“စုန်းထီးကြီးဦးဘသာနှင့် ဂမုန်းနက်သုံးဖော်”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် ဂမုန်းနက်သုံးဖော်”(စ/ဆုံး)
——————————————————————–
အတွဲ(၄) စာစဉ်(၂၃)

(၁)

ဟိုနေ့က အကြောင်းကိုပြန်ဆက်ရရင်တော့ ဗျဂ္ဃလေးက သူ့သားဘရန်ကိုရတော့ ပျော်ရွှင်သွားတာပေါ့ဗျာ၊ သူ့မိန်းမ ခွန်ဂျာသေသွားတယ်ဆိုတော့ ဝမ်းလည်းနည်းရတာပေါ့၊ ဒါနဲ့ပဲ ကျုပ်တို့သုံးယောက် ဆေးဆရာကြီးဦးဖိုးခွေးအိမ်ပေါ်ကိုတက်လာခဲ့တယ်၊ ဆေးဆရာကြီး ညနေပိုင်းမို့လို့ ပုတီးစိပ်နေတယ်ဗျ၊ ပြီးတော့ ဆေးတွေဝါးတွေကို စီရင်မန်းမှုတ်နေသေးတယ်၊ ဦးဖိုးခွေးနဲ့ခပ်လှမ်းလှမ်းမှာ ကျုပ်တို့ထိုင်နေကြတာပေါ့ဗျာ၊ ဦးဖိုးခွေးက ဘုရားကျောင်းဆောင်အရှေ့မှာထိုင်နေတယ်ဗျ၊ သူ့အရှေ့မှာလည်း စားပွဲခုံပုကလေးတစ်လုံးရှိတယ်၊ စားပွဲခုံပုကလေးအပေါ်မှာတော့ အဖြူရောင်ပိတ်စနဲ့ အနီရောင်ပိတ်စကိုတစ်ထပ်စီထပ်ပြီးခင်းထားတယ်၊ အဲဒီအပေါ်မှာ ကြွေပန်းကန်ကလေးတစ်ချပ်တင်လို့ဗျ၊ ကြွေပန်းကန်ပြားအလယ်မှာတော့ ချင်းတက်လိုလို ဆေးမြစ်ကလေးတစ်ခုကိုတင်ထားပါရော၊

ဦးဖိုးခွေးက ကျုပ်တို့ရောက်တာတော့ သိမှာပါဗျ၊ ဒါပေမယ့် ကျုပ်တို့ကိုလှည့်မကြည့်ဘဲ ဆက်ပြီးရွတ်ဖတ်နေတယ်၊ ပြီးတော့ မန္တန်တစ်ခုရွတ်ပြီး အဲဒီချင်းတက်ကလေးကို လက်နဲ့သပ်တယ်ဗျ၊ ကျုပ်လည်း လိုက်မှတ်ထားတာ နှစ်ဆယ့်ခုနစ်ခေါက်တိတိလက်နဲ့သပ်နေတာ၊ သပ်နေရင်း နှစ်ဆယ့်ခုနစ်ခေါက်လည်းပြည့်ရော အဲဒီချင်းတက်ကိုလက်နဲ့သပ်နေတဲ့ ဦးဖိုးခွေးရဲ့လက်တွေ တုန်ယင်လာတယ်ဗျာ၊ နောက်တော့ တင်ပလ္လင်ခွေထိုင်လျက်သားကြီးပဲ အနောက်ကိုပက်လက်လန်ပြီး တုံးခနဲလဲကျသွားတာပဲ၊ လဲကျသွားတဲ့ပုံစံကလည်း အဆန်းဗျ၊ လက်တွေခြေတွေတောင် ပုံစံမပျက်ဘဲ တောင့်တောင့်ကြီးလဲကျသွားတာ၊ ကျုပ်တို့လည်း အံ့အားသင့်ပြီးကြည့်နေမိတာပေါ့ဗျာ၊ နောက်တော့ ကျုပ်လည်း သတိဝင်သွားပြီး ဦးဖိုးခွေးကို ပြေးဆွဲလိုက်တယ်၊ ဦးဖိုးခွေးလက်တွေခြေတွေက အေးစက်နေပြီးတော့ ကျောက်ရုပ်ကြီးကျနေတာပဲဗျာ၊

မျက်လုံးကြီးကလည်းပြူးလို့ဗျ၊ လက်တစ်ဖက်ကလည်း ထောင်လျှက်သားကြီးဖြစ်နေတယ်၊

“ဦးဖိုးခွေး၊ ဦးဖိုးခွေး သတိထားပါအုံးဗျာ”

ကျုပ်တို့အိမ်ရှေ့မှာအော်ဟစ်နေတော့ အိမ်နောက်ဖေးကနေ ဦးဖိုးခွေးရဲ့သမီးတွေက ပြေးထွက်လာတယ်ဗျ၊ ပြီးတော့ ဦးဖိုးခွေးကိုပွေ့ချီရင်း

“အဖေ၊ အဖေဘယ်လိုဖြစ်တာလဲ၊ သတိထားပါအုံး”

ဦးဘသာက ဦးဖိုးခွေးအနားကိုကပ်လိုက်ပြီးတော့

“လေသင်တုန်းဖြတ်တာများလားဟေ့”

ဦးဖိုးခွေးကို ကျုပ်တို့ဝိုင်းပြီး နှာနှပ်ကြပေမယ့် ဦးဖိုးခွေးက ဘာမှမထူးဘူးဗျ၊ ဒါနဲ့ သူ့ကိုထိုင်လျှက်သားကြီးအတိုင်း နံရံတစ်ခုကိုမှီပြီး ဘေးနားမှာ ခေါင်းအံုံးတွေ၊ မွေ့ရာတွေခင်းထားပေးတယ်၊ ဦးဖိုးခွေးက မျက်လုံးကြီးပြူးပြီးပွင့်နေပေမယ့် တုတ်တုတ်မလှုပ်ဘူးဗျ၊ ဝင်သက်ထွက်သက်တောင်မှ ထွက်တယ်ဆိုရုံကလေး ငွေ့ငွေ့ကလေးရှိတာ။ ဦးဖိုးခွေးတို့ ဆွေမျိုးတွေ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်တာပေါ့ဗျာ။

“ဘယ်လိုဖြစ်တာလဲရှင်”

“ကျုပ်တို့ရောက်လာတော့ ဦးဖိုးခွေးက ဘုရားရှိခိုးနေတာဗျ၊ ပြီးတော့ ဟောဟို ချင်းတက်ကလေးကို မန္တန်တွေရွတ်ပြီး လက်နဲ့သပ်နေတာပဲဗျာ၊ သပ်နေရင်း အဲဒီလိုဖြစ်သွားတာပဲ”

ဦးဘသာက ဦးဖိုးခွေးအနားကို အသာကပ်သွားပြီးတော့ ခြေထောက်တွေဘာတွေ စမ်းကြည့်နေတယ်၊ နောက်တော့ ကျုပ်အနားကိုအသာကပ်ပြီး

“အလတ်ကောင်ရေ၊ ဖိုးခွေးဖြစ်တာ သာမန်မဟုတ်ဘူးဟ၊ တစ်ခုခုတော့ထူးတယ်”

“ဘယ်လိုဖြစ်တာလဲ ဦးဘသာ”

“ပယောဂတစ်ခုခုတော့ပါနေတယ်”

“ဦးဘသာကူညီနိုင်သလား”

ဦးဘသာက ခေါင်းအသာညိတ်တယ်၊ ဒါနဲ့ကျုပ်လည်း ဦးဖိုးခွေးသမီးတွေကြားအောင်လို့ အကျယ်ကြီးထပြောတယ်၊

“ဦးဘသာရေ၊ ဦးဖိုးခွေးကို တစ်ခုခုလုပ်ပေးပါအုံးဗျာ၊ ဦးဘသာ လုပ်နိုင်တယ်မဟုတ်လား”

ကျုပ်အော်ပြောလိုက်တော့ ဦးဖိုးခွေးမိသားစုတွေလည်း ဦးဘသာကိုဝိုင်းကြည့်တယ်ဗျ။

“ဆရာကြီး၊ ကျွန်မတို့အဖေကို တစ်ခုခုလုပ်ပါအုံးရှင်၊ ဆရာကြီးလုပ်ပေးတတ်တယ်မဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ပြီး

“အေးပါ၊ ငါတတ်သလောက် ကြည့်ပေးပါ့မယ်၊ ဘာမှမစိုးရိမ်ပါနဲ့၊ အရင်ဆုံးငါ့ကို ရေတစ်ခွက်နဲ့ ကွမ်းရွက်လေးငါးရွက်ပေးစမ်းဟေ့”

ဦးဖိုးခွေးသမီးက မတ်ခွက်တစ်ခွက်ရယ် ကွမ်းရွက်တွေရယ်ပေးတယ်ဗျ၊ ဦးဘသာက မတ်ခွက်ကိုယူလိုက်ပြီးတော့ ကွမ်းရွက်တွေကိုလက်ထဲထည့်ပြီးချေရင်း ရေခွက်ထဲကိုစိမ်လိုက်တယ်ဗျ၊

“ဒီအထဲကို ဆားနည်းနည်းရယ်၊ ကွမ်းစားတဲ့ထုံး လက်ညှိုးတစ်ကော်လောက် ဖောက်ထည့်ပေးဟေ့”

အကုန်လုံးလုပ်ပြီးတော့ ဦးဘသာက မတ်ခွက်ထဲကိုလက်နဲ့နှိုက်မွှေပြီးတော့

“ကဲ၊ ကဲ ဒီဆေးရည်ကို နင်တို့အဖေရဲ့ခေါင်းပေါ်ကနေစပြီးလောင်းချစမ်း၊ ငါလုပ်လို့မရဘူးဟ၊ သူနဲ့သွေးတော် သားစပ်တဲ့လူက လုပ်မှရမှာ”

ဦးဖိုးခွေးသမီးက မတ်ခွက်ကိုယူလိုက်ပြီးတော့ ဦးဖိုးခွေးရဲ့ခေါင်းပေါ်ကနေ လောင်းချလိုက်တယ်၊ ရေတွေက ဦးဖိုးခွေးတစ်ကိုယ်လံုံးကို စိုရွဲသွားတာပေါ့ဗျာ၊ ရေတစ်ခွက်ကုန်တာနဲ့ ဦးဖိုးခွေးခြေလက်တွေက တဆတ်ဆတ်တုန်ယင်လာပြီးတော့ ဦးဖိုးခွေးလှုပ်လာတာပဲ၊

“ချမ်းတယ်၊ ချမ်းတယ်”

ဦးဖိုးခွေးက သူ့လက်တွေကို လက်မောင်းတွေနဲ့ပွတ်နေတယ်၊ သူ့မိသားစုတွေလည်း ဝမ်းသာသွားတာပေါ့ဗျာ၊ ဦးဖိုးခွေးကို သဘက်တွေနဲ့ရေတွေဝိုင်းသုတ်ပေးကြတယ်၊ စောင်တွေနဲ့ခြုံပေးကြတယ်၊ ဦးဖိုးခွေးက တော်တော်ထိတ်လန့်နေတဲ့ပုံပဲဗျ၊ နှုတ်ခမ်းတွေလည်း တုန်လို့ဗျို့။

ဦးဘသာက ဦးဖိုးခွေးပေါင်ကို အားနဲ့ဘုန်းခနဲပုတ်လိုက်ပြီးတော့

“ဟေ့၊ ဖိုးခွေး၊ မင်းငါ့ကိုတောင် မမှတ်မိတော့ဘူးလားကွ”

ဦးဖိုးခွေးက ပြူးတူးကြောင်တောင်နဲ့ ဦးဘသာကိုကြည့်ပြီး

“ကို၊ ကိုဘသာပါလား”

ဦးဖိုးခွေးသမီးက ဦးဖိုးခွေးအနားကပ်လာပြီးတော့

“အဖေ၊ ဒီဦးကြီးက အဖေခုနကလဲကျသွားလို့ အဖေ့ကိုပြန်ကယ်ပေးထားတာ အဖေရဲ့”

ဦးဖိုးခွေးက အခုှမှ နည်းနည်းအသိပြန်ကပ်လာပုံရတယ်ဗျ၊ ဦးဘသာကိုကြည့်ပြီး

“ကျေးဇူးတင်ပါတယ်ကိုဘသာ”

ဦးဘသာက ခေါင်းတညိတ်ညိတ်နဲ့

“ရပါတယ်ကွ၊ ငါလုပ်တာ ဘာမှမပြောပလောက်ပါဘူး၊ ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်တယ်ဆိုတာကို မင်းသိတယ်မဟုတ်လား ဖိုးခွေး”

ဦးဖိုးခွေးက ခေါင်းညိတ်တယ်ဗျ၊ ပြီးတော့

“ဒီအကြောင်းတွေပြောရရင်တော့ နည်းနည်းရှည်မယ်ဗျ ကိုဘသာရ၊ ဒီလိုလုပ်ပါလား၊ ကိုဘသာတို့ ရွာမပြန်ခင် ကျုပ်အိမ်မှာတည်းပါလားဗျာ၊ နောက်ပြီးတော့ ကိုဘသာရောက်တာလည်းအတော်ပဲ၊ ဒီကိစ္စမှာ ကိုဘသာရဲ့အကြံဉာဏ်ကိုလည်း ကျုပ်လိုချင်တယ်”

ဘာမှန်းတော့မသိသေးဘူးဗျ၊ ဦးဘသာက ခေါင်းညိတ်လိုက်တယ်၊ ဦးဖိုးခွေးက မတ်တပ်ရပ်လိုက်ပြီးတော့ ခုနက ကြွေပန်းကန်ကလေးကို ဘုရားကျောင်းဆောင်ပေါ်ကို ယူပြီးတင်လိုက်တယ်၊ ဘုရားကျောင်းဆောင်ပေါ်ရောက်တော့ ချင်းတက်အပေါ်ကို ဖန်ခွက်တစ်လုံးမှောက်တင်ပြီးတော့ အုပ်ထားလိုက်တယ်ဗျ။

(၂)

ဗျဂ္ဃလေးက ကလေးချီပြီးအနားကိုကပ်ရင်း

“ဆရာကြီး၊ ဒီကလေးက ကျွန်တော့်ရဲ့သားကလေးပါ၊ သူက မွေးရာပါ အရိုးတွေမစွမ်းမသန်ဖြစ်နေပါတယ်၊ ဆရာကြီး ကုသလို့ရရင် ကုသပေးပါဗျာ”

ဦးဖိုးခွေးအရှေ့ကို ကောင်လေးကိုချပေးလိုက်တော့ ဦးဖိုးခွေးက ခြေထောက်တွေကို လက်နဲ့သေသေချာချာနှိပ်ပြီးစမ်းကြည့်တယ်၊ နောက်ပြီးတော့ ကောင်လေးရဲ့ ဒူးဆစ်တွေကို လက်ညှိုးနဲ့တောက်ကြည့်တယ်၊ ခြေဖဝါးကို လက်ချောင်းတွေနဲ့ပွတ်ကြည့်တယ်ဗျ။ နောက်တော့ ခေါင်းညိတ်လိုက်ပြီး

“ဒီကလေးက ပထဝီဓါတ် မညီမမျှဖြစ်နေတာပဲကွ၊ ကုလို့တော့ရတယ်ဆိုပေမယ့် လူကောင်းပကတိတော့ ပြန်ဖြစ်မယ်မထင်ဘူး၊ ဒါပေမယ့် ငါရအောင်ကြိုးစားပြီးတော့ ကုပေးပါ့မယ်ကွာ”

ဗျဂ္ဃလေးက ဝမ်းသာအားရနဲ့ လက်အုပ်ချီပြီးတော့

“ကျေးဇူးတင်ပါတယ်ဆရာကြီးရာ၊ ဆရာကြီးကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူးဗျာ”

ဗျဂ္ဃလေးက ထိုင်ပြီးကန်တော့တော့တာပဲဗျာ၊ ဦးဖိုးခွေးက ခေါင်းညိတ်ရင်း

“ရပါတယ်ကွာ၊ တို့အိမ်ဘေးနားမှာ တဲကလေးတစ်လုံးရှိတယ်၊ အရင်တုန်းက ငါဖိုထိုးတဲ့တဲပေါ့ကွာ၊ အခုတော့အားနေတယ်၊ အဲဒီတဲကိုရှင်းလိုက်ပြီးတော့ မင်းတို့သားအဖနေကြပေါ့ကွာ”

ဗျဂ္ဃလေးက ခေါင်းညိတ်တယ်၊ ပြီးတော့ သူ့သားကိုကောက်ချီလိုက်တယ်ဗျ၊ ဦးဖိုးခွေးက တစ်ခုခုပြောချင်ပေမယ့် ချောင်းဟန့်လိုက်ပြီး ဗျဂ္ဃလေးတို့ကိုကြည့်လိုက်တော့ အကင်းပါးတဲ့ ဗျဂ္ဃလေးက အိမ်ပေါ်ကနေဆင်းသွားပါရော၊ ကျုပ်လည်းဆင်းသွားမယ်လုပ်တော့ ဦးဘသာက ကျုပ်ကိုလှမ်းတားလိုက်ပြီး

“ဒီကောင်လေးက စိတ်ချရပါတယ်၊ မင်းပြောစရာရှိတာသာ ပြောပါ ဖိုးခွေး”

ဦးဖိုးခွေးက ဘေးဘီကိုကြည့်လိုက်သေးတယ်ဗျ၊ ပြီးတော့ ကျုပ်ကိုအိမ်ရှေ့တံခါးထပိတ်ခိုင်းတာနဲ့ ကျုပ်လည်း အိမ်ရှေ့တံခါးမကြီးကို ထပိတ်ပြီးတော့ ကလန့်ထိုးလိုက်တာပေါ့ဗျာ၊ ဦးဖိုးခွေးကတော့ ပြတင်းပေါက်တွေကိုပိတ်တယ်ဗျ၊ ပြီးတာနဲ့ အိမ်ရှေ့နဲ့အိမ်နောက်ကူးတဲ့နေရာက တံံခါးကိုလည်းထပိတ်တယ်။ ဦးဖိုးခွေးက တစ်ခုခုလှို့လှို့ဝှက်ဝှက်ပြောမယ့်ပုံစံပေါ့ဗျာ။

“ဒီလောက်ဆိုရပါပြီ ဖိုးခွေးရ”

ဦးဘသာကပြောတယ်၊ ဒါတောင်မှ ဦးဖိုးခွေးက ကြမ်းကြားထဲကနေ အောက်ကိုငုံ့ကြည့်ပြီး အိမ်အောက်မှာ လူရှိမရှိချောင်းကြည့်လိုက်သေးတယ်ဗျ။ အားလုံးရှင်းသွားပြီဆိုတော့မှ ကျုပ်တို့အနားကိုကပ်လာတယ်။

“ဖိုးခွေးရာ၊ မင်းကိစ္စက ဒီလောက်လှို့ဝှက်စရာ လိုလို့လားကွ”

“လိုတယ်ဗျ၊ ကိုဘသာရ ဒီကိစ္စက နှယ်နှယ်ရရမဟုတ်ဘူး”

“ငါလည်း သဘောပေါက်ပါတယ်၊ ခုနက မင်းကိုင်နေတဲ့ ချင်းတက်ကလေးနဲ့ဗျာ ဆက်စပ်နေသလားကွ”

ဦးဘသာမေးတော့ ဦးဖိုးခွေးက ခေါင်းညိတ်လိုက်ပြီး

“အဟုတ်ပေါ့ဗျာ၊ အဲဒါက ချင်းတက်ဟုတ်ဘူးဗျ၊ ဂမုန်းနက်ဗျ”

ဦးဘသာတော် တော်တော်ထိတ်လန့်သွားတယ်၊ ဘေးနားထိုင်နေတဲ့ကျုပ်လည်း

“ဂမုန်းနက်က ဘာထူးခြားလို့လဲဗျ”

ဦးဘသာက ကျုပ်ဘက်လှည့်ကြည့်ပြီးတော့

“ဂမုန်းဆိုတာ သူ့အမျိုးသူ့အနွယ်နဲ့သူ ထူးခြားတဲ့အစွမ်းတွေရှိကြတာချည်းပဲကွ၊ အဲဒီ ဂမုန်းတွေထဲမှာမှ ဂမုန်းဖြူ၊ ဂမုန်းနက်နဲ့ ဂမုန်းနီ သုံးမျိုးက အစွမ်းဆုံးပဲကွ၊ ဆေးဝိဇ္ဇာတွေဆိုရင် အဲဒီဂမုန်းတွေနဲ့ ထူးခြားတဲ့အစွမ်းရှိတဲ့ ဆေးဝါးအမျိုးမျိုးတွေဖော်စပ်နိုင်တယ်၊ သာမန်ဆေးတွေတင်ကဘူးကွ၊ သိဒ္ဓိဆယ်မျိုးပြီးတဲ့ သိဒ္ဓိဝင်ဆေးတွေအပြင် ထွက်ရပ်ပေါက်နိုင်တဲ့အထိ စွမ်းတဲ့ ဆေးတော်ကြီးတွေအထိတောင် ဖော်စပ်နိုင်တယ်”

ဦးဘသာပြောမှ ကျုပ်လည်း သေသေချာချာသိတော့တယ်။

“ဒါဆို ဂမုန်းနက်က တော်တော်စွမ်းတာပေါ့ဗျာ”

“စွမ်းလည်းစွမ်းသလို ရှားလည်းသိပ်ရှားတာပေါ့၊ ဖိုးခွေး၊ မင်း ဒီဂမုန်းနက်ကို ဘယ်လိုလုပ်ပြီးတော့ ရလာတာလဲ”

“အဲဒါပြောရရင် ပိုပြီးထူးဆန်းတယ် ကိုဘသာရဲ့၊ ဒီလိုဗျ”

ဦးဖိုးခွေးက ရေတစ်ခွက်ကိုကောက်မော့လိုက်သေးတယ်။

“ဦးဘသာတို့နဲ့ ကျုပ်နဲ့လှည်းလမ်းခွမှာ လမ်းခွဲသွားပြီးတော့ ကျုပ်လည်းပေတောပြန်ခဲ့တယ်ဗျ၊ လှည်းလမ်းခွအထွက်ရောက်တော့ ဗောဓိကုန်းက အသိဦးဇင်းတစ်ပါးနဲ့တွေ့တာနဲ့ သူနဲ့လိုက်သွားမိတယ်၊ အဲဒီဦးဇင်းက သူတို့ကုန်းမှာ ထူးဆန်းတာတွေဖြစ်နေတယ်လို့ ဆိုတာကိုးဗျ”

“အေး၊ ဗောဓိကုန်းဆိုတာ ပေတောအထွက်နေရာမဟုတ်လား”

“ဟုတ်တယ်လေဗျာ၊ နိဗ္ဗာန်တိုက်နယ်သွားတဲ့ လမ်းရဲ့ဆန့်ကျင်ဘက်ပေါ့၊ ဗောဓိကုန်းရောက်တော့ တကယ်ထူးဆန်းတာတွေ့ရတယ်”

“ဘယ်လိုတွေ့ရတာလဲ ဦးဖိုးခွေးရာ”

“ဗောဓိကုန်းဆိုတဲ့အတိုင်း လူနေအိမ်တွေမရှိဘဲ တောရဘုန်းကြီးကျောင်းကလေးတစ်ကျောင်းပဲရှိတယ်၊ အဲဒီတောရဘုန်းကြီးကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာတော့ စေတီပျက်ကြီးရှိတယ်ကွ၊ စေတီပျက်ကြီးက ကြီးလွန်းလို့ မသိရင် တောင်ကုန်းကမူကြီးတစ်ခုလို့တောင်ထင်ရတယ်၊ အဲဒီနေရာကို ဗောဓိကုန်းလို့ခေါ်တာ၊ ထူးဆန်းတာက ညနေ ညနေဆိုရင် အဲဒီစေတီပျက်အနားကို မိန်းကလေးသးယောက် ရောက်လာကြတယ်၊ ပြီးတော့ ရှိုက်ကြီးတငင်နဲ့ငိုကြတာပဲဗျာ”

ကျုပ်လည်း ထူးဆန်းသွားတယ်။

“မဟုတ်မှလွဲရော၊ ဥစ္စာစောင့်တွေများလား”

“ကျုပ်လည်း အစကအဲဒီလိုထင်မိသားဗျ၊ ဦးဇင်းတွေလည်း ကြောက်တော့ အနားကပ်ပြီးမကြည့်ရဲဘူးကိုး၊ ကျုပ်လည်း ခပ်လှမ်းလှမ်းကစောင့်ကြည့်နေတာဗျ၊ အဲဒီမိန်းကလေးတွေက ညနေစောင်းကတည်းက ငိုတာ တစ်ညလုံးလည်းအငိုမရပ်ဘူးဗျ၊ မနက်မိုးလင်းခါနီးတော့ ကျုပ်လည်းတစ်ချက်ငိုက်မြည်းသွားရာကနေ မျက်လံုံးဖွင့်ကြည့်လိုက်တော့ သူတို့သုံးယောက်က ကျုပ်အနားကိုရောက်နေတယ်ဗျ”

“ဟာ၊ ဦးဖိုးခွေးကို ဘာလုပ်သွားသေးလဲ”

“နားထောင်စမ်းပါအုံးကွာ၊ ငါလည်း လန့်သွားတာပေါ့ကွ၊ သူတို့က ငါ့ကိုဘာပြောလည်းဆိုတော့ ဒီနေရာကနေ လှည့််ပြန်ရင်ပြန် မပြန်ရင်သတ်ပစ်မယ်လို့ ပြောတယ်၊ ပြီးတာနဲ့ သူတို့မျက်နှာကြီးတွေက ဘီလူးသရဲမျက်နှာကြီးတွေလို ရုပ်ဆိုးဆိုးကြီးတွေဖြစ်သွားတာ ကြောက်စရာကြီးကွာ၊ ဒါနဲ့ငါလည်း အဲဒီနေရာကနေ ထွက်ပြေးခဲ့ရတာပေါ့”

“ဒါက ဟောဒီဂမုန်းနက်နဲ့ ဘယ်လိုများသက်ဆိုင်လို့လဲဗျ”

“အဲဒီနေ့မနက်ပဲ ဆရာကြီးတစ်ယောက်ရောက်လာပြန်ရော၊ လူကတော့ တော်တော်အသက်ကြီးနေပါပြီ၊ ကိုဘသာထက်တောင်ကြီးမယ်ထင်တယ်၊ သူက ရောက်လာပြီးတော့ အဲဒါ ဂမုန်းစောင့်တွေလို့ပြောတယ်၊ ဘုရားစေတီပုထိုးအနားမှာ ဂမုန်းပင်ပေါက်ရင် ဂမုန်းစောင့်တွေက ငိုတတ်တယ်တဲ့ဗျာ၊ ဒါနဲ့ အဲဒီလူကြီးက စေတီပျက်အနားကိုသွားတော့ ကျုပ်လည်းလိုက်သွားတယ်၊ စေတီပျက်အောက်ခြေက အုပ်ချပ်တစ်ချို့ကိုရှင်းလိုက်တော့ အဲဒီမှာ အပင်ကလေးသုံးပင် တန်းစီပြီးပေါက်နေတာကိုတွေ့လိုက်ရသဗျာ၊ အပင်သုံးပင်ကလည်း ပုံစံဆင်တူပဲဗျ၊ အပင်တွေက ဆိပ်ဖူးပင်လိုအရွက်တွေနဲ့ဗျို့၊ ဒါပေမယ့် အရွက်တွေအားလုံးရဲ့အလယ်မှာ အနက်ရောင်တွေဖြစ်နေတယ်၊ အဲဒီဆရာကြီးက အပင်သုံးပင်စလုံးကို မန်းမှုတ်ပြီးတော့ ခူးသွားတာပဲ၊ ပြီးတော့ ကျုပ်ကိုကြည့်ပြီး “ဟောဒါ ဂမုန်းနက်ပဲကွ၊ အလွန်သိဒ္ဓိဝင်ပြီး ဆေးဖက်ဝင်တဲ့အပင်ပေါ့ကွာ၊ မင်းက ဆေးဆရာမဟုတ်လား၊ ဟောဒီတစ်ပင်ကို မင်းယူသွား” ဆိုပြီးတော့ ကျုပ်ကိုပေးလိုက်တာပဲ”

ပြောပြောဆိုဆိုနဲ့ ဦးဖိုးခွေးက ဘုရားကျောင်းစောင်ပေါ်က ကြွေပန်းကန်ပြားကိုယူလိုက်ပြီး ကျုပ်တို့အရှေ့မှာချပြတယ်ဗျ။

“ဂမုန်းနက်ကို ဦးဖိုးခွေးက ဘာလုပ်မလို့လဲဗျ”

“ငါ့ဆရာထားခဲ့တဲ့ ဆေးကျမ်းတစ်စောင်ကိုကြည့်တော့ ဂမုန်းနက်ဆေးအသုံးတွေ့တယ်ကွ၊ ဆေးကတော့ အမတဘယ ဆေးဖော်စပ်နည်းဆိုပဲ၊ အမတ ဆိုတာ မသေတာပေါ့ကွာ၊ ပြောရရင်မသေဆေးပေါ့”

“ဟာ၊ ဒါဆို အဲဒီဆေးသောက်ရင် မသေတော့ဘူးပေါ့နော်”

“တင်စားပြီးပြောတာပါ၊ မသေတာတော့ မဟုတ်ပေမယ့် အသက်ရှည်ရှည်အနာကင်းကင်းနေနိုင်တယ်၊ သေခါနီးလူကို တိုက်ရင်တောင်မှ ချမ်းချမ်းသာသာ အေးအေးဆေးဆေးနဲ့ ဘဝကူးပြောင်းရတယ်ဆိုပဲ”

ဦးဘသာက အဲဒီချင်းတက်နဲ့တူတဲ့ ဂမုန်းနက်ဥကလေးကိုကြည့်တယ်ဗျ၊ ဥကတော့ပုံမှန်ပါပဲ။

“ဒါနဲ့ ဖိုးခွေးရေ၊ ငါကြားဖူးတာက သိဒ္ဓိဝင်ဂမုန်းဆိုတာက ဒီအတိုင်းသံံုံးမရဘူးမဟုတ်လား၊ သူတို့ရဲ့ သိဒ္ဓိအစွမ်းတွေ နိုးထလာအောင်လို့ နှိုးရတယ်မဟုတ်လား”

“သေချာတာပေါ့ ကိုဘသာရာ၊ ဒါကြောင့် ကျုပ်လည်း သိဒ္ဓိဝင်အောင် ဂမုန်းနက်ကို နှိုးနေတာကြာပြီ၊ သုံးခါတိတိရှိပြီဗျ၊ ခုနက ဦးဘသာတို့မြင်လိုက်ရတာကတော့ တတိယအကြိမ် အသက်သွင်းတာပဲ၊ ပထမတစ်ကြိမ် မန္တန်ကိုးကြိမ်ရွတ်ပြီးနှိုးတယ်၊ မအောင်မြင်ခဲ့ဘူး၊ ဒုတိယတစ်ခါ မန္တန်ဆယ့်ရှစ်ကြိမ် ရွတ်တယ်၊ ဒါလည်းမအောင်ဘူး၊ နောက်တော့ နှစ်ဆယ့််ခုနစ်ကြိမ်ပေါ့ဗျာ။ အောင်မြင်သလား မအောင်မြင်သလားကတော့ ကိုဘသာတို့မြင်တဲ့အတိုင်းပါပဲ”

ဦးဘသာလည်း ခေါင်းတဆတ်ဆတ်ညိတ်တယ်။

“ဒီတစ်ခါတော့ မင်းက မအောင်မြင်တဲ့အပြင် ဂမုန်းစောင့်က မင်းကိုပါ ပြန်ပြီးဒဏ်ခတ်သွားတာပဲဟေ့၊ လေးကြိမ်မြောက်တော့ မကြိုးစားနဲ့ ဖိုးခွေးရင်၊ ဒီတစ်ခါ မင်းကိုအသေလုပ်မှာဟ”

“ဦးဘသာ၊ ဂမုန်းစောင့်က ဒီလောက်တောင်စွမ်းတယ်တဲ့လား”

“စွမ်းတာပေါ့ကွ၊ ဆေးတွေဝါးတွေ စွမ်းတယ်ဆိုတာ အဲဒီဆေးဝါးတွေအစွမ်းလည်းပါသလို၊ ဆေးဝါးတွေကို စောင့်ကြပ်တဲ့အစောင့်အရှောက် ပုဂ္ဂိုလ်တွေရဲ့ အစွမ်းလည်းပါသကွ”

“ဒါဆို ဒီဆေးစောင့်တွေက ဘယ်လိုဖြစ်လာတာလဲဗျာ၊ အပင်မပေါက်ခင်ကတည်းက ရောက်နေကြတာလား”

“ဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်း ရုက္ခစိုးတစ်မျိုးပဲကွ၊ များသောအားဖြင့် ဂမုန်းပင်တွေစဖြစ်တည်ဖို့ ဥဖွဲ့ပြီဆိုကတည်းက သူတို့ကလာပြီးနေထိုင်ကြတာပေါ့ကွာ၊ ဂမုန်းဆိုတာက ဥမသေမချင်း သေမှမသေတာ၊ ဒီတော့ အဲဒီဥမှာ သူတို့က သိုက်နန်းဖွဲ့တည်နေထိုင်ကြတဲ့ နတ်တစ်မျိုးပေါ့ကွာ၊ နတ်ဆိုတော့လည်း ကမ္မဇိဒ္ဓိ တန်ခိုးအစွမ်းရှိကြတာပေါ့”

ကျုပ်လည်းအခုမှပဲ နားလည်တော့တယ်ဗျာ၊

“ဒါဆိုရင် ဦးဖိုးခွေးက အခုဘာလုပ်မယ်စိတ်ကူးထားလဲ”

“ကိုဘသာက ဆက်မလုပ်နဲ့ဆိုတော့လည်း ကျုပ်တို့ပြန်ထားလိုက်ကြတာပေါ့ဗျာ၊ ကိုဘသာ အခုအားတယ်မဟုတ်လား”

“အားပါတယ်၊ ဘာလဲဖိုးခွေးရ မင်းအခုပဲသွားထားမလို့လား”

“ဒါပေါ့ဗျာ၊ ကျုပ်ကတော့ ဟောဒီအကျိုးမပေးတဲ့ ဂမုန်းနက်ကို အိမ်မှာဆက်ပြီးမထားဝံ့တော့ဘူးဗျို့၊ သူတို့နေရာမှာ သွားပြန်ထားပေးလိုက်တော့မယ်”

ဦးဘသာက ခေါင်းညိတ်တယ်ဗျ၊ အချိန်ကတော့ ညနေစောင်းပြီး နေဝင်ပြီးပြီပေါ့ဗျာ၊ ဦးဖိုးခွေးက သူ့တပည့်တစ်ယောက်ကို လှည်းဆင်ခိုင်းတယ်ဗျ၊ ပြီးတာနဲ့ အဲဒီလှည်းကိုကျုပ်ကမောင်းပြီးတော့ ဦးဘသာနဲ့ ဦးဖိုးခွေးတို့က အနောက်မှာထိုင်ရင်းလိုက်လာခဲ့ကြတာပေါ့။

(၃)

ကျုပ်တို့ပေတောရွာကနေထွက်ပြီး ရွာအပြင်လှည်းလမ်းအတိုင်းနှင်လာခဲ့တယ်၊ မိုးချုပ်ပြီဆိုတော့ နွားတွေကိုလည်း သိပ်ပြီးနှင်လို့မကောင်းတော့ဘူးမဟုတ်လားဗျာ၊ ဦးဖိုးခွေးကတော့ သူ့လက်ထဲမှာ ဂမုန်းနက်ကိုပန်ကန်းပြားနဲ့ထည့်ပြီး ကိုင်လာခဲ့တယ်ဗျ၊ ရွာအပြင် လူသူရှင်းတဲ့နေရာရောက်တော့ ကျုပ်တို့နားထဲမှာ မိန်းကလေးတစ်ယောက် ပျော်ရွှင်ရယ်မြူးသံကိုကြားလိုက်ရတာပဲ၊ ကျုပ်လည်း လှည်းမောင်းနေရင်း ဘယ်နားကများရယ်သလဲဆိုပြီး ဘေးပတ်ဝန်းကျင်ကိုလိုက်ရှာပေမယ့် လူတစ်ဦးတစ်ယောက်မှ မတွေ့ပါဘူးဗျာ၊ နောက်တော့မှ အဲဒါ ဂမုန်းနက်က ရယ်နေတယ်ဆိုတာကို သိလိုက်ရတယ်ဗျ။

“အဲဒါ ဂမုန်းနက်မှာနေတဲ့ အစောင့််က ရယ်နေတာကွ၊ ငါ့အထင်တော့ သူ့မူရင်းနေရာကို ပြန်ရတော့မယ်ဆိုပြီး ရယ်မောနေတာဖြစ်မယ်”

ဦးဘသာက အဲဒီလိုကောက်ချက်ချလိုက်တယ်ဗျ၊ ကျုပ်လည်း လှည်းကိုဆက်နှင်လာရင်း အရှေ့နားရောက်တော့ ဦးဖိုးခွေးက ညာဘက်က လမ်းကလေးကို ချိုးကွေ့ခိုင်းတယ်၊ လမ်းကလေးက ခပ်သေးသေးပါဗျာ၊ လှည်းတစ်စီးမနည်းလွတ်အောင်သွားရတယ်။ အရှေ့ရောက်တော့ လရောင်မှိန်ပြပြအောက်မှာ အုတ်ဂူမဲမဲကြီးတွေ၊ မြေပုံမို့မို့ကြိးတွေကို တွေ့လိုက်ရတာပါပဲဗျာ။

“ဦးဖိုးခွေး၊ ဒီလမ်းဟုတ်ရဲ့လားဗျ”

“အေး၊ ဟုတ်တယ်၊ ဒီလမ်းက ဗောဓိကုန်းကိုသွားတဲ့ဖြတ်လမ်းပဲ၊ လှည်းလမ်းခွဆီရောက်အောင်သွားရင် ခရီးဖင့်တယ်၊ ဒီတော့ ဟောဒီ ပေနှစ်ပင်သုဿန်ကနေဖြတ်ကြမယ်”

ပေနှစ်ပင်သုဿန်ဆိုတာ ပေတောရွာကလူတွေနဲ့ ရွာနီးချုပ်စပ်ကလူတွေအသုံးပြုတဲ့ သုဿန်တစ်ခုဗျ၊ သုဿန်ကတော့ ခပ်သေးသေးရယ်ပါဗျာ၊ လှည်းလမ်းက သုဿန်အရှေ့နားကနေ ဖြတ်ဖောက်ထားတယ်၊ ဦးဖိုးခွေးက ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ကုန်းကမူကြီးကိုလက်ညှိုးထိုးပြတယ်၊ အဲဒီကုန်းကြီးက ကွင်းလယ်ခေါင်မှာ ထီးတည်းကြီးပေါ့ဗျာ။

“အဲဒါပေါ့ကွ၊ ဗောဓိကုန်းဆိုတာ”

ကျုပ်တို့လှည်းမောင်းလာရင်း သုဿန်နားရောက်တော့ အုတ်ဂူတွေအပေါ်မှာ ဆီမီးခွက်တွေထွန်းထားတာကိုတွေ့လိုက်ရတယ်၊ အုတ်ဂူ လေးငါးလုံးလောက်မှာ ထွန်းထားတာဗျ၊ ကျုပ်ဖြင့် ဘယ်သူများလာထွန်းသလဲဆိုပြီး ထူးဆန်းနေတာပေါ့၊ ဒီအချိန်မှာပဲ လှည်းအရှေ့မှ လူကြီးတစ်ယောက်ခါးထောက်ပြီးရပ်နေတာကိုတွေ့လိုက်ရတယ်၊ လှည်းနဲ့တော်တော်နီးနီးမှာ ရောက်နေတာဆိုတော့ ကျုပ်ဖြင့်လန့်ပြီး နွားတွေကိုအမြန်ရပ်လိုက်ရတယ်၊ ဒီအချိန် မိန်းမတစ်ယောက်ငိုသံံံကိုကြားလိုက်ရတယ်ဗျာ၊ ငိုသံကတော့ တော်တော်ကိုလွမ်းလွမ်းဆွေးဆွေးနဲ့ငိုနေတဲ့အသံဗျ။

ဦးဖိုးခွေးက လှည်းပေါ်ကနေပြီးတော့ လှမ်းမေးတယ်။

“ဟေ့၊ တို့အရှေ့မှာပိတ်ရပ်နေတာ ဘယ်သူလဲကွ”

“ဘယ်သူဖြစ်ဖြစ်ပေါ့ကွာ”

အသံကတော့ ခပ်အိုအိုပဲဗျ။

“ဒါဆိုရင် ဘာဖြစ်လို့ ငါတို့အရှေ့မှာလာပိတ်ရပ်တာလဲ”

“မင်းတို့ဆီက တောင်းစရာတစ်ခုရှိလို့ကွ၊ မင်းတို့ဆီမှာ အခု ဂမုန်းနက်တစ်ဥပါလာတယ်မဟုတ်လား၊ အဲဒီဂမုန်းနက်ကို ငါ့ကိုပေးပါ”

ကျုပ်လည်း လှည်းဦးထိပ်က မီးအိမ်ကိုမြှောက်ပြီးကြည့်လိုက်တာပေါ့ဗျာ၊ အဘိုးကြီးတစ်ယောက်ဗျ၊ သျှောင်ထုံးကြီးထုံးထားပြီးတော့ ခေါင်းပေါင်းကလည်း အကြီးကြီးပဲဗျာ၊ ဖျင်ပင်နီတိုက်ပုံကိုဝတ်ထားပြီး အောက်ကပုဆိုးအကွက်ကျဲနဲ့ဗျ။

“ငါတို့က ဂမုန်းနက်ကို သူရှိသင့်တဲ့နေရာကို သွားပြန်ပို့မှာ၊ မင်းကိုဘာလို့ပေးရမှာတုန်း”

ဒီလူကြီးက သွားဖြူဖြူကြီးတွေပေါ်အောင်ရယ်တယ်ဗျ၊ မီးရောင်အောက်မှာ ဒီလူကြီးမျက်နှာက ကြောက်စရာကောင်းနေပြန်ရောဗျာ။

“အံမယ်၊ အဲဒီဂမုန်းနက်က မင်းကိုငါပေးခဲ့တာပါကွ”

ဦးဘသာက လှည်းပေါ်မှာမတ်တပ်ရပ်လိုက်ပြီးတော့

“သြော်၊ ဘယ်သူများလဲမှတ်တယ်၊ တာတေကြီးပါလား”

ဦးဖိုးခွေးက အံ့သြသွားတဲ့ပုံစံနဲ့

“ကိုဘသာရော သူ့ကိုသိတာလား”

ဦးဘသာက ခေါင်းညိတ်ပြီးတော့

“ဖိုးခွေး၊ မင်းကို ဂမုန်းနက်ပေးတယ်ဆိုတာ သူလားကွ”

“ဟုတ်ပါတယ်၊ ဒီဆရာကြီးပါပဲ”

“ဟား၊ ဟား တာတေကြီးကိုများ ဆရာကြီးတဲ့ကွာ၊ ဒီလူက ဘာမှမဟုတ်ဘူးကွ၊ အလွန်အောက်တမ်းကျတဲ့ အောက်လမ်းဆရာကြီးပေါ့ကွာ”

“ဗျာ၊ အောက်လမ်းဆရာတဲ့လား”

ဦးဖိုးခွေးရုပ်က ချက်ချင်းပြောင်းလဲသွားတယ်ဗျ။ ဦးဘသာက တာတေကြီးကိုလက်ညှိုးထိုးပြီး

“ဟေ့ကောင်တာတေကြီး၊ ငါ့အထင်တော့ မင်းဖိုးခွေးကို ဂမုန်းနက်ပေးလိုက်တာ ရိုးမှရိုးရဲ့လား”

ဦးဖိုးခွေးက ကြောင်စီစီနဲ့

“ရိုးမှ ရိုးရဲ့လားဆိုတာ ဘာကိုပြောချင်တာလဲ ကိုဘသာ”

“မင်းကိုတမင်ရည်ရွယ်ချက်ရှိရှိ သေကြောင်းကြံတာများလားလို့ပါ၊ ဟုတ်တယ်မဟုတ်လားတာတေကြီး၊ ငါပြောတာ မှန်တယ်မဟုတ်လား”

တာတေကြီးက ခွက်ထိုးခွက်လန်ရယ်တယ်ဗျ။

“သိပ်သေချာတာပေါ့ကွာ၊ ဒီလိုကောင်မျိုးက သေသင့်တဲ့ကောင်ကွ”

ဦးဖိုးခွေး တော်တော်ဒေါသထွက်သွားတယ်ဗျ၊ လှည်းပေါ်ကနေ တာတေကြီးကိုလက်ညှိုးထိုးပြီးတော့

“ဟေ့လူကြီး၊ ခင်ဗျားက ကျုပ်ကိုသေစေချင်တယ်လို့ပြောရအောင် ခင်ဗျားနဲ့ကျုပ်နဲ့ကြားထဲမှာ ဘာရန်ငြိုးရန်စရှိလို့လဲ”

တာတေကြီးက ခေါင်းခါတယ်။

“ဘာမှတော့မရှိပါဘူးကွာ၊ ဒါပေမယ့် မင်းဆေးကုနေတာကိုတော့ ငါမကြိုက်ဘူးကွ”

“ဟာ၊ ကျုပ်ကဆေးဆရာဗျ၊ ဆေးဆရာက ဆေးကုစားတာ ဆန်းလို့လား”

“မင်းအတွက်တော့ မဆန်းပေမယ့် ငါ့အတွက်တော့ဆန်းတယ်ကွ၊ ငါက အဲဒီလိုမျိုး လူတွေကိုကယ်တင်တဲ့လူတို့၊ လူတွေကို အကျိုးဆောင်ပေးနေတဲ့လူတွေကို သိပ်မုန်းတာ၊ ဒီနယ်တကြောမှာ ပေတောရွာက ဆေးဆရာဖိုးခွေးဆိုတာ နာမည်သိပ်ကြီးနေတာလည်းပါတယ်၊ ဘာရယ်တော့မဟုတ်ပါဘူး၊ မင်းသေတော့ လူတွေကိုဆေးကုမယ့်လူမရှိရင် လူတွေမရှူနိုင်မကယ်နိုင်ဖြစ်မယ်လေကွာ၊ ငါက အဲဒါကိုလိုချင်တာ”

“တောက် ခင်ဗျားဗျာ”

ကျုပ်ဖြင့်် ဒေါသထွက်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ ဒီအဘိုးကြီးဆီ ပြေးသွားပြီး သူ့မျက်ခွက်ကြီးကိုပဲ လက်သီးနဲ့ပစ်ပစ်ထိုးချင်တာဗျ။ ဦးဘသာက

“ဘာမှမထူးဆန်းပါနဲ့အလတ်ကောင်ရာ၊ ကောင်းတဲ့လူတွေက သူများအကျိုးကိုဆောင်ပေး၊ ကူညီပေးကြသလို မကောင်းတဲ့လူတွေ သူယုတ်မာတွေကလည်း မကောင်းမှုကိုမြတ်နိုးတာ သဘာဝပါပဲ၊ ကဲ တာတေကြီး အခုဒီဂမုန်းနက်တွေကို မင်းဘာလုပ်မလဲ”

“ကျုပ်ဆီမှာ ဂမုန်းနက်နှစ်ဥရှိပြီးသား၊ ဒီဂမုန်းနက်တွေက ဘုရားအနားမှာရှိနေတာမို့ သိပ်အစွမ်းထက်တဲ့ဂမုန်းတွေ၊ ဒီဂမုန်းတွေနဲ့ ကျုပ်က အောက်လမ်းဝိဇ္ဇာဆေးတစ်မျိုးကိုဖော်စပ်မလို့ပဲ၊ ဒါကြောင့် ဗောဓိကုန်းကိုသွားပြီးတော့ ဒီဂမုန်းနက်ညီအမသုံးဖော်ကိုဖမ်းဆီးဖို့ တစ်လနီးပါးလောက် ကြိုးစားခဲ့ရတာပဲ”

“သြော်၊ လတ်စသတ်တော့ သူတို့တွေ ငိုငိုနေတာ မင်းကြောင့်ကိုး”

“ဟုတ်တာပေါ့ သာဒင်ရာ၊ ငါဂမုန်းတွေ ဖော်တော့မယ့်နေ့မှာ ဒီကောင်ဖိုးခွေးက ဘုမသိဘမသိနဲ့ရောက်လာတယ်၊ ငါလည်း ဒီဂမုန်းနက်တွေကို ဒီကောင်မထိန်းနိုင်ဘူးဆိုတာသိတယ်၊ ဂမုန်းနက်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် ဂမုန်းနက်က လူ့အသက်ကိုနှုတ်ယူတဲ့အထိ စွမ်းတယ်ဆိုတာ ငါသိပြီးသား၊ ဒါကြောင့် ဒီကောင့်ကို သေပါစေဆိုပြီးတော့ ဂမုန်းနက်ကိုပေးခဲ့တာပဲ”

“ခင်ဗျား တော်တော်ယုတ်မာတဲ့သူပဲ”

ဦးဖိုးခွေးဆိုရင် ဒေါသထွက်လွန်းလို့ ခုန်ဆွခုန်ဆွဖြစ်နေတယ်ဗျ၊ ဦးဘသာက ဦးဖိုးခွေးပုခုံးကိုလက်နဲ့ပုတ်ရင်း

“ဒါဆို ဒီကျန်တဲ့ဂမုန်းတစ်ပင်ကို ဖိုးခွေးသေတော့မှ မင်းယူမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်မဟုတ်လား တာတေကြီး”

“သိပ်ဟုတ်တာပေါ့၊ ဒါပေမယ့် ဒီကောင်မင်းနဲ့တွေ့တာ ကံကောင်းတယ်ပြောရမယ်၊ ကဲ ကဲ ငါလည်း သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ မင်းတို့သုံးယောက်စလုံး အသက်ရှင်ချင်တယ်ဆိုရင် ငါ့ကို အဲဒီဂမုန်းနက်ကိုပေးပါ၊ မပေးဘူးဆိုရင် မင်းတို့အားလုံး ဟောဟိုသချိုင်းမှာ အမြှုပ်ခံံရမယ်ဟေ့”

ကျုပ်လည်း တော်တော်ဒေါသထွက်တာနဲ့

“ဒီမှာအဘိုးကြီး ခင်ဗျားလေကြီးလေကျယ်မပြောနဲ့ ဟောဟိုလှည်းပေါ်က ဘယ်သူလဲဆိုတာ ခင်ဗျားသိလို့လား”

ကျုပ်က ဦးဘသာကိုလက်ညှိုးထိုးပြလိုက်တယ်၊ တာတေကြီးက ရယ်မောရင်း

“သိပ်သိတာပေါ့ကွာ၊ ဒေါ်ပျင်းရဲ့သား သာဒင်လေကွ”

“ခင်ဗျားသူဘယ်လောက်စွမ်းတယ်ဆိုတာရော သိလို့လား”

တာတေကြီးက ရယ်မောရင်း

“သိတာမှ သိပ်သိတာပေါ့ကွာ၊ ဟေ့ သာဒင်၊ အဲဒီတုန်းက မင်းငါ့ကိုမနိုင်ခဲ့ဘူးမဟုတ်လား”

တာတေကြီးပြောတာကြားလိုက်ရတော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ၊ သူပြောပံုံအရဆိုရင် ဦးဘသာနဲ့ တာတေကြီးနဲ့ တစ်ပွဲတစ်လမ်းတော့ နွှဲဖူးကြတယ်ထင်ပါ့ဗျာ၊ အဲဒီပွဲမှာ ဦးဘသာရှုံးသွားတဲ့ပုံစံံပဲ၊ ကျုပ်လည်း သူ့စကားမှန်မမှန်သိချင်တာနဲ့ ဦးဘသာကိုလှည့်ကြည့်လိုက်တယ်။

“ဦးဘသာ၊ သူပြောတာတကယ်လား”

ဦးဘသာက ခေါင်းညိတ်တယ်။

“ဗျာ၊ ဒါဆို တကယ်ပဲ ဦးဘသာက သူ့ကိုမနိုင်ခဲ့ဘူးပေါ့”

“အဲဒီတုန်းက ငါပေါ့ဆခဲ့မိတာလည်း ပါပါတယ်ကွာ၊ တာတေကြီး ခင်ဗျားဒီတစ်ခါတော့ ကျုပ်ကိုနိုင်မှာမဟုတ်ပါဘူး”

တာတေကြီးက ဦးဘသာကိုလက်ညှိုးထိုးရင်း

“အေးပါ သာဒင်ရာ၊ မင်းဘယ်လောက်စွမ်းလာသလဲဆိုတာကို ငါစောင့်ကြည့်တာပေါ့”

ပြီးတာနဲ့ တာတေကြီးက ဖြတ်ခနဲပျောက်သွားပြီးတော့ လှည်းပေါ်မှာလာပေါ်တယ်ဗျာ၊ ဦးဖိုးခွေးလက်ထဲက ပန်းကန်ပြားကို ဖြတ်ခနဲလှမ်းဆွဲယူတာဗျ၊ မြန်လိုက်တာတော့ ပြောမနေပါနဲ့ဗျာ၊ ဒါပေမယ့် အဲဒီပန်းကန်ပြားရဲ့ တစ်ဖက်စွန်းကို ဦးဘသာကလှမ်းဆွဲထားတယ်ဗျ၊ တာတေကြီးက ပန်းကန်ကိုအားကုန်စိုက်ဆွဲတယ်၊ ပန်းကန်က သူ့ဘက်ကိုနည်းနည်းတိုးလာတယ်၊ ဦးဘသာက ပြန်ဆွဲတော့ ပန်းကန်က ဦးဘသာဘက်ကို ပြန်ပါသွားရောဗျာ။

လှည်းပေါ်မှာ သူတို့သုံးယောက် မတ်တပ်ကြီးပေါ့ဗျာ၊ တာတေကြီးနဲ့ ဦးဘသာက ပန်းကန်ပြားကိုတစ်ဖက်စွန်းဆီဆွဲပြီး မတ်တပ်ရပ်နေတယ်၊ ဦးဖိုးခွေးကတော့ သူတို့အလယ်နားမှာ ရပ်နေတာပေါ့ဗျာ၊၊ တာတေကြီးက မျက်စောင်းကြီးခဲပြီးတော့ ဦးဘသာကိုကြည့်တယ်။

“သာဒင်၊ ဒီတစ်ခါတော့ ငါအလျော့ပေးမှာမဟုတ်တော့ဘူးနော်”

ဦးဘသာကလည်း တစ်ချက်ပြုံးလိုက်ပြီး

“လုပ်စမ်းပါ တာတေကြီးရဲ့၊ ခင်ဗျားနဲ့ကျုပ် မကျေပွဲနွှဲကြတာပေါ့”

တာတေကြီးက ဘေးနားမှာရပ်နေတဲ့ ဦးဖိုးခွေးရဲ့ ပုခုံးတစ်ဖက်ကို လက်နဲ့အုပ်ပြီးကိုင်လိုက်တယ်ဆိုရင်ပဲ ဦးဖိုးခွေးက တဆတ်ဆတ်နဲ့တုန်ယင်လာပြီးတော့ မေးတွေပါ တဂတ်ဂတ်နဲ့ရိုက်တယ်ဗျာ၊ ဦးဘသာကလည်း ဦးဖိုးခွေးရဲ့ ပုခုံးတစ်ဖက်ကိုဆုပ်ကိုင်လိုက်တော့ ဦးဖိုးခွေးက ပုံမှန်အတိုင်းပြန်ဖြစ်သွားသဗျ၊ ဒီတစ်ခါ သူတို့ပညာပြိုင်တာ ဦးဖိုးခွေးက ကြားခံဖြစ်နေပုံရတယ်ဗျ။

ဦးဘသာက တာတေကြီးကိုကြည့်ရင်း

“ကဲ တာတေကြီး၊ ခင်ဗျားဖိုးခွေးကို ကြိုက်သလောက်လုပ်စမ်း၊ ပြုစားစမ်းဗျာ၊ ခင်ဗျားရဲ့ပညာကို ကျုပ်ဖျက်ပြမယ်”

“ကောင်းပြီ သာဒင်၊ တကယ်လို့ ဖိုးခွေးကို ငါပြုစားလို့ရတယ်ဆိုရင် ငါအနိုင်ပဲ၊ တကယ်လို့ ငါပြုစားလို့မရဘူးဆိုရင် မင်းအနိုင်ပေါ့ကွာ”

တာတေကြီးက ပြောရင်းဆိုရင်း ဦးဖိုးခွေးရဲ့ နောက်ကျောကုန်းကို လက်နဲ့ပုတ်ထည့်လိုက်တယ်၊ ဘုန်းခနဲမြည်သံကြီးနဲ့အတူ ဦးဖိုးခွေးတစ်ယောက် ကျောပါကော့ထွက်သွားတယ်ဗျာ၊ ဦးဘသာက ဦးဖိုးခွေးရဲ့ရင်ဘတ်ကို လက်နဲ့အသာပြန်ပုတ်တယ်၊ နောက်တော့ တာတေကြီးက ဦးဖိုးခွေးရဲ့ နံရိုးကြားထဲကို လက်ညှိုးနဲ့ထိုးထည့်လိုက်တယ်။

“အား၊ အား နာလိုက်တာ”

ဦးဖိုးခွေးက ခွေကျသွားမတတ်ပဲဗျ၊ ဦးဘသာက ဦးဖိုးခွေးရဲ့ တစ်ဖက်နံကြားထဲကို သူ့လက်ညှိုးနဲ့ထိုးထည့်ရင်း

“အားလုံးအကုန်ပြန်ကောင်းစမ်းကွာ”

ဦးဖိုးခွေးတစ်ယောက် နာကျင်ပုံမရတော့ဘူးဗျ၊ တာတေကြီးကချက်ချင်းပဲ ဦးဖိုးခွေးရဲ့ လက်တစ်ဖက်ကိုလှမ်းဆွဲကိုင်ထားလိုက်တယ်၊ ဦးဖိုးခွေးမှာ ဓါတ်လိုက်သလိုပဲ တုန်ုယင်ပြီး ကျင်တက်လာတာဗျာ၊ ဦးဘသာက ဦးဖိုးခွေးရဲ့ဇက်ပိုးကို ဖြောင်းခနဲအုပ်ချလိုက်တော့မှ ဦးဖိုးခွေး အတုန်ရပ်ပြီးတော့ လှည်းပေါ်မှာပြန်ထိုင်ကျသွားတော့တာပါပဲ။

တာတေကြီးက မကျေနပ်လို့ ဦးဘသာရင်ဘတ်ကို လက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်ပါရောဗျာ၊ ဦးဘသာကလည်း တာတေကြီးရင်ဘတ်ကို လက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်တာ။ နှစ်ယောက်လုံး တစ်ယောက်လက်ဝါးရိုက်ချက် တစ်ယောက်ထိပြီးတော့ နှစ်ယောက်သား လှည်းပေါ်ကနေ ကျွမ်းပစ်ပြီး ပြုတ်ကျကြတယ်ဗျာ။

ဦးဘသာကြီးလဲသွားတော့ ကျုပ်လည်းသွားပြေးပွေ့လိုက်တယ်၊ ဦးဘသာက အောင့်အည်းသည်းခံပြီးတော့ မတ်တပ်ထတယ်ဗျ၊ ဒါပေမယ့် စိတ်ပဲရှိတယ်၊ သူတကယ်မထနိုင်ဘူးဗျာ၊ ကျုပ်လက်မောင်းကို အတင်းအားယူဆွဲပြီး မတ်တပ်ထမှ ထနိုင်တော့တယ်၊ ဦးဘသာ စကားပြောဖို့လုပ်တော့ ပါးစောင်ကနေ သေးတွေပွက်ခနဲအန်ကျလာပါရောဗျာ။

“ဦးဘသာ၊ ဦးဘသာ”

ဦးဘသာက ချောင်းတွေဆိုးရင်း ပါးစပ်ထဲကနေ သွေးစက်တွေ တဖြန်းဖြန်းနဲ့ထွက်ပါရောဗျာ၊ နောက်တော့ တံတွေးတစ်ချက်ထွေးလိုက်တာ သွေးတွေကို လုံးခနဲပဲထွက်သွားတယ်ဗျ၊ ကျုပ်ဆိုရင် ဦးဘသာကြီး တစ်ခုခုဖြစ်ပြီလားဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီပေါ့ဗျာ၊ တာတေကြီးကတော့ အေးအေးလူလူမတ်တပ်ရပ်ရင်း ရယ်တယ်ဗျ။

“သာဒင်၊ သာဒင်၊ မင်းကများ ငါ့ကိုနိုင်မယ်လို့ထင်နေတာလားကွ”

ဦးဘသာက ခေါင်းခါတယ်။

“ဦးဘသာ သတိထားပါအုံးဗျာ”

“တာတေကြီး၊ တာတေကြီးက ငါ့ကို . . . ငါ့ကိုဈ အဟွပ် . . . အဟွပ်”

“ဟား၊ ဟား မင်းကိုငါ ဘုရားကျိန်စာတိုက်ထားလိုက်ပြီပဲ သာဒင်၊ မင်းမှာ အချိန်ခုနစ်နာရီပဲရတော့မယ်၊ အချိန်ခုနစ်နာရီပြည့်တာနဲ့ မင်းသေရလိမ့်မယ်”

ဦးဘသာက ခွေကျသွားတာပဲဗျာ၊ ကျုပ်လည်း မျက်ရည်တွေစီးကျလာတယ်၊ တာတေကြီးက ဂမုန်းနက်ဥကို ကောက်ယူလိုက်တယ်ဗျ၊

“ဟား၊ ဟား၊ နောက်ဆုံးတော့ ငါလိုချင်တဲ့ ဂမုန်းနက်သုံးဥ ငါရခဲ့ပြီ၊ ဒီဂမုန်းနက်တွေနဲ့ ငါအောက်လမ်းဆေးစီရင်ပြီးတော့ ထွက်ရပ်လမ်းကို ကူးတော့မယ်ကွာ၊ ဒါဆိုရင်ငါက ဘယ်တော့မှမသေနိုင်တော့တဲ့ အောက်ဝိဇ္ဇာဖြစ်ပြီကွ”

ဦးဘသာက ခေါင်းခါရင်း

“မဖြစ်နိုင်ဘူး တာတေကြီး၊ ခင်ဗျားဘယ်တော့မှ အဲဒီလိုမဖြစ်ရဘူး၊ ခင်ဗျားလုပ်ခဲ့တဲ့မကောင်းမှုတွေက ခင်ဗျားကိုပြန်ပြီးစီရင်မှာပဲ”

တာတေကြီးက ခွက်ထိုးခွက်လန်ရယ်တယ်ဗျ။

“ဟား၊ ဟား ဒီလိုစကားတွေ ငါကြားရပေါင်းများပါပြီ သာဒင်ရာ၊ ဒီလိုစကားမျိုးတွေက မင်းတို့လိုအရှုံးသမားတွေ ပြောနေကျ စကားတွေပါကွ၊ တရားကိုနတ်စောင့်ပါတယ်တို့၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးတို့ဆိုတဲ့စကားတွေက မင်းတို့လို အရှုံးသမားတွေ ရသေ့စိတ်ဖြေပြောတဲ့စကားတွေကွ၊ မှတ်ထားသာဒင်၊ တကယ်တော့ ကောင်းမှုဆိုတာ မကောင်းမှုကိုမနိုင်ပါဘူးကွ၊ မနိုင်လို့လည်း ဒီနေ့ဒီအချိန်အထိ ငါအသက်ရှင်နေတာပေါ့ကွာ”

“မဟုတ်ဘူး တာတေကြီး၊ ခင်ဗျားမှားပြီ၊ မကောင်းမှုဆိုတာ ဘယ်တော့မှဆိတ်ကွယ်ရာမရှိဘူး”

“အေးပါ၊ အခုတော့ မင်းပဲငါ့အထက်အရင် ငရဲပြည်ကိုသွားနှင့်အုံးပေါ့ သာဒင်ရာ ဟားဟား”

တာတေကြီးက ပြောဆိုပြီးတော့ သူ့တိုက်ပုံအိတ်ထဲကနေ ဂမုန်းနက်နှစ်ဥကိုထုတ်လိုက်တယ်၊ နောက်တော့ သူ့လက်ဝါးထဲကို ဂမုန်းနက်သုံးဦးလုံးထည့်လိုက်တာပေါ့ဗျာ၊ ထည့်ပြီးတော့ မကြာပါဘူး၊ တာတေကြီးတစ်ယောက် မျက်နှာပျက်သွားတယ်ဗျ၊ ပြီးတော့ သူ့ကိုယ်သူမယုံသင်္ကာဖြစ်ပြီး အံံံ့သြနေတယ်။

“ငါ၊ ငါဘာဖြစ်တာလဲ”

ဒီတော့မှ ဦးဘသာက သွေးတွေပေကျံံနေတဲ့ သွားတွေပေါ်အောင် ရယ်လိုက်တယ်ဗျ။

“ခင်ဗျားမှားပြီ တာတေကြီး၊ ခင်ဗျားရဲ့လက်ဝါးရိုက်ချက်က ကျုပ်ကိုဘုရားကျိန်စာတိုက်နဲ့သေအောင်ရိုက်ပေမယ့် ကျုပ်ရဲ့လက်ဝါးချက်က ခင်ဗျားကိုရိုက်တာမှမဟုတ်တာ၊ ခင်ဗျားတိုက်ပုံအိတ်ထဲက ဂမုန်းနက်တွေကို ခင်ဗျားချုပ်နှောင်ထားတဲ့ အစီအရင်တွေ၊ ပညာတွေ ပျက်သွားအောင်လို့ ရိုက်ပေးထည့်လိုက်တာ”

တာတေကြီးက ဂမုန်းနက်တွေကို မြေကြီးပေါ်ကိုပစ်ချလိုက်တယ်ဗျ၊ ပြီးတော့ သူ့အင်္ကျီကိုသူလှန်လိုက်ပြီး သူ့ဗိုက်ကိုသူပြန်ကြည့်လိုက်တယ်၊ တာတေကြီးရဲ့ဗိုက်ထဲမှာ အလုံးတွေဖြစ်လာတာဗျ၊ ပထမတော့ ကွမ်းသီးလုံးလောက်ရှိတဲ့ အလုံးကြီးတွေဖောင်းထလာတာပဲဗျာ၊ ကွမ်းသီးလုံးကနေပြီး တစ်ခါ မာလကာသီးလောက်ဖြစ်လာတယ်၊ နောက်တော့ သီးသီးလုံးလောက်ကြီးလာတယ်ဗျာ၊ ခဏကြာတော့ ဥသျှစ်သီးတွေလို လုံးလုံးဖုဖုကြီးတွေဖြစ်ကုန်ပါရော။

“ဟား၊ ဟား၊ ဟား”

အဲဒီအချိန်မှာ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ မိန်းကလေးရယ်သံတွေ ဖုံးလွှမ်းနေတာပဲဗျာ၊ ရယ်တာကမှ တစ်ခုခုကိုကျေနပ်ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်တဲ့အသံပဲ၊ တာတေကြီးက မျက်လုံးကြီးတွေပြူးပြီးတော့ လက်အုပ်ကောက်ချီလိုက်တယ်။

“ဂမုန်းနက်ကို စောင့်ကြပ်ကြတဲ့ ဂမုန်းနွယ်ရှင်သခင်မတို့ဘုရား၊ ကျုပ် . . . ကျုပ်မှားပါတယ်၊ ကျုပ်ခင်ဗျားတို့ကို ပြန်လွှတ်ပေးပါ့မယ်၊ ကျုပ်ကိုလည်း ပြန်လွှတ်ပေး . . . လွှတ်ပေး . . . အ . . .အ”

တာတေကြီးပြောနေတုန်းရှိသေးတယ် သူ့ပါးစပ်ထဲကနေ သွေးတွေထွက်လာတယ်ဗျ၊ နောက်တော့ ဗိုက်ကြိးတစ်ခုလုံး ဖားခုံညင်းကြီးလို ပူဖောင်းလာပြီးတော့ ဝုန်းခနဲပေါက်ကွဲသွားတာပဲဗျာ၊ ပတ်ဝန်းကျင်တစ်ခွင်လုံးကိုလည်း သွေးစသွေးနတွေ၊ ကလီစာအစိတ်အပိုင်းတွေ ပြန့်ကျဲထွက်သွားးတာပဲ၊ တာတေကြီးခမျာ အဲဒီနေရာမှာတင်ပဲ ဗိုက်ကြီးပွင့်ပြီးတော့ လဲကျသွားရှာတယ်။

“မလာနဲ့၊ မလာနဲ့၊ ငါ့ဆီမလာနဲ့၊ သွားကြ၊ သွားကြစမ်း”

အသံနက်ကြီးနဲ့အော်ပြီးတော့ လူးလွန့်နေတာပဲဗျာ၊ မြေကြီးထဲကနေ လက်ကြီးတွေတိုးထွက်လာတာဗျ၊ လက်ကြီးတွေက သစ်ကိုင်းခြောက်ကြီးတွေလို ခြောက်ခြောက်ရှည်ရှည်ကြီးတွေဗျာ၊ အဲဒီလက်ကြီးတွေက တာတေကြီးတစ်ကိုယ်လုံးကို ဖမ်းချုပ်ဆုပ်ကိုင်ပြီးတော့ မြေကြီးအောက်ကိုဆွဲချသွားပါရော၊ ဒီလောက်မာကျောတဲ့မြေကြီးက မသိရင် ရွံ့နွံတွေလိုမျိုးဖြစ်သွားပြီး တာတေကြီးတစ်ယောက် အရှင်လတ်လတ်ငရဲပြည်ကို ဆွဲချခံလိုက်ရတယ်ဆိုပါတော့ဗျာ၊

ဦးဘသာကြီးက တာတေကြီးကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချတယ်ဗျ၊ နေုာက်တော့ ဦးဘသာလည်း ဇက်ကျိုးပြီးလဲကျသွားပါရော။

“ဦးဘသာ၊ ဦးဘသာ သတိထားပါအုံး”

ဦးဖိုးခွေးက ပြေးလာတယ်ဗျ၊ ဦးဘသာရဲ့ လည်ပင်းဘေးနားက အကြောကို လက်နှစ်ဖက်နဲ့စမ်းသပ်ရင်း

“မကောင်းတော့ဘူး၊ သူ့သွေးခုန်နှုန်းတွေ မူမမှန်တော့ဘူးကွ”

“ဦးဖိုးခွေး တစ်ခုခုလုပ်ပေးပါအုံးဗျာ”

“ငါလည်း ဘာလုပ်ရမှန်းမသိဘူးကွ၊ လောလောဆယ်တော့ ရွာကိုပြန်ခေါ်သွားမှဖြစ်မယ်ထင်တယ်”

ဒီအချိန်မှာပဲ ကျုပ်တို့အရှေ့နားမှာ မိန်းကလေးသုံးယောက် ပေါ်လာတယ်ဗျ၊ မိန်းကလေးသုံးယောက်စလုံးက ရှေးခေတ်က မိန်းကလေးတွေဝတ်ဆင်သလိုမျိုး ဝတ်ဆင်ထားကြတယ်၊

“ခင်၊ ခင်ဗျားတို့က ဘယ်သူတွေလဲ”

“ငါတို့က ဂမုန်းနက်မှာနေထိုင်စောင့်ကြပ်ကြတဲ့ ဂမုန်းနက်နွယ်ရှင်သခင်မတွေပဲ”

“ဒါ၊ ဒါဆိုလည်း ခင်ဗျားတို့ ဦးဘသာကို ကယ်လို့ရရင် ကယ်တင်ပါအုံးဗျာ”

မိန်းကလေးသုံးယောက်အနက် အလယ်က မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး

“ကယ်လို့တော့ရတယ်၊ ဒါပေမယ့် သူ့ရဲ့ကံတရားအပေါ်မူတည်တယ်”

“ဘယ်လိုကယ်ရမှာလဲ”

“ဂမုန်းနက်ဟာ ထိုက်တန်သူသာ ပိုင်ဆိုင်ခွင့်ရှိသတဲ့၊ ဒီတော့ ဒီဦးလေးကြီးက ငါတို့ညီအမတွေကို ကယ်တင်ခဲ့တဲ့အတွက် ငါတို့အပေါ်ကျေးဇူးရှိတယ်၊ ငါတို့တွေ သူ့ကိုပြန်ပြီးကယ်တင်ပေးချင်ပါတယ်၊ ဒါပေမယ့် ဂမုန်းနက်ရဲ့အစွမ်းကိုရဖို့အတွက် သစ္စာဆိုတိုင်တည်မှရမယ်”

“ဘယ်လို သစ္စာဆိုရမှာလဲ”

“သူလုပ်ခဲ့တဲ့အရာတစ်ခုကို သစ္စာဆိုရမယ်၊ အဲဒီသစ္စာမှန်တဲ့အခါမှ ဂမုန်းနက်အစစ်ကိုရလိမ့်မယ်”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ မိန်းကလေးသုံးယောက်ထဲက အလယ်ကမိန်းကလေးက ကျုပ်လက်ကိုကိုင်လိုက်တာနဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ချာချာလည်သွားပြီးတော့ တောကြီးတစ်ခုထဲ ကျုပ်ရောက်သွားတယ်ဗျာ၊ တောကြီးအထဲမှာတော့ သစ်ပင်ပန်းပင်တွေ ပေါင်းစုံပွင့်လန်းနေလို့ဗျ၊ တချို့အပင်တွေဆိုရင် ကျုပ်မြင်တောင် မမြင်ဖူးတဲ့အပင်တွေဗျာ၊ ကျုပ်ရဲ့အရှေ့မှာ ကုန်းကမူကလေးတစ်ခုရှိပြီးတော့ အဲဒီကမူကလေးအပေါ်မှာ အပင်သုံးပင်ပေါက်နေတယ်ဗျ။

“ကဲ၊ သူလုပ်ခဲ့တဲ့အရာတစ်ခုကို သူ့ကိုယ်စား မင်းကသစ္စာဆိုရမယ်၊ သစ္စာဆိုပြီးရင် အဲဒီဂမုန်းပင်သုံးပင်ထဲက တစ်ပင်ကို မင်းနှုတ်ရမယ်၊ သစ္စာမှန်ရင် ဂမုန်းနက်အစစ်ကို မင်းရမယ်၊ သစ္စာမှားရင်တော့ မင်းဘာမှရမှာမဟုတ်ဘူး”

ကျုပ်လည်း တံတွေးမြိုချလိုက်ပြီးတော့ အပင်ကလေးတွေအနားလျှောက်သွားလိုက်တယ်၊ အပင်ကလေးသုံးပင်က တစ်ပုံစံတည်းပေါက်နေတာဗျ၊ ကျုပ်လည်း သစ္စာဆိုဖို့လက်အုပ်ချီလိုက်တယ်၊

“ဦးဘသာဘဝတစ်လျှောက်လုံးမှာ သူများတကာ ဒုက္ခဖြစ်ပါစေ၊ ဘေးတွေ့ပါစေ၊ သေပါစေဆိုပြီးတော့ တစ်ခါမှ မကောင်းကြံခဲ့ဖူးခြင်းမရှိပါ၊ ဤစကားသည် မှန်သောသစ္စာစကားဖြစ်ပါသည်။ ဤသစ္စာစကားမှန်ပါက ဂမုန်းနက်အစစ်အမှန်ကိုသာ ခူးယူရရှိနိုင်ပါစေသား”

ကျုပ်လည်း သစ္စာဆိုပြီးတာနဲ့ ဂမုန်းပင်သုံးပင်ထဲက ညာဘက်ထောင့်ဆုံးက အပင်ကိုလက်နဲ့ဆွဲနှုတ်ထည့်လိုက်တယ်ဗျာ၊ ဒီအချိန်မှာပဲ မြေငလျင်လှုပ်သလိုမျိုး တဝုန်းဝုန်းနဲ့ လှုပ်ခတ်သွားတယ်၊ ပြီးတော့ အရာအားလုံးက မှုန်ဝါးသွားပြီးတော့ ကျုပ်တို့ခုနက ရပ်နေတဲ့အနားကိုပြန်ရောက်သွားတယ်ဗျာ၊

“မင်းသူ့အတွက်ဆိုခဲ့တဲ့ သစ္စာစကားက တကယ်မှန်ပါတယ်”

ကျုပ်လက်ဝါးကိုဖြန့်ကြည့်လိုက်တော့ ငါးပြားစေ့လောက်ရှိတဲ့ အပြားကလေးတစ်ပြားက ရောက်နေတယ်ဗျ၊ အပြားကလေးကလည်း မည်းနက်နေလို့ဗျာ၊ ကျုပ်အထင် ဂမုန်းနက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်မယ်ထင်တယ်၊ ကျုပ်ကြည့်နေတုန်းမှာပဲ ဂမုန်းနက်ဥကလေး သုံးဥက မြေပေါ်ကနေကြွတက်လာပြီးတော့ ကောင်းကင်ပေါ်ကိုတချွင်ချွင်နဲ့ပျံတက်သွားတော့တာပဲဗျာ။

ဦးဖိုးခွေးက ပြေးလာပြီး ကျုပ်လက်ထဲက ငါးပြားစေ့ဝိုင်းလောက်ရှိတဲ့ ဂမုန်းနက်ကလေးကိုကြည့်တယ်။

“ဟာ၊ ဒါ၊ ဒါ ဂမုန်းနက်အစစ်ပဲဖြစ်ရမယ်”

“ဦးဖိုးခွေး၊ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”

“ဂမုန်းနက်အစစ်ဆိုရင်တော့ သူ့ချည်းတင် စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်တာကို နိုင်မှာကွ၊ ဒီအပြားကလေးအတိုင်းပဲ ကိုဘသာ ပါးစပ်ကိုဖြဲပြီး ထည့်ပေးရအောင်ကွာ”

ဦးဖိုးခွေးပြောတာနဲ့ ကျုပ်လည်း ဦးဘသာပါးစောင်ကိုလက်နဲ့ညှစ်ပြီး ပါးစပ်ပွင့်သွားတဲ့အခါ လက်ထဲက ဂမုန်းနက်အဝိုင်းအကွင်းကလေးကို ပါးစပ်ထဲထည့်ပေးလိုက်ပါရောဗျာ၊ ထူးဆန်းတာကတော့ ဦးဘသာလျှာပေါ်ကို အဝိုင်းကလေးတင်လိုက်တာနဲ့ ဂမုန်းနက်က ရေခဲတုံးအရည်ပျော်ကျသလို ပျော်ပြီး ပျောက်သွားတော့တာပဲဗျာ။ ဦးဘသာကတော့ သတိမရသေးဘူးဗျ။ ဒါနဲ့ကျုပ်တို့လည်း လှည်းနဲ့ပြန်လာခဲ့တယ်၊ ဦးဖိုးခွေးအိမ်ရှေ့ခန်းမှာပဲ ဦးဘသာကို ချထားတာပေါ့ဗျာ။ ဦးဖိုးခွေးက ဦးဘသာလည်ပင်းကိုစမ်းကြည့်ပြီးတော့

“ရပါပြီကွ၊ သူ့သွေးခုန်နှုန်းတွေ ပုံမှန်ပြန်ဖြစ်လာပါပြီ၊ ညည့်လည်းနက်နေပြီ အလတ်ကောင်ရေ၊ မင်းသွားအိပ်ချင်အိပ်တော့လေ”

ကျုပ်လည်းခေါင်းခါလိုက်တယ်။

“မအိပ်ပါဘူးဗျာ၊ ကျုပ်ဖြင့်် ဦးဘသာကို ဂမုန်းနက်တိုက်ထားပေမယ့် စိတ်မချသေးဘူးဗျ”

ဦးဖိုးခွေးက သက်ပြင်းချပြီးတော့ အိမ်ခန်းထဲဝင်သွားတယ်၊ ကျုပ်ကတော့ တစ်ညလး ဦးဘသာဘေးနားမှာ ငုတ်တုတ်ထိုင်ပြီး ဦးဘသာကြီး ဘာမှမဖြစ်ပါစေနဲ့ဆိုပြီး ဆုတောင်းပေးနေမိတာပေါ့ဗျာ။

ကျုပ်မျက်လုံးဖွင့်လိုက်တော့ နေတောင်အတော်မြင့်နေပြီဗျ၊ ကျုပ်လည်း ဦးဘသာကိုစောင့်ရင်း မိုးလင်းခါနီးကျတော့ မှေးခနဲအိပ်ပျော်သွားတာဗျာ၊ ကျုပ်ကမန်းကတမ်းနဲ့ထလိုက်တော့ ဦးဘသာက ဖျာပေါ်မှာမရှိတော့ဘူးဗျ၊ ဒါနဲ့ကျုပ်လည်း ပျာပျာသလဲနဲ့ အိမ်အောက်ကိုပြေးဆင်းလာခဲ့ပါရောဗျာ၊ အိမ်ဘေးနားမှာ ဦးဘသာရယ်၊ ဦးဖိုးခွေးရယ်၊ ဗျဂ္ဃလေးရယ် ထိုင်နေသဗျ။

“ဟာ၊ ဦးဘသာ၊ ကောင်းသွားပြီလား”

“အေး၊ ကောင်းသွားပါပြီကွာ၊ မင်းလည်းပင်ပန်းနေရောပေါ့၊ ဒါကြောင့် ငါတို့မနှိုးတော့တာ”

ဦးဘသာတို့အရှေ့မှာတော့ ဗျဂ္ဃသားကို မြေကျင်းထဲထည့်ပြီးတော့ ခေါင်းလေးပဲဖော်ပြီး မြေမြှုပ်ထားတယ်ဗျ၊ ကျုပ်လည်း သူတို့အနားမှာထိုင်လိုက်ရင်း

“ဘာလုပ်နေတာလဲဗျ”

“ဒီကလေး ပထဝီအားနည်းနေလို့ အရိုးတွေပျော့နေတာကွ၊ ဒီတော့အရိုးတွေသန်မာလာအောင်လို့ မြေကိုင်ပေးနေတာဟေ့”

ဦးဖိုးခွေးက ပြန်ဖြေတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာနေကောင်းသွားပြီဆိုတော့မှ သက်ပြင်းချနိုင်တော့တယ်၊ နေ့လည်နေ့ခင်းထမင်းစားသောက်ပြီးတော့ ဦးဖိုးခွေးက ဦးဘသာအတွက် သွေးဆေးတွေ၊ အားဆေးတွေထည့်ပေးလိုက်သေးတယ်၊ ကျုပ်တို့လည်း နွားကိုးကောင်ဆွဲခဲ့ပြီးတော့ ပေတောရွာက ဘကြီးထွန်းရင်ဆီက နွားတစ်ကောင်ဝင်ယူလိုက်တယ်၊ စုစုပေါင်း နွားဆယ်ကောင်ဖြစ်သွားပြီပေါ့ဗျာ၊ အဲဒီနွားတွေဆွဲရင်းနဲ့ ပေတောရွာကနေထွက်ခဲ့ပါရော၊ ဗျဂ္ဃလေးနဲ့ ဦးဖိုးခွေးက ပေတောရွာအထွက်နားအထိ လိုက်ပို့ပေးကြပါတယ်။

ကျုပ်စိတ်ထဲပျော်လာတယ်ဗျ၊ ဦးဘသာလည်းကောင်းသွားပြီမဟုတ်လား၊ နောက်ပြီးတော့ ရွာကိုပြန်ရောက်တော့မယ်လေဗျာ၊ ဘယ်ရွာမှာဘယ်လောက် ကောင်းကောင်းမွန်မွန်နေရတယ်ပြောပြော၊ ကိုယ့်ဇာတိ၊ ကိုယ့်ရွာကိုရောက်တာ့မယ်ဆိုတဲ့အသိက ပိုပြီးပျော်ဖို့ကောင်းတယ်မဟုတ်လားဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ဂမုန္းနက္သုံးေဖာ္”(စ/ဆုံး)
——————————————————————–
အတြဲ(၄) စာစဥ္(၂၃)

(၁)

ဟိုေန႔က အေၾကာင္းကိုျပန္ဆက္ရရင္ေတာ့ ဗ်ဂၣေလးက သူ႔သားဘရန္ကိုရေတာ့ ေပ်ာ္႐ႊင္သြားတာေပါ့ဗ်ာ၊ သူ႔မိန္းမ ခြန္ဂ်ာေသသြားတယ္ဆိုေတာ့ ဝမ္းလည္းနည္းရတာေပါ့၊ ဒါနဲ႔ပဲ က်ဳပ္တို႔သုံးေယာက္ ေဆးဆရာႀကီးဦးဖိုးေခြးအိမ္ေပၚကိုတက္လာခဲ့တယ္၊ ေဆးဆရာႀကီး ညေနပိုင္းမို႔လို႔ ပုတီးစိပ္ေနတယ္ဗ်၊ ၿပီးေတာ့ ေဆးေတြဝါးေတြကို စီရင္မန္းမႈတ္ေနေသးတယ္၊ ဦးဖိုးေခြးနဲ႔ခပ္လွမ္းလွမ္းမွာ က်ဳပ္တို႔ထိုင္ေနၾကတာေပါ့ဗ်ာ၊ ဦးဖိုးေခြးက ဘုရားေက်ာင္းေဆာင္အေရွ႕မွာထိုင္ေနတယ္ဗ်၊ သူ႔အေရွ႕မွာလည္း စားပြဲခုံပုကေလးတစ္လုံးရွိတယ္၊ စားပြဲခုံပုကေလးအေပၚမွာေတာ့ အျဖဴေရာင္ပိတ္စနဲ႔ အနီေရာင္ပိတ္စကိုတစ္ထပ္စီထပ္ၿပီးခင္းထားတယ္၊ အဲဒီအေပၚမွာ ေႂကြပန္းကန္ကေလးတစ္ခ်ပ္တင္လို႔ဗ်၊ ေႂကြပန္းကန္ျပားအလယ္မွာေတာ့ ခ်င္းတက္လိုလို ေဆးျမစ္ကေလးတစ္ခုကိုတင္ထားပါေရာ၊

ဦးဖိုးေခြးက က်ဳပ္တို႔ေရာက္တာေတာ့ သိမွာပါဗ်၊ ဒါေပမယ့္ က်ဳပ္တို႔ကိုလွည့္မၾကည့္ဘဲ ဆက္ၿပီး႐ြတ္ဖတ္ေနတယ္၊ ၿပီးေတာ့ မႏၲန္တစ္ခု႐ြတ္ၿပီး အဲဒီခ်င္းတက္ကေလးကို လက္နဲ႔သပ္တယ္ဗ်၊ က်ဳပ္လည္း လိုက္မွတ္ထားတာ ႏွစ္ဆယ့္ခုနစ္ေခါက္တိတိလက္နဲ႔သပ္ေနတာ၊ သပ္ေနရင္း ႏွစ္ဆယ့္ခုနစ္ေခါက္လည္းျပည့္ေရာ အဲဒီခ်င္းတက္ကိုလက္နဲ႔သပ္ေနတဲ့ ဦးဖိုးေခြးရဲ႕လက္ေတြ တုန္ယင္လာတယ္ဗ်ာ၊ ေနာက္ေတာ့ တင္ပလႅင္ေခြထိုင္လ်က္သားႀကီးပဲ အေနာက္ကိုပက္လက္လန္ၿပီး တုံးခနဲလဲက်သြားတာပဲ၊ လဲက်သြားတဲ့ပုံစံကလည္း အဆန္းဗ်၊ လက္ေတြေျခေတြေတာင္ ပုံစံမပ်က္ဘဲ ေတာင့္ေတာင့္ႀကီးလဲက်သြားတာ၊ က်ဳပ္တို႔လည္း အံ့အားသင့္ၿပီးၾကည့္ေနမိတာေပါ့ဗ်ာ၊ ေနာက္ေတာ့ က်ဳပ္လည္း သတိဝင္သြားၿပီး ဦးဖိုးေခြးကို ေျပးဆြဲလိုက္တယ္၊ ဦးဖိုးေခြးလက္ေတြေျခေတြက ေအးစက္ေနၿပီးေတာ့ ေက်ာက္႐ုပ္ႀကီးက်ေနတာပဲဗ်ာ၊

မ်က္လုံးႀကီးကလည္းျပဴးလို႔ဗ်၊ လက္တစ္ဖက္ကလည္း ေထာင္လွ်က္သားႀကီးျဖစ္ေနတယ္၊

“ဦးဖိုးေခြး၊ ဦးဖိုးေခြး သတိထားပါအုံးဗ်ာ”

က်ဳပ္တို႔အိမ္ေရွ႕မွာေအာ္ဟစ္ေနေတာ့ အိမ္ေနာက္ေဖးကေန ဦးဖိုးေခြးရဲ႕သမီးေတြက ေျပးထြက္လာတယ္ဗ်၊ ၿပီးေတာ့ ဦးဖိုးေခြးကိုေပြ႕ခ်ီရင္း

“အေဖ၊ အေဖဘယ္လိုျဖစ္တာလဲ၊ သတိထားပါအုံး”

ဦးဘသာက ဦးဖိုးေခြးအနားကိုကပ္လိုက္ၿပီးေတာ့

“ေလသင္တုန္းျဖတ္တာမ်ားလားေဟ့”

ဦးဖိုးေခြးကို က်ဳပ္တို႔ဝိုင္းၿပီး ႏွာႏွပ္ၾကေပမယ့္ ဦးဖိုးေခြးက ဘာမွမထူးဘူးဗ်၊ ဒါနဲ႔ သူ႔ကိုထိုင္လွ်က္သားႀကီးအတိုင္း နံရံတစ္ခုကိုမွီၿပီး ေဘးနားမွာ ေခါင္းအံုံးေတြ၊ ေမြ႕ရာေတြခင္းထားေပးတယ္၊ ဦးဖိုးေခြးက မ်က္လုံးႀကီးျပဴးၿပီးပြင့္ေနေပမယ့္ တုတ္တုတ္မလႈပ္ဘူးဗ်၊ ဝင္သက္ထြက္သက္ေတာင္မွ ထြက္တယ္ဆို႐ုံကေလး ေငြ႕ေငြ႕ကေလးရွိတာ။ ဦးဖိုးေခြးတို႔ ေဆြမ်ိဳးေတြ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ကုန္တာေပါ့ဗ်ာ။

“ဘယ္လိုျဖစ္တာလဲရွင္”

“က်ဳပ္တို႔ေရာက္လာေတာ့ ဦးဖိုးေခြးက ဘုရားရွိခိုးေနတာဗ်၊ ၿပီးေတာ့ ေဟာဟို ခ်င္းတက္ကေလးကို မႏၲန္ေတြ႐ြတ္ၿပီး လက္နဲ႔သပ္ေနတာပဲဗ်ာ၊ သပ္ေနရင္း အဲဒီလိုျဖစ္သြားတာပဲ”

ဦးဘသာက ဦးဖိုးေခြးအနားကို အသာကပ္သြားၿပီးေတာ့ ေျခေထာက္ေတြဘာေတြ စမ္းၾကည့္ေနတယ္၊ ေနာက္ေတာ့ က်ဳပ္အနားကိုအသာကပ္ၿပီး

“အလတ္ေကာင္ေရ၊ ဖိုးေခြးျဖစ္တာ သာမန္မဟုတ္ဘူးဟ၊ တစ္ခုခုေတာ့ထူးတယ္”

“ဘယ္လိုျဖစ္တာလဲ ဦးဘသာ”

“ပေယာဂတစ္ခုခုေတာ့ပါေနတယ္”

“ဦးဘသာကူညီႏိုင္သလား”

ဦးဘသာက ေခါင္းအသာညိတ္တယ္၊ ဒါနဲ႔က်ဳပ္လည္း ဦးဖိုးေခြးသမီးေတြၾကားေအာင္လို႔ အက်ယ္ႀကီးထေျပာတယ္၊

“ဦးဘသာေရ၊ ဦးဖိုးေခြးကို တစ္ခုခုလုပ္ေပးပါအုံးဗ်ာ၊ ဦးဘသာ လုပ္ႏိုင္တယ္မဟုတ္လား”

က်ဳပ္ေအာ္ေျပာလိုက္ေတာ့ ဦးဖိုးေခြးမိသားစုေတြလည္း ဦးဘသာကိုဝိုင္းၾကည့္တယ္ဗ်။

“ဆရာႀကီး၊ ကြၽန္မတို႔အေဖကို တစ္ခုခုလုပ္ပါအုံးရွင္၊ ဆရာႀကီးလုပ္ေပးတတ္တယ္မဟုတ္လား”

ဦးဘသာက ေခါင္းညိတ္ၿပီး

“ေအးပါ၊ ငါတတ္သေလာက္ ၾကည့္ေပးပါ့မယ္၊ ဘာမွမစိုးရိမ္ပါနဲ႔၊ အရင္ဆုံးငါ့ကို ေရတစ္ခြက္နဲ႔ ကြမ္း႐ြက္ေလးငါး႐ြက္ေပးစမ္းေဟ့”

ဦးဖိုးေခြးသမီးက မတ္ခြက္တစ္ခြက္ရယ္ ကြမ္း႐ြက္ေတြရယ္ေပးတယ္ဗ်၊ ဦးဘသာက မတ္ခြက္ကိုယူလိုက္ၿပီးေတာ့ ကြမ္း႐ြက္ေတြကိုလက္ထဲထည့္ၿပီးေခ်ရင္း ေရခြက္ထဲကိုစိမ္လိုက္တယ္ဗ်၊

“ဒီအထဲကို ဆားနည္းနည္းရယ္၊ ကြမ္းစားတဲ့ထုံး လက္ညႇိဳးတစ္ေကာ္ေလာက္ ေဖာက္ထည့္ေပးေဟ့”

အကုန္လုံးလုပ္ၿပီးေတာ့ ဦးဘသာက မတ္ခြက္ထဲကိုလက္နဲ႔ႏႈိက္ေမႊၿပီးေတာ့

“ကဲ၊ ကဲ ဒီေဆးရည္ကို နင္တို႔အေဖရဲ႕ေခါင္းေပၚကေနစၿပီးေလာင္းခ်စမ္း၊ ငါလုပ္လို႔မရဘူးဟ၊ သူနဲ႔ေသြးေတာ္ သားစပ္တဲ့လူက လုပ္မွရမွာ”

ဦးဖိုးေခြးသမီးက မတ္ခြက္ကိုယူလိုက္ၿပီးေတာ့ ဦးဖိုးေခြးရဲ႕ေခါင္းေပၚကေန ေလာင္းခ်လိုက္တယ္၊ ေရေတြက ဦးဖိုးေခြးတစ္ကိုယ္လံုံးကို စို႐ြဲသြားတာေပါ့ဗ်ာ၊ ေရတစ္ခြက္ကုန္တာနဲ႔ ဦးဖိုးေခြးေျခလက္ေတြက တဆတ္ဆတ္တုန္ယင္လာၿပီးေတာ့ ဦးဖိုးေခြးလႈပ္လာတာပဲ၊

“ခ်မ္းတယ္၊ ခ်မ္းတယ္”

ဦးဖိုးေခြးက သူ႔လက္ေတြကို လက္ေမာင္းေတြနဲ႔ပြတ္ေနတယ္၊ သူ႔မိသားစုေတြလည္း ဝမ္းသာသြားတာေပါ့ဗ်ာ၊ ဦးဖိုးေခြးကို သဘက္ေတြနဲ႔ေရေတြဝိုင္းသုတ္ေပးၾကတယ္၊ ေစာင္ေတြနဲ႔ၿခဳံေပးၾကတယ္၊ ဦးဖိုးေခြးက ေတာ္ေတာ္ထိတ္လန႔္ေနတဲ့ပုံပဲဗ်၊ ႏႈတ္ခမ္းေတြလည္း တုန္လို႔ဗ်ိဳ႕။

ဦးဘသာက ဦးဖိုးေခြးေပါင္ကို အားနဲ႔ဘုန္းခနဲပုတ္လိုက္ၿပီးေတာ့

“ေဟ့၊ ဖိုးေခြး၊ မင္းငါ့ကိုေတာင္ မမွတ္မိေတာ့ဘူးလားကြ”

ဦးဖိုးေခြးက ျပဴးတူးေၾကာင္ေတာင္နဲ႔ ဦးဘသာကိုၾကည့္ၿပီး

“ကို၊ ကိုဘသာပါလား”

ဦးဖိုးေခြးသမီးက ဦးဖိုးေခြးအနားကပ္လာၿပီးေတာ့

“အေဖ၊ ဒီဦးႀကီးက အေဖခုနကလဲက်သြားလို႔ အေဖ့ကိုျပန္ကယ္ေပးထားတာ အေဖရဲ႕”

ဦးဖိုးေခြးက အခုွမွ နည္းနည္းအသိျပန္ကပ္လာပုံရတယ္ဗ်၊ ဦးဘသာကိုၾကည့္ၿပီး

“ေက်းဇူးတင္ပါတယ္ကိုဘသာ”

ဦးဘသာက ေခါင္းတညိတ္ညိတ္နဲ႔

“ရပါတယ္ကြ၊ ငါလုပ္တာ ဘာမွမေျပာပေလာက္ပါဘူး၊ ဒါေပမယ့္ ဒီလိုဘာေၾကာင့္ျဖစ္တယ္ဆိုတာကို မင္းသိတယ္မဟုတ္လား ဖိုးေခြး”

ဦးဖိုးေခြးက ေခါင္းညိတ္တယ္ဗ်၊ ၿပီးေတာ့

“ဒီအေၾကာင္းေတြေျပာရရင္ေတာ့ နည္းနည္းရွည္မယ္ဗ် ကိုဘသာရ၊ ဒီလိုလုပ္ပါလား၊ ကိုဘသာတို႔ ႐ြာမျပန္ခင္ က်ဳပ္အိမ္မွာတည္းပါလားဗ်ာ၊ ေနာက္ၿပီးေတာ့ ကိုဘသာေရာက္တာလည္းအေတာ္ပဲ၊ ဒီကိစၥမွာ ကိုဘသာရဲ႕အႀကံဉာဏ္ကိုလည္း က်ဳပ္လိုခ်င္တယ္”

ဘာမွန္းေတာ့မသိေသးဘူးဗ်၊ ဦးဘသာက ေခါင္းညိတ္လိုက္တယ္၊ ဦးဖိုးေခြးက မတ္တပ္ရပ္လိုက္ၿပီးေတာ့ ခုနက ေႂကြပန္းကန္ကေလးကို ဘုရားေက်ာင္းေဆာင္ေပၚကို ယူၿပီးတင္လိုက္တယ္၊ ဘုရားေက်ာင္းေဆာင္ေပၚေရာက္ေတာ့ ခ်င္းတက္အေပၚကို ဖန္ခြက္တစ္လုံးေမွာက္တင္ၿပီးေတာ့ အုပ္ထားလိုက္တယ္ဗ်။

(၂)

ဗ်ဂၣေလးက ကေလးခ်ီၿပီးအနားကိုကပ္ရင္း

“ဆရာႀကီး၊ ဒီကေလးက ကြၽန္ေတာ့္ရဲ႕သားကေလးပါ၊ သူက ေမြးရာပါ အ႐ိုးေတြမစြမ္းမသန္ျဖစ္ေနပါတယ္၊ ဆရာႀကီး ကုသလို႔ရရင္ ကုသေပးပါဗ်ာ”

ဦးဖိုးေခြးအေရွ႕ကို ေကာင္ေလးကိုခ်ေပးလိုက္ေတာ့ ဦးဖိုးေခြးက ေျခေထာက္ေတြကို လက္နဲ႔ေသေသခ်ာခ်ာႏွိပ္ၿပီးစမ္းၾကည့္တယ္၊ ေနာက္ၿပီးေတာ့ ေကာင္ေလးရဲ႕ ဒူးဆစ္ေတြကို လက္ညႇိဳးနဲ႔ေတာက္ၾကည့္တယ္၊ ေျခဖဝါးကို လက္ေခ်ာင္းေတြနဲ႔ပြတ္ၾကည့္တယ္ဗ်။ ေနာက္ေတာ့ ေခါင္းညိတ္လိုက္ၿပီး

“ဒီကေလးက ပထဝီဓါတ္ မညီမမွ်ျဖစ္ေနတာပဲကြ၊ ကုလို႔ေတာ့ရတယ္ဆိုေပမယ့္ လူေကာင္းပကတိေတာ့ ျပန္ျဖစ္မယ္မထင္ဘူး၊ ဒါေပမယ့္ ငါရေအာင္ႀကိဳးစားၿပီးေတာ့ ကုေပးပါ့မယ္ကြာ”

ဗ်ဂၣေလးက ဝမ္းသာအားရနဲ႔ လက္အုပ္ခ်ီၿပီးေတာ့

“ေက်းဇူးတင္ပါတယ္ဆရာႀကီးရာ၊ ဆရာႀကီးေက်းဇူးကို က်ဳပ္တစ္သက္မေမ့ပါဘူးဗ်ာ”

ဗ်ဂၣေလးက ထိုင္ၿပီးကန္ေတာ့ေတာ့တာပဲဗ်ာ၊ ဦးဖိုးေခြးက ေခါင္းညိတ္ရင္း

“ရပါတယ္ကြာ၊ တို႔အိမ္ေဘးနားမွာ တဲကေလးတစ္လုံးရွိတယ္၊ အရင္တုန္းက ငါဖိုထိုးတဲ့တဲေပါ့ကြာ၊ အခုေတာ့အားေနတယ္၊ အဲဒီတဲကိုရွင္းလိုက္ၿပီးေတာ့ မင္းတို႔သားအဖေနၾကေပါ့ကြာ”

ဗ်ဂၣေလးက ေခါင္းညိတ္တယ္၊ ၿပီးေတာ့ သူ႔သားကိုေကာက္ခ်ီလိုက္တယ္ဗ်၊ ဦးဖိုးေခြးက တစ္ခုခုေျပာခ်င္ေပမယ့္ ေခ်ာင္းဟန႔္လိုက္ၿပီး ဗ်ဂၣေလးတို႔ကိုၾကည့္လိုက္ေတာ့ အကင္းပါးတဲ့ ဗ်ဂၣေလးက အိမ္ေပၚကေနဆင္းသြားပါေရာ၊ က်ဳပ္လည္းဆင္းသြားမယ္လုပ္ေတာ့ ဦးဘသာက က်ဳပ္ကိုလွမ္းတားလိုက္ၿပီး

“ဒီေကာင္ေလးက စိတ္ခ်ရပါတယ္၊ မင္းေျပာစရာရွိတာသာ ေျပာပါ ဖိုးေခြး”

ဦးဖိုးေခြးက ေဘးဘီကိုၾကည့္လိုက္ေသးတယ္ဗ်၊ ၿပီးေတာ့ က်ဳပ္ကိုအိမ္ေရွ႕တံခါးထပိတ္ခိုင္းတာနဲ႔ က်ဳပ္လည္း အိမ္ေရွ႕တံခါးမႀကီးကို ထပိတ္ၿပီးေတာ့ ကလန႔္ထိုးလိုက္တာေပါ့ဗ်ာ၊ ဦးဖိုးေခြးကေတာ့ ျပတင္းေပါက္ေတြကိုပိတ္တယ္ဗ်၊ ၿပီးတာနဲ႔ အိမ္ေရွ႕နဲ႔အိမ္ေနာက္ကူးတဲ့ေနရာက တံံခါးကိုလည္းထပိတ္တယ္။ ဦးဖိုးေခြးက တစ္ခုခုလႈိ႕လႈိ႕ဝွက္ဝွက္ေျပာမယ့္ပုံစံေပါ့ဗ်ာ။

“ဒီေလာက္ဆိုရပါၿပီ ဖိုးေခြးရ”

ဦးဘသာကေျပာတယ္၊ ဒါေတာင္မွ ဦးဖိုးေခြးက ၾကမ္းၾကားထဲကေန ေအာက္ကိုငုံ႔ၾကည့္ၿပီး အိမ္ေအာက္မွာ လူရွိမရွိေခ်ာင္းၾကည့္လိုက္ေသးတယ္ဗ်။ အားလုံးရွင္းသြားၿပီဆိုေတာ့မွ က်ဳပ္တို႔အနားကိုကပ္လာတယ္။

“ဖိုးေခြးရာ၊ မင္းကိစၥက ဒီေလာက္လႈိ႕ဝွက္စရာ လိုလို႔လားကြ”

“လိုတယ္ဗ်၊ ကိုဘသာရ ဒီကိစၥက ႏွယ္ႏွယ္ရရမဟုတ္ဘူး”

“ငါလည္း သေဘာေပါက္ပါတယ္၊ ခုနက မင္းကိုင္ေနတဲ့ ခ်င္းတက္ကေလးနဲ႔ဗ်ာ ဆက္စပ္ေနသလားကြ”

ဦးဘသာေမးေတာ့ ဦးဖိုးေခြးက ေခါင္းညိတ္လိုက္ၿပီး

“အဟုတ္ေပါ့ဗ်ာ၊ အဲဒါက ခ်င္းတက္ဟုတ္ဘူးဗ်၊ ဂမုန္းနက္ဗ်”

ဦးဘသာေတာ္ ေတာ္ေတာ္ထိတ္လန႔္သြားတယ္၊ ေဘးနားထိုင္ေနတဲ့က်ဳပ္လည္း

“ဂမုန္းနက္က ဘာထူးျခားလို႔လဲဗ်”

ဦးဘသာက က်ဳပ္ဘက္လွည့္ၾကည့္ၿပီးေတာ့

“ဂမုန္းဆိုတာ သူ႔အမ်ိဳးသူ႔အႏြယ္နဲ႔သူ ထူးျခားတဲ့အစြမ္းေတြရွိၾကတာခ်ည္းပဲကြ၊ အဲဒီ ဂမုန္းေတြထဲမွာမွ ဂမုန္းျဖဴ၊ ဂမုန္းနက္နဲ႔ ဂမုန္းနီ သုံးမ်ိဳးက အစြမ္းဆုံးပဲကြ၊ ေဆးဝိဇၨာေတြဆိုရင္ အဲဒီဂမုန္းေတြနဲ႔ ထူးျခားတဲ့အစြမ္းရွိတဲ့ ေဆးဝါးအမ်ိဳးမ်ိဳးေတြေဖာ္စပ္ႏိုင္တယ္၊ သာမန္ေဆးေတြတင္ကဘူးကြ၊ သိဒၶိဆယ္မ်ိဳးၿပီးတဲ့ သိဒၶိဝင္ေဆးေတြအျပင္ ထြက္ရပ္ေပါက္ႏိုင္တဲ့အထိ စြမ္းတဲ့ ေဆးေတာ္ႀကီးေတြအထိေတာင္ ေဖာ္စပ္ႏိုင္တယ္”

ဦးဘသာေျပာမွ က်ဳပ္လည္း ေသေသခ်ာခ်ာသိေတာ့တယ္။

“ဒါဆို ဂမုန္းနက္က ေတာ္ေတာ္စြမ္းတာေပါ့ဗ်ာ”

“စြမ္းလည္းစြမ္းသလို ရွားလည္းသိပ္ရွားတာေပါ့၊ ဖိုးေခြး၊ မင္း ဒီဂမုန္းနက္ကို ဘယ္လိုလုပ္ၿပီးေတာ့ ရလာတာလဲ”

“အဲဒါေျပာရရင္ ပိုၿပီးထူးဆန္းတယ္ ကိုဘသာရဲ႕၊ ဒီလိုဗ်”

ဦးဖိုးေခြးက ေရတစ္ခြက္ကိုေကာက္ေမာ့လိုက္ေသးတယ္။

“ဦးဘသာတို႔နဲ႔ က်ဳပ္နဲ႔လွည္းလမ္းခြမွာ လမ္းခြဲသြားၿပီးေတာ့ က်ဳပ္လည္းေပေတာျပန္ခဲ့တယ္ဗ်၊ လွည္းလမ္းခြအထြက္ေရာက္ေတာ့ ေဗာဓိကုန္းက အသိဦးဇင္းတစ္ပါးနဲ႔ေတြ႕တာနဲ႔ သူနဲ႔လိုက္သြားမိတယ္၊ အဲဒီဦးဇင္းက သူတို႔ကုန္းမွာ ထူးဆန္းတာေတြျဖစ္ေနတယ္လို႔ ဆိုတာကိုးဗ်”

“ေအး၊ ေဗာဓိကုန္းဆိုတာ ေပေတာအထြက္ေနရာမဟုတ္လား”

“ဟုတ္တယ္ေလဗ်ာ၊ နိဗၺာန္တိုက္နယ္သြားတဲ့ လမ္းရဲ႕ဆန႔္က်င္ဘက္ေပါ့၊ ေဗာဓိကုန္းေရာက္ေတာ့ တကယ္ထူးဆန္းတာေတြ႕ရတယ္”

“ဘယ္လိုေတြ႕ရတာလဲ ဦးဖိုးေခြးရာ”

“ေဗာဓိကုန္းဆိုတဲ့အတိုင္း လူေနအိမ္ေတြမရွိဘဲ ေတာရဘုန္းႀကီးေက်ာင္းကေလးတစ္ေက်ာင္းပဲရွိတယ္၊ အဲဒီေတာရဘုန္းႀကီးေက်ာင္းနဲ႔ ခပ္လွမ္းလွမ္းမွာေတာ့ ေစတီပ်က္ႀကီးရွိတယ္ကြ၊ ေစတီပ်က္ႀကီးက ႀကီးလြန္းလို႔ မသိရင္ ေတာင္ကုန္းကမူႀကီးတစ္ခုလို႔ေတာင္ထင္ရတယ္၊ အဲဒီေနရာကို ေဗာဓိကုန္းလို႔ေခၚတာ၊ ထူးဆန္းတာက ညေန ညေနဆိုရင္ အဲဒီေစတီပ်က္အနားကို မိန္းကေလးသးေယာက္ ေရာက္လာၾကတယ္၊ ၿပီးေတာ့ ရႈိက္ႀကီးတငင္နဲ႔ငိုၾကတာပဲဗ်ာ”

က်ဳပ္လည္း ထူးဆန္းသြားတယ္။

“မဟုတ္မွလြဲေရာ၊ ဥစၥာေစာင့္ေတြမ်ားလား”

“က်ဳပ္လည္း အစကအဲဒီလိုထင္မိသားဗ်၊ ဦးဇင္းေတြလည္း ေၾကာက္ေတာ့ အနားကပ္ၿပီးမၾကည့္ရဲဘူးကိုး၊ က်ဳပ္လည္း ခပ္လွမ္းလွမ္းကေစာင့္ၾကည့္ေနတာဗ်၊ အဲဒီမိန္းကေလးေတြက ညေနေစာင္းကတည္းက ငိုတာ တစ္ညလုံးလည္းအငိုမရပ္ဘူးဗ်၊ မနက္မိုးလင္းခါနီးေတာ့ က်ဳပ္လည္းတစ္ခ်က္ငိုက္ျမည္းသြားရာကေန မ်က္လံုံးဖြင့္ၾကည့္လိုက္ေတာ့ သူတို႔သုံးေယာက္က က်ဳပ္အနားကိုေရာက္ေနတယ္ဗ်”

“ဟာ၊ ဦးဖိုးေခြးကို ဘာလုပ္သြားေသးလဲ”

“နားေထာင္စမ္းပါအုံးကြာ၊ ငါလည္း လန႔္သြားတာေပါ့ကြ၊ သူတို႔က ငါ့ကိုဘာေျပာလည္းဆိုေတာ့ ဒီေနရာကေန လွည့္္ျပန္ရင္ျပန္ မျပန္ရင္သတ္ပစ္မယ္လို႔ ေျပာတယ္၊ ၿပီးတာနဲ႔ သူတို႔မ်က္ႏွာႀကီးေတြက ဘီလူးသရဲမ်က္ႏွာႀကီးေတြလို ႐ုပ္ဆိုးဆိုးႀကီးေတြျဖစ္သြားတာ ေၾကာက္စရာႀကီးကြာ၊ ဒါနဲ႔ငါလည္း အဲဒီေနရာကေန ထြက္ေျပးခဲ့ရတာေပါ့”

“ဒါက ေဟာဒီဂမုန္းနက္နဲ႔ ဘယ္လိုမ်ားသက္ဆိုင္လို႔လဲဗ်”

“အဲဒီေန႔မနက္ပဲ ဆရာႀကီးတစ္ေယာက္ေရာက္လာျပန္ေရာ၊ လူကေတာ့ ေတာ္ေတာ္အသက္ႀကီးေနပါၿပီ၊ ကိုဘသာထက္ေတာင္ႀကီးမယ္ထင္တယ္၊ သူက ေရာက္လာၿပီးေတာ့ အဲဒါ ဂမုန္းေစာင့္ေတြလို႔ေျပာတယ္၊ ဘုရားေစတီပုထိုးအနားမွာ ဂမုန္းပင္ေပါက္ရင္ ဂမုန္းေစာင့္ေတြက ငိုတတ္တယ္တဲ့ဗ်ာ၊ ဒါနဲ႔ အဲဒီလူႀကီးက ေစတီပ်က္အနားကိုသြားေတာ့ က်ဳပ္လည္းလိုက္သြားတယ္၊ ေစတီပ်က္ေအာက္ေျခက အုပ္ခ်ပ္တစ္ခ်ိဳ႕ကိုရွင္းလိုက္ေတာ့ အဲဒီမွာ အပင္ကေလးသုံးပင္ တန္းစီၿပီးေပါက္ေနတာကိုေတြ႕လိုက္ရသဗ်ာ၊ အပင္သုံးပင္ကလည္း ပုံစံဆင္တူပဲဗ်၊ အပင္ေတြက ဆိပ္ဖူးပင္လိုအ႐ြက္ေတြနဲ႔ဗ်ိဳ႕၊ ဒါေပမယ့္ အ႐ြက္ေတြအားလုံးရဲ႕အလယ္မွာ အနက္ေရာင္ေတြျဖစ္ေနတယ္၊ အဲဒီဆရာႀကီးက အပင္သုံးပင္စလုံးကို မန္းမႈတ္ၿပီးေတာ့ ခူးသြားတာပဲ၊ ၿပီးေတာ့ က်ဳပ္ကိုၾကည့္ၿပီး “ေဟာဒါ ဂမုန္းနက္ပဲကြ၊ အလြန္သိဒၶိဝင္ၿပီး ေဆးဖက္ဝင္တဲ့အပင္ေပါ့ကြာ၊ မင္းက ေဆးဆရာမဟုတ္လား၊ ေဟာဒီတစ္ပင္ကို မင္းယူသြား” ဆိုၿပီးေတာ့ က်ဳပ္ကိုေပးလိုက္တာပဲ”

ေျပာေျပာဆိုဆိုနဲ႔ ဦးဖိုးေခြးက ဘုရားေက်ာင္းေစာင္ေပၚက ေႂကြပန္းကန္ျပားကိုယူလိုက္ၿပီး က်ဳပ္တို႔အေရွ႕မွာခ်ျပတယ္ဗ်။

“ဂမုန္းနက္ကို ဦးဖိုးေခြးက ဘာလုပ္မလို႔လဲဗ်”

“ငါ့ဆရာထားခဲ့တဲ့ ေဆးက်မ္းတစ္ေစာင္ကိုၾကည့္ေတာ့ ဂမုန္းနက္ေဆးအသုံးေတြ႕တယ္ကြ၊ ေဆးကေတာ့ အမတဘယ ေဆးေဖာ္စပ္နည္းဆိုပဲ၊ အမတ ဆိုတာ မေသတာေပါ့ကြာ၊ ေျပာရရင္မေသေဆးေပါ့”

“ဟာ၊ ဒါဆို အဲဒီေဆးေသာက္ရင္ မေသေတာ့ဘူးေပါ့ေနာ္”

“တင္စားၿပီးေျပာတာပါ၊ မေသတာေတာ့ မဟုတ္ေပမယ့္ အသက္ရွည္ရွည္အနာကင္းကင္းေနႏိုင္တယ္၊ ေသခါနီးလူကို တိုက္ရင္ေတာင္မွ ခ်မ္းခ်မ္းသာသာ ေအးေအးေဆးေဆးနဲ႔ ဘဝကူးေျပာင္းရတယ္ဆိုပဲ”

ဦးဘသာက အဲဒီခ်င္းတက္နဲ႔တူတဲ့ ဂမုန္းနက္ဥကေလးကိုၾကည့္တယ္ဗ်၊ ဥကေတာ့ပုံမွန္ပါပဲ။

“ဒါနဲ႔ ဖိုးေခြးေရ၊ ငါၾကားဖူးတာက သိဒၶိဝင္ဂမုန္းဆိုတာက ဒီအတိုင္းသံံုံးမရဘူးမဟုတ္လား၊ သူတို႔ရဲ႕ သိဒၶိအစြမ္းေတြ ႏိုးထလာေအာင္လို႔ ႏႈိးရတယ္မဟုတ္လား”

“ေသခ်ာတာေပါ့ ကိုဘသာရာ၊ ဒါေၾကာင့္ က်ဳပ္လည္း သိဒၶိဝင္ေအာင္ ဂမုန္းနက္ကို ႏႈိးေနတာၾကာၿပီ၊ သုံးခါတိတိရွိၿပီဗ်၊ ခုနက ဦးဘသာတို႔ျမင္လိုက္ရတာကေတာ့ တတိယအႀကိမ္ အသက္သြင္းတာပဲ၊ ပထမတစ္ႀကိမ္ မႏၲန္ကိုးႀကိမ္႐ြတ္ၿပီးႏႈိးတယ္၊ မေအာင္ျမင္ခဲ့ဘူး၊ ဒုတိယတစ္ခါ မႏၲန္ဆယ့္ရွစ္ႀကိမ္ ႐ြတ္တယ္၊ ဒါလည္းမေအာင္ဘူး၊ ေနာက္ေတာ့ ႏွစ္ဆယ့္္ခုနစ္ႀကိမ္ေပါ့ဗ်ာ။ ေအာင္ျမင္သလား မေအာင္ျမင္သလားကေတာ့ ကိုဘသာတို႔ျမင္တဲ့အတိုင္းပါပဲ”

ဦးဘသာလည္း ေခါင္းတဆတ္ဆတ္ညိတ္တယ္။

“ဒီတစ္ခါေတာ့ မင္းက မေအာင္ျမင္တဲ့အျပင္ ဂမုန္းေစာင့္က မင္းကိုပါ ျပန္ၿပီးဒဏ္ခတ္သြားတာပဲေဟ့၊ ေလးႀကိမ္ေျမာက္ေတာ့ မႀကိဳးစားနဲ႔ ဖိုးေခြးရင္၊ ဒီတစ္ခါ မင္းကိုအေသလုပ္မွာဟ”

“ဦးဘသာ၊ ဂမုန္းေစာင့္က ဒီေလာက္ေတာင္စြမ္းတယ္တဲ့လား”

“စြမ္းတာေပါ့ကြ၊ ေဆးေတြဝါးေတြ စြမ္းတယ္ဆိုတာ အဲဒီေဆးဝါးေတြအစြမ္းလည္းပါသလို၊ ေဆးဝါးေတြကို ေစာင့္ၾကပ္တဲ့အေစာင့္အေရွာက္ ပုဂၢိဳလ္ေတြရဲ႕ အစြမ္းလည္းပါသကြ”

“ဒါဆို ဒီေဆးေစာင့္ေတြက ဘယ္လိုျဖစ္လာတာလဲဗ်ာ၊ အပင္မေပါက္ခင္ကတည္းက ေရာက္ေနၾကတာလား”

“ဒီလိုပုဂၢိဳလ္မ်ိဳးေတြကလည္း ႐ုကၡစိုးတစ္မ်ိဳးပဲကြ၊ မ်ားေသာအားျဖင့္ ဂမုန္းပင္ေတြစျဖစ္တည္ဖို႔ ဥဖြဲ႕ၿပီဆိုကတည္းက သူတို႔ကလာၿပီးေနထိုင္ၾကတာေပါ့ကြာ၊ ဂမုန္းဆိုတာက ဥမေသမခ်င္း ေသမွမေသတာ၊ ဒီေတာ့ အဲဒီဥမွာ သူတို႔က သိုက္နန္းဖြဲ႕တည္ေနထိုင္ၾကတဲ့ နတ္တစ္မ်ိဳးေပါ့ကြာ၊ နတ္ဆိုေတာ့လည္း ကမၼဇိဒၶိ တန္ခိုးအစြမ္းရွိၾကတာေပါ့”

က်ဳပ္လည္းအခုမွပဲ နားလည္ေတာ့တယ္ဗ်ာ၊

“ဒါဆိုရင္ ဦးဖိုးေခြးက အခုဘာလုပ္မယ္စိတ္ကူးထားလဲ”

“ကိုဘသာက ဆက္မလုပ္နဲ႔ဆိုေတာ့လည္း က်ဳပ္တို႔ျပန္ထားလိုက္ၾကတာေပါ့ဗ်ာ၊ ကိုဘသာ အခုအားတယ္မဟုတ္လား”

“အားပါတယ္၊ ဘာလဲဖိုးေခြးရ မင္းအခုပဲသြားထားမလို႔လား”

“ဒါေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ေဟာဒီအက်ိဳးမေပးတဲ့ ဂမုန္းနက္ကို အိမ္မွာဆက္ၿပီးမထားဝံ့ေတာ့ဘူးဗ်ိဳ႕၊ သူတို႔ေနရာမွာ သြားျပန္ထားေပးလိုက္ေတာ့မယ္”

ဦးဘသာက ေခါင္းညိတ္တယ္ဗ်၊ အခ်ိန္ကေတာ့ ညေနေစာင္းၿပီး ေနဝင္ၿပီးၿပီေပါ့ဗ်ာ၊ ဦးဖိုးေခြးက သူ႔တပည့္တစ္ေယာက္ကို လွည္းဆင္ခိုင္းတယ္ဗ်၊ ၿပီးတာနဲ႔ အဲဒီလွည္းကိုက်ဳပ္ကေမာင္းၿပီးေတာ့ ဦးဘသာနဲ႔ ဦးဖိုးေခြးတို႔က အေနာက္မွာထိုင္ရင္းလိုက္လာခဲ့ၾကတာေပါ့။

(၃)

က်ဳပ္တို႔ေပေတာ႐ြာကေနထြက္ၿပီး ႐ြာအျပင္လွည္းလမ္းအတိုင္းႏွင္လာခဲ့တယ္၊ မိုးခ်ဳပ္ၿပီဆိုေတာ့ ႏြားေတြကိုလည္း သိပ္ၿပီးႏွင္လို႔မေကာင္းေတာ့ဘူးမဟုတ္လားဗ်ာ၊ ဦးဖိုးေခြးကေတာ့ သူ႔လက္ထဲမွာ ဂမုန္းနက္ကိုပန္ကန္းျပားနဲ႔ထည့္ၿပီး ကိုင္လာခဲ့တယ္ဗ်၊ ႐ြာအျပင္ လူသူရွင္းတဲ့ေနရာေရာက္ေတာ့ က်ဳပ္တို႔နားထဲမွာ မိန္းကေလးတစ္ေယာက္ ေပ်ာ္႐ႊင္ရယ္ျမဴးသံကိုၾကားလိုက္ရတာပဲ၊ က်ဳပ္လည္း လွည္းေမာင္းေနရင္း ဘယ္နားကမ်ားရယ္သလဲဆိုၿပီး ေဘးပတ္ဝန္းက်င္ကိုလိုက္ရွာေပမယ့္ လူတစ္ဦးတစ္ေယာက္မွ မေတြ႕ပါဘူးဗ်ာ၊ ေနာက္ေတာ့မွ အဲဒါ ဂမုန္းနက္က ရယ္ေနတယ္ဆိုတာကို သိလိုက္ရတယ္ဗ်။

“အဲဒါ ဂမုန္းနက္မွာေနတဲ့ အေစာင့္္က ရယ္ေနတာကြ၊ ငါ့အထင္ေတာ့ သူ႔မူရင္းေနရာကို ျပန္ရေတာ့မယ္ဆိုၿပီး ရယ္ေမာေနတာျဖစ္မယ္”

ဦးဘသာက အဲဒီလိုေကာက္ခ်က္ခ်လိုက္တယ္ဗ်၊ က်ဳပ္လည္း လွည္းကိုဆက္ႏွင္လာရင္း အေရွ႕နားေရာက္ေတာ့ ဦးဖိုးေခြးက ညာဘက္က လမ္းကေလးကို ခ်ိဳးေကြ႕ခိုင္းတယ္၊ လမ္းကေလးက ခပ္ေသးေသးပါဗ်ာ၊ လွည္းတစ္စီးမနည္းလြတ္ေအာင္သြားရတယ္။ အေရွ႕ေရာက္ေတာ့ လေရာင္မွိန္ျပျပေအာက္မွာ အုတ္ဂူမဲမဲႀကီးေတြ၊ ေျမပုံမို႔မို႔ႀကိးေတြကို ေတြ႕လိုက္ရတာပါပဲဗ်ာ။

“ဦးဖိုးေခြး၊ ဒီလမ္းဟုတ္ရဲ႕လားဗ်”

“ေအး၊ ဟုတ္တယ္၊ ဒီလမ္းက ေဗာဓိကုန္းကိုသြားတဲ့ျဖတ္လမ္းပဲ၊ လွည္းလမ္းခြဆီေရာက္ေအာင္သြားရင္ ခရီးဖင့္တယ္၊ ဒီေတာ့ ေဟာဒီ ေပႏွစ္ပင္သုႆန္ကေနျဖတ္ၾကမယ္”

ေပႏွစ္ပင္သုႆန္ဆိုတာ ေပေတာ႐ြာကလူေတြနဲ႔ ႐ြာနီးခ်ဳပ္စပ္ကလူေတြအသုံးျပဳတဲ့ သုႆန္တစ္ခုဗ်၊ သုႆန္ကေတာ့ ခပ္ေသးေသးရယ္ပါဗ်ာ၊ လွည္းလမ္းက သုႆန္အေရွ႕နားကေန ျဖတ္ေဖာက္ထားတယ္၊ ဦးဖိုးေခြးက ခပ္လွမ္းလွမ္းမွာ ျမင္ေနရတဲ့ ကုန္းကမူႀကီးကိုလက္ညႇိဳးထိုးျပတယ္၊ အဲဒီကုန္းႀကီးက ကြင္းလယ္ေခါင္မွာ ထီးတည္းႀကီးေပါ့ဗ်ာ။

“အဲဒါေပါ့ကြ၊ ေဗာဓိကုန္းဆိုတာ”

က်ဳပ္တို႔လွည္းေမာင္းလာရင္း သုႆန္နားေရာက္ေတာ့ အုတ္ဂူေတြအေပၚမွာ ဆီမီးခြက္ေတြထြန္းထားတာကိုေတြ႕လိုက္ရတယ္၊ အုတ္ဂူ ေလးငါးလုံးေလာက္မွာ ထြန္းထားတာဗ်၊ က်ဳပ္ျဖင့္ ဘယ္သူမ်ားလာထြန္းသလဲဆိုၿပီး ထူးဆန္းေနတာေပါ့၊ ဒီအခ်ိန္မွာပဲ လွည္းအေရွ႕မွ လူႀကီးတစ္ေယာက္ခါးေထာက္ၿပီးရပ္ေနတာကိုေတြ႕လိုက္ရတယ္၊ လွည္းနဲ႔ေတာ္ေတာ္နီးနီးမွာ ေရာက္ေနတာဆိုေတာ့ က်ဳပ္ျဖင့္လန႔္ၿပီး ႏြားေတြကိုအျမန္ရပ္လိုက္ရတယ္၊ ဒီအခ်ိန္ မိန္းမတစ္ေယာက္ငိုသံံံကိုၾကားလိုက္ရတယ္ဗ်ာ၊ ငိုသံကေတာ့ ေတာ္ေတာ္ကိုလြမ္းလြမ္းေဆြးေဆြးနဲ႔ငိုေနတဲ့အသံဗ်။

ဦးဖိုးေခြးက လွည္းေပၚကေနၿပီးေတာ့ လွမ္းေမးတယ္။

“ေဟ့၊ တို႔အေရွ႕မွာပိတ္ရပ္ေနတာ ဘယ္သူလဲကြ”

“ဘယ္သူျဖစ္ျဖစ္ေပါ့ကြာ”

အသံကေတာ့ ခပ္အိုအိုပဲဗ်။

“ဒါဆိုရင္ ဘာျဖစ္လို႔ ငါတို႔အေရွ႕မွာလာပိတ္ရပ္တာလဲ”

“မင္းတို႔ဆီက ေတာင္းစရာတစ္ခုရွိလို႔ကြ၊ မင္းတို႔ဆီမွာ အခု ဂမုန္းနက္တစ္ဥပါလာတယ္မဟုတ္လား၊ အဲဒီဂမုန္းနက္ကို ငါ့ကိုေပးပါ”

က်ဳပ္လည္း လွည္းဦးထိပ္က မီးအိမ္ကိုေျမႇာက္ၿပီးၾကည့္လိုက္တာေပါ့ဗ်ာ၊ အဘိုးႀကီးတစ္ေယာက္ဗ်၊ ေသွ်ာင္ထုံးႀကီးထုံးထားၿပီးေတာ့ ေခါင္းေပါင္းကလည္း အႀကီးႀကီးပဲဗ်ာ၊ ဖ်င္ပင္နီတိုက္ပုံကိုဝတ္ထားၿပီး ေအာက္ကပုဆိုးအကြက္က်ဲနဲ႔ဗ်။

“ငါတို႔က ဂမုန္းနက္ကို သူရွိသင့္တဲ့ေနရာကို သြားျပန္ပို႔မွာ၊ မင္းကိုဘာလို႔ေပးရမွာတုန္း”

ဒီလူႀကီးက သြားျဖဴျဖဴႀကီးေတြေပၚေအာင္ရယ္တယ္ဗ်၊ မီးေရာင္ေအာက္မွာ ဒီလူႀကီးမ်က္ႏွာက ေၾကာက္စရာေကာင္းေနျပန္ေရာဗ်ာ။

“အံမယ္၊ အဲဒီဂမုန္းနက္က မင္းကိုငါေပးခဲ့တာပါကြ”

ဦးဘသာက လွည္းေပၚမွာမတ္တပ္ရပ္လိုက္ၿပီးေတာ့

“ေၾသာ္၊ ဘယ္သူမ်ားလဲမွတ္တယ္၊ တာေတႀကီးပါလား”

ဦးဖိုးေခြးက အံ့ၾသသြားတဲ့ပုံစံနဲ႔

“ကိုဘသာေရာ သူ႔ကိုသိတာလား”

ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့

“ဖိုးေခြး၊ မင္းကို ဂမုန္းနက္ေပးတယ္ဆိုတာ သူလားကြ”

“ဟုတ္ပါတယ္၊ ဒီဆရာႀကီးပါပဲ”

“ဟား၊ ဟား တာေတႀကီးကိုမ်ား ဆရာႀကီးတဲ့ကြာ၊ ဒီလူက ဘာမွမဟုတ္ဘူးကြ၊ အလြန္ေအာက္တမ္းက်တဲ့ ေအာက္လမ္းဆရာႀကီးေပါ့ကြာ”

“ဗ်ာ၊ ေအာက္လမ္းဆရာတဲ့လား”

ဦးဖိုးေခြး႐ုပ္က ခ်က္ခ်င္းေျပာင္းလဲသြားတယ္ဗ်။ ဦးဘသာက တာေတႀကီးကိုလက္ညႇိဳးထိုးၿပီး

“ေဟ့ေကာင္တာေတႀကီး၊ ငါ့အထင္ေတာ့ မင္းဖိုးေခြးကို ဂမုန္းနက္ေပးလိုက္တာ ႐ိုးမွ႐ိုးရဲ႕လား”

ဦးဖိုးေခြးက ေၾကာင္စီစီနဲ႔

“႐ိုးမွ ႐ိုးရဲ႕လားဆိုတာ ဘာကိုေျပာခ်င္တာလဲ ကိုဘသာ”

“မင္းကိုတမင္ရည္႐ြယ္ခ်က္ရွိရွိ ေသေၾကာင္းႀကံတာမ်ားလားလို႔ပါ၊ ဟုတ္တယ္မဟုတ္လားတာေတႀကီး၊ ငါေျပာတာ မွန္တယ္မဟုတ္လား”

တာေတႀကီးက ခြက္ထိုးခြက္လန္ရယ္တယ္ဗ်။

“သိပ္ေသခ်ာတာေပါ့ကြာ၊ ဒီလိုေကာင္မ်ိဳးက ေသသင့္တဲ့ေကာင္ကြ”

ဦးဖိုးေခြး ေတာ္ေတာ္ေဒါသထြက္သြားတယ္ဗ်၊ လွည္းေပၚကေန တာေတႀကီးကိုလက္ညႇိဳးထိုးၿပီးေတာ့

“ေဟ့လူႀကီး၊ ခင္ဗ်ားက က်ဳပ္ကိုေသေစခ်င္တယ္လို႔ေျပာရေအာင္ ခင္ဗ်ားနဲ႔က်ဳပ္နဲ႔ၾကားထဲမွာ ဘာရန္ၿငိဳးရန္စရွိလို႔လဲ”

တာေတႀကီးက ေခါင္းခါတယ္။

“ဘာမွေတာ့မရွိပါဘူးကြာ၊ ဒါေပမယ့္ မင္းေဆးကုေနတာကိုေတာ့ ငါမႀကိဳက္ဘူးကြ”

“ဟာ၊ က်ဳပ္ကေဆးဆရာဗ်၊ ေဆးဆရာက ေဆးကုစားတာ ဆန္းလို႔လား”

“မင္းအတြက္ေတာ့ မဆန္းေပမယ့္ ငါ့အတြက္ေတာ့ဆန္းတယ္ကြ၊ ငါက အဲဒီလိုမ်ိဳး လူေတြကိုကယ္တင္တဲ့လူတို႔၊ လူေတြကို အက်ိဳးေဆာင္ေပးေနတဲ့လူေတြကို သိပ္မုန္းတာ၊ ဒီနယ္တေၾကာမွာ ေပေတာ႐ြာက ေဆးဆရာဖိုးေခြးဆိုတာ နာမည္သိပ္ႀကီးေနတာလည္းပါတယ္၊ ဘာရယ္ေတာ့မဟုတ္ပါဘူး၊ မင္းေသေတာ့ လူေတြကိုေဆးကုမယ့္လူမရွိရင္ လူေတြမရႉႏိုင္မကယ္ႏိုင္ျဖစ္မယ္ေလကြာ၊ ငါက အဲဒါကိုလိုခ်င္တာ”

“ေတာက္ ခင္ဗ်ားဗ်ာ”

က်ဳပ္ျဖင့္္ ေဒါသထြက္လိုက္တာ ေျပာမေနပါနဲ႔ဗ်ာ၊ ဒီအဘိုးႀကီးဆီ ေျပးသြားၿပီး သူ႔မ်က္ခြက္ႀကီးကိုပဲ လက္သီးနဲ႔ပစ္ပစ္ထိုးခ်င္တာဗ်။ ဦးဘသာက

“ဘာမွမထူးဆန္းပါနဲ႔အလတ္ေကာင္ရာ၊ ေကာင္းတဲ့လူေတြက သူမ်ားအက်ိဳးကိုေဆာင္ေပး၊ ကူညီေပးၾကသလို မေကာင္းတဲ့လူေတြ သူယုတ္မာေတြကလည္း မေကာင္းမႈကိုျမတ္ႏိုးတာ သဘာဝပါပဲ၊ ကဲ တာေတႀကီး အခုဒီဂမုန္းနက္ေတြကို မင္းဘာလုပ္မလဲ”

“က်ဳပ္ဆီမွာ ဂမုန္းနက္ႏွစ္ဥရွိၿပီးသား၊ ဒီဂမုန္းနက္ေတြက ဘုရားအနားမွာရွိေနတာမို႔ သိပ္အစြမ္းထက္တဲ့ဂမုန္းေတြ၊ ဒီဂမုန္းေတြနဲ႔ က်ဳပ္က ေအာက္လမ္းဝိဇၨာေဆးတစ္မ်ိဳးကိုေဖာ္စပ္မလို႔ပဲ၊ ဒါေၾကာင့္ ေဗာဓိကုန္းကိုသြားၿပီးေတာ့ ဒီဂမုန္းနက္ညီအမသုံးေဖာ္ကိုဖမ္းဆီးဖို႔ တစ္လနီးပါးေလာက္ ႀကိဳးစားခဲ့ရတာပဲ”

“ေၾသာ္၊ လတ္စသတ္ေတာ့ သူတို႔ေတြ ငိုငိုေနတာ မင္းေၾကာင့္ကိုး”

“ဟုတ္တာေပါ့ သာဒင္ရာ၊ ငါဂမုန္းေတြ ေဖာ္ေတာ့မယ့္ေန႔မွာ ဒီေကာင္ဖိုးေခြးက ဘုမသိဘမသိနဲ႔ေရာက္လာတယ္၊ ငါလည္း ဒီဂမုန္းနက္ေတြကို ဒီေကာင္မထိန္းႏိုင္ဘူးဆိုတာသိတယ္၊ ဂမုန္းနက္ကို ေကာင္းေကာင္းမထိန္းခ်ဳပ္ႏိုင္ရင္ ဂမုန္းနက္က လူ႔အသက္ကိုႏႈတ္ယူတဲ့အထိ စြမ္းတယ္ဆိုတာ ငါသိၿပီးသား၊ ဒါေၾကာင့္ ဒီေကာင့္ကို ေသပါေစဆိုၿပီးေတာ့ ဂမုန္းနက္ကိုေပးခဲ့တာပဲ”

“ခင္ဗ်ား ေတာ္ေတာ္ယုတ္မာတဲ့သူပဲ”

ဦးဖိုးေခြးဆိုရင္ ေဒါသထြက္လြန္းလို႔ ခုန္ဆြခုန္ဆြျဖစ္ေနတယ္ဗ်၊ ဦးဘသာက ဦးဖိုးေခြးပုခုံးကိုလက္နဲ႔ပုတ္ရင္း

“ဒါဆို ဒီက်န္တဲ့ဂမုန္းတစ္ပင္ကို ဖိုးေခြးေသေတာ့မွ မင္းယူမယ္ဆိုၿပီး ဆုံးျဖတ္ထားတယ္မဟုတ္လား တာေတႀကီး”

“သိပ္ဟုတ္တာေပါ့၊ ဒါေပမယ့္ ဒီေကာင္မင္းနဲ႔ေတြ႕တာ ကံေကာင္းတယ္ေျပာရမယ္၊ ကဲ ကဲ ငါလည္း သိပ္ရွည္ရွည္ေဝးေဝးမေျပာေတာ့ဘူး၊ မင္းတို႔သုံးေယာက္စလုံး အသက္ရွင္ခ်င္တယ္ဆိုရင္ ငါ့ကို အဲဒီဂမုန္းနက္ကိုေပးပါ၊ မေပးဘူးဆိုရင္ မင္းတို႔အားလုံး ေဟာဟိုသခ်ိဳင္းမွာ အျမႇဳပ္ခံံရမယ္ေဟ့”

က်ဳပ္လည္း ေတာ္ေတာ္ေဒါသထြက္တာနဲ႔

“ဒီမွာအဘိုးႀကီး ခင္ဗ်ားေလႀကီးေလက်ယ္မေျပာနဲ႔ ေဟာဟိုလွည္းေပၚက ဘယ္သူလဲဆိုတာ ခင္ဗ်ားသိလို႔လား”

က်ဳပ္က ဦးဘသာကိုလက္ညႇိဳးထိုးျပလိုက္တယ္၊ တာေတႀကီးက ရယ္ေမာရင္း

“သိပ္သိတာေပါ့ကြာ၊ ေဒၚပ်င္းရဲ႕သား သာဒင္ေလကြ”

“ခင္ဗ်ားသူဘယ္ေလာက္စြမ္းတယ္ဆိုတာေရာ သိလို႔လား”

တာေတႀကီးက ရယ္ေမာရင္း

“သိတာမွ သိပ္သိတာေပါ့ကြာ၊ ေဟ့ သာဒင္၊ အဲဒီတုန္းက မင္းငါ့ကိုမႏိုင္ခဲ့ဘူးမဟုတ္လား”

တာေတႀကီးေျပာတာၾကားလိုက္ရေတာ့ က်ဳပ္ျဖင့္အံ့ၾသသြားတာပဲဗ်ာ၊ သူေျပာပံုံအရဆိုရင္ ဦးဘသာနဲ႔ တာေတႀကီးနဲ႔ တစ္ပြဲတစ္လမ္းေတာ့ ႏႊဲဖူးၾကတယ္ထင္ပါ့ဗ်ာ၊ အဲဒီပြဲမွာ ဦးဘသာရႈံးသြားတဲ့ပုံစံံပဲ၊ က်ဳပ္လည္း သူ႔စကားမွန္မမွန္သိခ်င္တာနဲ႔ ဦးဘသာကိုလွည့္ၾကည့္လိုက္တယ္။

“ဦးဘသာ၊ သူေျပာတာတကယ္လား”

ဦးဘသာက ေခါင္းညိတ္တယ္။

“ဗ်ာ၊ ဒါဆို တကယ္ပဲ ဦးဘသာက သူ႔ကိုမႏိုင္ခဲ့ဘူးေပါ့”

“အဲဒီတုန္းက ငါေပါ့ဆခဲ့မိတာလည္း ပါပါတယ္ကြာ၊ တာေတႀကီး ခင္ဗ်ားဒီတစ္ခါေတာ့ က်ဳပ္ကိုႏိုင္မွာမဟုတ္ပါဘူး”

တာေတႀကီးက ဦးဘသာကိုလက္ညႇိဳးထိုးရင္း

“ေအးပါ သာဒင္ရာ၊ မင္းဘယ္ေလာက္စြမ္းလာသလဲဆိုတာကို ငါေစာင့္ၾကည့္တာေပါ့”

ၿပီးတာနဲ႔ တာေတႀကီးက ျဖတ္ခနဲေပ်ာက္သြားၿပီးေတာ့ လွည္းေပၚမွာလာေပၚတယ္ဗ်ာ၊ ဦးဖိုးေခြးလက္ထဲက ပန္းကန္ျပားကို ျဖတ္ခနဲလွမ္းဆြဲယူတာဗ်၊ ျမန္လိုက္တာေတာ့ ေျပာမေနပါနဲ႔ဗ်ာ၊ ဒါေပမယ့္ အဲဒီပန္းကန္ျပားရဲ႕ တစ္ဖက္စြန္းကို ဦးဘသာကလွမ္းဆြဲထားတယ္ဗ်၊ တာေတႀကီးက ပန္းကန္ကိုအားကုန္စိုက္ဆြဲတယ္၊ ပန္းကန္က သူ႔ဘက္ကိုနည္းနည္းတိုးလာတယ္၊ ဦးဘသာက ျပန္ဆြဲေတာ့ ပန္းကန္က ဦးဘသာဘက္ကို ျပန္ပါသြားေရာဗ်ာ။

လွည္းေပၚမွာ သူတို႔သုံးေယာက္ မတ္တပ္ႀကီးေပါ့ဗ်ာ၊ တာေတႀကီးနဲ႔ ဦးဘသာက ပန္းကန္ျပားကိုတစ္ဖက္စြန္းဆီဆြဲၿပီး မတ္တပ္ရပ္ေနတယ္၊ ဦးဖိုးေခြးကေတာ့ သူတို႔အလယ္နားမွာ ရပ္ေနတာေပါ့ဗ်ာ၊၊ တာေတႀကီးက မ်က္ေစာင္းႀကီးခဲၿပီးေတာ့ ဦးဘသာကိုၾကည့္တယ္။

“သာဒင္၊ ဒီတစ္ခါေတာ့ ငါအေလ်ာ့ေပးမွာမဟုတ္ေတာ့ဘူးေနာ္”

ဦးဘသာကလည္း တစ္ခ်က္ၿပဳံးလိုက္ၿပီး

“လုပ္စမ္းပါ တာေတႀကီးရဲ႕၊ ခင္ဗ်ားနဲ႔က်ဳပ္ မေက်ပြဲႏႊဲၾကတာေပါ့”

တာေတႀကီးက ေဘးနားမွာရပ္ေနတဲ့ ဦးဖိုးေခြးရဲ႕ ပုခုံးတစ္ဖက္ကို လက္နဲ႔အုပ္ၿပီးကိုင္လိုက္တယ္ဆိုရင္ပဲ ဦးဖိုးေခြးက တဆတ္ဆတ္နဲ႔တုန္ယင္လာၿပီးေတာ့ ေမးေတြပါ တဂတ္ဂတ္နဲ႔႐ိုက္တယ္ဗ်ာ၊ ဦးဘသာကလည္း ဦးဖိုးေခြးရဲ႕ ပုခုံးတစ္ဖက္ကိုဆုပ္ကိုင္လိုက္ေတာ့ ဦးဖိုးေခြးက ပုံမွန္အတိုင္းျပန္ျဖစ္သြားသဗ်၊ ဒီတစ္ခါ သူတို႔ပညာၿပိဳင္တာ ဦးဖိုးေခြးက ၾကားခံျဖစ္ေနပုံရတယ္ဗ်။

ဦးဘသာက တာေတႀကီးကိုၾကည့္ရင္း

“ကဲ တာေတႀကီး၊ ခင္ဗ်ားဖိုးေခြးကို ႀကိဳက္သေလာက္လုပ္စမ္း၊ ျပဳစားစမ္းဗ်ာ၊ ခင္ဗ်ားရဲ႕ပညာကို က်ဳပ္ဖ်က္ျပမယ္”

“ေကာင္းၿပီ သာဒင္၊ တကယ္လို႔ ဖိုးေခြးကို ငါျပဳစားလို႔ရတယ္ဆိုရင္ ငါအႏိုင္ပဲ၊ တကယ္လို႔ ငါျပဳစားလို႔မရဘူးဆိုရင္ မင္းအႏိုင္ေပါ့ကြာ”

တာေတႀကီးက ေျပာရင္းဆိုရင္း ဦးဖိုးေခြးရဲ႕ ေနာက္ေက်ာကုန္းကို လက္နဲ႔ပုတ္ထည့္လိုက္တယ္၊ ဘုန္းခနဲျမည္သံႀကီးနဲ႔အတူ ဦးဖိုးေခြးတစ္ေယာက္ ေက်ာပါေကာ့ထြက္သြားတယ္ဗ်ာ၊ ဦးဘသာက ဦးဖိုးေခြးရဲ႕ရင္ဘတ္ကို လက္နဲ႔အသာျပန္ပုတ္တယ္၊ ေနာက္ေတာ့ တာေတႀကီးက ဦးဖိုးေခြးရဲ႕ နံ႐ိုးၾကားထဲကို လက္ညႇိဳးနဲ႔ထိုးထည့္လိုက္တယ္။

“အား၊ အား နာလိုက္တာ”

ဦးဖိုးေခြးက ေခြက်သြားမတတ္ပဲဗ်၊ ဦးဘသာက ဦးဖိုးေခြးရဲ႕ တစ္ဖက္နံၾကားထဲကို သူ႔လက္ညႇိဳးနဲ႔ထိုးထည့္ရင္း

“အားလုံးအကုန္ျပန္ေကာင္းစမ္းကြာ”

ဦးဖိုးေခြးတစ္ေယာက္ နာက်င္ပုံမရေတာ့ဘူးဗ်၊ တာေတႀကီးကခ်က္ခ်င္းပဲ ဦးဖိုးေခြးရဲ႕ လက္တစ္ဖက္ကိုလွမ္းဆြဲကိုင္ထားလိုက္တယ္၊ ဦးဖိုးေခြးမွာ ဓါတ္လိုက္သလိုပဲ တုႏ္ုယင္ၿပီး က်င္တက္လာတာဗ်ာ၊ ဦးဘသာက ဦးဖိုးေခြးရဲ႕ဇက္ပိုးကို ေျဖာင္းခနဲအုပ္ခ်လိုက္ေတာ့မွ ဦးဖိုးေခြး အတုန္ရပ္ၿပီးေတာ့ လွည္းေပၚမွာျပန္ထိုင္က်သြားေတာ့တာပါပဲ။

တာေတႀကီးက မေက်နပ္လို႔ ဦးဘသာရင္ဘတ္ကို လက္ဝါးနဲ႔ေျဖာင္းခနဲ႐ိုက္ထည့္လိုက္ပါေရာဗ်ာ၊ ဦးဘသာကလည္း တာေတႀကီးရင္ဘတ္ကို လက္ဝါးနဲ႔ေျဖာင္းခနဲ႐ိုက္ထည့္လိုက္တာ။ ႏွစ္ေယာက္လုံး တစ္ေယာက္လက္ဝါး႐ိုက္ခ်က္ တစ္ေယာက္ထိၿပီးေတာ့ ႏွစ္ေယာက္သား လွည္းေပၚကေန ကြၽမ္းပစ္ၿပီး ျပဳတ္က်ၾကတယ္ဗ်ာ။

ဦးဘသာႀကီးလဲသြားေတာ့ က်ဳပ္လည္းသြားေျပးေပြ႕လိုက္တယ္၊ ဦးဘသာက ေအာင့္အည္းသည္းခံၿပီးေတာ့ မတ္တပ္ထတယ္ဗ်၊ ဒါေပမယ့္ စိတ္ပဲရွိတယ္၊ သူတကယ္မထႏိုင္ဘူးဗ်ာ၊ က်ဳပ္လက္ေမာင္းကို အတင္းအားယူဆြဲၿပီး မတ္တပ္ထမွ ထႏိုင္ေတာ့တယ္၊ ဦးဘသာ စကားေျပာဖို႔လုပ္ေတာ့ ပါးေစာင္ကေန ေသးေတြပြက္ခနဲအန္က်လာပါေရာဗ်ာ။

“ဦးဘသာ၊ ဦးဘသာ”

ဦးဘသာက ေခ်ာင္းေတြဆိုးရင္း ပါးစပ္ထဲကေန ေသြးစက္ေတြ တျဖန္းျဖန္းနဲ႔ထြက္ပါေရာဗ်ာ၊ ေနာက္ေတာ့ တံေတြးတစ္ခ်က္ေထြးလိုက္တာ ေသြးေတြကို လုံးခနဲပဲထြက္သြားတယ္ဗ်၊ က်ဳပ္ဆိုရင္ ဦးဘသာႀကီး တစ္ခုခုျဖစ္ၿပီလားဆိုၿပီး ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနၿပီေပါ့ဗ်ာ၊ တာေတႀကီးကေတာ့ ေအးေအးလူလူမတ္တပ္ရပ္ရင္း ရယ္တယ္ဗ်။

“သာဒင္၊ သာဒင္၊ မင္းကမ်ား ငါ့ကိုႏိုင္မယ္လို႔ထင္ေနတာလားကြ”

ဦးဘသာက ေခါင္းခါတယ္။

“ဦးဘသာ သတိထားပါအုံးဗ်ာ”

“တာေတႀကီး၊ တာေတႀကီးက ငါ့ကို . . . ငါ့ကိုဈ အဟြပ္ . . . အဟြပ္”

“ဟား၊ ဟား မင္းကိုငါ ဘုရားက်ိန္စာတိုက္ထားလိုက္ၿပီပဲ သာဒင္၊ မင္းမွာ အခ်ိန္ခုနစ္နာရီပဲရေတာ့မယ္၊ အခ်ိန္ခုနစ္နာရီျပည့္တာနဲ႔ မင္းေသရလိမ့္မယ္”

ဦးဘသာက ေခြက်သြားတာပဲဗ်ာ၊ က်ဳပ္လည္း မ်က္ရည္ေတြစီးက်လာတယ္၊ တာေတႀကီးက ဂမုန္းနက္ဥကို ေကာက္ယူလိုက္တယ္ဗ်၊

“ဟား၊ ဟား၊ ေနာက္ဆုံးေတာ့ ငါလိုခ်င္တဲ့ ဂမုန္းနက္သုံးဥ ငါရခဲ့ၿပီ၊ ဒီဂမုန္းနက္ေတြနဲ႔ ငါေအာက္လမ္းေဆးစီရင္ၿပီးေတာ့ ထြက္ရပ္လမ္းကို ကူးေတာ့မယ္ကြာ၊ ဒါဆိုရင္ငါက ဘယ္ေတာ့မွမေသႏိုင္ေတာ့တဲ့ ေအာက္ဝိဇၨာျဖစ္ၿပီကြ”

ဦးဘသာက ေခါင္းခါရင္း

“မျဖစ္ႏိုင္ဘူး တာေတႀကီး၊ ခင္ဗ်ားဘယ္ေတာ့မွ အဲဒီလိုမျဖစ္ရဘူး၊ ခင္ဗ်ားလုပ္ခဲ့တဲ့မေကာင္းမႈေတြက ခင္ဗ်ားကိုျပန္ၿပီးစီရင္မွာပဲ”

တာေတႀကီးက ခြက္ထိုးခြက္လန္ရယ္တယ္ဗ်။

“ဟား၊ ဟား ဒီလိုစကားေတြ ငါၾကားရေပါင္းမ်ားပါၿပီ သာဒင္ရာ၊ ဒီလိုစကားမ်ိဳးေတြက မင္းတို႔လိုအရႈံးသမားေတြ ေျပာေနက် စကားေတြပါကြ၊ တရားကိုနတ္ေစာင့္ပါတယ္တို႔၊ မေကာင္းမႈဆိုတာ ဆိတ္ကြယ္ရာမရွိဘူးတို႔ဆိုတဲ့စကားေတြက မင္းတို႔လို အရႈံးသမားေတြ ရေသ့စိတ္ေျဖေျပာတဲ့စကားေတြကြ၊ မွတ္ထားသာဒင္၊ တကယ္ေတာ့ ေကာင္းမႈဆိုတာ မေကာင္းမႈကိုမႏိုင္ပါဘူးကြ၊ မႏိုင္လို႔လည္း ဒီေန႔ဒီအခ်ိန္အထိ ငါအသက္ရွင္ေနတာေပါ့ကြာ”

“မဟုတ္ဘူး တာေတႀကီး၊ ခင္ဗ်ားမွားၿပီ၊ မေကာင္းမႈဆိုတာ ဘယ္ေတာ့မွဆိတ္ကြယ္ရာမရွိဘူး”

“ေအးပါ၊ အခုေတာ့ မင္းပဲငါ့အထက္အရင္ ငရဲျပည္ကိုသြားႏွင့္အုံးေပါ့ သာဒင္ရာ ဟားဟား”

တာေတႀကီးက ေျပာဆိုၿပီးေတာ့ သူ႔တိုက္ပုံအိတ္ထဲကေန ဂမုန္းနက္ႏွစ္ဥကိုထုတ္လိုက္တယ္၊ ေနာက္ေတာ့ သူ႔လက္ဝါးထဲကို ဂမုန္းနက္သုံးဦးလုံးထည့္လိုက္တာေပါ့ဗ်ာ၊ ထည့္ၿပီးေတာ့ မၾကာပါဘူး၊ တာေတႀကီးတစ္ေယာက္ မ်က္ႏွာပ်က္သြားတယ္ဗ်၊ ၿပီးေတာ့ သူ႔ကိုယ္သူမယုံသကၤာျဖစ္ၿပီး အံံံ့ၾသေနတယ္။

“ငါ၊ ငါဘာျဖစ္တာလဲ”

ဒီေတာ့မွ ဦးဘသာက ေသြးေတြေပက်ံံေနတဲ့ သြားေတြေပၚေအာင္ ရယ္လိုက္တယ္ဗ်။

“ခင္ဗ်ားမွားၿပီ တာေတႀကီး၊ ခင္ဗ်ားရဲ႕လက္ဝါး႐ိုက္ခ်က္က က်ဳပ္ကိုဘုရားက်ိန္စာတိုက္နဲ႔ေသေအာင္႐ိုက္ေပမယ့္ က်ဳပ္ရဲ႕လက္ဝါးခ်က္က ခင္ဗ်ားကို႐ိုက္တာမွမဟုတ္တာ၊ ခင္ဗ်ားတိုက္ပုံအိတ္ထဲက ဂမုန္းနက္ေတြကို ခင္ဗ်ားခ်ဳပ္ေႏွာင္ထားတဲ့ အစီအရင္ေတြ၊ ပညာေတြ ပ်က္သြားေအာင္လို႔ ႐ိုက္ေပးထည့္လိုက္တာ”

တာေတႀကီးက ဂမုန္းနက္ေတြကို ေျမႀကီးေပၚကိုပစ္ခ်လိုက္တယ္ဗ်၊ ၿပီးေတာ့ သူ႔အက်ႌကိုသူလွန္လိုက္ၿပီး သူ႔ဗိုက္ကိုသူျပန္ၾကည့္လိုက္တယ္၊ တာေတႀကီးရဲ႕ဗိုက္ထဲမွာ အလုံးေတြျဖစ္လာတာဗ်၊ ပထမေတာ့ ကြမ္းသီးလုံးေလာက္ရွိတဲ့ အလုံးႀကီးေတြေဖာင္းထလာတာပဲဗ်ာ၊ ကြမ္းသီးလုံးကေနၿပီး တစ္ခါ မာလကာသီးေလာက္ျဖစ္လာတယ္၊ ေနာက္ေတာ့ သီးသီးလုံးေလာက္ႀကီးလာတယ္ဗ်ာ၊ ခဏၾကာေတာ့ ဥသွ်စ္သီးေတြလို လုံးလုံးဖုဖုႀကီးေတြျဖစ္ကုန္ပါေရာ။

“ဟား၊ ဟား၊ ဟား”

အဲဒီအခ်ိန္မွာ ပတ္ဝန္းက်င္တစ္ခြင္လုံးမွာ မိန္းကေလးရယ္သံေတြ ဖုံးလႊမ္းေနတာပဲဗ်ာ၊ ရယ္တာကမွ တစ္ခုခုကိုေက်နပ္ၿပီးေတာ့ ဟက္ဟက္ပက္ပက္ရယ္တဲ့အသံပဲ၊ တာေတႀကီးက မ်က္လုံးႀကီးေတြျပဴးၿပီးေတာ့ လက္အုပ္ေကာက္ခ်ီလိုက္တယ္။

“ဂမုန္းနက္ကို ေစာင့္ၾကပ္ၾကတဲ့ ဂမုန္းႏြယ္ရွင္သခင္မတို႔ဘုရား၊ က်ဳပ္ . . . က်ဳပ္မွားပါတယ္၊ က်ဳပ္ခင္ဗ်ားတို႔ကို ျပန္လႊတ္ေပးပါ့မယ္၊ က်ဳပ္ကိုလည္း ျပန္လႊတ္ေပး . . . လႊတ္ေပး . . . အ . . .အ”

တာေတႀကီးေျပာေနတုန္းရွိေသးတယ္ သူ႔ပါးစပ္ထဲကေန ေသြးေတြထြက္လာတယ္ဗ်၊ ေနာက္ေတာ့ ဗိုက္ႀကိးတစ္ခုလုံး ဖားခုံညင္းႀကီးလို ပူေဖာင္းလာၿပီးေတာ့ ဝုန္းခနဲေပါက္ကြဲသြားတာပဲဗ်ာ၊ ပတ္ဝန္းက်င္တစ္ခြင္လုံးကိုလည္း ေသြးစေသြးနေတြ၊ ကလီစာအစိတ္အပိုင္းေတြ ျပန႔္က်ဲထြက္သြားးတာပဲ၊ တာေတႀကီးခမ်ာ အဲဒီေနရာမွာတင္ပဲ ဗိုက္ႀကီးပြင့္ၿပီးေတာ့ လဲက်သြားရွာတယ္။

“မလာနဲ႔၊ မလာနဲ႔၊ ငါ့ဆီမလာနဲ႔၊ သြားၾက၊ သြားၾကစမ္း”

အသံနက္ႀကီးနဲ႔ေအာ္ၿပီးေတာ့ လူးလြန႔္ေနတာပဲဗ်ာ၊ ေျမႀကီးထဲကေန လက္ႀကီးေတြတိုးထြက္လာတာဗ်၊ လက္ႀကီးေတြက သစ္ကိုင္းေျခာက္ႀကီးေတြလို ေျခာက္ေျခာက္ရွည္ရွည္ႀကီးေတြဗ်ာ၊ အဲဒီလက္ႀကီးေတြက တာေတႀကီးတစ္ကိုယ္လုံးကို ဖမ္းခ်ဳပ္ဆုပ္ကိုင္ၿပီးေတာ့ ေျမႀကီးေအာက္ကိုဆြဲခ်သြားပါေရာ၊ ဒီေလာက္မာေက်ာတဲ့ေျမႀကီးက မသိရင္ ႐ြံ႕ႏြံေတြလိုမ်ိဳးျဖစ္သြားၿပီး တာေတႀကီးတစ္ေယာက္ အရွင္လတ္လတ္ငရဲျပည္ကို ဆြဲခ်ခံလိုက္ရတယ္ဆိုပါေတာ့ဗ်ာ၊

ဦးဘသာႀကီးက တာေတႀကီးကိုၾကည့္ရင္း သက္ျပင္းတစ္ခ်က္ခ်တယ္ဗ်၊ ေနုာက္ေတာ့ ဦးဘသာလည္း ဇက္က်ိဳးၿပီးလဲက်သြားပါေရာ။

“ဦးဘသာ၊ ဦးဘသာ သတိထားပါအုံး”

ဦးဖိုးေခြးက ေျပးလာတယ္ဗ်၊ ဦးဘသာရဲ႕ လည္ပင္းေဘးနားက အေၾကာကို လက္ႏွစ္ဖက္နဲ႔စမ္းသပ္ရင္း

“မေကာင္းေတာ့ဘူး၊ သူ႔ေသြးခုန္ႏႈန္းေတြ မူမမွန္ေတာ့ဘူးကြ”

“ဦးဖိုးေခြး တစ္ခုခုလုပ္ေပးပါအုံးဗ်ာ”

“ငါလည္း ဘာလုပ္ရမွန္းမသိဘူးကြ၊ ေလာေလာဆယ္ေတာ့ ႐ြာကိုျပန္ေခၚသြားမွျဖစ္မယ္ထင္တယ္”

ဒီအခ်ိန္မွာပဲ က်ဳပ္တို႔အေရွ႕နားမွာ မိန္းကေလးသုံးေယာက္ ေပၚလာတယ္ဗ်၊ မိန္းကေလးသုံးေယာက္စလုံးက ေရွးေခတ္က မိန္းကေလးေတြဝတ္ဆင္သလိုမ်ိဳး ဝတ္ဆင္ထားၾကတယ္၊

“ခင္၊ ခင္ဗ်ားတို႔က ဘယ္သူေတြလဲ”

“ငါတို႔က ဂမုန္းနက္မွာေနထိုင္ေစာင့္ၾကပ္ၾကတဲ့ ဂမုန္းနက္ႏြယ္ရွင္သခင္မေတြပဲ”

“ဒါ၊ ဒါဆိုလည္း ခင္ဗ်ားတို႔ ဦးဘသာကို ကယ္လို႔ရရင္ ကယ္တင္ပါအုံးဗ်ာ”

မိန္းကေလးသုံးေယာက္အနက္ အလယ္က မိန္းကေလးက ေခါင္းညိတ္လိုက္ၿပီး

“ကယ္လို႔ေတာ့ရတယ္၊ ဒါေပမယ့္ သူ႔ရဲ႕ကံတရားအေပၚမူတည္တယ္”

“ဘယ္လိုကယ္ရမွာလဲ”

“ဂမုန္းနက္ဟာ ထိုက္တန္သူသာ ပိုင္ဆိုင္ခြင့္ရွိသတဲ့၊ ဒီေတာ့ ဒီဦးေလးႀကီးက ငါတို႔ညီအမေတြကို ကယ္တင္ခဲ့တဲ့အတြက္ ငါတို႔အေပၚေက်းဇူးရွိတယ္၊ ငါတို႔ေတြ သူ႔ကိုျပန္ၿပီးကယ္တင္ေပးခ်င္ပါတယ္၊ ဒါေပမယ့္ ဂမုန္းနက္ရဲ႕အစြမ္းကိုရဖို႔အတြက္ သစၥာဆိုတိုင္တည္မွရမယ္”

“ဘယ္လို သစၥာဆိုရမွာလဲ”

“သူလုပ္ခဲ့တဲ့အရာတစ္ခုကို သစၥာဆိုရမယ္၊ အဲဒီသစၥာမွန္တဲ့အခါမွ ဂမုန္းနက္အစစ္ကိုရလိမ့္မယ္”

က်ဳပ္လည္းေခါင္းညိတ္လိုက္တယ္၊ မိန္းကေလးသုံးေယာက္ထဲက အလယ္ကမိန္းကေလးက က်ဳပ္လက္ကိုကိုင္လိုက္တာနဲ႔ ပတ္ဝန္းက်င္ႀကီးတစ္ခုလုံးက ခ်ာခ်ာလည္သြားၿပီးေတာ့ ေတာႀကီးတစ္ခုထဲ က်ဳပ္ေရာက္သြားတယ္ဗ်ာ၊ ေတာႀကီးအထဲမွာေတာ့ သစ္ပင္ပန္းပင္ေတြ ေပါင္းစုံပြင့္လန္းေနလို႔ဗ်၊ တခ်ိဳ႕အပင္ေတြဆိုရင္ က်ဳပ္ျမင္ေတာင္ မျမင္ဖူးတဲ့အပင္ေတြဗ်ာ၊ က်ဳပ္ရဲ႕အေရွ႕မွာ ကုန္းကမူကေလးတစ္ခုရွိၿပီးေတာ့ အဲဒီကမူကေလးအေပၚမွာ အပင္သုံးပင္ေပါက္ေနတယ္ဗ်။

“ကဲ၊ သူလုပ္ခဲ့တဲ့အရာတစ္ခုကို သူ႔ကိုယ္စား မင္းကသစၥာဆိုရမယ္၊ သစၥာဆိုၿပီးရင္ အဲဒီဂမုန္းပင္သုံးပင္ထဲက တစ္ပင္ကို မင္းႏႈတ္ရမယ္၊ သစၥာမွန္ရင္ ဂမုန္းနက္အစစ္ကို မင္းရမယ္၊ သစၥာမွားရင္ေတာ့ မင္းဘာမွရမွာမဟုတ္ဘူး”

က်ဳပ္လည္း တံေတြးၿမိဳခ်လိုက္ၿပီးေတာ့ အပင္ကေလးေတြအနားေလွ်ာက္သြားလိုက္တယ္၊ အပင္ကေလးသုံးပင္က တစ္ပုံစံတည္းေပါက္ေနတာဗ်၊ က်ဳပ္လည္း သစၥာဆိုဖို႔လက္အုပ္ခ်ီလိုက္တယ္၊

“ဦးဘသာဘဝတစ္ေလွ်ာက္လုံးမွာ သူမ်ားတကာ ဒုကၡျဖစ္ပါေစ၊ ေဘးေတြ႕ပါေစ၊ ေသပါေစဆိုၿပီးေတာ့ တစ္ခါမွ မေကာင္းႀကံခဲ့ဖူးျခင္းမရွိပါ၊ ဤစကားသည္ မွန္ေသာသစၥာစကားျဖစ္ပါသည္။ ဤသစၥာစကားမွန္ပါက ဂမုန္းနက္အစစ္အမွန္ကိုသာ ခူးယူရရွိႏိုင္ပါေစသား”

က်ဳပ္လည္း သစၥာဆိုၿပီးတာနဲ႔ ဂမုန္းပင္သုံးပင္ထဲက ညာဘက္ေထာင့္ဆုံးက အပင္ကိုလက္နဲ႔ဆြဲႏႈတ္ထည့္လိုက္တယ္ဗ်ာ၊ ဒီအခ်ိန္မွာပဲ ေျမငလ်င္လႈပ္သလိုမ်ိဳး တဝုန္းဝုန္းနဲ႔ လႈပ္ခတ္သြားတယ္၊ ၿပီးေတာ့ အရာအားလုံးက မႈန္ဝါးသြားၿပီးေတာ့ က်ဳပ္တို႔ခုနက ရပ္ေနတဲ့အနားကိုျပန္ေရာက္သြားတယ္ဗ်ာ၊

“မင္းသူ႔အတြက္ဆိုခဲ့တဲ့ သစၥာစကားက တကယ္မွန္ပါတယ္”

က်ဳပ္လက္ဝါးကိုျဖန႔္ၾကည့္လိုက္ေတာ့ ငါးျပားေစ့ေလာက္ရွိတဲ့ အျပားကေလးတစ္ျပားက ေရာက္ေနတယ္ဗ်၊ အျပားကေလးကလည္း မည္းနက္ေနလို႔ဗ်ာ၊ က်ဳပ္အထင္ ဂမုန္းနက္ရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္မယ္ထင္တယ္၊ က်ဳပ္ၾကည့္ေနတုန္းမွာပဲ ဂမုန္းနက္ဥကေလး သုံးဥက ေျမေပၚကေနႂကြတက္လာၿပီးေတာ့ ေကာင္းကင္ေပၚကိုတခြၽင္ခြၽင္နဲ႔ပ်ံတက္သြားေတာ့တာပဲဗ်ာ။

ဦးဖိုးေခြးက ေျပးလာၿပီး က်ဳပ္လက္ထဲက ငါးျပားေစ့ဝိုင္းေလာက္ရွိတဲ့ ဂမုန္းနက္ကေလးကိုၾကည့္တယ္။

“ဟာ၊ ဒါ၊ ဒါ ဂမုန္းနက္အစစ္ပဲျဖစ္ရမယ္”

“ဦးဖိုးေခြး၊ က်ဳပ္တို႔ဘယ္လိုလုပ္ၾကမလဲ”

“ဂမုန္းနက္အစစ္ဆိုရင္ေတာ့ သူ႔ခ်ည္းတင္ စုန္းတိုက္၊ နတ္တိုက္၊ ကေဝတိုက္တာကို ႏိုင္မွာကြ၊ ဒီအျပားကေလးအတိုင္းပဲ ကိုဘသာ ပါးစပ္ကိုၿဖဲၿပီး ထည့္ေပးရေအာင္ကြာ”

ဦးဖိုးေခြးေျပာတာနဲ႔ က်ဳပ္လည္း ဦးဘသာပါးေစာင္ကိုလက္နဲ႔ညႇစ္ၿပီး ပါးစပ္ပြင့္သြားတဲ့အခါ လက္ထဲက ဂမုန္းနက္အဝိုင္းအကြင္းကေလးကို ပါးစပ္ထဲထည့္ေပးလိုက္ပါေရာဗ်ာ၊ ထူးဆန္းတာကေတာ့ ဦးဘသာလွ်ာေပၚကို အဝိုင္းကေလးတင္လိုက္တာနဲ႔ ဂမုန္းနက္က ေရခဲတုံးအရည္ေပ်ာ္က်သလို ေပ်ာ္ၿပီး ေပ်ာက္သြားေတာ့တာပဲဗ်ာ။ ဦးဘသာကေတာ့ သတိမရေသးဘူးဗ်။ ဒါနဲ႔က်ဳပ္တို႔လည္း လွည္းနဲ႔ျပန္လာခဲ့တယ္၊ ဦးဖိုးေခြးအိမ္ေရွ႕ခန္းမွာပဲ ဦးဘသာကို ခ်ထားတာေပါ့ဗ်ာ။ ဦးဖိုးေခြးက ဦးဘသာလည္ပင္းကိုစမ္းၾကည့္ၿပီးေတာ့

“ရပါၿပီကြ၊ သူ႔ေသြးခုန္ႏႈန္းေတြ ပုံမွန္ျပန္ျဖစ္လာပါၿပီ၊ ညည့္လည္းနက္ေနၿပီ အလတ္ေကာင္ေရ၊ မင္းသြားအိပ္ခ်င္အိပ္ေတာ့ေလ”

က်ဳပ္လည္းေခါင္းခါလိုက္တယ္။

“မအိပ္ပါဘူးဗ်ာ၊ က်ဳပ္ျဖင့္္ ဦးဘသာကို ဂမုန္းနက္တိုက္ထားေပမယ့္ စိတ္မခ်ေသးဘူးဗ်”

ဦးဖိုးေခြးက သက္ျပင္းခ်ၿပီးေတာ့ အိမ္ခန္းထဲဝင္သြားတယ္၊ က်ဳပ္ကေတာ့ တစ္ညလး ဦးဘသာေဘးနားမွာ ငုတ္တုတ္ထိုင္ၿပီး ဦးဘသာႀကီး ဘာမွမျဖစ္ပါေစနဲ႔ဆိုၿပီး ဆုေတာင္းေပးေနမိတာေပါ့ဗ်ာ။

က်ဳပ္မ်က္လုံးဖြင့္လိုက္ေတာ့ ေနေတာင္အေတာ္ျမင့္ေနၿပီဗ်၊ က်ဳပ္လည္း ဦးဘသာကိုေစာင့္ရင္း မိုးလင္းခါနီးက်ေတာ့ ေမွးခနဲအိပ္ေပ်ာ္သြားတာဗ်ာ၊ က်ဳပ္ကမန္းကတမ္းနဲ႔ထလိုက္ေတာ့ ဦးဘသာက ဖ်ာေပၚမွာမရွိေတာ့ဘူးဗ်၊ ဒါနဲ႔က်ဳပ္လည္း ပ်ာပ်ာသလဲနဲ႔ အိမ္ေအာက္ကိုေျပးဆင္းလာခဲ့ပါေရာဗ်ာ၊ အိမ္ေဘးနားမွာ ဦးဘသာရယ္၊ ဦးဖိုးေခြးရယ္၊ ဗ်ဂၣေလးရယ္ ထိုင္ေနသဗ်။

“ဟာ၊ ဦးဘသာ၊ ေကာင္းသြားၿပီလား”

“ေအး၊ ေကာင္းသြားပါၿပီကြာ၊ မင္းလည္းပင္ပန္းေနေရာေပါ့၊ ဒါေၾကာင့္ ငါတို႔မႏႈိးေတာ့တာ”

ဦးဘသာတို႔အေရွ႕မွာေတာ့ ဗ်ဂၣသားကို ေျမက်င္းထဲထည့္ၿပီးေတာ့ ေခါင္းေလးပဲေဖာ္ၿပီး ေျမျမႇဳပ္ထားတယ္ဗ်၊ က်ဳပ္လည္း သူတို႔အနားမွာထိုင္လိုက္ရင္း

“ဘာလုပ္ေနတာလဲဗ်”

“ဒီကေလး ပထဝီအားနည္းေနလို႔ အ႐ိုးေတြေပ်ာ့ေနတာကြ၊ ဒီေတာ့အ႐ိုးေတြသန္မာလာေအာင္လို႔ ေျမကိုင္ေပးေနတာေဟ့”

ဦးဖိုးေခြးက ျပန္ေျဖတယ္ဗ်ာ၊ က်ဳပ္လည္း ဦးဘသာေနေကာင္းသြားၿပီဆိုေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့တယ္၊ ေန႔လည္ေန႔ခင္းထမင္းစားေသာက္ၿပီးေတာ့ ဦးဖိုးေခြးက ဦးဘသာအတြက္ ေသြးေဆးေတြ၊ အားေဆးေတြထည့္ေပးလိုက္ေသးတယ္၊ က်ဳပ္တို႔လည္း ႏြားကိုးေကာင္ဆြဲခဲ့ၿပီးေတာ့ ေပေတာ႐ြာက ဘႀကီးထြန္းရင္ဆီက ႏြားတစ္ေကာင္ဝင္ယူလိုက္တယ္၊ စုစုေပါင္း ႏြားဆယ္ေကာင္ျဖစ္သြားၿပီေပါ့ဗ်ာ၊ အဲဒီႏြားေတြဆြဲရင္းနဲ႔ ေပေတာ႐ြာကေနထြက္ခဲ့ပါေရာ၊ ဗ်ဂၣေလးနဲ႔ ဦးဖိုးေခြးက ေပေတာ႐ြာအထြက္နားအထိ လိုက္ပို႔ေပးၾကပါတယ္။

က်ဳပ္စိတ္ထဲေပ်ာ္လာတယ္ဗ်၊ ဦးဘသာလည္းေကာင္းသြားၿပီမဟုတ္လား၊ ေနာက္ၿပီးေတာ့ ႐ြာကိုျပန္ေရာက္ေတာ့မယ္ေလဗ်ာ၊ ဘယ္႐ြာမွာဘယ္ေလာက္ ေကာင္းေကာင္းမြန္မြန္ေနရတယ္ေျပာေျပာ၊ ကိုယ့္ဇာတိ၊ ကိုယ့္႐ြာကိုေရာက္တာ့မယ္ဆိုတဲ့အသိက ပိုၿပီးေပ်ာ္ဖို႔ေကာင္းတယ္မဟုတ္လားဗ်ာ။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ