“စုန်းထီးကြီးဦးဘသာနှင့် စုန်းမျိုးတစ်ရာ မောင်မဲဇာ”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် စုန်းမျိုးတစ်ရာ မောင်မဲဇာ”(စ/ဆုံး)
——————————————————————————

အတွဲ(၃) စာစဉ် (၃)

(၁)

ကျုပ်နဲ့ဦးဘသာလည်း အဲဒီရသေ့ကြီးဆီကိုထွက်လာခဲ့ကြတာပေါ့ဗျာ၊ ဦးဘသာကတော့ လွယ်အိတ်အစုတ်ကြီးကို စလွယ်သိုင်းလွယ်ထားပြီးတော့ ကျုပ်ကလည်း အဖေ့ရဲ့လက်ဆွဲတော် ငှက်ကြီးတောင်ဓါးကြီး ကိုင်လို့ပေါ့ဗျာ၊ ကျုပ်တို့လည်း ရွာလမ်းအတိုင်းလျှောက်နေရင် ကြာမှာစိုးတာနဲ့ ရိုးချောင်းကလေးကိုဖြတ်ပြီးတာနဲ့ ကွင်းထဲကဖြတ်လာတာပေါ့ဗျာ။

အနောက်ဘက်တောတန်းက နှစ်လမ်းသွားလို့ရတယ်ဗျ၊ တစ်လမ်းကတော့ ရွာကနေထွက်ပြီးတော့ ရွာကနေ နည်းနည်းဝေးသွားမှာ တောတန်းထဲကိုဖြတ်ဝင်တာပေါ့ဗျာ၊ ဒီလမ်းကတော့ ခရီးပိုဝေးတယ်ဆိုပေမယ့် အဲဒီလမ်းက လုံခြုံတယ်ဗျ၊ နောက်တစ်လမ်းကတော့ ရိုးချောင်းကိုဖြတ်ပြီးတာနဲ့ ဖုန်းဆိုးတောကြီးထဲကနေ သွားတာပဲဗျ၊ အဲဒီလိုသွားရင် သရဲအရမ်းကြမ်းတဲ့ လူစားတဲ့ရေတွင်းကြီးအနားကနေဖြတ်သွားရတယ်၊ ပြီးတော့ ဖက်လိပ်ရွာဟောင်းကို ဖြတ်ရသေးတယ်၊ ပြီးတော့မှ အနောက်ဘက်တောတန်းကိုရောက်တောပေါ့ဗျာ။

ဦးဘသာက ဖုန်းဆိုးတောကိုဖြတ်တော့ ကျုပ်ဖြင့်စိတ်ထဲ ထင့်နေသေးတယ်၊ ဘာလို့လဲဆိုတော့ ဖြတ်ရမယ့်နေရာတွေကလည်း တကယ့်နေရာကြမ်းကြီးတွေမဟုတ်လားဗျာ၊ လူစားတဲ့ရေတွင်းရယ်၊ နောက်ပြီးတော့ ဖက်လိပ်ရွာဟောင်းဆိုတာကလည်း ကျောက်ရောဂါတွေဖြစ်ပြီး သေထားတဲ့လူတွေမှ မနည်းတာပဲ။

ဖုန်းဆိုးတောဆိုတာကတော့ ဘာအပင်မှ သိပ်မပေါက်တဲ့ကွင်းပြင်ကြီးဗျ၊ အပင်ကြီးကြီးမားမားဆိုလို့ ဘာမှကိုမရှိတာ၊ ဒါပေမယ့် မိုးတွင်းဆိုတော့ မြက်ရိုင်းတွေရယ်၊ မြေကြီးမှာကပ်ပေါက်တဲ့ ထိကရုံးလို၊ ဆူးပင်တွေပဲရှိတာဗျ၊ ဦးဘသာက အရှေ့ကနေခပ်မြန်မြန်သွားတာဆိုတော့ ကျုပ်ကလည်း သူ့ကိုမီအောင်လိုက်ရတာပေါ့ဗျာ၊ ခြေထောက်တွေဆိုရင်လည်း ဆူးတွေနဲ့ခြစ်လို့ ပြတ်ရှရာတွေတောင်မနည်းဘူးဗျို့၊ ဦးဘသာကတော့ ဇောနဲ့မို့လို့လားမသိဘူး၊ ခါတိုင်းထက်ပိုမြန်တယ်ဗျာ။

“အဲဒီမောင်မဲဇာဆိုတာ ဘာလဲဦးဘသာ”

“အတော်စွမ်းတဲ့ အောက်လမ်းနည်းတစ်ခုပေါ့ကွာ၊ တို့စုန်းအခေါ် ကောက်သင်းကောက်လို့လည်းခေါ်တယ်၊ သေသွားတဲ့ စုန်းတွေရဲ့ အရိုးတွေကိုတူးပြီးတော့ စုန်းတွေမှာကျန်ခဲ့တဲ့ အစွမ်းတွေစုပေါင်းပြီး အစီအရင်လုပ်တာပေါ့ကွာ”

“ဒါဆို အရင်တုန်းက ဖက်လိပ်ရွာမှာ စုန်းတော်တော်များများရှိခဲ့လို့လား”

“ရှိပါသကောကွာ၊ ခုတောင်ရွာထဲမှာ စုန်းဆိုပေမယ့် စုန်းလို့ဝန်မခံဘဲ ပညာတွေလျှိုထားပြီးတော့ သာမန်လူတွေလိုပဲ နေတဲ့သူတွေရှိတာပဲ၊ အဲဒီလိုလူတွေ သေသွားတဲ့အခါကျတော့ သာမန်လူဆိုပြီးတော့ မြှုပ်လိုက်တာပေါ့ကွာ၊ ပုံမှန်အရတော့ စုန်းသေရင် ပညာပျက်သွားတယ်ဆိုပေမယ့် တစ်ချို့အယူအဆကျတော့ စုန်းသေပေမယ့် အရိုးတွေ၊ ခြင်ဆီတွေ၊ သွားတွေထဲမှာ စုန်းရဲ့အစွမ်းတွေ ခိုအောင်းနေတတ်တယ်လို့ ယုံကြည်ကြတယ်ကွ”

“ဦးဘသာအမေ ဒေါ်ပျင်းကြီးရဲ့ အရိုးကိုများ လာပြီးတူးတာလား”

ဦးဘသာက ခေါင်းခါတယ်ဗျ။

“မဟုတ်ဘူးကွ၊ ငါ့အမေသေတုန်းက လောင်မီးကျပြီးသေတာ၊ ဒီတော့ အရိုးတော့ကျန်မှာမဟုတ်ဘူး၊ သူလာရှာတာက တခြားစုန်းတွေဖြစ်မှာ”

ကျုပ်တို့စကားပြောနေရင်း ရေတွင်းပျက်ကြီးနားကို ရောက်ခဲ့တယ်၊ အဲဒီရေတွင်းကြီးကို လှမ်းတွေ့တာနဲ့ ကျုပ်လည်း ကြက်သီးတွေတဖြင်းဖြင်းထလာတာပဲဗျာ၊ ဦးဘသာပါလို့လားတော့မသိပါဘူး၊ ဘာမှကိုမဖြစ်ဘူးဗျ၊ ဒါနဲ့ ကျုပ်တို့ဖက်လိပ်ရွာကိုဖြတ်ခဲ့တယ်၊ ရွာဆိုပေမယ့် အိမ်တိုင်ငုတ်တွေလောက်ပဲကျန်တော့တာပါ၊ ချုံတွေ၊ သစ်ပင်တွေဖုံးပြီး တောကြီးလိုဖြစ်နေပါပြီ၊ ဒါပေမယ့် ရွာကိုဖြတ်လာရင်း မဲမဲအရိပ်ကြီးတွေ လှစ်ခနဲ လှစ်ခနဲသွားနေတာကို မြင်လိုက်ရတယ်ဗျ၊ ကျုပ်လည်း ဦးသဘာအနောက်ပဲ ကပ်လိုက်လာတာပေါ့၊ နောက်တော့ ချုံတွေက ရှဲခနဲ ရှဲခနဲ နဲ့ လူတိုးသလိုဖြစ်ကုန်တယ်၊ သစ်ပင်သစ်ကိုင်းတွေဆိုရင်လည်း တဖြန်းဖြန်းနဲ့ဗျို့၊ ကျုပ်က ကြောက်သာကြောက်သာဗျ ဒီကောင်တွေကို တွေ့ရမလားဆိုပြီးတော့ လိုက်ကြည့်နေတာ၊ ဒါပေမယ့် ပက်ပင်းမတွေ့ဘူးဗျ၊ ဖြတ်ခနဲ ဖြတ်ခနဲပဲတွေ့ကြရတာ။

“ကြောက်မနေပါနဲ့ကွာ၊ ဒီအချိန်က သူတို့အစာရှာထွက်တဲ့အချိန်ပဲ၊ သူတို့ကိုလိုက်ကြည့်ပြီး ကြောက်မနေနဲ့”

ဖက်လိပ်ရွာဟောင်း တောတန်းကိုဖြတ်ပြီးတော့ အနောက်ဘက်တောတန်းအစကိုရောက်တောပေါ့ဗျာ၊ ဒီအချိန်မှာပဲ အနောက်ဘက်တောတန်းက ချုံပင်တွေက တဝေါဝေါနဲ့ လှုပ်နေတာဗျ။ ကျုပ်တို့အရှေ့ကိုဆက်လျှောက်တော့ အဲဒီချုံပင်တွေထဲကနေပြီးတော့ အရိပ်မည်းကြီးတွေက ဝုန်းခနဲ ဝုန်းခနဲ ထလာပါရော၊ အရိပ်ကြီးတွေ အခုနှစ်ဆယ်လောက်ရှိမယ်ထင်တယ်။

ဦးဘသာက အရိပ်ကြီးတွေအနားမှာရပ်လိုက်တယ်၊ အဲဒီနေရာကလေးက တောတန်းနှစ်ခုအစပ် မြေနေရာပြောင်ပြောင်ကလေးပေါ့ဗျာ၊ ကျုပ်ကိုလည်းတားလိုက်တယ်။

“ဒီကောင်စည်းတားထားတယ်ကွ”

ကျုပ်လည်းငုံ့ကြည့်ပြီး

“ဟုတ်ရဲ့လားဗျာ၊ ကျုပ်တော့ ဘာကိုမှမတွေ့ပါဘူး”

“မြေကြီးကို သေသေချာချာကြည့်အလတ်ကောင်”

ဦးဘသာပြောလို့ ကျုပ်လည်းကုန်းပြီးကြည့်လိုက်တယ်၊ လရောင်ကြောင့် မြေကြီးကို မထင်မရှားလေးမြင်နေရတယ်ဗျ၊ ကျုပ်လည်းကြည့်နေရင်း ထူးဆန်းတာတစ်ခုတွေ့လိုက်ရတယ်၊ အဲဒါကတော့မြေကြီးပေါ်မှာ သဲတစ်ကြောင်း ဖြူးထားတာပဲဗျ။

အဲဒီနေရာက ရှိပြီးသားမြေကြီးက ကျောက်သားဆန်တဲ့မြေကြီးဗျ၊ မြေကြီးက ပြောင်နေပြီးတော့ ကျောက်တုံးလေးတွေပဲရှိတာ၊ အဲဒီမြေအပေါ်မှ သဲဖြူးထားတာက အတိုင်းသားလေးဗျ၊ သေချာကြည့်တော့မှ အတန်းလိုက်ကိုဖြူးထားတာ၊ ကျုပ်လည်း လက်နဲ့မကိုင်ချင်တာနဲ့ တုတ်တစ်ချောင်းကောက်ပြီး အဲဒီသဲစည်းကို ထိုးကြည့်လိုက်တာပေါ့ဗျာ။

“ဝုန်း . . . .”

ကားဘီးပေါက်သလို ဝုန်းခနဲအသံကြီးမြည်ပြီးတော့ ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားတာပဲဗျာ၊ ချုံကြီးတစ်ခုအပေါ် ပက်လက်လန်ပြီးကျသွားလို့သာ အကျမနာတာဗျ၊ ဦးဘသာက မုဆိုးထိုင်ထိုင်ချလိုက်ပြီးတော့ အဲဒီနားက မြေကြီးကို သူ့လက်ဝါးနဲ့အုပ်တယ်ဗျ။

ပြီးတော့ ဘာတွေရွတ်မှန်းမသိဘူး ရွတ်ပြန်ရောဗျာ၊ ဒီအခါ ရှူးရှူးရှဲရှဲအသံတွေထွက်လာပြီးတော့ မြေငလျင်လှုပ်သလို မြေကြီးက တုန်တုန်သွားတယ်၊ နောက်တော့ ကြည့်နေရင်း အဲဒီသဲမှုန်ကလေးတွေက သူ့အလိုလိုစုလာပြီး မြေကြီးပေါ်မှာရှပ်ပြေးနေတာဗျာ၊ မသိရင် ပုရွက်ဆိတ်တန်းကြီးလိုမျိုးပေါ့၊ ပြီးတော့ ဦးဘသာရဲ့ မြေကြီးကိုထိထားတဲ့လက်ကို ဝင်တိုးတော့တာပဲ၊ ခဏအတွင်းမှာ စည်းပျက်သွားတယ်၊ ဦးဘသာလက်မှာလည်း သဲတွေပုံနေတာပေါ့ဗျာ၊ ဦးဘသာက မတ်တပ်ရပ်လိုက်ပြီးတော့ အဲဒီသဲပုံကို ဖနောင့်နဲ့ပေါက်ထည့်လိုက်တယ်ဗျ။

“ရပြီ၊ ငါတို့သွားစို့အလတ်ကောင်၊ ဒီကောင်က စည်းတွေဘာတွေချထားပြီဆိုတော့ တစ်ခုခုလုပ်ဖို့ကြံနေတာပဲဖြစ်မယ်”

ကျုပ်လည်း ဦးဘသာအနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ၊ အနောက်ဘက်တောတန်းကလေးထဲရောက်တော့ လွမ်းစေတီနဲ့ တဲကလေးကိုမြင်နေရပြီဗျ၊ ဒီအချိန်မှာပင် သစ်ပင်သစ်ကိုင်းတွေက တဖြောက်ဖြောက်အသံမြည်ပြီးတော့ သစ်ကိုင်းတွေနိမ့်ဆင်းလာတယ်၊ အဲဒီသစ်ကိုင်းတွေပေါ်က မည်းမည်းအကောင်ကြီးတွေဆင်းလာပြီး ကျုပ်တို့ရှေ့မှာ ပိတ်ရပ်တယ်ဗျ၊ အကောင်နှစ်ဆယ်လောက်တော့ ရှိမယ်ထင်တာပဲ။

ဦးဘသာက ခါးထောက်ပြီးတော့ အဲဒီသရဲကြီးတွေကိုကြည့်ပြီး

“ဟေ့ကောင်တွေ၊ မင်းတို့ဖယ်ရင်ဖယ်၊ မဖယ်ရင် ငါ့အကြောင်းသိမယ်”

ဦးဘသာကြိမ်းလိုက်ပေမယ့် ဒီသရဲကြီးတွေက မဖယ်ပါဘူးဗျာ၊ မထုံတတ်တေးနဲ့ ဆက်ပြီးတော့ ပိတ်ရပ်နေသေးတာ၊ ပြီးတာနဲ့ ဒီကောင်ကြီးတွေက ကျုပ်တို့ဆီကို ခုန်ခုန်ပြီးတော့ ပျံဝင်လာတာပဲဗျာ၊ ဦးဘသာကလည်း အဲဒီအကောင်ကြီးတွေကို လက်ညှိုးနဲ့ပိတ်ပိတ်ထိုးတာဗျ၊ ဦးဘသာလက်ညိုးနဲ့ထိုးခံလိုက်ရတာနဲ့ ဒီအကောင်ကြီးတွေက အနောက်ကိုပေနှစ်ဆယ်လောက်လွင့်ထွက်သွားတာပဲဗျာ၊ အထုပ်ကြီးတစ်ထုပ်လို လွင့်လွင့်သွားပြီးတော့ သစ်ပင်တွေနဲ့ရိုက်၊ သစ်ကိုင်းတွေနဲ့ရိုက်၊ ချုံပုတ်တွေထဲ ပြုတ်ကျနဲ့ပေါ့ဗျာ။

နောက်တော့ ဒီကောင်တွေဆက်ပြီးတက်မလာရဲတော့ဘူးဗျ၊ ဟိုးခပ်ဝေးဝေးက သစ်ပင်တွေနားမှာ ပုန်းပြီးကျုပ်တို့ကို မျက်လုံးအပြူးသားနဲ့ ဝိုင်းကြည့်နေကြတာဗျ၊ သူတို့မျက်လုံးက ကျောက်ဒိုးလောက်အရွယ် ဝိုင်းဝိုင်းကလေးတွေနဲ့၊ ပြီးတော့ မျက်လုံးတွေကလည်း အရောင်တွေထွက်နေတာဆိုတော့ သူတို့ရုပ်တွေကို အတိုင်းသားမြင်နေရတာပေါ့ဗျာ။

ဦးဘသာက ကျုပ်ကိုလက်တို့ပြီးတော့

“လာဟေ့၊ တဲထဲမှာ မီးခွက်အလင်းရောင်တွေ့တယ်၊ ဒီကောင်ဘာတွေကြံစည်နေပြန်ပြီလဲ မသိဘူး”

ကျုပ်တို့လည်း ထန်းလက်မိုးထားတဲ့ တဲကလေးဆီပြေးလာခဲ့တာပေါ့ဗျာ။ တဲကလေးထဲမှာ ရေနံဆီမီးခွက်ထွန်းထားတော့ လင်းနေတာပေါ့ဗျာ၊ တဲကြမ်းပြင်မှာ ဖျာကြီးခင်းပြီးတော့ အဲဒီဖျာကြီးရဲ့ အပေါ်မှာ ရသေ့ကြီးက တက်ထိုင်နေတယ်ဗျ၊ ကျုပ်တို့ကိုမြင်တာနဲ့ အသံနက်ကြီးနဲ့ အော်ပြီးရယ်တော့တာပဲ။

“ဟေ့ကောင်၊ မင်း . . . မင်းဖိုးတူးမဟုတ်လား”

ဦးဘသာက ရသေ့ကြီးကိုကြည့်ပြီးတော့ ပြောတာဗျ၊ ရသေ့ကြီးက ရယ်မောလိုက်ပြီးတော့ ခေါင်းညိတ်ပြတယ်။

“ဖိုးတူး၊ မင်းဒီလိုမလုပ်သင့်ပါဘူးကွာ၊ မင်းလုပ်ရပ်တွေကို ရပ်တန်းကနေရပ်လိုက်စမ်းပါ”

“ဟား၊ ဟား ဒီတစ်ခါတော့ မင်းငါ့ကိုမယှဉ်နိုင်တော့ပါဘူး ဘသာရာ”

ရသေ့ကြီးက အဲဒီလိုပြောပြီးတာနဲ့ သူ့ဘေးနားမှာချထားတဲ့ ဓါးမြှောင်ကို ကောက်ယူလိုက်တယ်ဗျ၊ ပြီးတာနဲ့ ဘာမပြောညာမပြော သူ့ဗိုက်ကြီးကို ထိုးစိုက်ချလိုက်တာပဲဗျာ၊ ကြည့်နေတဲ့ ကျုပ်တို့မှာ ဟာခနဲ၊ ဟင်ခနဲဖြစ်သွားတယ်ဗျ။

ဦးဘသာက တဲပေါ်ကိုလှမ်းတက်ဖို့ ခြေလှမ်းလိုက်တယ်ဆိုရင်ပဲ ဝုန်းခနဲအသံကြီးနဲ့အတူ ဦးဘသာကြီး လွင့်ထွက်သွားပါရောလားဗျာ၊ ကျုပ်လည်း ဦးဘသာကို ပြေးဆွဲထူတာပေါ့။ ဦးဘသာ ခါးနာသွားပုံရတယ်ဗျ၊ ခါးကိုလက်တစ်ဖက်နဲ့ဖိပြီးတော့ အမြန်ထတယ်။

“ဒီ . . . ဒီကောင် တဲကို စည်းချထားတယ်ကွ”

အဲဒီအခါ တဲပေါ်ကနေ ရသေ့ကြီးက အော်ရယ်တယ်ဗျ။

“ဟား၊ ဟား ဘယ်လိုလဲ ဘသာရဲ့၊ ဘုရားတည်ထားတဲ့ အုတ်နီခဲမှုန့်အရသာက ကောင်းရဲ့လားကွ”

“ဒီ . . . ဒီကောင် သိပ်ဥာဏ်များတဲ့အကောင်ပဲကွ၊ ကြည့်စမ်း၊ တဲပတ်ပတ်လည်ကို အုတ်နီခဲမှုန့်တွေဖြူးထားတာ”

ကျုပ်သေချာကြည့်တော့မှ မြေနီနီတွေကို အတန်းလိုက်ကြီးဖြူးထားပြန်တယ်ဗျာ။

“ဒီကောင်က နောက်ဆုံးတို့ရွာကိုလာဖို့ အကြံအစည်လုပ်ထားတာပဲ၊ လွမ်းစေတီနားမှာ စခန်းချတယ်ဆိုတာ လက်စသတ်တော့ ဘုရားတည်ထားတဲ့ အုတ်ကျိုးကိုလိုချင်လို့ကိုးကွ”

ရသေ့ကြီးက သူ့ဗိုက်ကိုသူ ဓါးနဲ့ခွဲလိုက်တယ်ဗျ၊ ဗိုက်ကြီးကွဲသွားတော့ အူတွေဆိုတာ လျှောခနဲထွက်ကျလာပါရော၊ ရသေ့ကြီးက ဦးဘသာကိုကြည့်ရင်း

“ဒါပေါ့ကွ၊ ငါဒီရွာကိုလာလုပ်တယ်ဆိုတာ မင်းကိုလက်စားချေချင်လို့ပဲ ဘသာရေ၊ အခုတော့ မင်းကိုငါလက်စားချေနိုင်ပြီ”

ရသေ့ကြီးက အဲဒီလိုပြောပြီးတော့ ဖျာပေါ်က အဝတ်စကြီးတစ်ခုအပေါ်မှာ ပုံထားတဲ့ အရိုးတွေကိုလက်နဲ့တစ်ဆုပ်ကြီးယူပြီးတော့ ပွင့်နေတဲ့ သူ့ဗိုက်ကြီးထဲကို ထိုးသိပ်ထည့်တာပဲဗျာ။ အူတွေ သွေးတွေဆိုတာက အလိမ်းလိမ်းနဲ့ပေါ့ဗျာ၊ ဗိုက်ပွင့်တာဆိုတော့ တော်ရုံနဲ့မသေဘူးထင်ပါရဲ့၊ ရသေ့ကြီးက အရိုးအပိုင်းအစတွေကို လက်နဲ့ဆုပ်ဆုပ်ပြီးထည့်တာ၊ အရိုးတွေကိုတော့ သေသေချာချာဖြတ်တောက်ထားတဲ့ပုံပဲဗျာ၊ အရိုးတွေအားလုံးက အံစာတုန်းကလေးတွေလောက်ပဲ အရွယ်ရှိတယ်။

သူကောက်ထည့်နေတဲ့အချိန်မှာပဲ ကျုပ်လည်း တဲပေါ်ကိုခုန်တက်လိုက်တာပေါ့ဗျာ၊ ဘုရားမြေက ဦးဘသာကြီးဖြတ်မရပေမယ့် ကျုပ်ကတော့ အလွယ်ပဲဖြတ်လို့ရသွားတယ်ဗျ၊ ရသေ့ကြီးက အံ့ဩသွားပြီးတော့ ကျုပ်ကိုငေးကြည့်နေတာပေါ့။ တဲက အဖြစ်လေးဆောက်ထားတာဆိုတော့ ကျုပ်တက်လိုက်တော့သိမ့်ခနဲ တုန်သွားတာပေါ့ဗျာ၊ ကျုပ်လည်း လက်ထဲက ဓါးကြီးနဲ့ ရသေ့ကြီးကိုခုတ်မယ်ဆိုပြီး ပြေးအလာမှာ တဲခေါင်မိုးကြီးပေါက်ထွက်ပြီးတော့ အကောင်ကြီးတစ်ကောင် ကျလာတာပဲဗျာ။

တစ်ကိုယ်လုံး အမွှေးကြမ်းကြီးတွေနဲ့ လူကြီးတစ်ယောက်ဗျ၊ ကျုပ်ရှေ့ရောက်တော့ ကျုပ်လည်း ကြောက်မနေတော့ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ အဲဒီအကောင်ကြီးကို ဓါးနဲ့လွှဲခုတ်ထည့်လိုက်တာပေါ့ဗျာ၊ အဲဒီအကောင်ကြီးက ဗြုန်းစားကြီး ကျုပ်ရှေ့ကနေပျောက်သွားပါရော၊ ကျုပ်ရဲ့ဓါးချက်လည်း သူ့ကိုလွဲပြီးတော့ တဲရဲ့ဝါးလုံးတိုင်ကိုထိသွားတာပေါ့၊ ဒီအချိန်မှာပဲ ကျုပ်အနောက်ကနေ အဲဒီအကောင်ကြီးက ပေါ်လာတယ်ဗျ၊ သူ့လက်ကြီးနှစ်ဖက်နဲ့ ကျုပ်လက်မောင်းတွေကို သိုင်းဖက်လိုက်တယ်၊ ကျုပ်လည်း အားကုန်ရုန်းပေမယ့် ဒီကောင်ကြီးက အားသန်တော့ ရုန်းမရဘူးပေါ့ဗျာ၊ ရသေ့ကြီးက ကျုပ်ကိုကြည့်ရင်း

“ဟေ့၊ အဲဒီကောင်လေးကို ချုပ်ထားစမ်းကွာ”

သရဲကြီးက ကျုပ်ကိုအတင်းချုပ်တာဗျာ၊ ကျုပ်လည်း လက်က လှုပ်မရတော့ ခြေထောက်တွေနဲ့ကန်၊ ဖနောင့်တွေနဲ့လျှောက်ပြီးပေါက်တော့ အားလွန်ပြီးတော့ ဒီကောင်ကြီးရော ကျုပ်ရော အရှေ့ကိုဟပ်ထိုးလဲကျတာပါပဲဗျာ။

ကျုပ်ကျသွားတာက ဖျာစပ်မှာဗျ၊ ကျုပ်မှောက်ခုံကြီးလဲသွားတော့ ဒီအကောင်ကြီးက ကျုပ်ကိုအတင်းတက်ဖိထားတာဗျ၊ ကျုပ်မှာ မလှုပ်နိုင်ဘူးဗျာ၊ လေးကလည်း တော်တော်လေးတာပဲ၊ ဆန်အိတ်ကြီးသုံးလေးအိတ်ပိနေသလိုကြီးဗျ။

ရသေ့ကြီးက ဖျာပေါ်မှာကျန်နေတဲ့ အရိုးတွေကို ခပ်မြန်မြန်ကောက်ပြီးတော့ သူ့ဗိုက်ထဲကိုထည့်တယ်ဗျ၊ ပြီးတော့ သူ့ကိုယ်ပေါ်က သင်္ကန်းစကြီးကို ချွတ်လိုက်ပြီးတော့ သူ့ဗိုက်ကိုသူ သင်္က်န်းစနဲ့ပတ်တယ်၊ အဲဒီတော့မှ ရသေ့ကြီးရဲ့ ရင်ဘတ်တွေမှာ အင်းတွေဆွဲထားတာကိုတွေ့ရတော့တာပဲ။

ရသေ့ကြီးက မတ်တပ်ရပ်လိုက်တယ်ဗျ၊ အူတွေကတော့ အခွေလိုက်ကျကျန်နေခဲ့တာပဲဗျို့၊ ပြီးတော့ သူ့ရင်ဘတ်တွေကို လက်နဲ့ပုတ်ပြီး အင်းတွေကိုနှိုးတယ်ဗျ။

(၃)

“ဂျိန်း . . . ဂျလိန်း”

ခုနက တိမ်သားအနည်းငယ်ပဲရှိပြီး လသာနေတဲ့ကောင်းကင်ကြီးက ချက်ချင်းဆိုသလိုပဲ တိမ်မည်းကြီးတွေအုပ်ဆိုင်းလာတာဗျ။ ပြီးတော့ လျှပ်စီးတွေလက်ပြီး မိုးတွေလည်းခြိမ်းလာတော့တာပဲ၊ ရသေ့ကြီးရဲ့ ကိုယ်ပေါ်က အင်းတွေက ဖြူဖြူကြီးတွေလင်းလာတယ်၊ ပြီးတော့ ရသေ့ကြီးရဲ့ မျက်လုံးတွေကလည်း အဖြူရောင်အလင်းတွေထွက်လာတယ်ဗျ၊ လေတွေဆိုတာလည်း တဝေါဝေါနဲ့တိုက်တာပဲဗျာ၊ တဲကလေးကိုမိုးထားတဲ့ ထန်းလက်တွေဆိုရင် လေတိုက်လို့ အကုန်လွင့်ထွက်ကုန်တာ၊ တစ်ခုထူးဆန်းတာက လေတွေက ဘေးဘက်ကနေ တိုက်နေတာမဟုတ်ဘူးဗျ၊ အပေါ်ကနေလည်း တိုက်နေတာမဟုတ်ဘူး၊ တဲအောက်ကနေ လေတွေတိုးထွက်လာပြီးတော့ မြေကြီးအောက်ကနေ မိုးပေါ်ကိုပြန်တိုက်နေတာမျိုးဗျ။

ရသေ့ကြီးဝတ်ထားတဲ့ သင်းပိုင်ကြီးဆိုရင် လေတွေလှန်လို့ ဗိုက်ကိုတပ်ကပ်နေတယ်၊ ဖင်ကြီးကလည်း ပြောင်လို့ဗျို့၊ နောက်တော့ ရသေ့ကြီးက အသံနက်ကြီးနဲ့အော်ရယ်ပြီးတော့ ဇက်ကျိုးကျပြီး ဒူးထောက်လျှက်သား ငုတ်တုတ်ကြီးထိုင်ကျသွားတယ်။ ခုနက တိုက်နေတဲ့ လေတွေကတော့ရပ်သွားတယ်ဗျ၊ ဒါပေမယ့် မိုးကောင်ကင်ကြီးကတော့ အုံ့မှိုင်းနေဆဲပဲ၊ လျှပ်စီးတွေတဖြန်းဖြန်းလက်နေပြီးတော့ မိုးတွေ တဂျိန်းဂျိန်းနဲ့ ချိန်းနေဆဲ့ပေါ့ဗျာ။ ကျုပ်အပေါ်ဖိထားတဲ့အကောင်ကြီးကလည်း တဲပေါ်ကနေခုန်ချပြီး ထွက်ပြေးဖို့လုပ်တယ်၊ ဒါပေမယ့် တဲအောက်မှာ ဘုရားအုတ်နီမှုန့်နဲ့ စည်းတားထားတာဆိုတော့ ဒီကောင်ကြီးထွက်ပြေးမရဘဲ စည်းဝိုင်းထဲမှာ ပတ်ပြေးနေတာပေါ့ဗျာ။

ဘာတွေဖြစ်ကုန်သလဲတော့ ကျုပ်လည်းနားလည်ပါဘူးဗျာ၊ ဦးဘသာက ကျုပ်ကိုလှမ်းအော်တယ်။

“အလတ်ကောင်၊ ပြေးတော့ . . . ဒီကိုပြေးလာတော့”

ကျုပ်လည်း ဦးဘသာအော်တော့မှ မတ်တပ်ကောက်ထလိုက်တယ်၊ တဲရဲ့ဝါးလုံးတိုင်မှာ စိုက်ဝင်နေတဲ့ အဖေ့ရဲ့ဓါးကိုပြန်ချွတ်ရတယ်ဗျ၊ ဓါးကလည်းအရေးဆို ကပ်နေပြီး ချွတ်မရဘူးဗျ၊ ဒါနဲ့ ဓါးကိုလက်နှစ်ဖက်နဲ့ သေချာကိုင်ပြီးတော့ ဝါးလုံးတိုင်ကို ခြေထောက်နဲ့ကန်ပြီး ချွတ်ရတာပေါ့ဗျာ။

ခြေထောက်နဲ့အားကန်ယူလိုက်တော့မှ ဓါးကိုချွတ်လို့ရတယ်ဗျ။ ကျုပ်လည်း တဲပေါ်ကလှမ်းအဆင်းမှာ ရသေ့ကြီးကိုနောက်ပြန်လှည့်ကြည့်လိုက်တော့ ရသေ့ကြီးက ခေါင်းကြီးပြန်ထောင်လာတယ်ဗျ၊ မျက်လုံးကြီးကလည်း အရောင်တွေလက်လို့ဗျာ။

ကျုပ်လည်း ကြောက်ကြောက်နဲ့တဲပေါ်ကနေ ခုန်ဆင်းလိုက်တယ်ဆိုရင်ပဲ ဝုန်းခနဲအသံကြီးမြည်ပြီးတော့ တဲတစ်ခုလုံးက ပေါက်ကွဲထွက်သွားတာပဲဗျာ၊ မြေပေါ်ကိုရောက်တော့မှ ကျုပ်လည်း ဦးဘသာအနားကိုသွားရပ်လိုက်တော့တာ၊ ဦးဘသာနဲ့ ကျုပ်နဲ့အံ့ဩပြီးတော့ ငေးကြည့်နေတာပေါ့ဗျာ။

တောတန်းထဲက သစ်ပင်တွေဆိုရင် တဖြန်းဖြန်းနဲ့လှုပ်နေတော့တာပဲဗျာ၊ ပြီးတော့ ခုနက ကျုပ်တို့ကိုတိုက်ခိုက်တဲ့ မဲမဲအကောင်သရဲကြီးတွေက တောတန်းအပြင်ဘက်ကို ပြေးကြတာပဲဗျာ၊ လမ်းမှာ သစ်ပင်တွေ၊ သစ်ကိုင်းတွေ၊ ချုံပုတ်တွေနဲ့တိုက်မိပြီးတော့ တရှဲရှဲနဲ့တောင်မြည်ကုန်တာဗျ။

“မကောင်းတော့ဘူးဟေ့၊ မကောင်းတော့ဘူး၊ ဒီတောထဲက သရဲတွေတောင် အသက်လုပြီးပြေးကြတယ်ဆိုတော့ မကောင်းတော့ဘူး”

ဦးဘသာပြောနေတုန်းရှိသေးတယ်ဗျာ ရသေ့ကြီးက ကျုပ်တို့အနားကို ခုန်ပြီးတော့ထွက်လာတာဗျ၊ သူ့တစ်ကိုယ်လုံးက အသားတွေဆိုတာလည်း မီးသွေးခဲကြီးလို မဲနက်နေပြီးတော့ မျက်လုံးကြီးနှစ်လုံးကတော့ ဖြူဖြူကြီးလင်းနေပါရော၊ ကိုယ်မှာရေးဆွဲထားတဲ့ အင်းတွေကလည်း အဲဒီလိုမျိုးအလင်းရောင်ကြီးတွေ လင်းနေသေးတယ်။

“မောင်မဲဇာ . . . အဲဒါ မောင်မဲဇာဖြစ်သွားပြီကွ”

မောင်မဲဇာကြီးက ကျုပ်တို့ကိုလက်ညှိုးထိုးလိုက်တော့ ရှဲခနဲအသံတွေမြည်ပြီးတော့ သူ့လက်ညှိုးထိပ်ကနေ အမွှေးတိုင်မီး၊ ခြင်ဆေးမီးလို မီးစလေးတွေ အများကြီးထွက်လာတယ်ဗျ။ ဦးဘသာက

“ဟေ့ကောင်ရေ၊ အဲဒါ မီးစက်တွေလွှတ်လိုက်တာကွ၊ ပြေးဟ”

ကျုပ်နဲ့ဦးဘသာလည်း လှည့်ပြေးတော့တာပဲဗျာ၊ မီးစက်တွေက ပျံတာမြန်တယ်၊ ဦးဘသာက အနောက်ကိုလှည့်ပြီးတော့ လက်ဝါးနဲ့တားပြီး ပုတ်ထုတ်လိုက်တော့ အဲဒီမီးပွားကလေးတွေက ကျုပ်တို့ကိုမထိဘဲနဲ့ ဘေးကိုလွင့်ထွက်သွားတယ်ဗျ၊ ဘေးက သစ်ပင်တွေ၊ မြေကြီးတွေကိုထိတာနဲ့ တဝုန်းဝုန်းနဲ့ပေါက်ကွဲတော့တာပဲဗျာ၊ ပေါက်ကွဲတဲ့အသံကတော့ သိပ်မကျယ်ပေမယ့် မီးတောက်ကြီးတွေက ဟုန်းခနဲ ဟုန်းခနဲတောက်ပြီးတော့ အနားမှာရှိတဲ့ချုံပင်တွေ၊ သစ်ပင်တွေကို စွဲလောင်ပါရောဗျာ။

ကျုပ်လည်း ဦးဘသာအနောက်မှာ ရပ်နေလိုက်တယ်၊ ဦးဘသာက မိုးပေါ်ကိုလက်ညှိုးထိုးပြီးတော့ တစ်ခုခုကိုရွတ်လိုက်တာနဲ့ အုံ့မှိုင်းနေတဲ့မိုးတိမ်တောင်တွေကနေ မိုးစက်တွေကျလာတယ်ဗျ၊

“ဟေ့ကောင် ဘသာ၊ ဒီတစ်ခါတော့ မင်းကိုငါနိုင်ပြီ၊ ငါ အနှစ်နှစ်အလလက စုဆောင်းထားခဲ့တဲ့ စုန်းမျိုးတစ်ရာရဲ့ အစွမ်းတွေကို ငါအကုန်ရထားပြီကွ”

“ဟား၊ ဟား၊ ဟား”

ကျုပ်ကလည်း ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးတော့ ဦးဘသာဘေးနားကိုထွက်ခဲ့တာပေါ့ဗျာ၊ မောင်မဲဇာနဲ့ ဦးဘသာက ကျုပ်ကိုနားမလည်သလိုနဲ့ကြည့်နေကြတယ်၊ ကျုပ်က ကျုပ်လက်ထဲက အံစာတုံးအရွယ်လောက်ရှိတဲ့ ဖြူဖြူအတုံးလေးကို ပြလိုက်တယ်ဗျ။

“ကဲ ကြည့်စမ်းပါအုံး မောင်မဲဇာရာ၊ ခင်ဗျားပြောတော့ စုန်းမျိုးတစ်ရာဆိုဗျ”

မောင်မဲဇာက အတော်အံ့ဩသွားတာဗျ၊ နောက်တော့ ကျုပ်ကိုလက်ညှိုးထိုးပြီး

“မင်း . . မင်း အဲဒါကိုဘယ်ကရတာလဲ”

“ဘယ်ကရမလဲဗျ၊ ခင်ဗျားရဲ့သရဲကြီးက ကျုပ်ကိုချုပ်တော့ ကျုပ်လည်း ရုန်းရင်းကန်ရင်းနဲ့ ဖျာအစပ်ကိုကျတယ်မဟုတ်လား၊ အဲဒီမှာ ဖျာစပ်နားမှာ အရိုးတုံးတစ်တုံးတွေ့တာနဲ့ ကျုပ်လည်း အဲဒီအရိုးတုံးကို ပါးစပ်ထဲထည့်ပြီးငုံထားလိုက်တာပဲ”

“မင်း . . . မင်းကိုငါသတ်မယ်”

မောင်မဲဇာလက်ညှိုးထိပ်မှာ အစိမ်းရောင်အလင်းတွေ လင်းသွားတယ်ဗျ၊ ဘာမှတော့မမြင်ရပေမယ့် တစ်ခုခုက ဝှီးခနဲပျံလာတဲ့အသံကြီးကြားရတယ်၊ ဦးဘသာက ကျုပ်အရှေ့မှာပိတ်ရပ်လိုက်ပြီးတော့ အဲဒီပျံလာတဲ့အရာကို လက်ပြန်ပုတ်ထုတ်တာပဲဗျာ၊ အဲဒီအရာက ကျုပ်တို့ဘေးနားခပ်လှမ်းလှမ်းကိုကျပြီးတော့ ဘုန်းခနဲအသံကြီးနဲ့ ဗျောက်အိုးပေါက်သလို ထကွဲတာပဲဗျာ။ ဦးဘသာက ကျုပ်ကိုလှည့်မကြည့်ဘဲ

“မင်းတော်တယ်အလတ်ကောင်၊ ဒီတစ်ခါတော့ မင်းကိုငါချီးကျူးသွားပြီ၊ မောင်မဲဇာကြီးက စုန်းမျိုးတစ်ရာပြည့်မှရပေမယ့် အခုတော့ တစ်ရာမပြည့်တော့ဘူးကွ၊ ဒီတော့ မောင်မဲဇာအစီအရင် မအောင်ဘူးဆိုပါတော့”

“ဒါဆို အစီအရင်မအောင်ရင် ဘာဖြစ်မလဲ ဦးဘသာ”

“ဒါကတော့ လုပ်တဲ့လူအသိဆုံးဖြစ်မှာပေါ့ကွာ”

မောင်မဲဇာက ကျုပ်တို့ကို လက်ညှိုးတွေအတန်တန်ထိုးတယ်ဗျ၊ ဒါပေမယ့် သူ့လက်ညှိုးထိပ်က ဘာမှထွက်မလာတော့ဘူး၊ သူလည်း သူ့ကိုယ်သူမယုံနိုင်ဘဲနဲ့ကြည့်နေတယ်ဗျ။

“မဖြစ်ဘူး၊ ဒါမဖြစ်နိုင်ဘူး၊ အဲဒါ ဟိုကောင်လေးကြောင့်၊ မင်းကိုငါသတ်မယ်”

မောင်မဲဇာက ကြိမ်းမောင်းနေသေးတယ်ဗျာ၊ ဦးဘသာက ခါးထောက်လိုက်ပြီးတော့

“ဖိုးတူး၊ မင်းကိုငါက သနားလို့ မသတ်လိုက်တာနော်၊ အဲဒီကတည်းက မင်းက ဒီပညာတွေကိုစွန့်လွှတ်ပြီးတော့ အေးအေးဆေးဆေးနေသွားရမှာ”

ဦးဘသာပြောပုံအရဆို သူတို့နှစ်ယောက်က အရင်က တစ်ခုခုဖြစ်ခဲ့တဲ့ပုံပဲဗျ၊ မောင်မဲဇာက မျက်နှာမဲကြီးနဲ့ ငိုပါရောဗျာ။

“မဟုတ်ဘူးဘသာ၊ မဟုတ်ဘူး၊ မင်းကိုငါအနိုင်ယူပြမယ်၊ မင်းကိုငါကြိမ်းသေပေါက် အနိုင်ယူပြမယ်ကွ”

ဦးဘသာက သက်ပြင်းချလိုက်ပြီးတော့

“ဒီဘ၀မှာတော့ မဖြစ်နိုင်တော့ပါဘူးသူငယ်ချင်းရာ”

အဲဒီအချိန်မှာပဲ မိုးတွေတဂျိန်းဂျိန်းနဲ့ ထစ်ချုန်းလာတယ်ဗျာ၊ မောင်မဲဇာကြီးက ဦးဘသာဆီကို ပြေးလာတယ်ဗျ၊ ဒါပေမယ့် ကျုပ်တို့အနားကိုမရောက်လိုက်ပါဘူးဗျာ၊ မိုးပေါ်ကနေ ကြေးနီရောင် မီးလုံးကြီးက ပြုတ်ကျလာပြီးတော့ မောင်မဲဇာငယ်ထိပ်ကို တည့်တည့်မှန်သွားပြီးတော့ မောင်မဲဇာကြီးက တုံးလုံးကြီးလဲသွားတာပဲ၊ ပြီးတော့မှ ဂျိန်းခနဲအသံကြီးကို ကျုပ်တို့ကြားလိုက်ရတာ၊ မီးလုံးကြီးပျံတာ မြန်လိုက်တာဗျာ၊ နောက်မှ ဦးဘသာက အဲဒါမိုးကြိုးပစ်တာတဲ့၊ ကျုပ်လည်း အဲဒီတစ်ခါပဲ မိုးကြိုးပစ်တာကို အနီးကပ်မြင်ဖူးတာဗျ။

လဲကျသွားတဲ့ မောင်မဲဇာက မြေကြီးနဲ့ထိပြီးတော့ မီးသွေးခဲအခြောက်တွေလို တစ်စစီကွဲသွားတာပဲဗျာ၊ ကျန်တဲ့အပိုင်းအစတွေကတော့ မီးခိုးတွေတအူအူနဲ့ထွက်နေတာပေါ့။ ဦးဘသာက သက်ပြင်းချပြီးတော့ မောင်မဲဇာကြီးကိုကြည့်တယ်။

“ဖိုးတူးတစ်ယောက် အခုတော့ မီးတူးသွားပြီပေါ့ကွာ”

အဲဒီလိုပြောပြီး လှည့်ထွက်သွားတာပဲဗျာ၊ ခုနက တစ်ပေါက်ပေါက်နဲ့ကျနေတဲ့ မိုးရေစက်တွေက တဖြည်းဖြည်းစိပ်လာပြီးတော့ မကြာခင် မိုးရွာချတာပါပဲဗျာ၊ မောင်မဲဇာရဲ့ မီးစက်လက်နက်ထိလို့ မီးလောင်နေတဲ့ သစ်ပင်တွေ၊ ချုံပင်တွေကတော့ မိုးရေတွေနဲ့ထိတွေ့ပြီးတော့ မီးငြိမ်းသွားတာပေါ့ဗျာ။ ကျုပ်လည်း ကြာကြာမနေရဲတာနဲ့ ဦးဘသာအနောက်ကိုလိုက်လာခဲ့တယ်၊ ကျုပ်တို့အလာတုန်းက တွေ့ခဲ့တဲ့သရဲတွေဆိုရင် အခုတော့ ကြက်ပျောက်ငှက်ပျောက်ပဲဗျ။

ရေတွင်းကြီးနားကိုရောက်တော့ ဦးဘသာက လက်ဝါးဖြန့်တယ်ဗျ၊ ကျုပ်လည်း သူဘာကိုတောင်းသလဲဆိုတာ သိပြီးသွားပါ၊ ကျုပ်လက်ထဲက အရိုးပိုင်းကလေးကို ဦးဘသာကြီးဆီကိုလှမ်းပေးလိုက်တယ်၊ ဦးဘသာက အရိုးပိုင်းကလေးကို လှမ်းယူပြီးတော့ ရေတွင်းဟောင်းကြီးထဲကို ပစ်ထည့်လိုက်တော့တာပါပဲဗျာ။

ကျုပ်တို့ရွာကိုလှမ်းကြည့်လိုက်တော့ ရွာမှာလူတွေက ဆူညံဆူညံဖြစ်နေကြတယ်ဗျ၊ ဘာတွေဖြစ်နေမှန်းတော့မသိပေမယ့် မိုးတွေလေတွေကြားထဲမှာ မီးရောင်တွေကိုမြင်နေရတယ်၊ ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့ ကျုပ်မျက်နှာကိုသူ့လက်ဝါးနဲ့ အသာလေးသပ်လိုက်တယ်ဆိုရင်ပဲ ကျုပ်ခေါင်းတွေလေးလာပြီးတော့ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပါပဲဗျာ။

(၄)

“ဟဲ့အကောင် နင်ကဒီမှာလာအိပ်နေတယ်”

ဖြန်းခနဲအသံနဲ့အတူ ကျုပ်ဇက်ပိုးလည်း ဆစ်ခနဲနာကျင်သွားတာနဲ့ ကျုပ်လည်း လန့်နိုးသွားတယ်၊ မျက်လုံးဖွင့်ကြည့်လိုက်တော့ အမေ့ကိုတွေ့လိုက်တာပဲ၊ အမေက ကျုပ်ကိုကြည့်ရင်း တော်တော်ဒေါသထွက်နေပုံရတယ်။

“ညက နင်ပျောက်လို့ဆိုပြီး ငါတို့မှာရှာလိုက်ရတာ၊ လတ်စသတ်တော့ နင်က ဒီမှာ နင့်မိန်းမနဲ့လာအိပ်နေတာပဲ”

ကျုပ်ဘေးဘီကိုကြည့်လိုက်တော့ ကျုပ်တို့အိမ်နောက်ဘက်က နွားတင်းကုပ်ထဲရောက်နေတာဗျ၊ အမေက ကျုပ်နားရွက်ကိုဆွဲလိမ်ပြီးထသွားတော့ ကျုပ်လည်း သူ့အနောက်ကနေလိုက်ခဲ့ရတာပေါ့ဗျာ၊ အမေ့လက်ကလည်း တော်တော်သန်တာဗျ၊ ကျုပ်နားကိုဆွဲပြီးလိမ်ထားတာဆိုရင် ကျုပ်ရုန်းတာတောင်မှ ရုန်းမရဘူးဗျာ။

အိမ်ရှေ့မှာရေနွေးထိုင်သောက်နေတဲ့ အဖေက ကျုပ်ကိုအံ့ဩတကြီးနဲ့ကြည့်တယ်ဗျ။

“ဟေ့ကောင်၊ ငါတို့က မင်းညကြီးမင်းကြီး ဘယ်ပျောက်သွားသလဲဆိုပြီး ရှာနေတာကွ”

“ဟို . . ဟိုလေ”

“ဘာမှပြောမနေနဲ့၊ တော့်သားက နွားတင်းကုပ်ထဲမှာ နွားမတွေနဲ့သွားအိပ်နေတာ”

“တယ်၊ ဒီကောင်ကတော့ နာတော့မယ်၊ မင်းကဘာဖြစ်လို့ နွားတင်းကုပ်ထဲသွားအိပ်နေတာတုန်းကွ”

ကျုပ်လည်း ဘာပြောရမှန်းမသိတော့ဘူးဗျာ၊ ပြောရင်လည်း သူတို့ယုံမှာမဟုတ်ဘူး။ ဒါနဲ့ပဲ ထုံးစံအတိုင်း မချိသွားဖြဲကလေးလုပ်ပြီးတော့

“ဟို . . ဟို အရမ်းအိပ်ချင်လာတာနဲ့၊ အိပ်ပျော်သွားတာပါ”

ကျုပ်ပြောတော့ အဖေက ကျုပ်ကိုထူးဆန်းသလိုကြည့်တယ်၊ အဖေ့အကြည့်က ကျုပ်ကို “ရူးများနေသလား” ဆိုတဲ့အကြည့်နဲ့ကြည့်တာပါ၊ ဒီအချိန်မှာပဲ အမေ့ရဲ့လက်သီးတွေက ကျုပ်ကျောကုန်းကိုကျလာတယ်ဗျ။

“အိပ်ချင်အိမ်ပေါ်တက်အိပ်ပေါ့ဟဲ့၊ နွားတင်းကုပ်နဲ့ အိမ်နဲ့က ဘယ်လောက်ဝေးတာမှတ်လို့၊ ဒီကောင်လေးကတော့ ရူးကြောင်မူးကြောင်နဲ့ . . .”

ကျုပ်လည်း အမေ့လက်သီးချက်တွေကလွတ်အောင်လို့ အိမ်ပေါ်ကိုပြေးတက်ဖို့လုပ်တော့ လှေကားအတက်အဆင်းမှာ အကိုကြီးနဲ့ဆုံတယ်ဗျ၊ အကိုကြီးက ကျုပ်ကိုအံ့အားတကြီးနဲ့ကြည့်ရင်း

“အလတ်ကောင်၊ မင်းညက ဘယ်ထွက်သွားတာလဲကွ”

အမေက ခါးထောက်ရင်း

“ပြောကိုမပြောချင်တော့ပါဘူးအေ၊ နင့်ညီ ငကြောင်က နွားတင်းကုပ်ထဲသွားအိပ်နေတယ်တော်”

အကိုကြီးက ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်ပြီး ခေါင်းခါတယ်။

“မဟုတ်ပါဘူးအမေရာ၊ ညက ကျုပ်နွားတင်းကုပ်ထဲဝင်ရှာတော့ သူ့ကိုမတွေ့ပါဘူး”

အမေက အကိုကြီးကိုမျက်စောင်းထိုးပြီးတော့

“အောင်မယ်လေး၊ နင်တို့ညီအကိုတွေ အကုန်အတူတူပဲ၊ အလုပ်တစ်ခုခုလုပ်မယ်ဆိုရင် ဘယ်တော့မှ သေသေချာချာမလုပ်ဘူး၊ ရူးကြောင် မူးကြောင်နဲ့ ဘယ်သူ့ဆီက ဗီဇတွေ ပါလာသလဲ မသိပါဘူးတော်”

အမေက ပြောဆိုရင်း အဖေ့ကိုတစ်ချက်ကြည့်လိုက်တော့ အဖေက အမေ့ကိုမျက်နှာလွှဲလိုက်ပြီး ရေနွေးပူတစ်ခွက်ကို တစ်ဖူးဖူးမှုတ်သောက်နေတာပေါ့ဗျာ။ ဒါနဲ့ပဲ ဒီအမှုက ဒီမှာပဲ အဆုံးသတ်သွားတယ်ပေါ့၊ မဆုံးလို့လည်းမရဘူးလေ၊ အခုတောင် မြှားဦးက အဖေ့ဘက်လှည့်လာပြီမဟုတ်လား။

ကျုပ်တို့လယ်ထဲဆင်းလာတော့ ဦးဘသာကြီးကိုတွေ့တယ်၊ ဦးဘသာက အနွေးထည်ကြီးနဲ့ဗျ၊ လူကလည်း မှိုင်လို့။

“ဦးဘသာကြီး နေမကောင်းဘူးလား”

“အေးကွ၊ ငါဖျားနေတယ်”

“ညက မိုးမိလို့နေမှာပေါ့ဗျာ”

ကျုပ်လည်း ပါးစပ်က လှစ်ခနဲထွက်သွားတယ်၊ ဦးဘသာက ကျုပ်ကိုမျက်ရိပ်မျက်ခြည်ပြတယ်၊ ဘေးနားမှာလည်း အငယ်ကောင်တို့၊ အငယ်မတို့က ရှိတယ်မဟုတ်လားဗျာ၊ ကံကောင်းတာက သူတို့လည်း သူတို့အလုပ်နဲ့သူတို့ဆိုတော့ ကျုပ်တို့ပြောနေတာတွေကို မကြားလိုက်ဘူးဗျ။

ကျုပ်လည်း ဦးဘသာအနားကိုကပ်လိုက်တယ်။

“ဖိုးတူးဆိုတာ ဘယ်သူလဲဦးဘသာ”

ဦးဘသာက နှာတစ်ချက်ချေလိုက်သေးတယ်၊ ပြီးတော့ နှာရည်တွေကို သူ့ပုခုံးပေါ်တင်ထားတဲ့ သဘက်ပိုင်းကြီးနဲ့ ရွှတ်ခနဲဆွဲသုတ်လိုက်တယ်ဗျ၊ ပြီးတော့မှ

“ဖိုးတူးဆိုတာ ငါ့အမေရှိစဉ်တုန်းက ငါတို့အိမ်မှာလာနေတဲ့လူတစ်ယောက်ပေါ့ကွာ၊ ငါ့ထက်သုံးလေးနှစ်လောက် ငယ်မယ်ထင်တယ်”

“သူက အမေ့ဆီမှာ ပညာလာသင်တာကွ၊ ဒါပေမယ့် ပညာတတ်တော့ သိပ်ပြီး ရမ်းကားတာပဲကွာ၊ လူတစ်ယောက်ကို ကြည့်မရဘူးဆိုတာနဲ့ နှိပ်စက်ညှင်းပန်းဖို့ ဝန်မလေးတဲ့သူပေါ့၊ အဲဒီမှာ သူညှင်းထားတဲ့လူကို ငါကသနားလို့ ကုပေးလိုက်တော့ သူနဲ့ငါ ရန်ဖြစ်တာပေါ့ကွာ”

“ဒါနဲ့ ရွာကစုန်းတွေရှေ့မှာ တရားဝင်ပညာပြိုင်တာပေါ့ကွာ၊ ရှုံးတဲ့လူကို သတ်ကြေးဆိုပြီး ပြိုင်တာကွ၊ ဖိုးတူးက သူနိုင်မယ်ထင်ပေမယ့် ငါ့အမေက ငါ့ကိုအစောင့်တွေထည့်ပေးထားတာဆိုတော့ တကယ်လည်းပြိုင်ရော ဖိုးတူးငါ့ကိုရှုံးတာပဲပေါ့ကွာ၊ ရှုံးတဲ့လူကို သတ်ရမယ်ဆိုပေမယ့် ဖိုးတူးကို ငါမသတ်ရက်ပါဘူးကွာ၊ ဒါနဲ့ပဲ ငါ့အမေက သူ့ပညာတွေအကုန်ပြန်နှုတ်လိုက်ပြီး၊ သူ့ကိုလွှတ်ပေးလိုက်တာပေါ့”

“ဪ၊ ဒါကြောင့်ကိုး”

“ဒါကို မကျေနပ်တဲ့ဖိုးတူးက ငါ့ကိုရန်ငြိုးဖွဲ့နေတာပဲ၊ စုန်းပညာတွေ မတတ်တော့ဘူးဆိုတော့ အောက်လမ်းလိုင်းဘက်ကို ကူးသွားတယ်ထင်တာပဲကွာ၊ အောက်လမ်းဆိုတာ ပညာထက် အစီအရင်တွေကို အားကိုးရတာမဟုတ်လား၊ အခုလည်း “စုန်းမျိုးတစ်ရာ မောင်မဲဇာ” အစီအရင်ကိုလုပ်ပြီး သူက စုန်းပြန်ဖြစ်ချင်တဲ့သဘောပဲကွ”

“ကျုပ်နားလည်ပါပြီ ဦးဘသာ၊ ဒါကြောင့် ဒီလူကြီးက ရွာကိုလည်းမကျေနပ်တာကိုးဗျ၊ ကျုပ်တို့ခြေတစ်လှမ်းဦးသွားလို့သာပဲဗျို့၊ နည်းနည်းသာနောက်ကျပြီး အဲဒီဖိုးတူးသာ မောင်မဲဇာအစစ်ဖြစ်သွားရင် ကျုပ်တို့ရွာတော့ မတွေးရဲစရာပဲ”

ဦးဘသာက ခေါင်းညိတ်တယ်ဗျ၊ ဖျားနေတာဆိုတော့ သူ့ကြည့်ရတာလည်း မလန်းပါဘူးဗျာ၊ ဒါနဲ့ကျုပ်လည်း ဆေးဆရာကြီးဆီက ဝယ်ထားတဲ့ ဆေးနီမှုန့်ကလေး သူ့ကိုပေးလိုက်တာပေါ့၊ ဦးဘသာကလည်း ကျုပ်ကိုကျေးဇူးတင်တယ်ပေါ့ဗျာ၊ လယ်ထဲဆင်းရင် အခုလိုဆေးနီမှုန့်တွေ၊ သွေးဆေးတွေ ဆောင်သွားရတယ်ဗျ၊ လယ်ထဲတစ်ခုခုထိခိုက်ပြတ်ရှတာဖြစ်ရင် အဲဒီဆေးနီမှုန့်သိပ်ထားရင် သုံးလေးရက်မကြာဘဲပျောက်တယ်ဗျို့။

“ကျုပ်ကိုကျေးဇူးမတင်ပါနဲ့ ဦးဘသာရာ၊ ကျေးဇူးတင်ချင်ရင် ဆေးဆရာဦးမှတ်ကြီးကို ကျေးဇူးတင်စမ်းပါ”

ဦးဘသာက ပြုံးတယ်ဗျ။

“အေးပေါ့ကွာ၊ မှတ်ကြီးက ဆေးကုမတော်ပေမယ့် ဆေးဖော်တာတော့ ပိုင်တယ်မဟုတ်လားကွ ဟား ဟား”

ကျုပ်တို့ရယ်သံတွေက လယ်ကွင်းတွေထဲ ပျံ့လွင့်သွားတာပေါ့ဗျာ၊ အနောက်တောင်အရပ်က တက်လာတဲ့မိုးသားတိမ်လိပ်တွေကလည်း ရွာဖို့တာစူနေပြီပေါ့ဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ #horror

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ စုန္းမ်ိဳးတစ္ရာ ေမာင္မဲဇာ”(စ/ဆုံး)
——————————————————————————

အတြဲ(၃) စာစဥ္ (၃)

(၁)

က်ဳပ္နဲ႔ဦးဘသာလည္း အဲဒီရေသ့ႀကီးဆီကိုထြက္လာခဲ့ၾကတာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ လြယ္အိတ္အစုတ္ႀကီးကို စလြယ္သိုင္းလြယ္ထားၿပီးေတာ့ က်ဳပ္ကလည္း အေဖ့ရဲ႕လက္ဆြဲေတာ္ ငွက္ႀကီးေတာင္ဓါးႀကီး ကိုင္လို႔ေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း ႐ြာလမ္းအတိုင္းေလွ်ာက္ေနရင္ ၾကာမွာစိုးတာနဲ႔ ႐ိုးေခ်ာင္းကေလးကိုျဖတ္ၿပီးတာနဲ႔ ကြင္းထဲကျဖတ္လာတာေပါ့ဗ်ာ။

အေနာက္ဘက္ေတာတန္းက ႏွစ္လမ္းသြားလို႔ရတယ္ဗ်၊ တစ္လမ္းကေတာ့ ႐ြာကေနထြက္ၿပီးေတာ့ ႐ြာကေန နည္းနည္းေဝးသြားမွာ ေတာတန္းထဲကိုျဖတ္ဝင္တာေပါ့ဗ်ာ၊ ဒီလမ္းကေတာ့ ခရီးပိုေဝးတယ္ဆိုေပမယ့္ အဲဒီလမ္းက လုံၿခဳံတယ္ဗ်၊ ေနာက္တစ္လမ္းကေတာ့ ႐ိုးေခ်ာင္းကိုျဖတ္ၿပီးတာနဲ႔ ဖုန္းဆိုးေတာႀကီးထဲကေန သြားတာပဲဗ်၊ အဲဒီလိုသြားရင္ သရဲအရမ္းၾကမ္းတဲ့ လူစားတဲ့ေရတြင္းႀကီးအနားကေနျဖတ္သြားရတယ္၊ ၿပီးေတာ့ ဖက္လိပ္႐ြာေဟာင္းကို ျဖတ္ရေသးတယ္၊ ၿပီးေတာ့မွ အေနာက္ဘက္ေတာတန္းကိုေရာက္ေတာေပါ့ဗ်ာ။

ဦးဘသာက ဖုန္းဆိုးေတာကိုျဖတ္ေတာ့ က်ဳပ္ျဖင့္စိတ္ထဲ ထင့္ေနေသးတယ္၊ ဘာလို႔လဲဆိုေတာ့ ျဖတ္ရမယ့္ေနရာေတြကလည္း တကယ့္ေနရာၾကမ္းႀကီးေတြမဟုတ္လားဗ်ာ၊ လူစားတဲ့ေရတြင္းရယ္၊ ေနာက္ၿပီးေတာ့ ဖက္လိပ္႐ြာေဟာင္းဆိုတာကလည္း ေက်ာက္ေရာဂါေတြျဖစ္ၿပီး ေသထားတဲ့လူေတြမွ မနည္းတာပဲ။

ဖုန္းဆိုးေတာဆိုတာကေတာ့ ဘာအပင္မွ သိပ္မေပါက္တဲ့ကြင္းျပင္ႀကီးဗ်၊ အပင္ႀကီးႀကီးမားမားဆိုလို႔ ဘာမွကိုမရွိတာ၊ ဒါေပမယ့္ မိုးတြင္းဆိုေတာ့ ျမက္႐ိုင္းေတြရယ္၊ ေျမႀကီးမွာကပ္ေပါက္တဲ့ ထိက႐ုံးလို၊ ဆူးပင္ေတြပဲရွိတာဗ်၊ ဦးဘသာက အေရွ႕ကေနခပ္ျမန္ျမန္သြားတာဆိုေတာ့ က်ဳပ္ကလည္း သူ႔ကိုမီေအာင္လိုက္ရတာေပါ့ဗ်ာ၊ ေျခေထာက္ေတြဆိုရင္လည္း ဆူးေတြနဲ႔ျခစ္လို႔ ျပတ္ရွရာေတြေတာင္မနည္းဘူးဗ်ိဳ႕၊ ဦးဘသာကေတာ့ ေဇာနဲ႔မို႔လို႔လားမသိဘူး၊ ခါတိုင္းထက္ပိုျမန္တယ္ဗ်ာ။

“အဲဒီေမာင္မဲဇာဆိုတာ ဘာလဲဦးဘသာ”

“အေတာ္စြမ္းတဲ့ ေအာက္လမ္းနည္းတစ္ခုေပါ့ကြာ၊ တို႔စုန္းအေခၚ ေကာက္သင္းေကာက္လို႔လည္းေခၚတယ္၊ ေသသြားတဲ့ စုန္းေတြရဲ႕ အ႐ိုးေတြကိုတူးၿပီးေတာ့ စုန္းေတြမွာက်န္ခဲ့တဲ့ အစြမ္းေတြစုေပါင္းၿပီး အစီအရင္လုပ္တာေပါ့ကြာ”

“ဒါဆို အရင္တုန္းက ဖက္လိပ္႐ြာမွာ စုန္းေတာ္ေတာ္မ်ားမ်ားရွိခဲ့လို႔လား”

“ရွိပါသေကာကြာ၊ ခုေတာင္႐ြာထဲမွာ စုန္းဆိုေပမယ့္ စုန္းလို႔ဝန္မခံဘဲ ပညာေတြလွ်ိဳထားၿပီးေတာ့ သာမန္လူေတြလိုပဲ ေနတဲ့သူေတြရွိတာပဲ၊ အဲဒီလိုလူေတြ ေသသြားတဲ့အခါက်ေတာ့ သာမန္လူဆိုၿပီးေတာ့ ျမႇဳပ္လိုက္တာေပါ့ကြာ၊ ပုံမွန္အရေတာ့ စုန္းေသရင္ ပညာပ်က္သြားတယ္ဆိုေပမယ့္ တစ္ခ်ိဳ႕အယူအဆက်ေတာ့ စုန္းေသေပမယ့္ အ႐ိုးေတြ၊ ျခင္ဆီေတြ၊ သြားေတြထဲမွာ စုန္းရဲ႕အစြမ္းေတြ ခိုေအာင္းေနတတ္တယ္လို႔ ယုံၾကည္ၾကတယ္ကြ”

“ဦးဘသာအေမ ေဒၚပ်င္းႀကီးရဲ႕ အ႐ိုးကိုမ်ား လာၿပီးတူးတာလား”

ဦးဘသာက ေခါင္းခါတယ္ဗ်။

“မဟုတ္ဘူးကြ၊ ငါ့အေမေသတုန္းက ေလာင္မီးက်ၿပီးေသတာ၊ ဒီေတာ့ အ႐ိုးေတာ့က်န္မွာမဟုတ္ဘူး၊ သူလာရွာတာက တျခားစုန္းေတြျဖစ္မွာ”

က်ဳပ္တို႔စကားေျပာေနရင္း ေရတြင္းပ်က္ႀကီးနားကို ေရာက္ခဲ့တယ္၊ အဲဒီေရတြင္းႀကီးကို လွမ္းေတြ႕တာနဲ႔ က်ဳပ္လည္း ၾကက္သီးေတြတျဖင္းျဖင္းထလာတာပဲဗ်ာ၊ ဦးဘသာပါလို႔လားေတာ့မသိပါဘူး၊ ဘာမွကိုမျဖစ္ဘူးဗ်၊ ဒါနဲ႔ က်ဳပ္တို႔ဖက္လိပ္႐ြာကိုျဖတ္ခဲ့တယ္၊ ႐ြာဆိုေပမယ့္ အိမ္တိုင္ငုတ္ေတြေလာက္ပဲက်န္ေတာ့တာပါ၊ ခ်ဳံေတြ၊ သစ္ပင္ေတြဖုံးၿပီး ေတာႀကီးလိုျဖစ္ေနပါၿပီ၊ ဒါေပမယ့္ ႐ြာကိုျဖတ္လာရင္း မဲမဲအရိပ္ႀကီးေတြ လွစ္ခနဲ လွစ္ခနဲသြားေနတာကို ျမင္လိုက္ရတယ္ဗ်၊ က်ဳပ္လည္း ဦးသဘာအေနာက္ပဲ ကပ္လိုက္လာတာေပါ့၊ ေနာက္ေတာ့ ခ်ဳံေတြက ရွဲခနဲ ရွဲခနဲ နဲ႔ လူတိုးသလိုျဖစ္ကုန္တယ္၊ သစ္ပင္သစ္ကိုင္းေတြဆိုရင္လည္း တျဖန္းျဖန္းနဲ႔ဗ်ိဳ႕၊ က်ဳပ္က ေၾကာက္သာေၾကာက္သာဗ် ဒီေကာင္ေတြကို ေတြ႕ရမလားဆိုၿပီးေတာ့ လိုက္ၾကည့္ေနတာ၊ ဒါေပမယ့္ ပက္ပင္းမေတြ႕ဘူးဗ်၊ ျဖတ္ခနဲ ျဖတ္ခနဲပဲေတြ႕ၾကရတာ။

“ေၾကာက္မေနပါနဲ႔ကြာ၊ ဒီအခ်ိန္က သူတို႔အစာရွာထြက္တဲ့အခ်ိန္ပဲ၊ သူတို႔ကိုလိုက္ၾကည့္ၿပီး ေၾကာက္မေနနဲ႔”

ဖက္လိပ္႐ြာေဟာင္း ေတာတန္းကိုျဖတ္ၿပီးေတာ့ အေနာက္ဘက္ေတာတန္းအစကိုေရာက္ေတာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ အေနာက္ဘက္ေတာတန္းက ခ်ဳံပင္ေတြက တေဝါေဝါနဲ႔ လႈပ္ေနတာဗ်။ က်ဳပ္တို႔အေရွ႕ကိုဆက္ေလွ်ာက္ေတာ့ အဲဒီခ်ဳံပင္ေတြထဲကေနၿပီးေတာ့ အရိပ္မည္းႀကီးေတြက ဝုန္းခနဲ ဝုန္းခနဲ ထလာပါေရာ၊ အရိပ္ႀကီးေတြ အခုႏွစ္ဆယ္ေလာက္ရွိမယ္ထင္တယ္။

ဦးဘသာက အရိပ္ႀကီးေတြအနားမွာရပ္လိုက္တယ္၊ အဲဒီေနရာကေလးက ေတာတန္းႏွစ္ခုအစပ္ ေျမေနရာေျပာင္ေျပာင္ကေလးေပါ့ဗ်ာ၊ က်ဳပ္ကိုလည္းတားလိုက္တယ္။

“ဒီေကာင္စည္းတားထားတယ္ကြ”

က်ဳပ္လည္းငုံ႔ၾကည့္ၿပီး

“ဟုတ္ရဲ႕လားဗ်ာ၊ က်ဳပ္ေတာ့ ဘာကိုမွမေတြ႕ပါဘူး”

“ေျမႀကီးကို ေသေသခ်ာခ်ာၾကည့္အလတ္ေကာင္”

ဦးဘသာေျပာလို႔ က်ဳပ္လည္းကုန္းၿပီးၾကည့္လိုက္တယ္၊ လေရာင္ေၾကာင့္ ေျမႀကီးကို မထင္မရွားေလးျမင္ေနရတယ္ဗ်၊ က်ဳပ္လည္းၾကည့္ေနရင္း ထူးဆန္းတာတစ္ခုေတြ႕လိုက္ရတယ္၊ အဲဒါကေတာ့ေျမႀကီးေပၚမွာ သဲတစ္ေၾကာင္း ျဖဴးထားတာပဲဗ်။

အဲဒီေနရာက ရွိၿပီးသားေျမႀကီးက ေက်ာက္သားဆန္တဲ့ေျမႀကီးဗ်၊ ေျမႀကီးက ေျပာင္ေနၿပီးေတာ့ ေက်ာက္တုံးေလးေတြပဲရွိတာ၊ အဲဒီေျမအေပၚမွ သဲျဖဴးထားတာက အတိုင္းသားေလးဗ်၊ ေသခ်ာၾကည့္ေတာ့မွ အတန္းလိုက္ကိုျဖဴးထားတာ၊ က်ဳပ္လည္း လက္နဲ႔မကိုင္ခ်င္တာနဲ႔ တုတ္တစ္ေခ်ာင္းေကာက္ၿပီး အဲဒီသဲစည္းကို ထိုးၾကည့္လိုက္တာေပါ့ဗ်ာ။

“ဝုန္း . . . .”

ကားဘီးေပါက္သလို ဝုန္းခနဲအသံႀကီးျမည္ၿပီးေတာ့ က်ဳပ္လည္းအေနာက္ကိုလြင့္ထြက္သြားတာပဲဗ်ာ၊ ခ်ဳံႀကီးတစ္ခုအေပၚ ပက္လက္လန္ၿပီးက်သြားလို႔သာ အက်မနာတာဗ်၊ ဦးဘသာက မုဆိုးထိုင္ထိုင္ခ်လိုက္ၿပီးေတာ့ အဲဒီနားက ေျမႀကီးကို သူ႔လက္ဝါးနဲ႔အုပ္တယ္ဗ်။

ၿပီးေတာ့ ဘာေတြ႐ြတ္မွန္းမသိဘူး ႐ြတ္ျပန္ေရာဗ်ာ၊ ဒီအခါ ရႉးရႉးရွဲရွဲအသံေတြထြက္လာၿပီးေတာ့ ေျမငလ်င္လႈပ္သလို ေျမႀကီးက တုန္တုန္သြားတယ္၊ ေနာက္ေတာ့ ၾကည့္ေနရင္း အဲဒီသဲမႈန္ကေလးေတြက သူ႔အလိုလိုစုလာၿပီး ေျမႀကီးေပၚမွာရွပ္ေျပးေနတာဗ်ာ၊ မသိရင္ ပု႐ြက္ဆိတ္တန္းႀကီးလိုမ်ိဳးေပါ့၊ ၿပီးေတာ့ ဦးဘသာရဲ႕ ေျမႀကီးကိုထိထားတဲ့လက္ကို ဝင္တိုးေတာ့တာပဲ၊ ခဏအတြင္းမွာ စည္းပ်က္သြားတယ္၊ ဦးဘသာလက္မွာလည္း သဲေတြပုံေနတာေပါ့ဗ်ာ၊ ဦးဘသာက မတ္တပ္ရပ္လိုက္ၿပီးေတာ့ အဲဒီသဲပုံကို ဖေနာင့္နဲ႔ေပါက္ထည့္လိုက္တယ္ဗ်။

“ရၿပီ၊ ငါတို႔သြားစို႔အလတ္ေကာင္၊ ဒီေကာင္က စည္းေတြဘာေတြခ်ထားၿပီဆိုေတာ့ တစ္ခုခုလုပ္ဖို႔ႀကံေနတာပဲျဖစ္မယ္”

က်ဳပ္လည္း ဦးဘသာအေနာက္ကေနလိုက္ခဲ့တာေပါ့ဗ်ာ၊ အေနာက္ဘက္ေတာတန္းကေလးထဲေရာက္ေတာ့ လြမ္းေစတီနဲ႔ တဲကေလးကိုျမင္ေနရၿပီဗ်၊ ဒီအခ်ိန္မွာပင္ သစ္ပင္သစ္ကိုင္းေတြက တေျဖာက္ေျဖာက္အသံျမည္ၿပီးေတာ့ သစ္ကိုင္းေတြနိမ့္ဆင္းလာတယ္၊ အဲဒီသစ္ကိုင္းေတြေပၚက မည္းမည္းအေကာင္ႀကီးေတြဆင္းလာၿပီး က်ဳပ္တို႔ေရွ႕မွာ ပိတ္ရပ္တယ္ဗ်၊ အေကာင္ႏွစ္ဆယ္ေလာက္ေတာ့ ရွိမယ္ထင္တာပဲ။

ဦးဘသာက ခါးေထာက္ၿပီးေတာ့ အဲဒီသရဲႀကီးေတြကိုၾကည့္ၿပီး

“ေဟ့ေကာင္ေတြ၊ မင္းတို႔ဖယ္ရင္ဖယ္၊ မဖယ္ရင္ ငါ့အေၾကာင္းသိမယ္”

ဦးဘသာႀကိမ္းလိုက္ေပမယ့္ ဒီသရဲႀကီးေတြက မဖယ္ပါဘူးဗ်ာ၊ မထုံတတ္ေတးနဲ႔ ဆက္ၿပီးေတာ့ ပိတ္ရပ္ေနေသးတာ၊ ၿပီးတာနဲ႔ ဒီေကာင္ႀကီးေတြက က်ဳပ္တို႔ဆီကို ခုန္ခုန္ၿပီးေတာ့ ပ်ံဝင္လာတာပဲဗ်ာ၊ ဦးဘသာကလည္း အဲဒီအေကာင္ႀကီးေတြကို လက္ညႇိဳးနဲ႔ပိတ္ပိတ္ထိုးတာဗ်၊ ဦးဘသာလက္ညိဳးနဲ႔ထိုးခံလိုက္ရတာနဲ႔ ဒီအေကာင္ႀကီးေတြက အေနာက္ကိုေပႏွစ္ဆယ္ေလာက္လြင့္ထြက္သြားတာပဲဗ်ာ၊ အထုပ္ႀကီးတစ္ထုပ္လို လြင့္လြင့္သြားၿပီးေတာ့ သစ္ပင္ေတြနဲ႔႐ိုက္၊ သစ္ကိုင္းေတြနဲ႔႐ိုက္၊ ခ်ဳံပုတ္ေတြထဲ ျပဳတ္က်နဲ႔ေပါ့ဗ်ာ။

ေနာက္ေတာ့ ဒီေကာင္ေတြဆက္ၿပီးတက္မလာရဲေတာ့ဘူးဗ်၊ ဟိုးခပ္ေဝးေဝးက သစ္ပင္ေတြနားမွာ ပုန္းၿပီးက်ဳပ္တို႔ကို မ်က္လုံးအျပဴးသားနဲ႔ ဝိုင္းၾကည့္ေနၾကတာဗ်၊ သူတို႔မ်က္လုံးက ေက်ာက္ဒိုးေလာက္အ႐ြယ္ ဝိုင္းဝိုင္းကေလးေတြနဲ႔၊ ၿပီးေတာ့ မ်က္လုံးေတြကလည္း အေရာင္ေတြထြက္ေနတာဆိုေတာ့ သူတို႔႐ုပ္ေတြကို အတိုင္းသားျမင္ေနရတာေပါ့ဗ်ာ။

ဦးဘသာက က်ဳပ္ကိုလက္တို႔ၿပီးေတာ့

“လာေဟ့၊ တဲထဲမွာ မီးခြက္အလင္းေရာင္ေတြ႕တယ္၊ ဒီေကာင္ဘာေတြႀကံစည္ေနျပန္ၿပီလဲ မသိဘူး”

က်ဳပ္တို႔လည္း ထန္းလက္မိုးထားတဲ့ တဲကေလးဆီေျပးလာခဲ့တာေပါ့ဗ်ာ။ တဲကေလးထဲမွာ ေရနံဆီမီးခြက္ထြန္းထားေတာ့ လင္းေနတာေပါ့ဗ်ာ၊ တဲၾကမ္းျပင္မွာ ဖ်ာႀကီးခင္းၿပီးေတာ့ အဲဒီဖ်ာႀကီးရဲ႕ အေပၚမွာ ရေသ့ႀကီးက တက္ထိုင္ေနတယ္ဗ်၊ က်ဳပ္တို႔ကိုျမင္တာနဲ႔ အသံနက္ႀကီးနဲ႔ ေအာ္ၿပီးရယ္ေတာ့တာပဲ။

“ေဟ့ေကာင္၊ မင္း . . . မင္းဖိုးတူးမဟုတ္လား”

ဦးဘသာက ရေသ့ႀကီးကိုၾကည့္ၿပီးေတာ့ ေျပာတာဗ်၊ ရေသ့ႀကီးက ရယ္ေမာလိုက္ၿပီးေတာ့ ေခါင္းညိတ္ျပတယ္။

“ဖိုးတူး၊ မင္းဒီလိုမလုပ္သင့္ပါဘူးကြာ၊ မင္းလုပ္ရပ္ေတြကို ရပ္တန္းကေနရပ္လိုက္စမ္းပါ”

“ဟား၊ ဟား ဒီတစ္ခါေတာ့ မင္းငါ့ကိုမယွဥ္ႏိုင္ေတာ့ပါဘူး ဘသာရာ”

ရေသ့ႀကီးက အဲဒီလိုေျပာၿပီးတာနဲ႔ သူ႔ေဘးနားမွာခ်ထားတဲ့ ဓါးေျမႇာင္ကို ေကာက္ယူလိုက္တယ္ဗ်၊ ၿပီးတာနဲ႔ ဘာမေျပာညာမေျပာ သူ႔ဗိုက္ႀကီးကို ထိုးစိုက္ခ်လိုက္တာပဲဗ်ာ၊ ၾကည့္ေနတဲ့ က်ဳပ္တို႔မွာ ဟာခနဲ၊ ဟင္ခနဲျဖစ္သြားတယ္ဗ်။

ဦးဘသာက တဲေပၚကိုလွမ္းတက္ဖို႔ ေျခလွမ္းလိုက္တယ္ဆိုရင္ပဲ ဝုန္းခနဲအသံႀကီးနဲ႔အတူ ဦးဘသာႀကီး လြင့္ထြက္သြားပါေရာလားဗ်ာ၊ က်ဳပ္လည္း ဦးဘသာကို ေျပးဆြဲထူတာေပါ့။ ဦးဘသာ ခါးနာသြားပုံရတယ္ဗ်၊ ခါးကိုလက္တစ္ဖက္နဲ႔ဖိၿပီးေတာ့ အျမန္ထတယ္။

“ဒီ . . . ဒီေကာင္ တဲကို စည္းခ်ထားတယ္ကြ”

အဲဒီအခါ တဲေပၚကေန ရေသ့ႀကီးက ေအာ္ရယ္တယ္ဗ်။

“ဟား၊ ဟား ဘယ္လိုလဲ ဘသာရဲ႕၊ ဘုရားတည္ထားတဲ့ အုတ္နီခဲမႈန႔္အရသာက ေကာင္းရဲ႕လားကြ”

“ဒီ . . . ဒီေကာင္ သိပ္ဥာဏ္မ်ားတဲ့အေကာင္ပဲကြ၊ ၾကည့္စမ္း၊ တဲပတ္ပတ္လည္ကို အုတ္နီခဲမႈန႔္ေတြျဖဴးထားတာ”

က်ဳပ္ေသခ်ာၾကည့္ေတာ့မွ ေျမနီနီေတြကို အတန္းလိုက္ႀကီးျဖဴးထားျပန္တယ္ဗ်ာ။

“ဒီေကာင္က ေနာက္ဆုံးတို႔႐ြာကိုလာဖို႔ အႀကံအစည္လုပ္ထားတာပဲ၊ လြမ္းေစတီနားမွာ စခန္းခ်တယ္ဆိုတာ လက္စသတ္ေတာ့ ဘုရားတည္ထားတဲ့ အုတ္က်ိဳးကိုလိုခ်င္လို႔ကိုးကြ”

ရေသ့ႀကီးက သူ႔ဗိုက္ကိုသူ ဓါးနဲ႔ခြဲလိုက္တယ္ဗ်၊ ဗိုက္ႀကီးကြဲသြားေတာ့ အူေတြဆိုတာ ေလွ်ာခနဲထြက္က်လာပါေရာ၊ ရေသ့ႀကီးက ဦးဘသာကိုၾကည့္ရင္း

“ဒါေပါ့ကြ၊ ငါဒီ႐ြာကိုလာလုပ္တယ္ဆိုတာ မင္းကိုလက္စားေခ်ခ်င္လို႔ပဲ ဘသာေရ၊ အခုေတာ့ မင္းကိုငါလက္စားေခ်ႏိုင္ၿပီ”

ရေသ့ႀကီးက အဲဒီလိုေျပာၿပီးေတာ့ ဖ်ာေပၚက အဝတ္စႀကီးတစ္ခုအေပၚမွာ ပုံထားတဲ့ အ႐ိုးေတြကိုလက္နဲ႔တစ္ဆုပ္ႀကီးယူၿပီးေတာ့ ပြင့္ေနတဲ့ သူ႔ဗိုက္ႀကီးထဲကို ထိုးသိပ္ထည့္တာပဲဗ်ာ။ အူေတြ ေသြးေတြဆိုတာက အလိမ္းလိမ္းနဲ႔ေပါ့ဗ်ာ၊ ဗိုက္ပြင့္တာဆိုေတာ့ ေတာ္႐ုံနဲ႔မေသဘူးထင္ပါရဲ႕၊ ရေသ့ႀကီးက အ႐ိုးအပိုင္းအစေတြကို လက္နဲ႔ဆုပ္ဆုပ္ၿပီးထည့္တာ၊ အ႐ိုးေတြကိုေတာ့ ေသေသခ်ာခ်ာျဖတ္ေတာက္ထားတဲ့ပုံပဲဗ်ာ၊ အ႐ိုးေတြအားလုံးက အံစာတုန္းကေလးေတြေလာက္ပဲ အ႐ြယ္ရွိတယ္။

သူေကာက္ထည့္ေနတဲ့အခ်ိန္မွာပဲ က်ဳပ္လည္း တဲေပၚကိုခုန္တက္လိုက္တာေပါ့ဗ်ာ၊ ဘုရားေျမက ဦးဘသာႀကီးျဖတ္မရေပမယ့္ က်ဳပ္ကေတာ့ အလြယ္ပဲျဖတ္လို႔ရသြားတယ္ဗ်၊ ရေသ့ႀကီးက အံ့ဩသြားၿပီးေတာ့ က်ဳပ္ကိုေငးၾကည့္ေနတာေပါ့။ တဲက အျဖစ္ေလးေဆာက္ထားတာဆိုေတာ့ က်ဳပ္တက္လိုက္ေတာ့သိမ့္ခနဲ တုန္သြားတာေပါ့ဗ်ာ၊ က်ဳပ္လည္း လက္ထဲက ဓါးႀကီးနဲ႔ ရေသ့ႀကီးကိုခုတ္မယ္ဆိုၿပီး ေျပးအလာမွာ တဲေခါင္မိုးႀကီးေပါက္ထြက္ၿပီးေတာ့ အေကာင္ႀကီးတစ္ေကာင္ က်လာတာပဲဗ်ာ။

တစ္ကိုယ္လုံး အေမႊးၾကမ္းႀကီးေတြနဲ႔ လူႀကီးတစ္ေယာက္ဗ်၊ က်ဳပ္ေရွ႕ေရာက္ေတာ့ က်ဳပ္လည္း ေၾကာက္မေနေတာ့ဘဲ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီးေတာ့ အဲဒီအေကာင္ႀကီးကို ဓါးနဲ႔လႊဲခုတ္ထည့္လိုက္တာေပါ့ဗ်ာ၊ အဲဒီအေကာင္ႀကီးက ျဗဳန္းစားႀကီး က်ဳပ္ေရွ႕ကေနေပ်ာက္သြားပါေရာ၊ က်ဳပ္ရဲ႕ဓါးခ်က္လည္း သူ႔ကိုလြဲၿပီးေတာ့ တဲရဲ႕ဝါးလုံးတိုင္ကိုထိသြားတာေပါ့၊ ဒီအခ်ိန္မွာပဲ က်ဳပ္အေနာက္ကေန အဲဒီအေကာင္ႀကီးက ေပၚလာတယ္ဗ်၊ သူ႔လက္ႀကီးႏွစ္ဖက္နဲ႔ က်ဳပ္လက္ေမာင္းေတြကို သိုင္းဖက္လိုက္တယ္၊ က်ဳပ္လည္း အားကုန္႐ုန္းေပမယ့္ ဒီေကာင္ႀကီးက အားသန္ေတာ့ ႐ုန္းမရဘူးေပါ့ဗ်ာ၊ ရေသ့ႀကီးက က်ဳပ္ကိုၾကည့္ရင္း

“ေဟ့၊ အဲဒီေကာင္ေလးကို ခ်ဳပ္ထားစမ္းကြာ”

သရဲႀကီးက က်ဳပ္ကိုအတင္းခ်ဳပ္တာဗ်ာ၊ က်ဳပ္လည္း လက္က လႈပ္မရေတာ့ ေျခေထာက္ေတြနဲ႔ကန္၊ ဖေနာင့္ေတြနဲ႔ေလွ်ာက္ၿပီးေပါက္ေတာ့ အားလြန္ၿပီးေတာ့ ဒီေကာင္ႀကီးေရာ က်ဳပ္ေရာ အေရွ႕ကိုဟပ္ထိုးလဲက်တာပါပဲဗ်ာ။

က်ဳပ္က်သြားတာက ဖ်ာစပ္မွာဗ်၊ က်ဳပ္ေမွာက္ခုံႀကီးလဲသြားေတာ့ ဒီအေကာင္ႀကီးက က်ဳပ္ကိုအတင္းတက္ဖိထားတာဗ်၊ က်ဳပ္မွာ မလႈပ္ႏိုင္ဘူးဗ်ာ၊ ေလးကလည္း ေတာ္ေတာ္ေလးတာပဲ၊ ဆန္အိတ္ႀကီးသုံးေလးအိတ္ပိေနသလိုႀကီးဗ်။

ရေသ့ႀကီးက ဖ်ာေပၚမွာက်န္ေနတဲ့ အ႐ိုးေတြကို ခပ္ျမန္ျမန္ေကာက္ၿပီးေတာ့ သူ႔ဗိုက္ထဲကိုထည့္တယ္ဗ်၊ ၿပီးေတာ့ သူ႔ကိုယ္ေပၚက သကၤန္းစႀကီးကို ခြၽတ္လိုက္ၿပီးေတာ့ သူ႔ဗိုက္ကိုသူ သကၤ္န္းစနဲ႔ပတ္တယ္၊ အဲဒီေတာ့မွ ရေသ့ႀကီးရဲ႕ ရင္ဘတ္ေတြမွာ အင္းေတြဆြဲထားတာကိုေတြ႕ရေတာ့တာပဲ။

ရေသ့ႀကီးက မတ္တပ္ရပ္လိုက္တယ္ဗ်၊ အူေတြကေတာ့ အေခြလိုက္က်က်န္ေနခဲ့တာပဲဗ်ိဳ႕၊ ၿပီးေတာ့ သူ႔ရင္ဘတ္ေတြကို လက္နဲ႔ပုတ္ၿပီး အင္းေတြကိုႏႈိးတယ္ဗ်။

(၃)

“ဂ်ိန္း . . . ဂ်လိန္း”

ခုနက တိမ္သားအနည္းငယ္ပဲရွိၿပီး လသာေနတဲ့ေကာင္းကင္ႀကီးက ခ်က္ခ်င္းဆိုသလိုပဲ တိမ္မည္းႀကီးေတြအုပ္ဆိုင္းလာတာဗ်။ ၿပီးေတာ့ လွ်ပ္စီးေတြလက္ၿပီး မိုးေတြလည္းၿခိမ္းလာေတာ့တာပဲ၊ ရေသ့ႀကီးရဲ႕ ကိုယ္ေပၚက အင္းေတြက ျဖဴျဖဴႀကီးေတြလင္းလာတယ္၊ ၿပီးေတာ့ ရေသ့ႀကီးရဲ႕ မ်က္လုံးေတြကလည္း အျဖဴေရာင္အလင္းေတြထြက္လာတယ္ဗ်၊ ေလေတြဆိုတာလည္း တေဝါေဝါနဲ႔တိုက္တာပဲဗ်ာ၊ တဲကေလးကိုမိုးထားတဲ့ ထန္းလက္ေတြဆိုရင္ ေလတိုက္လို႔ အကုန္လြင့္ထြက္ကုန္တာ၊ တစ္ခုထူးဆန္းတာက ေလေတြက ေဘးဘက္ကေန တိုက္ေနတာမဟုတ္ဘူးဗ်၊ အေပၚကေနလည္း တိုက္ေနတာမဟုတ္ဘူး၊ တဲေအာက္ကေန ေလေတြတိုးထြက္လာၿပီးေတာ့ ေျမႀကီးေအာက္ကေန မိုးေပၚကိုျပန္တိုက္ေနတာမ်ိဳးဗ်။

ရေသ့ႀကီးဝတ္ထားတဲ့ သင္းပိုင္ႀကီးဆိုရင္ ေလေတြလွန္လို႔ ဗိုက္ကိုတပ္ကပ္ေနတယ္၊ ဖင္ႀကီးကလည္း ေျပာင္လို႔ဗ်ိဳ႕၊ ေနာက္ေတာ့ ရေသ့ႀကီးက အသံနက္ႀကီးနဲ႔ေအာ္ရယ္ၿပီးေတာ့ ဇက္က်ိဳးက်ၿပီး ဒူးေထာက္လွ်က္သား ငုတ္တုတ္ႀကီးထိုင္က်သြားတယ္။ ခုနက တိုက္ေနတဲ့ ေလေတြကေတာ့ရပ္သြားတယ္ဗ်၊ ဒါေပမယ့္ မိုးေကာင္ကင္ႀကီးကေတာ့ အုံ႔မႈိင္းေနဆဲပဲ၊ လွ်ပ္စီးေတြတျဖန္းျဖန္းလက္ေနၿပီးေတာ့ မိုးေတြ တဂ်ိန္းဂ်ိန္းနဲ႔ ခ်ိန္းေနဆဲ့ေပါ့ဗ်ာ။ က်ဳပ္အေပၚဖိထားတဲ့အေကာင္ႀကီးကလည္း တဲေပၚကေနခုန္ခ်ၿပီး ထြက္ေျပးဖို႔လုပ္တယ္၊ ဒါေပမယ့္ တဲေအာက္မွာ ဘုရားအုတ္နီမႈန႔္နဲ႔ စည္းတားထားတာဆိုေတာ့ ဒီေကာင္ႀကီးထြက္ေျပးမရဘဲ စည္းဝိုင္းထဲမွာ ပတ္ေျပးေနတာေပါ့ဗ်ာ။

ဘာေတြျဖစ္ကုန္သလဲေတာ့ က်ဳပ္လည္းနားလည္ပါဘူးဗ်ာ၊ ဦးဘသာက က်ဳပ္ကိုလွမ္းေအာ္တယ္။

“အလတ္ေကာင္၊ ေျပးေတာ့ . . . ဒီကိုေျပးလာေတာ့”

က်ဳပ္လည္း ဦးဘသာေအာ္ေတာ့မွ မတ္တပ္ေကာက္ထလိုက္တယ္၊ တဲရဲ႕ဝါးလုံးတိုင္မွာ စိုက္ဝင္ေနတဲ့ အေဖ့ရဲ႕ဓါးကိုျပန္ခြၽတ္ရတယ္ဗ်၊ ဓါးကလည္းအေရးဆို ကပ္ေနၿပီး ခြၽတ္မရဘူးဗ်၊ ဒါနဲ႔ ဓါးကိုလက္ႏွစ္ဖက္နဲ႔ ေသခ်ာကိုင္ၿပီးေတာ့ ဝါးလုံးတိုင္ကို ေျခေထာက္နဲ႔ကန္ၿပီး ခြၽတ္ရတာေပါ့ဗ်ာ။

ေျခေထာက္နဲ႔အားကန္ယူလိုက္ေတာ့မွ ဓါးကိုခြၽတ္လို႔ရတယ္ဗ်။ က်ဳပ္လည္း တဲေပၚကလွမ္းအဆင္းမွာ ရေသ့ႀကီးကိုေနာက္ျပန္လွည့္ၾကည့္လိုက္ေတာ့ ရေသ့ႀကီးက ေခါင္းႀကီးျပန္ေထာင္လာတယ္ဗ်၊ မ်က္လုံးႀကီးကလည္း အေရာင္ေတြလက္လို႔ဗ်ာ။

က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔တဲေပၚကေန ခုန္ဆင္းလိုက္တယ္ဆိုရင္ပဲ ဝုန္းခနဲအသံႀကီးျမည္ၿပီးေတာ့ တဲတစ္ခုလုံးက ေပါက္ကြဲထြက္သြားတာပဲဗ်ာ၊ ေျမေပၚကိုေရာက္ေတာ့မွ က်ဳပ္လည္း ဦးဘသာအနားကိုသြားရပ္လိုက္ေတာ့တာ၊ ဦးဘသာနဲ႔ က်ဳပ္နဲ႔အံ့ဩၿပီးေတာ့ ေငးၾကည့္ေနတာေပါ့ဗ်ာ။

ေတာတန္းထဲက သစ္ပင္ေတြဆိုရင္ တျဖန္းျဖန္းနဲ႔လႈပ္ေနေတာ့တာပဲဗ်ာ၊ ၿပီးေတာ့ ခုနက က်ဳပ္တို႔ကိုတိုက္ခိုက္တဲ့ မဲမဲအေကာင္သရဲႀကီးေတြက ေတာတန္းအျပင္ဘက္ကို ေျပးၾကတာပဲဗ်ာ၊ လမ္းမွာ သစ္ပင္ေတြ၊ သစ္ကိုင္းေတြ၊ ခ်ဳံပုတ္ေတြနဲ႔တိုက္မိၿပီးေတာ့ တရွဲရွဲနဲ႔ေတာင္ျမည္ကုန္တာဗ်။

“မေကာင္းေတာ့ဘူးေဟ့၊ မေကာင္းေတာ့ဘူး၊ ဒီေတာထဲက သရဲေတြေတာင္ အသက္လုၿပီးေျပးၾကတယ္ဆိုေတာ့ မေကာင္းေတာ့ဘူး”

ဦးဘသာေျပာေနတုန္းရွိေသးတယ္ဗ်ာ ရေသ့ႀကီးက က်ဳပ္တို႔အနားကို ခုန္ၿပီးေတာ့ထြက္လာတာဗ်၊ သူ႔တစ္ကိုယ္လုံးက အသားေတြဆိုတာလည္း မီးေသြးခဲႀကီးလို မဲနက္ေနၿပီးေတာ့ မ်က္လုံးႀကီးႏွစ္လုံးကေတာ့ ျဖဴျဖဴႀကီးလင္းေနပါေရာ၊ ကိုယ္မွာေရးဆြဲထားတဲ့ အင္းေတြကလည္း အဲဒီလိုမ်ိဳးအလင္းေရာင္ႀကီးေတြ လင္းေနေသးတယ္။

“ေမာင္မဲဇာ . . . အဲဒါ ေမာင္မဲဇာျဖစ္သြားၿပီကြ”

ေမာင္မဲဇာႀကီးက က်ဳပ္တို႔ကိုလက္ညႇိဳးထိုးလိုက္ေတာ့ ရွဲခနဲအသံေတြျမည္ၿပီးေတာ့ သူ႔လက္ညႇိဳးထိပ္ကေန အေမႊးတိုင္မီး၊ ျခင္ေဆးမီးလို မီးစေလးေတြ အမ်ားႀကီးထြက္လာတယ္ဗ်။ ဦးဘသာက

“ေဟ့ေကာင္ေရ၊ အဲဒါ မီးစက္ေတြလႊတ္လိုက္တာကြ၊ ေျပးဟ”

က်ဳပ္နဲ႔ဦးဘသာလည္း လွည့္ေျပးေတာ့တာပဲဗ်ာ၊ မီးစက္ေတြက ပ်ံတာျမန္တယ္၊ ဦးဘသာက အေနာက္ကိုလွည့္ၿပီးေတာ့ လက္ဝါးနဲ႔တားၿပီး ပုတ္ထုတ္လိုက္ေတာ့ အဲဒီမီးပြားကေလးေတြက က်ဳပ္တို႔ကိုမထိဘဲနဲ႔ ေဘးကိုလြင့္ထြက္သြားတယ္ဗ်၊ ေဘးက သစ္ပင္ေတြ၊ ေျမႀကီးေတြကိုထိတာနဲ႔ တဝုန္းဝုန္းနဲ႔ေပါက္ကြဲေတာ့တာပဲဗ်ာ၊ ေပါက္ကြဲတဲ့အသံကေတာ့ သိပ္မက်ယ္ေပမယ့္ မီးေတာက္ႀကီးေတြက ဟုန္းခနဲ ဟုန္းခနဲေတာက္ၿပီးေတာ့ အနားမွာရွိတဲ့ခ်ဳံပင္ေတြ၊ သစ္ပင္ေတြကို စြဲေလာင္ပါေရာဗ်ာ။

က်ဳပ္လည္း ဦးဘသာအေနာက္မွာ ရပ္ေနလိုက္တယ္၊ ဦးဘသာက မိုးေပၚကိုလက္ညႇိဳးထိုးၿပီးေတာ့ တစ္ခုခုကို႐ြတ္လိုက္တာနဲ႔ အုံ႔မႈိင္းေနတဲ့မိုးတိမ္ေတာင္ေတြကေန မိုးစက္ေတြက်လာတယ္ဗ်၊

“ေဟ့ေကာင္ ဘသာ၊ ဒီတစ္ခါေတာ့ မင္းကိုငါႏိုင္ၿပီ၊ ငါ အႏွစ္ႏွစ္အလလက စုေဆာင္းထားခဲ့တဲ့ စုန္းမ်ိဳးတစ္ရာရဲ႕ အစြမ္းေတြကို ငါအကုန္ရထားၿပီကြ”

“ဟား၊ ဟား၊ ဟား”

က်ဳပ္ကလည္း ဟက္ဟက္ပက္ပက္ရယ္ေမာလိုက္ၿပီးေတာ့ ဦးဘသာေဘးနားကိုထြက္ခဲ့တာေပါ့ဗ်ာ၊ ေမာင္မဲဇာနဲ႔ ဦးဘသာက က်ဳပ္ကိုနားမလည္သလိုနဲ႔ၾကည့္ေနၾကတယ္၊ က်ဳပ္က က်ဳပ္လက္ထဲက အံစာတုံးအ႐ြယ္ေလာက္ရွိတဲ့ ျဖဴျဖဴအတုံးေလးကို ျပလိုက္တယ္ဗ်။

“ကဲ ၾကည့္စမ္းပါအုံး ေမာင္မဲဇာရာ၊ ခင္ဗ်ားေျပာေတာ့ စုန္းမ်ိဳးတစ္ရာဆိုဗ်”

ေမာင္မဲဇာက အေတာ္အံ့ဩသြားတာဗ်၊ ေနာက္ေတာ့ က်ဳပ္ကိုလက္ညႇိဳးထိုးၿပီး

“မင္း . . မင္း အဲဒါကိုဘယ္ကရတာလဲ”

“ဘယ္ကရမလဲဗ်၊ ခင္ဗ်ားရဲ႕သရဲႀကီးက က်ဳပ္ကိုခ်ဳပ္ေတာ့ က်ဳပ္လည္း ႐ုန္းရင္းကန္ရင္းနဲ႔ ဖ်ာအစပ္ကိုက်တယ္မဟုတ္လား၊ အဲဒီမွာ ဖ်ာစပ္နားမွာ အ႐ိုးတုံးတစ္တုံးေတြ႕တာနဲ႔ က်ဳပ္လည္း အဲဒီအ႐ိုးတုံးကို ပါးစပ္ထဲထည့္ၿပီးငုံထားလိုက္တာပဲ”

“မင္း . . . မင္းကိုငါသတ္မယ္”

ေမာင္မဲဇာလက္ညႇိဳးထိပ္မွာ အစိမ္းေရာင္အလင္းေတြ လင္းသြားတယ္ဗ်၊ ဘာမွေတာ့မျမင္ရေပမယ့္ တစ္ခုခုက ဝွီးခနဲပ်ံလာတဲ့အသံႀကီးၾကားရတယ္၊ ဦးဘသာက က်ဳပ္အေရွ႕မွာပိတ္ရပ္လိုက္ၿပီးေတာ့ အဲဒီပ်ံလာတဲ့အရာကို လက္ျပန္ပုတ္ထုတ္တာပဲဗ်ာ၊ အဲဒီအရာက က်ဳပ္တို႔ေဘးနားခပ္လွမ္းလွမ္းကိုက်ၿပီးေတာ့ ဘုန္းခနဲအသံႀကီးနဲ႔ ေဗ်ာက္အိုးေပါက္သလို ထကြဲတာပဲဗ်ာ။ ဦးဘသာက က်ဳပ္ကိုလွည့္မၾကည့္ဘဲ

“မင္းေတာ္တယ္အလတ္ေကာင္၊ ဒီတစ္ခါေတာ့ မင္းကိုငါခ်ီးက်ဴးသြားၿပီ၊ ေမာင္မဲဇာႀကီးက စုန္းမ်ိဳးတစ္ရာျပည့္မွရေပမယ့္ အခုေတာ့ တစ္ရာမျပည့္ေတာ့ဘူးကြ၊ ဒီေတာ့ ေမာင္မဲဇာအစီအရင္ မေအာင္ဘူးဆိုပါေတာ့”

“ဒါဆို အစီအရင္မေအာင္ရင္ ဘာျဖစ္မလဲ ဦးဘသာ”

“ဒါကေတာ့ လုပ္တဲ့လူအသိဆုံးျဖစ္မွာေပါ့ကြာ”

ေမာင္မဲဇာက က်ဳပ္တို႔ကို လက္ညႇိဳးေတြအတန္တန္ထိုးတယ္ဗ်၊ ဒါေပမယ့္ သူ႔လက္ညႇိဳးထိပ္က ဘာမွထြက္မလာေတာ့ဘူး၊ သူလည္း သူ႔ကိုယ္သူမယုံႏိုင္ဘဲနဲ႔ၾကည့္ေနတယ္ဗ်။

“မျဖစ္ဘူး၊ ဒါမျဖစ္ႏိုင္ဘူး၊ အဲဒါ ဟိုေကာင္ေလးေၾကာင့္၊ မင္းကိုငါသတ္မယ္”

ေမာင္မဲဇာက ႀကိမ္းေမာင္းေနေသးတယ္ဗ်ာ၊ ဦးဘသာက ခါးေထာက္လိုက္ၿပီးေတာ့

“ဖိုးတူး၊ မင္းကိုငါက သနားလို႔ မသတ္လိုက္တာေနာ္၊ အဲဒီကတည္းက မင္းက ဒီပညာေတြကိုစြန႔္လႊတ္ၿပီးေတာ့ ေအးေအးေဆးေဆးေနသြားရမွာ”

ဦးဘသာေျပာပုံအရဆို သူတို႔ႏွစ္ေယာက္က အရင္က တစ္ခုခုျဖစ္ခဲ့တဲ့ပုံပဲဗ်၊ ေမာင္မဲဇာက မ်က္ႏွာမဲႀကီးနဲ႔ ငိုပါေရာဗ်ာ။

“မဟုတ္ဘူးဘသာ၊ မဟုတ္ဘူး၊ မင္းကိုငါအႏိုင္ယူျပမယ္၊ မင္းကိုငါႀကိမ္းေသေပါက္ အႏိုင္ယူျပမယ္ကြ”

ဦးဘသာက သက္ျပင္းခ်လိုက္ၿပီးေတာ့

“ဒီဘ၀မွာေတာ့ မျဖစ္ႏိုင္ေတာ့ပါဘူးသူငယ္ခ်င္းရာ”

အဲဒီအခ်ိန္မွာပဲ မိုးေတြတဂ်ိန္းဂ်ိန္းနဲ႔ ထစ္ခ်ဳန္းလာတယ္ဗ်ာ၊ ေမာင္မဲဇာႀကီးက ဦးဘသာဆီကို ေျပးလာတယ္ဗ်၊ ဒါေပမယ့္ က်ဳပ္တို႔အနားကိုမေရာက္လိုက္ပါဘူးဗ်ာ၊ မိုးေပၚကေန ေၾကးနီေရာင္ မီးလုံးႀကီးက ျပဳတ္က်လာၿပီးေတာ့ ေမာင္မဲဇာငယ္ထိပ္ကို တည့္တည့္မွန္သြားၿပီးေတာ့ ေမာင္မဲဇာႀကီးက တုံးလုံးႀကီးလဲသြားတာပဲ၊ ၿပီးေတာ့မွ ဂ်ိန္းခနဲအသံႀကီးကို က်ဳပ္တို႔ၾကားလိုက္ရတာ၊ မီးလုံးႀကီးပ်ံတာ ျမန္လိုက္တာဗ်ာ၊ ေနာက္မွ ဦးဘသာက အဲဒါမိုးႀကိဳးပစ္တာတဲ့၊ က်ဳပ္လည္း အဲဒီတစ္ခါပဲ မိုးႀကိဳးပစ္တာကို အနီးကပ္ျမင္ဖူးတာဗ်။

လဲက်သြားတဲ့ ေမာင္မဲဇာက ေျမႀကီးနဲ႔ထိၿပီးေတာ့ မီးေသြးခဲအေျခာက္ေတြလို တစ္စစီကြဲသြားတာပဲဗ်ာ၊ က်န္တဲ့အပိုင္းအစေတြကေတာ့ မီးခိုးေတြတအူအူနဲ႔ထြက္ေနတာေပါ့။ ဦးဘသာက သက္ျပင္းခ်ၿပီးေတာ့ ေမာင္မဲဇာႀကီးကိုၾကည့္တယ္။

“ဖိုးတူးတစ္ေယာက္ အခုေတာ့ မီးတူးသြားၿပီေပါ့ကြာ”

အဲဒီလိုေျပာၿပီး လွည့္ထြက္သြားတာပဲဗ်ာ၊ ခုနက တစ္ေပါက္ေပါက္နဲ႔က်ေနတဲ့ မိုးေရစက္ေတြက တျဖည္းျဖည္းစိပ္လာၿပီးေတာ့ မၾကာခင္ မိုး႐ြာခ်တာပါပဲဗ်ာ၊ ေမာင္မဲဇာရဲ႕ မီးစက္လက္နက္ထိလို႔ မီးေလာင္ေနတဲ့ သစ္ပင္ေတြ၊ ခ်ဳံပင္ေတြကေတာ့ မိုးေရေတြနဲ႔ထိေတြ႕ၿပီးေတာ့ မီးၿငိမ္းသြားတာေပါ့ဗ်ာ။ က်ဳပ္လည္း ၾကာၾကာမေနရဲတာနဲ႔ ဦးဘသာအေနာက္ကိုလိုက္လာခဲ့တယ္၊ က်ဳပ္တို႔အလာတုန္းက ေတြ႕ခဲ့တဲ့သရဲေတြဆိုရင္ အခုေတာ့ ၾကက္ေပ်ာက္ငွက္ေပ်ာက္ပဲဗ်။

ေရတြင္းႀကီးနားကိုေရာက္ေတာ့ ဦးဘသာက လက္ဝါးျဖန႔္တယ္ဗ်၊ က်ဳပ္လည္း သူဘာကိုေတာင္းသလဲဆိုတာ သိၿပီးသြားပါ၊ က်ဳပ္လက္ထဲက အ႐ိုးပိုင္းကေလးကို ဦးဘသာႀကီးဆီကိုလွမ္းေပးလိုက္တယ္၊ ဦးဘသာက အ႐ိုးပိုင္းကေလးကို လွမ္းယူၿပီးေတာ့ ေရတြင္းေဟာင္းႀကီးထဲကို ပစ္ထည့္လိုက္ေတာ့တာပါပဲဗ်ာ။

က်ဳပ္တို႔႐ြာကိုလွမ္းၾကည့္လိုက္ေတာ့ ႐ြာမွာလူေတြက ဆူညံဆူညံျဖစ္ေနၾကတယ္ဗ်၊ ဘာေတြျဖစ္ေနမွန္းေတာ့မသိေပမယ့္ မိုးေတြေလေတြၾကားထဲမွာ မီးေရာင္ေတြကိုျမင္ေနရတယ္၊ ဦးဘသာက က်ဳပ္ဘက္ကိုလွည့္ၿပီးေတာ့ က်ဳပ္မ်က္ႏွာကိုသူ႔လက္ဝါးနဲ႔ အသာေလးသပ္လိုက္တယ္ဆိုရင္ပဲ က်ဳပ္ေခါင္းေတြေလးလာၿပီးေတာ့ ေလာကႀကီးနဲ႔ အဆက္အသြယ္ျပတ္သြားတာပါပဲဗ်ာ။

(၄)

“ဟဲ့အေကာင္ နင္ကဒီမွာလာအိပ္ေနတယ္”

ျဖန္းခနဲအသံနဲ႔အတူ က်ဳပ္ဇက္ပိုးလည္း ဆစ္ခနဲနာက်င္သြားတာနဲ႔ က်ဳပ္လည္း လန႔္ႏိုးသြားတယ္၊ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အေမ့ကိုေတြ႕လိုက္တာပဲ၊ အေမက က်ဳပ္ကိုၾကည့္ရင္း ေတာ္ေတာ္ေဒါသထြက္ေနပုံရတယ္။

“ညက နင္ေပ်ာက္လို႔ဆိုၿပီး ငါတို႔မွာရွာလိုက္ရတာ၊ လတ္စသတ္ေတာ့ နင္က ဒီမွာ နင့္မိန္းမနဲ႔လာအိပ္ေနတာပဲ”

က်ဳပ္ေဘးဘီကိုၾကည့္လိုက္ေတာ့ က်ဳပ္တို႔အိမ္ေနာက္ဘက္က ႏြားတင္းကုပ္ထဲေရာက္ေနတာဗ်၊ အေမက က်ဳပ္နား႐ြက္ကိုဆြဲလိမ္ၿပီးထသြားေတာ့ က်ဳပ္လည္း သူ႔အေနာက္ကေနလိုက္ခဲ့ရတာေပါ့ဗ်ာ၊ အေမ့လက္ကလည္း ေတာ္ေတာ္သန္တာဗ်၊ က်ဳပ္နားကိုဆြဲၿပီးလိမ္ထားတာဆိုရင္ က်ဳပ္႐ုန္းတာေတာင္မွ ႐ုန္းမရဘူးဗ်ာ။

အိမ္ေရွ႕မွာေရေႏြးထိုင္ေသာက္ေနတဲ့ အေဖက က်ဳပ္ကိုအံ့ဩတႀကီးနဲ႔ၾကည့္တယ္ဗ်။

“ေဟ့ေကာင္၊ ငါတို႔က မင္းညႀကီးမင္းႀကီး ဘယ္ေပ်ာက္သြားသလဲဆိုၿပီး ရွာေနတာကြ”

“ဟို . . ဟိုေလ”

“ဘာမွေျပာမေနနဲ႔၊ ေတာ့္သားက ႏြားတင္းကုပ္ထဲမွာ ႏြားမေတြနဲ႔သြားအိပ္ေနတာ”

“တယ္၊ ဒီေကာင္ကေတာ့ နာေတာ့မယ္၊ မင္းကဘာျဖစ္လို႔ ႏြားတင္းကုပ္ထဲသြားအိပ္ေနတာတုန္းကြ”

က်ဳပ္လည္း ဘာေျပာရမွန္းမသိေတာ့ဘူးဗ်ာ၊ ေျပာရင္လည္း သူတို႔ယုံမွာမဟုတ္ဘူး။ ဒါနဲ႔ပဲ ထုံးစံအတိုင္း မခ်ိသြားၿဖဲကေလးလုပ္ၿပီးေတာ့

“ဟို . . ဟို အရမ္းအိပ္ခ်င္လာတာနဲ႔၊ အိပ္ေပ်ာ္သြားတာပါ”

က်ဳပ္ေျပာေတာ့ အေဖက က်ဳပ္ကိုထူးဆန္းသလိုၾကည့္တယ္၊ အေဖ့အၾကည့္က က်ဳပ္ကို “႐ူးမ်ားေနသလား” ဆိုတဲ့အၾကည့္နဲ႔ၾကည့္တာပါ၊ ဒီအခ်ိန္မွာပဲ အေမ့ရဲ႕လက္သီးေတြက က်ဳပ္ေက်ာကုန္းကိုက်လာတယ္ဗ်။

“အိပ္ခ်င္အိမ္ေပၚတက္အိပ္ေပါ့ဟဲ့၊ ႏြားတင္းကုပ္နဲ႔ အိမ္နဲ႔က ဘယ္ေလာက္ေဝးတာမွတ္လို႔၊ ဒီေကာင္ေလးကေတာ့ ႐ူးေၾကာင္မူးေၾကာင္နဲ႔ . . .”

က်ဳပ္လည္း အေမ့လက္သီးခ်က္ေတြကလြတ္ေအာင္လို႔ အိမ္ေပၚကိုေျပးတက္ဖို႔လုပ္ေတာ့ ေလွကားအတက္အဆင္းမွာ အကိုႀကီးနဲ႔ဆုံတယ္ဗ်၊ အကိုႀကီးက က်ဳပ္ကိုအံ့အားတႀကီးနဲ႔ၾကည့္ရင္း

“အလတ္ေကာင္၊ မင္းညက ဘယ္ထြက္သြားတာလဲကြ”

အေမက ခါးေထာက္ရင္း

“ေျပာကိုမေျပာခ်င္ေတာ့ပါဘူးေအ၊ နင့္ညီ ငေၾကာင္က ႏြားတင္းကုပ္ထဲသြားအိပ္ေနတယ္ေတာ္”

အကိုႀကီးက က်ဳပ္ကိုအထူးအဆန္းနဲ႔ၾကည့္ၿပီး ေခါင္းခါတယ္။

“မဟုတ္ပါဘူးအေမရာ၊ ညက က်ဳပ္ႏြားတင္းကုပ္ထဲဝင္ရွာေတာ့ သူ႔ကိုမေတြ႕ပါဘူး”

အေမက အကိုႀကီးကိုမ်က္ေစာင္းထိုးၿပီးေတာ့

“ေအာင္မယ္ေလး၊ နင္တို႔ညီအကိုေတြ အကုန္အတူတူပဲ၊ အလုပ္တစ္ခုခုလုပ္မယ္ဆိုရင္ ဘယ္ေတာ့မွ ေသေသခ်ာခ်ာမလုပ္ဘူး၊ ႐ူးေၾကာင္ မူးေၾကာင္နဲ႔ ဘယ္သူ႔ဆီက ဗီဇေတြ ပါလာသလဲ မသိပါဘူးေတာ္”

အေမက ေျပာဆိုရင္း အေဖ့ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ အေဖက အေမ့ကိုမ်က္ႏွာလႊဲလိုက္ၿပီး ေရေႏြးပူတစ္ခြက္ကို တစ္ဖူးဖူးမႈတ္ေသာက္ေနတာေပါ့ဗ်ာ။ ဒါနဲ႔ပဲ ဒီအမႈက ဒီမွာပဲ အဆုံးသတ္သြားတယ္ေပါ့၊ မဆုံးလို႔လည္းမရဘူးေလ၊ အခုေတာင္ ျမႇားဦးက အေဖ့ဘက္လွည့္လာၿပီမဟုတ္လား။

က်ဳပ္တို႔လယ္ထဲဆင္းလာေတာ့ ဦးဘသာႀကီးကိုေတြ႕တယ္၊ ဦးဘသာက အေႏြးထည္ႀကီးနဲ႔ဗ်၊ လူကလည္း မႈိင္လို႔။

“ဦးဘသာႀကီး ေနမေကာင္းဘူးလား”

“ေအးကြ၊ ငါဖ်ားေနတယ္”

“ညက မိုးမိလို႔ေနမွာေပါ့ဗ်ာ”

က်ဳပ္လည္း ပါးစပ္က လွစ္ခနဲထြက္သြားတယ္၊ ဦးဘသာက က်ဳပ္ကိုမ်က္ရိပ္မ်က္ျခည္ျပတယ္၊ ေဘးနားမွာလည္း အငယ္ေကာင္တို႔၊ အငယ္မတို႔က ရွိတယ္မဟုတ္လားဗ်ာ၊ ကံေကာင္းတာက သူတို႔လည္း သူတို႔အလုပ္နဲ႔သူတို႔ဆိုေတာ့ က်ဳပ္တို႔ေျပာေနတာေတြကို မၾကားလိုက္ဘူးဗ်။

က်ဳပ္လည္း ဦးဘသာအနားကိုကပ္လိုက္တယ္။

“ဖိုးတူးဆိုတာ ဘယ္သူလဲဦးဘသာ”

ဦးဘသာက ႏွာတစ္ခ်က္ေခ်လိုက္ေသးတယ္၊ ၿပီးေတာ့ ႏွာရည္ေတြကို သူ႔ပုခုံးေပၚတင္ထားတဲ့ သဘက္ပိုင္းႀကီးနဲ႔ ႐ႊတ္ခနဲဆြဲသုတ္လိုက္တယ္ဗ်၊ ၿပီးေတာ့မွ

“ဖိုးတူးဆိုတာ ငါ့အေမရွိစဥ္တုန္းက ငါတို႔အိမ္မွာလာေနတဲ့လူတစ္ေယာက္ေပါ့ကြာ၊ ငါ့ထက္သုံးေလးႏွစ္ေလာက္ ငယ္မယ္ထင္တယ္”

“သူက အေမ့ဆီမွာ ပညာလာသင္တာကြ၊ ဒါေပမယ့္ ပညာတတ္ေတာ့ သိပ္ၿပီး ရမ္းကားတာပဲကြာ၊ လူတစ္ေယာက္ကို ၾကည့္မရဘူးဆိုတာနဲ႔ ႏွိပ္စက္ညႇင္းပန္းဖို႔ ဝန္မေလးတဲ့သူေပါ့၊ အဲဒီမွာ သူညႇင္းထားတဲ့လူကို ငါကသနားလို႔ ကုေပးလိုက္ေတာ့ သူနဲ႔ငါ ရန္ျဖစ္တာေပါ့ကြာ”

“ဒါနဲ႔ ႐ြာကစုန္းေတြေရွ႕မွာ တရားဝင္ပညာၿပိဳင္တာေပါ့ကြာ၊ ရႈံးတဲ့လူကို သတ္ေၾကးဆိုၿပီး ၿပိဳင္တာကြ၊ ဖိုးတူးက သူႏိုင္မယ္ထင္ေပမယ့္ ငါ့အေမက ငါ့ကိုအေစာင့္ေတြထည့္ေပးထားတာဆိုေတာ့ တကယ္လည္းၿပိဳင္ေရာ ဖိုးတူးငါ့ကိုရႈံးတာပဲေပါ့ကြာ၊ ရႈံးတဲ့လူကို သတ္ရမယ္ဆိုေပမယ့္ ဖိုးတူးကို ငါမသတ္ရက္ပါဘူးကြာ၊ ဒါနဲ႔ပဲ ငါ့အေမက သူ႔ပညာေတြအကုန္ျပန္ႏႈတ္လိုက္ၿပီး၊ သူ႔ကိုလႊတ္ေပးလိုက္တာေပါ့”

“ဪ၊ ဒါေၾကာင့္ကိုး”

“ဒါကို မေက်နပ္တဲ့ဖိုးတူးက ငါ့ကိုရန္ၿငိဳးဖြဲ႕ေနတာပဲ၊ စုန္းပညာေတြ မတတ္ေတာ့ဘူးဆိုေတာ့ ေအာက္လမ္းလိုင္းဘက္ကို ကူးသြားတယ္ထင္တာပဲကြာ၊ ေအာက္လမ္းဆိုတာ ပညာထက္ အစီအရင္ေတြကို အားကိုးရတာမဟုတ္လား၊ အခုလည္း “စုန္းမ်ိဳးတစ္ရာ ေမာင္မဲဇာ” အစီအရင္ကိုလုပ္ၿပီး သူက စုန္းျပန္ျဖစ္ခ်င္တဲ့သေဘာပဲကြ”

“က်ဳပ္နားလည္ပါၿပီ ဦးဘသာ၊ ဒါေၾကာင့္ ဒီလူႀကီးက ႐ြာကိုလည္းမေက်နပ္တာကိုးဗ်၊ က်ဳပ္တို႔ေျခတစ္လွမ္းဦးသြားလို႔သာပဲဗ်ိဳ႕၊ နည္းနည္းသာေနာက္က်ၿပီး အဲဒီဖိုးတူးသာ ေမာင္မဲဇာအစစ္ျဖစ္သြားရင္ က်ဳပ္တို႔႐ြာေတာ့ မေတြးရဲစရာပဲ”

ဦးဘသာက ေခါင္းညိတ္တယ္ဗ်၊ ဖ်ားေနတာဆိုေတာ့ သူ႔ၾကည့္ရတာလည္း မလန္းပါဘူးဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း ေဆးဆရာႀကီးဆီက ဝယ္ထားတဲ့ ေဆးနီမႈန႔္ကေလး သူ႔ကိုေပးလိုက္တာေပါ့၊ ဦးဘသာကလည္း က်ဳပ္ကိုေက်းဇူးတင္တယ္ေပါ့ဗ်ာ၊ လယ္ထဲဆင္းရင္ အခုလိုေဆးနီမႈန႔္ေတြ၊ ေသြးေဆးေတြ ေဆာင္သြားရတယ္ဗ်၊ လယ္ထဲတစ္ခုခုထိခိုက္ျပတ္ရွတာျဖစ္ရင္ အဲဒီေဆးနီမႈန႔္သိပ္ထားရင္ သုံးေလးရက္မၾကာဘဲေပ်ာက္တယ္ဗ်ိဳ႕။

“က်ဳပ္ကိုေက်းဇူးမတင္ပါနဲ႔ ဦးဘသာရာ၊ ေက်းဇူးတင္ခ်င္ရင္ ေဆးဆရာဦးမွတ္ႀကီးကို ေက်းဇူးတင္စမ္းပါ”

ဦးဘသာက ၿပဳံးတယ္ဗ်။

“ေအးေပါ့ကြာ၊ မွတ္ႀကီးက ေဆးကုမေတာ္ေပမယ့္ ေဆးေဖာ္တာေတာ့ ပိုင္တယ္မဟုတ္လားကြ ဟား ဟား”

က်ဳပ္တို႔ရယ္သံေတြက လယ္ကြင္းေတြထဲ ပ်ံ႕လြင့္သြားတာေပါ့ဗ်ာ၊ အေနာက္ေတာင္အရပ္က တက္လာတဲ့မိုးသားတိမ္လိပ္ေတြကလည္း ႐ြာဖို႔တာစူေနၿပီေပါ့ဗ်ာ။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ #horror