စမ်းရေအစိပ်

*စမ်းရေအဆိပ်*📖📖📖
********
****************
စ/ဆုံး
~~~~~~~~~~~~
{၁}

“”ဟာ•••ဗျာ••ဒီကိုလိုက်မလာပါနဲ့ဆိုတာ”””
ဆန်းသစ်ရဲ့စိတ်ပျက်သံကိုမမှုပဲခါးကုန်းကြီးနှင့်
မျက်နှာပေါက်ဆိုးဆိုးလူကြီးမှာ•••
“”သားမနက်ကဘာမှမစားဘူးမှလား
ပိုက်ဆံလည်းပါမသွားဘူးလေ•••
အဲဒါသားများဆာနေမလားလို့”””
“””မလိုဘူး•••ဒီနားကသွားပါတော့ဗျာ•••
ဟိုမှာကျုပ်သူငယ်ချင်းတွေလာနေပြီ”””
“””ပိုက်ဆံတော့ယူလိုက်နော်”””
ဖက်ထုပ်မုန့်လေးနှင့်တစ်ပါတည်းလှမ်းပေးသော
ပိုက်ဆံကိုလှမ်းယူလိုက်ပြီး••
မုန့်ထုပ်ကိုတော့မယူဖြစ်လိုက်ပေ။
ထိုစဉ်သူ့သူငယ်ချင်းများကသူ့အနားရောက်
လာကြသည်။
“”ဆန်းသစ်ဒီအဘိုးကြီးကဘာလဲ”””
“”လမ်းဘေးမှာကွာ•••ငါသနားလို့
မုန့်ပေးနေတာ”””
မြသီတာက•••
“”သနားပါတယ်ဟယ်••••””
ဟုဆိုကာ••ခုဏလေးကမှာ ကျောင်းမုန့်ဆိုင်မှ
ဝယ်လာသောကောက်ညှင်းထုပ်ပူပူလေးကို
လှမ်းပေးလိုက်သည်။
“”စားနော်အဘ••နောက်လည်းဗိုက်ဆာရင်
ဒီဘက်ကိလြာနော်””ဟုဆိုရင်းမုန့ထုပ်အားပေးလိုက်လေသည်။
ခါးကုန်းကြီးက
“”အေးကွယ်^•••သာဓုပါသမီးလေး””ဟုညိုးငယ်စွာဆိုလေသည်။
ဆန်းသစ်က••မလိုလားဟန်ဖြင့်••
“”မြ••အတန်းချိန်နောက်ကျတော့မယ်”””
ဆန်းသစ်ကပြောလိုက်တာမို့မြသီတာမှာအတန်းဘက်ဦးတည်
လိုက်လေသည်။
ဆန်းသစ်မှာဘာမဆိုင်ညာမဆိုင်•••မြသီတာကပင်ကြားကဝင်သနား
နေသေးတာသူလွန်များသွားပြီလားတွေး
မိသေးသည်။သူတို့လှည့်မထွက်ခင်မျက်ဝန်းထောင့်မှ
မျက်ရည်ကြည်ကိုလည်းသတိထားမိပြန်သည်။
သူလောကကြီးကိုနားမလည်သေးမီက
ဒီခါးကုန်းကြီးပေါ်ဆင်ကြီးလုပ်၍စီးဖူးသည်။
လက်ကြမ်းကြီးကိုတွဲလဲခို၍•••
လမ်းအနှံ့ရေသန့်ဗူးခွံပလတ်စတစ်ဘူးခွံ
ကောက်လိုက်ခဲ့ဖူးသည်။
နေလောင်ကွက်တွေထူလဗျစ်နှင့်
မျက်နှာအိုအိုကြီးကိုလည်းတရှိုက်ရှိုက်နမ်းရှုပ်ဖူးသည်။
ကိုယ်တိုင်ပညာမတတ်စေကာမူ
သူ့အသက်ခြောက်နှစ်ပြည့်သည်နှင့်
ရပ်ကွက်အတွင်းမူလတန်းကျောင်းတွင်အပ်ပေးခဲ့သည်။
ကြယ်တွေလတွေအတိုင်းသားမြင်နေရသော
ကျူးကျော်ရပ်ကွက်ကသားအဖနှစ်ယောက်
ကျောတစ်ဆန့်စာ••တဲအိမ်လေးတွေဝမ်းရေးအနိုင်နိုင်
နှင့်ပေမယ့်••ဒီလူကြီးတွင်သူနှင့်
ပတ်သက်၍•••
ရည်ရွယ်ချက်ရှိသည်။ရည်မှန်းချက်ရှိသည်။
ဝါးဆစ်စုဘူးလေးတွေ••
ငွေစကြေးစလေးများကိုဝမ်းရေးထဲမှဖဲ့ကာဖဲ့ကာ
ထည့်လေသည်။
ဒီလိုနဲ့မူလတန်းကျောင်းသားအရွယ်••
ကလေးတစ်ယောက်ဘဝဖြင့်လက်ကြမ်းကြီး
ကိုတွဲလဲခိုဆွဲနေသားကျခဲ့သည်။
မူလတန်းပြီးတော့အလယ်တန်းတခြားရပ်
ကွက်မှာတက်တော့••ပလတ်စတစ်ကောက်ရာ
မလိုက်စေတော့ပေ။
တစ်ခါတစ်လေကျောင်းသို့ရောက်လာတတ်ကာ
မုန့်ထုပ်ကလေးများလာပေး၍မုန့်ဖိုးဟုဆိုကာပိုက်ဆံလေးများလည်း
လာပေးတတ်သည်။
အမိမဲ့သား••ခါးကုန်းကြီးသား•••
ဟူသောလှောင်ရယ်သံများကြား
စာကိုအပတ်တကုတ်ကြိုးစားခဲ့သည်။
ဖြစ်နိုင်လျှင်••ဒီအသိုင်းအဝန်းကြား
ဒီလူကြီးကိုပေါ်မလာစေချင်ပေ။
သို့ပေမယ့်••သူထိုလူကြီးက
သူ့ကိုမေတ္တာမပျက်ခဲ့ပါ။
တစ်နေ့သူရှစ်တန်းအောင်၍••
ပထမဆုရသည်။•••
အတန်းပိုင်ဆရာမကမိဘခေါ်ခဲ့ရန်ပြောတော့
သူစိုးရွံ့သွားမိသည်။သူအိမ်ရောက်တော့
စုဘူးလေးဘေးတွင်ပြုံးပြုံးကြီးနှင့်ထိုလူကြီး
ကိုတွေ့ရသည်။
“”အဖေ”””
သူခေါ်လိုက်တော့
“”သားပြန်လာပြီ••ရေချိုးသား
ထမင်းချက်ထားပြီးပြီ””
ဖြစ်နိုင်ရင်သူ့အပေါ်ဒီထက်ပိုမကောင်းစေချင်။
“”အဖေ””
“”ဘာပြောချင်လို့လဲသား””
“”သားကျောင်းမှာ••ပထမရတယ်”””
“”ဟေ•••ဒါငါ့သားကွ••ဟားဟား”””
ပီတိမျက်နှာကိုကြည့်ကာပြောချင်သော
စကားကလည်ချောင်းဝမှာတစ်နေလေသည်။
“”ဟို••မိဘခေါ်ခဲ့ဖို့ပြောတယ်””
“”ဟာ•••အဖေလိုက်ရမှာပေါ့•••””
“”အဖေ•••ဒါကလေ••သားသူငယ်ချင်းတွေလည်း
လာကြမှာသူတို့အဖေ့ကိုမြင်ရင်”””
စကားကိုရှေ့မဆက်ပေမယ့်သူ့မျက်နှာအနေအထားနှင့်သူ့
သဘောထားကိုဒီလူကြီးသဘောပေါက်ဟန်ရှိလေသည်။
“”သြော်••ဟုတ်သားပဲ့••အဖေ့မှာအဝတ်အစားသစ်မှ
မရှိတာ•••အဖေကခါးကုန်းကြီးလေ••ကဲကဲ••သား
စိတ်မကောင်းမဖြစ်နဲ့ဖေဖေလမ်းထိပ်ကဆိုက်ကား
ဆရာဦးပြေသိမ်းကိုဖေဖေ့ကိုယ်စား
သားဆီလိုက်ဖို့ပြောပေးမယ်••••
ဘာပဲ့ဖြစ်ဖြစ်သားကအဖေ့သားလေ•••
ကဲကဲရေချိုးတော့”””
အဲဒီနေ့ကလူကြမ်းကြီးမျက်ရည်ကျတာ
သူသိပေမယ့်လျစ်လျှူရှုထားမိသည်။
ဆုပေးပွဲနေ့ကလည်းအမှောင်ထောင့်တစ်နေရာကနေ
ငါ့သား•••ငါ့သားရွတ်လျက်မျက်ရည်ကျနေမှာ
သိသည်။
ထိုနေ့မှစ၍•••မှားနေတာသိပေမယ့်•••
အမှားတွေထပ်လာခဲ့တာ•••
ခုတက္ကသိုလ်ရောက်သည်အထိဆိုကား
မမှားပေ။

~~~~~~~~~~~~~~~~

{၂}
“”ဆန်းသစ်••ဆန်းသစ်”””
“”ဟာ••ဟင်”””
တေဇကပခုံးကိုလှုပ်ခေါ်မှသူသတိဝင်လာသည်။
“”ဘာတွေနေတာလဲကွ””
“”မတွေးပါဘူးကွာ”””
“”တွေးပါတယ်ကွာ••တွေးနေတာအကြာကြီးပါ
မှန်မှန်လိမ်စမ်းမြသီတာအကြောင်းမှလား”””
ဆန်းသစ်ငြိမ်နေလိုက်သည်။
ဟုတ်တယ်သူမြသီတာကိုချစ်သည်။
သူ့ဘဝနဲ့မြသီတာကမိုးနဲ့မြေဆိုတာလည်း
သိသည်။•••
သို့ပေမယ့်သူချစ်သည်။
ခုဆိုဘေးလူတွေတောင်ရိပ်မိကုန်ပြီ။
သူမချမ်းသာတာသူငယ်ချင်းတွေသိပေမယ့်
ဆင်းရဲနိမ့်ကျတာမသိပေ။
သူကစန်းတစ်မျိုး•••
ဘယ်လိုပင်ရှောင်ဖယ်ဖယ်နေကြပေမယ့်
သူ့ကိုခင်ကြသည်။
အားလုံးကလူချမ်းသာသားသမီးတွေ။
သူတို့နဲ့ရင်းနှီးခင်မင်လေသူ့ဘဝအမှန်ကို
ပိုမသိစေချင်လေ။သူ့ကိုယ်သူသိမ်ငယ်စိတ်ဝင်လေ
ဖြစ်သည်။••ဟိုနေ့ကအဖေကျောင်းသို့
လိုက်လာတော့သူသွေးပျက်သွားရသည်။
ဒီကြားထဲသူညပိုင်းအလုပ်တစ်ခုရှာတော့
ဆီဆိုင်တွင်အချိန်ပိုင်းအလုပ်ရသည်။
တေဇ၊မြသီတာအပါအဝင်•••
ကောင်းပြည့်၊စိုပြေတို့အဖွဲ့က
ညပိုင်းကျူရှင်ယူပေမယ့်သူကအချိန်
ပိုင်းအလုပ်ဝင်ရသည်။
အိမ်ပြန်ချိန်သည်ညဆယ့်နှစ်နာရီဖြစ်၍
တဲအိမ်ငယ်လေးတွင်ထိုလူကြီးမှာ
မအိပ်ဘဲစောင့်နေနှင့်သည်။
သူရောက်ရင်ပြာပြာသလဲဖြင့်••
ထမင်းပွဲပြင်ကာ
“”သားရေချိုး••အဖေထမင်းစားစောင့်နေတယ်””
“”နေပါစေဗျာ••ကျုပ်မစားချင်တော့ဘူး”””
“”အဖေစောင့်နေတာ”””
“”အဖေ့ကိုဘယ်သူစောင့်ခိုင်းလို့လဲဗျာ•••
ကျုပ်နားချင်ပြီ••ကျောင်းနဲ့အလုပ်
အရမ်းပင်ပန်းလာတာ”””
“”သားပင်ပန်းရင်မလုပ်ပါနဲ့လားသား
အဖေပိုလုပ်မယ်လေ”””
“”ဒါသာမန်အတန်းကျောင်းမဟုတ်ဘူးအဖေ
အဖေ့ပိုက်ဆံတစ်ပဲခြောက်ပြားနဲ့မလုံလောက်
တော့ဘူး ပြီးတော့တစ်ခါတည်းပြောမယ်ဗျာ
ကျုပ်ရှိတဲ့နေရာ••မလာပါနဲ့ဗျာ”””
ထိုညက••ဒီလူကြီး••ထမင်းမစားတော့တာ
သူ့ဘက်ကျောခိုင်းပြီး••မျက်ရည်ကျနေမှာ
သိပေမယ့်သူလျစ်လျှူရှုမိပြန်သည်။
သို့ပေမယ့်
သူ့ကံဇာတာကတက်မြဲ••••
အချိန်ပိုင်းအလုပ်နှင့်တခါတလေကျောင်း
တက်မမှန်တော့သောသူ့ကို
မြသီတာကစာရှင်းပြလေသည်။
ဒီလိုနဲ့••သူနှင့်မြသီတာတို့
ရိုးရိုးလေးချစ်သူဖြစ်ခဲ့ကြသည်။
မြသီတာကချမ်းသာပေမယ့်မာနမကြီး
စိတ်ထားဖြူစင်သည်။
သူ့ကို•••ဆီဆိုင်တွင်မလုပ်စေတော့ပဲ
သူမတို့မိဘတို့ပိုင်လျှပ်စစ်ပစ္စည်းဆိုင်မှာအလုပ်သွင်းပေး
ခဲ့သည်။မြသီတာမိဘတွေလည်းမြသီတာနည်းတူ
သဘောထားပြည့်ဝလာကာ
အလုပ်ကြိုးစား၍ရိုးသားပြသော
သူ့ကို••ဆိုင်ကိုညအိပ်ညနေအပ်လိုက်ရာ
အိမ်မပြန်ဖြစ်တော့ပေ။
ဒီကြားထဲသူ•••
တဲအိမ်ငယ်နှင့်လူကြမ်းကြီးကိုလုံးဝမေ့နေလေသည်။
တစ်နေ့••••
ဆိုင်မှစာရေးမလေးတစ်ယောက်က
“”အစ်ကို•••ဆိုင်ရှေ့မှာခါးကုန်းကြီးတစ်ယောက်
ဖြတ်လျှောက်နေတာကြာပြီ”””
ခါးကုန်းကြီးဆိုတော့ဆန်းသစ်ခါးမတ်ထားရသည်။
“”ကဲ••အစ်ကိုသွားကြည့်လိုက်မယ်”””
တကယ်ပင်•••ထိုလူကြီး•••
သူ့ကိုမြင်တော့•••
“””သား•••••””
ပိန်သွားတာမြင်ပေမယ့်သူမမြင်ချင်ယောင်ဆောင်လိုက်ကာ
လက်တစ်ဖက်အားဆွဲလိုက်ရင်း•••
ထောင့်ကျကျဆိုင်လေးတစ်နေရာဆွဲခေါ်သွားလိုက်ကာ
“””နောက်ဒီလုံးဝပေါ်မလာပါနဲ့””
“”အေဖသားကိုသတိရလို့ပါ”””
“”ကျုပ်မေးမယ်”””
“”အဖေကျုပ်ကိုတကယ်ချစ်လား”””
လူကြမ်းကြီးကစကားမတတ်ရှာ။
မျက်ရည်ကြည်များနှင့်
“”ချစ်တယ်သား”””
“”ဒါဆိုကျုပ်ရှေ့ထပ်ပေါ်မလာပါနဲ့
ကျုပ်အတွက်ငွေတွေစုမနေပါနဲ့အဖေ့ဘာသာ
ကျန်းမာအောင်နေပါ”””
“”ကောင်းပါပြီသားရယ်
သားကိုအဖေတစ်ခါလောက်ဖက်ထားပါရစေ”””
“ကဲပါ••ဖက်••ပြီးရင်ပေါ်မလာနဲ့တော့””””
လူကြီးမှာသူ့ကိုလှမ်းဖက်လိုက်လေသည်။
ရုတ်တရက်သူ့ဘက်လျှောက်လာသော
မြသီတာကြောင့်လူကြီးခန္ဓာကိုယ်ကို
ဆွဲဖယ်လိုက်ကာ
“”မောင်•••ဟင်ဒီအဘက””
ဆန်းသစ်ကအယောင်ယောင်အမှားမှားဖြင့်
“”ဟို•••မောင့်နောက်လိုက်နေ လို့သနား
လို့မုန့်လိုက်ကျွေးတာမြ””
“”ကောင်းပါတယ်မောင်ရဲ့
ဒီလိုစိတ်ကောင်းလေးကြောင့်
မောင့်ကိုပိုချစ်တာ”””
“”ကဲ••ကဲ•••အဘနောက်လည်းဗိုက်ဆာရင်
လာနော်••ကျွန်တော်တို့သွားလိုက်ဦးမယ်”””
ဆန်းသစ်ပြောကာ
မြသီတာလက်ကိုဆွဲကာလှည့်ထွက်လိုက်သည်။
မျက်ရည်ကြည်များနဲ့မျက်ဝန်းနှင့်လူကြမ်း
ကြီးကို•••နောင်တမဲ့စွာကျောခိုင်းမိပြန်သည်။
~~~~~~~~~~~~~~~~~

{၃}

ဇာတ်သိမ်း

       ထိုမှစ၍
ထိုလူကြမ်းကြီးကိုသူ့မျက်စိရှေ့မှာမမြင်ရ
တော့သလိုသူလည်းကျောင်းပြီး၍
ဆိုင်တွင်မန်နေဂျာရာထူးရလေသည်။
ရိုးသားကြိုးစားပြသော
သူ့ကိုမြသီတာမိဘတွေက•••
မြသီတာနှင့်အလွယ်တကူပင်သဘောတူ
ကြည်ဖြူခဲ့သည်။
မိဘမဲ့အဖြစ်ခံယူကာ•••
လူကြမ်းကြီးကိုတကယ်ပင်မေ့ထားခဲ့သည်။
သူထိုလူကြမ်းကြီးကိူသတိရသောနေ့
အဲဒီနေ့ကသူသူဌေးသမက်•••
ကိုယ်ပိုင်ကားစီးနိုင်နေချိန်။
မြသီတာသားယောကျာ်းလေးမွေးသည်ဆိုသော
နေ့။
ရက်ချိန်းထက်စော၍မွေးတာမို့သူ
မြသီတာနားမှာရှိမနေချိန်။
သားယောက်ျားလေးမွေးကြောင်း
အိမ်မှဖုန်းလာတော့သားဟူ
သောအသိက•••သွေးကြောထဲထိစိမ့်ဝင်ကာ
ကြက်သီမွေးညင်းများထလာခဲ့သည်ထိ
ပီတိကဂွမ်းဆီထိလေသည်။
ကားသော့ကိူလှမ်းယူလိုက်ကာ
မျက်နှာကြီးပြုံးဖြီးနေမိသည်။
ရုတ်တရက်ကားရှေ့မှဖြတ်သွားသော
ပလတ်စတစ်ကောက်နေသော
ကလေးငယ်ကိူမြင်တော့ရင်ဘတ်ထဲ
အရာဝတ္ထုကြီးကြီးမားမားနှင့်ဖိချလိုက်သလို•••
လေးလံသွားရသည်။
“”အဖေ”””
လက်ကြမ်းကြီးခါးကုန်းကြီးနှင့်
တစ်လမ်းဝင်တစ်လမ်းထွက်ပလပ်စတစ်ကောက်
လာသောသားအဖနှစ်ဦး
ပုံရိပ်များက••ရုပ်ရှင်အနှေးပြကွက်များသဖွယ်
ပေါ်လာလေသည်။
“”အဖေ•••ငါ့••အဖေ””
မျက်ဝန်းများကမျက်ရည်များဖြင့်ဝေဝါးအသွား
“””ဝုနျးးးးးးဒုနျးးးးးးးအားးးးးးး””””
ကားလေးသည်•••မျက်နှာချင်းဆိုင်မှ•••
ကုန်ကားကြီးနှင့်ခေါင်းချင်းဆိုင်တိုက်ကာ
ရပ်သွားလေသည်။
••••••••
“”‘အဖေ•••အဖေ••”””
သူတဲအိမ်ငယ်ရှေ့ရောက်နေလေသည်။
ခါတိုင်အဖေပျာပျာသလဲကြိုနေကျပါ။
“”သားပြန်လာပြီ••အဖေ”””
ခါးကုန်းကြီးနှင့်ထိုလးကြီးမှာထုံးစံအတိုင်း
ထမင်းဝိုင်းလေးပြင်လျက်
သူ့ကိုစောင့်နေတာဖြစ်မည်။
“”အဖေ”””
သူခေါ်တာကိုလှည့်မကြည့်ဘဲ
မျက်ရည်ကြည်များနှင့်မျက်ဝန်းကငေးမြဲငေးနေလေသည်။
“”အဖေ•••သားလေ
သားကိုစိတ်မဆိုးဘူးလား
သားခေါ်နေတာကြည့်ပါဦးဗျာ”””
အဖေသူ့ကိုစိတ်နာသွားတာလား••••
“””အဖေ•••သားလေအဖေ့စေတနာနားလည်ပြီ
သားနောင်တရပါပြီ••••
အဖေသားကိုဖက်ချင်တယ်ဆိုဖက်လေအဖေ
ကြည့်ပါဦးအဖေရယ်”””
အဖေကသူ့ကိုဂရုပင်မစိုက်ပဲ
ထမင်းဝိုင်းအားလက်မတို့လဲ
စောင်အစုတ်လေးခြံ၍•••
ကွေးနေလေသည်။
သူအဖေ့ဘေးလဲအိပ်လိုက်ကာ
“”အဖေရယ်•••သားကိုနောင်တရခွင့်ပေးပါ
အဖေ့ကိုသားမိုက်သမျှပေးဆပ်ပါရစေ””””
သူစကားတွေအများကြီးတတွတ်တွတ်ပြောနေသော်
လည်းသူ့ကိုလှည့်ပင်မကြည့်။
“”အဖေ••သိလားအဖေ့မှာမြေးလေးရပြီ
အဖေ့ကိုမြတို့အိမ်ခေါ်သွားမယ်
သူတို့လက်မခံရင်မြနဲ့သားဒီခေါ်ခဲ့ပြီး
အဖေ့ကိုပြုစုရင်းတစ်သက်လုံးအတူနေမယ်”””
အဖေကစကားမပြန်ပေမယ့်••••
မနက်ရောက်တော့•••••
သူအဖေ့ကိုနှုတ်ဆက်ကာမြတို့ဆီခဏပြန်မည်။
“”သားပြန်လာခေါ်မယ်နော်••အဖေ့ကို”””
ထူးဆန်းသည်သူလာတုန်းကကားနဲ့ပါ•••
ခုတော့ခြေကျင်လျှောက်နေရသည်။
ကားတားပေမယ့်ဘယ်သူမျှအရေးတယူ
နားမပေးကြ။
သူချွေးတစ်လုံးလုံးနှင့်မြတို့အိမ်ရောက်လာခဲ့သည်။
သူရောက်လာသော်လည်းမည်သူမျှအရေးတယူမခေါ်ကြ။
အဖေ့ဆီသွားတာသိလို့မျာရလား။
သူမြအခန်းထဲလှမ်းဝင်လိုက်သည်။
မွေးဖွားပြီးခါစမြက•••
မျက်ရည်စမ်းစမ်းနဲ့ပါလား••••
မြဘေးမှာသားနီတာရဲလေး
သူမြလက်ကိုလှမ်းကိုင်လိုက်သည်။
လေကိုဆုပ်ကိုင်လိုက်သည့်နှယ်သူ့လက်ကဘာ
မှမထိတွေ့သလိုခံစားရသည်။
ငါဘယ်လိုဖြစ်တာလဲ။
“”မြ•••မြ•••မောင်လေ•••
မောင်မြကိုပြောစရာရှိတယ်•••မြဆီလာဖို့နောက်ကျတာ
တောင်းပန်ပါတယ်”””
မြလည်းအဖေ့လိုပဲသူ့ကိုလှည့်ပင်မကြည့်။
ခဏနေတော့ယောက္ခဝင်လာကာမြလက်ကိုဆုပ်ကိုင်လိုက်ကာ
“”သမီးရယ်••သေတဲ့လူကသေပြီပဲ••••
သမီးသားလေးအတွက်သမီးအားတင်းထားရမယ်”””
မြကမျက်ရည်ဆက်လက်ကျလာကာ
“”သမီးတို့အဖြစ်ကဆိုးလိုက်တာမေမေရယ်
သမီးးလေမောင့်ကိုနောက်ဆုံးမြင်ချင်တယ်”””
သူထိတ်လန့်သွားရသည်။
ယောက္ခမနဲ့မြဘာပြောနေတာလဲ။
ဘယ်သူသေတာလဲ။
“””တရားနဲ့ဖြေပါသမီးရယ်•••
သမီးယောကျာ်းက••••
မျက်နှာတောင်မရှိတော့တာ••ကားကမီးလောင်
ပေါက်ကွဲသွားတာလေ”””
“”မေမေရယ်•••”””
“”သွေးနုနုနဲ့ပေမယ့်သမီးဖြေလို့ရအောင်
ပြောပြတာမေမေ့သမီးက•••
တရားရှိပါတယ်””””
“”အဖြစ်ဆိုးလိုက်တာမောင်ရယ်””
ဆန်းသစ်မှာမယုံနိုင်စွာဖြင့်
“မြ••မောင်ဒီမှာလေ•••မောင်မသေပါဘူး
မောင်ဘာမှမဖြစ်ဘူးလေ••••”ဟုဆိုကာအရူးတစ်ယောက်လိုအော်ဟစ်နေသော်လည်း
ဘယ်သူမှသူ့ကိုမမြင်ကြ
အဖက်မလုပ်ကြတာမို့အဖေ့အိမ်ပြန်ခဲ့လိုက်သည်။
အဖေ•••သား•••သားသေပြီသားကို
ကိုခေါ်ပါအဖေရယ်•••
သားဗိုက်ဆာတယ်•••
အရင်ကလိုထမင်းကျွေးပါဦး••••
သားခေါ်နေတယ်လေအဖေ••••
အဖေသားကိုသိပ်ချစ်တယ်ဆို•••
သားဗိုက်ဆာတယ်ဗျာ••••
သားကိုအရင်ကလိုထွေးပွေ့ပါ••••
သားကိုခွင့်လွတ်ပါအဖေ••••••
သူမည်မျှပင်တစေကာမူ အဖေမကြားတော့လေပြီ။
~~~~~~~~~~~~~~~~~~~~

  The end.

Wrerit’ Mon Mon Khaing
#လေးစားစွာcreditပေးပါသည်

Leave a Reply

Your email address will not be published. Required fields are marked *