ငြိုးမျက်မပြေ

ငြိုးမျက်မပြေ ( စ/ဆုံး )
——————––-

အချိန်က သန်းခေါင်ယံအချိန်ဗျ။ အင်းပြင် တစ်ရွာလုံးအိပ်မောကျနေ
ကြတဲ့အချိန်ပေါ့ဗျာ။
ဒါပေမယ့် ဆူဆူညံညံ အသံကြားလို့ ကျွန်တော်လန့်နိုးလာတာဗျ။
ကျွန်တော်နဲ့အတူ မှန်ကြောင်မောင်မိုးအောင်၊ ကျောင်းဆရာလင်းထက်၊
စာရေးဆရာ လင်းညို (အလင်္ကာလင်းညို) ပြီးတော့ ကျောင်းတုန်းက
သူငယ်ချင်းဖြစ်တဲ့ အင်းပြင်ရွာသား ဝေလင်းဦး တို့လည်းနိုးလာကြတာဗျ။
ကျွန်တော် တို့က ကျွန်းစု ရွာမှာရှိတဲ့ မှန်ကြောင်ရဲ့ အဖိုး ဆီကိုအလည်သွားကြတာဗျ။
အင်းပြင် ရောက်တော့ ဝေလင်းဦး နဲ့တွေ့တာနဲ့ သူက တစ်ညဖြစ်ဖြစ်
သူ့ဆီမှာနေကြပါဆိုတာနဲ့ မတွေ့ရတာလည်းကြာပြီဆိုတော့ ကျွန်တော် တို့ရှေ့မဆက်ကြပဲနေလိုက်ကြတာပေါ့ဗျာ။
ဟော ညလည်းရောက် ဆူညံသံကြားရပြန်ရောဗျာ။
ဝေလင်းဦး ရဲ့အဖေနဲ့အမေလည်း နိုးနေပြီးဘာဖြစ်တာလည်းနားစွင့်နေ
ကြတာထင်တယ်ဗျ။
ဖခင်ဖြစ်သူက သွားကြည့်မယ်ဆိုတော့ ဝေလင်းဦးက ” သားပဲသွား
ကြည့်လိုက်မယ်” တဲ့ဗျ။
သူသွားတော့ ဆရာလင်းညို က ဘာဖြစ်တာလည်းမသိ ဝေလင်းဦးနဲ့
အတူလိုက်သွားကြရအောင် လို့ပြောတော့ ကျွန်တော်တို့လည်းလိုက်
ခဲ့တာပေါ့ဗျာ။
ကျွန်တော်တို့ ထဲမှာ ဆရာလင်းညိုကအသက်အကြီးဆုံးလေဗျာ။
ပြီးတော့ ပယောဂဆရာလိုလို ဗေဒင်ဆရာလိုလိုဗျ။
ကလေးမာတြာတွေတောင်ကြည့်ပေးသေးတယ်ဗျ။
ဟိုရောက်တော့ ခြံဝိုင်းတစ်ဝိုင်းမှာလူတွေပြည့်နေတာဗျို့။ ဇာတ်ပွဲရှိသလားတောင်အောက်မေ့ရတယ်ဗျ။
လူတွေပြည့်နေတော့ ကျွန်တော်တို့က ခြံဝိုင်းအပြင်မှာကျန်ခဲ့ပြီး လင်းဦး က ဝင်သွားတယ်ဗျ။
ကျွန်တော် တို့က သူ့ကို လင်းဦးပဲခေါ်ကြတာဗျ။
ခဏနေတော့ သူထွက်လာပြီး ကျွန်တော်တို့ကိုလာခေါ်တော့ သူ့နောက်က လိုက်ခဲ့ရပြန်တာပေါ့ဗျာ။
ကျွန်တော် တို့မြင်လိုက်ရတာက အသက် ၃၀ ဝန်းကျင်လောက်လူတစ်
ယောက်ဗျ။
ကြည့်ရတာအိမ်ရှင်ထင်တယ်ဗျ။
သူ့ခြေဖဝါး ကိုသူ အဝတ်ချုပ်တဲ့ရိုးရိုး အိမ်သုံးအပ်နဲ့ထိုးနေတာဗျ။
ဘယ်သူတားတား မရတာဗျို့ တားတဲ့သူတွေပါ လိုက်ထိုးနေတာဗျ။
ဘေးက ငိုပြီး ” ကိုကျန်ရေ မလုပ်ပါနဲ့ မလုပ်ပါနဲ့” လို့ပြေတာကသူ့
မိန်းမထင်တယ်ဗျ။
အသက်ကလည်း ကိုကျန်နဲ့ရွယ်တူလောက်ပဲဗျ။
ကိုကျန် ဆိုတဲ့လူကလည်း ဘယ်သူတားတား ပြောပြော မရတာဗျို့။
သူ့မျက်လုံးကို ကြည့်လိုက်တော့ ဟာ မျက်လုံးထောင့်တွေ ပေါက်ကွဲ
လုမတတ်နီရဲနေတာဗျို့။
ချွဲတွေလည်းတစ်ကိုယ်လုံးစိုရွှဲနေတာဗျ။
ဆရာလင်းညို က အခြေအနေကိုမြင်တော့ လင်းဦး နဲ့ ကျွန်တော့်
နားသို့ကပ်ပြီး ” အဲဒါ သရဲဝင်ပူးနေတာ” ဆိုပြီးပြောတယ်ဗျ။
လင်းဦး က ကိုကျန် မိန်းမဖြစ်သူကို “ကိုကျန့်ကိုသရဲဝင်ပူးနေတာ”
ဖြစ်ကြောင်းပြောလိုက်တော့ ကိုကျန့် မိန်းမ ဆောက်တည်ရာမရ
ဖြစ်ပြန်ရော့ဗျို့။
ပြီးတော့ ဆရာလင်းညို ဘက်လှည့်ပြီး ” ဆရာရယ် ကျွန်မယောက်ျားကိုကယ်ပါ ကျွန်မယောက်ျားကိုကယ်ပါ ကျွန်မက ကိုယ်ဝန်လေးလရှိ
ပြီဆရာရဲ့ ကိုကျန် သာတစ်ခုခုဖြစ်ရင် ကျွန်မရင်ကျိုးရချေရဲ့ ကျေးဇူး
ပြုလို့ ကယ်ပေးပါ” ဆိုပြီးငိုကြီးချက်မနဲ့ပြောတော့တာပဲဗျ။
ဆရာလင်းညိုကလည်း ပညာရှင်တစ်ယောက်မဟုတ်ကြောင်း နည်းနည်းပါးပါး သိရုံသာဖြစ်ကြောင်းပြောပေမယ့် ကိုကျန့် မိန်းမ က မရမက
ပြောနေတာနဲ့ ဆရာလင်းညိုက နာမည်အပြည့်အစုံကိုမေးတယ်ဗျ။
ဒီတော့မှ သူမနာမည်က လှကြူ သူ့ယောက်ျားက ကျန်မောင်ဝေတဲ့ဗျ။
ဆရာလင်းညိုက နာမည်သိရတော့ မျက်စိမှိတ်ပြီး ပါးစပ်လှုပ်နေတာ
မြင်ရတယ်ဗျ။
ကြည့်ရတာ ဂါထာမန္တာန်တွေဘာတွေ ရွတ်နေတာထင်တယ်ဗျ။
ပြီးတော့ မလှကြူ ကို အိမ်မှာဘုရားစင်(ဘုရားကျောင်း) ရှိလားမေးတော့ မလှကြူကရှိတယ်တဲ့။
ဘုရားမှာကပ်လှူထားတဲ့ရေချမ်းအိုးကောရှိလား တဲ့ဗျ။
မလှကြူကလည်း ဝါးနဲ့လုပ်ထားတဲ့ ရေချမ်းအိုးတော့ရှိပါတယ် လို့ပြော
တော့ ဆရာလင်းညိုက ရေချမ်းအိုးက ရေကို အမှုန်မပါအောင်စစ်
ပြီးရင် ကိုကျန် ကိုတိုက်လိုက်ပါတဲ့ ကျန်တာကိုလည်းယူခဲ့ဆိုပြီးပြော
တာဗ်။
*********************************
ဆရာလင်းညိုပြောတဲ့ အတိုင်းတိုက်လိုက်တော့ ကိုကျန်က မိန်းမအသံနဲ့ ” အမလေး ပူတယ် ပူတယ် ” ဆိုပြီးထအော်ရောဗျို့။
ရွာသားတွေရော ကျွန်တော်တို့ပါ အံ့အားသွားကြတာပေါ့ဗျာ။
ဆရာလင်းညိုက ပယောဂလိုလိုဘာလိုလို ဆိုပေမယ့်သူ့အစွမ်းကိုဒီလို
နေရာမှာသုံးတာ တစ်ခါမှ ကျွန်တော်တို့မမြင်ဖူးတာကိုးဗျ။
ဆရာလင်းညိုကခပ်တည်တည်နဲ့ ” ခုရောက်နေတာက ဘယ်သူလဲဘာ့ကြောင့်ကိုကျန့်ကိုဝင်ပူးရတာလဲ” မေးတော့ သရဲမက မဖြေဘူးဗျ။
ဆရာလင်းညို က ရေနည်းနည်းယူလိုက်ပြီး ဂါထာလိုလို ရွတ်ကာ
သရဲမ( ကိုကျန်)က်ိုပစ်လိုက်တော့မှသရဲမက” ပြောပါမယ်ပြောပါမယ်”
ဆိုပြီးပြောတာဗျ။
သရဲမက “ကျုပ်က လွန်ခဲ့နှစ် ၅၀ လောက်ကရွာအနောက်က ဇီးကုန်းမှာ ဇီးသီးခူးနေတုန်း ဇီးပင်ပေါ်က ပြုတ်ကျလာတဲ့မြွေကိုက်လို့
သေသွားရတဲ့ ဗိုက်ကြီးသည် ကျော့မေ ပါ” တဲ့ဗျ။
ကျော့မေ လို့ပြောလိုက်တာနဲ့ ရွာကလူကြီးတစ်ချို့မျက်နှာမကောင်းသလိုဖြစ်သွားကြတယ်ဗျ။
ဘာ့ကြောင်းလဲဆိုတာ ကျွန်တော်လည်းမသိဘူးဗျ။
ဆရာလင်းညိုကတော့ လင်းဦး ကိုမေးတယ်ဗျ။
” အရင်တုန်းက ဇီးကုန်းမှာသရဲခြောက်တာတို့ဘာတို့ရှ်ိလား” ပေါ့ဗျာ။
လင်းဦး က ” ရှိတော့ ရှိတယ်တဲ့ တစ်ခါတလေ လူတွေတွေ့တယ်ဆိုပဲဗျ ပြီးတော့ ဆနွင်းနံ့နံတာတွေ မီးနေသည်နံ့နံတာတွေ ကလေးငိုသံ
ကြားရတာတွေ တော့ရှိတယ်တဲ့” ဗျ။
ဒီတော့ ဆရာလင်းညိုက သရဲမကို ” ကဲမကျော့မေ အဲ အဲ အဒေါ်ကျော့မေ ခင်ဗျားက ဇီးကုန်းမှာပဲနေတာဆိုတော့ ဘာ့ကြောင်းကိုကျန်
ကိုဝင်ပူးပြီး ရွာထဲအထိရောက်လာရတာလဲ” ဆိုပြီးမေးတယ်ဗျ။
သရဲမကျော့မေက ” ဟုတ်တယ် ကျုပ်က ဇီးကုန်းမှာနေတာ ဒါပေမယ့်ဘယ်သူ့ကိုမှကျုပ်မခြောက်လှန့်မနှောက်ယှက်ဘူးလူတွေပြောနေကြတာကလည်း သူတို့ကံနိမ့်နေလို့ ကျုပ်နဲ့တွေ့တာနေမှာ” တဲ့ဗျ။
ပြီးတာနဲ့ချက်ချင်းဒေါသထွက်လာပြီး ကိုကျန့် ကို ” ဒင်းက ငါ့သားလေးကိုသတ်တာ ဒင်းကငါ့သားလေးကိုသတ်တာ ဒင်းကြောင်းငါ့သားလေးသေရပြီ ဒင်းကိုကျုပ်သတ်မယ် ဒင်းကိုရော ဒင်းတို့တရွာလုံးကို
ရော ကျုပ်သတ်မယ် ကျုပ်ကဇီးကုန်းမှာသေရလို့ ရွာစောင့်က ရွာထဲ
ဝင်ခွင့်မပြုတာကြောင်း ဇီးကုန်းမှာပဲနေရတာ ခုမှ ရွာစောင့်ခွင့်ပြုချက်နဲ့
ရွာထဲဝင်ခွင့်ရတာ နို့မဟုတ်ရင် တစ်ရွာလုံးကို သတ်ပစ်ပြီ ”
ဆိုပြီးခြိမ်းခြောက်ပါလေရောဗျို့။
ရွာသားတွေတောင် နောက်ဆုတ်သွားတာဗျ။
ဆရာလင်းညို က ရေချမ်းအိုးထဲကရေ နောက်တစ်ခွက်တိုက်မယ်
လုပ်တေ့ာ သရဲမကျော့မေ က ” လာပါပြီရှင့် လာပါပြီ” လို့ခေါ်ပြီး
ထွက်သွားတာထင်တယ်ဗျ၊
ကိုကျန့် ငြိမ်ကျသွားရောဗျို့။
ကြည့်ရတာ သရဲမ ကို ရွာစောင့်ပြန်ခေါ်သွားတာထင်တယ်ဗျ။
**********************
နာရီပြန်တစ်ချက်နီးပါး ကြာမှကိုကျန်နိုးလာတာဗျ။
ကိုကျန့် ရဲ့ဒဏ်ရာတွေကိုတော့ ရွာသားတွေက အဲဒီအရပ်အခေါ်
ဆင်မနိုင်မြင်းမနိုင် ဆိုတဲ့အရွတ်ကိုကြိတ်ပြီး အဝတ်နဲ့စည်းပေးထား
ကြတယ်ဗျ။ အဲဒီ အရွတ်က ဒဏ်ရာ ကျတ်တာလွှတ်မြန်တယ်ဆိုပဲ
ဗျ။ ကိုကျန် နိုးလို့ခဏကြာမှ ဘာဖြစ်ခဲ့တာလဲ သူ့ကိုမေးရတာပေါ့ဗျာ။
*****************
ကိုကျန် က နေ့လည်ကတည်းက အင့်းပြင် ရွာရဲ့အနောက်ဘက်က
ပြိုင်းချောင်း ဆိုတဲ့ရွာကို အလုပ်ကိစ္စတစ်ခုနဲ့ရောက်နေတာတဲ့ဗျ။
အပြန်ကျတော့ နည်းနည်းမူးနေပြီတဲ့ဗျ။
ပြီးတော့ ညလည်းနက်နေပြီတဲ့ဗျ။
ပြိုင်းချောင်း ရွာကထွက်တော့ တောင်ကုန်းလည်းတစ်ခုရှိတယ်တဲ့ဗျ။
တောင်ကုန်းလည်းကျော်ရင် လှည်းလမ်း၊ လှည်းလမ်းပြီးတာနဲ့ ဇီးကုန်း၊
ဇီးကုန်းပြီးတာနဲ့ ရွာသားတွေကိုယ်ထူကိုယ်ထ ပြုလုပ်ထားတဲ့
အလျား ၁၂ ပေ အနံ ၃ ပေ ရှိတဲ့ ဝါးတံတား ဝါးတံတားကျော်လို့
ခြေလှမ်း ၃၀၀ လောက်လျှောက်ရင် အင်းပြင်တဲ့ဗျ။
ကိုကျန် လှည်းလမ်းရောက်တော့ ဆိတ်ကလေးတစ်ကောင်
မြတ်စားနေတာတွေ့တယ်တဲ့ဗျ။
လပြည့်လည်းဖြစ် ကြယ်ကလေးတွေလည်းရှိနေတော့ သဲသဲကွဲကွဲ
မြင်ရတယ်တဲ့ဗျ။
ကိုကျန်က ဆိတ်ကလေးကိုမြင်တော့ ရွာသားတစ်ယောက်ယောက်ရဲ့
အိမ်က လွတ်လာတယ်ထင်ပြီး ဆိတ်ပျောက်တဲ့သူရှိရင် ပေးလို့ရအောင်ဆိုတဲ့အကြံနဲ့ ဆိတ်ကလေးကို ထမ်းလာခဲ့သတဲ့ဗျ။
သူဆိတ်ကလေးကို ထမ်းလိုက်တယ်ဆိုရင်ပဲ နောက်ကတစ်ယောက်ယောက်လိုက်လာသလိုခံစားရသတဲ့ဗျ။
လှည့်ကြည့်တော့လည်းဘာမှမရှိပြန်ဘူးတဲ့ဗျ။
ဆိတ်ကလေးကအစတုန်းက အသံမထွက်ပေမယ့် ဝါးတံတားလေးရောက်ရော သည်းစွာအော်တော့တာပဲတဲ့ဗျ။
ဆိတ်လို အော်နေရင်းက တဖြည်းဖြည်းကလေးငိုသံဖြစ်သွားရောတဲ့ဗျ။
ဒီတော့မှ ကိုယ်ကျန်ဆိတ်ကလေးကိုကြည့်လိုက်တော့ ဆိတ်မဟုတ်ဘဲ
ကလေးလေးဖြစ်နေတာတဲ့ဗျ။
ကိုကျန် လည်းကြောက်ကြောက်နဲ့ ကလေးကိုရေထဲပစ်ချလိုက်တာတဲ့
ဗျို့။
ကိုကျန် ခပ်မူးမူးဖြစ်နေတာတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်
သွားသတဲ့ဗျ။
ဒီတော့မှ နောက်လှည့်ကြည့်လိုက်တော့ ဆံပင်ဖားလျားချပြီးသွေးအလိမ်းလိမ်း ဆင်းနေတဲ့ မီးနေသည်သရဲမကို မြင်လိုက်သတဲ့ဗျို့။
အစကတော့ သရဲမက ဝါးတံတားရဲ့ ဟိုဘက်မှာပဲ အော်ဟစ်ပြီး ကျန်နေခဲ့တာတဲ့ဗျ။
ဒါပေမယ့် ကိုကျန် အိမ်သို့မရောက်မီမှာပဲ တစ်စုံတစ်ယောက်ကသူ့ကို
ဝင်တိုက်သွားသလို ခံစားရပြီး တစ်ကိုယ်လုံးထုံကျင်သွားသတဲ့ဗျ။
အဲဒါနဲ့ သူ့မိန်းမကို ” အပ်ပေး အပ်ပေး” ဆိုပြီး တောင်းတော့
သူ့မိန်းမကလည်း ခြေကို တစ်ခုခုစူးလာတာထင်တာနဲ့ အပ်ပေးလိုက်တော့ ခြေထောက် ကိုပဲ တရစပ်ထိုးတော့တာပဲတဲ့ဗျို့။
သူိ့မိန်းမက ကြောက်လန့်တကြားအော်တော့မှ လူတွေရောက်လာကြ
တာပေါ့ဗျာ။
********************************
ကျွန်တော်တို့လည်း အကြောင်းစုံကိုသိရတော့ ဆရာလင်းညို က
မှာတမ်းတွေ ခြွေတယ်ဗျ။
ကျွန်တော်တို့ ပြန်မအိပ်တော့ပဲ နံနက်ရောက်သည်အထိ ကိုကျန်တို့နဲ့
ထိုင်ပြီးစကားပြောဖြစ်ကြတယ်ဗျ။
လင်မယားနှစ်ယောက်လုံး ဆရာလင်းညိုကိုကျေးဇူးတင်လိုက်ကြတာ
ရှိခိုးမတတ်ဗျ။
မနက်ရောက်တော့ အားလုံးကိုနှုတ်ဆက်ပြီး လှည်းနဲ့ပဲခရီးဆက်ရတာပေါ့ ဗျာ။
လမ်းမှာ လမုတော၊ ဝါးတော၊ ပြားလှ၊ အောင်သပြေ၊ ကျီးမနား၊ သစ်စည်၊ ရွှေမင်းနော်၊ ဒန်းတတ် စတဲ့ရွာတွေတွေ့တယ်ဗျ။
မနက် ၁၀ နာရီကျော်ကျော်မှ ကျွန်းစုကိုရောက်တာဗျ။
ကျွန်းစု ရွာမှာကြုံခဲ့ရတဲ့ထူးဆန်းတဲ့ လူတစ်ယောက်အကြောင်းကိုတော့ ” ကျွန်းစုရွာမှ ယောဂဆရာတစ်ယောက်အကြောင်း” မှာပဲ
ပြောပြတော့မယ်ဗျာ။
***********************
ကျွန်တော်တို့ ကျွန်းစုရွာမှာ တစ်လကျော်ကျော်လောက်နေပြီးမှ ဋ္ဌာနီ
ကိုပြန်ခဲ့ကြတယ်ဗျ။
*******************
နှစ်နှစ်နီးပါးကြာတော့ ဝေလင်းဦး နဲ့ ကျွန်တော်တို့မြို့မှာပဲပြန်ဆုံဖြစ်ကြတယ်ဗျ။
သူ့ကိုတွေ့တော့ အ်ိမ်ကိုအလည်ခေါ်ပြီး ၊ ဟ်ိုအကောင်တွေကိုလည်း
အကြောင်းကြားရတာပေါ့ဗျာ။
သူငယ်ချင်းတွေရယ်စရာမောစရာတွေပြောနေကြတုန်း ဝေလင်းဦး က
ရုတ်တရက် ” ထူးမြတ် ဟိုတစ်ခါ ငါတို့ရွာမှာကြုံခဲ့ရတာကိုမှတ်မိသေး
လား” ဆိုပြီးမေးတာဗျ။
အချိန်တွေလည်းကြာပြီဆိုတော့ ကျွန်တော်တို့လည်းမေ့မေ့ပျောက်ပျောက်ဖြစ်နေပြီပေါ့ဗျာ။
သူဆက်ပြီးပြောတာက ” အဲဒီလင်မယားနှစ်ယောက်လုံးသေသွားပြီ” တဲ့ဗျ။
ကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်သွားကြသလို စိတ်လည်းဝင်စား
သွားတာနဲ့ သူ့ကိုမေးရတာပေါ့ဗျာ။
သူပြောတာက “မလှကြူ ဟာ မွေးမယ့်နေ့ရောက်လေလေ နေမကောင်းဖြစ်လာလေတဲ့ဗျ။ ညညဆိုလည်း ထထအော်တယ်ဆိုပဲဗျ။
မွေးလည်းမွေးရော နှစ်ဆန်းတစ်ရက် စနေနေ့ လကွယ်ည ဖြစ်နေတယ်တဲ့ဗျ။ ပြီးတော့ ကလေးမွေးပြီးတာနဲ့ ဆုံးသွားရောတဲ့ဗျ။
ကလေးကယောကျာ်းလည်းတဲ့ဗျ။
ကလေး လေးလည်းမွေးတဲ့နေ့ကတည်းကအငိုတိတ်တဲ့ နေ့ရယ်လို့မရှိ
ဘူးတဲ့ဗ်။
လဝက်လောက်ကြာတော့ ကလေး လေးလည်းဆုံးသွားရှာသတဲ့ဗျ။
ကိုကျန် လည်း မယားလည်းဆုံးသားလည်းဆုံးတော့ အရက်သမားလုံးလုံး ဖြစ်သွားတာတဲ့ဗျ။
ပြီးတော့ ” ငါ့သားနဲ့မိန်းမကို သရဲမ ကျော့မေ သတ်တာ သရဲမကျော့မေ သတ်တာ ဒင်းကိုလည်းငါသတ်မယ်” ဆိုပြီးနေ့တိုင်းမြည်နေတော့
တာပဲတဲ့ဗ်။
ဖြစ်ချင်တော့ တစ်နေ့ ပုဆိန်တစ်ချောင်းကိုင်ပြီး ရွာအနောက်ဘက်
ထွက်သွားတာကို ရွာသားတွေမြင်လိုက်ကြသတဲ့ဗျ။
ရွာသားတွေလည်း လူစုပြီးလိုက်သွားချိန်မှာတော့ ကိုကျန်တစ်ယောက်
ဇီးကုန်းက ဇီးပင်တစ်ပင်အောက်မှာ သေနှင့်နေပြီတဲ့ဗျာ။
ကိုယ့်ခြေထောက်ကို ကိုယ် ဇီးပင်အမှတ်နဲ့ ခုတ်ထားတာထင်တယ်
ခြေ နှစ်ဖက်လုံး ပြတ်နေတာတဲ့ဗျ။
ဇီးပင်မှာ ပုဆိန်ထိရာတောင်မရှိဘူးဆိုပဲဗျ။ရွာသးတွေကတော့ သရဲမ ကျော့မေ လက်ချက်ဆိုပြီးမှတ်ချက်ပေးကြတယ်တဲ့ဗျ။
သူတို့အကြောင်းကြားရတော့ ကျွန်တော်တို့လည်းများစွာ စိတ်မကောင်း
ဖြစ်ရတာပေါ့ဗျာ။
ကိုကျန်တို့မိသားစုက သွေးရိုးသားရိုးသေတာလည်း ဖြစ်နိုင်သလို
သရဲမ ကျော့မေ လက်စားချေတာလည်း ဖြစ်နိုင်တာပေါ့ဗျာ။
တိကျတဲ့အဖြေကို ကျွန်တော်တို့နဲ့ အင်းပြင် တစ်ရွာလုံးကမသိကြပေမယ့် သရဲမ ကျော့မေ ကတော့ အသေအချာ သိလ်ိမ့်မယ်ထင်တာပဲ
ဗျာ။
*******************************
ပြီးပါပြီ။
*************************************
လေးစားစွာဖြင့် = wizard
***********************************