ရင္း ငိုေနရွာ၏။ ကေလးမွာ မိခင္ႏို႔ မစို႔ႏိုင္သျဖင့္ သူ၏ ၿပဲကြဲထြက္ေနေသာ ပါးစပ္အတြင္းသို႔ ႏိုဘူးျဖင့္ တိုက္ ထည့္ေပးရေလသည္။ မီးဖြားေပးေသာ လက္သည္ေဒၚစိန္အုန္းကို ကိုလႈိင္ ဘြားကေငြပိုေပး၍ႏႈတ္ပိတ္ကာျပန္လႊတ္လိုက္ရ၏။ သူသည္အိမ္ေရွ႕ေလွ ကား၌ထိုင္ရင္းအႀကီးအက်ယ္စိတ္ညစ္ေနရွာသည္။ သူစိတ္ညစ္ေနသည္ ကို ခင္ခင္သြယ္က အားေပးစကားဆိုရန္ အခန္းထဲမွ ထြက္လာ၍…
“ဘာမွ စိတ္ဓာတ္မက်ေနပါနဲ႔ – အစ္ကိုရယ္။ ဒီကေလးရဲ႕ကံလို႔ပဲမွတ္ လိုက္ပါ။ ဘာတတ္ႏိုင္မွာလဲ”
ဟု ေျပာရာ ကိုလႈိင္ဘြားမွာ ဝုန္းခနဲထရပ္ၿပီး အသံခပ္အုပ္အုပ္ျဖင့္ “ေတာ္စမ္း၊ အဲဒါ – မင္းေၾကာင့္၊ မင္းအသုံးမက်လို႔ ျဖစ္ရတာ။ မင္းကိုငါဒီငါး ေရာင္းတဲ့အကုသိုလ္အလုပ္ေတြကိုရပ္ပါေတာ့လို႔ေျပာခဲ့တာဘယ္ေလာက္ ၾကာၿပီလဲ။ ငါလည္း ရွာေဖြေကြၽးေမြးေနရက္သားနဲ႔ မင္း ငါးေရာင္းတယ္။ ငါး
ေတြကိုေခါင္းထုခဲ့တာေတြ မင္းမွတ္မိလား..”
ဟူ၍ ေျပာလိုက္သည္။ ခင္ခင္သြယ္မွာ ကိုလႈိင္ဘြားစကားေၾကာင့္ မ်က္ေမွာင္ကိုၾကဳတ္လိုက္ၿပီး ျပန္ေခ်ပေလ၏။
“ဘာမွမဆိုင္ပါဘူး- ကိုလႈိင္ဘြားရယ္၊ ဒီငါးစိမ္းေရာင္းတဲ့အလုပ္က ကြၽန္မ အေမလည္း လုပ္ခဲ့တာပဲ၊ ဒီအလုပ္ေၾကာင့္သာဆိုရင္ ကြၽန္မလည္း ဒီကေလးလိုပဲ ျဖစ္လာပါေတာ့လား။ ရွင္က အယူကို သီးလြန္းတယ္” “ဘာကြ-မင္းကငါ့ကိုေစာ္ကားတယ္ ဟုတ္လား၊ ကဲကြာ “”
“ျဖန္း.
ကိုလႈိင္ဘြား၏လက္ဝါးတစ္ခ်က္ကခင္ခင္သြယ္ပါးျပင္ေပၚေရာက္သြား
သည္တြင္ ခင္ခင္သြယ္မွာ ၾကမ္းျပင္ေပၚလဲက်သြားရွာ၏။
“ေဟ့ – မင္းမွတ္ထား ခင္သြယ္၊ ငါက ဗုဒၶဘာသာစစ္စစ္ကြ။ ကံ, ကံရဲ႕ အက်ိဳးကို ယုံတယ္ကြ။ မင္း အကုသိုလ္လုပ္လို႔ အဲဒီ့အက်ိဳးေတြကို ျပန္ခံရ တာပဲကြ။ ဒီကေလးဟာ အတိတ္ဘဝက ဘယ္ေလာက္ပဲ အကုသိုလ္ လုပ္ခဲ့ လုပ္ခဲ့ ငါတို႔သာ ကုသိုလ္ေတြလုပ္ရင္ ဘာမွ်လာဆုံစရာအေၾကာင္း မရွိဘူး။ မင္းက အခုခ်ိန္ထိ ငါးတစ္ေကာင္သတ္တာကို အျပစ္သိပ္မရွိဘူး ထင္ေနေသးသကိုး …”
ကိုလႈိင္ဘြား၏အဆက္မျပတ္စကားမ်ားေၾကာင့္ခင္ခင္သြယ္မွာပါးစပ္ အေဟာင္းသားျဖစ္ရင္း မ်က္ရည္သုတ္မိေတာ့၏။ ဟုတ္ေတာ့လည္းဟုတ္ သည္။ ခင္ခင္သြယ္သည္ ငါးစိမ္းေရာင္းေသာအလုပ္ကို ႏွစ္ရွည္လမ်ား ကြၽမ္းက်င္စြာ လုပ္ကိုင္ခဲ့သလို ငါးတစ္ေကာင္၏ေခါင္းကို ပိႆာေလးျဖင့္ ထုရမည္ကိုဝန္မေလးခဲ့။ ငရဲဆိုတာကိုလည္းမသိခဲ့။ ယခုဤကေလးသည္ အလြန္ပင္ကံၾကမၼာဆိုး၍မိမိကိုယ္ထဲဝင္စားခဲ့ျခင္းသာျဖစ္၏။ သနားေတာ့ လည္း သနားသည္။ ဒါက မိဘေမတၱာေပကိုး။ ကိုလႈိင္ဘြားကမူ မိမိသိကၡာ အရွက္တရားတို႔ကိုသာေတြးရင္း မႊန္ထူေနေပလိမ့္မည္။ သူ႔ဘက္က ၾကည့္ေတာ့လည္းဟုတ္သည္။
ဤကေလးကိုယ္ဝန္ေဆာင္စဥ္ကတည္းက ကုမၸဏီမွ အထက္လူႀကီး
ကေလးအတြက္
မ်ားကိုဖားယားၿပီးကေလးစရိတ္ေလးရေအာင္ေတာင္းရ၊ တစ္လတစ္ခါေ႐ႊတိဂုံရွိသားဆုပန္နတ္မင္းႀကီးထံတြင္သြား၍သားေကာင္း ရတနာေမြးရန္ ဆုေတာင္းရျဖင့္ႀကိဳးပမ္းခဲ့သည္။ ထို႔ျပင္ခင္ခင္သြယ္ဗိုက္နာ
ၿပီဆိုသည္ႏွင့္
သူ၏ကုမၸဏီမွလူႀကီးမ်ားမိခင္ေဆြမ်ိဳးမ်ားကဝိုင္း၍ေငြေၾကး
ေထာက္ပံ့ၾက၊ ပစၥည္းမ်ားဝယ္ေပးၾကျခင္းျဖင့္ ကူညီခဲ့ၾကသည္။ ကိုလႈိင္ဘြား
၏နားထဲတြင္ အသံေပါင္းစုံ ျပန္ၾကားေနရ၏။
“ကိုလႈိင္ဘြားမိန္းမေမြးၿပီလားဗ်၊ ကိုလႈိင္ဘြားနဲ႔တူရင္ ခန႔္မွာဗ်၊ မိန္းမနဲ႔
တူရင္ေတာ့ ေခ်ာမွာေပါ့ဗ်ာ”
“ကိုလႈိင္ဘြားမိန္းမသားေလးေမြးရင္ေကာင္းမယ္ေနာ္။ သမီးေလးေမြး လည္း ခ်စ္ဖို႔ေကာင္းမွာပါ။ ဖေအနဲ႔မေအက ေခ်ာၿပီးသားပဲ၊ ဟာ – ဟင္း –
ဟင္း”
လူတို႔၏ေလာကဝတ္စကားတို႔သည္ယခုအခါခါးသီးေနသည္။ကေလး မွာ မိန္းကေလးျဖစ္သလို ဗုဒၶဟူးေန႔ ညေနပိုင္းေမြးသျဖင့္ ရာဟုသမီးဟု မွတ္ရေပမည္။သည္ေတာ့- ဤကေလးမွာဘယ္လိုမွ်အက်ိဳးမေပးႏိုင္႐ုံမက မေသလွ်င္ပင္ ကံေကာင္းဟု ယူဆမိ၏။ ကေလးကို မျမင္ဘူးၾကေသး။ ထို႔ေၾကာင့္လင္မယားႏွစ္ေယာက္စလုံး ဘာဆက္လုပ္ရမည္ကိုစဥ္းစားေန
ၾက၏။
“ကိုလႈိင္ဘြား – ရွင္ ဒီကေလးနဲ႔ ပတ္သက္လို႔ မေက်နပ္ဘူးလား။ ကြၽန္မ ဘာလုပ္ေပးရမလည္း အေဝးကိုထြက္သြားရမလား”
“မလိုပါဘူး- မင္းထြက္သြားရင္ငါကတစ္ခုလပ္ဆိုတဲ့နာမည္နဲ႔က်န္ခဲ့ မွာေပါ့။ အဲဒီ့အျပင္ မိန္းမကိုကေလးတစ္ေယာက္နဲ႔ပစ္သြားတဲ့ေကာင္ဆိုၿပီး အရပ္ကကဲ့ရဲ႕ၾကမွာေပါ့”
“ဪ-ရွင္က ရွင့္သိကၡာကိုထိမွာေၾကာက္တယ္ေပါ့။ ဒါဆိုရင္ – ဘာ ျဖစ္ခ်င္တာလဲ”
ခင္ခင္သြယ္၏ ေမးခြန္းေၾကာင့္ ကိုလႈိင္ဘြား မခ်ိၿပဳံးကေလး ၿပဳံးလိုက္ သည္။
“အဲဒီကေလးကို ၿမိဳ႕ျပင္မွာ သြားစြန႔္ပစ္လိုက္၊ လင္းတထိုးထိုး ေခြးပဲ စားစား ငါတို႔နဲ႔ မဆိုင္ေတာ့ဘူး”
“ရွင္”
ခင္ခင္သြယ္သည္ ၾကမ္းျပင္ေပၚ ဖင္ထိုင္လ်က္ လဲက်သြားေတာ့၏။ နားထဲတြင္ သံရည္ပူႏွင့္ေလာင္းသကဲ့သို႔ ခံစားလိုက္ရၿပီးမ်က္ရည္မ်ားပိုးပိုး ေပါက္ေပါက္ က်ရေလၿပီ။ တကယ္ေတာ့ ဤကေလးႏွင့္ ပတ္သက္၍ သူမ တြင္အျပစ္မ်ားစြာရွိသည္ကို သူမ နားလည္ေန၏။ ဤကေလးကို ၾကည့္
လိုက္ရာတြင္ လြန္ခဲ့ေသာ တစ္ႏွစ္ခန႔္က အျဖစ္အပ်က္တစ္ခုကို ျပန္ျမင္ ေယာင္မိေန၏။ယခုျပႆနာမ်ားသည္ထိုျဖစ္ရပ္မ်ားေၾကာင့္ဟုဆိုကလည္း မမွားေခ်။ဘာသာေရးအရၾကည့္လွ်င္ မွန္ေနသည္။
ထိုေန႔က ေဈးထဲတြင္ ငါးေရာင္းရင္း ငါးခူမေသတေသမ်ားကို တုတ္ ျဖင့္ ထုေနမိ၏။ ထိုအခိုက္ သူ႔ထဲတြင္ တစ္ခါတစ္ရံသာ လာဝယ္တတ္ေသာ မမိုးဆိုသည့္မိန္းမ ထိုေန႔မွ ထူးထူးျခားျခား ငါး (၂)ပိႆာ လာဝယ္၏။ ခင္ခင္သြယ္လည္းခ်ိဳခ်ိဳသာသာျဖင့္ပင္ခ်ိန္၍ထည့္ေပး၏။ သို႔ေသာ္ျပႆနာ စလာသည္မွာ အေလးခိုးတယ္ဟု အေျပာခံရျခင္းပင္တည္း။ “ရွင့္အေလးက သိပ္မျပည့္ဘူး၊ သမာဓိခ်ိန္ခြင္နဲ႔ ခ်ိန္ရမလား” “ဘာ – သမာဓိခ်ိန္ခြင္နဲ႔ ခ်ိန္ရေအာင္ ငါက အေလးခိုးေနလို႔လား။ နင္ စကားေျပာတာၾကည့္ေျပာ၊ ဒါေညာင္ပင္ေလးေဈးကဝယ္တဲ့အေလးေတြပဲ
ဟဲ့”
“ေအး- အဲဒါေၾကာင့္မယုံတာေဟ့။ ငါလည္းအိမ္ေရွ႕မွာကုန္စုံဆိုင္ဖြင့္ တာပါေအ၊ ေညာင္ပင္ေလးေဈးက အေလးတခ်ိဳ႕ေတြက မျပည့္မွန္းသိလို႔ သုံးကိုမသုံးဘူး”
“ဟဲ့-နင္မသုံးခ်င္မသုံးနဲ႔၊ ဒါအခြန္လြတ္ေဈးမဟုတ္ဘူးဟဲ့။ ဆိုင္ခန္းခ နဲ႔ သန႔္ရွင္းေရးခြန္နဲ႔ေပးမွ ေရာင္းရတာ။ မေက်နပ္ရင္ သြားတိုင္”
ဤသို႔ျဖင့္ စကားမ်ားၿပီး ဝယ္သူမမိုးကစ၍ ပါး႐ိုက္၏။ သည္ေတာ့ ခင္ခင္သြယ္က (၅ဝ)သားအေလးျဖင့္ ေကာက္ထုရာ ထိုအေလးမွာ မမိုးကို မထိပဲေဈးထဲဆြမ္းခံႂကြသည့္ ကိုရင္ေလးတစ္ပါးကို သြားထိေလေတာ့၏။ “အား-လာၾကပါဦး”
ေဈးသူေဈးသားမ်ားဝိုင္း၍ဖ်န္ေျဖၾကကိုရင္ေလးကိုေဆးခန္းပို႔ၾကျဖင့္
အလုပ္ရႈပ္ကုန္၏။ ခင္ခင္သြယ္တို႔လည္း ႐ုံးေရာက္ကုန္ၾက၏။ ေနာက္ေတာ့ လည္းေငြျဖင့္ရွင္းလိုက္ရာကိစၥၿပီးသြားသလိုမၿပီးသည္မွာ ဆြမ္းခံႂကြေသာ
ကိုရင္ေလးမွာ နဖူးမွ အေလးထုခံရေသာ ဒဏ္ရာေၾကာင့္ အငယ္တန္း စာေမးပြဲကိုမေျဖႏိုင္ဘဲ အပ်င္းဖ်ားသြားျခင္းပင္တည္း။ ထိုကိုရင္ေလးမွာ လည္းေက်ာင္း၌ဆြမ္းကြမ္းမျပည့္စုံသျဖင့္ေဈးထဲသိကြၽမ္းရာဒကာ၊ဒကာမ မ်ားထဲ၌ ရသမွ်ေလး အလႉခံေနျခင္း ျဖစ္သည္။ ခင္ခင္သြယ္၏ လုပ္ရပ္ ေၾကာင့္ ကိုရင္ေလးခမ်ာ စာေမးပြဲတစ္ႏွစ္ေအာက္ရေပၿပီ။ ကိုလႈိင္ဘြားမွာ လည္း ခင္ခင္သြယ္ကို ဆူ၍မဆုံး။ သို႔ေသာ္- အခ်ိန္ၾကာေတာ့လည္း ေမ့ေပ်ာက္သြားၾကသည္။
ယခုမူ ထိုအက်ိဳးဆက္ေၾကာင့္ပင္ ဆိုရမည္လားမသိ။ လင္မယား ႏွစ္ ေယာက္စလုံး ေသာကမ်ားေနၾကရေပၿပီ။ ဤကေလးကို မည္သူမွ်မသိခင္ အမႈိက္ပုံ၌စြန႔္ပစ္ရန္လုံးဝမလြယ္။ပတ္ဝန္းက်င္ကသိလွ်င္လည္းမေကာင္း။ ထို႔ျပင္ ေနာင္ဘဝ၌လည္း မေကာင္းပါေခ်။ ဤအႀကံမ်ိဳးကိုမွ ကိုလႈိင္ဘြား ေ႐ြးရက္ေပသည္။ ထိုည၌ မိုးသည္ သဲႀကီးမဲႀကီး ႐ြာလ်က္ရွိသျဖင့္ ခင္ခင္ သြယ္မွာ သူမ၏ကေလးကို ရင္ဝယ္ပိုက္ေခ်ာ့သိပ္ရင္း မီးေနခန္းအတြင္း၌ မွိန္းေနေလ၏။ ကိုလႈိင္ဘြားမွာ စိတ္ညစ္သည္ဟုဆိုကာ အရက္ဆိုင္သို႔ သြားေလ၏။ ခင္ခင္သြယ္သည္ ည (၁၁)နာရီ ထိုးသည့္အထိ ကိုလႈိင္ဘြား ျပန္အလာကိုေစာင့္ရင္း ေမွးခနဲျဖစ္သြားသည္။ ထိုစဥ္ –
“ေဒါက္ – ေဒါက္ – ေဒါက္”
“ဘယ္သူလဲ”
အိမ္ေရွ႕မွ တံခါးေခါက္သံၾကားသျဖင့္ ေမးေလရာ ျပန္ထူးသံကို မၾကား ရေခ်။ ထပ္မံ၍ ေလးငါးခါ ေမးျပန္ေသာ္လည္း မၾကားရသျဖင့္ ကိုလႈိင္ဘြား အမူးလြန္ၿပီး ျပန္လာေလၿပီလားဟုေတြးၿပီး ကိုယ္တိုင္ထကာ ကေလးကို ေစာင္ၿခဳံေပးၿပီး တံခါးဖြင့္လိုက္ေလ၏။
မိမိအိမ္ေပါက္ဝ၌လာသူမွာကိုလႈိင္ဘြားမဟုတ္ပါေခ်။ထမိန္ရင္လ်ား
အ႐ုပ္ဆိုးဆိုး မိန္းမႀကီးတစ္ေယာက္ႏွင့္ အလြန္တရာမွ် ထြားက်ိဳင္းေသာ ခႏၶာကိုယ္ျဖင့္ ခက္ထန္ေသာ႐ုပ္ရွိသည့္ ေယာက္်ားႀကီးတစ္ဦးပင္တည္း။
ထိုသူႏွစ္ေယာက္ကိုတစ္ႀကိမ္တစ္ခါမွ်မသိသလိုရပ္ကြက္ထဲ၌လည္းမျမင္
ဘူးပါေခ်။ ထိုသူႏွစ္ေယာက္က ခင္ခင္သြယ္အား မ်က္လုံးစိမ္းႀကီးမ်ားျဖင့္
ၾကည့္ရင္း –
“မင္းနာမည္ ခင္ခင္သြယ္မဟုတ္လား။ ငါတို႔ သမီးကိုငါတို႔ျပန္လာေခၚ တာကြ။ မင္းတို႔က ဒီကေလးကို စြန႔္ပစ္ဖို႔ ႀကံစည္ေနၾကတယ္ဆို” ဟုေျပာရာခင္ခင္သြယ္မွာမ်က္လုံးမ်ားျပဴး၍အံ့အားသင့္ျခင္းေၾကာက္
႐ြံ႕ျခင္းမ်ားျဖင့္ အေတြးတစ္ခုေပါက္သြားေလသည္။
“ရွင္ – ရွင္တို႔က ဒီကေလးနဲ႔ ဘယ္လိုပတ္သက္သလဲ။ ကြၽန္မက သူ႔ အေမပဲေလ။ ရွင္တို႔ ေခၚခ်င္တိုင္းေခၚလို႔ရမလား”
“ဘာေျပာတယ္-ဟဲ့ေကာင္မ၊နင္ေသခ်င္လို႔လားငါတို႔ေလာကသားကို လည္းနင္ကေခၚထားေသးတယ္။ ၿပီးေတာ့ – စြန႔္ပစ္ဖို႔လည္းႀကံေသးတယ္။ နင့္ေယာက္်ား အခု ဘယ္မွာလည္းေခၚေပးစမ္း”
ထဘီရင္လ်ားမိန္းမႀကီးသည္ ခင္ခင္သြယ္အား အထက္ပါအတိုင္း ႐ိုင္းစိုင္းစြာေျပာရင္း အိမ္ေပၚသို႔ အတင္းတက္ေလ၏။ ခင္ခင္သြယ္က တား ဆီးေသာအခါ လူသန္ႀကီးက သူ၏ ႀကီးမားေသာ လက္ဝါးႀကီးျဖင့္ ႐ိုက္ခ် လိုက္ေလေတာ့သည္။
“ဖ်န္း”
“အမယ္ေလး”
ခင္ခင္သြယ္သည္ ၾကမ္းျပင္ေပၚ လဲက်သြားေလ၏။ ျပန္၍ ကုန္း႐ုန္း ထမည္ႀကံေသာ္ နားထဲတြင္ အသံတစ္သံၾကားရျပန္၏။
“ခင္ခင္သြယ္ – ခင္ခင္သြယ္-မင္းဘာေတြေအာ္ေနတာလဲ” ကိုလႈိင္ဘြား၏ အသံၾကားရေသာအခါ သူမသည္ အိပ္မက္ဆိုးမ်ား မက္ေနေၾကာင္း သိရေလ၏။ တစ္ကိုယ္လုံးလည္း ေဇာေခြၽးမ်ားျပန္ကာ ၾကက္သီးေမြးညင္းမ်ားထေနေလ၏။ ၿပီးေတာ့-ငိုယိုၿပီးကိုလႈိင္ဘြားကိုဖက္
g…
“ကိုလႈိင္ဘြားရယ္ရွင္ ဘယ္ေတြေလွ်ာက္သြားေနတာလဲ။ ကြၽန္မအိပ္ မက္ဆိုးေတြ မက္တယ္ရွင့္”
ဟု ေျပာရာ ကိုလႈိင္ဘြားက ဘုရားေက်ာင္းေဆာင္မွ ပရိတ္ေရကို ယူၿပီး တိုက္ေလသည္။ ၿပီးေနာက္တြင္ ခင္ခင္သြယ္သည္ သူ႔အိပ္မက္ထဲမွ အေၾကာင္းအရာမ်ားကိုအစအဆုံးျပန္ေျပာျပလိုက္ေလ၏။ကိုလႈိင္ဘြားကား လြန္စြာအံ့ၾသ၍ေနကာ အေျခအေနကို သုံးသပ္ၾကည့္ေလသည္။
“ဒါဆိုရင္ ဒီကေလးဟာ ငရဲဘုံလို႔ေခၚတဲ့ၿပိတၱာတို႔အသူရကာယ္တို႔လို
ဟာမ်ိဳးကေနလာတာျဖစ္မယ္ကြ။ငါတို႔ကအမႈိက္ပုံမွာစြန႔္ပစ္မယ္ဆိုလို႔သူရဲ႕ ဟိုဘဝက အေမနဲ႔အေဖက လာျပန္ေခၚတာပဲ။ အင္း – ေၾကာက္စရာႀကီးပါ
လား-”
ကိုလႈိင္ဘြားသည္ေတြးရင္းေတြးရင္းကေလးကိုၾကည့္မိေလ၏။ ခင္ခင္ သြယ္လည္းကေလးကိုႏို႔တိုက္ရန္ေစာင္ကိုဖယ္၍ေကာက္ကိုင္လိုက္သည္။
ထိုအခါ၌မူ …
“ဟင္-တစ္ကိုယ္လုံးေအးစက္ေတာင့္ေနပါလား။ အသက္- အသက္ မရွိေတာ့ဘူးထင္တယ္။ အီး – ဟီး – ဟီး – လုပ္ပါဦးရွင္”
ဟုတ္သည္၊ ကေလးမွာ လုံးဝေသြးခုန္ႏႈန္းမရွိေတာ့ပဲ သက္တမ္းမဲ့ သြားေခ်ၿပီတည္း။ ကိုလႈိင္ဘြားသည္ အံ့ဩျခင္း၊ ေၾကာက္လန႔္ျခင္းမ်ားျဖင့္ ေငးၾကည့္ေနမိသည္။ ခင္ခင္သြယ္မွာ ကေလးကိုေပြ႕ရင္း ငိုယိုေနရွာ၏။
“ဧကႏၲ – ကေလးကို သူတို႔ ျပန္ေခၚသြားၿပီ ထင္ပါတယ္ရွင္။ ကြၽန္မ တို႔နဲ႔ ပ႒ာန္းဆက္ပါသေလာက္ကေလးပဲေနသြားရရွာတာပါ”
လင္မယားႏွစ္ေယာက္စလုံး ေခါင္းခ်င္းဆိုင္၍ စိတ္မေကာင္း႐ုံမွအပ ဘာမွ မတတ္ႏိုင္ပါေခ်။ လူ႔ေလာကတြင္ တစ္ရက္သာေနသြားေသာ သမီး ေလးကို မီးသၿဂႋဳဟ္ရန္ စီစဥ္ရဦးေပမည္။
အထက္ပါ အျဖစ္အပ်က္မ်ား ျဖစ္ပြားၿပီးေနာက္ တစ္လမွ်အၾကာတြင္ ငရဲဘုံမွလာေသာ ကေလးႏွင့္ပတ္သက္၍ မည္သူမွ်မသိခဲ့ေသာ္လည္း ကာယကံရွင္ ခင္ခင္သြယ္မွာထူးဆန္းေသာအိပ္မက္တစ္ခုျမင္မက္ေလ၏။ အိပ္မက္ထဲတြင္ ႐ုပ္ရည္ခပ္သန႔္သန႔္ အသက္ (၃၀)အ႐ြယ္ မိန္းကေလး တစ္ဦးသည္ သူမအား ၿပဳံး၍ၾကည့္ေနေလ၏။ ၿပီးေသာ္ – စကားေျပာ၏။ “အေမ – သမီးကို မမွတ္မိဘူးလား။ အေမ့ဗိုက္ထဲမွာ (၉)လ ေနခဲ့ၿပီး လူ႔ေလာကမွာ တစ္ရက္သာေနသြားတဲ့ သမီးေလ”
“ဟင္ – သ-သမီးေလး၊ အခု – ဘယ္မွာေနသလဲ”
သမီးကအခုအရင္မိဘေတြနဲ႔ပဲေနတယ္ေလ။ အရင္ကေတာ့ေနစရာ မရွိပါဘူး။ အခုေတာ့ အေမတို႔သမီးအတြက္ အသုဘမွာ အမွ်ေဝေပးလို႔ ကုသိုလ္ကံတိုးၿပီး ဘုရားတစ္ဆူမွာ ေရာက္ေနၿပီေလ။ အဲဒါ အေမတို႔ကို ဆင္းရဲတြင္းက လြတ္ေျမာက္ေစခ်င္လို႔ လာကယ္တာပဲ။ အေမ့ကို သမီး ေအာင္ဘာေလထီဂဏန္းေပးမယ္။ မဂၤလာစုံတြဲထိုးပါ။ သမီးအတြက္လည္း အလႉလုပ္ပါ- အေမ”
ထိုသို႔ေျပာၿပီးသည္ႏွင့္ ေပ်ာက္ကြယ္သြားေတာ့သည္။ ခင္ခင္သြယ္ သည္ မိမိအိပ္မက္အား ကိုလႈိင္ဘြားကို ျပန္ေျပာျပၿပီး အိပ္မက္ထဲမွ ေပးခဲ့ ေသာထီဂဏန္းကို႐ြာ၌ထိုးေစ၏။ ထူးထူးျခားျခားပင္ ထီနံပါတ္ဂဏန္းအား ၎တို႔ေနေသာလမ္းထိပ္ထီဆိုင္၌ပင္ထိုး၍ရေလသည္။ အက်ဥ္းအားျဖင့္ဆိုရပါမူကိုလႈိင္ဘြားတို႔လင္မယားသိန္း(၅ဝဝ)ထီေပါက္ေလ၏။လင္မယား
ႏွစ္ေယာက္ဝမ္းသာလိုက္ၾကသည့္ျဖစ္ျခင္း။ကတိအတိုင္းပင္ေသသြားေသာ
သမီးကေလးမွာေရာက္ရာဘုံ၌ပင္သာဓုေခၚေနေပလိမ့္မည္။ထိုအခ်ိန္မွစ၍
ခင္ခင္သြယ္လည္းငါးစိမ္းမေရာင္းေတာ့သလိုကိုလႈိင္ဘြားမွာလည္းသာေရး နာေရးကိစၥမ်ား၌သာ ေအးခ်မ္းေနေတာ့၏။
တကယ္ေတာ့အကုသိုလ္ျပဳခဲ့သူသည္သူ႔အကုသိုလ္ကံကိုသူျပန္ခံရင္း
ဇာတ္သိမ္းသြားခဲ့ျခင္းသာတည္း။ ပ႒ာန္းဆက္ရွိခဲ့သူမ်ားကေတာ့ ႀကဳံရ ဆုံရခိုက္ လူ႔ေလာကဝယ္ ေမတၱာတရားေပးေဝ႐ုံမွ်တစ္ပါး အျခားမရွိပါ
ေခ်။