စိတ်ချလေတော့ခင်ရေ

စိတ်ချလေတော့ခင်ရေ(စ/ဆုံး)
—————————-
သူ့နာမည်က ခင်မာလွင် မြို့သူအချောအလှလေးပေါ့
စိုးသက်ထွန်းဆိုတဲာ့ရွာကနေကျောင်းသွားတက်တဲ့ ကောင်လေးနဲ့ညားခဲ့တာ သူတို့ရဲ့အချစ်လမ်းကမဖြောင့်ဖြူးခဲ့ဘူး အရာရာကိုအခက်ခဲတွေနဲ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ် စိုးသက်ထွန်းက ရွာသူကြီးရဲ့သားဆိုတော့ငွေရှိတယ်လူရာဝင်တယ် သူ့မိဘတွေ က ပညာတတ်ဖြစ်စေချင်တော့ မြို့ကျောင်းသွားပို့တယ် သူ့အဒေါ်အိမ်ပေါ့ ဒီလိုနဲ့ ခင်မာလွင်ဆိုတဲ့မြို့သူချောချောလေးနဲ့ ချစ်သူဖြစ်ခဲ့ကြတယ် ခင်မာလွင်က တစ်ဦးတည်းသောသမီးရယ် သူ့မိဘတွေက ခြေမွေးမီးမလောင်လက်မွေးမီးမလောင် ပိုးမွေးသလိုမွေးထားတာ အဲဒါကို ခလေးမကတောသားစိုးသက်ထွန်းနဲ့ ချစ်သူတွေဖြစ် ပြီးမိဘတွေသဘောမတူတဲ့ကြားက ချစ်သူနောက်ကောက်ကောက်ပါအောင် လိုက်ပြေးခဲ့တယ်
စိုးသက်ထွန်းရဲ့မိဘတွေက သဘောတူခဲ့ပေမဲ့ ခင်မာလွင်ရဲ့မိဘတွေကတော့ ခါးခါးသီးသီးဖြစ်ခဲ့ကြတယ်
ပြီးတော့ သေခန်းရှင်ခန်းပြတ် အမွေဖြတ်စွန့်လွတ်ခဲ့ကြတယ် ဒါကိုခင်မာလွင်တစ်ယောက် နှလုံးနာအောင်ခံစားနေရပေမဲ့ ချစ်လင်နဲ့အတူနေရသေးတယ်ဆိုတော့ တစ်မျိုးဝမ်းသာခဲ့ရတယ် ဒီလိုနဲ့ရွာမှာ မိဘတွေခွဲပေးတဲ့လယ်ကွက်ကလေးနဲ့ စိုးသက်ထွန်းက မြို့သူမိန်းမအချောအလှကို လင်ဝတ်တရားငါးပါးနဲ့အညီကျွေးမွေးစောင့်ရှောက်ခဲ့တယ်
ရက်လကြာလာတော့သူတို့ရဲ့ဘဝထဲကို မိသားစုရဲ့ဆည်းလည်းလေး ရောက်လာခဲ့တယ် နှစ်ယောက်စလုံးပျော်မဆုံးတပြုံးပြုံးပေါ့ ဒီလိုနဲ့ကိုးလလွယ်ဆယ်လဖွားအချိန်ကို ရောက်လာခဲ့တယ်
အဲဒီညက မိုးလေတွေအရမ်းသည်းတယ် အခန်းထဲက မိန်းမရဲ့ အော်သံညည်းသံကြားနေရတာ စိုးသက်ထွန်းရင်ထဲမကောင်းဘူး ဒါပေမဲ့ သူစိတ်ချယုံကြည်ရတဲ့ရွာထဲကလက်သည် ဒေါ်ဘုမ ရှိနေတော့ သူစိတ်သက်ရာရပြန်တယ် ခဏကြာတော့ ခလေးလေးရဲ့ငိုသံကြားရတယ်
“အဲ့ အဲ့ .အူဝဲအူဝဲ”
“ဟင် ခင် မွေးလို့ရပြီထင်တယ်”ဆိုပြီး အထဲဝင်မယ်အလုပ်လက်သည်ဒေါ်ဘုမက
“ဟဲ့မွေးပြီး စိုးသက်ထွန်းရဲ့ ယောက်ျားလေးတော့”
“ဟာ ဒါဆိုကျုပ်အဖေဖြစ်ပြီပေါ့နော် ဝမ်းသာလိုက်တာ
ဒါနဲ့ကျုပ်မိန်းမရော ဟင် ကျုပ်မိန်းမအဆင်ပြေရဲ့လား”
ဒေါ်ဘုမကခေါင်းငိုက်စိုက်ကျနေရာမှခေါင်းထောင်လာပြီး
“တူလေး စိတ်ထိန်းထားနော် တူ… တူမလေး ဆုံးပြီးတူလေးရဲ့ ဟီးဟီးဟီး”ဒေါ်ဘုမကပြောပြောဆိုဆိုငိုချလိုက်တယ်
“ဗျာ ဟုတ်…. ဟုတ်လို့လားဒေါ်ဘုမရယ် လုပ်ပါဦးကျုပ်ခင်ကို ကြည့်ချင်တယ် ကျုပ်မယုံဘူးဗျာ”
“သါးလေးစိတ်ထိန်းပါကွယ်…. ဟီးဟီးဟီး”
သူကြီးကတော်ဒေါ်တင်မေကပါ သားဖြစ်သူကို ချော့မော့သည် စိုးသက်ထွန်းက မယုံကြည်နိုင်ဘဲ မီးဖွားခန်းသို့ဝင်သွားလိုက်သည်
“ခင်…. ခင်ထပါဦးဟ ဒီမှာခင့်သားလေးနို့ဆာလို့ငိုနေပီ ထကြည့်ပါဦးခင်ရယ်…. ဟီးဟီးဟီး… ”
စိုးသက်ထွန်းမှာ မိန်းမကို ဖက်ကာအရူးမီးဝိုင်း ဖြစ်နေသည်
ကလေးငယ်မှာလည်း တအဲ့အဲ့ငိုနေလေသည်
ခင်မာလွင်မှာ ယောက်ျားနဲ့သားလေးကိုထားခဲ့ပြီး အမှောင်ကမ္ဘာ ဆီသွားနေပေပြီ ဒီလိုနဲ့ စိုးသက်ထွန်းတစ်ယောက် စိတ်လျှော့ကာ ချစ်ဇနီးအပါးမှထွက်လာခဲ့သည် ခင်မာလွင်အလောင်းကို ရွာဓလေ့အတိုင်း2ရက်ထားကာ မြေချလိုက်သည် အလောင်းမြေချသည့်နေ့မှစ၍ ရွာအတွင်းရှိခွေးများ တအူအူ အော်နေကြသည် စိုးသက်ထွန်းအိမ်နားရောက်လျှင်တစ်ခုခုမြင်သလိုထိုးဟောင်ကြသည် ခွေးများဟောင်တာရပ်လျှင် စိုးသက်ထွန်းရဲ့ သားကလေးတအဲ့တအဲ့ငိုတော့သည် ဘယ်လိုမှချော့လို့မရ
တစ်ခါတစ်ခါတခစ်ခစ်ရယ်နေပြန်သည် စိုးသက်ထွန်းမှာ
“ခင် ခင်ရယ် ပြန်လာပြီလား ဒီမှာသားလေးက နို့ဆာနေတာ ခင့်ကိုလည်းသူသိပ်လွမ်းနေတာ”
“ခင်ပြန်လာတယ်ဆိုတာ မောင်သိတယ် ခင်ရယ် မောင့်ဆီဘယ်တော့မှထွက်မသွားပါနဲ့တော့နော်”
စိုးသက်ထွန်းမှာတစ်ယောက်ထဲ စကားပြောနေတော့သည်
အိမ်နီးနားချင်းများက စိုးသက်ထွန်းတစ်ယောက်ရူးနေပီဟုထင်မြင်ကျေးပေးကြသည် ဒီလိုနဲ့ 7ရက်မြောက်နေ့တော့ခလေးသည် ငိုနေတါကနေမရပ်တော့ ငိုရလွန်းလို့အသားတွေပါပြာနေသည် တတ်ကျွမ်းသော လူကြီးသူမများက မိခင်နဲ့ခလေးကိုလိပ်ပြာခွဲပေးကြသည်
ခလေးလေးမှာဘယ်လိုမှအငိုမတိတ် ကြာလာတော့ခလေးမှာမငိုနိုင်တော့ သူကြီးတို့ကစိုးရိမ်လာကာ ခလေးကို ဘုန်းကြီးကျောင်းသို့ချီပြေးသွားကြသည် စပ်စုသူရွာသူရွာသားများလည်း ဘုန်းကြီးကျောင်းအပြည့် လိုက်သွားကြသည် ဘုန်းကြီးကျောင်း အဝင်ပေါက်ရောက်တော့ခလေးကငိုရာကနေတိတ်သွားသည် သူတို့လည်းဘုန်းကြီးကျောင်းပေါ်တက်သွားကာ အကျိုးအကြောင်းရှင်းပြသည် ဘုန်းကြီးက ခင်မာလွင်ကို အမိန့်ပြန်လိုက်သည်
“ဒကာမလေး ခင်မာလွင် ကျောင်းစည်းဝိုင်းထဲသို့ဝင်လို့ရစေ”
ထိုစဉ် ကျောင်းပေါ်မှ ကောင်မလေးတစ်ယောက်တဆတ်ဆတ်တုန်ကာ ငိုနေတော့သည် ဆရာတော် က
“ဒကာမလေး ရောက်ပြီလား”
ကောင်မလေးကခေါင်းငြိမ့်ပြသည်
” အင်းဒါဆိုလည်း ဘုန်းဘုန်းသိချင်တာမေးတော့မယ်
ဒကာမလေးဘာလို့ ခလေးလေးကိုနှောင့်ယှက်တာလဲ”
“တပည့်တော်မ သားလေးကို စိတ်မချလို့ပါ အီးဟီးဟီး”
“ဘာလို့ စိတ်မချတာလဲဒကာမလေးရဲ့ သူ့အဖေတွေအဖိုးအဖွားတွေ စောင့်ရှောက်နေတာဘဲ”
“ဘယ်သူဖြစ်ဖြစ် တပည့်တော်မ စိတ်မချပါဘူးဘုရား သားလေးကို တပည့်တော်မနဲ့အတူခေါ်သွားမှာပါ”
“ဒကာမလေး ခလေးနဲ့ဒကာမလေးကဘဝခြားသွားပြီလေ
ပြီးတော့ဒီခလေးလေးက လူ့ဘဝရဲ့အကောင်းအဆိုးကို မခံစားရသေးဘူး ဘာမှမသိသေးတဲ့ခလေးတစ်ယောက်ကို လူဖြစ်ခွင့်ပေးလိုက်ပါကွယ်”
“မရဘူးဘုရား တပည့်တော်မ သားလေးကို စိတ်မချဘဘုရား”
“အိမ်း ဒကာမလေးက တယ်ပြောရခက်သကိုး ဒကာမလေးရဲ့ခင်ပွန့်ကိုလည်း ညှာတာပေးပါဦး သူကဒကာမလေးကိုလည်း ဆုံးရှုံးရတယ် သားကလေးပါဆုံးရှုံးရဦးမှာဆိုတော့”
ထိုသို့ပြောမှ ခင်မာလွင်အဖြစ်တလဲကောင်မလေးသည် စိုးသက်ထွန်းထံလှည့်လာကာ ငိုနေတော့သည်
“မောင်ရယ် ခင့်ကို ခွင့်လွတ်ပါနော် မောင့်အနားရှိမနေနိုင်တော့လို့ ခွင့်လွတ်ပေးပါရှင်..အီးဟီးဟီး…”
“ခင်ရယ် မောင်ခွင့်လွတ်ပါတယ် သားလေးကိုမောင်လူလားမြောက်အောင်ထိန်းကျောင်းပါလမယ် စိတ်ချပါနော်”
“သားလေးကိုပါခေါ်သွားရင် မောင်ရင်ကျိုးရပါတော့မယ် ခင့်ကိုဆုံးရှုံးရသလို သားလေးကိုမဆုံးရှုံးပါရစေနဲ့နော် ….”
နှစ်ယောက်စလုံ း ငိုကြွေးကာ စကားပြောဆိုနေကြသည်
ကျန်နေသည့်လူများလည်း သူတို့နှစ်ယောက်ကိုကြည့်ကာ မျက်ရည်မဆည်နိုင်ဖြင်ကြရသည် ဆရာတော်က
“ကဲ ခလေးကို ဘယ်သူ့လက်အပ်မလဲ”ဟုခင်မာလွင်ကိုမေးလိုက်သည်
ခင်မာလွင်က စိုးသက်ထွန်းက ိုလက်ညိုးထိုးပြလိုက်သည်
ထို့နောက် “မောင် ခင်စိတ်ချမယ်နော် သားလေးအသက်7နှစ်ပြည့်လို့ ရှင်ပြုပေးရင် ခင့်ကိုပါဖိတ်ကြားအမျှဝေပေးပါနော်”
“ဟုတ်ပါပီခင်ရယ် မောင်ခင့်ကို ကတိပေးပါတယ် သားလေးကို ပညာတတ်ကြီးဖြစ်အောင် မောင်သွန်သင်ဆုံးမထိန်းကျောင်းပါ့မယ်”
“ကဲကဲ ဒါဆိုနှစ်ဦးနှစ်ဘက် အဆင်ပြေပြီဆိုတော့ဒကာမလေးအတွက် ဆွမ်းသွပ်တရားနာပေးကြရအောင် ”
အားလုံးလည်း လည်းဆရာတော်မိန့်သည့်အတိုင်း ပရိတ်တရားနာကာအမျှဝေပေးလိုက်ကြသည် သာဓုခေါ်ပြီးသည်နဲ့ဝင်ပူးခံသည့်မိန်းခလေးမှာ ဘေးပတ်ဝန်းကျင်ကိုကြောင်ကြည့်ကာ ဘာဖြစ်ကြောင်းမေးတော့သည် အားလုံးလည်းဖြစ်ကြောင်းကုန်စင်ကိုရှင်းပြလိုက်သည်
ဒီအဖြစ်ပျက်ဖြစ်ပြီး 7နှစ်ကြာသော် ဦးစိုးသက်ထွန်းကမိဘနှစ်ပါးကိုအမှူးထား၍
သားဖြစ်သူ ထွန်းထွန်းကို ရှင်ပြုပေးလိုက်သည်
ကတိအတိုင်းသားလေး သင်္ကန်း စီးအပြီးတွင် ဇနီးတော်ခဲ့ဖူးသူ ခင်မာလွင်ကိုအမည်တပ်ကာ အမျှပေးဝေလေတော့သည် ထိုစည်သားလေးက
“ဖေဖေဟိုမှာ မိန်းမကြီးတစ်ယောက်သားကိုခေါ်နေတယ် ခဏလောက်ဖက်ထားပါရစေတဲ့”
“ဘယ်မှာလည်းသားရဲ့ ”
“ဟိုမှာလေဖေဖေ ”
“အဲဆိုသွားလိုက် သားလေး အဲဒါသားလေးအရမ်းတွေ့ချင်တဲံသားလေးရဲ့မေမေဘဲ”စိုးသက်ထွန်းပြောရင့်မျက်ရည်ကျလာသည် ထွန်းထွန်းလည်း တခါးပေါက်ဝဆီသွားကာတစ်စုံတစ်ယောက်နဲ့စကားပြောဆိုနေသည် ခဏအကြါတော့ပါးစပ်က “သားသားလုပ်သမျှကုသိုလ်ကို မေမေ့ကိုအမျှပေးဝေပါတယ် အမျှ… အမျှ… အမျှ.. မေမေ”
ဟိုဘက်က သာဓုခေါ်သံကိုတော့ထွန်းထွန်းမှတပါးအခြားလူမကြားနိုင်တော့ပေ ခင်မာလွင်လည်း ကောင်းရာဘုံဝသို့ကူးပြောင်းခဲ့ရပီ
သားလေးထွန်းထွန်းလည်းယခုအခါ သီလသမာဓိပြည့်စုံသော ကျောင်းထိုင်ဆရာတော်ဖြစ်နေပေပြီ စိုးသက်ထွန်းလည်းရပ်ရွာအကျိုးသယ်ပိုးသော ရွာသူကြီးဖြစ်နေပေပီ
…………………………………………………
(ပြီးပါပီရှင့် ခွန်းရဲ့စိတ်ကူးယဉ် ၀တ္ထု ပါ အမှားပါရင် ခွင့်လွတ်ပေးပါရှင့်စာဖတ်ပရိတ်သတ်များကို လေးစားလျှက်)
#ခွန်း