“စုန်းထီးကြီးဦးဘသာနှင့် မြိုင်သာချန်ပီယံရှစ်”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် မြိုင်သာချန်ပီယံရှစ်”(စ/ဆုံး)
————————————————————————
အတွဲ(၄) စာစဉ်(၂၇)

(၁)

လောင်းကစားမှုနဲ့ကျုပ်နဲ့အကိုကြီး အိမ်ရှေ့မှာ ထိပ်တုံးသုံးရက်လောက် ခတ်မိနေတာပေါ့ဗျာ၊ ကျုပ်ကတော့ ဘာမှမဖြစ်ပေမယ့် အကိုကြီးကတော့ တော်တော်ကြေကွဲနေတာဗျ၊ ဘာဖြစ်လို့လဲဆိုတော့ မရီးက အိမ်ပေါ်ကဆင်းသွားလို့လေဗျာ၊ မရီးကလည်း မမှားပါဘူး၊ အကိုကြီး လောင်းကစားထပ်လုပ်ရင် အိမ်ပေါ်ကဆင်းပြီး ပြန်မပေါင်းတော့ဘူးလို့ ဝမ်နင်ပေးထားပြီးသားကိုဗျ၊ မှားတာကတော့ အကိုကြီး၊ အဲလေ . . . ကျုပ်လည်းပါသပေါ့ဗျာ။ အမေကတော့ ကျုပ်တို့ကိုထမင်းတွေဘာတွေလာကြွေးပါတယ်၊ ဒါပေမယ့် အကိုကြီးကတော့ မျက်နှာသေကြီးနဲ့ မှုန်မှုန်တေတေကြီးထိုင်လို့ဗျ။

“စားပါ သားကြီးရယ်”

အကိုကြီးက ခေါင်းခါပြီးတော့

“မစားချင်ပါဘူးအမေရာ၊ ထွေးညိုမရှိတော့ ကျုပ်ဘယ်လိုနေရမှာလဲဗျာ”

“လင်နဲ့မယားလျှာနဲ့သွားမို့လို့ပါ သားကြီးရာ၊ မင်းထိပ်တုံးကနေလွတ်တော့ သူ့ကိုသွားပြန်ခေါ်ပေါ့”

အမေကပြောရင်းနဲ့ ဒေါသထွက်လာတယ်။ ဒါနဲ့အိမ်ရှေ့မှာထိုင်ရင်း ရေနွေးသောက်နေတဲ့အဖေ့ကိုမျက်စောင်းထိုးကြည့်ပြီးတော့

“ဒီလူကြီးကလည်းတစ်မှောင့်၊ ကိုယ့်သားသမီး အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတာတောင်မှ ထိပ်တုံးကိုအမိအရခတ်ထားရသေးတယ်”

အဖေက အမေ့ကိုလှမ်းကြည့်ရင်း

“မသန်း၊ မင်းပြောတာငါကြားတယ်နော်ကွ၊ ဘာလဲ မင်းက မင်းသားတွေအပြစ်လုပ်တာကျတော့ မမြင်ဘဲနဲ့ ငါထိပ်တုံးခတ်တာကို အပြစ်မြင်ချင်နေတာလားကွ”

အဖေက ထငေါက်တော့ အမေကဘာမှပြန်မပြောဘဲ ပါးစပ်က ပွစိပွစိလုပ်နေတယ်။ အဖေကတော့ သူ့အကွက်ဝင်လာလို့ အမေ့ကိုဖိဟောက်ချင်တယ်ထင်ပါ့ဗျာ။

“ဒီမှာမသန်း၊ မင်းသားတွေထိပ်တုံးခတ်ခံရတာ ဘယ်သူလုပ်လို့လဲကွ၊ ဒင်းတို့ဖာသာ အပြစ်လုပ်လို့ ထိပ်တုံးအခတ်ခံရတာမဟုတ်လား၊ ငါ့ချွေးမအိမ်ပေါ်ကဆင်းသွားတာကလည်း သူ့အမှားမဟုတ်ဘူး၊ မင်းရဲ့သား အကြီးကောင်ကို ချွေးမလေးက တစ်ခါတည်းအပြတ်ပြောထားပြီးသား၊ နောက်တစ်ခါ လောင်းကစားလုပ်ရင် အပြတ်ဘဲလို့ ကြိမ်းမောင်းထားရက်နဲ့ ဒီကောင်တွေကိုက မနေနိုင်မထိုင်နိုင်ဖြစ်နေတာမဟုတ်လားကွ၊ ခံစမ်းကွာ၊ ခံစမ်း၊ ဒီတစ်ခေါက်တော့ ဘယ်လိုအကြောင်းပဲရှိရှိမင်းတို့ကို ခုနစ်ရက်ပြည့်အောင် ထိပ်တုံးခတ်မယ်ကွ”

အဖေက ဒေါနဲ့မောနဲ့ပြောပြီး အံတကြိတ်ကြိတ်နဲ့ဗျ၊ ဒီအချိန် ကာလသားခေါင်း ကိုမြင့်က ခြံဝိုင်းထဲကိုအပြေးအလွှားဝင်လာတယ်ဗျ၊

“သြော်၊ သူကြီးက အိမ်မှာကိုးဗျ၊ ကျုပ်ဖြင့် သူကြီးရွာထဲရှိမလားဆိုပြီး ပတ်ရှာခဲ့သေးတာ”

“အေးဟေ့၊ အိမ်မှာပဲနေပြီးတော့ ဟိုဒုစရိုက်သားနှစ်ကောင်ကို စောင့်နေရတယ်ဟ”

အဖေက ပြောရင်းကျုပ်တို့ညီအကိုကို မျက်စပစ်ပြလိုက်သေးသဗျာ၊ ကိုမြင့်က အဖေ့ရှေ့မှာဝင်ထိုင်လိုက်တော့ အဖေက

“ဒါနဲ့ မောင်မြင့်၊ မင်းအပြေးတစ်ပိုင်းနဲ့ ဘာဖြစ်လာပြန်တာလဲကွ”

“မြိုင်သာဖလားပွဲ ရှေ့တစ်ပတ်ထဲ စတော့မယ်တဲ့ဗျ”

“ဟေ၊ မစောလွန်းဘူးလားကွ”

“ဟုတ်တယ်သူကြီးရေ၊ အရင်နှစ်က နောက်ကျမှလုပ်တော့ မိုးမိပြီးတော့ မိုးထဲလေထဲကန်ရင်း ကမောက်ကမတွေဖြစ်ကုန်တယ်မဟုတ်လား”

အဖေက ခေါင်းညိတ်တယ်ဗျ၊

“အဲဒါ ရွာအတွက် လက်ရွှေးစင်ဘောလုံးအသင်းဖွဲ့မလို့ သူကြီးဆီမှာခွင့်လာတောင်းတာပါ”

“ဖွဲ့ပေါ့ကွာ”

“ဖွဲ့တာအရေးမကြီးဘူးသူကြီးရဲ့၊ ရွာရဲ့ဘောလုံးအသင်းက အဓိက ကစားသမားနှစ်ယောက်လိုနေလို့၊ အဲဒါ”

ကိုမြင့်က ကျုပ်တို့ကိုလက်ညှိုးထိုးပြပြီး ပြောတော့ အဖေက တော်တော်လေးစဉ်းစားရကြပ်တဲ့ပုံနဲ့ စဉ်းစားနေတယ်၊ ကျုပ်တို့လည်း ဒီလိုအခွင့်အရေးမှာ လက်လွတ်ခံလို့ဘယ်ဖြစ်ပါ့မလဲဗျာ၊ ကျုပ်နဲ့အကိုကြီး လည်ပင်းလေးတွေထောင်ပြီးတော့ အဖေ့ကိုအားကိုးတကြီးနဲ့ကြည့်နေကြတာပေါ့။ အဖေကတော့ အမှန်အတိုင်းပြောရရင် ကျုပ်တို့ကိုလွှတ်ချင်ပုံမရဘူးဗျ။

“လုပ်ပါသူကြီးရယ်၊ ဒီတစ်ခါတော့ ရွာအတွက်မို့ သူကြီးကိုပြောရတာပါ၊ မနှစ်က တန်းမြင့်ရွာနဲ့ လေးသင်းအဆင့်မှာ ရှုံးခဲ့တဲ့ရှုံးကြွေးကိုပြန်ဆပ်ချင်လို့ပါဗျ၊ ပြီးတော့ ဒီနှစ်တော့ ဖလားရအောင် ယူပြမယ်ဗျာ၊ အဲဒါသူကြီးသားတို့ကို လွှတ်ပေးပါဗျာ၊ သူကြီးမကျေနပ်ရင် ဘောလုံးပွဲပြီးတော့ ပြန်ချုပ်ပေါ့၊ မဟုတ်ဘူးလား”

နောက်ဆုံးတော့ အဖေက ခေါင်းကိုတဖြည်းဖြည်းချင်းညိတ်လိုက်တယ်ဗျ၊ ကျုပ်တို့ညီအကိုဆိုရင် ဝမ်းသာလို့ လက်ခုပ်လက်ဝါးတွေထတီးမိတယ်ဗျ၊ အဖေက ထိပ်တုံးကိုခတ်ထားတဲ့ သော့တွဲယူလာပြီးတော့ ကျုပ်တို့အရှေ့မှာလာရပ်ရင်း

“ဟိုနှစ်ကောင်၊ မင်းတို့ကို ငါသိပ်ပြီးလွတ်ချင်လို့တော့မဟုတ်ဘူး၊ ဒါပေမယ့် မြိုင်သာဖလားက တို့ရွာအတွက် ဂုဏ်ကိုဆောင်နိုင်မှာမို့လို့သာ လွတ်ပေးလိုက်ရတာ၊ မင်းတို့မှာ ချုပ်ရက်လေးရက်ကျန်သေးတယ်၊ ဘောလုံးပြိုင်ပွဲပြီးရင် ဒီချုပ်ရက်တွေ ပြန်ခံရမယ်၊ ကြားလား”

ကျုပ်တို့လည်း ခေါင်းကိုဆတ်ခနဲညိတ်လိုက်တာပေါ့ဗျာ၊ အဖေက ထိပ်တုံးကိုဖြုတ်ပေးတော့ ကျုပ်တို့လည်း ဝမ်းသာအားရနဲ့မတ်တပ်ထရပ်လိုက်ကြတယ်။ အကိုကြီးက ပုဆိုးပြင်ဝတ်ရင်း

“ငါကတော့ ဒီအခွင့်အရေးကိုစောင့်နေတာကြာပြီဟေ့၊ မနှစ်က ငါတို့ရှုံးတော့ တန်းမြင့်ရွာကကောင်တွေလုပ်ပြသွားတဲ့အခွက်တွေကို ခင်ဗျားမှတ်မိတယ်မဟုတ်လား ကိုမြင့်”

“သိပ်မှတ်မိတာပေါ့ကွာ၊ အဲဒီတုန်းက မိုးသာမရွာရင် ငါတို့နိုင်တယ်ကွ၊ ခုနှစ်တော့ ငါတို့တွေ ဒီကောင်တွေကို ရှုံးကြွေးပြန်ဆပ်ကြမယ်၊ ဒါ့အပြင် မြိုင်သာဖလားကို ငါတို့ရွာက ရအောင်ပြန်ယူပြမယ်ကွ”

ကျုပ်လည်းအဖေ့ကိုကြည့်ရင်း

“ဟုတ်တယ်၊ အဖေ့လက်ထက်မှာတော့ မြိုင်သာဖလားကို ကျုပ်တို့ရွာကိုသယ်လာနိုင်အောင် ကြိုးစားမယ်အဖေရာ”

အဖေလည်း စိတ်တက်ကြွသွားတယ်ထင်ပါတယ်ဗျာ။

“အေး၊ လုပ်ကြစမ်းကွာ၊ ဖလားသာရလို့ကတော့ မင်းတို့ညီအကိုကို ထိပ်တုံးဒဏ်ကနေလွတ်ပေးမယ့်အပြင် ဆုကြေးလည်းချမယ်ကွ”

ကျုပ်လည်းအဖေ့ကိုသေချာကြည့်လိုက်ပြီး

“တကယ်လားအဖေ၊ ကတိနော်”

“အောင်မာ မင်းတို့ကောင်တွေသာ မြိုင်သာဖလားကို ရွာကိုရောက်အောင်သယ်လာခဲ့၊ ဒီရောက်ရင် မင်းတို့စိတ်တိုင်းကျ ဖြစ်စေရမကွ”

ကိုမြင့်က ကျုပ်တို့ကိုကြည့်ပြီး

“ကဲ၊ ဟေ့ကောင်တွေ ပြိုင်ပွဲက ရှေ့တစ်ပတ်ဆိုတော့ ငါတို့လေ့ကျင့်ဖို့လိုသကွ၊ တန်းမြင့်ရွာက ကောင်တွေဆို ပြီးခဲ့တဲ့ လကတည်းက ကြိတ်ပြီးလေ့ကျင့််နေတယ်ဆိုပဲ”

ကိုမြင့်ပြောပြီးတာနဲ့ ကျုပ်တို့တွေအားလုံး ကိုမြင့်အနောက်ကို လိုက်ခဲ့ကြတာပေါ့ဗျာ။

(၂)

ဘောလုံးပွဲဆိုတာက အဲဒီခေတ်ကတော့ ကျုပ်တို့နဲ့မစိမ်းတော့ဘူးဗျ၊ ကျုပ်တို့ငယ်ငယ်တုန်းကဆိုရင် ဘောလုံးကစားနည်းက နိုင်ငံဂုဏ်ဆောင် ကစားနည်းတစ်ခုပဲလေဗျာ၊ အဲဒီတုန်းက မြန်မာ့လက်ရွှေးစင်အသင်းက အာရှမှာနာမည်ကြီးပဲမဟုတ်လား။ ၁၉၆၆၊ ၁၉၇၀ အာရှအားကစားပြိုင်ပွဲတွေမှာလည်း ဘောလုံးကစားနည်းနဲ့ ရွှေတံဆိပ်ရတယ်မဟုတ်လား၊ ဒါတင်မကသေးဘူး၊ အခုနောက်ပိုင်း ဆီးဂိမ်းလို့ခေါ်ကြတဲ့ ကျွန်းဆွယ်အားကစားပြိုင်ပွဲတွေမှာလည်း ၁၉၆၅၊ ၆၇၊ ၆၉၊ ၇၁၊ ၇၃ ခုနှစ်တွေမှာ ဘောလုံးအားကစားနဲ့ ရွှေတံဆိပ်ချည်း ငါးနှစ်ဆက်တိုက်ရခဲ့တာကိုးဗျ၊ ဒါ့အပြင် ကိုရီးယားဖလားပြိုင်ပွဲမှာလည်း ၁၉၇၁၊ ၇၂၊ ၇၃ ခုနှစ် သုံးနှစ်ဆက်တိုက် ဖလားရပြန်တာပဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဘာတွေတောင် အောင်သေးတယ်ဗျ၊ ၁၉၇၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာလည်း အသန့်ရှင်းဆုံးအသင်းဆု ရထားတယ်မဟုတ်လား၊ တခြားနှစ်တွေမှာလည်း ချန်ပီယံ ရွှေတံဆိပ်မရရင်တောင်မှ ဒုတိယဆု၊ တတိယဆုတွေရတတ်လို့ အဲဒီခေတ်ကို မြန်မာ့ဘောလုံးလောကရဲ့ ရွှေခတ်လို့ တင်စားကြတယ်မဟုတ်လားဗျာ။

ဒီလိုခေတ်မှာ ဘောလုံးကစားနည်းက ရေပန်းစားတာတော့ ပြောမနေပါနဲ့တော့ဗျာ၊ နိုင်ငံတစ်ဝှမ်းလည်း အစိုးရက ကမကထ လုပ်တဲ့ ဒိုင်းလုပွဲ၊ ဘောလုံးပြိုင်ပွဲတွေ၊ နောက်ပြီးတော့ ကျေးရွာ၊ ရပ်ကွက်၊ မြို့တွေအဆင့် ကိုယ်ထူကိုယ်ထလုပ်တဲ့ ဘောလုံးပြိုင်ပွဲတွေလည်း အတော်များများရှိခဲ့တာပေါ့ဗျာ။ ဒီပြိုင်ပွဲတွေထဲ ကျုပ်တို့နယ်ဘက်မှာ ယှဉ်ပြိုင်မှုအမြင့်မားဆုံးပွဲကိုပြောပါဆိုရင်တော့ မြိုင်သာဖလားပြိုင်ပွဲပဲဗျ။

မြိုင်သာဖလားဆိုတာကတော့ မြိုင်သာမြို့အနီးက ကျေးရွာတွေအားလုံးက ကိုယ်စားပြုဘောလုံးအသင်းတွေဖွဲ့ပြီးတော့ ကန်ကြတဲ့ပွဲပေါ့ဗျာ၊ မြိုင်သာမြို့ပေါ်က မြို့မိမြို့ဖတွေနဲ့ ဘောလုံးဝါသနာရှင်တွေ စုပေါင်းပြီးတော့ ဖလားဖြစ်မြောက်ရေးအတွက် တစ်နှစ်ပတ်လုံး အလှူခံကြ၊ ရန်ပုံငွေရှာကြတာပေါ့ဗျာ၊ ပြီးရင်တော့ ဘောလုံးတွေဝယ်ကြတယ်၊ ကျန်တဲ့ငွေတွေကိုတော့ ငွေဖလားကြီးတစ်လုံးထဲမှာ အပြည့်ထည့်ပြီးတော့ ဆုကြေးအဖြစ်ပေးတာပေါ့ဗျာ၊ ဖလားရတဲ့ရွာတွေကတော့ ဆုကြေးလဲရသလို မြိုင်သာဖလားရတယ်ဆိုပြီး ဂုဏ်ယူကြတာပေါ့၊ ဒီဖလားရဖို့လည်း လွယ်မှမလွယ်တာပဲဗျာ၊ မြိုင်သာမြို့ပတ်ဝန်းကျင်မှာ ရွာပေါင်းက သုံးဆယ်လောက်ရှိတာကိုးဗျ၊ ဒီအထဲမှာ ပြိုင်ပွဲဝင်မပြိုင်တဲ့ ရွာငယ်ကလေးတွေကိုဖယ်လိုက်ရင် အနည်းဆုံးတော့ ရွာပေါင်းနှစ်ဆယ်၊ ဆယ့်ခြောက်ရွာလောက်က ဝင်ပြိုင်ကြတာမဟုတ်လားဗျာ၊ ရွာတွေအားလုံးကလည်း ကိုယ့်ရွာဖလားရဖို့အတွက် ရေကုန်ရေခမ်းကြိုးစားယှဉ်ပြိုင်ကြတာဆိုတော့ အကြိတ်အနယ်ပေါ့ဗျာ။

ဒါကြောင့် ဖလားရတဲ့ရွာကတော့ သိပ်ပြီးဂုဏ်တက်တာပေါ့ဗျာ၊ ဘောလုံးပြိုင်ပွဲနိုင်ပြီး ဖလားရတဲ့အထိမ်းအမှတ်အနေနဲ့ အလှူတွေလုပ်ကြ၊ စတုဒိသာတွေကျွေးကြနဲ့ တစ်ချို့ရွာဆိုရင် ပွဲတွေဘာတွေခင်းလိုက်သေးသဗျာ။ မြိုင်သာဖလားကျင်းပခဲ့တဲ့ ငါးနှစ်သက်တမ်းတစ်လျှောက်မှာ ကျုပ်တို့ရွာက တစ်ခါမှဖလားမရခဲ့ဘူးဗျ၊ အဲ . . ဒါပေမယ့် မနှစ်ကတော့ ဆီမီးဖိုင်နယ်လို့ခေါ်တဲ့ လေးသင်းအဆင့်အထိရောက်ခဲ့သဗျာ၊ လေးသင်းပြိုင်ပွဲမှာ တန်းမြင့်ရွာက ဘောလုံးအသင်းနဲ့ဆုံတွေ့ခဲ့ကြတာပေါ့၊ ဖြစ်ချင်တော့ အဲဒီနေ့က မိုးတွေတအားကြီးပြီး ဘောလုံးက ကန်တဲ့နေရာကိုမရောက်တဲ့အချိန်မှာ တန်းမြင့်ရွာက ကျုပ်တို့ရွာကို ဂိုးပြတ်နဲ့အနိုင်ယူခဲ့တာပါပဲဗျာ၊ ဂိုးပြတ်တာတောင်မှ လေးဂိုး၊ ဂိုးမရှိနဲ့ ဂိုးပြတ်ခဲ့တာဆိုတော့ တန်းမြင့်ရွာကကောင်တွေ သိပ်ကိုဝံ့ကြွားခဲ့တာကို တွေးရင်း ကျုပ်တို့ဖြင့် ရင်ထဲမခံချင်ဖြစ်လာမိတယ်ဗျ။

ရွာထဲက ကာလသားတွေစုစည်းပြီးတော့ အသင်းဖွဲ့ကြတာပေါ့ဗျာ၊ ဘောလုံးအသင်းက ဆယ့်တစ်ယောက်ဆိုပေမယ့် အရံလူအနေနဲ့ နောက်ထပ်လေးငါးယောက်ထပ်ခေါ်ပြီး ဆယ့်ခြောက်ယောက်နီးပါးလောက် ဖွဲ့ရတာပေါ့၊ အဲဒီခေတ်တုန်းကတော့ အသက်အရွယ်အကန့်အသတ်မထားပါဘူးဗျာ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် သက်လုံကောင်းပြီး အမောခံနိုင်တယ်၊ ပြေးနိုင်တယ်ဆိုရင်တော့ ဘောလုံးအသင်းထဲကို ပါရတာပါပဲ၊ ဒီအထဲ ကျုပ်က ထိပ်ဆုံးကပေါ့ဗျ၊ ကျုပ်အပြေးဘယ်လောက်မြန်တယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပေါ့ဗျာ၊ ဟဲ . . ဟဲ။

ဘောလုံးသမားတွေ စုပြီဆိုတာ ကြားလိုက်တော့ ရွာထဲက လူတွေအကုန်လုံး ဝိုင်းအုံလာကြတော့တာပဲဗျာ၊ ဘောလုံးအသင်းထဲ ပါရတဲ့လူဆိုတာ တကယ့်ကိုအားကောင်းမောင်းသန် ယောက်ျားတွေမဟုတ်လားဗျ၊ အရင်ဆုံးရွာကလူတွေက ဘောလုံးအသင်းထဲက လူတွေကိုကြည့်ပြီး ပါသင့်မပါသင့် ဆုံးဖြတ်ကြတယ်။

“ဟဲ့ မောင်ပိန်က ပိန်ညှောင်ရိုးနေတာပဲဟယ်၊ ပြီးတော့ သူ့မှာပန်းနာရင်ကြပ်လည်းရှိသေးတယ်ဆိုတော့ ပြေးနိုင်ပါ့မလားဟ၊ မောင်ပိန်ကိုမခေါ်နဲ့”

“ဟုတ်ပ၊ ဟိုဘက်က ဗိုက်ပူကလည်း ဝလိုက်တာအေ၊ သူ့မှာပြေးဖို့မပြောနဲ့ လမ်းလျှောက်ရင်းတောင် မောနေတာဆိုတော့ ဘယ်လိုလုပ်ကန်နိုင်မှာလဲ”

ဒီလိုနဲ့ရွာကလူတွေ တစ်ယောက်တစ်ပေါက်နဲ့ ဟိုလူရွေး၊ ဒီလူရွေးလုပ်ပြီး နေ့တစ်ပိုင်းလောက်အချိန်ကုန်သွားတော့ ရွာရဲ့ဘောလုံးအဖွဲ့က တစ်ရွာလုံးက လက်ခံတဲ့လူတွေနဲ့ ဖွဲ့ပြီးပြီပေါ့ဗျာ၊ ကျုပ်တို့ရွာက တခြားအချိန်သာ မစည်းလုံးရင်နေမယ်၊ ဒီလိုအချိန်ကတော့ စည်းလုံးသဗျ၊ ရွာကလူတွှေအကုန်လုံး ရွာပြင်ကိုထွက်ပြီးတော့ ချောင်းရိုးထဲက သဲတွေကို ပုံးတွေ၊ တောင်းတွေနဲ့ တိုက်သယ်ကြသဗျ၊ ပြီးတော့ ယာခင်းထဲက မြေညီတဲ့အကွက်တစ်ကွက်ကို အဲဒီသဲတွေနဲ့ဖို့ပါရောဗျာ၊ ဒီအချိန် ယာခင်းထဲမှာ ပဲတွေလည်းဖော်ပြီးပြီဆိုတော့ ယာတွေကအားနေပြီမဟုတ်လား၊ သဲဖုံးခံရတဲ့ ယာခင်းပိုင်ရှင်ကလည်း အပြုံးမပျက်ပါဘူးဗျ၊ သူ့ယာခင်းစိုက်လို့ရတာ မရတာအသာထား၊ အရေးကြီးတာက ရွာကဖလားရဖို့ပဲမဟုတ်လား၊ မသကာ မိုးတွင်းရောက်မှ သဲတွေဖောက်ချမယ်ဆိုပြီးတော့ သူကိုယ်တိုင်တောင် သဲတွေဝင်တိုက်နေသေးတာ။

ပြီးတော့ သဲတွေကိုရေထမ်းပုံးတွေနဲ့ ထမ်းပြီးတော့ ရေလောင်းကြပါရောဗျာ၊ ညနေစောင်းလောက်ဆိုရင်တော့ ကျုပ်တို့ဘောလုံးလေ့ကျင့်မယ့် သဲကွင်းကလေးက အသင့်ဖြစ်သွားပြီပေါ့၊ ဝါးလုံးနဲ့ ဂိုးတိုင်လုပ်ပြီးတော့ ဟိုဘက်ဒီဘက်မှာ ဂိုးတိုင်ထောင်လိုက်ရင်တော့ ပြီးပြီပေါ့ဗျာ၊ ခင်ဗျားတို့က ရွာဘောလုံးကွင်းဆိုပြီး အထင်တော့မသေးနဲ့ဗျို့၊ ထောင့်ကန်ဘောကန်ဖို့ အလံတွေဘာတွေတောင်လုပ်ပြီး ထောင်ထားသေးတာဗျ။

အားလုံးပြီးပြီဆိုတော့ ဘောလုံးလိုပြီပေါ့ဗျာ၊ ဘောလုံးဆိုတာက အဲဒီခေတ်က ရွှေထက်ရှားသဗျ၊ မြို့ကြီးတွေပေါ်မှာပဲရောင်းတာ၊ မြိုင်သာမြို့ပေါ်မှာတောင်မှ ဘောလုံးဝယ်မရဘူး၊ တချို့တွေကတော့ ဘောလုံးဝယ်မရလို့ ဥသျှစ်သီးကန်တဲ့လူနဲ့၊ အုန်းသီးခြောက်ကန်တဲ့လူနဲ့ပေါ့ဗျာ၊ ကိုမြင့်က ဘောလုံးတစ်လုံးကိုင်ပြီးတော့ ကွင်းထဲကိုဝင်လာသဗျ။

“ဟာ ကိုမြင့်၊ ဘောလုံးဘယ်လိုရလာတာလဲဗျ”

“ဘယ်လိုရမလဲကွ၊ မနှစ်က ဘောလုံးပြိုင်ပွဲမှာ ကွဲသွားတဲ့ဘောလုံးအကွဲကြီးကို အစိတ်နဲ့ပေးဝယ်ခဲ့ပြီးတော့ အထဲကို အဝတ်စတွေထည့်ပြီး အပ်ချည်နဲ့ပြန်ချုပ်ထားတာပေါ့ကွာ”

ဘောလုံးက ရာဘာသားရေနဲ့လုပ်ထားတာဆိုတော့ ချုပ်လို့ရသဗျ၊ ကိုမြင့်ပေးတဲ့ဘောလုံးကလည်း မဆိုးပါဘူးဗျာ၊ အဝတ်စတွေထည့်ထားလို့ သာမန်ဘောလုံးထက် လေးနေတာထက်စာရင်တော့ ကန်လို့ပြုလို့ကောင်းပါတယ်။

“ဒါနဲ့ကိုမြင့်၊ ကိုမြင့်ရဲ့ဘောလုံးက အလေးကြီးဗျ”

“အိုကွာ၊ လေးတာကပိုကောင်းတာပေါ့ကွ၊ လေးတာကိုအားစိုက်ကန်တာအကျင့်ဖြစ်သွားတော့မှ ဘောလုံးအပေါ့ကိုကန်တော့ အားပိုရှိမယ်မဟုတ်လားကွ”

ကျုပ်တို့လည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုမြင့်စကားကိုခေါင်းညိတ်လိုက်ကြတော့တယ်။ မဟုတ်ရင်လည်း ဘောလုံးက ဒီတစ်လုံးတည်းရှိတာကိုးဗျ။ ကျုပ်တို့ဘောလုံးစကန်ပြီဆိုတာနဲ့ ကွင်းဘေးကို ရွာထဲက ကလေးလူကြီးနဲ့ မိန်းမတွေပါမကျန် အကုန်ရောက်ချလာပြီး အားပေးတာပဲဗျာ၊ လူရွေးတုန်းကလည်း တစ်ရွာလုံးပါသလို၊ နည်းပြကလည်း တစ်ရွာလုံးပဲဗျ၊ ကျုပ်တို့ဘောလုံးကန်နေတာကို ဘေးကနေဝိုင်းကြည့်ပြီး ဟိုလိုဖြစ်တယ်၊ ဒီလိုဖြစ်တယ်၊ ဟိုလိုကန်၊ ဒီလိုကန်နဲ့ နည်းဝိုင်းပြကြတာပေါ့ဗျာ၊

ညနေလေ့ကျင့်ပြီး ပြန်လာတာ့ အကိုကြီးက သူ့မိန်းမအိမ်ဘက်ကို သွားကြည့်သေးသဗျ၊ ပြီးတော့ မျက်နှာကြီးဖြီးပြီးတော့ ပြန်လာတယ်။

“အကိုကြီး၊ ခုနတုန်းကတော့ သေမလိုရုပ်နဲ့ အခုတော့ ပြုံးဖြီးဖြီးနဲ့ပါလားဗျ”

“ထွေးညိုက ငါ့ကိုပြောလိုက်တယ်ကွ၊ တကယ်လို့ ဘောလုံးပွဲမှာ ဖလားရလာခဲ့ရင် ငါနဲ့ပြန်ပေါင်းမယ်တဲ့ကွာ”

ကျုပ်လည်း အကိုကြီးကိုကြည့်ပြီး သက်ပြင်းချလိုက်မိတော့တယ်၊ ဘာပဲပြောပြော ဒီနှစ်ဘောလုံးပြိုင်ပွဲက တခြားနှစ်တွေထက် ပိုပြီးကြိုးစားရမယ့်ပွဲပေါ့ဗျာ။

(၃)

တစ်နေ့တော့ ကျုပ်တို့လေ့ကျင့်ပြီးလို့ အမောဖြေရေသောက်နေတုန်း တန်းမြင့်ရွာက ကိုကျော်ဟိုးရောက်လာသဗျ၊ ကိုကျော်ဟိုးက ကျုပ်တို့ရွာသားဆိုပေမယ့် တန်းမြင့်ရွာသူနဲ့အိမ်ထောင်ကျပြီး တန်းမြင့်ရွာသားတစ်ပိုင်းဖြစ်နေတဲ့လူပေါ့ဗျာ၊ ကိုကျော်ဟိုးက ကျုပ်တို့အဖွဲ့နားကိုကပ်လာတယ်။ ကိုမြင့်က ကြည့်ပြီး

“ဘာလဲ ကိုကျော်ဟိုး၊ ကျုပ်တို့ဘာတွေလေ့ကျင့်နေတယ်ဆိုတာကို ခင်ဗျားကိုစပိုင်လုပ်ဖို့ လွှတ်လိုက်တာလားဗျ”

“မဟုတ်ပါဘူးကွာ၊ ငါက တန်းမြင့်ရွာသူနဲ့ညားပေမယ့် ဒီရွာသားပါကွ၊ ရွာကိုသစ္စာဖောက်ပါ့မလား၊ အခုလည်း မင်းတို့ကိုတစ်ခုသတင်းပေးချင်လို့ လာတာပဲကွ”

ကျုပ်တို့လည်း ကိုကျော်ဟိုးအနားမှာ စုထိုင်လိုက်ကြတယ်၊

“မနှစ်က တန်းမြင့်ရွာကဖလားရတာ ရိုးရိုးတန်းတန်းရတာမဟုတ်ဘူးတဲ့ကွ”

“ဟာဗျာ၊ ရိုးရိုးတန်းတန်းမရလို့ ဖင်ပူးတောင်းထောင်ပြီး ရတာလား”

ကိုကျော်ဟိုးက မျက်နှာကိုရှုံ့မဲ့ပြီးတော့

“မင်းတို့ကွာ ငါပြောတာဆုံးအောင်နားထောင်ကြစမ်းပါအုံးကွ၊ တန်းမြင့်ရွာက ရိုးရိုးတန်းတန်းနိုင်တာမဟုတ်ဘဲနဲ့ မကောင်းတဲ့အောက်လမ်းပညာနဲ့လုပ်ပြီး နိုင်တာတဲ့ကွ”

ကျုပ်တို့လည်း အံ့သြသွားကြတယ်။

“ခင်ဗျားတကယ်ပြောတာလား ကိုကျော်ဟိုး”

“ငါက မင်းတို့ကိုလိမ်ပါ့မလားကွာ၊ ငါ့မိန်းမနဲ့ ရပ်ရွာထဲက မိန်းမတွေ အတင်းတုပ်ကြရင်းနဲ့ သူတို့ပြောတာကိုပြန်ကြားတာကွ၊ အရင်နှစ်တုန်းက တန်းမြင့်ရွာက နည်းပြဆိုတဲ့ အသားမည်းမည်းနဲ့ ထွန်းတင်က တန်းမြင့်ရွာက အောက်လမ်းဆရာကြီးဆီမှာ တိုး လို့ခေါ်တဲ့ အောက်လမ်းသရဲရုပ်ငှားသွားသတဲ့ကွာ၊ အဲဒါအောက်လမ်းနဲ့လုပ်ထားလို့ သူတို့က ငါတို့ကိုနိုင်တဲ့အပြင် မြို့ခံ မြိုင်သာဘောလုံးအသင်းကိုတောင် အနိုင်ရပြီး ဖလားရသွားတယ်မဟုတ်လားကွ”

ကျုပ်တို့လည်းပြန်စဉ်းစားမိတယ်ဗျ၊ ကိုမြင့်က တောက်တခေါက်ခေါက်နဲ့

“အင်း၊ ခင်ဗျားပြောတာဖြစ်နိုင်တယ် ကိုကျော်ဟိုးရ၊ ဟိုနှစ်ကအကြောင်းတွေ ပြန်တွေးလိုက်ရင် ကျုပ်တော့ရင်နာမိသဗျာ၊ ကျုပ်တို့နဲ့ပွဲတုန်းကလည်း အမှတ်မထင် မိုးတွေရွာချလာပြီးတော့ ကျုပ်တို့ကန်တဲ့ဘောလုံးက အရှေ့မရောက်ဘဲ ကျုပ်တို့ဘက်ကိုပဲ လေတိုက်ပြီး ပြန်ပြန်လွင့်လာတာမဟုတ်လား”

ကိုမြင့်ပြောတာကို အားလုံးကခေါင်းညိတ်ပြီးထောက်ခံလိုက်ကြတယ်။

“ဒါတင်မကသေးဘူး၊ ဗိုလ်လုပွဲကျတော့လည်း မြိုင်သာက ရှေ့တန်းတိုက်စစ်မှူးတွေက ဂိုးကိုမသွင်းနိုင်ဘူးမဟုတ်လားဗျာ၊ နောက်ဆုံး ပင်နယ်တီကန်တော့လည်း ဘာထူးသေးလဲဗျာ၊ ဒီလောက်ဂိုးပေါက်အကျယ်ကြီးကိုတောင် တစ်ယောက်မှ ဝင်အောင်မကန်နိုင်တာ ထူးဆန်းစရာပဲဗျာ၊ ခင်ဗျားပြောမှ ကျုပ်တောင်စဉ်းစားနေမိပြီဗျို့”

ကိုကျော်ဟိုးက အားရဝမ်းသာနဲ့

“ဟုတ်ပါတယ်ဆိုဗျာ၊ ခင်ဗျားကလည်း ကျုပ်တောင်မှ အဲဒီသတင်းကြားပြီး တော်တော်တုန်လှှုပ်သွားတာမဟုတ်လား၊ ဒါကြောင့် ခင်ဗျားတို့ကိုလာသတင်းပေးတာပဲ”

“နေစမ်းပါအုံး ကိုကျော်ဟိုးရဲ့ ကိုထွန်းတင်က တန်းမြင့်ရွာသူကြီးရဲ့သားမဟုတ်လား၊ သူက ဒီလိုအောက်တန်းကျတဲ့နည်းကိုသုံးတာ သူ့အဖေက မသိဘူးတဲ့လား”

ကိုကျော်ဟိုးက အကိုကြီးကိုမျက်မှောင်ကြုတ်ကြည့်ရင်း

“တားမလားကွ ဟေ့ကောင်ရ၊ ဘယ်လိုနည်းနဲ့နိုင်နိုင်ဖလားရဖို့က အဓိကမဟုတ်လားကွ၊ ငါ့အထင်တော့ ဒီအကြံအစည်မှာ တန်းမြင့်ရွာသူကြီးကိုယ်တိုင်တောင်မှ ပါချင်ပါနေမှာကွ”

“ဟာဗျာ၊ ဒါဆိုဒီကောင်တွေတော်တော်မတရားတာပဲဗျ”

ဘောလုံးအသင်းထဲကလူတွေက မခံချင်ဘူးပေါ့ဗျာ။

“အေးလေ၊ ငါတို့က ရိုးရိုးသားသားပြိုင်ပေမယ့် ဒီကောင်တွေက မရိုးသားပါလားကွ”

“အဲဒါပြောတာပေါ့ကွာ၊ အခုငါလာရတာလည်း တန်းမြင့်ရွာသားတွေက တစ်ခါအနိုင်ရဖူးတော့ နိုင်တဲ့အရသာကိုသိနေပြီကွ၊ အခုလည်း သူတို့အချင်းချင်းခေါင်းချင်းဆိုင်ပြီးတိုင်ပင်နေကြတယ်၊ ငါ့အထင်တော့ ဒီကောင်တွေ အောက်လမ်းနည်းတွေမသုံးဘူးလို့ မပြောနိုင်ဘူးဟေ့၊ အဲဒါ မင်းတို့လည်း သတိထားရအောင်ပြောထားတာ”

“ကျေးဇူးတင်ပါတယ် ကိုကျော်ဟိုးရာ၊ ဒီသတင်းကြားပြီး ကျုပ်တို့ဖြင့် လေ့တောင်မလေ့ကျင့်ချင်တော့ဘူးဗျာ”

ကျုပ်တို့အကုန်စိတ်ဓါတ်ကျသွားကြတာပေါ့၊ ဒါပေမယ့် ဒီအချိန်ကျုပ်ခေါင်းထဲ အကြံတစ်ခုရလိုက်တယ်ဗျ။

“ဟာ၊ ဟေ့လူတွေ ကျုပ်မှာအကြံတစ်ခုရှိတယ်ဗျ”

တစ်သင်းစလုံးက ကျုပ်ကိုဝိုင်းကြည့်တယ်။

“ဒီကောင်တွေ ညစ်ပတ်တာကိုသိပြီဆိုတော့ ဒီအတိုင်းငြိမ်ခံနေစရာအကြောင်းမရှိဘူးဗျာ၊ ဒီတော့ ကျုပ်တို့လည်း ဦးဘသာကြီးကို ခေါ်သွားရင်မကောင်းဘူးလား”

ကာလသားတွေအကုန်လုံးက ဦးဘသာနဲ့ခင်တယ်ဆိုတော့ ဒီအကြံကိုထောက်ခံကြတယ်။

“ဒါပေမယ့် အလတ်ကောင်ရ ဦးဘသာက ငါတို့နဲ့လိုက်ပါ့မလားကွ”

“ကျုပ်ခေါ်ရင်ရပါတယ်ဗျာ၊ မပူနဲ့ ကျုပ်ရအောင်ခေါ်ခဲ့မယ်”

ကျုပ်လည်း လက်မထောင်ပြီးတော့ ကိုယ့်ရင်ဘတ်ကို ပြန်ထိုးပြလိုက်တာပေါ့ဗျာ။

(၃)

“ဟာ၊ အလတ်ကောင်၊ မင်းကတော့လုပ်တော့မယ်ကွာ၊ အားကစားနည်းပဲကွ၊ ရိုးရိုးသားသားပြိုင်ကြပေါ့”

ဦးဘသာကိုကျုပ်ပြောလိုက်တော့ ဦးဘသာက အကြောက်အကန်ငြင်းတယ်ဗျ၊ ဦးဘသာငြင်းမယ်ဆိုတာကိုလည်း ကျုပ်တွေးထားပြီးသားပါ။ ဒါနဲ့သူ့အနားကပ်ပြီးတော့

“လုပ်ပါ ဦးဘသာရာ၊ ဒီပွဲက သိပ်အရေးကြီးတဲ့ပွဲမို့ပါ”

“မင်းတို့ဖာသာဘာပွဲဖြစ်ဖြစ်လေကွာ၊ အားကစားက အားကစားလို ကစားပေါ့ကွ၊ မကောင်းတဲ့နည်းလမ်းတွေနဲ့ ကလိမ်ကကျစ်ကျပြီး အနိုင်မယူချင်စမ်းပါနဲ့ကွာ”

“အိုဗျာ၊ ကျုပ်ကလည်း ဦးဘသာကို ကလိမ်ကကျစ်လုပ်ခိုင်းတာမဟုတ်ပါဘူးဗျ၊ တကယ်လို့ တစ်ဖက်ပြိုင်ဘက်က ကလိမ်ကကျစ်လုပ်လာခဲ့ရင် ဦးဘသာက နည်းနည်းတားပေးဆီးပေးဖို့ပြောတာပါ၊ မနှစ်ကလည်း တန်းမြင့်ရွာကလူတွေက တိုးဆိုလား ခေါ်တဲ့ သရဲရုပ်စီရင်ပြီးတော့ အောက်လမ်းနည်းနဲ့ ဘောပွဲနိုင်အောင်လုပ်တယ်ဆိုသဗျ”

ဦးဘသာက နည်းနည်းတော့စဉ်းစားသွားတယ်ဗျ၊ ဒီလိုဖြစ်နေရင် ဦးဘသာတစ်ယောက် ကျုပ်ပြောတာကိုလက်ခံဖို့ ရာခိုင်နှုန်းများနေပြီမှန်း ကျုပ်သိပါတယ်၊ ဒါနဲ့အနားထပ်ကပ်ပြီးတော့

“လုပ်စမ်းပါဦးဘသာရာ၊ ပြိုင်တာက ကျုပ်တို့ဖာသာ အားသွန်ခွန်စိုက်ပြိုင်ပါ့မယ်၊ ဒါပေမယ့် ကလိမ်ကျတာကိုတော့ လက်မခံနိုင်လို့ပါ၊ ပြီးတော့ ရွာအတွက်ပဲဦးဘသာရာ၊ ဖလားရတော့ ကျုပ်တို့ရွာလည်း ဂုဏ်တက်တယ်မဟုတ်လား”

“အေးပါ၊ ငါလိုက်ခဲ့ပါ့မယ်၊ ဒါပေမယ့် ငါကအသက်ကြီးနေပြီ မင်းတို့အသင်းထဲကို ဘယ်လိုလိုက်ရမှာလဲကွ”

“ကျုပ် ကိုမြင့်နဲ့ပြောပြီးသားပါဗျ၊ ကိုမြင့်က ဦးဘသာကို နည်းပြခန့်မယ်တဲ့ဗျ၊ ဒါမှ ဦးဘသာလည်း ကွင်းထဲလိုက်လို့ရမယ်မဟုတ်လား”

“ကြည့်လည်းလုပ်အုံးနော်အလတ်ကောင်ရ၊ ငါက ဘောလုံးကိုကောင်းကောင်းကန်တတ်တာမဟုတ်ဘူး၊ ဘယ်လိုလုပ်နည်းပြလုပ်ရမလဲ”

“ကျုပ်တို့ကန်တတ်ပြီးသားပါဗျာ၊ ဦးဘသာက ကွင်းဘေးကနေ ဟိုကြည့်ဒီကြည့် လုပ်ပေးရုံပါပဲ”

နောက်ဆုံးတော့ ဦးဘသာက ခေါင်းညိတ်သွားတယ်ဗျ။ ကျုပ်လည်းပျော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ ဘောလုံးပွဲအတွက် မနက်ဖြန် မြို့ကိုတက်ရတော့မယ်ဆိုတော့ ဘောလုံးကန်တဲ့အသင်းသားတွေကို ရွာထိပ်က ဦးတရုတ်ကြီးက သူ့အရက်ဆိုင်မှာ အကြိုဂုဏ်ပြုပြီး ဧည့်ခံသဗျ၊ ကျုပ်တို့လည်း သွားစားရတာပေါ့ဗျာ။ ဝက်သားတွေ၊ အမဲသားတွေနဲ့ ရှယ်ချက်ကျွေးတာဗျ။

“ဦးတရုတ်ကြီးဟင်းတွေက စားကောင်းပါတယ်၊ ဒါပေမယ့် အသောက်လေးပါတော့ ပိုကောင်းတာပေါ့ဗျ”

“တော်စမ်း၊ ဘောလုံးတောင်မကန်ရသေးဘူး သောက်ချင်နေသေးတယ်၊ မင်းတို့အခုအချိန်သောက်ပြီး အရက်နာကျလို့ မနက်ဖြန်ခြေစမ်းပွဲမှာ မပြေးနိုင်ဘဲဖြစ်နေပါအုံးမယ်ကွာ၊ ကဲ၊ ကောင်းကောင်းစားကြသောက်ကြကွာ၊ ပြီးရင်တော့ အဲဒီမြိုင်သာဖလားကို တို့ရွာကိုသာ သယ်ခဲ့ကြစမ်းပါကွ”

“မပူပါနဲ့ ဦးတရုတ်ကြီးရာ၊ ကျုပ်တို့သယ်ခဲ့ရင်သာ ဦးတရုတ်ကြီး ဆုချဖို့ပြင်ထား”

“မင်းတို့သာဖလားပါလာလို့ကတော့ အဲဒီည ငါကိုယ်တိုင် ဝက်ကောင်လုံးကင် ကင်ကျွေးပြီးတော့ အရက်လည်း အကြိုက်သောက်၊ အမူးအပြဲသောက်ကြစမ်းကွာ”

ကျုပ်တို့လည်း ရယ်မောပြီးတော့ ဦးတရုတ်ကြီးကျွေးတဲ့ထမင်းတွေကို မြိန်ၤရည်ရှက်ရည်နဲ့ စားခဲ့ကြတာပေါ့ဗျာ။ မနက်ဖြန် မနက်စောစော မြိုင်သာကိုတက်ပြီးတော့ ညနေသုံးနာရီလောက်ကျတော့ ပထမဆုံးပွဲစဉ်အဖြစ် ထောက်ရှာရွာနဲ့ ကျုပ်တို့ရွာနဲ့ ကန်ရမှာမဟုတ်လားဗျာ၊ စားသောက်ပြီးပြန်လာတော့ အမေက ကြက်ဥပြုတ်ပန်းကန်ကြီးနဲ့ အိမ်ကနေစောင့်နေသဗျာ။

“အမေ၊ ကြက်ဥတွေဘာလုပ်တာလဲဗျ”

“နင်တို့စားဖို့လေ”

“ဟာဗျာ၊ ဦးတရုတ်ကြီးဆီမှာ စားလာခဲ့ပြီးပြီ၊ မစားနိုင်တော့ပါဘူးဗျာ”

“ဟဲ့အလတ်ကောင်၊ လျှာမရှည်နဲ့၊ ရော့ နင်တို့နှစ်ယောက် တစ်ယောက်ကိုကြက်ဥပြုတ်ခုနစ်လုံးစီ တစ်ထိုင်တည်းကုန်အောင်စားကြစမ်း”

အကိုကြီးလည်း မျက်လုံးပြူးသွားတယ်။

“ဗျာ၊ ခုနစ်လုံးတောင်လား အမေရ”

“အေးလေ၊ ငါကတန်းမြင့်ရွာက ငါ့အမျိုးကိုမေးကြည့်တော့ သူ့သားဘောလုံးသမားကို ဘောလုံးမကန်ခင်ညမှာ ကြက်ဥပြုတ်ခုနစ်လုံးကျွေးထားတယ်ပြောတယ်၊ အဲဒီလိုစားရင် အမောခံနိုင်ပြီး သက်လုံကောင်းတယ်ဆိုလားပဲ၊ နင်တို့ငြင်းမနေကြနဲ့တော့ ကိုယ့်ရွာအတွက်လို့စဉ်းစားပြီးတော့ ဟောဒီကြက်ဥတွေကုန်အောင်စားစမ်း”

“ဘယ်စားနိုင်မှာလဲအမေရာ၊ ထားလိုက်ပါ မနက်ဖြန်ပွဲမစခင် စားလိုက်မယ်ဗျာ”

“မနက်ဖြန်အတွက် ခုနစ်လုံးစီပြုတ်ထားပြီးသား၊ ဒါကဒီနေ့စာ၊ စားကြစမ်း၊ နင်တို့မစားရင်ငါနဲ့တွေ့မယ်”

ကျုပ်နဲ့အကိုကြီးလည်း ကြက်ဥပြုတ်ခုနစ်လုံးကို ဆားနဲ့တိုးပြီး စားကြတာပေါ့ဗျာ၊ ခုနကလည်း ဦးတရုတ်ကြီးဆိုင်မှာ ဗိုက်အပြည့်စားခဲ့တာဆိုတော့ ဘယ်စားနိုင်မှာလဲဗျ၊ ဒါပေမယ့် အမေ့ကြောက်လို့ ပါးစပ်ထဲကို ထိုးထိုးထည့်ရတာ၊ တော်သေးတာက ကြက်ဥတွေက အိမ်ကြက်ဥတွေဆိုတော့ သိပ်အလုံးမကြီးဘဲ သေးသေးလေးမို့ တော်သေးသဗျာ၊ ခုနစ်လုံးစလုံးကုန်သွားလို့ အမေမီးဖိုချောင်ထဲဝင်သွားတာနဲ့ ကျုပ်တို့ညီအကို အိမ်ခြေရင်းကိုပြေးဆင်းခဲ့ပြီးတော့ ပါးစပ်ထဲက ကြက်ဥတွေကို ထိုးအန်ကြရတယ်၊ ပြီးတော့မှ ခပ်တည်တည်နဲ့အိမ်ထဲပြန်ဝင်လာခဲ့တယ်။

“မင်းတို့ ဦးဘသာကြီးကို နည်းပြခန့်တယ်ဆိုကွ”

အဖေက ကျုပ်တို့ကိုမေးတယ်၊ အဖေဆိုလိုချင်တဲ့စကားကို ကျုပ်နားလည်ပါတယ်ဗျာ၊ ဦးဘသာက စုန်းမဟုတ်လားဗျ၊ ဘောလုံးအကြောင်း နကန်းတစ်လုံးမှ မသိတဲ့လူကို နည်းပြခန့်တယ်ဆိုကတည်းက ကျုပ်တို့မဟုတ်တာတစ်ခုခုကြံနေပြီလို့ သိပုံရတယ်ဗျ၊ ကျုပ်တို့ဖြင့် လန့်သွားတာပဲဗျာ၊ အဖေကတော့ ခေါင်းတညိတ်ညိတ်နဲ့

“အင်းလေ၊ မင်းတို့ကောင်းမယ်ထင်လို့ လုပ်ကြတာပဲ၊ ငါဝင်မစွက်ဖက်ပါဘူး”

အဖေ့စကားအရတော့ အဖေက ဖလားရရေးသာ အဓိကဆိုပြီး ဆိုလိုတဲ့ပုံပါပဲဗျာ၊ ကျုပ်တို့လည်း အဲဒီညက အိပ်ရာစောစောဝင်ခဲ့ပြီး အိပ်ခဲ့ကြတာပေါ့။

(၄)

မနက်လင်းတော့ လှည်းတွေအသင့်ဖြစ်နေပြီဗျ၊ လှည်းငါးစီးနဲ့ ဘောလုံးအသင်းကိုတင်ခေါ်သွားမှာ၊ အဖေနဲ့ ရွာကလူကြီးတစ်ချို့လည်း လိုက်ခဲ့တာပေါ့ဗျာ၊ ဒါတောင်မှရွာလုံးကျွတ်လိုက်ချင်သေးတာဗျ၊ အခုပွဲတွေက သိပ်အရေးမကြီးတဲ့ပွဲမို့ အလုပ်ပျက်ခံပြီး မလိုက်ကြတာ။ ကျုပ်တို့တွေ ရွာထဲကနေ လှည်းနဲ့ထွက်တော့ ရွာသားတွေက လမ်းဘေးကနေ ကျုပ်တို့ကိုလက်ပြနှုတ်ဆက်ကြတယ်ဗျ။ ဒီအချိန်က ကျုပ်တို့အတွက် မျက်နှာပန်းအလှဆုံးအချိန်ပေါ့ဗျာ၊ ဖလားရမလားဆိုပြီးတော့ ရွာခံတွေက အားကိုးတကြီးနဲ့ ကျုပ်တို့ကိုကြည့်ကြတဲ့အချိန်ပေါ့ဗျာ၊ ကျုပ်တို့လည်း ခါးမတ် ရင်ကော့ပြီးတော့ မျက်နှာထားတည်တည်နဲ့ မသိရင် စစ်ထွက်သူရဲကောင်းကြီးတွေလို မျက်နှာပေးနဲ့ ထွက်ခဲ့ကြတာပေါ့။

တိုတိုပြောရရင်တော့ အဲဒီနေ့က ကျုပ်တို့နိုင်ခဲ့ပါတယ်ဗျာ၊ ဦးဘသာတောင် ဘာမှမလုပ်ပေးရပါဘူး၊ ထောက်ရှာရွာအသင်းကို ငါးဂိုး၊ တစ်ဂိုးနဲ့ နိုင်ခဲ့တော့ ပွဲဦးထွက်လှတယ်ပေါ့ဗျာ၊ မြိုင်သာက အဖေနဲ့သိတဲ့လူတွေအိမ်မှာ အုပ်စုလိုက်ကြီးတည်းခိုကြတာပေါ့၊ တည်းတဲ့အိမ်တွေမလောက်လို့ သုံးလေးအိမ်လောက် ခွဲပြီးတည်းကြရတယ်။ အုပ်စုအဆင့်နိုင်တယ်ဆိုပေမယ့်လည်း အဖေနဲ့ရွာလူကြီးတွေကတော့ မျက်နှာတွေပြုံးလို့ပေါ့ဗျာ။

ပြိုင်ပွဲဝင်ဆယ့်ခြောက်သင်းက တစ်ရက်ကို မနက်တစ်ပွဲ ညနေတစ်ပွဲကန်တာဆိုတော့ လေးရက်လောက်နေတော့ ဆယ့်ခြောက်သင်းအုပ်စုအဆင့်ပြီးသွားပါရောဗျာ၊ မြိုင်သာမြို့ပေါ်မှာလည်း လူတွေစည်ကားလို့ဗျ၊ ရွာတွေရွာတွေက ကိုယ့်အသင်းကိုယ်အားပေးဖို့ ရောက်လာကြတဲ့လူတွေတင်မနည်းပါဘူးဗျာ၊ တစ်ချို့အသင်းတွေက ရှုံးသွားလို့ပြန်သွားကြပေမယ့် တစ်ချို့အသင်းကတော့ ရှုံးသွားပေမယ့်လည်း နောက်ပွဲတွေဆက်အားပေးဖို့ နေခဲ့တာဆိုတော့ လူက တစ်ဖြည်းဖြည်းများသထက်များလို့လာသဗျ။

ကျန်တဲ့ရှစ်သင်းကို နှစ်သင်းဆီ ဆိုင်းတွဲတွေ တွဲပေးပြီးကန်တယ်ဗျ၊ အဲဒီရှစ်သင်းထဲကမှ လေးသင်းပဲကျန်ခဲ့တာပေါ့ဗျာ၊ အဲဒီလေးသင်းကတော့ မြို့ခံမြိုင်သာအသင်းရယ်၊ တန်းမြင့်ရွာအသင်း၊ ကျုပ်တို့ ဇီးကုန်းရွာအသင်းနဲ့ နိဗ္ဗာန်ရွာအသင်း လေးသင်းပဲကျန်ခဲ့တော့တယ်၊ ကျန်တဲ့လေးသင်းကတော့ ဆီမီးဖိုင်နယ် ပြိုင်ရမှာပေါ့ဗျာ၊ အဲဒီထဲကမှ နိုင်တဲ့နှစ်သင်းကတော့ နောက်ဆုံးဗိုလ်လုပွဲ ကန်ရမှာပေါ့၊ ကန်ရမယ့် အသင်းတွေကို မဲနှိုက်ရွေးချယ်တော့ ကျုပ်တို့ရွာနဲ့ နိဗ္ဗာန်ရွာအသင်းနဲ့ တစ်ပွဲကျသဗျ၊ တန်းမြင့်ရွာနဲ့ မြို့ခံ မြိုင်သာအသင်းနဲ့က တစ်ပွဲပေါ့ဗျာ။

ဒီလိုနဲ့ အစဉ်အလာရှိတဲ့ ကျုပ်တို့အသင်းက နိဗ္ဗာန်ရွာအသင်းနဲ့ တွေ့ပြီပေါ့ဗျာ၊ ရွာကလူတွေကလည်း မြိုင်သာကိုလှည်းတွေနဲ့လာကြည့်တာဆိုတော့ ပွဲကမြိုင်တာပေါ့ဗျာ၊ နိဗ္ဗာန်ရွာအသင်းမှာတော့ ချိုတူးတို့ကိုတောင် မတွေ့ပါဘူးဗျာ၊ အဲဒီနေ့က ကျုပ်တို့တွေ တွန်းတွန်းတိုက်တိုက်ကန်ပေမယ့် ပထမပိုင်းပြီးတဲ့အထိ ဂိုးမသွင်းနိုင်ဘဲဖြစ်နေတယ်ဗျ၊ နိဗ္ဗာန်ရွာအသင်းကတော့ ကျုပ်တို့ကို နှစ်ဂိုးတောင်သွင်းထားတာဆိုတော့ ကျုပ်တို့လည်း တော်တော်စိတ်ဓါတ်ကျနေပြီပေါ့ဗျာ၊ စိတ်ဓါတ်ကျရင်လည်း ကျချင်စရာပဲဗျ၊ ဒီနေ့ကျမှ ကျုပ်တို့အသင်း ဘယ်လိုဖြစ်တယ်မသိဘူးဗျာ၊ အချိန်အဆက်တွေလည်း ပြတ်နေတယ်၊ အလယ်တန်းကလူက အရှေ့တန်းမှာ လူရှိတယ်ထင်ပြီး ကန်တင်ပေးလိုက်ခါမှ ဂိုးသမားဆီတည့်တည့် ရောက်သွားတယ်ဗျ။

“ဟာ၊ ကိုမြင့် ခင်ဗျားဘာဖြစ်လို့ အရှေ့ကိုကန်ထည့်လိုက်ရတာလဲဗျ”

“အေးကွာ၊ ငါလည်း အရှေ့ကိုလှမ်းကြည့်လိုက်တော့ မင်းအကိုကြီးတွေ့တာနဲ့ ကန်တင်ပေးလိုက်တာကွ၊ နောက်ပြန်ကြည့်တော့ မင်းအကိုကြီးကိုမတွေ့တော့ဘူး”

“ဟာဗျာ၊ အကိုကြီးက ကွင်းလယ်နားမှာလေဗျာ”

ပြီးတော့တစ်ချီကျတော့ ကျုပ်လည်း အလယ်တန်းကနေ ဘောလုံးကိုဆွဲယူလာပြီး အကိုကြီးကိုလှမ်းပေးလိုက်တယ်၊ အကိုကြီးက အတင်းပြေးဆွဲသွားတော့ နိဗ္ဗာန်ရွာအသင်းရဲ့ နောက်တန်းပေါက်သွားတယ်ဗျ၊ အကိုကြီးကဆွဲပြေးရင် ပင်နယ်တီဧရိယာထဲရောက်တော့ ဂိုးသမားနဲ့နှစ်ယောက်တည်းတွေ့တာဗျ၊ ဂိုးသမားကလည်း ဖမ်းချင်ဇောနဲ့ပြေးလိုက်တော့ ချော်လဲသွားသဗျာ၊ ဂိုးပေါက်ကြီးက တကယ်ကိုအလွတ်ကြီးဖြစ်သွားတော့တာဗျ။

“အကိုကြီး၊ ကန်လိုက်တော့ သွင်းလိုက်တော့”

အကိုကြီးလည်း ဘောလုံးကို အားနဲ့ကျုံးပြီးကန်ထည့်လိုက်တာပဲဗျာ၊ ဒါပေမယ့် ဖြစ်ချင်တော့ ဘောလုံးက ရှေ့တည့်တည့်မထွက်ဘဲ ဘေးနားကိုချော်ထွက်သွားပြီးတော့ ဂိုးတိုင်ဘေးကနေဖြတ်ပြီး ဂိုးလွန်ဘောဖြစ်သွားပါရော၊ ကျုပ်တို့လည်း အကိုကြီးကို ဝိုင်းအပြစ်တင်တာပေါ့။ အကိုကြီးက ခေါင်းတခါခါနဲ့

“မဟုတ်ဘူးကွ၊ ငါကန်တော့ကန်လိုက်တာပဲ၊ ဘောလုံးက လိုရာမရောက်ဘဲ ချော်ထွက်သွားတာကွ”

ကျုပ်တို့ ဂိုးပေးလိုက်ရတာကိုလည်း ကြည့်အုံးဗျာ၊ နိဗ္ဗာန်ရွာက ကန်ရင်း ဂိုးလွန်ဘောဖြစ်သွားတော့ ကျုပ်တို့ဂိုးသမားက ဖမ်းပြီး နောက်တန်းလူဆီကိုလှမ်းပေးပါရောဗျာ၊ ဖြစ်ချင်တော့ ဂိုးသမားပေးလိုက်တဲ့လူက တစ်ဖက်အသင်းက ရှေ့တန်းကစားသမားဖြစ်နေတယ်ဗျာ၊ ဟိုလူက ဂိုးသမားသတိမမူမိခင် ဒိုင်းခနဲပြေးလာပြီးကန်ထည့်လိုက်တော့ ဂိုးထဲကိုတန်းဝင်သွားပါရော၊ ဂိုးသမားလည်း ယူကျုံးမကြဖြစ်နေတယ်ဗျာ၊ သူပြောတာကတော့ အဲဒီလူကို ကျုပ်တို့အသင်းကလူလို့မြင်လို့ ကန်ပေးလိုက်တာဆိုပဲ။

ဒါနဲ့ ပထမပိုင်းနားတော့ ဦးဘသာက ကျုပ်ကိုရေလာတိုက်ရင်း

“နိဗ္ဗာန်ရွာကတော့ ထုံးစံအတိုင်းပဲဟေ့”

“ဘာလဲဗျ၊ မဟုတ်မှလွဲရော စုန်းပညာတွေသုံးထားလို့လား”

“သိပ်သေချာတာပေါ့ကွာ၊ သူတို့ကစားသမားတွေရဲ့ လက်ကောက်ဝတ်မှာ အဆောင်တွေဝတ်ထားတယ်ကွ၊ အဲဒီအဆောင်တွေကြောင့် သူတို့တွေက သာမန်ထက်ပိုပြီး အမောခံ သက်လုံကောင်းနေတာ”

“ဟာဗျာ၊ ဒါဆို ဦးဘသာ တစ်ခုခုလုပ်ပေးလို့မရဘူးလား”

ဦးဘသာက သူ့ကွမ်းအစ်ကိုယူလိုက်ပြီးတော့ ကွမ်းသီးတွေကို ဆယ်စိတ်၊ ဆယ့်ငါးစိတ်လောက်ယူလိုက်ပြီးတော့ ပါးစပ်နားကပ်ပြီး မန်းမှုတ်လိုက်တယ်ဗျ၊ ပြီးတော့ ကျုပ်ကို ကွမ်းသီးစိတ်တွေပေးပြီးတော့

“ရော့၊ အဲဒီကွမ်းသီးစိတ်တွေ တစ်ယောက်တစ်စိတ်ငုံပြီးတော့သာ ကန်စမ်းကွာ၊ ဒီကောင်တွေအဆောင်က အစောင့်အကြပ်တွေပြေးအောင် ငါလုပ်ပေးထားတယ်”

ကျုပ်လည်း ဦးဘသာပြောတဲ့အတိုင်း ကွမ်းသီးစိတ်တွေကို ပါးစပ်ထဲငုံပြီးတော့ ကွင်းထဲပြန်ဝင်လာခဲ့ကြတယ်ဗျ၊ ဒုတိယပိုင်းမှာတော့ ကျုပ်တို့လုပ်ရကိုင်ရကောင်းလာတယ်ဗျ၊ ဒုတိယပိုင်းမှာတင်ပဲ ကျုပ်တို့အသင်း လေးဂိုးသွင်းနိုင်ခဲ့ပြီးတော့ နိဗ္ဗာန်ရွာအသင်းကို အနိုင်ရခဲ့ပါရောဗျာ၊ နိဗ္ဗာန်ရွာအသင်းက ကစားသမားတွေတောင်မှ ကျုပ်တို့ကိုမကျေနပ်ဘူးဗျ၊ သူတို့အနိုင်ရပြီလို့ အပြိုင်တွက်ထားတဲ့ပုံပဲ၊ ကျုပ်တို့လည်း ပျော်လိုက်တာမှ လွန်ပါရောဗျာ၊ ဒီအတိုင်းဆိုရင် ဖိုင်နယ် ဗိုလ်လုပွဲကို ကျုပ်တို့တက်ခွင့်ရပြီလေဗျာ။

ပွဲပြီးလို့ ဒိုင်လူကြီးက ခရာမှုတ်လိုက်တာနဲ့ ကျုပ်တို့လည်း ရွာကလာအားပေးတဲ့သူအုပ်ထဲကိုပြေးပြီးတော့ ခုန်ပေါက်ကြတာပေါ့ဗျာ၊ အမေဆိုရင်လည်း ပျော်လို့ဗျ၊ အဖေ့မျက်နှာကြီးက ဖြီးနေတာတော့ ပြောမနေပါနဲ့ဗျာ၊ ပါးစပ်က နားရွက်တက်ချိတ်ထားသလား မှတ်ရတယ်တယ်ဗျ၊ အမယ် ကျုပ်မရီးကလေး သူ့သမီးနဲ့လာအားပေးသဗျ၊ အကိုကြီးက သူ့အနားရောက်တော့ သံပရာရည်တွေဘာတွေတိုက်ပြီး နဖူးကချွေးတွေကိုတောင် သုတ်ပေးနေလေရဲ့၊ ဘာပဲပြောပြော အကိုကြီးတို့လင်မယား အဆင်ပြေနေတာမြင်တော့ ကျုပ်ဝမ်းသာမိပါတယ်၊

“အဖေရေ၊ ဗိုလ်လုပွဲရောက်ပြီဗျ၊ ဗိုလ်လုပွဲနိုင်ရင် ဟောဟိုက ဆုဖလားကြီးကို ကျုပ်တို့ရပြီ”

“အေး၊ ရအောင်သာယူခဲ့စမ်းကွာ၊ ဖလားရလို့ကတော့ နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ ရွာမှာအလှူလုပ်ပစ်မယ်ကွ”

အဖေက ကြွေးကြော်နေသေးတယ်ဗျာ၊ ကျုပ်တို့ကန်ပြီး ညနေမှာပဲ တန်းမြင့်ရွာနဲ့ မြိုင်သာမြို့ခံအသင်းနဲ့ ကန်ကြပါရောဗျာ၊ အဲဒီပွဲကလည်း သိပ်ပြီးကြည့်လို့ကောင်းတာဗျ၊ မြိုင်သာအသင်းရဲ့ နည်းပြက အရင်တုန်းက တိုင်းနဲ့ပြည်နယ်အဆင့်အထိကန်ခဲ့ဖူးတဲ့ ဘောလုံးသမားဟောင်းဆိုပဲဗျ၊ လက်ရှိပြိုင်ပွဲတစ်လျှောက်လည်း မြိုင်သာအသင်းက ကစားပုံ ကစားနည်းအတော်ဆုံးပဲဗျ၊ အချိတ်အဆက်ဆိုရင်လည်း သူတို့အကောင်းဆုံးပဲ၊ သူတို့နဲ့ယှဉ်ပြိုင်ကစားတဲ့အသင်းတွေဆိုရင် သူတို့က အရူးလုပ်ထားနိုင်တာဗျ၊ ဘောလုံးက သူတို့အသင်းသားတွေခြေထောာက်ထဲမှာချည်းပဲဗျာ။

ကျုပ်တို့လည်း ရေမိုးချိုး ထမင်းစားပြီးတော့ မြိုင်သာပွဲကြည့်ဖို့ ဘောလုံးကွင်းကိုလာခဲ့တာပေါ့ဗျာ၊ အဲဒီနေ့က ဘောလုံးကွင်းက ထူးထူးဆန်းဆန်း ပွဲကြည့်ပရိသတ်တွေနဲ့ လူပြည့်နေသဗျ၊ ဘောလုံးကွင်းပတ်လည်မှာလည်း ဈေးဆိုင်တန်းတွေ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေနဲ့ စည်ကားနေတာပဲ၊ မြိုင်သာတစ်မြို့လုံးက မြို့လုံးကျွတ်လာအားပေးတယ်လို့တောင် ထင်ရသဗျာ၊ ကျုပ်တို့လည်းကွင်းထဲဝင်မယ်ပြင်တော့ ကိုကျော်ဟိုးက ကျုပ်ဘေးနားကိုရောက်လာသဗျ၊ ပြီးတော့ ဟိုဟိုဒီဒီကြည့်ရင်း

“အလတ်ကောင်၊ မင်းနဲ့စကားခဏပြောချင်တယ်”

ကိုကျော်ဟိုးရုပ်က တစ်ခုခုကိုသိထားတဲ့ရုပ်ဆိုတော့ ကျုပ်လည်း သူခေါ်ရာအနောက်ကိုလိုက်လာခဲ့ရတယ်၊ ကွင်းနဲ့ခပ်လှမ်းလှမ်းက အကြော်တဲကလေးတစ်ခုထဲဝင်ထိုင်လိုက်ကြပြီးတော့ ကိုကျော်ဟိုးက ဘေးဘီကိုကြည့်နေသဗျ။

“စိတ်ချပါ ကိုကျော်ဟိုးရဲ့၊ တန်းမြင့်ရွာပရိသတ်တွေ အခုအချိန်လောက်ဆိုရင် ကွင်းထဲရောက်နေလောက်ကြပါပြီ”

“အေးကွာ၊ ငါလည်းပြောမလို့ကို ရင်တမမပဲကွ”

“ဘာထူးလို့လဲဗျ”

“ထူးတယ်ကွ၊ တန်းမြင့်ရွာက အသင်းနည်းပြက သူတို့ရွာကမဟုတ်ဘူးကွ၊ သူများပြောတာကတော့ တောင်ညိုရွာဘက်က ပညာသည်အဘိုးကြီးတဲ့ကွ”

“ဗျာ”

“အေး၊ ဒါတင်ဘယ်ကမလဲ၊ အခုပွဲလည်း သူတို့နိုင်မှာပဲတဲ့ကွာ၊ နောက်ပြီးတော့ သူတို့ကလည်း အစီအရင်တွေလုပ်ဖို့ ကြံထားကြတယ်၊ တကယ်လို့ တန်းမြင့်ရွာသာနိုင်ရင် တို့ရွာနဲ့ ဗိုလ်လုပွဲမှာ တွေ့ပြီမဟုတ်လား”

“ဘယ်လိုအစီအရင်လုပ်ထားတာလဲဗျ”

“ဒီလိုကွ၊ ဟိုနေ့က လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဒီကောင်တွေပြောတာကတော့ တို့ရွာနဲ့မပြိုင်ခင်၊ ဗိုလ်လုပွဲမစခင်ညမှာ သူတို့က ဘောလုံးကွင်းစောင့်ကို လဘ်ထိုးပြီးတော့ ကွင်းထဲကိုညဘက်ဝင်မတဲ့ကွ”

ကျုပ်လည်း မျက်မှောင်ကြုတ်လိုက်မိတယ်။

“ကွင်းထဲဝင်ပြီးတော့ ဘာလုပ်မလို့လဲဗျ”

“ဟာကွာ၊ ဘာလုပ်ရမှာလဲကွ၊ မကောင်းတဲ့အစီအရင်တွေကို မြှုပ်ဖို့ စီရင်ဖို့ပေါ့ကွာ၊ ပြီးတော့ အရင်နှစ်ကလို တိုးရုပ်ကြီးလည်း ယူလာသေးသကွ၊ အရုပ်ကြီးက မည်းတူးနေတာပဲကွာ၊ လက်သည်းရှည်တွေနဲ့ အစွယ်ကြီးတွေနဲ့ကွ၊ မနက်ခင်းမြင်တာနဲ့တင် တော်တော်ကြောက်ဖို့ကောင်းတယ်လို့ ငါ့ကိုပြောတယ်ကွ”

“ခင်ဗျားဒါကို ဘယ်လိုသိတာလဲ”

“ဘယ်လိုသိရမှာလဲဟ၊ ခုဘောလုံးအသင်းထဲမှာ ငါ့မိန်းမရဲ့ မောင်အရင်း၊ ငါ့ယောက်ဖအငယ်ဆုံးတစ်ယောက်ပါတယ်လေကွာ၊ သူတို့အချင်းချင်းတိုင်ပင်နေတာကို ငါကြားတာနဲ့ မင်းကိုပြောမယ်ဆိုပြီး စောင့်နေတာပဲဟေ့၊ အဲဒါမင်းတို့လည်း တစ်ခုခုလုပ်ထားနော်၊ ကဲ ငါသွားပြီ၊ ငါအကြာကြီးပျောက်နေတာကို လူတွေသတိထားမိသွားရင် မကောင်းဘူးကွ”

ကိုကျော်ဟိုးက အကြော်တောင်မစားနိုင်ဘဲနဲ့ ဆိုင်ထဲကနေ ထလစ်သွားပါရောဗျာ၊ ကျုပ်လည်း အကြော်မယူတော့ဘဲ ဆိုင်ထဲကနေပြန်ထွက်ခဲ့တယ်၊ ဒီအကြောင်းတွေကို ဦးဘသာကို သွားပြောမှဖြစ်မှာဗျ၊ ဒါနဲ့ကွင်းထဲကိုဝင်ပြီး ဦးဘသာကိုရှာရတာပေါ့ဗျာ။ ကျုပ်တို့လို ဘောလုံးကစားသမားတွေက အထူးအခွင့်အရေးရတယ်ဗျ၊ အဲဒါကတော့သစ်သားနဲ့ဆောက်ထားတဲ့ ပွဲကြည့်စင်ကြီးအပေါ်ကနေ ကြည့်လို့ရတာပါပဲ၊ ကျန်တဲ့လူတွေကတော့ ဘောလုံးကွင်းဘေးကနေပဲ မတ်တပ်ရပ်ပြီးအားပေးရတာပေါ့ဗျာ၊ ပွဲကြည့်စင်ပေါ်ကိုတက်ပြီး ဦးဘသာကိုလိုက်ရှာပေမယ့် လုံးဝမတွေ့ဘူးဗျာ၊ ကွင်းထဲလည်း လူတွေပြည့်နေတာဆိုတော့ ဦးဘသာတစ်ယောက် ဘယ်ရောက်နေမှန်းမသိပါဘူး။

ဒီအချိန် ကွင်းထဲကိုကျုပ်လှမ်းကြည့်လိုက်မိတယ်၊ အပေါ်က စပို့ရှပ်ဝတ်ထားပြီးတော့ အောက်က ဘောင်းဘီရှည်ဝတ်ထားတဲ့လူကြီးတစ်ယောက်က ကွင်းဘေးနားကကြည့်ပြီး လက်ညှိုးတထိုးထိုးနဲ့ အော်ဟစ်အမိန့်ပေးနေသဗျ။ ဒီလူကြီးကိုကျုပ်မမြင်ဖူးပါဘူးဗျာ၊ သေချာတာကတော့ ကိုကျော်ဟိုးပြောတဲ့ အောက်လမ်းဆရာကြီးဆိုတာပဲ ဖြစ်မှာဗျ။ သူလက်ညှိုးထိုးနေတာကိုကြည့်ပြီး ဘာရယ်မဟုတ်ပဲနဲ့ ကျုပ်တောင်မှကြက်သီးတွေထလာသဗျာ။

ပွဲကစားပြီး နာရီဝက်လောက်ရှိတဲ့အခါ မြိုင်သာအသင်းက တော်တော်ခြေပျက်လာတယ်ဗျ၊ လုပ်ချင်သလိုလုပ်၊ ကန်ချင်သလိုကန်တွေဖြစ်နေတာပဲဗျာ၊ ပထမပိုင်း ပွဲမပြီးခင်မှာပဲ မြိုင်သာအသင်းရဲ့နောက်ခံလူတစ်ယောက်က ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်ပြီးသွင်းလိုက်ရောဗျာ၊ မြိုင်သာပရိသတ်တွေဆိုရင် ဆဲလိုက်ကြတာ ပြောမနေပါနဲ့တော့။ နောက်တော့ ဒုတိယပိုင်းဆက်ကန်တော့လည်း တော်တော်ခြေပျက်လာသဗျ၊ အဆိုးဆုံးကတော့ မြိုင်သာအသင်းက ဘောလုံးပိုင်ဆိုင်မှုများတယ်၊ ဂိုးသွင်းခွင့်တွေ အများကြီးရတယ်ဆိုပေမယ့် ဂိုးမသွင်းနိုင်ပဲ ဂိုးပေါက်ပျောက်နေတာပဲဗျာ။ တန်းမြင့်ရွာကစားသမားတွေကတော့ တစ်ခုခုသိတယ်ထင်ပါရဲ့ဗျာ အေးအေးလူလူကိုဆော့နေတာပါပဲ၊

နောက်တော့ မြိုင်သာအသင်းက လူစားလဲတယ်ဗျ၊ အဲဒီမှာ အသားဖြူဖြူနဲ့လူတစ်ယောက် ဝင်ကန်တော့တာပဲ၊ ဒီလူဝင်ပြီး မကြာပါဘူးဗျာ၊ မြိုင်သာအသင်းက တန်းမြင့်အသင်းကို တစ်ဂိုးပြန်သွင်းလိုက်ရောဗျို့၊ မြို့ခံတွေဆို အော်ဟစ်ပြီးတော့ အားပေးလိုက်ကြရတာဗျာ၊ တန်းမြင့်ရွာက ကစားသမားတွေတော့ မျက်နှာတွေပျက်နေသဗျ။ နောက်ဆယ်မိနစ်လောက်ကြာတော့ ဒီလူကပဲ နောက်တစ်ဂိုးထပ်သွင်းသဗျ၊ ဒီအတိုင်းဆိုရင်တော့ မြိုင်သာအသင်းနိုင်လောက်တယ်၊ ဒါပေမယ့် တန်းမြင့်ရွာကငှားထားတဲ့ အောက်လမ်းဆရာကြီးကိုလည်း ကြောက်ရသေးတယ်၊ ကျုပ်ဖြင့် ဘောလုံးပွဲသာကြည့်ရတယ် စိတ်တထင့်ထင့်ပါပဲဗျာ။

ဒီလူက ဂိုးသွင်းပြီးလို့ အောင်ပွဲခံပြီး ကွင်းလယ်ကိုပြန်ပြေးအလာမှာ သူ့အလိုလိုခြေခေါက်လဲတာပါပဲဗျာ၊ ခြေခေါက်လဲတာကလည်း တော်တော်ဆိုးသဗျ၊ ဘယ်ဖက်ခြေထောက်တစ်ခုလုံးက လည်ထွက်သွားတာဗျာ၊ ဆေးအဖွဲ့တွေဝင်လာပြီးတော့ ဒီလူကိုသယ်သွားကြရတယ်၊ သူ့ခြေထောက်က ပြေးဖို့မပြောနဲ့လမ်းတောင်မလျှောက်နိုင်တော့ဘဲ နာလွန်းလို့ ခြေထောက်ကိုင်ပြီး တအားအားနဲ့အော်နေပါရောဗျာ၊ သူ့အလိုလိုဖြစ်တယ်ဆိုတော့လည်း ဘယ်သူ့ကိုမှ စွပ်စွဲလို့မရဘူးမဟုတ်လား၊ ဒါပေမယ့် ကျုပ်က တန်းမြင့်ရွာက နည်းပြကိုလှမ်းကြည့်တော့ ဒီလူကြီးက ခပ်ပြုံးပြုံးနဲ့ဗျ၊ သူ့အပြုံးက ကြောက်စရာကြီးဗျာ။

ဒုတိယပိုင်း ပြီးခါနီးကျတော့မှ တန်းမြင့်ရွာက ဂိုးနှစ်လုံးဆက်တိုက်သွင်းပြီးတော့ နောက်ဆုံး မြိုင်သာအသင်းကိုနိုင်သွားပါလေရော၊ မြိုင်သာအသင်းပရိသတ်တွေဆို တော်တော်ပွဲဆူကုန်လို့ မြို့ခံတွေက ထိန်းထားကြရသဗျာ၊ ပွဲစဉ်တစ်လျှောက်လုံး ကစားပုံအကောင်းဆုံးနဲ့ နိုင်လာတဲ့အသင်းက အခုမှထွက်ရတယ်ဆိုတော့ နှမြောဖို့တော့ ကောင်းတာပေါ့ဗျာ၊ တစ်ဖက်က တန်းမြင့်ရွာအသင်းကိုကြည့်လိုက်တော့လည်း နိုင်မယ်မှန်းသိလို့နေမယ်ဗျ၊ သိပ်ပြီး တွန်းတွန်းတိုက်တိုက်မကစားကြဘူး၊ ကျုပ်တို့အသင်းလောက်တောင်မှ ခြေရည်မရှိဘူးဆိုတာ ကျုပ်သိလိုက်ပါတယ်။ ဒါနဲ့ ပွဲပြီးတော့ ကျုပ်တို့တည်းတဲ့အိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ အိမ်ရှေ့မှာထိုင်ရင်း ကွမ်းမြုံ့နေသဗျ။

“သြော်၊ ဦးဘသာက ဒီရောက်နေတာကိုး၊ ကျုပ်ဖြင့် ရှာလိုက်ရတာ”

“ဘာဖြစ်လို့လဲကွ”

ကျုပ်လည်း ဦးဘသာဘေးကိုဝင်ထိုင်ရင်း ဘေးဘီကိုကြည့်လိုက်တယ်၊ ကျုပ်တို့တည်းတဲ့အိမ်ကလူတွေ အိမ်အပြင်ကိုသွားနေပုံရတယ်၊ ကျန်တဲ့လူတွေကလည်း ဘောလုံးပွဲကြည့်ပြီး အိမ်အပြန်မှာ တစ်နေရာရာဝင်ပြီး စားသောက်နေတဲ့ပုံပဲဗျ။

“ဦးဘသာ တိုးရုပ်ဆိုတာ ဘယ်လိုအရုပ်ကိုခေါ်တာလဲဗျ”

ဦးဘသာက ကျုပ်ကိုတောင်လှည့်မကြည့်ဘဲ

“အောက်လမ်းဆရာတွေ၊ စုန်းတွေက သရဲတွေမွေးလေ့ရှိတယ်မဟုတ်လား၊ အဲဒီအထဲက တိုးဆိုတဲ့သရဲကတော့ ရိုးရိုးသရဲတွေနဲ့မတူဘဲ သူက စုန်းပညာတတ်တဲ့ ကဝေတစ်ကောင်ရဲ့သရဲခိုအောင်းနေတဲ့အရုပ်ပေါ့ကွာ၊ နေပါအုံး မင်းက ဘယ်ကကြားလာပြန်တာလဲ”

“ဒါဆို အဲဒီတိုးရုပ်က တော်တော်စွမ်းတာပေါ့နော်”

“အေးပေါ့ကွ၊ တိုးမွေးတဲ့ပညာသည်ကလည်း တော်ရုံပညာတတ်ရုံနဲ့မရဘူးကွ၊ မွေးတဲ့လူ ပညာနိမ့်ရင် တိုးရုပ်က မွေးတဲ့သူကိုပြန်ပြုစားတတ်တယ်ကွ၊ ပြီးတော့ မွေးတယ်ဆိုတဲ့အတိုင်းပဲ ထမင်းချိန်တန်ထမင်း၊ ဟင်းချိန်တန်ဟင်း ကြွေးမွေးပြီးတော့ သက်ရှိလူတစ်ယောက်လို မွေးရတယ်ဆိုပဲ၊ စွမ်းတာကတော့ ကိုယ်မွေးထားတဲ့ တိုးက ပညာထက်ရင် ထက်သလောက် စွမ်းတာပေါ့”

“ဒါဆိုရင်တော့ ဒီနှစ်ကျုပ်တို့ဖလားရနိုင်တော့မယ်မထင်ဘူးဗျ”

ကျုပ်ပြောတော့မှ ဦးဘသာကျုပ်ကိုလှည့်ကြည့်ပြီး

“အဲဒီတိုးနဲ့ ဖလားနဲ့ဘာဆိုင်လို့လဲကွ”

“ဆိုင်တာပေါ့ဗျာ၊ အခုတန်းမြင့်ရွာက တိုးရုပ်သယ်လာတယ်ပြောတယ်၊ ကျုပ်တို့နဲ့မကစားခင်ညမှ ဒီကွင်းထဲကိုဝင်ပြီးတော့ တိုးကောင်မြှုပ်မယ်လို့ သတင်းရထားတယ်”

ဦးဘသာ နည်းနည်းတော့ ထိတ်လန့်သွားတဲ့ပုံပဲဗျ။

“နေပါအုံး၊ မင်းသတင်းက သေချာလို့လားကွ”

“ဟုတ်ပါတယ်ဆိုမှဗျာ၊ ကိုကျော်ဟိုးကိုယ်တိုင်လာပြောတာဗျ၊ ကိုကျော်ဟိုးယောက်ဖအငယ်ဆုံးက အခုဘောလုံးအသင်းထဲပါတယ်ဆိုပဲ၊ သူ့ဆီကနေ ဒီသတင်းရတာ၊ နောက်ပြီးတော့ သူပြောပုံအရ မနှစ်ကလည်း ကျုပ်တို့အသင်းရှုံးအောင်လို့ တိုးကောင်နဲ့လုပ်တယ်လို့ပြောတာပဲ”

ဦးဘသာက မုတ်ဆိတ်မွှေးတွေ ကျိုးတိုးကျဲတဲပေါက်နေတဲ့ သူ့မေးစေ့ကိုပွတ်သပ်နေရင်း

“ဒါဆိုရင်တော့ ငါတို့တားမှဖြစ်မယ်ကွ”

“လုပ်မှဗျို့၊ အခုပွဲမှာလည်း သူတို့မဟုတ်တာလုပ်ထားတယ် ဦးဘသာ၊ မြိုင်သာအသင်းက တန်းမြင့်ရွာအသင်းထက် ဆယ်ဆလောက်ပိုပြီး ခြေသာတာဗျ၊ အခုတော့ ရှုံးတာပဲမဟုတ်လား၊ ဒီပွဲကို ဦးဘသာကိုလိုက်ကြည့်စေချင်တယ်ဗျာ”

“နေပါအုံးကွ၊ တောင်ညိုရွာက ပညာသည်ဆိုတော့ ဘယ်သူများလဲ”

“ကျုပ်လည်း မသိပါဘူးဗျာ၊ ဗိုက်ပူပူ၊ အသားမည်းမည်းနဲ့ အသက်ငါးဆယ်လောက်တော့ ရှိမယ်ထင်တာပဲ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ငါသိပြီ၊ ဒီကောင့်နာမည် ခင်ကြိုင်တဲ့ကွ၊ တောင်ညိုရွာသား ပညာသည်ပေါ့ကွ”

“အဲဒီလူကို အခုတန်းမြင့်ရွာက နည်းပြခန့်ထားသဗျ”

“ဗိုလ်လုပွဲစခင်ဆိုတော့ မနက်ဖြန်ညပေါ့ကွ၊ ဗိုလ်လုပွဲမတိုင်ခင် တစ်ရက်နားတယ်မဟုတ်လား”

“ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲဦးဘသာ”

“ဘယ်လိုလုပ်ရမလဲကွ၊ သူတို့ကွင်းထဲမရောက်ခင် ငါတို့ရအောင်တားရမှာပေါ့၊ မနက်ဖြန်ညတော့ အားအောင်လုပ်ထားအလတ်ကောင်ရေ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်ဗျာ။

(၅)

“ဒီနှစ်လည်း တန်းမြင့်ရွာပဲရမှာပဲအေ”

“ဟုတ်ပါ့၊ ကျုပ်တို့မြို့ခံအသင်းကိုတောင်နိုင်တယ်ဆိုတာ နည်းသလားတော့”

မြို့ခံလူတွေကြားထဲမှာ ဒီသတင်းက ရေပန်းစားနေတာပေါ့ဗျာ၊ မနှစ်ကလည်း တန်းမြင့်ရွာပဲ ရထားတာဆိုတော့ ဒီနစ်လည်းရပြီလို့ထင်ကြေးပေးကြတာပေါ့၊ တန်းမြင့်ရွာသားတွေကတော့ ဆောင့်ကြွားကြွားနဲ့ မြေနဲ့ခြေနဲ့တောင် မထိဘူးထင်ပါတယ်ဗျာ၊ ကျုပ်တို့တည်းခိုတဲ့အိမ်ရှင်က ကျုပ်တို့ကိုဧည့်ခံချင်လို့ဆိုပြီးတော့ မြို့လယ်က တရုတ်စားသောက်ဆိုင်မှာလိုက်ကျွေးသဗျ၊ ကျုပ်တို့တစ်သင်းလုံးလည်း ပျော်ရွှင်ပြီးလာခဲ့တာပေါ့ဗျာ၊ မထင်မှတ်ဘဲ ဆိုင်အဝင်ဝရောက်တော့ တန်းမြင့်ရွာက ဘောလုံးသမားတွေနဲ့ သွားတွေ့သဗျ၊ ကျုပ်တို့ဆိုင်ထဲဝင်လာတော့ သူတို့က ဆိုင်ထဲမှာထိုင်တောင်ထိုင်နေပြီဗျ။

ကျုပ်တို့ဝင်လာတာတွေ့တော့ တန်းမြင့်ရွာအသင်းခေါင်းဆောင်က ထိုင်ခုံကနေဆတ်ခနဲထပြီးတော့

“တော်ပြီဟေ့၊ အရှုံးသမားတွေလာပြီ၊ ငါတို့က အရှုံးသမားတွေနဲ့အတူတူတော့ ထိုင်မစားနိုင်ဘူး”

ကျုပ်လည်း လက်သီးဆုပ်လိုက်တယ်၊ သူတို့လူတစ်သိုက်ထွက်သွားဖို့လုပ်တော့ အကိုကြီးက သူတို့အရှေ့မှာပိတ်ရပ်ပြီးတော့

“ဟေ့ကောင် မင်းကဘာစကားပြောတာလဲကွ”

“အရှုံးသမားတွေမို့လို့ အရှုံးသမားလို့ခေါ်တာလေကွာ၊ ဘာလဲမင်းကမကျေနပ်ဘူးလား”

ကိုမြင့်ကထွက်လာပြီး အကိုကြီးရင်ဘတ်ကိုလက်နဲ့ထိမ်းတယ်ဗျ၊ ဒါကို တန်းမြင့်ရွာသားတွေ သူတို့အသာရပြီဆိုပြီးတော့

“မင်းတို့ဇီးကုန်းရွာသားတွေ ငါတို့ရွာကိုဘယ်တုန်းက နိုင်ခဲ့ဖူးလို့လဲကွ၊ မနှစ်ကလည်း အရှုံးကြီးရှုံးခဲ့တာပဲမဟုတ်လား၊ အခုလည်း ဗိုလ်လုပွဲကို ပင်ပင်ပန်းပန်း ကန်မနေစမ်းပါနဲ့ကွာ၊ အချိန်တန်ရင် မင်းတို့ရှုံးမှာပဲကွ၊ ဒီဖလားက ငါတို့အတွက်ပဲ ဟား၊ ဟား”

အသင်းခေါင်းဆောင်ရယ်တော့ တစ်သင်းလုံးက လိုက်ရယ်ကြတယ်ဗျ၊ ကျုပ်တို့လည်း ဒေါသတွေထွက်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊

“ဟေ့၊ မင်းတို့အရှုံးသမားတွေ ဆိုင်ထဲက မြန်မြန်ထွက်သွားကြစမ်းကွာ၊ ဒီလိုဆိုင်က မင်းတို့လိုအရှုံးသမားတွေနဲ့တန်လို့လားကွာ၊ ကိုယ့်အဆင့်ကိုယ်သိပြီး လမ်းဘေးသစ်ပင်အောက်က ဆိုင်မှာသွားစားစမ်းပါ”

ကျုပ်ပြောတော့ အသင်းခေါင်းဆောင်က ရှှုးရှှုးရှဲရှဲဖြစ်သွားတယ်။

“ခွေးကောင် မင်းဘာပြောတာလဲ”

“ဟုတ်တယ်လေဗျာ၊ ရှုံးတဲ့လူက ထွက်ရတာထုံးစံပဲ၊ အခုလည်း ခင်ဗျားတို့ထွက်တော့မယ်ဆိုတော့ ခင်ဗျားတို့ရှုံးပြီပေါ့မဟုတ်ဘူးလား၊ ပြီးတော့လည်း ပြောလိုက်ပါအုံးမယ်ဗျာ၊ ဆယ်နှစ်ဆက်တိုက် ကျင်းပလာတဲ့ပြိုင်ပွဲမှာ ခင်ဗျားတို့ရွာက ဖလားတစ်ခါပဲရဖူးသေးတာပါဗျ၊ တစ်နှစ်လောက်ရဖူးတာနဲ့ နှစ်တိုင်းရမယ်လို့ထင်နေရင် မှားမှာပေ့ါ”

အသင်းခေါင်းဆောင်က ဒေါသထွက်ထွက်နဲ့

“အေး၊ အဲဒီဖလားကိုတောင် မင်းတို့တစ်နှစ်လောက်ရဖူးလို့လားကွ”

“ရတော့မှာပါဗျာ၊ စောင့်ကြည့်လိုက်စမ်းပါ၊ ဒီနှစ်တော့ မြိုင်သာဖလားကို ကျုပ်တို့ရွာအရောက် သယ်သွားမှာပါဗျ”

“အေးပါ၊ ငါတို့စောင့်ကြည့်နေပါ့မယ်ကွ၊ ဟင်း၊ ဟင်း”

အသင်းခေါင်းဆောင်က သူတို့မှာဝှက်ဖဲရှိတဲ့ပုံစံမျိုးနဲ့ ကျုပ်တို့ကိုမခန့်လေးစားလုပ်ပြီး ထွက်သွားပါရောဗျာ။ ကိုမြင့်က ကျုပ်အနားကပ်လာပြီးတော့

“ဒီကောင်တွေက သိပ်သေချာနေပါလားကွ၊ ဒီအတိုင်းဆိုရင် မနှစ်ကလို ကလိမ်ကကျစ်ကျပြီး အောက်လမ်းနည်းနဲ့လုပ်ရင် ဘယ်လိုလုပ်ကြမလဲ”

“မပူပါနဲ့ဗျာ၊ ကျုပ်တို့ဘက်မှာ ဦးဘသာရှိပါတယ်ဗျ၊ ခင်ဗျားတို့ စိတ်မပူပါနဲ့”

ဒီလိုနဲ့ ညဘက်ကိုရောက်လာခဲ့တာပေါ့ဗျာ၊ ညနေစောင်းပြီးမကြာခင်မှာပဲ ဦးဘသာက ကျုပ်ကိုခေါ်တယ်။

“အလတ်ကောင်ရေ၊ ခြောက်နာရီထိုးပြီဆိုတော့ သွားကြစို့ဟေ့”

“မစောလွန်းဘူးလားဗျ၊ ကျုပ်အထင် ဒီလူတွေ ညသန်းခေါင်လောက်မှ သွားမယ်ထင်တာပဲ”

ဦးဘသာက ခေါင်းခါရင်း

“မဟုတ်ဘူးကွ၊ တိုးရုပ်ဆိုတာက ညခုနစ်နာရီမှာ မြှုပ်နှံပြီးစီရင်ရသကွ၊ အခုခြောက်နာရီထိုးပြီဆိုတော့ ငါတို့လမ်းလျှောက်မှာနဲ့ဘာနဲ့ဆိုရင် ခြောက်နာရီဆယ့်ငါးလောက်ဆိုရင် ကွင်းနားရောက်ပြီ၊၊ ဒီကောင်တွေလာမယ့်အချိန်ကို အသာစောင့်တာပေါ့ကွာ”

ဒါနဲ့ ကျုပ်နဲ့ဦးဘသာလည်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ခဲ့ကြပါရောဗျာ၊ ဘောလုံးကွင်းအနားမှာတော့ လူကရှင်းနေပြီဗျ၊ ဘောလုံးကွင်းက မြို့စွန်နားမှာ ရှိတာကိုးဗျာ၊ တောမြို့ကကွင်းဆိုတော့လည်း ခြံစည်းရိုးတွေဘာတွေမခတ်ထားပါဘူး၊ သံဆူးကြိုးတွေ ပတ်လည်ကာရုံကာထားတာပါ၊ ကျုပ်နဲ့ဦးဘသာလည်းး ကွင်းဘေးမြက်တောထဲကနေ ပုန်းအောင်းလာရင်း အခြေအနေကိုြ်ကည့်နေတယ်၊ ဘောလုံးကွင်းဘေးနားမှာ တစ်ထပ်အိမ်ကလေးတစ်လုံးရှိပြီးတော့ အဲဒီမှာ ဘောလုံးကွင်းစောင့်မိသားစုတွေ နေထိုင်ကြတယ်ဗျ၊

ဦးဘသာက သံဆူးကြိုးကိုအသာဟပေးတော့ ကျုပ်လည်းတိုးခဲ့ရတာပေါ့ဗျာ၊ ကွင်းထဲရောက်တော့ ပွဲကြည့်စင်ကြီးအနောက်နားမှာ ပုန်းအောင်းနေလိုက်ကြတာပေါ့ဗျာ၊ ခုနစ်နာရီတောင်မထိုးသေးပေမယ့် အမှောင်ထုက ဖုံးလာပြီဗျ၊ နောက်တော့ ဘောလုံးကွင်းတံခါးအနားမှာ မီးရောင်ကလေး တလက်လက်တွေ့တာနဲ့ ကျုပ်တို့လည်းပုန်းအောင်းနေလိုက်တာပေါ့ဗျာ၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ ဘောလုံးကွင်းစောင့်က အရှေ့ကဝင်လာပြီးတော့ အနောက်ကနေ တန်းမြင့််ရွာက အသင်းခေါင်းဆောင် ထွန်းတင်ရယ်၊ နောက်ပြီးတော့ ခင်ကြိုင်ဆိုတဲ့ အောက်လမ်းဆရာကြိးရယ် ရောက်လာပါရော၊ သူတို့လက်ထဲမှာလည်း ဂုန်နီအိတ်တစ်လုံးကို ကိုင်ထားသဗျ၊ ထွန်းတင်က အိတ်ထဲက ပိုက်ဆံတွေထုတ်ပေးလိုက်တော့ ကွင်းစောင့်က ပြန်ထွက်သွားပါရောဗျာ၊ သူတို့နှစ်ယောက်လည်း ကွင်းအလယ်လောက်ကိုလျှောက်လာကြတယ်၊ ကျုပ်နဲ့ဦးဘသာက ပွဲကြည့်စင်ပေါ်ကဆိုတော့ ဒီလူတွေလုပ်သမျှကို အတိုင်းသားမြင်တွေ့နေရတာပေါ့ဗျာ။

ကွင်းလယ်ရောက်တော့ ထွန်းတင်က ဂုန်နီအိတ်ထဲက ပေါက်ပြားအတိုကလေးတစ်လက်ကိုထုတ်လိုက်သဗျ၊ ပြီးတာနဲ့ ကွင်းလယ်ခေါင်ကို တူးတော့တာပဲဗျာ၊ တူးလို့တော်တော်ရောက်တော့ ဦးဘသာက ကျုပ်ကိုလက်ကုပ်ပြီး ကွင်းထဲဆင်းသွားတာနဲ့ သူ့အနောက်ကလိုက်ခဲ့ပါရော၊ ဟိုလူနှစ်ယောက်က သူ့အာရုံနဲ့သူဆိုတော့ ကျုပ်တို့လာတာကို သတိထားမိပုံမရဘူးဗျ။

“တော်ပြီဟေ့ထွန်းတင်”

ဦးခင်ကြိုင်က ပြောဆိုပြီးတော့ ဂုန်နီအိတ်ထဲက တိုးရုပ်ကိုဆွဲထုတ်သဗျ၊ တိုးရုပ်က နှစ်တောင်လောက်ရှိတယ်ဗျ၊ ကိုကျော်ဟိုးပြောတဲ့အတိုင်း လက်သည်းရှည်ရှည်ကြီးတွေနဲ့ မီးသွေးတုံးကြီးလို မည်းတူးနေတာပါပဲဗျာ၊ မျက်လုံးနှစ်လုံးကတော့ ဖြူဖြူကြီးနဲက အပြူးသားဗျ။

“ဟေ့လူတွေ၊ ခင်ဗျားတို့ ဘာတွေတူးနေကြတာလဲ၊ ရွှေတွေငွေတွေက ဒီဘောလုံးကွင်းထဲရှိမလားဗျ”

ဦးဘသာက အော်ရင်း အရှေ့တိုးသွားတော့ ဒီလူနှစ်ယောက်က ဦးဘသာနဲ့ကျုပ်နဲ့ကို တအံ့တသြနဲ့ကြည့်နေကြပါရောဗျာ။

“ခင်၊ ခင်ဗျားတို့ ဘာလာလုပ်တာလဲ”

“အောင်မာ အဲဒီမေးခွန်းကို ငါတို့ကမေးရမှာကွ၊ မင်းတို့နှစ်ယောက် ကွင်းလယ်ခေါင်ထဲ ဘာလုပ်နေကြတာတုန်းကွ”

သူတို့ဘာမှမပြောနိုင်တော့ဘူးပေါ့ဗျာ၊ ဦးခင်ကြိုင်က သူ့လက်ထဲကိုင်ထားတဲ့ တိုးရုပ်ရဲ့ကျောကို လက်နဲ့တဘုန်းဘုန်းပုတ်ပြီးတော့

“တိုးကောင်ရေ၊ ဒီလူနှစ်ယောက်ကိုရှင်းဟေ့၊ ပြီးရင် တခါတည်း အစဖျောက်လိုက်စမ်းကွာ”

သူလက်နဲ့ပုတ်ပြီး မကြာပါဘူးဗျာ၊ တိုးကောင်က တဖြည်းဖြည်းကြီးလာသဗျ၊ ပြီးတော့ လူတစ်ရပ်လောက်အရွယ်ဖြစ်လာတယ်၊ သူ့လက်သည်းရှည်ကြီးတွေကို တဝင့်ဝင့်နဲ့လုပ်ပြီး ဦးဘသာဆီကို ပြေးသွားပါရောဗျာ၊ ဦးဘသာက အနားရောက်တော့ တိုးကောင်ရဲ့ရင်ဝကို လက်ဝါးနဲ့ဆောင့်တွန်းထည့်လိုက်တာ တိုးကောင်က ဟိုးအနောက်ကို အတောင်နှစ်ဆယ်လောက် လွင့်ထွက်သွားပါရော၊ ထွန်းတင်က အံ့သြသွားသလို ဦးခင်ကြိုင်ကလည်း ကျုပ်တို့ကိုကြည့်ရင်း

“သြော်၊ လတ်စသတ်တော့ မင်းတို့ကလည်း ပညာသည်တွေကိုးကွ”

ဦးဘသာက ခါးထောက်ရင်း

“လောကမှာ မင်းတစ်ယောက်တည်း ဒီပညာတွေကိုတတ်တာမဟုတ်ပါဘူး ခင်ကြိုင်ရာ”

“အလိုဗျ၊ ခင်ဗျားက ကျုပ်နာမည်ကိုတောင် သိနေပါရောလား၊ တိုးကောင်ရေ လုပ်စမ်းကွ၊ ဒီလူက အလာသားပဲ၊ သူ့ကိုဖမ်းပြီးတိုးကောင်လုပ်ပစ်မယ်၊ မင်းသူ့ကိုဖမ်းပေးနိုင်ရင် မင်းကိုလွှတ်ပေးမယ်”

သရဲကြီးက လေပေါ်ကနေပျံတက်လာပါရောဗျာ၊ ပြီးတော့ ဦးဘသာအနားရောက်တော့သူ့ပါးစပ်ကြီးဟပြီးတော့ စိမ်းဖန့်ဖန့်အရောင်ရှိတဲ့ မီးလုံးတွေကို ကျဲချလိုက်ပါရော၊ စိမ်းဖန့်ဖန့်မီးလုံးတွေက လေမှာခဏဝဲနေပြီးတော့ ဦးဘသာဆီကိုပြေးဝင်လာပါရောဗျာ၊ ဦးဘသာက ဟိတ်ခနဲအော်လိုက်ပြီးတော့ သူ့ဆီပြေးဝင်လာတဲ့ စိမ်းဖန့်ဖန့်အလင်းလုံးတွေကို လက်နဲ့ဆုပ်ဆုပ်ပြီးဖမ်းတယ်ဗျ၊ လူခေါင်းလောက်ရှိတဲ့ အလင်းလုံးကြီးတွေက ဦးဘသာလက်ထဲရောက်တော့ ပိုးစုန်းကြုးလောက်အရွယ် သေးသေးကလေးတွေဖြစ်သွားတယ်။

ဦးခင်ကြိုင်ကလည်း ဖြူဖြူအပြားလေးတွေကို မြေကြီးပေါ်ကိုပစ်ချသဗျ၊ အပြားလေးတွေ မြေပေါ်ရောက်တော့ အပြာရောင်လဲ့လဲ့ကလေးလင်းလာတယ်၊

“ဟား၊ ဟား ခင်ဗျားဘယ်လောက်စွမ်းစွမ်း ကြယ်ခုနစ်လုံးအစွမ်းကို မဖောက်နိုင်ပါဘူးဗျာ”

သူပြောတာမှန်တယ်ဗျ၊ ဦးဘသာက တစ်ချက်ငြိမ်ကျသွားတယ်၊ ဒီတော့မှ ဦးခင်ကြိုင်က အိတ်ထဲက စာရွက်အနီတစ်ရွက်ကိုထုတ်လိုက်ပြီး

“ဟောဒါက တိုးဖမ်းတဲ့အင်းပဲ၊ ခင်ဗျားကြီးသေပြီး ကျုပ်ရဲ့တိုးကောင်ထဲမှာ နေရမယ်ဗျ”

အဲဒီလိုပြောပြီးတော့ ဦးဘသာဆီကိုပြေးဝင်ပြီး ဦးဘသာမျက်နှာမှာ တိုးဖမ်းအင်းကို ကပ်ထည့်လိုက်တာပဲဗျာ၊ ကျုပ်ဖြင့်တော်တော်စိတ်ပူသွားရှာတာဗျ၊ အင်းနဲ့ကပ်လိုက်တော့ ဦးဘသာက ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်သွားတယ်၊ ဒီတော့မှ ဦးခင်ကြိုင်က သူ့ငယ်ထိပ်ပေါ်ကိုစမ်းပြီးတော့ အပ်တစ်ချောင်းကိုထုတ်လိုက်တယ်၊ အပ်က ဖျာချုပ်တဲ့အပ်လို အရှည်ကြီးပဲဗျ၊ အဲဒီအပ်ထုတ်ပြီးတော့ ဦးဘသာဆီကိုတစ်လှမ်းချင်းစီကပ်သွားပြီး ဦးဘသာရဲ့ငယ်ထိပ်ကို အပ်နဲ့ထိုးစိုက်ဖို့ပြင်လိုက်ပါရောဗျာ၊ ဒီအချိန်ပဲ ဦးဘသာက သူ့မျက်နှာမှာကပ်နေတဲ့ အင်းကိုပါးစပ်နဲ့ကိုက်ပြီး ဝါးစားလိုက်ပါရော၊ ဦးခင်ကြိုင်ခမျာ အပ်ကြီးကိုင်ပြီး ကြောင်စီစီဖြစ်နေတယ်ဗျ။

“ဘယ်လိုလဲခင်ကြိုင်ရ၊ တိုးဖမ်းတဲ့အင်းကို ဝါးစားလိုက်တော့ မင်းဖမ်းရဆီးရတာ ပိုပြီးလွယ်မသွားဘူးလားကွ”

ဦးခင်ကြိုင်အံံသြနေတဲ့အချိန်မှာပဲ ဦးဘသာက ဦးခင်ကြိုင်ရဲ့အပ်ကိုင်ထားတဲ့လက်ကို ဆုပ်ကိုင်ပြီးဖမ်းလိုက်တယ်ဗျ၊ ပြီးတော့ နောက်လက်တစ်ဖက်နဲ့ အပ်ကိုဆွဲယူလိုက်တာပါပဲ၊ ဦးခင်ကြိုင်နဖူးမှာ ဇောချွေးတွေပြန်လာတယ်ဗျ၊ ပြီးတော့

“မလုပ်ပါနဲ့ဆရာကြီး၊ အဲဒီလိုမလုပ်ပါနဲ့”

ဦးဘသာက အပ်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ထောက်ခနဲချိုးလိုက်တော့ အပ်ကနှစ်ပိုင်းကျိုးသွားသဗျာ၊ ဒီတော့မှ မိုးပေါ်ပျံနေတဲ့တိုးကောင်ကြီးက အောက်ကိုပြုတ်ကျသွားတော့တယ်၊ မြေပေါ်ရောက်တော့ တဖြည်းဖြည်းသေးသွားပြီး နဂိုမူလအတိုင်း တိုးကောင်အရွယ်အစားဖြစ်သွားတော့တယ်ဗျာ၊

“မင်းက ငါ့ကိုများတိုးဖမ်းချင်သေးတယ်တဲ့လား”

ဦးခင်ကြိုင်က သူ့တိုးကောင်ရုပ်ကို နှမြောပြီးကြည့်နေရင်း

“ကုန်ပါပြီ၊ ဒီတိုးကောင်ရဖို့ ကျုပ်ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ ခင်ဗျားသိလား”

“မင်းလုပ်ရပ်အတွင် မင်းပြန်ခံရတာပဲခင်ကြိုင်”

“ခင်ဗျား၊ ခင်ဗျားကို ကျုပ်သတ်မယ်”

“ဟား၊ ဟား၊ မင်းမသတ်နဲ့ခင်ကြိုင်၊ မင်းရွာကိုမင်းပြန်ပြီး သာဒင်ဘယ်သူလဲဆိုတာကို မင်းအမေကို အရင်မေးကြည့်စမ်းပါကွ”

ဒီအသံကြားတော့မှ ဦးခင်ကြိုင်က မျက်လုံးကြီးပြူးပြိး ဦးဘသာကိုလက်ညှိုးထိုးကာ

“သာဒင်၊ သာဒင်ဆိုတာ ခင်ဗျားလား”

“သေချာတာပေါ့ကွာ၊ ငါ့ကို မင်းအဆင့်လောက်မပြောနဲ့၊ ဝမ်းတွင်းပါ ပညာတတ်တဲ့ မင်းအမေတောင်မှ မနိုင်ဘူးကွ”

ဦးခင်ကြိုင်က တော်တော်ထိတ်လန့်နေတယ်။

“ကဲ ငါ့ကိုလာသတ်မယ်ဆိုကွာ၊ လာစမ်းပါကွ”

ဦးခင်ကြိုင်က ခေါင်းကိုသွက်သွက်ခါအောင်ခါရမ်းပြီးတော့ လက်အုပ်ချီပြီး

“သွား၊ သွားပါတော့မယ်ဆရာကြီး၊ ကျုပ် . . . ကျုပ်မှားတာရှိရင် ခွင့်လွတ်ပါ”

ဦးဘသာက ခေါင်းညိတ်ရင်း

“အေး၊ သွားသွား၊ အားကစားဆိုတာ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ရတယ်ကွ၊ နောက်ဆိုရင် ဒီလိုကိစ္စတွေထဲ မင်းဝင်မပါနဲ့တော့ ကြားပြီလား”

ဦးခင်ကြိုင်က ပြေးဖို့လုပ်နေတဲ့အချိန်

“နေအုံး၊ မင်းလူကိုလည်း ခေါ်သွားအုံးလေ”

ဦးခင်ကြိုင်က ကိုထွန်းတင်လက်ကိုဆွဲပြီးတော့ ကွင်းထဲက ဆွဲခေါ်ပြီး ထွက်ပြေးကြပါရောဗျာ၊ ကျုပ်နဲ့ဦးဘသာကတော့ ကွင်းထဲမှာရယ်ပြီးကျန်နေခဲ့တာပေါ့၊ သူတို့ကျကျန်ခဲ့တဲ့ တိုးရုပ်ကို ကျုပ်ကသွားကြည့်ရင်း

“ဒီအရုပ်က တော်တော်ရုပ်ဆိုးတာပဲဗျာ”

ဦးဘသာက တိုးရုပ်ကိုလက်ညှိုးထိုးလိုက်တော့ တိုးရုပ်က ဟုန်းခနဲမီးထတောက်ပြီးတော့ မျက်စိရှေ့တင်ပဲ ပြာဖြစ်သွားပါရောကွာ။ ဦးဘသာက ကျုပ်ကိုကြည့်ပြီးတော့

“ကဲအလတ်ကောင်၊ ငါ့တာဝန်ကတော့ ပြီးသွားပြီနော်၊ နိုင်အောင်ကန်ရမှာကတော့ မင်းတို့တာဝန်ပဲ”

ကျုပ်လည်း ခေါင်းညိတ်ရင်း

“စိတ်ချစမ်းပါဗျာ” လို့ပြန်ပြောလိုက်တော့တယ်။

ဒါနဲ့ပဲ အဲဒီနှစ်က မြိုင်သာဖလားကို ကျုပ်တို့ရွာရခဲ့တာပေါ့ဗျာ၊ မကောင်းတဲ့ပညာအားကိုးပြီး ကျိုးစားမှုမရှိတဲ့ တန်းမြင့်ရွာအသင်းကို ကျုပ်တို့ရွာက လေးဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါရောဗျာ၊ ကျုပ်တို့ဖြင့်ပျော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ ဖလားကြီးကိုင်ပြီးတော့ လှည်းတန်းကြီးနဲ့ ရွာကိုပြန်ခဲ့တာပေါ့၊ ရွာရောက်တော့ ဖလားကို ကျုပ်တို့အိမ်ကိုသယ်လာခဲ့တယ်၊ ရွာသားတွေဆိုပျော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ အဖေဆိုရင်လည်း ပြုံးလို့ဖြီးလို့ဗျ။ ဖလားနဲ့အတူတူရောက်လာတာကတော့ ကျုပ်မရီးပါပဲ၊ ဖလားကျေးဇူးကြောင့် အကိုကြီးတို့မိသားစုလည်း ပြန်ပေါင်းဖက်နိုင်ခဲ့တယ်၊ ကျုပ်လည်း ထိပ်တုံးချုပ်ရက်ကျန်တာကနေ လွတ်ခဲ့တယ်ပေါ့ဗျာ၊ အိမ်ကိုရောက်ပြီးမကြာပါဘူး ဦးတရုတ်ကြီးက အပြေးအလွားနဲ့ရောက်ချလာတယ်။

“ကဲ တို့ရွာဖလားရအောင် စွမ်းဆောင်ပေးတဲ့ ဘောလုံးသမားတွေအတွက် ငါ့အိမ်မှာ စားပွဲသောက်ပွဲပြင်ထားတယ်၊ မင်းတို့ ဗိုက်တွေကားအောင်သာစားကွာ၊ ပြီးတော့ လူမှန်းမသိမူးအောင် သောက်ကြစမ်း၊ ဟုတ်ပြီလား”

ကျုပ်တို့လူစုလည်း ဟေးခနဲအော်လိုက်ပြီးတော့ ဦးတရုတ်ကြီးအိမ်ကိုမြန်မြန်ရောက်အောင်လို့ အပြေးတပိုင်းနဲ့ ပြေးထွက်ခဲ့ကြပါရောဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ၿမိဳင္သာခ်န္ပီယံရွစ္”(စ/ဆုံး)
————————————————————————
အတြဲ(၄) စာစဥ္(၂၇)

(၁)

ေလာင္းကစားမႈနဲ႔က်ဳပ္နဲ႔အကိုႀကီး အိမ္ေရွ႕မွာ ထိပ္တုံးသုံးရက္ေလာက္ ခတ္မိေနတာေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ဘာမွမျဖစ္ေပမယ့္ အကိုႀကီးကေတာ့ ေတာ္ေတာ္ေၾကကြဲေနတာဗ်၊ ဘာျဖစ္လို႔လဲဆိုေတာ့ မရီးက အိမ္ေပၚကဆင္းသြားလို႔ေလဗ်ာ၊ မရီးကလည္း မမွားပါဘူး၊ အကိုႀကီး ေလာင္းကစားထပ္လုပ္ရင္ အိမ္ေပၚကဆင္းၿပီး ျပန္မေပါင္းေတာ့ဘူးလို႔ ဝမ္နင္ေပးထားၿပီးသားကိုဗ်၊ မွားတာကေတာ့ အကိုႀကီး၊ အဲေလ . . . က်ဳပ္လည္းပါသေပါ့ဗ်ာ။ အေမကေတာ့ က်ဳပ္တို႔ကိုထမင္းေတြဘာေတြလာေႂကြးပါတယ္၊ ဒါေပမယ့္ အကိုႀကီးကေတာ့ မ်က္ႏွာေသႀကီးနဲ႔ မႈန္မႈန္ေတေတႀကီးထိုင္လို႔ဗ်။

“စားပါ သားႀကီးရယ္”

အကိုႀကီးက ေခါင္းခါၿပီးေတာ့

“မစားခ်င္ပါဘူးအေမရာ၊ ေထြးညိဳမရွိေတာ့ က်ဳပ္ဘယ္လိုေနရမွာလဲဗ်ာ”

“လင္နဲ႔မယားလွ်ာနဲ႔သြားမို႔လို႔ပါ သားႀကီးရာ၊ မင္းထိပ္တုံးကေနလြတ္ေတာ့ သူ႔ကိုသြားျပန္ေခၚေပါ့”

အေမကေျပာရင္းနဲ႔ ေဒါသထြက္လာတယ္။ ဒါနဲ႔အိမ္ေရွ႕မွာထိုင္ရင္း ေရေႏြးေသာက္ေနတဲ့အေဖ့ကိုမ်က္ေစာင္းထိုးၾကည့္ၿပီးေတာ့

“ဒီလူႀကီးကလည္းတစ္ေမွာင့္၊ ကိုယ့္သားသမီး အိမ္ေထာင္ေရးအဆင္မေျပျဖစ္ေနတာေတာင္မွ ထိပ္တုံးကိုအမိအရခတ္ထားရေသးတယ္”

အေဖက အေမ့ကိုလွမ္းၾကည့္ရင္း

“မသန္း၊ မင္းေျပာတာငါၾကားတယ္ေနာ္ကြ၊ ဘာလဲ မင္းက မင္းသားေတြအျပစ္လုပ္တာက်ေတာ့ မျမင္ဘဲနဲ႔ ငါထိပ္တုံးခတ္တာကို အျပစ္ျမင္ခ်င္ေနတာလားကြ”

အေဖက ထေငါက္ေတာ့ အေမကဘာမွျပန္မေျပာဘဲ ပါးစပ္က ပြစိပြစိလုပ္ေနတယ္။ အေဖကေတာ့ သူ႔အကြက္ဝင္လာလို႔ အေမ့ကိုဖိေဟာက္ခ်င္တယ္ထင္ပါ့ဗ်ာ။

“ဒီမွာမသန္း၊ မင္းသားေတြထိပ္တုံးခတ္ခံရတာ ဘယ္သူလုပ္လို႔လဲကြ၊ ဒင္းတို႔ဖာသာ အျပစ္လုပ္လို႔ ထိပ္တုံးအခတ္ခံရတာမဟုတ္လား၊ ငါ့ေခြၽးမအိမ္ေပၚကဆင္းသြားတာကလည္း သူ႔အမွားမဟုတ္ဘူး၊ မင္းရဲ႕သား အႀကီးေကာင္ကို ေခြၽးမေလးက တစ္ခါတည္းအျပတ္ေျပာထားၿပီးသား၊ ေနာက္တစ္ခါ ေလာင္းကစားလုပ္ရင္ အျပတ္ဘဲလို႔ ႀကိမ္းေမာင္းထားရက္နဲ႔ ဒီေကာင္ေတြကိုက မေနႏိုင္မထိုင္ႏိုင္ျဖစ္ေနတာမဟုတ္လားကြ၊ ခံစမ္းကြာ၊ ခံစမ္း၊ ဒီတစ္ေခါက္ေတာ့ ဘယ္လိုအေၾကာင္းပဲရွိရွိမင္းတို႔ကို ခုနစ္ရက္ျပည့္ေအာင္ ထိပ္တုံးခတ္မယ္ကြ”

အေဖက ေဒါနဲ႔ေမာနဲ႔ေျပာၿပီး အံတႀကိတ္ႀကိတ္နဲ႔ဗ်၊ ဒီအခ်ိန္ ကာလသားေခါင္း ကိုျမင့္က ၿခံဝိုင္းထဲကိုအေျပးအလႊားဝင္လာတယ္ဗ်၊

“ေၾသာ္၊ သူႀကီးက အိမ္မွာကိုးဗ်၊ က်ဳပ္ျဖင့္ သူႀကီး႐ြာထဲရွိမလားဆိုၿပီး ပတ္ရွာခဲ့ေသးတာ”

“ေအးေဟ့၊ အိမ္မွာပဲေနၿပီးေတာ့ ဟိုဒုစ႐ိုက္သားႏွစ္ေကာင္ကို ေစာင့္ေနရတယ္ဟ”

အေဖက ေျပာရင္းက်ဳပ္တို႔ညီအကိုကို မ်က္စပစ္ျပလိုက္ေသးသဗ်ာ၊ ကိုျမင့္က အေဖ့ေရွ႕မွာဝင္ထိုင္လိုက္ေတာ့ အေဖက

“ဒါနဲ႔ ေမာင္ျမင့္၊ မင္းအေျပးတစ္ပိုင္းနဲ႔ ဘာျဖစ္လာျပန္တာလဲကြ”

“ၿမိဳင္သာဖလားပြဲ ေရွ႕တစ္ပတ္ထဲ စေတာ့မယ္တဲ့ဗ်”

“ေဟ၊ မေစာလြန္းဘူးလားကြ”

“ဟုတ္တယ္သူႀကီးေရ၊ အရင္ႏွစ္က ေနာက္က်မွလုပ္ေတာ့ မိုးမိၿပီးေတာ့ မိုးထဲေလထဲကန္ရင္း ကေမာက္ကမေတြျဖစ္ကုန္တယ္မဟုတ္လား”

အေဖက ေခါင္းညိတ္တယ္ဗ်၊

“အဲဒါ ႐ြာအတြက္ လက္ေ႐ႊးစင္ေဘာလုံးအသင္းဖြဲ႕မလို႔ သူႀကီးဆီမွာခြင့္လာေတာင္းတာပါ”

“ဖြဲ႕ေပါ့ကြာ”

“ဖြဲ႕တာအေရးမႀကီးဘူးသူႀကီးရဲ႕၊ ႐ြာရဲ႕ေဘာလုံးအသင္းက အဓိက ကစားသမားႏွစ္ေယာက္လိုေနလို႔၊ အဲဒါ”

ကိုျမင့္က က်ဳပ္တို႔ကိုလက္ညႇိဳးထိုးျပၿပီး ေျပာေတာ့ အေဖက ေတာ္ေတာ္ေလးစဥ္းစားရၾကပ္တဲ့ပုံနဲ႔ စဥ္းစားေနတယ္၊ က်ဳပ္တို႔လည္း ဒီလိုအခြင့္အေရးမွာ လက္လြတ္ခံလို႔ဘယ္ျဖစ္ပါ့မလဲဗ်ာ၊ က်ဳပ္နဲ႔အကိုႀကီး လည္ပင္းေလးေတြေထာင္ၿပီးေတာ့ အေဖ့ကိုအားကိုးတႀကီးနဲ႔ၾကည့္ေနၾကတာေပါ့။ အေဖကေတာ့ အမွန္အတိုင္းေျပာရရင္ က်ဳပ္တို႔ကိုလႊတ္ခ်င္ပုံမရဘူးဗ်။

“လုပ္ပါသူႀကီးရယ္၊ ဒီတစ္ခါေတာ့ ႐ြာအတြက္မို႔ သူႀကီးကိုေျပာရတာပါ၊ မႏွစ္က တန္းျမင့္႐ြာနဲ႔ ေလးသင္းအဆင့္မွာ ရႈံးခဲ့တဲ့ရႈံးေႂကြးကိုျပန္ဆပ္ခ်င္လို႔ပါဗ်၊ ၿပီးေတာ့ ဒီႏွစ္ေတာ့ ဖလားရေအာင္ ယူျပမယ္ဗ်ာ၊ အဲဒါသူႀကီးသားတို႔ကို လႊတ္ေပးပါဗ်ာ၊ သူႀကီးမေက်နပ္ရင္ ေဘာလုံးပြဲၿပီးေတာ့ ျပန္ခ်ဳပ္ေပါ့၊ မဟုတ္ဘူးလား”

ေနာက္ဆုံးေတာ့ အေဖက ေခါင္းကိုတျဖည္းျဖည္းခ်င္းညိတ္လိုက္တယ္ဗ်၊ က်ဳပ္တို႔ညီအကိုဆိုရင္ ဝမ္းသာလို႔ လက္ခုပ္လက္ဝါးေတြထတီးမိတယ္ဗ်၊ အေဖက ထိပ္တုံးကိုခတ္ထားတဲ့ ေသာ့တြဲယူလာၿပီးေတာ့ က်ဳပ္တို႔အေရွ႕မွာလာရပ္ရင္း

“ဟိုႏွစ္ေကာင္၊ မင္းတို႔ကို ငါသိပ္ၿပီးလြတ္ခ်င္လို႔ေတာ့မဟုတ္ဘူး၊ ဒါေပမယ့္ ၿမိဳင္သာဖလားက တို႔႐ြာအတြက္ ဂုဏ္ကိုေဆာင္ႏိုင္မွာမို႔လို႔သာ လြတ္ေပးလိုက္ရတာ၊ မင္းတို႔မွာ ခ်ဳပ္ရက္ေလးရက္က်န္ေသးတယ္၊ ေဘာလုံးၿပိဳင္ပြဲၿပီးရင္ ဒီခ်ဳပ္ရက္ေတြ ျပန္ခံရမယ္၊ ၾကားလား”

က်ဳပ္တို႔လည္း ေခါင္းကိုဆတ္ခနဲညိတ္လိုက္တာေပါ့ဗ်ာ၊ အေဖက ထိပ္တုံးကိုျဖဳတ္ေပးေတာ့ က်ဳပ္တို႔လည္း ဝမ္းသာအားရနဲ႔မတ္တပ္ထရပ္လိုက္ၾကတယ္။ အကိုႀကီးက ပုဆိုးျပင္ဝတ္ရင္း

“ငါကေတာ့ ဒီအခြင့္အေရးကိုေစာင့္ေနတာၾကာၿပီေဟ့၊ မႏွစ္က ငါတို႔ရႈံးေတာ့ တန္းျမင့္႐ြာကေကာင္ေတြလုပ္ျပသြားတဲ့အခြက္ေတြကို ခင္ဗ်ားမွတ္မိတယ္မဟုတ္လား ကိုျမင့္”

“သိပ္မွတ္မိတာေပါ့ကြာ၊ အဲဒီတုန္းက မိုးသာမ႐ြာရင္ ငါတို႔ႏိုင္တယ္ကြ၊ ခုႏွစ္ေတာ့ ငါတို႔ေတြ ဒီေကာင္ေတြကို ရႈံးေႂကြးျပန္ဆပ္ၾကမယ္၊ ဒါ့အျပင္ ၿမိဳင္သာဖလားကို ငါတို႔႐ြာက ရေအာင္ျပန္ယူျပမယ္ကြ”

က်ဳပ္လည္းအေဖ့ကိုၾကည့္ရင္း

“ဟုတ္တယ္၊ အေဖ့လက္ထက္မွာေတာ့ ၿမိဳင္သာဖလားကို က်ဳပ္တို႔႐ြာကိုသယ္လာႏိုင္ေအာင္ ႀကိဳးစားမယ္အေဖရာ”

အေဖလည္း စိတ္တက္ႂကြသြားတယ္ထင္ပါတယ္ဗ်ာ။

“ေအး၊ လုပ္ၾကစမ္းကြာ၊ ဖလားသာရလို႔ကေတာ့ မင္းတို႔ညီအကိုကို ထိပ္တုံးဒဏ္ကေနလြတ္ေပးမယ့္အျပင္ ဆုေၾကးလည္းခ်မယ္ကြ”

က်ဳပ္လည္းအေဖ့ကိုေသခ်ာၾကည့္လိုက္ၿပီး

“တကယ္လားအေဖ၊ ကတိေနာ္”

“ေအာင္မာ မင္းတို႔ေကာင္ေတြသာ ၿမိဳင္သာဖလားကို ႐ြာကိုေရာက္ေအာင္သယ္လာခဲ့၊ ဒီေရာက္ရင္ မင္းတို႔စိတ္တိုင္းက် ျဖစ္ေစရမကြ”

ကိုျမင့္က က်ဳပ္တို႔ကိုၾကည့္ၿပီး

“ကဲ၊ ေဟ့ေကာင္ေတြ ၿပိဳင္ပြဲက ေရွ႕တစ္ပတ္ဆိုေတာ့ ငါတို႔ေလ့က်င့္ဖို႔လိုသကြ၊ တန္းျမင့္႐ြာက ေကာင္ေတြဆို ၿပီးခဲ့တဲ့ လကတည္းက ႀကိတ္ၿပီးေလ့က်င့္္ေနတယ္ဆိုပဲ”

ကိုျမင့္ေျပာၿပီးတာနဲ႔ က်ဳပ္တို႔ေတြအားလုံး ကိုျမင့္အေနာက္ကို လိုက္ခဲ့ၾကတာေပါ့ဗ်ာ။

(၂)

ေဘာလုံးပြဲဆိုတာက အဲဒီေခတ္ကေတာ့ က်ဳပ္တို႔နဲ႔မစိမ္းေတာ့ဘူးဗ်၊ က်ဳပ္တို႔ငယ္ငယ္တုန္းကဆိုရင္ ေဘာလုံးကစားနည္းက ႏိုင္ငံဂုဏ္ေဆာင္ ကစားနည္းတစ္ခုပဲေလဗ်ာ၊ အဲဒီတုန္းက ျမန္မာ့လက္ေ႐ႊးစင္အသင္းက အာရွမွာနာမည္ႀကီးပဲမဟုတ္လား။ ၁၉၆၆၊ ၁၉၇၀ အာရွအားကစားၿပိဳင္ပြဲေတြမွာလည္း ေဘာလုံးကစားနည္းနဲ႔ ေ႐ႊတံဆိပ္ရတယ္မဟုတ္လား၊ ဒါတင္မကေသးဘူး၊ အခုေနာက္ပိုင္း ဆီးဂိမ္းလို႔ေခၚၾကတဲ့ ကြၽန္းဆြယ္အားကစားၿပိဳင္ပြဲေတြမွာလည္း ၁၉၆၅၊ ၆၇၊ ၆၉၊ ၇၁၊ ၇၃ ခုႏွစ္ေတြမွာ ေဘာလုံးအားကစားနဲ႔ ေ႐ႊတံဆိပ္ခ်ည္း ငါးႏွစ္ဆက္တိုက္ရခဲ့တာကိုးဗ်၊ ဒါ့အျပင္ ကိုရီးယားဖလားၿပိဳင္ပြဲမွာလည္း ၁၉၇၁၊ ၇၂၊ ၇၃ ခုႏွစ္ သုံးႏွစ္ဆက္တိုက္ ဖလားရျပန္တာပဲ၊ ကမာၻ႔ဖလားေျခစစ္ပြဲေတြဘာေတြေတာင္ ေအာင္ေသးတယ္ဗ်၊ ၁၉၇၂ ခုႏွစ္ အိုလံပစ္ၿပိဳင္ပြဲမွာလည္း အသန႔္ရွင္းဆုံးအသင္းဆု ရထားတယ္မဟုတ္လား၊ တျခားႏွစ္ေတြမွာလည္း ခ်န္ပီယံ ေ႐ႊတံဆိပ္မရရင္ေတာင္မွ ဒုတိယဆု၊ တတိယဆုေတြရတတ္လို႔ အဲဒီေခတ္ကို ျမန္မာ့ေဘာလုံးေလာကရဲ႕ ေ႐ႊခတ္လို႔ တင္စားၾကတယ္မဟုတ္လားဗ်ာ။

ဒီလိုေခတ္မွာ ေဘာလုံးကစားနည္းက ေရပန္းစားတာေတာ့ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ႏိုင္ငံတစ္ဝွမ္းလည္း အစိုးရက ကမကထ လုပ္တဲ့ ဒိုင္းလုပြဲ၊ ေဘာလုံးၿပိဳင္ပြဲေတြ၊ ေနာက္ၿပီးေတာ့ ေက်း႐ြာ၊ ရပ္ကြက္၊ ၿမိဳ႕ေတြအဆင့္ ကိုယ္ထူကိုယ္ထလုပ္တဲ့ ေဘာလုံးၿပိဳင္ပြဲေတြလည္း အေတာ္မ်ားမ်ားရွိခဲ့တာေပါ့ဗ်ာ။ ဒီၿပိဳင္ပြဲေတြထဲ က်ဳပ္တို႔နယ္ဘက္မွာ ယွဥ္ၿပိဳင္မႈအျမင့္မားဆုံးပြဲကိုေျပာပါဆိုရင္ေတာ့ ၿမိဳင္သာဖလားၿပိဳင္ပြဲပဲဗ်။

ၿမိဳင္သာဖလားဆိုတာကေတာ့ ၿမိဳင္သာၿမိဳ႕အနီးက ေက်း႐ြာေတြအားလုံးက ကိုယ္စားျပဳေဘာလုံးအသင္းေတြဖြဲ႕ၿပီးေတာ့ ကန္ၾကတဲ့ပြဲေပါ့ဗ်ာ၊ ၿမိဳင္သာၿမိဳ႕ေပၚက ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ေဘာလုံးဝါသနာရွင္ေတြ စုေပါင္းၿပီးေတာ့ ဖလားျဖစ္ေျမာက္ေရးအတြက္ တစ္ႏွစ္ပတ္လုံး အလႉခံၾက၊ ရန္ပုံေငြရွာၾကတာေပါ့ဗ်ာ၊ ၿပီးရင္ေတာ့ ေဘာလုံးေတြဝယ္ၾကတယ္၊ က်န္တဲ့ေငြေတြကိုေတာ့ ေငြဖလားႀကီးတစ္လုံးထဲမွာ အျပည့္ထည့္ၿပီးေတာ့ ဆုေၾကးအျဖစ္ေပးတာေပါ့ဗ်ာ၊ ဖလားရတဲ့႐ြာေတြကေတာ့ ဆုေၾကးလဲရသလို ၿမိဳင္သာဖလားရတယ္ဆိုၿပီး ဂုဏ္ယူၾကတာေပါ့၊ ဒီဖလားရဖို႔လည္း လြယ္မွမလြယ္တာပဲဗ်ာ၊ ၿမိဳင္သာၿမိဳ႕ပတ္ဝန္းက်င္မွာ ႐ြာေပါင္းက သုံးဆယ္ေလာက္ရွိတာကိုးဗ်၊ ဒီအထဲမွာ ၿပိဳင္ပြဲဝင္မၿပိဳင္တဲ့ ႐ြာငယ္ကေလးေတြကိုဖယ္လိုက္ရင္ အနည္းဆုံးေတာ့ ႐ြာေပါင္းႏွစ္ဆယ္၊ ဆယ့္ေျခာက္႐ြာေလာက္က ဝင္ၿပိဳင္ၾကတာမဟုတ္လားဗ်ာ၊ ႐ြာေတြအားလုံးကလည္း ကိုယ့္႐ြာဖလားရဖို႔အတြက္ ေရကုန္ေရခမ္းႀကိဳးစားယွဥ္ၿပိဳင္ၾကတာဆိုေတာ့ အႀကိတ္အနယ္ေပါ့ဗ်ာ။

ဒါေၾကာင့္ ဖလားရတဲ့႐ြာကေတာ့ သိပ္ၿပီးဂုဏ္တက္တာေပါ့ဗ်ာ၊ ေဘာလုံးၿပိဳင္ပြဲႏိုင္ၿပီး ဖလားရတဲ့အထိမ္းအမွတ္အေနနဲ႔ အလႉေတြလုပ္ၾက၊ စတုဒိသာေတြေကြၽးၾကနဲ႔ တစ္ခ်ိဳ႕႐ြာဆိုရင္ ပြဲေတြဘာေတြခင္းလိုက္ေသးသဗ်ာ။ ၿမိဳင္သာဖလားက်င္းပခဲ့တဲ့ ငါးႏွစ္သက္တမ္းတစ္ေလွ်ာက္မွာ က်ဳပ္တို႔႐ြာက တစ္ခါမွဖလားမရခဲ့ဘူးဗ်၊ အဲ . . ဒါေပမယ့္ မႏွစ္ကေတာ့ ဆီမီးဖိုင္နယ္လို႔ေခၚတဲ့ ေလးသင္းအဆင့္အထိေရာက္ခဲ့သဗ်ာ၊ ေလးသင္းၿပိဳင္ပြဲမွာ တန္းျမင့္႐ြာက ေဘာလုံးအသင္းနဲ႔ဆုံေတြ႕ခဲ့ၾကတာေပါ့၊ ျဖစ္ခ်င္ေတာ့ အဲဒီေန႔က မိုးေတြတအားႀကီးၿပီး ေဘာလုံးက ကန္တဲ့ေနရာကိုမေရာက္တဲ့အခ်ိန္မွာ တန္းျမင့္႐ြာက က်ဳပ္တို႔႐ြာကို ဂိုးျပတ္နဲ႔အႏိုင္ယူခဲ့တာပါပဲဗ်ာ၊ ဂိုးျပတ္တာေတာင္မွ ေလးဂိုး၊ ဂိုးမရွိနဲ႔ ဂိုးျပတ္ခဲ့တာဆိုေတာ့ တန္းျမင့္႐ြာကေကာင္ေတြ သိပ္ကိုဝံ့ႂကြားခဲ့တာကို ေတြးရင္း က်ဳပ္တို႔ျဖင့္ ရင္ထဲမခံခ်င္ျဖစ္လာမိတယ္ဗ်။

႐ြာထဲက ကာလသားေတြစုစည္းၿပီးေတာ့ အသင္းဖြဲ႕ၾကတာေပါ့ဗ်ာ၊ ေဘာလုံးအသင္းက ဆယ့္တစ္ေယာက္ဆိုေပမယ့္ အရံလူအေနနဲ႔ ေနာက္ထပ္ေလးငါးေယာက္ထပ္ေခၚၿပီး ဆယ့္ေျခာက္ေယာက္နီးပါးေလာက္ ဖြဲ႕ရတာေပါ့၊ အဲဒီေခတ္တုန္းကေတာ့ အသက္အ႐ြယ္အကန႔္အသတ္မထားပါဘူးဗ်ာ၊ ႀကီးႀကီးငယ္ငယ္ ႐ြယ္႐ြယ္လတ္လတ္ သက္လုံေကာင္းၿပီး အေမာခံႏိုင္တယ္၊ ေျပးႏိုင္တယ္ဆိုရင္ေတာ့ ေဘာလုံးအသင္းထဲကို ပါရတာပါပဲ၊ ဒီအထဲ က်ဳပ္က ထိပ္ဆုံးကေပါ့ဗ်၊ က်ဳပ္အေျပးဘယ္ေလာက္ျမန္တယ္ဆိုတာ ခင္ဗ်ားတို႔လည္း သိမွာေပါ့ဗ်ာ၊ ဟဲ . . ဟဲ။

ေဘာလုံးသမားေတြ စုၿပီဆိုတာ ၾကားလိုက္ေတာ့ ႐ြာထဲက လူေတြအကုန္လုံး ဝိုင္းအုံလာၾကေတာ့တာပဲဗ်ာ၊ ေဘာလုံးအသင္းထဲ ပါရတဲ့လူဆိုတာ တကယ့္ကိုအားေကာင္းေမာင္းသန္ ေယာက္်ားေတြမဟုတ္လားဗ်၊ အရင္ဆုံး႐ြာကလူေတြက ေဘာလုံးအသင္းထဲက လူေတြကိုၾကည့္ၿပီး ပါသင့္မပါသင့္ ဆုံးျဖတ္ၾကတယ္။

“ဟဲ့ ေမာင္ပိန္က ပိန္ေညႇာင္႐ိုးေနတာပဲဟယ္၊ ၿပီးေတာ့ သူ႔မွာပန္းနာရင္ၾကပ္လည္းရွိေသးတယ္ဆိုေတာ့ ေျပးႏိုင္ပါ့မလားဟ၊ ေမာင္ပိန္ကိုမေခၚနဲ႔”

“ဟုတ္ပ၊ ဟိုဘက္က ဗိုက္ပူကလည္း ဝလိုက္တာေအ၊ သူ႔မွာေျပးဖို႔မေျပာနဲ႔ လမ္းေလွ်ာက္ရင္းေတာင္ ေမာေနတာဆိုေတာ့ ဘယ္လိုလုပ္ကန္ႏိုင္မွာလဲ”

ဒီလိုနဲ႔႐ြာကလူေတြ တစ္ေယာက္တစ္ေပါက္နဲ႔ ဟိုလူေ႐ြး၊ ဒီလူေ႐ြးလုပ္ၿပီး ေန႔တစ္ပိုင္းေလာက္အခ်ိန္ကုန္သြားေတာ့ ႐ြာရဲ႕ေဘာလုံးအဖြဲ႕က တစ္႐ြာလုံးက လက္ခံတဲ့လူေတြနဲ႔ ဖြဲ႕ၿပီးၿပီေပါ့ဗ်ာ၊ က်ဳပ္တို႔႐ြာက တျခားအခ်ိန္သာ မစည္းလုံးရင္ေနမယ္၊ ဒီလိုအခ်ိန္ကေတာ့ စည္းလုံးသဗ်၊ ႐ြာကလူေတႊအကုန္လုံး ႐ြာျပင္ကိုထြက္ၿပီးေတာ့ ေခ်ာင္း႐ိုးထဲက သဲေတြကို ပုံးေတြ၊ ေတာင္းေတြနဲ႔ တိုက္သယ္ၾကသဗ်၊ ၿပီးေတာ့ ယာခင္းထဲက ေျမညီတဲ့အကြက္တစ္ကြက္ကို အဲဒီသဲေတြနဲ႔ဖို႔ပါေရာဗ်ာ၊ ဒီအခ်ိန္ ယာခင္းထဲမွာ ပဲေတြလည္းေဖာ္ၿပီးၿပီဆိုေတာ့ ယာေတြကအားေနၿပီမဟုတ္လား၊ သဲဖုံးခံရတဲ့ ယာခင္းပိုင္ရွင္ကလည္း အၿပဳံးမပ်က္ပါဘူးဗ်၊ သူ႔ယာခင္းစိုက္လို႔ရတာ မရတာအသာထား၊ အေရးႀကီးတာက ႐ြာကဖလားရဖို႔ပဲမဟုတ္လား၊ မသကာ မိုးတြင္းေရာက္မွ သဲေတြေဖာက္ခ်မယ္ဆိုၿပီးေတာ့ သူကိုယ္တိုင္ေတာင္ သဲေတြဝင္တိုက္ေနေသးတာ။

ၿပီးေတာ့ သဲေတြကိုေရထမ္းပုံးေတြနဲ႔ ထမ္းၿပီးေတာ့ ေရေလာင္းၾကပါေရာဗ်ာ၊ ညေနေစာင္းေလာက္ဆိုရင္ေတာ့ က်ဳပ္တို႔ေဘာလုံးေလ့က်င့္မယ့္ သဲကြင္းကေလးက အသင့္ျဖစ္သြားၿပီေပါ့၊ ဝါးလုံးနဲ႔ ဂိုးတိုင္လုပ္ၿပီးေတာ့ ဟိုဘက္ဒီဘက္မွာ ဂိုးတိုင္ေထာင္လိုက္ရင္ေတာ့ ၿပီးၿပီေပါ့ဗ်ာ၊ ခင္ဗ်ားတို႔က ႐ြာေဘာလုံးကြင္းဆိုၿပီး အထင္ေတာ့မေသးနဲ႔ဗ်ိဳ႕၊ ေထာင့္ကန္ေဘာကန္ဖို႔ အလံေတြဘာေတြေတာင္လုပ္ၿပီး ေထာင္ထားေသးတာဗ်။

အားလုံးၿပီးၿပီဆိုေတာ့ ေဘာလုံးလိုၿပီေပါ့ဗ်ာ၊ ေဘာလုံးဆိုတာက အဲဒီေခတ္က ေ႐ႊထက္ရွားသဗ်၊ ၿမိဳ႕ႀကီးေတြေပၚမွာပဲေရာင္းတာ၊ ၿမိဳင္သာၿမိဳ႕ေပၚမွာေတာင္မွ ေဘာလုံးဝယ္မရဘူး၊ တခ်ိဳ႕ေတြကေတာ့ ေဘာလုံးဝယ္မရလို႔ ဥသွ်စ္သီးကန္တဲ့လူနဲ႔၊ အုန္းသီးေျခာက္ကန္တဲ့လူနဲ႔ေပါ့ဗ်ာ၊ ကိုျမင့္က ေဘာလုံးတစ္လုံးကိုင္ၿပီးေတာ့ ကြင္းထဲကိုဝင္လာသဗ်။

“ဟာ ကိုျမင့္၊ ေဘာလုံးဘယ္လိုရလာတာလဲဗ်”

“ဘယ္လိုရမလဲကြ၊ မႏွစ္က ေဘာလုံးၿပိဳင္ပြဲမွာ ကြဲသြားတဲ့ေဘာလုံးအကြဲႀကီးကို အစိတ္နဲ႔ေပးဝယ္ခဲ့ၿပီးေတာ့ အထဲကို အဝတ္စေတြထည့္ၿပီး အပ္ခ်ည္နဲ႔ျပန္ခ်ဳပ္ထားတာေပါ့ကြာ”

ေဘာလုံးက ရာဘာသားေရနဲ႔လုပ္ထားတာဆိုေတာ့ ခ်ဳပ္လို႔ရသဗ်၊ ကိုျမင့္ေပးတဲ့ေဘာလုံးကလည္း မဆိုးပါဘူးဗ်ာ၊ အဝတ္စေတြထည့္ထားလို႔ သာမန္ေဘာလုံးထက္ ေလးေနတာထက္စာရင္ေတာ့ ကန္လို႔ျပဳလို႔ေကာင္းပါတယ္။

“ဒါနဲ႔ကိုျမင့္၊ ကိုျမင့္ရဲ႕ေဘာလုံးက အေလးႀကီးဗ်”

“အိုကြာ၊ ေလးတာကပိုေကာင္းတာေပါ့ကြ၊ ေလးတာကိုအားစိုက္ကန္တာအက်င့္ျဖစ္သြားေတာ့မွ ေဘာလုံးအေပါ့ကိုကန္ေတာ့ အားပိုရွိမယ္မဟုတ္လားကြ”

က်ဳပ္တို႔လည္း ဟုတ္ဟုတ္ မဟုတ္ဟုတ္ ကိုျမင့္စကားကိုေခါင္းညိတ္လိုက္ၾကေတာ့တယ္။ မဟုတ္ရင္လည္း ေဘာလုံးက ဒီတစ္လုံးတည္းရွိတာကိုးဗ်။ က်ဳပ္တို႔ေဘာလုံးစကန္ၿပီဆိုတာနဲ႔ ကြင္းေဘးကို ႐ြာထဲက ကေလးလူႀကီးနဲ႔ မိန္းမေတြပါမက်န္ အကုန္ေရာက္ခ်လာၿပီး အားေပးတာပဲဗ်ာ၊ လူေ႐ြးတုန္းကလည္း တစ္႐ြာလုံးပါသလို၊ နည္းျပကလည္း တစ္႐ြာလုံးပဲဗ်၊ က်ဳပ္တို႔ေဘာလုံးကန္ေနတာကို ေဘးကေနဝိုင္းၾကည့္ၿပီး ဟိုလိုျဖစ္တယ္၊ ဒီလိုျဖစ္တယ္၊ ဟိုလိုကန္၊ ဒီလိုကန္နဲ႔ နည္းဝိုင္းျပၾကတာေပါ့ဗ်ာ၊

ညေနေလ့က်င့္ၿပီး ျပန္လာတာ့ အကိုႀကီးက သူ႔မိန္းမအိမ္ဘက္ကို သြားၾကည့္ေသးသဗ်၊ ၿပီးေတာ့ မ်က္ႏွာႀကီးၿဖီးၿပီးေတာ့ ျပန္လာတယ္။

“အကိုႀကီး၊ ခုနတုန္းကေတာ့ ေသမလို႐ုပ္နဲ႔ အခုေတာ့ ၿပဳံးၿဖီးၿဖီးနဲ႔ပါလားဗ်”

“ေထြးညိဳက ငါ့ကိုေျပာလိုက္တယ္ကြ၊ တကယ္လို႔ ေဘာလုံးပြဲမွာ ဖလားရလာခဲ့ရင္ ငါနဲ႔ျပန္ေပါင္းမယ္တဲ့ကြာ”

က်ဳပ္လည္း အကိုႀကီးကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္မိေတာ့တယ္၊ ဘာပဲေျပာေျပာ ဒီႏွစ္ေဘာလုံးၿပိဳင္ပြဲက တျခားႏွစ္ေတြထက္ ပိုၿပီးႀကိဳးစားရမယ့္ပြဲေပါ့ဗ်ာ။

(၃)

တစ္ေန႔ေတာ့ က်ဳပ္တို႔ေလ့က်င့္ၿပီးလို႔ အေမာေျဖေရေသာက္ေနတုန္း တန္းျမင့္႐ြာက ကိုေက်ာ္ဟိုးေရာက္လာသဗ်၊ ကိုေက်ာ္ဟိုးက က်ဳပ္တို႔႐ြာသားဆိုေပမယ့္ တန္းျမင့္႐ြာသူနဲ႔အိမ္ေထာင္က်ၿပီး တန္းျမင့္႐ြာသားတစ္ပိုင္းျဖစ္ေနတဲ့လူေပါ့ဗ်ာ၊ ကိုေက်ာ္ဟိုးက က်ဳပ္တို႔အဖြဲ႕နားကိုကပ္လာတယ္။ ကိုျမင့္က ၾကည့္ၿပီး

“ဘာလဲ ကိုေက်ာ္ဟိုး၊ က်ဳပ္တို႔ဘာေတြေလ့က်င့္ေနတယ္ဆိုတာကို ခင္ဗ်ားကိုစပိုင္လုပ္ဖို႔ လႊတ္လိုက္တာလားဗ်”

“မဟုတ္ပါဘူးကြာ၊ ငါက တန္းျမင့္႐ြာသူနဲ႔ညားေပမယ့္ ဒီ႐ြာသားပါကြ၊ ႐ြာကိုသစၥာေဖာက္ပါ့မလား၊ အခုလည္း မင္းတို႔ကိုတစ္ခုသတင္းေပးခ်င္လို႔ လာတာပဲကြ”

က်ဳပ္တို႔လည္း ကိုေက်ာ္ဟိုးအနားမွာ စုထိုင္လိုက္ၾကတယ္၊

“မႏွစ္က တန္းျမင့္႐ြာကဖလားရတာ ႐ိုး႐ိုးတန္းတန္းရတာမဟုတ္ဘူးတဲ့ကြ”

“ဟာဗ်ာ၊ ႐ိုး႐ိုးတန္းတန္းမရလို႔ ဖင္ပူးေတာင္းေထာင္ၿပီး ရတာလား”

ကိုေက်ာ္ဟိုးက မ်က္ႏွာကိုရႈံ႕မဲ့ၿပီးေတာ့

“မင္းတို႔ကြာ ငါေျပာတာဆုံးေအာင္နားေထာင္ၾကစမ္းပါအုံးကြ၊ တန္းျမင့္႐ြာက ႐ိုး႐ိုးတန္းတန္းႏိုင္တာမဟုတ္ဘဲနဲ႔ မေကာင္းတဲ့ေအာက္လမ္းပညာနဲ႔လုပ္ၿပီး ႏိုင္တာတဲ့ကြ”

က်ဳပ္တို႔လည္း အံ့ၾသသြားၾကတယ္။

“ခင္ဗ်ားတကယ္ေျပာတာလား ကိုေက်ာ္ဟိုး”

“ငါက မင္းတို႔ကိုလိမ္ပါ့မလားကြာ၊ ငါ့မိန္းမနဲ႔ ရပ္႐ြာထဲက မိန္းမေတြ အတင္းတုပ္ၾကရင္းနဲ႔ သူတို႔ေျပာတာကိုျပန္ၾကားတာကြ၊ အရင္ႏွစ္တုန္းက တန္းျမင့္႐ြာက နည္းျပဆိုတဲ့ အသားမည္းမည္းနဲ႔ ထြန္းတင္က တန္းျမင့္႐ြာက ေအာက္လမ္းဆရာႀကီးဆီမွာ တိုး လို႔ေခၚတဲ့ ေအာက္လမ္းသရဲ႐ုပ္ငွားသြားသတဲ့ကြာ၊ အဲဒါေအာက္လမ္းနဲ႔လုပ္ထားလို႔ သူတို႔က ငါတို႔ကိုႏိုင္တဲ့အျပင္ ၿမိဳ႕ခံ ၿမိဳင္သာေဘာလုံးအသင္းကိုေတာင္ အႏိုင္ရၿပီး ဖလားရသြားတယ္မဟုတ္လားကြ”

က်ဳပ္တို႔လည္းျပန္စဥ္းစားမိတယ္ဗ်၊ ကိုျမင့္က ေတာက္တေခါက္ေခါက္နဲ႔

“အင္း၊ ခင္ဗ်ားေျပာတာျဖစ္ႏိုင္တယ္ ကိုေက်ာ္ဟိုးရ၊ ဟိုႏွစ္ကအေၾကာင္းေတြ ျပန္ေတြးလိုက္ရင္ က်ဳပ္ေတာ့ရင္နာမိသဗ်ာ၊ က်ဳပ္တို႔နဲ႔ပြဲတုန္းကလည္း အမွတ္မထင္ မိုးေတြ႐ြာခ်လာၿပီးေတာ့ က်ဳပ္တို႔ကန္တဲ့ေဘာလုံးက အေရွ႕မေရာက္ဘဲ က်ဳပ္တို႔ဘက္ကိုပဲ ေလတိုက္ၿပီး ျပန္ျပန္လြင့္လာတာမဟုတ္လား”

ကိုျမင့္ေျပာတာကို အားလုံးကေခါင္းညိတ္ၿပီးေထာက္ခံလိုက္ၾကတယ္။

“ဒါတင္မကေသးဘူး၊ ဗိုလ္လုပြဲက်ေတာ့လည္း ၿမိဳင္သာက ေရွ႕တန္းတိုက္စစ္မႉးေတြက ဂိုးကိုမသြင္းႏိုင္ဘူးမဟုတ္လားဗ်ာ၊ ေနာက္ဆုံး ပင္နယ္တီကန္ေတာ့လည္း ဘာထူးေသးလဲဗ်ာ၊ ဒီေလာက္ဂိုးေပါက္အက်ယ္ႀကီးကိုေတာင္ တစ္ေယာက္မွ ဝင္ေအာင္မကန္ႏိုင္တာ ထူးဆန္းစရာပဲဗ်ာ၊ ခင္ဗ်ားေျပာမွ က်ဳပ္ေတာင္စဥ္းစားေနမိၿပီဗ်ိဳ႕”

ကိုေက်ာ္ဟိုးက အားရဝမ္းသာနဲ႔

“ဟုတ္ပါတယ္ဆိုဗ်ာ၊ ခင္ဗ်ားကလည္း က်ဳပ္ေတာင္မွ အဲဒီသတင္းၾကားၿပီး ေတာ္ေတာ္တုန္လွႈပ္သြားတာမဟုတ္လား၊ ဒါေၾကာင့္ ခင္ဗ်ားတို႔ကိုလာသတင္းေပးတာပဲ”

“ေနစမ္းပါအုံး ကိုေက်ာ္ဟိုးရဲ႕ ကိုထြန္းတင္က တန္းျမင့္႐ြာသူႀကီးရဲ႕သားမဟုတ္လား၊ သူက ဒီလိုေအာက္တန္းက်တဲ့နည္းကိုသုံးတာ သူ႔အေဖက မသိဘူးတဲ့လား”

ကိုေက်ာ္ဟိုးက အကိုႀကီးကိုမ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း

“တားမလားကြ ေဟ့ေကာင္ရ၊ ဘယ္လိုနည္းနဲ႔ႏိုင္ႏိုင္ဖလားရဖို႔က အဓိကမဟုတ္လားကြ၊ ငါ့အထင္ေတာ့ ဒီအႀကံအစည္မွာ တန္းျမင့္႐ြာသူႀကီးကိုယ္တိုင္ေတာင္မွ ပါခ်င္ပါေနမွာကြ”

“ဟာဗ်ာ၊ ဒါဆိုဒီေကာင္ေတြေတာ္ေတာ္မတရားတာပဲဗ်”

ေဘာလုံးအသင္းထဲကလူေတြက မခံခ်င္ဘူးေပါ့ဗ်ာ။

“ေအးေလ၊ ငါတို႔က ႐ိုး႐ိုးသားသားၿပိဳင္ေပမယ့္ ဒီေကာင္ေတြက မ႐ိုးသားပါလားကြ”

“အဲဒါေျပာတာေပါ့ကြာ၊ အခုငါလာရတာလည္း တန္းျမင့္႐ြာသားေတြက တစ္ခါအႏိုင္ရဖူးေတာ့ ႏိုင္တဲ့အရသာကိုသိေနၿပီကြ၊ အခုလည္း သူတို႔အခ်င္းခ်င္းေခါင္းခ်င္းဆိုင္ၿပီးတိုင္ပင္ေနၾကတယ္၊ ငါ့အထင္ေတာ့ ဒီေကာင္ေတြ ေအာက္လမ္းနည္းေတြမသုံးဘူးလို႔ မေျပာႏိုင္ဘူးေဟ့၊ အဲဒါ မင္းတို႔လည္း သတိထားရေအာင္ေျပာထားတာ”

“ေက်းဇူးတင္ပါတယ္ ကိုေက်ာ္ဟိုးရာ၊ ဒီသတင္းၾကားၿပီး က်ဳပ္တို႔ျဖင့္ ေလ့ေတာင္မေလ့က်င့္ခ်င္ေတာ့ဘူးဗ်ာ”

က်ဳပ္တို႔အကုန္စိတ္ဓါတ္က်သြားၾကတာေပါ့၊ ဒါေပမယ့္ ဒီအခ်ိန္က်ဳပ္ေခါင္းထဲ အႀကံတစ္ခုရလိုက္တယ္ဗ်။

“ဟာ၊ ေဟ့လူေတြ က်ဳပ္မွာအႀကံတစ္ခုရွိတယ္ဗ်”

တစ္သင္းစလုံးက က်ဳပ္ကိုဝိုင္းၾကည့္တယ္။

“ဒီေကာင္ေတြ ညစ္ပတ္တာကိုသိၿပီဆိုေတာ့ ဒီအတိုင္းၿငိမ္ခံေနစရာအေၾကာင္းမရွိဘူးဗ်ာ၊ ဒီေတာ့ က်ဳပ္တို႔လည္း ဦးဘသာႀကီးကို ေခၚသြားရင္မေကာင္းဘူးလား”

ကာလသားေတြအကုန္လုံးက ဦးဘသာနဲ႔ခင္တယ္ဆိုေတာ့ ဒီအႀကံကိုေထာက္ခံၾကတယ္။

“ဒါေပမယ့္ အလတ္ေကာင္ရ ဦးဘသာက ငါတို႔နဲ႔လိုက္ပါ့မလားကြ”

“က်ဳပ္ေခၚရင္ရပါတယ္ဗ်ာ၊ မပူနဲ႔ က်ဳပ္ရေအာင္ေခၚခဲ့မယ္”

က်ဳပ္လည္း လက္မေထာင္ၿပီးေတာ့ ကိုယ့္ရင္ဘတ္ကို ျပန္ထိုးျပလိုက္တာေပါ့ဗ်ာ။

(၃)

“ဟာ၊ အလတ္ေကာင္၊ မင္းကေတာ့လုပ္ေတာ့မယ္ကြာ၊ အားကစားနည္းပဲကြ၊ ႐ိုး႐ိုးသားသားၿပိဳင္ၾကေပါ့”

ဦးဘသာကိုက်ဳပ္ေျပာလိုက္ေတာ့ ဦးဘသာက အေၾကာက္အကန္ျငင္းတယ္ဗ်၊ ဦးဘသာျငင္းမယ္ဆိုတာကိုလည္း က်ဳပ္ေတြးထားၿပီးသားပါ။ ဒါနဲ႔သူ႔အနားကပ္ၿပီးေတာ့

“လုပ္ပါ ဦးဘသာရာ၊ ဒီပြဲက သိပ္အေရးႀကီးတဲ့ပြဲမို႔ပါ”

“မင္းတို႔ဖာသာဘာပြဲျဖစ္ျဖစ္ေလကြာ၊ အားကစားက အားကစားလို ကစားေပါ့ကြ၊ မေကာင္းတဲ့နည္းလမ္းေတြနဲ႔ ကလိမ္ကက်စ္က်ၿပီး အႏိုင္မယူခ်င္စမ္းပါနဲ႔ကြာ”

“အိုဗ်ာ၊ က်ဳပ္ကလည္း ဦးဘသာကို ကလိမ္ကက်စ္လုပ္ခိုင္းတာမဟုတ္ပါဘူးဗ်၊ တကယ္လို႔ တစ္ဖက္ၿပိဳင္ဘက္က ကလိမ္ကက်စ္လုပ္လာခဲ့ရင္ ဦးဘသာက နည္းနည္းတားေပးဆီးေပးဖို႔ေျပာတာပါ၊ မႏွစ္ကလည္း တန္းျမင့္႐ြာကလူေတြက တိုးဆိုလား ေခၚတဲ့ သရဲ႐ုပ္စီရင္ၿပီးေတာ့ ေအာက္လမ္းနည္းနဲ႔ ေဘာပြဲႏိုင္ေအာင္လုပ္တယ္ဆိုသဗ်”

ဦးဘသာက နည္းနည္းေတာ့စဥ္းစားသြားတယ္ဗ်၊ ဒီလိုျဖစ္ေနရင္ ဦးဘသာတစ္ေယာက္ က်ဳပ္ေျပာတာကိုလက္ခံဖို႔ ရာခိုင္ႏႈန္းမ်ားေနၿပီမွန္း က်ဳပ္သိပါတယ္၊ ဒါနဲ႔အနားထပ္ကပ္ၿပီးေတာ့

“လုပ္စမ္းပါဦးဘသာရာ၊ ၿပိဳင္တာက က်ဳပ္တို႔ဖာသာ အားသြန္ခြန္စိုက္ၿပိဳင္ပါ့မယ္၊ ဒါေပမယ့္ ကလိမ္က်တာကိုေတာ့ လက္မခံႏိုင္လို႔ပါ၊ ၿပီးေတာ့ ႐ြာအတြက္ပဲဦးဘသာရာ၊ ဖလားရေတာ့ က်ဳပ္တို႔႐ြာလည္း ဂုဏ္တက္တယ္မဟုတ္လား”

“ေအးပါ၊ ငါလိုက္ခဲ့ပါ့မယ္၊ ဒါေပမယ့္ ငါကအသက္ႀကီးေနၿပီ မင္းတို႔အသင္းထဲကို ဘယ္လိုလိုက္ရမွာလဲကြ”

“က်ဳပ္ ကိုျမင့္နဲ႔ေျပာၿပီးသားပါဗ်၊ ကိုျမင့္က ဦးဘသာကို နည္းျပခန႔္မယ္တဲ့ဗ်၊ ဒါမွ ဦးဘသာလည္း ကြင္းထဲလိုက္လို႔ရမယ္မဟုတ္လား”

“ၾကည့္လည္းလုပ္အုံးေနာ္အလတ္ေကာင္ရ၊ ငါက ေဘာလုံးကိုေကာင္းေကာင္းကန္တတ္တာမဟုတ္ဘူး၊ ဘယ္လိုလုပ္နည္းျပလုပ္ရမလဲ”

“က်ဳပ္တို႔ကန္တတ္ၿပီးသားပါဗ်ာ၊ ဦးဘသာက ကြင္းေဘးကေန ဟိုၾကည့္ဒီၾကည့္ လုပ္ေပး႐ုံပါပဲ”

ေနာက္ဆုံးေတာ့ ဦးဘသာက ေခါင္းညိတ္သြားတယ္ဗ်။ က်ဳပ္လည္းေပ်ာ္လိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ေဘာလုံးပြဲအတြက္ မနက္ျဖန္ ၿမိဳ႕ကိုတက္ရေတာ့မယ္ဆိုေတာ့ ေဘာလုံးကန္တဲ့အသင္းသားေတြကို ႐ြာထိပ္က ဦးတ႐ုတ္ႀကီးက သူ႔အရက္ဆိုင္မွာ အႀကိဳဂုဏ္ျပဳၿပီး ဧည့္ခံသဗ်၊ က်ဳပ္တို႔လည္း သြားစားရတာေပါ့ဗ်ာ။ ဝက္သားေတြ၊ အမဲသားေတြနဲ႔ ရွယ္ခ်က္ေကြၽးတာဗ်။

“ဦးတ႐ုတ္ႀကီးဟင္းေတြက စားေကာင္းပါတယ္၊ ဒါေပမယ့္ အေသာက္ေလးပါေတာ့ ပိုေကာင္းတာေပါ့ဗ်”

“ေတာ္စမ္း၊ ေဘာလုံးေတာင္မကန္ရေသးဘူး ေသာက္ခ်င္ေနေသးတယ္၊ မင္းတို႔အခုအခ်ိန္ေသာက္ၿပီး အရက္နာက်လို႔ မနက္ျဖန္ေျခစမ္းပြဲမွာ မေျပးႏိုင္ဘဲျဖစ္ေနပါအုံးမယ္ကြာ၊ ကဲ၊ ေကာင္းေကာင္းစားၾကေသာက္ၾကကြာ၊ ၿပီးရင္ေတာ့ အဲဒီၿမိဳင္သာဖလားကို တို႔႐ြာကိုသာ သယ္ခဲ့ၾကစမ္းပါကြ”

“မပူပါနဲ႔ ဦးတ႐ုတ္ႀကီးရာ၊ က်ဳပ္တို႔သယ္ခဲ့ရင္သာ ဦးတ႐ုတ္ႀကီး ဆုခ်ဖို႔ျပင္ထား”

“မင္းတို႔သာဖလားပါလာလို႔ကေတာ့ အဲဒီည ငါကိုယ္တိုင္ ဝက္ေကာင္လုံးကင္ ကင္ေကြၽးၿပီးေတာ့ အရက္လည္း အႀကိဳက္ေသာက္၊ အမူးအၿပဲေသာက္ၾကစမ္းကြာ”

က်ဳပ္တို႔လည္း ရယ္ေမာၿပီးေတာ့ ဦးတ႐ုတ္ႀကီးေကြၽးတဲ့ထမင္းေတြကို ၿမိန္ရၤည္ရွက္ရည္နဲ႔ စားခဲ့ၾကတာေပါ့ဗ်ာ။ မနက္ျဖန္ မနက္ေစာေစာ ၿမိဳင္သာကိုတက္ၿပီးေတာ့ ညေနသုံးနာရီေလာက္က်ေတာ့ ပထမဆုံးပြဲစဥ္အျဖစ္ ေထာက္ရွာ႐ြာနဲ႔ က်ဳပ္တို႔႐ြာနဲ႔ ကန္ရမွာမဟုတ္လားဗ်ာ၊ စားေသာက္ၿပီးျပန္လာေတာ့ အေမက ၾကက္ဥျပဳတ္ပန္းကန္ႀကီးနဲ႔ အိမ္ကေနေစာင့္ေနသဗ်ာ။

“အေမ၊ ၾကက္ဥေတြဘာလုပ္တာလဲဗ်”

“နင္တို႔စားဖို႔ေလ”

“ဟာဗ်ာ၊ ဦးတ႐ုတ္ႀကီးဆီမွာ စားလာခဲ့ၿပီးၿပီ၊ မစားႏိုင္ေတာ့ပါဘူးဗ်ာ”

“ဟဲ့အလတ္ေကာင္၊ လွ်ာမရွည္နဲ႔၊ ေရာ့ နင္တို႔ႏွစ္ေယာက္ တစ္ေယာက္ကိုၾကက္ဥျပဳတ္ခုနစ္လုံးစီ တစ္ထိုင္တည္းကုန္ေအာင္စားၾကစမ္း”

အကိုႀကီးလည္း မ်က္လုံးျပဴးသြားတယ္။

“ဗ်ာ၊ ခုနစ္လုံးေတာင္လား အေမရ”

“ေအးေလ၊ ငါကတန္းျမင့္႐ြာက ငါ့အမ်ိဳးကိုေမးၾကည့္ေတာ့ သူ႔သားေဘာလုံးသမားကို ေဘာလုံးမကန္ခင္ညမွာ ၾကက္ဥျပဳတ္ခုနစ္လုံးေကြၽးထားတယ္ေျပာတယ္၊ အဲဒီလိုစားရင္ အေမာခံႏိုင္ၿပီး သက္လုံေကာင္းတယ္ဆိုလားပဲ၊ နင္တို႔ျငင္းမေနၾကနဲ႔ေတာ့ ကိုယ့္႐ြာအတြက္လို႔စဥ္းစားၿပီးေတာ့ ေဟာဒီၾကက္ဥေတြကုန္ေအာင္စားစမ္း”

“ဘယ္စားႏိုင္မွာလဲအေမရာ၊ ထားလိုက္ပါ မနက္ျဖန္ပြဲမစခင္ စားလိုက္မယ္ဗ်ာ”

“မနက္ျဖန္အတြက္ ခုနစ္လုံးစီျပဳတ္ထားၿပီးသား၊ ဒါကဒီေန႔စာ၊ စားၾကစမ္း၊ နင္တို႔မစားရင္ငါနဲ႔ေတြ႕မယ္”

က်ဳပ္နဲ႔အကိုႀကီးလည္း ၾကက္ဥျပဳတ္ခုနစ္လုံးကို ဆားနဲ႔တိုးၿပီး စားၾကတာေပါ့ဗ်ာ၊ ခုနကလည္း ဦးတ႐ုတ္ႀကီးဆိုင္မွာ ဗိုက္အျပည့္စားခဲ့တာဆိုေတာ့ ဘယ္စားႏိုင္မွာလဲဗ်၊ ဒါေပမယ့္ အေမ့ေၾကာက္လို႔ ပါးစပ္ထဲကို ထိုးထိုးထည့္ရတာ၊ ေတာ္ေသးတာက ၾကက္ဥေတြက အိမ္ၾကက္ဥေတြဆိုေတာ့ သိပ္အလုံးမႀကီးဘဲ ေသးေသးေလးမို႔ ေတာ္ေသးသဗ်ာ၊ ခုနစ္လုံးစလုံးကုန္သြားလို႔ အေမမီးဖိုေခ်ာင္ထဲဝင္သြားတာနဲ႔ က်ဳပ္တို႔ညီအကို အိမ္ေျခရင္းကိုေျပးဆင္းခဲ့ၿပီးေတာ့ ပါးစပ္ထဲက ၾကက္ဥေတြကို ထိုးအန္ၾကရတယ္၊ ၿပီးေတာ့မွ ခပ္တည္တည္နဲ႔အိမ္ထဲျပန္ဝင္လာခဲ့တယ္။

“မင္းတို႔ ဦးဘသာႀကီးကို နည္းျပခန႔္တယ္ဆိုကြ”

အေဖက က်ဳပ္တို႔ကိုေမးတယ္၊ အေဖဆိုလိုခ်င္တဲ့စကားကို က်ဳပ္နားလည္ပါတယ္ဗ်ာ၊ ဦးဘသာက စုန္းမဟုတ္လားဗ်၊ ေဘာလုံးအေၾကာင္း နကန္းတစ္လုံးမွ မသိတဲ့လူကို နည္းျပခန႔္တယ္ဆိုကတည္းက က်ဳပ္တို႔မဟုတ္တာတစ္ခုခုႀကံေနၿပီလို႔ သိပုံရတယ္ဗ်၊ က်ဳပ္တို႔ျဖင့္ လန႔္သြားတာပဲဗ်ာ၊ အေဖကေတာ့ ေခါင္းတညိတ္ညိတ္နဲ႔

“အင္းေလ၊ မင္းတို႔ေကာင္းမယ္ထင္လို႔ လုပ္ၾကတာပဲ၊ ငါဝင္မစြက္ဖက္ပါဘူး”

အေဖ့စကားအရေတာ့ အေဖက ဖလားရေရးသာ အဓိကဆိုၿပီး ဆိုလိုတဲ့ပုံပါပဲဗ်ာ၊ က်ဳပ္တို႔လည္း အဲဒီညက အိပ္ရာေစာေစာဝင္ခဲ့ၿပီး အိပ္ခဲ့ၾကတာေပါ့။

(၄)

မနက္လင္းေတာ့ လွည္းေတြအသင့္ျဖစ္ေနၿပီဗ်၊ လွည္းငါးစီးနဲ႔ ေဘာလုံးအသင္းကိုတင္ေခၚသြားမွာ၊ အေဖနဲ႔ ႐ြာကလူႀကီးတစ္ခ်ိဳ႕လည္း လိုက္ခဲ့တာေပါ့ဗ်ာ၊ ဒါေတာင္မွ႐ြာလုံးကြၽတ္လိုက္ခ်င္ေသးတာဗ်၊ အခုပြဲေတြက သိပ္အေရးမႀကီးတဲ့ပြဲမို႔ အလုပ္ပ်က္ခံၿပီး မလိုက္ၾကတာ။ က်ဳပ္တို႔ေတြ ႐ြာထဲကေန လွည္းနဲ႔ထြက္ေတာ့ ႐ြာသားေတြက လမ္းေဘးကေန က်ဳပ္တို႔ကိုလက္ျပႏႈတ္ဆက္ၾကတယ္ဗ်။ ဒီအခ်ိန္က က်ဳပ္တို႔အတြက္ မ်က္ႏွာပန္းအလွဆုံးအခ်ိန္ေပါ့ဗ်ာ၊ ဖလားရမလားဆိုၿပီးေတာ့ ႐ြာခံေတြက အားကိုးတႀကီးနဲ႔ က်ဳပ္တို႔ကိုၾကည့္ၾကတဲ့အခ်ိန္ေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း ခါးမတ္ ရင္ေကာ့ၿပီးေတာ့ မ်က္ႏွာထားတည္တည္နဲ႔ မသိရင္ စစ္ထြက္သူရဲေကာင္းႀကီးေတြလို မ်က္ႏွာေပးနဲ႔ ထြက္ခဲ့ၾကတာေပါ့။

တိုတိုေျပာရရင္ေတာ့ အဲဒီေန႔က က်ဳပ္တို႔ႏိုင္ခဲ့ပါတယ္ဗ်ာ၊ ဦးဘသာေတာင္ ဘာမွမလုပ္ေပးရပါဘူး၊ ေထာက္ရွာ႐ြာအသင္းကို ငါးဂိုး၊ တစ္ဂိုးနဲ႔ ႏိုင္ခဲ့ေတာ့ ပြဲဦးထြက္လွတယ္ေပါ့ဗ်ာ၊ ၿမိဳင္သာက အေဖနဲ႔သိတဲ့လူေတြအိမ္မွာ အုပ္စုလိုက္ႀကီးတည္းခိုၾကတာေပါ့၊ တည္းတဲ့အိမ္ေတြမေလာက္လို႔ သုံးေလးအိမ္ေလာက္ ခြဲၿပီးတည္းၾကရတယ္။ အုပ္စုအဆင့္ႏိုင္တယ္ဆိုေပမယ့္လည္း အေဖနဲ႔႐ြာလူႀကီးေတြကေတာ့ မ်က္ႏွာေတြၿပဳံးလို႔ေပါ့ဗ်ာ။

ၿပိဳင္ပြဲဝင္ဆယ့္ေျခာက္သင္းက တစ္ရက္ကို မနက္တစ္ပြဲ ညေနတစ္ပြဲကန္တာဆိုေတာ့ ေလးရက္ေလာက္ေနေတာ့ ဆယ့္ေျခာက္သင္းအုပ္စုအဆင့္ၿပီးသြားပါေရာဗ်ာ၊ ၿမိဳင္သာၿမိဳ႕ေပၚမွာလည္း လူေတြစည္ကားလို႔ဗ်၊ ႐ြာေတြ႐ြာေတြက ကိုယ့္အသင္းကိုယ္အားေပးဖို႔ ေရာက္လာၾကတဲ့လူေတြတင္မနည္းပါဘူးဗ်ာ၊ တစ္ခ်ိဳ႕အသင္းေတြက ရႈံးသြားလို႔ျပန္သြားၾကေပမယ့္ တစ္ခ်ိဳ႕အသင္းကေတာ့ ရႈံးသြားေပမယ့္လည္း ေနာက္ပြဲေတြဆက္အားေပးဖို႔ ေနခဲ့တာဆိုေတာ့ လူက တစ္ျဖည္းျဖည္းမ်ားသထက္မ်ားလို႔လာသဗ်။

က်န္တဲ့ရွစ္သင္းကို ႏွစ္သင္းဆီ ဆိုင္းတြဲေတြ တြဲေပးၿပီးကန္တယ္ဗ်၊ အဲဒီရွစ္သင္းထဲကမွ ေလးသင္းပဲက်န္ခဲ့တာေပါ့ဗ်ာ၊ အဲဒီေလးသင္းကေတာ့ ၿမိဳ႕ခံၿမိဳင္သာအသင္းရယ္၊ တန္းျမင့္႐ြာအသင္း၊ က်ဳပ္တို႔ ဇီးကုန္း႐ြာအသင္းနဲ႔ နိဗၺာန္႐ြာအသင္း ေလးသင္းပဲက်န္ခဲ့ေတာ့တယ္၊ က်န္တဲ့ေလးသင္းကေတာ့ ဆီမီးဖိုင္နယ္ ၿပိဳင္ရမွာေပါ့ဗ်ာ၊ အဲဒီထဲကမွ ႏိုင္တဲ့ႏွစ္သင္းကေတာ့ ေနာက္ဆုံးဗိုလ္လုပြဲ ကန္ရမွာေပါ့၊ ကန္ရမယ့္ အသင္းေတြကို မဲႏႈိက္ေ႐ြးခ်ယ္ေတာ့ က်ဳပ္တို႔႐ြာနဲ႔ နိဗၺာန္႐ြာအသင္းနဲ႔ တစ္ပြဲက်သဗ်၊ တန္းျမင့္႐ြာနဲ႔ ၿမိဳ႕ခံ ၿမိဳင္သာအသင္းနဲ႔က တစ္ပြဲေပါ့ဗ်ာ။

ဒီလိုနဲ႔ အစဥ္အလာရွိတဲ့ က်ဳပ္တို႔အသင္းက နိဗၺာန္႐ြာအသင္းနဲ႔ ေတြ႕ၿပီေပါ့ဗ်ာ၊ ႐ြာကလူေတြကလည္း ၿမိဳင္သာကိုလွည္းေတြနဲ႔လာၾကည့္တာဆိုေတာ့ ပြဲကၿမိဳင္တာေပါ့ဗ်ာ၊ နိဗၺာန္႐ြာအသင္းမွာေတာ့ ခ်ိဳတူးတို႔ကိုေတာင္ မေတြ႕ပါဘူးဗ်ာ၊ အဲဒီေန႔က က်ဳပ္တို႔ေတြ တြန္းတြန္းတိုက္တိုက္ကန္ေပမယ့္ ပထမပိုင္းၿပီးတဲ့အထိ ဂိုးမသြင္းႏိုင္ဘဲျဖစ္ေနတယ္ဗ်၊ နိဗၺာန္႐ြာအသင္းကေတာ့ က်ဳပ္တို႔ကို ႏွစ္ဂိုးေတာင္သြင္းထားတာဆိုေတာ့ က်ဳပ္တို႔လည္း ေတာ္ေတာ္စိတ္ဓါတ္က်ေနၿပီေပါ့ဗ်ာ၊ စိတ္ဓါတ္က်ရင္လည္း က်ခ်င္စရာပဲဗ်၊ ဒီေန႔က်မွ က်ဳပ္တို႔အသင္း ဘယ္လိုျဖစ္တယ္မသိဘူးဗ်ာ၊ အခ်ိန္အဆက္ေတြလည္း ျပတ္ေနတယ္၊ အလယ္တန္းကလူက အေရွ႕တန္းမွာ လူရွိတယ္ထင္ၿပီး ကန္တင္ေပးလိုက္ခါမွ ဂိုးသမားဆီတည့္တည့္ ေရာက္သြားတယ္ဗ်။

“ဟာ၊ ကိုျမင့္ ခင္ဗ်ားဘာျဖစ္လို႔ အေရွ႕ကိုကန္ထည့္လိုက္ရတာလဲဗ်”

“ေအးကြာ၊ ငါလည္း အေရွ႕ကိုလွမ္းၾကည့္လိုက္ေတာ့ မင္းအကိုႀကီးေတြ႕တာနဲ႔ ကန္တင္ေပးလိုက္တာကြ၊ ေနာက္ျပန္ၾကည့္ေတာ့ မင္းအကိုႀကီးကိုမေတြ႕ေတာ့ဘူး”

“ဟာဗ်ာ၊ အကိုႀကီးက ကြင္းလယ္နားမွာေလဗ်ာ”

ၿပီးေတာ့တစ္ခ်ီက်ေတာ့ က်ဳပ္လည္း အလယ္တန္းကေန ေဘာလုံးကိုဆြဲယူလာၿပီး အကိုႀကီးကိုလွမ္းေပးလိုက္တယ္၊ အကိုႀကီးက အတင္းေျပးဆြဲသြားေတာ့ နိဗၺာန္႐ြာအသင္းရဲ႕ ေနာက္တန္းေပါက္သြားတယ္ဗ်၊ အကိုႀကီးကဆြဲေျပးရင္ ပင္နယ္တီဧရိယာထဲေရာက္ေတာ့ ဂိုးသမားနဲ႔ႏွစ္ေယာက္တည္းေတြ႕တာဗ်၊ ဂိုးသမားကလည္း ဖမ္းခ်င္ေဇာနဲ႔ေျပးလိုက္ေတာ့ ေခ်ာ္လဲသြားသဗ်ာ၊ ဂိုးေပါက္ႀကီးက တကယ္ကိုအလြတ္ႀကီးျဖစ္သြားေတာ့တာဗ်။

“အကိုႀကီး၊ ကန္လိုက္ေတာ့ သြင္းလိုက္ေတာ့”

အကိုႀကီးလည္း ေဘာလုံးကို အားနဲ႔က်ဳံးၿပီးကန္ထည့္လိုက္တာပဲဗ်ာ၊ ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ ေဘာလုံးက ေရွ႕တည့္တည့္မထြက္ဘဲ ေဘးနားကိုေခ်ာ္ထြက္သြားၿပီးေတာ့ ဂိုးတိုင္ေဘးကေနျဖတ္ၿပီး ဂိုးလြန္ေဘာျဖစ္သြားပါေရာ၊ က်ဳပ္တို႔လည္း အကိုႀကီးကို ဝိုင္းအျပစ္တင္တာေပါ့။ အကိုႀကီးက ေခါင္းတခါခါနဲ႔

“မဟုတ္ဘူးကြ၊ ငါကန္ေတာ့ကန္လိုက္တာပဲ၊ ေဘာလုံးက လိုရာမေရာက္ဘဲ ေခ်ာ္ထြက္သြားတာကြ”

က်ဳပ္တို႔ ဂိုးေပးလိုက္ရတာကိုလည္း ၾကည့္အုံးဗ်ာ၊ နိဗၺာန္႐ြာက ကန္ရင္း ဂိုးလြန္ေဘာျဖစ္သြားေတာ့ က်ဳပ္တို႔ဂိုးသမားက ဖမ္းၿပီး ေနာက္တန္းလူဆီကိုလွမ္းေပးပါေရာဗ်ာ၊ ျဖစ္ခ်င္ေတာ့ ဂိုးသမားေပးလိုက္တဲ့လူက တစ္ဖက္အသင္းက ေရွ႕တန္းကစားသမားျဖစ္ေနတယ္ဗ်ာ၊ ဟိုလူက ဂိုးသမားသတိမမူမိခင္ ဒိုင္းခနဲေျပးလာၿပီးကန္ထည့္လိုက္ေတာ့ ဂိုးထဲကိုတန္းဝင္သြားပါေရာ၊ ဂိုးသမားလည္း ယူက်ဳံးမၾကျဖစ္ေနတယ္ဗ်ာ၊ သူေျပာတာကေတာ့ အဲဒီလူကို က်ဳပ္တို႔အသင္းကလူလို႔ျမင္လို႔ ကန္ေပးလိုက္တာဆိုပဲ။

ဒါနဲ႔ ပထမပိုင္းနားေတာ့ ဦးဘသာက က်ဳပ္ကိုေရလာတိုက္ရင္း

“နိဗၺာန္႐ြာကေတာ့ ထုံးစံအတိုင္းပဲေဟ့”

“ဘာလဲဗ်၊ မဟုတ္မွလြဲေရာ စုန္းပညာေတြသုံးထားလို႔လား”

“သိပ္ေသခ်ာတာေပါ့ကြာ၊ သူတို႔ကစားသမားေတြရဲ႕ လက္ေကာက္ဝတ္မွာ အေဆာင္ေတြဝတ္ထားတယ္ကြ၊ အဲဒီအေဆာင္ေတြေၾကာင့္ သူတို႔ေတြက သာမန္ထက္ပိုၿပီး အေမာခံ သက္လုံေကာင္းေနတာ”

“ဟာဗ်ာ၊ ဒါဆို ဦးဘသာ တစ္ခုခုလုပ္ေပးလို႔မရဘူးလား”

ဦးဘသာက သူ႔ကြမ္းအစ္ကိုယူလိုက္ၿပီးေတာ့ ကြမ္းသီးေတြကို ဆယ္စိတ္၊ ဆယ့္ငါးစိတ္ေလာက္ယူလိုက္ၿပီးေတာ့ ပါးစပ္နားကပ္ၿပီး မန္းမႈတ္လိုက္တယ္ဗ်၊ ၿပီးေတာ့ က်ဳပ္ကို ကြမ္းသီးစိတ္ေတြေပးၿပီးေတာ့

“ေရာ့၊ အဲဒီကြမ္းသီးစိတ္ေတြ တစ္ေယာက္တစ္စိတ္ငုံၿပီးေတာ့သာ ကန္စမ္းကြာ၊ ဒီေကာင္ေတြအေဆာင္က အေစာင့္အၾကပ္ေတြေျပးေအာင္ ငါလုပ္ေပးထားတယ္”

က်ဳပ္လည္း ဦးဘသာေျပာတဲ့အတိုင္း ကြမ္းသီးစိတ္ေတြကို ပါးစပ္ထဲငုံၿပီးေတာ့ ကြင္းထဲျပန္ဝင္လာခဲ့ၾကတယ္ဗ်၊ ဒုတိယပိုင္းမွာေတာ့ က်ဳပ္တို႔လုပ္ရကိုင္ရေကာင္းလာတယ္ဗ်၊ ဒုတိယပိုင္းမွာတင္ပဲ က်ဳပ္တို႔အသင္း ေလးဂိုးသြင္းႏိုင္ခဲ့ၿပီးေတာ့ နိဗၺာန္႐ြာအသင္းကို အႏိုင္ရခဲ့ပါေရာဗ်ာ၊ နိဗၺာန္႐ြာအသင္းက ကစားသမားေတြေတာင္မွ က်ဳပ္တို႔ကိုမေက်နပ္ဘူးဗ်၊ သူတို႔အႏိုင္ရၿပီလို႔ အၿပိဳင္တြက္ထားတဲ့ပုံပဲ၊ က်ဳပ္တို႔လည္း ေပ်ာ္လိုက္တာမွ လြန္ပါေရာဗ်ာ၊ ဒီအတိုင္းဆိုရင္ ဖိုင္နယ္ ဗိုလ္လုပြဲကို က်ဳပ္တို႔တက္ခြင့္ရၿပီေလဗ်ာ။

ပြဲၿပီးလို႔ ဒိုင္လူႀကီးက ခရာမႈတ္လိုက္တာနဲ႔ က်ဳပ္တို႔လည္း ႐ြာကလာအားေပးတဲ့သူအုပ္ထဲကိုေျပးၿပီးေတာ့ ခုန္ေပါက္ၾကတာေပါ့ဗ်ာ၊ အေမဆိုရင္လည္း ေပ်ာ္လို႔ဗ်၊ အေဖ့မ်က္ႏွာႀကီးက ၿဖီးေနတာေတာ့ ေျပာမေနပါနဲ႔ဗ်ာ၊ ပါးစပ္က နား႐ြက္တက္ခ်ိတ္ထားသလား မွတ္ရတယ္တယ္ဗ်၊ အမယ္ က်ဳပ္မရီးကေလး သူ႔သမီးနဲ႔လာအားေပးသဗ်၊ အကိုႀကီးက သူ႔အနားေရာက္ေတာ့ သံပရာရည္ေတြဘာေတြတိုက္ၿပီး နဖူးကေခြၽးေတြကိုေတာင္ သုတ္ေပးေနေလရဲ႕၊ ဘာပဲေျပာေျပာ အကိုႀကီးတို႔လင္မယား အဆင္ေျပေနတာျမင္ေတာ့ က်ဳပ္ဝမ္းသာမိပါတယ္၊

“အေဖေရ၊ ဗိုလ္လုပြဲေရာက္ၿပီဗ်၊ ဗိုလ္လုပြဲႏိုင္ရင္ ေဟာဟိုက ဆုဖလားႀကီးကို က်ဳပ္တို႔ရၿပီ”

“ေအး၊ ရေအာင္သာယူခဲ့စမ္းကြာ၊ ဖလားရလို႔ကေတာ့ ႏိုင္တဲ့အထိမ္းအမွတ္အေနနဲ႔ ႐ြာမွာအလႉလုပ္ပစ္မယ္ကြ”

အေဖက ေႂကြးေၾကာ္ေနေသးတယ္ဗ်ာ၊ က်ဳပ္တို႔ကန္ၿပီး ညေနမွာပဲ တန္းျမင့္႐ြာနဲ႔ ၿမိဳင္သာၿမိဳ႕ခံအသင္းနဲ႔ ကန္ၾကပါေရာဗ်ာ၊ အဲဒီပြဲကလည္း သိပ္ၿပီးၾကည့္လို႔ေကာင္းတာဗ်၊ ၿမိဳင္သာအသင္းရဲ႕ နည္းျပက အရင္တုန္းက တိုင္းနဲ႔ျပည္နယ္အဆင့္အထိကန္ခဲ့ဖူးတဲ့ ေဘာလုံးသမားေဟာင္းဆိုပဲဗ်၊ လက္ရွိၿပိဳင္ပြဲတစ္ေလွ်ာက္လည္း ၿမိဳင္သာအသင္းက ကစားပုံ ကစားနည္းအေတာ္ဆုံးပဲဗ်၊ အခ်ိတ္အဆက္ဆိုရင္လည္း သူတို႔အေကာင္းဆုံးပဲ၊ သူတို႔နဲ႔ယွဥ္ၿပိဳင္ကစားတဲ့အသင္းေတြဆိုရင္ သူတို႔က အ႐ူးလုပ္ထားႏိုင္တာဗ်၊ ေဘာလုံးက သူတို႔အသင္းသားေတြေျခေထာာက္ထဲမွာခ်ည္းပဲဗ်ာ။

က်ဳပ္တို႔လည္း ေရမိုးခ်ိဳး ထမင္းစားၿပီးေတာ့ ၿမိဳင္သာပြဲၾကည့္ဖို႔ ေဘာလုံးကြင္းကိုလာခဲ့တာေပါ့ဗ်ာ၊ အဲဒီေန႔က ေဘာလုံးကြင္းက ထူးထူးဆန္းဆန္း ပြဲၾကည့္ပရိသတ္ေတြနဲ႔ လူျပည့္ေနသဗ်၊ ေဘာလုံးကြင္းပတ္လည္မွာလည္း ေဈးဆိုင္တန္းေတြ၊ ေခါင္း႐ြက္ဗ်က္ထိုး ေဈးသည္ေတြနဲ႔ စည္ကားေနတာပဲ၊ ၿမိဳင္သာတစ္ၿမိဳ႕လုံးက ၿမိဳ႕လုံးကြၽတ္လာအားေပးတယ္လို႔ေတာင္ ထင္ရသဗ်ာ၊ က်ဳပ္တို႔လည္းကြင္းထဲဝင္မယ္ျပင္ေတာ့ ကိုေက်ာ္ဟိုးက က်ဳပ္ေဘးနားကိုေရာက္လာသဗ်၊ ၿပီးေတာ့ ဟိုဟိုဒီဒီၾကည့္ရင္း

“အလတ္ေကာင္၊ မင္းနဲ႔စကားခဏေျပာခ်င္တယ္”

ကိုေက်ာ္ဟိုး႐ုပ္က တစ္ခုခုကိုသိထားတဲ့႐ုပ္ဆိုေတာ့ က်ဳပ္လည္း သူေခၚရာအေနာက္ကိုလိုက္လာခဲ့ရတယ္၊ ကြင္းနဲ႔ခပ္လွမ္းလွမ္းက အေၾကာ္တဲကေလးတစ္ခုထဲဝင္ထိုင္လိုက္ၾကၿပီးေတာ့ ကိုေက်ာ္ဟိုးက ေဘးဘီကိုၾကည့္ေနသဗ်။

“စိတ္ခ်ပါ ကိုေက်ာ္ဟိုးရဲ႕၊ တန္းျမင့္႐ြာပရိသတ္ေတြ အခုအခ်ိန္ေလာက္ဆိုရင္ ကြင္းထဲေရာက္ေနေလာက္ၾကပါၿပီ”

“ေအးကြာ၊ ငါလည္းေျပာမလို႔ကို ရင္တမမပဲကြ”

“ဘာထူးလို႔လဲဗ်”

“ထူးတယ္ကြ၊ တန္းျမင့္႐ြာက အသင္းနည္းျပက သူတို႔႐ြာကမဟုတ္ဘူးကြ၊ သူမ်ားေျပာတာကေတာ့ ေတာင္ညိဳ႐ြာဘက္က ပညာသည္အဘိုးႀကီးတဲ့ကြ”

“ဗ်ာ”

“ေအး၊ ဒါတင္ဘယ္ကမလဲ၊ အခုပြဲလည္း သူတို႔ႏိုင္မွာပဲတဲ့ကြာ၊ ေနာက္ၿပီးေတာ့ သူတို႔ကလည္း အစီအရင္ေတြလုပ္ဖို႔ ႀကံထားၾကတယ္၊ တကယ္လို႔ တန္းျမင့္႐ြာသာႏိုင္ရင္ တို႔႐ြာနဲ႔ ဗိုလ္လုပြဲမွာ ေတြ႕ၿပီမဟုတ္လား”

“ဘယ္လိုအစီအရင္လုပ္ထားတာလဲဗ်”

“ဒီလိုကြ၊ ဟိုေန႔က လက္ဖက္ရည္ဆိုင္ထိုင္ရင္း ဒီေကာင္ေတြေျပာတာကေတာ့ တို႔႐ြာနဲ႔မၿပိဳင္ခင္၊ ဗိုလ္လုပြဲမစခင္ညမွာ သူတို႔က ေဘာလုံးကြင္းေစာင့္ကို လဘ္ထိုးၿပီးေတာ့ ကြင္းထဲကိုညဘက္ဝင္မတဲ့ကြ”

က်ဳပ္လည္း မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။

“ကြင္းထဲဝင္ၿပီးေတာ့ ဘာလုပ္မလို႔လဲဗ်”

“ဟာကြာ၊ ဘာလုပ္ရမွာလဲကြ၊ မေကာင္းတဲ့အစီအရင္ေတြကို ျမႇဳပ္ဖို႔ စီရင္ဖို႔ေပါ့ကြာ၊ ၿပီးေတာ့ အရင္ႏွစ္ကလို တိုး႐ုပ္ႀကီးလည္း ယူလာေသးသကြ၊ အ႐ုပ္ႀကီးက မည္းတူးေနတာပဲကြာ၊ လက္သည္းရွည္ေတြနဲ႔ အစြယ္ႀကီးေတြနဲ႔ကြ၊ မနက္ခင္းျမင္တာနဲ႔တင္ ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတယ္လို႔ ငါ့ကိုေျပာတယ္ကြ”

“ခင္ဗ်ားဒါကို ဘယ္လိုသိတာလဲ”

“ဘယ္လိုသိရမွာလဲဟ၊ ခုေဘာလုံးအသင္းထဲမွာ ငါ့မိန္းမရဲ႕ ေမာင္အရင္း၊ ငါ့ေယာက္ဖအငယ္ဆုံးတစ္ေယာက္ပါတယ္ေလကြာ၊ သူတို႔အခ်င္းခ်င္းတိုင္ပင္ေနတာကို ငါၾကားတာနဲ႔ မင္းကိုေျပာမယ္ဆိုၿပီး ေစာင့္ေနတာပဲေဟ့၊ အဲဒါမင္းတို႔လည္း တစ္ခုခုလုပ္ထားေနာ္၊ ကဲ ငါသြားၿပီ၊ ငါအၾကာႀကီးေပ်ာက္ေနတာကို လူေတြသတိထားမိသြားရင္ မေကာင္းဘူးကြ”

ကိုေက်ာ္ဟိုးက အေၾကာ္ေတာင္မစားႏိုင္ဘဲနဲ႔ ဆိုင္ထဲကေန ထလစ္သြားပါေရာဗ်ာ၊ က်ဳပ္လည္း အေၾကာ္မယူေတာ့ဘဲ ဆိုင္ထဲကေနျပန္ထြက္ခဲ့တယ္၊ ဒီအေၾကာင္းေတြကို ဦးဘသာကို သြားေျပာမွျဖစ္မွာဗ်၊ ဒါနဲ႔ကြင္းထဲကိုဝင္ၿပီး ဦးဘသာကိုရွာရတာေပါ့ဗ်ာ။ က်ဳပ္တို႔လို ေဘာလုံးကစားသမားေတြက အထူးအခြင့္အေရးရတယ္ဗ်၊ အဲဒါကေတာ့သစ္သားနဲ႔ေဆာက္ထားတဲ့ ပြဲၾကည့္စင္ႀကီးအေပၚကေန ၾကည့္လို႔ရတာပါပဲ၊ က်န္တဲ့လူေတြကေတာ့ ေဘာလုံးကြင္းေဘးကေနပဲ မတ္တပ္ရပ္ၿပီးအားေပးရတာေပါ့ဗ်ာ၊ ပြဲၾကည့္စင္ေပၚကိုတက္ၿပီး ဦးဘသာကိုလိုက္ရွာေပမယ့္ လုံးဝမေတြ႕ဘူးဗ်ာ၊ ကြင္းထဲလည္း လူေတြျပည့္ေနတာဆိုေတာ့ ဦးဘသာတစ္ေယာက္ ဘယ္ေရာက္ေနမွန္းမသိပါဘူး။

ဒီအခ်ိန္ ကြင္းထဲကိုက်ဳပ္လွမ္းၾကည့္လိုက္မိတယ္၊ အေပၚက စပို႔ရွပ္ဝတ္ထားၿပီးေတာ့ ေအာက္က ေဘာင္းဘီရွည္ဝတ္ထားတဲ့လူႀကီးတစ္ေယာက္က ကြင္းေဘးနားကၾကည့္ၿပီး လက္ညႇိဳးတထိုးထိုးနဲ႔ ေအာ္ဟစ္အမိန႔္ေပးေနသဗ်။ ဒီလူႀကီးကိုက်ဳပ္မျမင္ဖူးပါဘူးဗ်ာ၊ ေသခ်ာတာကေတာ့ ကိုေက်ာ္ဟိုးေျပာတဲ့ ေအာက္လမ္းဆရာႀကီးဆိုတာပဲ ျဖစ္မွာဗ်။ သူလက္ညႇိဳးထိုးေနတာကိုၾကည့္ၿပီး ဘာရယ္မဟုတ္ပဲနဲ႔ က်ဳပ္ေတာင္မွၾကက္သီးေတြထလာသဗ်ာ။

ပြဲကစားၿပီး နာရီဝက္ေလာက္ရွိတဲ့အခါ ၿမိဳင္သာအသင္းက ေတာ္ေတာ္ေျခပ်က္လာတယ္ဗ်၊ လုပ္ခ်င္သလိုလုပ္၊ ကန္ခ်င္သလိုကန္ေတြျဖစ္ေနတာပဲဗ်ာ၊ ပထမပိုင္း ပြဲမၿပီးခင္မွာပဲ ၿမိဳင္သာအသင္းရဲ႕ေနာက္ခံလူတစ္ေယာက္က ကိုယ့္ဂိုးကိုယ္ ေခါင္းတိုက္ၿပီးသြင္းလိုက္ေရာဗ်ာ၊ ၿမိဳင္သာပရိသတ္ေတြဆိုရင္ ဆဲလိုက္ၾကတာ ေျပာမေနပါနဲ႔ေတာ့။ ေနာက္ေတာ့ ဒုတိယပိုင္းဆက္ကန္ေတာ့လည္း ေတာ္ေတာ္ေျခပ်က္လာသဗ်၊ အဆိုးဆုံးကေတာ့ ၿမိဳင္သာအသင္းက ေဘာလုံးပိုင္ဆိုင္မႈမ်ားတယ္၊ ဂိုးသြင္းခြင့္ေတြ အမ်ားႀကီးရတယ္ဆိုေပမယ့္ ဂိုးမသြင္းႏိုင္ပဲ ဂိုးေပါက္ေပ်ာက္ေနတာပဲဗ်ာ။ တန္းျမင့္႐ြာကစားသမားေတြကေတာ့ တစ္ခုခုသိတယ္ထင္ပါရဲ႕ဗ်ာ ေအးေအးလူလူကိုေဆာ့ေနတာပါပဲ၊

ေနာက္ေတာ့ ၿမိဳင္သာအသင္းက လူစားလဲတယ္ဗ်၊ အဲဒီမွာ အသားျဖဴျဖဴနဲ႔လူတစ္ေယာက္ ဝင္ကန္ေတာ့တာပဲ၊ ဒီလူဝင္ၿပီး မၾကာပါဘူးဗ်ာ၊ ၿမိဳင္သာအသင္းက တန္းျမင့္အသင္းကို တစ္ဂိုးျပန္သြင္းလိုက္ေရာဗ်ိဳ႕၊ ၿမိဳ႕ခံေတြဆို ေအာ္ဟစ္ၿပီးေတာ့ အားေပးလိုက္ၾကရတာဗ်ာ၊ တန္းျမင့္႐ြာက ကစားသမားေတြေတာ့ မ်က္ႏွာေတြပ်က္ေနသဗ်။ ေနာက္ဆယ္မိနစ္ေလာက္ၾကာေတာ့ ဒီလူကပဲ ေနာက္တစ္ဂိုးထပ္သြင္းသဗ်၊ ဒီအတိုင္းဆိုရင္ေတာ့ ၿမိဳင္သာအသင္းႏိုင္ေလာက္တယ္၊ ဒါေပမယ့္ တန္းျမင့္႐ြာကငွားထားတဲ့ ေအာက္လမ္းဆရာႀကီးကိုလည္း ေၾကာက္ရေသးတယ္၊ က်ဳပ္ျဖင့္ ေဘာလုံးပြဲသာၾကည့္ရတယ္ စိတ္တထင့္ထင့္ပါပဲဗ်ာ။

ဒီလူက ဂိုးသြင္းၿပီးလို႔ ေအာင္ပြဲခံၿပီး ကြင္းလယ္ကိုျပန္ေျပးအလာမွာ သူ႔အလိုလိုေျခေခါက္လဲတာပါပဲဗ်ာ၊ ေျခေခါက္လဲတာကလည္း ေတာ္ေတာ္ဆိုးသဗ်၊ ဘယ္ဖက္ေျခေထာက္တစ္ခုလုံးက လည္ထြက္သြားတာဗ်ာ၊ ေဆးအဖြဲ႕ေတြဝင္လာၿပီးေတာ့ ဒီလူကိုသယ္သြားၾကရတယ္၊ သူ႔ေျခေထာက္က ေျပးဖို႔မေျပာနဲ႔လမ္းေတာင္မေလွ်ာက္ႏိုင္ေတာ့ဘဲ နာလြန္းလို႔ ေျခေထာက္ကိုင္ၿပီး တအားအားနဲ႔ေအာ္ေနပါေရာဗ်ာ၊ သူ႔အလိုလိုျဖစ္တယ္ဆိုေတာ့လည္း ဘယ္သူ႔ကိုမွ စြပ္စြဲလို႔မရဘူးမဟုတ္လား၊ ဒါေပမယ့္ က်ဳပ္က တန္းျမင့္႐ြာက နည္းျပကိုလွမ္းၾကည့္ေတာ့ ဒီလူႀကီးက ခပ္ၿပဳံးၿပဳံးနဲ႔ဗ်၊ သူ႔အၿပဳံးက ေၾကာက္စရာႀကီးဗ်ာ။

ဒုတိယပိုင္း ၿပီးခါနီးက်ေတာ့မွ တန္းျမင့္႐ြာက ဂိုးႏွစ္လုံးဆက္တိုက္သြင္းၿပီးေတာ့ ေနာက္ဆုံး ၿမိဳင္သာအသင္းကိုႏိုင္သြားပါေလေရာ၊ ၿမိဳင္သာအသင္းပရိသတ္ေတြဆို ေတာ္ေတာ္ပြဲဆူကုန္လို႔ ၿမိဳ႕ခံေတြက ထိန္းထားၾကရသဗ်ာ၊ ပြဲစဥ္တစ္ေလွ်ာက္လုံး ကစားပုံအေကာင္းဆုံးနဲ႔ ႏိုင္လာတဲ့အသင္းက အခုမွထြက္ရတယ္ဆိုေတာ့ ႏွေျမာဖို႔ေတာ့ ေကာင္းတာေပါ့ဗ်ာ၊ တစ္ဖက္က တန္းျမင့္႐ြာအသင္းကိုၾကည့္လိုက္ေတာ့လည္း ႏိုင္မယ္မွန္းသိလို႔ေနမယ္ဗ်၊ သိပ္ၿပီး တြန္းတြန္းတိုက္တိုက္မကစားၾကဘူး၊ က်ဳပ္တို႔အသင္းေလာက္ေတာင္မွ ေျခရည္မရွိဘူးဆိုတာ က်ဳပ္သိလိုက္ပါတယ္။ ဒါနဲ႔ ပြဲၿပီးေတာ့ က်ဳပ္တို႔တည္းတဲ့အိမ္ကိုျပန္လာခဲ့တာေပါ့ဗ်ာ၊ ဦးဘသာကေတာ့ အိမ္ေရွ႕မွာထိုင္ရင္း ကြမ္းၿမဳံ႕ေနသဗ်။

“ေၾသာ္၊ ဦးဘသာက ဒီေရာက္ေနတာကိုး၊ က်ဳပ္ျဖင့္ ရွာလိုက္ရတာ”

“ဘာျဖစ္လို႔လဲကြ”

က်ဳပ္လည္း ဦးဘသာေဘးကိုဝင္ထိုင္ရင္း ေဘးဘီကိုၾကည့္လိုက္တယ္၊ က်ဳပ္တို႔တည္းတဲ့အိမ္ကလူေတြ အိမ္အျပင္ကိုသြားေနပုံရတယ္၊ က်န္တဲ့လူေတြကလည္း ေဘာလုံးပြဲၾကည့္ၿပီး အိမ္အျပန္မွာ တစ္ေနရာရာဝင္ၿပီး စားေသာက္ေနတဲ့ပုံပဲဗ်။

“ဦးဘသာ တိုး႐ုပ္ဆိုတာ ဘယ္လိုအ႐ုပ္ကိုေခၚတာလဲဗ်”

ဦးဘသာက က်ဳပ္ကိုေတာင္လွည့္မၾကည့္ဘဲ

“ေအာက္လမ္းဆရာေတြ၊ စုန္းေတြက သရဲေတြေမြးေလ့ရွိတယ္မဟုတ္လား၊ အဲဒီအထဲက တိုးဆိုတဲ့သရဲကေတာ့ ႐ိုး႐ိုးသရဲေတြနဲ႔မတူဘဲ သူက စုန္းပညာတတ္တဲ့ ကေဝတစ္ေကာင္ရဲ႕သရဲခိုေအာင္းေနတဲ့အ႐ုပ္ေပါ့ကြာ၊ ေနပါအုံး မင္းက ဘယ္ကၾကားလာျပန္တာလဲ”

“ဒါဆို အဲဒီတိုး႐ုပ္က ေတာ္ေတာ္စြမ္းတာေပါ့ေနာ္”

“ေအးေပါ့ကြ၊ တိုးေမြးတဲ့ပညာသည္ကလည္း ေတာ္႐ုံပညာတတ္႐ုံနဲ႔မရဘူးကြ၊ ေမြးတဲ့လူ ပညာနိမ့္ရင္ တိုး႐ုပ္က ေမြးတဲ့သူကိုျပန္ျပဳစားတတ္တယ္ကြ၊ ၿပီးေတာ့ ေမြးတယ္ဆိုတဲ့အတိုင္းပဲ ထမင္းခ်ိန္တန္ထမင္း၊ ဟင္းခ်ိန္တန္ဟင္း ေႂကြးေမြးၿပီးေတာ့ သက္ရွိလူတစ္ေယာက္လို ေမြးရတယ္ဆိုပဲ၊ စြမ္းတာကေတာ့ ကိုယ္ေမြးထားတဲ့ တိုးက ပညာထက္ရင္ ထက္သေလာက္ စြမ္းတာေပါ့”

“ဒါဆိုရင္ေတာ့ ဒီႏွစ္က်ဳပ္တို႔ဖလားရႏိုင္ေတာ့မယ္မထင္ဘူးဗ်”

က်ဳပ္ေျပာေတာ့မွ ဦးဘသာက်ဳပ္ကိုလွည့္ၾကည့္ၿပီး

“အဲဒီတိုးနဲ႔ ဖလားနဲ႔ဘာဆိုင္လို႔လဲကြ”

“ဆိုင္တာေပါ့ဗ်ာ၊ အခုတန္းျမင့္႐ြာက တိုး႐ုပ္သယ္လာတယ္ေျပာတယ္၊ က်ဳပ္တို႔နဲ႔မကစားခင္ညမွ ဒီကြင္းထဲကိုဝင္ၿပီးေတာ့ တိုးေကာင္ျမႇဳပ္မယ္လို႔ သတင္းရထားတယ္”

ဦးဘသာ နည္းနည္းေတာ့ ထိတ္လန႔္သြားတဲ့ပုံပဲဗ်။

“ေနပါအုံး၊ မင္းသတင္းက ေသခ်ာလို႔လားကြ”

“ဟုတ္ပါတယ္ဆိုမွဗ်ာ၊ ကိုေက်ာ္ဟိုးကိုယ္တိုင္လာေျပာတာဗ်၊ ကိုေက်ာ္ဟိုးေယာက္ဖအငယ္ဆုံးက အခုေဘာလုံးအသင္းထဲပါတယ္ဆိုပဲ၊ သူ႔ဆီကေန ဒီသတင္းရတာ၊ ေနာက္ၿပီးေတာ့ သူေျပာပုံအရ မႏွစ္ကလည္း က်ဳပ္တို႔အသင္းရႈံးေအာင္လို႔ တိုးေကာင္နဲ႔လုပ္တယ္လို႔ေျပာတာပဲ”

ဦးဘသာက မုတ္ဆိတ္ေမႊးေတြ က်ိဳးတိုးက်ဲတဲေပါက္ေနတဲ့ သူ႔ေမးေစ့ကိုပြတ္သပ္ေနရင္း

“ဒါဆိုရင္ေတာ့ ငါတို႔တားမွျဖစ္မယ္ကြ”

“လုပ္မွဗ်ိဳ႕၊ အခုပြဲမွာလည္း သူတို႔မဟုတ္တာလုပ္ထားတယ္ ဦးဘသာ၊ ၿမိဳင္သာအသင္းက တန္းျမင့္႐ြာအသင္းထက္ ဆယ္ဆေလာက္ပိုၿပီး ေျခသာတာဗ်၊ အခုေတာ့ ရႈံးတာပဲမဟုတ္လား၊ ဒီပြဲကို ဦးဘသာကိုလိုက္ၾကည့္ေစခ်င္တယ္ဗ်ာ”

“ေနပါအုံးကြ၊ ေတာင္ညိဳ႐ြာက ပညာသည္ဆိုေတာ့ ဘယ္သူမ်ားလဲ”

“က်ဳပ္လည္း မသိပါဘူးဗ်ာ၊ ဗိုက္ပူပူ၊ အသားမည္းမည္းနဲ႔ အသက္ငါးဆယ္ေလာက္ေတာ့ ရွိမယ္ထင္တာပဲ”

ဦးဘသာက ေခါင္းညိတ္ရင္း

“ငါသိၿပီ၊ ဒီေကာင့္နာမည္ ခင္ႀကိဳင္တဲ့ကြ၊ ေတာင္ညိဳ႐ြာသား ပညာသည္ေပါ့ကြ”

“အဲဒီလူကို အခုတန္းျမင့္႐ြာက နည္းျပခန႔္ထားသဗ်”

“ဗိုလ္လုပြဲစခင္ဆိုေတာ့ မနက္ျဖန္ညေပါ့ကြ၊ ဗိုလ္လုပြဲမတိုင္ခင္ တစ္ရက္နားတယ္မဟုတ္လား”

“က်ဳပ္တို႔ ဘယ္လိုလုပ္ၾကမလဲဦးဘသာ”

“ဘယ္လိုလုပ္ရမလဲကြ၊ သူတို႔ကြင္းထဲမေရာက္ခင္ ငါတို႔ရေအာင္တားရမွာေပါ့၊ မနက္ျဖန္ညေတာ့ အားေအာင္လုပ္ထားအလတ္ေကာင္ေရ”

က်ဳပ္လည္း ေခါင္းညိတ္လိုက္ေတာ့တယ္ဗ်ာ။

(၅)

“ဒီႏွစ္လည္း တန္းျမင့္႐ြာပဲရမွာပဲေအ”

“ဟုတ္ပါ့၊ က်ဳပ္တို႔ၿမိဳ႕ခံအသင္းကိုေတာင္ႏိုင္တယ္ဆိုတာ နည္းသလားေတာ့”

ၿမိဳ႕ခံလူေတြၾကားထဲမွာ ဒီသတင္းက ေရပန္းစားေနတာေပါ့ဗ်ာ၊ မႏွစ္ကလည္း တန္းျမင့္႐ြာပဲ ရထားတာဆိုေတာ့ ဒီနစ္လည္းရၿပီလို႔ထင္ေၾကးေပးၾကတာေပါ့၊ တန္းျမင့္႐ြာသားေတြကေတာ့ ေဆာင့္ႂကြားႂကြားနဲ႔ ေျမနဲ႔ေျခနဲ႔ေတာင္ မထိဘူးထင္ပါတယ္ဗ်ာ၊ က်ဳပ္တို႔တည္းခိုတဲ့အိမ္ရွင္က က်ဳပ္တို႔ကိုဧည့္ခံခ်င္လို႔ဆိုၿပီးေတာ့ ၿမိဳ႕လယ္က တ႐ုတ္စားေသာက္ဆိုင္မွာလိုက္ေကြၽးသဗ်၊ က်ဳပ္တို႔တစ္သင္းလုံးလည္း ေပ်ာ္႐ႊင္ၿပီးလာခဲ့တာေပါ့ဗ်ာ၊ မထင္မွတ္ဘဲ ဆိုင္အဝင္ဝေရာက္ေတာ့ တန္းျမင့္႐ြာက ေဘာလုံးသမားေတြနဲ႔ သြားေတြ႕သဗ်၊ က်ဳပ္တို႔ဆိုင္ထဲဝင္လာေတာ့ သူတို႔က ဆိုင္ထဲမွာထိုင္ေတာင္ထိုင္ေနၿပီဗ်။

က်ဳပ္တို႔ဝင္လာတာေတြ႕ေတာ့ တန္းျမင့္႐ြာအသင္းေခါင္းေဆာင္က ထိုင္ခုံကေနဆတ္ခနဲထၿပီးေတာ့

“ေတာ္ၿပီေဟ့၊ အရႈံးသမားေတြလာၿပီ၊ ငါတို႔က အရႈံးသမားေတြနဲ႔အတူတူေတာ့ ထိုင္မစားႏိုင္ဘူး”

က်ဳပ္လည္း လက္သီးဆုပ္လိုက္တယ္၊ သူတို႔လူတစ္သိုက္ထြက္သြားဖို႔လုပ္ေတာ့ အကိုႀကီးက သူတို႔အေရွ႕မွာပိတ္ရပ္ၿပီးေတာ့

“ေဟ့ေကာင္ မင္းကဘာစကားေျပာတာလဲကြ”

“အရႈံးသမားေတြမို႔လို႔ အရႈံးသမားလို႔ေခၚတာေလကြာ၊ ဘာလဲမင္းကမေက်နပ္ဘူးလား”

ကိုျမင့္ကထြက္လာၿပီး အကိုႀကီးရင္ဘတ္ကိုလက္နဲ႔ထိမ္းတယ္ဗ်၊ ဒါကို တန္းျမင့္႐ြာသားေတြ သူတို႔အသာရၿပီဆိုၿပီးေတာ့

“မင္းတို႔ဇီးကုန္း႐ြာသားေတြ ငါတို႔႐ြာကိုဘယ္တုန္းက ႏိုင္ခဲ့ဖူးလို႔လဲကြ၊ မႏွစ္ကလည္း အရႈံးႀကီးရႈံးခဲ့တာပဲမဟုတ္လား၊ အခုလည္း ဗိုလ္လုပြဲကို ပင္ပင္ပန္းပန္း ကန္မေနစမ္းပါနဲ႔ကြာ၊ အခ်ိန္တန္ရင္ မင္းတို႔ရႈံးမွာပဲကြ၊ ဒီဖလားက ငါတို႔အတြက္ပဲ ဟား၊ ဟား”

အသင္းေခါင္းေဆာင္ရယ္ေတာ့ တစ္သင္းလုံးက လိုက္ရယ္ၾကတယ္ဗ်၊ က်ဳပ္တို႔လည္း ေဒါသေတြထြက္လိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊

“ေဟ့၊ မင္းတို႔အရႈံးသမားေတြ ဆိုင္ထဲက ျမန္ျမန္ထြက္သြားၾကစမ္းကြာ၊ ဒီလိုဆိုင္က မင္းတို႔လိုအရႈံးသမားေတြနဲ႔တန္လို႔လားကြာ၊ ကိုယ့္အဆင့္ကိုယ္သိၿပီး လမ္းေဘးသစ္ပင္ေအာက္က ဆိုင္မွာသြားစားစမ္းပါ”

က်ဳပ္ေျပာေတာ့ အသင္းေခါင္းေဆာင္က ရွႈးရွႈးရွဲရွဲျဖစ္သြားတယ္။

“ေခြးေကာင္ မင္းဘာေျပာတာလဲ”

“ဟုတ္တယ္ေလဗ်ာ၊ ရႈံးတဲ့လူက ထြက္ရတာထုံးစံပဲ၊ အခုလည္း ခင္ဗ်ားတို႔ထြက္ေတာ့မယ္ဆိုေတာ့ ခင္ဗ်ားတို႔ရႈံးၿပီေပါ့မဟုတ္ဘူးလား၊ ၿပီးေတာ့လည္း ေျပာလိုက္ပါအုံးမယ္ဗ်ာ၊ ဆယ္ႏွစ္ဆက္တိုက္ က်င္းပလာတဲ့ၿပိဳင္ပြဲမွာ ခင္ဗ်ားတို႔႐ြာက ဖလားတစ္ခါပဲရဖူးေသးတာပါဗ်၊ တစ္ႏွစ္ေလာက္ရဖူးတာနဲ႔ ႏွစ္တိုင္းရမယ္လို႔ထင္ေနရင္ မွားမွာေပ့ါ”

အသင္းေခါင္းေဆာင္က ေဒါသထြက္ထြက္နဲ႔

“ေအး၊ အဲဒီဖလားကိုေတာင္ မင္းတို႔တစ္ႏွစ္ေလာက္ရဖူးလို႔လားကြ”

“ရေတာ့မွာပါဗ်ာ၊ ေစာင့္ၾကည့္လိုက္စမ္းပါ၊ ဒီႏွစ္ေတာ့ ၿမိဳင္သာဖလားကို က်ဳပ္တို႔႐ြာအေရာက္ သယ္သြားမွာပါဗ်”

“ေအးပါ၊ ငါတို႔ေစာင့္ၾကည့္ေနပါ့မယ္ကြ၊ ဟင္း၊ ဟင္း”

အသင္းေခါင္းေဆာင္က သူတို႔မွာဝွက္ဖဲရွိတဲ့ပုံစံမ်ိဳးနဲ႔ က်ဳပ္တို႔ကိုမခန႔္ေလးစားလုပ္ၿပီး ထြက္သြားပါေရာဗ်ာ။ ကိုျမင့္က က်ဳပ္အနားကပ္လာၿပီးေတာ့

“ဒီေကာင္ေတြက သိပ္ေသခ်ာေနပါလားကြ၊ ဒီအတိုင္းဆိုရင္ မႏွစ္ကလို ကလိမ္ကက်စ္က်ၿပီး ေအာက္လမ္းနည္းနဲ႔လုပ္ရင္ ဘယ္လိုလုပ္ၾကမလဲ”

“မပူပါနဲ႔ဗ်ာ၊ က်ဳပ္တို႔ဘက္မွာ ဦးဘသာရွိပါတယ္ဗ်၊ ခင္ဗ်ားတို႔ စိတ္မပူပါနဲ႔”

ဒီလိုနဲ႔ ညဘက္ကိုေရာက္လာခဲ့တာေပါ့ဗ်ာ၊ ညေနေစာင္းၿပီးမၾကာခင္မွာပဲ ဦးဘသာက က်ဳပ္ကိုေခၚတယ္။

“အလတ္ေကာင္ေရ၊ ေျခာက္နာရီထိုးၿပီဆိုေတာ့ သြားၾကစို႔ေဟ့”

“မေစာလြန္းဘူးလားဗ်၊ က်ဳပ္အထင္ ဒီလူေတြ ညသန္းေခါင္ေလာက္မွ သြားမယ္ထင္တာပဲ”

ဦးဘသာက ေခါင္းခါရင္း

“မဟုတ္ဘူးကြ၊ တိုး႐ုပ္ဆိုတာက ညခုနစ္နာရီမွာ ျမႇဳပ္ႏွံၿပီးစီရင္ရသကြ၊ အခုေျခာက္နာရီထိုးၿပီဆိုေတာ့ ငါတို႔လမ္းေလွ်ာက္မွာနဲ႔ဘာနဲ႔ဆိုရင္ ေျခာက္နာရီဆယ့္ငါးေလာက္ဆိုရင္ ကြင္းနားေရာက္ၿပီ၊၊ ဒီေကာင္ေတြလာမယ့္အခ်ိန္ကို အသာေစာင့္တာေပါ့ကြာ”

ဒါနဲ႔ က်ဳပ္နဲ႔ဦးဘသာလည္း အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ထြက္ခဲ့ၾကပါေရာဗ်ာ၊ ေဘာလုံးကြင္းအနားမွာေတာ့ လူကရွင္းေနၿပီဗ်၊ ေဘာလုံးကြင္းက ၿမိဳ႕စြန္နားမွာ ရွိတာကိုးဗ်ာ၊ ေတာၿမိဳ႕ကကြင္းဆိုေတာ့လည္း ၿခံစည္း႐ိုးေတြဘာေတြမခတ္ထားပါဘူး၊ သံဆူးႀကိဳးေတြ ပတ္လည္ကာ႐ုံကာထားတာပါ၊ က်ဳပ္နဲ႔ဦးဘသာလည္းး ကြင္းေဘးျမက္ေတာထဲကေန ပုန္းေအာင္းလာရင္း အေျခအေနကိုျ္ကည့္ေနတယ္၊ ေဘာလုံးကြင္းေဘးနားမွာ တစ္ထပ္အိမ္ကေလးတစ္လုံးရွိၿပီးေတာ့ အဲဒီမွာ ေဘာလုံးကြင္းေစာင့္မိသားစုေတြ ေနထိုင္ၾကတယ္ဗ်၊

ဦးဘသာက သံဆူးႀကိဳးကိုအသာဟေပးေတာ့ က်ဳပ္လည္းတိုးခဲ့ရတာေပါ့ဗ်ာ၊ ကြင္းထဲေရာက္ေတာ့ ပြဲၾကည့္စင္ႀကီးအေနာက္နားမွာ ပုန္းေအာင္းေနလိုက္ၾကတာေပါ့ဗ်ာ၊ ခုနစ္နာရီေတာင္မထိုးေသးေပမယ့္ အေမွာင္ထုက ဖုံးလာၿပီဗ်၊ ေနာက္ေတာ့ ေဘာလုံးကြင္းတံခါးအနားမွာ မီးေရာင္ကေလး တလက္လက္ေတြ႕တာနဲ႔ က်ဳပ္တို႔လည္းပုန္းေအာင္းေနလိုက္တာေပါ့ဗ်ာ၊ ထင္တဲ့အတိုင္းပါပဲဗ်ာ၊ ေဘာလုံးကြင္းေစာင့္က အေရွ႕ကဝင္လာၿပီးေတာ့ အေနာက္ကေန တန္းျမင့္္႐ြာက အသင္းေခါင္းေဆာင္ ထြန္းတင္ရယ္၊ ေနာက္ၿပီးေတာ့ ခင္ႀကိဳင္ဆိုတဲ့ ေအာက္လမ္းဆရာႀကိးရယ္ ေရာက္လာပါေရာ၊ သူတို႔လက္ထဲမွာလည္း ဂုန္နီအိတ္တစ္လုံးကို ကိုင္ထားသဗ်၊ ထြန္းတင္က အိတ္ထဲက ပိုက္ဆံေတြထုတ္ေပးလိုက္ေတာ့ ကြင္းေစာင့္က ျပန္ထြက္သြားပါေရာဗ်ာ၊ သူတို႔ႏွစ္ေယာက္လည္း ကြင္းအလယ္ေလာက္ကိုေလွ်ာက္လာၾကတယ္၊ က်ဳပ္နဲ႔ဦးဘသာက ပြဲၾကည့္စင္ေပၚကဆိုေတာ့ ဒီလူေတြလုပ္သမွ်ကို အတိုင္းသားျမင္ေတြ႕ေနရတာေပါ့ဗ်ာ။

ကြင္းလယ္ေရာက္ေတာ့ ထြန္းတင္က ဂုန္နီအိတ္ထဲက ေပါက္ျပားအတိုကေလးတစ္လက္ကိုထုတ္လိုက္သဗ်၊ ၿပီးတာနဲ႔ ကြင္းလယ္ေခါင္ကို တူးေတာ့တာပဲဗ်ာ၊ တူးလို႔ေတာ္ေတာ္ေရာက္ေတာ့ ဦးဘသာက က်ဳပ္ကိုလက္ကုပ္ၿပီး ကြင္းထဲဆင္းသြားတာနဲ႔ သူ႔အေနာက္ကလိုက္ခဲ့ပါေရာ၊ ဟိုလူႏွစ္ေယာက္က သူ႔အာ႐ုံနဲ႔သူဆိုေတာ့ က်ဳပ္တို႔လာတာကို သတိထားမိပုံမရဘူးဗ်။

“ေတာ္ၿပီေဟ့ထြန္းတင္”

ဦးခင္ႀကိဳင္က ေျပာဆိုၿပီးေတာ့ ဂုန္နီအိတ္ထဲက တိုး႐ုပ္ကိုဆြဲထုတ္သဗ်၊ တိုး႐ုပ္က ႏွစ္ေတာင္ေလာက္ရွိတယ္ဗ်၊ ကိုေက်ာ္ဟိုးေျပာတဲ့အတိုင္း လက္သည္းရွည္ရွည္ႀကီးေတြနဲ႔ မီးေသြးတုံးႀကီးလို မည္းတူးေနတာပါပဲဗ်ာ၊ မ်က္လုံးႏွစ္လုံးကေတာ့ ျဖဴျဖဴႀကီးနဲက အျပဴးသားဗ်။

“ေဟ့လူေတြ၊ ခင္ဗ်ားတို႔ ဘာေတြတူးေနၾကတာလဲ၊ ေ႐ႊေတြေငြေတြက ဒီေဘာလုံးကြင္းထဲရွိမလားဗ်”

ဦးဘသာက ေအာ္ရင္း အေရွ႕တိုးသြားေတာ့ ဒီလူႏွစ္ေယာက္က ဦးဘသာနဲ႔က်ဳပ္နဲ႔ကို တအံ့တၾသနဲ႔ၾကည့္ေနၾကပါေရာဗ်ာ။

“ခင္၊ ခင္ဗ်ားတို႔ ဘာလာလုပ္တာလဲ”

“ေအာင္မာ အဲဒီေမးခြန္းကို ငါတို႔ကေမးရမွာကြ၊ မင္းတို႔ႏွစ္ေယာက္ ကြင္းလယ္ေခါင္ထဲ ဘာလုပ္ေနၾကတာတုန္းကြ”

သူတို႔ဘာမွမေျပာႏိုင္ေတာ့ဘူးေပါ့ဗ်ာ၊ ဦးခင္ႀကိဳင္က သူ႔လက္ထဲကိုင္ထားတဲ့ တိုး႐ုပ္ရဲ႕ေက်ာကို လက္နဲ႔တဘုန္းဘုန္းပုတ္ၿပီးေတာ့

“တိုးေကာင္ေရ၊ ဒီလူႏွစ္ေယာက္ကိုရွင္းေဟ့၊ ၿပီးရင္ တခါတည္း အစေဖ်ာက္လိုက္စမ္းကြာ”

သူလက္နဲ႔ပုတ္ၿပီး မၾကာပါဘူးဗ်ာ၊ တိုးေကာင္က တျဖည္းျဖည္းႀကီးလာသဗ်၊ ၿပီးေတာ့ လူတစ္ရပ္ေလာက္အ႐ြယ္ျဖစ္လာတယ္၊ သူ႔လက္သည္းရွည္ႀကီးေတြကို တဝင့္ဝင့္နဲ႔လုပ္ၿပီး ဦးဘသာဆီကို ေျပးသြားပါေရာဗ်ာ၊ ဦးဘသာက အနားေရာက္ေတာ့ တိုးေကာင္ရဲ႕ရင္ဝကို လက္ဝါးနဲ႔ေဆာင့္တြန္းထည့္လိုက္တာ တိုးေကာင္က ဟိုးအေနာက္ကို အေတာင္ႏွစ္ဆယ္ေလာက္ လြင့္ထြက္သြားပါေရာ၊ ထြန္းတင္က အံ့ၾသသြားသလို ဦးခင္ႀကိဳင္ကလည္း က်ဳပ္တို႔ကိုၾကည့္ရင္း

“ေၾသာ္၊ လတ္စသတ္ေတာ့ မင္းတို႔ကလည္း ပညာသည္ေတြကိုးကြ”

ဦးဘသာက ခါးေထာက္ရင္း

“ေလာကမွာ မင္းတစ္ေယာက္တည္း ဒီပညာေတြကိုတတ္တာမဟုတ္ပါဘူး ခင္ႀကိဳင္ရာ”

“အလိုဗ်၊ ခင္ဗ်ားက က်ဳပ္နာမည္ကိုေတာင္ သိေနပါေရာလား၊ တိုးေကာင္ေရ လုပ္စမ္းကြ၊ ဒီလူက အလာသားပဲ၊ သူ႔ကိုဖမ္းၿပီးတိုးေကာင္လုပ္ပစ္မယ္၊ မင္းသူ႔ကိုဖမ္းေပးႏိုင္ရင္ မင္းကိုလႊတ္ေပးမယ္”

သရဲႀကီးက ေလေပၚကေနပ်ံတက္လာပါေရာဗ်ာ၊ ၿပီးေတာ့ ဦးဘသာအနားေရာက္ေတာ့သူ႔ပါးစပ္ႀကီးဟၿပီးေတာ့ စိမ္းဖန႔္ဖန႔္အေရာင္ရွိတဲ့ မီးလုံးေတြကို က်ဲခ်လိုက္ပါေရာ၊ စိမ္းဖန႔္ဖန႔္မီးလုံးေတြက ေလမွာခဏဝဲေနၿပီးေတာ့ ဦးဘသာဆီကိုေျပးဝင္လာပါေရာဗ်ာ၊ ဦးဘသာက ဟိတ္ခနဲေအာ္လိုက္ၿပီးေတာ့ သူ႔ဆီေျပးဝင္လာတဲ့ စိမ္းဖန႔္ဖန႔္အလင္းလုံးေတြကို လက္နဲ႔ဆုပ္ဆုပ္ၿပီးဖမ္းတယ္ဗ်၊ လူေခါင္းေလာက္ရွိတဲ့ အလင္းလုံးႀကီးေတြက ဦးဘသာလက္ထဲေရာက္ေတာ့ ပိုးစုန္းၾကဳးေလာက္အ႐ြယ္ ေသးေသးကေလးေတြျဖစ္သြားတယ္။

ဦးခင္ႀကိဳင္ကလည္း ျဖဴျဖဴအျပားေလးေတြကို ေျမႀကီးေပၚကိုပစ္ခ်သဗ်၊ အျပားေလးေတြ ေျမေပၚေရာက္ေတာ့ အျပာေရာင္လဲ့လဲ့ကေလးလင္းလာတယ္၊

“ဟား၊ ဟား ခင္ဗ်ားဘယ္ေလာက္စြမ္းစြမ္း ၾကယ္ခုနစ္လုံးအစြမ္းကို မေဖာက္ႏိုင္ပါဘူးဗ်ာ”

သူေျပာတာမွန္တယ္ဗ်၊ ဦးဘသာက တစ္ခ်က္ၿငိမ္က်သြားတယ္၊ ဒီေတာ့မွ ဦးခင္ႀကိဳင္က အိတ္ထဲက စာ႐ြက္အနီတစ္႐ြက္ကိုထုတ္လိုက္ၿပီး

“ေဟာဒါက တိုးဖမ္းတဲ့အင္းပဲ၊ ခင္ဗ်ားႀကီးေသၿပီး က်ဳပ္ရဲ႕တိုးေကာင္ထဲမွာ ေနရမယ္ဗ်”

အဲဒီလိုေျပာၿပီးေတာ့ ဦးဘသာဆီကိုေျပးဝင္ၿပီး ဦးဘသာမ်က္ႏွာမွာ တိုးဖမ္းအင္းကို ကပ္ထည့္လိုက္တာပဲဗ်ာ၊ က်ဳပ္ျဖင့္ေတာ္ေတာ္စိတ္ပူသြားရွာတာဗ်၊ အင္းနဲ႔ကပ္လိုက္ေတာ့ ဦးဘသာက ေက်ာက္႐ုပ္ႀကီးလို ေတာင့္ေတာင့္ႀကီးျဖစ္သြားတယ္၊ ဒီေတာ့မွ ဦးခင္ႀကိဳင္က သူ႔ငယ္ထိပ္ေပၚကိုစမ္းၿပီးေတာ့ အပ္တစ္ေခ်ာင္းကိုထုတ္လိုက္တယ္၊ အပ္က ဖ်ာခ်ဳပ္တဲ့အပ္လို အရွည္ႀကီးပဲဗ်၊ အဲဒီအပ္ထုတ္ၿပီးေတာ့ ဦးဘသာဆီကိုတစ္လွမ္းခ်င္းစီကပ္သြားၿပီး ဦးဘသာရဲ႕ငယ္ထိပ္ကို အပ္နဲ႔ထိုးစိုက္ဖို႔ျပင္လိုက္ပါေရာဗ်ာ၊ ဒီအခ်ိန္ပဲ ဦးဘသာက သူ႔မ်က္ႏွာမွာကပ္ေနတဲ့ အင္းကိုပါးစပ္နဲ႔ကိုက္ၿပီး ဝါးစားလိုက္ပါေရာ၊ ဦးခင္ႀကိဳင္ခမ်ာ အပ္ႀကီးကိုင္ၿပီး ေၾကာင္စီစီျဖစ္ေနတယ္ဗ်။

“ဘယ္လိုလဲခင္ႀကိဳင္ရ၊ တိုးဖမ္းတဲ့အင္းကို ဝါးစားလိုက္ေတာ့ မင္းဖမ္းရဆီးရတာ ပိုၿပီးလြယ္မသြားဘူးလားကြ”

ဦးခင္ႀကိဳင္အံံၾသေနတဲ့အခ်ိန္မွာပဲ ဦးဘသာက ဦးခင္ႀကိဳင္ရဲ႕အပ္ကိုင္ထားတဲ့လက္ကို ဆုပ္ကိုင္ၿပီးဖမ္းလိုက္တယ္ဗ်၊ ၿပီးေတာ့ ေနာက္လက္တစ္ဖက္နဲ႔ အပ္ကိုဆြဲယူလိုက္တာပါပဲ၊ ဦးခင္ႀကိဳင္နဖူးမွာ ေဇာေခြၽးေတြျပန္လာတယ္ဗ်၊ ၿပီးေတာ့

“မလုပ္ပါနဲ႔ဆရာႀကီး၊ အဲဒီလိုမလုပ္ပါနဲ႔”

ဦးဘသာက အပ္ကိုလက္ႏွစ္ဖက္နဲ႔ကိုင္ၿပီး ေထာက္ခနဲခ်ိဳးလိုက္ေတာ့ အပ္ကႏွစ္ပိုင္းက်ိဳးသြားသဗ်ာ၊ ဒီေတာ့မွ မိုးေပၚပ်ံေနတဲ့တိုးေကာင္ႀကီးက ေအာက္ကိုျပဳတ္က်သြားေတာ့တယ္၊ ေျမေပၚေရာက္ေတာ့ တျဖည္းျဖည္းေသးသြားၿပီး နဂိုမူလအတိုင္း တိုးေကာင္အ႐ြယ္အစားျဖစ္သြားေတာ့တယ္ဗ်ာ၊

“မင္းက ငါ့ကိုမ်ားတိုးဖမ္းခ်င္ေသးတယ္တဲ့လား”

ဦးခင္ႀကိဳင္က သူ႔တိုးေကာင္႐ုပ္ကို ႏွေျမာၿပီးၾကည့္ေနရင္း

“ကုန္ပါၿပီ၊ ဒီတိုးေကာင္ရဖို႔ က်ဳပ္ဘယ္ေလာက္ႀကိဳးစားခဲ့ရတယ္ဆိုတာ ခင္ဗ်ားသိလား”

“မင္းလုပ္ရပ္အတြင္ မင္းျပန္ခံရတာပဲခင္ႀကိဳင္”

“ခင္ဗ်ား၊ ခင္ဗ်ားကို က်ဳပ္သတ္မယ္”

“ဟား၊ ဟား၊ မင္းမသတ္နဲ႔ခင္ႀကိဳင္၊ မင္း႐ြာကိုမင္းျပန္ၿပီး သာဒင္ဘယ္သူလဲဆိုတာကို မင္းအေမကို အရင္ေမးၾကည့္စမ္းပါကြ”

ဒီအသံၾကားေတာ့မွ ဦးခင္ႀကိဳင္က မ်က္လုံးႀကီးျပဴးၿပိး ဦးဘသာကိုလက္ညႇိဳးထိုးကာ

“သာဒင္၊ သာဒင္ဆိုတာ ခင္ဗ်ားလား”

“ေသခ်ာတာေပါ့ကြာ၊ ငါ့ကို မင္းအဆင့္ေလာက္မေျပာနဲ႔၊ ဝမ္းတြင္းပါ ပညာတတ္တဲ့ မင္းအေမေတာင္မွ မႏိုင္ဘူးကြ”

ဦးခင္ႀကိဳင္က ေတာ္ေတာ္ထိတ္လန႔္ေနတယ္။

“ကဲ ငါ့ကိုလာသတ္မယ္ဆိုကြာ၊ လာစမ္းပါကြ”

ဦးခင္ႀကိဳင္က ေခါင္းကိုသြက္သြက္ခါေအာင္ခါရမ္းၿပီးေတာ့ လက္အုပ္ခ်ီၿပီး

“သြား၊ သြားပါေတာ့မယ္ဆရာႀကီး၊ က်ဳပ္ . . . က်ဳပ္မွားတာရွိရင္ ခြင့္လြတ္ပါ”

ဦးဘသာက ေခါင္းညိတ္ရင္း

“ေအး၊ သြားသြား၊ အားကစားဆိုတာ သန႔္သန႔္ရွင္းရွင္း ယွဥ္ၿပိဳင္ရတယ္ကြ၊ ေနာက္ဆိုရင္ ဒီလိုကိစၥေတြထဲ မင္းဝင္မပါနဲ႔ေတာ့ ၾကားၿပီလား”

ဦးခင္ႀကိဳင္က ေျပးဖို႔လုပ္ေနတဲ့အခ်ိန္

“ေနအုံး၊ မင္းလူကိုလည္း ေခၚသြားအုံးေလ”

ဦးခင္ႀကိဳင္က ကိုထြန္းတင္လက္ကိုဆြဲၿပီးေတာ့ ကြင္းထဲက ဆြဲေခၚၿပီး ထြက္ေျပးၾကပါေရာဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာကေတာ့ ကြင္းထဲမွာရယ္ၿပီးက်န္ေနခဲ့တာေပါ့၊ သူတို႔က်က်န္ခဲ့တဲ့ တိုး႐ုပ္ကို က်ဳပ္ကသြားၾကည့္ရင္း

“ဒီအ႐ုပ္က ေတာ္ေတာ္႐ုပ္ဆိုးတာပဲဗ်ာ”

ဦးဘသာက တိုး႐ုပ္ကိုလက္ညႇိဳးထိုးလိုက္ေတာ့ တိုး႐ုပ္က ဟုန္းခနဲမီးထေတာက္ၿပီးေတာ့ မ်က္စိေရွ႕တင္ပဲ ျပာျဖစ္သြားပါေရာကြာ။ ဦးဘသာက က်ဳပ္ကိုၾကည့္ၿပီးေတာ့

“ကဲအလတ္ေကာင္၊ ငါ့တာဝန္ကေတာ့ ၿပီးသြားၿပီေနာ္၊ ႏိုင္ေအာင္ကန္ရမွာကေတာ့ မင္းတို႔တာဝန္ပဲ”

က်ဳပ္လည္း ေခါင္းညိတ္ရင္း

“စိတ္ခ်စမ္းပါဗ်ာ” လို႔ျပန္ေျပာလိုက္ေတာ့တယ္။

ဒါနဲ႔ပဲ အဲဒီႏွစ္က ၿမိဳင္သာဖလားကို က်ဳပ္တို႔႐ြာရခဲ့တာေပါ့ဗ်ာ၊ မေကာင္းတဲ့ပညာအားကိုးၿပီး က်ိဳးစားမႈမရွိတဲ့ တန္းျမင့္႐ြာအသင္းကို က်ဳပ္တို႔႐ြာက ေလးဂိုး၊ ဂိုးမရွိနဲ႔ ႏိုင္ခဲ့ပါေရာဗ်ာ၊ က်ဳပ္တို႔ျဖင့္ေပ်ာ္လိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ဖလားႀကီးကိုင္ၿပီးေတာ့ လွည္းတန္းႀကီးနဲ႔ ႐ြာကိုျပန္ခဲ့တာေပါ့၊ ႐ြာေရာက္ေတာ့ ဖလားကို က်ဳပ္တို႔အိမ္ကိုသယ္လာခဲ့တယ္၊ ႐ြာသားေတြဆိုေပ်ာ္လိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ အေဖဆိုရင္လည္း ၿပဳံးလို႔ၿဖီးလို႔ဗ်။ ဖလားနဲ႔အတူတူေရာက္လာတာကေတာ့ က်ဳပ္မရီးပါပဲ၊ ဖလားေက်းဇူးေၾကာင့္ အကိုႀကီးတို႔မိသားစုလည္း ျပန္ေပါင္းဖက္ႏိုင္ခဲ့တယ္၊ က်ဳပ္လည္း ထိပ္တုံးခ်ဳပ္ရက္က်န္တာကေန လြတ္ခဲ့တယ္ေပါ့ဗ်ာ၊ အိမ္ကိုေရာက္ၿပီးမၾကာပါဘူး ဦးတ႐ုတ္ႀကီးက အေျပးအလြားနဲ႔ေရာက္ခ်လာတယ္။

“ကဲ တို႔႐ြာဖလားရေအာင္ စြမ္းေဆာင္ေပးတဲ့ ေဘာလုံးသမားေတြအတြက္ ငါ့အိမ္မွာ စားပြဲေသာက္ပြဲျပင္ထားတယ္၊ မင္းတို႔ ဗိုက္ေတြကားေအာင္သာစားကြာ၊ ၿပီးေတာ့ လူမွန္းမသိမူးေအာင္ ေသာက္ၾကစမ္း၊ ဟုတ္ၿပီလား”

က်ဳပ္တို႔လူစုလည္း ေဟးခနဲေအာ္လိုက္ၿပီးေတာ့ ဦးတ႐ုတ္ႀကီးအိမ္ကိုျမန္ျမန္ေရာက္ေအာင္လို႔ အေျပးတပိုင္းနဲ႔ ေျပးထြက္ခဲ့ၾကပါေရာဗ်ာ။

ၿပီးပါၿပီ။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ